← Chapters

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

အပိုင်း (၁၃၃)

အခုကစပြီး ကျွန်တော့်အလုပ်စပြီပေါ့…(၃)

မုဂျင်သည် ဝူတန်ဂိုဏ်း၏ (၂၂) ဆက်မြောက် မျိုးဆက်ဓါးသမားဖြစ်လေပြီး ဝူတန်ဂိုဏ်း၏ ပထမတန်းတပည့်တွေထဲမှ တစ်ယောက်ဖြစ်လေပြီး ဝူတန်၏အကောင်းဆုံးဓါးသမားတစ်ယောက်ဖြစ်လေသည်။ ‘ သန့်စင်ပန်းပွင့်ဓါးသိုင်းပိုင်ရှင်’ ဟုလည်း နာမည်ကြီးလေသည်။ ထို့အပြင် အခြားသောနာမည်အချို့နှင့်လည်း ကျော်ကြားလေသည်။ မည်သို့ပင်ဆိုစေကာမူ ဝူတန်ဂိုဏ်း၏ ထိပ်တန်းဓါးသမားတစ်ယောက်ဆိုသည်ကတော့ သေချာသည့်အရာဖြစ်လေသည်။

ပုံမှန်ဆိုလျှင်မူ ဂိုဏ်းချုပ်နှင့်အကြီးအကဲများသည် ဂိုဏ်း၏လုပ်ဆောင်ချက်များနှင့် ကိစ္စများကို အစီအစဉ်ချသူများဖြစ်လေပြီး လက်တွေ့ကွင်းဆင်း ကြီးကြပ်လုပ်ဆောင်ရသူများကမူ ပထမတန်းတပည့်များဖြစ်လေသည်။ မုဂျင်သည် ထိုသို့သောဂုဏ်ပုဒ်များနှင့် လူ တစ်ယောက်ဖြစ်လေသည်။

သို့ဖြစ်၍ သူဆိုသည်က မည်သည့်နေရာသို့ ရောက်စေကာမူ အားလုံးက အကောင်းဆုံးဆိုသည့်အရာများကိုသာ ပေးလေပြီး ချီးကျူးမှုများကိုသာ ရရှိလေသည်။ သူ့အားမရိုမသေနှင့် သူ၏တည်ရှိမှုကို ပမာမခန့်လုပ်ရဲသော သူကို ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်လေသည်။

ဟွာဆန်းက တက်သစ်စနဂါးတဲ့လား…

မုဂျင်က သူ၏ရှေ့တွင်ရှိသောသူကို အေးစက်စက်သာကြည့်ကာ အကဲခတ်လိုက်လေသည်။

သူက စိတ်မနှံ့တဲ့သူနဲ့တောင် ပိုပြီးတော့ တူနေသေးတာကို…တကယ်ရူးနေတာ မဟုတ်ဘူးလား...

ဤကဲ့သို့သော အရူးလိုလူတစ်ယောက်က ဝူတန်၏ဒုတိယတန်းဂိုဏ်းသားများကို အနိုင်ရလိုက်သည်ဆိုသည်က မဖြစ်နိုင်ပေ။ ဤလူက လှည့်ကွက်တစ်စုံတစ်ရာကိုသုံး၍သာ သူ၏တပည့်များ ရှုံးနိမ့်လာခြင်းဖြစ်ပေလိမ့်မည်။သို့သော် သူကမူ မည်သို့သော လှည့်ကွက်ကိုမဆို အရေးလုပ်မည်မဟုတ်ပေ။

မုဂျင်၏ဓါးဦးက ချွန်းမြောင်ဆီသို့ ချိန်ရွယ်ထားလေသည်။

စကားဝိုင်းက ဆက်ရန်မရှိတော့သည်မို့ ဓါးကိုသာ ကိုယ်စီထုတ်လိုက်ကြလေသည်။ ဤသည်က သိုင်းလောက၏သဘာဝပင် ဖြစ်လေသည်။

“သိုင်းပညာရဲ့ အဆုံးမရှိအလင်း….”

မုဂျင်သည် စောင့်ထိန်းဖွယ်ရာ ပညတ်များထဲမှ တစ်ခုကိုရေရွတ်လိုက်ပြီး ချွန်းမြောင်ကမူ ထို့သို့သောစကားလုံးများကို အပိုဟုသာ ခံစားရလေသည်။

ပုံစံကျသား ကောင်းသားပဲ….

မုဂျင်၏ တိုက်ကွက်ဖော်ထားပုံက တည်ငြိမ်မှုအပြည့်ပင်။ချွန်းမြောင်၏အကဲခတ်မှုအရဆိုလျှင် မုဂျင်၏ သိုင်းကွက်ဖော်ထားသည့်ပုံစံသည် အပိုအလိုမရှိ အင်အားကွက်တိနှင့် မျှခြေကို ကောင်းစွာထိန်းထားသည်ကိုလည်း တွေ့ရလေသည်။ ချွန်းမြောင်သည် ဤသူက မည်သူဖြစ်သည်ကိုမသိသော်လည်း သူ၏သိုင်းပညာအဆင့်ကမူ အဆင့်တစ်ခုရှိနေသည့်သူဖြစ်သည်ကိုတော့ ခန့်မှန်းမိလေသည်။

ဒုတိယတန်းတပည့်များက အာပလာဖြစ်နေသော်လည်း ထိုသူကမူ အချဉ်ဟုတ်ပုံမရပေ။ သိုင်းပညာမြင့်မားမည်ဟု ထင်ရလေသည်။ ထက်ရှလွန်းသော ဓါးတစ်ချောင်းကဲ့သို့ပင် ထက်မြပြီး အန္တာရယ်ရှိသည့် အရိပ်အယောင်လည်း ပေါ်နေလေသည်။ထို့အသွင်အပြင်ကပင် ချွန်းမြောင်အား ပြုံးစေပျော်စေသည်ပင်။ ထိုသူက ချွန်းမြောင် ပြန်လည်မွေးဖွားလာပြီးနောက်တွင်မူ ယှဉ်ပြိုင်ရသည့် အကောင်းဆုံးဓါးသမားပင်။ သို့သော်….

“အာ…ငါတို့ စပြီးမတိုက်ခင် ပြောစရာတစ်ခုတော့ရှိတယ်…”

ချွန်းမြောင်၏စကားကြောင့် မုဂျင်က မျက်ခုံးပင့်ပြလိုက်ကာ မေးလိုက်လေ၏။

“မင်း တိုက်လို့ပြီးသွားရင်တာ့ ဘာမှမဖြစ်ခဲ့သလိုပဲ နေမှာပါနော်…ဟုတ်တယ်မို့လား”

“အင်း…နေမှာ…ဒါပေမယ့်…အလောင်းအစားတစ်ခုတော့ လုပ်စရာရှိတယ်”

“အလောင်းအစားလား”

“အင်း”

ချွန်းမြောင်က ဆက်ကာပြောလေသည်။

“ငါတို့တွေ အသေအကြေကြိုးစားတိုက်ခိုက်ပြီးလို့ အနိုင်ရတာတောင်မှ ဘာမှပြန်မရဘူးဆိုရင် စိတ်ပျက်စရာကြီး ဟုတ်တယ်မို့လား…ဆိုတော့ ငါတို့ အလောင်းအစားတစ်ခုလုပ်မယ်…နိုင်တဲ့သူက ရှုံးတဲ့သူကို ကြိုက်ရာတစ်ခုခိုင်းကြေး… ငါဆိုရင် ဓါးသင်္ချိုင်းအကြောင်းပြောခိုင်းတာဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့“

မုဂျင် ချွန်းမြောင်ကို ကြည့်လိုက်လေသည်။

ချွန်းမြောင်က မျက်နှာအား အဝတ်စအုပ်ထားသော်လည်း ပြုံးနေသော မျက်လုံးများကိုမူ မုဂျင်မြင်နေရလေသည်။ပြုံးနေသည်ထက် ပြောင်ချော်ချော်ဆိုသည်က ပိုမှန်မည်ထင်သည်။

ဒီကောင် ငါ့ရှေ့မှာ ဘယ်လိုတောင်ပြုံးရဲတာလဲ…

“ရတယ်လေ”

“အိုး…ရတယ်လား”

“အဲ့ဒီအစား..တကယ်လို့ မင်းရှုံးခဲ့ရင် မင်း မင်းမျက်နှာကိုအုပ်ထားတဲ့အဝတ်ကိုချွတ်ပြီး မင်းငါ့ကို တောင်းပန်ရမယ်..ပြီး‌တော့ ဟွာဆန်းက ဝူတန်ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူးဆိုတာကို ဝန်ခံရမယ်”

ချွန်းမြောင်က ပုခုံးကိုတွန့်ကာ ပြောလိုက်လေသည်။

“မင်းမှားနေပြီ…ငါက ဟွာဆန်းက မဟုတ်ဘူး…ဒါပေမယ့် ရပါတယ်…ငါရှံးခဲ့ရင် မင်းပြောသလိုလုပ်တာပေါ့”

“ဒါပေမယ့် မင်းရှုံးခဲ့ရင်‌တော့ ပြောထားတဲ့စကားကို ပြန်ရုတ်သိမ်းဖို့ မလုပ်နဲ့နော်”

ထိုစကားကြောင့် မုဂျင်က မျက်မှောင်ကြုတ်လိုက်လေသည်။

“ငါက ဝူတန်ဂိုဏ်းက..ငါ့စကားကို ငါပြန်ပြီးရုတ်သိမ်းရင် လျှာကိုက်ပြီး သတ်သေပစ်မယ်”

“အိုး…လေးစားစရာကောင်းလိုက်တာ”

ချွန်းမြောင်က မုဂျင်၏စကားကြောင့် ပြုံးလိုက်လေသည်။

ဒီခေတ်ကလေးတွေများ စိတ်ကလည်း ဆတ်လိုက်ပါဘိ….

နည်းနည်းလေး လမ်းကြောင်းပေးလိုက်တာနဲ့ တန်းနေအောင် ပြေးတော့တာပဲ…

“ကဲ..ဒါဆိုလည်း အချိန်ဖြုန်းမနေဘဲ အခုပဲစလိုက်ကြရအောင်”

ထိုသို့ပြောလိုက်သည်နှင့် မုဂျင်က ကြမ်းတမ်းသောအရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီး လူသတ်ငွေ့များလည်း ဖုံးလွှမ်းလာတော့သည်။

“ဆရာတူအကိုကြီး…ဒါက အဆင်ပြေပါ့မလား”

“…”

ဂျင်ဟဲယွန် သူ၏ဆရာတူညီလေးမေးသော မေးခွန်းကိုပြန်မဖြေပေ။ မည်သို့ဖြေရမည် မသိသောကြောင့်ပင်။

ထိုသူသည် မျက်နှာအားအဝတ်နှင့် ဖုံးထားသော်လည်း ကိုယ်ခန္ဓာအနေအထားနှင့် စကားများအရ ဟွာဆန်း၏နဂါးဆိုသည်က သေချာလှပေသည်။ သံသယဖြစ်ဖွယ်မရှိပင်။

သို့သော်လည်း ယနေ့တိုက်ပွဲတွင် သူတို့သည် ထိုလူ၏စွမ်းရည်ကို မသိခဲ့ရပေ။ သူသည် ဘေးမှသာထိုင်ကြည့်နေခဲ့သည်ဖြစ်ပြီး ပါဝင်တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ ဤသည်ကို ကြည့်ရခြင်းအားဖြင့် သူသည်က အသန်မာဆုံးသော သူသာဖြစ်ပေလိမ့်မည်။.

[သူက ငါတို့တိုက်ခိုက်နိုင်တဲ့အဆင့်မျိုး မဟုတ်ဘူး…ငါတို့နဲ့တင် မင်းတို့ကို တိုက်ခိုက်လို့ ရတယ်..သူ ဝင်လာစရာမလိုဘူး]

ဤသည်က ဂျင်ဟဲယွန်နှင့် တိုက်ခိုက်သောသူက ပြောခဲ့သည့်စကားပင်။

တရားမျှတမှုဓါးသိုင်းပိုင်ရှင်…

ထိုလူကိုပင် ဂျင်ဟဲယွန် မယှဉ်နိုင်ခဲ့သည်မို့ ဟွာဆန်း၏နဂါးဆိုလျှင် ထုတ်၍ပင် ပြောရန်လိုတော့မည်မထင်ပေ။သို့ဖြစ်၍ ဤလူ၏စွမ်းရည်အစစ်အမှန်ကို သူသိချင်နေလေသည်။

မုဂျင်ဆိုသည်က သိုင်းပညာလောကတွင် အနှစ်သုံးဆယ်ကျင်လည်ခဲ့ပြီဖြစ်ပြီး သမာနှင့် ပြည့်စုံသော လောက၏ထွတ်ခေါင် ဓါးသမားများထဲမှတစ်ယောက်ဖြစ်နေလေပြီဖြစ်သည်။ သိုင်းပညာသမာ နှစ်ပေါင်းသုံးဆယ်ရှိသော ဓါးသမားတစ်ယောက်ကို မကြာသေးခင်ကမှ သိုင်းပညာလောကထဲသို့ ခြေချလာသော သူတစ်ယောက်က စိန်ခေါ်နေသည်မို့ ဂျင်ဟဲယွန် ထိုသူ၏ သိုင်းပညာအဆင့်ကို သိချင်လှပြီဖြစ်လေသည်။ ဝါ ကွာခြားမှုက မိုးနှင့်မြေပင် မို့လား….

မုဂျင်သိုင်းလောကထဲသို့ ခြေချသည့်အချိန်တွင် ချွန်းမြောင်က မွေးဦးမည်ပင် မဟုတ်ပေ။ သိုင်းပညာသက်တမ်းက မြေးနှင့်အဘိုးကဲ့သို့ပင် ကွာနေသည်မို့ စိတ်ဝင်စားမှုကလည်း အလွန်ပင်မြင့်တက်နေတော့သည်။

ငါ ဘာလို့ မူမမှန်သလို ခံစားနေရတာလဲ…

ဂျင်ဟဲယွန် သူ၏နှုတ်ခမ်းကို ကိုက်လိုက်လေသည်။

ဤလူက အခုချိန်ထိ ယုံကြည်ချက်အပြည့်နှင့် ဖြစ်နေသည်ကို သူသံသယရှိနေဆဲပင်။

မဖြစ်ရဘူး…

ဂျင်ဟဲယွန်၏ မျက်လုံးများက ရဲရဲနီနေလေတော့သည်။

သူ ဟွာဆန်း၏ တရားမျှတမှုသိုင်းပိုင်ရှင်ထံတွင် ရှုံးခဲ့သော်လည်း ကိစ္စမဟုတ်ပေ။ သူ၏နည်းပြသာ ချွန်းမြောင်ထံတွင် ရှုံးခဲ့လျှင်မူ သူတို့၏ အရှုံးစစ်စစ်ဖြစ်သွားလေပြီး သူတို့၏ဝူတန်က ဟွာဆန်းအား အမှန်ပင် မယှဉ်နိုင်သည့် အနေအထား ဖြစ်ပေတော့မည် .။ ထိုသို့ဖြစ်၍ မရပေ။

အဲ့လိုတော့ မဖြစ်နိုင်ပါဘူးလေ…ဖြစ်စရာကိစ္စလည်း မရှိဘူး…

ဂျင်ဟဲယွန် ယုံကြည်မှုစတင်ကာ ပျောက်ဆုံးနေပြီ ဖြစ်လေသည်။မုဂျင်က မရှုံးနိုင်ဟူသော အတွေးရှိနေသော်လည်း တဖက်တွင်လည်း စိုးရိမ်နေလေ၏။တဖက်လူက ဝင့်ကြွားနေလေလေ သူစိုးရိမ်လာလေပဲ ဖြစ်လေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ တိုက်ပွဲဖြစ်ပြီးနှစ်နှစ်ကျော်သည်အထိ ဟွားဆန်းမှ နဂါး၏သတင်းသည် လူများ၏ ပါးစပ်ဖျားတွင်မွှေးပျံ့ဆဲဖြစ်လေသည်။ ထိုညီလာခံအကြောင်းအား မုဂျင်တို့လည်း ကောင်းကောင်းကြားထားရသည်ဖြစ်ပြီး ချွန်းမြောင်အား ခန့်မှန်းရန်လည်း ခက်ခဲနေလေသည်။

အခုသူက ဘာလို့ ငါ့ကို အနိုင်ယူနိုင်ရမှာလဲ…

မုဂျင် ချွန်းမြောင်အား တချက်ကြည့်လိုက်လေသည်။ ကြည့်ရသည်ကတော့ ပုံမှန်ပင် ။ တချက်ကြည့်ရုံနှင့်ပင် သိသာနေသော သိုင်းသမားများ၏ အသွင်ပြင် မရှိပေ။ သိုင်းသမားများဆိုသည်က လေ့ကျင့်လေ သန်မာလာလေဖြစ်သည်မို့ လေ့ကျင့်မှုများသူ၏ကိုယ်ခန္ဓာကိုယ်သည် သာမန်လူများထက်ပို၍ သန်မာနေလေသည်ကို မြင်ရတတ်လေသည်။ ယခုတွင်မူ ထိုသို့သောအရိပ်အယောင်များကို မမြင်ရဘဲ သာမန်ပုံသဏ္ဍာန်ကိုသာ တွေ့ရလေသည်။ ထို့အပြင် ချီစွမ်းအင်များ အထူးတလည် စီးဆင်းနေသည်ကိုလည်း မတွေ့ရပေ။ ဂျင်ဟဲယွန်သာ မပြောပါက အမှန်တကယ် ဓါးပြတစ်ယောက်ဟုပင် ထင်မိမည် ဖြစ်လေသည်။

မျက်စိရှေ့တွင်ရှိနေသောသူသည် သန်မာလေသလား..သာမန်လေလား သူမသိရပေ မခန့်မှန်း တတ်တော့ပေ။ သူ့အား စိန်ခေါ်ရဲသည်ဟူတကည်းက ဤလူက ရူးနှမ်းနေသည်ကတော့ သေချာလေသည်။

“ကြည့်နေတာ တော်လိုက်ပြီး..စပြီး တိုက်ခိုက်လိုက်ရအောင်”

“မင်းက ငါ့ကိုအရင်စခိုင်းနေတာလား”

“ဟုတ်တယ်လေ”

“ငါ့ကိုလေ…”

မုဂျင် မျက်ခုံးများတွန့်ချိုးသွားလေတော့သည်။

ဤသည်က သူသည်ဟွာဆန်းကမဟုတ်ဟု ကြေငြာထားသော်လည်း ဟွာဆန်း၏နဂါးဟု ဝန်ခံလိုက်သည်နှင့်တူလေသည်။

ငါ့ကို တကယ်ကြီးအရင်တိုက်စေချင်နေတာလား…

မုဂျင်က သူ့အား အခွင့်အရေးပေးသည့်အနေနှင့် အရင်စတိုက်ရန် ပြောသည်ကို သူကပင်တဖန် မုဂျင်းအား အခွင့်အရေးပေးနေပြန်လေသည်။

“မင်းရဲ့ စိတ်ကြီးဝင်တာက မတော်မတရားဖြစ်နေပြီ”

“ဟုတ်ပြီလေ..ဒါဆိုလည်း ငါကပဲ အရင်စတိုက်တာပေါ့…ပြီးမှတော့ နောင်တမရနဲ့ပေါ့”

“အင်း”

မုဂျင် စိတ်ဆိုးသွားကာ အော်လိုက်လေစဉ်မှာပင်…

ဖတ်…

ရိုက်သံတစ်ခုက ထွက်လာလေပြီး မုဂျင်၏ ပါးစုန့်ပေါ်သို့ ပူနွေးသော သွေးများစီးကြလာလေတော့သည်။ ရုတ်တရက်ကျလာသော ရိုက်ခတ်မှုသည် ချွန်းမြောင်၏ဓါးဖြစ်လေမှန်း ထိုအခါမှသာ သိလေတော့သည်။

“…”

“ကဲအရင်စလိုက်ပြီနော်”

ချွန်းမြောင်က ရိုက်ပြီးကာမှ တခစ်ခစ်ရယ်ရင်း ပြောလိုက်လေသည်။

ချွန်းမြောင်၏ မလေးမစားအမူအရာကြောင့် မုဂျင် ရင်ခံသွားရလေသည်။ သိုင်းသမားခြင်း ရိုသေလေးစားမှုက တစက်လေးပင် ရှိမနေပေ။ ထို့အပြင် တွေးမိသွားသည့် အခြားအတွေးတစ်ခုလည်း ရှိလေသည်။

သူသာ ငါ့လည်ပင်းကို အဲ့လိုပုံနဲ့ရိုက်လို့ကတော့ ငါ့ခေါင်းကို ငါနှုတ်ဆက်နေရလောက်ပြီ…

ခဏလေး သတိလွတ်လိုက်တာနဲ့ကို ….ဟူး…

ချွန်းမြောင်၏ ဓါးက မုဂျင်တွေးထားသည်ထက်ပင် အဆပေါင်းများစွာမြန်နေလေသည်။ မထင်ထားသည့်အချိန်မှာပင် ဓါးကရောက်ပြီးနေပြီ ဖြစ်သည်။ မုဂျင် အံကြိတ်လိုက်လေ၏။ သူအာရုံစိုက်ရန် တွေးလိုက်လေပြီး ဓါးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်လေသည်။

“မင်းရဲ့ စဉ်းစားပေးမှုအတွက် ကျေးဇူးပါ”

“ရပါတယ်လေ”

“သက်သက်ညှာညှာ လုပ်နေတာထက် ကောင်းကောင်းမွန်မွန်ကြိုးစားပြီးတိုက်ပါ”

“သေချာပေါက်ပေါ့”

ဒေါသကြောင့် မုဂျင်၏မျက်လုံးများက တလက်လက်တောက်ပနေပြီဖြစ်သည်။

“ငါလည်း မင်းပြောတာကို သဘောတူတယ်..သေချာလေး တိုက်ကြတာပေါ့”

မုဂျင်က ခြေကိုချဲကာ အားယူလိုက်ပြီး ချွန်းမြောင်ထံသို့ အလွန်ပင်လျင်မြန်သော အရှိန်နှင့် ပြေးဝင်သွားလေတော့သည်။ ထိုသို့ပြေးဝင်လာသည်ကို မြင်သည်နှင့် ချွန်းမြောင်က ပြုံးနေလေတော့သည်။

ဟုတ်ပြီ…

သန့်စင်ပန်းပွင့်ဓါးသိုင်း လာပြီ….

ချွန်းမြောင် ထိုသိုင်းကို စိတ်ဝင်စားလှသည်မဟုတ်သော်လည်း ဤသည်ကလည်း အတော်လေးပင် ကျော်ကြားသော သိုင်းပညာဟူ ၍ ပြောနိုင်လေသည်။

ကဲ…

မင်းမှာ ရှိသမျှအစွမ်းအကုန် ငါ့ကိုပြလိုက်စမ်းပါ…

ချွန်းမြောင် သိလိုသည်က တစ်ခုပင်။ ဝူတန်၏သိုင်းပညာသည် လွန်ခဲ့သော နှစ်တစ်ရာနှင့်ယှဉ်လျှင် မည်သို့သော ပြောင်းလဲမှုရှိသည်ဆိုတာကိုပင် စိတ်ဝင်စားလေသည်။ ပို၍ တိုးတက်လာလေသလား…ဆုတ်ယုတ်သွားလေသလားတာ သူစိတ်ဝင်စားလေသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ယှဉ်ပြိုင်ရပြီးနောက်ပိုင်းတွင် ဝူတန်၏သိုင်းပညာအခြေအနေကို ချွန်းမြောင်ကောင်းကောင်း မသိရသေးပေ။ ယခုက အကောင်းဆုံးအခွင့်အရေးပေးမို့ ချွန်းမြောင် သေချာလေးအကဲဖြတ်ရမည် ဖြစ်လေသည်။ ဝူတန်၏ ဒုတိယတန်းတပည့်များကမူ မသန်မာသည်ပေ။ ဤသည်ကတော့ အမှန်တရားပေ။ မုဂျင်ကမူ အဆင့်တစ်ခုရှိသည်မို့ ချွန်းမြောင်မျှော်လင့်နေလေသည်။

မုဂျင်၏ဓါးသည် နက်ပြာရောင်ချီစွမ်းအင်များနှင့် တောက်ပကာ နေလေသည်။

ဒါက ထိုက်ချင်လား…(ထိုက်ချိမဟုတ်ပါဘူးနော်…)

ဓါးတွင်ရှိနေသော ချီစွမ်းအင်များက လှိုင်းတစ်ခုလိုပင် ။ အရှုံးမရှိသော မြစ်ပြင်ကျယ်ကြီးထဲမှ လှိုင်းလုံးကြီးများကဲ့သို့ပင်။ ဝူတန်ဂိုဏ်း၏ နာမည်ကျော်ကြားသော ဓါးသိုင်းတွေထဲမှ တစ်ခုလည်း ဖြစ်လေသည်။ ထိုဓါးသိုင်းကို သုံးရန်အတွက် များစွာသောချီစွမ်းအင်များကို သုံးရသည်ဖြစ်ပြီး ဒုတိယတန်းကလေးများ မသုံးနိုင်သော သိုင်းပညာတစ်မျိုးလည်း ဖြစ်လေသည်။

ဝူတန်ဂိုဏ်းသည် သိုင်းပညာများကို သင်ကြားပေးရာတွင် ကာလရှည်ပျိုးထောင်သည့်ပုံစံကို အသုံးပြုသည်ဖြစ်ပြီး ဝူတန်ဂိုဏ်း၏ သိုင်းပညာများ၏ ထူးခြားချက်သည် နူးညံ့ပျော့ပြောင်းကာ ရန်သူ၏ သိုင်းပညာကို အနူးညံ့ဆုံး လွှမ်းမိုးသွားခြင်းပင်ဖြစ်လေသည်။ ယခု မုဂျင်ထုတ်လွှတ်ထားသော ချီစွမ်းအင်ပမာဏသည် သာမန်သိုင်းသမားတစ်ယောက်ထုတ်လွတ်ထားသော ချီစွမ်းအင်ပမာဏနှင့် ယှဉ်လျှင် မိုးနှင့်မြေကဲ့သို့ ကွာခြားလေသည်။

မုဂျင်၏ ခန္ဓာကိုယ်ပတ်လည်တွင် ချီစွမ်းအင်များက မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေပြီး ထိုချီစွမ်းအင်များက သူ့ဆီသို့ ဦးတည်ကာ လာနေသည်ကို မြင်လိုက်ရသည့်အချိန်တွင်မူ ချွန်းမြောင် မျက်မှောင်ကြုတ်သွားလေတော့သည်။

အင်း…သန့်စင်ပန်းပွင့်ဓါးသိုင်းပိုင်ရှင်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်…

ဒါပေမယ့် သူ့ရဲ့ ချီစွမ်းအင်က မလုံလောက်သေးဘူး….

ချွန်းမြောင်က သူ၏ဓါးကိုကစားလိုက်ပြီး သူ၏ဓါးဦးထိပ်မှ ညနေဆည်းဆာနေရောင်ကဲ့သို့ အနီရောင်ချီစွမ်းအင်များ ဖြာထွက်လာလေသည်။ ဆည်းဆာရောင် ချီစွမ်းအင်များက နက်ပြာရောင်ချီစွမ်းအင်များကို ခွဲဖြာကာ ဖွာထွက်သွားစေလေသည်။ ထိုမြင်ကွင်းကြောင့် မုဂျင်က အသံနက်ကြီးနှင့် အော်ဟစ်လေတော့သည်။

“မဖြစ်နိုင်ဘူး”

သူက ရှောင်လိုက်တာတဲ့လား…

ချီစွမ်းအင်တွေကိုတောင်လေ…

ဒီအဆုံးမရှိတဲ့ချီစွမ်းအင်တွေကိုတောင်လေ…

ဓါးချီစွမ်းအင်ဆိုသည်က ရိုက်ချိုးဖျက်စီး၍ မရသောသဘာဝရှိလေပြီး ဖြာထွက်အင်အားပျက်သွားစေ၍သာ ရလေသည်။ သူ၏သိပ်သည်းလှသော ချီစွမ်းအင်များကို သူက အလွယ်တကူပင် ခွဲဖြာလိုက်လေသည်။ မဖြစ်နိုင်ပေ

“ကျား…”

မုဂျင် ဓါးကိုတဖန်ပြန်ချိန်ရွယ်ကာ ချီစွမ်းအင်များကို ပြန်လည်စုစည်းပြီး အသက်သွင်းလိုက်ပြန်သည်။ မုဂျင်၏ဓါးမှ ချီစွမ်းအင်များက အဆုံးအစမရှိဖြာထွက်နေပြီး ပို၍လည်း နက်နဲကာ ကြမ်းတမ်းလာကြလေသည်။ ဝူတန်ဂိုဏ်း၏ ဓါးသိုင်းသည် သဘာဝတရားကို အခြေခံသည်ဖြစ်ပြီး ရံဖန်ရံခါတွင်မူ သဘာဝတရားက အကြမ်းတမ်းဆုံးသော အရာပင်ဖြစ်လေသည်မို့ ဝူတန်၏သိုင်းပညာကလည်း ကြမ်းတမ်းသည့်နေရာများရှိလေသည်။

မုဂျင်က ယုံကြည်ချက်အပြည့်အဝနှင့်ပင် သူ၏ချီစွမ်းအင်များကို တဖန်ပြန်လည်လွတ်လိုက်ပြန်သည်။ ရန်သူက မည်မျှပင် တော်နေစေကာမူ ယခုတစ်ခေါက်တွင်တော့ မကိုင်တွယ်နိုင်တော့ဟု ယုံကြည်လေသည်။

ဒီဓါးချီစွမ်းအင်နဲ့သာ ဆိုရင် သူလည်း….

“အား…”

အနီရောင်အလင်းတန်း၏နောက်တွင် အော်သံတစ်သံကလိုက်လာလေသည်။ မုဂျင်၏ ဓါးချီစွမ်းအင်များက နှောက်ယှက်ခံလိုက်ရပြီး တဖန်ပြန်ခွဲထွက်သွားပြန်လေသည်။

ပြင်းထန်သော နာကြင်မှုနှင့် ဒဏ်ရာကြီးကမူ မုဂျင်၏ လက်ကောက်ဝတ်ပေါ်တွင် အထင်းသားပင်။ လက်ကောက်ဝတ်ကို ထိသွားလေသည်မို့ မျှခြေကလည်း ပျက်သွားလေပြီး မုဂျင်၏ဓါးက မြေပေါ်သို့ ကျသွားလေသည်။

ချီစွမ်းအင်များက နေရာအနှံ့ပြန့်သွားသည်မို့ ပတ်ဝန်းကျင်ကလည်း မြူများလွှမ်းသကဲ့သို့ ဖြစ်သွားလေပြီး အရာအားလုံးက ဝေဝါးဝါးပင်။ မုဂျင် သူ၏ရှေ့တွင် ရှိနေသော မြူများကို လက်နှင့်ယမ်းကာဖယ်နေသည့် ချွန်းမြောင်ကို တွေ့လိုက်လေသည်။

ယခုဆိုရင် ဘာမှမမြင်ရတော့ဘူး….

မျက်နှာအား အဝတ်နှင့်အုပ်ထားသည့်ထိုလူက သူ့ထံသို့ ဖြေးဖြေးချင်းလျှောက်လာသည်ကိုလည်း မြင်ရလေသည်။

“ဝူတန်ဂိုဏ်းရဲ့ တပည့်က သေရမှာကြောက်လို့ ငြိမ်နေတော့တာလား…ဘယ်လိုတုန်းဟ”

“…”

“အလျှင်လေးနဲ့ တိုက်တာလေး စလိုက်ကြရအောင်လေ…”

ချွန်းမြောင်က စကားဆုံးသည်နှင့် စက္ကန့်ပင်မဆိုင်းတော့ဘဲ မုဂျင်ထံသို့ ပြေးဝင်လာလေတော့သည်။

အပိုင်း (၁၃၄)

အခုကစပြီး ကျွန်တော့်အလုပ်စပြီပေါ့…(၄)

ဓါးက မြေပြင်ပေါ်သို့ ကျသွားလေသည်။

မုဂျင်က နာကြင်သွားသည့်ဒဏ်ကို သက်သာလိုသက်သာငြား လဲကျလိုက်လေ၏။ ဖြေးဖြေးညင်ညင်သာသာပင်။ ထိုသို့ဖြစ်ရခြင်းက ရှက်ဖွယ်ကောင်းသော်လည်း ရှက်နေရန်အချိန်မရှိပေ။ နာကြင်မှုက လက်လောက်ဝတ်မှ တကိုယ်လုံးသို့ ပျံ့နှံ့သွားသည့်အလားပင်။

ခွမ်း…

မုဂျင်လှိမ့်ကာ ရှောင်လိုက်၍သာတော်လေတော့သည် ။ ချွန်းမြောင်ထံမှ လာသောအလင်းရောင် သူလဲလှောင်းထားသည့်နေရာသည် တွင်းပေါက်ကြီးဖြစ်ကာ နေသည်ကို မြင်လိုက်ရလေသည်။ ဖျက်စီးသည့်အင်အားက မသေးပေ။ မုဂျင် မျက်မှောင်ပင်ကြုတ်မိသွားလေသည်။

မတော်လို့များ ငါ့ကိုသာ ထိသွားခဲ့ရင်…

မသေရင်တောင်မှ….မတွေးရဲစရာပါလား….

‘ဘာလား…ရှောင်လိုက်တာနော်…”

ချွန်းမြောင်က အပြစ်တင်နေသောမျက်နှာလေးနှင့် မုဂျင်အားအပြစ်တင်သလိုဆိုလာလေသည်။

မုဂျင်က ချွန်းမြောင်ကိုကြည့်ကာ အံကိုကြိတ်ပြီး လဲနေရာမှ ထလာလေသည်။ထို့အပြင် ချွန်းမြောင်၏ အင်အားကြီးမှုကိုလည်း စတင်တွေ့ရှိလာပြီ ဖြစ်လေသည်။

သူက အရမ်းသန်မာတာပဲ..

မုဂျင်မွှေးညှင်းများပင် ထောင်လာသလိုပင်။

တစ်ချက်ပါပဲ…

တစ်ချက်လောက်ပဲ…သူရိုက်ခဲ့ရင် ဤလူ၏စွမ်းအားအစစ်အမှန်ကို သိနိုင်ပြီဖြစ်လေသည်။

သို့သော်လည်း ဤလူက မုဂျင် ယခင်ကကြုံခဲ့ဖူးသော ရန်သူများနှင့် မတူပေ။ သူ၏စွမ်းအင်ပုံစံက ထူးခြားနေပြီး အားလုံးနှင့်မတူသော အဆင့်တစ်ခုတွင် ရောက်နေသကဲ့သို့ပင်။ ထိုသို့သော ရန်သူမျိုးကို မကြုံဖူး၍ မုဂျင်မည်သို့ ဆုံးဖြတ်ကာ မည်သို့သောသိုင်းပညာနှင့်တိုက်ခိုက်ရမည်ကို မသိတော့ပေ။ စွမ်းအင်နှင့် ဤလူ၏အသွင်အပြင်က မလိုက်မဖက်ဟုလည်း ခံစားရလေသည်။ သို့သော် ဤလူ၏စွမ်းအင်က သူ့ထက်သာလွန်နေသည်ကတော့ သေချာသည်ဟု ထင်မိလေသည်။

မုဂျင် အံကိုကြိတ်မိလိုက်ပြန်သည်။

ဆိုတော့ ငါက သူ့ထောင်ချောက်ထဲကို ငါ့ဟာငါဆင်းလာတဲ့သဘောပေါ့….

သူ့အား အစောကပင် ဤလူက ပမာမခန့်လုပ်နေသည့်အကြောင်းအရင်းကို ယခုမှသာ မုဂျင်နားလည်လေတော့သည်။ သူ့ထက်အားနည်းသူအား လေးစားမှုမရှိသည်က သိုင်းလောကတွင် ဆန်းကြယ်သောကိစ္စတော့ မဟုတ်ပေ။

“ဟူး…”

မုဂျင် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး ချွန်းမြောင်ကို ကြည့်လိုက်လေသည်။

“အဲ့တာက ဘာလုပ်နေတာလဲ”

“…”

မမျှော်လင့်ထားစွာပင် မုဂျင်က သူ့ကိုယ်သူပြန်လည်ထိန်းချုပ်ကာ စိတ်တည်ငြိမ်မှုကို ပြန်လည်တည်ဆောက်နေလေသည်။ သူအရှုံးပေး၍ မဖြစ်ပေ။

“အိုး…”

“ဝူတန်ကတော့ ဝူတန်ပါပဲ”

ချွန်းမြောင်က သူထံသို့လျှောက်လာသော မုဂျင်ကို ပြုံးကြည့်ကာ ပြောလိုက်လေသည်။

မုဂျင်၏ ဓါးချက်များက သူ့လှုပ်ရှားမှုများအတိုင်း ပေါ့ပါးစွာလိုက်နေပြီး သေသပ်နေလေသည်။

ထို့နောက်တွင်မူ ဓါးသံတစ်သံထွက်လာလေပြီး အပြာရောင်ချီစွမ်းအင်များက မုဂျင်၏ဓါးမှနောက်တဖန်ပြန်ထွက်လာပြန်လေသည်။

သန့်စင်ပန်းပွင့်ဓါးသိုင်းပင်။

မုဂျင်က ဂုဏ်ပုဒ်နှင့် ထိုက်တန်သည့်ဓါးသမားတစ်ယောက်ပင်….

“အား..”

မုဂျင်က ဓါးကိုဝှေ့ယမ်းလိုက်ပြီး အားယူကာအော်ဟစ်လိုက်လေသည်။

အဆုံးမဲ့သန့်စင်ခြင်း မြစ်…..

ပါးလွှားသောအပြာရောင်အလင်းတန်းများက စောနကနှင့်မတူစွာပင် ပေါ်ပေါက်လာပြီး ဝူတန်၏သိုင်းပညာများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသော ဝူတန်ဂိုဏ်းသားများပင် မုဂျင်၏သိုင်းပညာကြောင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေတော့သည်။

ဤဓါးသိုင်းသည် သာမန်ဓါးချီစွမ်းအင်များထက် ပို၍သာလွန်သည်ဖြစ်ပြီး များစွာ စိတ်အင်အား ကိုယ်အင်အားကို လိုအပ်လေသည်။ သို့သော်လည်း စွမ်းအားကြီးသလောက် နူးညံလေပြီး နူးညံမှုကလည်း အတိုင်းအဆ မရှိပေ။ ထို့ပြင် ထိုနူးညံသော အလင်းတန်းတစ်ခုစီကပင် သေစေလောက်အောင် စွမ်းအင်ကြီးမားလေသည်။

“အိုး…”

ထွက်လာသော အာမေဋိတ်နောက်တွင် ချွန်းမြောင်၏ အပြုံးမျက်နှာကြီးက ရှိနေပြီး သူ့ထံသို့လာနေသော ဓါးချီပေါင်းများစွာကို သဘောတကျကြီး ကြည့်နေလေသည်။

ဓါးချီများက အနားသို့ရောက်လာသောအခါတွင်မူ လေထဲသို့ ခြေတစ်ချက်ထောက်ကာ ခုန်လိုက်လေသည်။

လေးနက်သောပန်းရနံ့ကထွက်လာလေ၏။

ချွန်းမြောင်၏ ခြေလှမ်းတိုင်းက အနီရောင်အလင်းများထွက်နေလေပြီး အပြာရောင်ပင်လယ်ကြီးထဲတွင် အနီရောင်အလင်းကြီးက ကူးခတ်နေသည့်အလားပင်။ရေတံခွန်ကြီးနားတွင် လိပ်ပြာလေးများ ဝဲပျံနေကြသည့်အလား…

မျက်စိပသာဒပင် ဖြစ်လှလေသည်။

ဂျင်ဟဲယွန် မျက်လုံးများပင် ပြူးကျယ်လာလေတော့သည်။

သူ၏အဆင့်က အမှန်ပင် အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်လေသည်။

ဂျင်ဟဲယွန် မုဂျင်၏စွမ်းအင်ကို အမှန်ပင်လေးစားပါသည်။ ထို့အပြင် မုဂျင်၏စွမ်းအင်ကလည်း ထင်ထားသည်ထက်ပင် သန်မာကာ အားကောင်းလေသေးသည်။ သို့သော် ဤလူ၏အစွမ်းကမူ စိတ်ကူးကြည့်၍ပင် မရနိုင်သောအခြေအနေမျိုး ဖြစ်လေသည်။

ဒါကတော့ ဆရာ့ဆရာကြီးတွေရဲ့ သောက်ကျိုးနည်း တိုက်ပွဲ…..

တကိုယ်လုံးပင် မီးထတောက်လေမလားဟု ထင်မိလာလေသည်. ။စိတ်လှုပ်ရှားလွန်း၍ ကိုယ်ပူများပင် တက်လာလေသည်။ သူ၏စိတ်ထဲတွင် အရှုံးအနိုင်ဆိုသည်ထက် တိုက်ပွဲကို မည်မျှခမ်းနားမည်ဆိုသည်ကိုသာ သိချင်စိတ်စောနေလေတော့သည်။ ဂျင်ဟဲယွန်ကဲ့သို့ပင် တခြားသောဂိုဏ်းသားများကလည်း ပြိုင်ပွဲကို စိတ်ဝင်စားလွန်း၍ အားလုံးက လှုပ်လှုပ်ရှားရှားဖြစ်နေကြပြီ ဖြစ်လေသည်။

ဘမ်းဘမ်းဘမ်း…

ဓါးချီစွမ်းအင်များက မြေပြင်ပေါ်သို့ အနှံ့အပြားလွှင့်စင်ပြီး ကျကုန်ကြလေသည်။ အရာအားလုံးကို လွှင့်စင်သွားစေသလိုပင် ထင်လိုက်ရပြီး အရိုးများပင် ကျိုးကုန်ကြပြီဟု ထင်လိုက်ကြရလေသည်။

အင်အားကြီးသော သိုင်းကို ထုတ်သုံးသော မုဂျင်နှင့် ထိုသိုင်းကိုပင် အလွယ်လေးခုခံနေသော ချွန်းမြောင်တို့၏တိုက်ပွဲက အံဩဖွယ်ရာပင်။.

မုဂျင်ကလည်း တိုက်ပွဲအပေါ်တွင် များစွာအားစိုက်ထားလေသည်။ ဓါးချီစွမ်းအင်များက ချွန်းမြောင်၏နားသို့ ထပ်ကာထပ်ကာတိုးလာလေကြလေသည်။

ထန်း……

ချွန်းမြောင်က သူ၏ဓါးကို အသာအယာပင်မတင်လိုက်ပြီး သူထံသို့ ပြေးဝင်လာသော ချီစွမ်းအင်များကို ရိုက်ချလိုက်လေသည်။ ကြမ်းတမ်းမှုမပါဘဲ အသာအယာရိုက်ချမှုလေးပဲ…

ထိုသို့ရိုက်ချပြီးနောက်တွင် ချွန်းမြောင်က မုဂျင်ထံသို့ အမြန်ပင်ကပ်လာလေသည်။

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…..

ချွန်းမြောင်အနေနှင့် မုဂျင်ကို ချီးကျူးမိလေသည်။ မုဂျင် သုံးသွားသော ထိုသိုင်းပညာက သူရင်းနှီးကျွမ်းဝင်သည့် ဝူတန်၏သိုင်းပညာပင်။ ကြည့်ရသည်က ဝူတန်၏ဓါးသုံးဖော်က သူမျှော်မှန်းထားသည်ထက် ပို၍ ထူးချွန်ကြပုံပေါ်လေသည်။ သို့သော်…..

“ဒါပေမယ့် မလုံလောက်သေးဘူး”

ရွှမ်း…

ထိုအချိန်မှာပင် စူးရှသောအလင်းနှင့် ဓါးချီစွမ်းအင်လှိုင်းအသစ်တစ်ခုက ချွန်းမြောင်ဆီသို့ ယခင်ကအရှိန်ထက် များစွာပြင်းထန်သောအရှိန်နှင့် လာနေလေသည်။ ချွန်းမြောင်ကမူ ပြူးပြူးပြာပြာမဖြစ်ပေ။အပြုံးလေးတစ်ပွင့်ကသာ ရှိနေလေသည်။

ချွန်းမြောင် သူ၏ဓါးကို ငြင်သာစွာပင် သိုင်းကွက်ဖော်လိုက်ပြီး တည်ဆောက်လက်စ ချီစွမ်းအင်လှိုင်းများကို ဖြတ်ချလိုက်လေသည်။

ချွမ်း…

ချွန်းမြောင်၏ ဓါးတွင်လည်း ချီစွမ်းအင်များက ပေါ်လာလေပြီး ဝဲယာတို့တွင်ရှိနေသော ချီစွမ်းအင်တို့ကို ချိုးဖျက်ကာ သူလှုပ်ရှားမှုများအတိုင်း စွမ်းအင်လှိုင်းများက ပေါ်လာလေသည်။

ဘမ်း….

ရွေ့လျားနေသော အပြာရောင်စွမ်းအင်လှိုင်းများက မြေပြင်ပေါ်သို့ တမှဟုတ်ချင်းပင် ပြုတ်ကျသွားလေပြီး ချွန်းမြောင်ကမူ တအိအိပြိုကျသွားသော ချီစွမ်းအင်များအကြားတွင် မားမားကြီးရပ်ကာ ကျန်နေခဲ့လေသည်။

မုဂျင်ကမူ ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သွားလေတော့သည်။

“အား…”

ထို ကြမ်းတမ်းသော ချီစွမ်းအင်များကို ဖျက်စီးသည်ဆိုသည်က မလွယ်သောကိစ္စပင်။ ချွန်းမြောင်၏အဆင့်က သာမန်ဓါးသမားများရှိသော အဆင့်ထက်သာလွန်နေပြီဖြစ်လေသည်။ ယခုတွင်မူ သူသည် အားအင်အကုန်ခံကာ ချီစွမ်းအင်ကို သုံးလိုက်သော်လည်း ချွန်းမြောင်ကမူ အားလုံးကို အသာအယာပင် ကျော်လွှားသွားခဲ့လေသည်။

ထိုအချင်းအရာကြောင့်ပင် ချွန်းမြောင်နှင့်သူ့ကြားက အဆင့်ကွာခြားမှုကြီးကို မြင်လိုက်ရပြီ ဖြစ်လေသည်။

ချွန်းမြောင်က မုဂျင်ဆီသို့ လျင်မြန်စွာပင် လာခဲ့လေသည်။

“ဟား..”

မုဂျင်က ဇွဲကြီးစွာပင် အရှုံးမပေးဘဲ ဓါးကိုချွန်းမြောင်ထံသို့ ချိန်ရွယ်လိုက်လေသည်။ ရှည်လျားကာ အားပြင်းပြီး ပြိုင်ဆိုင်လိုစိတ်ကြီးမားသော ချီစွမ်းအင်များက ချွန်းမြောင်ထံသို့ ပြေးဝင်လာကြလေသည်။

ကျက်သရေ လက်ဝါး…

ဝူတန်ကို ကိုယ်စားပြုနိုင်သော သိုင်းတစ်မျိုးပင်။

စွမ်းအင်များက စမ်းချောင်းတစ်ခုမှ ရေများကဲ့သို့ပင် ချောမွေ့စွာစီးဆင်းလေပြီး အတွင်းမှာပင် အားအင်တည်သော စွမ်းအင်မျိုး ဖြစ်လေသည်။ ဆင်းသက်ဆဲပင်ရှိနေသေးသော ချွန်းမြောင်က နောက်ခြေကိုအားပြုကာ သူ၏နောက်တွင်ရှိသော လေထုကို ကန်လိုက်လေသည်။ ကျက်သရေလက်ဝါးက ချွန်းမြောင်၏ဘေးမှ ဖြတ်သွားကာ ကောင်းကင်သို့ တက်သွားလေသည်။

ချွန်းမြောင်က လေထဲတွင်ပင် ရှိနေလေပြီး လေထဲမှပင် သူ့ဆီသို့ တဖန်ပြန်ရောက်လာသော လက်ဝါးကြီးကြောင့် မျက်မှောင်ကြုတ်သွားလေသည်။

ဘာတုန်း..လှည့်ပတ်လက်ဝါးပါ ပါလာတာလား…

“ကောင်းသားပဲ”

မုဂျင်က သတိထားမိသွားပြီး ချွန်းမြောင် ရွေ့လျားနိုင်မည့်နေရာများကို ခန့်မှန်းလိုက်ပြီး ထိုအခွင့်အရေးကို အရယူရန် ကြိုးစားလိုက်လေသည်။

ချွန်းမြောင်က ခြေကိုဆန့်ကာ နောက်သို့ တစ်ချက်ဆုတ်လိုက်ပြီး ချဉ်းကပ်လာသော အန္တာရယ်ကိုကန်လိုက်လေသည်။

ခွမ်း…

ကျယ်လောင်သော ပြိုကွဲသံကြီးက ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ ချွန်းမြောင်က နောက်ပြန်ကန်ချက်ကို သုံးကာ လှည့်ပတ်လက်ဝါးကြီးကို ကန်လိုက်လေပြီး မုဂျင်ထံသို့ ဖော်ပြမရနိုင်သော အရှိန်နှင့် ပြေးဝင်သွားလေသည်။

“အား”

မုဂျင်က ကြောက်လန့်တကြားပင် ဓါးနှင့် ကာကွယ်လိုက်လေပြီး ဓါးကို မတင်ကာ သိုင်းကွက်ကို စတင်လိုက်လေသည်။ ဓါးကို စက်ဝန်းသဏ္ဍာန် ဝိုင်းလိုက်ပြီး ဓါး၏ဘေးပတ်လည်တွင် အဖြူနှင့်အနက်ရောင် ချီစွမ်းအင်များက ဖုံးလွှမ်းနေလေသည်။

“ပညာရှိ ဓါးသိုင်း…”.

ဂျင်ဟဲယွန် ထိုဓါးသိုင်းကို ကြည့်ကာ အော်ဟစ်လုနီးပါးပင်။

ထိုက်ကျိ ပညာရှိဓါးသိုင်းပင်…

ဤဓါးသိုင်းက ဝူတန်မှအကြီးတန်းဓါးသမားများ၏ အမှတ်သင်္ကေတပင်။ ယှဉ်ပြိုင်ရန် မဖြစ်နိုင်သောဓါးသိုင်းတစ်မျိုးဟုလည်း ပြော၍ရပေသည်။

နည်းပြက ဒီဓါးသိုင်းကိုတောင် သင်ယူပြီးနေပြီလား….

ဂျင်ဟဲယွန် အားကျစိတ်တို့ကြောင့် လက်သီးပင်ဆုပ်မိသွားလေသည်။

ဤဓါးသိုင်းသုံးထားသည်ကို တဖက်လူက ပြန်လည်တိုက်ခိုက်နိုင်လေဦးမလားဟူသော သံသယတို့ကလည်း ရှိနေလေသည်။

သူ ဘယိလောက်ပဲတော်တော် ဒီဓါးသိုင်းကနေ‌တော့..

"မဖြစ်ရဘူး...မင်းမျိုးမစစ်ကောင်"

ချွန်းမြောင်၏ဓါးက ဆည်းဆာရောင်အလင်းတစ်ခုထွက်လာလေပြီး မြေပြင်ပေါ်တွင် အခြေတည်စပြုနေသော ပညာရှိဓါးသိုင်းကို ချိုးဖြတ်လိုက်လေသည်။

ခွမ်း....

ထိုက်ချိဓါးသိုင်းက ပျက်သုန်းသွားပြီ ဖြစ်လေသည်။

"အဟွတ်..."

မုဂျင်တကိုယ်လုံး တုန်လှုပ်နေပြီး ချောင်းဆိုးကာသွေးများက ပွက်ပွက်အန်လာတော့သည်။

ဘုန်း...

မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေပြီး အောက်သို့ရောက်သည်နှင် နှုတ်ခမ်းတွင်ပေနေသော သွေးများကို သုတ်ကာ ခံတွင်းထဲတွင် ကျန်နေသေးသောသွေးများကို ထွေးထုတ်လိုက်လေသည်။ အတွင်းဒဏ်ရာကြီးကြီးမားမားရသွားသည့်ပုံပင်။

မုဂျင်အံဩတုန်လှုပ်စွာပင် ချွန်းမြောင်အား ကြည့်နေလေသည်။

"ဘယ်လို..."

မုဂျင် အနိုင်ရချင်ခဲ့သည်။သို့သော်လည်း သူ၏ပြိုင်ဘက်က သန်မာကာ စွမ်းအားကြီးလွန်နေသည်ကိုမူ အချိန်ကြာမှသာ သိခဲ့ရလေသည် ။ ဤသို့ဖြင့် ဝူတန်၏ဂုဏ်သိက္ခာကလည်း ရေစုန်မျှောပေတော့မည်။ထို့ကြောင့်ပင် အနိုင်ရခြင်လွန်း၍ ပညာရှိ သိုင်း ကို ထုတ်ကာသုံးခဲ့ခြင်း ဖြစ်လေသည်။

ထိုက်ချိပညာရှိဓါးသိုင်းသည် အလွန်ပင်စွမ်းအားကြီးသော သိုင်းပညာဖြစ်သော်လည်း တဖက်ကမူ အလွယ်တကူပင် ရင်ဆိုင်ခဲ့လေသည်။

တချက်တည်းသာ...အမှန်ပင် တချက်တည်းနှင့် ဖျက်စီးပစ်လိုက်ခြင်းပင်။ဤသို့သောအရာကို မည်သိုပင် ပြုလုပ်နိုင်ရသနည်း။မုဂျင် နားမလည်နိုင်ပေ။

ချွန်းမြောင်က မြေပြင်ပေါ်သို့ မှုန်ကုတ်ကုတ်မျက်နှာနှင့်သာ ဆင်းသက်လာလေသည်။ မျက်နှာပေါ်တွင် မျက်နှာဖုံးကို ဝတ်ဆင်ထားသော်လည်း မျက်မှောင်ကြုတ်နေသည်ကတော့ သိသာလေသည်။

"မင်း ဘာလုပ်လိုက်တာလဲ"

"ဟမ်"

“ဟား...ဒီခေတ်ကလေးတွေကတော့..

သေသေချာချာ မလေ့ကျင့်ကြဘဲ သိုင်းပညာတွေကိုပဲ

လောဘတကြီး သင်နေကြတယ်"

“…”

"မင်း ဝူတန်ရဲ့ မျိုးမစစ်တစ်ယောက်ဖြစ်နေတာကိုတောင် က်ုယ့်အခြေအနေကိုယ် မသိဘူးမို့လား...သိုင်းပညာများများတတ်လေ ပိုထူးချွန်လေ ထင်နေတာလား....အဲ့လိုဆိုလည်း ဘာလို့ အခြေခံတွေ သင်နေကြသေးလဲ...အစကတည်းက အသန်မာဆုံးလို့ထင်တဲ့ သိုင်းပညာကို ရွေးသင်ပေါ့"

"အာ..."

"မင်းကတော့ ယုံကြည်မှုတွေ ရှိနေပေမယ့် တကယ်တိုက်ပွဲမှာဆို မင်းသေနေလောက်ပြီ...ဘယ်လိုလုပ်ပြီးတော့များ ရူးရူးနှမ်းနှမ်းနဲ့ ကိုယ်မကျွမ်းကျင်တဲ့ သိုင်းပညာကို ထုတ်သုံးရဲတာလဲ..."

ချွန်းမြောင် စုပ်သပ်ကာ ခေါင်းခါလိုက်လေသည်။

ပြဿနာကတော့ အဲ့တာပဲ...

ဟွာဆန်းတွင်လည်း ဇီးပန်းပွင့် ဓါးသိုင်းကို မသင်သေးဘဲ သူတော်စင်ခုနှစ်ပါး ဓါးသိုင်းကိုသာ သင်ကြားနေရသည့်အကြောင်းအရင်းက ဤအရာပင်။အောက်ခြေမခိုင်ပါဘဲ အမြင့်တက်ပါက ဒုက္ခရောက်သည်အပြင် အကျိုးမရှိပေ။ သူတော်စင်ခုနှစ်ပါး ဓါးသိုင်းကိုမပိုင်နိုင်ဘဲ ထပ်တက်ပါက အချိန်ကုန်ရုံသာရှိပြီး တိုက်ပွဲများတွင် အကျိုးမရှိသည့်အပြင် ရန်သူကပါ အနိုင်ယူသွားမည်ဖြစ်၍ မသင်ကြားသေးခြင်းပင်။

ထိုဓါးသိုင်းကြောင့်ပင် အရှုံးနှင့်ရင်ဆိုင်ရနိုင်လေသည်။

ယခု မုဂျင်ကဲ့သို့ပင်...

"အခေါင်းပွတဲ့ကျောက်တုံးကြီးဟာ ကျစ်လစ်တဲ့ကျောက်တုံးလေးကြောင့် ကြေမွသွားနိုင်တယ်...အလှပြရုံသက်သက် သင်ထားတဲ့ဓါးသိုင်းကို သန်မာတဲ့အခြေခံအကွက်လေးတွေနဲ့တင် အနိုင်ယူနိုင်တယ်"

ချွန်းမြောင်၏စကားကြောင့် မုဂျင်မျက်လုံးများပင် ပြာဝေလာသကဲ့သို့ပင်။သူ၏အမှားကို သူနားလည်သွားခဲ့ပြီ ဖြစ်လေသည်။

ငါ အခုချိန်ထိ ဘာတွေများ လုပ်နေခဲ့တာလဲ....

ထိုက်ချိပညာရှိသိုင်း...

ထိုသိုင်းက ပြိုင်ဘက်ကင်းဖြစ်ကာ သတင်းကြီးသည်မို့ သူသင်ယူခဲ့လေပြီး ကောင်းစွာတတ်မြောက်ခဲ့ပြီဟုလည်း ယူဆထားလေသည်။ အရာအားလုံးအားအောင်နိုင်ပြီဟု အထင်ရောက်ခဲ့ပြီး စိတ်ကြီးဝင်ခဲ့လေ၏။ လက်တွေ့တွင်မူ သူသည် အခြေခံသိုင်းပညာလေးကိုပင် မကျေညက်ခဲ့ပေ။ သူ လုံလုံလောက်လောက် မသန်မာခဲ့ပဲ လောဘကြီးကာ သိုင်းပညာများကို ထပ်တိုးသင်ယူခဲ့သည်က သူ၏အမှားပင်။ မုဂျင် တုတ်လှုပ်စွာနှင့်ပင် ပြောလိုက်လေသည်။

"ကျွန်တော့်ကို သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

မုဂျင် ရှုံးခဲ့သော်လည်း တန်ဖိုးကြီးသင်ခန်းစာတစ်ခု ရလိုက်လေပြီမို့ နောင်တမရပေ။ အရှက်ကွဲရသော်လည်း ထိုက်တန်သည်ဟု ခံစားမိလေသည်။

မုဂျင်က သူ၏အမှားကို ပြန်လည်သုံးသပ်နိုင်သွားသူသဖွယ် ချွန်းမြောင်အား ပြုံးပြနေသည်မို့ ချွန်းမြောင်ကလည်း ပြန်လည်ကာပြုံးပြလာလေပြီး ပြောလိုက်လေသည်။

"ဟေ့"

"ဟုတ်ကဲ့..."

"ဘာလို့ တိုက်ပွဲက ပြီးပြီ အကုန်လုံးပြေလည်သွားသလိုမျိုး လုပ်နေရတာလဲ"

“…”

"ဒီနားလာခဲ့...ထပ်ပြီးတော့ ရိုက်ဦးမှာ"

“…”

မုဂျင် သူ့အား မျက်ခုံးပင့်ပြကာ အတည်ကြီးခေါ်နေသည့် ချွန်းမြောင်အား ကြောင်တောင်တောင်ပင် ကြည့်လိုက်လေသည်။

ဘာ...

ဘာကြီး....သူ့ဒေါသက မပြီးသေးဘူးလား....

မည်သို့ပင်ဆိုစေကာမူ ချွန်းမြောင်က သူ၏ဓါးကိုဆွဲကာ မုဂျင်နားသို့ ကပ်လာပြီ ဖြစ်လေသည်။ မုဂျင်၏ ခေါင်းမီးတောက်နေသော ပြဿနာကိုလည်း ကူညီပေးရန် ဆန္ဒမရှိသည့်ပုံပင်။ ဒေါသအရိပ်အယောင် တိမ်းသည့် ခံစားချက်များကသာ သူ၏မျက်နှာပေါ်တွင် ပေါ်နေလေတော့သည်။

အပိုင်း (၁၃၅)

အခုကစပြီး ကျွန်တော့်အလုပ်စပြီပေါ့(၅)

မုဂျင်က သူ့ထံသို့ တရွေ့ရွေ့တိုးလာသော ချွန်းမြောင်ကို မအီမသာမျက်နှာပေးနှင့် ကြည့်လိုက်လေသည်။

"ဆက်ပြီးတော့ တိုက်ခိုက်မလို့လား...မင်းက"

"အဲ့လို မဟုတ်ပါဘူး..ငါက မင်းနဲ့ဆက်ပြီး မတိုက်ခိုက်ချင်ပါဘူး...မင်းကို ဆက်ပြီးတော့ပဲ ရိုက်ချင်တာပါ.."

ငါ့ကိုရိုက်ချင်တယ်....

ငါ့ကိုလေ…

မုဂျင် မည်သို့တွေးရမည်မသိဖြစ်နေလေပြီ။

မုဂျင်သည် လက်ရှိအခြေအနေအား နားမလည်စွာဖြင့်ပင် ချွန်းမြောင်အား လှမ်းမေးလိုက်လေသည်။

" ငါနဲ့ဘာမှတော့ မကျေပွဲထပ်နွှဲစရာ မရှိဘူးလားလို့ပါ...ဟုတ်တယ်မို့လား"

"ဟင်"

ချွန်းမြောင်က ရပ်လိုက်လေပြီး ခေါင်းကိုငြိမ့်ကာ ပြောလာလေသည်။

"မရှိပါဘူးလား"

"..."

"ဘာမှ မကျေနပ်စရာမရှိဘူးပဲလေ"

ချွန်းမြောင်က ထိုစကားကို ချက်ချင်းပင် တုံပြန်လေသည်။

"မင်း ရူးနေတာလား"

"ငါတို့ရဲ့ လက်အောက်ခံဂိုဏ်းကို မင်းတို့ရဲ့လက်အောက်ခံဂိုဏ်းဖြစ်လာဖို့ အတင်းတိုက်တွန်းတယ်လေ...ပြီးတော့ သနားစရာ အပြစ်မရှိတဲ့ခေါင်းဆောင်ကိုလည်း မင်းတို့ အနိုင်ယူတယ်...ဒါက မကျေနပ်စရာမဟုတ်လို့ ဘာလဲ"

ဟမ်...

ချွန်းမြောင်ပြောသည်က မမှန်သည်တော့ မဟုတ်ပေ။

"ပြီးတော့ ခေါင်းဆောင်ကို အနိုင်ကျင့်ရရုံနဲ့ အားမရသေးဘူး...ဂိုဏ်းကို ပိတ်ခိုင်းပြီး ထွက်သွားခိုင်းလိုက်သေးတယ်...မင်းတို့က မကျေနပ်စရာမကောင်းလို့ ငါတို့ကကျေနပ်နေရမှာလား…"

ချွန်းမြောင်က ရဲရဲနီနေသော မျက်လုံးတို့နှင့် ဆက်ကာပြောလာလေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ကောင်တွေက ဒီလိုပဲ...မင်းတို့တွေ တဖက်သားကို ဘာလုပ်လိုက်တယ်ဆိုတာ ဘယ်တော့မှ မတွေးဘူး...မင်းတို့ လုပ်ချင်ရာလုပ်ကြပြီး တဖက်လူတွေကိုပဲ အပြစ်တင်ကြတယ်.... မင်းကပဲ အရင်စပြီးတိုက်ခိုက်ကြဖို့ ဇာတ်လမ်းစခဲ့ကြတာ မဟုတ်ဘူးလား"

ဤမျှနှင့် ချွန်းမြောင်က မပြီးသေးပေ။ ဆက်ကာပြောရင်း မျက်နှာအုပ်ထားသည့် အဝတ်စကိုပင် ဖြုတ်မိတော့လုမသတ် ဖြစ်သွားလေသည်။

ချွန်းမြောင်က ဒုတိယတန်းကလေးများဘက်သို့ လက်ညှိုးထိုးကာ ဆက်ကာပြောလေသည်။ ဒုတိယတန်းကလေးများကမူ မိခင်၏ဆူငေါက်ခြင်းကို ခံရသည့်ကလေးများသဖွယ်ပင်။ ခေါင်းပင် မဖော်ကြပေ။

“သူတို့တွေဆိုရင် မင်းတို့တွေ အမိန့်ပေးတဲ့အတိုင်း လုပ်ခဲ့ကြရတာ…ဖွီး..အခုကျ ဒါကြီးက သူတို့အမှားပေါ့..ဟုတ်လား”

“ဒါပေမယ့် မင်းကတော့ သူတို့နဲ့ မတူဘူး..ပထမတန်းတပည့်တစ်ယောက်အနေနဲ့ မင်းတို့ဂိုဏ်းက လုပ်ခဲ့တာအတွက် တာဝန်ယူသင့်တယ်”

ချွန်းမြောင်က မုဂျင်အား ထူးဆန်းသောအကြည့်နှင့်ကြည့်ကာ ဆက်ပြောလေသည်။

“ငါက လူကောင်းလေးမို့လို့ မင်းတို့ကို လွယ်လွယ်နဲ့လွှတ်ပေးလိုက်မယ်လို့တော့ မထင်လိုက်ကြနဲ့”

“…”

မင်းပြောတော့ မင်းက ဟွာဆန်းက မဟုတ်ဘဲ ဒီတိုင်းဓါးပြကောင်ပါဆို…

ဘယ့်နှယ်စကားက ရှေ့နောက်မညီနိုင်ဖြစ်နေရတာတုန်း…

“သူတို့တွေက ရူးလောက်အောင်သစ္စာရှိတဲ့သူတွေ ..ငါတို့ကို နှစ်သုံးဆယ်လောက် ပိုက်ဆံထောက်ပံ့လာတဲ့သူတွေကွ…ဒီလိုလူကောင်းတစ်ယောက်ကို မင်းတို့က အနိုင်ကျင့်ပြီး သူ့နေရာကို လုဖို့ကြိုးစားရဲတယ်ပေါ့…ဟုတ်လား..အဲ့တာနဲ့တောင်များ မင်းကို မကျေနပ်စရာမရှိဘူးဟုတ်လား”

ချွန်းမြောင်၏ မျက်လုံးများက တောက်ပနေလေသည်။ ရန်လိုနေမှုကြောင့်လည်း ဖြစ်မည်ထင်၏။

ဂိုဏ်းသားတစ်ယောက်ကို အနိုင်ကျင့်ခြင်းသည် ဂိုဏ်းတစ်ခုလုံးကို အနိုင်ကျင့်ခြင်းပင် ဖြစ်လေပြီး လက်အောက်ခံဂိုဏ်းကို အနိုင်ကျင့်ခြင်းသည် ပင်မဂိုဏ်းကြီးကို အနိုင်ကျင့်ခြင်းနှင့်အတူတူပေ။ ဟုတ်ပေသည်။ ချွန်းမြောင်လုံးလုံး ခွင့်လွတ်မည်မဟုတ်ပေ။

ယခုချွန်းမြောင် မကျေမနပ်ဖြစ်နေသည်က ဟွာယုန်းအတွက်ဖြစ်လေပြီး ဟွာဆန်းအတွက်မဟုတ်ပေ။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ သူကတော့ ခွင့်လွှတ်မည် မဟုတ်ပေ။

“ဒီနားကို အခုလာလိုက်စမ်း…ချီးကောင်တွေ… မင်းတို့ကစပြီးရိုက်ခဲ့တဲ့ကောင်တွေဆိုတော့ အဆုံးမှာလည်း မင်းတို့ပဲ အရိုက်ခံရမှာပေါ့…မင်းကို ဒီလွတ်လိုက်ကတည်းက မင်းတို့ဂိုဏ်းက ဒီကိစ္စကို ဘယ်လောက်အာရုံစိုက်ထားသလဲဆိုတာ အသိသာကြီးပဲ…မင်းတို့ကို ဟွာဆန်းနဲ့သက်ဆိုင်တာတွေကို ထိလို့မရဘူးဆိုတာ သေချာလေးပြပေးမယ်”

မုဂျင် အမြင်အရမူ ဤသည်က သက်သက်ရူးနှမ်းနေခြင်းပင်။ နန်ယောင်ကိစ္စသည် သူ၏ဦးဆောင်မှုပါဝင်သည်မှန်သော်လည်း အမိန့်ပေးကာ အဓိကညွှန်ကြားသူများကမူ အကြီးအကဲများသာ ဖြစ်လေသည်။ အကြီးအကဲများ ဆုံးဖြတ်သည့်ကိစ္စအား သူက အလုံးစုံတာဝန်ယူရမည်ဆိုသည်က မဖြစ်သင့်သောကိစ္စပင်။

“ဘာ…မင်းလုပ်နေတာကြီးက မတရားဘူးလို့ မင်းမခံစားရဘူးလား”

“….”

“သေလိုက်လေ..မင်းတို့ကောင်တွေ ဝူတန်ဂိုဏ်းမှာ တသက်လုံး အေးအေးဆေးဆေးနေ အကောင်းတကာ့အကောင်းတွေကို ခံစားပြီးတော့မှ မင်းက ဒီကိစ္စက မင်းနဲ့မဆိုင်ဘူးဆိုပြီး ခေါင်းရှောင်ချင်နေတာပေါ့”

“မင်း ခေါင်းကိုသေချာသုံးပြီး စဉ်းစားစမ်းပါ…သိုင်းပညာဂိုဏ်းတွေဆိုတာက မင်းတွေးထားသလောက် မရိုးရှင်းဘူး…ကလေးတစ်ယောက်က အမှားလုပ်ရင် လူကြီးတစ်ယောက်က အပြစ်ပေးတယ်…

အငယ်လေးက ပြဿနာရှာရင် အကြီးတွေကို သူတို့ရဲ့ချီးထုပ်တွေကို ရှင်းပေးရတယ်”

ချွန်းမြောင်ရှာသည့်ပြဿနာများကို ဂိုဏ်းချုပ်က လိုက်ရှင်းရသကဲ့သို့ပင်။

အဟမ်း…ငါလည်း ငါ့ကိုယ်ငါ ပြောသလိုများ ဖြစ်နေမလား မသိဘူး…

“မင်းတို့အခု ပြဿနာတစ်ခု ရှာထားပြီးပြီ…ဆိုတော့ မင်းတို့ အပြစ်ပေးခံရတော့မယ်…

မင်းကို အခုပဲ ငါပညာပေးမယ်…ဆိုတော့ လာပြီးအရိုက်ခံလိုက်”

“ဟင့်အင်းပဲ…မလာဘူး”

ချွန်းမြောင်က ဇွတ်ပင်ရှေ့တိုးလာသည်ကို တွေ့လိုက်သည့်အခါတွင်မူ မုဂျင်က ဓါးကိုဆွဲထုတ်လိုက်လေသောကြောင့် ချွန်းမြောင်က ပြောလိုက်လေသည်။

“မင်း အခုထိနားမလည်သေးဘူးလား… မင်း အေးအေးဆေးဆေး အရိုက်မခံဘူးဆိုရင် မင်းကိုယ့်ခြေထောက်ပေါ်တောင် ကိုယ်မရပ်နိုင်ဘူး ဖြစ်သွားမှာနော်… ငါက ကိုယ့်စကားကိုယ်တည်တဲ့ အဲ့လိုလူမျိူး”

မုဂျင်က ချွန်းမြောင်၏စကားကြောင့် နှုတ်ခမ်းကိုက်လိုက်လေသည်။

မုဂျင်က ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချပြီးသွားလေပြီမို့ ထပ်ကာ မညှိနိုင်းတော့ပေ။ ဂျင်ဟဲယွန်ဆီသို့သာ တချက်ကြည့်လိုက်လေသည်။ အကြည့်ချင်းစုံသွားပြီးသည့်နောက်တွင်မူ နားလည်သွားကြလေသည်။

အနီးအနားတွင် ဝူတန်ဂိုဏ်းမှလူများမှ လွဲ၍ မည်သူမှမရှိကြပေ။ အားလုံးဝိုင်းသာ တိုက်ခိုက်လျှင် ဤလူအား နိုင်လေမည်လားဟူသော မျှော်လင့်ချက်လေးက လူတိုင်းရင်ထဲတွင် ကိန်းအောင်းလာလေကြလေသည်။

ထိုအချိန်မှာပင် ချွန်းမြောင်က မုဂျင်ထံသို့ပြေးဝင်သွားလေသည်။

“ဘယ်လိုနေလဲ…အခု”

ချွန်းမြောင်၏လက်ထဲတွင်ကိုင်ထားသောဓါးက အရှိန်ပြင်းပြင်းနှင့်ပင် ရိုက်ချလိုက်လေသည်။

မုဂျင်၏ဓါးကမူ လှုပ်ချိန်ပင် မရလိုက်ချေ။ ချွန်းမြောင်၏ဓါးနှင့်ရိုက်မိပြီး သူ၏မျက်နှာကို သူ၏ဓါးနှင့်ပင် ပြန်ရိုက်မိသွားလေသည်။

“အချိန်တွေကတော့ ကြာတယ်ထင်ရတော့မှာပဲ”

ချွန်းမြောင်က အလှမ်းကြီးကြီးလှမ်းကာ ထပ်ခုန်လိုက်လေသည်။

“တိုးတက်မှုကလည်းမရှိ”

ဘမ်း…

“မင်း မျိုးမစစ်ကောင်”

ဘမ်း…

မုဂျင်၏နှာခေါင်းမှ သွေးများက စီးကျလာလေသည်။ ရိုက်လိုက်မှန်းမသိသော်လည်း နာကြင်မှုနှင့်အတူ သွေးများထွက်လာခြင်းပင်။ တချိန်တည်းမှာပင် လက်ကောက်ဝတ်ကလည်း နောက်သို့လိမ်ခံထားရလေသည်။

အားအား…ငါ့လက်ကောက်ဝတ်…

သူ၏ လက်ကောက်ဝတ်ကျိုးတော့မည်ဟုပင် မုဂျင်ထင်လာလေသည်။

ရုန်းသော်လည်း မရပေ…

“မင်း ရပ်ပေးပါ…ရပ်ပေးပါ…ကျေးဇူးပြု၍”

ဘမ်း…

မုဂျင်လှုပ်ပင် မလှုပ်နိုင်သည်ကို ချွန်းမြောင်က ထပ်ကာရိုက်လိုက်လေသည်။

“မင်းတို့ ဝူတန်မျိုးမစစ်ကောင်တွေ… မင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ဦးနှောက်ဆိုတာ မရှိဘူးပဲ”

ဘမ်း…

“မင်းက အရိုက်ခံရမှာကို တားရဲတယ်…ဟုတ်လား…”

ဘမ်း….

မုဂျင်၏ ခြေထောက်များကလည်း မြေပေါ်တွင် ကပ်ကာနေလေပြီး ပေခုံပေါ်တွင် တင်ထားသော သံတစ်ချောင်းကဲ့သို့ပင် ။အရိုက်အထုကြီးသာ ခံနေရလေသည်။ မုဂျင်က ချွန်းမြောင်နှင့် မြေကြီးကြားတွင် ညှပ်နေရှာလေသည်။

“မင်းတို့တွေ မတရားသဖြင့် လုပ်ထားပြီးမှ အခုမှ ရွှေပြည်အေးတရားတွေ လာပြောနေတာပေါ့…ဟုတ်လား”

ဘမ်း….

ကျွတ်…

မုဂျင်၏ လက်ကောက်ဝတ်မှ အရိုးကျိုးသံက ထွက်လာလေ၏။

မုဂျင်ကမူ ကျောပြင်ရော လက်ပါမကျန် တကိုယ်လုံးမှ နာကြင်မှုကို ခံစားနေရပြီး ချွန်းမြောင်ထံမှ လွတ်မြောက်ရန်ပင် မကြိုးပမ်းနိုင်တော့ပေ။ ထိုစဉ်မှာပင် ဒေါသတကြီးရေရွတ်သံကြီးက ထပ်ထွက်လာလေပြီး သူ့အားခြောက်ခြားသွားစေတော့သည်။

‘ခေါင်း..အဲ့ဒီခေါင်း..မင်းကို ခေါင်းသတိထားပါလို့ ငါပြောထားတယ်မို့လား”

ဘမ်း..ဘမ်း…ဘမ်းး…ဘမ်း…

မုဂျင်က ရိုက်ချက်အချို့ကို ရှောင်လိုက်သေးသော်လည်း ယခုတွင်မူ မရှောင်နိုင်တော့ပေ။ ကျရောက်လာသမျှသော ဓါးချက်တို့ကို ခါးစည်းခံရန်သာ တတ်နိုင်လေတော့သည်။ ခေါင်းပေါ်သို့ကျရောက်လာသော ရိုက်ချက်တိုင်းက တူတစ်လက်နှင့် ခေါင်းအားထုနေသကဲ့သို့ပင် ခံစားရလေပြီး ခေါင်းပင်ကွဲအက်ကာ မြေကြီးထဲဝင်တော့မလားဟု ထင်မိလာလေတော့သည်။

သို့သော်လည်း ခေါင်းကမကွဲသေးသည်မို့ အဓိကပြဿနာက ခေါင်းမဟုတ်ပေ.။ကျိုးသွားသော လက်ကောက်ဝတ်ဖြစ်လေသည်။ မုဂျင် အရှက်တို့လည်း ကွဲလေပြီမို့ ဤနေရာတွင်သာ အသက်ထွက်သွားလိုက်ချင်တော့သည်။

ဘယ်လိုတောင် ရိုက်နှက်နေရတာလဲ…

မုဂျင် အသက်ထွက်ချင်သော်လည်း သေ၍မဖြစ်သေးဟူသော စိတ်ကလည်း ရှိနေလေသည်။

ဒီကောင်ကို တချက်လောက်ပဲ…

တချက်လောက်ပဲ ရိုက်လိုက်ရရင်ကို ကျေနပ်ပါပြီ….

မုဂျင် အားတင်းကာ အကြံထုတ်လိုက်လေသည်။ အနိုင်မတိုက်နိုင်လျှင် တချက်တော့ ထိုးနိုင်ရမည်ဖြစ်သည်။

“ခေါင်း..”

ချွန်းမြောင်၏ ဓါးအကျကို စောင့်ကာ အောက်သို့လျောကာ ထရန်ကြံစည်လိုက်လေသည်။ ထို့သို့ ပြုလုပ်ရန်အတွက် ကိုယ်ခန္ဓာအပေါ်ပိုင်းအခြေအနေကို စစ်ဆေးကြည့်သောအခါတွင်မူ အခြေအနေက ထနိုင်ဦးမည်တော့ ထင်ရလေသည်။

ချွန်းမြောင်က ဓါးကိုမြောက်လိုက်သည်နှင့် မုဂျင်က အပြေးအလွှာပင် ထလိုက်လေသည်။ ထို့နောက်တွင်မူ ကျရောက်လာမည့် ချွန်းမြောင်၏ ဓါးချက်ကို ရှောင်တိမ်းရန် စောင့်လိုက်လေသည်။ ဓါးက ကျမလာပေ။ မသင်္ကာသည်မို့ မော့ကြည့်လိုက်လေ‌တော့ သူ့အားပြုံးကာစောင့်နေသည့် ချွန်းမြောင်ကို တွေ့လိုက်လေသည်။ ချွန်းမြောင်က လက်သီးကိုအသင့်ပြင်ထားပြီး ထိုးရန်အဆင်သင့်ပေ။

ဒီသောက်ခွေးသားကတော့….

မုဂျင်က ချွန်းမြောင်၏အကြံကိုသိသွားသည်မို့ ပြန်ကာမြေပေါ်သို့ ဝပ်ရန်ကြိုးစားလိုက်သော်လည်း မမှီတော့ပေ။

ဘမ်း…

“မင်းမေးကွ…မျိုးမစစ်ရ…ဟားဟား”

ပါးစောင်ပေါ်သို့ ကျရောက်လာသောလက်သီးချက်နှင့်မူ မုဂျင်၏ခန္ဓာကိုယ်က လေထဲသို့လွှင့်စင်သွားလေပြီး အရာအားလုံးက အမှောင်ကျလုနီးပါးဖြစ်သွားလေသည်။ သို့သော် စိတ်ကတင်းထား၍ သတိမလစ်သေးပေ။

ချွန်းမြောင်ကမူ စုပ်တသပ်သပ်ပင်။

“အင်း…ဂိုဏ်းကြီးက လူတွေကတော့ ဒီလိုပါပဲ…ကျွတ်..ကျွတ်..ကျွတ်…”

“ဖြစ်သမျှကို အတွေ့အကြုံအကောင်းတွေ ရတယ်လို့ပဲ သဘောထားပါ”

ချွန်းမြောင်က ပြောလည်းပြောကာ မုဂျင်ကိုလည်း ခနဲ့ရင်း အနားသို့ကပ်လာကာ မုဂျင်အား ကန်ထုတ်လိုက်လေသည်။ ကန်ထုတ်ပြီးကာမှ အနားသို့ကပ်လာကာ မေးလေတော့သည်။

“ဟေ့…ထစမ်း…ဟေ့…. မင်းငါ့ကို ဓါးဘာ…ဘာဆိုလားလေ…အဲ့တာ ရှင်းပြဦးလေ…ဟေ့…”

မည်သို့ပင် ချွန်းမြောင်က ပြောနေပါစေ မုဂျင်က သတိမဝင်လာတော့ပေ။ ခေါင်းပင် ထောင်မလာနိုင်တော့ပြီမို့ ချွန်းမြောင် သူ၏လက်သီးတွင် ထည့်ထားသောအားကို ပြန်လည်တွက်ကြည့်လိုက်ရလေသေးသည်။

အင်း…သုံးရက်လောက် သတိလစ်နေတာကလွဲရင် ဘာမှတော့ မဖြစ်နိုင်ပါဘူး….

ငါ တအားများ စိတ်လှုပ်ရှားသွားလို့လား…

အင်း…ဘာမဖြစ်ပါဘူး…သတိလစ်နေရုံလေးပဲကို…အလွန်အကျွံမှ မဟုတ်တာ..

ဒါက လုပ်သင့်တာကို လုပ်တာပဲလေ…ရပါတယ်….

“ဒါဆို”

ချွန်းမြောင်က ခေါင်းကိုလှည့်ကာ ကြည့်လိုက်လေသည်။

ချွန်းမြောင်က သူတို့အား လှည့်ကြည့်လိုက်သည်နှင့် ဒုတိယတန်းတပည့်များက နောက်သို့ဆုတ်သွားကြလေသည်။

“ဓါးနဲ့ဆိုင်တဲ့ ဟာလေ..အဲ့တာကိုသိတဲ့သူ ဒီထဲမှာရှိလား”

“….”

လူတိုင်းက ချွန်းမြောင်ပြောသည်ကို နားလည်လိုက်ပြီး အားလုံးကနှုတ်ဆိတ်နေကြလေသည်။

သို့သော်လည်း ရေရှည်မဖြေဘဲ နေလို့မရသည်ကို သူတို့အားလုံးသိကြလေသည်။ မဖြေလျှင် ထိုလူက ဖြေလာအောင်ကြိုးပမ်းမည်ကို သူတို့သေချာသိကြလေသည်။

“မင်းနဲ့မင်း….”

ချွန်းမြောင်က ဂျင်ဟဲယွန်နှင့် ဂျင်မုကို လက်ညိုးထိုးပြကာ ခေါ်လိုက်လေသည်။

“ဒီနားကို လာခဲ့ကြ”

“…”

သူတို့နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ချွန်းမြောင်ထံသို့ နှေးတိနှေးတုံ လျှောက်လာကြလေသည်။

အင်း…သူ ငါတို့ကိုတော့ မရိုက်လောက်ပါဘူးနော်…

ဟုတ်တယ်မို့လား….

သူနဲ့ ငါတို့ မယှည်နိုင်ဘူးနော်…

သူတို့၏နည်းပြကိုပင် လက်သီးတစ်ချက်နှင့် အမှောက်သိပ်လိုက်သော ထိုလူအား အားလုံးဝိုင်းကာ တိုက်လျှင်ပင် နိုင်မည်ဟု သူတို့အာမမခံနိုင်သေးပေ။ ထို့ကြောင့် ကလန်ကဆန်ကလည်း မလုပ်ရဲကြပေ။

ချွန်းမြောင်ကမူ အပြုံးရေးရေးနှင့်ပင်…

“အဲ့ဒီဓါးလေ….အဲ့ဒီ ဘာဓါး..ဘာဆိုတာလေ…”

“ဓါးသင်္ချိုင်း..”

“အေး..အေး..ဟုတ်တယ်…ဓါးသင်္ချိုင်း …အဲ့တာက ဘာလဲဆိုတာ ငါ့ကိုတစ်ယောက်လောက် သေချာရှင်းပြပေးလို့ ရမလား”

ဂျင်ဟဲယွန်နှင့် ဂျင်မုက ကြည့်လိုက်ကြပြီး နှုတ်ပိတ်နေကြလေသည်။

“ဪ..မင်းတို့ ပြောလို့မရဘူးလား..

မပြောကြဘူးလား”

ဂျင်ဟဲယွန်တို့အနေနှင့် ရှုံးနိမ့်ခဲ့သည်မှန်သော်လည်း ချွန်းမြောင်မေးသမျှအား အားလုံးကိုဖြေပေးရန်တော့ တာဝန်မရှိပေ။ ဝူတန်ဂိုဏ်းအပေါ်တွင် အနည်းဆုံးတော့ နှုတ်လုံပေးခြင်းအားဖြင့် တာဝန်ကျေသင့်သည်ဟု ယူဆကြလေသည်.။

“အင်း…ဟုတ်ပါပြီ…မင်းကို မပြောပြချင်တာကို ငါ လက်ခံပါတယ်… မင်းတို့က ပြောပြလို့ရမယ့်သူတွေမှ မဟုတ်တာ…အဲ့ဒီအကြောင်းကို ပြောပြမယ်ဆိုပြီး လောင်းထားတာကလည်း မင်းတို့မှ မဟုတ်တာ… မင်းတို့နည်းပြနဲ့ ပေးထားတဲ့ကတိကို မင်းတို့ တည်ဖို့ မလိုပါဘူး…ဟုတ်တာပေါ့”

“…”

ချွန်းမြောင်၏ လွယ်လွယ်လက်လျော့သွားမှုကြောင့် ဂျင်ဟဲယွန် ဇဝေဇဝါပင် ဖြစ်သွားလေသည်။

ဒီလူပါးစပ်က ဒီလိုမျိုး စကားကောင်းတွေရော ထွက်တတ်သေးတာလား…

“မင်းတို့က မပြောချင်မှတော့ အိပ်ပျော်နေတဲ့တစ်ယောက်ကိုပဲ နှိုးရတော့မှာပေါ့”

ဘာကြီး…

သူပြောတာက နည်းပြမုဂျင်ကိုလား….

“ဘယ်လို…”

“ငါ့ဘဝမှာ အများကြီးသင်ယူခဲ့ရပြီးပြီ”

ချွန်းမြောင်က မြေပြင်ပေါ်တွင် အသေကောင်ကဲ့သို့ လဲနေသောမုဂျင်ကို ဆွဲလာလေသည်။

“ကမ္ဘာပေါ်မှာရှိတဲ့အရာအားလုံးကို အကြမ်းနည်းနဲ့ ဖြေရှင်းလို့တော့ မရနိုင်ဘူး…”

“ဒါပေမယ့်”

ချွန်းမြောင်၏ မျက်လုံးတွင် အရောင်များက လက်လက်ထနေလေ၏။

“ ပြဿနာအများစုကတော့ အကြမ်းနည်းနဲ့ဖြေရှင်းမှပဲ ပြေလည်သွားတာ”

“….”

“မင်းတို့သာ သူ့ကို မထမချင်း ရိုက်နေကြမယ်ဆိုရင် သူနိုးလာမှာပဲ…ဒါမှမဟုတ်လည်း သူ့ကို ထိုးတာဖြစ်ဖြစ် လုပ်ပေါ့ကွာ…ပြီးတော့ မင်းတို့ ဒီမှာရှိနေကြတဲ့သူတွေကလည်း သူတို့ဒီလိုလုပ်တာကို ဘယ်သူ့ကိုမှ မပြောနဲ့…ဟုတ်ပြီလား”

ဂျင်ဟဲယွန် ချွန်းမြောင်ဆိုလိုသည်ကို နားလည်သွားပြီဖြစ်လေသည်။

ကြည့်ရသည်က ဤလူသိချင်သည့်အရာအား အလွယ်တကူပင် ပြောပြလိုက်သည်က ပို၍ အန္တာရယ်ကင်းမည်ဟု ခံစားရလာလေတော့သည်။

All Chapters