အခန်း (၂၈-၃၀)
Vol. 2 Ch. 28-30
အခန်း ၂၈:ဟွာဆန်းက ကံကြမ္မာကောင်းတစ်ခု ရရှိသွားပြီ(3)A
"ဂိုဏ်းခေါင်းဆောင်..."
"ဂိုဏ်းခေါင်းဆောင်...မျက်လုံးဖွင့်ပါအုံး"
တုန်လှုပ်ချောက်ချားနေသော ဟွမ်းဂျွန်က မျက်လုံးဖွင့်ကြည့်လိုက်သည်။
'အိမ်မက်တစ်ခုလား'
သူ မတ်တတ်ထရပ်လိုက်စဥ်တွင် သေတ္တာသည် သူရှေ့၌ရှိနေဆဲဖြစ်သည်ကို တွေ့မြင်မိ၏။ ကံကောင်းထောက်မစွာဖြင့် ဤအဖြစ်အပျက်များက အိမ်မက်မဟုတ်ချေ။
"ယွမ်...ယွမ်ဂွန်း..."
"ဟုတ်ကဲ့ ဂိုဏ်းခေါင်းဆောင်"
"ကုန်သည်တွေကိုခေါ်လိုက်...ဒီသေတ္တာကို ငါ့ရဲ့အဆောင်ဆီရွှေ့ပြီး...တပည့်ကြီးတွေကို ငါ့ရဲ့အဆောင်ပတ်လည်မှာ စောင့်ကြပ်ခိုင်းထားလိုက်"
"ဟုတ်ကဲ့ပါ ဂိုဏ်းခေါင်းဆောင်"
"မဟုတ်ဘူး...မဟုတ်သေးဘူး...ငါ ဒါကို ငါ့ဟာငါရွှေ့မယ်...အခုချက်ချင်းပဲ"
ဟွမ်းဂျွန်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူကိုယ်သူ စိတ်တည်ငြိမ်စေရန် ပြုလုပ်လိုက်၏။
ယခုထိတိုင် မည်သည့်အရာမျှ မသေချာသေးချေ။ အခြေအနေကို အတိအကျနားလည်စေရန် သူသည် သေတ္တာအတွင်းရှိပစ္စည်းများ အစစ်အမှန်ဟုတ်မဟုတ်ကို အရင်ဆုံးစစ်ဆေးရပေမည်။
သို့ရာတွင်...
'ဒါတွေက အစစ်အမှန်တွေပဲ ဖြစ်ရမယ်'
ဤမျှများပြားသောရွှေတုံးများနှင့်အတူ မြှုပ်နှံခြင်းခံထားရသော ပစ္စည်းများသည် အစစ်အမှန်သာ ဖြစ်ပေလိမ့်မည်။
'မဟုတ်...မဟုတ်...မဟုတ်သေးဘူး...ငါ သေချာလုပ်ဖို့လိုအပ်တယ်'
သူ၏စိတ်ခံစားချက်များ တလိမ့်လိမ့်ထိုးတက်လာပြီး မျှော်လင့်ချက်နှင့်စိတ်လှုပ်ရှားမှုများက တစ်ခုနှင့်တစ်ခုဖီလာဆန့်ကျင်တိုက်ခိုက်နေသည်။ မကြာသေးမီဆယ်စုနှစ်များအတွင်း သူ ဤကဲ့သို့ခံစားဖူးသလော။
"ယွမ်ဂွန်း..."
"ဟုတ်ကဲ့...ဂိုဏ်းခေါင်းဆောင်"
"မင်း ပစ္စည်းတချို့ယူသွားပြီး တောင်အောက်ကိုဆင်းရမယ်"
"ဟုတ်ကဲ့"
ဟွမ်းဂျွန်က ခုန်ထပြီးနောက် ရုတ်တရက် ချွမ်းမြောင်အား ကြည့်လိုက်သည်။
"ချွမ်းမြောင်..."
"အမိန့်ရှိပါ ဂိုဏ်းခေါင်းဆောင်"
"မင်းက ကြီးမားတဲ့ကိစ္စကို စွမ်းဆောင်ပေးနိုင်ခဲ့တယ်...ငါတို့ နောက်ပိုင်းကျရင် ဒီကိစ္စကို ဆွေးနွေးကြမယ်"
"ဟုတ်ကဲ့"
ချွန်းမြောင် မည်သည့်စကားမျှထပ်မဆိုတော့ဘဲ နောက်သို့ခြေလှမ်းပြန်ဆုတ်လိုက်ချိန်တွင် ဟွမ်ဂျွန်းက သေတ္တာကို အလျင်စလိုမယူလိုက်၏။ ထို့နောက် သူက ချွမ်းမြောင်အား အမိန့်ပေးလေသည်။
"တခြားကလေးတွေကိုခေါ်ပြီး အိပ်ဆောင်ကိုပြန်တော့"
"ကျွန်တော် လုပ်လိုက်ပါမယ်"
"ကောင်းတယ်"
ထိုစကားဆုံးသည်နှင့် ဟွမ်းဂျွန်က တောင်ပေါ်မှဆင်းသွားတော့သည်။ ယွမ်ဂွန်းက သေတ္တာကိုသယ်ဆောင်၍ နောက်မှအတူလိုက်ပါသွားသည်။ ဤနေရာရှိ ကလေးများသည် သူတို့အား အူကြောင်ကြောင်ဖြစ်နေသော အမူအယာဖြင့် ကြည့်နေကြ၏။
"ဘာဖြစ်သွားတာလဲ"
"ဘာတွေလဲကွာ..."
ရှုပ်ယှက်ခတ်နေသော ကလေးများ၏အလယ်ရှ် ချွန်းမြောင်က ပြုံးလိုက်သည်။
'ဒါက အခုလက်ရှိအချိန်အတွက်တော့ လုံလောက်သင့်ပါတယ်'
သေတ္တာအတွင်း၌ပါဝင်သော ချမ်းသာကြွယ်ဝမှုများနှင့်အထောက်အပံများသည် သိုလှောင်ရုံအတွင်းရှိပစ္စည်းများ၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။
မည်သည်ကြောင့် သူ အစိတ်အပိုင်းတစ်ခုကိုသာ ပေးခဲ့သနည်း။
ထိုအရာများကို ဟွာဆန်းအားအပိုင်မပေးလိုဘဲ သူ၏အပိုင်ဖြစ်လိုခြင်းကြောင့် မဟုတ်သည်မှာသေချာပေ၏။
'ဘာလို့လဲဆိုတော့ ပထမဆုံးအကိုက်က မြန်မြန်ပျောက်ကွယ်သွားတက်လို့ပဲ'
အကယ်၍ သေခါနီးလူတစ်ယောက်အား စားစရာတနင့်တစ်ပိုးသွားကျွေးပါက ထိုလူ၏ခန္ဓာကိုယ်တောင့်ခံနိုင်မည်မဟုတ်ဘဲ ဖြုန်းတီးမှုသာဖြစ်သွားပေမည်။ ထိုသူကို အစားတစ်နင့်တစ်ပိုးကျွေးမည့်အစား သူ၏ဆာလောင်မှုပြေပျောက်ပြီး ထပ်မံ၍ငတ်မွတ်ခြင်းမရှိစေရန် ချင့်ချိန်ပေးရမည်။
တစ်စုံတစ်ယောက်ကို လိုအပ်သည်ထက်ပို၍ ကောင်းမွန်သောအရာများ ပေးကမ်းခြင်းသည် ကောင်းသောကိစ္စမဟုတ်ချေ။
လက်ရှိဟွာဆန်း၏အနေအထားသည် မြောက်များစွာသောချမ်းသာကြွယ်ဝမှုကို ထိန်းသိမ်းနိုင်စွမ်းမရှိဟု ချွန်းမြောင်က ကောက်ချက်ချထားသည်။ မြောက်မြားစွာသော ငွေကြေးများအား သူတို့ထံသို့ တစ်ကြိမ်တည်းပေးလိုက်ခြင်းသည် အကျိုးအကြောင်းမဆီလျော်ပေ။ ဂိုဏ်းအားလုံးသည် အစမှတ်မှစတင်ရန် လိုအပ်ပေ၏။
အမှန်အားဖြင့် ဤကိစ္စသည် ဟွာဆန်းအတွက် စမ်းသပ်ချက်ဖြစ်သော်လည်း ချွန်းမြောင်အတွက်မဟုတ်ချေ။
ယွန်းဂျွန်က ချွန်းမြောင်အနီးသို့ ချဥ်းကပ်လာသည်။
"ဆရာတူညီလေး"
"ဟမ်..."
"ငါတို့ကို တောင်အောက်ဆင်းခိုင်းထားတယ်...ငါတို့ အိပ်ဆောင်ကို မပြန်သင့်ဘူးလား"
ချွန်းမြောင်က ခေါင်းညိတ်ပြသည်။
"ငါတို့ ပြန်သင့်တယ်လေ"
"ဒါပေမယ့် ဆရာတူညီလေးကိုကြည့်ရတာ ဘာလို့ဒီလိုမျိုး ဖြစ်နေတာလဲ"
"အာ...တစ်ခုခုဖြစ်သွားလို့ပါ"
ချွန်းမြောင်က လက်ဝှေ့ယမ်းပြပြီး ယွန်းဂျွန်၏စိုးရိမ်ပူပန်မှုကို ပျောက်ကွယ်စေသည်။
'သူ ဘာအကြောင်းမေးနေတာလဲဆိုတာ ငါသိတယ်'
သူ၏အစစ်အမှန်ကိုယ်တွင်းချီကို အသုံးပြုလိုက်ရသော အကျိုးကျေးဇူးကြောင့် သူ့ခန္ဓာကိုယ်အခြေအနေ အလွန်ဆိုးရွားစုတ်ပြတ်နေသည်။
'ငါ ပိုပြီးသတိထားရတော့မယ်'
အစစ်အမှန်ကိုယ်တွင်းချီကို အတိတ်တွင် သူ အသုံးပြုခဲ့ဖူးသော်လည်း ယခုလက်ရှိချိန်၌ သူ၏ခန္ဓာကိုယ်သည် တည်ငြိမ်မှုမရှိချေ။ ထို့ကြောင့် ကလေးတစ်ယောက်၏ခန္ဓာကိုယ်ဖြင့် သူ အလွန်အကျွံကြိုးစားခဲ့ရာတွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
သူ၏နုနယ်ပြီး အတွေ့အကြုံမရှိသောခန္ဓာကိုယ်ဖြင့်အရာအားလုံးအား ထိန်းချုပ်နိုင်မည်ဟု တွေးတောခဲ့ခြင်းမှာ အလွန်ရူးမိုက်ခဲ့ခြင်းပင်။ သူ ခန့်မှန်းထားသည်ထက်ပို၍ အစစ်အမှန်ကိုယ်တွင်းချီများကို အသုံးပြုခဲ့ရခြင်းမှာ သဘာဝကျပေ၏။
"မင်းကိုကြည့်ရတာ သေတော့မယ့်ပုံပေါက်နေတယ်"
"ငါ မသေပါဘူးကွ"
"တကယ်လား"
"ငါ သေသွားရင် မင်းတို့ ဝမ်းသာနေမှာမလား"
ယွန်းဂျွန်က အဖြေပြန်ပေးခြင်းမပြုဘဲ သူ၏ခေါင်းကို တစ်ဖက်သို့လွှဲလိုက်သည်။
'ဟမ်...ပြန်မဖြေဘူးလား...သူက ငါ့ကို တကယ်သေစေချင်နေတာလား...ဒီခွေးမသားကတော့"
"မင်းက ဘယ်လိုပဲဖြစ်ဖြစ် သေမယ့်ကောင်မှမဟုတ်တာ...မင်းမသေဖို့ ငါမျှော်လင့်နေတယ်လို့ ငါပြောမှာကို မင်းက ဘာလို့မျှော်လင့်နေတာလဲ"
"မျှော်လင့်တာလား...ငါ ဘာမျှော်လင့်လို့လဲ...ထွီ.."
ချွန်းမြောင်က တံ့တွေးထွေးလိုက်၏။
'ငါ တစ်လ နှစ်လလောက်တော့ အိပ်ယာပေါ်နေရနိုင်တယ်'
ဤှကဲ့သို့အခြေအနေမျိုးမှ သူ ပြန်လည်ကောင်းမွန်လာရန်မှာ မလွယ်ကူချေ။ အကယ်၍ ချွန်းမြောင်သည် ဂရုတစိုက်နေထိုင်လျှင်ပင် သင့်လျော်သောဆေးဝါးတချို့ သူရှာမတွေ့ပါက သူ၏ခန္ဓာကိုယ်နဂိုမူလအခြေအနေသို့ပြန်ရောက်ရန် အတော်ရုန်းကန်ရပေမည်။
"စကားမစပ်...မင်း ဒါတွေကို ဘယ်လိုမျိုးရှာတွေ့တာလဲ...ဒီပစ္စည်းတွေကိုကြည့်ရတာ သာမာန်ဖြစ်ပုံမရဘူး...ဂိုဏ်းခေါင်းဆောင်တောင် တော်တော်ကြီးတုန်လှုပ်ချောက်ချားသွားခဲ့တယ်"
"ကောင်းမွန်တဲ့ဘဝနဲ့အသက်ရှင်ရင် ကောင်းကင်ဘုံက မင်းကို စောင့်မကြည့်ရှုလိမ့်မယ်...ဒါကြောင့် မင်း ခုချိန်ကစပြီး လူကောင်းတစ်ယောက်ဖြစ်အောင်လုပ်တော့"
“…”
အကယ်၍ ချွန်းမြောင်ကဲ့သို့လူစားမျိုးသာ ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းခံရသည်ဆိုပါက တခြားကလေးများသည် ကောင်းချီးပေးခံရသောဘဝ၌ အာမခံချက်ရရှိပြီးဖြစ်ပေမည်။ မည်သူတစ်ဦးတစ်လေမျှ ထိုစကားအား ပြန်လည်ချေပနိုင်မည်မဟုတ်ချေ။
ချွန်းမြောင်၏အကြည့်သည် တောင်အောက်သို့ဆင်းသွားသော ဂိုဏ်းခေါင်းဆောင်ထံ ရောက်ရှိသွားသည်။
'ဒီလောက်ပမာဏနဲ့ဆိုရင် သူ ထိန်းသိမ်းနိုင်မှာပါ...အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်...တကယ်လို့ သူ ရူးမနေရင်ပေါ့....'
"လာကြတော့...တောင်အောက်ဆင်းကြမယ်"
"အင်း...ဒါပေမယ့် မင်း ဘယ်ကိုသွားမလို့လဲ"
"ဘာလဲ"
"အောက်ဆင်းဖို့လေ...ငါတို့ အဲ့ဒီလမ်းအတိုင်း ဆင်းရမှာမဟုတ်ဘူးလား"
ယွန်းဂျွန်က တောင်အောက်သို့ဆင်းသောလမ်းကို ညွှန်ပြလိုက်သည်။
"မင်း ဒီလောက်သိသာနေတဲ့ကိစ္စကို အလေးအနက်ထားပြီး မေးတာပဲလား"
"ဒါဆိုရင် ငါတို့ ဘယ်နေရာကသွားရမှာလဲ"
"တောက်..."
ယွန်းဂျွန်၏အမေးစကားကို ကြားချိန်တွင် ချွမ်းမြောင်က တောက်ခေါက်လိုက်၏။
"ဆရာတူအကို"
"အင်း..."
"သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်...မင်းမှာ လိုက်လျောညီထွေတွေးတက်တဲ့ အတွေးမျိုးရှိဖို့လိုအပ်တယ်...အောက်ကိုဆင်းဖို့ လမ်းတစ်လမ်းပဲရှိတယ်လို့ မင်း မတွေးထားနဲ့...တောင်ထိပ်ကိုတက်ပြီး တခြားတစ်ဖက်ကနေပြန်ဆင်းဖို့ လမ်းတွေအများကြီးရှိတယ်"
'သူ ဘယ်လိုမျိုး သောက်ရေးမပါတဲ့စကားတွေကို ပြောနေတာလဲ...ဒီသောက်ရူးကတော့...'
"လာကြတော့...ဂိုဏ်းခေါင်းဆောင်တို့က ထွက်ခွါသွားပြီ...ဒါပေမယ့် ငါတို့မှာ လေ့ကျင့်ရေးလုပ်စရာ ကျန်သေးတယ်...နောက်ဆုံးကျန်တဲ့လူဆယ်ယောက်က ဒီနေ့နေ့လည်စာမစားရဘူး...ပြေးကြတော့"
ယွန်းဂျွန်သည် သူ၏စိတ်မကျေမနပ်ဖြစ်မှုအား အခွင့်အရေးမရမီမှာပင် တောင်ထိပ်သို့ပြေးတက်ရန် သူ၏ခြေထောက်များကို အလျှင်အမြန် စတင်လှုပ်ရှားလိုက်ရ၏။ တခြားကလေးများသည် သူ့၏နောက်မှနေ၍ ကြောက်လန့်တကြား တောင်ထိပ်သို့ အပြေးတက်ကြသည်။
'ဒီ ယုတ်မာတဲ့ ခွေးမသားကတော့'
'သောက်ချေးပဲ...ငါ အဲ့ဒီကောင်ကိုမရိုက်နိုင်ဘူးလို့ ငါ မယုံဘူး'
ကလေးများ အားကုန်ထုတ်၍ ပြေးလွှားနေသည်ကိုကြည့်ပြီး ချွန်းမြောင်က ပြုံးလိုက်သည်။
"အရင်ဆုံးရောက်တဲ့ ဘယ်သူမဆို...ငါ လက်ဆောင်တစ်ခုပေးမယ်"
နောက်တစ်ကြိမ်အတွက် သူ မည်သည့်အရာများကို ပြင်ဆင်ထားသင့်သနည်း။ သေတ္တာအတွင်း၌ သူ ထည့်သွင်းထားပြီး ဂိုဏ်းအားပေးခဲ့သော ပစ္စည်းများသည် သူထံ၌ရှိသောပမာဏအနက်မှ အနည်းငယ်သာဖြစ်သည်။ သူ ပေးလိုက်သော ချမ်းသာကြွယ်ဝမှုပမာဏသည် သိုလှောင်ရုံအတွင်းရှိ ချမ်းသာကြွယ်ဝမှု၏ ဆယ်ပုံတစ်ပုံပင်မရှိချေ။
ချွန်းမြောင်က မိုးကောင်းကင်အား မော့ကြည့်လိုက်၏။ သူ၏ဆရာတူအကိုသည် ရှုံမဲ့နေသောမျက်နှာနှင့် သူ့အားငုံကြည်နေသည်ဟု ခံစားနေရသည်။
"အမ်...ငါ့ကိုအပြစ်မပြောနဲ့လေ...အဲ့ဒီပစ္စည်းတွေကို ငါ အပိုင်စီးချင်နေတာလို့ မင်း တွေးနေတာလား"
သူ ကျန်းမာလာစေရန် အနားယူရပေမည်။
ဟီး...ဟီး...ဟီး..
ချွန်းမြောင်က လမ်းသွားနေရင်း ရယ်ပြုံးနေပေ၏။
"ဒါတွေက အစစ်အမှန်တွေပဲ"
ဟွမ်းဂျွန်က သူ၏နှလုံးပေါက်ထွက်လုမတက် ခုန်နေသည်ကို ခံစားမိ၏။ အမှန်အားဖြင့် ဤအဖြေကို သူ မျှော်လင့်ပြီးသားဖြစ်သော်လည်း သက်ရောက်မှုက လျော့ပါးသွားခြင်းမရှိချေ။
အခန်း ၂၈:ဟွာဆန်းက ကံကြမ္မာကောင်းတစ်ခု ရရှိသွားပြီ(3)B
ဟွမ်းဂျွန်က သူ၏တုန်ရီနေမှုကိုပင် ဖုံးကွယ်မထားနိုင်တော့ဘဲ မေးမြန်းလိုက်၏။
"မင်း သေချာလား"
"ဟုတ်ကဲ့...ကျွန်တော် သေချာပြောနိုင်တယ်...ဒီစာရင်းဇယားတွေက အစစ်အမှန်တွေပဲ...ရွှေတွေရဲ့အောက်မှာရှိတဲ့ စာအုပ်တွေကလည်း စစ်မှန်တယ်လို့ ကျွန်တော် အာမခံနိုင်ပါတယ်"
ဟက်...ဟက်...ဟက်...
ဟွမ်းဂျွန်က စကားပြောဆိုလိုသော်လည်း စကားတစ်ခွန်းမျှ ထွက်ပေါ်လာခြင်းမရှိချေ။ သူကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ အက်ရှရှအသံဖြင့် ရယ်မောနေတော့သည်။
"ဟူး..ဟူး ဟူး ဟူး"
သူ မည်မျှထိ ခက်ခက်ခဲခဲပင်ပန်းခဲ့ပါစေ အရေးမပါတော့ချေ။ ယခု သူ မရပ်မနားပြုံးရယ်နိုင်လေ၏။
ဘဝတွင် မည်သို့ဖြစ်လာမည်ကို မည်သူမျှမသိနိုင်သော်လည်း ဤကဲ့သို့အဖိုးတန်သောကိစ္စများ အမှန်တကယ်ဖြစ်ပျက်လာလေပြီ။
အကယ်၍ ဤအရာများကို တစ်ပတ်နောက်ကျပြီးမှ ရှာတွေ့ပါက မည်သို့ဖြစ်ပျက်သွားမည်နည်း။ သူ ထိုအကြောင်းကို တွေးပင်မတွေးတောလိုချေ။
'ကောင်းကင်ဘုံက ငါတို့ကို ပစ်ပယ်မထားဘူးပဲ'
မဟုတ်သေး...ထိုအရာသည် ကောင်းကင်ဘုံမဟုတ်ဘဲ ဟွာဆန်း၏ဘိုးဘေးများက ကူညီစောင့်ရှောက်ပေးနေခြင်းသာ ဖြစ်ပေမည်။
ဟွမ်းဂျွန်က မျက်စုံးစုံမှိတ်လိုက်သော်လည်း သူ၏ပူလောင်ပြင်းပြနေသော စိတ်ဆန္ဒများကို ဖုံးကွယ်မထားနိုင်ချေ။
"ဒါဆိုရင် ငါတို့ ဒီစာရင်းဇယားထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေနဲ့ သက်သေပြလို့ရပြီလား"
"ဒီစာရင်းဇယားတွေကို စစ်ဆေးပြီးသားလေ...ကျွန်တော်တို့ သက်သေပြလို့ရတာပေါ့...ကျွန်တော်တို့က ဟွာကျေးရွာမှာရှိတဲ့ ဟွာဆန်းရဲ့လက်အောက်ခံလုပ်ငန်းတွေကို ပြန်ယူလို့ရပြီ...ထဲဟွာခန်းမလည်း အပါအဝင်ပဲ"
"ကောင်းတယ်...ဒါက အရမ်းကောင်းတယ်"
ဤသည်က အံ့ချီးဖွယ်ကိစ္စတစ်ရပ်ပင်။
ရက်အနည်းငယ်အတွင်း ဟွာဆန်း၏တပည့်များသည် လမ်းပေါ်သို့ မောင်းထုတ်ခံရတော့မည့် အခြေအနေထိ ကြုံတွေ့ခဲ့ရသည်။ သို့ရာတွင် ဤစာရင်းဇယားများနှင့်အတူ ဟွာဆန်းအား ကာကွယ်နိုင်ရုံသာမက ဆုံးရှုံးခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော လုပ်ငန်းများကိုပင် ပြန်လည်ရရှိနိုင်သည်။
ဘဏ္ဍာရေးဌာန၏အကြီးအကဲ ဟွမ်းယောင်က ရယ်မောလိုက်၏။
"မဖြစ်နိုင်ဘူးဆိုပေမယ့် ဒါတွေက အတုတွေဆိုရင်တောင် လတ်တလောဖြစ်ပွါးနေတဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်တယ်...တကယ်လို့ ဒီစာရင်းဇယားတွေက အလုပ်မဖြစ်ဘူးဆိုရင်တောင် သေတ္တာအတွင်းမှာရှိတဲ့ ရွှေတွေရဲ့တန်ဖိုးက ယန်တစ်သိန်းကျော်တယ်...ဒါက အကြွေးဆပ်ဖို့လိုတာထက်တောင် ပိုနေပြီလေ"
"နတ်ဘုရားတွေရဲ့ ကျေးဇူးကြောင့် စိတ်သက်သာရာရသွားပြီ"
"ဒီငွေတွေနဲ့ဆိုရင်...ဟွာဆန်းရဲ့ ငွေရေးကြေးရေးပြဿနာတွေအားလုံးကို တစ်ကြိမ်တည်းနဲ့ ဖြေရှင်းနိုင်တယ်...ပြီးတော့ တကယ်လို့ လုပ်ငန်းတွေကို ကျွန်တော်တို့ ပြန်ယူနိုင်မယ်ဆိုရင်...ငွေအတွက်နဲ့ပတ်သက်ပြီး ထပ်ပြီးစိတ်ပူစရာလိုမှာမဟုတ်တော့ဘူး"
ပျားရည်စဖွယ်ချိုမြသည့် စကားများကို သူ မရပ်မနား ကြားနေရ၏။ ဟွမ်းဂျွန်အတွက် ထိုစကားများသည် အလှပဆုံးသံစဥ်တေးသွားနှင့် အလားတူညီသည်။
"ဒါတင် ဘယ်ကမလဲ"
သိုင်းပညာဌာန၏အကြီးအကဲ ဟွမ်းဆန်က အပြုံးနှင့်ပြောဆိုသည်။
“ဒီသူတော်စင်ဓားခုနစ်လက်ကျင့်စဥ်က အစစ်အမှန်တစ်ခုပဲ...ကျွန်တော် ဒါကို နောက်ပိုင်းကျရင် ပိုပြီးလေ့လာရအုံးမယ်ဆိုပေမယ့် ဒီစာအုပ်ထဲမှာ ရေးထားတာတွေက အမှားတစ်ခုမှမပါဘူး"
"အို..."
"ပန်းကြွေဓားကလည်း အားတက်စရာတစ်ခုပဲ...ဒီဓားပညာက တခြားပညာရပ်တွေနဲ့ တူညီတဲ့အဆင့်မှာမရှိပေမယ့် သူတော်စင်ဓားခုနစ်လက်နဲ့ တွဲဖက်သင်ယူဖို့ သင့်တော်တယ်...ဒါက ပိုပြီးအဆင့်မြင့်တဲ့ သိုင်းပညာရပ်ဆီကို အလယ်အလတ်အဆင့်နဲ့ ချဥ်းနင်းဝင်ရောက်နိုင်လိမ့်မယ်"
"အ...အမှန်ပဲ"
"ဝါးရွက်ဓားကိုကြည့်ရတာလည်း အစစ်အမှန်ပညာရပ်တစ်ခုဖြစ်ပုံပဲ"
သူ ရှုံးနိမ့်သွားလေပြီ။ ဟွမ်းဂျွန်က ဤအခြေအနေအား မထိန်းသိမ်းနိုင်တော့ချေ။ အကယ်၍ ယခုချိန်၌ သူ စကားပြောဆိုလိုက်ပါက သူ ရူးသွပ်မိုက်မဲသူ ဖြစ်သွားပေမည်။
"ဒါက ဖော်ပြလို့တောင်မရတဲ့ ခံစားချက်မျိုးပဲ...သူတော်စင်ဓားခုနစ်လက်နည်းစနစ်က ငါတို့လက်ထဲကို တစ်ဖန်ပြန်ရောက်လာပြီ...အတိတ်တုန်းကတော့ ဒီပညာရပ်ကို ဟွာဆန်းမှာရှိတဲ့သိုင်းပညာရပ်တွေရဲ့ အခြေခံအဖြစ်နဲ့ လေ့ကျင့်ခဲ့ရတယ်...နောက်ဆုံးတော့ အရင်တုန်းကလို ပြန်ဖြစ်လာတော့မှာ"
"ဒါက ကျွန်တော်တို့တုန်းကလို မဟုတ်တော့ဘူးပေါ့"
"ဟုတ်တယ် ဂိုဏ်းခေါင်းဆောင်"
"ဒီနည်းစနစ်က ဟွာဆန်းရဲ့ရတနာပဲ"
ဟွမ်ဆန်းက တစ်စုံတစ်ခုပြောဆိုရန် သူ၏ပါးစပ်ကို ဖွင့်ဟပြီးမှ ပြန်ပိတ်လိုက်သည်ကို ဟွမ်းဂျွန်က မလွတ်တမ်းသတိပြုမိသွားသည်။
"ပြဿနာ တစ်ခုခုရှိလို့လား"
"မရှိ...မရှိပါဘူး...ဘာမှမရှိပါဘူး"
"ဒါက သိုင်းပညာရပ်တွေနဲ့ ဆိုင်လား"
"အဲ့ဒီလိုမျိုးမဟုတ်ပါဘူး...သိုင်းပညာရပ်တွေက အစစ်အမှန်တွေဆိုတာ ကျွန်တော် အာမခံနိုင်တယ်"
"ဒီစကားကြားရတာ ငါ ဝမ်းသာမိတယ်"
ဂိုဏ်းခေါင်းဆောင်က ခေါင်းညိတ်လိုက်ချိန်တွင် ဟွမ်ဆန်းက ပြောဆိုလိုက်၏။
"ဒီပစ္စည်းတွေကို တတိယတန်းစားတပည့်တစ်ယောက်က ရှာတွေ့ခဲ့တာလို့ ပြောခဲ့တယ်မဟုတ်လား"
"အမှန်ပဲ...ဂိုဏ်းကိုရောက်လာတာ မကြာသေးတဲ့ ချွန်းမြောင်ဆိုတဲ့ ကလေးတစ်ယောက်ပဲ"
"သူကို ဆုချီးမြှင့်ဖို့ လိုအပ်တယ်"
"ကျွန်တော်တို့ သူ့ကို တစ်ခုခုပေးသင့်တယ်...ဟွာဆန်းအတွက် အဲ့ဒီကလေးကို ကျေးဇူးတင်ရမှာ...."
"ဂိုဏ်းခေါင်းဆောင်...ကျွန်တော်ဆိုလိုချင်တာက အဲ့ဒီလိုမျိုးမဟုတ်ဘူး"
ဟွမ်းယောင်က ဟွမ်းဂျွန်၏စကားများကို ကြားဖြတ်ပြောဆိုလိုက်၏။
"သူက မကြာသေးမီကမှ ဟွာဆန်းကိုဝင်လာတဲ့ ကလေးတစ်ယောက်လေ...ဟွာဆန်းအတွက် ဒီလိုမျိုးစိတ်နှလုံးသားရှိတဲ့ တစ်စုံတစ်ယောက်ကိုမတွေ့တာ ဘယ်လောက်ကြာနေပြီလဲ"
"အမှန်ပဲ..."
"တကယ်လို့ ဒီကလေးက စာအုပ်တွေရဲ့တန်ဖိုးကို မသိဘူးဆိုရင်တောင် ရွှေတွေနဲ့ရတနာတွေရဲ့ တန်ဖိုးကိုသိမှာ သေချာတယ်...တကယ်လို့ သူ့နေရာမှာ ကျွန်တော်သာဆိုရင် သေတ္တာဖွင့်ပြီးတာနဲ့ ပစ္စည်းတချို့ထုတ်ယူပြီး တစ်နေရာရာမှာ ဝှက်ထားမိလိမ့်မယ်...အဲ့ဒီလိုမဟုတ်ရင်တောင် သေတ္တာကို တခြားသူတွေမမြင်အောင် မြေထဲပြန်မြှုပ်ထားမိမှာပဲ"
ဤသည်က ထိတ်လန့်တုန်လှုပ်ဖွယ် စကားလုံးများပင်။ သို့ရာတွင် ဟွမ်းယောင် ပြောဆိုသည်များက အမှန်ဖြစ်ပေ၏။
"ဟုတ်တယ်...ငါ အဲ့ဒါကို မတွေးခဲ့မိဘူး"
"အမှန်တကယ်ထူးခြားပြီး ပြိုင်ဘက်ကင်းတဲ့ ကလေးတစ်ယောက်ပဲ ဖြစ်ရမယ်...ဒါတွေက ဟွာဆန်းမှာရှိတဲ့ဘယ်သူမဆို သူတို့ရဲ့စိတ်နှလုံးသားတွေ ယိမ်းယိုင်သွားစေတဲ့ ချမ်းသာကြွယ်ဝမှုမျိုးပဲ...တကယ်လို့ ဒါတွေကိုမြင်တဲ့သူက ကျွန်တော်ဆိုရင်တောင် ဘယ်သူကိုမှမပြောဘဲ ယူပြီး အဝေးကိုထွက်သွားမိလိမ့်မယ်"
"ငါ ဒါကိုမှတ်ထားမယ်"
"ဂိုဏ်း...ဂိုဏ်းခေါင်းဆောင်"
ဟွမ်းယောင်သည် ဟွမ်းဂျွန်ပြောဆိုသည်ကို နားထောင်ပြီး အနည်းငယ်ဝေခွဲရခက်သွား၏။
"ဒါက အံ့အားသင့်စရာဆိုပေမယ့် ဟွာဆန်းက ကောင်းချီးပေးမှုတစ်ခုကို ရရှိသွားပြီ"
ဟွမ်းဂျွန်က ပြုံးလိုက်သည်။
ဤကိစ္စသည် တိုက်ဆိုင်မှုတစ်ခုဖြစ်သော်လည်း သေတ္တာအား အချိန်ကိုက်ရှာတွေ့ခြင်းအတွက် သူ အမှန်တကယ် ကျေးဇူးတင်မိ၏။ သူ၏စိတ်ကိုပြောင်းလဲပြီး သူတောင်းစားတစ်ယောက်အား ခေါ်ယူထားခြင်းမှာ ဟွာဆန်းအားကယ်တင်ရန် မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်ခဲ့ခြင်းဟု သူ တွေးတောမိသည်။
"ဟွမ်းယောင်"
"အမိန့်ရှိပါ ဂိုဏ်းခေါင်းဆောင်"
"ဒီစာရင်းဇယားတွေက အစစ်အမှန်တွေလား"
"ကျွန်တော့်လည်ပင်းပေါ် ဓားတင်ပြီး အာမခံပေးရဲပါတယ်"
"ငါသိပြီ...ငါတို့ အခုချက်ချင်းဆက်သွယ်ဖို့ လိုအပ်တဲ့လူတွေရှိတယ်"
ဟွမ်းဂျွန်၏မျက်နှာပေါ်၌ အလေးအနက်ထားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
ယခုလက်ရှိချိန်သည် သူတို့၏မြှားများဖြင့် ဟွာဆန်းအားချိန်ရွယ်ရန် ကြိုးပမ်းခဲ့ကြသည့်သူများကို အပြစ်ပေးရမည့်အချိန်ပင်။
"ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့လူအားလုံးကို...ဟွာဆန်းဆီခေါ်ခဲ့စမ်း"
ဟွမ်းဂျွန်သည် ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေဖြင့် နောက်ဆုံး၌ မားမားမတ်မတ်ရပ်တည်နိုင်လေပြီ။
အခန်း ၂၉:ဟွာဆန်းက ကံကြမ္မာကောင်းတစ်ခု ရရှိသွားပြီ(၄)A
"အား...ဒါက တော်တော်ခက်ခဲကြမ်းတမ်းတာပဲ"
ယုဂျွန်ဆန်းသည် ပင်ပန်းမှုဒဏ်ကို ခံစားနေရသဖြင့် ကျယ်လောင်စွာ အော်ဟစ်ညည်းတွားလိုက်၏။
ဟွာဆန်းသို့ဦးတည်နေသော တောင်တက်လမ်းသည် အလွန်မတ်စောက်သဖြင့် တောင်အောက်ရှိရွာအတွင်း၌ နေထိုင်သူများပင် လွယ်လင့်တကူမတက်နိုင်ချေ။
ကံကောင်းထောက်မစွာဖြင့် ကုန်သည်များအား သူတို့၏သက်တော်စောင့်များက တောင်ပေါ်တက်နိုင်ရန် ကူညီပေးကြသည်။ သို့ရာတွင် သာမာန်လူများကမူ ဟွာဆန်းတောင်ပေါ်သို့တက်ရန် စဥ်းစားဝံ့မည်မဟုတ်ချေ။
ကုန်သည်များသည် နောက်ဆုံးခရီးထွက်ပြီး တစ်ပတ်မပြည့်မီမှာပင် တောင်ပေါ်သို့ တစ်ဖန်ပြန်တက်ရသည့်အတွက် သူတို့၏ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးကို မသက်မသာခံစားရစေသည်။
"ဟူး..."
"ပိုင်ရှင်ယု...အားတင်းထားစမ်းပါ"
"ငါလည်း အားတင်းနိုင်ဖို့ ကြိုးစားနေပါတယ်"
ယုဂျွန်ဆန်းက စိတ်အနှောက်အယှက်ဖြစ်နေသည်။ သက်တော်စောင့်များက သူ့အားကူညီပေးနေသော်လည်း ခြေတစ်လှမ်းတောင်ပေါ်တက်နိုင်ရန် သူ ပြင်းပြင်းထန်ထန်ရုန်းကန်နေရ၏။ ဟောင်းနွမ်းဆွေးမြည့်သည့် ကြိုးတစ်ချောင်းကိုသာ အသုံးပြုပြီး မတ်စောက်သောချောက်ကမ်းပါးကိုတက်ရခြင်းမှာ မည်သည့်သာမာန်လူမျိုးမျှ ဖြတ်ကျော်နိုင်မည်မဟုတ်ချေ။ ဤသည်ကြောင့်များ ဟွာဆန်း ဖွံဖြိုးတိုးတက်မှုမရှိခြင်းဖြစ်သလော။
'ငါ့ငွေတွေပြန်ရပြီးတာနဲ့...ငါ ဘယ်တော့မှ ဒီနေရာကို ထပ်ပြီးမလာတော့ဘူး'
အကြောင်းအရင်းမှာ သူ ဟွာဆန်းအား ထပ်မံ၍မမြင်တွေ့လိုတော့သောကြောင့်ပင်။
သူတို့သည် ချောက်ကမ်းပါးကိုတက်ပြီးနောက် ညီညာပြီးပြန့်ပြူးသောမြေပြင်က သူတို့အား ဆီးကြိုနေပေ၏။ လူအားလုံး ရောက်ရှိပြီးပြီဖြစ်ကြောင်း အတည်ပြုပြီးချိန်တွင် ခန်းမသခင်ကောင်းက ပြောဆိုလိုက်သည်။
"ငါတို့ ဒီနေရာမှာ ခဏလောက်အနားယူရအောင်"
"အိုး...ခန်းမသခင်ကောင်း...ဒါက အကြံဥာဏ်ကောင်းပဲ...ငါ့ရဲ့ခြေထောက်တွေ တုန်ရီနေပြီ..."
"ပိုင်ရှင်ယုကတော့ မကြာခဏလေ့ကျင့်ဖို့ လိုအပ်နေပြီ"
"ဟူး....ငါက လေ့ကျင့်ခန်းလုပ်တာနဲ့ အစိမ်းသက်သက်တော့ မဟုတ်ပါဘူး...ဒါပေမယ့် ဒီတောင်ကိုတက်တိုင်း ငါ့ရဲ့ခန္ဓာကိုယ်က အသုံးမကျဘူးလို့ပဲ ထင်နေမိတယ်"
"ဒါက မဆိုးပါဘူး"
ပိုင်ရှင်ယုသည် ခေါင်းခါယမ်းပြပြီး ကျောက်တုံးတစ်တုံးပေါ်၌ ထိုင်လိုက်၏။
"ဒါပေမယ့် ခန်းမသခင်ကောင်း..."
ပိုင်ရှင်ဖန်းက ခန်းမသခင်ကောင်းအနီးသို့ ချဥ်းကပ်သွားသည်။
"ဘာကိစ္စရှိလို့လဲ"
"ဂိုဏ်းခေါင်းဆောင်က ရုတ်တရက်ကြီး ဘာလို့ဟွာဆန်းကို လာခိုင်းရတာလဲ"
သူတို့၏နာကျင်ကိုက်ခဲနေသော ခြေထောက်များကို ပွတ်သပ်နေကြသည့် ကုန်သည်များအားလုံးက ပိုင်ရှင်ဖန်းအား အာရုံစူးစိုက်လိုက်ကြသည်။
"သူက ငွေတချို့ ရှာလို့ရလာတာဖြစ်နိုင်တယ်"
ခန်းမသခင်ကောင်းက အပြုံးနှင့်ပြောဆိုသည်။
"ဒါက ဖြစ်နိုင်လို့လား...ယန်တစ်သိန်းဆိုတာ နည်းတဲ့ငွေပမာဏမဟုတ်ဘူး"
ခန်းမသခင်ကောင်းက ပြောင်ပြောင်ဘွင်းဘွင်း ဆက်လက်ပြောဆိုလိုက်၏။
"ဒါပေမယ့် တကယ်လို့ သူတို့ငွေချေးလို့ရသွားရင်ကော...."
"ပြိုလဲလုနီးပါးဖြစ်နေတဲ့ဂိုဏ်းတစ်ဂိုဏ်းကို လောကကြီးထဲမှာရှိတဲ့ ဘယ်လိုလူမျိုးကမှ ယန်တစ်သိန်းချေးမှာမဟုတ်ဘူး...အဲ့ဒီလိုမျိုး သနားကြင်နာတက်တဲ့လူစားမျိုးကလည်း ဘယ်တော့မှ လူချမ်းသာတစ်ယောက်ဖြစ်မလာဘူး"
"သေချာတာပေါ့"
ယုဂျွန်ဆန်းက ပခုံးတွန့်ရင်း ပြောဆိုသည်။
"ဒါဆို ခန်းမသခင်ကောင်း ဘယ်လိုတွေးထားလဲ...ဂိုဏ်းခေါင်းဆောင်က ငါတို့ကို ဘာလို့ခေါ်တယ်လို့ မင်းထင်လဲ"
"လက်လျှော့အရှုံးပေးဖို့"
"လက်လျှော့အရှုံးပေးဖို့လား"
ခန်းမသခင်ကောင်းသည် ဟွာဆန်းဂိုဏ်းတည်ရှိရာ တောင်ထိပ်သို့ ကြည့်လိုက်သည်။
"ဖြစ်နိုင်တာကတော့...သူက အကူအညီတောင်းဖို့ ကြိုးစားပေမယ့် အလှည့်တိုင်းငြင်းပယ်ခံရတာနဲ့ကြုံမှာပဲ...နောက်ဆုံးအချိန်အခိုက်အတန့်အထိ ဒုက္ခဆင်းရဲတွေကို မခံစားနိုင်တော့လို့ သူ လက်လျှော့အရှုံးပေးဖို့ ငါတို့ကိုခေါ်လိုက်တာပဲဖြစ်မယ်"
ကျွတ်...
ယုဂျွန်ဆန်းက ကျွတ်တစ်ချက်စုပ်ပြီး ပြောဆို၏။
"ကြွေးရှင်တွေကို သူတို့ရဲ့အိမ်တံခါးဝဆီ ခေါ်တဲ့လူမျိုးကို ငါ ပထမဆုံးအကြိမ်ကြားဖူးတာပဲ...ဘာမှပေးစရာမရှိဘဲနဲတော့ သူတို့ကိုမြန်မြန်ရှင်းထုတ်တာ ပိုကောင်းလိမ့်မယ်...အကြွေးတွေက နည်းတာမှမဟုတ်တာ"
"ဟုတ်တယ်...သူက အကြွေးတွေကြောင့် ခက်ခဲတဲ့အခြေအနေကိုရောက်နေပြီ...ဒါပေမယ့် သူက ဟွာဆန်းရဲ့ဂိုဏ်းခေါင်းဆောင် ဖြစ်နေတုန်းမို့ သူကို တအားကြမ်းကြမ်းတမ်းတမ်း မပြောကြနဲ့"
"ခန်းမသခင်ကောင်းက သနားကြင်နာတက်တဲ့နှလုံးသားပိုင်ရှင်ပဲ...ငွေချေးပြီး ဆယ်စုနှစ်များစွာပြန်မဆပ်တဲ့လူကိုတောင် တွေးပေးနိုင်သေးတယ်"
ခန်းမသခင်ကောင်းက ရယ်ပြုံးနေသည်။
"ငါဆိုလိုချင်တာက ငါတို့ရဲ့အပြုအမူတွေကို ထိန်းသိမ်းသင့်တယ်လို့ပါ...ဟွာဆန်းရဲ့အမည်နာမက မကြာမီအချိန်မှာ ပျောက်ကွယ်သွားတော့မှာ...ဘာလို့ သူတို့ကို လိုအပ်တာထက်ပိုပြီး နာကျင်ခံစားစေတော့မှာလဲ"
"ခန်းမသခင်ကောင်းရဲ့ စေတနာသဒ္ဒါတရားကို လောကတခွင်လုံးသိသင့်တယ်"
"ငါတို့မှာ မတူကွဲပြားတဲ့ စိတ်နေစိတ်ထားတွေ ရှိနေခဲ့တာပဲ"
"ဒါက ဘာမှမဟုတ်ပါဘူး"
ထိုမြင်ကွင်းကိုကြည့်ရင်း ယုဂျွန်ဆန်းက တွေးတောနေသည်။
'သူတို့က ထိုင်နေတုန်း ဘာမှလုပ်စရာမရှိတာနဲ့ နားဝင်ချိုမယ့်စကားတွေ ပြောနေကြတာပဲ'
သူတို့သည် ဂိုဏ်းအားသိမ်းယူပြီး ဂိုဏ်းသားများအားလုံးကိုမောင်းထုတ်ရန် ကြံစည်ထားပြီးဖြစ်သည်။ မည်သူက သူတို့၏ဂုဏ်သိက္ခာကို အရေးစိုက်နေမည်နည်း။
'ဒါပေမယ့်...'
ယုဂျွန်ဆန်းက တောင်ထိပ်သို့ မော့ကြည့်လိုက်သည်။
'ငါတို့ရဲ့ငွေတွေ တကယ်ရောပြန်ရမှာလား'
ဂိုဏ်းအား သင့်လျော်သောစျေးနှုန်းတစ်ခုဖြင့် ရောင်းချပစ်မည်ကို သူ အစဥ်အမြဲ စိုးရိမ်နေခဲ့သည်။ အမှန်အားဖြင့် ခန်းမသခင်ကောင်းသည် ယုံကြည်ချက်အခိုင်အမာရှိပုံဖြင့် ပြောဆိုနေသော်လည်း ကုန်သည်များ၏စိတ်နှလုံးသားများအတွင်း၌ စိုးရိမ်ပူပန်မှုများရှိနေဆဲပင်။
သို့ရာတွင် ယုဂျွန်ဆန်းသည် ထိုကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းမရှိချေ။
'တကယ်လို့သာ တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ဂိုဏ်းသားက ဒီနေရာကိုရောက်လာတယ်ဆိုရင်...သူတို့က ဒီကိစ္စကို စိတ်ဝင်စားနေတယ်လို့ ဆိုလိုတာမဟုတ်လား'
အတိတ်တွင် ဟွာဆန်းဂိုဏ်းနှင့်တောင်ဘက်အစွန်အဖျားဂိုဏ်း၏ကြား မည်ကဲ့သို့ဆက်ဆံရေးမျိုးရှိသည်ကို လောကကြီးတစ်ခုလုံး သိရှိထားပြီးဖြစ်သည်။
ဟွာဆန်းဂိုဏ်း နိမ့်ပါးလာချိန်တွင် တောင်ဘက်အစွန်အဖျားဂိုဏ်းသည် တခြားသူများ လက်လှမ်းမီရန် မဖြစ်နိုင်သော မြင့်မားသည့်အဆင့်အတန်းသို့ တက်လှမ်းသွားခြင်းကြောင့်သာ ထိုကိစ္စသည် မှေးမှိန်သောဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားခဲ့ရ၏။
သို့ရာတွင် တောင်ဘက်အစွန်အဖျားဂိုဏ်းမှ အကြီးအကဲများသည် ဟွာဆန်းနှင့်သူတို့ဂိုဏ်း၏ ယှဥ်ပြိုင်ခဲ့မှုများကို သတိရနေဆဲဖြစ်မည်မှာ သေချာသည်။ အကယ်၍ သူတို့၏ရန်ငြှိုးများကိုသာ ဆက်လက်ထိန်းသိမ်းထားပါက လောကကြီးအတွင်း၌ ဟွာဆန်း၏အစိတ်အပိုင်းအနည်းငယ် ကျန်ရှိမည်ကိုပင် သူတို့အလိုရှိမည်မဟုတ်ချေ။
'ခန်းမသခင်ကောင်းက ဟွာဆန်းကို တောင်ဘက်အစွန်အဖျားဂိုဏ်းဆီ ရောင်းချဖို့တွေးနေတာများလား'
ဟွာဆန်း၏အကြွေးစုစုပေါင်း ယန်တစ်သိန်းတွင် ယုဂျွန်ဆန်းက ယန်ငါးထောင် ရရှိပေမည်။ ယန်ငါးထောင်သည် မည်မျှထိများပြားသော ငွေကြေးဖြစ်သနည်း။ အကယ်၍ သူ ငွေများအား မဆင်မခြင်သုံးဖြုန်းပစ်လျှင်ပင် နောင်မျိုးဆက်များ သက်တောင့်သက်သာနေနိုင်ရန် လုံလောက်သောငွေကို ချန်ထားပေးနိုင်သည်အထိ အလွန်များပြားသောပမာဏပင်။
ရှည်လျားသောလွန်ဆွဲပွဲသည် နောက်ဆုံး၌ အဆုံးသတ်သို့ ရောက်ရှိလာလေပြီ။ ယုဂျွန်ဆန်းသည် သူ၏လက်အတွင်းသို့ ဤမျှများပြားသော ချမ်းသာကြွယ်ဝမှုကြီး ရောက်လာတော့မည်ဖြစ်သဖြင့် အလွန်စိတ်လှုပ်ရှားနေသည်။
'ဂိုဏ်းခေါင်းဆောင်ရဲ့မျက်နှာ ဘယ်လိုဖြစ်နေမလဲဆိုတာ ငါ တကယ်သိချင်မိတယ်'
လူအိုကြီး၏တည်ကြည်လေးနက်သောမျက်နှာ ရှုံမဲ့သွားခဲ့သည်ကိုကြည့်ပြီး ယုဂျွန်ဆန်းသည် အနည်းငယ်နောင်တရသကဲ့သို့ ခံစားရ၏။ သို့ရာတွင် သူ၏ကိုယ်ချင်းစာစိတ်များ မြင့်တက်နေမှုကို အလျှင်အမြန် မျိုသိပ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ငွေရေးကြေးရေးကိစ္စနှင့် ပတ်သက်ပါက မိတ်ဆွေ မိသားစုများပင် မရှိသည်မှာ အမှန်ပင်မဟုတ်လော။
"ကဲ...တောင်ပေါ်စတက်ကြစို့"
"ဟုတ်ကဲ့"
ကုန်သည်များအားလုံးသည် ခက်ခက်ခဲခဲရုန်းကန်နေရသော်လည်း မည်သည့်စကားမျှမဆိုဘဲ တွန်းထိုးထလိုက်ကြသည်။ သူတို့သည် ငွေကြေးကြောင့် မျက်လုံးစုံမှိတ်၍ တောင်ပေါ်သို့ ထပ်မံတက်သွားကြ၏။
"အကြိမ်တိုင်း ငါ ဒါကိုကြည့်လေလေ...ထူးဆန်းတယ်လို့ ခံစားရလေလေပဲ"
လူအုပ်ကြီးအတွင်းမှတစ်ယောက်က သူ၏အတွေးကို ထုတ်ဖော်ပြောဆိုသည်။
"ဒါတွေက ပြိုလဲမကျရုံတမယ်သာရှိတော့တဲ့ အဆောက်အအုံတွေပဲ"
နောင်တရနေသော အရိပ်အယောင်တချို့ကို ဤစကားသံ၌ ကြားနိုင်သည်။
ပြိုကျနေသောအဆောက်အအုံများနှင့်နံရံများအပြင် တံခါးမကြီးသည်လည်း ကျိုးပဲ့ပျက်စီးနေသည်။
တစ်စုံတစ်ယောက်၏ဖျက်ဆီးခြင်းခံထားရခြင်း သို့မဟုတ် ကြွေးမှီများကြောင့် နှစ်ပေါင်းများစွာကြာ လျစ်လျူရှုခံထားရခြင်းတို့ကြောင့် သိသိသာသာ ပျက်ယွင်းနေသောဂိုဏ်းတစ်ဂိုဏ်းသည် သူတို့၏ရှေ့၌ ထွက်ပေါ်လာပေ၏။ သို့တိုင် ဂိုဏ်း၏တစ်စုံတစ်ရာက စွဲမက်ဖွယ်ကောင်းနေစေသည်။
ဟွာဆန်း၏အခွင့်အာဏာသည် ရှန်းရှီးစီရင်စုကို နှစ်ပေါင်းများစွာ ကာကွယ်ပေးနိုင်ခဲ့သည်။
မည်သည့်စကားမျှမဆိုဘဲ သူတို့၏တူညီသောအတွေးများကို ဖလှယ်နေကြ၏။ ယခုချိန်တွင် သူတို့သည် ဟွာဆန်း၏နောက်ဆုံးထွက်သက်ကို ငြိမ်းသတ်ရန် ဤနေရာသို့ရောက်လာကြခြင်းဖြစ်သည်။ ယနေ့တွင် ဂိုဏ်းခေါင်းဆောင်သည် နောက်ဆုံးအနေဖြင့် လက်လျှော့အရှုံးပေးရတော့ပေမည်။
ဤကုန်းမြေအား နှစ်ပေါင်းများစွာတိုင် ကာကွယ်ပေးခဲ့သော ဟွာဆန်းသည် နောက်ဆုံး၌ အဆုံးသတ်သို့ ရောက်ရှိလာလေပြီ။
အဟွက်...အဟွက်...
ဟူး...
လူတိုင်း သူတို့၏လုပ်ဆောင်ချက်များအပေါ် လေးလံဖိစီးမှုများ ခံစားနေရသည်။ တချို့ကုန်သည်များက တိတ်တဆိတ် ချောင်းဟန့်နေကြ၏။
သူတို့သည် ငွေကြေးအမြောက်အများမရသေးဘဲ နောက်ပြန်လှည့်လိုစိတ်မရှိသော်လည်း သူတို့သည် ဟွာကျေးရွာ၌ မွေးဖွားခဲ့သည့်လူများဖြစ်နေသည်။ ထို့ကြောင့် သူတို့၏အစောင့်အရှောက်ဂိုဏ်းကို သူတို့လက်ဖြင့် ပြန်လည်ဖျက်ဆီးရမည်ဖြစ်သဖြင့် သူတို့အားလုံး ကူကယ်ရာမဲ့ဆိုးဆိုးရွားရွားခံစားနေရသည်။
အခန်း ၂၉:ဟွာဆန်းက ကံကြမ္မာကောင်းတစ်ခု ရရှိသွားပြီ(၄)B
"အထဲဝင်ကြစို့"
ခန်းမသခင်ကောင်းကိုကြည့်ရသည်မှာ အဆင်ပြေနေပုံရသည်။ သူ ဦးဆောင်သွားချိန်တွင် တခြားသူများက တွန့်ဆုတ်နေကြသော်လည်း သူ့နောက်မှ လိုက်ပါသွားကြ၏။
"ကုန်သည်တွေအားလုံးပဲ...ရောက်လာကြပြီလား"
ကုန်သည်များ ဝင်ရောက်လာသည်နှင့် ယုအန်အမ်းက သူတို့ကိုနှုတ်ဆက်လိုက်သည်။
"အကြီးအကဲယုအန်...တွေ့ရတာဝမ်းသာပါတယ်"
"ကျွန်တော်ကို အကြီးအကဲလို့ခေါ်ဖို့ မသင့်တော်သေးပါဘူး...ယုအန်လို့ပဲ ခေါ်ကြပါ"
"မင်း သဘောအတိုင်းပါပဲ"
ယုအန်အမ်းက အပြုံးနှင့် ပြောဆိုလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်က စောင့်နေပါတယ်...အားလုံးပဲ ဒီလမ်းကကြွပါ"
"အမ်..."
ခန်းမသခင်ကောင်းက မျက်မှောင်ကြုတ်လိုက်မိသည်။
'သူတို့ တကယ်ပဲ အကြွေးပြန်ဆပ်မလို့လား'
တခြားနေ့ရက်များတွင် သူတို့ ဤနေရာသို့ရောက်ရှိလာချိန်တိုင်း တားဆီးခံခဲ့ရသည်။ သို့ရာတွင် ယခုလက်ရှိချိန်တွင်မူ ဟွာဆန်းဂိုဏ်းမှလူများက သာမာန်ကာလျှံကာအမူအယာမျိုးနှင့် သူတို့အား ဖိတ်ခေါ်နေသည်။
အကယ်၍ ဂိုဏ်းခေါင်းဆောင်မှနေ၍ ကုန်သည်များရောက်လာမည်ဟု သူတို့အား ကြိုတင်အသိပေးထားလျှင်ပင် သူတို့၏အပြုအမူများက ထူးဆန်းနေသည်မဟုတ်လော။
ခန်းမသခင်ကောင်းသည် သိချင်စိတ်ပြင်းပြစွာဖြင့် ယုအန်အမ်း၏နောက်ကျောအားကြည့်၍ သူ့နောက်မှလိုက်ပါသွားတော့သည်။
'ငါတို့ မကြာခင်သိရမှာပဲလေ...ဖြစ်နိုင်တာတော့ ဒါက ဟွာဆန်းရဲ့စရိုက်ပဲဖြစ်နေမလား'
ဖြစ်နိုင်သည်မှာ သူတို့၏ကံကြမ္မာကို လက်ခံပြီး ငြိမ်းငြိမ်းချမ်းချမ်းအဆုံးသတ်ရန် ဆုံးဖြတ်လိုက်ပုံရသည်။ သူရဲဘောကြောင်သူများကဲ့သို့ တောင်းပန်၍ အချိန်ထပ်မံပေးရန် တောင်းဆိုရမည့်အစား သူတို့က ခေါင်းမော့၍ မားမားမတ်မတ်သေဆုံးရန်သာ ရွေးချယ်လိုက်ခြင်း ဖြစ်ပေမည်။
'ငါ စိတ်တော့ပူမိနေသလိုပဲ'
သူ အချိန်အကြာကြီးစောင့်ခဲ့ရသော အခိုက်အတန့်သည် နောက်ဆုံး၌ရောက်ရှိလာခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ သာမာန်လူများသည် သူတို့၏ရည်မှန်းချက်ပန်းတိုင်အား ရောက်ရှိလုဆဲဆဲဖြစ်သည်နှင့် သတိကင်းလွတ်သွားလေ့ရှိသော်လည်း လိမ္မာပါးနပ်သော ကောင်းမုန့်ယွမ်ကမူ စိတ်လှုပ်ရှားနေသည်။
သူတို့က တိတ်ဆိတ်ငြိမ်သက်စွာ လမ်းလျှောက်လာပြီး နောက်ဆုံး၌ ဂိုဏ်းခေါင်းဆောင်၏အဆောင်သို့ ရောက်ရှိခဲ့ကြသည်။ ဟွမ်းဂျွန်က အဆောင်ရှေ့၌ မတ်တတ်ရပ်ပြီး သူတို့အား စောင့်ဆိုင်းနေသည်။
"ဂိုဏ်းခေါင်းဆောင်ကို ဂါရဝပြုပါတယ်"
ခန်းမသခင်ကောင်းက နှုတ်ခွန်းဆက်စကားပြောဆိုချိန်တွင် တခြားသူများကလည်း နောက်မှလိုက်ပါလုပ်ဆောင်ကြ၏။
ဤသည်က နောက်ဆုံးခြေလှမ်းပင်။ သူ ယဥ်ယဥ်ကျေးကျေးဆက်ဆံရန် လိုအပ်သည်။
"ကြိုဆိုပါတယ်...ဒီကိုလာရတာ မင်းတို့ အများကြီးခက်ခဲပင်ပန်းကြမှာပဲ"
ဟွမ်းဂျွန်က ခပ်ဖျော့ဖျော့အပြုံးနှင့်အတူ လူတိုင်းအား နှုတ်ဆက်လိုက်၏။
"မင်းတို့ရဲ့အချိန်တွေကို ယူလိုက်ရတဲ့အတွက် ငါ တောင်းပန်ပါတယ်....ငါ တောင်အောက်ဆင်းပြီး မင်းတို့အားလုံးကိုလာတွေ့ရမယ့်အစား မင်းတို့ကိုတောင်ပေါ်တက်လာခိုင်းတဲ့အတွက် ငါ့ကိုနားလည်ပေးကြဖို့ ငါ မျှော်လင့်တယ်"
"ဒါက ပြဿနာမရှိပါဘူး...ကျွန်တော်တို့က အလုပ်များတယ်ဆိုပေမယ့် ဂိုဏ်းခေါင်းဆောင်လောက်တော့ ဆိုးမှာမဟုတ်ဘူလေ...ကျွန်တော်တို့ပဲ လာသင့်ပါတယ်"
ခန်းမသခင်ကောင်းက အပြုံးနှင့် တုံ့ပြန်ပြောဆိုသည်။
"ဒါ့ထက်...ဘာကိစ္စ...."
"ဟား ဟား ဟား...အလျင်လိုနေကြပြီလား...မင်းတို့က တောင်ပေါ်ကို ပင်ပင်ပန်းပန်း တက်လာရတာလေ...ဒါကြောင့် လဖက်ရည်တစ်ခွက်......"
"ဂိုဏ်းခေါင်းဆောင်"
ခန်းမသခင်ကောင်းသည် လေသံပြတ်ပြတ်ဖြင့် ဂိုဏ်းခေါင်းဆောင်၏စကားကို ကြားဖြတ်ပြောဆိုလိုက်သည်။
"လဖက်ရည်တစ်ခွက်သောက်ပြီး စကားပြောဖို့ဆိုတာက ကောင်းတဲ့ကိစ္စပါ...ဒါပေမယ့် ကျွန်တော်တို့က ကုန်သည်တွေလေ....အလုပ်ကိစ္စကို အရင်ဆုံးဆွေးနွေးတာက ပိုကောင်းလိမ့်မယ်"
"ဟမ်"
"ကျွန်တော်တို့လိုကုန်သည်တွေက ပြဿနာတွေကို အရင်ဖြေရှင်းပြီး စားတာသောက်တာကို နောက်မှပြုလုပ်တယ်...ဂိုဏ်းခေါင်းဆောင်က ဒါကိုနားလည်ပေးနိုင်ဖို့ ကျွန်တော်မျှော်လင့်တယ်"
"နားလည်ပေးနိုင်တာပေါ့....ငါက ငါ့အတွက်ပဲ တွေးနေမိပုံပဲ"
ဟွမ်းဂျွန်က အပြုံးနှင့်ပြောဆိုသည်။
"ဒါဆိုလည်း အချိန်မဖြုန်းဘဲ အဓိကအချက်ကို သွားကြရအောင်"
"ကျေးဇူးတင်ပါတယ်"
ခန်းမသခင်ကောင်းက ပြုံးလိုက်၏။
"ဒီနေ့ ငါ မင်းတို့အားလုံးကို ဒီနေရာကိုခေါ်လိုက်တာက....ဟွာဆန်းရဲ့အနေအထားအကြောင်းကို ပြောပြဖို့ပဲ"
"ဟွာဆန်းရဲ့အနေအထားလား"
ဟွမ်းဂျွန်က ခန်းမသခင်ကောင်းအား ကြည့်လိုက်သည်။
ခန်းမသခင်ခေါင်းသည် စိတ်အတွင်းမှနေ၍ အခြေအနေအား တွက်ဆပြီးလေပြီ။
"ငါ တက်နိုင်သမျှ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပြီးပြီ...ဒါပေမယ့် ဘယ်သူကမှ ငါတို့ဟွာဆန်းကို ငွေချေးဖို့ ဆန္ဒမရှိကြဘူး...တခြားစကားပြောင်းပြောရရင် ငါက မင်းတို့ရဲ့ငွေတွေကို သက်မှတ်ရက်အတွင်းမှာ ပြန်ပေးနိုင်မှာမဟုတ်ဘူး"
"ဟမ်"
ထိုစကားအားကြားချိန်တွင် ခန်းမသခင်ကောင်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဂိုဏ်းခေါင်းဆောင်...ကျွန်တော်တို့က ခင်ဗျားကို အချိန်လုံလုံလောက်လောက် ပေးထားပြီးပြီလေ....ကျွန်တော်တို့လည်း အသက်မွေးဝမ်းကျောင်းပြုဖို့ ငွေကြေးလိုအပ်တယ်...သက်မှတ်ရက်ကို ထပ်ပြီးရွှေ့မပေးနိုင်တော့ဘူး"
"ဒါကြောင့်မို့လဲ ငါ ဒီလိုတွေ ပြောနေရတာပေါ့"
ဟွမ်းဂျွန်သည် ကုန်သည်တစ်ယောက်စီတိုင်းနှင့် အကြည့်ဆုံအောင် ပြုလုပ်လိုက်၏။
"ငွေပြန်ပေးဖို့ ဒီထက်ပိုပြီး နောက်ဆုတ်လို့မရတော့ဘူးဆိုတာလည်း ငါ သိပါတယ်...ဒါပေမယ့် သက်မှတ်ရက်မှာ ဟွာဆန်းကနေ အကြွေးအားလုံးပြန်ဆပ်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး....ကျေးဇူးပြုပြီး နားလည်ပေးကြပါ"
ဟွမ်းဂျွန်က ဦးညွှတ်လိုက်သည်။
"ငါက မင်းတို့ရဲ့ငွေတွေအားလုံးကို ပြန်မဆပ်နိုင်ပေမယ့် တချို့တစ်ဝက်တော့ ငါ ပေးနိုင်တယ်...ဒါကြောင့် တကယ်လို့ ဒီနေရာကိုရောက်နေတဲ့ လူတိုင်းပဲ....မင်းတို့ရဲ့သက်မှတ်ရက်ကို နောက်ဆုတ်ပေးနိုင်မယ်ဆိုရင် ငါတို့ကို အများကြီးကူညီပေးရာရောက်မှာပဲ"
ဂိုဏ်းခေါင်းဆောင်သည် ကုန်သည်များထံဦးတည်၍ သူ၏ခေါင်းကိုညွှတ်လိုက်ရာ လူတိုင်း အံ့အားသင့်တုန်လှုပ်ပြီး ရှက်ရွံသွားကြသည်။
ကုန်သည်များအကြား၌ ထူးဆန်းသောအခြေအနေတစ်ခု စတင်ဖြစ်ပေါ်လာပေ၏။
အပိုင်း - (၃၀)
ဟွားဆန်းက ကံကြမ္မာကောင်းတစ်ခု ရရှိသွားပြီ (၅)
(က)
"ဟမ်"
ချွမ်းမြောင်က မနီးမဝေးတွင်ရှိသော အဆောက်အအုံ၏ တံစက်မြိတ်အောက်တွင်ထိုင်ကာ ဂိုဏ်းခေါင်ဆောင်နှင့် ကုန်သည်ကြီးများ စကားပြောနေကြသည်ကို ခိုးနားထောင်နေလေသည်။
"ဆိုတော့ ...ဒါက သူရဲ့ တုန့်ပြန်တဲ့ အစီအစဉ်ပေါ့"
ချွမ်းမြောင်၏ မျက်လုံးတွင် မသိနိုင်သော အလင်းရောင်တစ်ခုက လက်သွားလေသည်။ သူ နားမလည်တော့ပေ။ ဂိုဏ်းခေါင်းဆောင်သည် တမင်ပင် ကုန်သည်များအား မီးလောင်ရာလေပင့်နေသည်လား သို့မဟုတ် သူတို့ မတရားသိမ်းယူထားသည်များကို ပြန်ပေးရန် နောက်ဆုံးအခွင့်အရေးပေးနေသည်လား ။ တစ်ခုခုပင် ။ သို့မဟုတ်ပါက နှစ်ခုလုံးအား တစ်ခါတည်းလုပ်ဆောင်နေသည်လည်း ဖြစ်နိုင်လေသည်။
သေချာသည်ကတော့ ဂိုဏ်းခေါင်းဆောင် ဟွမ်းဂျွန်သည် သူထင်ထားသကဲ့သို့ ရိုးရိုးရှင်းရှင်း လူတစ်ယောက်မဟုတ်သည်ကတော့ သေချာပေသည်။ သို့သော်လည်း ဟွမ်းဂျွန်သည် ဟွားဆန်းအား ပျက်ဆီးပြိုကွဲလုနီးနီးအခြေအနေမှာပင် သူ၏ ဂုဏ်သိက္ခာနှင့် မာန်မာနများကို ဘေးချိတ်ကာ တောင့်ခံစောင့်ရှောက်ခဲ့သူဖြစ်လေသည်။ သူ ဟွမ်းဂျွန်အား သံသယမဝင်ရက်ပေ။
"ကြည့်ရတာတော့ ကိစ္စတွေက ဒီလောက်နဲ့ပြီးမယ် မထင်ဘူး"
ချွမ်းမြောင် သူ၏ မျက်လုံးများကို မှေးကျဉ်းကာ ဆက်ကာ ဖြစ်လာမည့်အရာများကို ဆက်ကာစောင့်ကြည့်နေလေသည်။ သူက သူ၏စိတ်ရှည်မှုကို ထိန်းသိမ်းထားလိုက်လေသည်။
ဟုတ်သည် ။ ထိန်းရပေမည်။ အနာဂတ်တွင် ဟွားဆန်းအား ပြန်လည်ထူထောင်မည့်သူအနေနှင့် "စိတ်ရှည် သည်းခံ နည်းလမ်းမှန် " ဟူသော ဆောင်ပုဒ်ကို သူလက်ကိုင်ထားနိုင်ရပေမည်။ မည်သို့ပင် သိုင်းပညာရှင်များ မွေးထုတ်ပေးသည့် ဂိုဏ်းဖြစ်စေကာမူ လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို ချမှတ်ကာ ဂိုဏ်းသားများအား ကောင်းစွာ ပျိုးထောင် ထိန်းသိမ်းရန်အတွက် စိတ်ငြိမ်ငြိမ် ခေါင်းအေးအေးထားတတ်ခြင်းက လိုကိုလိုအပ်သည့် အရည်အချင်း ဖြစ်လေသည်။
သူ၏ မူလကိုယ်ရည်ကိုယ်သွေးအား ထည့်မတွက်လျှင်ပင် ခေါင်းဆောင်များတွင် ရှိသင့်သည့် အိန္ဒြေမျိုးက ရှိကိုရှိရမည် ဖြစ်ပြီး မရှိလျှင် မွေးမြူယူရမည်ဖြစ်လေသည်။ ဟွာဆန်း၏ စည်းကမ်းများအရဆိုလျှင်မူ မိမိ၏ လုပ်ဆောင်မှုများကို လိုက်ကာ မှန်ကန်သောဆုံးဖြတ်ချက်ကို ချမှတ်ရပြီး မိမိချမှတ်ထားသော ဆုံးဖြတ်ချက်အား ယုံကြည်မှုအပြည့်နှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိရမည်ဖြစ်လေသည်။ ထို့ကြောင့်ပင် ဟွမ်းဂျွန်က ထိုသို့ လုပ်ဆောင်နေလေသလား မသိပေ။
ချွမ်းမြောင်သည် ထိုင်နေရာမှ ထကာ ခေါင်းဆောင်များ၏ စကားဝိုင်းကို ပြန်ကာ ချောင်းလိုက်ပြန်သည်။
ကျွပ်.........
ချွမ်းမြောင်၏ ခါးက အသံထွက်လာလေသည်။
"အမလေး"
ချွမ်းမြောင်သည် အမလေး တ ကာ ခါးကိုလှည့်လိုက်လေပြီး သူ၏ နဂိုပုံစံအတိုင်း ပြန်ကာ ထိုင်လိုက်လေသည်။
" ငါတော့ သေတော့မှာပဲ"
သူ၏ ခန္ဓာကိုယ်က တကိုယ်လုံး ညောင်းညာကိုက်ခဲကာ အသံများထွက်မနေသောနေရာဟူ၍ တစ်နေရာပင် ရှိမနေချေ ။ နေရာတိုင်းက လှုပ်လိုက်တိုင်းပင် တကြွပ်ကြွပ်မြည်ကာ နာကျင်နေလေသည်။ သူက မနေနိုင်စွာပင် လေ့ကျင့်ခန်းများ ပြန်လုပ်နေသော်လည်း သူ၏ ခန္ဓာကိုယ်သည် လေ့ကျင့်ခန်းများ ပြန်လုပ်၍ ရနိုင်သည်အထိ ပြန်လည်ကာ မကောင်းမွန်သေးပေ။ အချိန်ယူရဦးမည့်ပုံပင်။ သူ၏ ယူဆချက်များအရဆိုလျှင်မူ ဒဏ်ရာများသည် တစ်လနှစ်လအတွင်း ပြန်ကောင်းလိမ့်မည် ဖြစ်ပြီး ထိုတစ်လနှစ်လအတွင်းတွင်တော့ သူတောင့်ခံကာ သည်းခံထားရန် လိုအပ်ပေသည်။ ဤကဲ့သို့ အားနည်းကာ သေးကွေးသော ကလေးငယ်၏ ကိုယ်အတွင်းတွင် နိုးထလာကာ သိုင်းပညာလေ့ကျင့်ရခြင်းသည် လွယ်ကူသည်တော့ မဟုတ်ပေ။ တစ်ရက်ထက် တစ်ရက် သေဘေးနီးလာသည်ဟု ခံစားရလေသည်။
" အာ...ငါတော့ ။ ဒီခန္ဓာကိုယ်ကိုတော့ တခုခုလုပ်ဦးမှပါ"
ချွမ်းမြောင်က သက်ပြင်းရှည်ကြီးကိုချကာ ခေါင်းကို ခါလိုက်လေသည်။ သူ၏အားနည်းသော ခန္ဓာကိုယ်အား မည်သို့မည်ပုံ ပြုပြင်ကယ်တင်ရမည်ဆိုသည်ကို သူ သေချာပေါက်ပင် နည်းလမ်းရှာကာ လုပ်ဆောင်ရဦးမည် ဖြစ်လေသည်။
" ကျွန်တော်တို့ရဲ့ အကြွေးတွေကို အခုမပေးနိုင်သေးလို့ နောက်ဆုတ်ပေးဖို့ ပြောလိုက်တာလား"
ခန်းမသခင်ကောင်းက စိတ်မရှည်ဟန်နှင့် မျက်ခုံးများကို ကြုံ့လိုက်လေသည်။ ဤအခြေအနေက သူမျှော်လင့်ထားသော အခြေအနေမျိုး မဟုတ်ပေ။ သူသည် ဟွားဆန်း ၏အခြေအနေအား မည်သောအခါကမှ အထင်မသေးခဲ့ပေ။ ရာပေါင်းများစွာသော ဂိုဏ်းဂဏများသည် သူ၏ မျက်စိရှေ့တွင်ပင် နေ့မြင်ညပျောက်အခြေအနေများ ရှိခဲ့ကြရာ နှစ်ရာကျော်တိုင်အောင် တည်ရှိခဲ့သော ဂိုဏ်းတစ်ဂိုဏ်းကိုတော့ သိမ်းပိုက်ရသည်ကတော့ လွယ်မည်မဟုတ်သည်ကို သူကြိုတွေးထားပြီးသားပင်။ ယခုလက်ရှိတွင်မူ ဟွားဆန်းသည် အခြေမခိုင်တော့သော်လည်း သမိုင်းလှခဲ့သော နေရာတစ်နေရာဖြစ်ခဲ့သည်မို့ အခက်အခဲကတော့ အတန်ငယ် ရှိပေလိမ့်မည်။ သို့သော်ငြားလည်း...
" ဒါပဲလား ။ ကျွန်တော့်တို့ကို ဒီကိုခေါ်လိုက်ရတာက ဒါပြောဖို့လား?"
" ကြည့်ရတာ ကျွန်တော်ကပဲ ဟွားဆန်းကို အထင်ကြီးမိနေသေးတာထင်တယ်"
အခွင့်အရေးရှိသေးလျှင် ဂိုဏ်းခေါင်းဆောင်က ဟွားဆန်းအား ဤသို့သောအခြေအနေသို့ ဆိုက်ရောက်ခံမည်မဟုတ်သည်ကို သူသိလေသည်။
" ဂိုဏ်းခေါင်းဆောင်....ကျွန်တော် အရင်ကတည်းက ရှင်းရှင်းပြောထားပြီးသားလို့ ထင်ပါတယ်။ ရစရာရှိတဲ့ အကြွေးတွေကို နောက်ထပ်နောက်ဆုတ် ရက်ဆိုင်းပေးမှာ မဟုတ်တော့ဘူးဆိုတာကိုလေ"
" ကျွန်တော်ပြောတာကို ခန်းမသခင်ကောင်း အထင်လွဲနေတယ်ထင်တယ်။ ကျွန်တော်က အခု ခန်မးသခင်ကောင်းကို ညှိနှိုင်းနေတာပါ"
"ဘယ်လို........?"
ဟွမ်းဂျွန် ကခန်မးသခင်ကောင်းအား တည့်တည့်ပင် ကြည့်ကာ ပြောလိုက်လေသည်။
" ကျွန်တော်က ဟွားဆန်းရဲ့ အဓိကတာဝန်ရှိသူတစ်ယောက်အနေနဲ့ ဒါကို မေးနေတာပါ။ စုစုပေါင်း ပေးရမယ့်အကြွေးက ယွမ်တစ်သိန်းဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် ရမယ့်အကြွေးပမာဏကတော့ မတူကြဘူးဆိုတာ သိထားပါတယ်"
" ဟုတ်ပါတယ်။ မတူပါဘူး"
" ဒါဆို နောက်ရက်နည်းနည်းဆိုင်းပြီးမှ ပေးလို့ရမယ့်သူများရှိမလားလို့ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ မေးပါရစေ"
ခန်းမသခင်ကောင်းကမူ မျက်မှောင်ကြီးများပင် ကြုံနေလေပြီ ။ ဒီအဖိုးကြီးက မည်သို့သော အကြံအစည်တွေထုတ်ကာ အကွက်ရွေ့နေသည် မသိပေ။
"ဆိုတော့ ဂိုဏ်းချုပ်က ရက်မဆိုင်း မစောင့်ပေးနိုင်တော့တဲ့ သူတွေကိုတော့ အခုပေးမယ်ဆိုတဲ့ သဘောလား?"
" ဟုတ်ပါတယ်...အဲ့သဘောပါပဲ"
" ဘယ်လို ...?"
ဂိုဏ်းချုပ်၏ စကားကြောင့် ခန်းမသခင်ကောင်းက မျက်လုံးများပင် ပြူးကျယ်လာလေသည်။ ဤအဖိုးကြီးထံတွင် ငွေရှိသည်ဆိုသည်က မဖြစ်နိုင်သော ကိစ္စပေ။
" ဟွားဆန်းက အခုအချိန်မှာ ပြိုလဲနေပြီဆိုရင်တောင်မှ ကျွန်တော်တို့ကို ကူညီပေးချင်တဲ့တချို့လူတွေ အခုထိ ရှိနေပါသေးတယ်။ ဒါကြောင့် ယွမ်တစ်သိန်းလုံးကို တပြိုင်တည်းမပေးနိုင်ပေမယ့် နည်းနည်းချင်းစီတော့ ဖဲ့ဆပ်သွားနိုင်မှာပါ။ ခင်ဗျားတို့ကလည်း သဘောတူပြီး ကူညီကြမယ်ဆိုရင် ကျွန်တော့်တို့ကလည်း ဟွားဆန်းကို ဆုံးရှုံးစရာ မရှိတော့ဘူးပေါ့။ ဒါကြောင့် ကျွန်တော့်ဟွားဆန်းကို မေတ္တာထားပြီး အကြွေးကို ခဏလောက်ဆိုင်းထားပေးမယ့်သူရှိလားလို့ မေးနေတာပါ။ အကြွေးတွေကို ကျွန်တော် သေချာပေါက် ပြန်ပေးမှာပါ"
ဂိုဏ်းခေါင်းဆောင်က ထုံးစံအတိုင်းပင် အာမခံပြန်နေလေသည်။ သို့သော် ယခုတခါ အာမခံနေသည်က အနည်းငယ်တော့ ယုံကြည်ချက် ရှိနေသည့်ပုံပင်။
ခန်းမသခင်ကောင်းကမူ အလိုမကျမှုကြောင့် မျက်နှာပင် မဲပုတ်နေလေတော့သည်။ အဖိုးကြီး ကချီးတွေပြောနေပြန်ပြီ။
" အဓိပွါယ် မရှိ...."
" အဲ့လိုဆိုတော့ ဘယ်လိုဖြစ်မှာလဲ"
ခန်းမသခင်ကောင်းက စကားဆုံးအောင်ပင် ဒေါသမပေါက်ကွဲလိုက်ရပေ။ နံဘေးတွင် ထိုင်နေသော ယုဂျွန်ဆန်းက စကားဖြတ်ကာ ဂိုဏ်းခေါင်းဆောင်အား မေးလိုက်လေသည်။
" အဲ့လိုဆိုရင်တော့ ကျွန်တော့်တို့ ပိုက်ဆံပြည့်တဲ့ထိ ရက်နည်းနည်းနောက်ဆုတ်ပေးရမှာပေါ့"
" ဟုတ်ပါပြီ"
" ဂိုဏ်းခေါင်းဆောင်..... ကျွန်တော်တို့ ရိုးရိုးသားသားပဲ ပြောကြရအောင်"
ယုဂျွန်ဆန်းက ပြောလက်စအား စကားဆက်ကာ ပြောလေသည်။
" အခုဆိုရင် ဟွားဆန်းက အရင်လိုလည်း အခြေအနေမကောင်းတော့ဘူး၊ ပြိုလဲပျက်စီးနေပြီဆိုတာ လူတိုင်းသိတယ် ။ ဒါကို ဖုံးကွယ်ထားလို့လည်း မရတော့ဘူး။ ဒါပေမယ့် အခုဂိုဏ်းခေါင်းဆောင်ပြောတာကို ကျွန်တော်တို့က လက်ခံပြီး အကြွေးပေးရမယ့်ရက်ကို နောက်ဆုတ်ပေးမယ်ဆိုရင် ဟွားဆန်းလည်း မပျောက်ကွယ်သွားရသလို ကျွန်တော်တို့ အကြွေးတွေလည်း မဆုံးတော့ဘူး။ အဲ့လို အဓိပ္ပါယ်လား"
"ဟုတ်ပါတယ်"
" အဲ့တာက ဖြစ်ရောဖြစ်နိုင်လို့လား"
ခန်းမသခင်ကောင်းက သူ့ကိုယ်သူ စိတ်ငြိမ်အောင် အရင်ကြိုးစားလိုက်လေသည်။ ယုဂျွန်ဆန်းက သူ၏စကားကို ဖြတ်ကာ ဤအဖိုးကြီးအား လွတ်လမ်းရှာပေးနေသလိုပင်။ ပုံမှန်ဆိုလျှင်မူ သူသည် ဤအခြေအနေတွင် သူတော်ကောင်း ဝင်လုပ်ကာ နှစ်သိမ့်ပြောဆိုနေမည်ဖြစ်သော်လည်း ယခုတွင်မူ ထိုသို့လုပ်နေရန် အချိန်မရှိပေ။ ဂိုဏ်းခေါင်းဆောင် အပါအဝင် ဂိုဏ်းရှိလူများကို ဤနေရာမှ ထွက်သွားအောင်သာ လုပ်ရပေလိမ့်မည်။
" တော်လောက်ပြီ ။ ဟွားဆန်းက ဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုတော့ အဆုံးသတ်ရတော့မယ့် အချိန်ရောက်ပြီ"
ခန်းမသခင်ကောင်းက တချိန်လုံး ဆောင်းလာခဲ့သည့် မင်းသားမျက်နှာဖုံးကို ချွတ်လိုက်လေပြီ .။ ဟွားဆန်း အား သူ အပိုင်သိမ်းပေတော့မည်။
ဂိုဏ်းခေါင်းဆောင်ကတော့မူ ဆုံးဖြတ်ချက်ပြတ်သားအား ကြင်နာမှုကင်းမဲ့သည့် သခင်ကောင်း၏ စကားကြောင့် မျက်နှာပျက်မျက်စိပျက် ဖြစ်သွားခြင်းမရှိပေ။ အဓိပ္ပါယ်များစွာ ပါဝင်သောအကြည့်နှင့်သာ သူ့အား ကြည့်နေလေသည်။ ဤလူအိုကြီးသည် ဟွားဆန်း အပြီးတိုင်ပျောက်ကွယ်သေဆုံးသွားသည့် အရေးကိုပင် မတုန်လှုပ်တော့လေသည့် အလားပင်။
" ခန်းမ သခင်ကောင်း "
" ပြောပါ...ဂိုဏ်းခေါင်းဆောင်"
" ကျွန်တော် ခင်ဗျားကို ဘယ်လိုအာမခံပစ္စည်းများ ပေးထားရင် ရနိုင်မလဲ မသိဘူးနော်"
"အဟက်......"
ဟွမ်းဂျွန်းက တချက်ရယ်လိုက်လေပြီး ကျေနပ်ပြုံးလည်း ပြုံးကာ စကားဆက်လေသည်။
" အခုဆိုရင် ဟွားဆန်းက အခွံသက်သက်ပဲ ကျန်တော့တာပါ။ ဟွားဆန်းမှာ ကျန်တော့တာဆိုလို့ အစဉ်အလာကြီးမားခဲ့တဲ့ ဂုဏ်သိက္ခာပဲ ရှိပါတော့တယ်။ ခန်းမသခင်ကောင်းကို ကမ်းလှမ်းဖို့ရာကတော့ ဟွားဆန်းရဲ့ ဂုဏ်သိက္ခာကပဲ တန်ဖိုးအရှိဆုံးပစ္စည်းဖြစ်မယ်ထင်တယ်"
" ဒါက ....."
" အကယ်၍ ခန်းမသခင်ကောင်းတို့က ကျွန်တော့်ကတိစကားကို ဘယ်လိုယုံရမလဲ ။ အပေါင်ထား အာမခံထားမယ့် အရာပေးဆိုရင်တော့ ကျွန်တော့်ရဲ့ အဖြေက ဒါပါပဲ။ ဟွားဆန်းရဲ့ နာမည်။ ဟွားဆန်းရဲ့ ဂုဏ်သိက္ခာ ။ ဟွားဆန်းရဲ့ ကြီးမားလှတဲ့ သမိုင်းကြောင်း။ ဒါတွေက ကျွန်တော့်ရဲ့ အာမခံပစ္စည်းတွေပါ"
ယုဂျွန်ဆန်းကမူ တိတ်ဆိတ်နေလေသည်။
ဟွားဆန်း ၏ နာမည်နှင့် ဂုဏ်သိက္ခာ............
ဟွားဆန်း ၏ သမိုင်း.............
မှန်ပေသည်။ ဤသည်များက အဓိပ္ပါယ်ရှိလှစွာသော စကားများသာ ဖြစ်လေသည်။ .
သို့သော်လည်း ဤလူစုသည် ကုန်သည်များသာ ဖြစ်လေသည်။ ဂုဏ်သိက္ခာအား အသက်လိုတန်ဖိုးထားသည့် ပညာရှင်များ မဟုတ်ကြပေ။ သူတို့သိသည်က အရှုံးနှင့် အမြတ်နှစ်ခုသာလျှင် ဖြစ်လေပြီး နာမည်နှင့် သမိုင်းကြောင်းကိုတော့ အရေးစိုက်သည်မဟုတ်ဘဲ သူတို့အရေးစိုက်သည်က ငွေ ပိုက်ဆံပင် ဖြစ်လေသည်။ ထိုကဲ့သို့သော လူများထံတွင် နာမည်နှင့် သမိုင်းကြောင်းအား အာမခံအဖြစ်ထားလျင်လည်း လုံလောက်မည် မဟုတ်ပေ။ ကျွဲပါးစောင်းတီးသာ ဖြစ်ပေလိမ့်မည်။
ယုဂျွန်ဆန်းကမူ ဂိုဏ်းခေါင်းဆောင်း၏ အပြောကောင်းမှုကြောင့် သဘောတကျနှင့် တဟားဟားအော်ရယ်နေလေတော့သည်။
"ဟားးးဟားးး။ ဂိုဏ်းခေါင်းဆောင်....တကယ်ကို အလျော့မပေးဘဲ ခေါင်းမာတတ်တဲ့သူပဲ။ "
" အဲ့လိုကြီး ပြောတာကတော့ စွတ်စွဲလွန်းရာ ကျပါတယ်ဗျာ"
ဟွမ်းဂျွန်းက လေသံတိုးလေးနှင့် တုံ့ပြန်လာသော်လည်း မျက်လုံးများကမူ လေသံနှင့် မအက်စပ်စွာပင် စူးရဲ့ပြင်းထန်နေသည်မို့ ယုဂျွန်ဆန်းက ရယ်နေရာမှပင် တန့်သွားလေသည်။
အပိုင်း-၃၀
ဟွားဆန်းက ကံကြမ္မာကောင်းတစ်ခုကို ရရှိခဲ့ပြီ
(ခ)
"ဒီလိုကြီး ပြောတာတော့ ခင်ဗျားတို့တကယ်လွန်လွန်းပါတယ်။ နောက်ဆုံး အနေနဲ့ ကျွန်တော်တစ်ခုလောက်တော့ မေးပါရစေ။ ကျွန်တော်တို့ ဟွားဆန်းက ရှန်းရှီနဲ့ ဟွားကျေးရွာကို ကာကွယ်ပေးခဲ့တာက သာမန်လေးလဲ မဟုတ်၊ လူမသိသူမသိလည်း မဟုတ်ခဲ့ပါဘူး။ ဒါကိုတောင် ဟွားဆန်းက ခင်ဗျားတို့အတွက် ဘာမှမဟုတ်ဘူးလား။ အဓိပ္ပါယ် မရှိဘူးလား? ဟွားဆန်းရဲ့ ဂုဏ်သိက္ခာနဲ့ သမိုင်းက ခြူးတပြားတောင် မတန်ဘူးလို့ ခင်ဗျားတို့ တကယ်ဘဲ ခံစားရတာလား?'
ဂိုဏ်းခေါင်းဆောင်၏ မေးခွန်းကို မည်သူကမှ မဖြေရဲကြပေ။ ဟွားဆန်း...
လူတိုင်းပင် ခပ်ပေါ့ပေါ့ မခေါ်ရဲခဲ့သော အမည်နာမ.....
သမိုင်းကြောင်းပင် လက်လွတ်စပယ် မပြောရဲသော ဂုဏ်သိက္ခာ ....
ဤသည်များက အဓိပ္ပါယ်မဲ့နေသည်ဆိုသည်က မည်သို့ဖြစ်နိုင်မည်နည်း?
သူတို့၏ ဘိုးဘေးများသည် ဟွားတောင်ခြေတွင် ရှင်သန်ကာ ဟွားဆန်းဂိုဏ်း၏ အရိပ်အာဝါသကို ခိုလှုံခဲ့ကြလေသည်။ ဟွားဆန်းဂိုဏ်းအား မထီမဲ့မြင်ပြုမူဖို့ နေနေသာသာ နာမည်ကိုပင် လက်လွတ်စပယ် မခေါ်ရဲခဲ့ရအောင်ပင် လေးစားခဲ့ရသော အရှိန်အဝါ အစဉ်အလာက ရှိခဲ့သည်မို့ ဂိုဏ်းခေါင်းဆောင်နှင့် မည်သူမျှ ပြိုင်ကာ ငြင်းဆိုရန် မဝံရဲကြပေ။ ခေါင်းကိုသာ တွင်တွင်ငုံကာ ဂိုဏ်းခေါင်းဆောင်နှင့်် မျက်လုံးချင်းဆုံမည်ကိုပင် ကြောက်ရွံနေကြလေသည်။ တစ်ယောက်သော သူသည်ကသာလျှင် ဂိုဏ်းခေါင်းဆောင်အား စကားစစ်ထိုးရန် ဆန္ဒရှိနေလေသည်။
" ကျွန်တော့်အထင်တော့ ဒီစကားဝိုင်းက လမ်းလွဲနေပြီထင်တယ်"
ခန်းမသခင်ကောင်းက ဟွမ်းဂျွန်အား ပြောလိုက်လေပြီး လှမ်းကြည့်လိုက်လေသည်။ သူ၏ မျက်လုံးများက ဂိုဏ်းခေါင်းဆောင်နှင့် မတူစွာပင် ထက်ရှနေလေသည်။
"ထားပါတော့ .....ပြောတာတွေကို အကျဉ်းချုပ်လိုက်မယ်ဆိုရင် ငွေစောင့်ပေးမယ့်သူတွေကို နောက်မှပေးမယ်။ မစောင့်နိုင်တော့တဲ့သူတွေကို အခုပေးမယ်ပေါ့ ။ ဟုတ်တယ်မို့လား"
"ဟုတ်ပါတယ်"
"ကောင်းပြီ"
ခန်းမသခင်ကောင်းက ဂိုဏ်းခေါင်းဆောင်၏ စကားအား ခေါင်းငြိမ့်လိုက်လေသည်။
" ဒါက ဟွားကျေးရွာရဲ့ ကုန်သည်အစည်းအရုံးနဲ့သက်ဆိုင်တဲ့ကိစ္စဆိုပေမယ့် ကျွန်တော်က ကျေးဇူးတရားကို ထောက်ထားတတ်တဲ့သူဖြစ်တာကြောင့် ဂိုဏ်းခေါင်းဆောင် ပြောတာကို ကျွန်တော်လက်ခံပါတယ်။ အကြွေးကို နောက်ဆုတ်ပေးချင်တဲ့သူတွေလည်း ရှိကောင်းရှိနေမှာပေါ့။ ဒါပေမယ်......."
ခန်းမသခင်ကောင်းက သူ့နောက်ရှိလူများအားကြည့်ကာ ဆက်ပြောလေသည်။
" အကြွေးကို နောက်ဆုတ်ပေးလိုက်တဲ့သူတွေက တကယ်လို့များ မင်းတို့ရဲ့ ပိုက်ဆံတွေကို ဟွားဆန်းက ပြန်မပေးတော့လို့ အကြွေးဆုံးသွားပြီဆိုရင်တော့ ကိုယ့်ကိစ္စ ကိုယ့်ဟာကိုယ်ပဲ တာဝန်ယူရမယ်။ မင်းတို့အကြွေးဆုံးတဲ့ကိစ္စကို ငါတို့ကုန်သည်များအစည်းအရုံးက ဘာမှလုပ်ပေးနေမှာ မဟုတ်ဘူး။ "
ခန်းမသခင်ကောင်း၏ စကားကြောင့် ကျန်လူများက အတော်ပင် စိတ်ဖိစီးသွားကြလေသည်။ နှစ်ဖက်စလုံးက သူတို့အား မလူးသာမလွန့််သာ အခြေအနေသို့ တွန်းပို့နေပြီဖြစ်လေသည်။
" မင်းတို့ စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်။ အကြွေးပဲ အခုပဲလိုချင်တယ်ဆိုတဲ့သူတွေက ဒီနေရာမှာပဲ ရပ်နေခဲ့ပါ။ ရက်ဆိုင်းပေးလို့ အဆင်ပြေပါတယ်ဆိုတဲ့သူတွေက ဟိုဘက်ကို သွားရပ်ပါ"
ခန်းမသခင်ကောင်းက သူနှင့်ဆန့်ကျင်ဘက်ကို ညွှန်ပြကာ ပြောလိုက်လေသည်။
" ဂိုဏ်းခေါင်းဆောင် ......"
" ဟုတ်ကဲ့ ...ပြောပါ"
" ကျွန်တော်က ခင်ဗျားရဲ့ အကြွေးရက်ဆိုင်းပေးဆိုတာကို သဘောမတူပေမယ့် ဂိုဏ်းခေါင်းဆောင်ရဲ့ အတွေးကိုတော့ အဆုံးထိလေးစားပါတယ်။ ဟွားဆန်းက ဗလာသက်သက်ဖြစ်နေပေမယ့် လေးစားမှုတော့ ရသင့်သေးတယ်လို့လည်း ကျွန်တော်ထင်ပါတယ်"
ဂိုဏ်းခေါင်းဆောင်ကမူ သခင်ကောင်း၏ စကားကြောင့်ခေါင်းတဆတ်ဆတ်ငြိမ့်ကာ အသိမှတ်ပြုလေသည်။
" ကျေးဇူးတင်ပါတယ်"
ခန်းမသခင်ကောင်းကမူ သူ၏ မထိတထိရန်စမှုကိုပင် လျစ်လျူရှုကာ အမူအရာမပြောင်းလဲသော ဟွမ်းဂျွန်းကို နားမလည်တော့ပေ။ အဖိုးကြီး...အတော့်ကို သည်းခံနိုင်နေတယ်ပေါ့လေ။ အဲ့ သည်းခံအေးဆေးနေနိုင်ကြီးကို ရိုက်ချိုးပေးဦးမယ်။ နေနှင့်ဦးတော့လား?
"ကဲ ....ဘယ်လိုလုပ်ကြမလဲ ။ ဂိုဏ်းခေါင်းဆောင်တို့ကို အကြွေးရက်ဆိုင်းပေးချင်တဲ့သူ တစ်ယောက်မှ မရှိတဲ့ပုံပဲ"
" မြင်တယ်မို့လား...."
ခန်းမသခင်ကောင်းက သူ့နောက်တွင်သာ အစီအတန်းလိုက်ရပ်နေသော သူများကို ညွှန်ပြကာ ပြောလိုက်လေသည်။ ကုန်သည်များအားလုံးကမူ ခေါင်းအားငုံ့ထားလွန်းကြ၍ မြေကြီးထဲပင် ဖောက်ဝင်တော့မည့်အလားပင်။ ဟွမ်ဂျွန်းကမူ သခင်ကောင်း၏ စကားများကို တခွန်းတစ်ပါဒမှ မတုံ့ပြန်ဘဲ မျက်စိသာ မှိတ်ထားလေသည်။
"အချိန်ပိုလိုတယ်..ဟုတ်လား။ ဂိုဏ်းခေါင်းဆောင် ...ခင်ဗျား အချိန်ဘယ်လောက်ပဲယူယူ ဘယ်သူကမှ ဟွားဆန်းဆိုတဲ့နာမည်အတွက်နဲ့ သူတို့ရဲ့ငွေတွေကို ဖြုန်းတီးပြီး အကုန်ခံကြတော့မှာ မဟုတ်ဘူး။ ဟွားဆန်းက သေဆုံးသွားပြီးပြီ။ အဲ့တော့ ဒီနေရာမှာပဲ လက်လျော့လိုက်ပြီးတော့ အဆုံးသတ်လိုက်ပါတော့။ ကျွန်တော်တို့တွေ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်"
ခန်းမသခင်ကောင်းသည် ဟွားဆန်းအား အပိုင်သိမ်းလိုက်နိုင်သည့် အောင်ပွဲခံမြင်ကွင်းကို ပျော်ပျော်ကြီး ခံစားနေလေတော့သည်။
" ကဲ...အခုဆိုရင်.............."
"ကျွတ်................"
စုပ်သပ်သံနှင့်အတူ မထင်မှတ်ထားသော အဖြစ်ပျက်တစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။ ခန်းမသခင်ကောင်း၏ နောက်တွင်ခြေသံများကို ကြားလိုက်ရလေပြီး သူက မယုံကြည်နိုင်စွာပင် နောက်ပြန်လှည့်ကြည့်လိုက်လေသည်။
"ပိုင်ရှင် ယု.........?"
ယုဂျွန်ဆန်းသည် ခါးသက်သောအမူအရာနှင့် သခင်ကောင်း၏ ဆန့်ကျင်ဘက်နေရာသို့ သွားကာ အကြွေးအား ဆိုင်းငံပေးနိုင်သည့်သူများနေရာတွင် တစ်ယောက်တည်းထီးထီးကြီး ရပ်နေလေသည်။
" ဒါက ဘယ်လိုချီးဖြစ်နေတာလဲ.........."
ဒီကောင်က သူ့အကြွေးတွေကို စောင့်ပေးလို့ရတယ်ဆိုပြီး သွားလုပ်နေတာလား။ သောက်ချေးတွေ ဟေ့........။
ခန်းမသခင်ကောင်းက ယုဂျွန်ဆန်းအား စိမ်းစိမ်းကားကား ကြည့်ကာ ဝါးစားတော့မည် အသံနှင့် လှမ်းပြောလေတော့သည်။
" ဒီမှာ .... ခင်ဗျား ဘာလုပ်နေတာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ရော သိရဲ့လား?"
ကောင်းမန်းယွန်းသည် စိတ်ဆိုးပန်းဆိုးနှင့် အော်ဟစ်ကာ ကျန်သည့်လူများအားလည်း ကြည့်လိုက်လေတော့သည်။