ဒီလောက်ထိ ရက်ရက်ရောရော ပေးကမ်းဖို့ရာအတွက်(၄)
Vol. 18 Ch. 244
ဆေးပညာခန်းမတွင်….
မူလကတော့ လေ့ကျင့်ရေးကြောင့် ဒဏ်ရာရသွားသော သို့မဟုတ် နာမကျန်းဖြစ်သော တပည့်များကို ကုသရန် ရည်ရွယ်ထားခဲ့သည့် နေရာဖြစ်သည်။
စစ်သည်သူရဲကောင်းများ၏ အသက်ရှင်နေထိုင်မှု အခြေအနေများမှာ အရပ်သားများနှင့် မတူပေ။ ထို့ကြောင့် ဆေးဖက်ဝင်အပင်များကို လေ့လာခြင်းနှင့် သူတို့၏ကိုယ်ပိုင်ဆေးပညာခန်းမများ ဖန်တီးခြင်းအပေါ် အလုံးစုံ အာရုံစိုက်ထားသည့် ဂိုဏ်းများလည်းရှိသည်။
တစ်နည်းအားဖြင့် ဂိုဏ်းကြီးတစ်ဂိုဏ်းတွင် ကောင်းမွန်သော ဆေးပညာခန်းမတစ်ခုရှိရန် လိုအပ်သည်ဟု ဆိုနိုင်သည်။
အာ...
ဒါပေမယ့် ဟွာဆန်းကလွဲလို့သာ ထိုဆေးပညာခန်းမမျိုး ရှိကြတာပင်။
ကောင်းတာတစ်ခုက ဟွာဆန်း၏ ဆေးပညာခန်းမသည် သေးငယ်လွန်းပြီး ဆိုးရွားသည်ကတော့ ၎င်းသည် အလျှံပယ် ပေါများသောသီးနှံများကို စားသောက်နေသည့် မလိုလားသည့် အဖျက်ပိုးမွှားတစ်ကောင်နှင့် တူပေသည်။
တွေးကြည့်လေလေ ပိုပြီးရှင်းလင်းလေလေဖြစ်သည်။
ထိခိုက်ဒဏ်ရာရသူ မရှိမှတော့ ဆေးပညာခန်းမကို ဘယ်လိုများ အသုံးပြုကြမလဲ။ ဟွာဆန်းက လူတွေက သူတို့၏ ပင်မဂိတ်တံခါးကနေတောင် မထွက်ကြပါ။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် တပည့်တွေ ဘယ်တော့မှ ဒဏ်ရာရလိမ့်မည်မဟုတ်ပေ။
ထို့ပြင် လေ့ကျင့်နေစဉ် ဒဏ်ရာရလောက်သည်အထိ အလွန်အကျွံ လေ့ကျင့်ကြသော်လည်း ဟွာဆန်းတွင် တပည့်တစ်ဦးစီသည် စိတ်ထိခိုက်ခဲ့ကြပြီး သူတို့ကို မည်သူကမျှ လေ့ကျင့်ပေးမည်မဟုတ်သလို သူတို့ခန္ဓာကိုယ်ကို ထိခိုက်အောင်လည်း လုပ်မှာမဟုတ်ပေ။
ထို့ကြောင့် ခန်းမ၏ တစ်ခုတည်းသော တာဝန်မှာ တစ်ခါတစ်ရံသာ ဗိုက်နာတတ်သည့် ကျန်းမာကြံ့ခိုင်နေသော တပည့်များအတွက် ဆေးဝါးများ ထောက်ပံ့ပေးရန် မလိုအပ်ပေ။
ဒီတော့ ပြင်းထန်တဲ့ကုသမှုကိုတောင် မကုပေးဖူးဘဲနှင့် ဆေးဖော်နိုင်သည့် အရည်အချင်းမျိုး သူတို့တွေမှာ ဘယ်ရှိပါ့မလဲ။
ဟွမ်းယုနန်က ယခုအခြေအနေနှင့် ပတ်သက်၍ အတော်လေး စိုးရိမ်နေမိသည်။
သို့သော်
အနက်ဆုံးဖြစ်သော ကြွက်တွင်းမှာတောင် နေရောင်ခြည် တောက်ပလာတဲ့အချိန်တွေ ရှိခဲ့ဖူးပေသည်။ နောက်ဆုံးတော့ ထိုနေ့ရက်မျိုးက ဟွာဆန်း၏ ဆေးပညာခန်းမကို ရောက်လာခဲ့ပြီဖြစ်သည်။
ဒီလိုထူးခြားသည့် နေရက်တွင် ထူးထူးခြားခြား အော်ဟစ်သံများက ထိုနေရာမှ ဟိန်းထွက်နေလေသည်။
"ကျားးးးးး"
"အားးးးးးးး"
“အ... အနားယူမနေနဲ့... ဘယ်တော့မှ... ဘယ်တော့မှ အနားယူဖို့ ဘယ်တော့မှ မတွေးကြနဲ့... မတွေးကြနဲ့”
အန်ဂန်းမှာ စကားသိပ်မပြောနိုင်ဘဲ မျက်လုံးများက နီရဲနေသည်။ အိုးထဲက ဆေးရည်ကို ဆက်မွှေရင်း သူ့လက်ဖျံမှာ အကြောများထောင်လာခဲ့သည်။
သို့သော် ဆက်တိုက်မွှေနေသော အားကောင်းသည့် လက်မောင်းများနှင့် ဆန့်ကျင်ဘက်တွင်မူ ထိုလူ၏မျက်နှာသည် လူသားတစ်ယောက်ဟန်ပန် သိပ်မရှိချေ။ သူ၏မျက်လုံးများအောက်မှ မေးစေ့အထိ မျက်ကွင်းများညိုနေသလို မုတ်ဆိတ်မွေးများ ထူထပ်လာသည်မှာ ကြောက်စရာကောင်းပြီး ဖုတ်သိုက်ဖြစ်နေ၏။
ကြည့်ရခက်သည့် မျက်နှာတစ်ခုပင်ဖြစ်သည်။ ချွေးတွေ အများကြီးက ခန်းခြောက်သွားသဖြင့် သူ့မျက်နှာမှာ ဆားမှုန်များ တင်ကျန်နေသည်ကို မြင်နေရသည်။
အန်ဂန်း၏ မျက်နှာပေါ်တွင် အလုပ်လုပ်နေပုံပေါ်သည့် တစ်ခုတည်းသောအရာမှာ သူ့မျက်လုံးများဖြစ်သည်။
"ဒါ... ဒါက အလုပ်ဖြစ်မှာပါ... သေချာတယ်"
သို့သော် သူ့မျက်လုံးများကတော့ ကြောက်စရာကောင်းလောက်အောင် တောက်ပနေသည်။
သူ့မျက်နှာမှာ မောပန်းနွမ်းနယ်နေပုံရပေမယ့် သူ၏ပြင်းပြသောစိတ်ဓာတ်ကို သက်သေပြသည့်အနေနဲ့ သူ့မျက်လုံးများသည် ဒီအချိန်မှာတောင် ဆန္ဒမီးများ တောက်လောင်နေခဲ့သည်။
"အတွင်းအား ချီ ပမာဏ ကျသွားလို့မရဘူး... ဒီလိုအခြေအနေမျိုးမှာပဲ ထိန်းထားဖို့ လိုပါတယ်... ဂိုဏ်းချုပ်... အကြီးအကဲ"
"အာ့"
"ကျ... ကျွန်တော် သေသွားနိုင်တယ်"
ဟွမ်ယုန်နှင့် ဟွမ်ဆန်းတို့မှာ စကားတောင် မပြောနိုင်ကြပေ။ သူတို့က အိုးကိုသာ ကိုင်ထားကြသည်။ ဟွမ်ဂျုံမှာ အလွန် ပင်ပန်းနွမ်းနယ်နေသဖြင့် သူ့အရိုးများကို အရေပြားမှတဆင့် မြင်နေရသည်။
"ဘယ်လောက်ကျန်သေးလဲ"
“နောက်ထပ်တစ်ရက်ပါ”
“အာ… နောက်တစ်နေ့ပေါ့…”
ဟွမ်ဂျုံ၏ မျက်နှာသည် စိုးရိမ်စရာကောင်းလောက်အောင် ပုံပျက်နေပေသည်။
ထိုအချိန်တွင် သူတို့က အခြေခံအားဖြင့် လူသား ချီထုတ်စက်များ ဖြစ်နေကြလေသည်။
တစ်ချိန်လုံး အိုးထဲကို ချီများ ထောက်ပံ့ပေးနေကြရသည်။ ရံဖန်ရံခါတွင် ချီကို ပိုပြီး ကျင့်ကြံထုတ်လုပ်နိုင်ရန် အကြီးအကဲများက ဝင်လာတတ်သည်။ ဤသည်မှာ ကိုးရက်လုံးလုံး ဆက်တိုက်ဖြစ်နေခဲ့သည်။
သူများလက်ထဲကို လွှဲမပေးနိုင်သည့်အကြောင်းရင်းက ရိုးရှင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ဟွာဆန်းတွင် အခြားမည်သူကမျှ ချီကို တတ်နိုင်သလောက် ထောက်ပံ့မပေးနိုင်သောကြောင့်ဖြစ်သည်။
တခြားအကြီးအကဲများက ဒီတစ်ဝက်လောက်တောင် ကြာကြာခံမှာမဟုတ်ပေ။ ထို့ကြောင့် ဟွာဆန်းသည် သူတို့ကို ဒီလိုမျိုး အားကိုးရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။
ဟွမ်ဂျုံ၏နားထဲသို့ သူယခုကြားနေရလေ့ရှိသော သာမန်ညည်းသံများထက် တခြားအသံတိုးတိုးလေးက ဝင်ရောက်လာခဲ့သည်။
“အဲ့ဒီလောက်လည်း မခက်ပါဘူး"
“…”
ဟွမ်ဂျုံနှင့် ဟွမ်ဆန်းတို့သည် အသံကြားသည်နှင့် တစ်ပြိုင်နက် ခေါင်းကို လှည့်ကြည့်လိုက်ကြသည်။
"လုပ်စမ်းပါ... မင်းတို့ ပါးစပ်ကိုဖွင့်ထားလိုက်စမ်းပါ... ကိုယ့်လူတွေရ"
“…အာ”
ဟွမ်ဂျုံက ပါးစပ်ကိုဖွင့်လိုက်ပြီး ဟွမ်ယုန်က ယာဂုကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ ဟွမ်ယုန်က သူတို့ကို နေ့တိုင်းလာတွေ့ပြီး တစ်ခုခုတော့ စားရမယ်ဟု ပြောပြီး ကျွေးခဲ့တာဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူတို့ကို ဒီနေရာကနေ ထွက်ခွာမသွားဖို့လည်း ပြောခဲ့သည်။ နောက်ဆုံးတော့ ဟွမ်ယုန်က သူတို့ကို ဒီနေရာမှာတင် ကျွေးဖို့ ဆုံးဖြတ်လိုက်၏။
"ဆရာတူအစ်ကိုကြီး စားလိုက်ပါ"
"ရပါတယ်... အဲဒါက…”
"မပြောနဲ့... ပါးစပ်ဟလိုက်ပါ"
“ကောင်းပါပြီ”
ဟွမ်ယုန်က ငှက်ပေါက်ကလေးတစ်ကောင်လိုကဲ့သို့ ပါးစပ်ဖွင့်ထားသည့် ဟွမ်ဆန်းကို ကျွေးမွေးနေလေသည်။ သူသည် သူ့မြေးများကို ကျွေးမွေးရမည့် အရွယ်ရောက်နေပြီဖြစ်သော်လည်း ဤကဲ့သို့ ကျွေးမွေးခြင်း ခံနေရသည်။
သို့သော် ဟွမ်ယုန်ကတော့ သူ့ဆရာတူအစ်ကိုကြီးကို ကြည့်ရင်း နောင်တ နည်းနည်းလေးတောင် ရနေပုံမပေါ်ပါ။
" ခက်ခဲတယ် လို့ မပြောပါနဲ့... ခက်ခဲတယ်ဆိုရင် လွန်ခဲ့တဲ့ သုံးနှစ်ကို ပြန်တွေးကြည့်လိုက်ပါ... ကျွန်တော်တို့ လမ်းပေါ်ရောက်တော့မယ့် အချိန်ကိုရောက်နေပါပြီ"
“…ဟုတ်တယ်”
“အမှန်ပဲ”
လွန်ခဲ့သည့် မိနစ်ပိုင်းလောက်ကအထိ သေတော့မည့်ပုံပေါ်နေသည့် လူနှစ်ဦးသည် စတင်၍ အားအင်တက်ကြွလာခဲ့သည်။
ဟုတ်တယ် ဘယ်လောက်ပဲ ခက်ပါစေ ဒါက သူတို့ရဲ့ ကောင်းမွန်တဲ့ အနာဂတ်အတွက် ရုန်းကန်နေတာပဲ။ ဒီပစ္စည်းတွေကို ရဖို့ အဝေးကြီးကို သွားခဲ့ကြတဲ့ သူတို့ တပည့်တွေရဲ့ အခက်အခဲတွေနဲ့ ယှဉ်လို့ရပါ့မလား။
'ငါတို့ အောင်မြင်မှဖြစ်မယ်'
'ငါဒီမှာရပ်နေရင်း သေသွားခဲ့မယ်ဆိုရင်တောင် ငါ ဒါကိုပြီး အောင်လုပ်ပြီးမှ သေမယ်'
ဟွမ်ဆန်းမှာ နှာခေါင်းမှ သွေးထွက်နေပြီဖြစ်သည်။ သို့သော် သူက ဒါကို အသားကျနေပြီဖြစ်သည်။ ဟွမ်ယုန်က သူ့ကိုဘေးနားကနေ အဝတ်နှင့် လိုက်သုတ်ပေးပါလိမ့်မည်။
"အာရုံစိုက်ထား... ဂိုဏ်းချုပ်... အာရုံစိုက်ထားပါ'
အန်ဂန်းက အိုးကို ဆက်မွှေနေသည်။ သူက ယောက်မကို ရွှေ့လိုက်တာနှင့် မျက်လုံးထဲမှာ စိတ်အားထက်သန်ပြင်းပြနေတာကို မြင်နေရသည်။
"တစ်ရက်ပဲ... တစ်ရက်ပဲကျန်တော့တယ်"
"ဟုတ်တယ်... တစ်ရက်ပဲ"
"တစ်ရက်ပဲ... တစ်ရက်လေးပဲ"
'မင်း ဒီလောက်ကြာအောင် အသက်ရှင်နေခဲ့တာပဲ... နောက်ထပ်တစ်ရက်လောက် ဆက်ပြီးတောင့်ခံမထားနိုင်ဘူးလား’
ဆေးပညာခန်းမအတွင်းတွင် ပူလောင်နေသည်။ ဂိုဏ်း၏အနာဂတ်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးရန် အဆင်သင့်ဖြစ်နေသော ဟွာဆန်းမှ အကြီးအကဲများသည် သူတို့၏ချီဓာတ်များကို စိတ်ဝိညာဉ်တက်ကြွဆေးထဲသို့ စတင် လွှဲပြောင်းပေးကြလေသည်။
'တစ်ခုခုဖြစ်နေတာ သေချာတယ်'
ကံကောင်းထောက်မစွာနှင့် လုပ်လို့ ပြီးသွားသည်ကို သူတို့ တွေ့လိုက်ရသည်။
အိုးထဲတွင် စွတ်စွတ်ဖြူနေသော အရည်များ ပွက်ပွက်ဆူနေကြသည်။ အိုးထဲတွင် ထည့်လိုက်သည့် ပစ္စည်းများကို ရှာလို့မတွေ့နိုင်တော့ပေ။
“အင်းးး... အနံ့က ပိုပိုပြင်းလာတယ်"
နေ့စဉ်နှင့်အမျှ အိုးအတွင်းမှ အရည်များသည် ပိုမိုချိုမွေး၍ သန့်ရှင်းသော ရနံ့များ ထွက့်နေခဲ့သည်။ နောက်ပြီး ဒါက တစ်ခုခုဖြစ်နေပြီဆိုတာ သိသာပေသည်။
လူသုံးယောက်က အိုးကို စိုက်ကြည့်နေကြသည်။
-ရှူးးးး-
-ရှူးးးးး-
အိုးနှင့် ယောက်မ၏ ပွတ်တိုက်သံများကို ကြားနေရသည်။ သူတို့သည် ဒီအသံကို ကိုးရက်ဆက်တိုက် နားထောင်နေခဲ့ရသည်။ အခုအနေ အိမ်မက် မက်ရင်တောင် အိပ်မက်ထဲမှာလည်း ကြားရလောက်မည်ဟုပင် ခံစားမိကြသည်။
"အကြီးအကဲ... ကျွန်တော့်ရဲ့ ချီက အားနည်းလာပြီ”
“အားး... ငါတို့ ဒါကို လုပ်မှဖြစ်မယ်”
ဟွမ်ဆန်းက ကြောက်စရာကောင်းသော မျက်နှာဖြင့် သူ၏ချီများကို အိုးထဲသို့ ထည့်လိုက်၏။ နဖူးပေါ်က ချွေးများမှာ မိုးရေလို ကျဆင်းလာခဲ့သည်။
လွန်ခဲ့သော နာရီအနည်းငယ်ကထိ တောင့်ခံထားဆဲဖြစ်ပေမဲ့ ယခုအခါ သူတို့၏အရိုးများ ကြေမွသွားသလို ခံစားနေရသည်။
နှုတ်ခမ်းကို ကိုက်ရင်း စိတ်တင်းနိုင်အောင် ကြိုးစားနေသည့်အချိန်တွင် အသံတိုးတိုးလေးကို ကြားလိုက်ရသည်။
"ခက်ခဲနေလို့လား"
သုံးယောက်သား ဘေးကို လှမ်းကြည့်လိုက်သည်။
သူတို့အလုပ်လုပ်နေသည့် အချိန်တစ်လျှောက်လုံး သူတို့ကို တိတ်တဆိတ်ကြည့်နေခဲ့သောသူက သူတို့နောက်တွင် အသားနှပ်ခြောက်များကို ဝါးနေခဲ့သည်။
“…”
“…”
ချွန်းမြောင်ပင်။
‘ဟုတ်တာပေါ့…'
'ဟုတ်တယ်... မင်းက ဒီဆေးဖော်ဖို့အတွက် တကယ်ကို အလုပ်တွေ အများကြီး လုပ်ခဲ့ရတယ်... မင်းတကယ်လုပ်ခဲ့တာတွေ အများကြီးပါပဲ... ဒါကြောင်း ဒီစိတ်ဝိညာဉ်တက်ကြွဆေးဖော်ပြီးတဲ့ အခိုက်အတန့်ကို ကြည့်ချင်မှာပဲ... ငါ အဲဒါကို အပြည့်အဝ နားလည်ပါတယ်... ဒါပေမယ့်…'
'ဘာလို့ ဒီနေရာမှာ အစားလာစားနေတာလဲ... ဘာလို့လဲ'
အကြီးအကဲများက သူ့လက်ထဲက အသားနှပ်ခြောက်ကို စူးစိုက်ကြည့်နေကြသောအခါ သူက တောက်ပစွာ ပြုံးပြီး မေးလိုက်လေသည်။
"စားချင်လို့လား"
“…မဟုတ်ပါဘူး”
သူက အင်မတန် ကြင်နာတတ်သော ကလေးတစ်ဦးဖြစ်သော်လည်း သူ၏အားနည်းချက်မှာ အလိုက်ကန်းဆိုးမသိခြင်းပင်။
ဟွမ်ဂျုံက အနေခက်သဖြင့် ချောင်းဆိုးပြီး ပါးစပ်ကို ဖွင့်လိုက်၏။
"ဒီမှာ မင်းအတွက် အလုပ်မရှိသလိုပါပဲ... မင်းဒီနေရာမှာ တကယ်ရှိနေဖို့ လိုလို့လား"
"အိုး... ကျွန်တော်လည်း သွားချင်ပါတယ်"
"အာ"
အဖြေက တခြားတစ်ဖက်က လာတာဖြစ်သည်။
"ဘယ်လောက် အသုံးမဝင်တဲ့စကားလဲ"
ထိုသူမှာ ဟွမ်ယုန်ဖြစ်သည်။
"ဒါက ကျွန်တော်တို့အတွက် ဘယ်လောက် အရေးကြီးတဲ့ အလုပ်လို့ ထင်လဲ"
“အခုက ဘာလို့…”
"ကျွန်တော့် ဆရာတူအစ်ကိုကြီးနဲ့ တခြားသူတွေ... ပြီးတော့ ဟိုနားက အန်ဂန်း... အားလုံး ကိုယ့်ကိုယ်ကို ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုကို လုပ်ခဲ့တာလို့ ထင်နေတာလား... ဟွာဆန်း ဒီနေရာကို ရောက်တဲ့အထိ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ သွေးတွေနဲ့ ငွေတွေကို ဖြုန်းတီးခဲ့သူတွေပဲ”
“…”
နာကျင်ဖွယ် အတိတ်ကိုတွေးရင်း ဟွမ်ဂျုံနှင့် ဟွမ်ယုန်တို့မှာ ပါးစပ်တောင် မဖွင့်နိုင်ပေ။
"…..ဒါပေမယ့် ဒီကောင်လေးက ဒီမှာ ဘာလုပ်မှာမို့လဲ"
"သူ့လို လူမျိုးက အသုံးမဝင်ဘူးလို့ ထင်လို့လား... ရွှေဖားပြုတ်ကို အိမ်ထဲမှာ ထားမယ့်အစား အပြင်မှာ မထားသင့်ဘူးလား... သူ ကျွန်တော်တို့အနားမှာ ရှိနေတာက အန္တရာယ်ကင်းတာမို့ သူ့ကို နှင်ထုတ်ဖို့ အိပ်မက်တောင် မမက်လိုက်ပါနဲ့”
‘ယား... မင်း အရူးပဲ'
'မင်းက သူခိုးပဲ'
'အထူးသဖြင့် အဆောင်လက်ဖွဲ့ကို ဘယ်လိုသုံးရမှန်းတောင် မသိတဲ့လူကို အဆောင်လက်ဖွဲ့လို့ခေါ်တာ အဓိပ္ပာယ်ရှိလို့လား... အခု မင်းက သူ ငါတို့ကို နှိပ်စက်အောင်များ လုပ်ချင်နေတာလား’
ဟွမ်ယုန်သည် ရံဖန်ရံခါတွင် ဟွာဆန်းက နောက်ကျနေခဲ့သော အချိန်များကို တွေးမိသည့်သည်ကို မတွန်းလှန်နိုင်ပေ။ သို့သော် သူ ချွန်းမြောင်ကိုလည်း အတင်းအကျပ် မတွန်းထုတ်ချင်ပါ။
'တကယ်တော့ ငါ နည်းနည်း စိတ်လှုပ်ရှားနေလို့ပါ’
ဤကိစ္စမှာ အတော်လေး ကြီးမားသည့် ကိစ္စဖြစ်ပေမဲ့ အကူအညီမပါဘဲ ကိုယ့်ဘာသာလုပ်ရတာက သူတို့အတွက် ခက်တော့ခက်ခဲပေသည်။ ထို့ပြင် ချွန်းမြောင်က သူတို့၏လက်များမှာ အိုးကြီးနဲ့ တွဲချည်ခံထားရချိန်တွင် တစ်ခုခု အရှုပ်လုပ်လိုက်ပါက ဘာဖြစ်သွားနိုင်မလဲ။
‘ချွန်းမြောင် သူတို့အနားမှာ ရှိနေတာက သူတို့အတွက် ထူးဆန်းတဲ့ လုံခြုံမှုမျိုးကိုတော့ ခံစားရစေတယ်'
ဂျွတ်.. ဂျွတ်...ဂျွတ်
“…”
သူက အသားခြောက်ကို တစ်ချက် ကိုက်လိုက်တိုင်း ငရဲဆန်လှသော အသံကို ထွက်စေတာကလွဲလို့...
အသားခြောက်ကို ကိုက်နေသော ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်သည်။
“ဆေးစပ်ခန်းမခေါင်းဆောင်... ခင်ဗျားလက်တွေက အရှိန်နည်းနည်း ကျသွားပြီထင်တယ်"
"ဟ... ဟုတ်လား"
"အကြီးအကဲ... ခင်ဗျားရဲ့ ချီကကျနေပြီ"
"... အဲ့ဒီလိုလား"
“ဒီလိုမျိုးသာ ပြောင်းလဲနေရင် စိတ်ဝိညာဉ်တက်ကြွဆေးရဲ့ အကျိုးသက်ရောက်မှုက အများကြီး လျော့သွားလိမ့်မယ်... ဒီဆေးပင်တွေ အားလုံးကို ကျွန်တော် ခက်ခက်ခဲခဲနဲ့ စုဆောင်းခဲ့ရတာ… ပစ္စည်းပြတ်သွားရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
"ကျွတ်"
သူပြောသွားတာတွေက အမှန်ပင်ဖြစ်သည်။
ထို့ကြောင့် ပိုလို့တောင် စိတ်အနှောက်အယှက်ဖြစ်ရသည်။ ’မှန်တာပြောလို့ ရွာ့ပြင်ထုတ်ခံရတယ်’ဆိုတဲ့စကားကို သူနားလည်နိုင်ပြီထင်သည်။
"တစ်ရက်ပဲ... တစ်ရက်လေးပဲ... တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်မနေပါနဲ့... နောက်ဆုံး ထွက်သက်ကို ညှစ်ထုတ်ရရင်တောင်"
“အား”
လူတိုင်းက စိတ်အား ပြန်ပြီး တက်ကြွလာသလို ခံစားလိုက်ရသည်။ သို့သော် ထိုအချိန်တွင်…
"အ... အာ"
သံယောက်မကို ကိုင်ထားသည့် အန်ဂန်း၏လက်များသည် စတင် တုန်ယင်လာသည်။
"အာ ဘာလဲ... အားးးး"
သူ့လက်တွေက အကြောဆွဲသလိုမျိုး တုန်ယင်နေလေ၏။
"အားး မဟုတ်ဘူး"
အန်ဂန်းက အလန့်တကြား အော်လိုက်လေသည်။
အချိုးကျ မှန်ကန်စွာ ရောစပ်နိုင်ရန်အတွက် အရှိန်တစ်သမတ်တည်းနှင့် အဆက်မပြတ် မွှေပေးရမှာဖြစ်သည်။ နောက်ပြီး ချီပမာဏမှန်အောင် ထည့်၍ သင့်တော်သည့်အရောင်အဖြစ် ဖြူလာအောင် မွှေပေးရမည်။
ထိုသို့ မလုပ်ဆောင်နိုင်ပါက အလွန် စျေးကြီးသော ပစ္စည်းများကို ဖြုံးတီးမိပေလိမ့်မည်။
သို့သော် သူ့လက်ကို မည်မျှပင် လှုပ်ရှားအောင် ကြိုးစားပါစေ လက်ကတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပေ။
အခြေအနေကို သဘောပေါက်သော အန်ဂန်းက ဖျော့နေတော့သော မျက်နှာဖြင့် အော်လိုက်လေသည်။
"မဟုတ်ဘူး... ဘာလို့လဲ... ဒီလိုမမဖြစ်ရဘူး”
"ဘယ်လို"
"ကျ... ကျွန်တော် ဒါကို မလုပ်နိုင်တော့ဘူး"
“ဆေးပညာခန်းမက အကူကို ခေါ်ပေးရမလား”
ဟွမ်ယုန်က မေးလိုက်သောအခါ အန်ဂန်းက ခေါင်းယမ်းပြပြီး အလျင်စလို ပြန်ဖြေလိုက်၏။
“သူတို့ လုပ်နိုင်မှာမဟုတ်ဘူး... အကြီးအကဲတစ်ယောက်ရဲ့ အဆင့်လောက်ရှိမှဖြစ်မှာ... လုံလောက်တဲ့ အတွင်းအား ချီရှိတဲ့ လူတစ်ယောက်မှ”
"ဒါဆို ကျွန်တော်ရော"
"ဒီ... ဒီနေရာမှာ တခြား ဘယ်သူမှ မရှိတော့ဘူးလား"
ဟွမ်ယုန်က တခြားအကြီးအကဲများလောက် မကျွမ်းကျင်ဘူးဆိုတာကို သတိမထားမိကြဘူးလား။
"မြန်မြန်လုပ်ပါ... မ... မဖြစ်ရဘူး... ပါဝင်ပစ္စည်းတွေ"
အန်ဂန်းက အသည်းအသန် အော်ဟစ်အကူအညီတောင်းနေလေရာ ချွန်းမြောင်က ထရပ်လိုက်၏။
“အာ”
ထို့နောက် အန်ဂန်းဆီသို့ အပြေးသွားကာ ယောက်မကို ယူလိုက်လေသည်။
"နှစ်ရက်လောက် မွှေပြီးကတည်းက ခင်ဗျားက ပင်ပန်းနေပြီပဲ"
“အာ… မဟုတ်ပါဘူး... အဲ့ဒီလိုမဟုတ်ပါဘူး…”
အန်ဂန်းက အကြောင်းပြချက် တစ်ခုခုကိုစဉ်းစားရန် ကြိုးစားနေစဉ် ပစ်လဲသွားလေသည်။ အန်ဂန်းမှာ ယောက်မအား လွှတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများ အားလုံး ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။
“အား…”
လူတစ်ယောက် လဲကျသွားသည်နှင့် ကျန်တဲ့သူတွေကလည်း ကတ်ဆွဲသလို ဆက်တိုက် လဲကျကုန်လေသည်။
“ဂါးးးးးး”
-တက်-
“မဖြစ်ဘူး... ဆရာတူအစ်ကိုကြီး"
ဟွမ်ဆန်းက လဲကျသွားပြီး နှာခေါင်းမှ နှာခေါင်းသွေးများကလည်း အပြင်းအထန် ထွက်နေလေသည်။
ဟွမ်ယုန်က အလန့်တကြားနှင့် ဟွမ်ဆန်းဆီကို ပြေးသွားလေသည်။ အထူးသဖြင့် အတွင်းအားချီကို ကိုးရက်ဆက်တိုက် ထုတ်ပြီး အိုးထဲသို့ ထည့်ပေးပြီးနောက်မှာ ကြာကြာဆက်ပြီး ထိန်းထားရန်မှာ ယုတ္တိမရှိဟုပင် သူ ခံစားမိသည်။
"ဟွမ်... ဟွမ်ဆန်း …အမ်”
ဟွမ်ဂျုံလည်း ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။
ချွေးများကလည်း သူ့ခန္ဓာကိုယ်မှ ရေတံခွန်ကဲ့သို့ စီးကျနေသည်။ သူ၏ချီစွမ်းအားကို ပြန်လည်ဖြည့်တင်းနိုင်ပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ သူ့အသက်အရွယ်ကြောင့် သူ့ကို မထောက်ကန်ပေးနိုင်တော့ပေ။
ဟွမ်ယုန်က တုံးလုံးလဲနေသည့် ဆရာတူအစ်ကိုကြီးများကို ကြည့်လိုက်သည်။
‘ဒီ... ဒီလို ဖြစ်နေရမှာမဟုတ်ဘူးမလား...'
'တစ်ရက်ပဲကျန်တော့တယ်... အားလုံးက မူးမေ့ကုန်ရင် ဘာဖြစ်ကုန်မလဲ... ဆေးလုံးကကော... ဒါက အဆုံးသတ်ပဲလား'
ဟွမ်ယုန်က စိတ်ပျက်အားငယ်မှုကြောင့် လဲကျတော့မလို ဖြစ်နေလေသည်။
"အား... လုပ်ထားစမ်းပါ"
သူ့ရှေ့တွင် ထူးဆန်းသည့် မြင်ကွင်းတစ်ခုက ပေါ်ခဲ့သည်။
"ဒီလိုလုပ်ရမှာထက် ငါသေသွားခဲ့သင့်တာ"
ချွန်းမြောင်က အိုးကို လက်တစ်ဖက်နှင့် ကိုင်လိုက်ပြီး နောက်တစ်ဖက်နှင့် ယောက်မကို ကိုင်ကာ အော်လိုက်၏။ ထို့နောက် သူက စပြီး မွှေလေတော့သည်။
"ဒီကို ဘယ်လို ရောက်လာတာလဲ... သေခြင်းတရားကို ရင်ဆိုင်ရမယ်ဆိုရင်တောင် မရှုံးသင့်ဘူး"
ဟွမ်ယုန်က အံ့ဩထိတ်လန့်သွားပြီး ချွန်းမြောင်၏ နောက်ကျောဘက်ကနေ လက်ပေါင်းများစွာ ဆန့်ထုတ်လာသလို ခံစားရသည်... လက်တစ်ဖက်က ချီစွမ်းအားထုတ်၍ နောက်တစ်ဖက်က အိုးကို မွှေနေ၏။
သူက သူ့ဆရာတူအစ်ကိုကြီးများကို အမြန်ပစ်ချပြီး ချွန်းမြောင်ဆီ ပြေးသွားလေသည်။
"ချ... ချွန်းမြောင်... မင်း အဆင်ပြေရဲ့လား"
"ကျွန်တော် အဆင်မပြေရင်တောင် ဒီအလုပ်ကို လုပ်ကိုလုပ်မှဖြစ်မှာ"
"မှန်တယ်... ဟုတ်တယ်... ဒါမှ ငါတို့ ချွန်းမြောင်ပဲ”
"ခဏလောက် နောက်ဆုတ်နေပါဦး"
“ကောင်းပါပြီ”
ဟွမ်ယုန်က ချက်ချင်း နောက်ပြန်ဆုတ်သွားလေသည်။ ယခုတော့ သူက ဘာမှ ထပ်မမေးတော့ပေ။
"အာ"
ချွန်းမြောင်က ချီဓာတ်များကို အစွမ်းကုန် မြှင့်တင်လိုက်၏။ သူသည် သူ၏ချီဓာတ်များ ပါနေသော အိုးထဲရှိ ပါဝင်ပစ္စည်းများကိုပင် ခံစားလို့ရနေသည်။
အပေါ်ယံမှာတော့ သူတို့အားလုံး အရည်ပျော်သွားပုံပေါ်သည်။ သို့သော် အဲ့ဒီလို မဟုတ်ပေ။ ချွန်းမြောင်က မွှေလိုက်သောအခါတွင် ၎င်းတို့ကို ယောက်မနှင့် ထိတွေ့မိသည်ကို ခံစားနေရသည်။ တစ်ချို့နေရာတွေမှာ စုပုံပြီး ခဲနေပုံရသည်။
ဒါက ဆေးလုံး၏လျှို့ဝှက်ချက်ဖြစ်ကောင်းဖြစ်နိုင်သည်။
"ဟုတ်ပြီ... ဒါကြောင့် ဖြစ်နေတာပဲ... ဒါကို မှန်အောင် လုပ်ကြစို့"
'ဆေးဖက်ဝင်အပင်တွေက ပြီးပြည့်စုံအောင် သဟဇာတဖြစ်သွားရင် ဘာဖြစ်မလဲ'
'...အဲဒါလည်း ငါ့ရဲ့ချီဓာတ်နဲ့ပဲလား'
'အသန့်စင်ဆုံး ချီကို အကောင်းဆုံးဆေးပြားထဲ ထည့်လိုက်ရင် ရလာဒ်က ဘာဖြစ်မလဲ'
ချွန်းမြောင်က တဖြည်းဖြည်း ဘဝင်ခိုက်ပြီး အိုးကို စတင်မွှေတော့သည်။
ထိုအခိုက်အတန့်ကို ဟွမ်ဂျုံက ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။
ချွန်းမြောင်၏ နောက်ကျောကနေ တက်လာသည့် စွမ်းအင်များမှာ မတူညီသော အရောင်ငါးမျိုးနှင့် တောက်ပနေလေသည်။
“….”
'ချွန်းမြောင်'
‘အေးဆေးပါလား’
'မင်းတိုးတက်တာ အရမ်းမြန်ပုံပဲ'