အခန်း (၁၃-၁၅)
Vol. 1 Ch. 13-15
အခန်း ၁၃:မလွှဲမရှောင်သာလို့ ပြိုလဲရတာတဲ့လား ခွေးမသားတွေရဲ့(3)
"ဆရာတူအကို"
"ပြောလေ....ဆရာတူညီလေး"
"ဒီထက်ပို ပြင်းပြင်းလေးလုပ်ပါ"
"ကောင်းပြီလေ...ငါ အကောင်းဆုံးကြိုးစားပေးမယ်"
ချွန်းမြောာင်၏ပခုံးကိုနှိပ်နယ်ပေးနေသော လက်များ၏အင်အား တိုးမြင့်လာပေ၏။
"မင်းနာမည် ဘယ်လိုခေါ်လဲ"
"ယွန်းဂျွန်ပါ"
"ပြီးတော့ မင်းက ဆရာတူအကိုကြီးလား"
"ဟုတ်ကဲ့...ဒါက အမှန်ပါပဲ"
ချွန်းမြောင်သည် ခေါင်းအနည်းငယ်စောင်း၍ကြည့်လိုက်ရာ ယွန်းဂျွန်၏ဖူးယောင်နေသောမျက်နှာကြီးက သူ၏မြင်ကွင်းအတွင်းသို့ ဝင်ရောက်လာသည်။
"မင်းက ဆရာတူအကိုကြီးဖြစ်နေမှတော့...ငါ မင်းကို ကောင်းကောင်းဆက်ဆံမှာပါ"
"ကျေးဇူးတင်ပါတယ်"
"ဆက်နှိပ်အုံး"
"ဟုတ်ကဲ့"
ချွန်းမြောင်က ခေါင်းပြန်လှည့်လိုက်သည်နှင့် ယွန်းဂျွန်သည် ပြန်လည်နှိပ်နယ်ပေးနေလေ၏။
တခြားဆရာတူအကိုများအားလုံးသည် ကြမ်းပြင်ပေါ်၌ရှိနေပြီး သူတို့၏ခေါင်းများကိုအောက်ငုံကာ ဦးညွှတ်နေကြ၏။
"မင်းတို့အားလုံး...."
ချွန်းမြောင်ပါးစပ်ဟလိုက်သည်နှင့် သူတို့အားလုံး တုန်လှုပ်သွားကြသည်။ သူ၏လက်ရှိအသက်အရွယ်ထက်ကြီးသော ကလေးများသည် ကြမ်းပြင်ပေါ်၌တုန်လှုပ်ချောက်ချားစွာ ထိုင်နေကြသောမြင်ကွင်းမှာ ထူးဆန်းပေ၏။
"...မင်းတို့က ဘဝကိုအေးအေးဆေးဆေးဖြတ်ကျော်နိုင်ဖို့ လူသစ်တွေကို ကူညီပေးသင့်တယ်မဟုတ်ဘူးးလား...ဆရာတူအကိုတွေရဲ့"
"ဟုတ်ပါတယ်"
"ငါတို့ အမြင်ကျဥ်းသွားတယ်"
ထိုစကားများကိုကြားချိန်တွင် ချွန်းမြောင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ချွန်းမြောင်ဟူသော သူသည် မည်ကဲ့သို့လူစားမျိုးဖြစ်ခဲ့သနည်း။ သူသည် မဟာဓားသမားသုံးယောက်အနက် တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး ချွမ်းမာမှလွဲ၍ အဆင့်အမြင့်ဆုံးအဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်သည်။
ဤကလေးတစ်စုအား မည်သည်ကြောင့် သူ လွယ်လင့်တကူ မကိုင်တွယ်နိုင်ရမည်နည်း။ ။
သူ မည်မျှအားနည်းနေပါစေ ဤကဲ့သို့ ကလေးအယောက်သုံးဆယ်ခန့်ကို ချွန်းမြောင်က လွယ်လင့်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။
"ဒါက မင်းတို့ငါ့ကို လက်ခံတဲ့နည်းလမ်းတစ်ခုဖြစ်နေတာမို့...ဒီတစ်ကြိမ်တော့ ငါ မင်းတို့ကို အလွတ်ပေးလိုက်မယ်...အခုချိန်ကစပြီး ဘာကိစ္စပဲလုပ်လုပ် လူသားဆန်အောင်လုပ်...လုပ်သင့်တဲ့ကိစ္စနဲ့မလုပ်သင့်တဲ့ကိစ္စကို ခွဲခြားသိပါစေ"
လူတိုင်းက အဖြေပြန်မပေးဘဲ ညည်းညူနေကြသည်။
'ဒါက ဘာနဲ့တူနေပါလိမ့်'
ကလေးများအနက်မှတစ်ယောက်က တွေးတောနေသည်။
'ဆရာက ငါ့ကို ဆူပူကြိမ်းမောင်းနေသလိုမျိုး ငါခံစားနေရတယ်'
သူတို့သည် ချွန်းမြောင်နှင့်သက်တူရွယ်တူများဟု သူတို့ကိုယ်သူတို့ မခံစားရတော့ချေ။
ချွန်းမြောင်က သူလျှာသူ ဖိကိုက်လိုက်သည်။
'ငါ သူတို့ကိုရင်ဆိုင်ဖို့ လိုအပ်တယ်'
သူ သူတို့အကြောင်းကို ပို၍တွေးတောမိလေလေ အခြေအနေက ရယ်ရွှင်ဖွယ်ကောင်းသည်ဟု ပို၍ခံစားရလေလေပင်။
"အာရုံစိုက်ကြစမ်း"
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ကလေးများ မတ်တတ်ထရပ်လိုက်ကြသည်။
"ဟွာဆန်းရဲ့လက်ရှိအခြေအနေက ဘယ်လောက်ထိဆိုးရွားနေပါစေ ကိစ္စမရှိဘူး...စည်းကမ်းအကောင်းဆုံးဂိုဏ်းဖြစ်တဲ့ဟွာဆန်းရဲ့တပည့်တွေက ဒီလိုပုံစံမဖြစ်သင့်ဘူး"
ချွန်းမြောင်က တောက်ခေါက်လိုက်၏။
"မင်းတို့က ဂိုဏ်းကိုနဂိုပုံစံအတိုင်းဖြစ်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်"
“…”
ကလေးများက အကြည့်ချင်းဖလှယ်နေကြသည်။
'ငါ နားမလည်ဘူး...ဒီပိုးက ဘယ်လိုဖြစ်ပြီး ထကြွလာတာတုန်း'
"အဲ့ဒီကောင်ကို အရှုံးသမားလို့ပြောတဲ့ ခွေးသူတောင်းစားက ဘယ်ကောင်တုန်း'
'ငါတို့တော့သွားပြီ...အခုချိန်ကစပြီး ငါတို့က ဒီကောင်နဲ့အတူနေရတော့မှာ'
ယခုလက်ရှိအချိန်မှစ၍ သူတို့က အိပ်ဆောင်တစ်ခုတည်း အတူနေထိုင်ရပေမည်။
အကယ်၍ သူတို့သာ ရှေးရိုးအစဥ်အလာများအတိုင်း သူတို့၏ဆရာသခင်များနှင့်အတူနေရပါက ချွန်းမြောင်၏လက်အတွင်းမှ လွတ်မြောက်နိုင်သည်။ သို့ရာတွင် ယခုချိန်၌ သူတို့အားလုံး အိပ်ဆောင်တစ်ခုတည်းအတွင်း၌ အတူတူနေထိုင်ရပေမည်။ ထိုအရာသည် ကျားတစ်ကောင်ကို ယုန်လှောင်အိမ်အတွင်းသို့ ပစ်ထည့်လိုက်သည်နှင့် တူညီပေ၏။
"ထွီ..."
ချွန်းမြောင်က မျက်လုံးဖွင့်လိုက်သည်။
"မှတ်ထားကြ"
"ဟုတ်ကဲ့"
"အခု...ဒီနေရာမှာရှိတဲ့လူတွေထဲမှာ ဟွာဆန်းရဲ့အခြေအနေကို ဘယ်သူအသိဆုံးလဲ...လက်မြှောက်စမ်း"
မည်သူမျှ စကားပြောဆိုခြင်းမရှိချေ။ သို့ရာတွင် သူတို့အားလုံး၏အကြည့်များက နံဘေးတစ်ဘက်သို့ ကျရောက်နေသည်။
"..."
တခြားသူများ၏အကြည့်လားရာသည် သူထံဦးတည်နေသည်ကိုမြင်သော ဂျိုဂု၏မျက်လုံးများ ပြူးကျယ်သွားပေ၏။
"လက်...."
"မင်းရဲ့လက် မြှောက်လေ"
ဂျိုဂု၏လက် အပေါ်သို့မြောက်တက်လာသည်။
'ခွေးမသားတွေ...မင်းတို့နဲ့ငါ နောက်မှတွေ့မယ်'
သူတို့အားလုံး အတူနေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့လေပြီ။ မည်သည်ကြောင့် သူ့ကိုရောင်းစားနိုင်သနည်း။ သူတို့၌ အသိတရားမရှိကြသလော။
ဂျိုဂုသည် အံ့တင်းတင်းကြိတ်ပြီး ရှေ့သို့တိုးလိုက်သည်။
"ဆရာတူအကို ဂျိုဂု"
"...ဟုတ်ကဲ့"
"တကယ်လို့ မင်းက ဆရာတူအကိုဖြစ်နေရင်တောင်...ငါ့ကိုဆက်ဆံတာ အရမ်းတောင့်တင်းမနေဘူးလား"
"မဟုတ်...မဟုတ်ပါဘူး"
ဂျိုဂုက သူ၏လည်ပင်းကိုထိတွေ့ပြီး အလျင်စလိုပြောဆိုလေ၏။
"ငါ့ရဲ့လည်ပင်းက တောင့်တင်းနေတယ်...ဒါကြောင့် ငါ ပုံမှန်လိုလှုပ်ရှားလို့မရဘူး"
“….”
“….”
ချွန်းမြောင်က မတ်တတ်ထရပ်လိုက်၏။
"ငါနဲ့အတူ အခန်းထဲလိုက်ခဲ့"
"ဟုတ်ကဲ့"
"တခြားသူတွေက ဒီနေ့အတွက် အနားယူလို့ရပြီ...ငါတို့လိုတဲ့အရာတွေကို မနက်ဖြန်မှ ဆက်လုပ်ကြတာပေါ့"
"ဟုတ်ကဲ့"
"ဆရာတူအကို...ငါနဲ့လိုက်ခဲ့"
ချွန်းမြောင်၏လက် ဝှေ့ယမ်းလိုက်သည်နှင့် ဂျိုဂုသည် နွားတစ်ကောင်ကို နွားသတ်ရုံသို့ ခေါ်ဆောင်သွားခံရသည့်အလား နောက်မှလိုက်ပါသွားသည်။
သူတို့နှစ်ယောက် ပျောက်ကွယ်သွားသည်နှင့် ကြွင်းကျန်နေသောတပည့်များသည် ယွန်းဂွန်ထံ အပြေးသွားကြ၏။
"ဆရာတူအကိုကြီး...အဆင်ပြေရဲ့လား"
"ငါ့ကိုကြည့်ရတာ အဆင်ပြေပုံ ပေါက်နေလား"
"ဟင့်အင်း"
ယွန်ဂွန်းသည် သူ၏ဖူးယောင်နေသောမျက်လုံးများဖြင့် အောက်သို့ငုံကြည့်လိုက်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ သူ၏ဖူးယောင်နေသောမျက်လုံးများသည် မနက်ဖြန်ဆိုလျှင် ပြန်လည်ကောင်းမွန်သွားမည်ဖြစ်၍ သူ မည်သူကိုမျှ တိုင်ကြားနိုင်မည်မဟုတ်ချေ။
'တကယ်လို့ ဆရာယွမ်ဂွန်းသာ ဒီအိပ်ဆောင်ထဲမှာရှိရင်...သူ ဟန့်တားပေးနိုင်လိမ့်မယ်'
သူ၏ဂုဏ်သိက္ခာကြောင့် ဆရာထံသို့သွား၍ သူ၏ဒဏ်ရာများကို ပြသမည်မဟုတ်ချေ။ လူတိုင်း ယနေ့ညှင်းပန်းနှိပ်စက်ခံခဲ့ရသော ဒဏ်ရာများသည် မနက်ဖြန်မနက်ရောက်ရှိပါက အရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွားပေမည်။
တစ်နည်းပြောရလျှင်..
'သူက ကြိုတင်ကြံစည်ပြီးမှ ငါတို့ကိုရိုက်ခဲ့တာပဲ'
သူပို၍ တွေးတောမိလေလေ အသစ်ရောက်ရှိလာသောကလေးကို သူ၏စိတ်အတွင်း၌ ပို၍ထိတ်လန့်ကြောက်ရွံလာလေလေပင်။
"အခု ငါတို့ ဘာလုပ်ကြမလဲ"
"ဘာလုပ်ချင်လို့လဲ"
"သူ အိပ်ယာဝင်တဲ့အချိန်ကျရင်...ငါတို့ တစ်ခါထပ်ပြီး တိုက်ခိုက်သင့်လား"
"မင်း လုပ်မှာလား"
ယွန်ဂွန်းက ပြန်လည်ချေပလိုက်၏။
“…”
ထိုမေးခွန်းအတွက် လူတိုင်း နှုတ်ဆိတ်နေသည်။ ချွန်းမြောင်၏ကျားတစ်ကောင်အလား ကြမ်းတမ်းသောပုံရိပ်က သူတို့၏စိတ်နှလုံးသားအတွင်း၌ ကျင်လည်ကျက်စားနေပေ၏။
'မဟုတ်ဘူး...ငါတို့ ဒီလိုမလုပ်သင့်ဘူး'
'တကယ်လို့ အမှားအယွင်းတစ်ခုခုဖြစ်ရင် ငါတို့ သေသွားလိမ့်မယ်'
ယွန်ဂွန်းက ခေါင်းခါယမ်းလိုက်၏။ ချွန်းမြောင်၏ပုံရိပ်များက သူ၏ပါးစပ်ကို ဆွံအသွားစေသည်။
"ဒါပေမယ့်...."
အတွေးများအတွင်းနစ်မြောနေသော တစ်စုံတစ်ယောက်က ရုတ်တရက် မေးမြန်းလိုက်သည်။
"ဘာလို့ ဂျိုဂုကို ခေါ်သွားတာပါလိမ့်"
“…”
“…”
"သက်တောင့်သက်သာ ထိုင်နေ"
"ငါ ဒီနေရာမှာပဲ မတ်တတ်ရပ်နေမယ်လေ"
"ဘာမှမစိုးရိမ်နဲ့..ထိုင်လိုက်...ငါ မင်းကို မရိုက်ဘူး"
"အဲ့ဒါကြောင့် မဟုတ်ဘူး"
ဂျိုဂုသည် တွန့်ဆုတ်နေပြီးမှ ဖွင့်ဟပြောဆိုလေ၏။
"မျက်နှာကျက်မှာ တွဲလောင်းဆွဲခံရပြီးတော့ ငါ့ရဲ့နောက်ကျော ကွေးလို့မရတော့ဘူး...ဒါကြောင့် ငါ မတ်တတ်ရပ်နေတာ ပိုကောင်းတယ်"
“…”
ချွန်းမြောင် ချောင်းဆိုးသွားပေ၏။
"ဒါဆိုလည်း မင်းအဆင်ပြေသလိုသာနေ"
"မင်း ငါ့ကို ဘာလို့ခေါ်တာလဲ"
"သက်တောင့်သက်သာနေပါ ဆရာတူအကို"
"ဟုတ်ကဲ့"
"ဆရာတူအကိုက ငါ့ကို လေးလေးစားစား ဆက်ဆံနေရတာ မြင်ရတာတမျိုးဖြစ်နေတယ်...ငါ့ကို သက်တောင့်သက်သာပဲ စကားပြောပါလား"
"ဟုတ်ကဲ့"
"ဒါက သက်တောင့်သက်သာ ပြောတာလား"
"ဟုတ်ကဲ့"
ချွန်းမြောင်က လက်လျှော့အရှုံးပေးလိုက်တော့သည်။ သူတို့ အသက်ရှင်နေသရွေ့ တစ်နေ့နေ့၌ ဤကလေးသည် ပွင့်ပွင့်လင်းလင်း ပြောဆိုလာပေမည်။
"ဒါဆို မင်း ငါ့ကို ဘာလို့ခေါ်ထားတာလဲ"
"အာ...ငါ မင်းကို မေးခွန်းနည်းနည်းလောက် မေးစရာရှိတယ်....အရင်ပြောချင်တာက...မင်း ငါ့ကို တက်နိုင်သမျှ အသေးစိတ်ဖြေပေးစေချင်တယ်"
"ကောင်းပြီလေ"
ချွန်းမြောင်က မေးမြန်းသည်။
"ဒီနေရာမှာရှိတဲ့ ကလေးတွေအများစုက ကုန်သည်မိသားစုတွေကလား"
"ဟုတ်ကဲ့"
"အမ်"
ချွန်းမြောင်က သူ၏မေးစေ့ကို သူ့လက်ညှိုးများဖြင့် ပုတ်နေသည်။
'ကုန်သည်တွေလား'
အတိတ်ကာလတွင် ဟွာဆန်းဂိုဏ်းသို့ဝင်ရောက်လိုသော ကုန်သည်မိသားစုမှကလေးများစွာရှိသည်။ သို့ရာတွင် ဟွာဆန်းသည် ကုန်သည်မိသားစုမှမည်သူကိုမျှ တပည့်အဖြစ်လက်ခံခြင်းမရှိချေ။
ကုန်သည်မိသားစုများသည် ဆိုးရွားနေခြင်းကြောင့်လော။
အမှန်အားဖြင့် မဟုတ်ချေ။ ဂိုဏ်း၌ သူတောင်းစားများကိုပင် လက်ခံနိုင်ရာ ကုန်သည်မိသားစုဖြစ်နေခြင်းသည် ကြီးမားသောချို့ယွင်းချက်မဟုတ်ပေ။ ပြဿနာမှာ ကုန်သည်မိသားစုဝင်မှကလေးများသည် တပည့်ဖြစ်ရန် ဂိုဏ်းသို့ဝင်ရောက်ကြခြင်းမဟုတ်ဘဲ ဟွာဆန်းမှသိုင်းပညာရပ်များကို သင်ကြားရုံသက်သက် လာရောက်ကြခြင်းပင်။
ဟွာဆန်း၏မျိုးဆက်တပည့်များသည် ဂိုဏ်းမှသင်ကြားချက်များကို သူတို့၏အရိုးများတွင်းအထိ စိမ့်ဝင်စေရန်ရည်ရွယ်၍ လာရောက်ကြခြင်းဖြစ်သည်။ သူတို့သည် ဂိုဏ်းသို့ဝင်ပြီး လေ့ကျင့်ကာ လမ်းညွှန်ချက်များကိုလက်ခံပြီးသည်နှင့် သူတို့အနက်မှတစ်ယောက်သည် ဟွာဆန်းဂိုဏ်းခေါင်းဆောင်ဖြစ်လာပြီး ဂိုဏ်းကိုဦးဆောင်ပေမည်။
သို့ရာတွင် ကုန်သည်မိသားစုများမှ ဂိုဏ်းအတွင်းသို့ တပည့်အဖြစ်ဝင်ရောက်လာသူများမှာမူ သိုင်းပညာရပ်များကို သင်ယူပြီးသည်နှင့် သူတို့၏မိသားစုများထံ ပြန်သွားကြသည်။
ပြင်ပလောက၌ သူတို့သည် ဟွာဆန်းတပည့်တစ်ယောက်ဖြစ်ခြင်းကြောင့် လေးစားမှုများရရှိသော်လည်း မိသားစုသို့ပြန်သွားသူများသည် ဂိုဏ်းအား မည်သို့မျှအကျိုးပြုနိုင်မည်မဟုတ်ချေ။ ဂိုဏ်း၌ သူတို့၏ဘဝကိုမြှုပ်နှံထားသော တပည့်များကသာ ဂိုဏ်းအား အစဥ်အမြဲထောက်ပံပေးပြီး ကာကွယ်စောင့်ရှောက်ပေမည်။
'သူတို့ထဲက အများစုက ထွက်ခွါသွားကြတယ်...'
ယနေ့ပညာသင်ကြားပေးနေသော တပည့်ကြီးသုံးယောက်ပင်လျှင် ဟွာဆန်းမှအချိန်မရွေး ထွက်ခွါသွားနိုင်ပေ၏။
'ဒါက ဘယ်လိုအခြေအနေကြီးလဲ'
အကယ်၍ ဟွာဆန်း၌တပည့်အရေအတွက် လျော့နည်းလာသည်နှင့်အမျှ ဟွာဆန်း၏နာမည်ဂုဏ်သတင်းသည်လည်း ကျဆင်းသွားပေမည်။
"ဒါပေမယ့် ဆရာတူအကိုကြီးတွေက ဘာလို့ဒီနေရာကို ရောက်လာတာလဲ"
"မင်း ဘာကိုဆိုလိုချင်တာလဲ"
"အင်း...အပြင်မှာ ပျံ့နှံ့နေတဲ့ ကောလဟာလသတင်းတွေအရ ဟွာဆန်းက အခြေအနေမကောင်းတော့ဘူးဆိုတာ မင်းတို့ သိပြီးသားဖြစ်မှာပါ...ဘာလို့ ဒီကိုလာကြတာလဲ"
"အာ...ဒါက...."
ဂျိုဂုက ခေါင်းကုတ်ရင်း ပြောဆိုလိုက်သည်။
"အမှန်တော့ ငါ့အဖေရဲ့အရင်အစီအစဥ်က ငါ့ကို ဟွာဆန်းကို မပို့ချင်ဘူး...ဒါပေမယ့် ဂိုဏ်းတွေအများကြီးဆီ သူ သွားခဲ့တာတောင် ဘယ်ကမှ ငါ့ကို တပည့်အဖြစ်လက်မခံဘူး...ဟွာဆန်းက ပြိုလဲနေပေမယ့် လောကကြီးထဲမှာရှိတဲ့ ဂိုဏ်းတွေအများကြီးထဲက တစ်ဂိုဏ်းဖြစ်နေတုန်းလေ...ဒီနေရာကနေ ထွက်ခွါသွားတာနဲ့ အဆက်အသွယ်တွေရပြီး ငါအင်အားကြီးမားမှုနဲ့လွတ်လပ်မှု ရနိုင်လိမ့်မယ်"
"ဟမ်..."
ဂျိုဂု၏အဆိုအရ ဤနေရာသို့လာသော ကလေးအများစုသည် ကုန်သည်မိသားစုများမှဖြစ်သည်။ သူတို့၏အတွေးများက မဆိုးလှချေ။ သူတို့၏အဆုံးသတ်ရည်ရွယ်ချက်မှာ သူတို့ကိုယ်သူတို့ တန်ဖိုးထားကာကွယ်တက်ရန်ပင်။
အကယ်၍ သူတို့၌ငွေကြေး သို့မဟုတ် ပါရမီအရည်အချင်းများသာ ပေါကြွယ်ဝနေပါက ဂျိုဂုကဲ့သို့ကလေးများသည် ဟွာဆန်းသို့ဝင်ရောက်မည်မဟုတ်ဘဲ ပို၍ကောင်းမွန်သော တခြားဂိုဏ်းများသို့ သွားကြပေမည်။
'ဟွာဆန်းရဲ့နောက်ပိုင်းတပည့်တွေက ငွေကြေးချမ်းသာမှုမရှိတော့ဘူးပဲ...ဒါက ဟွာဆန်းမှာရှိတဲ့လူတွေအကုန်လုံးက ဗရုတ်သုတ်ခကောင်တွေဆိုတာကို ပြသနေတယ်'
သူ၏အရိုးများပင် နာကျင်လာသကဲ့သို့ ခံစားရသည်။
အတိတ်ကာလများဆီက သူ၏ဆရာတူအကိုသည် စာအုပ်တစ်အုပ်ကိုင်ဆောင်ထားရင်းမှ ဆံပင်များစည်းနှောင်နေပုံကို သူ အမှတ်ရမိသည်။ ဆရာတူအကိုသည် ငွေကြေးရှာဖွေခြင်းကို အလွန်အစွဲအလန်းကြီးပြီး ငွေစုဆောင်းခြင်း၌ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပေ၏။ ပြန်ပြောင်းတွေးကြည့်လျှင် အကယ်၍ ဆရာတူအကိုဂျန်မွန်းသာ ရှိနေသေးပါက သူ့လက်အတွင်း၌ စာရင်းစာအုပ်တစ်အုပ်ရှိနေလျှင်ပင် ဟွာဆန်းအား ဤအခြေအနေမျိုးမှရုန်းထွက်နိုင်ရန် စွမ်းဆောင်ပေးနိုင်ပေမည်။
လူများ အသက်ရှင်သန်ရန်အတွက် ငွေကြေးလိုအပ်ပေ၏။ သိုင်းပညာရှင်တစ်ယောက် ဖြစ်ရုံမျှဖြင့် နှင်းခဲများစားပြီး အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။
"အင်း...ဒါဆိုရင်...."
"ဟုတ်ကဲ့"
"မင်းက သိုင်းပညာသင်ယူပြီးတာနဲ့ မင်းရဲ့မိသားစုဆီပြန်မှာလား"
"ပုံမှန်အတိုင်းဆိုရင်တော့ အဲ့ဒီလိုပဲ"
"ဘာလဲ...ဒီနေရာက အရမ်းစုတ်ပြတ်နေလို့လား"
ယာယီရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ဤနေရာသို့ လာရောက်ကြသူ မည်သူမဆို ဟွာဆန်းအား ချစ်မြတ်နိုးမည်မဟုတ်ပေ။ ။
"ငါ နားလည်ပြီ...မင်း အခုထွက်သွားတော့"
"ဒါဆိုရင်လည်း..."
"အာ...ဒါနဲ့...."
"ဟုတ်ကဲ့"
"မနက်ပိုင်းလေ့ကျင့်ခန်းက ဘယ်အချိန်စတာလဲ"
"ဒါက ၇နာရီမှာစတယ်"
"၅နာရီမထိုးခင် ပြင်ဆင်ထားပြီးတော့ ခန်းမထဲမှာစုဝေးနေဖို့ အကုန်လုံးကိုပြောလိုက်"
"ဟုတ်ကဲ့"
"၅နာရီနော်"
"ဟုတ်ကဲ့"
"ပြီးတော့ ငါ ပြောထားတာတွေကို ဆရာတူအကိုကြီးလည်း သိအောင်လုပ်"
"မနက်ဖြန်မနက် အသင့်ပြင်ပြီး စုဝေးထားဖို့ကိုလား"
"ဘာလဲ...သဘောမကျဘူးလား"
"ငါက ဘာလို့သဘောမကျရမှာလဲ...ငါ့ကိုယုံပါ"
"အင်း...ငါ ဒီလိုမျိုးသဘောထားရှိတာကို ကြိုက်တယ်"
“…”
အချိန်တခဏကြာပြီးနောက် ဂျိုဂုသည် နူးညံညင်သာသောအမူအယာဖြင့် အခန်းအတွင်းမှ ထွက်ခွါခဲ့တော့သည်။ သို့ရာတွင် သူ၏အခန်းသည် ချွန်းမြောင်အခန်း၏ညာဘက်ကပ်လျက်ဖြစ်နေသဖြင့် သူ ဝမ်းနည်းကြေကွဲနေရ၏။
ဂျိုဂုထွက်ခွါသွားသော ခြေသံကိုနားထောင်ပြီးနောက် ချွန်းမြောင်က အိပ်ယာပေါ်၌ လဲလျောင်းလိုက်သည်။
'မိုင်တစ်ထောင်ခရီးကို ခြေတစ်လှမ်းနဲ့စတင်ရမယ်'
ယခင်တုန်းက မည်သူပြောဆိုခဲ့သောစကားမှန်း သူမသိချေ။ သို့ရာတွင် ချွန်းမြောင် လျှောက်လှမ်းရမည်မှာ ရှုပ်ထွေးပွေလီမှုမျိုးစုံရှိသော မိုင်တစ်ထောင်ခရီးဖြစ်သည်။
'ဒါကလည်း ခြေတစ်လှမ်းနဲ့စတင်ရမှာပဲ'
သူ၏ခြေတစ်လှမ်းကို ထိုကလေးများနှင့် စတင်ရပေမည်။
အခန်း ၁၄:မလွှဲမရှောင်သာလို့ ပြိုလဲရတာတဲ့လား ခွေးမသားတွေရဲ့(4)
နောက်တစ်နေ့မနက် အာရုဏ်ဦးအချိန်၌...
ဝုန်း...
ချွန်းမြောင်က သူ၏ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်သည်။
ဒန်တျန်...
ယခင်က သေးငယ်ပြီးအားနည်းသော သူ၏ဒန်တျန်သည် ယခုလက်ရှိချိန်၌ သိသာထင်ရှားစွာ ကြီးထွားလာခဲ့သည်။ ဒန်တျန်အတွင်း၌ စုဆောင်းထားသော စွမ်းအင်များကို ထင်ထင်ရှားရှား သိနိုင်သည်။
ဝုန်း...
အသက်ရှုလိုက်သည့်အချိန်တိုင်း ချွန်းမြောင်သည် သူ၏စွမ်းအင်များ ပဲ့တင်ထပ်ပြီး သူ၏ခန္ဓာကိုယ် သန့်စင်သွားသည်ကို ခံစားမိလေ၏။
တောက်ပပြီး သန့်စင်သောစွမ်းအင်...
ချွန်းမြောင်ပင်လျှင် အံ့အားသင့်နေမိသည်။ သူက ဆယ်စုနှစ်များစွာနေထိုင်ခဲ့သူဖြစ်သည့်တိုင် ဤမျှသန့်ရှင်းပြီးကြည်လင်သောစွမ်းအင်မျိုးကို ယခင်က မမြင်တွေ့ဖူးချေ။ ယခုလက်ရှိအချိန်၌ သူ၏ဒန်တျန်အတွင်း၌ ထိုကဲ့သို့စွမ်းအင်များ စုဝေးနေသည်။ သူ့ဒန်တျန်၏အရွယ်အစားသည် အကန့်အသတ်ရှိသဖြင့် အလွန်များပြားသောခွန်အားကို သုံးစွဲနိုင်ရန် ခက်ခဲသော်လည်း စွမ်းအားများတိုးပွါးလာသရွေ့ သူ ယခင်က မရောက်ရှိခဲ့သော မြင့်မားသည့်အဆင့်တစ်ခုသို့ပင် ရောက်ရှိနိုင်ပေသည်။
"အဲ့ဒါက ဘယ်လောက်ထိကြာဦးမှာလဲ"
ကျင့်ကြံပြီးနောက် ချွန်းမြောင်၏မျက်နှာ ရှုံတွသွားသည်။ သူ၏နဂိုမူလ အထွတ်အထိပ်အခြေအနေသို့ရောက်ရှိရန်နှင့် ထိုထက်သာလွန်ရန်အတွက် သူ အချိန်လိုအပ်သည်။ ဟွာဆန်းသည် ယခုချိန်၌ ပြိုလဲလုနီးပါးဖြစ်နေသဖြင့် သူ ကြီးမားသောစွမ်းအားရရှိသည့်အချိန်ထိ စောင့်ဆိုင်းနိုင်မည်လော။
ချွန်းမြောင်သည် အခြေအနေကိုခွဲခြမ်းစိတ်ဖြာပြီးနောက် သူ၏အတွေးများကို အတင်းအကျပ်ဖယ်ထုတ်ပြီး သူ၏ဒေါသများကို ဖိနှိပ်လိုက်၏။
'တည့်တည့်ပဲ လုပ်တာပေါ့'
ဟွာဆန်း၌ မရေမတွက်နိုင်သောပြဿနာများရှိနေသည်။ အကယ်၍ သူ ပြဿနာတစ်ခုကိုသာ ရွေးထုတ်ရမည်ဆိုပါက မည်သည့်ပြဿနာသည် အရေးအကြီးဆုံးဟူသည်ကို သူ ဆုံးဖြတ်နိုင်မည်မဟုတ်ပေ။ သို့ရာတွင် သူ သိရှိထားသည့် အရေးအကြီးဆုံးအရာသုံးခုရှိသည်။
"ပိုက်ဆံမရှိ...သိုင်းပညာနည်းစနစ်မရှိ...ပြီးတော့ အရည်အချင်းမရှိ"
မည်မျှထိ ဆိုးရွားသောကိစ္စဖြစ်သနည်း။ ထိုပြဿနာများအနက်မှ တစ်ခုပင်လျှင် အတော်ဆိုးရွားနေပြီဖြစ်ရာ သုံးခုလုံးစုပုံနေချိန်တွင် သူ၏အစာအိမ်ပင်နာကျင်နေသကဲ့သို့ ခံစားနေရသည်။
အကြီးမားဆုံးပြဿနာသည် မည်သည့်အရာဖြစ်နိုင်သနည်း။
'လူငယ်ပါရမီရှင်တွေ'
ချွန်းမြောင်က ရိုးရှင်းစွာ သတ်မှတ်လိုက်သည်။ ငွေကြေးသည် ရှာဖွေ၍ရပြီး သိုင်းပညာဗဟုသုတများသည် သူထံ၌ပေါကြွယ်ဝသဖြင့် သူ ပြန်လည်သင်ကြားပေးနိုင်သည်။
'ဒါဆို...ငါ ဘယ်နေရာကနေပြီး လူငယ်ပါရမီရှင်တွေရနိုင်လဲ'
ပါရမီအရည်အချင်းဆိုသည်မှာ ချွန်းမြောင်လွှမ်းမိုးနိုင်သောအရာမဟုတ်ချေ။ ဟွာဆန်းကိုကယ်တင်နိုင်ရန်အတွက် သူ ပြင်ပလောကမှ ပါရမီရှင်လူငယ်များကိုလည်း သွားရောက်ပြန်ပေးဆွဲ၍မရချေ။ မည်သူသည် ပါရမီရှိသူဖြစ်ပြီး မည်သူသည် ပါရမီမရှိသူဖြစ်သည်ကို သူတို့အားကြည့်ရုံဖြင့် ရှာဖွေဖော်ထုတ်ရန် မဖြစ်နိုင်ချေ။
အကယ်၍ ထိုသို့ဆိုလျှင် သူသည် ဂုဏ်သတင်းကြီးမားသောမိသားစုများမှ ကလေးများထံသို့ သွားရပေမည်။
'ဒါဆို...ငါ သူတို့ကို အသုံးချဖို့လိုအပ်တယ်'
ချွန်းမြောင်က သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်၏။ သူကိုယ်သူ အပြစ်တင်နေလျှင်ပင် မည်သည့်အရာမျှ ပြောင်းလဲသွားမည်မဟုတ်ချေ။ သူ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန်မှလွဲ၍ တခြားရွေးချယ်စရာမရှိပေ။
ဤနေရာရှိကလေးများသည် ထူးချွန်ခြင်းမရှိဘဲ သင်ကြားရေးနည်းပြများလည်း ပြတ်လပ်နေသည်မှာ သိသာထင်ရှားလှ၏။ သို့ရာတွင် ထိုကလေးများ၏ အရည်အချင်းနိမ့်ပါးနေလျှင်ပင် သူ သင်ကြားပေးရမည်ဖြစ်ပြီး အကယ်၍ သူတို့အားလုံး ကျိုးပဲ့နေလျှင်ပင် သူ ပြန်ကုသပေးရပေမည်။
"အမှန်တော့ ငါ ဘယ်တုန်းကမှ တပည့်တစ်ယောက် မခေါ်ယူဖူးဘူး'
အတိတ်မှမှတ်ဥာဏ်များသည် သူ၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။ သူ တပည့်လက်ခံရန်အတွက် လုံလောက်သောအသက်အရွယ်သို့ ရောက်ချိန်တွင် ဆရာတူအကိုက မေးမြန်းခဲ့သည်။
'ချွန်းမြောင်...'
'ဟုတ်ကဲ့...ဆရာတူအကို'
'အခုက မင်းတပည့်တစ်ယောက်လက်ခံဖို့ အချိန်ရောက်ပြီ...မင်းရဲ့တပည့်တွေကို ဘယ်လိုသင်ကြားပေးမယ်လို့ မင်း စီစဥ်ထားလဲ'
'ဆရာတူအကိုကလည်း...အဲ့ဒါက မေးဖို့တောင်လိုလို့လား'
'မင်း...ဘာကိုဆိုလိုချင်တာလဲ'
'တုတ်တစ်ချောင်းဆောင်ထားပြီး အဲ့ဒီကလေးတွေကို ဆုံးမမယ်လေ...သူတို့အမှားလုပ်တာနဲ့ အရိုက်ခံရမယ်...ခွေးတွေ သူတို့နောက်ခြေထောက်နဲ့ လမ်းလျှောက်တက်ဖို့တောင် အဲ့ဒီလို သင်ကြားရတာပဲလေ...လူသားတွေလဲ သိပ်မကွာဘူးလို့ ကျွန်တော်ယူဆတယ်...ဟုတ်တယ်မလား'
'နောက်မှ ထပ်ပြောကြတာပေါ့'
ထိုသို့ပြောဆိုပြီးနောက် ဆရာတူအကိုသည် မည်သည့်တပည့်ကိုမျှ သူထံခေါ်ဆောင်လာခြင်းမရှိတော့ချေ။
"တစ်ကြိမ်တည်းနဲ့ တပည့်တွေအများကြီးလက်ခံရမယ်လို့ ငါ ဘယ်တုန်းကမှ မျှော်လင့်မထားမိဘူး'
ချွန်းမြောင်က သူ၏နှုတ်ခမ်းများ ကော့တက်သည်အထိ ပြုံးနေလေ၏။ အကယ်၍ တစ်စုံတစ်ယောက်သာ သူကိုမြင်သွားပါက ထိုအပြုံးသည် ခါးသည်းသောအပြုံးမျိုးဟု သူတို့တွေးထင်ကြမည်မှာ သေချာပေ၏။
"ငါ အိပ်ချင်သေးတယ်"
"ဘာလို့ ငါတို့က အရုဏ်တက်အချိန်ကြီးမှာ စုဝေးဖို့လိုအပ်တာလဲ"
"ဆရာတူအကိုကြီး...ဒါက မလွန်လွန်းဘူးလား"
ယွန်းဂျွန်က မျက်လုံးစုံမှိတ်၍ နေနေသည်။
'တိတ်တိတ်နေကြစမ်းပါ ခွေးမသားတွေရဲ့'
ဟွာဆန်း၏စည်းမျဥ်းများသည် တင်းကြပ်သည်ဟုဆိုနိုင်သော်လည်း ကလေးများအား လောကီကိစ္စများကိုစွန့်လွှတ်ရန် အတင်းအကျပ်ဖိအားပေးခြင်းမရှိချေ။ သူတို့အားလုံးသည် ကျော်ကြားသောမိသားစုများမှကလေးများ မဟုတ်သည့်တိုင် ကိုယ်ပိုင်နယ်မြေများကိုထိန်းချုပ်နိုင်သော မိသားစုများမှကလေးများဖြစ်သည်။ အကျိုးဆက်အနေဖြင့် သူတို့သည် အဆင်မပြေမှုများကို ခံနိုင်ရည်မရှိကြဘဲ မည်သည့်အချိန်မျှ စိတ်ရှည်သည်းခံခြင်းမရှိကြချေ။
သူတို့သည် ရိုက်နှက်ခံရသည်မှာ နေ့တစ်ဝက်မျှသာရှိသေးသော်လည်း သူတို့၏ထိတ်လန့်ကြောက်ရွံခဲ့မှုများကို လက်လွှတ်လိုက်ကြလေပြီ။
ယွန်းဂျွန်သည် ခေါင်းမော့၍ ဂျိုဂုအားကြည့်လိုက်သည်။ အနည်းဆုံးတော့ ဤအခြေအနေမျိုး၌ ဂျိုဂုသည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
တခြားသူများသည် အခြေအနေကို သဘောပေါက်နားလည်ခြင်းမရှိသည်တော့မဟုတ်ချေ။ သူတို့က ညည်းညူနေသည့်တိုင် ချွန်းမြောင်တောင်းဆိုထားသည့်အတိုင်း ဤနေရာသို့ အရောက်လာကြသည်။
ယွန်းဂျွန်သည် အိပ်ဆောင်ဆီသို့ ငေးစိုက်ကြည့်လိုက်၏။
'အဲ့ဒီနတ်ဆိုးကောင် ဘယ်နေရာကရောက်လာပါလိမ့်'
ချွန်းမြောင်သည် ကျိုးပဲ့နေသောကုလားထိုင်ခြေထောက်ကိုကိုင်ဆောင်ပြီး နတ်ဆိုးကဲ့သို့အသွင်အပြင်ဖြင့် ကလေးအယောက်သုံးဆယ်ကို တခဏချင်း အနိုင်ယူနိုင်ခဲ့သည်။
သူ တွေးတောကြည့်မိရုံဖြင့် သူ၏ခန္ဓာကိုယ်အား ချမ်းစိမ့်မှု ဖြတ်သန်းသွားပေ၏။
"ဒါပေမယ့်...သူက ဘယ်သူလဲ"
ထိုအရာသည် လူတိုင်း၏ခံစားချက်ကို ဖော်ပြနေသော စကားလုံးများဖြစ်သည်။
"ငါ တကယ်သိချင်မိတယ်"
"ဒီနေရာမှာ လူသုံးဆယ်ကျော်ရှိတယ်...တကယ်လို့ စီနီယာတစ်ယောက်ဆိုရင်တောင် ဒီလူအုပ်ကြီးကို သူလိုမျိုးလုပ်ဖို့ ဖြစ်နိုင်ပါ့မလား"
"ငါ မသိဘူးလေ"
သို့ရာတွင် တပည့်ကြီးများပင်လျှင် ထိုနတ်ဆိုးကောင် ပြုလုပ်သွားသကဲ့သို့ မလုပ်နိုင်မည်မှာ သေချာပေ၏။
"အဲ့ဒီကလေးက မနေ့တုန်းကမှ ငါတို့ဆီဝင်လာတာ...သူက တနေရာရာကနေ သိုင်းပညာသင်ယူပြီးသားပဲဖြစ်နိုင်တယ်...ဟုတ်တယ်မလား"
"ဟူး ဘယ်လိုပဲဖြစ်ဖြစ်...ငါတို့ ဘာမှတောင်မစားရသေးဘဲ ဒီနေရာမှာနေနေရတာ အဓိပ္ပါယ်မရှိဘူး"
လူတိုင်း စိတ်ရှုပ်ထွေးနေကြ၏။ ဟွာဆန်း၌ အချိန်အကြာဆုံးနေထိုင်ခဲ့သူဖြစ်ပြီး သူတို့ထက်အသက်ကြီးသော ယွန်းဂျွန်ပင်လျှင် ချွန်းမြောင်အား ပုံဖော်မကြည့်နိုင်ချေ။ သို့ရာတွင် တစ်စုံတစ်ခုဖြစ်ပွါးတော့မည်ကို သူ သိရှိပေ၏။
"သူက ငါတို့ကို ထပ်ပြီးရိုက်မလို့များလား"
“…”
မည်သူပြောဆိုလိုက်မှန်းမသိသော်လည်း ထိုစကားကိုကြားချိန်တွင် လူတိုင်း တောင့်တင်းသွားကြ၏။
"ဒါက ဖြစ်နိုင်လောက်လား"
"မနေ့ညက အရှက်ရစရာကိစ္စကို သူ ငါတို့ကို အမှတ်ရစေချင်တာ ဖြစ်နိုင်တယ်"
"ငါတို့ ထပ်ရှုံးနိမ့်သွားရင် ဘယ်လိုဖြစ်သွားမလဲ"
“…”
စိုးရိမ်ပူပန်မှုများက လူအုပ်အကြား ပျံ့နှံ့သွားသည်။ လူတိုင်း ခေါင်းငုံနေကြ၏။ နေရာ၌ငြိမ်ငြိမ်သက်သက် မတ်တတ်ရပ်နေသော ဂျိုဂုက ပြောဆိုလိုက်သည်။
"တကယ်လို့ မင်းတို့ ထပ်ပြီးအရိုက်မခံချင်ဘူးဆိုရင်...တိတ်တိတ်လေးနေပြီး သူ ပြောတာကိုလိုက်နာလိုက်"
"ဆရာတူအကို ဂျိုဂု"
ဂျိုဂုကဲ့သို့ တပည့်များအကြား၌ အရည်အချင်းအရှိဆုံးဟု လူသိများသူပင်လျှင် တုန်လှုပ်ချောက်ချားနေသည်။
'ရူးနေကြတာလား'
'ဘယ်လိုကောင်တွေလဲ'
'ထပ်ပြီး အရိုက်ခံချင်နေတာလား'
'မျက်နှာကျက်မှာ စိုက်ဝင်နေတဲ့အထိ အရိုက်ခံချင်နေကြတာလား'
ဂျိုဂုသည် သူ၏အရည်အချင်းကို ယုံကြည်ချက်ရှိသူဖြစ်သည်။ သို့ရာတွင် သူကိုယ်သူ ဟွာဆန်း၌ပါရမီရှင်ဟု ခေါ်ဝေါ်နိုင်သော်လည်း ထိုနတ်ဆိုးကောင်ကို ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။
အဆုံးသတ်၌ သိုင်းပညာရပ်ဟူသည်မှာ လူအများသင်ယူနိုင်သော အရာတစ်ခုဖြစ်သည်။ သူထံ၌ လုံလောက်သော သင်ကြားမှုနှင့် သိုင်းပညာနည်းစနစ်ကောင်းများမရှိလျှင်ပင် ဂုဏ်သတင်းကြီးမားသောဂိုဏ်းများမှ ပါရမီရှင်တပည့်များနှင့် ခြေရာခြင်းယှဥ်၍ မတ်တတ်ရပ်နိုင်မည်ဟု သူ ယုံကြည်ထားခဲ့သည်။
သို့ရာတွင် ထိုယုံကြည်ချက်များသည် သူ၏မေးရိုးအား လက်သီးတစ်ချက်ဖြင့် ထိုးနှက်ခံရပြီးနောက် လွင့်ပြယ်သွားပေ၏။
"ဒါဆို ငါတို့ကို ဘာလို့ဒီနေရာမှာ စုဝေးခိုင်းပါလိမ့်"
တပည့်များသည် သူတို့ရှေ့ရှိ ထူးဆန်းသောကိရိယာများကိုကြည့်ကာ ခေါင်းခါယမ်းနေကြသည်။
"အမှန်ပဲ...ငါတို့က ဒါတွေကို ဘယ်လိုအသုံးပြုရမှာလဲ"
ရှည်လျားသော သစ်သားတုတ်များ...လူတစ်ယောက်၏ဦးခေါင်းတစ်လုံးစာခန့်ရှိပြီး အတွင်း၌တစ်စုံတစ်ခုထည့်ထားသော ကြီးမားခိုင်ခံသည့်သဲအိတ်တစ်လုံး....
"ဘာလို့ ကျောက်စရစ်ခဲထည့်ထားတဲ့ သဲအိတ်ကိုပြင်ဆင်ထားတာပါလိမ့်"
"ငါကိုကြည့်ရတာ သိတဲ့ပုံပေါက်နေလို့လား"
လူတိုင်း ညည်းတွားနေကြချိန်မှာပင် အခန်းတံခါးပွင့်လာသည်။
“…”
ကျွတ်ကျွတ်ညံနေသော အသံများအားလုံး တပြိုင်နက်တည်း နှုတ်ဆိတ်သွားကြပြီး သူတို့က အခန်းအတွင်းမှထွက်လာသူကိုကြည့်လိုက်သည်။ ချွန်းမြောင်က အခန်းအတွင်းမှ တရွေ့ရွေ့ ထွက်လာလေ၏။ သို့ရာတွင် သူ၏မျက်နှာပေါ်၌ စိတ်အနှောက်ဖြစ်နေမှုက သိသာထင်ရှားစွာ ထင်ဟပ်နေသည်။
'သူကိုကြည့်ရတာ ပျင်းရိနေတဲ့ပုံပေါက်နေတယ်'
'တကယ်လို့ မင်း အရမ်းပျင်းနေရင်လည်း ငါတို့ကို ဘာလို့စုဝေးခိုင်းသေးလဲ'
ချွန်းမြောင်သည် ရပ်တန့်လိုက်ပြီး နံဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ကာ မေးမြန်းလိုက်၏။
"လူစုံပြီလား"
"ဟုတ်ကဲ့"
"တိတ်တိတ်နေကြ...မဟုတ်ရင် နည်းပြဆရာတွေ နိုးလာလိမ့်မယ်"
“…”
ဂျွတ်...ဂျွတ်
ချွန်းမြောင်က အကြောပြေစေရန် ဇက်ချိုးပြီးနောက် ပြောဆိုသည်။
"ကောင်းပြီလေ...ငါတို့က နောင်တစ်ချိန်မှာ အတူတူနေထိုင်သွားကြရမှာ...ပြန်တွေးကြည့်ရင် ငါတို့ရဲ့ကျန်ရှိနေတဲ့ ဘဝသက်တမ်းတလျှောက်လုံး အတူတူကုန်ဆုံးသွားဖို့တောင် ဖြစ်နိုင်တယ်"
'တကယ်လို့ ဒါက ငါ သေရမှာလို့ဆိုလိုတယ်ဆိုရင် ငါ အိမ်ပြန်တော့မယ်'
'ငါ တောင်အောက်ဆင်းတော့မယ်...စရိတ်စကဘယ်လောက်ကုန်ကုန် ငါ တောင်အောက်ကိုဆင်းမယ်'
ဟွာဆန်းဂိုဏ်း၌သာ အသက်သေဆုံးသည်အထိ နေထိုင်သွားရန် ရည်ရွယ်ထားသူများပင် ချွန်းမြောင်၏စကားကိုကြားချိန်၌ အတွေးများဝင်ရောက်လာသည်။
"ဒါပေမယ့် ငါ့ရဲ့အမြင်အရ...."
ချွန်းမြောင်က ပြုံးလိုက်သည်။
"မင်းတို့ကောင်တွေက အရမ်းအားနည်းတယ်"
“…”
“…”
သိုင်းပညာလမ်းကြောင်းကို လျှောက်လှမ်းနေသူများအတွက် အစော်ကားခံရဆုံးနှင့်အရှက်ရဆုံးစကားလုံးမှာ "အားနည်းသည်"ဟူသောစကားပင်။ သူတို့သည် ကုန်သည်မိသားစုများမှဖြစ်သည့်တိုင် သူတို့ကိုယ်တိုင်အတွက် နာမည်တစ်ခုကိုတည်ဆောက်လိုသူများဖြစ်သဖြင့် ဤကဲ့သို့စော်ကားခံရခြင်းကြောင့် သူတို့၏မျက်နှာများ၌ နာကျင်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
"သောက်ချေးပဲ"
ပြဿနာမှာ ထိုစကားအား သူတို့ မငြင်းဆန်နိုင်ခြင်းပင်။
မည်သည့်ထိခိုက်ဒဏ်ရာရရှိမှုမျှမရှိဘဲ လူသုံးဆယ်အား တပြိုင်နက်တည်းရိုက်နှက်ခဲ့သူ၏ စကားဖြစ်နေသည်။ မည်သူမျှ ငြင်းဆန်ခြင်း မပြုနိုင်ချေ။
"ကောင်းပြီလေ...သိုင်းပညာရပ်တွေက မင်းတို့ဘဝရဲ့အရာရာတိုင်းမဟုတ်ဘူးဆိုတာ ငါ သဘောတူတယ်...ဒါပေမယ့် မင်းတို့အားလုံးက ဟွာဆန်းဂိုဏ်းသားတွေအဖြစ်နဲ့သင်ယူဖို့ ရွေးချယ်ပြီးသွားပြီ...ပြီးတော့ မင်းတို့ အစွမ်းရှိသလောက် သန်မာအောင်လုပ်ဖို့ ရည်ရွယ်ချက်ထားသင့်တယ်..ဟုတ်တယ်မလား"
“…”
"ဒါဆိုရင်...ဒီနေ့ကစပြီး ငါနဲ့အတူ မင်းတို့ မနက်တိုင်းလေ့ကျင့်ရမယ်...ဒါက မင်းတို့ အဆင်ပြေမှာပါ...ဟုတ်တယ်မလား"
အကယ်၍ ထိုကိစ္စကိုသာ အဆင်ပြေသည်ဟုဆိုရပါက...
ချွန်းမြောင်၏အရှက်မဲ့သောအပြုအမူကို မြင်တွေ့ချိန်တွင် တစ်စုံတစ်ယောက်က သူ၏လက်ကိုမြှောက်လိုက်သည်။
"ဘာလဲ"
"ငါတို့က အဲ့ဒီလိုလုပ်မှရမှာလား"
ချွန်းမြောင်သည် မေးခွန်းမေးမြန်းလိုက်သူကို ခါးသည်းသောအကြည့်ဖြင့်ကြည့်ပြီးနောက် ယွန်းဂျွန်ဘက်သို့ သူ၏ခေါင်းကိုလှည့်လိုက်သည်။
ချွန်းမြောင်၏ကြည့်ခြင်းခံရသော ယွန်းဂျွန်က တုန်တုန်ရီရီဖြင့် ပြောဆိုလိုက်သည်။
"ဒါက....ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်တုန်းက လူတိုင်း အဲ့ဒီနေရာမှာမရှိဘူး..."
"အာ...ဟုတ်ပြီလေ"
အရိုက်နှက်မခံရသေးသောလူများ ဤနေရာ၌ ရှိနေသေးသည်။ လူတချို့သည် ချွန်းမြောင်အား အနိုင်ကျင့်ရာ၌ ပါဝင်ခြင်းမရှိချေ။ အကယ်၍ ထိုအဖြစ်အပျက် ပျံ့နှံ့သွားလျှင်ပင် လူအများအပြားက ယုံကြည်ကြမည်မဟုတ်ဘဲ နောက်ဆုတ်နေကြပေမည်။
"မင်းတို့က ဒါကို မလုပ်ချင်ကြဘူးလား"
"မင်းကိုကြည့်ရတာ လူသစ်ဖြစ်ပုံရတယ်..ဒါဆို မင်းက ဘာလို့ဒီလိုမျိုး သောက်အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာလဲ...ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးတော့ မင်းရဲ့အပြုအမူတွေကို ဆင်ခြင်သင့်တယ်"
ထိုစကားကိုကြားချိန်တွင် ချွန်းမြောင်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တာပေါ့...လူတစ်ယောက်ဆိုတာက လိမ္မာယဥ်ကျေးနေရမယ်...မင်းတို့သဘောက ဒီလိုဆိုမှတော့ သန်မာလာဖို့ ဒါမှမဟုတ် လေ့ကျင်ချင်တဲ့ရည်ရွယ်ချက်မရှိတဲ့လူတွေ...မင်းတို့ရဲ့လက်တွေကိုမြှောက်လိုက်"
အကယ်၍ လူတစ်ရာစုဝေးပါက မထီမဲ့မြင်ပြုသူ အနည်းဆုံး တစ်ယောက် နှစ်ယောက်ခန့်ရှိနိုင်သည်။ ထိုလူတစ်ယောက် နှစ်ယောက်၏လက်များ မြင့်တက်လာသည်နှင့် တခြားသူများကလည်း လက်မြှောက်ကြပေမည်။
အကြမ်းဖျင်းအားဖြင့် လူတစ်ဒါဇင်ခန့်ရှိနိုင်သည်။
"မှန်တယ်...မှန်တယ်...သိုင်းပညာရပ်ဆိုတာ အရာရာတိုင်းမှမဟုတ်တာ...အထဲကိုသွားကြစို့"
"ငါတို့ သွားလို့ရလား"
"သေချာတာပေါ့"
ချွန်းမြောင်၏စကားကိုကြားချိန်တွင် ဂျိုဂုနှင့်ယွန်းဂျွန်၏မျက်နှာ ဖြူရော်သွားသည်။
'ငနုံငအတွေ...'သွားကြစို့'ဆိုတာနဲ့ 'သွားနိုင်တယ်'ဆိုတာ မတူဘူးဟ'
'အဲ့ကောင်တွေက သူတို့ကိုယ်တိုင် ငရဲကိုဝင်သွားကြတာပဲ'
ကလေးများသည် လက်ရှိအခြေအနေကို သတိမပြုမိဘဲ တောက်ပစွာပြုံး၍ သူတို့၏အိပ်ဆောင်အတွင်းသို့ ဝင်သွားကြသည်။ ထို့နောက် ချွန်းမြောင်သည် ပြုံးပြုံးရွှင်ရွှင်နှင့် သူတို့၏နောက်သို့ လိုက်သွားလေ၏။
ကျွီ...
သူတို့၏နောက်မှ တံခါးကို တင်းတင်းကျပ်ကျပ်ပိတ်လိုက်သည်။
“…”
ပြင်ပရှိမည်သူမှ ပါးစပ်မဟဝံ့ဘဲ သူတို့က အိပ်ဆောင်ကို စူးစိုက်ကြည့်နေကြ၏။ ဆန့်ကျင်ဘက်အနေဖြင့် ထိုနေရာမှ မည်သည့်အော်သံမျှ ထွက်ပေါ်မလာချေ။
သို့ရာတွင်...
'ဒါက....'
ယွန်းဂျွန်သည် အိပ်ဆောင်အား ကြည့်လိုက်သည်။ အဆောက်အအုံတစ်ခုလုံး အနည်းငယ်ခါယမ်းသွားသဖြင့် အတွင်း၌တစ်စုံတစ်ခုဖြစ်ပျက်နေသည်မှာ သိသာထင်ရှားလှ၏။
အချိန်တခဏခန့် ကုန်ဆုံးသွားလေပြီ။
ကျွီ...ကျွီ..
အခန်းတံခါး ပွင့်လာသည်။
အိပ်ဆောင်အတွင်းမှနေ၍ ကလေးများသည် သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့ရသည့်အလား အစွမ်းကုန်ပြေးထွက်လာကြ၏။ ထို့နောက် သူတို့က လူအုပ်အကြားသို့ရောက်လာပြီး နေရာယူလိုက်ကြသည်။
"ထွီ.."
အခန်းအတွင်းမှထွက်လာသော ချွန်းမြောင်သည် စကားစတင်ပြောဆိုလိုက်၏။
"မင်းတို့ထဲမှာ မလေ့ကျင့်ချင်တဲ့ကောင်ရှိသေးလား"
"မရှိပါဘူး"
"တိတ်တိတ်နေကြစမ်း...တခြားသူတွေ နိုးကုန်လိမ့်မယ်"
"ဟုတ်ကဲ့"
"ကောင်းပြီလေ"
ချွန်းမြောင်သည် လက်ခုပ်တစ်ကြိမ်တီးပြီး စတင်၍လှုပ်ရှားလိုက်တော့သည်။
"ငါက...နည်းပြတစ်ယောက်အဖြစ်နဲ့...လူတွေကို သန်မာအောင်လုပ်ပေးရတာ သဘောကျတယ်...ဟွာဆန်းရဲ့အနာဂတ်က တောက်ပလာရမယ်...ငါက မင်းတို့သန်မာလာအောင် ငါ တက်နိုင်သမျှလုပ်ရလိမ့်မယ်"
“…”
"အခု စကြရအောင်"
အဝေးတစ်နေရာ၌ နေမင်းကြီး မြင့်တက်လာသည်ကိုကြည့်ပြီး ယွန်းဂျွန်က သူ၏မျက်လုံးများကိုစုံမှိတ်လိုက်သည်။
ဟွာဆန်း၏အနာဂတ် တောက်ပလာမည်မှာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့၏အနာဂတ်မှာမူ ဝေဝါးတော့မည့်ပုံရသည်။
အခန်း ၁၅:မလွှဲမရှောင်သာလို့ ပြိုလဲရတာတဲ့လား ခွေးမသားတွေရဲ့(5)
"ဟမ်"
ပြတင်းပေါက်မှတဆင့် တောက်ပသောအလင်းရောင်ကျရောက်လာမှုကြောင့် မျက်မှောင်ကြုတ်သွားသော ယွမ်ဂွန်းသည် အိပ်ယာမှ အင်တင်တင်ဖြင့် နိုးလာလေ၏။
'အဲ့ဒီ ကောင်စုတ်လေးတွေ'
ဟွာဆန်းတွင် စည်းမျဥ်းများအလွန်တင်းကြပ်သည်။ အတိတ်တုန်းက ကျောင်းသားများသည် သူတို့၏ဆရာများနှင့် အိပ်ဆောင်မျှဝေအသုံးပြုရစဥ်၌ ထိုတပည့်များသည် မနက်စောစောထပြီး မနက်စာပြင်ဆင်ပြီးမှ သူတို့၏ဆရာကိုနှိုးလေ့ရှိသည်။
ခေတ်ကာလပြောင်းလဲသွားသောကြောင့် ထိုအယူဝါဒများသည် စံသတ်မှတ်ထားမှုမှ လျော့ကျလာသည်။ မည်သို့ပင်ဆိုစေကာမူ တပည့်တစ်ယောက်သည် ဆရာထံသို့လာရောက်ပြီး အိပ်ယာမှနှိုးကာ နှုတ်ဆက်ရသောအစဥ်အလာမှာ ကျန်ရှိနေဆဲပင်။
သို့ရာတွင် ယနေ့တွင်မူ မည်သူမျှရောက်ရှိလာခြင်း မရှိပေ။
"ဟမ့်...အဲ့ဒီကလေးတွေကတော့"
သူတို့ကို အချိန်တခဏကြာ အလွတ်ပေးထားသဖြင့် ပျင်းရိသွားပုံရသည်။ ယွမ်ဂွန်းသည် မျက်မှောင်ကြုတ်ပြီး အိပ်ယာမှထလိုက်၏။
အကယ်၍ မည်သည့်တပည့်မဆို နိုးနေပါက သူ့အား အိပ်ယာထရန် လာရောက်နှိုးပေလိမ့်မည်။ ဆိုလိုသည်မှာ အဖြူရောင်ဇီးပန်းပွင့်အိပ်ဆောင်အတွင်းရှိ ကလေးများအားလုံး အိပ်ပျော်နေဆဲပင်။ မဟုတ်သေး...သူတို့ သူ့အားယခုထိ လာမနှိုးခြင်းမှာ သူတို့ အိပ်မောကျနေဆဲဟူသောအဓိပ္ပါယ်မဖြစ်နိုင်ချေ။
'ငါ တွေးကြည့်အုံးမယ်'
ယမန်နေ့က အိပ်ဆောင်သို့ လူသစ်တစ်ယောက် ရောက်ရှိသွားခြင်းကို သူ အမှတ်ရမိသည်။
'အဲ့ဒီကောင်စုတ်လေးတွေ....ထပ်လုပ်ပြန်ပြီလား'
သူ၏တပည့်ငယ်များသည် ဝေဝါးဝါးအတိတ်ဖြစ်ရပ်များကြောင့် သူတို့က လူသစ်များကို ပညာပေးလေ့ရှိသည်ကို သူ သိရှိထားပြီးဖြစ်သည်။ ဆရာတစ်ယောက်အနေဖြင့် ထိုကိစ္စကို အဆုံးသတ်သင့်သည်ဟု သူ ခံစားမိသော်လည်း ထိုသို့ပြုလုပ်ခြင်းသည် သူတို့အား အတူတကွစည်းလုံးသွားရန် ကူညီပေးသည်ဟုလည်း သူ ယုံကြည်မိသဖြင့် ဒွိဟဖြစ်နေခဲ့သည်။
ဂျိုဂုသည် အလွန်အကျွံလုပ်တက်သော်လည်း ထိုနေရာ၌ ယွန်းဂျွန်ရှိနေသဖြင့် ပြဿနာကြီးကြီးမားမားမဖြစ်နိုင်ဟု သူ ယုံကြည်ထားသည်။
သို့ရာတွင် သူ့အား လာရောက်နှုတ်ဆက်ရန် မည်သူမျှမလာသည်ကို တွေးတောကြည့်ပါက ယမန်နေ့ညက အနည်းငယ်ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့သည်ဟု ဆိုလိုပေ၏။
ယွမ်ဂွန်းက မျက်ခုံးပင့်လိုက်ပြီးနောက် သူက အဝတ်အစား အလျှင်အမြန်လဲလိုက်သည်။ သူ၏ဝတ်ရုံကိုဝတ်ဆင်ပြီးနောက် ဓားရှည်ကို ခါးတွင်ချိတ်ကာ ထွက်ခွာခဲ့တော့သည်။
"အရင်ဆုံး...ငါ သွားစစ်ဆေးရမယ်"
ဆုံးဖြတ်ချက်ချပြီးနောက် သူက ခြေလှမ်းကျဲကြီးများဖြင့် အဖြူရောင်ဇီးပန်းပွင့်အိပ်ဆောင်သို့ ဦးတည်ခဲ့လေ၏။ ကလေးများသည် သူအိပ်ယာနှိုးလိုက်ချိန်၌ ထိတ်လန့်တကြားဖြစ်သွားကြမည်ကို တွေးတောနေစဥ်မှာပင် သူက ထောင့်တစ်နေရာသို့ လှည့်ကြည့်လိုက်မိသည်။
"သွား...."
'နိုးနေကြတာလား'
အော်ဟစ်ရန်ကြံရွယ်နေသော ယွမ်ဂွန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏စကားများကို ပြန်ရုတ်သိမ်းလိုက်၏။ သူ မြင်တွေ့နေရသောမြင်ကွင်းကို မယုံကြည်နိုင်သဖြင့် သူ၏မျက်လုံးများ ပြူးကျယ်နေသည်။
'ဒါ...ဒါက ဘာတွေလဲ'
သူ့ရှေ့၌ရှိနေသော ထူးဆန်းသည့်မြင်ကွင်းကို မယုံကြည်နိုင်သဖြင့် သူ၏မျက်လုံးများကို ပွတ်သပ်လိုက်မိသည်။
"ဘာလဲ...ငါ ငရဲကိုများ ရောက်သွားတာလား'
သူ အသိစိတ်ပြန်ဝင်မလာမီထိတိုင် သူ၏စိတ်အတွင်း၌ ထိုကဲ့သို့ထူးဆန်းသည့်အတွေးမျိုးက ထင်ဟပ်နေသည်။
ဤသည်က ဟွာဆန်းမဟုတ်လော။ သူရှေ့၌ ထွက်ပေါ်နေသောမြင်ကွင်းသည် ဟွာဆန်း၌ ဖြစ်ပျက်နေခြင်းသာ ဖြစ်ပေမည်။ သို့ရာတွင် မည်သည်ကြောင့် ဤကဲ့သို့ဖြစ်ပျက်နေသည်ကို သူ နားမလည်နိုင်ချေ။
သူ ကယောင်ကတမ်းဖြစ်နေခြင်းလော သို့မဟုတ် သူ အမြင်အာရုံ ချို့တဲ့နေခြင်းလော။
ယွမ်ဂွန်းသည် မြင်ကွင်းကြည်လင်သွားစေရန် သူ့မျက်လုံးသူ တစ်ကြိမ်ထပ်၍ ပွတ်သပ်ပြီး မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ထပ်မံကြည့်လိုက်၏။ သို့ရာတွင် မည်သည့်အရာမျှ ပြောင်းလဲသွားခြင်းမရှိချေ။
"အိုး..."
ယွမ်ဂွန်း၏နားအတွင်း၌ စိတ်ပျက်လက်ပျက်သံပြိုင်အော်ဟစ်နေသံများ ပဲ့တင်ထပ်နေသဖြင့် သူက နေရာ၌ပင်တောင့်တင်းနေပြီး မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။
"အား.."
"အား...ငါ သေတော့မယ်...အား"
"အမေ...ကျွန်တော် အိမ်ပြန်လာတော့မယ်"
သနားစဖွယ် ညည်းတွားနေသော ကလေးများကို ယွမ်ဂွန်းက ငေးစိုက်ကြည့်နေမိ၏။
“…”
ဤသည်က သူသိထားသော ငယ်ရွယ်သည့်တပည့်များ ဟုတ်ပါ့မလော။
သူတို့၏မောက်မာမှုများသည် တစ်ခါတစ်ရံ၌ သူ့အား ဒေါသထွက်စေပြီး သူတို့၏ဆိုးသွမ်းမှုများသည် သူ့အားစိတ်ပျက်စေသော်လည်း သူ သိရှိထားသောကလေးများသည် အပြစ်ကင်းစင်သောကလေးများ ဖြစ်နေဆဲပင်။ သူသည် သူတို့ထံမှ နွေးထွေးမှုကို အစဥ်အမြဲ ခံစားရ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ့ရှေ့ရှိကလေးများထံတွင် မည်သည့်နွေးထွေးမှုမျှ ရှိမနေချေ။
'အဲ့ဒီ စုတ်ပြတ်နေတဲ့ကလေးတွေက ဘယ်သူတွေလဲ'
ထိုကလေးများသည် သူသိထားသောကလေးများ ဟုတ်ပါ့မလော။ မည်သို့ပင် သူတွေးတောနေပါစေ ကလေးများကိုကြည့်ရသည်မှာ စုတ်ပြတ်နေသောသူတောင်းစားပုံပေါက်နေသည်။
ယွမ်ဂွန်းသည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်၏။
"ကျား..."
"ငါ ပြီးသွားပြီ...ငါ တကယ့်ကို သေလုမတက်ပဲ"
ယွမ်ဂွန်းသည် နေရာအနှံ့ပြန့်ကျဲနေသော ကလေးများကိုကြည့်လိုက်သည်။
'ဒါက ငါ့ရဲ့တပည့်တွေလား'
အနည်းငယ် ကြမ်းတမ်းပေ၏...မဟုတ်သေး...သူတို့၏အခြေအနေသည် ကြောက်လန့်ဖွယ်ကောင်းနေသော်လည်း သူတောင်းစားကဲ့သို့အခြေအနေမျိုးနှင့် လဲလျောင်းနေသူများမှာ အမှန်တကယ်ကိုပင် သူ၏တပည့်များဖြစ်နေသည်။
'သူတို့က ဘာလုပ်နေကြတာလဲ'
မနေ့က ပျော့ညံသောကလေးများသည် မည်သည်ကြောင့် ဤကဲ့သို့ သေလုမျောပါးအခြေအနေသို့ ရောက်ရှိသွားသနည်း။
သစ်သားဓားများနှင့်ထူးဆန်းသောသဲအိတ်များက စုတ်ပြတ်နေသောကလေးများ၏ အနီးအနား၌ ပြန့်ကျဲနေသည်။
ယွမ်ဂွန်းက မည်သို့ပြုလုပ်ရမည်ကို သိရှိသွား၏။ သူ၏စိတ်မှ မှန်းဆနိုင်မှုသည် အကန့်အသတ်ရှိသည်။ ထို့ပြင် သူ၏မေးခွန်းကိုဖြေဆိုနိုင်သော ပါးစပ်ပေါက်တစ်ရာမကရှိနေလေ၏။
"ဒီနေရာမှာ ဘာတွေဖြစ်နေကြတာလဲ"
သူ မေးမြန်းလိုက်သည်နှင့် ကြမ်းပြင်ပေါ်၌ လဲလျောင်း၍ ညည်းတွားနေကြသော ကလေးများသည် သူ့အားကြည့်လိုက်ကြ၏။
သေလုမျောပါးဖြစ်နေသော ကလေးများ၏မျက်လုံးအကြည့်များက အသက်ပြန်ဝင်လာသည်။
"ဆရာ.."
"ဆရာသခင်..."
"အိုး...ကောင်းကင်ဘုံအရှင်သခင်"
သူတို့အားလုံးသည် ဆန်းပြားသောစကားများ ပြောနေကြသော်လည်း ထိုကလေးများသည် သူ့အား နွေးထွေးပျူငှါစွာ ကြိုဆိုနေကြသည်မှာ သိသာထင်ရှားလှ၏။ သူတို့၏ခန္ဓာကိုယ်များ တုန်ရီပြီး မျက်ရည်များပင်စီးကျလာကြသည်။
လူငယ်များအား သူထိန်းသိမ်းနေရသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း သူ့အား ဤကဲ့သို့ စိတ်အားထက်သန်စွာကြိုဆိုနေကြခြင်းမှာ ထူးဆန်းနေပေ၏။ မဟုတ်သေး...ဤသည်က ထူးကဲသည်မဟုတ်သော်လည်း သူတို့၏စစ်မှန်သောနှလုံးသားဖြင့် သူ့အားနှုတ်ဆက်သည့် ပထမဆုံးအကြိမ်ပင်။
"အဟွတ်...ဆရာ"
"ဆရာ ဘာလို့ ဒီလောက်ထိနောက်ကျနေတာလဲ...ဘာလို့လဲ"
"ကျွန်တော် ဆရာ့ကို အရမ်းလွမ်းနေတာ"
သူတို့ မည်သည်ကြောင့် ဤသို့ပြောဆိုနေကြသနည်း။
သူကို အစဥ်အမြဲမထီမဲ့မြင်ပြုတက်သော ထိုကလေးများက သူ့အား အသည်းအသန်ကြိုစိုနှုတ်ဆက်နေကြသည်ကိုကြည့်ပြီး သူ့နှလုံးသား၏ထောင့်ပေါင်းစုံမှ ဂုဏ်ယူဝင့်ကြွားစိတ်များ ထူးထူးဆန်းဆန်းထွက်ပေါ်လာသည်။ အမျိုးအမည်မသိသော စိတ်ခံစားချက်နှင့် သူ မျောလွင့်နေပေ၏။
သို့ရာတွင် ယွမ်ဂွန်းက ခေါင်းခါယမ်းပြီး သူ၏အတွေးများကို ပြန်စုစည်းလိုက်သည်။
'မဟုတ်...မဟုတ်သေးဘူး'
သူ ဤကဲ့သို့ဘဝင်မြင့်နေရမည့် အချိန်မျိုးမဟုတ်ချေ။ သူရှေ့ရှိ လူငယ်များကို စစ်ဆေးကြည့်မိချိန်တွင် ပြင်းထန်သောတိုက်ပွဲတချို့ကို ဆင်နွှဲထားပုံရသည်။ သူတို့၏ခြေလက်များ သနားစဖွယ်တုန်ခါနေသည်ကိုကြည့်ပြီး အခြေအနေအမှန်ကိုသိရှိရန် သူ လိုလားတောင့်တမိသည်။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
ထိုမေးခွန်းကိုကြားချိန်တွင် ငိုကြွေးလုမတက်ဖြစ်နေသော ကလေးများသည် တွန့်ဆုတ်သွားပြီး မည်သည့်စကားမျှမဆိုတော့ဘဲ နောက်ဘက်သို့ စောင်းငဲ့ကြည့်နေကြ၏။
'အဲ့ဒီကလေးတွေက စကားပြောရမှာကို ကြောက်နေကြတာလား'
ယွမ်ဂွန်း၏အကြည့်က သူတို့၏အကြည့်လားရာနောက်သို့ လိုက်ပါသွားသည်။ ထိုနေရာ၌ ပြင်းပြင်းထန်ထန်လေ့ကျင့်နေသော ကလေးတစ်ယောက်ရှိနေသည်။
"ဂျိုဂုလား"
"မဟုတ်ဘူး...တခြားတစ်ယောက်"
"တခြားလူလား"
ဂျိုဂုထံမှနေ၍ သူက အတန်ငယ်ကွာဝေးသော နောက်ဘက်သို့ ကြည့်လိုက်၏။
"သူ...သူလား"
ယွမ်ဂွန်း မြင်လိုက်ရသောမြင်ကွင်းသည် သူ၏ထင်မြင်ချက်ထက်ကျော်လွန်နေသဖြင့် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
'အသစ်ရောက်လာတဲ့ကလေးလား..အဲ့ဒီကလေးရဲ့နာမည်က ဘယ်လိုခေါ်ပါလိမ့်...ချွန်းမြောင်လား...သူ ဘာလုပ်နေတာလဲ'
ယွမ်ဂွန်းက ခေါင်းစောင်းကြည့်လိုက်၏။ ချွန်းမြောင်သည် ကို့ရို့ကားယားနိုင်သော ကိစ္စတစ်ခုကို ပြုလုပ်နေသည်။ သူ၏ပခုံးပေါ်၌ သစ်သားတုတ်ရှည်တစ်ချောင်းကိုတင်ထားပြီး ထိုအရာ၏နံဘေးတစ်ဖက်တစ်ချက်စီ၌ ကြီးမားသောသဲအိတ်များစွာကို ချိတ်ဆွဲထားသည်။
"အဲ့ဒီသဲအိတ်တွေထဲမှာ ဘာတွေပါလဲ"
"အဲ့ဒါက မြေစာထည့်ထားတဲ့အိတ်တွေ"
"ဘာလို့ မြေစာအိတ်တွေလဲ"
မည်သည်ကြောင့်ဟု သူ သိသော်ငြားလည်း မေးမြန်းလိုက်၏။
အလေးမခြင်း...
ပြိုင်ဘက်ကင်းဘိုးဘေးများအကြားတွင် ထိုနည်းလမ်းဖြင့်လေ့ကျင့်သူများ ရှိခဲ့သည်။
"ဟူး...."
စောင့်ကြည့်နေသော ယွမ်ဂွန်းက ထိုကလေး၏ခန္ဓာကိုယ် အလွန်သန်မာလာမည်ဟု သူ ပြောနိုင်ပေသည်။
ထိုကလေးသည် အချိန်မရွေး ပြိုလဲသွားတော့မည်ကဲ့သို့ တုန်ရီနေသော်လည်း မတ်တတ်ရပ်၍ သူ၏ဟန်ချက်ကိုပြန်ထိန်းကာ မြင်းထိုင်ပြန်ထိုင်လေ၏။
သူ၏မေးစေ့မှနေ၍ ချွေးသီးချွေးပေါက်များ စီးကျနေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွေးများရွှဲနစ်နေသည်။
'သူ သေတော့မှာများလား'
ယွမ်ဂွန်းသည် ချွန်းမြောင်၏အခြေအနေကို စိုးရိမ်ပူပန်နေသည်။ ထိုကလေး၏မျက်နှာတွင် အနီရောင်သွေးကြောများ ပေါက်ကွဲလုမတက် ဖောင်းကြွနေပြီး သူ၏မျက်နှာအမူအယာသည် ငရဲမှလွတ်မြောက်လာသောနတ်ဆိုးတစ်ကောင်ကဲ့သို့ ရှုံတွနေသည်။
ထိုကလေးချွန်းမြောင်ကို ရည်ညွှန်းရန် 'ခက်ခဲသည်'ဟူသောစကားထက် လိုက်လျောညီထွေဖြစ်မည့်စကားလုံးမျိုးမရှိတော့ကြောင်း သူ ညည်းတွားလိုက်မိ၏။ ထိုကလေးသည် ဖိအားဒဏ်အား ကြံကြံခံကာ ဆက်လက်လေ့ကျင့်နေသည်။
'ကောင်စုတ်လေး...ဒီပုံစံအတိုင်းဆို မင်း သေသွားလိမ့်မယ်'
ယွမ်ဂွန်းသည် သဘောထားကြီးသောလူတစ်ယောက် မဟုတ်ပေ။ အမှန်အားဖြင့် ပြင်းပြင်းထန်ထန်လေ့ကျင့်ခြင်းသည် ရလဒ်များပိုကောင်းစေသည်ဟု သူ အခိုင်အမာယုံကြည်ထား၏။ ဓားတစ်ချောင်းမှမသန့်စင်မှုများကို ဖယ်ရှားရန် ပန်းပဲတူဖြင့်ထုရသကဲ့သို့ ဖိအားများအောက်ရှိ ကျောက်မီးသွေးများမှသာ စိန်ပွင့်များ ထွက်ပေါ်လာနိုင်သည်။ ဤစိတ်နေစိတ်ထားသည် တပည့်များအား တွန်းအားဖြစ်စေပြီး သူတို့၏စိတ်ဆန္ဒနှင့်ခန္ဓာကိုယ်ကို ယှဥ်တွဲ၍သန်မာလာစေပေမည်။
သို့ရာတွင် ချွန်းမြောင်၏လေ့ကျင့်မှုသည် အကန့်အသတ်ထက်ပင် ကျော်လွန်၍ ကြမ်းတမ်းနေသည်ဟု သူ ပြောရပေမည်။
'နေဦး...ဒါဆို ဒီကလေးတွေက ဘာလို့ဒီနေရာကို ရောက်နေကြတာလဲ'
သူတို့က အတူတကွ လေ့ကျင့်နေခြင်းများ ဖြစ်နေမလော။
"ဆ...ဆရာ...ကျွန်တော်ကိုကယ်ပါ"
"ဒီပုံစံအတိုင်းဆို ကျွန်တော်တို့ သေသွားလိမ့်မယ်"
ကလေးများ၏ခန္ဓာကိုယ်များသည် ချွေးများဖြင့် ရွှဲနစ်နေသည်။ သူတို့၏အဝတ်အစားများသည် ရေနှစ်ခံထားရသကဲ့သို့ စိုစွတ်နေပေ၏။ ထိုအရာများအားလုံးသည် သူတို့၏ချွေးများဖြစ်သည်ကို တွေးတောမိချိန်တွင် ယွမ်ဂွန်းက ကြက်သီးမွေးညင်းများပင်ထသွားသည်။
'ဒါဆို သူတို့ မအိပ်ကြဘူးလား'
ထိုကလေးများသည် မနက်အာရုဏ်တက်ကတည်းက လေ့ကျင့်နေသည်ဟု ဆိုလိုခြင်းမဟုတ်လော။
"မင်းတို့ ဘယ်ချိန်ကစပြီး လေ့ကျင့်နေတာလဲ"
"ငါးနာရီကတည်းကပါ"
သူတို့က ဤကဲ့သို့လေ့ကျင့်နေရသည်မှာ တစ်နာရီကျော်ခန့်ကြာနေလေပြီ။
"ဘာလို့လဲ"
ရိုးရှင်းသောမေးခွန်းဖြစ်သော်လည်း မည်သူမျှ ဖြေကြားခြင်းမရှိချေ။
'တကယ်လို့ ဆရာ့ကိုပြောပြရင်...ကျွန်တော်တို့ သေသွားမှာပေါ့'
ယခုလက်ရှိနေရာမှ ကလေးများအားလုံး၌ စိတ်ဓာတ်ကျဆင်းနေသော မျက်နှာအမူအယာများရှိနေသည်။
'မဖြေကြဘူးလား'
မဟုတ်သေး...ဤကိစ္စက မဖြစ်သင့်ချေ။ မည်သည့်အဓိပ္ပါယ်ကို ဆိုလိုသနည်း။
ဤနေရာရှိကလေးများသည် ဟွာဆန်း၏တပည့်များဖြစ်သည်။ ဂိုဏ်းသည် အတိတ်ကကဲ့သို့မဟုတ်သည့်တိုင် သူတို့သည် သိုင်းပညာရပ်များကို သင်ယူနိုင်ဆဲပင်။ သူတို့အနက်မှ တချို့ကလေးများသည် ဤနေရာသို့ရောက်ရှိလာသည်မှာ အချိန်ငါးနှစ်ကျော်ခန့်ရှိနေလေပြီ။
တပည့်ငယ်လေးများသည် လူသစ်ကလေးအား မကိုင်တွယ်နိုင်ကြသဖြင့် ဤကဲ့သို့ခံစားနေရခြင်းဖြစ်သည်ဟု ဆိုလိုသလော။
'နေ...နေပါဦး'
ဂျိုဂုသည် သူ၏ထူးချွန်သောစွမ်းရည်ကြောင့် ကလေးများအကြား၌ ကျော်ကြားသူဖြစ်သည်။ သူပင်လျှင် အသက်ခပ်ခက်ခက်ရှုပြီး မြေပြင်ပေါ်၌ မြင်းထိုင်ထိုင်နေရသည်။
'ယွန်းဂျွန်ရော ဘယ်လိုနေလဲ"
သူသည် နေရာအနှံ့အပြားကို အလျှင်အမြန်ကြည့်၍ ယွန်းဂျွန်အား ရှာဖွေလိုက်၏။
"အို...ငါ့ရဲ့...."
ယွန်းဂျွန်သည် ကြမ်းပြင်ပေါ်၌ ရှိနေသည်။
'သူ ဘာလို့ ဒီလိုဖြစ်နေရတာလဲ'
ဂျိုဂုသည် အဆင်ပြေပုံရသော်လည်း ယွန်းဂျွန်၏စိတ်ဝိညာဥ်သည် သူ၏ခန္ဓာကိုယ်မှ စွန့်ခွါသွားပုံရသည်။ ယွန်းဂျွန်သည် ပင့်သက်ရှိုက်နေပြီး သူ၏မျက်နှာနှင့်ကြမ်းပြင်ကိုအပ်ထားကာ သူ့တင်ပါးများက အနည်းငယ်ကြွတက်နေသည်။ သူက ကြမ်းပြင်ပေါ်၌ ခက်ခက်ခဲခဲရုန်းကန်နေရပြီး သူ၏မျက်လုံးထောင့်မှ မျက်ရည်များ ယိုစီးကျနေသည်။
"ဒါက.."
ယွမ်ဂွန်းသည် ပါးစပ်ဟလိုက်ပြီးမှ ပြန်ပိတ်လိုက်၏။
'မဟုတ်သေးဘူး..လေ့ကျင့်တာက ကောင်းပါတယ်...ဒါပေမယ့်...'
မည်သို့ ဖြစ်ပျက်နေသည်ကို သူ ရှင်းရှင်းလင်းလင်း မသိနိုင်သေးချေ။ ကလေးများသည် ခွန်အားလေ့ကျင့်ရန် မနက်အစောကြီး နိုးနေကြ၏။
ဟွာဆန်းသည် လျှင်မြန်မှုနှင့်တိကျမှုကို အဓိကထားသောဂိုဏ်းဖြစ်သော်လည်း အခြေခံခွန်အားလေ့ကျင့်ခြင်းကိုလည်း သင်ကြားရ၏။ သိုင်းပညာရပ်များအားလုံးသည် ခန္ဓာကိုယ်ကိုအခြေခံအုတ်မြစ်အဖြစ်အသုံးပြု၍ စတင်ရသည်။
'ဒါပေမယ့် တစ်နာရီလောက်လေ့ကျင့်ရုံနဲ့ လူတိုင်း ဒီလိုပုံစံဖြစ်သွားတာ ဘယ်လိုငရဲမျိုးလဲ'
ယွမ်ဂွန်းသည် သူ၏မျက်ခုံးကြား၌ထွက်နေသည့် ချွေးအေးများကို သုတ်လိုက်သည်။ သူ စောင်းငဲ့ကြည့်လိုက်ချိန်တွင် ကလေးများအားလုံးသည် ဝေဝါးနေသောမျက်လုံးများဖြင့် သူ့အားကြည့်နေသည်ကို တွေ့မြင်မိလေ၏။ သူတို့အားလုံးသည် သူ ဤအခြေအနေကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်နေသကဲ့သို့ပင်။
'ငါ့ကို အဲ့ဒီမျက်လုံးတွေနဲ့ မကြည့်ကြစမ်းနဲ့'
ထိုအရာက သူ့အတွက် အလွန်ရှက်ရွံဖွယ်ကောင်းနေသည်။
"အဟန်း..."
ယွမ်ဂွန်းသည် သူ၏စိတ်ပြောင်းလဲသွားစေရန် ချောင်းတစ်ချက်ဟန့်ပြီး ချွန်းမြောင်ကိုကြည့်လိုက်သည်။ အရင်ဦးဆုံး မည်သည့်ကိစ္စများဖြစ်ပျက်သွားသည်ကို သူ ဖော်ထုတ်ရပေမည်။ အခြေအနေကို ရှင်းရှင်းလင်းလင်းသိမှသာ တုံ့ပြန်ဆောင်ရွက်ရန် သူ ဆုံးဖြတ်လိုက်၏။
"အဲ့ဒီကလေးကို ခေါ်ခဲ့"
ဤအချိန်အခိုက်အတန့်တွင် ယွမ်ဂွန်း၏စိတ်အတွင်း၌ ချွန်းမြောင်ဟူသောအမည်သည် အခိုင်အမာ ခတ်နှိပ်ထားပြီးဖြစ်သည်။
သူ၏ဘဝတလျှောက်လုံးတွင် ထိုနာမည်သည်အရေးအကြီးဆုံးအမည်နာမဖြစ်လာမည်ဟု ယွမ်ဂွန်းက တွေးတောမိမည်မဟုတ်ချေ။