← Chapters

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အပိုင်း (၆၇)

စိတ်မပူနဲ့...မင်း နိုင်အောင် ငါလုပ်ပေးမယ်...(၂)

အမျိုးသမီးက ချွန်းမြောင်အား မျက်လုံးစိမ်းကြီးများနှင့် ကြည့်လာလေသည်။

ချွန်းမြောင်ကလည်း သူ့ရှေ့တွင်ရှိနေသော အမျိုးသမီးကို မည်သူမှန်းသိရန်အတွက် အချိန်တစ်ခုကြာအောင်ပင် အကဲခတ်လိုက်ရလေသည်။ သေချာသည်ကတော့ ဤအမျိုးသမီးသည် ဟွာဆန်းဂိုဏ်းမှ လူတစ်ယောက်ဆိုသည်ပင်။ သူမသည် ဟွာဆန်း၏သင်္ကေတဖြစ်သော ဇီးပန်းပွင့်ထိုးထားသည့် ဝတ်ရုံကိုဝတ်ဆင်ထားလေပြီး ဟွာဆန်းမှ လူတစ်ယောက်ဖြစ်သည်ကို ပြသနေလေသည်။

ထို့ပြင် ပို၍အရေးကြီးသည့်အချက်က တခါမြင်မိသည့်အမျိုးသားတိုင်းက သူမအား မှတ်မိနေလောက်အောင်ပင် သူမက လှပလွန်းနေသည်ပင်။ ဟုတ်ပေသည်။ သူမက လှပလွန်းပေသည်။

အတိတ်ဘဝတုန်းကမူ ချွန်းမြောင်သည် မြဲမြံသောသမာဓိတို့နှင့် သေမျိုးတို့၏ လောကီသာယာမှုများကို အမြဲလိုပင် ရှောင်ရှားနိုင်ခဲ့လေသည်။ ထိုအချိန်က ချွန်းမြောင်သည် သုံးလောက၏အထိပ်အထိတ်တွင် ရှိသောသူပေမို့ မဆွတ်ခင်က ညွတ်ချင်သူများကလည်း ပြည့်နှက်နေခဲ့ပြီး ချွန်းမြောင်နှင့်ပတ်သက်ချင်သူများကတော့ အများသားပင်။ သို့သော် သူကမူ အားလုံးကိုပင် ခိုင်မာသော သမာဓိနှင့် ရှောင်ရှားခဲ့သည်ပင်။ သူ၏ရည်ရွယ်ချက်သည်က ဟွာဆန်း၏အကြီးအကဲများ အမြဲဂုဏ်သင့်နေရန်ဖြစ်လေပြီး သူ၏တာဝန်သည်က ဟွာဆန်းအား အမြဲဂုဏ်ဆောင်ပေးရန်မို့ ထိုသို့သော အချောအလှလေးများကိုပင် အာရုံမရခဲ့ပေ။ အခုတွင်မူ သူသည် သမာဓိဟူသည် လုံးလုံးမတည်သေးသော တတိယတန်းတပည့်လေးတစ်ယောက် ဖြစ်လေသည်မို့ အချောလေးမြင်လျှင် ကြည့်ချင်သည်က အဆန်းမဟုတ်ပေ။ တခါတလေတော့ ကြည့်တာ ဖြစ်သင့်သည်ဟု သူထင်လေ၏။

"ဘယ်သူလဲ"

"လူလေ..."

"......."

ချွန်းမြောင်၏ လည်ပင်းပေါ်မှ ဓါးက ပို၍ လည်ပင်းနားကပ်လာလေသည်။

ချီး...ဒီမိန်းမက ဟာသကို မခံစားတတ်ဘူးဟ....

"ဟွာဆန်းဂိုဏ်းရဲ့ ဝတ်စုံပါလား"

အမျိုးသမီး က ချွန်းမြောင်၏ဝတ်စုံကို ငဲ့ကြည့်ကာ မေးလာလေ၏။

"ငါတော့ နင့်မျက်နှာကို ရင်းနှီးမနေပါလား....နင် ကဘယ်သူလဲ"

"ကျွန်တော်လည်း ခင်ဗျားကို ပထမဆုံးတွေ့ဖူးတာပဲ"

အမျိုးသမီးက မျက်လုံးများကို ကျဉ်းမြောင်းကာ ချွန်းမြောင်အား စိုက်ကြည့်လာလေသည်။

"တတိယတန်းတပည့်လား"

"ဟုတ်တယ်"

"တတိယတန်းတပည့်တွေက နေဝင်ပြီးနောက်ပိုင်းမှာ ဂိုဏ်းပြင်ပထွက်ခွင့်မရှိဘူး မဟုတ်ဘူးလား"

"ကျွန်တော်က စည်းမျဉ်းတွေအကုန်လုံးရဲ့ အထက်ကလူ"

"...ဘာ"

"ဂိုဏ်းချုပ်က ကျွန်တော့်ကို ခွင့်ပြုချက်ပေးထားပြီးသား"

ချွန်းမြောင်၏စကားကြောင့် အမျိုးသမီး၏မျက်နှာတွင် နားမလည်နိုင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။

"ဂိုဏ်းချုပ်ကလား"

"ဟုတ်ပါတယ်ဆို"

"တတိယတန်းတပည့်တစ်ယောက်ကိုလား"

"အင်းလေ"

"လိမ်နေတာ"

ချွန်းမြောင် အမျိုးသမီး၏စကားကို မတုန့်ပြန်ဘဲ ပုခုံးသာတွန့်ပြလိုက်လေသည်။

"မယုံရင် ဂိုဏ်းချုပ်ကို ကိုယ်တိုင်သွားမေးလေ....ဘယ်တတိယတန်းတပည့်က မဟုတ်ဘဲနဲ့ ဂိုဏ်းချုပ်နာမည်ကို သုံးပြီး လိမ်ရဲမယ်လို့ ထင်လို့လဲ"

အမျိုးသမီး၏ မျက်လုံးများက အရောင်များတောက်ပလာလေသည်။ အတွေးများ ထွေပြားနေသည့်ပုံပင်။

ယုံရခက် မယုံရခက်လည်း ဖြစ်နေပုံရသည်။

"ကဲပါ....ဓါးကြီးကို အရင်ဖယ်စမ်းပါ...ဒါကြီးက မတော်လို့ ထိခိုက်သွားရင် လွယ်တာမဟုတ်ဘူး"

"......"

အမျိုးသမီးက လုံးလုံးယုံကြည်ဟန်မရှိသော်လည်း ဓါးကို နှိမ့်ကာ အနည်းငယ်ဖယ်ပေးလိုက်လေသည်။ ချွန်းမြောင် ပြောသည်များကို ယုံကြည်သည်မဟုတ်သော်လည်း ကလေးတစ်ယောက်အနေနှင့် ဂိုဏ်းချုပ်၏နာမည်ကိုသုံးကာ မလိမ်ရဲဟု ယူဆသောကြောင့်ပင်။

"သူတစ်ပါးလေ့ကျင့်နေတာကို ချောင်းကြည့်တာက မသင့်တော်ဘူးဆိုတာ မသိဘူးလား"

"ဒါက မနေ့ကအထိ ကျွန်တော်ပုံမှန်လေ့ကျင့်နေတဲ့ နေရာလေ...ဒီနေ့မှ လူတစ်ယောက်က ရုတ်တရက်ကြီးပေါ်လာမယ်လို့ ကျွန်တော် ဘယ်လိုသိမှာလဲ....ကျွန်တော်ဖိတ်ထားတာလည်း မဟုတ်တဲ့ ဘယ်ကဘယ်သူမှန်းမသိတဲ့ ဒီနေ့မှ ကျွန်တော်လေ့ကျင့်တဲ့နေရာကို အပိုင်သိမ်းထားမယ်လို့ ဘယ်သူကထင်မှာလဲ"

"အဲ့တာဆိုလည်း တစ်ယောက်ယောက်ရှိနေတယ်ထင်ရင် တခါတည်းထွက်လာလေ...ဘာလို့ချောင်းနေတာလဲ"

"ဟမ်.....သူစိမ်းတွေလေ...ဟွာဆန်းမှာလည်း တစ်ခါမှမြင်ဖူးတာ မဟုတ်ဘူး...လူဆိုးလား လူကောင်းလား မသိတဲ့သူရှေ့ကို ချက်ချင်းထွက်စရာလား.....ခင်ဗျားဆိုရင်ရော ထွက်မလား...ပြောပါဦး"

အမျိုးသမီးက ချွန်းမြောင်၏စကားကြောင့် နှုတ်ခမ်းကိုကိုက်လိုက်လေ၏။ ပါးပြင်ကလည်း နီရဲရဲဖြစ်နေပြီး အကြပ်ရိုက်ကာ စကားရှာမရဖြစ်နေပုံပင်။ ချွန်းမြောင် ကြိတ်ကာ ရယ်လိုက်လေ၏။ ဓါးစောင်းထက်သော်လည်း လျှာစောင်းမထက်သော မိန်းကလေးပင်။ စကားနိုင်လု၊ စကားများခြင်းများ မလုပ်ဖူးသူမှန်း သိသာလှပေသည်။

ပြောရလျှင်တော့ ရုပ်ကလေးချောသလောက် ပြဿနာမရှာတတ်ဟု ပြောရပေမည်။

"မင်း နာမည်က ဘာလဲ"

"ချွန်းမြောင်"

"ဂိုဏ်းကပေးထားတဲ့ နာမည်လား"

"မဟုတ်ဘူး..နာမည်အရင်းကိုက ချွန်းမြောင်"

"တတိယတန်းတပည့်တွေက ချွန်း မျိုးရိုးယူလို့ရလို့လား...ပြီးတော့ ဂိုဏ်းကပေးတဲ့နာမည်မဟုတ်ဘဲ ကိုယ့်နာမည်နဲ့ကိုယ်လား"

"ဟုတ်တယ်.....တကယ်လို့ ဂိုဏ်းကနာမည်ပေးရင်လည်း ကျွန်တော်ကတော့ ချွန်းမြောင်ပဲ ဆက်ပြီးဖြစ်နေဦးမှာပဲ"

"ဪ..အဲ့လိုလား"

ချီး...ဒီမိန်းမ ရုပ်လေးချောသလောက် တုံးတယ်ဟ....

"ငါက ယုရီဆိုး"

"အင်း"

ယုရီဆိုးက စကားဆက်မပြောခင် ချွန်းမြောင်အား တချက်ကြည့်လိုက်လေသည်။

"ဘာလဲ..."

"ငါက ဒုတိယတန်း တပည့်....ငါက တကယ့်တော့ ဘတ် မျိုးရိုးပဲ...ပြီးတော့ နင့်ရဲ့ ဂိုဏ်းတူအမကြီး"

ချွန်းမြောင် ခေါင်းညိမ့်ပြလိုက်ရလေ၏။

ဟွာဆန်းမှာ ဘတ် မျိုးရိုးတွေ ရှိသေးတယ်လား...

သေချာပေါက် မရှိပေ။ ဟွာဆန်း၏ မျိုးရိုးတစ်ဆက်တိုင်းစီတွင် 'ချွန်း၊ မြောင်၊ ဟွမ်၊ အန်း၊ ဘတ် ' စသည်ဖြင့် ရှိလေသည်။

ထို့ကြောင့် ဘတ်မျိုးရိုးနှင့် တပည့်ရှိနေသည်ကတော့ အဆန်းမဟုတ်ပေ။ ဘတ်မျိုးရိုးတပည့်များ ပြီးသွားလျင် နောက်ထပ်မျိုးရိုးတစ်ဆက်သည် ချွန်းမျိုးရိုးကနေ ပြန်စပေလိမ့်မည်။ ထို့ကြောင့် အန်းမျိုးရိုး တပည့်များ၏နောက်တွင် ဘတ်မျိုးရိုး ယူထားရသည့် တပည့်များက ရှိနေမည်က အသေချာပင်။

ငါ ဘတ် တစ်ယောက်ကိုမှ မတွေ့မိလို့ သူတို့တွေရှိတယ်ဆိုတာ မေ့သွားတာဟ....

နာမည်များကို ကြည့်သည်နှင့်ပင် အသက်အရွယ်နှင့် မျိုးဆက်ခွဲခြားနိုင်ရန်အတွက် ထိုသို့လုပ်ဆောင်ထားခြင်းဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်လာလျှင်လည်း လူခွဲ၍ လွယ်စေရန် ရည်ရွယ်ထားခြင်း ဖြစ်လေ၏။ သို့သော်လည်း ရံဖန်ရံခါအချိန်များတွင်မူ မျိုးဆက်ကျော်ခြင်းများ ပြုလုပ်တတ်ကြပြီး တသမတ်တည်းတော့ သတ်မှတ်ထား၍ မရပေ။ ဟွာဆန်းတွင်လည်း ရှုပ်ထွေးသော အချိန်များစွာရှိခဲ့သောကြောင့် ဘတ်မျိုးရိုးကို ကျော်လိုက်ပြီဟု ထင်ထားသော်လည်း ယခုတွင်မူ ဘတ် တစ်ယောက်က ပေါ်လာလေပြီ။

"အဲ့လို နာမည်မျိုး ပထမဦးဆုံး ကြားမိတာပဲ"

"နင်က ဟွာဆန်းမှာ အငယ်ဆုံးဂိုဏ်းသားမို့လား..."

"ဟုတ်တယ်"

"နင့်ရဲ့ ဆရာတူအကိုကြီးတွေက နင့်ကို မပြောပြဘူးလား"

"ဟမ်..အင်း..."

သူ၏ဆရာတူအကိုကြီးများက သူ့အားပြောပြရန်အခွင့်အရေးမရသောကြောင့် သူယခုအကြောင်းအရာကို မသိရခြင်းကို ချွန်းမြောင်နားလည်သွားလေသည်။

ငါ့အမှားတွေပါ.....ဆရာတူအကိုကြီးတွေအပေါ် ရက်စက်မိတယ်....

"အထင်လွဲစရာကိစ္စလေးတွေ နည်းနည်းရှိနေလို့ ဒါတွေကို မသိလိုက်ရဘူး..."

ချွန်းမြောင်အနေနှင့် ယခုကဲ့သို့ ဘတ် တစ်ယောက်ထွက်လာခြင်းက ဟွာဆန်း၏နောက်ထပ်အပိုင်းတစ်ပိုင်း ထပ်ကာပေါင်းထည့်လာသလိုပင်။ ရှေ့ဆက်ကာ ဖြစ်လာမည့် ဟွာဆန်း၏ အခြေအနေကို သူစောင့်ကြည့်ရန် လိုအပ်လာပြီဟု ခံစားလိုက်ရလေသည်။

"အခုက ပြီးသွားပြီလား"

"ဘာကြီး"

"နင်နှုတ်ဆက်တာလေ"

ချွန်းမြောင်၏ မျက်နှာကြီးက ပုတ်သိုးသွားလေသည်။

ငါ လုပ်လိုက်ရင် သေတော့မယ်...ဒီက ဘိုးဘေးက နင့်ထက်အသက်ရာချီကြီးတယ်ဆိုတာကို နားမလည်ဘူးလား..

ဒါကို ဘာတွေလာပြီး တရိုတသေလုပ်ခိုင်းနေတာလဲ...

အင်း.........သည်းခံ...သည်းခံ.....ချွန်းမြောင် ဒါမင်းရဲ့ကံတရားပဲ...မင်း သည်းခံလိုက်စမ်း....

"ဟုတ်ကဲ့.....တွေ့ရတာ ဝမ်းသာပါတယ်"

ချွန်းမြောင်က စိတ်မပါစွာနှင့် နှုတ်ဆက်လိုက်လေသည်။

ငါ အခုနှုတ်ဆက်ပြီးပြီ ဆိုတော့ သွားလို့ရပြီမို့လား.....

ချွန်းမြောင်က လေ့ကျင့်ရန် လိုသေးလေသည်။ သူ၏လေ့ကျင့်ရာနေရာသို့ ရောက်လာသောအမည်မသိ လူတစ်ဦးကြောင့် သူ၏အချိန်များကို အလဟသမကုန်ဆုံးသွားချင်ပေ။ နေကလည်း ထွက်လာတော့ပေမည်။

"တော်တော်ထူးဆန်းတဲ့ကလေးပဲ"

ဘယ်သူ့ကိုလာပြီး ကလေးလို့ ပြောနေတာလဲ....

ငါ့ကိုလား...မှတ်လောက်သားလောက်အောင် ပညာပေးလိုက်ရ...

ယုရီဆိုးက ချွန်းမြောင်ကို စွေကြည့်နေပြီးမှ စိတ်မရှည်သောအသံနှင့် ပြောလာလေ၏။

"ငါ ဂိုဏ်းချုပ်ကို သွားပြီး‌တော့ နင်ပြောတ ဟုတ်မဟုတ် သွားမေးကြည့်ဦးမှာ...ငါ့ကို လိမ်ထားတာဆိုရင်တော့ အကျိုးဆက်ကို ကောင်းကောင်းကြီး ခံစားဖို့သာ ပြင်ထားပေတော့"

ချွန်းမြောင်ကလည်း အားကျမခံပြန်ပက်လိုက်လေ၏။

"သွားတာ မေးလိုက်စမ်းပါ...သွားသွား"

"...."

ယုရီဆိုးက ချွန်းမြောင်အား စကားမဆိုဘဲ ထပ်ကြည့်နေပြီးမှ ခေါင်းခါကာ ပြောလိုက်လေ၏။

"တော်တော်ရိုင်းတဲ့ကောင်"

"......."

ချွန်းမြောင်က ထိုသို့ပြောဆိုအမျိုးသမီးအား ထပ်ကာပြောလိုက်ခြင်သော်လည်း သည်းခံလိုက်လေသည်။

အမျိုးသမီးက သူမ၏ဓါးကိုသိမ်းကာ ချွန်းမြောင်အား တချက်ကြည့်ပြီး နေရာမှ ထွက်ခွာသွားလေတော့သည်။

သူမ သွားလေသည်နှင့် ချွန်းမြောင်ကမူ တောင်စွယ်များမှ ပြူထွက်လာသောနေမင်းကြီးကို ကြည့်ကာသက်ပြင်းချလိုက်လေသည်။

"ဪ...ငါ့ဘဝကလည်း"

ကလေးတစ်ယောက် ဖြစ်နေတာတောင် ဒီလိုဓါးထောက်ပြီး ဆက်ဆံခံရတယ်..

သနားစရာလေးပါလား...

"ငါ့ရဲ့ လေ့ကျင့်ချိန်တွေတော့ အလကားနေရင်း ကုန်သွားပါပြီ"

စင်စစ်တွင်မူ သူဆက်ကာလေ့ကျင့်နေလျှင်လည်း ရသေးလေသည်။ သို့သော် ဤသို့သော ရှပ်ရှုပ်ထွေးထွေး အခြေအနေကြီးနှင့်မူ လေ့ကျင့်ရေး မလုပ်ချင်တော့ပေ။ သိချင်နေသောမေးခွန်းများအတွက် အဖြေရှာရန်သာ စိတ်ဇွဲသန်နေလေတော့သည်။

ငါတော့ တောင်ပေါ်တက်လိုက် တောင်အောက်ဆင်းလိုက်နဲ့ လေ့ကျင့်ရေးကို လုပ်ရတယ် မရှိပါဘူး....

တက်လိုက်ဆင်းလိုက် လုပ်နေရတာနဲ့ပဲ အချိန်ကုန်နေတယ်...."

ချွန်းမြောင် နှုတ်ခမ်းကိုကိုက်ကာ စဉ်းစားလိုက်လေသည်။ တခြားလေ့ကျင့်ရန်နေရာရှာလျှင် ကောင်းမလားပင်။

"ဒါက ဘယ်လိုအခြေအနေကြီးတုန်းဟ"

ချွန်းမြောင်က နေ့လည်စာစားနေကြသောကလေးများကို ကြည့်ကာ ခေါင်းကုတ်လိုက်လေသည်။

ဤကဲ့သို့ ကလေးများက အလေးအနက်ကြီးပင် နေ့လည်စာကို သေသပ်တိတ်ဆိတ်စွာ စားနေကြသည့်မြင်ကွင်းကို သူတစ်ကြိမ်တစ်ခါမှပင် မမြင်ဖူးပေ။ သူရင်းနှီးနေသည်က ဆူညံပွတ်လောရိုက်နေသော ထမင်းဝိုင်းပင် ဖြစ်ပြီး ယခုကဲ့သို့ သေသပ်ငြိမ်ဝပ်နေသော ထမင်းဝိုင်းမျိုး မဟုတ်ပေ။ ပြောင်းလဲသွားသော အခြေအနေများကြောင့် ချွန်းမြောင် ကြောင်အအဖြစ်နေစဉ်မှာပင် ယွန်းဂျွန်က သူ့အား လက်ယမ်းပြကာ ခေါ်လာလေသည်။

"မင်း ကဒီရောက်နေတာလား...."

ချွန်းမြောင်သည်လည်း သူ၏ထမင်းခွက်ကို ယူကာ ယွန်းဂျွန်ခေါ်ရာ စားပွဲဝိုင်းသို့ သွားလေပြီး ယွန်းဂျွန်နှင့် ဂျိုဂုကမူ သူထိုင်ပြီးမှသာ ပြန်ထိုင်ကြလေ၏။

"မျက်နှာက ဘာဖြစ်နေတာလဲ"

"ငါတို့ရဲ့ အကိုကြီး အမကြီးတွေပြန်လာပြီ"

"အဲ့ဒီ ဘတ် ခွေးသားတွေ...လား"

"ဟာ...အဲ့တာလည်း မင်းသိတာပဲလား..."

"........"

ငါလည်း မင်းတို့ထက်တောင် ဟွာဆန်းမှာ သက်တမ်းပိုကြာတယ်လေ...မသိဘဲနေမလား ..အရူးလေးတွေရယ့်

"အင်း.. သူတို့ပြန်လာတာက ထားပါတော့ ..သူတို့ပြန်လာတာနဲ့ မင်းတို့ ဒီလိုဖြစ်နေတာက ဘာဆိုင်လို့လဲ"

"ပထမဆုံးအနေနဲ့ မင်းသူတို့ကို ဘတ် မျိုးရိုး တပ်ခေါ်လို့မရဘူး....သိသွားရင် အသေငေါက်ခံရမှာ"

"ငါကလား...မင်းတို့လား"

"အာ.....အေးအေး..ထားပါ...ငါရောပါတယ်ပဲ"

ယွန်းဂျွန်က ချွန်းမြောင်၏စကားကြောင့် မချိပြုံးကြီး ပြုံးပြလေ၏။

"အကိုကြီး အမကြီးတွေက ဟွာဆန်းဂိုဏ်းကနေ တံခါးပိတ်ကျင့်စဉ်ကျင့်နေရာကနေ ပြန်လာကြတာ...

သူတို့ရဲ့ လေ့ကျင့်ဆောင်ခန်းမကြီးကို အတိတ်တုန်းက မထိန်းသိမ်းလိုက်နိုင်လို့ သူတို့ အခု ဒီမှာ တံခါးပိတ်ကျင့်စဉ်ကျင့်လို့ မရတော့ဘူးလေ"

"အဲ့လိုဆို‌တော့ သူတို့က တခြားဂိုဏ်းကို သွားပြီး လေ့ကျင့်ကြတာလား"

"အဲ့တာတော့ ငါလည်းမသိဘူး...သူတို့ တခြားဂိုဏ်းတွေတော့ မသွားလောက်ဘူးလို့ ထင်တာပဲ"

"ဟမ်...အာ့ဆို ဘယ်သွားကြတာတုန်း...ဘာတုန်း ..ပြီးတော့ ပြန်ရောက်လာတာကို ဒီရုပ်ဖြစ်နေကြတာ..

သူတို့က အငယ်တွေကို အနိုင်ကျင့်လို့လား...."

"မဟုတ်ပါဘူး...ငါတို့ ဂိုဏ်းက အကိုကြီးအမကြီးတွေက ကောင်းပါတယ်...ရိုက်လည်း မရိုက်ဘူး...အနိုင်လည်း မကျင့်ဘူး......တချို့လူတွေနဲ့ မတူဘူးရယ်"

"တချို့လူတွေ ဆိုတာက ဘယ်သူ့ကို ပြောချင်တာလဲ...ငါများသိနေသလိုပဲ"

"ကဲပါ..တော်ပါ...အဲ့တာကို ထားလိုက်ပါတော့"

ယွန်းဂျွန်က စကားကြောင့် ချွန်းမြောင်က ရန်လိုသွားသော်လည်း ဂျိုဂုက ပါးနပ်စွာပင် စကားလမ်းကြောင်းကို ပြောင်းပေးသွားလေသည်။

"တကယ်တော့ အကိုကြီးအမကြီးတွေ ပြန်လာတာက ညီလာခံကြောင့်ပဲ"

"ဘာ..ဘာ...ဘာကြီး...ညီလာခံဆိုတာက ဒီတိုင်းအစည်းအဝေးပဲ မဟုတ်ဘူးလား"

"ဘယ်ကသာ...အဲ့တာက ဟွာဆန်းနဲ့ တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ညီလာခံလေ"

"ဘယ်လိုမျိုးလဲ"

ဂျိုဂုက သက်ပြင်းချကာ ပြောလိုက်လေ၏။

"အရင်တုန်းကတော့ ဒီတိုင်း ပြိုင်ကြရုံပဲဆိုပေမယ့် အခုကျတော့ နှစ်နှစ်ပြည့်တိုင်း တခါလိုလို ဂိုဏ်းနှစ်ခုပြိုင်ပွဲကျင်းပသလို ဖြစ်နေတာ"

"အာ...ကြားတော့ ကြားဖူးသလိုပဲ...ဒါနဲ့ အဲ့တာက ဘယ်ကတည်းက စတာလဲ"

"အဲ့တာတော့ ငါလည်းမသိဘူး.....ကြာတော့ ကြာပြီထင်တယ်"

ယွန်းဂျွန်က ရှင်းပြလာလေ၏။

"ငါကြားဖူးတာတော့ ဟိုးအရင်တုန်းက ညီလာခံက ငါးနှစ်တစ်ကြိမ်ကျင်းပတာ...ပြီးတော့ ညီလာခံကျင်းပရတဲ့ ရည်ရယ်ချက်က ဂိုဏ်းနှစ်ဂိုဏ်းကြား ရင်းနှီးချစ်ခင်မှုတိုးလာဖို့ အတွက်ပဲ...အခုမှသာ တဖြေးဖြေး ပြောင်းလဲလာပြီး ဒုတိယတန်းနဲ့ တတိယတန်းတပည့်တွေက သူတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ပေးရတဲ့ ပြိုင်ပွဲတွေ ဖြစ်လာတာပဲ"

"တိုက်ခိုက်တဲ့ ပြိုင်ပွဲဟုတ်လား"

"တကယ်တော့ ပြိုင်ပွဲလို့တောင် ပြောလို့မရပါဘူး"

"ငါတို့ကပဲ တဖက်သတ်အရိုက်ခံနေရတဲ့ ပွဲပါ"

"အခုပြန်ပြောရင်တောင် ရိုက်ခံရတဲ့ နေရာတွေက နာနေသေးသလိုပဲ"

"အဲ့လိုကြီး အရိုက်ခံရပြီးတာတောင် ငါတို့ အသက်ရှင်နေသေးလို့ အံဩတယ်....အဲ့လိုအဖြစ်ပျက်တွေရှိခဲ့လို့ ငါတို့အကိုကြီးအမကြီးတွေက နောက်ထပ် အလားတူဖြစ်တာမျိုးတွေ မကြုံရအောင်လို့ လေ့ကျင့်နေကြတာ..

ပြန်တွေးကြည့်ရင်‌တောင် ကျောချမ်းနေသေးတယ်...အရမ်းကြောက်ဖို့ ကောင်းတာပဲ"

ယွန်းဂျွန်ပြောပြသည်များကို နားထောင်ကာ ချွန်းမြောင်သက်ပြင်းချလိုက်လေ၏။

"အကြီးအကဲတွေ တိုက်ခိုက်ရင် ဂိုဏ်းနှစ်ဂိုဏ်းကြား ပြဿနာရှိလာမှာဆိုးလို့ ကလေးတွေကို ဆွဲထည့်ပေးလိုက်တဲ့သဘောပေါ့......ဒါနဲ့ မင်းတို့က တချိန်လုံး ရှုံးနေတာပဲလား"

"အင်းပေါ့...အဲ့တာကြောင့် နောက်ထပ်အဟားမခံရအောင် အကိုကြီးအမကြီးတွေက တံခါးပိတ်လေ့ကျင့်ရေးတွေ လုပ်နေကြတာ... အခုမှသာ ပြန်ရောက်လာကြတာ...ရောက်လာကြဆို ညီလာခံကလည်း နီးနေပြီလေ...."

"ဪ...အဲ့လိုလား"

ချွန်းမြောင် လူယုတ်မာပြုံးကြီး ပြုံးလိုက်လေ၏။

"ဆို‌တော့ ငါတို့က တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ပြိုင်ရမှာပေါ့ ဟုတ်လား"

တောင်ဘက်အစွန်အဖျားဂိုဏ်း...

တစ်ခါလာလည်း ထိုဂိုဏ်း...တစ်ခါလာလည်း ထိုဂိုဏ်းပင်။

ဖြစ်ပျက်နေသော အခြေအနေနှင့် မြင်တွေ့နေရသော အကြောင်းအရာများက တောင်ဘက်အစွန်အဖျားဂိုဏ်းအား ချွန်းမြောင် အမုန်းပိုလာစေ၏။ အတိတ်တုန်းကတွင်မူ တောင်ဘက်အစွန်အဖျားဂိုဏ်းသည် ဟွာဆန်းဂိုဏ်းနည်းတူ ဓါးသိုင်းကို သုံးသောကြောင့် အမြင်မကြည်သော်လည်း ယခုတွင်မူ အမြင်မကြည်ရုံ မကတော့ပေ။ ထိုထက်ပိုမိုကာ နာကြည်းမုန်းတီးစေသော အကြောင်းပြချက်များက ရှိလာခဲ့ပြီဖြစ်လေသည်။ ချွန်းမြောင် လက်ပိုက်ကြည့်ကာ မနေနိုင်တော့ပေ။

"ပြိုင်ပွဲတဲ့လား"

ဟွာဆန်းနှင့် တောင်ဘက်အစွန်အဖျားဂိုဏ်းတို့သည် ပြိုင်ဘက်များ မဟုတ်ပေ။ ရှင်းရှင်းပြောရလျှင်မူ တောင်ဘက်အစွန်အဖျားဂိုဏ်းသည် ဟွာဆန်း၏ ပြိုင်ဘက်ဖြစ်ရန် အရည်အချင်းပင် ပြည့်မီသည်မဟုတ်ပေ။ သို့သော် အတိတ်တွင် စိတ်ကူးနှင့်ပင် မတွေးနိုင်သောအရာက ယခုတွင် ဖြစ်နေလေသည်။ ပြိုင်ဘက် ဖြစ်ရုံသည်သာမက အမြဲလိုလိုပင် ရှုံးနိမ့်နေသည်ဆိုသည်က ခံပြင်းစရာကိစ္စပင်။ တောင်ဘက်အစွန်အဖျားဂိုဏ်းကလည်း သူတို့၏အနှိမ်ခံနေ့ရက်များကို ယခုမှသာ အနိုင်ပြန်ယူကာ စိတ်ဖြေနေပုံရလေသည်။ ရယ်ချင်စရာ ကောင်းလှပေသည်။ ဂိုဏ်းကြီးတစ်ဂိုဏ်းအနေနှင့် အတော်ပင် အရှက်မဲ့သော လုပ်ရပ်ပင်။ သို့သော် ထိုလုပ်ရပ်ပေါ်တွင်ပဲ သာယာနေကြဟန်လည်း ပေါ်လေသည်မို့ ချွန်းမြောင် ဆုံးဖြတ်ချက် ချလိုက်လေသည်။ ပညာပြန်ပေးရပေမည်။

သူတို့၏ ဟွာဆန်းကို အနိုင်ကျင့်နိုင်သည်ဆိုသည်က သူမစွမ်းနိုင်သောကာလနှင့် သူမရှိသောကာလများတွင်သာ ဖြစ်ပေလိမ့်မည်။ ယခုတွင်မူ သူရှိလေသည်။ ဟွာဆန်းအတွက် ချွန်းမြောင်ရှိသည်မို့ တတ်နိုင်သမျှ ကာကွယ်လေမည်။

"ဆိုတော့ အဲ့မျိုးမစစ် ဒုတိယတန်းတပည့်တွေက..."

"ချွန်းမြောင်..ကျေးဇူးပြု၍ ...သူတို့ကို အကြီးတွေဆိုပြီး ပြောစမ်းပါ...အကိုကြီးအမကြီးသာ ခေါ်စမ်းပါနော်..ကျေးဇူးပြု၍"

"ကောင်းပြီလေ....အဲ့တာဆိုလည်း အဲ့မျိုးမစစ် အကိုကြီးအမကြီးတွေက ...."

"...."

"သူတို့က ဒီနှစ်က သေချာပေါက် နိုင်တော့မှာတဲ့လား"

"အင်း.....အဲ့တာကကျ ...ပြောဖို့ နည်းနည်းလေး...."

ယွန်းဂျွန် မဖြေရဲပေ။ တောင်ဘက်အစွန်အဖျားဂိုဏ်းက ဟွာဆန်းအား ငယ်နိုင်လိုပင် ဖြစ်နေသည်မို့ သူ အရဲကိုး အပြောကြီးကာ မပြောရဲပေ။ နိုင်စေချင်သည့် ဆန္ဒသာ ရှိပြီး နိုင်မနိုင်ကတော့ မသေချာသည့်ကိစ္စပင်။

"သိပြီ"

ချွန်းမြောင်က အံကိုကြိတ်လိုက်လေသည်။

"ငါတို့ နိုင်မှဖြစ်မယ်"

"ဘယ်လို..."

"ဆရာတူအကိုကြီး ...အကိုကြီး အဲ့ဂိုဏ်းကို နိုင်ဖို့ဆို ဘာပဲလုပ်ရလုပ်ရ လုပ်နိုင်တယ်မို့လား...

အရိုးကြေကြေ အရည်ခမ်းခမ်း.... အသက်ပင် သေသေ ...စိတ်နဲ့ ခန္ဓာ အိုးစားကွဲသွားရင်တော့ အဲ့တောင်ပိုင်းမျိုးမစစ်တွေကို နိုင်ဖို့ ဆိုရင် အကိုကြီးတို့ လုပ်ကြမှာမို့လား"

"ဘယ်လိုကြီး'

ချွန်းမြောင်၏ စိတ်အားတက်ကြွကာ အားတက်သရောမေးလာသော စကားသံကြီးကို ကြားလိုက်ရသောအခါတွင်မူ ယွန်းဂျွန် တစ်ခုခုလွဲနေသလို ခံစားလာရလေသည်။

"စိတ်ချ..စိတ်သာချထားလိုက်...အကိုကြီးတို့....အကိုကြီးတို့ နိုင်အောင် ကျွန်တော်က သေချာပေါက် လုပ်ပေးမှာ..

အခုက ကျွန်တော်တို့ ပြန်ပြီး အနိုင်ယူရမယ့် အချိန်ရောက်ပြီပဲ"

အခုကစပြီး ဟွာဆန်းရဲ့ သရဖူးဆောင်းမယ့် နေ့ရက်တွေက ပြန်ရောက်လာပြီပဲ.....

ဟားးးးဟားးးးးဟားးးးး

ဟု.....ဟု....ဟု...

အဟက်..အဟက်....

အပိုင်း (၆၈)

စိတ်မပူနဲ့...မင်း နိုင်အောင် ငါလုပ်ပေးမယ်...(၃)

"ဒုတိယတန်းတပည့်တွေက ပြန်လာနေကြပါပြီ"

"အင်း"

ဟွမ်းဂျွန်က သက်ပြင်းကို လေးတွဲ့စွာ ချလိုက်လေ၏။

တံခါးပိတ်ကျင့်စဉ်ကျင့်ကြံနေကြသော ကလေးများပြန်လာပြီဟူသော သတင်းကြားရသည်က သတင်းကောင်းဖြစ်သော်လည်း နောက်ဆက်ကာဖြစ်လာမည့်အရေးကို တွေးမိသောအခါတွင်မူ ဟွမ်းဂျွန် မပျော်နိုင်တော့ပေ။

"သူတို့ ဒီကိုရောက်လာဖို့ ဘယ်လောက်လိုကြသေးလဲ"

"တချို့ကတော့ ဟွားကျေးရွာကို ရောက်နေကြပါပြီ...တချို့ကတော့ လမ်းမှာပဲ ရှိသေးတယ်လို့ သိရပါတယ်"

"သိပြီ"

ဟွမ်းဂျွန်က ယုအန်းကို ကြည့်လိုက်လေသည်။

"ဂိုဏ်းချုပ်...."

"ပြောပါ"

"ညီလာခံကလည်း မကြာခင်မှာ ကျင်းပတော့မယ်....တကယ်ဆို ကျင်းပဖို့က နှစ်ဝက်လောက်လိုသေးတာ မဟုတ်ဘူးလား"

"တောင်ဘက်အစွန်အဖျားဂိုဏ်းက ပွဲကို စောပြီးကျင်းပခြင်တဲ့အကြောင်း တောင်းဆိုစာပို့လို့ ......ဒီတစ်ကြိမ်တော့ စောပြီးကျင်းပရမယ်"

"ကျွန်တော်တို့ သူတို့ကို နောက်ဆုတ်ပေးဖို့ ပြောလို့မရဘူးလား"

"ပြောလို့ရဖို့ မလွယ်လောက်ဘူး"

ယုအန်းက သက်ပြင်းလေးကြီးကို ချလိုက်လေသည်။

"ဟွာဆန်းက ခုဆိုရင် စွမ်းရည်ရော စိတ်ဓါတ်တွေရော မြင့်တက်လာပြီ...အရင်ကနဲ့ မတူတော့ပါဘူး...

အကုန်လုံး အဆင်ပြေသွားမှာပါ.....အစားအသောက်ရော နေရေးထိုင်ရေးအတွက်ရော အပူအပင်မရှိနဲ့ လေ့ကျင့်နေနိုင်ပြီမို့

အရင်ကနဲ့ ယှဉ်ရင်တော့ ကျွန်တော်တို့သိသိသာသာတိုးတက်လာပါပြီ"

"အင်း"

ဟွမ်းဂျွန် သက်မ ကို လေးသွဲ့စွာချလိုက်လေ၏။

ဟွာဆန်းသည် ယခုတွင်မူ ယခင်ကနှင့်မတူစွာ ပြောင်းလဲလာခဲ့လေပြီ ဖြစ်လေသည်။ အားအင်အသစ်တို့နှင့် လူတိုင်းက ကြိုုးစားနေကြပြီး ဟွာဆန်း၏တိုးတက်မှုပြယုဒ်ကို တမျိုးတစ်ဖုံဆီပြသနေကြလေသည်။ မျှော်လင့်ချက်အလင်းတန်းတို့ကလည်း လူတိုင်းဆီတွင် မြင်နေရပြီး အရာအားလုံးက တန်ဖိုးထားယုံကြည်ဖွယ်ရာများကြီးပင်။ ဤမြင်ကွင်းကို ကြည့်ကာ ဂိုဏ်းချုပ်၏ရင်ထဲတွင် နွေးထွေးသွားရလေသည်။

"ဒါပေမယ့် ကျွန်တော်တို့က သိုင်းပညာကို လေ့ကျင့်သင်ကြားပေးနေတဲ့ ဂိုဏ်းတစ်ဂိုဏ်းပါ"

"အင်း"

"ကျွန်တော်တို့တွေ ပျောက်ဆုံးသွားခဲ့တဲ့ သိုင်းကျမ်းတွေကိုလည်း ပြန်တွေ့ထားကြပြီးပြီ စလေ့ကျင့်နေကြပြီဆိုပေမယ့် ရလဒ်ကိုတော့ သေချာမသိရသေးဘူးမို့လား"

ဟွမ်းဂျွန်က ယုအန်း၏စကားကို ခေါင်းငြိမ့်ကာ ထောက်ခံလိုက်လေသည်။ ယုအန်းပြောနေသည်များက အမှန်များပင် ဖြစ်နေသည်မို့ သူ့တွင်လည်း ထွေထွေထူးထူးပြောရန်မရှိပေ။

အတိတ်နေ့ရက်များတွင် ဟွာဆန်းဂိုဏ်းသည် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အနိုင်ယူခြင်းကို ခံခဲ့ရသော်လည်း ယခုတွင်မူ မျှော်လင့်ချက်လေးအနည်းငယ် ရှိလာပြီဟု ထင်လေသည်။

စောလွန်းနေသေးတယ်ဆိုရင်တောင် မျှော်လင့်ချက်ရောင်ခြည်လေးတော့ ရှိလာပြီလို့ ထင်ရတာပဲ..

ဟွာဆန်းသည် ခရီးဝေးကြီးကို ယိုင်နဲ့နဲ့နှင့် လျှောက်လာခဲ့ပြီး ဖြစ်လေသည်။ ယခုတွင်မူ ကျန်သောကိစ္စများအတွက် စိုးရိမ်ရန်မလိုတော့ပေ။ သိုင်းပညာကိုသာ အားစိုက်လေ့လာသင်ကြားကာ တောက်ပဝင့်ကြွားလာရတော့မည့် အချိန်ရောက်လာတော့မည် ဖြစ်လေ၏။ သို့သော် သိုင်းပညာဆိုသည်က နေ့ချင်းညချင်းနှင့်တတ်မြောက်သော အမျိုးမဟုတ်ပေ။ အချိန်ပေးကာ သင်ယူရသော အမျိုးဖြစ်လေသည်။

နှစ်ရှည်ပင်များ စိုက်ပျိုးသကဲ့သို့ပင်။ အခုအပင်စိုက် အခုအပင်ပေါက်ကာ အရိပ်ပေးနိုင်သည် မဟုတ်ပေ။ အချိန်တစ်ခုတော့ လိုအပ်လေသည်။ တစ်ခုရှိသည်က ဟွာဆန်းမှ ဂိုဏ်းသားများသည် ယခုတွင်မူ အပင်ပေါက်ဘဝသည်လား ၊ အရိပ်ရအပင်ဘဝလား သူမသိသေးပေ။

"တကယ်လို့များ ညီလာခံမှာ အရင်နှစ်တွေကလိုပဲ ဖြစ်ခဲ့ရင် တပည့်လေးတွေရဲ့ စိတ်ထဲမှာ အခုမှအပင်ပေါက်ကာစ မျှော်လင့်ချက်လေးတွေကို ရိုက်ချိုးလိုက်သလို ဖြစ်သွားမှာကို စိုးရိမ်တယ်...

နောက်ထပ် ကြိုးစားချင်စိတ်မရှိတော့မှာ၊ မကြိုးစားရဲတော့မှာ စိုးရိမ်တယ်"

"ယုအန်း"

"ဟုတ်ကဲ့..ပါ.....ဂိုဏ်းချုပ်"

"မင်း တွေးနေတာကို ငါကရော စိတ်မပူဘူးလို့ မင်းထင်လား"

ဟွမ်းဂျွန်က ဆက်ကာ ပြောလိုက်လေသည်။

"ငါတို့ ဒီညီလာခံကို မလုပ်သင့်ဘူးလား ၊ နောက်ဆုတ်ခိုင်းသင့်လား ငါလည်း တွေးကြည့်မိတယ်...

တကယ်လို့ ငါတို့က ညီလာခံကို မတက်တော့ဘူးဆိုရင် ငါတို့ဂိုဏ်းကကလေးတွေက သူတို့ကို ငါတို့မယုံကြည်နိုင်လို့ ဒီပွဲကို ရှောင်လိုက်တာလို့ အတွေးဝင်သွားပြီး သူတို့ကိုယ်သူတို့ ယုံကြည်နေတာလေးတွေ ပျောက်ဆုံးသွားမှာ စိုးရိမ်တယ်.....နောက်ဆုတ်လိုက်ပြန်ရင်လည်း အကြီးအကဲတွေက သူတို့ကို စိတ်မချလို့များလားဆိုပြီး အတွေးဝင်သွားမှာဆိုးတယ်...."

"အဲ့လိုလား"

ယုအန်းက ဟွမ်းဂျွန်၏အတွေးများကို နားလည်စွာနှင့်ခေါင်းငြိမ့်လိုက်လေသည်။

"ပြိုင်ပွဲမှာ ရှုံးသွားလို့ အရှက်ရရတယ်ဆိုတာက မရှိပါဘူး...အကောင်းဆုံးကြိုးစားချင်တဲ့စိတ်တွေ ဆုံးရှုံးသွားမှတာ တကယ်ဆုံးရှုံးတာပါ...ဒီတော့ ပြိုင်ပွဲကို မရှောင်ဘဲနဲ့ ရင်ဆိုင်လိုက်ပြီး‌တော့ နောက်နောင်မှာသူတို့ဒီထက်ပိုကြိုးစားချင်စိတ် ရှိလာအောင် ငါတို့က လုပ်ပေးရုံဘဲ....အရှုံးကို ကြောက်လို့ဆိုပြီး ငါတို့ ရှောင်နေလိုက်လို့မှ မရတာ....ပိုကောင်းလာအောင် တတ်နိုင်သလောက်ကြိုးစားပြီး တတ်နိုင်သမျှ အကောင်းဆုံးဖြစ်လာအောင်ပဲ ငါတို့ ကြိုးစားကြရမယ်လေ"

"ကျွန်တော် အမြင်ကျဉ်းမိသွားပါတယ်...ဂိုဏ်းချုပ်"

"မင်းဘက်က စဉ်းစားတာကိုလည်း ငါနားလည်ပါတယ်...ဒါပေမယ့် ညီလာခံကို ရပ်စဲပေးဖို့ ၊ နောက်ဆုတ်ပေးဖို့ ပြောဖို့ဆိုတာကလည်း မလွယ်ဘူးရယ်"

ယုအန်း သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။ တစ်စုံတစ်ရာတော့ သူမပြောတော့ပေ။ သူပြောလိုက်သည့်အရာက ဂိုဏ်းချုပ်အား အကူအညီတစ်စုံတစ်ရာ၊ အင်အားတစ်စုံတစ်ရာ မဖြစ်စေမည်ကို သူစိုးရိမ်၍ မသိသလိုသာ နေလိုက်လေတော့သည်။

"တကယ်လို့များ ဒုတိယတန်းတပည့်တွေက ရလဒ်ကောင်းကောင်း မရခဲ့ရင်ရော"

"အဆင်ပြေပါတယ်"

ယခုလက်ရှိတွင် နေလိုလလို ထွန်းလင်းတောက်ပကာ ထိပ်ဆုံးသို့ ရောက်နေသော တောင်ဘက်အစွန်အဖျားဂိုဏ်းကို အနိုင်ယူရန်က မလွယ်သည်ကို ဟွမ်းဂျွန်ရော ယုအန်းပါ သိကြလေသည်။ မဖြစ်နိုင်သော မျှော်လင့်ချက်ကြီးထားကာ ကလေးများကိုလည်း မပင်ပန်းစေချင်ပေ။ အကောင်းဆုံးကြိုးစားထားကြသည်ကို သူတို့သည်လည်း သိကြသည်မို့ ထပ်မံကာ တွန်းအားများ မပေးခြင်ကြတော့ပေ။

လွယ်လွယ်လေး မရှုံးသွားရင် တော်ပါပြီလေ...

အနိုင်မရရင်လည်း နေပါစေ....

ဟွမ်းဂျွန်ကမူ ရင်ထဲတွင် ခဲဆွဲထားသကဲ့သို့ပင်။ အနိုင်လိုချင်သော အတ္တက ရှိနေသော်လည်း ကလေးများအား ဖိအားမပေးချင်သော ကရုဏာကလည်း ရှိနေပြန်သည်။ အတ္တနှင့်ကရုဏာတို့ကြား ဗျာများနေရကာ ရင်ထဲတွင်လေးလံတင်းကြပ်နေလေ၏။

"ယုအန်း"

"ဟုတ်ကဲ့"

"ကလေးတွေက ကြိုးကြိုးစားစား လေ့ကျင့်ပြီးမှ ပြန်လာကြရတာ ...သူတို့အတွက် အစားကောင်းအသောက်ကောင်းတွေနဲ့ သေရည်အချိ့ ပြင်ထားပေးလိုက်ပါ"

"အဲ့တာက"

"ကလေးတွေ ဒီလောက်လေ့ကျင့်လာကြရတာ ..တစ်ရက်တစ်လေနားလို့တော အဆင်ပြေပါတယ်...

သူတို့ နားကြပါစေ...သူတို့တွေက ဟွာဆန်းမှာ အခုလိုအခြေအနေကောင်းနေတဲ့ အချိန်တွေကို ကြုံရဖူးတာလဲ မဟုတ်ဘူး.....နားပါစေ"

"အဲ့လိုတော့ မှန်ပါတယ်....ကျွန်တော် လိုလေသေးမရှိအောင် ပြင်ဆင်ထားလိုက်ပါ့မယ်"

"အင်း"

"ဒါဆို ကျွန်တော်သွားပါတော့မယ်"

ယုအန်း ထရပ်ကာ အရိုအသေပေးလိုက်ပြီး အပြင်သို့ထွက်လာခဲ့လိုက်လေတော့သည်။

ဟွမ်းဂျွန်ကမူ အခန်းထဲမှ ယုအန်းထွက်သွားသည်နှင့် အခန်းပြတင်းပေါက်ကို ဖွင့်ကာ အပြင်သို့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်လေ၏။

တောင်ဘက်အစွန်အဖျားဂိုဏ်းတဲ့လား..

ဤအမည်နာမကိုက ရင်အား ဖိနှိပ်ထားသော အရာတစ်ခုလိုပင်။ ထိုအရာကြီးအား တစ်စစီဖြဲဆုတ်ကာ လွှင့်ပစ်လိုက်နိုင်ရန် မျှော်လင့်မိလေသည်။ သူတို့ဟွာဆန်းမှ ကလေးများက တောင်ဘက်အစွန်အဖျားဂိုဏ်းအား အနိုင်ယူလိုက်နိုင်ရန်ကို မသိစိတ်မှ မသိမသာပင် မျှော်လင့်မိနေလေသည်။

ဆောင်းဦးကတော့ ရှည်ကြာဆဲပင်။ ဟွာဆန်း၏ နွေဦးကလည်း ဝေးကွားဦးမည့်ပုံပင်။

"ကျွန်တော်တို့ နိုင်ပါ့မလား"

ယွန်းဂျွန်နှင့် ဂျိုဂုက ချွန်းမြောင်၏ အခန်းထဲတွင် ရောက်နေကြလေ၏။ ချွန်းမြောင်က ခေါ်ထားသောကြောင့် ရောက်နေကြခြင်းဖြစ်လေသည် ။ တခြားတစ်ယောက်သာ ခေါ်သည်ဆိုပါက သွားမည်မဟုတ်သော်လည်း ခေါ်သည့်သူက ချွန်းမြောင်ဖြစ်နေသည့်အခါတွင်မူ သူတို့မနေနိုင်ပေ။ ရောက်လာကြရလေတော့၏။

ရောက်လာကြရသည်ဆိုသည်ကလည်း ချွန်းမြောင်က အပိုမပြောတတ်။ အပြောနှင့်အလုပ်ညီသည်ဆိုတာကို သိ၍ ဖြစ်လေ၏။

"ကျွန်တော်တို့လား"

ချွန်းမြောင် လျာကိုသပ်ကာ သူ့ရှေ့တွင်ရှိနေသော လူနှစ်ယောက်အား ကြည့်လိုက်ပြီး ဖြေလိုက်လေ၏။

"အခုတော့ မဟုတ်သေးဘူး"

"ဟမ်...ငါတို့ အခုလည်း သန်မာနေပြီပဲကို"

"အင်း ...ဆရာတူအကိုကြီးတွေ သန်မာလာကြပါတယ်..."

"အာ့ဆို ဘာလို့လဲ"

ချွန်းမြောင်က သူ၏လက်မနှင့် လက်ညှိုးကို ယှဉ်ပြကာ ပြောလိုက်လေ၏။

"ဒီလောက်ပေါ့......"

"....."

"....."

"အာ....စနေတာပါ...ဒီလောက် မဟုတ်ဘူး...တကယ်က"

"ငါ သိသားပဲ"

"ထင်တော့ထင်တယ်ဟ"

ချွန်းမြောင်က လက်ကို နှစ်ချောင်းပူးကာ ပြန်ပြောလိုက်လေ၏။

"ဒီလောက်ပေါ့"

"..."

"......."

ချွန်းမြောင်၏စကားကြောင့် ဂျိုဂုက စိတ်ဆိုးလာပြီး အော်ဟစ်လေတော့သည်။

"ဟေ့...မင်းက ငါတို့ကို သေလောက်အောင်ထိ ပြောင်းလဲစေချင်နေတာလား...ငါတို့ ဒီလောက်ပြောင်းလဲလာတောင် မလုံလောက်သေးဘူးလို့ မင်းက ပြောချင်နေတာလား...

ငါကိုယ့်ငါ သိတယ်...ငါတကယ့်ကို ကောင်းကောင်းမွန်မွန်ကြီးကို ပြောင်းလဲလာပြီ"

"အကိုကြီးက စပြီးလေ့ကျင့်တာမှ လပိုင်းပဲရှိသေးတာကို အကိုကြီးက သေလောက်အောင်လေ့ကျင့်ရပြီးပြီလို့ ထင်နေတာလား...."

"အဲ့လိုဆိုရင်လည်း ငါတို့အရင်ကထက်တော့ လုံလုံလောက်လောက် သန်မာလာပြီလေ"

"ဝက်သစ်ချသီးတွေတောင် သုံးဆလောက်ကြီးလာရုံနဲ့ အရွယ်ရောက်နေတဲ့ အပင်လောက်ရှိသွားလို့လား"

ချွန်းမြောင်က ထိရှသော ဉပမာကို သုံးကာ သူတို့၏အခြေအနေအမှန်ကို ပြောပြလိုက်သည်ပင်။ တောင်ဘက်အစွန်အဖျားဂိုဏ်းသည် ဟွာဆန်း၏ရွှေရောင်နေ့ရက်များ ပျက်သုန်းချိန်မှစ၍ သူတို့ဟွာဆန်းအပေါ်တွင် တစတစအုပ်စိုးကာ အနိုင်ယူလာသည်က ဆယ်စုနှစ်တစ်ခုပင် မကတော့ချေ။ ဟွာဆန်းသည် တောင်ဘက်အစွန်အဖျားဂိုဏ်းအား ပြန်လည်ကာ အမှီလိုက်နိုင်ရန်အတွက် များစွာလိုအပ်ပေသေးသည်။ သူတို့ လက်ရှိအခြေအနေကိုပဲ ကျေနပ်နေကာ ရောင့်ရဲတင်းတိမ်နေ၍ မရပေ။

တတိယတန်းတပည့်များ ယှဉ်ပြိုင်ရသည့်အချိန်တွင် အဆင်သင့်ဖြစ်နေစေရန်အတွက်သူတို့ ပြင်ဆင်ထားရန်လိုအပ်ပေသည်။ တခြားတတိယတန်းတပည့်များအနေနှင့် မျှော်လင့်ချက်မရှိသော်လည်း ယွန်းဂျွန်နှင့်ဂျိုဂုကမူ မျှော်လင့်၍ရပြီး နိုင်နိုင်ခြေရှိလေသေးသည်။

"ဒါဆို ငါတို့ဘယ်လိုလုပ်မှ နိုင်မှာလဲ"

"စိတ်မပူပါနဲ့ ..အဆင်ပြေသွားမှာပါ"

ချွန်းမြောင်၏စကားကြောင့် ယွန်းဂျွန် မျက်မှောင်ကြုတ်သွားလေသည်။

"ညီလာခံက နောက်ရက်ပိုင်းဆိုရင်ပဲ စတော့မှာကို....လနဲ့ချီပြီးလေ့ကျင့်လာတာတောင် မနိုင်နိုင်သေးရင် ဘယ်လိုလုပ် သူတို့ ရောက်လာတော့မယ့် ရက်ပိုင်းအတွင်းမှာမှ နိုင်အောင်လုပ်နိုင်မှာလဲ"

"အဲ့တာကိုပဲ ကျွန်တော်ပြောချင်တာလေ"

"ဘာလဲ...ပြောမှာက"

ချွန်းမြောင်က ယွန်းဂျွန်က ဆောင့်ဆောင့်အောင့်အောင့်မေးသံကြီးကို သဘောကျကာ တခစ်ခစ်ရယ်လိုက်လေ၏။

"အကိုကြီး သေရဲလား"

"......."

ဒါက ဘယ်လိုအဓိပ္ပါယ်မရှိတဲ့စကားလဲ...

"မင်း ဘာပြောနေတာလဲဆိုတာ မင်းနားလည်ရဲ့လား"

"အဲ့တာက ကိစ္စမဟုတ်ပါဘူး. ...အရေးကြီးတာက နိုင်ဖို့ဆို ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတာပဲ"

"မဟုတ်တာ"

ဂျိုဂုက ချွန်းမြောင်၏ စကားကို ထကာကန့်ကွက်လေ၏။ ယွန်းဂျွန်ကမူ ဂျိုဂုစကားကို ကြားဖြတ်ကာ ပြောလိုက်လေ၏။

"ငါ ဆုံးဖြတ်ထားပြီးပြီ'

"ဆရာတူအကိုကြီး"

ဂျိုဂုက အော်ကာ တားမြစ်လိုက်သော်လည်း ယွန်းဂျွန်ကမူ လုံးလုံးပင်လျစ်လျူရှုထားလေသည်။

"တခြားသူတွေတော့ ဘယ်လိုနေလဲ မသိပေမယ့် ငါကတော့ အဆင်သင့်ပဲ...သူတို့ကို နိုင်ဖို့ဆို ဘာပဲလုပ်ရလုပ်ရ ဖြစ်တယ်"

"ဆရာတူအကိုကြီး ...အကိုကြီးပြောနေတာတွေက ဘာအဓိပ္ပါယ်ရောက်သွားပြီလဲဆိုတာ အကိုကြီးသိရဲ့လား"

"ငါသိတယ်"

ယွန်းဂျွန်က စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။

"ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး...ကုန်ကုန်ပြောမယ် ငါသေရရင်တောင် ကိစ္စမရှိဘူး...

အနည်းဆုံးတော့ ငါနောက်ထပ် အဲ့မြင်ကွင်းနဲ့အဲ့အဖြစ်အပျက်ကို ထပ်မကြုံရတော့ဘူးပေါ့....

အဲ့ခွေးမျိုးမစစ်ကောင်တွေ ငါတို့ကို ရိုက်နှက်ပြီး ငါတို့ကို လှောင်ရယ်နေတဲ့ အဖြစ်မျိုး ထပ်မကြုံရတော့ရင် ပြီးတာပဲ..

သူတို့တွေက ငါတို့ကို အိမ်မက်ထဲထိတောင် လာပြီးလှောင်နေကြတာ"

"အဲ့တာကတော့ ဟုတ်တယ်...အကိုကြီးပြောတာ မှန်ပါတယ်"

ညီလာခံမှ ခါးသီးသောအတွေ့အကြုံများကို ခံစားဖူးသည့် လူနှစ်ယောက်ကမူ ထိုအကြောင်းအရာများကို စကားနှင့်ပင် ပြန်မပြောခြင်ကြတော့ပေ။ အဖြစ်အပျက်များက သူတို့အတွက် ရက်စက်ခါးသီးလွန်းလှပေ၏။

"ဒီ ဟားတိုက်လှောင်ရယ်ခံခဲ့ရတာတွေအတွက်သာ ပြန်ပြီးပေးဆပ်နိုင်မယ်ဆိုရင် ငါသေရလည်း တန်ပါတယ်....

ဒီလိုအမြဲတမ်းအလှောင်ခံဘဝနဲ့တော့ ငါလည်း အသက်မရှင်ချင်ဘူး......"

ဂျိုဂုကလည်း ယွန်းဂျွန်၏ခံစားချက်များကို နားလည်စွာနှင့် ခေါင်းငြိမ့်လိုက်လေသည်။

ယွန်းဂျွန်၏စကားများကြောင့် ဂျိုဂု၏ ပြီးခဲ့သောညီလာခံမှ အတိတ်ဆိုးများကလည်း ပြန်လည်နိုးထလာပြီး ထိုသို့သော အလှောင်ခံအဟားခံဘဝမှ လွတ်မြောက်မည့် နည်းလမ်းကိုသာ ရမည်ဆိုလျှင် မည်သို့သောအရင်းအနှီးကြီးမားသော အလုပ်ဖြစ်ပါစေ လုပ်ပစ်လိုက်ရန်သာ စိတ်အားထက်သန်လာလေတော့သည်။

"ကျွန်တော်လည်း အကိုကြီးနဲ့ ထပ်တူပါပဲ...သေရမယ်ဆိုရင်တောင် သေရဲပါတယ်"

"ငါ မင်းကို ယုံပါတယ်"

"ကောင်းလိုက်တာ"

ချွန်းမြောင်က ပြုံးကာ ယွန်းဂျွန်နှင့် ဂျိုဂုကို ချီးကျူးလိုက်လေသည်။ သို့သော် ဂျိုဂုကမူ ချွန်းမြောင်၏အပြုံးကြီးတွင် စိတ်မသက်မသာဖြစ်နေဆဲပင်။

"ဒါနဲ့ ချွန်းမြောင်"

"အင်း..."

"ဒါဆို အခုငါတို့က ဘာဆက်လုပ်ကြရတော့မှာလဲ"

"အာ..ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး....လေ့ကျင့်နည်းလေးပဲ နည်းနည်းပြောင်းပေးမှာပါ"

"ဘယ်လိုမျိုးလဲ"

ချွန်းမြောင်က ပြုံးကာ ဖြေလိုက်လေ၏။

"လက်တွေ့စမ်းသပ်မှုပေါ့"

"ဘယ်လို"

"အခုဆိုရင် အကိုကြီးတို့က အများကြီးသင်ယူပြီးသွားပြီ...ဆိုတော့ သင်ယူထားတာတွေကို သုံးတတ်သလားနဲ့ မသုံးတတ်ရင် ဘယ်လိုလက်တွေ့အသုံးချရမလဲ ဆိုတာ ပြပေးမှာ"

"....."

ဂျိုဂုနားမလည်နိုင်ဖြစ်သွားလေသည်။

"ဘယ်လို...ဘာကို ဘယ်လိုသုံးရမှာ"

"အကိုကြီးတို့လည်း သိတဲ့အတိုင်းပဲ....သိုင်းပညာသင်တယ်ဆိုတာ ခန္ဓာကိုယ်ကပါ လိုက်ပါလှုပ်ရှားပြီးသင်ယူရတာမျိုးလေ... ဆိုတော့ သင်ထားတဲ့ သိုင်းပညာတွေကို တကယ်ပဲအလိုက်သင့် အသုံးပြုနိုင်နေလားဆိုတာ ကျွန်တော့်တို့ စမ်းကြည့်ရမယ်လေ...ညကျရင် စပြီးတော့ လေ့ကျင့်ကြမယ်"

"......."

တတိယတန်းတပည့်ကြီးနှစ်ယောက်ကမူ မှားပါပြီဟူသော အတွေးကိုယ်စီနှင့် စိတ်ညစ်သွားကြလေတော့သည်။

ညနှောင်းပိုင်းလောက်တွင်ဖြစ်လေ၏။

တတိယတန်းတပည့်လေးများက လေ့ကျင့်ရေးခန်းထဲတွင် လူစုနေကြလေသည်။

"မဟုတ်သေးပါဘူး...ငါတို့ကို တကယ်ကြီးကို ညနက်သန်းခေါင်ကြီး လူစုနေတော့တာလား"

ဂျိုဂုမကျေမနပ်နှင့် ပွစိပွစိပြောနေလေသည်။ ယခုတွင်မူ တတိယတန်းတပည့်များ အာရုံတက်ကာစမှာပင် လေ့ကျင့်ရေးလုပ်သည်ကို အထူးအဆန်းလုပ်ကာ အရေးလုပ်သည့် အကြီးအကဲများ မရှိတော့ပေ။ လေ့ကျင့်ခန်းလုပ်သည့် အကျိုးကျေးဇူးကသိသာလေပြီး ထိရောက်မှုရှိသည်မို့ အန်းဂွန်ကလည်း တားမြစ်ခြင်း မရှိတော့ပေ။ ယခုတွင် တတိယတန်းတပည့်ငယ်များ အာရုံမတက်မီပင် လေ့ကျင့်ခန်းထလုပ်ကြသည်က သာမန်ပင် ဖြစ်သွားကြပြီ ဖြစ်လေသည်။ ယခုတွင်မူ ညပိုင်းပင် လေ့ကျင့်ခန်းလုပ်ရတော့မည့်သဘောပင်. ။

"ဆရာတူအကိုကြီး ...သူက ဘာလုပ်ချင်ပြန်တာတဲ့တုန်း"

"ငါလည်း ဘယ်သိမှာတုန်း"

လူတိုင်းက ပွစိပွစိပြောနေကြသော်လည်း ခြေလှမ်းများကမူ ရပ်မနေကြပေ။ ညည်းတွားရင်းနှင့်သာ လေ့ကျင့်ရေးခန်းမသို့ ရောက်လာကြလေသည်။ ချွန်းမြောင်က သန်မာရန်လိုသေးသည်ဟု ပြောလျှင် သန်မာရန်က အမှန်တကယ်ပင် လိုသေးသည်ဖြစ်ကြောင်းကို သူတို့အားလုံးသိကြသည်မို့ ကလန်လဆန်တော့ မရှိကြပေ။ ထုံးစံအတိုင်း ညည်းတွားနေကြခြင်းသာ ဖြစ်လေ၏။

"အားလုံးပဲ ရောက်လာကြပြီလား"

ထိုအချိန်မှာပင် ချွန်းမြောင်ကလည်း ခန်းမထဲသို့ ရောက်လာလေသည်။ တတိယတန်းတပည့်လေးများက ရောက်လာသည့်ချွန်းမြောင်အား စိတ်ပျက်တဝက် ရင်ခုန်တဝက်နှင့် စိတ်ဝင်တစား လှမ်းကြည့်နေကြလေ၏။

ဤအရူး တဖန်အရူးထလာသည်က လိုအပ်၍ နောက်တကြိမ်အရူးထလာခြင်းဖြစ်သည်ကိုလည်း သိပြီးသားပင် ဖြစ်ကြလေသည်မို့ ထွေထွေထူးထူးတော့ ပြောမနေကြပေ။ ချွန်းမြောင်အား ယုံကြည်ကာ နောက်ထပ်လာမည့် လေ့ကျင့်ရေးကိုသာ အာရုံစိုက်ထားရန် စိတ်ကို ဆုံးဖြတ်ထားလိုက်ကြလေသည်။

"ချွန်းမြောင်...ဒီအချိန်ကြီး လေ့ကျင့်တယ်ဆိုတာကကွာ...."

စကားလေးပင် မဆုံးလိုက်ရချေ။ ချွန်းမြောင်က သူယူလာသော ဓါးအား ဓါးအိမ်မှ ဆွဲထုတ်လိုက်လေသည်။

ရွှမ်း.....

"....."

ဓါးအစစ်ကြီးဟ...

တကယ့်ဓါးအစစ်ကြီးလား...

သာမန်ပုံမှန်လူတစ်ယောက်၏ လက်ထဲတွင် ဓါးရှိနေလျှင်ပင် အခြေအနေနှင့်လေထုက ကြောက်ရွံစရာ ဖြစ်နေတတ်ပြီး ချွန်းမြောင်ကဲ့သို့ အရူးတစ်ယောက်လက်ထဲတွင် ဓါးရှိနေလျှင်မူ ပြောပြရန်ပင် မလိုတော့ချေ။ အရူးလိုလို အနှမ်းလိုလိုနှင့် ဓါးအစစ်ကြီးကို ကိုင်ထားသော ချွန်းမြောင်ကို ကြည့်ကာ အားလုံးက ရင်တုန်လာကြလေတော့သည်။

"အာ..လေ့ကျင့်ရေးလား"

ချွန်းမြောင်သည် လက်တွင်းရှိဓါးအား ဝှေ့ကာယမ်းလိုက်ရင်း မေးလာလေသည်။

"ဘာမှတော့ အထွေအထူးမဟုတ်ပါဘူး.....ဒါလေးက"

"ကျွန်တော်တို့ အားလုံးက တစ်ခါတော့ သေဖူးကြရမှာပဲလေ ...ဟုတ်တယ်မို့လား...."

ဘယ်လို...ဒီသောက်ရူးကတော့ ...လူနားမလည်တာတွေ ပြောပြန်ပြီ...

သောက်ချီးလိုပဲ...ချီးချီး.....

အပိုင်း (၆၉)

စိတ်မပူနဲ့...မင်း နိုင်အောင် ငါလုပ်ပေးမယ်...(၄)

ချွန်းမြောင်က လေ့ကျင့်ရေးခန်းမထဲတွင်ရှိနေသော ကလေးများအားလုံးကို ဘယ်မှညာသို့ အစဉ်လိုက်ဝေ့ဝဲကာ ကြည်လိုက်လေ၏။ ကလေးများကလည်း သူနှင့်မျက်လုံးချင်းဆုံမိမည်ကိုပင် စိုးရိမ်စွာနှင့် ဘေးဘီကြည့် ၊ အပေါ်အောက်ကြည့်နှင့် အကြည့်ကိုရှောင်ကာ မသိသယောင်သာ နေကြလေသည်။

အဲ့သောက်ကလေးနဲ့ အကြည့်ချင်းသွားဆုံမိလို့ မဖြစ်ဘူး..

ဘုရား..ဘုရား..သေပါပြီ...ကြည့်မိတာခြင်း သွားတူရတယ်လို့"

"မင်းတို့...."

အားလုံးလိုလိုက အကြည့်ကိုရှောင်လွဲကာ ခေါင်းရှောင်နေကြသည်မို့ ချွန်းမြောင် စိတ်မရှည်သည်ရော ၊အားမလိုအားမရဖြစ်သည်ပါ ပေါင်းကာ အော်လေတော့သည်။

"မင်းတို့တွေ တောင်ပိုင်းခွေးသားတွေကို ရှုံးတာ ကျွန်တော် မမြင်ချင်ဖူး..."

ချွန်းမြောင်၏မျက်လုံးများက အရောင်များပင် တလက်လက်တောက်ပနေသည့်အလားပင်။

လုပ်ကြပါဦး. သူ့ကြည့်ရတာ ကြောက်လို့ ..ငါတော့ သေးထွက်ကြတော့မယ်ထင်တယ်...

သူသာ အဲ့ဒီရူးနှမ်းနှမ်း ပုံကြီးနဲ့ ငါ့ဆီတန်းလာခဲ့ရင် ငါဘာလုပ်ရမှာလဲ...

သူ့ကို ကြည့်ရတာ အရင်နေ့တွေကထက်တောင် ပိုရူးနေသလိုပဲ....ဒီနေ့က လပြည့်နေ့မို့များလား....

ချွန်းမြောင်ကမူ ဤမလှုပ်မရှုပ် ကလေးများကို အသည်းယားနေလေပြီဖြစ်သည်။ ကြိုးစားအားထုတ်မှုမရှိပါဘဲ အရှုံးကိုသာ လက်ခံလိုက်မည်ဆိုရင် ထိုကလေးများအားလုံးကို ချွန်းမြောင်က သက်ညာကာ နားလည်ပေးလိမ့်မည် မဟုတ်ပေ။ တခြားသူများအနေနှင့် တောင်ဘက်အစွန်အဖျားဂိုဏ်းကို ရှုံးနိမ့်ရသည်က လက်ခံနိုင်ဖွယ်ကိစ္စဖြစ်သော်လည်း ချွန်းမြောင်အတွက်မူ မဟုတ်ချေ။ သူတို့၏ ဇီးပန်းပွင့်သိုင်းကို ခိုးသွားသော ထိုဂိုဏ်းကို သူက မည်သို့မျှ အေးချမ်းသာယာစွာမထားနိုင်သကဲ့သို့ အပြစ်မပေးရဘဲနှင့်လည်း ကြေအေးနိုင်မည် မဟုတ်ပေ။ ထို့ပြင် ဟွာဆန်းဂိုဏ်းကိုလည်း ထိုငနဲသားများလက်ထဲတွင် အရှုံးမခံနိုင်ပေ။ ကလေးများ မလှုပ်လျှင် သူတစ်ခုခုလုပ်ပေတော့မည်။

"ဆရာတူအကိုကြီးတို့ ....အကိုကြီးတို့ ပြိုင်ပွဲမှာ နိုင်ဖို့လိုတယ်...ဒါကြောင့် ကျွန်တော်က အကိုကြီးတို့ကို နိုင်အောင် လုပ်ပေးမလို့လေ"

"........."

လူတိုင်းက မကောင်းဆိုးဝါးလေးချွန်းမြောင်၏စကားကို မယုံတဝက် ယုံတဝက်ပင် ။ မယုံသည်က တော့ ပိုများသလိုလိုပင်။ လူများစွာရှိနေသည်ကိုပင် အသံတစ်သံလောက်မျှ ထွက်မလာပေ။

"ဒါပေမယ့်လည်း...."

အသံထွက်လာသူက ဂျိုဂုပင်။

ခံစားချက်ဗလာမျက်နှာနှင့် ထရပ်ကာ ချွန်းမြောင်အား ကြည့်လာလေ၏။

"မင်းပြောတဲ့ တကြိမ်သေဆိုတာက ဘာအဓိပ္ပါယ်လဲ"

"ဪ..."

ချွန်းမြောင်က ဂျိုဂု၏မေးခွန်းကို ကြားပြီးသည့်နောက်တွင်မူ ပြုံးသွားလေသည်။

"ဆရာတူအကိုကြီး....အကိုကြီး ကျွန်တော့်ဆီကို လာခဲ့ပေးပါဦး"

"ငါလား"

ဂျိုဂုက သူ့ကိုယ်သူညွှန်ပြကာ မေးလိုက်လေ၏။

"အင်း....ဟုတ်တယ်"

"......"

ဂျိုဂု ဘေးဘီကို ဝေ့ဝဲကာကြည့်လိုက်လေတော့ အခြားတပည့်ကြီးများကလည်း ပြုံးပျော်ရွှင်စွာနှင့် ခေါင်းငြိမ့်ထောက်ခံနေကြသည်ကို တွေ့လေသည်။ ဂျိုဂုကမူ သစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရပြီး နာကြင်သောနှလုံးသားလေးနှင့် ရင်ထဲတွင်ကြိတ်ကာ ငိုကြွေးမိသွားလေသည်။

သစ္စာမရှိတဲ့ကောင်တွေ...

ချွန်းမြောင် မရောက်လာခင်ကမူ ဟွာဆန်းသည် သာယာငြိမ်းအေးမှုအတိပြီးသော နေရာတစ်ခုဖြစ်လေပြီး ချွန်းမြောင် ရောက်ရှိလာသောအခါမှပင် တပည့်များအဖို့ သတ်ကွင်းပမာ ပြောင်းလဲသွားရလေပြီး အမြဲပင် ရုန်းကန်နေကြရလေသည်။

"လာပါ...လာပါ...မြန်မြန်လေး လာခဲ့ပါ"

"ဆရာတူအကိုကြီး..."

ဂျိုဂုက ယွန်းဂျွန်အား အားကိုးရှာသောမျက်လုံးလေးများနှင့် ကြည့်ကာ ခေါ်လိုက်လေ၏။

"ညီလေးရာ...သွားသာ သွားလိုက်စမ်းပါကွာ"

"ဒီ ခွေး..."

ဂျိုဂုသည် ထဆဲမိသည့် ပါးစပ်ကို အချိန်မီထိန်းလိုက်လေပြီး ခေါင်းငိုက်စိုက်ကျစွာနှင့် သားသတ်ရုံသို့ ခေါ်ဆောင်သွားခံရသည့် နွားကြီးပမာ ချွန်းမြောင်ရှိရာသို့ သွားလေတော့သည်။

"အကိုကြီးက သူတို့တွေနဲ့ အပြိုင်အဆိုင် တိုက်ခိုက်နိုင်ချင်တယ်လို့ ပြောခဲ့တယ်နော်....ဟုတ်တယ်မို့လား"

"ဟုတ်တယ်"

"အဲ့တာက နည်းနည်းလေးတော့ ထူးဆန်းတယ်ဆိုပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူး"

ချွန်းမြောင်က သူ၏စကားကို သူကျေနပ်နေပုံနှင့် တခိခိပင်ရယ်လိုက်လေသေးသည်။

"ဆရာတူအကိုကြီးက သန်မာပြီးသားပါ"

"ဟင်"

"လေ့ကျင့်ခဲ့ရတာတွေ အလကားမဖြစ်တော့ဘူးလို့တော့ ထင်ရတာပေါ့လေ"

ဂျိုဂုက ချွန်းမြောင်၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်လေ၏။

"ဒါဆို ငါတို့က အခုတောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ယှဉ်လို့ ရပြီလား"

"အင်း....မေးတာကို ဖြေရမယ်ဆိုရင်တော့ ....နိုး.......ယှဉ်လို့ လုံးဝမရသေးဘူး"

ချွန်းမြောင်က ခေါင်းကိုပင် သွက်သွက်ခါပြနေလေသေး၏။

"ဒါပေမယ့် အခုလို မယှဉ်နိုင်သေးတာက ဆရာတူအကိုကြီးရဲ့ အင်အားကြောင့်တော့ မဟုတ်ဘူး...."

"ဒါဆို ဘာလို့လဲ"

"အကိုကြီးတို့က ကိုယ်ခန္ဓာတောင့်တင်းလာဖို့ ကြိုးစားခဲ့ကြပေမယ့် လုပ်ပြီးသားတစ်ခုတည်းကိုပဲ ထပ်ကာထပ်ကာ လုပ်နေကြလို့"

"ဘာကြီး"

ခန္ဓာကိုယ်...ဟုတ်လား....

ဂျိုဂုက ချွန်းမြောင်ပြောသည်ကို နားမလည်စွာနှင့် သူ၏ခန္ဓာကိုယ်ကို သူပြန်ကြည့်လိုက်လေသည်။

ငါ့ခန္ဓာကိုယ်ကဖြင့် ဒီလောက်ပြောင်းလဲသွားတာကို ...

ချွန်းမြောင်၏ထူးဆန်းသော လေ့ကျင့်ခန်းများ ကျေးဇူးနှင့် တတိယတန်းတပည့်များအားလုံးလိုလိုက ယခင်ကထက် သန်မာထွားကြိုင်းကာ အဆင့်များလည်း ပို၍မြင့်မားလာကြလေသည်။ မြင်ရုံနှင့်ပင် သူတို့သန်မာထွားကြိုင်းလာသည်က သိသာနေသည်ပင်။ ဤသည်ကိုပင် ချွန်းမြောင်ပြောနေသည်က အလိုမကျသည့် သဘောလား ၊ ဘာလားပင် ။ သူတို့သည်လည်း နားမလည်ကြပေ။

"လေ့ကျင့်ခန်းက တူတယ်ပဲထားပါဦး...ငါတို့ အခုလုပ်နေတဲ့ထဲမှာ မှားနေတာတစ်ခုခုရှိနေလို့လား"

"အင်း...အဲ့တာက အခုကျွန်တော် ဆရာတူအကိုကြီးတို့ကို ပြောဖို့ လုပ်နေတာပဲလေ...အဲ့တာကိုပဲ ပြောချင်နေတာ"

ချွန်းမြောင်က ပြုံးပြုံးကြီးပြောကာ ဂျိုဂုနားသို့ ကပ်လာလေ၏။

ချွန်းမြောင်က ဓါးကို နောက်တဖန်ဆွဲထုတ်လိုက်သည်နှင့် အသည်းအေးဖွယ်ရာ ဓါးအိမ်နှင့် ပွတ်တိုက်သံကြီးက ထွက်လာပြန်သည်။ ဂျိုဂုကမူ သူ့နားသို့ ကပ်လာသော ချွန်းမြောင်ကို တချက်ပင် အလွတ်မပေးဘဲ လိုက်ကာကြည့်နေလေ၏။

"ဆရာတူအကိုကြီး"

"အင်း"

"ဘာလို့ အကိုကြီး ဓါးရေးကို သင်နေတာလဲ"

"အဲ့တာကလား"

ဟွာဆန်းဂိုဏ်းတွင်မူ ဤမေးခွန်းအတွက် အဖြေက တစ်ခုသာရှိလေသည်။ ဓါးနှင့် ကိုယ်ခန္ဓာကိုယ် နားလည်ထိန်းချုပ်ကာ တောက်(ဝါ)တာအို ကျင့်စဉ်ကို အမြင့်မားဆုံးရောက်သည်အထိ ကျင့်ကြံရန်ပင် ဖြစ်လေသည်။

သို့သော် သူ့ရှေ့တွင် ရှိနေသူက ချွန်းမြောင်ပင် ။ ချွန်းမြောင်လိုချင်သည့်အဖြေက ထိုအဖြေမဟုတ်ဟု ဂျိုဂုထင်လေသည်။ ရမ်းသမ်းကာ စိတ်ထင်ရာဖြေလိုက်လျှင်လည်း မှားယွင်းသွားမည်ကို စိုးရိမ်သောကြောင့် ဂျိုဂု မဖြေဘဲ နှုတ်ဆိတ်ကာတာ နေလိုက်လေသည်။

"ငါတို့ရဲ့ပြိုင်ဘက်တွေကို ရိုက်နှက်ဆုံးမလိုက်ဖို့လား"

"ဝိုးးးးး"

ချွန်းမြောင်က လက်ခုပ်လက်ဝါးပင်တီးကာ အားပေးနေလေသေး၏။

"ဆရာတူအကိုကြီးဆီက ဒီလိုအဖြေမျိုးကြားရတော့ နည်းနည်းတောင် အံဩသွားတယ်...ပြီးတော့ အကိုကြီးဖြေတာ တာအို ကျင့်ကြံတဲ့ ကိုယ်တော်တွေအနေနဲ့ဆိုရင်တော့ မသင့်တော်ဘူး...ဒါပေမယ့် သာမန်ဓါးသမားတစ်ယောက်အနေနဲ့ဆိုရင်တော့ အဖြေက မှန်တယ်"

"ဆို‌တော့ အကိုကြီးရဲ့ အဖြေက တဝက်မှန်တယ်..တဝက်မှားတယ်ပေါ့.....

ဒါဆို အနိုင်ရဖို့ဆိုရင်ရော ...အနိုင်ရအောင်လို့ ကျွန်တော်တို့ ဓါးကို ဘာလုပ်တတ်ရမှာလဲ...

ဘာလုပ်ကြရမှာလဲ"

"ပိုပြီး သန်မာလာအောင် လုပ်ရမှာလား"

ဂျိုဂုသည်ကလည်း သူယုံကြည်သည့်အဖြေကို မစွန့်လွတ်ရှာပေ။ ချွန်းမြောင်က မည်မျှပင် တခြားလမ်းကြောင်းသို့ တင်ပေးစေကာမူ သူက သူ၏မူလအဖြေဆီသို့ပင် ပြန်ရောက်သွားစမြဲပင်။

"ဟုတ်တယ်..."

"ကျွန်တော်တို့ ပိုပြီးသန်မာလာဖို့လည်း လိုတယ်...လောကကြီးမှာက အားကြီးသူက အနိုင်ရစမြဲပဲ....ကိုယ့်ရဲ့ပြိုင်ဘက်ထက် ကိုယ်ကအားကြီးနေရင် ကိုယ်နိုင်မယ်...

ဒါပေမယ့် ဒီနေရာမှာ နည်းနည်းလေးတော့ မတူတာရှိတယ်"

"မင်းပြောချင်တာကို ငါနားမလည်ဘူး"

"ကျွန်တော်ပြောချင်တာက ရိုးရိုးလေးပါ..."

ချွန်းမြောင်က ဂျိုဂုကို ပြုံးပြကာ သူ၏ဓါးကို မြောက်လိုက်လေသည်။

"အခုကနေစပြီးတော့ အကိုကြီးနဲ့ ကျွန်တော် တိုက်ခိုက်ကြမယ်...ဆရာတူအကိုကြီးက ကျွန်တော့်ကို အနိုင်ရဖို့ ကြိုက်တဲ့နည်းလမ်း ဘယ်နည်းလမ်းကိုမဆို သုံးလို့ရတယ်... ကျွန်တော့်အလှည့်ကျရင်တော့ ကျွန်တော်ဓါးကို တစ်ခါပဲ ဝှေ့ယမ်းမယ်....သဘောတူလား"

"တကယ်ကြီးလေ..."

"အင်း"

ဂျိုဂု ချွန်းမြောင်၏စကားကြောင့် မျက်မှောင်ကြုတ်သွားလေသည်။

ဒီကလေးက တဆိတ်တော့ငါ့ခွန်အားကို အထင်သေးလွန်းနေတာမို့လား......

ဂျိုဂုက ချွန်းမြောင်နှင့်ယှဉ်ပြိုင်ရန်အသင့်တော်ဆုံးသူက သူဖြစ်သည်ကိုလည်း သိထားပြီးသားပင် ။ ချွန်းမြောင်အား ရင်ဆိုင်ရန်က သူမှလွဲ၍ တခြားသင့်တော်သောသူမရှိပေ။ ထို့ပြင် မည်မျှပင် ကြိုးစားစေကာမူ ချွန်းမြောင်အား မနိုင်လောက်သည်ကိုလည်း ကြိုတင်ကာပင် ခန့်မှန်းမိနေလေသည်။ သို့သော် ကြိုးစားကြည့်လျှင်မူ ရလဒ်က ကွဲပြားသွားနိုင်လေသေးသည်။ ထိုမျှသာမက ပို၍အားတက်ဖွယ်ရှိသည်က ချွန်းမြောင်က ဓါးအား တချက်သာလျှင် သုံးမည်ဆိုသောစကားပင်။ ကြားရသည်နှင့်ပင် အန္တာရယ် သိပ်မရှိတော့ ဟု ခံစားရစေသည်။

ငါ ဘယ်လောက်သန်မာနေပြီဆိုတာကို ပြရသေးတာပေါ့လေ.....

ဂျိုဂုကလည်း မာန်ကိုတင်းကာ သစ်သားဓါးကို မြောက်လိုက်လေသည်။

"မင်းက တကယ်ကြီး ဓါးအစစ်ကိုပဲ သုံးမှာလား"

"အင်း...သုံးမှာ"

"ထိခိုက်မိတာတွေ မဖြစ်နိုင်ဘူးလား"

"မပြောတတ်ဘူးလေ"

သောက်ချေး...ဒီထက်တိကျတဲ့အဖြေလေး ပေးပေးတော့ ဘာဖြစ်မှာမို့လို့တုန်း..

ဘာတုန်း မင်းက မင်းရဲ့ဆရာတူအကိုကြီးတွေကိုပါ အခုတော့ ရန်လိုနေပြီပေါ့လေ...

ဂျိုဂုခေါင်းကို ယမ်းကာ များနေသောအတွေးများကို ဖယ်ထုတ်လိုက်လေ၏။

"ငါတို့ စကြတော့မလား"

"စ လေ....."

ဂျိုဂုက ယုံကြည်ချက်အပြည့်နှင့် ဓါးကိုဆုပ်ကိုင်ထားသည်မို့ ဂျိုဂုကို ချွန်းမြောင်က ကြည့်ကာပြုံးပြရင်း မေးလာလေ၏။

"ဆရာတူအကိုကြီးကို ကြည့်ရတာ ယုံကြည်မှုတွေ အရမ်းကို ရှိနေတဲ့ပုံပဲ..."

"မင်းရဲ့ကျေးဇူးနဲ့ ငါ က သေလောက်အောင် လေ့ကျင့်ထားလို့လေ...ငါကိုယ့်ငါ ယုံနေနိုင်တာ"

"ဪ...အဲ့လိုလား"

ချွန်းမြောင်ကလည်း သူ၏ဓါးကိုမြောက်လိုက်လေသည်။

ယုံကြည်ချက်လား...အင်း ယုံကြည်ချက်ရှိတာ ကောင်းပါတယ်...

ဓါးကိုင်တဲ့သူတွေက ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိဖို့ သေချာပေါက်ကို လိုတာပဲကို...

ရှိရမှာပေါ့....ဒါပေမယ့်လည်း .........

ပညာမစုံခင် ယုံကြည်ချက်ပြင်းထန်နေတာကတော့ မဟုတ်သေးဘူး...

သူ ယုံကြည်ချက်ပြည့်ဝနေဖို့ နည်းနည်းတော့ စောလွန်းနေသေးတယ်...ထပ်ပြီးတော့ သင်ယူရဦးမှာ...

တတိယတန်းတပည့်လေးများသည် ဥပမာပေးကာ ပြောရလျှင်မူ ကြက်မကြီး၏ ရင်အုပ်မကွာစောင့်ရှောက်မှုမှ မလွတ်သေးသော ကြက်ပေါက်ကလေးများလိုပင် ။ အရဲကိုးကာ မိခင်မပါဘဲ အစာရှာခြင်း ၊ အပြင်ထွက်ခြင်းများကို မလုပ်နိုင်သေး ၊ မလုပ်သင့်သေးပေ။ အချိန်တစ်ခုကြာကာ အရွယ်ရောက်လာမှ ထိုသို့သော အလုပ်များကို မိမိကိုယ်တိုင် လုပ်ရသကဲ့သို့ တတိယတန်းတပည့်များအနေနှင့် ယခုအချိန်သည် ယုံကြည်ချက်ပြင်းထန်ကာ ဇောင်းကြွနေရမည့်အချိန်မဟုတ်ပေ။ အခြေခံအုတ်မြစ်များကို ပိုင်နိုင်စွာချကာ အခြေခိုင်စေရန် အသေအလဲကြိုးစားနေရမည့် အချိန်ဖြစ်လေသည်။ ဤသည်ကို သူတို့က သတိမထားမိကြသည်မို့ ချွန်းမြောင်က အသိပေးရမည့် အချိန်ပင် ဖြစ်လေသည်။

ဂျိုဂုက ချွန်းမြောင်အား ရန်လိုသောအကြည့်နှင့် ကြည့်လိုက်လေ၏။

"သေဖို့သာ ပြင်ပေတော့"

"ဟမ်...."

"ငါက မင်းကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတော့ မဟုတ်ပါဘူးကွာ....ဟားဟား....."

ဂျိုဂုက ပြောလည်းပြောရင်း ချွန်းမြောင်ဆီသို့ ခုန်ဝင်လာလေသည်။ ပုဂ္ဂိုလ်ရေးအရ ခံစားချက်များ မပါဟုဆိုသော်လည်း ချွန်းမြောင်ကိုတော့ အတည်ခုတ်ချင်နေသည့်ပုံပင်။

ဒါက ဘာသဘောတုန်း....

ငါများ သူ့မကျေနပ်အောင် လုပ်မိထားတာ ရှိလို့လား.....

ချွန်းမြောင် ဂျိုဂု၏ ဓါးချက်များကို ရှောင်နေရင်း နည်းနည်းပင် ခေါင်းစားသွားလေ၏။

"ကျားးးးး"

ဂျိုဂုကမူ အတည်ကြီးပင်တိုက်ခိုက်နေကာ သိုင်းကွက်များပင် ပြောင်းနေပြီဖြစ်လေသည်။

"ပန်းပွင့်ကြွေ"သိုင်းပင် ။ ဤသိုင်းပညာအား သူတို့ စတင်ကာ သင်ယူသည်က လဝက်မျှသာ ရှိသေးသော်လည်း ဂျိုဂုကမူ ကောင်းကောင်းမွန်မွန်သုံးတတ်နေပြီဖြစ်လေသည်။

ဒီကလေး တော်တော်လေးတော့ တော်သားပဲဟ...

ချွန်းမြောင်က ဂျိုဂုကို စိတ်ထဲမှ ကြိတ်ချီးကျူးကာ အထင်ကြီးသောမျက်လုံးများနှင့်ပင် ကြည့်မိသွားလေသည်။

ကွယ်ဝှက်နေသေးသော ဓါးစွမ်းရည်များကို ကြည့်ကာ ချီးကျူးလိုက်ပြီး ဂျိုဂုသည်လည်း အနာဂတ်တွင် ဟွာဆန်း၏ ကျော်ကြားသောသူတစ်ယောက်ဖြစ်လာမည့်အရေးကို ကြိုပင် မြင်မိသွားလေသည်။ သူ၏ခန့်မှန်းချက်အရဆိုလျှင် လီဆုန်ဘတ်ကိုပင် အမီလိုက်နိုင်သူတစ်ယောက်ဖြစ်လာပေလိမ့်မည်။

"အကိုကြီးကြည့်ရတာ ဒီထက်ပိုပြီးကောင်းကောင်း မတိုက်နိုင်တော့ဘူးထင်တယ်နော်"

"ကောင်းကောင်းတဲ့လား"

"ဟုတ်တယ်လေ....အကိုကြီးက မသိရင် ချွန်းမြောင်ကို တိုက်ခိုက်နေတာနဲ့ မတူဘူး...ထောင့်ရောက်သွားအောင် တွန်းနေတဲ့အတိုင်းပဲ"

ယွန်းဂျွန်က မျက်စိရှေ့မှမြင်ကွင်းအား ကြည့်ကာ ခါးသက်သက်ပြုံးလိုက်လေ၏။

"အင်း မြင်နေရတာတော့ အဲ့လိုဖြစ်နေသလိုပဲ"

"ဘယ်လို"

"သူက ချွန်းမြောင်ကို ထောင့်ကို တွန်းနေတာနဲ့တူပေမယ့် သု့ကို ပြန်ပြီးတိုက်ကွက်မဆင်နိုင်အောင်လို့ တမင်ထောင့်ကို ပို့နေတာလည်း ဖြစ်နိုင်တယ်"

"အာ....အဲ့လိုလား"

အခြားသူများက ဂျိုဂု၏ဓါးရေးကို အံဩတကြီးကြည့်နေကြသော်လည်း ယွန်းဂျွန်ကမူ ချွန်းမြောင်၏သိုင်းကွက်များကိုသာ ဂရုတစိုက်လိုက်ကြည့်နေလေ၏။

ခြေထောက်ကစားသည်လည်း မဟုတ်ပေ။

ခြေထောက်သိုင်းကွက်များကို သီးသန့်သုံးနေခြင်းမျိုးလည်း ချွန်းမြောင်တွင် မရှိပေ။

ထိုမျှသာမက သိုင်းကွက်တစ်မျိုးမျိုးကိုလည်း အထူးတလည်သုံးနေခြင်းမျိုး မရှိပေ။

ဂျိုဂုက ကပ်လာလျှင် သူက နောက်ဆုတ်သွားပြီး ဂျိုဂုက နောက်ဆုတ်သွားလျှင် သူက ရှေ့တိုးလာသည်ပင်။

ခေါင်းကို ရွယ်ကာတိုက်ခိုက်လျှင် ခေါင်းကို လက်မလေးတင် ရှောင်တိမ်းပြီး ကိုယ်ကိုရွယ်လျှင် ကိုယ်ကလေးတိမ်းရုံသာ ရှောင်လေသည်။ ဓါးသိုင်းကကွက်တစ်မျိုးမျိုး ကနေသည့်အတိုင်းပင်။ ပွတ်ကာသီကာလေး ရှောင်ရှားနေသည်ကိုကပင် ကြည့်ရှုနေသူများကို အသည်းတအေးအေးနှင့် ရင်တထိတ်ထိတ် ဖြစ်စေလေသည် ။

ဂျိုဂုသည်လည်း ကျားကုတ်ကျားခဲအားထုတ်ကာ ကြိုးစားတိုက်ခိုက်နေသော်လည်း ယခုအချိန်ထိပင် ချွန်းမြောင်အား တချက်မထိသေးပေ။ ဂျိုဂု၏သိုင်းကွက်များကို ကြိုသိကာ ကပ်ရှောင်လေး ရှောင်နေသည့်အလားပင်။

ချွန်းမြောင်က ဂျိုဂုရဲ့ သိုင်းကွက်တွေကိုတော့ ကြိုတင်ခန့်မှန်းနိုင်နေတာ မဟုတ်ပါဘူးနော်...

ယွန်းဂျွန်ကိုယ်တိုင်သည်လည်း ချွန်းမြောင်နှင့်တိုက်ခိုက်ဖူးသည်က ချွန်းမြောင် စကာရောက်လာသည့်ညက ရိုက်ခံရသည်နှင့် အတူလေ့ကျင့်သည့်အချိန်များသာ ဖြစ်လေပြီး ချွန်းမြောင် တိုက်ပွဲတစ်ခုတွင် ဓါးရေးယှဉ်နေသည်ကို မြင်ဖူးသည်က ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်လေ၏။

ချွန်းမြောင်နှင့် သူတို့အားလုံး၏ ဓါးရေးအဆင့်က မတူညီသည်ကို သူလည်း နားလည်ပေလေ၏။

"ယားးးး"

ဂျိုဂုက အားကုန်အော်ကာ ဓါးကို လွဲကာခုတ်လိုက်လေ၏။ မထိပေ။ ချွန်းမြောင်နှင့် တိုက်ခိုက်နေရသည်က သရဲတစ္စေတစ်ကောင်နှင့် တိုက်ခိုက်နေရသည့်အလားပင် ။ လူကိုမြင်၏ ဓါးနှင့် တိုက်လိုက်၏။ ထိုနေရာတွင် ချွန်းမြောင် မရှိတော့ပေ ။ သူ့ကာ ပွတ်ကာသီကာနှင့် ရှောင်ရှားနေသည်က တမင်ပင် ရည်ရွယ်ချက်ရှိရှိ ကစားနေသည့်အလားပင်။ သူ ကြိုးစားကာ အသည်းသန်တိုက်ခိုက်နေသည်ကိုပင် တချက်မထိသေးသည်က သာမန်ဟုတော့ မဆိုနိုင်တော့ပေ။ ဂျိုဂု မအီမသာနှင့် စိတ်ပျက်လက်ပျက်ပင် ဖြစ်လာလေသည်။

ဂျိုဂုသည် ချွန်းမြောင် ဟွာဆန်းသို့ စတင်ကာရောက်လာသည့် ပထမဆုံးသော ညမှာပင် ချွန်းမြောင်အား ရှုံးနိမ့်ခဲ့ပြီး ယခုထိလည်း ရှုံးနိမ့်နေဆဲပင် ဖြစ်လေ၏ ။ သူ၏ကြိုးစားမှုများက အရာထင်ပုံမရပေ။ ဂျိုဂုအံကို ကြိတ်ကာ ဓါးကို ဝှေ့ယမ်းလိုက်လေသည်။

"အားးးးး"

ဂျိုဂု၏ ဓါးမှ အပြာရောင်ရောင်စဉ်တန်းများက ထွက်လာလေ၏။

"ဓါးချီစွမ်းအားလား"

"သူ ဓါးချီစွမ်းအင်ကို သုံးလိုက်တာလား"

ဂျိုဂုက ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေကို အသုံးချကာ ချွန်းမြောင်အား အလဲထိုးရန် ဆုံးဖြတ်လိုက်လေသည်။ သို့သော်.....

"ကဲ..အဆုံးသတ်လိုက်ကြရအောင်"

ချွန်းမြောင်က ရှေ့သို့ပြေးဝင်လာပြီး ဂျိုဂု၏ ခေါင်းအား သူ၏ဓါးနှင့်ပိုင်းကာ ဖြတ်လိုက်လေတော့၏။

ချွန်းမြောင်၏ ထက်ရှစူးလက်သော ဓါးအလင်းရောင်ကို ဂျိုဂုမြင်လိုက်ရလေသည့်အချိန်တွင် လောကကြီးက ရပ်တန့်သွားသကဲ့သို့ပင် ခံစားလိုက်ရလေသည်။ ထိုအချိန်မှာပင် ချွန်းမြောင်၏ဓါးက လားရာပြောင်းသွားလေပြီး ဂျိုဂု၏ ဘေးမှလျပ်ကျသွားကာ ဓါးလျပ်သွားသောအရှိန်ကြောင့် တိုက်ခတ်လာသည့် လေနုအေးလေးများကိုပင် သူခံစားမိလိုက်သကဲ့သို့ပင်။

ဒါက ....ဒါက

ငါသေရတော့မှာများလား...

ဂျိုဂု မျက်စိကိုပင် မဖွင့်ရဲချေ။ ဖွင့်လိုက်သည်နှင့် သူပုံရိပ်ယောင်လောကသို့ ရောက်သွားကာ သေဆုံးပြီးသားလူဖြစ်သွားမည်ကို စိုးရိမ်နေလေသည်။ ထို့ပြင့် သူ့ခေါင်းထက်သို့ ကျလာမည့် ဓါးချက်ကိုလည်း မသိစိတ်က စောင့်နေမိလေသည်။

သို့သော် .......

အချိန်တစ်ခုကြာသည်အထိ ဓါးချက်က ကျမလာခဲ့ပေ။ သို့မဟုတ် သူမသိလိုက်သည့် အချိန်မှာပင် ဓါးချက်မိ၍ သေဆုံးပြီးသား ဖြစ်သွားလေသလားပင်။

ဂျိုဂု စိတ်ကို တင်းကာ မျက်စိကို ဖွင့်ကာ ကြည့်လိုက်လေတော့ ချွန်းမြောင်က သူ့အား ပြုံးပြနေလေသည်။

"သေကြည့်ရတာ ဘယ်လိုနေလဲ"

"......."

ဘာပြောလိုက်တာလဲ..ခွေးလေး....

ငါတော့ တကယ်သေပြီ မှတ်ပြီး ကြောက်လိုက်ရတာ ...

ဒီမျိုးမစစ် ချီးကတော့ ....

ကောင်းတယ်...ကောင်းတယ်....အတော့်ကို့ ကောင်းတယ်...အဲ့မှာ ကမြင်းကြောထပြီး လုပ်နေလိုက်...

ခွေးသားလေး....

ဂျိုဂုစိတ်ထဲမှနေကာ သူ့ရှေ့တွင်ရှိနေသော ချွန်းမြောင်အား အစုံအစိပင် ကျိန်ဆဲလိုက်လေတော့သည်။

All Chapters