← Chapters

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အပိုင်း(၁၁၈)

တစ်နေ့မှာတော့ ဟွာဆန်းမှာ ဇီးပန်းပွင့်တွေ ပွင့်လာလိမ့်မယ်(၃)

"အား"

ဝေ့ဆိုဟုန် အသက်ကို မောကြီးပန်းကြီးရှုကာသွင်းလိုက်လေသည်။

ဘယ်လိုတောင် တက်ရတဲ့တောင်လဲ...

ဟွာဆန်းတောင်က အတော်ပင် မတ်စောက်သည့်ထဲတွင် ပါလေသည်မို့ တောင်ပေါ်သို့တက်ရန်က မလွယ်ကူသည့်ကိစ္စပေ။ ဤမျှလွယ်လွယ်တက်လာနိုင်သည်ကိုပင် ကျေးဇူးတင်ရလေမည်။

ဟွာဆန်း၏တောင်တက်ခရီးသည် ယခင်ကလောက်မူ မခက်ခဲတော့ပေ။ အတော်လေး လွယ်ကူသွားပြီဟု ပြောရပေမည်။ တောင်တက်လမ်းတစ်လျှောက်တွင် လက်ရန်းကြိုးများကို တားပေးထားပြီး ထိုလက်ရန်းများကို ထိန်းကာတွယ်တက်ရုံနှင့် အဆင်ပြေနေပြီဖြစ်လေသည်။

"အမလေး..ဒါတောင် တောင်တက်ရတာက လွယ်မနေသေးဘူး"

ဝေ့ဆိုဟုန်က သူ၏အင်္ကျီလက်နှင့် နဖူးမှချွေးများကို သုတ်လိုက်လေသည်။

ဝူတန်ဂိုဏ်းတွင်မူ ဂိုဏ်းပရဝုဏ်အတွင်းသို့ ဝင်သည်နှင့် လက်နက်နှင့် မြင်းများကို ယူဆောင်ခွင့်မပြုပေ။ ဟွာဆန်းတွင်မူ ထိုသို့သော စည်းမျဉ်းမျိုး မရှိပေ။ ရှိရန်လည်း မလိုအပ်ပေ။ ဟွာဆန်းတောင်ပေါ်သို့ မည်သည့်မြင်းများမှလည်း တက်နိုင်မည်မဟုတ်သောကြောင့်ပင်။

ဟွာဆန်းဂိုဏ်းသို့ လာရောက်ကြသူအားလုံးက ညီတူညီမျှပင်။ ကြိုးစားကာ ကိုယ်တိုင်ပင် ခြေလျင်တက်လာကြရပြီး အခွင့်ထူးခံအနေနှင့် ဝေါယာဉ်များ သုံးနိုင်ခြင်းလည်း မရှိပေ။ ဟွာဆန်းတွင် အားလုံးက တသားတည်းဖြစ်ရမည် ဆိုသည်ကို ပြသထားခြင်း ဖြစ်လေသည်။ ယုတ် ၊လတ် ၊ မြတ် မရွေး အားလုံးကို သာတူညီမျှ ကြိုဆိုခြင်းဟုပင် ဆိုရမည်ထင်သည်။

"ဘယ်သူက အဲ့အတွေးနဲ့ လုပ်ခဲ့လဲ မသိပေမယ့် တော်တော်ကောင်းတာပဲ...တောင်ပေါ်တက်နေရင်းနဲ့ သူတို့ရဲ့စိတ်ထားကိုပါ တခါတည်းသိလို့ရလာတယ်"

ဟွာဆန်းဆိုသည်က သမိုင်းကြောင်းရှည်ကြီးနှင့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်လေသည်။သို့ဖြစ်၍ ဤကဲ့သို့သော ရည်ရွယ်ချက်နှင့် ပြုလုပ်ထားသော တောင်တက်လမ်းကို အလွန်ပင်လွယ်ကူသက်သာသွားစေရန် ပြုပြင်ပေးခြင်းက ဘိုးဘေးတို့၏ ရည်ရွယ်ချက်ကို စော်ကားရာရောက်သည်မို့ လက်ရန်းကြိုး ထားပေးခြင်းက အတတ်နိုင်ဆုံးသော ပြုပြင်ပေးမှုပင် ဖြစ်လေသည်။

ချွေးတလုံးလုံးနှင့် ဝေ့ဆိုဟုန်က ကြိုးစားကာ တက်လာရင်းမှ ဟွာဆန်းဂိုဏ်း၏ ပရဝုဏ်ပေါက်ဝသို့ ရောက်လာလေသည်။ မောပန်းလွန်း၍ ခြေကုန်လက်ပန်းပင် ကျနေလေပြီဖြစ်သည်။

"...အာ ဝင်ပေါက်ဝကြီးက တကယ်ကို ပြောင်းလဲသွားတာပဲ..တူတာလေးတစ်ခုတောင် မရှိတော့ဘူး..."

တံခါးပေါက်ကြီးပင် လုံးလုံးပြောင်းလဲသွားပြီဖြစ်လေ၏။ သူ ဟွာဆန်းအား ရောက်ဖူးသည့်အချိန်နှင့် ယှဉ်လျှင် လားလားပင် မသက်ဆိုင်တော့ပေ။ ပျက်သုန်းလုနီးပါးဖြစ်ခဲ့သော ဟွာဆန်းဆိုသည်က ဘယ်ဆီဘယ်ဝယ်ရောက်သွားမှန်းပင် မသိရတော့ပေ။

ဝေ့ဆိုဟုန် မျက်စိကို ဝေ့ကြည့်လိုက်လေသောအခါ ' ကြီးမြတ်သော ဟွာဆန်းဂိုဏ်း' ဟူသည့် လက်ရေးလှစာလုံးနှင့် စာလုံးထွင်းထားသည့်ဆိုင်းဘုတ်ကြီးကို ခန့်ခန့်ညားညားတွေ့လိုက်ရလေသည်။ ဆိုင်းဘုတ်ကို မြင်လိုက်ရသည့်အခိုက်အတန့်တွင်မူ အထင်ကြီးမှုက ထိုးတက်သွားလေတော့သည်။

အရင်တုန်းကနဲ့ လုံးဝကို မတူတော့တာပဲ...

မြစ်တွေနဲ့ တောင်တန်းတွေတောင် ပြောင်းလဲဖို့ ဆယ်နှစ်ဆယ်မိုး အချိန်ယူရတာကို ဟွာဆန်းက ခဏနဲ့တင် ဒီလောက်ပြောင်းလဲသွားတာလား....

ဝေ့ဆိုဟုန် အသက်ကိုတဝကြီး ရှုသွင်းကာ ဝေ့ဆိုဟုန် တံခါးဝသို့ ဝင်လာခဲ့လေသည်။

ကြီးမားသောတံခါးဝကြီးတွင် အစောင့်တစ်ယောက်ပင် ရှိမနေချေ။ စောလွန်းသေး၍ တံခါးအလုံပိတ်ထားသောကြောင့်လည်း ဖြစ်နိုင်ပေသည်။

ဝေ့ဆိုဟုန် တံတွေးမြိုချကာ တံခါးခေါက်လိုက်လေသည်။

"လူရှိလားဗျ"

ဒုန်း..ဒုန်း..ဒုန်...

"ကျွန်တော်က ဟွာဆန်းကို လာတဲ့ဧည့်သည်ပါ"

တစ်ယောက်မှ မရှိကြဘူးလားဟ...

ဝေ့ဆိုဟုန်က တံခါးခေါက်နေသည်ကို တုံပြန်မှုမရှိသောကြောင့် အံဩနေသော်လည်း တံခါးခေါက်ရန်သာ တတ်နိုင်သည်မို့ ဆက်ကာသာ တံခါးကို ခေါက်နေရလေသည်။

"ဟွာဆန်းကို ဧည့်သည်အဖြစ်လာတာပါဗျ...လူမရှိကြဘူးလားဗျ"

ဝေ့ဆိုဟုန်က တတ်နိုင်သမျှ ယဉ်ကျေးစွာအော်ဟစ်နေရပြီး တံခါးခေါက်သည်ကို ခဏမျှ ရပ်ကာ ဖွင့်လာမည့်သူကို စောင့်လိုက်လေသေးသည်။

တစ်ယောက်ယောက်က ကြားရင်တော့ ချက်ချင်းလာဖွင့်ကြမှာပါ....

ကလစ်...

မမျော်လင့်ထားစွာပင် တံခါးကပွင့်လာလေပြီး လူတစ်ယောက်က တံခါးကို ဖွင့်ကာ ခေါင်းပြူထွက်ပြီး ပြောလာလေသည်။ တံခါးပွင့်လာပြီမို့ ဝေ့ဆိုဟုန်က ဝမ်းသာသွားလေသည်။

"ဒီနေ့ ကျွန်တော်တို့ ဧည်သည့်လက်မခံပါဘူး"

"ဟမ်"

"ဟွာဆန်းဂိုဏ်းက ဒီနေ့ ဘယ်ဧည့်သည့်မှ လက်မခံပါဘူးလို့ ...ကျေးဇူးပြုပြီး မနက်ဖြန်မှ ပြန်လာခဲ့ပါ"

"ဟမ်...အဲ့လိုမျိုး ရှိတယ်လို့ ကျွန်တော်တော့ မကြားမိပါဘူး"

အဆုံးသတ်တွင်မူ ယနေ့တောင်တက်လမ်းတွင် လူတစ်ယောက်မှ ရှိမနေသည့်အကြောင်းရင်းကို ဝေ့ဆိုဟုန် နားလည်သွားပြီ ဖြစ်လေသည်။

တကယ်ကြီး အဝင်မခံဘူးလား ...

"နှုတ်ဆက်ပါတယ်"

"အာ..နေပါဦး...ခဏလောက်ပါ"

ဝေ့ဆိုဟုန်က တံခါးပြန်ပိတ်ရန်ပြင်နေသည့်လူကို ချက်ချင်းဆိုသလိုတားမြစ်လိုက်လေသည်။

"ကျွန်တော် တောင်းပန်ပါတယ်... ဒါပေမယ့်လည်း တကယ်အရေးကြီးနေလို့ပါ...

ဟွာဆန်းရဲ့ ဂိုဏ်းချုပ်နဲ့ တွေ့ရမှကို ဖြစ်မှာမို့လို့ပါ"

"ကျွန်တော်တို့က ဒီနေ့ ဧည့်သည်လက်မခံပါဘူးဆို...အလျင်လည်း သိပ်လိုနေတာမဟုတ်ဘဲနဲ့ ...မနက်ဖြန်မှသာ.."

"ကျွန်..ကျွန်တော်က ဧည့်သည်မဟုတ်ပါဘူး"

"ဟမ်"

ဘတ်ဆန်း တံခါးကို ဖွင့်ကာ ဝေ့ဆိုဟုန်ကို သေချာကြည့်လိုက်လေသည်။

ဤလူအား ဘတ်ဆန်းတကြိမ်မျှပင် မမြင်ဖူးသည်က သေချာလေသည်။ ဤသည်ကိုပင် ထိုလူ၏ ဧည့်သည်မဟုတ်ဟု ဆိုနေလေသေးသည်။

"ကျွန်တော်က ဟွာယုန်း ဂိတ်တံခါးကပါ"

"ဟွာယုန်း ဂိတ်တံခါးကလား"

ဟွာယုန်းဟူသော စကားလုံးကြောင့် ဘတ်ဆန်း၏လေသံက အနည်းငယ်မျှ ပျော့သွားလေသည်။

"ဟုတ်ပါတယ်..ကျွန်တော်က ဟွာယုန်းနဲ့ ပတ်သက်ပြီးတော့ အရေးကြီးကိစ္စလေး ဂိုဏ်းချုပ်နဲ့ ဆွေးနွေးစရာရှိလို့ပါ.... တကယ့်ကို အရေးကြီးကိစ္စပါ...အခြေအနေကို ကောင်းကောင်း မသိဘဲ တောင်ပေါ်တက်ခဲ့မိတာက ကျွန်တော့်အမှားဆိုတာ ကျွန်တော်သိပါတယ်...ဒါပေမယ့် ကျေးဇူးပြု၍ ကျွန်တော့်အတွက် သွားပြီးပြောတာလေးပဲဖြစ်ဖြစ် လုပ်ပေးလို့ရမလားဗျ"

ဘတ်ဆန်း လေသံပျော့လေးနှင့် ယဉ်ယဉ်ကျေးကျေးပြန်ပြောလာလေသည်။

"ကျွန်တော် စိတ်မကောင်းပါဘူး..ကျွန်တော် သိတဲ့ဗဟုသုတကလည်း အတော်နည်းတာမို့ ဟွာယုန်းဂိတ်ဆိုတာကို မကြားဖူးပါဘူး"

"အယ်"

"ဒါပေမယ့် ကျွန်တော်အခုပဲ ဟွာယုန်းဂိတ်တံခါးက လူတစ်ယောက်ရောက်နေတဲ့အကြောင်းကို သွားပြီးပြောပေးပါမယ်....အခုချက်ချင်းသွားပြောပေးပါ့မယ်..ခဏစောင့်ပါ"

"ကျေးဇူးတင်ပါတယ်"

"ဒါဆို ခဏစောင့်ပေးပါဦး"

ဘတ်ဆန်းက တံခါးကိုပိတ်ကာ အတွင်းထဲသို့ ပြန်ဝင်သွားလေသည်။

ဝေ့ဆိုဟုန်ကမူ အဆိုးများ တတ်နိုင်သမျှ မဖြစ်လာစေရန်သာ ဆုတောင်းနေရလေသည်။

ဘတ်ဆန်း၏ ပုံစံကို မြင်လိုက်ရသော ဝေ့ဆိုဟုန်ကမူ ဟွာဆန်းဂိုဏ်းကို ပို၍ပင် ကြောက်ရွံလာလေပြီး ရင်လည်းတုန်လာလေသည်။ ဘတ်ဆန်း၏ ရှေ့တွင်ရပ်နေရသည်ကပင် လည်မျိုကို ဓါးထောက်ထားသကဲ့သို့ ခံစားရလေပြီး တုန်လှုပ်မှုကိုလည်း ခံစားရစေသည်။ ဤသည်က အရှိန်အဝါပင် ဖြစ်လိမ့်မည်။

ဝေ့ဆိုဟုန် စိတ်လှုပ်ရှားစွာပင် ဘတ်ဆန်းအား စောင့်ဆိုင်းနေလေသည်။ ဟွာဆန်းသည် ပကတိ ပြောင်းလဲသွားပြီဖြစ်၍ အကူအညီအားမပေးဘဲ ငြင်းဆန်ကာ ပြန်လွှတ်လိုက်မည်ကိုလည်း စိုးရိမ်နေလေသည်။

ဟွာဆန်းသည် လက်ရှိတွင်မူ အနာဂတ်ကောင်းကို ပိုင်ဆိုင်ထားရပြီဖြစ်၍ သူတို့ဂိုဏ်းကဲ့သို့ ဂိုဏ်းငယ်လေးနှင့် မပတ်သက်လိုလျှင်လည်း မျက်ကွယ်ပြု၍ရသောအနေအထား ဖြစ်နေပြီဖြစ်လေသည်။

ထိုအပြင် အဆက်အသွယ်ပြတ်နေသည်ကလည်း ဆယ်စုနှစ်များပင် မကတော့သည်မို့ ဝေ့ဆိုဟုန် အငြင်းခံရမည်ကိုတော့ အမှန်ပင် ရင်တုန်နေလေသည်။

ကလစ်...

တံခါးက အပြည့်ပွင့်လာလေပြီး ဘတ်ဆန်းက အလျင်လိုနေသော မျက်နှာနှင့် ထွက်လာလေသည်။

"ခင်ဗျားက ဟွာယုန်း ဂိတ်တံခါးကလို့ ပြောလိုက်တာနော်"

"အာ..ဟုတ်ပါတယ်... ဟွာယုန်း ဂိတ်ကပါ"

"ဒါဆို ဝင်ခဲ့ပါဗျ...ဂိုဏ်းချုပ်က အခုပဲ ခင်ဗျားနဲ့တွေ့မယ်ဆိုတဲ့အကြောင်းကို ပြောလိုက်ပါတယ်"

"ဟင်"

"ဝင်လာခဲ့ပါ"

"အာ..ဟုတ်ကဲ့"

လေထုအခြေအနေက ချက်ချင်းဆိုသလိုပြောင်းလဲသွားပြီး ဝေ့ဆိုဟုန်က ယောင်နနဖြင့် ဟွာဆန်းထဲသို့ ဝင်လာပြီး ဘတ်ဆန်းခေါ်ရာနောက်သို့ လိုက်လာခဲ့လေသည်။

ငါ အတော့်ကို ရင်တုန်ပန်းတုန် ဖြစ်နေတာပဲ...

ဝေ့ဆိုဟုန် တံတွေးမြိုချလိုက်လေသည်။

သူ၏ရှေ့တွင် ထိုင်နေသောဟွမ်းဂျွန်ကမူ ကြင်နာသောမျက်နှာပေးနှင့်သာ ကြည့်နေလေသည်။

ဝေ့ဆိုဟုန်အနေနှင့်မူ ဟွမ်းဂျွန်နှင့် မျက်နှာချင်းဆိုင်ထိုင်နေရသည်ကပင် ကြောက်မက်ဖွယ်ရာဖြစ်နေလေပြီ ဖြစ်သည်။ ဝန်ထုတ်ဝန်ပိုးအလားပင်။ ထို့အပြင် ဟွမ်းဂျွန်သည်သာ မက ဘယ်ညာအသီးသီးတွင်လည်း အကြီးအကဲတစ်ယောက်စီက နေရာယူထားကြသည်မို့ ပို၍ပင် နေရကြပ်လာလေသည်။

ဖြစ်နိုင်လျှင်မူ ဤနေရာမှ ချက်ချင်းထကာ ထွက်သွားချင်သော်လည်း ဟွာဆန်းဂိုဏ်းသည် သူတို့ဂိုဏ်း၏ တစ်ခုတည်းသော နောက်ဆုံးမျှော်လင့်ချက်ပေမို့ ထိုသို့ စိတ်လိုက်မာန်ပါလုပ်၍ မဖြစ်ပေ။ တထိတ်ထိတ်ခုန်နေသော ရင်အစုံနှင့်သာ အကြီးအကဲများကို ကြည့်လိုက်လေသည်။

"ဟုတ်ပြီ"

ဟွမ်းဂျွန်က မနေသာတော့ပဲ စတင်ကာ စကားပြောလေသည်။

"မင်းက ဟွာယုန်းဂိတ်က လာခဲ့တာလို့ ပြောတယ်နော်"

"ဟုတ်..ဟုတ်ပါတယ်..ဂိုဏ်းချုပ်...ကျွန်တော်က ဟွာယုန်းဂိုဏ်းက ဝေ့ဆိုဟုန်ပါ"

"အာ..ငါသိပြီ...ငါက ဟွာဆန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဟွမ်းဂျွန်ပါ"

"အခုလိုတွေ့ခွင့်ရတာ ဝမ်းသာပါတယ်"

ဟွမ်းဂျွန်က ပြုံးကာပြောလိုက်လေသည်။

"မင်း အဲ့လောက်ကြီး ကြောက်မနေပါနဲ့"

"ကျွန်တော်က ပင်ကိုကိုက စိုးရိမ်တတ်လို့ပါ"

ဟွမ်းဂျွန်က ပြုံးလိုက်ပြီး လက်ဖက်ရည်ခွက်ကို ညွှန်ပြလိုက်လေသည်။

"ဒါဆိုလည်း လက်ဖက်ရည်ကြမ်းလေးသောက်လိုက်ပါဦး...သူက စိတ်ကို ငြိမ်စေတယ်"

"ကျေးဇူးပါဗျ"

ဝေ့ဆိုဟုန် လက်ကိုထုတ်ကာ လက်ဖက်ရည်ခွက်ကို ယူကာသောက်လိုက်လေသည်။ တကျိုက်တည်းသောက်ချလိုက်သည်မို့ မည်သို့သော အနံ့၊အရသာရှိသည်ကိုပင် မသိလိုက်ချေ။ သူသိသည်က အစိုးရိမ်လွန်နေသည်ဆိုသည်ကိုပင်။

"ဟွာယုန်းဂိတ် ...အင်း ဟွာယုန်းဂိတ်ဆိုတာက အရင်တုန်းက ဟွာဆန်းနဲ့ တအားရင်းနှီးတဲ့ အသိုင်းအဝိုင်းထဲကပဲ...ဒါပေမယ့် မတွေ့ဖြစ်ကြတော့တာက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်ကတည်းက ထင်တယ်နော်..နောက်ဆုံးလာခဲ့တဲ့ အခေါက်ကလေ"

"ဂိုဏ်းချုပ် မှတ်မိတယ်လား"

"ဒါပေါ့...အဲ့တုန်းက မင်းတောင် တော်တော်လေးငယ်ဦးမယ်ထင်တယ်"

"ဟုတ်ပါတယ်"

ထိုစဉ်အခါက ဝေ့ဆိုဟုန်သည် အကြောက်တရားမရှိသေးသော ကလေးတစ်ယောက်သာဖြစ်ခဲ့လေပြီး ဟွာဆန်းကို နားမလည်နိုင်သေးသော အခြေအနေလည်း ဖြစ်ခဲ့လေသည်။

ထိုစဉ်က ဟွာဆန်းနှင့် ယခုဟွာဆန်းသည် များစွာပြောင်းလဲခဲ့လေပြီး ယခုတွင်မူ အရာအားလုံးက ပြောင်းလဲသွားသလိုပင်။

သူ၏ရှေ့တွင်ထိုင်နေသော ဂိုဏ်းချုပ်ပင် များစွာပြောင်းလဲသွားခဲ့ပြီဖြစ်လေသည်။

လူမှာ အဝတ်၊ တောင်းမှာ အကွက်ဆိုတာ တကယ်ပါလား...

သားသားနားနား ဖြစ်နေသောဟွမ်းဂျွန်သည် ယခင်က ဟွမ်းဂျွန်နှင့် လားလားပင် မတူတော့ချေ။

ငွေက လူတွေကို ပြောင်းလဲစေနိုင်တယ်ဆိုတာ တကယ်ပါလား.....

ငါ တကယ်ရော အကူအညီတောင်းလို့ ရပါ့မလား...

ဟွာဆန်း၏ အခြေအနေကြီးသွားမှုကို ကြည့်မိလေ‌လေ ဝေ့ဆိုဟုန် အကူအညီတောင်းခံရမည့် ကိစ္စကို မပြောရဲလေလေပင် ဖြစ်လေသည်။ မည်သို့စကားစကာပင် ပြောရမည်မသိ ဖြစ်နေလေသည်။

သို့သော်လည်း အခြေအနေကောင်းနေစဉ်တွင် ပြောလိုက်သည်က အသင့်တော်ဆုံးဟု ခံစားရသည်မို့ ပြောရန် ဟန်ပြင်လိုက်လေသည်။

"ဟုတ်ကဲ့ပါ...ဂိုဏ်းချုပ်...ဒီလိုရှိပါတယ်"

ဘမ်း...

တံခါးက ရုတ်တရက်ဆိုသလိုပင် ပွင့်လာလေပြီး လူအိုတစ်ယောက်က ဝရုန်းသုန်းကား ဝင်လာလေသည်။

"ဟွာယုန်းဂိတ်....ဟုတ်လား..အဲ့ဒီကနေ လူတစ်ယောက်ရောက်လာတယ်ဆို....ဟုတ်လား..

ဂိုဏ်းချုပ်"

"ဝင်လာပြီဆိုလည်း အရင်ဆုံးနှုတ်ဆက်လိုက်...."

"မင်းက ဟွာယုန်းဂိတ်က လာခဲ့တဲ့သူလား"

ဟွမ်းယုန်က ဝေ့ဆိုဟုန်ကို ဆူပုတ်ပုတ်ကြည့်ကာမေးလိုက်သည်မို့ ဝေ့ဆိုဟုန် အနည်းငယ် ထိတ်လန့်သွားလေသည်။

"အာ..ဟုတ်ပါတယ်ဗျ..ကျွန်တော်က .."

ဝေ့ဆိုဟုန်စကားပင် မဆုံးသေး ဟွမ်းယုန်က သူ့အနားသို့ ကပ်လာကာ လက်ကိုဝှေ့ယမ်းလိုက်သည်မို့ ဝေ့ဆိုဟုန် ပို၍ကြောက်ရွံသွားလေသည်။

ငါ့ကို ရိုက်များရိုက်တော့မှာလား...

ဝေ့ဆိုဟုန်က ကြောက်လန့်တကြားနှင့် မျက်လုံးကိုပိတ်လိုက်သော်လည်း ဟွမ်းယုန်က သူ့အားပြုံးကြည့်ကာ ပုခုံးကို အသာအယာပုတ်လာလေသည်။

"ဟွာယုန်းဂိတ်..ဟွာယုန်းဂိတ်....ဟားဟား....သူရဲ့ ဖြစ်နေပုံလေးကို ကြည့်လိုက်ပါဦး....သူက ဒီမှာဂိုဏ်းသားလုပ်တော့မလို့လား"

"..."

"ဘာလဲ...ပြောချင်တာရှိရင် ပြောလိုက်လေ....အခက်အခဲတစ်ခုခုရှိလို့ လာခဲ့တာလား...ဘာပြဿနာလဲ...ပြော

ငါတို့က တတ်နိုင်သမျှ ဖြေရှင်းပေးမှာပေါ့"

"..."

ဝေ့ဆိုဟုန် ဟွမ်းယုန်ကို အံဩသောမျက်နှာနှင့် ကြည့်လိုက်လေသည်။

ဘယ်လိုတောင် ဖော်ရွေနေတာလဲဟ....

ဒါက ဘာသဘောတုန်း...

ဟွမ်းဂျွန်ကမူ ထုံးစံအတိုင်း ပေါက်ကရလာလုပ်နေသော ဟွမ်းယုန်ကိုကြည့်ကာ မျက်နှာကိုသာ အုပ်ထားလိုက်လေတော့သည်။

"တစ်ခုခုဆိုရင်တောင် မင်းကြောက်နေစရာ မလိုပါဘူး"

"ဂိုဏ်းချုပ်....ဒါက ဟွာယုန်းက ဆိုတာ သေချာပါတယ်နော်"

"အင်း"

ဟွမ်းယုန် ကျေနပ်ပြုံးကြီး ပြုံးလိုက်လေသည်။

"ငါတို့ ပတ်ဝန်းကျင်က ဂိုဏ်းတွေထဲမှာ ငါတို့အပေါ်အကောင်းဆုံး ဂိုဏ်းပဲ...ငါတို့ကို ယုံကြည်ပြီး အမြဲပိုက်ဆံချေးပေးတယ်...ဘယ်လောက်လိုလို ဘယ်တော့မှ ငြင်းတယ်ဆိုတာ မရှိဘူး...ဘယ်ဂိုဏ်းမှ မချေးတဲ့ ငါတို့ကို ချေးပေးတာ သူတို့ပဲ ရှိတယ်...တခြားဂိုဏ်းတွေကတော့ ငါတို့ကို သူတောင်းစားတွေလို ဆက်ဆံပြီး သူတို့ဂိုဏ်းကပဲ မိတ်ဆွေလို ဆက်ဆံခဲ့တာ"

"ဟွာယုန်းဆိုတာ ငါတို့ကို အမြဲကူညီခဲ့တဲ့ဂိုဏ်းပဲ...အမြဲတမ်းလိုလိုပဲ....သိလား"

"ငါသိပါတယ်"

"ဟွာယုန်လို ဟွာဆန်းအပေါ်မှာ ကောင်းတဲ့ဂိုဏ်းဆိုတာ ရှိကို ရှိလာမှာမဟုတ်တော့ဘူး...

အခုက အပြန်အလှန်အနေနဲ့ ငါတို့က ကူညီရမယ့်အချိန်ပဲ...နှစ်ပေါင်းသုံးဆယ်ကိုတောင် ဘာတစ်ခွန်းမှ ပြောခဲ့တာမျိုး မရှိဘူး"

ဟွမ်းယုန်၏ စကားများက နှေးလာသော်လည်း ဤသည်က နားလည်ပေး၍ ရလေသည်။ ချေးခဲ့သည့် ငွေများက အရေးကြီးသည်မဟုတ်ဘဲ ယုံကြည်စွာချေးပေးခဲ့သည့် စိတ်ကသာ အရေးကြီးဆုံးဖြစ်ပြီး ထိုစိတ်ထားအတွက်ဟွမ်းဆန်းက ပြန်လည်ပေးဆယ်ချင်နေသည်ကို သိလိုက်လေသည်။

"ကောင်းပြီ..အခုက မင်းက ဘာအကူအညီတောင်းချင်တာလဲ...ငွေလိုလို့လား...ပြောတာပြောလိုက်...

မင်းတိုလိုသလောက်ကို အထူးသက်သာတဲ့ အတိုးနှုန်းနဲ့ ချေးပေးမယ်"

"ဟွမ်းဆန်း"

"ဟုတ်ကဲ့ ...ဂိုဏ်းချုပ်"

ဟွမ်းဆန်းကို ခေါ်လိုက်သည်နှင့် ဟွမ်းယုန်က ပါးစပ်ကို ပိတ် မျက်လုံးကိုမှိတ်ကာ ပြောလိုက်လေသည်။

"အာ...ကျွန်တော်သိပြီ... ကျွန်တော် မပြောဘဲ တိတ်တိတ်လေး နေတော့မယ်...ရပြီလား"

ဟွမ်းယုန်က ပြောလည်းပြောကာ နေရာတွင် ဝင်ထိုင်လိုက်လေသည်။

ဟွမ်းဂျွန်ကမူ သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။

ဒီကောင်ကတော့ ဘယ်တော့မှ ရင့်ကျက်လာမှာလဲ...

"မင်း ကိုကြည့်ရတာ ကြောက်နေတာတော့ လျော့သွားပြီထင်တယ်... ဟွာဆန်းကို ဘာလို့လာခဲ့ရတာလဲဆိုတာသာ ပြောပါ"

"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"

ဝေ့ဆိုဟုန်က သက်ပြင်းရှည်ကြီးကို ချကာ ပြောလိုက်လေသည်။

"ဟွာယုန်းက အကူအညီတစ်ခုတောင်းချင်လို့ပါ... ဒါကြောင့်လည်း ကျွန်တော့်အဖေက ကျွန်တော့်ကို ဒီနေရာကို လွှတ်လိုက်ပြီး ဂိုဏ်းချုပ်နဲ့ တွေ့ဖို့ ပြောလိုက်တာပါ"

"ဘယ်လိုအကူအညီမျိုးလဲ"

"ချွန်းမြောင်ပါ"

"ဟမ်"

"ကျွန်တော်တို့ ချွန်းမြောင် ကို ခေါ်သွားချင်တာပါ...ဟွာဆန်းရဲ့ နဂါးလို့ တင်စားကြတဲ့ ကလေးကိုပါ"

ချွန်းမြောင်ဟူသော နာမည်ထွက်လာသည်နှင့် လေထုအခြေအနေက ရုတ်တရက်ဆိုသလိုပင် ပြောင်းလဲသွားလေတော့သည်။

အပိုင်း(၁၁၉)

တစ်နေ့မှာတော့ ဟွာဆန်းမှာ ဇီးပန်းပွင့်တွေ ပွင့်လာလိမ့်မယ်(၄)

"ချွန်းမြောင်လား"

"ဒီကိုကြည့်...ဝေ့ဆိုဟုန် ဟုတ်ပါတယ်နော်..."

"ဟုတ်ပါတယ်...ဂိုဏ်းချုပ်..."

"လိုရင်းကို တန်းခုန်ပြီးပြောတာထက် အကြောင်းအရင်းလေးကိုတော့ ပြောပြပါဦး"

"အာ...တောင်းပန်ပါတယ်...ကျွန်တော် စိတ်လောပြီး တိုက်ရိုက်ကြီး ပြောမိသွားတယ်...

ဖြစ်ပုံက ဒီလိုပါ"

ဝေ့ဆိုဟုန်က အဖြစ်အပျက်ကို စတင်ကာ ရှင်းလင်းပြလေသည်။

ဟွာယုန်းဂိတ်တံခါး (၁) က ဟွာဆန်း၏ လက်အောက်ခံဂိုဏ်းခွဲလေးတစ်ဂိုဏ်းလည်း ဖြစ်လေသည်။

သာမန်အားဖြင့် ဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းသားများကို နှစ်မျိုးခွဲနိုင်လေသည်။ တစ်မျိုးသည် ဂိုဏ်း၏အမြဲနေတပည့်များဖြစ်ကြပြီး ဘဝတစ်လျောက်လုံး ဂိုဏ်းတွင်နေထိုင်ကာ ဂိုဏ်း၏ဂုဏ်ကို မြှင့်တင်အောင် လုပ်ဆောင်ပေးမည့် ဂိုဏ်းသားများ ဖြစ်လေသည်။

ဒုတိယတစ်မျိုးကမူ ယာယီတပည့်များပင်။ ထိုတပည့်များကမူ ဟွာဆန်းမှ ပညာသင်ယူကာ အချိန်ရောက်သောအခါတွင်မူ ဟွာဆန်းမှ ထွက်ကာ လောကကြီးထဲသို့ အသီးသီးထွက်သွားကြမည့်သူများ ဖြစ်ကြလေသည်။ လက်အောက်ခံဂိုဏ်းများအနေနှင့်လည်း ဟွာဆန်းမှ ခွဲထွက်ထားသော်လည်း အရာအာလုံးက ဟွာဆန်းနှင့် ပတ်သက်မှုရှိနေပြီး ဟွာဆန်း၏ ဩဇာကိုသာ နာခံရလေမည်ဖြစ်သည်။

လက်အောက်ခံဂိုဏ်းအနေနှင့် ပင်မဂိုဏ်းကြီးအား နှစ်စဉ်လိုလိုပင် ငွေကြေးဆက်သရမည်ဖြစ်ပြီး အပြန်အလှန်အနေနှင့် ထိုဂိုဏ်း၏ဖြေရှင်းရန် ခက်ခဲသောပြဿနာများကို ပင်မဂိုဏ်းကြီးက တာဝန်ယူကာ ဖြေရှင်းပေးရမည် ဖြစ်လေသည်။ ထို့အပြင် အလားအလာရှိသောဂိုဏ်းသားများကို လက်ခံရာတွင်လည်း ပင်မဂိုဏ်းကြီး၏ အမည်အောက်တွင်ပင် ထားရှိရမည်ဖြစ်ပြီး ပင်မဂိုဏ်းကြီးမှလည်း လက်အောက်ခံဂိုဏ်းသားများအား လေ့ကျင့်ပေးရန် လူများကို စေလွတ်ပေးရမည် ဖြစ်လေသည်။

ယခင်ကမူ ဟွာဆန်း၏လက်အောက်တွင် လက်အောက်ခံဂိုဏ်းများစွာရှိခဲ့သော်လည်း ပျက်သုန်းစဉ်အခါက များစွာခွဲထွက်သွားကြသည်မို့ ယခုတွင် ဆယ်ဂိုဏ်းသာ ရှိလေတော့သည်။ ကျန်သည့် အခြားသောဂိုဏ်းများကလည်း ဟွာဆန်းနှင့် လုံးလုံးပင် အဆက်သွယ်ပြတ်သွားကြပြီ ဖြစ်လေသည်။

ပြောရလျှင်မူ ဟွာယုန်းဂိုဏ်းတစ်ဂိုဏ်းသည်သာလျှင် ဟွာဆန်းနှင့် အဆက်အသွယ် မပြတ် ရှိနေလေပြီး ဟွာဆန်းအား နှစ်စဉ်ဘဏ္ဍာငွေ ဆက်သနေခြင်း ဖြစ်လေသည်။

"အခုဟာက ကျွန်တော်တို့ ဂိုဏ်းက သိုင်းပညာပဲ အဓိကထားပြီး ကျင့်ကြံတဲ့ဂိုဏ်းမဟုတ်ပေမယ့် ဟွာယုန်းဂိုဏ်းက ဟွာဆန်းရဲ့ အခွဲတစ်ခုအနေနဲ့ပဲ ရှိပါသေးတယ်"

"ဟုတ်ပါတယ်...ဟွာယုန်းက ဟွာဆန်းရဲ့ လက်အောက်ခံဂိုဏ်းတစ်ခုအဖြစ်ပဲ ရှိနေတုန်းပါ"

"ပြဿနာရဲ့ အစက 'လမ်းဆုံး' လို့ခေါ်တဲ့ လေ့ကျင့်ရေးခန်းမအသစ်တစ်ခု စဖွင့်တာက စတာပါ...အဲ့ခန်းမကို စဖွင့်ပြီးတဲ့အချိန်ကစပြီး သူတို့ကိုယ်သူတို့ ဝူတန်ဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းကလို့ပြောတဲ့ အဖွဲ့တစ်ဖွဲ့က အမြဲတမ်းလိုလိုလာပြီး ကျွန်တော်တို့ သင်တန်းသားငယ်တွေကို အနိုင်ကျင့်နေပါတယ်"

"ဟမ်"

"ဟွာယုန်းဂိတ်က နန်ယောင်နယ်မြေမှာ ကြီးစိုး အခြေချထားတာပါ... ကျွန်တော်တို့ နယ်မြေမှာ သင်တန်းလာဖွင့်ပေမယ့်

ကျွန်တော်တို့က အဲ့ဒီဝူတန်ဂိုဏ်းက ဆိုတဲ့သူတွေကို ပြန်ပြီး တုံ့ပြန်တာမျိုုး မလုပ်ခဲ့ပါဘူး..

အေးအေးပဲ နေခဲ့တာပါ..ဒါပေမယ့် သူတို့က ပိုပိုပြီး ဆိုးသထက်ဆိုးလာခဲ့ပါတယ်"

"အင်း"

"ကျွန်တော့်အဖေက ဒီလိုဖြစ်နေတာကို သည်းမခံနိုင်တော့တာမို့ သွားပြီးတုံ့ပြန်ခဲ့ရာကနေ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ထိခိုက်မိသွားပါတယ်....အဲ့ဒီလမ်းဆုံးလို့ ခေါ်တဲ့လေ့ကျင့်ရေးခန်းမ ခေါင်းဆောင်က အဖေ့ကို တိုက်ခိုက်လိုက်တာပါ"

"အိုး..ဘုရား..ဘုရား"

ဟွမ်းယုန် အလန့်တကြားပင် ဖြစ်သွားလေသည်။

"ဟွာယုန်းဂိတ် ခေါင်းဆောင်လိုလူတစ်ယောက်ကိုတောင် ထိခိုက်သွားအောင် လုပ်နိုင်တယ်တဲ့လား... ကျွန်တော်တို့ ဒီလူကို နှိမ်နင်းပစ်ဖို့ လိုတာပေါ့..ချက်ချင်းကို ဖမ်းဆီးပြီး ပညာပေးလိုက်သင့်တာပေါ့"

ဟွမ်ဆန်းက ဟွမ်းယုန်၏အင်္ကျီလက်ကို ဆွဲကာ တားလိုက်လေသည်။

ဟွမ်းယုန်ကမူ ဟွမ်းဆန်း၏ တားဆီးလိုက်မှုကြောင့် နေရာတွင်ပြန်ကာ ထိုင်လိုက်ရလေပြီး ဒေါသထွက်နေသည့်ပုံနှင့်သာ ဝေ့ဆိုဟုန် ဆက်ပြောသည့်အရာများကို ဆက်ကာ နားထောင်နေရလေသည်။

"ပြီးတော့ ကိစ္စက အဲ့လောက်နဲ့ပြီးသွားရင် ကျွန်တော် မပြောပါဘူး...ဒါပေမယ့် အဲ့ဒီလမ်းဆုံးဆိုတဲ့ လေ့ကျင့်ရေးခန်းမခေါင်းဆောင်က ဒီလောက်နဲ့မပြီးသေးဘဲ ကျွန်တော်တို့ကို နန်ယောင်က ထွက်သွားဖို့ ပြောလာပါတယ်...သူတို့က ဝူတန်ဂိုဏ်းကိုလည်း ခေါ်ထားပြီး ကျွန်တော်တို့ကို နှိမ်နင်းဖို့ အကူအညီတောင်းထားပါတယ်...အဲ့တာကြောင့်လည်း ကျွန်တော့်အဖေက ဒီကိုလွှတ်လိုက်တာပါ..

ဂိုဏ်းချုပ်တို့ကို ပြောပြပြီး အကူအညီတောင်းဖို့ပါ"

အကြောင်းအရာအစုံအလင်ကို ပြောပြီးသည်နှင့် ဝေ့ဆိုဟုန်က ဦးချကာပင် အရိုသေပေးကာ တောင်းဆိုလေတော့သည်။

"ဂိုဏ်းချုပ်..ကျေးဇူးပြု၍ ကျွန်တော်တို့ကို ကူညီပါ..ဟွာဆန်းမှ မကူညီရင် ကျွန်တော်တို့ ဟွာယုန်းဂိတ်က အဆုံးသတ်ရပါတော့မယ်"

"အင်း"

ဟွမ်းဂျွန်က ဝေခွဲရခက်စွာနှင့် သက်ပြင်းရှည်ကြီးချလိုက်လေသည်။

"ဆိုတော့ အဲ့ဒီ 'လမ်းဆုံး' ဆိုတဲ့ လေ့ကျင့်ရေးခန်းမက ဝူတန်ဂိုဏ်းနဲ့ အဆက်အသွယ်ရှိတာပေါ့"

ဟွမ်းဂျွန်၏ သက်ပြင်းချမှုကို ဟွမ်းယုန်က နှာခေါင်းရှုံလိုက်လေသည်။

"ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာလဲ...ဘယ်လိုဖြစ်လို့ ဝူတန်ဂိုဏ်းရဲ့ အဆက်နွယ်ဖြစ်နေရတာလဲ..

ဝူတန်ဂိုဏ်းဆိုတာ လောကမှာအချမ်းသာဆုံး ဂိုဏ်းမဟုတ်ဘူးလား...နာမည်ကို ဒီလိုရောင်းစားပြီး ငွေရှာလို့ ရလို့လား...သူတို့က သူတို့ရဲ့ အာဏာကိုသုံးပြီး အခုလိုသာ ဆက်လုပ်လာမယ်ဆိုရင် အန္တာရယ်အများဆုံးဂိုဏ်းဖြစ်လာမှာပဲ"

"ဟမ်"

ဟွမ်းဂျွန်က ခေါင်းကိုငြိမ့်လိုက်လေသည်။

အာဏာတဲ့လား...

ဤသည်က ကြည့်ရသည်နှင့်ပင် ရိုးရှင်းသောကိစ္စမဟုတ်ပေ။ ဝူတန်ဂိုဏ်း၏ အမည်ကိုပင် သုံးကာ နေရာလုနေသည်က အတော်ပင် အခြေအနေဆိုးနေလေပြီ ဖြစ်သည်။

အခုဆိုရင် ဟွာဆန်းက လောကကြီးကို ထွက်ပြီးကြည့်ရမယ့် အချိန်ရောက်လာပြီပဲ...

လက်အောက်ခံဂိုဏ်းတစ်ခု၏အင်အားသည်ကလည်း ပင်မဂိုဏ်းကြီး၏ အင်အားကို ထင်ဟတ်စေသည်ပင်။ လောကတွင် အဓိကဂိုဏ်းကြီးများက လက်အောက်ခံဂိုဏ်းခွဲများထက် ပို၍များပြားလေသည်။

ဟွာဆန်းသည် တဖန်ပြန်လည်တောက်ပလာသည်နှင့် ယခင်ကကဲ့သို့ တစ်ဦးတည်းရပ်တည်၍ မရတော့ပေ။ လက်အောက်ခံဂိုဏ်းများကို ပြန်လည်ကြည့်ရှုစောင်မ ရပေတော့မည်။

သို့သော်လည်း ဤတာဝန်က ရိုးရှင်းသည်တော့ မဟုတ်ပေ. ။ လက်အောက်ခံဂိုဏ်းအပေါ် မည်သို့ဆက်ဆံသည်ဆိုသည်က ပင်မဂိုဏ်းကြီးအပေါ်သို့ တိုက်ရိုက်သက်ရောက်မှုရှိလေသည်။ ဟွာဆန်းအနေနှင့် လောကကြီးထဲသို့ စတင်ကာတိုးဝင်သည့် ပထမဆုံးသော ခြေလှမ်းလည်း ဖြစ်လေသည်။

"ငါတို့ မကူညီဘဲ နေလိုက်သင့်လား"

"ဒါက ကူညီဖို့ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး...ပြီးတော့ ပင်မဂိုဏ်းကြီးအနေနဲ့ လက်အောက်ခံဂိုဏ်းတွေရဲ့ မျိုးဆက်သစ်တွေတိုက်ပွဲကြားထဲမှာ ဝင်ပြီးတော့ ပါကိုပါရမယ်ဆိုတဲ့ စည်းမျဉ်းမျိုးလည်း ရှိနေတာမဟုတ်ဘူးဆိုတော့ လက်ရှောင်နေရင်လည်း ဖြစ်တာပဲလေ...ဟုတ်တယ်မို့လား"

"ဟုတ်တာပေါ့"

ဤသည်က ကလေးများဖြစ်သည် ရန်ပွဲထဲသို့ မိဘများဝင်မပါကြသည်နှင့် အတူတူပင် ဖြစ်လေသည်။ လက်အောက်ခံဂိုဏ်း၏ ပြဿနာအလုံးစုံသည် ပင်မဂိုဏ်းကြီး၏ ပြဿနာဟု သတ်မှတ်၍မရသည်မို့ ရှောင်ရှားနေလျှင်လည်း ဟွာဆန်းအနေနှင့် အပြစ်လွတ်သောအနေအထားပင်။ ဝူတန်ဂိုဏ်းနှင့် ထိပ်တိုက်တွေ့ရမည့် မလိုလားအပ်သောပြဿနာများကို ရှောင်ရှားချင်လျှင်မူ ဝင်မပါ၍ရသောအနေအထားပင် ဖြစ်လေသည်။

သို့သော်လည်း တဖက်တွင်မူ ဟွာဆန်းမှကလေးများကို ကူညီရန် စေလွတ်လိုက်သောအားဖြင့်မူ ကလေးများအနေနှင့် အမြင်ကျယ်လာလေပြီး အသိပညာလည်း ပိုမိုတိုးပွားကာ ရင့်ကျက်လာမည် ဖြစ်လေသည်။ထို့အပြင် ဤသို့စေလွတ်ခြင်းက သူတို့၏သိုင်းပညာခရီးကိုလည်း များစွာအထောက်အကူဖြစ်စေလေသည်။

"ကျွန်တော်တို့သာ အကူအနေနနဲ့ စေလွတ်မယ်ဆိုရင် ဒုတိယတန်းတပည့်တွေကို လွတ်တာက ပိုပြီးတော့ မကောင်းဘူးလား...ဘတ်တပည့်တွေကို လွတ်လိုက်တာက ပိုပြီးတော့ မကောင်းဘူးလား"

"အင်း"

"ပြီးတော့"

"ဒါက.."

စကားဝိုင်းကို နားထောင်နေသည့် ဝေ့ဆိုဟုန်က မနေနိုင်စွာနှင့် ပြောလာလေသည်။

"တတိယတန်းတပည့်တွေကို မလွတ်ဘူးလား"

"..."

"ကျွန်တော့်အဖေက လေးလေးနက်နက်တောင်းဆိုလိုက်တာ တစ်ခုရှိပါတယ်... ကျွန်တော် ဟွာဆန်းရဲ့ အတော်ဆုံးလူဖြစ်တဲ့ ချွန်းမြောင်ကို သေချာပေါက် အပါခေါ်သွားနိုင်ဖို့ အရေးကြီးပါတယ်...ချွန်းမြောင်ကသာ ဒါကိုဖြေရှင်းပေးနိုင်မယ့် တစ်ဦးတည်းသော သူ..."

ဟွမ်းဂျွန်၏ မျက်နှာကမူ အတင်းအကြပ်တောင်းဆိုခံရမှုကြောင့် ဖြူရော်နေပြီ ဖြစ်လေသည်။

"ဟုတ်ပါပြီ...မင်းက ချွန်းမြောင်ကိုပဲ လိုချင်တာလား"

"ဖြစ်နိုင်မယ်ဆိုရင်တော့ ချွန်းမြောင်ကိုပဲ ခေါ်သွားချင်ပါတယ်"

"ဟုတ်ပါပြီ...ဒီလိုမျိုး ဆန္ဒရှိနေတယ်ဆိုရင်တော့လည်း ရပါတယ်..."

အဆင်ပြေပါသည် ၊ရပါသည်ဟု ဟွမ်းဂျွန်၏ နှုတ်မှပြောနေသော်လည်း အဆင်မပြေကြောင်းကိုမူ မျက်နှာက အထင်းသားဖော်ပြနေလေသည်။

"ဟုတ်ပါပြီ...အခြေအနေကို နားလည်ပါပြီ..အခုတော့ ခဏလေးဆွေးနွေးစရာရှိနေလို့ မင်းက အပြင်ကနေ ခဏလောက်စောင့်ပေးပါလား"

"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"

အန်းဂွန်က ဝေ့ဆိုဟုန်ကို အပြင်သို့ခေါ်သွားလေပြီး ဟွမ်းဂျွန်က ကျန်သည့်သူများကို အတည်ကြီးနှင့်မေးလာလေသည်။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ"

"ဒါက တကယ်တော့ စိုးရိမ်စရာတော့မလိုပါဘူး..."

အကြီးအကဲနှစ်ယောက်၏ ခေါင်းရှောင်လိုသောစကားကြောင့် ဟွမ်းယုန်က အော်ကာ ပြောလေသည်။

"ဒါက ဟွာယုန်းဂိတ် နော်....ကျွန်တော်တို့ အကြပ်တည်းထဲကျပြီး ဘယ်သူမှမကူညီချင်တဲ့ အခြေအနေမှာတောင် ကူညီခဲ့တဲ့ တစ်ခုတည်းသောဂိုဏ်း....ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျေးဇူးက ကျေးဇူးပဲ... ဒါကို လျစ်လျူရှုလို့ မရဘူး...ကျွန်တော်တို့ ကလေးတွေကို လွတ်ပြီး သူတို့ကို ကူညီပေးရမယ်..ဟို မျိုးမစစ်တွေကို ကိုက်ခိုင်းရမယ်"

"ငါတို့က ခွေးတွေမှ မဟုတ်တာ...ဘာလို့ သူတို့ကို ကိုက်ရမှာလဲ"

"ဘာတုန်း...ကျွန်တော်ပြောတာက ခွေးထက်ဆိုးဝါးတာ မရှိတော့လို့လေ"

ဟွမ်းဆန်းကလည်း ပြောလာလေသည်။

"ဂိုဏ်းချုပ် အကိုကြီး...ဒါက ကျွန်တော်တို့ ဝင်ပါသင့်တဲ့ ပြဿနာမဟုတ်ပါဘူး... ဝူတန်ဂိုဏ်းက ကျွန်တော်တို့ရဲ့ ရန်သူတွေမှ မဟုတ်တာ"

"အင်း"

"ဝူတန်ဂိုဏ်းက သွားထိလို့မရတဲ့ သူတွေပါ... သူတို့ရဲ့ လက်အောက်ခံတွေရဲ့ ပြဿာနာကို ဝူတန်ဂိုဏ်းက ဂရုမစိုက်လောက်ဘူးလို့ ထင်နေတာလား...သူတို့ရဲ့ လက်အောက်ခံတွေနဲ့သာ ပြဿနာဖြစ်ကြည့် ...ဝူတန်ဂိုဏ်းက ချက်ချင်းတုံပြန်လာမှာ"

"အဲ့တာကတော့ ဟုတ်တယ်"

ဟွမ်းဂျွန် အမှန်ပင် ဝေခွဲမရဖြစ်နေပြီ ဖြစ်လေသည်။

"ကျွန်တော် ဟွာယုန်းဂိုဏ်းအတွက် စိတ်မကောင်းပေမယ့် တခြားနည်းလမ်းနဲ့ကူညီတာက ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်...ကျွန်တော်တို့ တပည့်တွေကို ဒီလိုဒုက္ခတောထဲ မပို့လိုက်သင့်ပါဘူး"

ဟွမ်းဂျွန်အနေနှင့် ဟွာယုန်း၏ကိစ္စအား လျစ်လျူရှုကာ ထားလိုက်ချင်သော်လည်း မဖြစ်သည့် ကျေးဇူးတရားတို့က ရှိနေလေသေးသည်မို့ ဦးနှောက်စားနေရလေသည်။

ဝူတန်ဂိုဏ်းဆိုသည်ကလည်း မြောက်ပိုင်းတွင် အင်အားအကြီးဆုံးသော ဂိုဏ်းဖြစ်လေပြီး သွားထိရန် မသင့်သည့်အမျိုးပင်။

"မင်းတို့ ဘယ်လိုထင်လဲ"

"ဂိုဏ်းချုပ်"

အန်းဂွန်က သက်ပြင်းချကာ ပြောလာလေသည်။

"ဒီကိစ္စမှာ တွေးစရာနှစ်ခုရှိပါတယ်...

ပထမတစ်ခုက ကျွန်တော်တို့ ဂိုဏ်းအနေနဲ့ လောကကြီးကို ထွက်ပြီးလေ့လာမယ်ဆိုရင် လေ့လာနိုင်တဲ့ အချိန်ကောင်းကို ရောက်နေပါပြီ...

ကျွန်တော်အမြင်ကတော့ ဟွာဆန်းကသာ ဝူတန်ဂိုဏ်းရဲ့ မတရားလုပ်နေတာကို ကူညီပေးလိုက်မယ်ဆိုရင် တခြားဂိုဏ်းတွေအနေနဲ့ ကျွန်တော်တို့အပေါ်မှာ ယုံကြည်မှုပိုပြီးတော့ မြင့်မားလာမယ်လို့ ထင်ပါတယ်"

"အင်း...မင်းပြောတာလည်း မမှားပါဘူး"

"ဒုတိယတစ်ခုကတော့ ကျွန်တော်တို့ဂိုဏ်းရဲ့ကလေးတွေက ဝူတန်ဂိုဏ်းကို ကိုင်တွယ်နိုင်မယ်လို့ ထင်ပါတယ်"

"အင်း...အဲ့လိုဆိုရင်တော့..."

ဟွမ်းဆန်းအနေနှင့် ထိုစကားကို လက်မခံချင်သော်လည်း ယုအန်းက ဝင်ကာပြောလာလေသည်။

"ဟုတ်ပါတယ်....တတိယတန်းကလေးတွေဆို ဖြစ်နိုင်မယ်ထင်ပါတယ်"

"တတိယတန်းလား"

"ငါတို့ သူ့ကို လွတ်လို့ဖြစ်မှာလား"

"..."

ကိုယ်ချင်းစာတရားနှင့် အတ္တတို့ကြားထဲတွင် ဟွမ်းဂျွန် အမှန်တကယ်ပင် မည်သို့လုပ်ဆောင်ရမည် မသိတော့ပေ။

"ဂိုဏ်းချုပ်...အဲ့ကလေးပြောတာမှန်ပါတယ်...ကျွန်တော် ရှောင်လွဲလို့မရဘဲ တစ်ယောက်ပို့ကို ပို့ရတော့မှာဆိုရင်တော့ ချွန်းမြောင်ကို ရွေးချယ်တာကပဲ အမှန်ဆုံးဖြစ်မှာပါ"

"ဟုတ်ပါပြီ"

"ဒါပေမယ့် ငါတို့သူ့ကို တိုက်ပွဲထဲကို ဝင်ခိုင်းလိုက်လို့ ဖြစ်ပါ့မလား...ဝူတန်ဂိုဏ်းကို ဆန့်ကျင့်ပြီးတော့လေ"

"အင်း"

ဟွမ်းဂျွန် အမှန်ပင် စိတ်ရှုပ်နေပြီမို့ ခေါင်းပင် ကုတ်နေလေပြီဖြစ်သည်။

"အန်းဂွန်"

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"

"မင်းရော ဘယ်လိုထင်လဲ"

"ကျွန်တော်ကတော့ များများစားစား မတွေးတတ်ပါဘူး...ကလေးကိုသာ ပို့ပေးလိုက်ပါ"

"ပို့လိုက်ရမှာလား"

"သူ့ကို မပို့ဘဲထားလို့ရမယ့်အကြောင်းပြချက်ရော ဂိုဏ်းချုပ်မှာ ရှိလို့လား... ချွန်းမြောင်က တစ်ရက်မဟုတ် တစ်ရက်တော့ အပြိုင်အဆိုင်များတဲ့ ' ကန်ဟို' လောကထဲကို ရောက်သွားမှာပဲ... အချိန်ဆွဲထားတာက ပြဿနာဖြေရှင်းနည်းမှ မဟုတ်တာ....သူသာ သိုင်းပညာမှာ ဆရာတစ်ဆူဖြစ်လာခဲ့ရင် ဟွာဆန်းအတွက်လည်း အကျိုးမယုတ်ပါဘူး... အားလုံးအတွက် အိမ်မက်ကိုယ်စီလည်း ဖြစ်လာမယ်လို့ ထင်ပါတယ်"

"..."

"ဒါဆို ငါတို့ သူ့ကို လွတ်လိုက်ကြတာပေါ့...အချိန်ဆွဲမနေတော့ဘဲနဲ့"

ဟွမ်းဂျွန်ကလည်း သဘောတူလိုက်ပြီ ဖြစ်လေသည်။

"ကောင်းပြီ"

ဟွမ်းဂျွန် ခေါင်းကိုငြိမ့်ကာ မျက်စိကိုမှိတ်လိုက်ပြီး ပြောလိုက်လေသည်။

"ယွန်းဂျွန်ကို ခေါ်လိုက်"

ယွန်းဂျွန်က ဝေ့ဆိုဟုန်နှင့်အတူ အခန်းထဲသို့ ဝင်ရောက်လာပြီး အကြီးအကဲများကို အရိုအသေပေးလိုက်လေသည်။

"ကျွန်တော့်ကို ခေါ်ပါသလားခင်ဗျာ"

"ချွန်းမြောင် အခုဘာလုပ်နေလဲ"

"သူ အခုလတ်တလောတော့ တံခါးပိတ် လေ့ကျင့်နေတာ ထွက်မလာသေးပါဘူး"

"ဘယ်လောက်လောက် ထပ်ကြာဦးလောက်မလဲ"

"ပြီးတော့ ပြီးတော့မယ် ထင်ပါတယ်"

"အင်း..ငါသိပြီ"

ဟွမ်းဂျွန် ဝေ့ဆိုဟုန်ကို တချက်ကြည့်လိုက်လေသည်။

"ယွန်းဂျွန်"

"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"

"အခုက ချွန်းမြောင်ကို အရေးတကြီးလိုနေလို့ သူ့ကို လေ့ကျင့်နေတာကို အပြီးသတ်ခိုင်းပြီးတော့ ထွက်လာခိုင်းလိုက်တော့"

"ဟုတ်ကဲ့"

"ပြီးတော့ ဒီ က ဧည့်သည်ကိုလည်း တခါတည်း လမ်းပြလိုက်ပါဦး... သူက ခရီးဝေးကြီးက လာခဲ့ရတာ..

ပြီးတော့ ချွန်းမြောင်ကလည်း သူနဲ့အတူ ခရီးပြန်ထွက်ရမှာမို့ အချင်းချင်းရင်းနှီးအောင် မိတ်ဆက်ပေးထားလိုက်ပါဦး"

ယွန်းဂျွန် တချက်ကြည့်လိုက်လေသည်။

"ခရီးရှည်ကြီးလို့ ပြောလိုက်တာလား"

"ဟုတ်ပါတယ်"

"ဒါဆို ချွန်းမြောင်နဲ့အတူ ခင်ဗျားက ခရီးထွက်ရမှာပေါ့"

"ဟုတ်ပါတယ်"

ယွန်းဂျွန်၏ မျက်နှာတွင် အရိပ်အယောင်တစ်ချိုု့က ဖြတ်သန်းသွားလေသည်။

ဒီလူရူးများ နေတာလား...ချွန်းမြောင်နဲ့ တကယ်ကြီးသွားဖို့ကိုလေ...

"ကျွန်တော် သိပါပြီ"

ယွန်းဂျွန်က နှုတ်ဆိတ်ကာ နေလိုက်ပြီး ဝေ့ဆိုဟုန်အား ဦးဆောင်ကာ ခေါ်သွားလေတော့သည်။

"ဒါဆို သွားကြစို့"

"အာ...ဟုတ်ကဲ့"

ဝေ့ဆိုဟုန်က ယွန်းဂျွန်၏ နောက်မှ တိတ်တိတ်ဆိတ်ဆိတ်ပင် လိုက်လာလေပြီး သက်ပြင်းကို ခိုးကာချလိုက်လေသည်။

ဤလူငယ်က သူနှင့်ရွယ်တူမျှသာ ရှိဦးမည်ဟု ထင်ရလေသည်။ နှစ်နှစ်ခန့်မျှ ငယ်လည်း ငယ်နိုင်လေသည်။ သို့သော် အရှိန်အဝါကမူ အေးဆေးတည်ငြိမ်ပြီး ထုထည်ကြီးမားသည့် ရေကန်ကြီးတစ်ကန်ကဲ့သို့ပင် ။ တည်ငြိမ်မှု အပြည့်ရှိလေသည်။ နက်ရှိုင်းပြီး အေးဆေးပုံလည်းရကာ အားကိုးယုံကြည်၍ ရပုံလည်း ပေါ်လေသည်။

ဟွာဆန်း၏ တပည့်များကိုကြည့်ကာ ဝေ့ဆိုဟုန် ဟွာဆန်းအား ပို၍ပင် အထင်ကြီးလာရလေသည်။ ဟွာဆန်းသည် အမှန်ပင် အထင်ကြီးဖွယ်ပင်။

"တဆိတ်လောက်ပါ"

"ဟုတ်ကဲ့..."

"ချွန်းမြောင်က ဘယ်လိုလူမျိုးလဲဗျ"

"...."

ယွန်းဂျွန် ရုတ်တရက် ဖြေရန်အဖြေပျောက်ရှသွားလေသည်။

ယွန်းဂျွန်၏ အကြပ်ရိုက်သွားမှုကို ဝေ့ဆိုဟုန်က သတိမထားမိသည့်ပုံပင်။

"လူတိုင်းက ဟွာဆန်းရဲ့ နဂါး ချွန်းမြောင်ကို သိကြပါတယ်...နဂါးကျဆုံးတိုက်ပွဲလို့ ခေါ်တဲ့တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ညီလာခံအပြီးမှာ သူက ပိုပြီးတော့ ထင်ရှားလာခဲ့တာပါ...ပြီးတော့..သူက တော်တော်လေးကို ကြီးမြတ်တဲ့ သူတစ်ယောက်ပါ"

"ကြီးမြတ်တဲ့လူလား"

"ဟုတ်ကဲ့"

"ပြီးတော့ရော"

"အကို ချွန်းမြောင်က နောက်ထပ် ဘယ်လိုရှိသေးလဲ"

"မကောင်းဆိုးဝါးဆန်တယ်"

"ဟမ်"

"အင်း ...ကျွန်တော် ပြောပြတာထက်စာရင် ကိုယ်တိုင်ကြုံရတဲ့အခါ ခင်ဗျားသိလာမှာပါ"

"အာ"

ယွန်းဂျွန်က ရှေ့မှလမ်းကို ဦးဆောင်လျောက်သွားရင် တီးတိုးရေရွတ်နေလေသည်။

ကြီးမြတ်...ချီး...သူက မျိုးမစစ်အစုတ်ပလုတ်လေးကိုများ...

သူသာ ကြီးမြတ်တယ်ဆိုရင်တော့ ငါက သူတော်စင်ပဲ....

တီးတိုးရေရွတ်နေသော ယွန်းဂျွန်ကိုကြည့်ကာ ဝေ့ဆိုဟုန်က သူစကားမှားသွားလေပြီလားဟု စိုးရိမ်နေလေသည်။

ထို့နောက်တွင်မူ ဂိုဏ်းမှထွက်ကာ တောင်ပေါ်သို့ တက်လာခဲ့ကြလေသည်။ အတန်ကြာအောင် တက်ပြီးသည့်နောက်တွင်မူ အတော်ပင်ကြီးမားသော ဂူစွန်းတစ်ခုရှေ့သို့ ရောက်လာလေသည်။ ဂူရောင်က ရဲရဲနီနေလေသည်။

"ဒီမှာလား"

"ဒါက ဇီးပန်းပွင့်တောင်ထိပ်လေ... တစ်ခုခုလေ့ကျင့်တာဖြစ်ဖြစ် ၊ ဉာဏ်အလင်းပွင့်အောင် လုပ်တာပဲဖြစ်ဖြစ် တစ်ခုခုဆိုရင် ဒီမှာပဲ လာပြီးလေ့ကျင့်ကြတယ်"

"ဂိုဏ်းသားချွန်းမြောင်က ဉာဏ်အလင်းပွင့်အောင် ကျင့်ကြံနေတာလား"

"အဲ့လိုထင်တယ်လား"

ယွန်းဂျွန် တစ်ခုခုပြောရန်ပြင်လိုက်သေည်လည်း မပြောတော့ပေ။

သူနေရင်းနဲ့ သိလာပါလိမ့်မယ်လေ....

"ခဏစောင့်ပါဦးနော်...ကျွန်တော် ချွန်းမြောင်ကို ခေါ်လိုက်ပါဦးမယ်"

"ဟုတ်..ရပါတယ်"

ယွန်းဂျွန်က ဝေ့ဆိုဟုန်ကို ထားခဲ့ကာ ရှေ့သို့ တက်လာပြီး ဂူရှေ့တွင်ရပ်ကာ အော်လိုက်လေသည်။

"ချွန်းမြောင်"

လေတိုးသံသဲ့သဲ့လေးနှင့်ပင်။

"ချွန်းမြောင်"

ထိုအသံတိုးတိုးကို ဝေ့ဆိုဟုန်ပင် မကြားရပေ။ ဂူထဲက လူကမူ ပို၍ပင် ဆိုးဦးမည်ထင်သည်။ ထိုအသံကို ဂူထဲကလူက ကြားပါက ထိုလူသည် လူမဟုတ်၊ သရဲသာ ဖြစ်ပေလိမ့်မည်။

ယွန်းဂျွန်က အဘယ်ကြောင့် ထိုသို့လေသံတိုးလေးနှင့် ခေါ်နေရသည်ကို သူ နားမလည်ပေ။

"ချွန်းမြောင်ရေ"

"ကြည့်ရတာ ချွန်းမြောင်က သူရဲ့လေ့ကျင့်ရေးကို တအားကြိုးစားပြီး နှစ်ဝင်နေလို့ မကြားရတာများလား...

ကျွန်တော်တို့ ဒီနေ့တော့ သူ့ကို တွေ့လို့ မရသေးဘူးထင်တယ်"

"ဘာ"

ဒါက ဘယ်လိုချီးစကားလဲ...လေသံလေးနဲ့ခေါ်ပြီး မရဘူးတဲ့လား...

ဒီလိုအသံလေးနဲ့ ခေါ်နေတာကို ဂူထဲက ဘယ်သူက ကြားမှာလဲ.....

"အား...မရဘူးနော်...မလုပ်နဲ့"

ယွန်းဂျွန်က အော်ရန်ပြင်နေသည့် ဝေ့ဆိုဟုန်ကို နှုတ်ခမ်းပေါ် လက်တင်ကာ တားလိုက်လေသည်။

"ဒါက ကျွန်တော်တို့ နှစ်ယောက်လုံးကောင်းဖို့ လုပ်နေတာပဲ..ဒီနေ့ ကျွန်တော်တို့ ဒီကို မရောက်ခဲ့ဘူးလို့သာ တွေးလိုက်... ဒါက ကျွန်တော့်အတွက် ပြောနေတာ မဟုတ်ဘူး...ကျွန်တော်က..."

ဘမ်း....

မိုးပြိုသည့်အလားပင် အသံကျယ်ကြီးက ထွက်လာလေသည်။ မြေပြင်များကလည်း တုန်လှုပ်လာပြီး အသံကျယ်ကြီးများကလည်း အဆက်မပြတ်ထွက်လာလေသည်။

"အား..."

ဝေ့ဆိုဟုန်က ကြောက်လန့်တကြား‌ အော်လိုက်သော်လည်း ယွန်းဂျွန်ကမူ လက်နှင့် မျက်နှာကို အသာအယာသာ ကွယ်ထားလိုက်လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဖုန်တွေချည်းပင်။ဝေ့ဆိုဟုန် အံဩနေသောမျက်နှာနှင့်ပင် ပတ်ပတ်လည်ကို လိုက်ကာကြည့်လိုက်လေသည်။

လူရိပ်တစ်ခုက ဖုန်များကြားထဲမှ ထွက်ပေါ်လာလေသည်။ခြေသံများကလည်း သူတို့နှင့် ပိုကာနီးလာသလိုပင်။

ဒီလူက ဟွာဆန်းရဲ့ နဂါးဆိုတဲ့သူများလား...

ဒီလူက အငယ်ဆုံးသူရဲကောင်းဆိုတဲ့,.....

"အား..ချေးပဲ.....ဒီနေရာမှာ နေရတာနဲ့ပဲ သေတော့မယ်..

နောက်ခါ ဘယ်တော့မှ တံခါးပိတ် လေ့ကျင့်ရေးဆိုတာကြီးကို မလုပ်တော့ဘူး...

မလုပ်နိုင်ဘူး...လုံးဝ မလုပ်နိုင်ဘူး.... ဒီဆေးလုံးတွေကြီးပဲ စားပြီးတော့ မလေ့ကျင့်နိုင်ဘူး...

လေ့ကျင့်ရေး ပြောင်းပစ်မယ်"

"...."

အာ...

ငါ ခန့်မှန်းတာ မှားသွားပြီထင်တယ်..

ဒီတစ်ယောက်တော့ မဖြစ်နိုင်လောက်တော့ဘူး...

အပိုင်း(၁၂၀)

တစ်နေ့မှာတော့ ဟွာဆန်းမှာ ဇီးပန်းပွင့်တွေ ပွင့်လာလိမ့်မယ်(၅)

ချွန်းမြောင်က မျှော်လင့်ထားသည်ထက် ပို၍အရပ်ရှည်လေသည်။

ဝေ့ဆိုဟုန်ကြားဖူးသော သတင်းများအရမူ ဟွာဆန်း၏ ထွန်းသစ်စနဂါး သည် အတော်ပင် ငယ်သေးသည်ဟု ပြောကြလေသည်။ သို့သော်လည်း ယခုတွင်မူ ထင်ထားသလောက်တော့ ငယ်မနေပေ။

အရပ်ကလည်း ရှည်လွန်းနေသည်မဟုတ်သော်လည်း ရှည်သည့်အထဲတော့ ရောက်လေသည်။

ထို့အပြင် အတော်လေးချောမောခန့်ညားလေပြီး မြင်သူ မျက်စိမလွဲနိုင်သော အနေအထားမျိုးပင်။ သန်မာသောကိုယ်ခန္ဓာနှင့် ချောမောသောမျက်နှာက အရာအားလုံးကို ဆွဲညှို့ထားနိုင်သကဲ့သို့ပင်။

သို့သော် ပွစိပွစိပြောပုံနှင့် ဝတ်စားထားပုံကမူ အတော်ပင် ဆိုးဝါးလေသည်။

"အဟွတ်..အဟွတ်..အား...ဘာလို့ ဖုန်တွေချည်းပဲ ဖြစ်နေတာလဲ"

အဲ့တာက မင်းပဲ လုပ်ထားတာ မဟုတ်ဘူးလား..

ဘာကိစ္စ လာပြီး ညည်းညူနေတာတုန်း...

ချွန်းမြောင်က ဝတ်စုံကို ဖြစ်သလိုဝတ်ထားလေပြီး ဝတ်ရုံကြိုးစကို လျော့ရဲရဲသာ ချည်ထားလေသည်။ ထို့ပြင် ဝတ်ရုံပေါ်တွင်တင်နေသော ဖုန်များကို ပွစိပွစိပြောရင်း ခါချနေရင်း ယွန်းဂျွန်အား ချဉ်တူးတူး အမူအရာဖြင့် ကြည့်လိုက်လေသည်။

"ဒီနေ့ပြီးတော့တာလား"

"ဟင့်အင်း"

"ဟမ်..ဒီနေ့ မဟုတ်ဘူးလား"

"အာ့ဆို ဘာလို့လဲ"

"ဂိုဏ်းချူပ်က မင်းကိုခေါ်ခိုင်းလို့"

"အာ..ဂိုဏ်းချုပ်က ကျွန်တော့်အပေါ် တော်တော်လေး ကြင်ကြင်နာနာရှိတာပဲ...တံခါးပိတ်ကျင့်နေတာကိုတောင် စောစောထွက်ခိုင်းတယ်...အကိုကြီး သိလား..အကိုကြီးလည်း ဒီလေ့ကျင့်ရေးကို မလုပ်သင့်ဘူး...

ကျွန်တော် အဲ့ဒီဆေးလုံးတွေကို သုံးလလောက်စားလိုက်ရတာ အစာအိမ်ထဲမှာတောင် အပင်တွေပေါက်လာတော့မလားပဲ"

"ဟုတ်လား....ဒီမှာလည်း တစ်ခုခုလုပ်စရာရှိနေတဲ့ပုံပဲ"

"ဟုတ်လား...ဘာဖြစ်လို့လဲ"

ချွန်းမြောင်က ခေါင်းကိုငြိမ့်လိုက်ကာ ဝေ့ဆိုဟုန်ကို ကြည့်လိုက်လေသည်။

"သူက ဘယ်သူလဲ"

"သူက ဟွာယုန်းဂိတ်က ဝေ့ဆိုဟုန်တဲ့"

"ဟွာယုန်းဂိတ်လား"

"မင်း သိတယ်လား"

"ဘယ်လိုလုပ် ကျွန်တော်က အကုန်လုံးသိနေမှာလဲ"

ချွန်းမြောင်က ပြောပြီးသည်နှင့် ဝေ့ဆိုဟုန်ကို တချက်ပြန်ကြည့်လိုက်ပြန်သည်။

ဟွာယုန်းဂိတ်..

ဟွာယုန်းဂိတ်က ဟိုတုန်းကလည်း ရှိတာပဲမို့လား..

ဟွာဆန်းဂိုဏ်းပျက်စီးသွားတော့ သူတို့တွေလည်း ပျက်သုန်းသွားပြီလို့ ထင်ထားတာကို..

လက်အောက်ခံဂိုဏ်းလေးများ၏ ပျက်စီးခြင်း မပျက်စီးခြင်းက ပင်မဂိုဏ်းမကြီး တည်ရှိခြင်း မတည်ရှိခြင်းနဲ့ အများကြီးသက်ဆိုင်သည်မို့ ချွန်းမြောင် ထိုဂိုဏ်းများပျက်သုန်းသွားပြီဟု ထင်ခြင်းဖြစ်လေသည်။

"ဟွာယုန်းဂိတ် က ဟွာဆန်းရဲ့ လက်အောက်ခံဂိုဏ်းတစ်ခုပါ"

"အာ...ဟုတ်လား...ဒါနဲ့ ခင်ဗျားက ဘာလို့ ဒီကိုရောက်နေတာလဲ"

"ကဲ..လာ..ဘာလို့လဲဆိုတာ ဂိုဏ်းချုပ်ဆီကို သွားရအောင် ..ကျန်တာကို ဟိုရောက်မှမေး"

"ဟုတ်ပါပြီ"

ဝေ့ဆိုဟုန်ကမူ စကားပြောနေကြသော ချွန်းမြောင်တို့ကို ပြူးကျယ်စွာ ကြည့်နေလေသည်။ ထို့နောက်တွင်မူ ယွန်းဂျွန်အား မနေနိုင်စွာနှင့် မေးလိုက်လေသည်။

"အဲ့တာက ဒီလူလား"

"ကျွန်တော်က ချွန်းမြောင်ပါ"

"အာ...ဟုတ်လား..ကျွန်တော်လည်း အဲ့လိုပဲထင်...ဘာ...."

ဒီကောင်က ချွန်းမြောင်ပေါ့..

ဒီကောင်ကလေ..

ဘာတုန်း...လောကတခွင် သတင်းကြီးလှပါတယ်ဆိုတဲ့ ဟွာဆန်းရဲ့ နဂါးဆိုတာ ဒီကောင်ပေါ့..

ဒါဆို သတင်းဖြန့်တဲ့သူတွေကပဲ မှားနေတာလား...ငါကြားဖူးတဲ့ သတင်းတွေနဲ့လည်း မတူပါလား...

ယွန်းဂျွန်ကို မြင်ရစဉ်က အမှန်ပင် ကျင့်ကြံသူတစ်ယောက်ကို မြင်လိုက်ရသည့် ခံစားချက်ကို ရလေပြီး ဟွာဆန်းအပေါ်တွင် အထင်ကြီးလေသမျှသည် ချွန်းမြောင်အား မြင်သည့်အခါတွင်မူ ပျောက်ကွယ်သွားလေတော့သည်။

သူက တကယ့်ကို သူခိုးဂျပိုးကျနေတာပဲ...

ယွန်းဂျွန်သည်သာ ဘေးတွင်ရပ်မနေလျှင် ဂုတ်ကိုဆွဲကာ ရိုက်မိမည်က သေချာလေသည်။ တခြားအကြောင်းကြောင့်တော့ မဟုတ်။ သူခိုးဟု ထင်၍ပေ။ ဝေ့ဆိုဟုန် မယုံနိုင်စွာဖြင့်ပင် ချွန်းမြောင်အား ကြည့်နေလေသည်။

ကြားဖူးတဲ့သတင်းတွေကများ မှားနေတာလား...

ဒီလူကိုကြည့်ရတာက တောင်ဘက်အစွန်အဖျားဂိုဏ်းကို အနိုင်ပိုင်းလိုက်နိုင်တဲ့ ပုံလည်း မပေါ်ပါဘူး...

ဂျင်ဂွမ်ရုန်ကို ပိုဆိုး...

"ကဲ..အခု ...ရေချိုးသန့်စင်ပြီး ဂိုဏ်းချုပ်ကို တွေ့ဖို့ လာခဲ့"

"ဘာလို့လဲ"

"တော်ပါ..ချွန်းမြောင်ရယ်...ပြောတဲ့အတိုင်းသာ ကျေးဇူးပြု၍ .."

"ဟုတ်ပါပြီ..ဟုတ်ပါပြီ... ကျွန်တော် ရေချိုးသန့်စင်ပြီး ပြန်လာခဲ့ပါ့မယ်"

ချွန်းမြောင်က အဝေးသို့ ထွက်သွားသည်နှင့် ဝေ့ဆိုဟုန်က ယွန်းဂျွန်နားသို့ ကပ်လာမေးလာလေတော့သည်။

"သူက ဟွာဆန်းရဲ့ တက်သစ်စနဂါး ဆိုတာလား"

"နဂါးလား ဘာလားတော့ မသိပေမယ့် မင်းပြောနေတဲ့ချွန်းမြောင်ဆိုတာကတော့ သူပဲ"

"တကယ်ကြီးလေ"

"မကောင်းဆိုးဝါးပါဆို"

"ဟုတ်မယ့်ပုံပဲ"

"အရမ်းကြီး အံဩတဲ့ပုံလည်း လုပ်မနေနဲ့... နောက်ထပ်ကြုံရမှာတွေ အများကြီးရှိသေးတယ်"

ဝေ့ဆိုဟုန် က အံဩလွန်းသောကြောင့် မည်သို့ ဆက်ပြောရမည်ပင် မသိတော့ပေ။

ခံစားချက်တို့က ရုတ်တရက်ကြီး ဆိုးဝါးသွားသလိုပင်...

ကိုယ်လက်သန့်စင်ပြီးသည်နှင့် ချွန်းမြောင်က ဂိုဏ်းချုပ်၏ရှေ့တွင်ထိုင်ကာ အရိုအသေပေးလိုက်လေသည်။

"ဝူတန်ဂိုဏ်းက ငါတို့ဂိုဏ်းရဲ့ လက်အောက်ခံကိုဂိုဏ်းကို တိုက်ခိုက်လို့ သူတို့က ငါတို့ဆီကို အကူလာတောင်းတယ်"

"မင်းကလည်း ဂိုဏ်းသားတစ်ယောက်ပဲလေ"

"ဆိုတော့ သူတို့က အကူအညီတောင်းလာတယ်"

ချွန်းမြောင်က ခေါင်းငြိမ့်ပြကာ စိတ်ရှပ်သွားသောမျက်နှာနှင့် မေးလာလေသည်။

"ဂိုဏ်းချုပ်"

"ဟင်"

"မစိုးရိမ်ပါနဲ့... ဒီ တပည့်က သွားပြီးတော့ အမှိုက်အားလုံးကို ရှင်းလင်းပြီးမှ ပြန်လာခဲ့ပါမယ်"

ချွန်းမြောင်၏ စကားကြောင့် လူတိုင်းက မျက်မှောင်ကြုတ်သွားလေသည်။

သူသည်က လွန်ခဲ့သောသုံးလကပင် စတင်ကာ တံခါးပိတ်လေ့ကျင့်နေသည်ဖြစ်ပြီး ထွက်လာသည်နှင့် ချက်ချင်းပင် ထိုသို့သောစကားမျိုးပြောလာသည်က အံဩစရာပင် ။အားမွေးသင့်သေးသည် မဟုတ်ပါလား..

"မင်းက ဘယ်လိုမျိုး အမှိုက်တွေကို ရှင်းမှာတုန်း"

"ဂိုဏ်းချုပ် ဘာကိုဆိုလိုချင်တာလဲခင်ဗျာ...ကျွန်တော်က နန်ယောင်ကို သွားပြီး အဲ့ဒီ တောင်ဘက် ဘာဖြစ်တယ်ဆိုတာကြီးကို ရှင်းခဲ့မယ်လို့ ပြောချင်တာပါ"

"လမ်းဆုံး လေ့ကျင့်ရေးပါ"

"အာ...ဟုတ်ပါပြီ..ဘာပဲဖြစ်ဖြစ်ပါ... ကျွန်တော်က သူတို့ကို ကောင်းကောင်းပညာပေးပြီး ဝူတန်ဂိုဏ်းကဆိုလည်း ကောင်းကောင်းကြီး ဆုံးမခဲ့လိုက်ပါမယ်...ပြီးရင် အဲ့ဒီလေ့ကျင့်ရေးခန်းမကို မီးရှိ့ပြီး နန်ယောင်မြေပေါ်မှာ ခြေမချရဲအောင် လုပ်ခဲ့လိုက်ပါ့မယ်"

"အဲ့တာက ကျင့်ကြံရေးဂိုဏ်းဟ ...ငတုံးကောင်ရဲ့"

"ကျင့်ကြံတဲ့ ကိုယ်တော်တွေကို မီးရှို့လို့ မရဘူးလား....သူတို့လည်း မီးရှို့ရမှာပေါ့.... ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းက သာတူညီမျှ အခွင့်အရေးရသင့်တာပဲလေ...ဟွာဆန်းတောင် အတူတူပဲလေ"

"မဟုတ်ရင် သူက ဘာလို့ ဟွာဆန်းကို လာနေမှာလဲ...မဟုတ်ဘူးလား"

"ဘာလို့ လာမှာလဲ..ဟုတ်လား....ငါတို့ကိုပါ မီးလောင်လို့ ရတယ်လို့ ပြောချင်တာလား"

ဟွမ်းဂျွန်က အပြုံးမျက်နှာနှင့် သူက ဘေးတွင်ထိုင်နေသော အန်းဂွန်ကို ကြည့်ကာ စိတ်ထဲမှ မေးလိုက်လေသည်။

ငါတို့ သူ့ကို တကယ်လွတ်လို့ ဖြစ်ပါ့မလား...

ပြန်ပြီး ဆွေးနွေးဖို့ လိုနေပြီလို့ ထင်တယ်နော်..

ဘယ်လိုလုပ်ပြီးတော့များ ဘာမှမပြောင်းလဲပဲ ကြီးပြင်လာရတာလဲ...

ချွန်းမြောင်အား ဖြောင့်ဖြရန်ဆိုသည်က မလွယ်သည့်ကိစ္စပေ။ ယွန်းဂျွန် ချွန်းမြောင်၏ အင်္ကျီစကို ဆွဲလိုက်လေသည်။

"ကျေးဇူးပြုပြီး စိတ်အေးအေးထားစမ်းပါ"

"ဟမ်..ကျွန်တော်လား စိတ်အေးနေတာပဲလေ"

ချွန်းမြောင်က မျက်တောာင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလာလေသည်။

"အကိုကြီးပဲ ဟွာယုန်းက ဟွာဆန်းကို ငွေတွေအများကြီး ကူညီခဲ့တဲ့ တစ်ခုတည်းသောနေရာဆို...အဲ့လိုပြောခဲ့တာပဲ မဟုတ်ဘူးလား"

ငါပြောတာ ငွေပေးတာ မဟုတ်ဘူး..လက်အောက်ခံဂိုဏ်းလို့ ပြောတာ ခွေးသားလေးရယ့်..

ပိုက်ဆံပေးတာက သပ်သပ်လေ...

"ပင်မဂိုဏ်းက လူတွေက လက်အောက်ခံဂိုဏ်းက လူတွေကို အနိုင်ကျင့်ခံရတာကနေ ကာကွယ်ပေးရမှာပဲလေ..

အဲ့လိုကာကွယ်ပေးဖို့ပဲ နှစ်တိုင်းဘဏ္ဍာငွေ ယူထားတာ မဟုတ်ဘူးလား..မဟုတ်ရင် ငွေမယူသင့်ဘူးလေ"

"ဟုတ်တယ်..ငွေမယူသင့်ဘူး"

ဟွမ်းယုန်က ထောက်ခံကာ လက်ခုပ်တီးလိုက်လေသည်။ လက်ခုပ်သံကြောင့် လူတိုင်းက ဝိုင်းကြည့်လာသည့်အခါတွင်မူ သူက ချောင်းဟန့်လိုက်ကာ လက်ကိုကာလိုက်လေသည်။

ချွန်းမြောင်က ဆက်ကာ ပြောလာလေသည်။

"သူတို့က စပြီး တိုက်ခိုက်လာတာပဲ မဟုတ်ဘူးလား... စတဲ့သူက စလာမှာတော့ ဒါကိုရှောင်လွဲနေလို့ ဘယ်ရမှာလဲ...ကျွန်တော့်ကိုသာ လွဲထားလိုက်ပါ...ကျွန်တော် သူတို့ခေါင်းတွေကို ချိုးပြီးမှပဲ ပြန်လာခဲ့မယ်"

ဟွမ်းဂျွန်က ချွန်းမြောင်၏စကားကြောင့် ပြုံးကာပြောလိုက်လေသည်။

"ချွန်းမြောင်"

"ဟုတ်ကဲ့"

"မင်း ခေါင်းတော့ ဖြုတ်လာစရာမလိုပါဘူး"

"အာ့ဆို လက်ရော"

"ငါပြောချင်တာက အများကြီး ထိခိုက်သွားအောင် လုပ်ဖို့ မလိုပါဘူးလို့ ပြောချင်တာ"

".."

ဟွမ်းဂျွန်က သက်ပြင်းရှည်ကြီးကို ချကာ ချွန်းမြောင်အား ကြည့်ပြီး တွေးတောလိုက်လေသည်။

တကယ်ပဲ ဒီကလေးကို လွှတ်လိုက်လို့ ဖြစ်ပါ့မလား...

မည်သို့ပင် ဖြစ်စေကာမူ ချွန်းမြောင်၏ ပင်ကိုစရိုက်အရ တစ်ယောက်တည်းလွှတ်လိုက်၍ မဖြစ်သည်ကို ဟွမ်းဂျွန် သေချာသိလေသည်။ ချွန်းမြောင်ဆိုသည်က ပြဿနာအား သူ့နည်းသူ့ဟန်နှင့် ရအောင်ဖြေရှင်းခဲ့မည့် သူပင်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေနဲ့တော့ မင်းသွားသင့်ပါတယ်"

"စိတ်ချပါ...ကျွန်တော် သေချာလေးရှင်းလင်းပြီးမှ ပြန်လာခဲ့ပါမယ်...ကျွန်တော်တို့ အခုပဲ သွားလိုက်ရတော့မလား"

"မင်းနဲ့အတူ တခြားကလေးတွေရော ထည့်လိုက်ဦးမယ်...

ခရီးကို မနက်ဖြန် ဒါမှမဟုတ် သဘက်ခါမှပဲ သွားပါ"

"ခရီးက ရှည်တယ်မဟုတ်ဘူးလား"

"ငါတို့ ဒီကိစ္စကို ဒီထက်ပိုပြီး စုံစမ်းဖို့လည်း လိုသေးတယ်...ဒီကိစ္စမှာ သံသယဖြစ်စရာလေးတွေ ရှိနေတယ်လို့လည်း ငါထင်တယ်...ဒါကြောင့် သေချာတော့ အာရုံစိုက်ထား...ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ"

မည်သည့်ရက်ကို သွားစေကာမူ အရေးမဟုတ်သော်လည်း နောက်ကျလေ ဝူတန်ဂိုဏ်းသားများကို မဆုံးမလိုက်ရလေဖြစ်မည်ကိုတော့ ချွန်းမြောင်က စိုးရိမ်နေလေသည်။

"ဟုတ်ပါပြီ...မင်းက တံခါးပိတ် လေ့ကျင့်ရေးကနေ အခုမှ ထွက်လာတာဆိုတော့ နည်းနည်းနားပြီး အင်အားပြန်ဖြည့်လိုက်ပါဦး"

"ကျွန်တော် နားလည်ပါပြီ...ဂိုဏ်းချုပ်"

"ဟုတ်ပြီ...အခု သွားတော့...ငါတို့ မင်းနဲ့အတူ ဘယ်သူ့ကို ထည့်ရမလဲဆိုတာ တိုင်ပင်လိုက်ကြဦးမယ်...

ပြီးရင် မင်းကိုပြန်ပြီး ပြောမယ်"

"ဟုတ်ကဲ့ပါ"

ဟွမ်းဂျွန်က ချွန်းမြောင် အပြင်သို့ ရောက်ကာခါ အော်ကာ မေးလိုက်လေသည်။

"ချွန်းမြောင်"

"ဟုတ်ကဲ့"

"မင်း ဒီတစ်ခေါက် လေ့ကျင့်ရေးက တိုးတက်မှုရှိရဲ့လား"

ချွန်းမြောင်က တခစ်ခစ်ပင် ရယ်လိုက်ပြီး ပြန်ဖြေလေသည်။

"ဝူတန်ဂိုဏ်းက ကောင်တွေ ကောင်းကောင်းကြီး သိရမှာပါ..."

"ဟုတ်ပြီ..."

ထို့နောက်တွင်မူ ချွန်းမြောင်က အရိုအသေပေးကာ ထွက်လာခဲ့လေတော့သည်။

"ယွန်းဂျွန် ...ဝေ့ဆိုဟုန်ကိုလည်း သေချာလေးဧည့်ခံလိုက်ပါဦး..သူလည်း ဗိုက်ဆာနေလောက်ပြီ..စားဖို့ တစ်ခုခုစီစဉ်ပေးလိုက်ပါဦး"

"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်..ကျွန်တော် မျက်နှာမပျက်ရအောင် သေချာလေး ဧည့်ခံလိုက်ပါမယ်"

ဟွမ်းဂျွန်က ခေါင်းငြိမ့်ပြလိုက်သည်နှင့် ယွန်းဂျွန်နှင့် ဝေ့ဆိုဟုန်တို့ကလည်း အသီးသီး ထွက်သွားကြလေသည်။

"ဟွမ်းဆန်း"

"ဟုတ်ကဲ့ပါ...ဂိုဏ်းချုပ်"

"ငါပဲ အသက်ကြီးလာလို့လား မသိဘူး... ဝူတန်ဂိုဏ်းက နန်ယောင်ကို တိုက်ခိုက်လာတာ တိုက်ဆိုင်မှုလို့ မခံစားရဘူးလား... နှစ်တွေ ဒီလောက်ကြာခဲ့ပြီ... ဘယ်တုန်းကမှ ဒါမျိုး ကြုံမှ မကြုံခဲ့ရတာ"

ဟွမ်းဆန်း မတုံ့ပြန်နိုင်ပေ။

ဟွမ်းဂျွန်ပြောသည်ကလည်း ယုတ္တိရှိပေသည်။ ထိုသို့ တိုက်ခိုက်ချင်ပါက နှစ်ပေါင်းများစွာ အခွင့်အရေးရခဲ့သည့်တိုင် မတိုက်ခိုက်ခဲ့ကြပေ။ ယခုမှသာ တိုက်ခိုက်ကြခြင်း ဖြစ်လေသည်။

"ငါတော့ ချွန်းမြောင်ကို လွှတ်လိုက်တာက မှန်ကန်တဲ့ ရွေးချယ်မှုလို့ မထင်ဘူး...ဒါက "

"ဒါမျိုး မဖြစ်နိုင်လောက်ပါဘူး..ဂိုဏ်းချုပ်"

ယုအန်းက ခေါင်းခါလိုက်လေသည်။

"သူတို့က ချွန်းမြောင်နဲ့ တိုက်ခိုက်ခွင့်ရဖို့ ထောင်ချောက်ဆင်တာလည်း ဖြစ်နိုင်ပါတယ်...သူတို့က ဝူတန်ဂိုဏ်းမို့လား...သူတို့က ဟွာဆန်းနဲ့ တိုက်ခိုက်စရာ အကြောင်းလည်းမရှိပါဘူး...

ဒီလိုလုပ်လို့လည်း သူတို့အတွက် အကျိုးမရှိဘူးလေ...နန်ယောင်လို နေရာလေးက သူတို့အတွက် ဘာများအကျိုးရှိမှာမို့လို့လဲ"

"ကောင်းပြီ"

ဟွမ်းဂျွန် သက်ပြင်းချလိုက်လေသည်။ ရင်ထဲတွင်တော့ မငြိမ်းချမ်းနေပေ။

"နောက်ဆုံးညီလာခံပြီးကတည်းက ချွန်းမြောင်ရဲ့ နာမည်က အတော်လေး ရေပန်းစားသွားခဲ့တာ...အခုဆိုသူက သိုင်းပညာရှင်လောကရဲ့ ထိပ်တန်းတွေထဲမှာ ပါနေပြီ"

"အဲ့တာတော့ ဟုတ်ပါတယ်"

"ဟွာဆန်းရဲ့ တက်သစ်စနဂါးက ဂုဏ်ကြီးသလို မာနလည်း ကြီးတယ်....

ဝူတန်ဂိုဏ်းက နန်ယောင်ကရမယ့်အကျိုးအမြတ်ကို စိတ်မဝင်စားပေမယ့် သူတို့ဂိုဏ်းအပေါ်ကို တခြားဂိုဏ်းရဲ့ သူတစ်ယောက်နာမည် ကျော်လွှားသွားမှာမျိုးကိုတော့ လျစ်လျူရှုနေမှာ မဟုတ်ဘူး"

"ပြောချင်တာက"

"ဟင်"

ဟွမ်းဂျွန်၏ ပူပန်နေမှုကို ကြည့်ကာ အန်းဂွန်က ပြုံးကာ ပြောလာလေ၏။

"ဂိုဏ်းချုပ်...ဟွာဆန်းက ကလေးတွေ ချွန်းမြောင်ကို ခေါ်တဲ့ နာမည်ပြောင်ကို သိပါသလား"

"သူ့မှာ အဲ့လိုနာမည်ရှိသေးတာလား"

"ဟွာဆန်းရဲ့ ခွေးရူးတဲ့"

ဟမ်..ဒီနာမည်ကြီးကတော့....

"ခွေးရူးဆိုတာကြီးကတော့ လွန်လွန်းပါတယ်...ခွေးကန်းလောက်ဆို တော်သေးတယ်"

ချီး ..ဘာများထူးသွားလို့တုန်း...

သူ့ကို ဘာကိစ္စနဲ့များ ခွေးလို့ တင်စားနေကြတာတုန်း...

အန်းဂွန်က ပြုံးကာ ဆက်ပြောလေသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်ကတည်း က ကျွန်တော့်တို့ကလေးတွေက တအားကိုကြိုးစားထားကြတာပါ...

အခုဆို ဝူတန်ဂိုဏ်းပဲဖြစ်ဖြစ် ရှောင်လင်ဂိုဏ်းပဲဖြစ်ဖြစ် သူတို့ကို မျက်ကွယ်ပြုပြီး မနေနိုင်ကြတော့ပါဘူး"

"အင်း"

"အဲ့တာလည်း ဟုတ်တာပါပဲ"

လူတိုင်းက လွန်ခဲ့သောနှစ်နှစ်ခန့်ကတည်း က ကလေးများအားလုံး၏ ကြိုးစားအားထုတ်မှုကို မျက်မြင်တွေ့ပြီး ဖြစ်လေသည်။ ချွန်းမြောင်၏ သင်ပြပေးမှုနှင့် အားလုံးကလည်း တိုးတက်လာကြလေသည်။

"သူတို့ထဲမှာဆိုရင် ဒီကလေးက ...."

အန်းဂွန် ပြောနေရင်းမှ ရပ်တန့်သွားလေသည်။ ချွန်းမြောင်၏ အခြေအနေကို မည်သည့်အရာနှင့် နှိုင်းယှဉ်ပြရမည် မသိပေ။

"ကောင်းပြီ...ဘယ်လိုပဲဖြစ်ဖြစ် ဟွာဆန်းရဲ့ တက်သက်စနဂါး ကို စိန်ခေါ်ရဲတဲ့သူက သူဘာလဲဆိုတာ သိရမှာပဲ"

"တက်သစ်စ နဂါးလား"

"မဟုတ်ဘူး..ခွေးရူး"

"..."

"ဘတ်ချုန်းနဲ့ ယွန်းဂျွန်ကိုပါ သူနဲ့ အတူတူထည့်ပေးလိုက်...သူတို့ နှစ်ယောက်က ချွန်းမြောင်ပြဿနာရှာတော့မယ်ဆိုတာနဲ့ တားပေးနိုင်လိမ့်မယ်"

"တကယ်ကြီးလား"

"မဟုတ်ရင် ဘယ်သူ့ကို ထည့်ရမှာလဲ"

"ဒါမဟုတ် ယုရီဆိုးကို ထည့်လိုက်ရမလား...သူလည်း နည်းနည်းတော့ ချွန်းမြောင်နဲ့ရင်းနှီးပါတယ်"

ဒါကြီးကကျ မဟုတ်သေးဘူးလေ..

"ဂိုဏ်းချုပ်"

ဟွမ်းယုန်က စကားစလာလေသည်။

"ကလေးတွေကို လွှတ်တာက အရာအားလုံးမဟုတ်သေးပါဘူး..အခုမှ ဟွာဆန်းက လောကကြီးထဲကို စပြီး ခြေချတဲ့ သဘောပဲ ရှိပါသေးတယ်..ဒီလိုမျိုး အဖြစ်အပျက်တွေ ကျွန်တော်တို့ဆီမှာ အများကြီးထပ်ရှိလာဦးမှာပါ"

"အင်း"

ဟွမ်းဂျွန်က ထောက်ခံကာ ပြောလာလေသည်။

"နားထောင်ကြ"

"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"

"ငါတို့ရဲ့ ဟွာဆန်းက မျက်နှာဆိုရင် လက်အောက်ခံဂိုဏ်းခွဲလေးတွေက ခြေတွေ လက်တွေပဲ...

ဟွာယုန်းဂိတ်က ငါတို့အပေါ်မှာ အများကြီး အကူညီပေးခဲ့တဲ့အတွက် အခုဆိုရင် သူ့ကိုပြန်ပြီး ကူညီပေးရတော့မယ်....ဟွာဆန်းက ကိုယ်တိုင်ရပ်တည်နိုင်နေပြီဆိုတာကို လောကကြီးကို အသိပေးရမယ်"

"ကျွန်တော်တို့ အားလုံး ဂိုဏ်းချုပ်ရဲ့ စကားကို မှတ်သားထားပါ့မယ်"

အကြီးအကဲများအားလုံးက ဟွမ်းဂျွန်အား ဦးညွတ်ကာ အရိုအသေပေးလိုက်လေသည်။ ဟွမ်းဂျွန်၏ မျက်နှာကမူ ဆုံးဖြတ်ချက်တို့နှင့် ပြတ်သားနေသည့်ပုံပင်။

"နှစ်နှစ်ဆိုတာကလည်း နည်းတဲ့ကာလတစ်ခုမှ မဟုတ်တာပဲလေ"

ယခုအချိန်သည်က ဟွာဆန်း၏ ပုံရိပ်သည်ပြောင်းလဲသွားပြီဖြစ်သည်ကို လောကကြီးအား အသိပေးရမည့် အချိန်ပင် ဖြစ်လေတော့သည်။

All Chapters