← Chapters

အခန်း (၈၅-၈၇)

Vol. 6 Ch. 85-87

အခန်း (၈၅-၈၇)

Vol. 6 Ch. 85-87

အပိုင်း (၈၅)

တိုက်မယ်ဟုတ်လား....မင်းတော့ သေပြီပဲ(၅)

ချွန်းမြောင်က ကြိမ်းဝါးကာ ဘတ်ချုန်းဆီသို့ လျှောက်လာလေသည်။

အဲ့ကလေး စိတ်လွတ်သွားတာတော့ မဟုတ်ပါဘူးနော်.....

ဘတ်ချုန်းကမူ ချွန်းမြောင်ကိုကြည့်ကာ ဒွိဟများ ပွားနေရလေ၏။ ချွန်းမြောင် ဘတ်ချုန်းထံသို့ လျှောက်လာပုံက အနောက်အရပ်မှ ဓါးပြများက သာမန်လူများအား ဓါးပြတိုက်ရန်လာနေသည့်ပုံမျိုးနှင့်ပင် လာနေလေ၏။

ဘတ်ချုန်း ဒွိဟများနေရသည့် အကြောင်းအရင်းက နှစ်မျိုးရှိလေသည်။

ပထမအကြောင်းကမူ ချွန်းမြောင်၏ လူဆိုးလူညစ် လူယုတ်မာသဖွယ် သရုပ်ဆောင်နေမှုကြီးက အတော့်ကို ပီပြင်၍ ဖြစ်လေသည်။ ဒုတိယအကြောင်းကမူ ယခု ချွန်းမြောင် ခြိမ်းခြောက်နေသကဲ့သို့ ဘတ်ချုန်းအား မည်သူကမျှ မ ခြိမ်းခြောက်ဘူး၍ ဖြစ်လေသည်။

အဲ့ကလေး တကယ်ပဲ စိတ်လွတ်သွားတာလား...

ဘတ်ချုန်းသည် ချွန်းမြောင်၏ နည်းပြအဆင့်ရှိသူတစ်ယောက်ဖြစ်လေသည်။ မည်သူကိုမျှ မပြောကြေးကတိထားထားကြသည်မို့ ဤပြိုင်ပွဲတွင် မည်သို့ဖြစ်ခဲ့စေကာမူ ကိစ္စမရှိပေ။ ဆရာတပည့်အနေအထား ဖြစ်၍ မညှာတာလျှင်လည်း ရပေသည်ဟု ဆိုရပေမည်။ သို့သော် ဘတ်ချုန်းတွေးနေသည်က အခြားတစ်ခုပင်။

ဘတ်ချုန်းသည် ဟွာဆန်းဂိုဏ်းသို့ ဝင်ရောက်ကာစကမူ ချွန်းမြောင်ထက်ပင် ငယ်လေသေးသည်။ သူ၏ သိုင်းပညာသက်တမ်းသည် အနည်းဆုံး ဆယ့်ငါးနှစ်ကျော်နေလေပြီ ဖြစ်ပြီး ရောက်သင့်ရောက်ထိုက်သော အဆင့်တစ်ခုသို့ ရောက်နေပြီဟုလည်း ပြော၍ရလေ၏။ ချွန်းမြောင်ကမူ ဟွာဆန်း၏ အငယ်ဆုံးဂိုဏ်းသားတစ်ယောက်ဖြစ်လေပြီး ဂိုဏ်းသို့ မဝင်ခင် ပြင်ပမှာပင် သိုင်းပညာသင်ဖူးလင့်ကစား၊ ကုန်ကုန်ပြောရလျှင်မူ အမိဝမ်းကတည်းကပင် ဓါးကိုင်လာလျှင်ပင် သူ၏သိုင်းပညာသက်တမ်းကိုတော့ မမီသေးပေ။ သို့ဖြစ်၍ မည်မျှပင် တော်နေစေကာမူ ဘတ်ချုန်းအား အနိုင်တိုက်ရန်ဆိုသည်က မဖြစ်နိုင်သောကိစ္စပေ။ သို့သော် ထိုကလေးက သူ့အား အနိုင်ပိုင်းနိုင်မည်ဟု သေချာပေါက်ပင် ယုံကြည်ထားသည့်ပုံပင်။ ထိုယုံကြည်မှုများက မည်သည့်နေရာမှ လာခဲ့သည်ကို ဘတ်ချုန်းသိချင်လှပေ၏။

"မင်းက တကယ့်ကို ရူးနေတာပဲ"

"ဟား...ဟား...ဘယ်ကသာ ဒီနေရာမှာ ရူးနေတဲ့သူက မင်းတစ်ယောက်ထဲပဲ ရှိတာ"

"ဘာ....ကွ"

"မင်းသာ မရူးနေရင် ဘယ်လိုလုပ် ငါ့ကို စိန်ခေါ်ရဲမှာတဲ့လဲ"

ချွန်းမြောင်၏ အတိတ်မှ ဉာဉ်ဆိုးက ပြန်လည်နိုးထလာခဲ့ပြီ ဖြစ်လေသည်။ အညှာတာမရှိသော ချွန်းမြောင်က ပြန်ရောက်လာချေပြီ။ ထိုကဲ့သို့ ချွန်းမြောင်၏ ရန်လိုတတ်ကာ အညှာတာကင်းမှုတို့ကြောင့် တောင်ဘက်အစွန်အဖျားဂိုဏ်းက ချွန်းမြောင်အား ' သက်ရှိလောကမှ မကောင်းဆိုးဝါး' ဟု ခေါ်တွင်လေပြီး ဝူတန်ဂိုဏ်းကမူ ' တော်လွန်းသော်လည်း ပတ်ဝန်းကျင်အား အန္တာရယ်များစေလှသည့် သူရဲကောင်း' အဖြစ် ဉပမာထားကာ ပြောလေ့ရှိလေသည်။

သွားသေပေတော့....

ချွန်းမြောင်က လက်ကို မြောက်လိုက်လေသည်။

ချွန်းမြောင်သည် ပင်ကိုသဘာဝအရဆိုလျှင် အကြမ်းဖက်တတ်သူတစ်ယောက် မဟုတ်ပေ။ အကြမ်းဖက်သည်ဟု သတင်းကြီးသော်လည်း စင်စစ်မူ မဟုတ်ပေ။ ချွန်းမြောင်အလိုရှိသကဲ့သို့ မဖြစ်လာ၍သာ အလိုရှိရာရအောင် ကြိုးစားရင်း ထိုသတင်းက ထွက်လာခြင်း ဖြစ်လေသည်။ မေးနေချိန်တွင် ဖြေလျှင် ရိုက်နှက်ကာ မေးရသည်က ရှိလာမည် မဟုတ်ပေ။ တောင်းနေချိန်တွင် ပေးလျှင် အင်အားသုံးကာ ယူရခြင်းက ရှိလာမည် မဟုတ်ပေ။ ပြောနေချိန်တွင် နားထောင်လျှင် ဖိနှိပ်ကာ ထားရခြင်းက ရှိလာမည် မဟုတ်ပေ။ သူတို့ကိုယ်တိုင်ကသာ ထိုသို့သော အခြေအနေမျိုးကို တောင်းဆိုကြ၍ ထို့သို့ ချွန်းမြောင်က ရက်စက်ရခြင်း ဖြစ်လေသည်။

"မင်းရဲ့ မသိစိတ်မောဟက အဆုံးမရှိပါလား...အသိစိတ်ကို မဝင်နိုင်ပါလား...

ငါ့လက်တွေနဲ့ မင်းကို သင်ခန်းစာပေး......"

"လာလိုက်စမ်းပါ"

"မင်း ဘာပြောလိုက်တာ"

ချွန်းမြောင်က ပုခုံးကို တွန့်ပြကာ ပြောလိုက်လေသည်။

"ငါက ပုံမှန်ဆိုရင်တော့ မတိုက်ခိုက်ခင် စကားပြောရတာကို မကြိုက်ဘူး.... မင်းကလည်း ခဏနေကျရင် ပြောချင်ရင်တောင် ပြောနိုင်တော့မှာ မဟုတ်ဘူးဆို‌တော့ စကားတွေများမနေပဲ လာသာလာလိုက်စမ်းပါ"

"အဆုံးထိကို မင်းက စိတ်ကြီးဝင်နေတုန်းပဲကို..... ခွေးကောင် မျိုးမစစ်"

ဘတ်ချုန်းကလည်း သူ၏ဓါးကို ဝင့်လိုက်လေသည်။

အချိန်များကို ထပ်ကာဖြုန်းမနေချင်တော့ပေ။

ငါ သူ့ကို လွယ်လွယ်ကူကူပဲ အဆုံးသတ်လိုက်နိုင်မှာပါ...

ဘတ်ချုန်းက အံကိုကြိတ်လိုက်သည်

မည်မျှပင် သူဒေါသထွက်နေလင့်ကစား သူ၏ဂိုဏ်းတူညီလေးကိုတော့ သူ လက်စတုံးလိုက်၍ မဖြစ်ပေ။

သို့သော်လည်း ချွန်းမြောင်က သူ၏ဓါးရေးပညာအပေါ်တွင် အလွန်ပင် ယုံကြည်ချက်ပြင်းထန်နေဟန် ပေါ်သောကြောင့် အတော်အသင့်တော့ ပညာပေးရန် ဘတ်ချုန်း ဆုံးဖြတ်ထားလိုက်လေသည်။

ဘတ်ချုန်းသည် သူ၏ဓါးကို ဆ ကာ ချွန်းမြောင်ထံသို့ ချိန်ရွယ်ထားလိုက်လေပြီး ဓါးသိုင်းကွက်အနည်းငယ်ကိုပင် ကစားလိုက်လေသေးသည်။ ဘတ်ချုန်း၏ ဓါးသည် ယုရီဆိုး၏ ဓါးနှင့်တူသယောင်ယောင် ရှိသော်လည်း မတူပေ။ ဘတ်ချုန်း၏ ဓါးက ပို၍ပင် ကြီးမားလေးလံပုံရလေသည်။

ပြောရလျှင်မူ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ကိုင်ဆောင်သော ဓါးများနှင့်ပင် တူလေသေးသည်။

ဘတ်ချုန်း၏ သိုင်းကွက်များသည် ဟွာဆန်း၏ သိုင်းပညာများကို အခြေခံထားသော သိုင်းကွက်များဖြစ်လေပြီး အနည်းငယ် အဆင့်မြင့်သော သိုင်းကွက်များလည်း ဖြစ်ပေသည်။ ချွန်းမြောင်က ဘတ်ချုန်း၏ သိုင်းကွက်များကို ခဏမျှကြည့်ကာ အကဲခတ်လိုက်လေ၏ ။ ဘတ်ချုန်း၏ သိုင်းကွက်များက တမူထူးဆန်းသည်ဟုတော့ ပြောရပေမည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းသည် သူတို့၏ ကနဦးမူလသိုင်းပညာများကို စွန့်ပစ်ကာ ဟွာဆန်း၏ သိုင်းပညာများကို ခိုးယူတုပကာ သင်ကြားကြသကဲ့သို့ပင် ဘတ်ချုန်းသည်ကလည်း ဟွာဆန်းဓါးသိုင်းပညာ၏ ခမ်းနားမှုကို လျော့ချကာ တောင်ဘက်အစွန်အဖျားဂိုဏ်း ဓါးသိုင်း၏ ရိုးရှင်းမှုနှင့် ပေါင်းစပ်ထားလေသည်။

အင်း....သေချာကြည့်ကြည့်တော့လည်း သာမန်ပါပဲ....

ဓါးသိုင်းပညာရပ်တိုင်းက အပြောင်းအလဲရှိသည်ကတော့ အမှန်ပင်။ အဆင့်တက်သွားစေမည့် သိုင်းကွက်တိုင်းကို ဓါးသိုင်းပညာများကလည်း အမြဲလိုလိုပင် ရှာဖွေနေကြရသည်မို့ ဤသို့ပေါင်းစပ်ထားသည့် ဓါးသိုင်းပညာများ ရှိနေသည်က ဆန်းတော့ မဆန်းပေ။ မိမိ၏ စွမ်းရည်ပိုမို မြင့်မားလာရေးအတွက် လုပ်သင့်သည့်အရာကို သင့်တော်သလို လုပ်ကြခြင်းပင်မို့ အပြစ်ပြောရန်လည်း မရှိပေ။

ဟွာဆန်း၏ ဒုတိယတန်းတပည့်များအနေနှင့်မူ ကျင်းပခဲ့ပြီးသော ညီလာခံများတွင် တောင်ဘက်အစွန်အဖျားဂိုဏ်းကို အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ပြီးဖြစ်သောကြောင့် ဂိုဏ်းနှစ်ဂိုဏ်းကြားမှ ကွာခြားချက်ကိုလည်း ကောင်းကောင်းကြီးပင် သိထားပြီး ဖြစ်လေသည်။ တောင်ဘက်အစွန်အဖျားဂိုဏ်းကို ကောင်းကောင်း မယှဉ်နိုင်ကြသောကြောင့် ထိုဂိုဏ်း၏ သိုင်းကွက်များထဲမှ သင့်တော်သည်ဟု ထင်သော သိုင်းကွက်များကို ကူးယူထားလိုက်ကြဟန် ပေါ်လေသည်။ ထို့ကြောင့်ပင် ဤသို့ရောစပ်ထားသော သိုင်းကွက်များ ဖြစ်ပေါ်လာခြင်း ဖြစ်ပေလိမ့်မည်။ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း အပြန်အလှန်ကူးချနေသည့်အဖြစ်ကြီးက ဟားတိုက်ဖွယ်ရာပင်။

ရိုးသားချင်ယောင်ဆောင်နေကြတဲ့ သောက်ရူးတွေ...

ချွန်းမြောင် ရယ်ချင်မိသွားသည်ထက် အထင်သေးသွားသည်က ပိုလေသည်။

ဘတ်ချုန်းက ထိုသို့ ဟွာဆန်း၏သိုင်းကွက်များကို တောင်ဘက်အစွန်အဖျားဂိုဏ်း၏ သိုင်းကွက်များနှင့် ပေါင်းစပ်လိုက်သော်လည်း မည်မျှပို၍ ကောင်းသွားသနည်း........လျှိုးကြည့်နှင့် ငုံ့ကြည့် ၊ ထူးမခြားနားပေ။

အရူးကောင်က တခြားဂိုဏ်းရဲ့ အခြေခံကိုတောင် မသိဘဲနဲ့ ကူးချထားလိုက်သေးတယ်....

ချွန်းမြောင် သူများအားကိုး ပုဆိန်ရိုးလုပ်နေသော ဘတ်ချုန်းအား ဟွာဆန်း၏ မူလသိုင်းပညာသည်က မည်မျှသန့်ရှင်းကာ သန်မာစွမ်းအားမြင့်မားလှသည်ကို ပြသရပေဦးမည်။

ဘတ်ချုန်းက ကြုံးဝါးလိုက်လေသည်။

"ငါ ဒီနေ့ မင်းရဲ့ အချိုးတွေကို ကောင်းကောင်းကြီး ပြင်ပေးလိုက်မယ်"

ချွန်းမြောင်ကမူ သူ့ထံသို့ ဓါးရွယ်ထားသော ဘတ်ချုန်းကို ကြည့်ကာ လက်သီးကိုတင်းတင်းဆုပ်ထားလေသည်။

"ငါ ဒီနေ့ပြင်ပေးလိုက်မယ်....."

ညာခြေကို နောက်သို့လှမ်းကာ အားယူလိုက်လေ၏။

"မင်းရဲ့ အကျင့်တွေကို"

ထို့နောက်တွင်မူ ခေါင်းကို နောက်သို့ အနည်းငယ် ဆုတ်လိုက်လေသည်။

"ဘယ်ဟာများလဲ"

လက်သီးကို အားအပြည့်နှင့် အရှိန်ယူကာ ထိုးချလိုက်လေ၏။

"အခုချိန်ထိ ဘယ်သူ့မှ ငါ့ကို သောက်ကျိုးမပြင်ပေးနိုင်သေးဘူး....မျိုးမစစ်ကောင်ရဲ့"

ချွန်းမြောင်၏ လက်သီးက ဘတ်ချုန်း ဓါး၏ လားရာအတိုင်းပင် ဝင်လာကာ ဓါးသွားကို လူက ငုံ့ကာ ရှောင်တိမ်းလိုက်လေပြီး ဓါး၏နောက်တွင်ပါလာသော ဘတ်ချုန်း၏ မေးရိုးအား ပင့်ကာ ထိုးချလိုက်လေသည်။

ဘတ်ချုန်းကမူ သူ၏ဓါးချက်ကို လက်ဗလာနှင့် ရှောင်ကွင်းသွားသည့် ချွန်းမြောင်ကို ကြည့်ကာ အံအားသင့်နေလေသည်။ သို့သော် အံဩနေချိန်မရလိုက်ပေ။ မေးရိုးတွင် ပူထူနေသော ခံစားချက်ကို ရလိုက်လေပြီး မကြာခင်မှာပင် လည်ပင်းနောက်မှ အသံတစ်သံကလည်း ထွက်လာလေသည်။

ချက်ချင်းဆိုသလိုပင် အာရုံများက ဝေဝါးသွားလေပြီး လူကလည်း နောက်ပြန်လှန်ကြသွားလေသည်။

ဘာလား...

ဘာဖြစ်တာလဲဟ...

သူ၏ အာရုံများက ဝေဝါးနေဆဲပင် ဖြစ်ပြီး သူ၏ခန္ဓာကိုယ်က ရုတ်တရက်ကြီး ဘာဖြစ်သွားမှန်းပင် ဘတ်ချုန်း မသိလိုက်ပေ။ သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် လဲနေလေပြီး ကျောရိုးထဲမှလည်း အလွန်အမင်းပင် နာကြင်နေလေ၏။

"အား.....ကျွတ်...."

ကျောအနည်းငယ် ဆန့်လိုက်သောအခါ ခါးက အဆင်ပြေသလို ဖြစ်သွားသော်လည်း အထိုးခံလိုက်ရသည့် မေးရိုးကမူ နာကြင်လာပြန်လေသည်။ နာကြင်နေသော မေးရိုးကို ပွတ်လိုက်ရင်း ဘတ်ချုန်းညည်းတွားလိုက်လေသည်။

သိုင်းပညာသင်ယူလေကတည်းက နာကြင်မှုဆိုသည်က ရှိလေပြီး လေ့ကျင့်ရေးများကလည်း ပြင်းထန်လှသည်မို့ တမင်သက်သက်ပင် နာကြင်မှုနှင့်အသားကျနေစေရန် လေ့ကျင့်လုပ်ယူထားရပြီး တော်ရုံနာကြင်မှုများ ၊ဒဏ်ရာများကိုလည်း မမှုပေ။ သို့သော် ယခု ချွန်းမြောင်ထိုးလိုက်သည့် ထိုးချက်ကမူ မည်သို့သော နာကြင်မှုမျိုးနှင့်မှ နှိုင်းယှဉ်၍မရအောင်ပင် နာကြင်လှလေသည်။

"ထစမ်းပါ....မျိုးမစစ်ကောင်ရဲ့"

ချွန်းမြောင်က ဘတ်ချုန်းနားသို့ ကပ်လာကာ မေးဆတ်ပြရင်း ခေါ်လိုက်လေသည်။ ဘတ်ချုန်း အရှုံးမခံပေ။

ထလာလေ၏။

"အိုး...တကယ်ကြီး ထလာတာလား...."

ချီး...မထစရာလား...

မင်း က စိန်ခေါ်နေတာလေ...

ငါ့ကို လှောင်ရယ်နေတာလေ......ငါ အရှုံးပေးစရာ အကြောင်းမရှိဘူး....

ဘတ်ချုန်း တုန်ရီနေသော ခြေအစုံနှင့် ဓါးကိုအားပြုကာ မတ်တပ်ရပ်လာလေသည်။ သွေးအရသာ ကလည်း ခံတွင်းထဲတွင် ပြန့်နှံ့ နေပြီး သူ၏လက်ရှိအခြေအနေကို အသိပေးနေသကဲ့သို့ပင်။

"ဘယ်လိုလုပ်ပြီးတော့လဲ"

ချွန်းမြောင်၏ သိုင်းကွက်များကို သတိမပြုလောက်နိုင်အောင်အထိ ဘတ်ချုန်းက မရူးနှမ်းသေးပေ။ မည်သူကမှလည်း ကံကိုယုံမှတ်ကာ ဓါးလမ်းကြောင်းအတိုင်း လက်ဝင်ထိုးရဲမည် မဟုတ်သည်ကို ဘတ်ချုန်းသိလေသည်။ ချွန်းမြောင်က တမင်သက်သက်ပင် လက်လျှိုကာ တိုက်လိုက်သည်ကိုလည်း ဘတ်ချွန်းသိပေသည်။

"မင်း ဘယ်လို လုပ်လိုက်တာလဲ"

"မင်းရဲ့ ဓါးသိုင်းက အထွတ်အထိပ်ရောက်နေတဲ့ အရှိန်နဲ့ အလျင်ကို လျော့ထားတယ်လေ....မင်း လိုသလိုဓါးလမ်းကြောင်းကို ပြောင်းယူလို့ရအောင်လို့ ဒီလိုလုပ်ထားတာ မို့လား....အဲ့လို လုပ်ထားတော့ရော ဘာထူးလဲ........မင်း သိုင်းကွက်ကြီးက အလကားဖြစ်သွားတာပဲ မို့လား.......တကယ်က မင်းက အကောင်းဆုံးတွေ လိုချင်လို့ လောဘကြီးပြီး နှစ်ခုတစ်ခုပေါင်းထားတာကနေ ပြဿနာက စတာပဲ....

အဲ့တာတွေကပဲ မင်းရဲ့ဓါးသိုင်းကို မတိုးတက်အောင် ဟန့်တားထားတာ"

ဘတ်ချုန်း ချွန်းမြောင်၏အပြောကြောင့် မျက်လုံးများပင် ပြူးကျယ်ကုန်လေသည်။

"ဘယ်သူမှလည်း အဲ့သိုင်းကို အထွတ်အထိပ်မရောက်ကြသေးပါဘူး"

"ဒါပေါ့...ရောက်စရာ အကြောင်းမှ မရှိတာ.....

အကုန်လုံးက သောက်ရူးတွေကို ...အကြီးအကဲတွေတောင် ဘယ်အဆင့်ရောက်သေးတာမို့လို့လဲ"

နေပါဦး....အကြီးအကဲတွေက လက်ရှိ ဘယ်အဆင့်မို့လို့လဲ.....

"မင်းပြောချင်တာက ငါ့ရဲ့ ဓါးသိုင်းက မှားနေတာကြောင့်လို့ ပြောချင်တာလား"

"ဟုတ်တယ်"

" မင်း ဒီပုံအတိုင်းဆို အခုတော့ ဂိုဏ်းမှာ နည်းနည်းလေး အရာဝင်နေပေမယ့် နောက်ဆို မင်းရဲ့ ဂိုဏ်းတူညီလေးတွေအကုန်လုံးက မင်းကို ကျော်တက်သွားကြတော့မှာ"

"မင်းက ဘယ်လိုသိလို့ ဒါမျိုးတွေ ပြောနေရတာလဲ....မင်း က ဂိုဏ်းရဲ့ အငယ်ဆုံးကျောင်းသား...

သိုင်းပညာသင်တာ ဘယ်လောက်ကြာသေးလို့လဲ.....မင်းပြောသမျှကို ငါက ယုံနေရမှာလား...

ငါ မယုံဘူး"

"အာ...မယုံလည်း နေလေ....သဘောပဲ"

ချွန်းမြောင်က မဲ့ပြုံးလေပြုံးကာ ပြောလိုက်လေသည်။

ချွန်းမြောင်၏ စကားများကို ဘတ်ချုန်းမယုံသည်က မဆန်းတော့ပေ။ ချွန်းမြောင်တို့ခေတ်ကပင် ထိုသို့ ရောစပ်ကာ လေ့ကျင့်ကြသူများ ရှိကြလေသည်။ဟွာဆန်းတွင်မှ ရှိသည်မဟုတ်။ တောင်ဘက်အစွန်အဖျားဂိုဏ်းတွင်လည်း ထိုသို့ ရောစပ်လေ့ကျင့်ကြည့်ကြသူများ ရှိပေသည်။ သို့သော် ထိုသို့ ရောစပ်လေ့ကျင့်ခြင်းက အချိန်ကုန်သည်သာ အဖတ်တင်လေ၏ ။ သိုင်းပညာက တိုးတက်မလာပေ။ မူလဇစ်မြစ်မတူသော သိုင်းပညာနှစ်ခုရောစပ်ခြင်းသည် ဆီနှင့်ရေ ရောသကဲ့သို့ပင်။ အခြေခံတူသော သိုင်းမျိုးကို ရောစပ်သည်ကသာ ဖြစ်နိုင်ချေ ရှိလေပြီး သဘောသဘာဝမတူသည့် နှစ်ခုကို ရောစပ်ခြင်းကမူ မဖြစ်သင့်သည့်ကိစ္စပင်။

ထို့ပြင် ချွန်းမြောင်၏ ရှည်ကြာလှသော ဓါးသမားသက်တမ်းအရ ချွန်းမြောင်သည် လူတစ်ဦး၏ဓါးရေးကစားသည့်ပုံကို မြင်သည်နှင့်ပင် ထိုသူ၏ အလားအလာနှင့် စွမ်းရည်ကို ခန့်မှန်းနိုင်လေပြီး ဖြစ်လေသည်။

"ငါက ဟွာဆန်းရဲ့ ဂိုဏ်းသားတစ်ယောက် ဖြစ်လာတာကိုပဲ ဂုဏ်ယူလိုက်စမ်းပါ"

"ဘာ"

ချွန်းမြောင်က သူ၏ဓါးကို မြောက်လိုက်ပြန်လေသည်။

ရိုးရိုးသားသား ပြောရလျှင်မူ ချွန်းမြောင်သည် ဘတ်ချုန်းအား အထိနာသွာသည်အထိပင် ရိုက်နှက်ချင်နေလေသေးသည်။ သို့သော် ဘတ်ချုန်းဆိုသည်က ဟွာဆန်း၏ ချစ်တပည့်လေးတစ်ဦးဖြစ်လေပြီး အထင်ကရ လူသိများသောလူတစ်ဦးလည်း ဖြစ်သည်မို့ အလွန်အကြူး ရိုက်နှက်လိုက်၍တော့ မရပေ။ အကယ်၍ ထိုသို့ရိုက်နှက်လိုက်၍ ပြဿနာများ ရှိလာပါကလည်း နောက်ဆက်တွဲဆိုးကျိုးများက ကောင်းမည်မဟုတ်ပေ။

"ကဲပါ...သိပ်လည်း မစိုးရိမ်ပါနဲ့ ....ထပ်ပြီး မထိုးတော့ပါဘူး.....

လက်သီးနဲ့ထိုးမယ့်အစား ဓါးနဲ့ပဲ ရိုက်တော့မှာပါ.....ဘယ်လိုလဲ ငါရဲ့ အကြင်နာတရားကြီးမားတာကို သိသွားပြီမို့လား"

"........."

ဒီကောင် ချွန်းမြောင်က တကယ်ပဲ ရူးနေတာလား...

မဟုတ်ဘူး....မဟုတ်ဘူး....ဒီကောင်က တကယ် ရူးကို ရူးနေတာ.....

ချွန်းမြောင်ကမူ တုန်လှုပ်နေသော ဘတ်ချုန်း၏ အမူအရာကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်လေသည်။

"တချို့တွေက ပြောကြတယ်....ဟွာဆန်းရဲ့ ဓါးသိုင်းက ဇီးပန်းပွင့်တွေကို တုပခြင်းပဲတဲ့...

တကယ်က အဲ့လိုပြောတဲ့သူတွေက ဟွာဆန်းရဲ့ ဓါးသိုင်းကို သေချာမသိကြတဲ့သူတွေပဲ.....

ဟွာဆန်းရဲ့ ဓါးသိုင်းပညာက ဇီးပန်းပွင့်တွေကို တုပတာမဟုတ်ဘူး......

ဟွာဆန်း ဓါးသိုင်းပညာရဲ့ တကယ့်ရည်ရွယ်ချက်က ............"

ချွန်းမြောင်သည် ပြောနေရင်းမှပင် ရုတ်တရက် မျက်မှောင်ကြုတ်ကာ ပြောနေသည်ကို ရပ်လိုက်လေသည်။

"အာ...ထားလိုက်ပါတော့..... ငါ ဘာပြောနေလဲဆိုတာ မင်းလည်း နားလည်မှာ မဟုတ်ပါဘူး....

တခါတလေမှာ ဦးနှောက် နားလည်အောင်ပြောနေတာထက် ခန္ဓာကိုယ်က နားလည်အောင် ရိုက်လိုက်တာက ပိုကောင်းပါတယ်.......ငါ လာပြီဟေ့....ကဲ"

"ဟမ်...ဘာလဲ"

ချွန်းမြောင်၏ စကားများနှင့် အမူအရာများကို ဘတ်ချုန်းက ကောင်းကောင်းနားမလည်သည့်တိုင် နောက်သို့ ဆုတ်မိသွားလေသည်။

သို့သော် ချွန်းမြောင်၏အရှိန်က မြန်လွန်းလှသည်မို့ ဘတ်ချုန်းဆီသို့ ချက်ချင်းပင် ရောက်လာလေသည်။

ဘတ်ချုန်းက ဓါးကို ဝှေ့ယမ်းကာ ချွန်းမြောင်အား တားဆီးလိုက်လေသည်။ နာကြင်နေသော်လည်း ခန္ဓာကိုယ်က အလိုအလျောက် တုန့်ပြန်မှုလေးတော့ ရှိနေသေး၍ တော်သေးလေ၏။

ဘတ်ချုန်း ဓါးအား ဝှေ့ယမ်းနေစဉ်မှာပင် ချွန်းမြောင်၏ ခန္ဓာကိုယ်က တုန်ခါလာပြီး ဘတ်ချုန်းက ချွန်းမြောင်များစွာကို မြင်လာရလာလေသည်။

ဒါက .......ဒါက ဘာလဲ......

တုတ်....

"ကိုယ်...."

ချွန်းမြောင်၏ သစ်သားတုတ်ချက်က ဘတ်ချုန်း၏ ကိုယ်ပေါ်သို့ ကျလာလေသည်။ ရိုက်ချက်က နာကြင်၍ မျက်ရည်ပင် ထွက်လာသလားပင်။ သို့သော် ရိုက်ချက်များက အဆုံးမသတ်သေးပေ။

"လက်...."

တုတ်....

တုတ်ချက်က ဘတ်ချုန်း၏ လက်ကောက်ဝတ်ပေါ်သို့ ကျလာလေပြီး လက်တွင်ကိုင်ထားသော ဓါးပင် လွတ်ကျသွားလေ၏။

ချီး....တကယ် ကိုရိုက်နေတယ်....

ထို့နောက်တွင်မူ ဘတ်ချုန်း ချွန်းမြောင်၏ နောက်ထပ် အော်သံတစ်သံကို ထပ်ကာကြားလိုက်လေသည်။

"ခေါင်း...ခေါင်း...ခေါင်း....ခေါင်း....ခေါင်း......."

ချီး....မပြီးတော့ဘူးလား...ရိုက်တာက....

ဘမ်း...ဘမ်း...ဘမ်း...ဘမ်း....ဘမ်း....ဘမ်း......

ချွန်းမြောင်က တရစပ်ဆိုသလိုပင် ဘတ်ချုန်း၏ ခေါင်းအား ရိုက်ချလိုက်လေသည်။

ဘတ်ချုန်းကမူ မူးဝေနောက်ကာ ကြယ်များလများပင် မြင်နေရလေပြီ ဖြစ်သည်။

သို့သော် သူ၏ ရင်ထဲတွင် ကြွေးကြော်နေသော စကားတစ်ခုတော့ ရှိလေနေ၏။

ချီးမို့ ခေါင်း လို့ ငါးခါပဲအော်ပြီး ခြောက် ချက်ရိုက်တာလား.....ခွေးသားလေးရဲ့.....

အပိုင်း ( ၈၆)

ဘာချီးစကားတွေပြောနေတာလဲ....ငါကမှ အသန်မာဆုံး...(၁)

"အင်း...."

ဘတ်ချုန်း အသိဝင်လာသည်နှင့်တပြိုင်နက် နာကြင်မှုက ထိုးတက်လာလေသည်။ ဦးခေါင်းတစ်ခုလုံးက ပွင့်ထွက်သွားသည့်အလားပင် နာကြင်နေလေပြီး လှုပ်လည်း မလှုပ်နိုင်ပေ။ မြေပြင်ပေါ်တွင် လဲလျောင်းနေရင်းသာ ညည်းတွားနေရလေသည်။

ငါ မေ့နေတာ ဘယ်လောက်ကြာသွားပြီလဲ....

ဘတ်ချုန်း သတိရလာသောအခါတွင် အချိန်အကြာကြီး ကြာသွားလေပြီဟု ခံစားရလေသည်။ မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါတွင်မူ မဲမှောင်နေသော ကောင်းကင်ကို မြင်ရလေသည်။ ကြည့်ရသည်က နေ့တစ်နေ့ ကုန်ဆုံးသွားပြီးပုံရလေသည်။

"အား...ကျွတ်...ကျွတ်"

ဘတ်ချုန်းက ဘေးသို့ လှည့်ကြည့်လိုက်သောအခါတွင်မူ ခပ်လှမ်းလှမ်းတွင် သူမ၏ဓါးကို ဖြေးညင်းစွာဝှေ့ယမ်းနေသော ယုရီဆိုးကို မြင်လိုက်ရလေသည်။

ဟမ်......ကြည့်ရတာ ငါ မေ့သွားတာ မကြာသေးဘူးလား....

ယုရီဆိုးသည်ပင် မိန်းမောနေရာမှ မပြယ်လာသေးသည်ကို ကြည့်၍ သူသတိမေ့သွားသည့်အချိန်က သိပ်မကြာလိုက်သေဟု ဘတ်ချုန်း အတွေးရောက်သွားလေသည်။ သို့သော် ဉာဏ်အလင်းပွင့်ခြင်း ဆိုသည်က ရံဖန်ရံခါတွင်မူ ရက်များစွာပင် ကြာတတ်လေသည်ကို ဘတ်ချုန်း သတိမထားမိလိုက်ပေ။

ရုတ်တရက်ဆိုသလိုပင် ဘတ်ချုန်း၏နားထဲတွင် အတော်လေးပင် ရင်းနှီးနေလေပြီး အတော်လေးပင် သူစိမ်းဆန်နေသော အက်ရှရှစကားသံတစ်သံကို ကြားလိုက်လေသည်။

"နိုးလာပြီလား"

"........."

ဘတ်ချုန်း ခေါင်းကို လှည့်ကာ ကြည့်လိုက်လေ၏။

ပုခုံးပေါ်တွင် သစ်သားဓါးကို ထမ်းထားလေပြီး မုဆိုးထိုင် ထိုင်နေသည့် ချွန်းမြောင်က သူ၏မြင်ကွင်းထဲတွင် ပေါ်လာလေသည်။

ဘတ်ချုန်း၏ ရင်ထဲတွင် ရုတ်တရက်ဆိုသလိုပင် တုန်လှုပ်သွားပြီး ခန္ဓာကိုယ်က မသိလိုက်ခင်မှာပင် နောက်သို့ အလိုအလျောက် ဆုတ်သွားလေသည်။

"ကျွန်တော့်အထင် အကိုကြီး အရမ်းအံဩနေတယ်မို့လား"

ချွန်းမြောင်က တုန်လှုပ်နေသော ဘတ်ချုန်းကို ကြည့်ကာ ပြုံးပြလိုက်လေ၏။ ဘတ်ချုန်းကမူ ချွန်းမြောင်အား တုန်လှုပ်နေသော မျက်လုံးများနှင့် ကြည့်နေဆဲပင်။

ငါ ရှုံးသွားပြီ...

မဟုတ်...ဤတိုက်ပွဲက သူရှုံးသည်ဟု ဆိုရမည်ဆိုသည်ထက် ပြိုင်ပွဲဟုပင် ဆို၍ရသော အခြေအနေမျိုး မဟုတ်ပေ။ တဖက်သတ် အနိုင်ပိုင်းခံလိုက်ရသည့်အခြေအနေဖြစ်လေပြီး ဟားတိုက်ဖွယ်ရာအခြေအနေမျိုးပင်။ ဘတ်ချုန်းကမူ သတိပြန်ရလာလေသည်အထိ ဖြစ်ပျက်နေသောအရာများကို နားမလည်နိုင်သေးပေ။

သူသည်က ချွန်းမြောင်နှင့် ယှဉ်ပြိုင်ရန် ဘောင်ဝင်သောအဆင့်တွင်ပင် ရှိမနေချေ။

ဘတ်ချုန်း လက်ကိုမြောက်ကာ သူ၏ခေါင်းကို ထိကြည့်လိုက်လေသည်။ သူ၏ခေါင်းက ခေါင်းလောင်းထိုးသလိုပင် ရိုက်ခံထားရလေသည်။ ထို့ကြောင်ပင် တစ်နေ့လုံး မေ့မျောနေသည်က အံဩစရာမဟုတ်တော့ပေ။

"ငါ တစ်ခုလောက် မေးလို့ရမလား"

"သိပ် ရတာပေါ့"

"မင်း ဘယ်လောက်တောင် အင်အားကြီးတာလဲ"

"ဘာကြီး"

ချွန်းမြောင် ဘတ်ချုန်းကို ကြည့်လိုက်လေသည်။

စိတ်ဝင်စားစရာပါလားဟ...

သာမန်အားဖြင့်ဆိုလျှင်မူ လူများသည် မိမိတို့ မမျှော်လင့်ထားသော အခြေအနေတစ်ရပ်ကို ကြုံတွေ့လိုက်ကြသည့်အခါများတွင် လက်တွေ့အမှန်ကို လက်မခံနိုင်ဘဲ မိမိတွေးထင်ထားသည့်အခြေအနေကိုပင် ဖမ်းဆုပ်ထားကာ ယူကြုံးမရ ဖြစ်တတ်ကြလေသည်။ အမှန်အား ချက်ချင်းလက်ခံရန်က မလွယ်ပေ။ ဘတ်ချုန်းကဲ့သို့ ဂုဏ်ပုဒ်များစွာ ရှိသောသူများဆိုလျှင် ပို၍ပင် မလွယ်ကူပေ။ ဘတ်ချုန်းကို အမှန်ကို အမှန်အတိုင်းပင် အမြန်လက်ခံနိုင်သည်က ချီးကျူးဖွယ်ရာဟုပင် ပြောရပေဦးမည်။

"ကျွန်တော်က အင်အားကြီးတာ မဟုတ်ပါဘူး....အကိုကြီးကိုက အားနည်းနေတာ"

"ငါကလား"

"ဟုတ်တယ်"

ဘတ်ချုန်း အနည်းငယ် အံဩတုန်လှုပ်သွားပုံရလေသည်။

"ငါက အားနည်းနေတာတဲ့လား"

"ဟုတ်ပါတယ်"

ဘတ်ချုန်း ဒယိမ်းဒယိုင်နှင့် မတ်တပ်ထရပ်လာလေပြီး ချွန်းမြောင်အား သတ်လိုက်နိုင်သော ဒေါသမျက်လုံးများနှင့် ကြည့်လာလေသည်။

"မင်း ငါ့ကို အထင်မသေးလိုက်နဲ့.....ငါက ဘတ်ချုန်း.........ဘတ် တပည့်တွေအားလုံးရဲ့ အကြီးဆုံးဆရာတူအကိုကြီး.......တစ်ရက်မှာ ဟွာဆန်းဂိုဏ်းကို ဦးဆောင်မယ့်သူ"

"အာ.......ဟုတ်ပါပြီ"

ချွန်းမြောင်က ဘတ်ချုန်းပြောသည်များကို နားထောင်ကာ ယဉ်ယဉ်ကျေးကျေးအမူအရာနှင့်ပင် ခေါင်းငြိမ့်ပြလေ၏။ ဘတ်ချုန်းပြောသည့်စကားများတွင် မှားနေသည့်အရာများ ပါဝင်မနေပေ။

တစ်ခုသာ ရှိလေသည်။

"အဲ့လိုလူဖြစ်တာနဲ့ အားမနည်းနေတော့ဘူးလို့ ပြောလို့မရဘူးလေ"

"......"

ဘတ်ချုန်း ချွန်းမြောင်၏စကားကို မငြင်းနိုင်ခင်မှာပင် ချွန်းမြောင်က ဘတ်ချုန်းအား လက်ညိုးထိုးကာ ပြောလာလေသည်။

"ရေတွင်းထဲကဖား"

"........"

"အဲ့ဒီစကားစုက အကိုကြီးနဲ့အလိုက်ဖက်ဆုံးပဲ.......

ရေတွင်းထဲမှာ နေတဲ့ဖားက လောကကြီးထဲကို မဝင်ဖူးဘဲ ရေတွင်းထဲမှာတင် နေပြီး သူ့ကိုယ်သူ ဟုတ်လှပြီအထင်နဲ့ စိတ်ကြီးဝင်နေတာ.........ရေတွင်းထဲမှာတင် ရေပေါ်ဆန်တက်လိုက်....တွင်းဆုံးကို ပြန်ကူးလိုက်နဲ့....သူ့ဘဝကို ကျေနပ်နေတာ"

ချွန်းမြောင်၏ ဥပမာကြောင့် ဘတ်ချုန်း၏မျက်နှာက မဲမှောင်သွားလေသည်။

"ငါ့ကို အဲ့ဒီဖားလို့ ပြောလိုက်တာလား"

"အင်း"

"ငါကလေ"

ဘတ်ချုန်းက ချွန်းမြောင်က သူ့အား ထိုသို့ပြောလိုက်သည်ကို မယုံနိုင်စွာနှင့်ပင် ထိုမေးခွန်းကို ထပ်ကာထပ်ကာ မေးနေလေတော့သည်။

"အကိုကြီးက အဲ့ဒီဖားလိုပဲ......အဲ့ဒီဖားက အခု အကိုကြီးပဲ"

".........."

"ဟွာဆန်းက အခုမှ သေရာကပြန်ထသလို ပြန်ထူထောင်ဖို့ ကြိုးစားနေရတာကို အကိုကြီးလည်း သိတယ်မို့လား"

"အေးလေ...."

"အဲ့တာကြောင့်ပဲ ငါအရမ်းကြိုးစားနေရတာပေါ့.....ဒါမှလည်း ငါ့လက်ထက်ကျရင် ဟွာဆန်းက ခေါင်းမော့....."

"အကိုကြီး"

ချွန်းမြောင်က ဘတ်ချုန်းအားခေါ်လိုက်ကာ ဖြူစင်ရိုးသားလွန်းသော မျက်လုံးလေးများနှင့်ကြည့်လိုက်လေသည်။

"အကိုကြီး ဘယ်တုန်းက အရမ်းကြိုးစားလိုက်တာလဲ"

"........."

ချွန်းမြောင်၏ မေးခွန်းကြောင့် ဘတ်ချုန်း စွံအသွားလေသည်။

"ကျွန်တော်မြင်တာတော့ အဲ့လိုမဟုတ်ပါဘူးနော်.....ကြည့်ရတာ ကလေးတွေအပျော်တမ်းကစားနေကြသလိုပါပဲ....

ဂိုဏ်းပြင်ထွက် ပြန်လာ......မပြန်ခင် ပင်ပန်းတယ်ဆိုပြီး စားသောက်ဆိုင်ဝင်စား...

သောက်စားတာနဲ့ အချင်းချင်း ဂုဏ်ပြုနေကြတာကလွဲရင် ဘာမှလည်း မယ်မယ်ရရလုပ်နေကြတဲ့ပုံမပေါ်ပါဘူး....

အခုဆို ညီလာခံကလည်း တော်တော်လေးကို နီးနေပြီ....ဒါတောင် ဒုတိယတန်းတပည့်တွေက တတိယတန်းကလေးတွေကို အနိုင်ကျင့်တာနဲ့တင် အချိန်ကုန်နေတုန်း.....

ဘယ်မှာလဲ...အားစိုက်ထုတ်မှု......

ဘယ်မှာလဲ အကိုကြီးပြောတဲ့ အရမ်းကြိုးစားနေတယ်ဆိုတာက"

ဘတ်ချုန်း အမှန်တကယ်ပင် တိတ်ဆိတ်သွားရလေပြီ။

ချွန်းမြောင် ယခုစကားများကို မပြောခင်အချိန်အထိ သူသည် သူ၏ကြိုးစားအားထုတ်မှုကို သံသယရှိမနေပေ။ အချိန်တိုင်း သူကြိုးစားနေသည်ဟုသာ ယုံကြည်ထားခဲ့လေသည်။ ယခုတွင်မူ ချွန်းမြောင်က သူ၏ဟာကွက်များကို လက်ညိုးထိုး ပြောဆိုလာခဲ့ပြီ ဖြစ်လေ၏။

"ကြည့်ရတာ တကယ်ကြိုးစားတာက ဘယ်လိုဆိုတာကို အကိုကြီးက မသိတဲ့ပုံပဲ.....

လုပ်ချင်တာတွေ အကုန်လုပ်ပြီးမှ ကျန်တဲ့အချိန်လေး လေ့ကျင့်တာကိုတော့ ကြိုးစားနေတယ် မခေါ်ဘူးနော်"

"............."

"အကိုကြီး အခုချိန်ထိ ကောင်းကောင်းမကြိုးစားရသေးပါဘူး....အကိုကြီးက ဟွာဆန်းဆိုတဲ့ နေရာသေးသေးလေးမှာ လူစွမ်းကောင်းဖြစ်နေတာကို အဟုတ်ကြီးထင်နေတာ...

ဒီနေရာသေးသေးလေးမှာ အကိုကြီးကို ယှဉ်နိုင်တဲ့သူမရှိ......တိုက်နိုင်တဲ့သူမရှိ ဖြစ်နေတာကို ဂုဏ်ယူနေတာ....

ဒါလေးလောက်ကို သာယာနေတာ ....ဟုတ်တယ်မို့လား"

ဘတ်ချုန်း နှုတ်ခမ်းကိုကိုက်လိုက်လေသည်။

"ဟေ့...ဟေ့...အဲ့မျက်နှာ လာမလုပ်နဲ့.... ကျွန်တော် အကိုကြီးကို နှိမ့်ချဝေဖန်နေတာ မဟုတ်ဘူး....

ကျွန်တော် အမှန်ကို ထောက်ပြနေတာ ....ဟွာဆန်းမှာတော့ ဘုရင်ကြီးတစ်ပါးလို နေပြီး အခြားသူတွေနဲ့တောင် မယှဉ်နိုင်မှတော့ ဒါကို ဘာကြိုးစားနေတယ် ပြောဦးမှာလဲ"

ချွန်းမြောင် ဘတ်ချုန်းအား စူးစမ်းသလိုကြည့်ကာ မေးလိုက်လေသည်။

"တခြားသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ဖူးလား"

"......"

"အင်း အလွန်ဆုံး တိုက်ဖူးရင် တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ပေါ့ ...ဟုတ်တယ်မို့လား...

အကိုကြီး တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ဆိုရင်တောင် ဟွာဆန်းက စပါးခြွေသလို အရိုက်ခံနေရတာ ..

တခြားဂိုဏ်းတွေနဲ့ဆို ဘယ်လိုလုပ်မှာလဲ....ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှာ တောင်ဘက်အစွန်အဖျားဂိုဏ်းက အောက်ဆုံးအဆင့်ပဲ........တခြားဂိုဏ်းတွေ အကုန်လုံးက မိုးထိုးအောင် တော်နေတဲ့အချိန်မှာ ဟွာဆန်းရဲ့ကိုယ်စားပြုအကိုကြီးက ဘယ်လောက်တော်နေပြီလဲ...သူတို့နဲ့အတူတူ မိုးထိအောင် လိုက်နိုင်နေပြီလား.......ကိုယ့်ကိုယ်ကိုယ့် အဲ့လောက်အင်အားကြီးနေပြီ သန်မာနေပြီလို့ အကိုကြီး ထင်လား....."

ချွန်းမြောင်၏မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုပေါ်လာကာ ဘတ်ချုန်းအားပြောလိုက်လေသည်။

"ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးမနေနဲ့ ဖားလေး.........

ကျွန်တော်က သန်မာနေတာလား အကိုကြီးကိုက အင်အားနည်းတာလားဆိုတာ ပြန်စဉ်းစား"

ချွန်းမြောင်၏ စကားတို့ကြောင့် ဘတ်ချုန်း၏ခေါင်းထဲတွင် တွေးစရာများများလာကာ ဗလောင်းဆူနေလေသည်။

ငါက တကယ်ပဲ အင်အားနည်းနေတာလား...

ဘတ်ချုန်း ဤသည်ကို လက်မခံလိုပေ။ သို့သော်လည်း ချွန်းမြောင်ပြောသွားသည့်စကားများထဲတွင် အမှားကလည်း တစ်လုံးမှ မပါပေ။ ဟွာဆန်းဂိုဏ်းသည် တောင်ဘက်အစွန်အဖျားဂိုဏ်းအား ယှဉ်နိုင်ရန်ပင် အလွန်ကြိုးစားနေရလေသည်ဖြစ်ပြီး ညီလာခံတွင် အနိုင်ရရေးကိုပင် အားကုန်သုံးကာ ရုန်းနေရခြင်း ဖြစ်လေသည်။ တခြားသော ဂိုဏ်းများကိုမူ ယှဉ်နိုင်ရန်ဟူသော အတွေးက စိတ်ပင်မကူးရဲသောအရာဖြစ်လေသည်။

"အကိုကြီးလိုပဲ တခြားဂိုဏ်းတွေမှာလည်း သူတို့အားထားရတဲ့ ထူးချွန်ဂိုဏ်းသားတွေဆိုတာက ရှိဦးမှာပဲ"

"ဘာ ချီးစကားတွေ ပြောနေတာလဲ...ငါက အသန်မာဆုံးပဲ"

"..........."

"အဲ့လိုတွေးနေတဲ့ အကိုကြီးရဲ့ အတွေးတွေကို ရပ်လိုက်တော့...

အခုလို ဖြစ်နေတာက ကျွန်တော် သန်မာလို့ မဟုတ်ဘူး... အကိုကြီးကိုက အင်အားနည်းလို့...

အခုပုံစံနဲ့ဆို အကိုကြီး တောင်ဘက်အစွန်အဖျားဂိုဏ်းကို မယှဉ်နိုင်ဘူး....

သူ့ထက်သာတဲ့ ရှောင်လင်ဂိုဏ်းတို့ ဝူတန်ဂိုဏ်းတို့ဆိုရင်‌တော့ ပြောမနေနဲ့တော့....."

ဘတ်ချုန်း နှုတ်ခမ်းကို တဖန်ကိုက်လိုက်ပြန်သည်။ ချွန်းမြောင်၏ စကားများက အညှာတာကင်းမဲ့စွာ ဓါးထက်ထက်နှင့် ထိုးနေသကဲ့သို့ပင်။

"ကျွန်တော်နဲ့မှ မဟုတ်ဘူး..တခြားသူတွေနဲ့လည်း အကိုကြီး ရှုံးမှာပဲ....

ကျွန်တော်ပြောတာ နားလည်ရဲ့လား"

ငါ နားလည်ပါတယ်.....ဒါပေမယ့် ငါနားမလည်ချင်ဘူး....

မည်သူမဆို မိမိအား နှိမ့်ချပြောဆိုခံရသည်ကိုတော့ သဘောကျမည်မထင်ပေ။ သို့သော်လည်း ဘတ်ချုန်း အမှန်တရားကို ရင်နာနာနှင့်ပင် လက်ခံလိုက်လေသည်။

"ငါသိပါတယ်"

".........."

"မင်းက ဒါတွေကို ငါမသိဘူးလို့ ထင်နေတာလား... ငါကလည်း ဟွာဆန်းရဲ့ တပည့်တစ်ယောက်ပါ...ဒါတွေကို ငါသိတယ်.... ငါသေချာပေါက် သိတာပေါ့....

ငါက ဝူတန်ဂိုဏ်းရဲ့ တပည့်လည်းမဟုတ်....တခြားဂိုဏ်းတစ်ခုခုရဲ့ တပည့်လည်း မဟုတ် ...ငါ့မှာ ကြိုးစားရမယ်ဆိုတာက လွဲရင် တခြားဘာရှိဦးမှာလဲ....."

"ဒါပေမယ့်လည်း အကိုကြီး မကြိုးစားဘူးလေ...."

"လုံလုံလောက်လောက် မကြိုးစားရုံတင်မကဘူး .....ကြိုးစားအားထုတ်တဲ့လမ်းကြောင်းကလည်း လွဲနေလိုက်သေးတယ်..... အဲလိုလေး လုပ်ရုံနဲ့တင် ဆရာတစ်ဆူဖြစ်လာမယ်လို့ တကယ်ကြီးထင်နေတာလား....

ဒီလိုလေးအတိုင်းပဲ ဆက်ပြီးလေ့ကျင့်သွားမယ်ဆိုရင်တော့ နောက်နှစ်ငါးရာလောက်နေမှပဲ ဓါးကို နည်းနည်းပါးပါး ကျွမ်းကျင်တဲ့သူ ဖြစ်လာမယ်ထင်တယ်"

ချွန်းမြောင်က ဘတ်ချုန်းအား အားနာမှုကင်းမဲ့စွာပင် ရက်ရက်စက်စက် ဝေဖန်နေလေ၏။

"ဒါဆို ...ငါ ဘယ်လိုလေ့ကျင့်ရမလဲဆိုတာ မင်းသိတယ်ပေါ့"

"ဒါပေါ့.....ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အကိုကြီးထက်တော့ တော်သေးတယ်လေ"

ချွန်းမြောင်က အပြုံးလေးနှင့် ပြောလာသည်မို့ ဘတ်ချုန်းရင်တွင်းမှ ကြိတ်ဆဲလိုက်လေသည်။

မှင်စာလို မျိုးမစစ်ကောင်.....

ဘတ်ချုန်း ဤကလေးအား အမှန်ပင် နားမလည်နိုင်တော့ပေ။ ဤကလေး မည်မျှ အင်အားကြီးမားသည်ကိုလည်း သူမသိရပေ။ ထို့ပြင် မည်သို့သောစိတ်ဓါတ်ကြောင့် ဤသို့သောစကားများကို ပေါ့ပေါ့ပါးပါး ပြောနေနိုင်သည်ကိုလည်း မသိပေ။ ဤကလေး၏ အရာအားလုံးလိုလိုကိုပင် သူနားမလည်နိုင်တော့ချေ။

ဒါကြောင့်လည်း သူက မာနထောင်လွှားနေနိုင်တာပေါ့လေ....

ချွန်းမြောင်၏ မျက်စိထဲတွင် ဘတ်တပည့်တသိုက်သည် မည်သို့သော အစွမ်းအစမှ မရှိဘဲ လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ ကလေးများကို အနိုင်ကျင့်နေသော အာပလာလူများဟုသာ မြင်ပေလိမ့်မည်။ တခြားအထင်ကြီးခြင်းများ ရှိနေလိမ့်မည် မဟုတ်ပေ။ သေချာသည့်အရာတစ်ခုသာ ရှိလေသည်။ ထိုအရာသည်က ချွန်းမြောင်သည် ဘတ်ချုန်းထက် အဆများစွာ အင်အားကောင်းသည်ဆိုသော အချက်ပင်။

ချွန်းမြောင်၏ အင်အားကို ဘတ်ချုန်းမခန့်မှန်းနိုင်ပေ။ ဘတ်ချုန်းသည် အန်းဂွန် သို့မဟုတ် ယုအန်းနှင့် ဓါးရေးချင်းယှဉ်လျှင်ပင် ထိုမျှ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်မည် မဟုတ်ပေ ။ သဘောက ချွန်းမြောင်သည် နည်းပြတချို့ထက်ပင် အင်အားကောင်းသည်ဆိုသည့် သဘောပင်။ အဆုံးသတ်တွင်မူ ဘတ်ချုန်း ဆုံးဖြတ်လိုက်လေသည်။

"ငါ့ကို ဒီထက်ပိုပြီး သန်မာလာအောင် လုပ်ပေးလို့ ရမလား"

"ဟော"

ဘတ်ချုန်း၏စကားကြောင့် ချွန်းမြောင် မျက်လုံးများ စူးရဲသွားလေသည်။

ဒီကောင် အမြင်မှန်ရတာ မြန်တာပဲ...

အဲ့လောက် မြန်မြန်နဲ့ မာနကို ခဝါချနိုင်မယ်လို့ မထင်ထားဘူး......

"သေချာပေါက် ရတာပေါ့.......မရနိုင်စရာ ဘာအကြောင်းရှိရမှာလဲ"

ဘတ်ချုန်းက ခေါင်းကို ငြိမ့်လိုက်လေ၏။

"ဒါဆို...."

လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးပြီး တောင်းပန်ရန် ပြင်လိုက်လေပြီး အတည်အတန့် လေသံကြီးနှင့် ပြောလာလေသည်။

"ကျေးဇူးပြုပြီး .......ကျွန်တော့်ကို သန်မာလာအောင် လုပ်ပေးပါ....

ဆရာ ပြောတာဘာမဆို ကျွန်တော် လုပ်ပါ့မယ်"

"........."

"ကျွန်တော် အင်အားကြီးလာမယ်ဆိုရင် ဂိုဏ်းတူညီလေးဆီက ဘယ်လိုအရာကိုမဆို သင်ယူပါ့မယ်....

တကယ့်လို့ ဂိုဏ်းတူညီလေးနဲ့ နည်းပြဆိုတဲ့ ဂုဏ်ပုဒ်တွေက ကျွန်တော်တို့ရဲ့ သင်ကြားမှုကို အဟန့်အတားဖြစ်စေမယ်ဆိုရင် ကျွန်တော် ........"

"မဆက်ဆံနဲ့....."

"ဆရာတစ်ယောက်လို မဆက်ဆံနဲ့လို့ ပြောတာလား......"

"အင်း....မဖြစ်ချင်ဘူး"

"ဘာလို့လဲ"

"ဘာလို့ ဆရာဖြစ်မှ ရမှာလဲ....ဂိုဏ်းတူညီအကိုတွေဆို ရပြီလေ....."

"......"

"ပြီးတော့ အကိုကြီးကို ကြည့်ရတာ အထင်မှားနေတဲ့ ပုံပဲ"

"ဘာကလဲ"

"ဒီပြိုင်ပွဲက မပြီးသေးဘူးလေ"

ချွန်းမြောင်က မတ်တပ်ရပ်ကာ သစ်သားဓါးကို မြောက်လိုက်ပြီး လှည့်ပတ်လိုက်လေသည်။

"တခါတလေကျတော့လည်း လူတွေက တအားထူးဆန်းကြတယ်သိလား.....

သူတို့က သူတို့ပြီးပြီလို့ ထင်လိုက်တာနဲ့ တဖက်မှာလည်း အဆုံးသတ်နိုင်သွားကြပြီလို့ ထင်နေကြတယ်...

သူတို့ရဲ့ ဆင်းရဲဒုက္ခတွေကိုသူတို့ ထပ်မလိုချင်တော့တာနဲ့ အားလုံးပြီးသွားပြီပေါ့.....

အဲ့လိုပဲ ဆုံးဖြတ်လိုက်ချင်ကြတာမျိုး"

"......."

"အဲ့လိုတော့ တွေးလို့ရပေမယ့် ဘယ်ဟုတ်မလဲ....

ကိုယ်လုပ်ထားတာကိုတော့ ကိုယ်အပြည့်အဝပြန်ခံစားရမှာပေါ့....

အကိုကြီး အပြည့်အဝ ပေးဆပ်ပြီးသွားပြီလား...ချီး.....

တတိယတန်းကလေးတွေကို အနိုင်ကျင့်ထားတာတွေကို အပြည့်အဝကြီး မပေးဆပ်ရသေးဘူးလေ"

ချွန်းမြောင်၏ မျက်လုံးများက အရောင်တစ်မျိုး ထွက်လာလေသည်။

"ကျွန်တော်ရဲ့ ဒေါသကလည်း အခုထိ အကင်းမသေသေးဘူး"

မဟုတ်ဘူးနော်...အရူးကောင် ....

တော်လောက်ပြီ......

ဘတ်ချုန်းက ကြောက်လန့်တကြားနှင့် နောက်သို့ဆုတ်ကာ သွားလေ၏။

ချွန်းမြောင်ကလည်း တဖြည်းဖြည်းပင် ဘတ်ချုန်းနောက်သို့ လိုက်နေလေပြီး မျက်နှာပေါ်တွင်လည်း ကြောက်စရာအပြုံးကြီးကို ဆင်မြန်းထားလေသည်။

"အကိုကြီး အခုထိ မသိသေးပါဘူး....ဟုတ်တယ်မို့လား"

"မဟုတ်ဘူး...ငါတော်တော်လေး သိပြီး နောင်တရနေပါပြီ"

"မဟုတ်ပါဘူး...အကိုကြီး အခုထိ နားမလည်သေးပါဘူး...

အခုမှ ရှင်းရှင်းလင်းလင်း သိရမှာ"

ချီး...သိလို့ပဲ တပည့်တောင် ခံထားပြီးပြီ မဟုတ်ဘူးလား....

"စိတ်မပူပါနဲ့...ညတာက ရှည်ပါတယ်...

ဒီည တစ်ညပဲ အပြီးသတ်မှာပါ.....အခုလို အရိုက်ခံနေရတာကို အပြစ်တင်ချင်ရင်တော့ အင်အားနည်းပြီး

လုံလုံလောက်လောက် မသန်မာတဲ့အပြင် ကြိုးစားတဲ့နေရာမှားနေတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်လိုက်တော့"

ချွန်းမြောင်၏ မျက်လုံးများက အရောင်များပင် တလက်လက်တောက်ပလာလေပြီ။

"ဘာလို့ ကျွန်တော့်ကို ရန်မစသင့်လဲဆိုတာကိုလည်း သိသွားတာပေါ့"

"........"

"ဟားဟား.....ဟား....ငါ လာပြီဟေ့"

"အား..............."

ဝမ်းနည်ဖွယ်ရာပင် ....

ဘတ်ချုန်း၏ အော်သံကျယ်ကြီးက ဟွာဆန်းအထိ မရောက်နိုင်ခဲ့ပေ.။

အပိုင်း (၈၇)

ဘာချီးစကားတွေပြောနေတာလဲ....ငါကမှ အသန်မာဆုံး...(၂)

"အင်း.....အား"

ချွန်းမြောင်က အသေကောင်ကဲ့သို့ မြေပြင်ပေါ်တွင် လဲနေသော ဘတ်ချုန်းကို တစ်ခေါက်ပြန်ကြည့်လိုက်ပြီးမှ အားပါးတရ အကြောဆန့်လိုက်လေ၏။

"အား......ဆယ်နှစ်ဆယ်မိုးလောက် အစာမကြေဖြစ်နေတာကြီး ပျောက်သွားသလိုပဲ....လန်းဆန်းသွားလိုက်တာ"

ချွန်းမြောင်က လှုပ်ပင်မလှုပ်နိုင်ဖြစ်နေသော ဘတ်ချုန်းကို ကြည့်ကာ တဖန် ပြုံးလိုက်ပြန်လေသည်။

"ငါ အကောင်းဆုံး လုပ်နိုင်ခဲ့ပြီပဲ"

သေလုမျောပါးရိုက်ခံထားရသော်လည်း ဒဏ်ရာများကတော့ ဘတ်ချုန်း၏ကိုယ်ပေါ်တွင် ထင်ကျန်နေခြင်း မရှိပေ။ အလွန်ဆုံး နာကြင်နေမှ နောက်ရက်အနည်းငယ်သာ ဖြစ်ပေလိမ့်မည်။

"အင်း.... ဒီလိုရိုက်ခံထားရပြီးပြီဆိုတော့ အဆင်ပြေပြေနေနိုင်ဖို့ပဲ မျှော်လင့်ရမှာပေါ့လေ"

ချွန်းမြောင်က ပညာပေးရုံတင် ရိုက်နှက်လိုက်သည်ဖြစ်ပြီး တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် ညီလာခံတွင် ယှဉ်ပြိုင်ကာ တိုက်နိုင်သည် မတိုက်နိုင်သည်ကတော့ သူ၏အပိုင်းပင် ဖြစ်လေသည်။ မဟုတ်သေးပေ။ ချွန်းမြောင် ထိုကဲ့သို့ တွေး၍ မရပေ။ ညီလာခံတွင် တောင်ဘက်အစွန်အဖျားဂိုဏ်မှကောင်များ ထောင်လွှားမော်ကြွားနေမည်ကိုလည်း သူမမြင်ချင်ပေ။

"အင်း....ဒါဆို ငါဘယ်လို....အား...ချီး...ချီး......

လန့်ပြီး သေအောင် လာလုပ်နေတာလား"

ချွန်းမြောင် ရင်ထိတ်သွားသည့်ပမာ ထိုင်ချကာ ရင်ဘက်ကိုဖိရင်း ယုရီဆိုးအား အော်လိုက်လေသည်။

"တကယ်ပါပဲ......အမကြီးက သရဲလား"

ယုရီဆိုးနှင့် ကြာကြာနေရလျှင် ချွန်းမြောင် နှလုံးရောဂါရ၍ သေနိုင်လောက်ပေသည်။

"ပေါ်လာမယ်ဆိုလည်း အသံလေးဘာလေးပေးစမ်းပါ"

"ငါ ပေးတယ်လေ"

"ဘယ်တုန်းကလဲ"

"စောနတုန်းက....နင် အကိုကြီးကို ရိုက်နေတုန်းက"

"............"

ချွန်းမြောင် အသေကောင်ပမာ လဲနေသော ဘတ်ချုန်းကို ကြည့်လိုက်လေပြီး ယုရီဆိုးကို ပြန်လှည့်ကြည့်လိုက်လေသည်။ ယုရီဆိုးက ယောင်ယောင်လေးပင် ပြုံးနေသလားပင်။

"ဒါလည်း မြင်လိုက်ပြန်ပြီပေါ့"

"အင်း"

"အကုန်လုံး မြင်လိုက်တာာလား"

"နည်းနည်းပါးပါးပါ"

"ဟင့်"

"နင် ငါ့ကို သတ်တော့မှာလား"

"မဟုတ်တာ..အဲ့လောက် လိုလို့လား"

ယုရီဆိုးက အမြဲလိုလိုပင် သတ်ခံရမည့်အကြောင်းကို မေးလေ့ပြောလေ့ ရှိပေသည်. ။ ကြည့်ရသည်က ထိုအခြင်းအရာနှင့် ပတ်သက်ပြီး အကြောက်တရားတစ်ခုခု ရှိပုံရလေသည်။

ချွန်းမြောင် ယုရီဆိုးကို တချက်မျှကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်လေသည်။

"ဘာလဲ"

"ဘာမှ မဟုတ်ပါဘူး...နည်းနည်းလောက် တွေးကြည့်နေတာ...

ကျွန်တော် အမကြီးရဲ့ ခေါင်းကို နောက်ကနေများ နည်းနည်းလောက်ရိုက်လိုက်ရင် အမကြီး အခုမြင်ခဲ့တာတွေ အကုန်လုံးမေ့သွားမလားလို့....

အတိတ်မေ့သွားတာတို့ ဘာတို့လိုလေ"

"....ငါ အကုန်လုံး မေ့သွားပြီ"

"တကယ်ကြီးလား"

"ဟုတ်တယ်....ငါ အကုန်လုံးမေ့သွားပြီ"

ယုရီဆိုး၏ လူလည်ကျမှုကြောင့် ချွန်းမြောင် ရယ်ချင်သွားလေသည်။ တုံးတုံးအအပုံနှင့် မည်သို့ရှင်သန်ရမည်ဆိုသည်ကိုတော့ သိသေးပုံရလေသည်။

"အဲ့ဒီအစား ငါ့ကို အဲဒီဓါးသိုင်းသာ သင်ပေးစမ်းပါ"

ဒီအမျိုးသမီးကတော့လေ ဘယ်တော့မှကို လက်လျော့မယ့်အမျိုး မဟုတ်ဘူး....

သူခေါင်းထဲမှာ ဘာတွေများရှိနေတာလဲ မသိဘူး....

ချွန်းမြောင် မကြားသေးမီကပင် ဘတ်ချုန်းအား ရိုက်နှက်ထားရသောကြောင့် ကျေနပ်နေသော်လည်း ယခုမူ စိတ်အားက တဖန် ငြိမ်ကျသွားပြီ ဖြစ်လေသည်။ ယုရီဆိုးက သူ ဘတ်ချုန်းအား ရိုက်နှက်နေသည်ကိုပင် မြင်လိုက်လေသေးသည်တဲ့။ သူ ယခင်ကကဲ့သို့ ဘူးခံငြင်းကာ သူမဆီမှ ထွက်ပြေးလို့ ရမည်မဟုတ်တော့ပေ။

ဤကိစ္စကို သူမည်သို့ကိုင်တွယ်ရမည် မသိတော့ပေ။

ကြည့်ရသည်က သူ ယုရီဆိုးအား ဇီးပန်းပွင့်သိုင်းကို မသင်ပေးရရေးအတွက် တမျိုးတမည် ဗျူဟာပြောင်းရတော့မည် ထင်လေသည်။

ချွန်းမြောင် သက်ပြင်းရှည်ကြီးကို ချကာ ပြောလိုက်လေ၏။

"ဘာလို့ ဒီဓါးသိုင်းကို ဒီလောက်သင်ချင်နေတာလဲ"

"........"

ချွန်းမြောင်၏ အမေးကြောင့် ယုရီဆိုးက မည်သို့ဖြေရမည်မသိ ဖြစ်သွားပုံပင်။ ကြောင်တောင်တောင် ကြည့်နေလေ၏။ ချွန်းမြောင်ကလည်း ယုရီဆိုးအား တဖန် ကြောင်တောင်တောင် ကြည့်လိုက်လေသည်။

ဘာလား သူရဲ့ ဒီမျက်နှာပေးက...

လိမ်တတ်ညာတတ်တဲ့ပုံလည်း မပေါက်ဘဲနဲ့....

ယုရီဆိုး အူကြောင်ကြား မျက်နှာပေးနှင့် ခဏမျှ ကြောင်နေပြီးမှ စကားစလာလေသည်။

"ငါ နင့်ကို ဘာကြောင့်လဲဆိုတာတော့ မပြောပြချင်ဘူး....ဒါပေမယ့်"

"ငါ ဒီသိုင်းကို ဆရာတစ်ဆူလို တတ်မြောက်ဖို့တော့ လိုတယ်"

ချွန်းမြောင် ယုရီဆိုး၏အဖြေကြောင့် ယုရီဆိုးကို ကြည့်လိုက်လေသည်။

လူလေးလှသလို စိတ်ဝင်စားစရာ ဇာတ်ကြောင်းတွေလည်း ရှိနေတဲ့ပုံပဲ.....

ယုရီဆိုး၏ အူတူတူမျက်နှာလေးထက်တွင် အလိုမကျမှုအနည်းငယ်က ရှိနေပုံရလေပြီး မျက်လုံးထဲတွင်လည်း စိတ်ထက်သန်မှုတချို့ကို မြင်နေရသည်။ သူမ၏ လျှို့ဝှက်ချက်လေးအား ခေါင်းမာစွာပင် ဆက်လက်ထိန်းသိမ်းထားဦးမည့်ပုံပင်။

"ဆိုတော့ ...အမကြီးက ဒီသိုင်းပညာကို သင်ချင်တယ်ပေါ့"

ယုရီဆိုးက တုန့်ဆိုင်းမှုမရှိ ခေါင်းငြိမ့်ပြလာလေသည်။

"အမကြီး သင်နေဖို့ မလိုပါဘူး"

"ဟမ်"

"ဒါက ဟွာဆန်းရဲ့ ကနဦးဓါးသိုင်းပဲ....

အမကြီး ခဏပဲစောင့် .........သိပ်မကြာခင်မှာ သင်ယူရတော့မှာ"

"ဟွာဆန်းက ဒီဓါးသိုင်းကို မသင်ပေးတော့တာ ကြာလှပြီ"

"ဟုတ်လား....."

သူက ဒါကို ဟွာဆန်းမှာ မသင်ပေးတော့တာလည်း သိတယ်ပေါ့....

ယုရီဆိုးက ချွန်းမြောင်၏ဓါးဦးထိပ်မှ ဇီးပန်းပွင့်များ ကြွေကျလာသည်ကို ကောင်းစွာမှတ်မိလေသည်။

ချွန်းမြောင်က ဇီးပန်းပွင့်ဓါးသိုင်းကို တတ်မြောက်ထားသည်က အမှန်ကို အံဩချီးကျူးဖွယ်ရာပင်။

ချွန်းမြောင် ခေါင်းငြိမ့်ကာ ပြောလိုက်လေ၏။

"ဟုတ်တယ်.....ဒီဓါးသိုင်းက အခုတော့ ဟွာဆန်းမှာ မရှိသေးဘူး...."

"............."

"ဒါပေမယ့် သိပ်မကြာခင်မှာ ပြန်ပြီးတော့ ရှိလာတော့မှာ.......အချိန်တစ်ခုရောက်လာရင်ပေါ့"

"အချိန်တစ်ခုရောက်လာရင် ဟုတ်လား"

ချွန်းမြောင် ယုရီဆိုးအား ကြည့်လိုက်လေပြီး သူမမေးသည်ကို မဖြေဘဲ လက်ကို ကောင်းကင်သို့ ဆန့်ထုတ်ကာ စာလုံးအချို့ ရေးဆွဲပြပြီး မုဒြာအချို့ကို ပြသလေသည်။

ယုရီဆိုးသည် ချွန်းမြောင်ရေးသားကာ ပြသလေသောအရာများကို နားမလည်သော်လည်း ဤသည်က ဓါးသိုင်းပညာထဲမှ ကျင့်စဉ်အချို့ဖြစ်သည်ဆိုသည်ကိုတော့ သိလေသည်။

"ယွဲ့ အပျိုစင် ဓါးသိုင်းလား"

"အင်း"

ယုရီဆိုးက ချွန်းမြောင်လုပ်ပြသည့် မုဒြာကို ခန့်မှန်းကာ ပြောလိုက်ခြင်း ဖြစ်လေသည်။

ဤသည်က သေချာပေါက်ပင် ' ယွဲ့ အပျိုစင် ဓါးသိုင်း' ပင်။

ဤသည်က သူမ ကာလကြာရှည် လေ့ကျင့်ကာ သင်ယူခဲ့သော ဓါးသိုင်းတစ်ခုလည်း ဖြစ်လေသည်။ သို့သော်လည်း ချွန်းမြောင်၏ ' ယွဲ့အပျိုစင်' ဓါးသိုင်းကမူ ယုရီဆိုး၏ ဓါးသိုင်းနှင့်မတူသကဲ့သို့ပင်။ လှုပ်ရှားမှုများက ကွာခြားသကဲ့သို့ ထင်ရလေပြီး အခြေခံလည်း အနည်းငယ်ကွဲပြားသည့်အလားပင်။

ချွန်းမြောင် ရေးဆွဲပြသနေသော သိုင်းကွက်များ အဆုံးသတ်သွားသည့်အခါတွင်မူ ယုရီဆိုး သက်ပြင်းလေးကြီးကို ချလိုက်လေသည်။

"အမကြီး နားလည်လိုက်လား"

ယုရီဆိုးက ခေါင်းခါပြလေသည်။

"ဟင့်အင်း...ငါ နားမလည်တာ တစ်ခုရှိတယ်"

ချွန်းမြောင်၏ ယုရီဆိုး၏စကားကြောင့် ပြန်ပြောရန် ပြင်နေစဉ်မှာပင် ယုရီဆိုးက အပြောမခံဘဲ ဆက်ပြောလေသည်။

"ဒါပေမယ့် အဲ့ဒီနားမလည်တာကို ငါကိုယ်တိုင် ရှာဖွေဖော်ထုတ်ရမယ်ဆိုတာ ငါသိပါတယ်...

နင် ပြောချင်တာကို ငါသိတယ်..... ငါ ဒါတွေကိုတောင် မသိနိုင်သေးဘဲနဲ့ အဆင့်တစ်ခုကို မရောက်နိုင်ဘူးလို့ ပြောချင်တာ မို့လား"

"မှန်လိုက်တာဗျာ"

"ငါအခုကစပြီး ပြုပြင်ဖို့ လိုအပ်နေတဲ့ငါ့ရဲ့ အခြေခံတွေကို ပြန်ပြီး ပြုပြင်လေ့ကျင့်လိုက်ပါ့မယ်"

"ကောင်းတာပေါ့"

ယုရီဆိုးက ခေါင်းငြိမ့်ပြလိုက်လေ၏။

"ငါသိပြီ"

ချွန်းမြောင် ယုရီဆိုးကို ကြည့်လိုက်လေပြီး တွေးမိသွားလေ၏။

ပုံစံကြည့်တော့လည်း တုံးသလိုလို ၊ အသလိုလိုနဲ့ ။

ဦးနှောက်ကတော့လည်း အကောင်းသားပါလား.....

"ဟုတ်တယ်.....ဒါပေမယ့် အမကြီး ဒီနေ့ဖြစ်ခဲ့တာတွေအကုန်လုံးကို ဘယ်သူ့ကိုမှ မပြောရဘူး...

မဟုတ်ရင် ဘယ်တော့မှ မသင်ပေးတော့ဘူး"

"ငါ့ဆီက စကားတစ်လုံးတောင် ထွက်မလာစေရဘူး"

"ကောင်းတယ်....ကောင်းတယ်...အရမ်းကောင်းတယ်....လိမ္မာလိုက်တဲ့ ကောင်မလေး"

ချွန်းမြောင်က ယုရီဆိုး၏ စကားကြောင့် ခေါင်းတငြိမ့်ငြိမ့်နှင့် သဘောတကျချီးကျူးလိုက်သော်လည်း ယုရီဆိုးကမူ ဆူပုတ်သွားလေသည်။

"ငါက နင့်ရဲ့ အမကြီး...နင်က ငါ့ထက်အငယ်"

"သိပါပြီ....သိပါပြီ.....ဟုတ်ပြီလား...လိမ္မာလိုက်တဲ့ အမကြီး"

"............."

ယုရီဆိုးက သူ၏ဓါးကို တင်းတင်းကြပ်ကြပ်ကိုင်ထားသည့်မို့ ချွန်းမြောင်က ဘေးသို့လှည့်ကာ ကြည့်လိုက်လေသေး၏။ ထပ်ကာ လိမ္မာသည်ဟု ပြောလျှင် အတည်ကြီးပင် ထခုတ်တော့မည်ဟု ထင်ရလေသည်။

"ဒါဆို .....နောက်တကြိမ်ကျမှ ပြန်တွေ့ကြမယ်....ဂိုဏ်းတူအမကြီး...

အချိန်မတိုင်ခင်အထိတော့ လာမတွေ့နဲ့ဦး......အလုပ်ရှုပ်လို့"

"နေပါဦး"

ယုရီဆိုးက ချွန်းမြောင်အား တားရန်ပြင်လိုက်သော်လည်း ချွန်းမြောင်ကမူ လေလိုအလျင်နှင့် တောင်အောက်သို့ ဆင်းသွားလေပြီး ပါးစပ်မှလည်း အော်သွားလေသေးသည်။

"အာ......တောင်အောက်ဆင်းရင် သေနေတဲ့ အဲ့ကောင်ကိုလည်း သူ့အခန်းထဲ ပို့ပေးလိုက်ပါဦး....

ဒီမှာ အမကြီးကပါ သူ့ကို ထားခဲ့ရင် သူပြန်သတိရလာတဲ့အချိန်က ဝမ်းနည်းအံဩပြီး သေသွားမှာ ဆိုးလို့ပါ"

ယုရီဆိုး ချွန်းမြောင်၏ စကားများကြောင့် သက်ပြင်းချလိုက်လေသည်။

ဇီးပန်းပွင့်တွေ....

ချွန်းမြောင်၏ ဓါးဦးမှ ဇီးပန်းပွင့်များ ထွက်လာခဲ့လေသည်။

ဤမြင်ကွင်းက သူမ ဟွာဆန်းမှာ ရှိနေသောကာလတစ်လျောက် မမြင်ဖူးသော မြင်ကွင်းပင်။

တစ်ချိန်က လွဲလျှင်ဖြစ်သည်။

ယုရီဆိုး သူမ၏ မျက်လုံးများကို မှိတ်ချလိုက်လေသည်။

ရွေ့လျားနေသော ဓါးတစ်ချောင်းက စိတ်ထဲတွင် မြင်လာရပြီး ဓါးသိုင်းကွက်ဆုံးသွားသည့်အခါတွင် ဓါး၏ဦးထိပ်မှ ဇီးပန်းပွင့်များက ပွင့်လာလေသည်။

ဇီးပန်းပွင့်များ ...ဇီးပန်းပွင့်များ ထွက်လာသောဓါးကို ကိုင်ဆွဲထားသည့် ယောက်ျားတစ်ယောက်၏ ပုံရိပ်ကလည်း သူ၏ မျက်ဝန်းထဲတွင် ပေါ်လာလေသည်။

အဖေ.......

ငါ ဒီသိုင်းပညာကို သေချာပေါက် ပြန်သင်ချင်တယ်...

ပြီးတော့ တစ်ရက်ရက်မှာ ဟွာဆန်းကို ပြန်ပြီးတော့ ငါ့ရဲ့အပြစ်တွေအတွက် ပြန်ပေးဆပ်ချင်တယ်.....

ရီဆိုး.....အဖေနဲ့ လိုက်ခဲ့ပါ...ကမ္ဘာပေါ်မှာ ဟွာဆန်းလောက် ကောင်းတဲ့နေရာ ဘယ်မှာမှ မရှိတော့ဘူး....

ဟုတ်ပေသည်။ သူမ၏ အဖေသည် အဆုံးသတ်တွင်မူ ထိုဓါးသိုင်းပညာကို ဆုံးရှုံးလိုက်ရလေသည်။ ဓါးဦးထိပ်တွင် မည်သည့်ဇီးပန်းပွင့်များမှ ထပ်ကာ မပွင့်တော့ပေ။

ယခုတွင်မူ ထိုသိုင်းပညာကို အပြည့်အဝတတ်မြောက်သည့်သူက သူမရှေ့တွင် ရှိနေလေပြီ ဖြစ်သည်။

"ငါ သေချာပေါက်ကို သင်နိုင်ရမယ်"

ဘယ်လိုပဲ ဖြစ်ဖြစ်....ဘာပဲ ပေးဆပ် ပေးဆပ်ရ .....သေချာပေါက် သင်ယူရမယ်......

ဘမ်း.........

ချွန်းမြောင် ဇီးပန်းဖြူဆောင်၏တံခါးကို ပွင့်ကာ အခန်းထဲသို့ အပြေးအလွှားဝင်သွားလေသည်။

"အမ်"

"သူက ဒီမှာဟ"

"ဘာလား"

မနက်အစောကြီးပင် ရှိသေးသော်လည်း ယွန်းဂျွန်နှင့် ဂျိုဂုကမူ သူ့အား စောင့်နေကြသည့်ပုံပင်။

"ကြည့်ရတာ အကိုကြီးရဲ့ လေ့ကျင့်ရေးက တော်တော်လေးကို သက်သက်သာသာ ဖြစ်နေကြတယ်ထင်တယ်...

ကျွန်တော့်ကို ဒီမှာ ရှိမရှိတောင် လာကြည့် အားနေကြတယ်ဆိုတော့"

"မဟုတ်ဘူး...ဒီနေ့ ပြဿနာလေး ရှိပြီး ဒီနေရာမှာ ခြေရှုပ်နေကြလို့"

"ဟမ်"

"ဘတ်ချုန်း အကိုကြီး ပျောက်နေလို့တဲ့လေ...

အဲ့တာကြောင့် နည်းပြတွေအကုန်လုံးက နေရာတိုင်းမှာ လိုက်ပြီး စစ်ဆေးနေကြတာ"

ဒီ အားအားယားယား ခွေးသားတွေကတော့ ...လုပ်ကြပြန်ပြီ....။

သူတို့ ဘတ်ချုန်း ပျောက်တာ ဒီကိုလာပြီး စစ်ဆေးစရာလိုလို့လား....

မသိရင် ငါကပဲ သူ့ကို ပြန်ပေးဆွဲထားသလိုလိုနဲ့......

အယ်....ဟုတ်သားပဲ...

ငါတကယ်ပြန်ပေးဆွဲပြီး ရိုက်နိုင်တဲ့အနေအထားရှိတာကို...

ကြည့်ရတာ သူတို့ ဒုတိယတန်းခေါင်းဆောင်တွေထဲမှာ ခေါင်းကောင်းတဲ့လူတွေတော့ ရှိသေးတဲ့ပုံပဲ....

" ဒါကတော့ သူတို့က သက်သက်ကြီး မတရားပြောဆိုနေတာပဲ.......ကျွန်တော့်ကို စိတ်ပျက်စေတယ်"

ချွန်းမြောင်၏ စကားများကြောင့် ယွန်းဂျွန်က ပြောလိုက်လေသည်။

"ငါလည်း မင်း မဟုတ်ဘူးလို့တော့ ထင်ပါတယ်.... ဘုရားကျေးဇူးနဲ့ မင်း မဟုတ်တာ တော်သေးတယ်"

"အဲ့လို မဟုတ်ဘူး...သူတို့ ထင်တာကတော့ မှန်တယ်"

".........."

သူတို့ထင်တာက မှန်တယ်ဆို မင်းက ဘာလို့ စိတ်ပျက်ရတာတုန်း...ဘာလို့တုန်း...

နေဦး..နေဦး...မင်း စိတ်ပျက်တာမပျက်တာက အရေးမကြီးသေးဘူး.....

"မင်း တကယ်ပဲ အကိုကြီး ဘတ်ချုန်းနဲ့ အတူရှိခဲ့တာလား"

"ဟုတ်တယ်"

"နေပါဦး...ခဏလေး....ငါ တွေးကြည့်ပါရစေဦး......ငါ ထင်နေသလိုတော့ မင်းမလုပ်ခဲ့ပါဘူးနော်"

"အကိုကြီးက ဘာထင်နေလို့လဲ"

ယွန်းဂျွန် အနည်းငယ် ခါးသက်သက် ပြုံးလိုက်လေသည်။

"မဟုတ်နိုင်ပါဘူး...မင်းက တကယ့်ကို တွေးခေါ်မျှော်မြင်နိုင်တဲ့လူပဲဟာကို ....

ဆိုတော့ ငါ ထင်နေတာကို မင်းမလုပ်ခဲ့လောက်ပါဘူး......ဟုတ်ပါတယ်......

မတော်တဆ လုပ်ခဲ့ရင်တောင် ဗိုက်ကို ထိုးခဲ့တာပဲ ဖြစ်မှာပါ....မျက်နှာတော့ မထိုးခဲ့ဘူးမို့လား"

"အဲ့နှစ်ခုက ဘာကွာလိုလဲ"

"မျက်နှာကို ထိုးတာက ပိုအန္တာရယ်များတာပေါ့"

ဂျိုဂုကလည်း ယွန်းဂျွန်၏စကားကို ထောက်ခံသယောင်နှင့် ခေါင်းငြိမ့်ပြလေ၏။ ထိုအခါမှ ချွန်းမြောင်က သဘောပေါက်သွားလေပြီး လက်ကို ခါကာ ပြောလေသည်။

"အာ...ကျွန်တော်က အဲ့လို ခေါင်းမရှိမယ့်ကလေးလား"

"ဟင်....ဟင်....အင်း...မဟုတ်ဘူး.....ချွန်းမြောင်က အဲ့လို အဲ့လိုကလေးမဟုတ်ဘူး....

ဒီက ဆရာတူအကိုကြီးက မင်းကို ယုံတယ်......မင်း ဘယ်လောက်ပဲရူးရူး ကိုယ့်ရဲ့ နည်းပြရာထူးရှိတဲ့လူကိုတော့ ဘာမှ လုပ်မှာ မဟုတ်ဘူး...ငါသိတယ်"

"ဒါပေါ့ ...ကျွန်တော်သူ့ကို အန္တာရာယ်ဖြစ်အောင် မလုပ်ခဲ့ပါဘူး

"ဒါပေါ့.....ဒါပေါ့...ကလေးလေး လုပ်တာ မှန်တာ အကိုကြီး သိတာပေါ့"

"ကျွန်တော် သူ့ကို ချီးထွက်အောင်ပဲ ရိုက်ခဲ့တာ"

"ဒါပေါ့...ချီးထွက်အောင်လုပ်.......

ဘတ်ချုန်းက အစကတည်းက ချီးပေကောင်ပဲကို ........ဘာ......."

ယွန်းဂျွန်၏ မျက်နှာက ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားသွားသည့်ပုံပင်။

"ရိုက်ခဲ့တယ် ...ဟုတ်လား"

"ဟုတ်တယ်"

"ဘယ်သူ့ကို....ရိုက်ခဲ့တာလဲ.....ငါတို့ နည်းပြ ဘတ်ချုန်း အကိုကြီးကိုလား"

"ဟားဟား...ဟား...မင်း အခုက ဟာသ ပြောနေတာမို့လား"

"ဟား...မဟုတ်တာ..ကျွန်တော်က ဟာသပြောတတ်တဲ့သူမျိုးလား"

ယွန်းဂျွန်က ချွန်းမြောင်၏စကားကြောင့် ချက်ချင်းဆိုသလိုပင် လေကဲ့သို့ လျှင်မြန်သောအရှိန်နှင့်ပြေးကာ ချွန်းမြောင်၏ ဝတ်စုံကော်လာကို ဆွဲကာ ဆွဲခါလေတော့သည်။'

"ဘာ.....မင်း ဘာပြောလိုက်တယ်....မင်းက သောက်ရူးလား...ဦးနှောက်မရှိတဲ့ ခွေးရူးလား...

အမြဲတမ်း ပြဿနာကို မီးခွက်ထွန်းရှာနေတယ်.....

မင်း ဘာလုပ်ခဲ့တယ်ဆိုတာကို မင်းပြန်ပြောလိုက်စမ်း...

ဂိုဏ်းတူအကိုကြီးတွေကို သွားပြီးရှုပ်မိလို့ ဒီလောက်ဒုက္ခခံနေရတာလည်း မင်းကမမှတ်သေးဘူးလား...

အခုလည်း ပြဿနာကို ထပ်ရှာခဲ့ပြန်ပြီ....."

"အား...ဘုရားကယ်ပါ"

ချွန်းမြောင်က သူ့အား ဆွဲခါနေသော ယွန်းဂျွန်အား ကန်ထုတ်လိုက်လေပြီး သူ၏လည်ပင်းကို သူပွတ်ကြည့်လိုက်လေသည်။

"ကျွန်တော် အဲ့လို ဖြစ်မှာတွေကို အားလုံးသိတယ်...

ဒါပေမယ့် အခုလို ရိုက်ခဲ့လို့ အခုဘာမှဖြစ်မှာ မဟုတ်ဘူး....

သိပ်မစိုးရိမ်နေနဲ့..........ပြဿနာကို ကျွန်တော်ရှင်းခဲ့ပြီးသား"

"ငါသိပြီ...သိပြီ...သိလည်းသိတယ်"

ယွန်းဂျွန်က ဆက်ကာ ပြောလေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်း စိတ်လွတ်သွားလို့ လုပ်ခဲ့တာဆိုရင်တောင် ကိုယ့်ရဲ့ ဆရာတူအကိုကြီးကိုတော့ မင်းမလုပ်သင့်ဘူး..... ဘယ်လိုစိတ်နဲ့များ မင်းလုပ်ခဲ့လိုက်တာလဲ....

ဘယ်တော့မှ ဆပ်လို့မကုန်တဲ့ အပြစ်ကျွေးတွေဆိုတာ တကယ်ရှိတယ်နော်.....လုံးဝ မဖောက်ဖျက်သင့်တဲ့ စည်းကမ်းတွေဆိုတာကလည်း ရှိတယ်"

"သူက ဘယ်တုန်းက စည်းကမ်းတွေကို လိုက်နာဖူးလို့လဲ"

"ဟမ့်"

ဂျိုဂု၏ ဝင်ကာထောက်လိုက်သောစကားကြောင့် ယွန်းဂျွန် စိတ်ညစ်သွားရလေသည်။

မနက်စောစောစီးစီးကတည်းက ဖြစ်နေသောအရာများကို တွေးကြည့်လိုက်ရုံနှင့်ပင် မျက်ရည်များ ဝဲလာသလို ခံစားလိုက်ရလေသည်။

"ဒါဆို အခုအခြေအနေက ဘယ်လိုဖြစ်သွားပြီလဲ....

မင်း ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထင်လား..."

"အကိုကြီး ဘတ်ချုန်းကရော ဘာပြောလဲ"

"သူကတော့ သူ့ကို ဒီထက်ပိုပြီး သန်မာလာအောင် လုပ်ပေးဖို့တော့ ပြောတာပဲ"

"ဘာ....."

မမျှော်လင့်ထားသောအဖြေကြောင့် ယွန်းဂျွန်နှင့် ဂျိုဂုက တစ်ဦးနှင့်တစ်ဦးကြည့်လိုက်ကြလေသည်။

"အဲ့လိုဆို အခြေအနေက ဘယ်လိုလဲ"

"........."

".........."

ဒီကလေးပြောတာ ဟုတ်ရောဟုတ်ရဲ့လား...

တွေးကြည့်တော့ ယုံချင်စရာလည်း မရှိဘူး...

အကိုကြီး ဘတ်ချုန်းက တကယ်ပဲ အဲ့လိုပြောပါ့မလား.. သူက နည်းပြလေ..

ငါတို့တောင် ဆရာတူအကိုကြီးတွေဆိုပေမယ့် သူဆီက သင်ယူနေရတုန်းပဲဆိုတော့......

ယွန်းဂျွန်တို့ မြွေမြွေချင်း ခြေမြင် ဆိုသလိုပင် ဘတ်ချုန်းအကိုကြီး၏ အတွေးနှင့်ခံစားချက်ကို နားလည်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

"အဲ့တော့ မင်းက ဘာပြောလိုက်လဲ..လက်ခံလိုက်ရောလား"

"ဟင့်အင်း...သူ့ကို ထပ်ပဲရိုက်လိုက်တာ"

"ထပ်ရိုက်တယ်"

"ဟုတ်တယ်"

"ဘာလို့လဲ"

ချွန်းမြောင်က ပုခုံးတွန့်ပြကာ ထပ်ဖြေလေ၏။

"ရိုက်တာ အကြောင်းပြချက်လိုသေးလို့လား

ဒီတိုင်းပဲ ရိုက်ရတာ ကြိုက်လို့ စိတ်ကျေနပ်တဲ့အထိ ရိုက်ခဲ့လိုက်တာ"

"............"

ချွန်းမြောင်၏ စကားကို ကြားလိုက်ရသောအချိန်တွင် ယွန်းဂျွန်သည် သူ ယခင်က ကောင်းကောင်း မလေ့ကျင့်ခဲ့ရသည်ကို နောင်တရသွားလေသည်။ ဤသို့သောအဖြစ်မျိုးများ ကြုံရမည်ကို ကြိုကာသိခဲ့လျှင် ချွန်းမြောင် ဟွာဆန်းသို့ မရောက်လာမှီ နှစ်ပေါင်းများစွာအလိုကပင် သူ ကြိုးကြိုးစားစား လေ့ကျင့်ခဲ့လေပြီ ဖြစ်သည်။ သူ့အနေနှင့် ဤခွေးသားလေးအား တစ်ချက်လောက်တော့ ထိုးလိုက်ချင်သည်။ သို့သော်လည်း ဤအရူးကောင်ကိုက လက်ရှိတွင် မည်သူမှ မယှဉ်နိုင်သေးဟူသော အမှန်တရားကိုသာ လက်ခံလိုက်ရလေသည်။

"စိတ်မပူပါနဲ့...ဘာမှ မဖြစ်ပါဘူး...

အေးအေးလူလူသာ သွားအိပ်ပါ...

နိုးလာတဲ့အခါကျမှ အခြေအနေပြန်ကြည့်"

ချွန်းမြောင်က ပြောပြီး တက်သွားသည်ကို ကြည့်ကာ ယွန်းဂျွန်နှင့် ဂျိုဂုတို့က သက်ပြင်းကိုယ်စီချလိုက်ကြလေသည်။

"အဲ့တာက အမှန်လို့ မင်းထင်လား"

"ချွန်းမြောင်နဲ့ ပတ်သက်ပြီး ကျွန်တော်သိထားတာ တစ်ခုတော့ရှိတယ်"

"ဘာလဲ"

"သူက ချီးစကားတွေပြောနေရင်တောင် မလိမ်တော့ မလိမ်တတ်ဘူး"

"ဪ..ဘယ်လောက်တောင် ကြီးကျယ်မြင့်မြတ်လိုက်တဲ့ သိရှိမှုကြီးလဲ"

"ဒါပေမယ့် ..အကိုကြီး"

"ပြော"

"ဘတ်ချုန်းအကိုကြီးကရော ချွန်းမြောင်ကို အရင်တိုက်ခိုက်တာ မဖြစ်နိုင်ဘူးလား"

"............."

"အဲ့တာက ဖြစ်နိုင်လို့လား"

"ကျွန်တော်ပြောနေပါပဲ...ချီးတွေ ပြောပေမယ့် မလိမ်တတ်ဘူးလို့"

"ကြားရတာတော့ ယုံချင်စရာမကောင်းပေမယ့် အကိုကြီးဘတ်ချုန်းကပဲ အရိုက်ခံလိုက်ရတယ်ဆိုတာကြီးကတော့"

"ဒါမျိုးက ချွန်းမြောင်တစ်ယောက်ပဲ လုပ်နိုင်တဲ့အရာမျိုး"

"အသံနဲ့တင် ကျောချမ်းတယ်"

ယွန်းဂျွန် ချွန်းမြောင်တက်သွားသော လှေကားကို မျှော်ကြည့်ကာ ခေါင်းခါလိုက်လေသည်။

ဇီးပန်းဖြူဆောင်၏ အပေါ်ထပ်တစ်နေရာတွင် မကောင်းဆိုးဝါးတစ်ကောင်က ခိုအောင်းနေသည်ပင်။

ဘာလို့ ဟွာဆန်းမှာမှ ဒီမကောင်ဆိုးဝါးလေးက ရှိနေရတာလဲကွာ...ဘာလို့လဲ...

ယွန်းဂျွန်နောက်တဖန် ငိုချင်သွားပြန်လေသည်။

All Chapters