စစ်ဆေးရေးမှူးကို သတ်ခြင်း
Vol. 10 Ch. 148
ကတ်နှစ်ထပ် ရှိသည်။ တစ်ထပ်က အဖြူရောင်ဖြစ်ပြီး တစ်ထပ်က အနက်ရောင်ဖြစ်သည်။
အဖြူရောင်ကတ်၏ နောက်ကျောတွင် "အမှန်တရား" ဟု ရေးထားသည်။
အနက်ရောင်ကတ်၏ နောက်ကျောတွင် "စွန့်စားခန်းကြီး" ဟု ရေးထားသည်။
မှန်းဆစရာ မလိုပေ။ ဤစကားလုံးအနည်းငယ်ကို ကြည့်ရုံဖြင့် ဤတစ်ကြိမ် ဂိမ်းသည် "အမှန်တရား သို့မဟုတ် စွန့်စားခန်း (Truth or Dare)" ဖြစ်ကြောင်း သူတို့ သိကြသည်။
၎င်းသည် သူငယ်ချင်းများကြားတွင် ရေပန်းစားသော ပါတီဂိမ်းတစ်ခု ဖြစ်သည်။
သို့သော် ရုပ်သေးဂိမ်းထဲမှ အမှန်တရား သို့မဟုတ် စွန့်စားခန်း သည် လက်တွေ့ကမ္ဘာမှအတိုင်း ဖြစ်နိုင်မည်လား။
လူငါးဦးသည် ကတ်များကို မတူညီသော မျက်နှာအမူအရာများဖြင့် စိုက်ကြည့်နေကြသည်။ အချို့မှာ စဉ်းစားနေကြပြီး အချို့မှာ စိုးရိမ်ပူပန်နေကြသည်။ အချို့မှာ တိတ်ဆိတ်စွာ ဆုတောင်းနေကြပြီး အချို့မှာ ငိုနေကြသည်။
စစ်ဆေးရေးမှူးသည် လူတိုင်း၏ မျက်နှာအမူအရာများကို မှတ်သားလိုက်သည်။
"အားလုံး ဒါကို ကစားဖူးကြတယ်လို့ ထင်ပါတယ်။ ဟုတ်လား။" သူက လူငါးဦးကို ပြုံးပြပြီး "ကောင်းပြီ။ စည်းမျဉ်းတွေကို ကျွန်တော် ရှင်းပြတော့မှာ မဟုတ်ပါဘူး..."
"ပြောပြပါဦး" ပိုင်ယို့ဝေက လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီးပြောလိုက်သည်။ "ကျွန်မ တစ်ခါမှမကစားဖူးဘူး"
စစ်ဆေးရေးမှူးက မျက်ခုံးပင့်ကာ သူမကို ကြည့်လိုက်သည်။ ဤကစားသမားသည် အထူးပင် ပြဿနာရှိကြောင်း သူသိလေ၏။
ပိုင်ယို့ဝေသည် မျက်တောင်ခတ်လျက် အပြစ်ကင်းစွာဖြင့် ပြောလိုက်သည်။"ကျွန်မ တကယ် မကစားဖူးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မမှာ သူငယ်ချင်းမရှိလို့ ဒီလိုဂိမ်းမျိုး ကစားဖို့ အခွင့်အရေး မရှိခဲ့လို့ပါ"
"...အော် စိတ်မကောင်း မဖြစ်ပါနဲ့ကောင်မလေး" စစ်ဆေးရေးမှူးက အေးစက်စွာ ပြုံးလိုက်သည်။ "သူငယ်ချင်းများ စုဝေးပွဲကနေ ကြိုဆိုပါတယ်။ မင်း ရှိနေသရွေ့ ငါတို့ အမြဲတမ်း သူငယ်ချင်းတွေပါပဲ"
သူမက နှာမှုတ်လိုက်သည်။ "ထားလိုက်ပါတော့။ ဒီခေတ်မမီတော့တဲ့ ဂိမ်းကို ကျွန်မ စိတ်မဝင်စားဘူး"
ကြီးကြပ်ရေးမှူး : "..."
ရှန်မိုက ပိုင်ယို့ဝေ၏လက်ကို ကိုင်ပြီး သူမကို အဓိပ္ပာယ်မရှိတာတွေ မပြောရန် အချက်ပြကာ စစ်ဆေးရေးမှူးကိုပြောလိုက်သည်။ "ဂိမ်းစည်းမျဉ်းတွေကို ရှင်းပြပါ"
စစ်ဆေးရေးမှူးက ထိုလူနှစ်ဦးကိုကြည့်ပြီး ပုံမှန်အတိုင်း ပြုံးလိုက်ကာ အနက်ရောင်နှင့် အဖြူရောင် ကတ်ပြားများကို လူတိုင်းဆီသို့ တွန်းလိုက်သည်။
"ကတ် ၁၂ ခု ရှိပါတယ်။ အဖြူရောင်ကတ် ၆ ခုနဲ့ အနက်ရောင်ကတ် ၆ ခုပေါ့။ ပါဝင်သူ တစ်ဦးစီကို ကတ်နှစ်ခုစီ ပေးပါလိမ့်မယ်။ အဖြူတစ်ခုနဲ့ အနက်တစ်ခုစီပေါ့။ အဖြူရောင်ကတ်တွေမှာ အမှန်တရားအတွက် မေးခွန်းတွေ ရေးရပါမယ်။ အနက်ရောင်ကတ်တွေမှာတော့ စွန့်စားခန်းတွေအတွက် မေးခွန်းတွေ ရေးရပါမယ်။ ပြီးရင် ဂိမ်းစလို့ရပါပြီ"
သူက လက်တစ်ဖက်စီတွင် အဖြူရောင်ကတ်တစ်ရွက်နှင့် အနက်ရောင်ကတ်တစ်ရွက်ကို ကောက်ယူလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော့်ဆီကစပြီး နာရီလက်တံအတိုင်း ကစားကြပါမယ်။ အမှန်တရား ဒါမှမဟုတ် စွန့်စားခန်းကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခု သတိထားဖို့လိုပါတယ် ။
ပထမနှစ်ချီပြီးရင် တတိယအချီမှာ အနက်ရောင်ကတ် စွန့်စားခန်းကို ရွေးချယ်ရပါမယ်။ မဟုတ်ရင် စွန့်စားခန်း မေးခွန်းတစ်ခုကို နှိမ်ဖို့ အမှန်တရား ဒါမှမဟုတ် စွန့်စားခန်း မေးခွန်းနှစ်ခုကို သုံးရပါလိမ့်မယ်။
အလားတူပဲ စွန့်စားခန်းကို နှစ်ပတ်ဆက်တိုက်လုပ်ပြီးရင် နောက်တစ်ချီမှာ အဖြူရောင်ကတ် အမှန်တရား ဒါမှမဟုတ် စွန့်စားခန်းကို ရွေးချယ်ရပါမယ်။ မဟုတ်ရင် အမှန်တရား ဒါမှမဟုတ် စွန့်စားခန်း မေးခွန်းတစ်ခုကို ဖြည့်ဖို့ စွန့်စားခန်း မေးခွန်းနှစ်ခုကို သုံးရပါလိမ့်မယ်။
ကတ် ၁၂ ခုလုံး အကုန်သုံးပြီးရင် ဂိမ်းပြီးဆုံးပါလိမ့်မယ်။"
စည်းမျဉ်းများ ရှင်းပြပြီးနောက် လူတိုင်း၏လက်ထဲတွင် ဘောပင်တစ်ချောင်းစီ ပေါ်လာသည်။
စစ်ဆေးရေးမှူးလည်း တစ်ချောင်း ရရှိ၏။
သူက သူ့လက်ထဲရှိ ဘောပင်ကို လှည့်ရင်း ပြုံးလျက် ပြောလိုက်သည်။ "သူငယ်ချင်းတို့ အခု မေးခွန်းတွေ စရေးကြစို့"
ပိုင်ယို့ဝေက သူ့ထက်ပိုမြန်စွာ ဘောပင်ကို လှည့်နေပြီး ဘယ်ညာကြည့်ကာ မေးလိုက်သည်။ "ကြုံရာရေးရုံပဲလား"
စစ်ဆေးရေးမှူးက ပြောလိုက်သည်။ "မင်း ကြိုက်တာ ရေးလို့ရပါတယ်။ဒါပေမဲ့ သတိပေးချင်တာက အမှန်တရား ဒါမှမဟုတ် စွန့်စားခန်း မေးခွန်းတွေကို မဖြေနိုင်ရင် ချက်ချင်း ဖယ်ရှားခံရပါလိမ့်မယ်"
ပိုင်ယို့ဝေက မေးလိုက်သည်။ "အားလုံး ပြီးသွားရင်ရော"
ကြီးကြပ်ရေးမှူးက ပြောလိုက်၏။ "ကတ်ကိုသုံးလိုက်ပြီးဂိမ်းဆက်သွားမယ်"
ပိုင်ယို့ဝေက မေးလိုက်သည်။ "ကတ်မရှိရင်ရော"
ကြီးကြပ်ရေးမှူးက ပြောလိုက်သည်။ "ဂိမ်းပြီးပြီ"
ပိုင်ယို့ဝေက ပြောလိုက်သည်။ "ကျွန်မ မယုံဘူး"
ကြီးကြပ်ရေးမှူး : "..."
ပိုင်ယို့ဝေက သူ့ကို မကြည့်တော့ဘဲ လက်ကိုမြှောက်ကာ စားပွဲကို နှစ်ချက်ခေါက်လိုက်ပြီးပြုံးလျက် ပတ်ပတ်လည်ကို ကြည့်ကာ ပြောလိုက်သည်။
"နားထောင်ပါ။ ကျွန်မ လူတွေကို အထင်သေးတာ မဟုတ်ပါဘူး။ဒါပေမဲ့ တချို့လူတွေက သူတို့ ဘယ်လိုလူမျိုးလဲဆိုတာ သိသင့်တယ်။ ဒါကြောင့် ကျွန်မ အချို့အရာတွေကို ရှင်းရှင်းလင်းလင်း ပြောပါ့မယ်။
ပထမအချီမှာ ကျွန်မတို့ ၈ ယောက် ဖယ်ရှားခံရတယ်။ ဒုတိယအချီမှာ ၅ ယောက် ဖယ်ရှားခံရတယ်။ နောက်ဆုံးအချီမှာ သူက ကျွန်မတို့ကို လွယ်လွယ်ကူကူ လွှတ်ပေးမယ်လို့ ထင်လား။ ဂိမ်းကို အဆုံးသတ်ချင်တယ်ဆိုရင် ကျွန်မပြောသလို လုပ်ပါ။ စွန့်စားခန်း အနက်ရောင်ကတ်တိုင်းမှာ 'ဒီကွင်းပြင်ရဲ့စစ်ဆေးရေးမှူးကို သတ်ပါ' လို့ ရေးပါ။"