← Chapters

ဒါက ငရဲပဲ(၂)

Vol. 17 Ch. 237

ဒါက ငရဲပဲ(၂)

Vol. 17 Ch. 237

“…အဲ့ဒီလိုဖြစ်ခဲ့တာပဲ”

“…အို ဘုရားရေ”

ငြိမ်းချမ်းရေး ကုန်သည်အဖွဲ့၏ခေါင်းဆောင် ကွမ်ဂန်းက အံ့ဩထိတ်လန့်သွားလေသည်။

"သားရဲနန်းတော်က ပူးပေါင်းလာအောင် စည်းရုံးနိုင်ခဲ့တယ်လို့ ပြောနေတာလား"

“ဟုတ်ပါတယ်”

ဘတ်ချုန်း၏အေးဆေးတည်ငြိမ်သော အဖြေကြောင့် ကွမ်ဂန်းမှာ စိတ်လွတ်လုနီးနီးဖြစ်သွားရသည်။

'လိမ်နေတယ်လို့တော့ မထင်ဘူး'

ဒါပေမယ့် ဒါက လုံးဝ မယုံနိုင်စရာ ဖြစ်နေတယ်ဆိုတဲ့ အချက်ကိုတော့ မပြောင်းလဲစေပါ။

နန်မန်သားရဲနန်းတော်က အလယ်ပိုင်းလွင်ပြင်နှင့် ကုန်သွယ်မှုကို တားမြစ်ခဲ့သည်မှာ နှစ်တစ်ရာကျော်ရှိပြီဖြစ်သည်။ဤမျှကြီးမားသော ငွေအိုးကြီးတစ်လုံးက ချိန်ခွင်လျှာပေါ် ရောက်နေသောကြောင့် စီချွမ်ကုန်သည်များက ယူနန်လူမျိုးများ၏ စိတ်သဘောထားကို ပြောင်းလဲရန် ဆယ်စုနှစ်များစွာ ကြိုးပမ်းခဲ့ကြသည်။

သို့သော် အချိန်အတော်ကြာအောင် မဆုတ်မနစ် ကြိုးစားအားထုတ်ခဲ့ကြသော်လည်း သားရဲနန်းတော်၏ ခေါင်းမာသော ဆုံးဖြတ်ချက်ကို မကျော်လွှားနိုင်ခဲ့ပေ။

'ဒါပေမယ့် ဒီ တာအိုကျင့်ကြံတဲ့ လူငယ်လေးတွေက အဲဒါကို လုပ်ခဲ့တာလား'

“ဒါဆို….လက်ဖက်ခြောက်ကုန်သွယ်မှုကရော ဘယ်လိုလဲ”

“အခုအချိန်ကစပြီး ယူနန်နဲ့ ကုန်သွယ်မှုအားလုံး ဟွာဆန်းက တစ်ဆင့်သွားရတော့မှာ”

"အခုတော့ ခဏလေးနေပါဦး ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ ပြီးရင် ကျွန်တော်တို့...”

ဘတ်ချုန်းက ဂျိုဂုကို တစ်ချက်ကြည့်လိုက်သည်။ဂျိုဂုက ပြုံးပြီး ပြောလာ၏။

“ကျွန်တော်တို့ကို ဒီနေရာထိ ခေါ်လာပေးခဲ့တဲ့ ငြိမ်းချမ်းရေး ကုန်သည်တွေရဲ့ ကျေးဇူးကို ကျွန်တော်တို့ မမေ့ပါဘူး ဟွာဆန်းရဲ့ လက်အောက်မှာ ဘယ်ကုန်သည်အဖွဲ့မဆို ယူနန်ကို လွတ်လွတ်လပ်လပ် သွားလာနိုင်ပါတယ်”

“အာ…”

ကွမ်ဂန်း၏မျက်နှာပေါ်တွင် စိတ်သက်သာရာ ရသွားသောအကြည့်မျိုး ပေါ်လာခဲ့သည်။

'ဒါက သေချာပေါက် ပုံမှန်တော့မဟုတ်နိုင်’

ယခုဆို ဟွာဆန်းအမည်ကို ခံယူထားသူများမှာ ယူနန်ပြည်တွင်းသို့ လွတ်လပ်စွာ ကူးသန်းသွားလာနိုင်ကြပြီဖြစ်သည်။ဆိုလိုသည်မှာ ဟွာဆန်းက အနာဂတ်တွင် ယူနန်နှင့် အလယ်ပိုင်းလွင်ပြင် ကုန်သွယ်မှုကို အပြည့်အဝ ထိန်းချုပ်နိုင်တော့မှာဖြစ်သည်။

တစ်နည်းအားဖြင့် အနာဂတ်တွင် ဟွာဆန်းသည် ယူနန်ပြည်နယ်နှင့် ပတ်သက်သည့် သူတို့တွေသာ မူပိုင်ခွင့်ရထားသော အခွင့်အရေးများကို အခွင့်ကောင်းယူပြီး အလယ်ပိုင်းလွင်ပြင်တွင် ကုန်သွယ်မှုကို သူတို့ဆန္ဒရှိသလို ထိန်းချုပ်နိုင်မှာဖြစ်သည်။

ယူနန် လက်ဖက် ကုန်သွယ်မှုသည် ကြီးမားသော အမြတ်အစွန်းများ ရရှိမှာဖြစ်ပြီး ထိုကုန်သွယ်မှုတွင် မပါဝင်နိုင်သော ကုန်သည်များမှာ ပြိုင်ဘက်များ၏ တွန်းထုတ်ခံရမည်မှာ သေချာသည်။

'အခုအချိန်က နောက်ကြောင်း ပြန်ပြောရမယ့် အချိန်မဟုတ်သေးဘူး'

သူတို့၏ကုန်သည်ခေါင်းဆောင်ကို အကြောင်းကြားရမည်။ဒါမှသာ ဆောင်ရွက်စရာရှိတာ ဆောင်ရွက်နိုင်မှာဖြစ်သည်။

'တခြားအရာတွေထက်...'

ကွမ်ဂန်းက ဂျိုဂုကို ကြည့်လိုက်၏။

'စီချွမ်မှာ အခြေစိုက်တဲ့ ကုန်သည်တစ်ယောက်ရဲ့ ဒုတိယသား’

ဟွာဆန်းအတွက်က စီချွမ်သို့ တိုက်ရိုက်ပြောင်းရွှေ့ရန် အဆင်မပြေသောကြောင့် သူတို့တွေ ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားမည်ဖြစ်သည်။နောက်ပြီး ထိုကိုယ်စားလှယ်က ဂျိုဂု၏အဖေ ဖြစ်ဖို့များသည်။

နောက်ဆုံးတော့ အတွေးများကို ထိန်းချုပ်နိုင်သွားသည့် ဂျိုဂုက မျက်နှာအမူအရာပါ မရှိတော့ပေ။

“ဂုဏ်ယူပါတယ်။မင်းတို့က သဘောတူညီမှုအကြီးစားကို ရခဲ့တာပဲ"

"မဟုတ်တာ"

"ဒါကြောင့်…..ကျွန်တော်တို့ စီချွမ်ကို ပြန်ရမှာမို့ပါခင်ဗျား ဘယ်အချိန်လောက် ပြန်ဖို့ စိတ်ကူးထားလဲ"

"ဒါပေမယ့် ငါတို့အလုပ်က မပြီးသေးတော့..."

“ဒါဆို ရပါတယ် ကျွန်တော်တို့ ဒီကနေ ကိုယ့်ဘာသာပဲ ပြန်သွားလို့ရပါတယ်"

ကွမ်ဂန်းမှာ ချာချာလည်အောင် ခေါင်းမူးသွားလေသည်။

ဟွာဆန်းနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရမည်မှာ အရေးကြီးကြောင်း သူသိပါသည်။

'သူတို့ကို ခေါင်းဆောင်ဆီ တိုက်ရိုက်ခေါ်သွားနိုင်ရင် အရမ်းကောင်းမှာပဲ'

ငြိမ်းချမ်းရေးကုန်သည် အဖွဲ့ ခေါင်းဆောင် ကိုယ်တိုင် ထွက်လာပြီး ဒီတပည့်များနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်နိုင်လျှင် ပိုကောင်းလိမ့်မည်။

သို့သော် ဘတ်ချုန်း၏နှုတ်မှ ထွက်ကျလာသော အဖြေသည် သူ၏မျှော်လင့်ချက်များကို ကွဲကြေသွားစေခဲ့သည်။

"ခင်ဗျားရဲ့ စဉ်းစားပေးမှုအတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျွန်တော်တို့ သပ်သပ်စီ ပြန်သွားနိုင်မယ် ထင်ပါတယ် ကျွန်တော်တို့တွေ အလျင်လိုနေလို့ပါ"

“စီချွမ်က လမ်းက အခက်တွေ့လိမ့်မယ် ငါတို့တွေ အတူတူပြန်ဖို့ကြ အမြန်ဆုံးဖြစ်မှာပါ ပြီးတော့ ဒီနေရာမှာ မြင်းတွေ ရှာတွေ့ဖို့ကလည်း မလွယ်ဘူးလေ"

“အာ အဲဒါက…”

ဘတ်ချုန်းက ခေါင်းကုတ်လိုက်လေသည်။သူက ပြန်ဖြေဖို့ တွေးနေစဉ်မှာပင် သူနှင့် ခပ်လှမ်းလှမ်းမှ လမ်းမပေါ်တွင် ဖုန်မှုန့်တွေ တလိပ်လိပ်တက်လာသည်ကို မြင်လိုက်ရသည်။

"...သူလာနေပြီနဲ့တူတယ်"

"အာ"

ကွမ်ဂန်းက ခေါင်းလှည့်ပြီး ထိုဦးတည်ရာကို ကြည့်လိုက်၏။

"အားးးးးး"

"ပြေးကြ ပြေးကြ”

"အီးဟီးဟီးဟီးဟီးဟီး"

လှည်းကိုဆွဲနေကြသော ဓားပြများသည် ရပ်တန့်ကာ အသည်းအသန် ပင့်သက်ရှိုက်နေကြလေသည်။ကွမ်ဂန်းက သူတို့၏ ရင်ဘတ်များ နိမ့်ချည် မြင့်ချည် ဖြစ်နေသည်ကို မြင်လိုက်ရသည်နှင့် သူတို့အတွက် အမှန်တကယ် ကရုဏာသက်မိသည်။

“ဒါ-ဒါက ဘာလဲ…”

ကွမ်ဂန်းက အခုအချိန် လဲကျသွားကြသည့် ဓားပြများကို ကြည့်လိုက်သည်။

"ဘာလို့ လူတိုင်းပါးစပ်ထဲမှာ မြက်ခြောက်တွေ ရှိနေရတာလဲ"

ဤအရာမှာ သူ နားမလည်နိုင်သော အရာတစ်ခု ဖြစ်သည်။

ထိုအချိန်တွင် လူအုပ်စုကြီးက တစ်စုံတစ်ယောက်က စိတ်အနှောင့်အယှက်ဖြစ်စွာ လျှာကို မထိတထိကိုက်နေသည်ကို ကြားလိုက်ရသည်။အဆိုပါလူသည် လှည်းထဲမှ ခေါင်းပြူထွက်လာခဲ့သည်။

“မင်းတို့ကြည့်ရတာ အရမ်းအားနည်းနေပုံပဲ ငါတို့တွေ ဒီလိုပုံစံနဲ့ စီချွမ်ကို တကယ် ရောက်နိုင်ပါ့မလား"

ထိုစကားကြားသည်နှင့် မြေပြင်ပေါ်ရှိ ဓားပြများသည် ခေါင်းများ ထောင်လာကြသည်။

"ကျ-ကျွန်တော်တို့ သွားနိုင်ပါတယ်..."

"စိတ်ချပါ ကျွန်တော်တို့ မပင်ပန်းပါဘူး…မမောပန်းတတ်ပါဘူး အဲဒါ အမှန်ပါ”

"ကျွန်တော်တို့ကို ချမ်းသာပေးပါ"

ချွန်းမြောင်က ခေါင်းယမ်းပြီး သက်ပြင်းချလိုက်၏။

“အား ငါသာ တာအိုဝါဒီ မဟုတ်ခဲရင်တော့လေ"

သူတို့တတွေမှာ မျက်ရည်များ စီးကျလာကြသည်။

'ဒါက တာအိုကျင့်ကြံသူတစ်ယောက် လုပ်တတ်တာတွေ လုပ်နေတာလား'

'တာအိုဝါဒီတွေနဲ့ ဓားပြတွေက ဘယ်အချိန်ကစပြီး အဓိပ္ပာယ်တူကုန်တာလဲ လောကကြီးက ဘယ်တုန်းက ဒီလောက်ထိ ခက်ခဲလာခဲ့တာလဲ'

'အမေရေ လွမ်းလိုက်တာဗျာ'

ဘာပဲဖြစ်ဖြစ် ချွန်းမြောင်ကတော့ လှည်းပေါ်မှ ခုန်ဆင်းပြီး ဘတ်ချုန်းထံသို့ သွားလေသည်။

"ကျွန်တော် မြင်းတွေ ခေါ်လာခဲ့တယ်"

"...သူတို့ ပါးစပ်ထဲမှာ ဘာလို့ မြက်ခြောက်တွေ ရှိနေရတာလဲ"

ချွန်းမြောင်က ပခုံးတွန့်လိုက်၏။

“သူတို့ကြည့်ရတာ ဆာလောင်နေတဲ့ပုံပဲ သူတို့အားလုံးက မြင်းတွေလေ ပြီးတော့ အဝေးကြီးကိုလည်း သွားရဦးမှာ ဒါကြောင့် သူတို့ကို အစာကျွေးထားတာပါ"

“…”

ဘတ်ချုန်း၏ မျက်လုံးများမှာ တုန်လှုပ်သွားရသည်။

"ချွန်းမြောင်"

"အမ်"

“သူတို့က အပြစ်တွေ လုပ်ခဲ့ကြပြီး အပြစ်သားတွေ ဖြစ်နေတာ အမှန်ပဲ…ဒါပေမယ့် သူတို့ကို လူသားတွေလို မဆက်ဆံသင့်ဘူးလား”

"အာ"

ထိုစကားကြောင့် ချွန်းမြောင်က သူ့ခေါင်းကိုလှည့်ကာ ဓားပြများကို ကြည့်လိုက်လေသည်။

"ကြားလိုက်ကြလား မင်းတို့တွေက လူသားတွေလို ဆက်ဆံခံချင်လို့လား"

သူတို့အားလုံးက လက်များ ဝှေ့ယမ်းပြကာ ငြင်းဆိုကြ၏။

“မဖြစ်ချင်ပါဘူး...ကျွန်တော်တို့က မြင်းတွေပါ မြင်းတွေက ဘာပြောနိုင်မှာလဲ ကျွန်တော်တို့ကို ခွေးတွေ နွားတွေလိုသာ ဆက်ဆံပါ"

"ကျွန်တော်က လူသားမဟုတ်ပါဘူး ကျွန်တော်က လူတစ်ယောက်ဖြစ်ရမှာထက် သေသာ သေလိုက်ချင်ပါတယ်”

“…”

သူတို့ကိုကြည့်ရင်း ဘတ်ချုန်းက သူ့နဖူးကို လက်ချောင်းနှင့် တို့လိုက်လေသည် ။

"တွေ့လား"

ချွန်းမြောင်က ပြုံးလိုက်လေသည်။

'လူတစ်ယောက်ကို ဒီလိုဖြစ်အောင် သူ ဘာတွေ လုပ်ခဲ့တာလဲ'

ဘတ်ချုန်းပင် သူ့လုပ်ရပ်ကို နားမလည်နိုင်ပေ။

မကြာခင်မှာပင် ချွန်းမြောင်က သူ၏နှုတ်ကို တဖန် ပြန်ဖွင့်ပြီး ပြောလိုက်၏။

"စိတ်မပူပါနဲ့...ငါတို့ စီချွမ်ကို မြန်မြန်ရောက်နိုင်ရင် မင်းတို့ကို လွှတ်ပေးမှာပါ"

"အာ အဲ့ဒါ အမှန်ပဲလား"

“အမှန်ပဲ မင်းတို့ ငါတို့ကို ဒီကို ခေါ်လာတုန်းကထက် နှစ်ဆလောက် မြန်မြန် ပြေးရမှာ…မင်းတို့တွေ အဲ့ဒီလိုလုပ်နိုင်ရင် ငါ အသက်ရှင်ခွင့် ပေးလိုက်မယ်”

"... ကျွန်တော်တို့ မလုပ်နိုင်ရင်ရော"

“အမ် အဲ့ဒါ…”

ချွန်းမြောင်က စိတ်ရှုပ်သည့်ဟန်နှင့် ခေါင်းကို စောင်းလိုက်၏။သူ့၏မမျှော်လင့်ထားသော တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် ဘတ်ချုန်းက မေးလိုက်၏။

"ဘာလို့လဲ"

“မဟုတ်ဘူး ဒီအကြောင်းကို အကျယ်ကြီး ထုတ်ပြောတာက ဆာဟျောင်းတွေရဲ့ စိတ်ဓာတ်ကို အထောက်အကူ ဖြစ်စေမလားလို့ တွေးနေတာပါ ဟျောင်းက တကယ် ကြားချင်နေတာလား"

“မဟုတ်…မကြားချင်ပါဘူး”

တချို့အရာတွေက မသိလိုက်တာက ပိုကောင်းသည်။

ဘတ်ချုန်းက စကားစပြောမလို့ လုပ်ရာကနေ နောက်တော့ မပြောဖို့ ဆုံးဖြတ်လိုက်၏။မည်သို့ပင်ဆိုစေကာမူ ထိုဓားပြများ ခေါင်းဖြတ်ခံရလျှင်ပင် ၎င်းတို့နှင့် ထိုက်တန်သော အရာဖြစ်သည်။

ဘတ်ချုန်းက ကွမ်ဂန်းကို လှည့်ကြည့်လိုက်လေသည်။

“ဘာပဲဖြစ်ဖြစ် ဒါပါပဲ ဟွာဆန်းလက်အောက်ကို လာချင်တယ်ဆိုရင် ကျေးဇူးပြုပြီး နောက်ထပ် အသေးစိတ် အချက်အလက်တွေကို စောင့်ပေးပါဦး”

“အာ…မင်းတို့သွားရင်တော့…”

ထိုအချိန်မတိုင်ခင်အထိ စကားပြောချင်နေခဲ့သော ကွမ်ဂန်းက တခြားဘာမှ မပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။သူတို့ကို ဆွဲထားစရာ အကြောင်းမရှိကြောင်းကို သူနားလည်ပါသည်။

လှည်းပေါ်သို့ တပည့်အားလုံး တက်လာကြသောအခါ ချွန်းမြောင်က သူ့အသံကို ထပ်၍ မြှင့်လိုက်ပြန်သည်။

"ကဲ သွားကြတော့...."

"တဆိတ်လောက်…"

"အာ"

ထိုအချိန်တွင် သူ့ဘေးနားမှ အသံသေးသေးလေးတစ်ခု ကြားလိုက်ရသည်။သူလှည့်ကြည့်လိုက်တော့ သူ့လက်ကို ဆုပ်ကိုင်ထားသည့် ကလေးငယ်လေးကို တွေ့လိုက်ရသည်။

"အမ်"

“အာ မင်းက…”

လှည်းပေါ်ရောက်နေပြီးသားဖြစ်သည့် ယွန်းဂျွန်က ကလေးကိုမြင်လိုက်ရာ ခုန်ဆင်းသွားလေသည်။ထို့နောက် မဆိုင်းမတွပင် ကလေးဆီသို့ ချဉ်းကပ်သွားလေသည်။

ယွန်းဂျွန်က အနားသို့ တိုးလာသည်နှင့် ကလေးက ဦးညွှတ်လိုက်သည်။

"ကျေး-ကျေးဇူးတင်ပါတယ်။"

“…”

“ကျေးဇူးတင်ပါတယ် ညီလေးက ဗိုက်ပြည့်ပြည့်နဲ့ အိပ်နိုင်ခဲ့တယ် ကျေးဇူးအများကြီးတင်ပါတယ်"

ယွန်းဂျွန်က ကလေးကိုကြည့်ပြီး ခေါင်းညိတ်လိုက်၏။

"အစ်ကို ဝမ်းသာပါတယ်"

“ဒါကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး ကျေးဇူးတင်ပါတယ်"

ဒါကိုမြင်သော ချွန်းမြောင်က ဘေးဘီသို့ တစ်ချက်ကြည့်လိုက်၏။

ကလေးတွေက ခေါင်းလေးတွေ ပြူထွက်ပြီး လမ်းထောင့်ပေါင်းစုံကနေ သူတို့ဆီ ဦးတည်လာနေတာကို မြင်နေရသည်။အချို့ကလေးများက ကျေးဇူးတင်စကား ပြောနေကြသလို မော့ကြည့်နေကြပြီး အချို့က ဦးညွှတ်နေကြသည်။

ကလေးတစ်ယောက်က ယွန်းဂျွန်၏လက်ကို ဆုပ်ကိုင်ထားပြီး နောက်တစ်ယောက်ကတော့ သူ့ရဲ့ဝတ်ရုံ၏ အင်္ကျီအနားစ ဆုပ်ကိုင်ထားသည်။

သူတို့ကို ကြည့်ရုံနှင့် ကလေးတွေ ဘယ်လောက်ထိ ရင်ထဲထိမိသွားလဲဆိုတာ ခံစားရသည်။ချွန်းမြောင်က သူ့ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လာကာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

“ကောင်းလိုက်တာ”

-ဆာဟျောင်း

-အင်း…

-ကျွန်တော်က ဆာဟျောင်း ဖြစ်စေချင်တဲ့လူတော့ ဖြစ်မလာနိုင်လောက်ဘူး။ဒါပေမယ့်...အဲဒီလမ်းကို လျှောက်မယ့် တပည့်တစ်ယောက်တော့ ရှိတဲ့ပုံပဲ။

-ပျော်နေလား။

ချွန်းမြောင်က သူ့ဆာဟျောင်းက ကောင်းကင်ပေါ်ကနေ သူ့ကို ပြုံးပြနေသလိုမျိုး တစ်နည်းနည်းနဲ့တော့ တူနေသည်ဟု တွေးလိုက်မိသည်။

"ဆာဟျောင်း သွားကြစို့'

“အမ် ကောင်းပြီလေ”

"ကျွန်တော်တို့ စီချွမ်ကို ပြန်သွားပြီးရင် ဒီနေရာကို ဆန်လာပို့ရမယ် မြန်မြန်လေး ကျွန်တော်တို့ ဒီနေရာမှာ ဒီထက်ပို နေလို့မရတော့ဘူး"

“ဟုတ်တယ်”

ယွန်းဂျွန်မှာ မျက်နှာက တောင့်တင်းနေ၏။

သူ့ကို ဝန်းရံနေသော ကလေးများ၏ ခေါင်းတွေကို ပွတ်ရင်း အသံတိုးတိုးနဲ့ ပြောလိုက်လေသည်။

"သည်းခံထားနော် မင်းတို့ နောက်ထပ် အစာမငတ်ရတော့ပါဘူး"

“…ဟုတ်ကဲ့”

သူမြင်လိုက်ရသည့်မျက်နှာများမှာ မျှော်လင့်ချက်မဲ့နေသော မျက်နှာများဖြစ်သည်။ဒီလိုစကားမျိုးတွေကို သူတို့တွေ အကြိမ်ပေါင်းများစွာ ကြားဖူးကြတာဖြစ်နိုင်သည်။သို့သော် အခုတော့ ဒါက အဆင်ပြေပါသေးသည်။ဤစကားသည် သူတို့ကို နှစ်သိမ့်ပေးရန်အတွက် သူလုပ်ပေးနိုင်သမျှပင်ဖြစ်သည်။

ယွန်ဂျွန်က သူ့ဆံပင်များကို ဖွကာ လှည်းပေါ်သို့ တက်လိုက်ပြီး ဒေါသတကြီးနှင့် ပြောလိုက်၏။

"သွားကြစို့ အရေးကြီးတယ် "

“…”

"မင်းတို့ ဘာလုပ်နေကြတာလဲ"

"ဟ-ဟုတ်"

ချွန်းမြောင်က ပြုံးပြီး ဓားပြများကို ချက်ချင်း အော်ပြောလိုက်၏။

"ထွက်ခွာနေပါပြီ'

“ဟုတ်ကဲ့ပါ”

ဓားပြများမှာ မောပန်းနွမ်းနယ်နေသော်လည်း ချွန်းမြောင်၏အသံကိုကြားလိုက်သည်နှင့် ခြေအစုံခုန်ကာ ပြေးကြလေသည်။သူတို့ထဲမှ လေးယောက်က အရှေ့ကနေ ဆွဲထုတ်ပြီး နောက်လေးယောက်က အနောက်ကနေ တွန်းကြသည်။တစ်ဖက်တစ်ချက်စီတွင်လည်း လူတစ်ဦးစီရှိနေသည်။

"မင်းတို့ ခြေထောက်တွေ ကျိုးသွားတဲ့အထိ တွန်းကြ ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ တာအိုသခင်လေး"

လှည်းက ရွေ့သွားရာ ချွန်းမြောင်က ကလေးများကို တစ်ချက် ကြည့်လိုက်၏။

“သွားကြ”

"အအားးးးးး"

"ယီယားးးးးး"

ဓားပြများသည် လှည်းကို အစွမ်းကုန် စတင်ဆွဲကြလေသည်။မကြာခင်မှာပင် လှည်းက အရှိန်အဟုန်ပြင်းစွာ ရွေ့လျားလာခဲ့သည်...အရှိန်မြန်လွန်းသောကြောင့် 'လှည်း'ဟူသော အမည်နှင့် မလိုက်ဖက်တော့ပါ။

လှည်းက အရှိန်ပြင်းပြင်းနဲ့ ရွေ့သွားသောကြောင့် ကလေးအားလုံးက အံ့သြသွားကြပုံရသည်။သူတို့အနားတစ်ဝိုက်တွင် ဖုန်လုံးများ တက်လာလေသည်။ဒါကိုမြင်လိုက်သည့် ကွမ်ဂန်းက ခေါင်းညိတ်လိုက်၏။

"သူတို့က တကယ်ကို မုန်တိုင်းတစ်ခုနဲ့တူတာပဲ"

"ခေါင်းဆောင် ကျွန်တော်တို့ အခု ဘာလုပ်ကြမှာလဲ"

"ဘယ်လို"

“ဒါကို အရှင့်ဆီ အစီရင်မခံသင့်ဘူးလား”

"လုပ်သင့်တာပေါ့"

"အခုတော့ ကိစ္စတွေက ရှုပ်ကုန်ပါပြီ"

ကွမ်ဂန်းက ခေါင်းယမ်းလိုက်လေသည်။

“မဟုတ်ဘူး…အစီရင်ခံစာတစ်ခု ရေးပြီးတော့ ပြန်ပို့လိုက်ပါ”

"အဲ့ဒီလို လုပ်မှာပါလား"

“လုပ်ရမှာ”

ကွမ်ဂန်း၏စိတ်ထဲတွင် အရင်ကထက် ပိုသက်သောင့်သက်သာရှိသည်ဟု ခံစားရသည်။

'ဒါက ငါတို့ကောင်းစားဖို့အတွက် ဖြစ်နိုင်တယ်'

မည်သည့် ကုန်သည်အဖွဲ့ပင်ဖြစ်ပါစေ ယခုအချိန်တွင် စတင်လုပ်ဆောင်ပါက ၎င်းတို့ ဘေးဖယ်ပေးရလိမ့်မည် ဟူသောအချက်မှာ မလွဲမသွေပင်ဖြစ်သည်။ထို့ကြောင့် ဟွာဆန်းက ကုန်သွယ်မှုကို လွှဲယူလိုက်သည်က မှန်ပေသည်။

"သွားတော့မယ်နော်"

“ကျေးဇူးတင်ပါတယ်”

ကလေးတွေက လက်ဝှေ့ယမ်းပြနေသည်ကို ကြည့်ပြီး သူက ပိုပြီး ယုံကြည်ချက်ခိုင်မာလာသလို ခံစားရသည်။

'ဘေးကင်းကင်းနဲ့ ပြန်နိုင်ကြပါစေ'

ကွမ်ဂန်းက ပြုံးလိုက်လေသည်။

'ငါ မပြုံးသင့်ဘူး'

ဒီလူတွေက သူတို့ပတ်ဝန်းကျင်က ကြောင်သူတော်ကြွက်သူခိုးတွေကြောင့် ဘယ်နှစ်ခါတောင် ဒုက္ခရောက်ခဲ့ရလဲ။တစ်ခုခုကို ရောင်းဖို့ကြိုးစားရင်း သူတို့ရဲ့မွေးရပ်မြေထဲကို ဇွတ်တိုးဝင်လာတဲ့ လူတွေကို ကြောက်မနေကြဘူးလား။

'ဒါပေမယ့် နောက်ဆုံးတော့ အပြောင်းအလဲတွေ ဖြစ်လာနေပြီပဲ...'

ကွမ်ဂန်းက ခေါင်းယမ်းလိုက်လေသည်။

ကွမ်ဂန်းသည် ဟွာဆန်းမှ တပည့်များနှင့်အတူ တစ်လပျော့ပျော့လောက်သာ အတူရှိခဲ့ရသောကြောင့် သူတစ်ယောက်တည်းနှင့် သူတို့ကို အကဲဖြတ်လို့မရနိုင်ပေ။မကြာခင်မှာ သူတို့၏ကိုယ်ရည်ကိုယ်သွေး အစစ်အမှန်များကို ပြသပြီး ယူနန်ပြည်သူများ၏ သွေးတွေကို စုပ်ယူဖို့ ကြိုးစားကြတော့မည်။

'ဒါပေမယ့်…'

ကွမ်ဂန်းက ခေါင်းကို ဖြည်းညှင်းစွာ လှည့်၍ လှည်းပေါ်ကလူများကို လက်ဝှေ့ယမ်းပြနေသော ကလေးအားလုံးကို ကြည့်လိုက်သည်။ဤမြင်ကွင်းကြောင့် သူ့နှလုံးသားမှာ လှိုင်းတံပိုး ထသွားခဲ့ရသည်။

'သူတို့က နည်းနည်းတော့ တစ်မူထူးခြားတာမျိုး ဖြစ်နိုင်တယ်'

ယွန်းဂျွန်၏ သူ့ဓားကိုရောင်းကာ ကလေးများကို အစာကျွေးဖို့ ကြိုးစားသည့် လုပ်ဆောင်မှု...သူ ထွက်မသွားခွာခင်မှာ ကလေးများ၏ ဆံပင်တွေကို ပွတ်သပ်ပေးနေသည့်ပုံရိပ်...

ထိုလုပ်ရပ်နှစ်ခုသည် ကွမ်ဂန်း၏မျှော်မှန်းထားတာထက် သာလွန်နေသည်။နောက်ပြီး သူက ကုန်သည်တစ်ယောက်၏ အကြည့်များထက် လူသားတစ်ယောက်ပုံပေါက်သည်။

ကွမ်ဂန်းက ပြုံးပြီး လှည်သွားရာ လမ်းကို ကြည့်လိုက်သည်။

"ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ"

'ဟွာဆန်းရဲ့ သူရဲကောင်းတွေ'

"ပြေး ပြေးကြစမ်းပါ ငတုံးကောင်တွေ မင်းတို့ခြေထောက်တွေမှာ အားနည်းနည်းလောက် ထည့်စမ်းပါဦး မျက်လုံးတွေကို ကော်ထုတ်ပစ်လိုက်မယ်"

“…”

"ငါတို့ စီချွမ်ကို အချိန်မီ မရောက်ရင် မင်းတို့အားလုံး သေရမှာပဲ"

“…ကျာ့”

ဓားပြများက လျှာကိုက်လျက် လှည်းကို ရှေ့သို့ ဆွဲကြလေသည်။

သူတို့၏အနောက်တွင် ထိုင်နေသည့် လူက သူတို့၏အသက်ကို ခြိမ်းခြောက်နေတာဖြစ်သည်။ဟွာဆန်းမှ တပည့်များအားလုံး စဉ်းစားရကြပ်နေကြလေသည်။

"သူ ဘာဖြစ်နေတာလဲ"

"... ကလေးတွေအတွက် အစားအသောက်ဝယ်ဖို့ စိတ်ကူးက သူရဲ့ပင်ကိုစရိုက်ကို ပြတ်သားတဲ့ထိုးနှက်ချက် ဖြစ်သွားတဲ့ပုံပဲ"

"...ဒီလောက်ထိလား"

ဟုတ်ပါသည်။

ဓားပြများကို ရိုက်နှက်နေသူမှာ ယွန်းဂျွန်ဖြစ်သည်။ချွန်းမြောင်မဟုတ်ပေ။

ဤသည်မှာ ချွန်းမြောင်က ယွန်းဂျွန်၏ အတော်လေး သဘောကောင်းသည်ဟူသော အချက်ကို အပြင်းအထန် ဝေဖန်ခဲ့သောကြောင့် ဖြစ်သဖြင့် ဟွာဆန်းမှ တပည့်များမှာ ခေါင်းယမ်းနေကြလေသည်။

'ဘာလဲ'

'တာအိုနဲ့ ချီကြားက ဆက်ဆံရေးကရော'

'ဟားဟား'

'ဟားဟားဟားဟား'

All Chapters