ဟွာဆန်းဂိုဏ်း၏တတိယမျိုးဆက်ဓားသမားများအနက်မှ တစ်ဆယ့်သုံးယောက်မြောက်တပည့်... မက်မွန်ပန်းပွင့်ဓားအရှင်သခင်ချွမ်းမြောင်...။ လောကကြီးတစ်ခုလုံးအား ဖရိုဖရဲဖြစ်စေသော ပြိုင်ဘက်ကင်းမိုးကောင်းကင်နတ်ဆိုးအား ခေါင်းဖြတ်သုတ်သင်ပြီးနောက် သူသည် တောင်တစ်သန်းမဟာတောင်ထွဋ်ပေါ်၌ ထာဝရအိပ်စက်အနားယူသွားခဲ့သည်။ နှစ်ပေါင်းတစ်ရာ ကုန်လွန်ခဲ့ပြီးချိန်တွင် ချွမ်းမြောင်က ကလေးတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာပေ၏။ သို့ရာတွင်...မည်သည့်ကြောင့်နည်း။ ဟွာဆန်းဂိုဏ်း ပျက်စီးသွားပြီဟု ဆိုလိုက်သလော...။ ဤလူများက အဓိပ္ပါယ်မရှိသောစကားများကို မည်သည်ကြောင့်ပြောနေကြသနည်း...။ အကယ်၍ သူ သေဆုံးသွားလျှင်ပင် သူ နေထိုင်ခဲ့သည့်နေရာအား ရှင်သန်နေစေလိုခြင်းမှာ ဖြစ်ရိုးဖြစ်စဥ်ပင်။ "ပျက်စီးသွားပြီတဲ့လား...ငါ ဒီနေရာမှာရှိနေတာတောင်မှ ဘယ်ကောင်က လုပ်ဝံ့တာလဲ" အဆုံးသတ်၌ မက်မွန်ပန်းပွင့်များကြွေကျမြေခခဲ့သည်။ သို့ရာတွင် ဆောင်းလေအေးများတိုက်ခတ်ချိန်လွန်မြောက်ပြီး နွေဦးပြန်လည်ရောက်ရှိချိန်တွင် မက်မွန်ပန်းပွင့်တို့ တဖန်ပြန်၍ပွင့်လန်းလာပေမည်။ "တကယ်လို့ ငါ သေဆုံးသွားရရင်တောင် ဟွာဆန်းဂိုဏ်းပြန်ရှင်သန်ရမယ်....တကယ်လို့ မင်းတို့က ဟွာဆန်းဂိုဏ်းကို ဖျက်ဆီးဝံ့တယ်ဆိုရင် မင်းတို့ကောင်းကောင်းနေနိုင်တုန်း နေထားကြစမ်း ခွေးမသားတွေ..." မက်မွန်ပန်းပွင့်ဓားအရှင်သခင် ချွမ်းမြောင်က ဟွာဆန်းဂိုဏ်းပြန်ရှင်သန်လာစေရန် သူ တစ်ကိုယ်တည်းအထီးကျန်ကြိုးစားခြင်းက အစကနဦးဖြစ်ပေ၏။

