← Chapters

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အပိုင်း (၅၂)

ဟားးးးဟားးးးငါ့ကို နယ်နယ်ရရ မှတ်နေလား( ၂)

"မဟုတ်သေးဘူး...ဒါက"

"ဒါက ဘာလဲ"

"မင်းသိလား ...အခုဖြစ်နေတာတွေက ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေတဲ့အတိုင်းပဲ"

"အခု အဲ့တာက ဦးစားပေးကိစ္စမဟုတ်သေးဘူး"

"ကျွန်တော်က အဝေးကြီးက လာခဲ့ရတာဆိုတော့ ဗိုက်ဆာနေပြီ..."

"အဖေ့ကို ကုသမှု ပြီးသွားတဲ့အခါကျရင် စားသောက်ပွဲကြီးနဲ့ ဧည့်ခံပါ့မယ်"

"ကျွန်တော်က လှုပ်တောင်မလှုပ်နိုင်တော့ဘူး.."

"..မင်း ထိုင်တော့ထိုင်နိုင်သေးတယ်မို့လား"

ချွန်းမြောင်က ဟွမ်ဂျွန်ကီအား မျက်စောင်းထိုးကာ ကြည့်လိုက်လေ၏။

ဟွမ်ဂျွန်ကီကမူ သူ၏နောက်ဆုံးမျှော်လင့်ချက်လေးကို ကောင်းကောင်းကြီးပင် ဖမ်းဆုပ်ထားနိုင်ခဲ့ပြီဖြစ်ပြီး သူ၏ဖခင် ပြန်မကောင်းမချင်း ချွန်းမြောင်အား ပြန်လွတ်မည် မဟုတ်တော့ပေ။ ချွန်းမြောင်ကမူ သူ၏နှုတ်မြိန်စာလေးက ပါးစပ်ဖျားတွင် ပျောက်ကွယ်သွား၍ နှာမှုတ်နေလေတော့သည်။

"အာ့ဆိုလည်း သွားကြည့်ကြတာပေါ့"

"မြန်မြန်လေး လာပါ"

"ဟုတ်ပါပြီ...ဟုတ်ပါပြီ..ကျွန်တော့်ကို အရမ်းကြီးမလောပါနဲ့"

ချွန်းမြောင်က ခေါင်းကိုလှည့်ကာ အိပ်ယာပေါ်သို့ ကြည့်လိုက်လေသည်။ အိပ်ယာပေါ်တွင်လဲလျောင်းနေသော လူအိုကြီးက ပိုးစောင်အထူကြီးကို ခြုံထားလေသည်။

"အင်..."

လူအိုကြီး၏ မျက်နှာအားစစ်ဆေးပြီးသောအခါတွင်မူ ချွန်းမြောင်က နဖူးကြောများပင် ရှုံလာသည်အထိ မျက်မှောင်ကြုတ်မိသွားလေ၏။

ဒါက နတ်ဆိုးပန်းပွင့်လက္ခဏာဆိုတာ သေချာပါတယ်...

ချွန်းမြောင် သေသေချာချာ အတည်ပြုနိုင်ရန်အတွက် အနားသို့ကပ်ကာ ခြုံထားသောစောင်ကိုဖယ်ကာ ကြည့်လေ၏။ မြင်ရသည့် မြင်ကွင်းကမူ စိတ်မချမ်းမြေ့ဖွယ်ရာပင်။ အရိုးပေါ်အရေတင်ကာ ပိန်ချုံးနေသောအဖိုးကြီး၏ ခန္ဓာကိုယ်နှင့်အသွင်အပြင်ကို ဝတ်ဆင်ထားသော အဝတ်အစားများက ဖုံးကွယ်ပေးထားနိုင်စွမ်း မရှိပေ။ အသက်ရှုသံမျှင်မျှင်ကလည်း ဝင်သက်ထွက်သက်တိုင်းတွင်ပင် အသက်ပါသွားတော့မလား ထင်ရလေသည်။

ရောဂါအခြေအနေကြီးက ငါထင်ထားတာထက်တောင် ပိုဆိုးနေတာပဲ...

ဒါက နတ်ဆိုးပန်းပွင့်လို့တော့ ထင်ရပေမယ့် အပြည့်အဝတော့ ဟုတ်ပုံမရဘူး....

ချွန်းမြောင်သည် နတ်ဆိုးပညာများကို ခံနိုင်ရည်ရှိရန်အတွက် တစ်နှစ်ကျော်မျှ လေ့ကျင့်ဖူးလေသည်။ သိုင်းပညာရှင်အများစုကလည်း လေ့ကျင့်ထားရပြီး ထိုသို့လေ့ကျင့်ထားကြသူများပင် နတ်ဆိုးပန်းပွင့်အား သုံးရက်ကျော်အောင် တောင့်ခံနိုင်ခြင်း မရှိပေ။ ဤကဲ့သို့သော အဖိုးကြီးအနေနှင့်မူ သုံးရက်မပြောနှင့် သုံးနာရီပင် ခံနိုင်စရာ အကြောင်းမရှိပေ။

"ကျွန်တော် သူ့ရဲ့ အကြောဆုံတွေကို စစ်ကြည့်လိုက်ဦးမယ်"

"ဟုတ်...ရပါတယ်"

ချွန်းမြောင်က လူအိုကြီးကို ဆွဲမကာ ခါးနေရာသို့ ကြည့်လိုက်လေသည်။

ပြီးနောက်တွင်မူ ခါးနေရာမှ ချီစွမ်းအင်အချို့ကိုလည်း ပို့လွတ်ကာ ခန္ဓာကိုယ်အနှံသို့ ပြန့်သွားစေသည်။ ပြန့်နှံ့သွားသော ချီစွမ်းအင်များက ပိတ်နေသောအနက်ရောင်သွေးကြောများနှင့် အနီရောင်အကွက်ကြီးများကို စတင်ကာ ကုသနေလေတော့သည်။

ဒါက....

ချွန်းမြောင် အံဩသွားလေသည်။

ချီစွမ်းအင်နှင့် စမ်းသပ်ကြည့်သောအခါ နတ်ဆိုးပန်းပွင့်၏ လက္ခဏာများက ကင်းစင်နေလေသည်။ ကြည့်ရသည်က ယခုအကြီးအကဲဟွမ်၏ ဝေဒနာသည် နတ်ဆိုးဂိုဏ်း၏ ပယောဂမပါပုံပင်။

ချွန်းမြောင်သည် လူအိုကြီး၏ လက်ကို အသာပြန်ချထားလိုက်ပြီး စဉ်းစားနေဟန်ကို မေးစေ့ကို ဟန်ပါပါ ပွတ်လိုက်လေသည်။

ချွန်းမြောင်၏ ခက်ခဲနေသောအမူအရာများကို မြင်သောအခါတွင်မူ ဟွမ်ဂျွန်ကီက ရတက်မအေးနိုင်တော့ပေ။ နောက်ဆုံးဆုပ်ကိုင်ထားသော မျှော်လင့်ချက်လေးက ထိုသို့ဖြစ်နေသည်ကို မြင်ရသောအခါတွင်မူ ဟွမ်ဂျွန်ကီ ရင်တမမဖြစ်နေရလေပြီ။ အဆုံးသတ်တွင်မူ စိတ်မထိန်းနိုင်ဘဲ ထုတ်မေးလေတော့သည်။

"အခြေအနေက ဘယ်လိုလဲ"

"အာ...အဲ့တာလား"

ချွန်းမြောင်က ခေါင်းနောက်ကို ခဏကုတ်လိုက်ပြီးမှ ပြန်ဖြေလေ၏။

"အတော်လေး အခြေအနေဆိုးနေတာလား"

"ဟင့်အင်း....ဒါက ကုသရခက်မယ်လို့တော့ မထင်ပါဘူး"

"ဟုတ်လား...ကောင်းလိုက်တာ...လူတိုင်းကဆို.....အာ..ထားပါတော့"

ဟွမ်ဂျွန်ကီက ပျော်ရွှင်လွန်းသောကြောင့် တကိုယ်လုံးပင် တုန်ယင်နေလေတော့သည်။

"ဒါဆို အခုက ဘယ်လိုဖြစ်မှာလဲ"

"အင်း...ပြောရရင်တော့ မစိုးရိမ်ပါနဲ့ ..."

"တကယ်ကြီးတော့ ပြောနေတာ ဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ်. .....ကျွန်တော့်ကို အလျင်စလိုကြီးတော့ တွန်းအားမပေးပါနဲ့....

တချို့ပြင်ဆင်မှုလေးတွေလည်း လုပ်ဖို့လိုသေးလို့ပါ"

"ဘာပြင်ဆင်မှုတွေ လုပ်ရမှာလဲ"

"အရင်ဆုံးအနေနဲ့"

ချွန်းမြောင်က ကျေနပ်ပြုံးကြီး ပြုံးကာ ပြောလာလေ၏။

"စားလိုက်ကြရအောင်"

"......."

ဂျွတ်...ဂျွတ်...ဂျွတ်...

ချွန်းမြောင်က တည်ခင်းထားသမျှသော ဟင်းပွဲများကို တဝကြီးပင် စားသုံးနေလေသည်။ ဟွမ်ဂျွန်ကီကမူ အငမ်းမရ အားပါးတရစားနေသော ချွန်းမြောင်ကို ကြည့်ကာ စကားပင်မပြောနိုင်ပေ။

ဟွမ်ဂျွန်ကီအနေနှင့် ဘဝတစ်လျောက်လုံးတွင် မြောက်များစွာသော ကျင့်ကြံသူများကို တွေ့ခဲ့ဖူးပြီး ဖြစ်လေသည်။ သို့သော် အသားကို မြိန်ရေယှက်ရေစားနေသော ကျင့်ကြံသူတစ်ယောက်ကို မြင်ဖူးသည်ကတော့ ဤသည်က ပထမဆုံးအကြိမ် ဖြစ်လေသည်။

ယခုတွင်လည်း ဘဲပေါင်ကို တစ်ပေါင်လုံးပါးစပ်ထဲ ထိုးထည့်ကာ အရိုးပါမချန် တကျွတ်ကျွတ် ဝါးစားနေသော ထိုကလေးအား ကြည့်ကာ သူသက်ပြင်းချလိုက်မိလေသည်။

ဂလု..ဂလု

ဖန်ခွက်ထဲတွင် ထည့်ထားသော ယုံးထယ်သေရည်က တစ်ခွက်လုံး ပြောင်သလင်းခါသွားလေပြီ ဖြစ်သည်။

"အား...အူး...ဒါကမှ တကယ့်ဘဝအရသာ အစစ်အမှန်ပဲလေ.."

"........."

ဤသည်က ဤဘဝကို ရောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အရသာရှိသော အစားအသောက်များနှင့် သေရည်ကောင်းကောင်းကို သောက်ရခြင်း ဖြစ်လေသည်။

ဟွမ်ဂျွန်ကီကမူ ချွန်းမြောင်၏ အမူအယာများကို ကြည့်ကာ ရယ်လိုက်လေသည်။ ဤကလေးက စိတ်ဝင်စားစရာကောင်းသည်ရော ၊ ဤကလေးပြောသော သတင်းကောင်းရောကြောင့်ပင် သူ စိတ်များအနည်းငယ်သက်သာကာ လန်းဆန်းနေလေသည်။

"ဟိုဟာလေ....ကျင့်ကြံသူလေး"

"အင်း..ပြော"

ချွန်းမြောင်က ဟွမ်ဂျွန်ကီ၏ အပြောကို အသားတစ်ဖတ်ကို ကောက်ဝါးရင်း ဖြေလိုက်လေသည်။

"ပြင်ဆင်မှုတွေ လုပ်တာက ဘယ်လောက်ကြာလောက်မလဲဟင်"

"ဟမ်...ကျွန်တော်အခုပဲ ပြင်ဆင်မှု စလုပ်နေပြီလေ"

"ဘယ်လို...ဘယ်လိုပြောလိုက်တာ...နားမလည် လိုက်လို့"

"အာ...ပြင်ဆင်မှုက ဘာမှအထွေအထူးကြီး ဟုတ်မနေပါဘူး"

ချွန်းမြောင်က သူ၏ တူကို ချကာ စကားကိုဆက်လိုက်လေသည်။

" ကုသမှုလုပ်တာက ခံနိုင်ရည်နဲ့ ခွန်အားတွေ အများကြီးလိုတယ်...ဒါကြောင့် အစားကောင်းကောင်းစားထားဖို့ အရေးကြီးတယ်...စကားမစပ် ဒီက စားဖိုမှုးက တော်တော်လေးကို တော်တာပဲ"

ဒါပေါ့...တော်မှာပေါ့...

ရှန်မြို့တော် တစ်မြို့လုံးမှာ အတော်ဆုံးစားဖိုမှုးကို ငှားထားတာလေ....

"ဟွာဆန်းမှာဆို အမြဲ ထမင်းနည်းနည်း ဟင်းနည်းနည်းပဲ စားရတာ...အခုကျ ကြိုက်သလိုစားလို့ရတယ်..

တကယ်ကောင်းလိုက်တာ"

ချွန်းမြောင်က သူ၏ဗိုက်ပူလေးကို တပတ်ပတ်ပုတ်နေလေ၏။

"မင်း ပြီးသွားပြီလား"

"ဘယ်ကသာ...အခုမှ စစားရုံ ရှိသေးတာလေ"

"........"

ဒီကလေးရဲ့ ဗိုက်ထဲမှာက အစာအိမ်ရှိနေတာမဟုတ်ဘဲ စည်တွေ၊ ပုတ်တွေများ ရှိနေတာလား။

ဟွာဆန်းတွင်က ခက်ခဲသောအခြေအနေများကြောင့် အစားကောင်းအသောက်ကောင်းများ စားခဲ့ရဟန်မတူပေ။

သို့သော်လည်း အတိုင်းထက်မက ဆာလောင်နေလျှင်ပင် ထိုမျှတော့ မည်သူမှ စားနိုင်လိမ့်မည် မထင်ပေ။

လူတစ်ယောက်၏ အစာအိမ်က အကန့်အသတ်တစ်ခုရှိသည်ဟု ထင်ရသော်လည်း ဤကလေး၏ အစာအိမ်ကတော့ ထိုသို့ ရှိပုံမရပေ။ ဤကျင့်ကြံသူပေါက်စလေးက အလွန်ထူးဆန်းသည်ကတော့ အမှန်ပင် ဖြစ်လေသည်။

"မင်း ဒီကို အစားစားဖို့ပဲ လာခဲ့တာတော့ မဟုတ်ပါဘူးနော်....ဟုတ်တယ်မို့လား"

"ဟ...ဘယ်လို ပြောလိုက်တာတုန်းဟ"

"ဟုတ်ပြီ...ပြောပြမယ်...

ကျင့်ကြံသူတွေဆိုတာ ဘာပဲလုပ်လုပ် ရည်ရွယ်ချက် ရှိကြတယ်"

"သဘာဝရဲ့ ဖြစ်စဉ်အတိုင်း လိုက်ပါစီးမျောပြီး ကျင့်ကြံတဲ့သူတွေမို့လို့ ကျင့်ကြံသူတွေလို့ ပြောကြတာ"

"ဒါပေမယ့် ဒီနေရာမှာရှိနေတဲ့ စီးဆင်းမှုတွေကတော့ တော်တော်လေးကို မြန်ဆန်နေပြီး သာမန်မဟုတ်ဘူး"

"ဒါက ပြုပြင်ခံထားရတဲ့ စီးဆင်းမှုမျိုးပဲ"

ဘာကြီး....

ဟွမ်ဂျွန်ကီက ဤကလေးပေါက်စ၏ စကားများကို နားမလည်စွာဖြင့် စိတ်ရှုပ်သွားလေ၏။

"ကလေးလေး....မင်းက ဒီနေရာကို ကူညီဖို့ လာခဲ့မှန်းသိသိရက်ကြီးနဲ့ အလျင်စလို လုပ်ခိုင်းနေတာကတော့ ရိုင်းရာကျမှန်း ကျွန်တော်သိပါတယ်...အထူးသဖြင့် မင်းလို ခရီးဝေးကြီးကနေ လာခဲ့ရတဲ့ သူဆိုရင်ပေါ...

ဒါပေမယ့် နေ့လားညလား မကွဲတဲ့ ရောဂါသည်အဖေကြီးကို ပစ်ချထားပြီး မင်းစားပြီးအောင်ထိ စောင့်နေရမှာတော့ မဟုတ်သေးဘူးထင်တယ်.....မင်းက သူ့ရဲ့အခြေအနေကို သေသေချာချာတောင် သိရသေးတာ မဟုတ်ဘူးလေ"

"ကျွန်တော်သိပြီးပါပြီ"

ဟွမ်ဂျွန်ကီက စိတ်မရှည်တော့ပေ။ ခုံမှ ထကာ ပြောလေတော့သည်။

"ဒီကိုကြည့်...ကောင်လေး..ငါ့အဖေက....."

"မသေသေးဘူး"

"မင်း ဘာပြောလိုက်တယ်"

"သူ မသေသေးဘူး...မသေနိုင်သေးဘူးလို့...ဟုတ်ပြီလား...

အဲ့တော့ ပြန်ထိုင်"

ချွန်းမြောင်က ပြောလည်းပြောကာ သေရည်နောက်တစ်ခွက်ကို ထည့်ကာ သောက်လိုက်ပြန်လေသည်။

ဟွမ်ဂျွန်ကီကမူ ချွန်းမြောင်ကို စိတ်ဆိုးနေပြီ ဖြစ်၏။ ဤသည်ကို ကြည့်ကာ ချွန်းမြောင်က သေရည်ခွက်ကို ချထားပြီး စကားပြောလိုက်လေသည်။

"ကျွန်တော် ခင်ဗျားအဖေကို သေချာကြည့်ပြီးပါပြီ...သူ မသေနိုင်သေးဘူး...

ဆိုတော့ သူ့အတွက် ခင်ဗျား အရမ်းကြီး စိုးရိမ်နေစရာမလိုဘူး...သူ့ကို သေသေချာချာကုသပေးဖို့ အချိန်တော့ နည်းနည်းယူရမယ်..............ဒါပေမယ့် အခု ကျွန်တော်တို့မှာ ပထမဆုံးအရေးကြီးလုပ်စရာ တစ်ခုရှိတယ်"

ဒီကလေးက သူ့အဖေကို ကုပေးပြီးပြီလား..

ဘယ်တုန်းကလဲ..

"စကားပုံတစ်ခုရှိတယ်မို့လား...

ရှေ့ကို မြန်မြန်သွားသလောက် နောက်ကိုလည်း ပြန်ပြန်ကြည့်ရမယ် ဆိုတာ...

အခုက ခင်ဗျားအဖေကို ကုသပေးဖို့ထက် အရေးကြီးတာက သူအရင်ဆုံး နေမကောင်းစဖြစ်ရတဲ့ အကြောင်းအရင်းပဲ"

"မင်းက တကယ်ကြီး သူ့ကို ကုပေးပြီးပြီလား"

"ကျွန်တော်က ခင်ဗျားကို လိမ်နေတဲ့ပုံပေါက်နေလို့လား"

ချွန်းမြောင်က ဆက်ကာပြောလေသည်။

"မယုံရင်လည်း သွားကြည့်လိုက်...သူရဲ့ နဖူးက အနက်ရောင်ချီစွမ်းအင်အစက်တွေ ရှိမှာ မဟုတ်တော့ဘူး"

ဟွမ်ဂျွန်ကီကမူ ချွန်းမြောင်အား ဟုတ်ရောဟုတ်ရဲ့လား မျက်လုံးနှင့် ကြည့်နေလေ၏။ ချွန်းမြောင်ပြောသည်ကို မယုံသည်က အသိသာကြီးပင်။

"မင်းကို မယုံလို့တော့ မဟုတ်ဘူး...ဒါပေမယ့် သေချာအောင် သွားကြည့်တာက ပိုအဆင်ပြေမယ်လို့ ငါထင်တယ်..

ဆိုတော့ ငါ ခဏသွားကြည့်လိုက်ဦးမယ်"

"သွား...သွား"

ဟွမ်ဂျွန်ကီက အလျင်စလိုပင် အပြင်ထွက်သွားလေ၏။ သွားပြီးခဏအတွင်းမှာပင် တံခါးကိုတွန်းဖွင့်ကာ အူယားဖားယားနှင့် ပြေးဝင်လာလေပြီး ချွန်းမြောင်အား ရိုသေကြည်ညို အံထူးဖွယ်ရာကြီးကဲ့သို့ ကြည့်လာလေသည်။

"မင်း ...မင်း ဘယ်လို လုပ်လိုက်တာလဲ"

"ကျွန်တော် ကုသပေးလိုက်တာလေ"

"ဘယ်အချိန်တုန်းကလဲ"

ချွန်းမြောင် မဖြေဘဲ ဟွမ်ဂျွန်ကီကိုသာ ခုံတွင်ထိုင်ရန် ညွှန်ပြလိုက်လေသည်။

"မထိုင်တော့ဘူးလား"

"........."

ဟွမ်ဂျွန်ကီကမူ ချွန်းမြောင်အား မယုံနိုင်သော မျက်လုံးကြီးနှင့် ကြည့်နေလေသည်။ ကုန်သည်ဘဝတစ်လျှောက် လူပေါင်းများစွာကို တွေ့ခဲ့ဖူးသော်လည်း ဤသို့သောထူးဆန်းသောလူကိုမူ ယခုမှသာ မြင်ဖူးခြင်းပင်။ ကလေးပေါင်းများစွာကိုလည်း တွေ့ဖူးခဲ့ပြီး ထိုသို့ထူးဆန်းကာ လူကြီးဆန်သောကလေးကိုမူ မတွေ့ခဲ့ဖူးပေ။

မသိရင် လူကြီးတစ်ယောက်က ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ထားတဲ့အတိုင်းပဲ....

ဤသည်က ရူးနှမ်းသော အတွေးမှန်းသိသော်လည်း ဤကလေးသည်က သူ့အသက်အရွယ်နှင့် မအပ်စပ်သော အပြုအမူများကိုသာ လုပ်နေသည်မို ထိုသို့တွေးမိခြင်းဖြစ်လေသည်။ ထို့ပြင် ကလေးတစ်ယောက် သူ့ဖခင်၏ ရောဂါကိုလည်း ဤမျှ လွယ်လွယ်လေး ကုသနိုင်သည်က အံချီးဖွယ်ရာကိစ္စပင်။ ကိုယ်တိုင်တွေ့နေရ၍သာ ယုံရသည်။ ယုံပင် မယုံချင်ပေ။

ငါ ဒီကလေးကို ယုံလို့ရပါ့မလား..

မယုံလို့တော့ မရပေ။ သူ၏ဖခင်က အမှန်တကယ်ပင် သက်သာလာပြီဖြစ်သည်။

ချွန်းမြောင်ကမူ အတွေးများနေသော ဟွမ်ဂျွန်ကီကို ကြည့်ကာ သေရည်နောက်တစ်ခွက်ကိုငှဲ့ရင်း သောက်လိုက်ပြန်သည်။

"မထိုင်ချင်ဘူးဆိုလည်း မတ်တပ်ရပ်ပြီးတော့ ကျွန်တော်မေးတာတွေ ဖြေ...

ကျွန်တော့်မှာ မေးစရာ မေးခွန်းတွေရှိတယ်"

ဟွမ်ဂျွန်ကီက ခုံတွင် ဝင်ထိုင်လိုက်လေသည်။

"ခင်ဗျားအဖေနဲ့ အနီးကပ်ဆုံးရှိတဲ့သူက ဘယ်သူလဲ"

"အနီးကပ်ဆုံးလား"

"ဟုတ်တယ်...နေ့နေ့ညည အကြီးအကဲဟွမ်နားမှာ ရှိနေပြီး ယုံကြည်ရတဲ့ သူတွေပေါ့"

"ဘာလို့ ဒါတွေမေးနေတာလဲ"

"ကုသမှုအတွက် ဒါတွေက အရေးကြီးလို့ပဲ ဆိုပါတော့"

ဟွမ်ဂျွန်ကီက ခေါင်းကို ငြိမ့်ကာ ဖြေလိုက်လေသည်။

'အဖေနဲ့ အနီးကပ်ဆုံးလူကတော့ ကျွန်တော်ပဲ"

"မင်းမဟုတ်တဲ့ တခြားသူတွေထဲကရော"

"တခြားသူတွေလား"

ဟွမ်ဂျွန်ကီက အလေးအနက်ကြီး စဉ်းစားပြီးမှဖြေလာလေသည်။

"ကျွန်တော် မသိဘူး...

အဖေက အရမ်းအလုပ်များတဲ့သူဆိုတော့ နေ့တိုင်း သူ့နားမှာက လူပေါင်းစုံရှိတယ်...

မင်း ပြောသလို အမြဲလိုလိုတွေ့ပြီးတော့ အနားမှာရှိနေတတ်တာကတော့ ငါးယောက်လောက်ရှိမယ်ထင်တယ်"

"လူက ငါထင်ထားတာထက်တောင် များနေပါလား"

ချွန်းမြောင်က မေးစေ့ကို ကုတ်ကာ စဉ်းစားလိုက်လေသည်။ ထို့နောက်တွင်မူ အကြံတစ်ခုရသွားပြီး ပြုံးလာလေ၏။

"ငါးယောက်ရှိတယ်ဆိုရင် ဘယ်တစ်ယောက်က စုံစမ်းဖို့ အခက်ဆုံးလဲ"

"ဘာကို စုံစမ်းမှာလဲ"

"မင်း...မဟုတ်ဘူး..ခင်ဗျား အခုထိ ကျွန်တော်ပြောတာကို နားမလည်သေးဘူးလား..

တကယ်ကြီး နားမလည်တာလား"

"........"

ဟွမ်ဂျွန်ကီ မျက်နှာပျက်သွားလေသည်။ ထိုကလေးပြောနေသည်ကို သူနားမလည်သည် မဟုတ်ပေ။

နားလည်ပေ၏။ သို့သော် သူ မယုံကြည်နိုင်ပေ။ ထိုကလေးပြောနေသော အကြောင်းအရာက မဖြစ်နိုင်ဟုသာ သူယူဆနေခြင်း ဖြစ်လေသည်။

"မင်းပြောချင်တာက ငါတို့ထဲက တစ်ယောက်ယောက်ကပဲ လုပ်ကြံထားတာလို့ ပြောချင်တာလား"

"ဟုတ်တယ်...

ပထမတုန်းကတော့ ပြင်ပက လာတဲ့ရောဂါလို့ ကျွန်တော်တွေးမိသေးတယ်...

ဒါပေမယ့် အကြီးအကဲဟွမ်ကို စစ်ဆေးကြည့်လိုက်တော့ ဒါက ပြင်ပက လာတဲ့ ရောဂါလက္ခဏာ မဟုတ်ဘူး..

ကျွန်တော့် ယူဆချက်အရဆိုရင် ဒါက အတွင်းလူတစ်ယောက်ယောက်ကပဲ သစ္စာဖောက်ပြီး တမင်လုပ်ထားတာ"

ဟွမ်ဂျွန်ကီ၏ မျက်နှာက အကြပ်အတည်း ဆိုက်လာသည့်ပုံ ဖြစ်လာလေပြီ။

"ကျေးဇူးပြုပြီးတော့ စကားပြောတာကို ဆင်ခြင်ပေးပါ...ကျင့်ကြံသူလေး...

အန်ဟာ ကုန်သည်အစည်းအရုံးက လူတိုင်းက မိသားစုလိုပါပဲ ......သူတို့က ဘဝတစ်လျှောက်လုံး အတူတူကုန်ဆုံးခဲ့ကြပြီးတော့ ကျွန်တော့်အဖေကိုလည်း သိပ်ကို လေးစားကြတာ....ပြီးတော့ သူတို့က....."

"မဟုတ်ရင်ရော"

"ဘယ်လို"

ချွန်းမြောင်က ဖောင်းကားနေသော ဗိုက်ကို ပွတ်လိုက်‌ေလသည်။

"သူတို့က အရမ်းကို ရိုးသားကြပြီး ခင်ဗျားအဖေပေါ်ကို ကောင်းကြလို့ ခင်ဗျားက သူတို့ကို ယုံတယ်ပေါ့ ဟုတ်လား"

"ဟုတ်...တယ်"

ချွန်းမြောင်က ခနဲ့ရယ် ရယ်လိုက်ပြီး ပြောလိုက်လေ၏။

"သိပ်လည်း စိတ်မပူပါနဲ့...ကျွန်တော်တို့ သိပ်မကြာခင်ဘဲ စုံစမ်းပြီး အမှန်တရားကို သိရတော့မှာပါ"

ချွန်းမြောင် ဟွမ်ဂျွန်ကီကို တချက်ကြည့်လိုက်လေသည်။

ကုန်သည်တစ်ယောက်အနေနှင့်ဆိုလျှင် အတော့်ပင်ရိုးသားသောကုန်သည်ဟု ပြော၍ရပေသည်။

လူသားများသည် အလွန်ပင် အန္တာရယ်များသော မျိုးစိတ်များပင် ဖြစ်လေသည်။ ကူကယ်သောလက်ကို ကြိုးကွင်းစွပ်တတ်သူများလည်း ရှိသကဲ့သို့ ကျေးဇူးတရားကို သေရာပါသည်အထိ သယ်ဆောင်ကာ ကျေးဇူးသိတတ်သူများလည်း ရှိပေသည်။ တစ်ဖက်တွင် လူကောင်းလည်း ဖြစ်နေနိုင်သကဲ့သို့ တဖက်တွင် လူဆိုးနေသည့် မျက်နှာနှစ်မျိုးနှင့် လူများလည်း ရှိတတ်ကြပေသည်။

ယခုတကြိမ်တွင်တော့ မည်သို့ဖြစ်မည်ကို ဆက်ကာစောင့်ကြည့်ရမည် ဖြစ်လေသည်။

ချွန်းမြောင်၏ အမြင်ကို ပြောရလျှင်မူ လက်သည်တရားခံသည် နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးပန်းပွင့် နည်းလမ်းကို တုပကာ သုံးထားလေပြီး တဖြည်းဖြည်းချင်းနှင့် အကြီးအကဲဟွမ်၏ ကျန်းမာရေးကို ချို့ယွင်းလာအောင် ပြုလုပ်ထားခြင်းပင်။

ထို့ကြောင့်ပင် အကြီးအကဲဟွမ်က စတင်ကာ ရောဂါခံစားရချိန်တွင် လက္ခဏာက သိသိသာသာမပြသော်လည်း ယခုမှသာ အာနိသင်ပြကာ ရောဂါကျွမ်းလာခြင်း ဖြစ်လေသည်။ အခြားသမားတော်များအနေနှင့်မူ ရောဂါ၏လက္ခဏာကို ကြည့်ကာ လက်လျော့သွားကြသည်က နတ်ဆိုးပန်းပွင့် လက္ခဏာကို မကြုံဖူးကြ၍ ဖြစ်ပေသည်။ လက်သည်ကလည်း မိမိ၏ လုပ်ရပ်ကိုမပေါ်အောင် သေချာပင်ဖုံးဖိထားနိုင်လေသည်။

ချွန်းမြောင်သည်သာလျှင် စာကို ဖောက်မဖတ်ခဲ့လျှင် သို့မဟုတ် အကြီးအကဲဟွမ်၏ အကြောင်းကို စောစောမသိခဲ့ရလျှင် ချွန်းမြောင် အလုပ်ပိုခံကာ လာရောက်ကယ်တင်နေမည် မဟုတ်ပေ။ အကြီးအကဲဟွမ်အကြောင်းကို စောစောစီးစီး သိထားလိုက်သည်ကပင် ကံကောင်းသည်ဟု ပြောရပေမည်။

ယခုတကြိမ်သည်က ကုသိုလ်လည်းရ ၊ ဝမ်းလည်းရ အလုပ်မို့ ချွန်းမြောင် ကျေနပ်နေလေသည်။

ဒီတကြိမ်ကတော့ ပွဲကြီးပွဲကောင်းပဲ...

"ဒါဆို ကျွန်တော်တို့ ဘယ်လိုစပြီး စုံစမ်းကြမလဲ"

"ကျွန်တော်က စပြီးစုံစမ်းနေပြီလေ"

"ဟမ်"

ဟွမ်ဂျွန်ကီက အူတိတူကြောင် မျက်နှာထားလေးနှင့် ကြည့်လာလေ၏။

"စုံစမ်းနေပြီ ဟုတ်လား"

"ဟုတ်တယ်လေ"

"မင်း စားပဲစားနေတာကို ...စုံစမ်းနေတယ်ဆိုတော့"

"အာ....ဒါက ဒီလိုလေ...သခင်လေးတစ်ယောက်နဲ့ အခန်းထဲမှာ စကားပြောနေတာက လုံလောက်တဲ့ စုံစမ်းမှုပဲလေ"

ဟွမ်ဂျွန်ကီကမူ ချွန်းမြောင်ပြောနေသည်များကို လိုက်မမှီသေးပေ။

"စောင့်ကြည့်နေလိုက်ပါ...သိပ်မကြာခင်မှာ ပျော်စရာကောင်းတာတွေ အများကြီး ကြုံရတော့မှာ...

သခင်လေး မျက်စိကိုဖွင့်ပြီး နားကိုစွင့်ထား.. လုပ်စရာတွေ တစ်ခုထက်မက ပိုရှိလာမှာ"

"ဘယ်လို....ဟုတ်ပါပြီ . ဘာပဲဖြစ်ဖြစ်..ကျွန်တော် အကောင်းဆုံး လုပ်ပါ့မယ်"

ချွန်းမြောင်က သေရည်ပုလင်းလွတ်ကို ကောက်ကိုင်ကာ ပြောလိုက်လေသည်။

"ဒါဆို နောက်တစ်ပုလင်းလောက်"

"............"

"မြန်မြန်လေးနော်"

"......."

ဟွမ်ဂျွန်ကီ၏ ရင်ထဲတွင် ဝမ်းနည်းမျက်ရည်လေး နှစ်စက်ကျသွားလေတော့သည်။

အပိုင်း (၅၃)

ဟားဟား...ငါ့ကို နယ်နယ်ရရမှတ်နေလား(၃)

"ဟင်း"

ကီမုန့်ဆောင်က စားပွဲပေါ်ရှိအစားအသောက်များကို ခံတွင်းမတွေ့ပုံနှင့် သက်ပြင်းချလိုက်လေသည်။

ကိုင်ထားသောတူကိုပင် ချကာ အစားအသောက်များကို ထိပင်မထိချေ။

ကီမု့န့််ဆောင်၏ အရိပ်အကဲကို သဘောပေါက်သောတပည့်များကမူ အေးအေးဆေးဆေး မနေနိုင်တော့ပေ။

"ဟင်းပွဲတွေကို ခံတွင်းမတွေ့လို့ပါလား...အကြီးအကဲ"

"ဟင်"

ကီမုန့်ဆောင်က ခေါင်းကို ဖြေးဖြေးချင်း ခါပြလေ၏။

"ဟင်းပွဲတွေက ကောာင်းပါတယ်....ငါ့စိတ်ကိုက အဆင်မပြေဖြစ်နေတာပါ"

"ဒီတပည့်တွေက အမှားလုပ်ထားလို့စိတ်အဆင်မပြေတာဆိုရင် အပြစ်ပေးပါ....."

"ဒါက မင်းတို့အပြစ် မဟုတ်ပါဘူး"

ကီမုန့်ဆောင်က မနက်စာစားပွဲကို ငြင်ငြင်သာသာပင် တွန်းဖယ်လိုက်ပြီး မသာမယာမျက်နှာနှင့် ပြောလာလေသည်။

"ငါ ပြန်မကြားချင်တော့တဲ့ နာမည်နဲ့ မျက်နှာတွေကို မြင်ခဲ့ရလို့ပါ"

လီဆုန်ဘတ် ကမူ တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဒုတိယတန်း တပည့်ကြီးပီသစွာနှင့် ဆရာ၏ အရိပ်အကဲကို ချက်ချင်းနားလည်သွားလေသည်။

"ဆရာကြီး ဟွာဆန်းဂိုဏ်းက ကလေးကို ပြောလိုက်တာလား"

"အဟမ်း"

ကီမုန့်ဆောင်သည် လီဆုန်ဘတ်၏ စကားကို မှန်သည်မှားသည်မပြောဘဲ ချောင်းတစ်ချက်ဟန့်ကာသာ ထောက်ခံလိုက်လေသည်။

"ကျွန်တော် နားမလည်နိုင်ဘူး အကြီးအကဲ...ကလေးတစ်ယောက်ပဲ ရောက်လာတာက ဘယ်လောက်ကြီးများ ကြီးကျယ်နေလို့လဲ"

"ဒါက ကလေးတစ်ယောက်ဆိုတာကြောင့် မဟုတ်ဘူး"

"ဟွာဆန်းဂိုဏ်းက ကလေးတစ်ယောက်ဖြစ်နေတာက ပြဿနာ ပဲ"

တပည့်များက ကီမုန့်ဆောင်၏ စကားကို နားမလည်သလို မေးလာကြလေသည်။

သူတို့သည် ဟွာဆန်းနှင့်ပတ်သက်လာလျှင် သူတို့အကြီးအကဲများ၏ လွန်လွန်ကြူးကြူးအကဲဆတ်မှုကို နားမလည်နိုင်ကြပေ။

"မင်းတို့တွေကို ငါတို့က သူတို့နဲ့ တမိုးအောက်ထဲမှာတောင် အသက်မရှင်ချင်ဘူးဆိုတာ မဆုံးမပေးဖူးဘူးလား"

ကီမုန့်ဆောင် အတွက်မူ ဟွာဆန်းသည် အိမ်မက်ဆိုးပင် ဖြစ်လေသည်။

သူသည် ဟွားဆန်း၏ တစ်ထောင့်တစ်ညပုံပြင်များကို နားထောင်ကာ ကြီးပြင်းခဲ့ရပြီး ဟွာဆန်း၏ ဂုဏ်သတင်းက တောင်ဘက်အစွန်အဖျားအပေါ် ရိုက်ခတ်မှုကို အမြဲလိုပင်မြင်တွေ့ကာ ကြီးပြင်းခဲ့ရလေသည်။

"ဟွာဆန်းရဲ့ ဂိုဏ်းသားက ငါတို့ပိုင်နက်ရှန်မြို့ထဲကို ဝင်လာရုံမကဘူး ငါအမုန်းဆုံး ဇီးပန်းပွင့်သူရဲကောင်းနာမည်

ကိုပါ ပေးထားလိုက်သေးတာ"

"......"

တပည့်ဂိုဏ်းသားများက သူတို့အချင်းချင်း မျက်စပစ်ကာကြည့်လိုက်ကြလေသည်။

ဆိုတော့ မစားနိုင်မသောက်နိုင် ရင်ခံနေရတဲ့အကြောင်းအရင်းက ဒါကြောင့်ပေါ့။

ဇီးပန်းပွင့်သူရဲကောင်းကဖြင့် သေတာနှစ်တစ်ရာတောင်ကျော်နေပြီကို အကြီးအကဲတွေက အခုထိမမေ့နိုင်ကြသေးဘူးလား။

ဟွာဆန်းဂိုဏ်းက ဂိုဏ်းသားတွေတောင် သူတို့ရဲ့ ဇီးပန်းပွင့်သူရဲကောင်းနာမည်ကို မှတ်မိကြတော့မယ် မထင်ဘူး။

ငါတို့ဂိုဏ်းက အကြီးအကဲတွေကကတော့ ငါတို့ဂိုဏ်းက ဘိုးဘေးကြီးတွေထက်တောင် ဒီနာမည်ကို မေ့မရဖြစ်နေကြသေးတယ်။

ဇီးပန်းပွင့်ဓါး

ဇီးပန်းပွင့်သူရဲကောင်း ချွန်းမြောင်

တောင်ဘက်အစွန်အဖျားဂိုဏ်းရှိ သူများသည် ချွန်းမြောင်အကြောင်းပြောရာတွင် သူရဲကောင်းတစ်ယောက်ကို ပေးလေ့ရှိသော အရိုအသေပေးမှုမျိုးနှင့် မပြောတတ်ကြပေ။ သာမန်ကာလျှံလူတစ်ယောက်ကဲ့သို့သာ သဘောထားကာ နာမ်နှိမ်ထားကြလေသည်။

လီဆုန်ဘတ် ကမူ သူ၏ အကြီးအကဲကို ကြည့်လိုက်လေသည်။

ကီမုန့်ဆောင်၏ အမူအရာများက သိသိသာသာပျက်နေသည်ကို မည်သူမှ နှုတ်ကထုတ်မပြောကြသော်လည်း သိကြလေသည်။

ပုံမှန်အားဖြင့် သူတို့၏ အကြီးအကဲများသည် ဟွာဆန်းဟူသော အမည်နာမကို မကြားခင်အထိ အလွန်တရာပင် ကြင်နာတတ်ကာ သိမ်မွေ့ကြသူများ ဖြစ်ကြလေသည်။

"အကြီးအကဲအနေနဲ့ ဒီလောက်ကိစ္စလေးကို စိတ်ထဲထားမနေပါနဲ့"

"မင်းတို့က ငါ့ကို ဒီကိစ္စကို စိတ်မပူဖို့ နားချနေကြတာလား"

ကီမုန့်ဆောင်က မျက်ခုံးများပင် ပင့်သွားလေသည်။

"ငါ ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ...အခုဆို ဒီကလေးက အကြီးအကဲဟွမ်ရဲ့ ရောဂါကိုတောင် ကုသဖို့ လုပ်နေပြီ"

"ဟားဟား....အဲ့တာက ဘယ်လို အာပလာမျိုးတွေ....."

"အကြီးအကဲဟွမ်က စပြီးသက်သာလာပြီ"

"........"

တဟားဟားရယ်နေသော လီဆုန်ဘတ် ပါးစပ်ပိတ်သွားလေတော့သည်။

ကီမုန့်ဆောင်က ထိုမျှပြောလိုက်သော်လည်း လီဆုန်ဘတ်က အခြေအနေကို နားလည်သဘောပေါက်သွားပြီဖြစ်သည်။

အဲ့ကလေးက တကယ်ကြီးကို အကြီးအကဲဟွမ်ကို ကုသပေးနိုင်တာလား။

တကယ်သာဆိုရင်‌တော့ ချီးတွေ ဖြစ်ကုန်ကြတော့မှာပဲ။

အကြီးအကဲဟွမ်ဆိုသည်က ကျေးဇူးတရားကို ဦးထိပ်ပန်ဆင်ကာ ကိုးကွယ်ကျေးဇူးဆပ်တတ်သူ တစ်ယောက်ဖြစ်လေသည်။ ဟွာဆန်းက ထိုကလေးကသာ အကြီးအကဲဟွမ်အား အမှန်တကယ် ကုသပေးနိုင်ပါက အကြီးအကဲဟွမ်က သူ့ဘဝတစ်ခုလုံးပင် ရင်းကာ ဟွာဆန်းကို ကျေးဇူးဆပ်လိမ့်မည် ဖြစ်သည်။

ဟွာဆန်း၏ ရေတိုရေရှည်လိုအပ်သောပစ္စည်းမှန်သမျှကို ထောက်ပံ့ပေးမည်ဖြစ်ပြီး ဟွာဆန်းက တသက်သာ အထောက်အပံ့ကောင်းကြီးကို ရရှိသွားတော့မည် ဖြစ်လေသည်။ ထိုသို့ မဖြစ်ခံ၍ မရပေ။ အဖြစ်မခံနိုင်ပေ။

ထိုကလေးအား သူတို့ သေချာပေါက် တားဆီးရပေလိမ့်မည်။

လီဆုန်ဘတ်က သူ၏ဦးနှောက်ကို အလျင်အမြန်အလုပ်ပေးလိုက်ပြီး အကြံအစည်ကိုလည်း နှုတ်မှထုတ်ကာ ပြောလာလေ၏။

"အကြီးအကဲ ...ဒီကလေးက ဒီလောက်စိတ်အနှောင့်အယှက်ပေးနေရင်လဲ ဘာလို့ သူ့ကို ပမထုတ်လိုက်သေးလဲ"

"မင်းတို့ လုပ်မလို့လား"

ကီမုန့်ဆောင်က မျက်လုံးကြီးပြူးကာ မေးလာလေသည်။

"ဟုတ်ကဲ့....အကြီးအကဲတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကို တစ်ခုခုလုပ်လိုက်တယ်ဆိုတာက ကြားလို့မကောင်းပေမယ့် ဒုတိယတန်းတပည့်တစ်ယောက်က တတိယတန်းတပည့်တစ်ယောက်ကို တစ်ခုခုလုပ်လိုက်တယ်ဆိုတာကျ ထင်သလောက်ကြီး မဆိုးပါဘူး...အကြီးအကဲ...

တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ တပည့်နဲ့ ဟွာဆန်းဂိုဏ်းရဲ့ တပည့် ပညာပြိုင်ကြတယ် ...ဒီလောက်ပဲရှိမှာပါ"

"လူတွေက မင်းတို့ပညာပြိုင်ကြတာကို ကလေးတစ်ယောက်ကို အနိုင်ကျင့်ပါတယ်ဆိုပြီး ချဲ့ကားပြောကြရင်ရော"

လီဆုန်ဘတ် မိန့်မိန့်ကြီးပင် ပြုံးကာ ယုံကြည်ချက်ရှိရှိ ဖြေလိုက်လေသည်။

"တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ဟွာဆန်းရဲ့ ရန်ညိုးအကြောင်းကို ဘယ်သူကများ မသိတဲ့သူရှိလို့လဲ...

ဆိုတော့ ဘယ်သူမှ အထွေအထူးလုပ်ပြီး ပြောနေကြမှာ မဟုတ်ပါဘူ"

ကီမုန့်ဆောင်က ခေါင်းကို ညိမ့်လိုက်လေသည်။

"ပြီးတော့ တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ဟွာဆန်းဂိုဏ်းရဲ့ ညီလာခံကလည်း မကြာခင်ရောက်တော့မှာဆိုတော့ အဲ့အခါကျရင် အခုလုပ်ရပ်အတွက် တရားမျှတမှုတောင်းခံတာမျိုးတွေ ဖြစ်လာနိုင်တယ်...

ဆိုတော့ မင်းတို့ အခုလုပ်ချင်တဲ့လုပ်ရပ်ကို ငါနားလည်ပေးနိုင်ပေမယ့် ခွင့်မပြုနိုင်ဘူး"

"သူက အခုမှ တတိယတန်းတပည့်ငယ်လေးပဲ ရှိသေးတယ်......ပြီးတော့ ပြိုကွဲသေဆုံးပြီးသားဂိုဏ်းက ဂိုဏ်းသားတစ်ယောက်....ပျက်စီးပြီးသားဂိုဏ်းက ကလေးသာသာဂိုဏ်းသားတစ်ယောက်ကို ငါတို့က အနိုင်ယူမိလိုက်ရင် တခြားဂိုဏ်းတွေနဲ့ တွေ့တဲ့အခါ ငါတို့ ဘယ်လိုမျက်နှာပြရမလဲ"

ကီမုန့်ဆောင်၏ စကားကြောင့် လီဆုန်ဘတ်တို့က တိတ်တဆိတ်သာ နေကြလေသည်။

အမှန်စင်စစ်တွင်မူ ထိုကလေးငယ်ရောက်ရှိနေခြင်းကြောင့် ခေါင်းကြီးကာ အလွန်အမင်းစိုးရိမ်နေသူသည် ကီမုန့်ဆောင်သာ ဖြစ်လေသည်။ သို့သော်လည်း ထိုကလေးအား သူတို့ဂိုဏ်းက ပယောဂတစ်စုံတစ်ရာကြောင့်

တစ်ခုခုဖြစ်သွားသည်ဟူ၍လည်း မကြုံချင်ပေ။ ဂိုဏ်းကြီးများအလယ်တွင် နာမည်ပျက်စရာဖြစ်ပေလိမ့်မည်။ ထိုကလေးအား ရှင်းလည်းရှင်းလိုက်ချင်သော်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဂုဏ်ကိုလည်း မထိခိုက်စေလိုပေ။

"ဒါကြောင့် မင်းတို့ ဒီကလေးကို တစ်ခုခုလုပ်တာမျိုး ခွင့်မပြုနိုင်ဘူး....တကယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက်ကသာ အဲ့ဒီကလေးကို တစ်ခုခုလုပ်ခဲ့ရင် မင်းတို့ကို ထိထိရောက်ရောက် အပြစ်ပေးတာ ခံရမယ်"

"သေချာပေါက်ကို အဲ့ကလေးကို ထိတဲ့သူကို အပြစ်ပေးမှာ"

"ကျွန်တော်တို့ စိတ်ထဲမှာ အကြီးအကဲရဲ့ စကားကို သေချာလေးမှတ်သားထားပါ့မယ်"

ကီမုန့်ဆောင်သည် အပြောနှင့်အလုပ်ညီသူ ဖြစ်လေသည်။ ဟွာဆန်းဂိုဏ်းမှ ကလေးအား တစ်စုံတစ်ခုလုပ်သောသူအား အသေအချာပင် အပြစ်ပေးလိမ့်မည် ဖြစ်သည်။

သို့သော်..... ပြီးနောက်တွင်မူ အပြစ်ပေးခံရသည်ထက် ပိုသော ဆုလာဘ်ကြီးကို ပေးလိမ့်မည်ဖြစ်သည်။

"တပည့်တိုင်းက အကြီးအကဲဆရာရဲ့ စကားကို မြေဝယ်မကျနားထောင်ပြီး စိတ်မှာအမြဲမှတ်ထားတာမို့ ဒီအတွက် မစိုးရိမ်ပါနဲ့ ခေါင်းဆောင်...."

"အဟမ်း.....မင်းတို့ နားထောင်ရင်တော့ ပြီးတာပါပဲ"

"ဟုတ်ကဲ့ပါ...မှတ်သားထားပါ့မယ်...အကြီးအကဲ ...

ဒါဆို ကျွန်တော်တို့ကို သွားခွင့်ပေးပါဦး"

ကီမုန့်ဆောင်းသည် စကားတစ်ခွန်းမှမဆိုဘဲ ခေါင်းသာငြိမ့်ပြလိုက်လေသည်။ တပည့်ဂိုဏ်းသားများကမူ ဦးညွတ်အရိုအသေပေးကာ အသီးသီးထွက်သွားကြလေတော့သည်။ ကီမုန့်ဆောင်ကမူ ထွက်သွားကြသော တပည့်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

ဤကလေးများသည် ဟွာဆန်းအား အထင်သေးနေကြလေသည်။

အထင်သေးသည်ကလည်း အကြောင်းရှိပေသည်။ ဤကလေးများ ခေတ်တွင် ဟွာဆန်းသည် ပြိုလဲနေပြီဖြစ်ပြီး ကလေးများ၏အမြင်တွင် ဂုဏ်သတင်းကြီးခဲ့သော ဂိုဏ်းဟောင်းကြီးတစ်ခုအဖြစ်သာ ကျန်လေတော့သည်။

ကီမုန့်ဆောင်ကဲ့သို့ အကြီးပိုင်းများသည်သာ ဟွာဆန်းဂိုဏ်းမည်မျှ အင်အားကြီးခဲ့သည်ကို သိလေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းကမူ ယခုတွင်သာ အင်အားရှိကာ သတင်းကြီးနေသော်လည်း ယခင်ကမူ မထင်မရှားဘဝမှပင် မတက်ခဲ့ချေ။ အမြဲလိုလိုပင် ဟွာဆန်းနှင့် နှိုင်းယှဉ်ကာ အချိုးနှိမ်ခံခဲ့ရလေသည်။ ဟွာဆန်းဂိုဏ်းသည်သာ နတ်ဆိုးဂိုဏ်း၏ ဖျက်စီးမှုကို မခံခဲ့ရလျှင် သူတို့၏ တောင်ဘက်အစွန်အဖျားဂိုဏ်းသည် ယနေ့အချိန်အထိ လူတောတိုးနိုင်မည် မထင်ပေ။ ထိုကဲ့သို့ ဟွာဆန်း၏ လောင်းရိပ်မိကာ လူတောမတိုးသော ဘဝသို့ သူတို့ပြန်မရောက်လိုပေ။ ပြန်မရောက်အောင်လည်း ကြိုးစားကြရပေမည်.။

ကီမုန့်ဆောင်သည် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချကာ စိတ်ပိုင်းဖြတ်လိုက်လေတော့သည်။

"ဒီကလေးတစ်ယောက်ထဲ ဒီလောက်ခရီးဝေးကြီးကို လာပုံပေါက်ရင် ဟွာဆန်းက တဖန်ပြန်ပြီး ဦးမော့လာတော့မယ်လို့ ပြောလို့ရတဲ့သဘောပဲ"

"ဒီအရှုပ်ထုတ်ကို ကြီးထွားမလာခင် ရှင်းပစ်နိုင်ဖို့ ဂိုဏ်းချုပ်နဲ့တော့ စကားပြောဖို့ လိုနေပြီ"

ကီမုန့်ဆောင်၏ မျက်လုံးများက တလက်လက်တောက်ပလာလေသည်။

"အကြီးအကဲက တဆိတ်တော့ ဆတ်ဆတ်ထိမခံ ဖြစ်နေသလားလို့နော်...ဆရာတူအကိုကြီး"

"ဟွာဆန်းဆိုတဲ့နာမည်ကြားလိုက်ရင် သူကအဲ့လိုပဲရယ်"

"အခုက ကလေးတစ်ယောက်ပဲဆိုရင်တောင် သူတို့က တခါအရှိန်ရှိပြီးသားဆိုတော့ နောက်ထပ်ပြန်ပြီးတော့ ခေါင်းမထောင်လာပါဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး...အဲ့တော့

ခုတ်ရမယ့်အပင်ကတော့ နုကတည်းက နှုတ်ပစ်လိုက်တာ အကောင်းဆုံးပဲ..နော် .,...အကိုကြီး"

"ဟုတ်တယ်....ဟွာဆန်းကို ကျွန်တော်တို့နဲ့ အဆင့်တူ ဂိုဏ်းပြန်ပြီး အဖြစ်မခံနိုင်ဘူး...."

လီဆုန်ဘတ်က ပြုံးလိုက်လေ၏။

"မင်းရဲ့ စိတ်ဓါတ်ကိုတော့ ငါကြိုက်သွားပြီ...ဒါပေမယ့် အကြီးအကဲရဲ့ စကားကိုလည်း ငါထောက်ခံတယ်..

အရင်တုန်းက ဟွာဆန်းက ဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုကတော့ တောင်ဘက်အစွန်အဖျားဂိုဏ်းကို မော်ကြည့်ဝံ့တဲ့သူ မရှိဘူးရယ်"

"ဆရာတူအကိုကြီး"

"အတိတ်က အတိတ်ပဲ...အဆုံးသတ်မှာတော့ အင်အားကြီးတဲ့သူကပဲ ရှင်ကျန်ရစ်ရမှာ"

ဂိုဟွေက သူ၏ဆရာတူအကိုကြီး၏ စကားကို ခေါင်းငြိမ့်ကာ ထောက်ခံလိုက်လေသည်။

"ဒါဆို ကျွန်တော်တို့ အဲ့ဒီကလေးကို ဘယ်လိုလုပ်ကြမလဲ ...အကိုကြီး"

"သူ့ကို ဒီကနေ ထွက်သွားအောင် လုပ်ကြမှာလား"

လီဆုတ်ဘတ်က အကြံနှင့်ပြုံးကာ ပြောလိုက်လေသည်။ သူတို့၏ တာဝန်က သူတို့၏ အကြီးအကဲကို နေရင်းထိုင်ရင်းပင် အာရုံနောက်အောင် ပြုလုပ်နေသော ထိုကလေးကို အဝေးသို့ ရောက်သွားစေရန်ပင် ဖြစ်သည်။

အကြီးအကဲသည်က ဤသို့သော အသေးအမွှားကိစ္စများတွင် ဝင်ရောက်ပတ်သတ်နေရန်မလိုဘဲ သူတို့ကသာ ကိုယ်စား ရှင်းလင်းပေးရမည်ဖြစ်လေသည်။

"ဒါနဲ့.....ဟွာဆန်းဂိုဏ်းက ဘယ်လိုကြောင့်များ ဒီအထိ ကလေးတစ်ယောက်ထဲ လွတ်လိုက်ပါလိမ့်နော်....

ကျွန်တော်တို့ ဂိုဏ်းသာဆိုရင် ကလေးတစ်ယောက်ကို အဲ့လိုလွတ်ဖို့မပြောနဲ့ ဝင်ပေါက်ဝတောင် အကျော်ခံမှာ မဟုတ်ဘူး"

"ဂိုဏ်းတိုင်းမှာ မတူတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်လေ...အကြောင်းတစ်ခုခုရှိလို့နေမှာပေါ့"

"အင်း....သေချာတာကတော့ ဟွာဆန်းက ကလေးတစ်ယောက်ထဲ လွှတ်လိုက်တာက သူတို့ဂိုဏ်းက အခြေအနေမကောင်းလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့"

"ကျွန်တော်တို့ ဘယ်လိုလုပ် တခြားဂိုဏ်းရဲ့ အခြေအနေကို သိမှာလဲနော်"

လီဆုန်ဘတ်က စကားကိုဆက်ကာ ပြောလေ၏။

"ငါတို့ အခုအာရုံစိုက်ထားရမှာက လက်ရှိငါတို့ လုပ်ရမယ့်တာဝန်ကိုပဲ......အကြီးအကဲတွေကို ခေါင်းကိုက်စေနေတဲ့ ဟာလေးကို အမြန်ရှင်းပစ်ဖို့ပဲ"

"ဟုတ်ကဲ့..ဆရာတူအကိုကြီး"

"အဲ့တာကိုပဲ စိတ်ထဲမှာထည့်ထား"

လီဆုန်ဘတ်က ခေါင်းကိုတဆတ်ဆတ်ငြိမ့်ကာ တွေးနေလေသည်။

"ငါတို့ အဲ့ကလေးကို ဘယ်လိုပညာပေးကြမလဲဆိုတော့..."

"ခဏ...ခဏ...ဆရာတူအကိုကြီး ...ဟိုမှာ,.....ဟိုမှာ"

"ဘာလား"

ဂိုဟွေ၏ စကားကြောင့် တပည့်ဂိုဏ်းသားများ၏ ခေါင်းများက ညွှန်ပြနေရာသို့ လှည့်သွားကြလေသည်။

"အဲ့တာ သူမို့လား"

"ဟုတ်တယ်မို့လား"

"သူက ဒီဘက်ကို လာရဲတယ်"

"ဟမ်"

လီဆုန်ဘတ်ကမူ ပြုံးလိုက်လေ၏။ သားကောင်က ထောင်ချောက်ဆီသို့ တည့်တည့်ဝင်လာပြီ ဖြစ်လေသည်။

သူသည် ထိုကလေးအား အပြင်သို့ မည်သို့ခေါ်ထုတ်ရမည်ကို တွေးနေဆဲမှာပင် ထိုကလေးက သူတို့ရှိရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေသည်။ ရေကန်အသင့် ကြာအသင့်ဖြစ်လှပေသည်။

"အဲ့တော့....ငါတို့က ခုပဲ အကောင်အထည်ဖော်လိုက်ကြတာပေါ့"

"အချိန်မဖြုန်းဘဲ စလိုက်ကြရအောင်"

လီဆုန်ဘတ်က တပည့်ဂိုဏ်းသားများကို ဦးဆောင်ကာ ချွန်းမြောင်ထံသို့ ချဉ်းကပ်သွားလေသည်။

"ဟေ့...နေကောင်းလား"

"ဟမ်..."

ချွန်းမြောင်ကမူ လီဆုန်ဘတ်နှင့် တခြားသူများကို မြင်သောအခါတွင်မူ ပြန်ကာခေါင်းငြိမ့်ပြလေသည်။

ချွန်းမြောင်က စကားပင် မပြန်ရသေးခင်မှာပင် လီဆုန်ဘတ်က စကားစလာလေသည်။

"ငါက တောင်ဘက်အစွန်အဖျားဂိုဏ်းက လီဆုန်ဘတ်ပါ...မင်းလို ဟွာဆန်းက ဂိုဏ်းသားတစ်ယောက်နဲ့ တွေ့ရတာ ဝမ်းသာပါတယ်'

"အာ....ဟုတ်ကဲ့...မင်္ဂလာပါ"

ချွန်းမြောင်က ပြန်ကာ နှုတ်ဆက်လိုက်လေသည်။

လီဆုန်ဘတ်က ချွန်းမြောင်အား ပြုံးပြကာ ဆက်မေးလေ၏။

"မင်းက ဘယ်သွားမလို့လဲ"

"ကျွန်တော် အကြီးအကဲဟွမ်ရဲ့ အခြေအနေကို သွားကြည့်ပေးမလို့ပါ"

"ဪ...အဲ့လိုလား"

လီဆုန်ဘတ်က မျက်နှာက ပြုံးကာ ပြောလိုက်သော်လည်း စိတ်ထဲကမူ ကြိတ်ဆဲနေလေသည်။

ဒီသောက်မျိုးမစစ်လေးကတော့..

ငါတို့ဂိုဏ်းက အကြီးအကဲတွေတောင် မကုပေးနိုင်တာကို မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ...

ဒီ အရှက်မရှိတဲ့ဟာလေးကိုတော့ မှတ်လောက်သားလောက်အောင် ဆုံးမပေးလိုက်ရဦးမယ်...

"မင်း အလုပ်များမနေဘူးဆိုရင် စကားလေး ဘာလေးပြောကြရအောင်လေ"

"အင်း...ရပါတယ်..ဘာအကြောင်းပြောချင်လို့လဲ"

"ဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး....

တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ဟွာဆန်းက အရင်အချိန်တွေတုန်းကဆိုရင် ဂိုဏ်းသားချင်း လက်ရုံးရည်ယှဉ်နေကြမို့လား....ဟွာဆန်းက ပြိုလဲသွားတော့ မယှဉ်ရတာလဲ ကြာနေပြီဆိုတော့ အခု

အခွင့်အရေးရတုန်း ဓါးရေးလေး ယှဉ်ကြရင် ဘယ်လိုလဲပေါ့... မင်းလည်း အဲ့တာကို ကြားဖူးတယ်မို့လား"

"ဪ.....အဲ့လိုတွေ ရှိတယ်လား....ကြားတော့ မကြားဖူးဘူး... ဟွာဆန်းဂိုဏ်းထဲကိုက ရောက်တာလည်း မကြာသေးဘူးဆိုတော့လေ"

"ငါ ထင်တော့ ထင်လိုက်ပါတယ်...."

လီဆုန်ဘတ်က ပြုံးလိုက်လေသည်။

သူသာ ငါတို့ ဂိုဏ်းအကြောင်းကို အရင်က ကြားဖူးထားရင် ဘယ်လိုလုပ် ဒီလိုနေရဲမှာလဲ...ခေါင်းတောင် ဖော်ရဲမှာ မဟုတ်ဘူး..

မကြားဖူးလို့သာ ဒီလောက် တည်တည်ငြိမ်ငြိမ်နဲ့ ဣန္ဒြေမပျက်နေနိုင်တာပေါ့.....

"ဟွာဆန်းရဲ့ ဓါးသိုင်းပညာကလည်း အတော်ကောင်းတယ်ကြားဖူးတော့ မင်းလည်း ရှိနေတုန်း ဓါးသိုင်းပညာချင်း ဖလှယ်ကြရင် ကောင်းမယ်လို့ ထင်တယ်...မင်းရော ဘယ်လိုသဘောရလဲ"

လီဆုန်ဘတ်က ပြုံးပြုံးကြီး နေကာ မေးလိုက်လေသည်။ ဤကလေးက သူ၏ယခု စိန်ခေါ်မှုကို ငြင်းလိုက်ပါက သုံးရန် အခြားနည်းလမ်းကိုလည်း စဉ်းစားထားပြီးဖြစ်လေသည်။ သေချာပေါက်ပင် ဤကလေးကို အလွတ်ပေးမည် မဟုတ်ပေ။

"အင်း....ဟုတ်ပြီလေ"

ချွန်းမြောင်က ခေါင်းကို ငြိမ့်ကာ စကားပြန်လာလေ၏။

"မင်းတို့က ဓါးရေးပြိုင်ပြီး တိုက်ခိုက်ချင်တာပေါ့"

"......."

"ငါက တိုက်ခိုက်ချင်တာ မဟုတ်ပါဘူး....သိုင်းပညာ ဖလှယ်ရုံပါ"

"အဲ့တာကိုက တိုက်ခိုက်တာပဲလေ"

လီဆုတ်ဘတ် မျက်မှောင်ကြုတ်မိသွားလေသည်။ ဒီကလေးက ဘာလဲဟ။

ချွန်းမြောင်ကမူ အပြုံးမပျက်ပေ။ သောက်ကလေးတွေ ငါ့ကို လာစမ်းနေကြတယ်ပေါ့လေ။

"ကျွန်တော်ကတော့ တိုက်ခိုက်ဖို့ဆို အချိန်မရွေး နေရာမရွေးဘဲ...နောင်တသာ မရကြစေနဲ့"

ခြိမ်းခြောက်သံကြီးက ဝင့်ဝင့်စွာစွာ ထွက်လာလေသည်။

အပိုင်း (၅၄ )

ဟားဟား... ငါ့ကို နယ်နယ်ရရမှတ်နေလား( ၄)

လီဆုန်ဘတ် မျက်မှောင်ကြုတ်လိုက်လေသည်။

နောင်တ......နောင်တဟုတ်လား...

ဒီကလေးက အတော့်ကို အကြောက်တရားမရှိတဲ့ကလေးပဲ..။

သာမန်အားဖြင့် သူသည် လူတစ်ဦးတစ်ယောက်၏ ထိုသူ၏ အသက်အရွယ်နှင့် အဆင့်အတန်းအပေါ်တွင် အကဲဖြတ်ခြင်းမရှိသော်လည်း ဟွာဆန်းမှ ဤသူငယ်ကမူ အတော်ပင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ပြင်းထန်နေသည်ဟု ထင်မိလေသည်။

ထိုကလေး မည်မျှတော်သည်ဖြစ်စေ သူကတော့ ဂရုမစိုက်ပေ။

ဤကလေး ထိုသို့ရဲရဲဝင့်ဝင့် စိန်ခေါ်နေသည်က သူတို့ဟွာဆန်းနှင့် တခြားဂိုဏ်းများ၏ ကွာခြားမှုကို မသိသေး၍ ဖြစ်ပေလိမ့်မည်ဟု လီဆုန်ဘတ် ထင်လေသည်။ မဟုတ်လျှင် ဟွာဆန်းဂိုဏ်းကဲ့သို့ ယခုလက်ရှိတွင် နင်းပြားနေရာတွင်သာရှိနေသောဂိုဏ်းမှ အထိပ်အထိတ်တွင် ရှိနေသောသူတို့ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူကို ထိုသို့အရှက်မရှိ ခြိမ်းခြောက်ရဲမည်ဟု မထင်ပေ။

ဒီလိုဆိုတော့လည်း အကြောင်းပြရသေးတာပေါ့လေ။

လီဆုန်ဘတ်က သက်ပြင်းချကာ ချွန်းမြောင်အား ပြောလိုက်လေသည်။

"မင်းက ငါတို့ လက်ရုံးချင်းယှဉ်ဖို့ ပြောနေတာလား"

"အေးလေ"

တချက်ပင် မတု့န်ဆိုင်းသော အဖြေသံက ချက်ချင်းထွက်လာလေသည်။

လီဆုန်ဘတ်က မသေချာသည်မို့ ထပ်ကာမေးလိုက်ပြန်သည်။

"မင်းရဲ့ ကျင့်ကြံသူနာမည်က ဘာလဲ"

"နှစ်ယောက်မရှိတဲ့ ချွန်းမြောင်ဆိုတာ ကျွန်တော်ပဲ"

"ချွန်းမြောင်...ချွန်းမြောင်က မင်းကို"

လီဆုန်ဘတ်က ဤကလေးသည် ချွန်းမြောင်ဆိုသည်ကို သိပြီးသားကိုပင် ထပ်ကာမေးခြင်း ဖြစ်လေသည်။

"နားထောင်... ဂိုဏ်းသား ချွန်းမြောင်.....ငါ မင်းကို အကြံနည်းနည်းပေးမယ်...

ကမ္ဘာကြီးဆိုတာ လူတစ်ဦးတစ်ယောက်ထဲနဲ့ပဲ လည်ပတ်နိုင်တာမျိုး မဟုတ်ဘူး...ကိစ္စတစ်ခုကို မင်းမလုပ်လိုက်လို့လည်း ဘာမှဖြစ်မသွားဘူး....ဆိုတော့ မင်းအခုလုပ်ရပ်က မှားနေတယ်ဆိုတာကို သိပြီး ဟွာဆန်းကို ပြန်သွားဖို့ ငါအကြံပေးချင်...."

"ကျွန်တော်တို့ မတိုက်ခိုက်ကြသေးဘူးလား"

လီဆုန်ဘတ် နဖူးကြောများ ရှုံ့သွားလေသည်။

ချွန်းမြောင်ကမူ ပျင်းရိလာသကဲ့သို့ အာသမ်းလိုက်ပြီး ပြောလိုက်လေသည်။

"ကြည့်ရတာတော့ တောင်ဘက်အစွန်အဖျားဂိုဏ်းက ပါးစပ်နဲ့တိုက်တာပဲ ကျွမ်းကြပုံရတယ်.....

ဒါနဲ့များ တိုက်ခိုက်ချင်တယ်ဆိုပြီး ကျွန်တော့်အချိန်ကို တမင်လာဖြုန်းနေသေးတယ်"

"........"

လီဆုန်ဘတ်က ပြုံးလိုက်လေသည်။

ခွေးလေးက ငါ့စိတ်ကို လာဆွနေတာပဲ။ ချွန်းမြောင်၏ အပြောများက သူ၏ သည်းခံနိုင်စွမ်းများကို တစ်လွှာချင်းရိုက်ချိုးနေလေသည်။

"သိပ်ပြီးလည်း အလျင်မလိုပါနဲ့...အခုကစပြီး တိုက်ခိုက်လည်း မှီပါသေးတယ်"

လီဆုန်ဘတ်က သူ၏ဓါးကို ဆွဲထုတ်လိုက်သည်နှင့် ဂိုဟွေကလည်း သူ၏အင်္ကျီလက်များကို ခေါက်လေတော့သည်။

"ဆရာတူအကိုကြီး.....ဒီကောင်ကို အကိုကြီးကိုယ်တိုင် ပညာပေးမလို့လား"

လီဆုန်ဘတ်က သူ့နောက်ရှိလူများကို ကြည့်လိုက်လေသည်။

"ဆရာတူအကိုကြီး...အကိုကြီးကိုယ်တိုင် လုပ်စရာမလိုပါဘူး....

ကျွန်တော်တို့ ကိုင်တွယ်လိုက်ပါ့မယ်"

"ဟင့်အင်း"

"ဆရာတူအကိုကြီး"

လီဆုန်ဘတ်က သူ၏ဆရာတူညီလေးများကို ယုံကြည်ချက်ပြင်းထန်သောမျက်လုံးများနှင့်ကြည့်ကာ ပြောလိုက်လေသည်။

"လောကဝတ်ဆိုတာ ရှိတယ်လေ...အနည်းဆုံးတော့ ပြိုင်ဘက်ကို လေးစားသမှုရှိကြောင်း ပြရမှာပေါ့...

ငါတို့ထဲမှာ ငါက အရင့်ကျက်ဆုံးကို ....ငါက မတိုက်ပဲ အငယ်တွေကိုတိုက်ခိုင်းလို့ ဘယ်ဖြစ်မှာလဲ...."

ထိုသို့နှင့် ဂိုဟွေက နောက်ဆုတ်ကာ ပွဲကြည့်ပရိတ်သတ်အဖြစ် နေလိုက်ရလေသည်။

ဆရာတူအကိုကြီးကလည်း လွန်လွန်ကြူးကြူး လုပ်လိုက်တာ...

သူက တပည့်ကြီးတွေမှာ အကြီးဆုံးကို ဟိုက ကလေးက ဘယ်နိုင်အောင် တိုက်နိုင်မှာတုန်း...

"တောင်ဘက်အစွန်အဖျားဂိုဏ်းက လီဆုန်ဘတ်က ဟွာဆန်းဂိုဏ်းက ချွန်းမြောင်နဲ့ လက်ရုံးရည်ချင်း ယှဉ်လိုပါတယ်"

"အာ..ခဏ..ခဏ..နေဦး"

"......ဘာလဲ..အခုမှ"

ချွန်းမြောင်က ဂိုဟွေကို မေးဆတ်ပြကာ ပြောလိုက်၏။

"ကျွန်တော့်ကို ဓါးလေးငှားပေးဦး"

"............"

ဂိုဟွေ မျက်လုံးများပင် ပြူးကျယ်သွားလေ၏။

ငါ့ဓါးကို ငှားပေးရမယ်ဟုတ်လား...။

အခြေခံကျင့်ဝတ်လေးတောင် မသိတဲ့ ဒီလိုဂိုဏ်းသားမျိုးကလည်း ရှိသေးတာပဲလား။

ဂိုဏ်းတစ်ခုခုသို့ ဝင်ရောက်ကာ ပညာသင်ပြီဆိုသည်နှင့် ဦးစွာပထမပြုလုပ်ရသောအရာသည် မိမိ၏ ကိုယ်ပိုင်ဓါးကို အခြားသူသို့ မငှားပေးရန်သင်ကြားပေးခြင်းပဲ ဖြစ်လေသည်။

ဤသည်ကိုပင် ထိုငနဲကောင်က ဂိုဟွေ၏ ဓါးကို လာငှားနေလေသေးသည်။

"မင်းတို့ဂိုဏ်းက မင်းတို့ကိုယ်ပိုင်ဓါးကိုတောင် သွားလေရာယူသွားလို့ မရဘူးလို့ ပြောချင်တာလား"

"အဲ့လိုတော့ မဟုတ်ပါဘူး...တိုက်ခိုက်ရဖို့ မမျှော်လင့်ထားတော့ ပါမလာတာပါ"

"ဟွာဆန်းက ........"

"မတိုက်ရဲဘူးဆိုလည်း အပိုတွေလုပ်မနေနဲ့တော့"

ချွန်းမြောင် ဟိုလှည့်ဒီလှည့်လုပ်ကာ ရှာလိုက်လေသည်။

"ဒီနားမှာ ကျွန်တော် ဟိုရှာဒီရှာလုပ်ပြီးပြီ...ဓါးမပြောနဲ့ တုတ်တစ်ချောင်းတောင် မတွေ့မိဘူး"

လီဆုန်ဘတ်က အာရုံနောက်နေချေပြီ။

"မင်း ဓါးသာ ငှားပေးလိုက်စမ်းပါကွာ"

"ဆရာတူအကိုကြီးကလည်း"

"ဘာတုန်း မင်းက ....တောင်ဘက်အစွန်အဖျားဂိုဏ်းက ကောင်တွေက လက်ဗလာနဲ့ ဟွာဆန်းက ကလေးကို အနိုင်ကျင့်ပါတယ်ဆိုပြီး သတင်းထွက်စေချင်လို့လား.. သူ့မှာ ဓါးတိုလေးတစ်ချောင်းတောင် ပါမလာတဲ့ဟာကို ..

ငှားလိုက် ..မင်းဓါး"

"......"

ဂိုဟွေက လီဆုန်ဘတ်၏ စကားများကြောင့် သက်ပြင်းရှည်ကြီးချကာ မငှားချင်ငှားချင်နှင့် သူ့ဓါးအား ငှားပေးလိုက်ရလေသည်။ ခါးတွင်ချည်ထားသော ကြိုးကိုဖြည်ကာ ဓါးအား ချွန်းမြောင်ထံသို့ ကမ်းပေးလိုက်လေသည်။

"ကျေးဇူး"

ချွန်းမြောင်က ဓါးကို ဟန်ပါပါနှင့် လှမ်းယူလိုက်ကာ လက်တစ်ဖက်တွင်ကိုင်ထားလိုက်ပြီး လီဆုန်ဘတ်အား လှမ်းကြည့်လိုက်လေသည်။

"အခုပဲ စလိုက်ကြတော့မလား"

"မင်း ဓါးကို ဓါးအိမ်က မချွတ်ရသေးဘူးလေ"

"မင်းကို တစ်စုံတစ်ရာထိခိုက်အောင် လုပ်ဖို့ဆန္ဒမရှိလို့ ကျွန်တော့်ဓါးကို ဓါးအိမ်က မချွတ်ထားတာ...

တကယ်လို့ စိတ်မသန့်ရင် ခင်ဗျားလည်း ခင်ဗျားဓါးကို ဓါးအိမ်ကမချွတ်ဘဲ တိုက်လို့ရတယ်"

လီဆုန်ဘတ်က သူရှေ့မှကလေး၏ ကြီးကြီးကျယ်ကျယ် စကားများကြောင့် မျက်စိကိုမှိတ်ကာ စိတ်ထိန်းလိုက်လေသည်။

ချီးးးးချီးးးးး

ဒီကလေးနဲ့စကားပြောလေလေ သည်းခံနိုင်စွမ်းပျောက်လေလေပဲ။

လီဆုန်ဘတ်သည် မျက်စိကိုမှိတ် အသက်ကိုပြင်းပြင်းရှုသွင်းကာ သူ၏ဓါးကို မြောက်လိုက်လေသည်။

အစောပိုင်းကမူ သူသည် ဤကလေးအား မှတ်လောက်သားလောက်ရုံမျှသာ ပညာပေးမည်ဟု စဉ်းစားထားသော်လည်း ယခုတွင်မူ အတွေးပြောင်းသွားပြီဖြစ်သည်။ သူ၏ စိတ်ခံစားချက်များကို ဦးစားမပေးလျှင်တောင်ပင် ထောင်လွှားလွန်းနေသောထိုကလေးကိုတော့ ဦးချိုးပေးရန် လိုအပ်မည်ဟု သူထင်လေသည်။

ကိုယ့်နေရာ ကိုယ်မသိတဲ့ကလေးကိုတော့ ကိုယ့်အဆင့်ကိုယ်သိသွားအောင် ဆုံးမပေးရမှာက လူကြီးတွေရဲ့ တာဝန်ပဲလေ....။ ဆိုတော့ သူကပဲ ဒီကလေးကို ဆုံးမပေးရမှာပေါ့။

လီဆုန်ဘတ်က ချွန်းမြောင်အား မာန်စွယ်ချိုးပေးရန် ဆုံးဖြတ်လိုက်ပြီဖြစ်လေသည်။

"မင်း သေချာခုခံနိုင်ဖို့တာ ပြင်ထား"

"ဟုတ်ပါပြီ...ဟုတ်ပါပြီ"

ချွန်းမြောင်ကလည်း ဓါးအိမ်မချွတ်ရသေးသော ဓါးကို မြောက်လိုက်လေသည်။

ဤအခြင်းအရာကို မြင်သောအခါ လီဆုန်ဘတ်က နှုတ်ဆိတ်ကာ မနေနိုင်တော့ပေ။

"မင်း ပိုပြီး အဆင်ပြေအောင် လုပ်သင့်တယ်နော်.....ငါ့လက်တွေက သန်လည်းသန် မြန်လည်းမြန်တယ်...

မင်း ဓါးအိမ်ကြီးနဲ့ဆို ဓါးထုတ်ချင်တဲ့အခါ ဓါးညှပ်ပြီး အဆင်မပြေတာမျိုးတွေ ဖြစ်ကုန်လိမ့်မယ်..."

"တဆိတ်လောက်ပါ....ဓါးကြီးမြောက်ပြီး လေပေါနေမယ့်အစား လာပြီးတိုက်လိုက်ပါလားဟင်..."

"........မင်း......"

လီဆုန်ဘတ်၏ ဒေါသသံကြီးက ဟိန်းထွက်လာလေတော့၏။

"မင်းရဲ့ အပိုးကို ငါက ချိုးပေးရသေးတာပေါ့ကွာ"

နောက်ဆုံးတွင်မူ လီဆုန်ဘတ်သည် သနားကြင်နာတတ်သော ကျင့်ကြံသူခြုံလွှာကို ချွတ်ချကာ ချွန်းမြောင်ထံသို့ ဒေါသတကြီး ပြေးဝင်လာလေတော့သည်။

ဗန်းးးး

တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဓါးသံကြီးက ဟိန်းကာထွက်လာလေသည်။

ဂိုဏ်းများကြားထဲတွင် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း ကိုင်ဆောင်ကြသောဓါးချင်းက ခြားနားကြလေသည်။

ဝူတန်ဂိုဏ်းသည် ပျော့ပြောင်းသောဓါးကို ကိုင်စွဲပြီး ဟွာဆန်းကမူ ခမ်းနားပေါ့ပါးသောဓါးကို စွဲကိုင်ကြလေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းကမူ ကြီးမားကာဗျက်ကျယ်သော ဓါးကို ဆောင်ကြလေသည်။

အတိတ်နေ့ရက်များကလိုပင် ကြီးမားလေးလံသောဓါးကြီးက ချွန်းမြောင်၏ လည်ပင်းနားတွင် တဝဲလည်လည် ဖြစ်နေရှာလေသည်။ ချွန်းမြောင်ကမူ ပြန်လည်တိုက်ခိုက်ခြင်း မပြုဘဲ ကျလာသောဓါးချက်များကိုသာ ကာဆီးရှောင်တိမ်းနေလေသည်။

ချွင်.........

ဓါးသွားနှင့် သတ္တုဓါးအိမ် ပွတ်တိုက်သံက စဉ်ဆက်မပြတ် အသည်းကြိမ်းအောင် ထွက်ပေါ်နေလေသည်။

ဘေးဘီဝဲယာ မှလာနေသော ဓါးချက်များကို ချွန်းမြောင်က အလိုက်သင့်ရှောင်တိမ်းနေရင် ဓါးတွင်ပါလာသောအတွင်းအား အချို့ကြောင့် ခါးစည်းကြိုးပင် ပြေကျလာလေသည်။

ဖန်း...ဖန်းးး

ထပ်ကာထပ်ကာ ချွန်းမြောင်က ဓါးချက်များကို တားဆီးလိုက်ပြန်သည်။ တိုက်နေရသော်လည်း တချက်ပင် မထိသေးသောကြောင့် လီဆုန်ဘတ်၏ တိုက်ခိုက်မှုက အရာမထင်သလိုပင်။

ချွန်းမြောင်ကမူ ဓါးအလေးကြီးအား ကိုင်ဆောင်ထားရသည့်အတွက် အဆင်မပြေဖြစ်လာပြီး နောက်သို့ ဆုတ်လိုက်လေသည်။ သူ့အတွက်ဆိုလျှင် ဤဓါး၏အလေးချိန်က များလွန်းနေသည်ဟု ဆိုရပေလိမ့်မည်။

လီဆုန်ဘတ်ကမူ ချွန်းမြောင်ခဏ အာရုံများနေသည်ကို အခွင့်ကောင်းယူကာ သူ၏ဓါးကိုလွဲကာ ချွန်းမြောင်ထံသို့ ညာထောင့်မှ တိုးဝင်သွားလေသည်။

"ဝိုးးးး"

ဂိုဟွေကမူ ထိုမြင်ကွင်းအား ကြည့်ကာ ကျေနပ်စွာပြုံးလိုက်လေသည်။

"ကြည့်ရတာ ဆရာတူအကိုကြီးက တကယ်ကို စိတ်ဆိုးနေတဲ့ပုံပဲ...

ဘယ်လိုအဆုံးသတ်မလဲသိရဖို့ မစောင့်နိုင်တော့ဘူး"

"ဟူး"

"ဒီကလေးက သူ့ကိုယ်သူအထင်ကြီးပြီး ဆရာတူအကိုကြီးကို စော်ကားပြောဆိုထားတာကို ...

ကျွတ်...ကျွတ် အခုတော့ အခြေအနေက မဟန်တော့ဘူး....ကိုယ်မစွမ်းသာသေချာတယ်ဆို အရင်ထဲကကို ရန်မစသင့်တာကို"

"ဆရာတူအကိုကြီးက ဒီကလေးကို တကယ်ကို ပညာကောင်းကောင်း ပေးတော့မယ့်ပုံပဲ"

"ဟုတ်ပ...ဆရာတူအကိုကြီးက ဒီတိုက်ပွဲကို အဆုံးသတ်လိုက်ချင်ရင်တောင် ရနေပြီကို အဆုံးမသတ်ဘဲ ကြွက်ကို ကြောင်က ဆော့‌နေသလိုမျိုး လုပ်နေတာ....ခုတော့ ဒီကောင် ဒုက္ခရောက်နေပြီပေါ့...ဆရာတူအကိုကြီးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကောင်းကောင်းကြီးခံနေရပြီ"

သူတို့ပြောနေကြသလိုပင် ချွန်းမြောင်သည် နောက်သို့တိုးကာတိုးကာတာ ဆုတ်သွားလေသည်။ ဤမြင်ကွင်းကို ကြည့်ကာ ဝေ့ဟန်စုကမူ ခေါင်းကိုခါရင်း ပြောလာလေသည်။

"ကြည့်ရတာ တော်တော်လေးကို ကောင်းကောင်းကာကွယ် ထားနိုင်တယ်နော်...

ဓါးချက်တွေရဲ့ လားရာကို တားထားတာကလေ"

"ဒါက ဆရာတူအကိုကြီးရဲ့ အကွက်တွေကြောင့်ပါ....မင်းက ဆရာတူအကိုကြီးကို ဒီကလေးငချွတ်လောက်တောင် မစွမ်းဘူးလို့ ထင်နေတာလား.... မင်းကိုယ်တိုင်ကတောင် အဲ့လိုတွေးနေရင် လူတွေက ဘာပြောကြမလဲ"

"အာ...စိတ်မရှိပါနဲ့"

"အကိုကြီးက ဒီကလေးရဲ့ အစွမ်းကုန်ရှိတာထက်ကျော်ပြီး တိုက်ခိုက်လိုက်လို့ ရတယ်...ဒါပေမယ့် သူမလုပ်ဘူး..

ဘာလို့လဲဆို‌တော့ ပညာပေးရုံပဲ လုပ်ချင်လို့"

ဂိုဟွေက ကျားကုတ်ကျားခဲတိုက်ခိုက်နေသော သူ၏ဆရာတူအကိုကြီးကို ဂုဏ်ယူဝင့်ကြွားသောအကြည့်တို့နှင့်ကြည့်ကာ ပြောလေ၏။

"ပြောရရင်တော့ အကိုကြီးနဲ့ အဆင့်နဲ့ဆို ဒီကလေးကိုတောင် ကိုယ်တိုင်ပညာပေးဖို့ မလိုပါဘူး..

အခုလို အကိုကြီးကိုယ်တိုင် ပညာပေးတာကိုပဲ သူက ကျေနပ်ကျေးဇူးတင်သင့်နေပြီ....ဒီတော့ မင်းလည်း အကိုကြီးရဲ့ သိုင်းပညာကို သံသယရှိနေတာက လုံးဝမဖြစ်သင့်ဘူး"

"ဟုတ်ကဲ့....နားလည်ပါပြီ"

ဂိုဟွေက လျာကိုတချက်သပ်ကာ တွေးနေလေ၏။

အကိုကြီးလို နူးညံ့တဲ့သူတောင် ဒေါသချောင်းချောင်းထွက်အောင် ဒီကလေးက လုပ်နိုင်တယ်...

ဒီကလေးပြောပုံဆိုပုံနဲ့ကတော့ ဘယ်သူမဆိုဒေါသကတော့ထွက်မှာ သေချာတယ်...

အကိုကြီး တအားစိတ်လှုပ်ရှားပြီး တစ်ခုခုမလုပ်လိုက်မိဖို့ဘဲ မျှော်လင့်ရမှာပဲ။

တဖက်တွင်မူ လီဆုန်ဘတ်သည် ပရိတ်သတ်အပေါင်းရှေ့တွင် ချွန်းမြောင်အား အသေအကြေပင် တိုက်ခိုက်နေလေသည်။

ချွမ်......

နောက်တကြိမ် ထပ်ပြီး တားပြန်ပြီလား...

ဒါကြီးက ထူးဆန်းလိုက်တာ.... ဓါးရဲ့ လားရာကို ကြိုသိပြီး တားလိုက်တယ်ဆိုတာကြီးက ထူးဆန်းလွန်းမနေဘူးလား...

ဂိုဟွေက လီဆုန်ဘတ်အား သူ၏ခွန်အားနှင့် အရှိန်ကို လျော့ဖို့ပြောရန်တာဆူနေသော်လည်း လီဆုန်ဘတ်ကမူ ပို၍သာ အရှိန်မြင့်လာလေသည်။ သူ၏ဓါးချက်တစ်ချက်ပင် ထိုကလေးကို မထိသေးသည်က သူ့ဒေါသကို ဆီလောင်းနေသကဲ့သို့ပင်။

ဒီကမြောက်ကခြောက်ကလေးက ဘာလို့ငါ့ရဲ့ ဓါးချက်တိုင်းကို ကြိုပြီးကာထားနိုင်ရတာလဲ...

ချွန်းမြောင်၏ ဓါးသိုင်းပညာသည် အမြင်အားဖြင့် ဆိုရသော် သွက်သွက်လက်လက် မရှိပေ။ နှေးသည်မဟုတ် မြန်သည်မဟုတ် အနေအထားပင်။ သို့သော် ထိုမနှေးမမြန် သိုင်းကွက်ကပင် သူ့အား ပို၍ထွေပြားစေလေသည်။

လီဆုန်ဘတ်၏ ဓါးချက်တိုင်းကို ကြိုသိနေသကဲ့သို့ပင် ဓါးလားရာတိုင်းကို ကြိုကာ ကာကွယ်ထားပြီး သိုင်းကွက်က တိုးမပေါက်ဖြစ်နေလေသည်။

ငါ့ကိုငါ ဒီလိုကြုံရလိမ့်မယ်လို့ တခါမှ မတွေးဖူးဘူး....

ဒီသောက်ကလေးက ဘယ်လိုလုပ် အကုန်လုံးကို ကြိုသိသလို ဖြစ်နေရတာလဲ...သောက်ချီးလိုပဲ...

ငါရဲ့ သိုင်းကွက်ကို ဖတ်ပြီး သိုင်းကွက်ကို ကြိုမှန်းတတ်နေတာလား...

အဲ့တာက အဲ့တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....ဒါက တော်ရုံအကြီးအကဲတွေတောင် လုပ်နိုင်တဲ့ကိစ္စမဟုတ်ဘူးလေ...သူ့လို ကလေးတစ်ယောက်က ဘယ်လိုလုပ် သိနိုင်မှာလဲ...

ဒါဆို ဘယ်လိုလုပ်ပြီး ငါ့သိုင်းကွက်တိုင်းကို ကြိုသိနေရတာလဲ....ဒီကောင်က ဘာကောင်လဲဟ...

သရဲများလား......သိုင်းဝိဉာဉ်တစ်ကောင်ကောင်များလား.......

"ကျားးး"

လီဆုန်ဘတ်က ဓါးကိုလွဲကာ ကြုံးဝါးလိုက်လေသည်။

မည်သို့ပင် ကြည့်စေကာမူ အလွန်ဆုံးရှိလှ တစ်ဆယ့်ငါးနှစ်ထက် ပိုမကြီးနိုင်သောထိုကလေးကို သူအရှုံးမခံနိုင်ပေ။ သူ၏ဆရာတူတပည့်များနှင့် ယှဉ်လျှင်တောင် ထိုကလေးက ငယ်ပေဦးမည်။ သို့သော် ထိုကလေးက သူ၏တိုက်ခိုက်မှုများကို အခက်အခဲမရှိ အလွယ်တကူ ခုခံနေလေသည်။ သူ အရှက်ကွဲ၍ မဖြစ်ပေ။ သူသည် တောင်ဘက်အစွန်အဖျားဂိုဏ်းတွင် ထက်မြက်သောတပည့်ကြီး တစ်ယောက်ဖြစ်ပြီး သူ၏ဓါးသည်လည်း အလွန်ပင်ကျော်ကြားသော ဓါးတစ်လက်ဖြစ်လေသည်။

ငါ လုံးဝ ရှုံးလို့ မဖြစ်ဘူး...။ အရှက်ကွဲလို့ လုံးဝမဖြစ်ဘူး။

လီဆုန်ဘတ်၏ ဓါးက ချီစွမ်းအင်များကြောင့် အရောင်များတောက်ပလာလေသည်။ ထိုစဉ်မှာပင် ပြိုင်ဘက်ပေါက်စလေးကလည်း အနည်းငယ်ထူးဆန်းလာပြီး အမည်မသိ ထူးဆန်းသောစွမ်းအင်များက လီဆုန်ဘတ်၏ ကိုယ်ထဲသို့ တိုးဝင်လာကြပြီး သူ၏ချီစွမ်းအင်များကလည်း ရုတ်တရက်ကြီး ထိုးတက်လာလေသည်။

ဝုန်းးးးး

ကြီးမားစူးရှသော ရောင်စဉ်တန်းကြီးက ဓါးနှစ်စင်းကြားမှ ထွက်ပေါ်လာလေသည်။ လီဆုန်ဘတ်၏ ဓါးတဝိုက်တွင် အပြင်ချီစွမ်းအင်များက တောက်ပနေပြီး ချွန်းမြောင်၏ ဓါးကို အစွမ်းကုန်တွန်းတိုက်ထားလေသည်။

ချီစွမ်းအင်များ တွန်းတိုက်နေပုံက တံတိုင်းကြီးတစ်ခုခြားထားသလိုပင်။

ဓါးနှစ်စင်းအလယ်မှ ရောင်စဉ်တံတိုင်းကြီး....

မည်မျှပင် တွန်းတိုက်စေကာမူ ချွန်းမြောင်၏ ဓါးကို လီဆုန်ဘတ်က တွန်းမဖယ်လိုက်နိုင်ပေ။ လီဆုန်ဘတ်ကမူ စွမ်းနိုင်သမျှ ထိုးဖောက်နေလေသည်။

"ယားးးးးးးး"

လီဆုန်ဘတ်၏အနားတွင် လေများပါ တိုက်ခတ်လာပြီး လီဆုတ်ဘတ်က အတွင်းအားများ ပိုသုံးလာသည်ကို တွေ့သောအခါတွင်မူ ဂိုဟွေက အော်ဟစ်လေတော့၏။

"ဆရာတူအကိုကြီး...အလွန်အကြွံတွေ မလုပ်ပါနဲ့"

ဂိုဟွေ၏ ကြောက်လန့်တကြားအော်သံက လီဆုန်ဘတ်ကို ရှင်းရှင်းလင်းလင်းကြီးပင် သတိဝင်လာစေသည်။

ငါ ဘာတွေလုပ်လိုက်မိပြီလဲ......

လီဆုန်ဘတ်က သူ၏အတွင်းအားများကို ပြန်ကာသိမ်းလိုက်လေသည်။ ဓါးဆီမှ တောက်ပနေသော ပြင်ပချီစွမ်းအင်များကလည်း ခဏအတွင်းမှာပင် ယုတ်လျော့သွားကြပြီး သူ၏ဓါးကိုလည်း အလျင်အမြန်ပင် သိမ်းလိုက်လေသည်။

သို့သော်............

ချွမ်းးးးးး

ချွန်းမြောင်၏ ကိုယ်မှ အပြာရောင်အလင်းတန်းကြီးက ထွက်လာလေပြီး ချွန်းမြောင်ကိုယ်က လေးမှလွှတ်လိုက်သော မြားကဲ့သို့ပင် နောက်သို့လွှင့်ကာ သွားလေသည်။

"ဟာ....."

နောက်သို့လွှင့်ကာ နံရံနှင့်ရိုက်မိသွားလေသည်။

နံရံကလည်း ပင့်ကူအိမ်ကဲ့သို့ပင် အက်ကြောင်းများပေါ်လာပြီး တပိုင်းတစလည်း ပြိုသွားလေသည်။ ချွန်းမြောင်၏ ကိုယ်ကလည်း နံရံတွင် ကပ်လျက်နှင့်ပင် တစချင်းစီ လျှောကျလာလေသည်။

"........."

ထိုမြင်ကွင်းကို ကြည့်ကာလီဆုန်ဘတ် ထိတ်လန့်သွားလေသည်။

"ဆရာတူအကိုကြီး"

ဂိုဟွေကမူ အူယားဖားယားနှင့် ပြေးလာလေသည်။

"အကိုကြီး ဘယ်လိုလုပ်လိုက်တာလဲ"

"မဟုတ်ဘူး....ငါ.....ငါ"

မှတ်မှတ်ရရပင် သူ ...သူ၏ချီစွမ်းအင်များကို သိမ်းဆည်းလိုက်ပါသည်။ ဤသည်ကိုပင် မည်သို့မည်ပုံ ချွန်းမြောင်ကို ထိခိုက်သွားသည် မသိပေ။ သူကိုယ်တိုင်လည်း နားမလည်ချေ။ သို့သော် ချွန်းမြောင်ကမူ ဒဏ်ရာအပြင်းအထန်ပင် ရသွားလေပြီဖြစ်သည်။

"အဟွတ်.......ဟွတ်...အော့"

မြေပြင်ပေါ်တွင် အသေကောင်ကဲ့သို့ လဲနေသော ချွန်းမြောင်က ခပ်ဖြေးဖြေးလေးထလာလေပြီး သူ၏ပါးစပ်မှ ရေတံခွန်ကြီးသဖွယ် သွေးများအန်လေတော့သည်။

"အားးးးးး"

"အားးးးးး"

အားလုံးကလည်း ကြောက်လန့်တကြားနှင့် ချွန်းမြောင်ဆီသို့ ပြေးလာကြလေသည်။ လီဆုန်ဘတ်သည်သာလျှင် သူ၏နေရာတွင် ရပ်ကျန်ခဲ့ပြီး သူ၏မျက်နှာကလည်း ဆေးရောင်စုံပက်ဖြန်းထားသကဲ့သို့ နီတလှည့် စိမ်းတလှည့် ဖြစ်နေလေတော့သည်။

"အော့...အော့...ဝေါ"

သွေးများက အဆက်မပြတ်ပင် ကျနေလေပြီး အသက်ပင် ထွက်တော့မည်အလားပင်။

လူတစ်ယောက်အနေနှင့် သွေးများဤမျှ အန်နေသည်ကို တကြိမ်တခါမှပင် မမြင်ဖူးကြသောကလေးများကမူ ခြေမကိုင်မိ လက်မကိုင်မိနှင့် ကြောက်ရွံနေကြပြီဖြစ်သည်။ ဤသည်က သူတို့၏ ဆရာတူအကိုကြီးကြောင့်ပင်ဟုလည်း စိတ်ထဲတွင် စွဲထင်ကာ အလွန်ပင် တုန်လှုပ်နေကြလေသည်။

"ဆရာတူအကိုကြီး"

"........"

လီဆုန်ဘတ်ကမူ မျက်စိရှေ့တွင်ဖြစ်နေသောအရာများကိုပင် မယုံကြည်နိုင်ဖြစ်နေလေသည်။

"အဟွတ်....အဟွတ်"

ချွန်းမြောင်ကမူ အတွင်းဒဏ်ရာရသွားသည်က သိသာစွာပင် သွေးများအဆက်မပြတ်အန်ရင်း ချောင်းကလည်း မပြတ်ဆိုးနေလေသည်။ သွေးများ ဤမျှအန်နေပြီးမှ အသက်ရှင်နေလျှင် ထူးဆန်းဖွယ်ရာဖြစ်ပေလိမ့်မည်။ ယခုပင် ချွန်းမြောင်အသက်ထွက်သွားတော့မည်ဟု လူတိုင်းက ထင်နေကြလေသည်။

လီဆုန်ဘတ်ကလည်း ယခုမှပင် သတိဝင်လာလေပြီး ချွန်းမြောင်၏ အခြေအနေကိုကြည့်ကာ ကယ်တင်ရန် သူ့နားသို့ ပြေးသွားလေတော့သည်။

"ဒါက ဘယ်လို သောက်ပြဿနာတွေ ဖြစ်နေကြတာလဲ"

All Chapters