← Chapters

ဒီလောက်ထိ ရက်ရက်ရောရော ပေးကမ်းဖို့ရာအတွက်(၃)

Vol. 18 Ch. 243

ဒီလောက်ထိ ရက်ရက်ရောရော ပေးကမ်းဖို့ရာအတွက်(၃)

Vol. 18 Ch. 243

ညနက်သည့်အချိန်၌

ချွန်းမြောင်သည် မည်သူမျှမသိအောင် ဂိုဏ်းချုပ်၏နေအိမ်နောက်ဘက်သို့ ခိုးဝင်ခဲ့သည်။

အနက်ရောင် အဝတ်များနှင့် ဖုံးထားပေမဲ့ အပြုံးကတော့ သူ့မျက်နှာကနေ ထွက်ခွာမသွားပေ။

'အရင်က ဘာလို့ ဒါကို မတွေးမိခဲ့တာလဲ'

မဟုတ်ဘူး။ အဲဒါကို တွေးမိဖို့ အကြောင်းအရင်း မရှိလို့သာ သူ မစဉ်းစားမိတာဖြစ်သည်။

ယခုအချိန်အထိ ဟွာဆန်းတွင် ထိုသို့သောအရာများကို အထူးတလည် လိုအပ်ခြင်းမရှိခဲ့ပေ။ လိုအပ်လျှင်ပင် သူတို့ထံတွင် သံအေးကို ရယူနိုင်စွမ်းမရှိပေ။

ပမာဏ အနည်းငယ်ပင်လျှင် ဟွာဆန်းသည် ၎င်း၏တောင်တန်းအချို့ကို ရောင်းချရန် လိုအပ်ပေလိမ့်မည်။

‘ကျွတ်’

ချွန်းမြောင်က ဂိုဏ်းချုပ်၏ နေအိမ်အနောက်ဘက်ရှိ တောင်တန်းအသေးလေးကို ခံစားချက်အသစ်ဖြင့် ကြည့်လိုက်သည်။

'ဒီမှာ ငါသာမရှိရင် ဂိုဏ်းက တော်တော်ဒုက္ခရောက်မှာပဲ'

'မဟုတ်ဘူး ငါမရှိရင် သူတို့ ဒီထက် နှစ်ဆလောက် ဒုက္ခရောက်မှာလား'

သူတို့ ပိုင်ဆိုင်သမျှ လုယက်ခံခဲ့ရပြီး ကိုယ်ပိုင်မြေပေါ်မှ နှင်ထုတ်ခံရလုနီးပါး ဖြစ်နေခဲ့သည်။ သူ ထိုအကြောင်းကို တွေးလိုက်တိုင်း နှာသီးဖျားတွေ အေးစက်လာတတ်သည်...

ချွန်းမြောင်က ထိုအတွေးများကို ဖယ်ထုတ်လိုက်ပြီး အသင့်ပြင်လိုက်၏။

'အိုး လုပ်စမ်းပါ’

သူ ဒီနေရာထိတောင် ရောက်လာခဲ့ပြီပဲ။ တစ်ချိန်က သူစားဖို့ ပိုက်ဆံမရှိဘဲ သေခါနီးဖြစ်နေတဲ့ လမ်းပေါ်က သူတောင်းစားတစ်ယောက် ဖြစ်ခဲ့တာမဟုတ်လား။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကို ဒီနေရာထိရောက်အောင် တရွတ်ဆွဲလာခဲ့တာ မဟုတ်ဘူးလား။

“အား... ငါသွားရမယ့်လမ်းက အရှည်ကြီးကျန်နေသေးတယ်... အဝေးကြီးလိုသေးတယ်”

ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အဖြေရှာတွေ့တာနှင့် အရာရာက ပိုကောင်းလာလိမ့်မည်။

ချွန်းမြောင်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တောင်တန်းကြီးကို မော့ကြည့်လိုက်သည်။

“ဟုတ်တယ်... ဒီလို ဖြစ်နေရမယ့် အချိန်မဟုတ်ဘူး”

တည်တင်းသောအမူအရာဖြင့် သူ့ဓားကို ဆွဲထုတ်ကာ အသက်ပြင်းပြင်းရှူလိုက်၏။

"ငါလာပြီကွ"

မြေပြင်ပေါ်မှ ဖုန်မှုန့်များ ဒလဟော ထလာလေသည်။ ချွန်းမြောင်က သူ၏ဓားကို ပုဆိန်အဖြစ် အသုံးပြုကာ မြေပြင်ကို အချပ်လိုက် ခွဲထုတ်လိုက်သည်။

တောင်တန်းထဲသို့ ချက်ချင်း တူးနေသော ချွန်းမြောင်က ဦးတည်ချက်ပြောင်းကာ ရှေ့သို့ တိုးသွားခဲ့သည်။

မြေမှုန်များ ဘေးသို့ ပြုတ်ကျသံများက တဖွားဖွား ထွက်ပေါ်လာသည်။

'အဲဒီတုန်းက ငါ ဒီလိုပဲ ဒုက္ခရောက်ခဲ့ရတာ’

ဒါပေမယ့် အခု မဟုတ်တော့ပါ။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူမည်မျှ သန်မာလာသည်ကို သူ ချက်ချင်း ခံစားနိုင်သည်။

"အာ"

သူ့ဓားကို မာသောအရာတစ်ခုခုနှင့် ထိသွားသလို ခံစားလိုက်ရသော ချွန်းမြောင်သည် တူးနေတာကို ရပ်တန့်သွားလေသည်။

'အဲဒါက ဒီနားတစ်ဝိုက်မှာပဲ...'

‘ဟ ဟုတ်သားပဲ’

အရင်ကတော့ သူ လမ်းမှန်ကိုဖွင့်ပြီး ဝင်လာခဲ့သည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ သူ၏ ဝင်ရောက်သည့်နည်းလမ်းကို ပြောင်းလဲခဲ့သည်။ သူ ထိုအရာကို နည်းမှန်လမ်းမှန်နှင့် ထိတွေ့မိလေလေ ဟွမ်ဂျုံက ထိုအရာ ပိုပြီး သတိထားမိလေလေဖြစ်သည်။ ဟွမ်ဂျုံသာ သတိထားမိသွားလျှင် သူလည်း ဝင်လို့မရနိုင်ပေ။

"ဒီလိုပဲဖြစ်ရမယ် မဟုတ်လား"

ချွန်းမြောင်က ဓားကို မြှောက်ပြီး ထိုအရာကို ထိုးလိုက်ပြန်၏။

"ဒါမဟုတ်လား"

“အိုး”

ချွန်းမြောင်၏ မျက်လုံးအရောင်များမှာ အရောင်ပြောင်းသွားလေသည်။

'ငါ တူးတာ မှန်သားပဲ'

မာကျောသော အရာက သူ့ဓားဖျားကို ရပ်တန့်သွားစေသည်။ ချီစွမ်းအားထည့်ထားသည့် သူ့ဓားကို ကျောက်တုံးတစ်တုံးကတော့ ဘယ်လိုမှ တားဆီးလို့ မရနိုင်ပေ။ ထို့ကြောင့် သူ့ရှေ့တွင်ရှိနေသောအရာသည် ယခင်က သူ့ဂိုဏ်းချုပ်အသုံးပြုခဲ့သော လျှို့ဝှက်ဘဏ္ဍာငွေများသာဖြစ်ရမည်... မဟုတ်ဘူး။ ဒါက နောက်ထပ် ဟွာဆန်းဂိုဏ်းချုပ်ဆီ လက်ဆင့်ကမ်းရမှာပင်။

"ကြည့်ရအောင်"

ချွန်းမြောင်က သူ့ဓားကို ခါလိုက်သည်။

ထို့နောက်တွင် မြေမှုန်များက အစုလိုက်အပုံလိုက် တက်လာပြီး နောက်ဆုံးတွင် အပေါ်မျက်နှာပြင်တစ်ခု ပေါ်လွင်လာခဲ့သည်။ ချွန်းမြောင်က ထိုအရာကို အကြာကြီးကြည့်ပြီးနောက် သဘောကျသွားလေသည်။

“အံ့သြစရာပဲ... ဂိုဏ်းချုပ်... ကျွန်တော်တို့ကို ဒီလောက်ထိ ရက်ရက်ရောရော ဘယ်လိုများ ပေးနိုင်ရတာလဲ"

သူက ဘဏ္ဍာသိုက်ထဲက ရတနာအားလုံးကို ထုတ်ယူလိုက်ပြီး ယခုအခါ သတ္တုကိုပင် ဖြတ်တောက်နေပြီဖြစ်သည်။

အရင်ဂိုဏ်းချုပ်သည် ဒီလိုလုပ်နေတာကို မျက်မြင်တွေ့ပါက လေသင်တုန်းဖြတ်သွားနိုင်သည်။

-ဟုတ်တယ်... မင်းက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ...

"အာ... နောက်မှ စကားပြောရအောင်လေ... ကျွန်တော် အခု အလုပ်ရှုပ်နေတယ်"

သူ့စိတ်ထဲတွင် ထင်ယောင်မြင်ယောင် နေသည်များကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည့် ချွန်းမြောင်က သူ့ဓားကို မြှောက်လိုက်ပြီး မြေပြင်ကို ဓားနှင့်ထိုးလိုက်၏။

'ဒါက တော်တော် မာတာပဲ'

ဒါ… ဒါက နှစ်တစ်ထောင်ရဲ့ အေးခဲသံပဲ။ အကယ်၍ ၎င်းသည် နှစ်တစ်ထောင်အေးခဲသံမဟုတ်လျှင် ဒီလောက်ထိ ခိုင်ခံ့မာကြောလိမ့်မည်မဟုတ်ပေ။

"ဒါပေမယ့် အခုတော့ မဟုတ်ဘူး"

ချွန်းမြောင်က မျက်မှောင်ကြုတ်ပြီး သူ့ဓားကို လှုပ်ရှားလိုက်၏။

သူ၏ လှုပ်ရှားမှုကို တုံ့ပြန်သည့်အနေဖြင့်

သူ၏ဒန်တျန်အတွင်းရှိ ချီသည် မြင့်တက်လာလေသည်။ သူ့ခန္ဓာကိုယ်တလျှောက် ဖြတ်ပြေးသွားသည့် ချီက သူ၏ဓားဆီသို့ အပြေးရောက်သွားလေသည်။

ဝုန်းးးး

ချွန်းမြောင်၏ဓားသည် ပြတ်သားသော အသံများကို ပဲ့တင်ထပ်သွားစေ၏။

အနည်းငယ်တွေဝေနေသောအမူအရာဖြင့် ချွန်းမြောင်က သူ၏ဓားကို မြှောက်လိုက်၏။ သူ၏ဓားနှင့် လေထဲတွင် ပျော့ပျောင်းသော အဝေ့အဝိုက်ပုံစံကို ပုံဖော်လိုက်သည်။

ရှူးး

ဓားကို တင်းကျပ်စွာ ကိုင်ဆောင်သည့် ချွန်းမြောင်က ဓားကို ပုံစံပြင်ကိုင်၍ ဓားအိမ်ထဲသို့ ပြန်တွန်းထည့်လိုက်လေသည်။

"ကျွတ်"

ချွန်းမြောင်က ဝမ်းသာနေပုံပေါ်သည်။

"ကဲ... ပြတ်သွားစမ်း…”

ထိုအချိန်တွင် ခုတ်ဖြတ်လိုက်သော သံတုံးအပိုင်းအစ ကြီးကြီးတစ်ခု ပြုတ်ကျလာသည်။

“အာ”

“…”

ချွန်းမြောင်၏ခေါင်းသည် ပြုတ်ကျလာသော သတ္တုအပိုင်းအစနှင့် ထိမိသွားလေသည်။

ထိုအရာကို တွန်းထုတ်လိုက်ရင်း ညည်းညူ၍ ကျိန်ဆဲလိုက်သည်။

'သေချာတယ်... မင်း အဲဒီလိုပဲ ခုတ်ဖြတ်နေရင် မျက်နှာကျက်က ပြိုကျတော့မှာ... မင်း အရူးပဲ'

သူက နှာခေါင်းသွေးများကို သုတ်လိုက်ပြီး ပြုတ်ကျလာသည့် သတ္တုအပိုင်းအစကို ကြည့်လိုက်သည်။

"အင်း... ဒီလောက်ဆို လုံလောက်မှာပါ"

လူတစ်ယောက် လှဲအိပ်လို့ ရလောက်သည်အထိ ကြီးမားသည်။ ဒီအရွယ်‌အစားလောက်ဆိုလျှင် အိုးတွေအများကြီး လုပ်လို့ရပေမည်။

သို့သော် ပြဿနာက…

"ဒါက ငါထင်ထားတာထက် ပိုပါးနေပါလား"

ဟုတ်တယ်။

ဤအရွယ်အစားရှိသော အမိုးခုံးတစ်ခုကို သတ္တုအထူဖြင့် ပြုလုပ်ထားသင့်သည်။ ရှောင်လင်ဂိုဏ်းပင်လျှင် လူတစ်ယောက်က ဝင်ရောက်ရန် တိုင်နှစ်တိုင်ကို ဖြိုဖျက်ရန် လိုအပ်ပေမည်။ သို့သော် ဟွာဆန်းသာ အဲဒီလိုလုပ်လျှင် မွဲပြာကျသွားနိုင်သည်။

ချွန်းမြောင်က သံအေးကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ပြီးတော့…”

မူလအစီအစဉ်မှာ ဤသတ္တုအပိုင်းအစကိုယူပြီး အိုးတစ်လုံးပြုလုပ်ရန်ဖြစ်သည်။ သို့သော် သူရလာတဲ့ သံအေးက ထူးထူးဆန်းဆန်း အရမ်းပါးလွှာနေသည်။

ဒီအခြေအနေရဲ့ တစ်ခုတည်းသော အဓိပ္ပာယ်က...

"...ဒါကို ကွေးလိုက်ရမှာလား"

'ဒီ အနှစ်တစ်ထောင် အေးခဲ သံကိုလေ'

'ငါက'

ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်သည်။

သူ့ရှေ့မှာ မြင်လိုက်ရသည့် တစ်ခုတည်းသော နည်းလမ်းမှာ အလဟဿမဖြစ်အောင် စွန့်စွန့်စားစားနှင့် တခြားသူများအား မပေးဘဲ ဒီသံကို သူကိုယ်တိုင် ထုရိုက်ပြီး အိုးကို ပုံသွင်းဖို့ပင်ဖြစ်သည်။

စိတ်မကောင်းစရာမှာ ဟွာဆန်းတွင် မည်သူကမျှ ယင်းပညာနှင့်ပတ်သက်ပြီး မထူးချွန်ကြပေ။

'အာ... ဖြစ်နိုင်တဲ့ နေရာ တစ်နေရာတော့ရှိတယ်... ဂိုဏ်းချုပ်နဲ့ တောင်ဘက်စွန်းဂိုဏ်းရဲ့ အကြီးအကဲတွေဆို လုပ်နိုင်ကြမလားပဲ'

'ဟုတ်တယ်'

‘သူတို့တွေ ပျော်ပျော်ကြီး လုပ်ကြလိမ့်မယ်'

'ဟားဟား... သူတို့က ငါတို့ကို ဝမ်းသာအားရ ကူညီပေးကြလိမ့်မယ်'

'အဲ့ဒီလိုသာဆို'

အဆုံးတွင် ချွန်းမြောင်က သူ့ဘာသာသူလုပ်ရန်မှလွဲ၍ အခြားအဖြေမရှိသည်ကို သဘောပေါက်သွားသဖြင့် လေးလေးနက်နက် သက်ပြင်းချလိုက်လေ၏။

“…ဟုတ်တယ်... ကိုယ့်အသက်နဲ့ရင်းပြီးပဲ လုပ်သင့်တယ်”

ထို့နောက် ထိုင်ချလိုက်ပြီး သံပြားအကြီးကြီးကို သူ့ပေါင်ပေါ်တင်လိုက်သည်။

ဘယ်ဘက်လက်က သံပြား၏ အောက်ပိုင်းကို ဆုပ်ကိုင်လိုက်သည်...

ဝှီးးးးးး

အပူရှိန်ပြင်းပြင်းကို ထုတ်ပေးရသောကြောင့် သူ့လက်သည် ဖြူဖျော့သွားလေသည်။ တစ်ချိန်တည်းမှာပင် သံပြားကြီးက အနီရောင်ပြောင်းလာခဲ့သည်။

“အား”

ထို့နောက် ပူနေသည့်အပိုင်းကို သူ၏ညာလက်နှင့် ထုရိုက်၏။

"ငါပဲ အကုန်လုပ်မယ်"

"မင်းတို့ ငါမပါဘဲ လုပ်လို့ကိုမရကြဘူး"

သူ့လက်တွေက သံကို ထုရိုက်နေ၏။ လွန်ခဲ့သည့်နှစ်က ဖြစ်ပျက်ခဲ့သမျှကို တွေးရင်း ဒေါသနှင့် ပျော်ရွှင်မှုကို ခံစားနေရသည်။ တစ်ချိန်တည်းမှာပင် အလွန်မာကျောသော သံသည် တဖြည်းဖြည်း ကွေးညွှတ်လာခဲ့သည်။

"မဟုတ်ဘူး ဒီကောင်စုတ်တော့"

သူ့မျက်လုံးများမှာ ဝင်းဝင်းတောက်နေ၏။ ချွန်းမြောင်က ဘယ်သူမို့လဲ။

ကိုယ့်လမ်းမှာ လာပိတ်‌နေတဲ့ အခြေအနေမျိုးနဲ့ တွေ့ရရင်တောင် ကိုယ့်အတွက် အကျိုးရှိအောင် ပြောင်းလဲပစ်နိုင်တဲ့ လူစားမျိုး မဟုတ်လား။

"လုပ်စမ်းပါ... ဘယ်သူနိုင်မလဲ ကြည့်ရအောင်… မင်းလား ငါလား… ကြည့်ကြသေးတာပေါ့”

ချွန်းမြောင်က သူ၏ချီကို တတ်နိုင်သမျှ မြှင့်လိုက်ပြီး လက်သီးကို ဆုပ်ကာ သံကို အကြိမ်ကြိမ် ထုရိုက်တော့သည်။

"အားးးးးး"

'အ'

အန်ဂန်းက ခေါင်းယမ်းရင်း ခပ်လေးလေးဖြင့် သက်ပြင်းချလိုက်၏။

သူ မနေ့ညက အိပ်မပျော်နိုင်ခဲ့ပေ။

'အဲဒါကို ပိုတွေးမိ‌လေလေ ပိုအလှမ်းဝေးသလို ခံစားမိလေပဲ'

ဆေးလုံးဖော်စပ်ရန်အတွက် အထူးအိုးတစ်လုံးကို ရမှဖြစ်မည်။

ပြဿနာက ဟွာ‌ဆန်းက ထိုအိုးပြုလုပ်ပါက ငွေကုန်ကြေးကျများပေလိမ့်မယ်။ ထိုသို့မတတ်နိုင်ပါက အိုးကို ရရှိရန် မဖြစ်နိုင်ပေ။

'ချွန်းမြောင် တကယ်ပဲ ယူလာနိုင်ပါ့မလား'

အိုးကိုပြုလုပ်သည့် တာဝန်မှာ သံကိုထုတ်ရန် ဖြစ်သည်။ သို့သော် ပထမဦးစွာ သံထည်ပစ္စည်းကို ရရန်လိုသည်။

ချွန်းမြောင်သည် ကြောက်မက်ဖွယ်ရာ နည်းလမ်းများ ရှိနေသည့် တစ္ဆေတစ်ကောင် ဖြစ်နေလျှင်ပင် အနှစ်တစ်ထောင်သံကို ရယူခြင်းသည် နောက်စရာမဟုတ်ပေ… တစ်ညတည်းနှင့် ရနိုင်မည်မှာလည်း မဖြစ်နိုင်ပေ။

'လောလောဆယ်တော့ အဆင်ပြေတယ်လို့ပဲ ပြောရမယ်'

သူသည် ယခင်နေ့က ချွန်းမြောင်နှင့် သဘောတူ လက်ခံခဲ့သည်မှာ အားလုံးက တောင်ရောက်မြောက်ရောက် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့သော် ကျရှုံးလာမည်မှာ ပြောစရာမလိုပေ။ ထို့ကြောင့် ကလေးကို နှစ်သိမ့်ပေးရမည်။

အန်ဂန်းက သက်ပြင်းတစ်ချက်ချပြီး တံခါးကိုဖွင့်၍ အခန်းထဲက ထွက်လာခဲ့သည်။

"ဟုတ်တယ်... တစ်ချိန်လုံး သူဘာတွေဖြစ်နေတာလဲ... ဝါး သောက်ကျိုးနည်း ဒါက ဘာလဲ"

အခန်းထဲကနေ အေးအေးဆေးဆေး လမ်းလျှောက်လာသည့် အန်ဂန်းက သူ့ရှေ့က မြင်ကွင်းကြောင့် ထိတ်လန့်သွားလေသည်။

ထိတ်လန့်မှုကြောင့် မျက်လုံးတွေက ပြူးကျယ်သွား၏။

"ချ... ချွန်းမြောင်"

"ဖူးးးးးဖူးးးးးး"

“…”

ဟောက်သံတစ်သံနှင့်အတူ သူရှေ့တွင် လှဲအိပ်နေသည့် ချွန်းမြောင်ကို တွေ့လိုက်ရသည်။

“အာ မဟုတ်…”

'သူ့ကိုယ်သူ သူတောင်းစားတစ်ယောက်လိုဖြစ်အောင်ထိ သူ တစ်ညလုံး ဘာတွေ လုပ်နေခဲ့တာလဲ'

သူ့တစ်ကိုယ်လုံးမှာ ဖုန်တွေသဲတွေ ပေကျံနေလေသည်။

‘ဒီလောက်ထိ ဖုန်တွေပေအောင် ချွေးတွေ ဘယ်လောက်တောင် ထွက်နေခဲ့လိုလဲ... ဘာဖြစ်ခဲ့တာလဲ…။

"အာ"

အန်ဂန်း၏ ခေါင်းသည် ဘေးသို့ လှည့်ကြည့်လိုက်၏။

‘ဒါက'

ဒီကလေးဘေးမှာ အိုးကြီးတစ်လုံးရှိနေ၏။

အတော်လေးကြီးမားသည်။

အနက်ရောင်အိုးပေါ် အလင်းရောင်က တစ်ခါလင်းလာတိုင်း အပြာရောင် ဖြစ်နေသည်။ ထိုအိုးကို သူအရင်က မမြင်ဖူးသော သတ္တုနှင့် လုပ်ထားတာဖြစ်သည်။

"မ... မဖြစ်နိုင်တာ"

အန်ဂန်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားလေသည်။

'မ... မဟုတ်ဘူး... မဖြစ်နိုင်ဘူးမလား'

ယားးးးး

အန်ဂန်းက ခါးကြားမှ ဓားကို ဆွဲထုတ်ပြီး ဓားထဲသို့ ချီစွမ်းအားများ ထည့်လိုက်၏။

ဂလု

တံတွေးမျိုချရင်း ချက်ချင်းပင် အိုးကို ရိုက်လိုက်၏။

ချွမ်

ထင်င်င်င်င်င်

“…”

နှစ်ပိုင်းကျိုးသွားသော သူ၏ဓားကို စိုက်ကြည့်လိုက်၏။

'ကျိုးသွားပြီလား'

"ငါ့ရဲ့ ချီဓာတ်ပါတဲ့ဓားက ကျိုးသွားတယ်"

'ဒါ... ဒါဆို'

“ဟား ဟား ဟား….”

'သံအေးလား'

"နှစ်တစ်ထောင်သံအေး"

သူက အိုးဆီသို့ ပြေးသွားပြီး အကြိမ်ပေါင်းများစွာ ထပ်ရိုက်လိုက်သည်။ သို့သော် သူ့လက်ကသာ နာကျင်လာပြီး အိုးကတော့ ချိုင့်ရာလေးတောင် မထင်ပေ။

“လာ… ဂိုဏ်းချုပ်... ဂိုဏ်းချုပ်... အားးးးး"

အန်ဂန်းက အော်ဟစ်ပြီး အိုးကြီးကို ဆွဲယူလိုက်ပြီး ဂိုဏ်းချုပ် နေထိုင်ရာအိမ်ဆီသို့ ပြေးသွားလေတော့သည်။

"ခါးဟားဟားဟားဟားဟား... ဟားဟားဟားဟားဟား"

ဆေးစပ်ခန်းမ၏ ခြံဝင်းထဲတွင် ချွန်းမြောင်၏ ဟောက်သံကသာ ပဲ့တင်ထပ်နေ၏။

“အိုး ဘုရားရေ... ဒါက တကယ့်ကို သံအေးပဲ... ငါ့တစ်သက်မှာ ဒီလောက်ကြီးတဲ့ပမာဏကို တစ်ခါမှမမြင်ဖူးဘူး"

"ဒီလောက်ဆို လုံလောက်ပြီမလား"

အကြီးအကဲအားလုံးက အိုးနားမှာ ဝိုင်းနေကြပြီး အိုးကို တအံ့တဩ ပုတ်ကြည့်နေကြ၏။

“မဟုတ်သေးပါဘူး... ချွန်းမြောင်... မင်းဒါကို ဘယ်ကရလာတာလဲ"

'ဒီခွေးကောင်ကတော့ ငါပဲ မင်းကို အချိန်တိုင်း ကယ်ပေးခဲ့တာပဲ'

‘ဒီအိုးကို ငါ့လက်နဲ့ တဒုံးဒုံးထုပြီး လုပ်ထားရတာလေ'

'အိုး ငါ့... ငါ့လက်တွေ... ဒီလူအိုကြီးက တစ်ညလုံး အိုးထဲကို လက်သီးနဲ့ထိုးပြီး ထုနေတဲ့တာလေ... အငယ်တွေကတော့ အိပ်ယာပေါ်မှာ အိပ်နေကြတာပေါ့'

ချွန်းမြောင်က အသက်ပြင်းပြင်းရှူပြီး ပြောလိုက်၏။

“အဲ့ဒါက အရေးမကြီးပါဘူး”

“ဟုတ်တယ်... အဲ့ဒါက အဓိကမဟုတ်ပါဘူး"

ဟွမ်ဂျုံက ခေါင်းယမ်းလိုက်လေသည်။

"အန်ဂန်း... မဟုတ်ဘူး ဆေးပညာခန်းမခေါင်းဆောင်”

“ဟုတ်ကဲ့... ဂိုဏ်းချုပ်”

"ဒါနဲ့ လုပ်မှာလား"

"တစ်ခါလောက်တော့ စမ်းကြည့်ချင်ပါတယ်"

“အမ်... ကောင်းပါပြီ"

ဟွမ်ဂျုံက ချဉ်းကပ်လာပြီး သူ့လက်ကို အိုးပေါ်တင်လိုက်၏။ ထို့နောက် သူက အိုးထဲသို့ ချီဓာတ်များကို စတင်ထည့်လိုက်သည်။

ဝုန်းးးးး

အိုးက ပူလာလေသည်။

"အိုး... ဒါက ခံနိုင်ရည်ရှိသားပဲ"

"တကယ်ကို သံအေးပဲ... ဘယ်လောက်ပဲ ပါးလွှာနေပါစေ ခံနိုင်ရည်ရှိနေတုန်းပဲ”

ဟွမ်ဂျုံနှင့် ဟွမ်ဆန်းတို့မှာ သူတို့တွေ ပျော်ရွှင်နေသည်ကို ဖုံးဖိထားလို့ မရကြပေ။

"ကျွန်တော်တို့လုပ်နိုင်ခဲ့ပြီ... လုပ်နိုင်ခဲ့ပြီ... ဂိုဏ်းချုပ်... အခု ကျွန်တော်တို့ ဆေးဖော်လို့ရပြီ... မဟုတ်ဘူး... လုပ်ထားပြီးသားလို့ကို သဘောထားလိုက်ပါ... ဟားဟားဟားဟား"

"နောက်ဆုံးတော့"

ဟွမ်ဂျုံ၏ မျက်လုံးများမှာ စိုစွတ်လာခဲ့သည်။

ဒီလူတွေ… အလုပ်အများစုကို ချွန်းမြောင်က လုပ်ခဲ့ပေမယ့် အားလုံးရဲ့ကြိုးစားမှုကြောင့် အခု ဆေးလုံးကို ဖော်နိုင်ခဲ့ပြီဖြစ်သည်။

‘ဒီလိုသာဆို ဟွာဆန်းက နောက်ထပ် အရှိန်အပြည့်နဲ့ တိုးတက်လာတော့မှာပဲ'

“ဘိုးဘေးတွေက ငါတို့ကို စောင့်ရှောက်ပေးခဲ့တာပဲ”

" အဲ့ဒီလိုပါပဲ"

“…အာ”

ဟွမ်ဂျုံက ခေါင်းကို စောင်းလိုက်၏။

သူ နားကြားများ မှားသလား။

မနေ့ညက အလုပ်ကြောင့် ပင်ပန်းနေခဲ့သော ချွန်းမြောင်က သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

“စကြစို့... မြန်မြန်လေး"

"ဟုတ်တယ်... ဟုတ်တယ်"

“ဟုတ်ကဲ့ ဂိုဏ်းချုပ်... ကျွန်တော် အခုချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်"

အန်ဂန်းက ပါဝင်ပစ္စည်းများကို အိုးထဲသို့ လောင်းထည့်နေသည်ကို ကြည့်ရင်း ချွန်းမြောင်က ခေါင်းယမ်းလိုက်၏။

'ဘိုးဘေး… ဒီသောက်ကျိုးနည်းကောင်တွေတော့လေ... ငါ… ငါကမှ မင်းတို့ရဲ့ ဘိုးအေကြီးပဲ'

'အ... ဟုတ်တယ်'

'မှန်တယ်... ငါမှန်တယ်'

“ကဲ အခု ဆီထည့်ပြီ.. ပြီးရင် ဒါလေးလည်းထည့်ရမယ်…”

အန်ဂန်းက ပါဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ဂရုတစိုက်ထည့်ကာ သူ့နဖူးမှ

ချွေးများကို သုတ်ရင်း နောက်သို့ ဆုတ်သွားလေသည်။ ထို့နောက် သူက ယောက်မအကြီးကြီးကို ယူရန် လက်လှမ်းလိုက်သည်။

ပြင်ဆင်မှုအားလုံး ပြီးသွားချေပြီ။

ထို့နောက် နှစ်ကြိမ်မျှ အသက်ရှုရှိုက်လိုက်ပြီး သူက ပြောလာသည်။

"ကျေးဇူးပြုပြီး စတင်လိုက်ပါ"

"ဟွမ်ဆန်း"

"ဟုတ်ကဲ့ ဂိုဏ်းချုပ်"

နှစ်ယောက်စလုံးက အိုးကို တစ်ဖက်စီကနေ ကိုင်ပြီး သူတို့၏ ချီများကို စပြီး ထည့်လိုက်၏။ ထိုသို့ စလုပ်နေကြသည့် လူနှစ်ယောက်က အလေးနက်ထားဆုံး မျက်နှာများနှင့် အိုးကို ဆုပ်ကိုင်ထားကြသည်။

အလယ်ဗဟိုတွင် ချီကိုသုံးထားသည့် မီးတောက်ကြီး ရှိနေပြီး ပါဝင်ပစ္စည်းများက စတင် ဆူပွက်လာသည်။

"ကောင်းတယ်... ဒီလိုမျိုးမှပေါ့"

သူတို့၏ မျက်နှာများသည် ဝမ်းသာပီတိဂွမ်းဆီထိနေကြပြီး အန်ဂန်းက အိုးကို ဆက်မွှေနေလေသည်။

"လုံလောက်ပြီ... ဒီလောက်ဆို တော်သင့်ပြီ... ငါ ဆက်လုပ်လိုက်မယ်"

"ဘယ်လောက်ကြာမှာလဲ"

"ဆယ်ရက်လောက်တော့ ကြာလိမ့်မယ်"

“အာ ဆယ်ရက်…”

'အမ်'

'ဘယ်လို'

နှစ်ယောက်စလုံးက အန်ဂန်းကို တစ်ပြိုင်နက် ကြည့်နေကြလေသည်။

"... ဒီလောက်ပဲလား"

"ဆယ်ရက်"

"... မင်းအရင်ကပြောတော့ အလုပ်လုပ်ဖို့ ဆယ်ရက် ကြာမယ်ဆို... ဒါပေမယ့် ဆေးတစ်ဖုံလုံး ဖော်ဖို့ကို ဆယ်ရက်ပဲကြာမယ်”

"အာ... ကျွန်တော် ကောင်းကောင်း မပြောတတ်ပေမယ့် အဲ့ဒီလိုဖြစ်ဖို့တော့ သေချာပါတယ်"

“….”

'ဒါများ အရင်တည်းက မင်း ငါ့ကို ဒီလိုပြောခဲ့သင့်တာ'

ဟွမ်ဂျုံနှင့် ဟွမ်ဆန်းတို့သည် တုန်လှုပ်နေသော မျက်လုံးများဖြင့် အန်ဂန်းကို ကြည့်နေကြသည်။

“မဟုတ်ဘူး... ငါတို့ရပ်ပြီး ပြန်စမယ်ဆိုရင်…”

“မဟုတ်ဘူး... ကျွန်တော်တို့ အခုရပ်လိုက်ပြီးမှ ပြန်စလို့မရနိုင်ပါဘူး... ကျွန်တော်တို့ ဆယ်ရက်ကြာအောင် လုပ်ရမှာပါ... ဆယ်ရက်အပြည့်"

အန်ဂန်း၏ မျက်လုံးများတွင် အလွန် စိတ်အားထက်သန်နေသာ အရိပ်အယောင်များ ရှိနေသည်။

ဤအခိုက်အတန့်သည် သူ့ဘဝတွင် အရေးကြီးသော အရာတစ်ခုကို ရရှိစေမည့် အခိုက်အတန့်ဖြစ်သည်။

"အ... အဲဒါ... ဟင်"

ဟွမ်ဂျုံက တစ်ခုခုပြောခါနီးတွင် သူ့နောက်ကနေ အသံတိုးတိုး ထွက်လာခဲ့သည်။

“ဆယ်ရက်…”

ဟွမ်ဂျုံက နောက်လှည့်ကြည့်လိုက်သောအခါ နတ်ဆိုးမျက်နှာနှင့် ချွန်းမြောင်အား တွေ့လိုက်ရသည်။

သူ့အမူအရာကတော့ ဒီလိုပြောနေတာဖြစ်သည်။

'ဒီငတုံးတွေက ပစ္စည်းတွေကို ဖောက်ခွဲပစ်လိုက်ရင် ဟွာဆန်းကို ကမ္ဘာပေါ်ကနေ နောက်တစ်ကြိမ် စွန့်ပစ်ခံရမှာ သေချာတယ်’

ချွန်းမြောင်က ထိုအချိန်တွင် တစ်ခုခုကို သဘောပေါက်သွားလေသည်။

"ဂိုဏ်းချုပ်က လုပ်နိုင်ပါတယ်... ဂိုဏ်းချုပ်”

“…”

"ဟုတ်တာပေါ့... သေချာပေါက်ပဲ... ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်က လုပ်ရမှာပါ"

“…”

"လူတွေက ၁၀ရက်လောက် မအိပ်ရတာနဲ့ သေမှာမဟုတ်ပါဘူး... ဂိုဏ်းချုပ် သေရင်တောင် ကိုယ့်အသက်ကို ဆုပ်ကိုင်ထားသလိုပဲ အိုးကို ကိုင်ထားလိုက်ပါ... ခေါင်းဆောင် သေမယ့်အချိန်မှာ အကောင်းဆုံးလုပ်လိုက်ပါ... ခေါင်းဆောင်ရဲ့တပည့်တွေအတွက် ခေါင်းဆောင်အားစိုက်ထုတ်ခဲ့တာကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး... ဂိုဏ်းချုပ်သည် တကယ်ပဲ ဟွာဆန်းအတွက် အသက်ရှင်နေခဲ့တာပဲ”

'ငါမသေသေးဘူး အရူးရဲ့'

ဟွမ်ဂျုံ၏ မျက်လုံးများမှာ စိုစွတ်လာလေသည်။

'အိုး ဘုရားဘုရား... မိုးကြိုးပစ်ခံရလို့ သေရတာ ပိုကောင်းဦးမယ်'

All Chapters