အခန်း (၁၉၀-၁၉၂)
Vol. 13 Ch. 190-192
အပိုင်း (၁၉၀)
ဒီလို အရည်အချင်းတွေနဲ့လား (၅)
နောက်တစ်နေ့ နံနက်ခင်းတွင် ဖြစ်သည်။
“ချွန်းမြောင်..ချွန်းမြောင်…ထစမ်းလို့ …သခင်ကြီးက မင်းကိုရှာနေတယ်…ထလို့…ဟမ်…
ဒါတွေက ဘာတွေတုန်း”
အခန်းတံခါးကို ဆွဲဖွင့်ကာ အခန်းထဲသို့ ဝင်လာသော ယွန်းဂျွန်က မြင်လိုက်ရသောမြင်ကွင်းကြောင့် အံ့အားသင့်သွားလေသည်။
ဒါတွေ အကုန်လုံး သောက်ထားတာလားဟ
ပုလင်းများစွာက ကြမ်းပြင်တွင်ရှိနေလေပြီး ချွန်းမြောင်ကမူ ထိုပုလင်းများအလယ်တွင် အိပ်နေလေသည်။
တညလုံး ဒါတွေအကုန်လုံးကို ထိုင်သောက်နေတာများလား..
ဒီကလေး ဘာဖြစ်နေတာလဲဟ..
လူငါးယောက် ဝိုင်းသောက်လျှင်ပင် မကုန်နိုင်လောက်သော သေရည်ပုလင်းများက အားလုံးအလွတ်ပင် ။ အားလုံးအား ချွန်းမြောင်က အပြောင်သောက်ထားပုံ ရလေသည်။ ယွန်းဂျွန် ချက်ချင်းဆိုသလိုပင် ချွန်းမြောင်ကို နှိုးလိုက်လေတော့သည်။
“ချွန်းမြောင်…ချွန်းမြောင် ..ထစမ်း…သောက်ကလေး ..ထစမ်းလို့”
“ဝှား..”
အိပ်မှုန်စုံမွှား မျက်လုံးများနှင့် ချွန်းမြောင်က နိုးလာလေသည်။
“အား…မလုပ်နဲ့…အား…ခေါင်းကိုက်လို့ သေတော့မယ် ထင်တယ်”
“အေးလေ..မင်းလိုကောင် သေသွားရမှာ… မနေ့ကည ဒီလောက်သောက်ထားမှတော့ ကိုက်ပြီပေါ့ ခေါင်းက… မင်းရဲ့ အရက်နံ့တွေကို ဖယ်ပစ်စမ်း…”
“ဟမ်…ဘာလို့ ဖယ်ရမှာလဲ..မူးချင်လို့ သောက်ထားပါတယ်ဆိုမှ..”
ချွန်းမြောင်၏ စောဒကကို ယွန်းဂျွန် လက်ခံသလိုလိုတော့ ဖြစ်သွားလေသည်။ ဟုတ်ပေသည်။ မူးချင်၍ ဤမျှ သေရည်များစွာသောက်ထားသည်က အသိသာကြီးပင်။ သို့သော် ယခုတွင်မူ သူမူးချင်သည် မမူးချင်သည်က အရေးမကြီးပေ။
“ထစမ်းလို့ …သခင်ကြီးက မင်းကိုရှာနေတယ်…ငါတို့အားလုံးနဲ့ မနက်စာအတူတူစားချင်လို့တဲ့”
“အင်း…..”
ယွန်းဂျွန်စကားကြောင့် ချွန်းမြောင် အိပ်နေရာမှ လေးတိလေးကန်နှင့် ကိုယ်တပိုင်းထလာလေသည်။ ထိုင်နေရင်းမှပင် ခေါင်းကို တဗျင်းဗျင်းကိုင်နေလေပြီး ယွန်းဂျွန်၏ ပျစ်တောက်ပျစ်တောက်အသံကပင် ခေါင်းကိုက်စေနေလေသည် ။အရက်နာကျနေခြင်းပင်။
“အား..ကျွန်တော်တော့ သေတော့မှာလားမသိဘူး”
ချွန်းမြောင်၏ ညည်းညည်းညူညူပြောလိုက်သံကြောင့် ယွန်းဂျွန်က မျက်စောင်းထိုးကာ ခေါင်းခါလိုက်ပြီး အခန်းထဲသို့ ရုတ်တရက်ဝင်လာသော ယုရီဆိုးကမူ မြင်ကွင်းကြောင့် အံ့အားသင့်သွားလေသည်။
‘ဒါတွေက…”
“…”
“ဒီ ဆရာတူမောင်လေးရဲ့ အခန်းကိုလာရတာကလည်း ကြောက်စရာပဲ….ရှုပ်ပွနေတာကြီးက”
“…”
“ယွန်းဂျွန်’
“ဟုတ် …နည်းပြယု”
“ဒါတွေရှင်းရအောင်”
“..”
ယွန်းဂျွန် ယုရီဆိုးက ခေါ်နေလေပြီမို့ မနေသာတော့ဘဲ ဝင်ကာရှင်းရလေတော့သည်။
သူက ဘာကိစ္စကြောင့် ဒီလောက်တောင်မှပဲ သောက်ထားရတာလဲ…
ချွန်းမြောင် က သေရည်ကို နှစ်သက်သည်မှန်သော်လည်း အလွန်အကြုးသောက်သုံးခြင်းမျိုးတော့ မရှိပေ. ။အတိုင်းအဆမရှိ သောက်သည်က ယခုအကြိမ်က ပထမဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။
“ဘာတွေ ဖြစ်နေတာလဲ .မင်းက”
“ဖိအားတွေကြောင့်လေ”
ချွန်းမြောင်က ထိုင်နေရာမှ ထလိုက်ပြီး အပြင်သို့ လမ်းလျောက်ထွက်သွားလေသည်။
“အား…လုပ်ရမှာ နှမြောစရာကြီးကွာ…အလကားဖြစ်ကုန်တော့မှာပဲ”
ချွန်းမြောင်က ပြောလည်းပြောကာ အကြောလည်း ဆန့်လိုက်လေသေးသည်။
ယွန်းဂျွန်ကမူ ချွန်းမြောင်ကိုသာ တောက်လျောက်လိုက်ကြည့်နေလေပြီး ချွန်းမြောင် လုပ်လိုက်သည့်အချင်းအရာကို မြင်သောအခါတွင်မူ မျက်လုံးပြူးသွားလေတော့သည်။
သောက်ကျိုးနည်း…
ဝှစ်…
ချွန်းမြောင်၏ လက်မှ မီးညွှန့်မီးစလေးက ထွက်လာလေသည်ပင်။
ထိုမီးစလေး ထွက်လာသည်နှင့် သင်းရနံ့မွှေးပျံ့ပျံ့ကလေးကလည်း အခန်းထဲတွင် လွှင့်လာလေပြီး ချွန်းမြောင်၏ တကိုယ်လုံးရှိ သေရည်နံ့များကို တိုက်စားပယ်ဖျက်သွားလေတော့သည်။
“နေ..နေပါဦး…ဒီ..ဒီမီးက…”
ချွန်းမြောင်၏ လက်ထိပ်မှ မီးတောက်ထွက်လာသည့်မြင်ကွင်းက ရူးလောက်ဖွယ်ရာပင်။ ယွန်းဂျွန် အသက်ပင်မရှုနိုင်တော့ဟု ခံစားရလေသည်။ ယွန်းဂျွန်ကြားဖူးသည့် အရာတစ်ခု ရှိလေသည်။
အာဃာတ ချေဖျက်မီးတောက်ပင် …
ထိုမီးတောက်က အတွင်းချီစွမ်းအင် အမြင့်ဆုံးရှိသောသူများသာ လုပ်နိုင်လေပြီး တော်ရုံသိုင်းပညာရှင် စွမ်းဆောင်နိုင်သော အရာမျိူးမဟုတ်ပေ။
ယခုတွင်မူ ချွန်းမြောင်က ထိုမီးတောက်ကို ထုတ်ကာ သေရည်နံ့များနှင့် အရက်နာကျနေခြင်းကို ကုသလိုက်လေသည်။ ထိုအဖြစ်က ခွေးချီးအား ရွှေခွက်နှင့် ကျုံးနေသလိုပင်၊။ ယွန်းဂျွန် ရင်နာလှပေသည်။
“ဒီသောက်ကလေးက အာဃာတချေဖျက်မီးတောက်ကို အရက်နာကျတာ ဖြေဖို့ သုံးလိုက်တာလား”
ယွန်းဂျွန် နှမြောသည်က တစ်ကြောင်း ၊ အံဩသည်က တစ်မျိုးနှင့် ….မည်သို့ပြောရမည်ပင် မသိတော့ပေ။
“အင်း..”
ချွန်းမြောင်ကမူ အရက်နာကျသည်များ ပြေပျောက်သွားသည်နှင့် လက်ထိပ်မှ မီးတောက်ကိုငြိမ်းကာ လက်ချောင်းအား လျက်လိုက်လေသည်။
“အင်း..ငယ်ငယ်တုန်းကဆိုရင် ကျွန်တော် ဒီလိုမသောက်တတ်ပါဘူး”
“ဘယ်ငယ်ငယ်တုန်းကလဲ…လေးဖက်ထောက် သွားတဲ့အချိန်ကို ပြောတာလား..”
“အာ..အင်း…အဲ့အချိန်တွေလိုပဲ ပြောရမှာပေါ့”
ချွန်းမြောင်က ယွန်းဂျွန်၏ အငေါ့တူးစကားကြောင့် ပြုံးလိုက်လေပြီး လှမ်းကာပြောလိုက်လေသည်။
“ဟုတ်ပါပြီ…ထားပါတော့ …အခု အဲ့ဒီအရေးမပါတာတွေ ပြောမနေနဲ့တော့ …သွားမှာပဲ သွားကြရအောင်”
ချွန်းမြောင်က ပြောပြီးသည်နှင့် အခန်းပြင်သို့ ထွက်ရန်ပြင်လိုက်လေသည်။ ယုရီဆိုး၏ လက်တစ်ဖက်က ချွန်းမြောင်၏ ပုခုံးပေါ်သို့ တင်ကာတားလာသည်မို့ ချွန်းမြောင် ပြန်လှည့်ကာ ကြည့်လိုက်လေသည်။
“ပြော…ဆရာတူအမကြီး..ဘာကိစ္စတုန်း”
ချွန်းမြောင်၏ အမေးကို ယုရီဆိုးက မဖြေပေ။ စီထားသော သေရည်ပုလင်းများကိုသာ လက်ညှိုးထိုးပြလေသည်။
“ပုလင်းတွေကို သွားပစ်ချည်”
“ဟမ်”
ယုရီဆိုးက သူအခန်းအား မရှင်းမချင်း အပြင်သို့ ထွက်ခိုင်းမည်မဟုတ်သည်ကို သိ၍ ချွန်းမြောင် အခန်းသန့်ရှင်းရေးကို လုပ်လိုက်ပြီး ရေမိုးချိုးကာ အဝတ်ပင် လှဲလိုက်ရလေသည်။ ပြီးမှသာ ယွန်းဂျွန်တို့နှင့်အတူ မနက်စာဝိုင်းသို့ လိုက်လာခဲ့လေသည်။
ဘာတုန်းဟ..
မနက်စာ စားရန်နေရာသို့ ရောက်သောအခါတွင်မူ သူတို့အား စောင့်ဆိုင်းနေသော သခင်ကြီးကို တွေ့လေသည်။
သခင်ကြီးသည် ရယ်ချင်နေသော်လည်း အတော်လေးပင် ထိန်းထားရဟန်နှင့် မျက်နှာက ပြုံးစိစိဖြစ်နေလေသည်။
ဖခင်တစ်ယောက်အနေနှင့် သားဖြစ်သူအတွက် ဂုဏ်ယူအူမြူးနေပြီး ဣန္ဒြေကို အတော်လေးပင် ထိန်းထားရသည်က အသိသာကြီးပင်။ ချွန်းမြောင် နားလည်ပေးစွာနှင့်ပင် သခင်ကြီး၏ ဖြစ်နေသောအမူအရာကို မသိယောင်သာ ဆောင်ထားလိုက်လေသည်။
“အဟမ်း…ဟမ်း…သူလည်း ရောက်လာပြီ…”
“အာ..ဟုတ်ကဲ့..”
ချွန်းမြောင်တို့က ထမင်းဝိုင်းသို့ ရောက်သည်နှင့် နေရာအသီးသီး ဝင်ယူလိုက်ကြလေသည်။
ချွန်းမြောင် စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်နှင့် အာရုံရသွားသည်က ဂျိုဂုပင်။
အင်း…သူ့ပါးစပ်ထဲတော့ ယင်တောင် ဝင်ဥတော့မယ် ထင်တယ်…
ဂျိုဂုက အပျော်လွန်နေကာ ပြုံးရွှင်နေပြီး ပါးစပ်ပင် မစိနိုင်ပေ။ ချွန်းမြောင် အနည်းငယ် အမြင်ကပ်လာသလိုပင် ခံစားလိုက်ရလေသည်။
“အဟမ်း..အဟမ်း”
ဂျိုဖြောက်၏ ချောင်းဟန့်သံကြီးက တစ်ဖန်ထွက်ပေါ်လာပြန်လေပြီး ဂျိုဖြောက်က ပြုံးပြုံးကြီးနှင့်ပင် စကားစကာ ပြောလာလေသည်။
“အဟမ်း…မနေ့ညက အိမ်တော်မှာ ကိစ္စကြီးတွေ ဖြစ်သွားတာကြောင့် အခုလို ကျွန်တော်က အားလုံးနဲ့အတူ မနက်စာစားပြီးတော့ ဆွေးနွေးစရာလေးတွေ ရှိလာလို့ပါ…ရှေ့ဆက်ပြီးတော့ မင်းတို့လုပ်မယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ပေါ့”
စကားပြောနေစဉ်မှာပင် ဂျိုဖြောက်၏မျက်လုံးများက သူ့၏သားဖြစ်သူအား ဂုဏ်ယူမျက်လုံးများနှင့် ကြည့်နေလေသည်။
ထိုသို့ ကြည့်နေသည်က ဘတ်ချုန်းက သတိထားမိလေပြီး ထုတ်ကာပြောလိုက်လေ၏။
“သခင်ကြီး သားဖြစ်သူအတွက် ဂုဏ်ယူနေမှာပဲ”
“အာ..မဟုတ်တာ ဂျိုဂုက ကံကောင်းလို့ နိုင်သွားခဲ့တာပါ ကျွန်တော် မဝံ့ကြွားရဲပါဘူး”
ဘတ်ချုန်းက ချက်ချင်းဆိုသလိုပင် ဂျိုဖြောက်၏ နိမ့်ချသောစကားလုံးများကို ပြင်ဆင်ပေးလိုက်လေသည်။
“ဒါက ကံကောင်းလို့ နိုင်သွားတာ မဟုတ်ပါဘူး”
“…”
“ဒါက ဂျိုဂုရဲ့ စွမ်းရည်ကြောင့်ပဲ”
“ထန်မိသားစုက လူကို အနိုင်ယူနိုင်ခဲ့တာက ကံကောင်းလို့ မဟုတ်ပါဘူး…ဂျိုဂု ဟွာဆန်းမှာ ပင်ပင်ပန်းပန်း လေ့ကျင့်ခဲ့လို့ပါ…သခင်ကြီးအနေနဲ့ သားဖြစ်သူအတွက် ဂုဏ်ယူဝင့်ကြွားလွန်းနေတာက ပတ်ဝန်းကျင်အနေအထားအရ မသင့်တော်ဘူးဆိုရင်တောင် နှိမ့်ကျလွန်းနေဖို့တော့ မလိုပါဘူး”
“ကျွန်တော် ဂိုဏ်းသားဘတ်ပြောချင်တာကို နားလည်ပါပြီ”
ဂျိုဖြောက်က ဘတ်ချုန်းဆိုလိုသည့်အရာကို နားလည်သလိုပြောကာ ခေါင်းငြိမ့်ပြလာလေသည်။
ဤသို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရိုင်းပင်းကာ ချီးကျူးပြောဆိုနေကြသည်က ကြည်နူးဖွယ် မြင်ကွင်းလေးဖြစ်သော်လည်း ဘတ်ချုန်း၏ ချီးကျူးစကားများကို နားမခံနိုင်ဖြစ်နေသူက ရှိလေသည်။
“လုပ်ဆောင်မှုကောင်းကောာင်းတွေ ဟုတ်လား”
“…”
“..”
ချီးကျူးကျေနပ်နေကြသံများကြားထဲတွင် ထွက်လာသော အပြစ်တင်ဟန်မကင်းသည့်လေသံကြောင့် ဘတ်ချုန်းရော ယွန်းဂျွန်ပါ အသံလာရာသို့ လှည့်ကြည့်လာကြလေသည်။
ဘာတုန်း…မင်းက အခု ဘာထဖြစ်ရပြန်တာတုန်း…
တော်ပါ…ကိုချွန်းမြောင်ရေ…ဒီအချိန်လေးတော့ ပါးစပ်လေးပိတ်နေလို့ မရဘူးလား…
စိတ်ထဲမှ ချွန်းမြောင်၏ဆက်ကာ ထွက်လာမည့်စကားများကို အသီးသီးတားဆီးနေကြသော်လည်း မည်သူမှက ထုတ်တော့မပြောကြပေ။
“ ဒါမျိုးတိုက်ပွဲသာ နောက်တစ်ကြိမ်ထပ်ဖြစ်ရင် အကိုကြီး အခေါင်းထဲကို ဝင်ရတော့မှာ”
ချွန်းမြောင် လှမ်းကာပြောလိုက်သောစကားကြောင့် ဂျိုဂုတွန့်သွားလေသည်။
“ထပ်ခါသလဲလဲ ပြောရလွန်းလို့ ကျွန်တော်လည်း အာခြောက်နေပြီ…သိလား …အာတောင်ခြောက်နေပြီ”
ချွန်းမြောင်၏ ငေါက်ငမ်းမှုကြောင့် ဂျိုဂု သက်ပြင်းရှည်ကြီးချကာ ခေါင်းမဖော်လာတော့ပေ။
သူ ဒီလောက်ပြောနေတာကို ငါကလည်း စိတ်လွတ်ဖြစ်အောင် လွတ်သေးတဲ့ကောင်ဆိုတော့လည်း ခံပေါ့လေ..
“ဒါပေမယ့် ငါရှောင်လိုက်တာပဲလေ”
“ဟမ်…ဘာပြောလိုက်တယ်..အစကတည်းကသာ မှန်မှန်ကန်ကန် လုပ်နိုင်ရင် တွေးနိုင်ရင် ဓါးထိစရာတောင် မလိုဘူးလေ…ဓါးထိမှာတောင် မဟုတ်ဘူးလေ”
“အဲ့တာတော့ ဟုတ်ပါတယ်..ဒါပေမယ့်…”
ဂျိုဂု မပျော်တော့ပေ။
ချွန်းမြောင်က သူတို့အား နှစ်ရှည်လများ လေ့ကျင့်ပေးခဲ့သည်ဖြစ်ပြီး သိုင်းလောကအတွင်းမှ ရက်စက်မှုများကိုလည်း နားရည်ဝအောင် ပြောဆိုအသိပေးထားခဲ့ပြီးသားပင်။ သို့သော်လည်း ဤသို့သောဖြစ်ရပ်များက လက်တွေ့ သေရေးရှင်ရေး မကြုံရဘဲနှင့် သင်ယူနိုင်သော ကိစ္စမျိုးမဟုတ်ပေ။
မည်သို့ပင် ဆိုစေကာမူ စာတွေ့နှင့် လက်တွေ့ကို မနေ့ညက တွဲဖက်ကာ သင်ယူသွားနိုင်ခဲ့ပြီဟုတော့ ပြော၍ ရလေသည်။
ချွန်းမြောင်က သူတို့အား အမြဲပင် လေ့ကျင့်ပေးခဲ့သည်များ ရှိလေသည်။
[ လက်သီးတစ်ချက်ကို ဘာလို့ထိုးချက် တစ်ချက်လို့ ခေါ်လဲသိလား..အင်အားပြင်းလို့ ခေါ်တယ်ထင်လား…
မဟုတ်ဘူး…ထိုးချက်တစ်ချက်ကိုတောင် မရပ်တန့်နိုင်ဘူးဆိုရင် မတားဆီးနိုင်ဘူးဆိုရင် အဲ့တာသေတော့မယ်ဆိုတာ သိထားလိုက်တော့…လက်သီးတစ်ချက်ကိုမှ မတားဆီးနိုင်ရင် သေပြီပဲ…
တိုက်ပွဲမှာ နှစ်ခုပဲ ရှိတယ်…သူသေမှာလား…ကိုယ်သေမှာလား…ဒါပဲ…
…
ဒါပေမယ့် ကိုယ့်ရဲ့ ထိုးချက်တစ်ချက်နဲ့တင် ရန်သူကို မသတ်နိုင်ရင်ရော…ဘာလုပ်ရမှာလဲ..ရန်သူရဲ့ ထိုးချက်ကို မရှောင်တိမ်းနိုင်တော့ရင်ရော ဘာလုပ်ရမှာလဲ…အသေခံရမှာလား…မဟုတ်ဘူး…ဘယ်လိုမှ ရှောင်လွဲလို့မဖြစ်နိုင်တော့ဘူးဆိုရင် ချက်ကောင်းမထိနိုင်တဲ့နေရာတွေနဲ့ ထိုးချက်ကို တားဆီးခုခံလိုက်ရမှာ]
လက်သီးချက်ကို မရှောင်တိမ်းနိုင်လျှင် ထိမိရုံနှင့် မသေနိုင်သော ချက်ကောင်းမဟုတ်သည့်နေရာများနှင့် ခုခံရန်ကလည်း ချွန်းမြောင် သင်ကြားထားပြီးသားပင်။ အမှန်တကယ် လက်တွေ့တိုက်ရသည့်အခါတွင်မူ သွေးပူနေကြပြီး ထုတ်မသုံးနိုင်ခြင်းပင်။ ဂျိုဂု မနေ့ညက အမှန်ပင်သွေးပူနေ၍ သင်ကြားထားသည်များကို သတိမရနိုင်ဘဲ အရှောင်အတိမ်းမှားသွားကာ လည်ပင်းကို ထိသွား၍ ထိုသို့ ဆူပူခံနေရခြင်းပင်။
အင်း…ငါလည်း ဒီစကားကို ကြားနေရတာ သုံးရာခြောက်ဆယ့်ငါးခေါက်တောင် မကတော့ဘူး..ဒါကိုတောင် မေ့သေးတာ…ပြောခံသင့်ပါပေတယ်….
သေချာသင်ကြားထားသည်ကိုပင် မေ့မေ့လျော့လျောဖြစ်ခဲ့သူက မိမိပေမို့ ဂျိုဂု ခေါင်းပင်မထောင်နိုင်ပေ။ ချွန်းမြောင် ဆူသမျှကို ခေါင်းငုံကာသာ ခံနေရရှာ၏။ ဂျိုဂု၏အဖြစ်သနစ်ကို ကြည့်ကာ ဂျိုဖြောက် အံဩမိလေသည်။
ဂိုဏ်း၏အငယ်ဆုံး ဂိုဏ်းသားလေးက မိမိ၏ ဆရာတူအကိုကြီးဖြစ်သူကို ဆူငေါက်နေသည်က အမှန်ပင် သံသယပွားဖွယ်ရာ မြင်ကွင်းပင်။ မိမိတို့ ကုန်သည်လောကနှင့် ဆိုရလျှင်မူ အထမ်းသမားက ကုန်သည်ကြီးအား ဆူပူနေသည့်နှယ်ပင်။ ကြည့်ရသည်က နားလည်ရန်ခက်နေသော်လည်း ဂျိုဖြောက် တွေးမိသည်က တစ်ခုပင်။
ဆရာတူအကိုကြီး ၊ နည်းပြ၊ ဆရာတူညီလေး စသော ဂုဏ်ပုဒ်အဆင့်များကို ဘေးချိတ်ကာ စွမ်းဆောင်ရည်အရှိဆုံး လူက ဆုံးမနေခြင်းပင် ဖြစ်တန်ရာ၏ ဟူ၍ပင်။ ထိုသို့သာ ဖြစ်ပေလိမ့်မည်။ ထိုသို့ မဟုတ်ပါက ဆရာတူအကိုကြီးတစ်ယောက်အား ဆူငေါက်နေခြင်းကို ကျန်သည့်သူများကလည်း တစ်ခွန်းတစ်လေပင် ဝင်မပြောဘဲ ကြည့်နေကြမည်ဟု မထင်ပေ။ ကြည့်ရသည်က အသေးဆုံးလူက အဆိပ်အပြင်းဆုံး လူဖြစ်နေဟန်ရလေသည်။
ထို့အပြင် ဂျိုဖြောက် ထိုကလေးအား အံဩသည့်အကြောင်းအရာ နှစ်ခုရှိလေသည်။
နံပါတ်တစ်အနေနှင့် ထိုကလေးသည် ဂျိုဂု ထန်ဇန်အား အနိုင်ရသည်ကို ထူးထူးထွေထွေ ပျော်မြူးနေခြင်း မရှိပေ။ ကြိုသိထားသော ကိစ္စတစ်ခုလိုပင် တည်တည်ငြိမ်ငြိမ် ရှိလှပေသည်။
နောက်တစ်ချက်ကမူ ဂျိုဂုအား ပြောဆိုနေသော်လည်း တွန့်ဆုတ်နေခြင်း မရှိပေ။ နေ့စဉ် ပြောဆိုနေသည့်အလားပင် သာမန်ပင် ပြောဆိုသွားခြင်းပင်.,။. ရှိန်ခြင်း ကြောက်ခြင်း အလျင်းရှိမနေပေ။
မနေ့ညက ဖြစ်ရပ်ကို ကြည့်၍ ဂျိုဂု၏ အင်အားကလည်း သာမန်မဟုတ်သည်ကို ဂျိုဖြောက် သိရှိခဲ့ပြီး ဖြစ်လေသည်။ နည်းပြဆိုသည်ကမူ သာ၍ပင် အင်အားကြီးဦးမည်က အမှန်ပင်။ ထို့ပြင် နည်းပြဘေးတွင် ရှိနေသည့် မိန်းကလေးနှင့် ယွန်းဂျွန်ဆိုသူကလည်း အင်အားနည်းပုံ မပေါ်ပေ။
သို့သော် သူတို့အားလုံးက ထိုကလေးအား ငြင်းဆန်ကာ ကလန်ကဆန် လုပ်ကြခြင်းလည်း မရှိပေ။ ငေါက်ငမ်းနေသည်ကို အပြစ်ရှိသည့်အလားပင် အားလုံးက ခေါင်းငုံ့ကာ ခံနေကြလေသည်။ သို့ဖြစ်၍ ထိုကလေး၏ သရုပ်မှန်ကို ဂျိုဖြောက် စိတ်ဝင်စားသည်ကတော့ အမှန်ပင်။ အခြေအနေက သူဝင်မပါလျှင် မဖြစ်တော့ပေ။ ဂျိုဂုက ခေါင်းအငုံ့လွန်၍ မြေကြီးထဲကိုပင် တိုးဝင်သွားတောမည့်အလားပင်။
ကြည့်ရတာ ဟွာဆန်းရဲ့နဂါးဆိုတာကလည်း တကယ့်ကိုပေါ့သေးသေး ဟုတ်ပုံမရဘူးပဲ..
ဂျိုဖြောက် အားလုံး၏အခြေအနေကို ကြည့်ကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး စကားစလိုက်လေသည်။
“အဟမ်း…ဆိုတော့”
ချောင်းဟန့်သံကြောင့် အားလုံးက ဂျိုဖြောက်အား ကြည့်လာကြလေပြီး ဂျိုဖြောက်က အပြုံးလေးနှင့်သာ တုန့်ပြန်လိုက်လေသည်။ ဂျိုဖြောက် ဘတ်ချုန်းကို ကြည့်ကာမေးလိုက်လေသည်။
“မင်းတို့ ယန်နန်ကို သွားကြမှာလို့ ပြောတယ်နော်…ဟုတ်တယ်မို့လား”
“ဟုတ်ပါတယ်”
“တကယ်တော့ ငါက ငါ့သားကို ယန်နန်လို အန္တာရာယ်များတဲ့နေရာကို လွတ်ရမှာကို စိုးရိမ်နေခဲ့တာ…ဒါကြောင့်လည်း သူ့ကို မရရအောင် တားနေခဲ့တာပေါ့…ဒါပေမယ့် မနေ့ညက သူ့ရဲ့အရည်အချင်းကို မြင်လိုက်ရတော့ ငါစိတ်ပြောင်းသွားတယ်…ယန်နန်ကို သွားတာက သူ့အတွက်အတွေ့အကြုံကောင်းတစ်ခု ဖြစ်လာနိုင်မယ်လို့ ငါတွေးမိလာတယ်""
ဂျိုဖြောက်၏စကားကြောင့် ဘတ်ချုန်း မျက်ခုံးများပင် ပင့်တက်သွားလေသည်။
"ဆိုတော့…"
"ဟုတ်ကဲ့"
ဂျိုဖြောက်က ဆက်ကာပြောလာလေသည်။
"တကယ်တော့ ကျွန်တော်တို့ ကုန်သည်ခန်းမဆောင်က ယန်နန်နဲ့လုံးဝ အဆက်အသွယ်ပြတ်နေတာတော့ မဟုတ်ပါဘူး...စီးပွားရေးကုန်သွယ်မှုလေးတွေတော့ ရှိပါသေးတယ်...ဒီတော့ အခြေအနေအရ ကုန်သည်အနည်းစုနဲ့ ယန်နန်ကို သွားလို့ ရပါတယ်..ဒီနေ့မှာ ယန်နန်ကို သွားဖို့ရှိတာမို့လို့ သွားမယ်ဆိုရင် ကျွန်တော်တို့လူတွေနဲ့ အတူထည့်ပေးလိုက်လို့ ရပါတယ်"
ဂျိုဖြောက်၏ စကားကြောင့် ဘတ်ချုန်းအပျော်လွန်ကာ ခုံပေါ်မှပင် ခုန်ကာထလာလေသည်။
"ကျေးဇူးတင်ပါတယ် ..သခင်ကြီး"
"ဟားဟား...ဘယ်ကသာ ကျေးဇူးတင်နေတာတုန်း..ကျွန်တော်ကသာ ကျေးဇူးတင်ရမှာပါ..ကျွန်တော့်သားကို ဒီလိုအခြေအနေရောက်အောင် ပျိုးထောင်ပေးခဲ့တာ...ကျေးဇူးတင်ပါတယ်..ကျေးဇူး အများကြီးတင်ပါတယ်..ဂိုဏ်းသားဘတ်"
"သခင်ကြီး ကျေးဇူးတင်သင့်တာ ကျွန်တော် မဟုတ်ပါဘူး"
ဘတ်ချုန်းက ချွန်းမြောင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အပြုံးလေးနှင့် ဆက်ပြောလာလေသည်။
"သခင်ကြီး ကျေးဇူးတင်သင့်တာက ဂိုဏ်းချုပ်နဲ့ ဟွာဆန်းက အကြီးအကဲတွေကိုပါ"
"အာ...ဟုတ်ပါပြီ...သေချာပေါက် ဟွာဆန်းကို ကျွန်တော် လာခဲ့ပါဦးမယ်"
အရာအားလုံးက အဆင်ပြေနေပြီး ယန်နန်သို့သွားရန်ကလည်း အဆင်ပြေသွားလေပြီမို့ ဘတ်ချုန်း တပြုံးပြုံးပင်။
"ဒါနဲ့ ခရီးက ဘယ်အချိန် ထွက်မှာလဲဗျ"
"သူတို့တွေ နေ့လည်ဆို စထွက်ကြပါလိမ့်မယ်..ဆိုတော့ အားလုံးပဲ စားသောက်ပြီးပြီဆိုတာနဲ့ ခရီးအတွက် ပြင်ဆင်လို့ရပါပြီ...ဒီလိုဝေးလံတဲ့ဒေသကို ကိုယ်တိုင်လိုက်မပို့နိုင်တာအတွက်တော့ စိတ်ထဲမထားပါနဲ့.."
"အဲ့လိုမပြောပါနဲ့...ဒီလောက်နဲ့တင် အဆင်ပြေနေပါပြီ...ဒီထက် ဧည့်ဝတ်ကျေပွန်ဖို့ မလိုတော့ပါဘူး"
"ဒီလို နားလည်ပေးရင်တော့လည်း ကျေးဇူးပါပဲဗျာ...ဟားဟားဟား"
ဂျိုဖြောက်ကို ကျေးဇူးတင်စကားပြောပြီးသည်နှင့် ဘတ်ချုန်းက လှည့်လာလေသည်။
"ကဲ..အားလုံးပဲ ကြားကြတယ်နော်...စားလို့ပြီးတာနဲ့ ထွက်ဖို့ပြင်ကြမယ်"
"ဟုတ်ကဲ့ပါ"
"ဟုတ်ကဲ့...နည်းပြ"
"ဟုတ်ကဲ့ပါ...နည်းပြ"
"ကျွန်တော် မလိုက်တော့ပါဘူး"
"ဟုတ်ပြီ...ဒါဆို"
ဘယ်လို...ဘယ်လို
ငါတစ်ခုခု ကြားမိလိုက်သလားလို့ပါ...
ဘတ်ချုန်းက မကျေမနပ်မျက်နှာနှင့် ထိုင်နေသော ချွန်းမြောင်ကို လှည့်ကြည့်လာလေသည်။
"မင်း ဘာပြောလိုက်တယ်"
"ကျွန်တော် မလိုက်တော့ဘူးလို့"
"ဘယ်လို..ငါ သိပ်မရှင်းလို့"
"ကျွန်တော် ပြောတာက ကျွန်တော် မလိုက်တော့ဘူးလို့."
"ဘယ်ကိုလဲ"
"ယန်နန်ကိုလား""
ဘတ်ချုန်းက ပြုံးလိုက်လေသည်။
အာ...ဆိုတော့ မင်းက ယန်နန်ကို မလိုက်တော့ဘူးပေါ့...
ယန်နန်ကို မလိုက်ဘူးပေါ့...
ယန်နန်ကိုလေ...ချီးပဲ...ချီးမို့ မလိုက်တာလား...
ဘတ်ချုန်း၏ အံကြိတ်သံကြီးက ကျယ်လောင်စွာပင် ထွက်လာလေသည်မို့ ဘတ်ချုန်းခုံဘေးတွင် ထိုင်နေသော ဂျိုဖြောက်ပင် ရုတ်တရက်လန့်သွားရှာလေသည်။
"ချီးပဲ...သောက်ကျိုးနည်း မျိုးမစစ်ကောင်...ယန်နန်ကို သွားရဖို့ ဒီလောက်ထိတောင် လုပ်လာရပြီးမှ မင်းက အခု ဘာထဖြစ်တာလဲ..မင်းမလိုက်ချင်ရတဲ့ သောက်ကျိုးနည်း အကြောင်းပြချက်ကို ပြောစမ်း..ငါလူး...ချီးကောင်"
ဘတ်ချုန်း၏ ဆဲဆိုသံများက မိုးလုံးညံအောင် တရစပ် ထွက်လာလေတော့သည်။ မင်းသားလေး ဘတ်ချုန်းက ဆဲရှာလေပြီဖြစ်၏။
အပိုင်း(၁၉၁)
ပြဿနာက ချက်ချင်းကြီး ခြေထောက်ပေါက်ပြီး ရောက်လာတယ်(၁)
ကြီးမြတ်သော စီချွမ် ထန် မိသားစု...
ခေတ်အဆက်ဆက် ရာဇဝင်ကြီးမားလှသော မိသားစုကြီးငါးစုတွင် တစ်စုအပါအဝင်ဖြစ်သော ထန်မိသားစုကို လက်ရှိတွင် ဦးဆောင်နေသော ခေါင်းဆောင်ဖြစ်သူထံမှ ရေခဲတမျှ အေးစက်သော စကားသံက ထွက်လာလေသည်။
"ဆိုတော့..."
ထန် မိသားစု၏ ခေါင်းဆောင်ဖြစ်သူထန်ဂန်း က မယုံကြည်နိုင်သော လေသံဖြင့် အေးစက်စွာပင် မေးလာလေသည် ။
"မင်းက ဟွာဆန်းက ကောင်တွေကို ရှုံးခဲ့ပြီးတော့ ဘာမှမလုပ်ဘဲ ပြန်လာခဲ့တာပေါ့...ဟုတ်လား"
"ဟုတ်ပါတယ်"
"ပြီးတော့ မင်းရှုံးခဲ့တဲ့သူက အခုတလော နာမည်ကြီးနေတဲ့ ဟွာဆန်းရဲ့နတ်ဘုရားနဂါးလည်း မဟုတ်၊ တရားမျှတမှု ဓါးသမားလည်း မဟုတ်..ဒီတိုင်း ကမြောက်ကခြောက် လေးရာသီကုန်သည်ခန်းမဆောင်ရဲ့ သားကိုပေါ့...ဟုတ်လား"
"ဟုတ်ပါတယ်"
ထန်ဂန်း၏ မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်းတောက်နေသည့်အလားပင် ။
"မင်း ပြောနေတဲ့စကားရဲ့အဓိပ္ပါယ်ကိုရော မင်းနားလည်ရဲ့လား"
"ကျွန်တော် နားလည်ပါတယ်"
ထန် ဂန်း၏ ဘေးတွင်ထိုင်နေသော ထန်မိသားစုမှ အကြီးအကဲတစ်ဦးဖြစ်သူ ထန်ပယ်ကမူ ပြောလာလေသည်။
"မင်းရဲ့ အဆင့်ကိုမှ အားမနာ...ဒီလိုစကားကို ပြောရဲတယ်"
ထန်ပယ်၏ ပြစ်တင်စကားကြောင့် ထန်ဇန် တစ်ချက်ကြည့်လိုက်ပြီး အကြည့်များကို ထန်ဂန်း ဆီသို့သာ ပြန်ပို့ထားလိုက်လေသည်။
ဤကိစ္စအား အလွယ်တကူ ကျော်သွားခြင်ပုံမရသည့် ထန်ပယ်ကမူ အေးစက်စွာပင် ပြောလာလေသည်။
"မင်းက ခေါင်းဆောင်ကြီးရဲ့ သွေးသားရင်း ပင်မမိသားစုကြီးက ဆင်းသက်လာတဲ့သူနော်"
"..."
"ဒါတောင်မှ မင်းက ဂျိုဂုလို လူဆီမှာ အရှက်မရှိ ရှုံးလာခဲ့သေးတယ်...ဒီကိစ္စကိုသာ စီချွမ် ကလူတွေ သိရင် ဘယ်လောက်ဟားတိုက်ကြလိမ့်မလဲ"
"ကျွန်တော် သိပါတယ်"
"လူတိုင်းက ငါတို့ကို ဘယ်လောက်တောင် လှောင်ပြီး ဟားတိုက်ရှုံ့ချနေလိုက်ကြမလဲ....ထန်မိသားစုမှာ ပူးပေါင်းထားရတဲ့သူတွေက ဘယ်လိုတွေ မေးခွန်းထုတ်လာကြမလဲ..ဒါက ငါတို့မိသားစုအပေါ် တခြားသူတွေက မေးခွန်းထုတ်စရာ ကဲ့ရဲ့စရာ နှာခေါင်းရှုံ့စရာ ဖြစ်လာမှာနော်"
ထန်ပယ်၏ အပြစ်တင်မှုများကို ထန်ဇန် ခေါင်းငုံ့ခံနေရုံမှလွဲ၍ တခြားတတ်နိုင်သောအရာ မရှိပေ။
"ကိစ္စသေးသေးလေး တစ်ခုကတောင် ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်နိုင်ပါတယ်ဆိုတာ မင်းမသိတာတော့ မဟုတ်ဘူးမို့လား...အဲ့လောက်တော့ မင်းတုံးအမယ် မထင်ပါဘူး"
"ဟုတ်ကဲ့...ကျွန်တော် သိပါတယ်"
"မင်း တရားဝင်လူသိရှင်ကြား ပြိုင်ခဲ့တာလား"
"ဟုတ်ပါတယ်...ဆက်ခံသူ"
ထန်ပယ်က အေးစက်စွာပင် ပြောလာလေ၏။
"မင်း ဒီကိစ္စကို ဘယ်လို တာဝန်ယူမှာလဲ...မင်းလုပ်လိုက်တဲ့ အမှားတစ်ခုက စီချွမ် ထန် မိသားစုရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်နိုင်သလို စီချွမ်းရဲ့ အာဏာလွှမ်းမိုးမှုကိုလည်း ထိခိုက်သွားနိုင်တယ်..ဒါက မင်းဒီလိုလေး ဝန်ခံလိုက်ရုံနဲ့ ပြီးသွားနိုင်တဲ့ကိစ္စမျိုး မဟုတ်ဘူး"
"ဘယ်လိုအပြစ်မျိုးမဆို ကျွန်တော်ခံယူပါ့မယ် "
"ဒါဆို"
ထန်ပယ်က အမိန့်စာကို ဖတ်ရန်ပြင်လိုက်သည်နှင့် ထန်ဂန်းက ပြောလာလေသည်။
"ထန်ဇန်"
"ဟုတ်ကဲ့ပါ...သခင်ကြီး"
ထန်ဂန်းက သားငယ်ဖြစ်သူကို အေးစက်စက်ကြည့်ကာ ခပ်ဖြည်းဖြည်းပင် ပြောလာလေသည်။
"အပြစ်ခံယူဖို့ ပြင်ဆင်ထားပြီးပြီလား"
"ဟုတ်ကဲ့"
"မင်း လုပ်ခဲ့တဲ့အမှားက ဘယ်လောက်တောင်ကြီးမားတယ်ဆိုတာရော မင်းသိတယ်မို့လား"
"ကျွန်တော် သိပါတယ်"
"ဒါဆို မင်းကဘာလို့ ဒီလောက်တောင် အေးဆေးငြိမ်သက်နေရတာလဲ"
ထန်ဂန်း သားဖြစ်သူ၏ တည်ငြိမ်လွန်းနေမှုကြီးကို အမှန်ပင်သိချင်နေခြင်း ဖြစ်လေသည်။ ထန်ဇန်ဆိုသည့်သူက အောင်ပွဲသာလျှင် သူနှင့်သက်ဆိုင်သည်ဟု သဘောထားပြီး အရှုံးဆိုလျှင် အသံပင်မကြားချင်သော သူမျိုးဖြစ်လေသည်။ ထန်ဂန်း၏ သားများထဲတွင် အပြိုင်အဆိုင်စိတ်ဓါတ်အများဆုံးကလေးဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ ဤသို့သောကလေးက ဟွာဆန်း၏သာမန်တပည့်တစ်ယောက်ထံတွင် ရှုံးနိမ့်လာသည်ကို မျောက်မီးခဲကိုင် စွေ့စွေ့ခုန်မနေဘဲ တည်ငြိမ်လွန်းနေသည်။ အကြောင်းအရင်းကို ထန်ဂန်း သိချင်လှပေ၏။
ထို့အပြင် ထန်ဇန်သည် ငယ်စဉ်ကပင် အနိုင်ယူလိုစိတ်ကလည်း ကြီးမားလှလေပြီး ကလေးဘဝလေ့ကျင့်ရေးဆင်းကတည်းကပင် သူတစ်ပါး ထိပ်ပေါက်ခေါင်းပြဲ လက်ယဉ်လွန်းသူလည်း ဖြစ်လေသည်။ အရွယ်ရောင်လာသောအခါတွင်မူ မိမိမှန်သည်ဟု ထင်လျှင် အိမ်ကိုပင် အာခံကာ ထွက်သည်က သုံးကြိမ်ရှိလေပြီမို့ ဆုံးဖြတ်ချက်ခိုင်မာသူဟုလည်း ပြောနိုင်လေသည်။ ဤသို့သော အချက်များကြောင့်ပင် သားဖြစ်သူများထဲတွင် ထန်ဇန်အား ထန်ဂန်းက တမူထူးကာ အချစ်ပိုခြင်းပင်။ ထိုဂျစ်တစ်တစ် မိုက်ရူးရဲသားက အရှုံးကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နေသည်က ထူးခြားသော ကိစ္စကြီးပင်။
ထို့ကြောင့်လည်း ထန်ဂန်းက လေးရာသီကုန်သည်ခန်းမဆောင်တွင်ဖြစ်ခဲ့သော တိုက်ပွဲရလဒ်ထက် သားဖြစ်သူ၏ ငြိမ်သက်နေရသည့်အကြောင်းရင်းကို စိတ်ဝင်စားနေရခြင်းပင် ဖြစ်လေသည်။
ထန်ဇန်က တည်တည်ငြိမ်ငြိမ်ပင် ဖြေလာလေသည်။
"ဘာလို့လဲဆိုတော့ ကျွန်တော်နားလည်သွားလို့ပါ"
"ဘာကို နားလည်သွားတာလဲ"
"ကျွန်တော် ဒီထက်မက တိုးတက်လာဖို့ လိုသေးတယ်ဆိုတာကို နားလည်သွားလို့ပါ..ပြီးတော့ ကမ္ဘာကြီးက ကျယ်ပြောလွန်းသလို ဒီကျယ်ပြောလှတဲ့ကမ္ဘာကြီးမှာ ကျွန်တော့်ထက် အင်အားကြီးတဲ့သူတွေ အများကြီး ရှိသေးတယ်ဆိုတာ နားလည်သွားလို့ပါ...အခု ကျွန်တော် ဒီထက်ပိုပြီး ကြိုးစားရမယ်ဆိုတာကို သဘောပေါက်သွားပါပြီ..ကျွန်တော် ဘာကြောင့်များ အပြစ်ပေးခံရမှာကို ကြောက်ရွံ့နေရမှာလဲ"
ထန်ဇန်၏ စကားကြောင့် ထန်ပယ်မျက်မှောင်ကြုတ်သွားလေသည်။
"မင်းထက် သန်မာတဲ့သူတွေရှိသေးတယ်..ဟုတ်လား..မင်းပြောချင်တာက လေးရာသီစံအိမ်က ကလေးကို ပြောချင်နေတာလား"
"ဒီတိုက်ပွဲမှာ ကျွန်တော်သူ့ကို ရှုံးခဲ့တာ မှန်ပေမယ့် နောက်တစ်ကြိမ် တိုက်ရင်တော့ ရှူံးချင်မှ ရှုံးပါလိမ့်မယ်...ဒါပေမယ့် တခြားသူတွေကိုတော့ ကျွန်တော် ယဉ်နိုင်မှာ မဟုတ်ပါဘူး"
"တရားမျှတမှု ဓါးသမားနဲ့ ဟွာဆန်းရဲ့ နတ်ဘုရားနဂါး"
"တရားမျှတမှု ဓါးသမားက ဂျိုဂုထက် အင်အားကြီးတယ်ဆိုတာက အသိသာကြီးပါ...ဟွာဆန်းရဲ့နတ်ဘုရားနဂါးဆိုရင်တော့..."
ထန်ဇန်ပြောနေရင်းမှ တိတ်ဆိတ်သွားလေသည်။
ထန်ဂန်းကလည်း သားဖြစ်သူ၏ အတွေးများနေမှုကို အလျင်မလိုပေ။ စိတ်ရှည်ရှည်နှင့်သာ စကားဆက်လာမည့်အချိန်ကို စောင့်ပေးနေလေသည်။
.
"ကျွန်တော် မသိတော့ဘူး..."
ထန်ဇန်က ဝေခွဲမရဖြစ်နေပုံနှင့် ပြောလာလေသည်။
"မင်း မသိဘူး...ဟုတ်လား"
"ဟုတ်ပါတယ်..ကျွန်တော် ဟွာဆန်းရဲ့နဂါးက သန်မာလား မသန်မာဘူးလား...အင်အားကြီးလား မကြီးဘူးလားတောင် ကျွန်တော် မပြောတတ်တော့ဘူး"
"မဟုတ်ဘူး...သူနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှကို မသိနိုင်တာလို့ ပြောရင် ပိုမှန်မယ်ထင်တယ်.ကျွန်တော် သူ့ကိုနည်းနည်းလေးတောင် အကဲခတ်ကြည့်လို့ မရဘူး"
ထန်ဇန်၏စကားကြောင့် ဘေးတွင်နားထောင်နေသော ထန်ပယ်က မဲ့ပြုံးတစ်ချက်ပြုံးကာ ပြောလာလေသည်။
"မင်းအကဲခတ်လို့ မရတာက မင်းက အင်အားနည်းလို့လေ"
"အဲ့လိုလည်း ဖြစ်နိုင်ပါတယ်"
"ခေါင်းဆောင်...သူပြောတာတွေကို အရည်မရအဖတ်မရနဲ့ ဆက်နားထောင်မနေပါနဲ့တော့...သူ့ကို အပြစ်ပေးပြီး ကျွန်တော့်ကိုသာ အဲ့ဒီလေးရာသီခန်းမကိုသာ ပို့လိုက်ပါ...ကျွန်တော် ဒိပြဿနာကို ကိုင်တွယ်ပြီးတော့မှ ပြန်လာခဲ့ပါမယ်"
ထန်ပယ်၏ အလျင်စလို စကားကြောင့် ထန်ဂန်းက တစ်ချက်ကြည့်လာလေသည်။ ခေါင်းဆောင်ဖြစ်သူထံမှ သတိပေးအကြည့်ကို ရလိုက်သည်မို့ ထန်ပယ် ဦးညွတ်ကာသာ အရိုအသေပေးလိုက်ရလေသည်။
ထန်ဂန်းကမူ ထန်ပယ်အား သတိပေးပြီးသည်နှင့် သားငယ်ဖြစ်သူအား ကြည့်လာလေသည်။ ဤသည်က ထန်ဇန်အနေနှင့် လူတစ်ယောက်အား ပထမဆုံးမကြိမ် အထင်ကြီးနေခြင်းပင်။ ထိုသို့ ဖြစ်နေသော ထန်ဇန်အား ထန်ဂန်း တစ်ကြိမ်မှ မတွေ့မမြင်ခဲ့ဖူးပေ။
"မင်း ပြောပုံအရဆိုရင်တော့ သူ့ရဲ့အင်အားက သာမန်ဟုတ်ပုံမရဘူး...ဟုတ်တယ်မို့လား"
"ကျွန်တော့် အမြင်အရတော့ ဟုတ်ပါတယ်."
"ဒါပေမယ့် မင်းကို ကြည့်ရတာ သူတို့တွေထဲမှာမှ ဟွာဆန်းရဲ့နဂါးကို သတိထားမိဆုံးဖြစ်နေတဲ့ပုံပဲ"
"ဘာလို့လဲ...မင်းအနေနဲ့ သူ့ရဲ့ဂုဏ်ပုဒ်တွေကို အရေးမစိုက်ဘူးဆိုရင်တောင် ဘာလို့ အခုလိုအရေးတယူ ပြောနေကြတဲ့အကြောင်းပြချက်က ဘာလဲ"
"သူက..."
ထန်ဇန် ပြောသင့်မပြောသင့် အတန်ကြာ စဉ်းစားလိုက်လေပြီးမှ ပြောလာလေသည်။
"သူက ကျွန်တော် ကျွန်တော်တို့ရဲ့ ဓါးပစ်နည်းပညာမှာ နောက်ထပ်ဓါးမြောင်တစ်ချောင်း ထပ်တိုးသင့်တယ်လို့ ပြောသွားပါတယ်"
"ဘာ"
ထန်ဂန်း အလန့်တကြားနှင့် ခုံပေါ်မှပင် ထလာလေသည်။ခေါင်းဆောင်ဟူသော ဣန္ဒြေကိုလည်း မထိန်းနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှလည်း ချီစွမ်းအင်များက ဟုန်းဟုန်းတောက် ထွက် နေလေသည်။ မိသားစုခေါင်းဆောင်ကြီးထံမှ ထွက်လာသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကြောင့် ထန်ပယ်နှင့် ထန်ဇန်ခေါင်းမဖော်ရဲကြတော့ပေ။ ဖခင်ဖြစ်သူ
မည်မျှစိတ်လှုပ်ရှားသွားသည်ကို သူတို့ကောင်းကောင်းကြီး သိကြလေသည်။
"မင်း...ဘာပြောလိုက်တာ"
"သူက ဓါးချက်ဆယ့်နှစ်ချက်ကို ပြောသွားပါတယ်လို့ ပြောလိုက်တာပါ"
"အဲ့လိုပြောသွားတာ သေချာရဲ့လား"
"သေချာပါတယ်"
သူက ဓါးချက်ဆယ့်နှစ်ချက်ကို သိနေတာလား...
ဤသည်က ထန်မိသားစု၏ လူနည်းစုသာသိသော လျှို့ဝှက်နည်းပညာဖြစ်လေပြီး ဓါးသွားဆယ့်တစ်ချက်ကို ပိုင်နိုင်သွားသော ဆရာကြီးများမှသာလျှင် သင်ယူခွင့်ရသော ပညာလည်း ဖြစ်လေသည်။ ထိုနည်းပညာကို သင်ယူခွင့်ရပြီဆိုပါက ထိုသူသည် ထန်မိသားစု၏ သိုင်းပညာအထိတ်အထိပ်ကို ရောက်ရှိသွားပြီဆိုသည့် သဘောပင်။
လူများက ထန်မိသားစု၏ သိုင်းပညာသည် လျို့ဝှက်ပစ်ခတ်သော ဓါးမြောင်များနှင့်အဆိပ်များဖြစ်သည်ဟု ပြောကြသော်လည်း ဆယ့်နှစ်ချက်ဓါးချက် အစစ်အမှန်ကမူ ထိုသို့မဟုတ်ပေ။ ကွဲပြားလေသည်။
သင်ယူရန်လည်း ခက်ခဲလွန်းလှသည်မို့ တစ်စတစ်စနှင့်လည်း ပျောက်ကွယ်လာသော နည်းပညာလည်း ဖြစ်ပေသည်။
"ဒီကလေးက ဒါကိုသိနေတယ်ဆိုရင် နောက်ထပ်အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်လာနိုင်လဲ"
"ကျွန်တော်....."
"မဟုတ်ဘူး...မဖြစ်နိုင်ဘူး...ဆယ့်နှစ်ချက်ဓါးချက်ကို သိတဲ့သူ ကန်ဟိုမှာ မရှိတော့တာ ဘယ်လောက်တောင် ကြာနေပြီလဲ"
ထန်မိသားစုတွင်းပင် အထူးလျို့ဝှက်ချက်ဖြစ်သော ဆယ့်နှစ်ချက်ဓါးချက်အကြောင်းကို မသိကြသည်က ကာလကြာမြင့်လာပြီ ဖြစ်လေသည်။ ဤသည်က ပြင်ပလူဖြစ်သော ကလေးတစ်ယောက်က သိနေသတဲ့လား...မဖြစ်နိုင်ပေ။ ထို့အပြင် သိသောထိုကလေးကလည်း ပျက်သုန်းပြီးဖြစ်သော ဟွာဆန်းမှကလေး ဖြစ်နေလေသည်။ ဓါးပညာအကြောင်းကို သိသည်က ပို၍ပင် မဖြစ်နိုင်တော့ပေ။
ထန်ဂန်း အတွေးရကြပ်ကာ လူကလည်း အေးစက်လာလေသည်။
"အစကနေ ပြန်ပြောစမ်း"
"ဟုတ်ကဲ့"
"ပြီးတော့ သူကလည်း အဲ့ဓါးချက်ကို ရှောင်နိုင်ခဲ့ပါတယ်…."
ဂျိုဂုကပင် ဓါးချက်ကို ရှောင်နိုင်ခဲ့သည်ဆိုသည်က အံဩဖွယ်ဖြစ်သော်လည်း ယခုအချိန်တွင်မူ ထိုကိစ္စ အရေးကြီးမဟုတ်ပေ။ ဆယ့်နှစ်ချက်ဓါးချက်ကို သိနေသည်ကသာ ကိစ္စကြီး ဖြစ်လေသည်။
"အဲ့လိုဆိုရင်တောင် ဆယ့်နှစ်ချက်ဓါးချက်ကို သိသွားစရာ အကြောင်းမရှိဘူး..လျို့ဝှက်ဓါးမြောင်အတွက် ဓါးနှစ်ဆယ့်ချောင်းက လမ်းခင်းပေးထားပြီးသား..ဒါကိုက ဒီနည်းပညာရဲ့ စံ ဂုဏ်သတ္တိ..."
"ဟုတ်ပါတယ်."
"ဒါဆို သူက မင်းရဲ့နည်းပညာကို မြင်သွားပြီး ပိုပြည့်စုံသွားအောင် ဓါးမြောင်တစ်ချောင်းထပ်ထည့်သင့်တယ်လို့ အကြံပေးသွားတာလား...အဲ့တာကဖြစ်နိုင်လို့လား...မင်းရဲ့သိုင်းပညာကို တစ်ခါလေးမြင်ရုံနဲ့တဲ့လေ"
"..."
"မဖြစ်နိုင်ဘူး ..ဒါက လုံးဝ မဖြစ်နိုင်ဘူး"
ထန်ဂန်း သားဖြစ်သူများကိုပင် အာရုံမရနိုင်တော့။
တကိုယ်တည်း ရေရွတ်အဖြေထုတ်နေလေတော့သည်။
"သူက ငါတို့ရဲ့သိုင်းပညာကို ထုံးလိုချေ ရေလိုနှောက် သိနေရင်တော့ ဒါကဖြစ်နိုင်ပေမယ့် မရင်းနှီးနေဘူးဆိုရင်တော့ သိနိုင်စရာ အကြောင်းမရှိဘူး...တစ်ကြိမ်ထဲ မြင်ရုံနဲ့ သိဖို့ဆိုတာက ပိုတောင် မဖြစ်နိုင်သေးတယ်"
သိုင်းပညာအားလုံးကို တဖက်ကမ်းခတ်နေတဲ့သူဆိုရင်တော့....
"ဟွာဆန်းမှာ ဒီလိုကြောက်စရာကောင်းတဲ့ သိုင်းပညာရှင် ရှိနေတော့တာလား"
ထန်ဂန်း အေးခဲသွားလေသည်။ သို့သော်လည်း အကြီးအကဲပီပီ စိတ်ကိုပြန်လည် ပြင်ဆင်ကာ ထန်ဇန်ကို လှမ်းပြောလိုက်လေသည်။
"အဆင်သင့် ပြင်ထားလိုက်"
"ဘာကိုလဲ မသိ..""
"ငါ အဲ့ကလေးကို ကိုယ်တိုင်တွေ့ရမှ ဖြစ်မယ်"
"… ခေါင်းဆောင်ကြီး ကိုယ်တိုင်လား"
ထန်ပယ်က အံဩသွားလေပြီး ရုတ်တရက်ထကာတားဆီးလေတော့သည်။
"ခေါင်းဆောင်ကြီး...မသင့်တော်ပါဘူး...ဒါလေးအတွက် ဘာကြောင့်များ ခေါင်းဆောင်ကြီးကိုယ်တိုင်သွားရမှာပါလဲ.. "
ထန်ပယ်၏ တားဆီးမှုကြောင့် ထန်ဂန်းက မျက်မှောင်ကြုတ်ကာ ကြည့်လာလေသည်
"လွန်ခဲ့တဲ့ နှစ်တွေရာပေါင်းများစွာက ထန်မိသားစုကို ဘယ်လိုစတင်ခဲ့တာလဲဆိုတာ မင်းတို့ မှတ်မိကြသေးလား"
"ဒါ..ဒါက"
"ဖြေကြလေ…"
ထန်ဂန်းက အော်ဟစ်လိုက်သည်မို့ ထန်ပယ် တံတွေးမြိုချကာ ဖြေလာလေသည်။
"ဘိုးဘေးတွေက မိသားစုတိုးတက်ဖို့ သူတို့ကိုယ်သူတို့ စတေးစွန့်စားပြီးတော့မှ ကြိုးစားမြှင့်တင်ခဲ့ကြတာပါ"
"မှားတယ်"
"ငါတို့ ထန်မိသားစု တစ်စုထဲကပဲ ဒီလိုကြိုးစားခဲ့တာ မဟုတ်ဘူး...မိသားစုတိုင်းက ဒီလိုပဲ ကြိုးစားခဲ့ကြတာပဲ...အေး...အဲ့ဒီလိုကြိုးစားကြတဲ့သူတွေထဲမှာမှ ငါတို့မိသားစုကပဲ မပြောပြနိုင်တဲ့ အောင်မြင်မှုတွေ ရလာခဲ့တဲ့ အကြောင်းအရင်းက တစ်ခုတည်းပဲ"
"ငါတို့တွေ ကျားကုတ်ကျားခဲနဲ့ ဇွဲနပဲထားခဲ့ကြလို့"
"…"
"ငါတို့လို လူတွေ၊ မိသားစုတွေအတွက် ကိစ္စကြီး ကိစ္စလေးဆိုတာ မရှိဘူး...ဘယ်အရာကိုမဆို အလွတ်မပေးဘဲ လုပ်နိုင်ရမယ်...ဇွဲလုံ့လ ကသာလျှင် ငါတို့ကို မြှင့်တင်ပေးနိုင်သလို စေ့စေ့စပ်စပ် သေသေချာချာ လုပ်တာကပဲ ငါတို့ရဲ့လက်ရှိကို ထိန်းသိမ်းပေးထားနိုင်လိမ့်မယ်"
ထန်ဂန်း ထန်ပယ်ကိုကြည့်ကာ မေးလိုက်လေသည်။
"မင်းက ကိန်းကြီးခမ်းကြီး အထက်တန်းလွှာ ဖြစ်ချင်တာလား"
"မဟုတ်ပါဘူး"
"မင်းတို့ စိတ်ထဲမှာ စွဲမြဲမှတ်ထားကြပါ...ထန်မိသားစုမှာ ကိန်းခမ်းကြီးတဲ့ လူကို မလိုဘူး..ဂုဏ်သိက္ခာကို ငဲ့ပြီး မိသားစုအရေးကို အဓိက မထားပေးနိုင်တဲ့သူ မလိုဘူး..ပြီးတော့ မိသားစုကို ဦးစီးနိုင်တဲ့ ဘယ်သူမဆို အရိုက်အရာကို ဆက်ခံခွင့်လည်း ရှိတယ်ဆိုတာပဲ..လက်ညိုးလေးထိုးပြီး ခိုင်းစေနေရတာကို ကြိုက်ရင် ထန်မိသားစုမှာ နေဖို့ မတွေးထားကြနဲ့..ငါပြောတာကို နားလည်ကြလား".
"ဟုတ်ကဲ့...ကျွန်တော် မှတ်သားထားပါ့မယ်"
"အရှူံးသမားကောင်."
ထန်ဂန်က အေးစက်စက်တစ်ချက်ကြည့်ကာ ထွက်သွားလေသည်။
"ငါ ကုန်သည်ခန်းမဆောင်ကိုသွားပြီး အဲ့ကလေးက တကယ်ပဲ ပါရမီရှင်လား ပေါက်ကရအာပလာပြောလိုက်တာလားဆိုတာ ငါကိုယ်တိုင်ကြည့်မယ်"
ထန်ဇန်ကမူ အလျင်စလိုထွက်သွားသော ဖခင်ဖြစ်သူကို ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်လေတော့သည်။ အခြေအနေများက ယခုအချိန်မှ ပြန်ပြင်၍ မရနိုင်တော့ပေ။
"မင်းက ဘာလို့ မလိုက်မှာလဲ"
"ဒီတိုင်းပဲ မလိုက်ချင်တာ"
"ရုတ်တရက်ကြီး ထဖောက်ရတဲ့ အကြောင်းအရင်းကိုပဲ ပြောစမ်းပါ"
ယွန်းဂျွန်ကမူ အမှန်ပင် ကြိုခန့်မှန်းထား၍မရသော ချွန်းမြောင်ကြောင့် ခေါင်းကို တဗျင်းဗျင်းကုတ်နေလေတော့သည်။
"မင်းက တကယ်ကြီးမလိုက်တော့ဘူးပေါ့"
"အင်းပါဆိုမှ."
ယွန်းဂျွန် စိတ်ပေါက်ကာ ထအော်လေတော့သည်။
"အေးလေ...ဒါဆိုလည်း မင်းက ဒီမှာနေခဲ့ပေါ့...ငါတို့ပဲ ယန်နန်ကိုသွားမယ်..မင်းနေခဲ့"
"အင်း"
ချော့မရ ခြောက်မရဖြစ်နေသော ချွန်းမြောင်အား မည်သို့အပါခေါ်ရမည်ကို ယွန်းဂျွန် တကယ်ပင် မသိတော့ချေ။
"ဆရာတူအကိုကြီး"
ယုရီဆိုးက ဘတ်ချုန်းအား လှမ်းကာခေါ်လိုက်လေသည်။
"ဘာလဲ"
"ထန်မိသားစုနဲ့ကိစ္စက ပြီးသွားပြီလား"
ဘတ်ချုန်း သက်ပြင်းချကာဖြေလိုက်လေသည်။
"ဘယ်ပြီးသွားမှာလဲ...သူတို့ သေချာပေါက် ငါတို့ကို လာရှာမှာပဲ...အဲ့တာကြောင့်လည်း ငါတို့ယန်နန်ကို ချက်ချင်းသွားသင့်တာပေါ့...မဟုတ်ရင် ဘာတွေထပ်ဖြစ်ပြီး ဒီမှာ ဘယ်လောက်ကြာဦးမယ် သိမှာမဟုတ်ဘူး"
"ဒါဆို ကုန်သည်ခန်းမဆောင်ကိုကျ ဘယ်လိုလုပ်မှာလဲ"
"ဟမ်"
"အခုဆိုရင် ထန်မိသားစုကလည်း ဒေါသထွက်နေပြီမို့လား..ကျွန်မတို့ကလည်း ဒီမှာဆက်မရှိတော့ဘူးဆိုရင် ကုန်သည်ခန်းမဆောင်က ဘာဖြစ်သွားမှာလဲလို့"
ထန်မိသားစုရဲ့ ဒေါသက ကုန်သည်ခန်းမဆောင်အပေါ် ပုံကျသွားမှာများလား...
ဘတ်ချုန်း အတွေးနှင့် ဂျိုဖြောက်အား လှမ်းကာကြည့်လိုက်လေသည်။ ဂျိုဖြောက်က ခေါင်းခါပြကာ အပြုံးလေးနှင့်ပင် ဖြေလာလေသည်။
"ကျွန်တော်တို့ကို နောက်ဆံမတင်းပါနဲ့ ကျွန်တော်တို့က ဟိုးအရင်ကတည်းက ထန်မိသားစုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်"
"စီချွမ် ထန် မိသားစုနဲ့လေ"
ဂျိုဖြောက် မျက်နှာမှ အပြုံးက ပျောက်သွားလေပြီ။ ထန်မိသားစုနှင့် ဆက်ဆံရေးကောင်းသည်ဆိုသော်လည်း ထိုစဉ်အခါက ယခုအခြေအနေကဲ့သို့ ကိစ္စများ ရှိနေသည် မဟုတ်ပေ။
"မနေ့ညတုန်းက သူတို့က ဂျိုဂုကို ပညာပေးချင်လို့ လာခဲ့ပေမယ့် ပညာပေးခံလိုက်ရတာက သူတို့ဆိုတော့ ဒီကိစ္စကြီးက လူဟားစရာကြီး ဖြစ်သွားပြီ...ဒီကိစ္စကို သူတို့သေချာပေါက် ကျေနပ်ကြမှာ မဟုတ်ဘူး"
ဘတ်ချုန်း အာရုံစားသွားရပြီ ဖြစ်လေသည်။
ဆိုတော့ ပြဿနာတွေမပြီးသေးဘဲ ဒီကနေ ထွက်သွားလို့ မဖြစ်သေးဘူးလား...
ဘတ်ချုန်း ဂျိုဖြောက်ကို လှမ်းကာ ကြည့်လိုက်လေသည် ။အပြုံးရေးရေး ရှိနေသော်လည်း ထိုအပြုံးက ဟန်ကိုယ်ဖို့ ပြုံးထားသော အပြုံးဖြစ်သည်က အသိသာကြီးပင်။ ဘတ်ချုန်းတို့ နောက်ဆံမတင်းရစေရန် ဟန်ဆောင်ပေးထားခြင်း ဖြစ်သည်ကို ဘတ်ချုန်းနားလည်သွားပြီ ဖြစ်လေသည်။
ဒါကြီးကို ငါဘယ်လိုတောင်မှ မတွေးမိရတာတုန်း..
ဘတ်ချုန်း အပျော်လွန်ကာ လေးရာသီကုန်သည်ခန်းမကို မေ့သွားသည်က အမှန်ပင်။ အားတုံ့အားနာဖြစ်သွားရလေသည်။
နေပါဦး...ချွန်းမြောင် မလိုက်တာက ဒါတွေကို တွေးမိလို့ ကုန်သည်ခန်းမဆောင်ကို စောင့်ရှောက်ပေးဖို့ နေခဲ့မယ်ပြောတာလား...
ဘတ်ချုန်းက ချွန်းမြောင်အား လှမ်းကာကြည့်လိုက်လေသည်။ ချွန်းမြောင်ကတော့ အေးအေးလူလူပင်။ ယန်နန်သို့ လုံးဝမလိုက်နိုင်ဟုသော မျက်နှာပေးနှင့်ပင်။
"ဆိုတော့ငါတို့မှာ ရှင်းစရာပြဿနာတွေ ရှိသေးတယ်ဆိုတဲ့ သဘောပေါ့"
"အင်း"
"ကောင်းပြီ"
ဘတ်ချုန်း သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
"သခင်ကြီး."
"ပြောပါ...ဂိုဏ်းသား ဘတ်ချုန်း"
"ကြည့်ရတာ ယန်နန်ကို သွားမယ့်ခရီးကတော့ နောက်ကျတော့မယ် ထင်ပါတယ်"
"ဂိုဏ်းသား..."
ဘတ်ချုန်းက ဂျိုဖြောက်အား ခေါင်းခါပြကာ ပြောလာလေသည်။
"ဒါက ကျွန်တော်တို့ကြောင့် ဖြစ်တာပဲ...ကျွန်တော်တို့ ဖြေရှင်းသွားရမှာပေါ့"
"ဘာ ကျွန်တော်တို့လဲ...ဒီတခါဖြစ်တာ အကုန်လုံး နည်းပြကြောင့်ပဲ"
"ဘယ်လိုဖြစ်ဖြစ်"
ဘတ်ချုန်း အားလုံးကို ပြောလာလေသည်။
"ငါတို့ ထန်မိသားစုနဲ့ ပြဿနာမပြီးမချင်း ဒီနေရာကနေ ဘယ်မှ မသွားတော့ဘူး..အားလုံးပြီးမှပဲ ယန်နန်ကို ခရီးဆက်ကြမယ်"
ဂျိုဖြောက်ကမူ ဘတ်ချုန်း၏ ကြေငြာစကားကြောင့် ပြူးပြာသွားလေတော့သည်။
"မင်းတို့တွေ ထန်မိသားစုဆိုတာ ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာ မသိလို့ ဒီစကားပြောနေကြတာလား...မင်းတို့တွေ ထန်ဇန်ကို နိုင်လိုက်တယ်ဆိုပေမယ့် သူတို့မိသားစုကို နိုင်ဖို့ဆိုတာ သေချာတဲ့ကိစ္စ မဟုတ်ဘူး..သူတို့မိသားစုထဲမှာ ထန်ဇန်က ဘာမှဟုတ်တာ မဟုတ်ဘူး...မင်းတို့ အခုပဲသွားကြ...မဟုတ်ရင် မင်းတို့အတွက်"
"အင်း...အခုတော့ အားလုံးအဆင်ပြေသွားတော့မှာပါ"
ဂျိုဖြောက်က ကြားဝင်ကာ ပြောလာသော ချွန်းမြောင်ကို ကြည့်လိုက်လေသည်။
"ကျွန်တော့်အထင် သူတို့လာတောင် လာနေကြတော့မယ်ထင်တယ်...ဟော...ရောက်တောင်နေပြီလား မသိဘူး..."
"..."
ချွန်းမြောင် စကားဆုံးသည်နှင့် အပြင်မှ တံခါးခေါက်သံက တရစပ်ထွက်လာလေသည်။
"ရောက်တောင် ရောက်လာပြီလား"
ဂျိုဖြောက် ချက်ချင်းပင် ခုံမှ ထလိုက်လေပြီး ထွက်ပြေးရန် ပြင်လေတော့သည်။
"သခင်ကြီး"
"စီချွမ် ထန်မိသားစုက ခေါင်းဆောင်ကြီးက အလည်အပတ် ရောက်လာပါတယ်"
ဂျိုဖြောက် သွေးတက်ကာ ဒူးများပင် ခွေသွားလေတော့သည်။
ငါတို့ဘဝကတော့ အဆုံးသတ်ပါပြီ။
အပိုင်း(၁၉၂)
ပြဿနာက ချက်ချင်းကြီး ခြေထောက်ပေါက်ပြီး ရောက်လာတယ်(၂)
“ခေါင်းဆောင်ကြီး ကိုယ်တိုင်တောင်လား”
ပုံမှန်ဆိုလျှင် သွေးမပျက်လွယ်သော ဘတ်ချုန်းပင် ကယောင်ခြောက်ခြားဖြစ်နေလေတော့သည်။
စီချွမ်း ထန်မိသားစု..
မိသားစုတစ်ခုအနေနှင့်ပင် အင်အားကြီးကာ အဆိပ်ပြင်းနေသည့် အဖွဲ့အစည်း၏ ခေါင်းဆောင်ကိုယ်တိုင်ကိုက ရောက်လာသတဲ့လား…
“ဝိုး…ချက်ချင်းကြီးကို အကောင်ကြီးတွေပါ ပါလာတော့တာပါပဲလား”
အူမြူးကာ တက်ကြွနေသူက ချွန်းမြောင်တစ်ယောက်သာ ရှိလေသည်။
ဒီကလေးကတော့…
ဒီခွေးလေးက ပျော်စရာနဲ့ စိတ်ပူစရာကို မခွဲတတ်တဲ့ ရောဂါရှိနေတာများလား…
“ခေါင်းဆောင်ကြီး ထန်တဲ့လား”
ယွန်းဂျွန်ကလည်း အံ့အားသင့် တုန်လှုပ်နေလေသည်။
“ဒါက ဘယ်လိုမျိုး မရင့်ကျက်မှုကြီးလဲ…ကလေးနှစ်ယောက်တိုက်ခိုက်တာကို သူ့သားရှုံးသွားလို့ ခေါင်းဆောင်ကြီး ကိုယ်တိုင်လိုက်လာတာဆိုရင်တော့ မဖြစ်သင့်တဲ့ကိစ္စပဲ မို့လား”
ဘတ်ချုန်း နှုတ်ခမ်းကိုက်ကာ စဉ်းစားလိုက်လေသည်။ ယွန်းဂျွန် ပြောသည်ကလည်း ဟုတ်ပေသည်။ ထန် မိသားစုက မည်မျှပင် အနိုင်ယူချင်စိတ်ကြီးမားသည် ဖြစ်စေဦးတော့ ယခုကဲ့သို့ မိသားစုခေါင်းဆောင်ကြီးကိုယ်တိုင်ပါ လိုက်လာကာ ပြဿနာကိုဖြေရှင်းလာလိမ့်မည် ဟုတော့ မထင်ခဲ့ဘူးပေ။
ဘတ်ချုန်းမှ မဟုတ်။ မည်သူမှလည်း မထင်ထားပေ။ချွန်းမြောင်မှ လွဲ၍ အားလုံးက ရုတ်တရက်ရောက်လာသော ထန် မိသားစုခေါင်းဆောင်ကြီးကြောင့် ပြာယာခတ်ကာ သွားကြလေသည်။
ဦးစွာ အသိဝင်လာသူက ဂျိုဖြောက်ပင်။ ဂျိုဖြောက်က ကြမ်းပြင်ပေါ်တွင် ထိုင်နေရာမှ ထလိုက်ပြီး အပြင်ဘက်ရှိ လူကို လှမ်းကာမေးလိုက်လေသည်။
“မင်း ထန်မိသားစု ခေါင်းဆောင်ကြီး ကိုယ်တိုင်ရောက်နေတယ်လို့ ပြောလိုက်တယ်မို့လား”
“ဟုတ်ပါတယ်’
“ဘယ်မလဲ…သူက”
“အိမ်ရှေ့တံခါးဝမှာ သခင်ကြီးကို စောင့်နေပါတယ်”
ဂျိုဖြောက် တံတွေးမြိုချမိသွားလေသည်။ ထန်ခေါင်းဆောင်ကြီးအနေနှင့် အိမ်ထဲသို့တန်းဝင်မလာသေးဘဲ တံခါးဝတွင် စောင့်နေသည်ဆိုသည်က ယဉ်ကျေးသမှုကို ပြနေသည်ဆိုသည့်သဘောပင်။ ဤနေရာသို့ သွေးကြွေးဆပ်ရန်သာ လာခဲ့သည်ဆိုပါက ထိုသို့စောင့်ဆိုင်းနေမည်လည်း မဟုတ်ပေ။ ဇွတ်ပင် ဝင်လာကာ အကြမ်းဖက်ခြင်းမျိုး ပြုလုပ်ပေလိမ့်မည်။ ယခုက အခြေအနေ အနည်းငယ်ကောင်းနေသည်မို့ ဂျိုဖြောက် အားတင်းကာ သွားရန်ပြင်လိုက်လေသည်။
“ဂု..”’
“ဟုတ်ကဲ့..အဖေ”
“အခုကနေစပြီး ဘာဖြစ်ဖြစ် လုံးဝထွက်မလာခဲ့နဲ့..ကြားလား”
“ဟင်”
“ငါ့ကို ကတိပေးစမ်းပါ”
“…”
“ကတိပေးစမ်းလို့”
“ဟုတ်ကဲ့..သား ကတိပေးပါတယ်”
ဂျိုဖြောက်က ကျေနပ်သွားသော အပြုံးလေးနှင့်ကြည့်လာလေပြီး ကျန်သူများကိုလည်း မှာကြားလာလေသည်။
“မင်းတို့ အားလုံးရောပဲ…ဘာကိစ္စပဲ ရှိရှိ ထွက်မလာကြနဲ့..ထန် မိသားစုကို ဆန့်ကျင်မိရင် ဘာဖြစ်မယ်ဆိုတာ မသိကြဘူးလား…အထူးသဖြင့် စီချွမ်မှာ ဆန့်ကျင်တာက အဆိုးဆုံးပဲ..မင်းတို့လည်း တစ်ယောက်မှ ထွက်မလာကြနဲ့နော်”
ဂျိုဖြောက်က အထပ်ထပ်အခါခါပင် မှာကြားနေသည်မို့ ဘတ်ချုန်းက ခေါင်းငြိမ့်ကာ ပြလိုက်လေသည်။
“ဟူး”
ထို့နောက်တွင်မူ ဂျိုဖြောက်က သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး အိမ်ရှေ့တံခါးဆီသို့သာ ဦးတည်လိုက်လေတော့သည်။ ထန်မိသားစုအား ရှောင်ပြေးချင်၍လည်း လွတ်မည်မဟုတ်ပေ။ မလွတ်နိုင်သည်မို့ ရှောင်မပြေးတော့ဘဲ ထိပ်တိုက်ရင်ဆိုင်ရန်သာ ပြင်လိုက်လေတော့သည်။
ဂျိုဖြောက် တံခါးနှင့် နီးလာလေလေ ကျားခံတွင်းသို့ သက်ဆင်းနေရသော ယုန်သူငယ်ကဲ့သို့ မိမိကိုယ်ကို ထင်မိလာလေပင်။ မဟုတ်ပေ။ ကျားထက်ပင် ကြောက်ရွံဖွယ်ကောင်းသော သူက သူ၏အိမ်ရှေ့တံခါးဝတွင် ရောက်နေခြင်းပင်။ မိမိ၏ အဖြစ်ကို မည်သို့ ခိုင်းနှိုင်းပြရမည်ပင် မသိတော့ပေ။
တံခါးဝသို့ ရောက်သည်နှင့် ဂျိုဖြောက်က အသက်ဝဝ တစ်ချက်ရှုလိုက်ပြီး အစောင့်ဖြစ်သူအား လှမ်းကာပြောလိုက်လေသည်။
“တံခါးဖွင့်လိုက်”
“ဟုတ်ကဲ့”
တံခါးပွင့်လာသည်နှင့် ခန့်ညားသန်မာကာ အစိမ်းရောင်ဝတ်စုံကို ဝတ်ထားသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရလေသည်။
ဂျိုဖြောက်က တံခါးပွင့်လာသည်နှင့် အရိုအသေပေးကာ ကြိုဆိုလိုက်လေသည်။
“စီချွမ် ထန်မိသားစု ခေါင်းဆောင်ကြီးကို တွေ့ရတာ ဝမ်းသာပါတယ်”
ထန်ဂန်းက အရိုအသေပေးနေသော ဂျိုဖြောက်ကို တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြလေသည်။
“မတွေ့ကြာ အတော်ကြာပြီ”
“ဟုတ်ပါတယ်..ခေါင်းဆောင်ကြီး…တကယ်ဆို ကျွန်တော်ကသာ ခေါင်းဆောင်ကြီးဆီကို လာသင့်တဲ့သူပါ…
ခေါင်းဆောင်ကြီးလို လူတစ်ယောက်က ကျွန်တော့်ဆီကို တကူးတကလာခဲ့ရတဲ့ အတွက် အပြစ်ပေးလိုရင် အပြစ်ပေးပါ…ခေါင်းဆောင်ကြီး”
ဂျိုဖြောက်၏ အပျူသာလွန်နေသော စကားများကို ထန်ဂန်းက ခပ်တန်းတန်းပင် တုံ့ပြန်လေသည်။
“လောကွတ်စကားတွေက တော်လောက်ပါပြီ…ကျုပ် ဒီလို အလုပ်လေးရှိလို့ လာခဲ့တာ”
ထန်ဂန်း၏စကားကြောင့် ဂျိုဖြောက် တံတွေးမြိုချမိသွားလေသည်။
“ခေါင်းဆောင်ကြီး အိမ်ထဲကို ကြွချင်ပါသလားခင်ဗျ”
“မဆိုးပါဘူး..ဝင်ကြတာပေါ့”
“ကျွန်တော် လမ်းပြပေးပါ့မယ်”
ဂျိုဖြောက်က တုန်လှုပ်နေသော ရင်ကိုအသာဖိကာ ရှေ့မှဦးဆောင်လမ်းပြခေါ်သွားလေတော့သည်။
ထန်ဂန်းက ဂျိုဖြောက်၏နောက်မှ လိုက်ပါလေပြီး သူ၏နောက်တွင်မူ ထန်ပယ်နှင့် ထန်ဇန်လည်း လိုက်ပါလာလေသည်။ မနေ့ညကမူ ထန်ဇန်ရောက်ရှိလာခဲ့ခြင်းသည် ပြဿနာကြီးဖြစ်သော်လည်း ယနေ့တွင်မူ ထန်ဇန်က ပါမွှားကလေး ဖြစ်သွားလေပြီ ဖြစ်သည်။ အားလုံးထက် ပို၍အရှိန်အဝါကြီးကာ လွန်ဆန်၍ မရနိုင်သော သူကြီးက ရှေ့ဆုံးတွင် ပါလာသည် မဟုတ်ပါကလား…
ဂျိုဖြောက်က ထန်မိသားစုများရှေ့က ကုတ်ချောင်းချောင်းအနေအထားနှင့် လမ်းပြကာ ခေါ်လာရင်း အတွေးများနေလေသည်။ ထန်ခေါင်းဆောင်ကြီးက မေးလာလျှင် သူဖြေရမည်ပင်။ ရှောင်လွဲနေ၍ မရပေ။ ဂျိုဖြောက် အမှန်ပင် စိတ်ရှုပ်ဗျာများ နေရခြင်းပင်။
ငါ ဘယ်လိုလုပ်ရပါ့မလဲ.
'
"ခန်းမသခင်ကြီး"
"ဟုတ်ကဲ့...ပြောပါ ခေါင်းဆောင်ထန်"
"ကလေးတွေက အထဲမှာလား"
"ခေါင်းဆောင်ကြီး ပြောတဲ့ကလေးတွေဆိုတာက"
"ဟွာဆန်းက ကလေးတွေကို ပြောတာပါ"
ထန်ဂန်း၏ စကားကြောင့် ဂျိုဖြောက်မျက်နှာပျက်သွားလေသည်။ ဟုတ်ပေသည်။ ဤသည်က ရှောင်လွဲ၍ရမည်မဟုတ်ပေ။ ထန်ခေါင်းဆောင်ကြီးက ထိုကလေးများကြောင့်ပင် ဤနေရာသို့ရောက်ရှိနေခြင်း ဖြစ်လေသည်။ လိမ်ညာနေလျှင်လည်း အကျိုးထူးလာမည် မဟုတ်ပေ။ တစ်ပြစ်မှ နှစ်ပြစ် တိုးလာမည်သာရှိလေသည်။
"ဟုတ်ပါတယ်..သူတို့အထဲမှာပါ"
"အင်း"
ထန်ဂန်းက ဂျိုဖြောက်အား လေသံတိုးတိုးနှင့်ပင် မေးလာလေသည်။
"ကျုပ် သူတို့နဲ့တွေ့ချင်တယ်...တွေ့လို့ရမလား."
ထန်ဂန်း၏ တောင်းဆိုမှုကြောင့် ဂျိုဖြောက် ချွေးသီးချွေးပေါက်များ ကျလာလေသည်။ ဂျိုဖြောက်က ထန်ဂန်း အာရုံပြောင်းလိုပြောင်းငြားနှင့် ကလေးများအကြောင်းကို အစမဖော်သော်လည်း ထန်ဂန်၏အာရုံကမူ ကလေးများဆီတွင်သာ လုံးလုံးလျားလျား ရှိနေလေသည်။
"ခန်းမဆောင်သခင်ကြီး"
"ဗျာ...အာ...ဟုတ်ကဲ့...ပြောပါ"
ဂျိုဖြောက် အာရုံများနေရာမှ ထန်ဂန်း၏အော်သံကြောင့် အသိပြန်ကပ်လာပြီး ပြာပြာသလဲ အရိုအသေပေးလိုက်လေသည်။
"ကလေးတွေနဲ့ တွေ့ရဖို့က ခက်ခဲတဲ့အရာတော့ မဟုတ်ဘူးမို့လား"
"ဒါ..ဒါပေါ့..ဒါပေမယ့်လေ…"
ဂျိုဖြောက် ကလေးများနှင့် ထန်ဂန်းထိပ်တိုက် မတွေ့ရရေးကို နည်းလမ်းရှာနေသော်ငြားလည်း မတွေ့ပေ။
"ခေါင်းဆောင်ထန်...မနေ့ညက ဖြစ်ပျက်ခဲ့သမျှကိုလေ.."
"အာ...ဟုတ်သားပဲ"
ထန်ဂန်းက ဂျိုဖြောက်ကိုကြည့်ကာ ပြူံးပြရင်ပြောလာလေသည်။
"ဂုဏ်ပြုပါတယ်နော်"
"ဟမ်"
"ကျုပ် ကြားမိသလောက်တော့ ခန်းမဆောင်သခင်ရဲ့သားက ကျုပ်တို့ရဲ့ ထန်ဇန်ကို ဟာသ လိုကို အနိုင်ပိုင်းနိုင်ခဲ့တာလို့ ကြားထားပါတယ်.."
ထန်ဂန်း၏ ချီးကျုးစကားကြောင့် ဂျိုဖြောက် တုန်လှုပ်သွားလေသည်။
"အာ...ဒါက ကံကောင်းသွားလို့ပါ..ဘယ်လိုလုပ် ကျွန်တော့်သားက ခေါင်းဆောင်ကြီးရဲ့သားကို နိုင်နိုင်မှာလဲ"
"နှိမ့်ချတတ်တာကတော့ တကယ့်ကိုကောင်းတဲ့အကျင့်တစ်ခုပါပဲ"
နားလည်ရခက်သော အပြုံးတစ်ပွင့်က ထန်ဂန်း၏ မျက်နှာပေါ်တွင် ရှိနေလေသည်။
"ဒါပေမယ့် တရားလွန်နှိမ့်ချနေတာကြီးကကျ တဖက်လူကို မသက်မသာဖြစ်စေတာပေါ့...တခါတလေကျတော့လည်း အရမ်းကြီး လူသားချင်းစာနာမနေဘဲ ပျော်စရာရှိတာကို ပျော်လိုက်တာက ပိုကောင်းပါတယ်"
"ဟုတ်ကဲ့...နားလည်ပါပြီ...ခေါင်းဆောင်ကြီး."
ထန်ဂန်း၏ ချီးကျူးသည်လော သတိပေးသည်လော မသဲကွဲသောစကားကြောင့် ဂျိုဖြောက်က တုန်လှုပ်နေပြီး စကားပင် မပြောနိုင်သေးပေ။ ထန်ဂန်းကသာ လှည့်လာပြီး မေးလာလေသည်။
"ထန်ဇန်"
"ဟုတ်ကဲ့..ခေါင်းဆောင်ကြီး"
"မင်း ငါ့ကို ဂျိုဂုက မင်းကို အနိုင်ရသွားတာက ကံကောင်းလို့ နိုင်သွားတာလို့ ပြောခဲ့သေးလား..မင်းရော အဲ့လိုထင်လား"
"အဲ့လို မဟုတ်ပါဘူး...သူတကယ်သန်မာလို့ နိုင်သွားတာပါ"
"ဟုတ်ပြီ."
ထန်ဂန်းက ဂျိုဖြောက်ကိုကြည့်လိုက်ပြီး အေးအေးလူလူပင် ပြောလာလေသည်။
"ထန် မိသားစုလက်အောက်ကနေ ထူးချွန်လာတာဆိုရင်တော့ ပိုကောင်းမယ်လို့ တွေးမိပေမယ့် သူ့ရဲ့အရည်အချင်းတွေကို တကယ်အရောင်တင်ပေးနိုင်မယ့် နေရာကို ရောက်သွားလို့ ကျုပ်တကယ် ဝမ်းသာပါတယ်"
"ကျေးဇူးပါ"
"ဒါပေမယ့်.."
ထန်ဂန်း၏ လေသံက နိမ့်သွားလေသည်။ အစောပိုင်းက နူးနူးညံ့ညံ့လေသံမျိူး မဟုတ်တော့ပေ။ ပြောင်းသွားပြီ ဖြစ်လေသည်။ ဂျိုဖြောက်ကမူ ခေါင်းပေါ် အလေးရွက်ထားရသူပမာ မော့ပင်မလာတော့ပေ။ ခေါင်းကို တွင်တွင်ငုံ့ထားလေတော့သည်။
"တစ်ချို့လူတွေကတော့ ကျုပ်တို့ထင်ထားတာထက်ကို ရူးမိုက်ကြတယ်...အရည်အချင်းလေး နည်းနည်းရှိတာကို ဘဝကြီးထင်ပြီး အကုန်လုံးကို လုပ်နိုင်တော့မယ်လို့ ထင်နေတာမျိုးပေါ့...အဲ့လိုမျိုးတွေကိုဆို ခင်ဗျားရော ဘယ်လိုထင်လဲ"
ဂျိုဖြောက် ကြောက်လွန်း၍ တုန်ပင်တုန်နေလေပြီဖြစ်သည်။ သူ့တွင် ထန်ဂန်းအား ဆန့်ကျင်သည့်အဖြေမျိုး ပေးရဲသည့်အင်အားမရှိပေ။
"လူတွေက ရူးမိုက်ကြတယ်ဆိုရင်တောင် သူတို့ကိုယ်သူတို့ အထင်ကြီးလွန်းနေလို့ မရပါဘူး...ပြီးတော့ လောဘဖုံးလွှမ်းပြီး အဲ့လိုရူးမိုက်နေတဲ့သူတွေလည်း များများစားစားတော့ ရှိမယ် မထင်ပါဘူး"
"ဟုတ်လား..ဒါဆို ဒီက ခန်းမဆောင်သခင်ကြီးကရော"
ဂျိုဖြောက် သူ့အားပြုံးကြည့်နေသော ထန်ဂန်းကို ခေါင်းသာ အသာခါပြလေသည်။ ထန်ဂန်၏ နှုတ်ခမ်းများကပြုံးနေသော်လည်း မျက်လုံးများကမူ ပကတိအေးစက်မှုအတိပင်။ ထန်ဂန်၏ ထိုခြောက်ခြားဖွယ်ရာအကြည့်က ဂျိုဖြောက်ကို ဒူးချောင်အာခြောက်စေသည်ကတော့ အမှန်ပင်။
"ခင်ဗျားရဲ့အမြင်လေး ပြောပါဦး"
"ကျွန်တော့်အမြင်က ခေါင်းဆောင်ကြီးထန်ရဲ့ အမြင်နဲ့အတူတူပါပဲ."
"စကားပြောတော့ ကောင်းသားပဲ."
ထန်ဂန်း ခေါင်းငြိမ့်လိုက်လေသည်။
"ဒါဆို ဟွာဆန်းက ကလေးတွေနဲ့တွေ့လို့ရအောင် ကျုပ်ကို အထဲကိုခေါ်သွားပေးပါလား"
"… ခေါင်းဆောင်ထန်..သူတို့က"
"ခင်ဗျား..ကျုပ် ပြောတာ မကြားလိုက်တာလား"
"…"
ထန်ဂန်းက အေးစက်မှုအပြည့်နှင့် ပြောလာလေသည်။
"ခင်ဗျားသား ထူးထူးချွန်ချွန် ဖြစ်လာတာက ကောင်းပါတယ်...ဒါပေမယ့် အဲ့လိုဖြစ်လာတာကို ဂုဏ်ယူတဲ့စိတ်က ခန်းမဆောင်သခင်ရဲ့ ဆုံးဖြတ်နိုင်စွမ်းတွေကို အနှောင့်အယှက် ပေးနေတဲ့ပုံပဲ..ကျုပ် ဒီကိုရောက်ကတည်းက စကားတစ်ခွန်းကို နှစ်ခါပြောပြီးနေရပြီ"
ဂျိုဖြောက် စကားပြန်ပင် မပြောနိုင်ဘဲ ထန်ဂန်း၏ အပြစ်တင်မှုကိုသာ ခေါင်းငုံ့ခံနေရလေသည်။
."ဒါက တတိယအကြိမ် ပြောရခြင်းပဲ..ဟွာဆန်းက ကလေးတွေဆီ ကျုပ်ကိုခေါ်သွားပါ...ကျုပ်နောက်တစ်ခေါက် ထပ်ပြောမှာ မဟုတ်တော့ဘူး"
ထန်ဂန်း၏ ခြိမ်းခြောက်စကားကြောင့် ဂျိုဖြောက် ဒူးများတွင် ခွေကျချင်သလိုဖြစ်လာလေသည်။ ထန်ဂန်း၏ အာဏာသံနှင့်အမိန့်ပေးမှုကို မည်သူမှ လွန်ဆန်နိုင်လိမ့်မည် မထင်ပေ။ သို့သော်လည်း ဂျိုဖြောက် အားတင်းကာ အာခံလိုက်လေသည်။
ဂျိုဖြောက် လက်ကျန်အားတို့ကို ထုတ်သုံးကာ ယဲ့ယဲ့ကလေး ပြုံးပြလာပြီး အသနားခံလာလေသည်။
"ခေါင်းဆောင်ထန်..ဟွာဆန်းက ကလေးတွေက ကျွန်တော့်အိမ်ကို လာတဲ့ဧည့်သည်တွေပါ..ပြီးတော့ သူတို့အထဲမှာ ကျွန်တော့်သားလည်း ပါပါတယ်"
"အဲ့ဒီတော့.."
ဂျိုဖြောက် မျက်နှာပြင်တစ်ခုလုံးက ကြောက်စိတ်ကြောင့် ချွေးစေးများ ရွဲကာနစ်နေလေသော်လည်း ဂျိုဖြောက် အားတင်းကာသာ ခေါင်းခါပြလိုက်လေသည်။
"ကုန်သည်တစ်ယောက်အနေနဲ့ရော အိမ်ရှင်တစ်ယောက်အနေနဲ့ပါ ကိုယ့်အိမ်ကိုလာတဲ့ ဧည့်သည်တွေကို ကျွန်တော် ဒီလိုမလုပ်ပေးနိုင်ပါဘူး...ခေါင်းဆောင်ကြီး"
ဂျိုဖြောက်၏ ငြင်းပယ်စကားကြောင့် ထန်ဂန်းက ဂျိုဖြောက်ကို အေးစက်စက် ကြည့်လာလေသည်။
"မင်းရဲ့ ကုန်သည်ခန်းမဆောင်ကြီး ဖျက်စီးခံရရင်တောင်မှလား.."
"သားတစ်ယောက်အတွက်ထက် တခြားအရာကို ပိုပြီးစိုးရိမ်ပူပန်တဲ့ ဖခင်ဆိုတာ လောကကြီးမှာ မရှိပါဘူး"
"မင်းကို ကြည့်ရတာ ဖျက်ဆီးဆိုတဲ့ စကားလုံးရဲ့ အတိမ်အနက်ကို နားလည်ပုံ မရဘူး...ငါ့လက်နဲ့သာ ဖျက်ဆီးခံရရင် မင်းတို့အိမ်က ခွေးတစ်ကောင် ကြောင်တစ်မြှီးတောင် အသက်ရှင်ကျန်မှာ မဟုတ်ဘူးနော်..အဲ့တာကိုရော သိရဲ့လား"
"ခေါင်းဆောင်ကြီး ဆန္ဒရှိရင် လုပ်ပါ"
ဂျိုဖြောက်က စိတ်ပိုင်းဖြတ်ထားပုံနှင့် ချက်ချင်းပင် ပြန်ဖြေလာလေသည်။
"ခေါင်းဆောင်ကြီး စိတ်အခဲမကြေလို့ရှိရင် ကျွန်တော့်အသက်ကို ယူလို့ရပါတယ်...မနေ့က ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေအတွက် ကျွန်တော် တာဝန်ခံပါ့မယ်"
"…"
"မင်းကိုကြည့်ရတာ ထန်မိသားစုကို လျော့တွက်ထားတဲ့ပုံပဲ"
ထန်ဂန်းက နှာခေါင်းတစ်ချက်ရှုံ့ပြီး ဆက်ပြောလာလေသည်။
"ကြည့်ရတာ ခန်းမဆောင်သခင်က မနေ့ကသောက်တာများပြီး အခုချိန်ထိ အိမ်မက်ထဲက နှိုးထပုံမရသေးဘူးပဲ...ခင်ဗျားက ထန်မိသားစုဆိုတာ ဘယ်လိုမျိုးလဲဆိုတာတောင် မသိနိုင်တော့တဲ့ပုံပဲ..ကောင်းပြီလေ..ကျုပ်တို့ကပဲ ထန်မိသားစုဆိုတာ ဘာလဲဆိုတာ ခင်ဗျား နောက်တစ်ခါ မမေ့ရအောင် လုပ်ပေးခဲ့ရမှာပေါ့"
ထန်ဂန်း၏ လက်ချောင်းများက အလုပ်များသွားလေသည်။ ဂျိုဖြောက်ကမူ ရောက်လာမည့်ဘေးကိုသာ မျက်စိစုံမှိတ်စောင့်နေလိုက်ပြီး ကလေးများက အရိပ်အကဲကို နားလည်ကာ ဝေးဝေးသို့ ထွက်ပြေးသွားနိုင်ရန် ဆုတောင်းနေလေသည်။
.
"ခဏနေပါဦး...ဒီလူကလည်း တကယ်ပဲ စိတ်မြန်လိုက်တာ"
စကားပြောသံနှင့်အတူ ပင်မခန်းမဆောင်၏ တံခါးကပွင့်လာပြီး လူတစ်ယောက် ထွက်လာလေသည်။
"ဂိုဏ်း...ဂိုဏ်းသား ချွန်းမြောင်"
.
ဂျိုဖြောက် ပြာတောက်သွားလေသည်။
"မင်းတို့ကို ထွက်မလာဖို့ ပြောထားတယ်လေ"
"အာ...ဟုတ်ပါတယ်..သခင်ကြီး...တကယ်တော့ ဖြစ်လာရတဲ့ကိစ္စတွေရဲ့ မြစ်ဖျားခံရာက ကျွန်တော်မို့လို့ ကျွန်တော်ထွက်လာတာပါ..ဒီက လူကြီးကလည်း ကျွန်တော်တို့ကို တွေ့ချင်နေတာပဲလေ...ဒါကို သခင်ကြီးလည်း ကြားတာပဲ ...မဟုတ်ဘူးလား"
"ဟူး..."
ဂျိုဖြောက် စိတ်ပျက်လက်ပျက် ဖြစ်သွားလေပြီးခေါင်းကိုလှည့်ကာ ထန်ဂန်းကို ကြည့်လိုက်လေသည်။
ထန်ဂန်းကမူ သူ့အား အာရုံရပုံ မပေါ်ပေ။
ချွန်းမြောင်ကိုသာ အကဲခတ်နေလေသည်။
"မင်းက ဟွာဆန်းရဲ့ နတ်ဘုရားနဂါးလား"
"မေးနေပုံထောက်ရင်တော့ ကြည့်ရတာ သေချာမသိတဲ့ပုံပဲ".
"ဟင်း"
ထန်ဂန် တစ်ချက်ရယ်မိသွားလေသည်။ သူ့အား ဤသို့ ပြောရဲသည့်လူက ရှိသေးသည်ပဲ။
ဟုတ်ပါပြီ...အရင်က မသိလည်း အခုတော့ သေချာသိသွားပါပြီ...
ထန်ဂန်း ထန်မိသားစု၏ ခေါင်းဆောင် ဖြစ်လေကတည်းက ဤသို့နှုတ်လှန်ထိုးကာ ပြောရန်မဆိုထားနှင့် စေ့စေ့ကြည့်ရဲသူပင် မရှိခဲ့ပေ။ ဤကလေးက သူ့အား ဤသို့ဆက်ဆံရဲသော ပထမဦးဆုံးလူသားပင်။
ထို့အပြင် ထိုကလေး၏ အသွင်ပြင်နှင့်အပြုံးက သိုင်းပါရမီရှင်တစ်ယောက်နှင့် မတူလေဘဲ ပြောင်ချောချော လူပြက်တစ်ယောက်နှင့်သာ တူနေလေသည်။ သိုင်းအကျော်အမော်တို့၏ အရိပ်အယောင်မျိုး မမြင်ရပေ။
ဖြစ်ရပ်များကို ဘေးမှကြည့်နေသော ထန်ဇန်ကမူ မျက်နှာရှုံမဲ့သွားလေသည်။ ဖခင်ဖြစ်သူ၏ မျက်နှာပေါ်တွင်မြင်နေရသော အမူအရာများကို ကြည့်သည်နှင့်သူ၏ဖခင်တွေးနေသော အရာများကို ကောင်းကောင်းကြီး နားလည်လိုက်သောကြောင့်ပင်။
"ဟွာဆန်းရဲ့ နဂါး...ဟွာဆန်းရဲ့ နတ်ဘုရားနဂါးတဲ့လား..မင်းက...အင်း..မင်းက ငါထင်ထားတာနဲ့တော့ တော်တော်လေးကွဲပေမယ့် အဆင်ပြေပါတယ်"
ထန်ဂန်းက ပြုံးကာပြရင်း ချွန်းမြောင်ကို ကြည့်လာလေသည်။
"တစ်ချက်လောက် ကြည့်ကြည့်ရအောင်...မင်းက ဘယ်လိုလူမျိုး ဖြစ်မလဲဆိုတာ"
ထန်ဂန်းက ပြောလည်းပြောကာ သူ၏လက်များကလည်း အင်္ကျီလက်အတွင်းသို့ တဖြည်းဖြည်း ဝင်သွားလေတော့သည်။