အခန်း (၁၃၆-၁၃၈)
Vol. 10 Ch. 136-138
အပိုင်း (၁၃၆)
ဒါကို ရဖို့သေရမယ်ဆိုရင်တောင် ငါရမှ ဖြစ်မယ်(၁)
ဂျင်ဟဲယွန်က ချွန်းမြောင်ကိုကြည့်ကာ တံတွေးမြိုချလိုက်လေသည်။
ဒီကောင်က ဘာသောက်ချေးတွေ ဖြစ်နေတာလဲ…
မျက်နှာအုပ်ထားသော ထိုလူက ချွန်းမြောင်ဖြစ်သည်ဆိုသည်ကို သံသယဖြစ်စရာအကြောင်းမရှိပေ။
ဘယ်လိုလူက သူ့ကို ဟွာဆန်းရဲ့ တက်သစ်စနဂါးလို့ နာမည်ပေးလိုက်တာလဲ…သူ့ကို ဟွာဆန်းရဲ့ နတ်ဆိုးနဂါး ၊ မကောင်းဆိုးဝါး နဂါးလို့ နာမည်ပေးရမှာကို…မဟုတ်ရင်လည်း ဟွာဆန်းရဲ့ခွေးရူး ဆိုတာကမှ သူနဲ့ပိုလိုက်ဖက်ဦးမယ်…..
ချွန်းမြောင်၏ အမည်ပြောင်က ခွေးရူးဆိုသည်ကို မသိလေဘဲ ဂျင်ဟဲယွန်၏စိတ်ထဲတွင်လည်း ထိုနာမည်ကိုသာ ပေးမိနေလေသည်။ ဂျင်ဟဲယွန်သည် ချွန်းမြောင်၏ အားကြီးလှစွာသော စွမ်းအင်ကို ကြောက်ရွံ့သည်မို့ စိတ်နှင့် ဆင်ခြင်တုံတရားတို့က နဂိုကပင် ဖရိုဖရဲဖြစ်နေလေပြီဖြစ်ပြီး အကျိုးအကြောင်းသင့် မတွေးတောနိုင်လည်း ဖြစ်နေလေသည်။
ချွန်းမြောင်ကမူ ခပ်မြန်မြန်ပင် သူ့နားသို့ကပ်လာလေပြီး မေးလေ၏။
“အဲ့တော့ …ဓါးသင်္ချိုင်းဆိုတာက ဘာလဲ”
“အခုက အဲ့တာကြီးကို ချထားလို့ မရဘူးလား”
“ဒီဟာလား..”
ချွန်းမြောင်က သူ၏လက်ထဲတွင်ဆွဲထားသော မုဂျင်၏ ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ မေးလာလေသည်။
“ချထားရမှာလား…”
“မချထားချင်လည်း ဆက်ကိုင်ထားကွာ”
ဂျင်ဟဲယွန် သူ၏နည်းပြအဖြစ်ကို မမြင်ယောင်သာဆောင်နေလိုက်လေတော့သည်။
ဒါကြီးက အိမ်မက်ပဲဖြစ်နေရင် ကောင်းမှာပဲ…
သို့သော်လည်း ဤသည်က အိမ်မက်မဖြစ်နိုင်သည်ကို ဂျင်ဟဲယွန်သိလေသည်။ အိမ်မက်ဆိုးဆိုလျှင်တောင် ဤမျှဆိုးသောအဖြစ်အပျက်များ ဖြစ်လာလိမ့်မည်ဟု သူမထင်ပေ။ အိမ်မက်ဆိုသည်က လူတို့၏အတွေးစိတ်ကူးတို့ကို အခြေခံကာဖြစ်ပေါ်လာသည့် အရာပေမို့ ဤသည်က အိမ်မက်ဆိုး မဖြစ်နိုင်ပေ။
“အချိန်ဖြုန်းမနေနဲ့…ငါ့ကို ဓါးသင်္ချိုင်းက ဘာလဲဆိုတာသာ ပြောပြ”
“ဒါဆို ငါ့ကို အရင်ကတိတစ်ခုပေး…မင်းကို ငါပြောပြပြီးရင် မင်း မုဂျင်နည်းပြကို ငါတို့ဆီပြန်ပေးပြီး ငါတို့ကိုနာကြင်အောင် မလုပ်ရဘူး”
“မင်းကို ဘယ်တုန်းက နာကြင်အောင် ငါလုပ်လိုက်လို့လဲ”
“….”
“…”
ဟူး…ချွန်းမြောင် မလုပ်ပေ။ သူ၏ဆရာတူအကိုကြီးများ လုပ်လိုက်ကြခြင်းပင်။
“ဘယ်လိုပဲ ဖြစ်ဖြစ်”
“ဟုတ်ပြီ..ရပြီလား…အဆင်ပြေပြီလား…..မင်းပြောသမျှကို အကုန်နားထောင်မယ်လို့တော့ မင်းထင်တယ်လား”
ချွန်းမြောင်က ချွန်းမြောင်ပင်။ ဂျင်ဟဲယွန် မနေသာတော့ပဲ သက်ပြင်းရှည်ကြီးကိုချကာ သူသိသည့်အရာများကို ပြောပြလေတော့သည်။ တချို့သောအကြောင်းအရာများကို မပြောလေဘဲနှင့် ချွန်းမြောင်က ပြီးမသွားသည်ကို သူသိလေသည်။
“အဲ့တာက ဂူတစ်ခုပဲ”
“ဂူလား”
“မင်းတို့က ဂူတွေတောင် လိုက်ဖောက်နေပြီဆိုတော့ ဘာာလဲ…ဝူတန်ဂိုဏ်းက မွဲသွားလို့လား”
“အဲ့လိုမဟုတ်ဘူးး”
ဂျင်ဟဲယွန်က စိတ်ပျက်လက်ပျက်ပင် ဆက်ကာပြောလာလေသည်။
“ ခြေရာပျောက်ဖမ်းဆုပ်ခြင်း ဓါးရဲ့ သင်္ချိုးင်း …ဟုတ်ပြီလား”
“ဟမ်’
ချွန်းမြောင်က ကြားလိုက်ရသောစကားကြောင့် မျက်လုံးများပြူးကျယ်သွားလေသည်။
“အင်း…ခြေရာပျောက်….ဓါး..ဟုတ်လား”
‘သူက လွန်ခဲ့တဲ့နှစ်နှစ်ရာက အသန်မာဆုံးဓါးသမားမို့လား”
“အင်း…ဟုတ်တယ်”
ထိုလူက ကမ္ဘာပေါ်တွင် အသန်မာဆုံးဓါးသမားတစ်ယောက်ဖြစ်ခဲ့သူပင်။
“ဆိုတော့ အဲ့ဒီဓါးသင်္ချိုင်းက သူ့ရဲ့အုတ်ဂူပေါ့”
“အင်း”
“အဲ့တာ့ကို မင်းတို့က ဖောက်ဖို့ ကြိုးစားနေကြတာပေါ့”
“အင်း”
ချွန်းမြောင်က ခေါင်းကိုခါကာ မေးလိုက်လေသည်။
“ဘာလို့လဲ”
“ဟမ်”
“အကြောင်းပြချက်ကတော့ ရှိရမယ်လေ”
ကမ္ဘာပေါ်တွင် အတော်ဆုံးဟူသည်က အတော်လေးပင် ကောင်းမွန်သော ဂုဏ်ပုဒ်ဖြစ်လေသည်။ သိုင်းပညာလောကဆိုသည်ကလည်း အားလုံးက အထိတ်အထိပ်တွင် ရှိခြင်ကြသည်ဖြစ်ပြီး နေရာရရန်လည်း ကြိုးစားကြလေသည်။ မက်လောက်စရာ ဂုဏ်ပုဒ်အတွက် အားလုံးက အရူးအမူးပင် ကြိုးစားကြလေပြီး ရည်မှန်းချက်လည်း ထားကြလေသည်။ အခုတွင်လည်း ထိုသို့ရှာနေရသည့်အကြောင်းပြချက်က ရှိပေလိမ့်မည် ။ ထို့အပြင် ထိုအကြောင်းပြချက်က သိုင်းပညာတိုးတက်ရေးနှင့်လည်း တိုက်ရိုက်သက်ဆိုင်နေမည်ဟု သူထင်လေသည်။
ရာစုနှစ်တစ်ခုတိုင်းမှာ အကောင်းဆုံးဆိုတဲ့ လူတစ်ယောက်စီတော့ ရှိကြတာပဲ…ပြီးခဲ့တဲ့ ရာစုနှစ်တုန်းကတော့ အတော်ဆုံးဆိုပြီး ကျော်ကြားတာက လေး ငါးယောက်ရှိခဲ့တယ်…..
သို့သော်လည်း ထိုသို့ဖြစ်ရသည်က သူရဲကောင်းများသည် အချိန်မတိုင်မှီ သေဆုံးသွားရခြင်းကြောင့်ပင်။ ကောင်းကင်နတ်ဆိုးဂိုဏ်းကို သုတ်သင်ရာတွင် အကောင်းဆုံးဆိုသော ဓါးသမားများ သေဆုံးခဲ့ကြပြီး ချွန်းမြောင်လည်း အသက်ဆုံးခဲ့ပေသည်။ မဟုတ်လျှင် ပြီးခဲ့သောရာစုနှစ်အတွက် အကောင်းဆုံးဓါးသမားဖြစ်လာမည့်သူမှာ ချွန်းမြောင်မှလွဲ၍ အခြားသူမရှိပေ။ သို့သော်လည်း ထိုသို့သက်သေပြရန် အခြေအနေကမပေးခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်နတ်ဆိုးဂိုဏ်းက ချွန်းမြောင်အား အမှတ်မိဆုံးသာ ဖြစ်လေသည်။
“ ခြေရာဖျောက် ဖမ်းဆုပ်ခြင်း ဓါးသမား …သူက လွန်ခဲ့တဲ့နှစ်နှစ်ရာက အတော်ဆုံး ဓါးသမားပဲ”
သူက တကယ်ကို အင်အားကြီးခဲ့တာလား..
ထိုခေတ်အခါက သူက အကောင်းဆုံးဖြစ်ခဲ့သော်လည်း အလွန်ပင်သန်မာသည့် ဓါးသမားများ ပေါများလှကြောင်းကို သိခဲ့ရလေသည်။ သို့သော်လည်း ထိုယုံတမ်းပုံပြင်များက ယုံကြည်ရသည်ဟု အာမမခံနိုင်ပေ။ ချွန်းမြောင် သံသယဝင်ချင်မိလေသည်။
သို့ရာတွင်မူ ထိုအကြောင်းအရာများကို ပြောပြနေသူက ဝူတန်ဂိုဏ်းက ဂိုဏ်းသားဖြစ်နေလေသည်။ အခြားဂိုဏ်းမှ လူက ထိုသို့ပြောလာလျှင် သံသယဖြစ်ဖွယ်ရှိသော်လည်း ဝူတန်ဂိုဏ်းကပေးသည့် သတင်းကမူ ယုံတမ်းဆိုသည်က မရှိပေ။ ဝူတန်ကပင် အဖက်လုပ်ကာ ရှာဖွေနေသည့်ဓါးသင်္ချိုင်းသည် သေချာပေါက် တန်ဖိုးရှိသည့်အရာပေသာ ဖြစ်ပေလိမ့်မည်။
ဂျင်ဟဲယွန်က ချွန်းမြောင်အား ဆက်ကာရှင်းပြလေသည်။
“အခုလတ်တလောကမှ ဓါးပြတစ်ယောက်က ဝူတန်ဂိုဏ်းရဲ့ကျောင်းတော်ကို ဝင်ပြီးတိုက်ခိုက်တာကနေ အဲ့ဒီကျောင်းတော် အပျက်အစီးတွေ ကြားထဲက ထွက်လာတာ…. အဲ့တာနဲ့ အဲ့လူကိုမေးမြန်းစစ်ဆေးတာတွေ လုပ်လိုက်တော့ ရတနာမြေပုံဆိုတာကို သိလိုက်ရတာပဲ”
“နေရာက နန်ယောင်နဲ့နီးလို့လား”
“အင်း”
“မင်းတို့ ယေဘုယျရှိနိုင်တဲ့နေရာကိုသိပြီး နေရာအတိအကျကိုတော့ မသိသေးတာလား…ဒါကြောင့် မင်းတို့တွေ စုံစမ်းနေကြတာပေါ့…ဒါပေမယ့် ဝူတန်ဂိုဏ်းကလူတွေ နန်ယောင်မှာ ခြေရှုပ်လာရင် လူတွေက သံသယရှိလာကြတော့မှာ…”
“အင်း”
“ဪ…”
ချွန်းမြောင်က နားလည်သဘောပေါက်သွားကာ ခေါင်းကို တဆတ်ဆတ်ငြိမ့်နေလေတော့သည်။
အဲ့လိုကတော့လည်း အဓိပ္ပါယ်ရှိသားပဲ…
ပထမကမူ ဝူတန်သည် နန်ယောင်အား လိုချင်ခဲ့သည်က ထူးဆန်းသည်ဟု ချွန်းမြောင် ထင်ခဲ့လေသည်။ ယခုတွင်မူ နားလည်သွားလေပြီ။ နန်ယောင်သည် မြို့ငယ်လေးတစ်ခုဖြစ်လေပြီး ဂိုဏ်းကြီးများအနေနှင့် အထူးတလည် စိတ်ဝင်စားဖွယ် မရှိသောနေရာဖြစ်လေသည်။ ထိုနေရာအား ဝူတန်ဂိုဏ်းက အကြောင်းအရင်းမရှိ ခြေချင်းလိမ်အောင် သွားနေပါက သံသယရှိလာကြမည်ဖြစ်ပြီး စုံစမ်းလာကြမည် ဖြစ်လေသည်။ ထို့ကြောင့်ပင် အကြောင်းအရင်း ရှာကြခြင်းပင်။ လေ့ကျင့်ရေးခန်းမအား သွားရောက်ကာ လေ့ကျင့်ပေးသည်ဟူ၍ ဖြစ်လေသည်။
“အဲ့လိုဆိုရင်တောင် ဟွာဆန်းနဲ့ပတ်သက်စရာတွေ ဖြစ်လာအောင်တော့ မလုပ်သင့်ဘူး”
“…”
“..ဟုတ်တယ်မို့လား”
“ကျွန်တော်တို့ တောင်း..တောင်းပန်ပါတယ်”
ဂျင်ဟဲယွန်က ယှဉ်ကာ စကားနိုင်မလုနိုင်သည်မို့ တောင်းပန်လိုက်လေသည်။
“အင်း…ထားပါ”
“ဟုတ်”
“ဒါဆို ဓါးသင်္ချိုင်းထဲမှာက ဘာရှိတာလဲ”
ဂျင်ဟဲယွန် ခတ္တမှ တုံ့ဆိုင်းသွားလေပြီးမှ ပြောလာလေသည်။
“ခြေရာဖျောက်ဖမ်းဆုပ်ဓါးသိုင်းပိုင်ရှင်က ဘယ်သူလဲဆိုတာ မင်းသိလား”
“လောကရဲ့ အကောင်းဆုံးဓါးသမား …ဟိုးရှေးရှေးတုန်းကပေါ့”
“မဟုတ်ဘူးလေ…သူဘာလုပ်တယ်ဆိုတာကို မင်းသိလားလို့”
“သိဘူး”
ချွန်းမြောင်က ရဲရဲကြီးပင် ဖြေလိုက်လေသည်။ သူတကယ်မသိပေ။ အတိတ်ဘဝတွင်လည်း လေ့ကျင့်လိုက် ၊သောက်စားလိုက်နှင့် သူ့ဘဝက သူတစ်ပါးအား စပ်စုချိန်မရှိခဲ့ပေ။
“ဖမ်းဆုပ်ဓါးသိုင်း…သူ့နာမည်က သိပ်ကို ပညားသားပါတယ်…..သူက ဘယ်ဂိုဏ်းသားဆိုတာမျိုး ဂိုဏ်းသားတစ်ယောက် မဟုတ်ခဲ့ဘူး…စိတ်ကူးယှဉ်ဆန်ဆန်ပဲ တစ်ရက်မှာပေါ်လာခဲ့ပြီး လောကမှာရှိတဲ့ ဓါးသမားအားလုံးကို စိန်ခေါ်ခဲ့တယ်…ဒါတင်မကသေးဘူး သူက အားလုံးကိုလည်း အောင်နိုင်ခဲ့တယ်”
“တော်တော် မိုက်တာပဲ”
“အစပိုင်းတုန်းကတော့ ဘာမှမဖြစ်ပေမယ့် သူနိုင်သွားတဲ့နောက်မှာ သူက သူ့ပြိုင်ဘက်တွေ အားလုံးရဲ့ ပိုင်ဆိုင်မှုတစ်စုံတစ်ရာကို အောင်မြင်မှုအထိန်းအမှတ်အဖြစ် ယူတတ်လာတယ်”
“ဟမ်”
“သူက အားလုံးရဲ့ ဓါးတွေကို ယူသွားခဲ့တယ်”
“ဘာလို့လဲ”
“ငါလည်း ဘယ်သိမှာလဲ”
ဂျင်ဟဲယွန်က ပုခုံးတွန့်ပြကာ ဆက်ပြောလေသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာလောက်က လူ ရဲ့ရည်ရွယ်ချက်ကို ငါက ဘယ်လိုလုပ်သိမှာလဲ….အဲ့ဒီနောက်မှာတော့ သူက ဆရာကြီးတွေအားလုံးရဲ့ ဓါးတွေကိုယူပြီး ရုတ်တရက်ပျောက်သွားခဲ့တယ်”
“ဒါဆို အဲ့တာက အဲ့ခေတ်က သိုင်းသမားတွေရဲ့ လက်နက်ပေါ့”
“အင်းပေါ့…အဲ့တာတွေက သူတို့ရဲ့အကောင်းဆုံး ဆုလာဘ်တွေပဲကို”
ချွန်းမြောင်ကမူ ထူးထူးဆန်းဆန်းပင် အတွေးဝင်နေလေသည်။
ဟုတ်သလိုလိုတော့ ရှိပါရယ့်…
သိုင်းပညာလောကတွင် မည်သူမဆို သူတို့၏လက်နက်မရှိပါဘဲ အထွတ်အထိပ်သို့ ရောက်ရိုးထုံးစံမရှိပေ။ သို့သော်လည်း လက်နက်မည်မျှကောင်းစေကာမူ လူမတော်လျှင်လည်း အလကားပေ။ သို့ဖြစ်၍ ဂျင်ဟဲယွန်ပြောသည်က တဝက်မှန်ကာ တဝက်မှားနေသကဲ့သို့ပင်။
“ဆိုတော့ ဂိုဏ်းတိုင်းရဲ့လက်နက်တိုင်းကို သူက ယူသွားတဲ့သဘောလား”
“ဒါပေါ့”
“သူတို့အကုန်လုံးကလည်း ပေးလိုက်ကြတယ်ပေါ့”
“ငါလည်း သေသေချာချာတော့ မသိဘူးလေ… ကြည့်ရတာ အလောင်းအစား လုပ်ထားကြတယ်ထင်သားပဲ…
မင်းတို့ ရှုံးရင် မင်းတို့ရဲ့လက်နက်ပေး… ငါရှုံးရင် ငါ့လက်နက်ပေးမယ်ဆိုပြီးတော့လေ…”
ဤအခြေအနေကတော့ ဖြစ်နိုင်ဖွယ်ရှိလေသည်။ ဤသည်က မငြင်းနိုင်သော အလောင်းအစားပင်။
“ဒါပေမယ့် သူတို့အားလုံး ရှုံးသွားကြတယ်လေ”
“အင်း”
ချွန်းမြောင်က ခေါင်းငြိမ့်လိုက်လေသည်။
“အဲ့တာဆို ဓါးသင်္ချိုင်းက ဘယ်လိုဖြစ်”
“သူပျောက်သွားပြီးတဲ့ နောက်ပိုင်းမှာ ဓါးသင်္ချိုင်း သတင်းက စပြီးတော့ ပြန့်လာတယ်…သူက သူအနိုင်ရခဲ့တဲ့ ဓါးတွေအားလုံးကို တစ်နေရာတည်းကို စုပြီးယူသွားတယ်လို့ ပြောတာပဲ…ပြီးတော့ အုတ်ဂူတစ်ခုတည်ပြီးတော့ အကုန်လုံးကို မြုပ်နှံထားခဲ့တာတဲ့…သူ့သိုင်းပညာတွေရောပဲ… အဲ့တာကြောင့် ဓါးသင်္ချိုင်းကို လူတွေက လောကအနှံ့မှာ ရှာနေကြတာ”
“ဪ…အဲ့လိုလား…သိပြီ”
ချွန်းမြောင်က စိတ်ဝင်စားမှုတို့ကြောင့် မျက်နှာပြင်ကပင် လင်းလက်တောက်ပနေလေသည်။
“သာမန် ဖန်တရာတေနေတဲ့ အကျော်ဇေယျပုံပြင်တွေလို့ပါပဲလား..မင်းရော အဲ့လိုမထင်ဘူးလား”
“ဟုတ်တယ်…ငါတို့လည်း မယုံခဲ့ကြဘူး…ယုံတမ်းစကားတွေလို့ပဲ ထင်ခဲ့ကြတာ…မြေပုံကြီး ငါတို့လက်ထဲရောက်လာမှသာ ယုံခဲ့ကြတာ..ပြီးတော့ အဲ့မြေပုံကလည်း…”
“တော်ပြီ…တော်ပြီ..ရပြီ”
အဓိပ္ပါယ်မရှိတာက အသိသာကြီးပင် ဖြစ်သွားလေပြီမို့ ချွန်းမြောင်က အကွက်ရွေ့ရန်ပြင်လေတော့သည်။
“ဆိုတော့ မင်းတို့က ဓါးသင်္ချိုင်းကိုတူး ပြီးတော့ အဲ့လူတွေရဲ့ လက်နက်တွေကိုယူပေါ့..ဟုတ်လား…သိုင်းပညာကိုရော ယူမှာပေါ့လေ”
“အင်း”
“ဪ..တကယ်ပဲ အဲ့လိုလား”
“ငါ သိသွားပြီ”
ချွန်းမြောင်က ဂျင်ဟဲယွန်ကိုကြည့်ကာ သတိလစ်နေသော မုဂျင်၏ အင်္ကျီစကို ဆွဲလိုက်လေသည်။
“ဟေ့”
ထို့နောက်တွင်မူ တုံ့ဆိုင်းမနေဘဲ မုဂျင်အား ပါးရိုက်လိုက်လေသည်။
“ဟေ့..မင်းဘာလုပ်နေတာလဲ”
“တပည့်မကောင်းရင် ဆရာ့ခေါင်းပဲ…မင်းကိုသာ ကောင်းကောင်းမွန်မွန်သင်ကြားပေးခဲ့ရင် ဒီလိုရုပ်တည်ကြီးနဲ့ မင်းလိမ်တတ်မှာ မဟုတ်ဘူး…အဲ့တော့…ဟေ့..ထစမ်း….ခွေးမသား”
ဖြန်း..ဖြန်း…
မုဂျင်က သတိလစ်နေရင်းမှာပင် ပါးကို အဆက်မပြတ် ရိုက်ခံနေရလေသည်။
“မင်းက ငါ့ကိုဒီလိုလိမ်ပြီး ဉာဏ်များချင်တာပေါ့…အင်း ရှေ့ဆောင်လူတွေကသာ မလိမ်တတ်ရင် နောက်လူတွေလည်း လိမ်တတ်မှာ မဟုတ်ဘူး…မင်း လုပ်တာကိုကြည့်ပြီး မင်းဆရာကို ပညာပေးဖို့လိုတယ်ဆိုတာ ငါသိသွားပြီ”
“ဟေ့…မင်း..ဘာတွေပြောနေတာလဲ…ငါ မင်းကို အကုန်လုံး အမှန်အတိုင်း ပြောနေတာပဲလေ”
ထိုစကားကြောင့် ချွန်းမြောင်က ချက်ချင်းဆိုသလိုပင် ဂျင်ဟဲယွန်နားသို့ ရောက်လာလေသည်။
“မင်း ငါကိုသောက်ရူးလို့ ထင်နေတာလား”
“ဘာ”
“ဝူတန်ဂိုဏ်းက တခြားသူရဲ့သိုင်းပညာကို မက်မောတယ်…ဝူတန်ဂိုဏ်းကလေ…”
“…”
“အိုး…ငါ့နှယ်…. အကြီးအကဲ ဆန်းဘွန်းသာ ဒါကိုကြားလို့ကတော့ သူ့အုတ်ဂူထဲကနေ ထွက်လာပြီး မင်းကို အစိတ်စိတ်ချေမွပစ်မယ်ထင်တယ်…ဘာ သောက်အဓိပ္ပါယ် မရှိတာတွေ လာပြောနေတာလဲ”
“ပြီးတော့…ဘာ..လက်နက်တွေ ဟုတ်လား….စောက်ရူး….မင်းသာ လက်နက်တွေကို လိုချင်တာဆိုရင် ဘယ်ဂိုဏ်းကမင်းတို့ကို သောက်ဖက်လုပ်ပြီး ပြဿနာရှာနေမှာလဲ..ဘယ်သူက ဓါးလေးအတွက်နဲ့ သောက်ရူးထနေမှာလဲ”
“…”
“မင်းလို ကလေးတစ်ယောက်ပါးစပ်ကနေ အလိမ်အညာတွေ ထွက်နေတယ်…မင်းကို လိမ်နေလို့ဆိုပြီး ရိုက်လည်း ဘာကောင်းကျိုးရှိမှာလဲ…တကယ်ရိုက်သင့်တဲ့သူကို ရိုက်ရမှာ ငါသိချင်တာ သိရတော့မှာပေါ့..
ဟေ့…ထစမ်း….”
ဖြန်း…
ချွန်းမြောင်က မုဂျင်ကို ဆက်ကာရိုက်နှက်နေသည်မို့ ဂျင်ဟဲယွန်က ချွန်းမြောင်၏ ဝတ်ရုံအစကိုကိုင်ကာ တားဆီးလာလေသည်။
“သူ သေသွားလိမ့်မယ်”
“ငါ သူ့ကို မသတ်ပါဘူးလို့ ပြောထားပြီးသားလေ”
“ဒါပေမယ့် သေသွားရင်ရော…”
“ဟုတ်ပြီ..ဟုတ်ပြီ…ငါ ဘာလုပ်နေလဲ ငါသိတယ်..မင်းမစိုးရိမ်နဲ့”
မင်းက ဒီလောက်ရိုက်နှက်နေတာကို ငါက ဘယ်လိုမစိုးရိမ်ဘဲ နေရမှာလဲ အရူးကောင်ရဲ့….
ဂျင်ဟဲယွန်က လက်ကိုဆွဲကာ တောင်းပန်နေစေကာမူ ချွန်းမြောင်ကတော့ မုဂျင်အား အရိုက်မပျက်ပေ။
“မင်းတို့က ငါ့ကို မင်းတို့ဖုံးထားတဲ့ လျို့ဝှက်ချက်ကို ပြောလာအောင် မလုပ်နိုင်ဘူးလို့ ထင်နေတာလား… မင်းတို့အားလုံးဒီကို လာပြီးနေရတဲ့အကြောင်းက ရှိကိုရှိရမယ်…မင်းတို့ကိုယ်တိုင် မြေပုံကိုကိုင်ပြီး မင်းတို့ကိုယ်တိုင် လာခဲ့တာက သောက်ရေးကြီးလို့ပဲ မဟုတ်ဘူးလား”
ချွန်းမြောင်၏ မျက်လုံးများတွင် ရက်စက်မှုအရိပ်အယောင်များက အပြည့်ပင်။
“ကောင်းပြီ…မင်းတို့ကလည်း သူများတွေရဲ့ အသက်ကို ကစားသလို့ပေါ့…ငါလည်း မင်းတို့ကိုတော့ မသတ်ပါဘူး…
ဒါပေမယ့် မင်းတို့နောက် ဘယ်တော့မှ ဓါးထပ်မကိုင်နိုင်တော့အောင် လုပ်ပေးလိုက်မယ်”
ချွန်းမြောင်၏ ဒေါသမျက်လုံးများနှင့် ကြိမ်းမောင်းနေမှုကိုကြည့်ကာ ဂျင်ဟဲယွန်ကမူ တုန်လှုပ်နေပြီဖြစ်လေသည်။ မုဂျင်အတွက်လည်း စိတ်မအေးနိုင်တော့ပေ။
ဒီကောင်က သူပြောရင် ပြောတဲ့အတိုင်း လုပ်မှာ….
မုဂျင်သည်သာ ဤနေရာတွင် ဖျက်စီးခံလိုက်ရပြီး အကျိုးအကန်းဘဝသို့ရောက်သွားပါက ဂျင်ဟဲယွန် ဘဝတစ်လျှောက် နောင်တရနေရပေလိမ့်မည်။
“သေပေတော့….”
ချွန်းမြောင်၏ လက်သီးချက်က မုဂျင်မျက်နှာဆီသို့ ဝဲပျံ့သွားလေသည်။
ဂျင်ဟဲယွန်ကမူ ကြောက်လန့်တကြားနှင့်ပင် အော်လိုက်လေသည်။
“ယာ့ဆွန်း”
“ယာ့ဆွန်းလား”
“ရှာနေတာက ယာ့ဆွန်းပဲ”
“ယာ့ဆွန်း…”
“ဟုတ်တယ်”
“မင်းပြောတဲ့ယာ့ဆွန်းက ဆေးအကောင်းတွေကို ဖော်စပ်ခဲ့တဲ့သူနဲ့ အတူတူပဲလား”
“ဟုတ်တယ်”
“ယာ့ဆွန်းက လွန်ခဲ့တဲ့နှစ်နှစ်ရာကျော်က ဆေးလုံးတွေကို ဖော်စပ်တဲ့နေရာမှာ အတော်ဆုံးလူတစ်ယောက်ပဲမို့လား”
“ဟုတ်တယ်”
“သူ့ရဲ့ဆေးလုံးတစ်လုံးက သေသူကိုတောင် ရှင်စေနိုင်ပြီး တခြားဆေးလုံးတွေ အားလုံးထက် အစွမ်းထက်စေတယ်လို့ ပြောကြတယ်…ဟုတ်တယ်မို့လား”
ချွန်းမြောင်၏ မျက်လုံးများက စတင်တောက်ပလာလေသည်။
“…”
ဂျင်ဟဲယွန်ကမူ ချွန်းမြောင်၏မေးခွန်းကို မဖြေဘဲ လက်သီးသာဆုပ်လိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ အရိပ်ပြလျှင် အကောင်ထင်သွားပြီ ဖြစ်လေသည်။
“ဓါးသင်္ချိုင်းက ယာ့ဆွန်းရဲ့ အုတ်ဂူပဲလား…”
“ဟုတ်တယ်”
“အင်း…”
“….”
“ဟားဟားဟား…”
ချွန်းမြောင်က နှုတ်ခမ်းအား လက်နှင့်သုတ်လိုက်လေသည်။အဝတ်စအုပ်ထားသည်ကိုပင် မေ့လျော့သွားပုံရလေသည်။
“ယာ့ဆွန်း…ဟုတ်တယ်..ဒါကပဲ ဝူတန်ဂိုဏ်းက အသည်းအသန်ဖြစ်နေတဲ့ကိစ္စပဲ…ဟားဟားဟား”
“ဒါက သေချာပေါက်ကို…ကွဲ…”
“ဟုတ်လို့….”
“ဘာ….”
“အဲ့တာ ဘယ်နေရာမှာလဲ”
“….”
ဂျင်ဟဲယွန် ဘာဆက်လုပ်ရမည် မသိတော့ပေ။
“အဲတာ့ ဘယ်နေရာမှာလဲ… ငါ့ရဲ့ ဆေးလုံးတွေက ဘယ်နေရာမှာရှိနေတာလဲ..ပြောစမ်း …”
နေပါဦး…ဆေးလုံးက ဘာကိစ္စ မင်းဟာဖြစ်သွားရတာတုန်း…
“အဲ့တာ….ငါ့မှာလည်း အဖြေမရှိဘူး”
အပိုင်း (၁၃၇)
ဒါကို ရဖို့သေရမယ်ဆိုရင်တောင် ငါရမှ ဖြစ်မယ်(၂)
ချွန်းမြောင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက်ပင်။ သူ များစွာသော အကျိုးအမြတ်များ ၊ ကြွယ်ဝချမ်းသားမှုများ ရရှိခဲ့သော်လည်း ယခုတစ်ကြိမ်ကမူ မတူပေ။ တမူထူးခြားလှပေသည်။
ယာ့ဆွန်းဆိုသည်က တစ်ခေတ်တစ်ခါ တည်ထောင်နိုင်ခဲ့သော ဆေးဆရာကြီး ဖြစ်လေပြီး သူ၏ဆေးလုံးများက ရှောင်လင်ဂိုဏ်း၏ စွမ်းအားအကောင်းဆုံးဆေးလုံးကိုပင် ဖိနှိပ်ထားနိုင်သည်ဟု သတင်းကြီးခဲ့သူဖြစ်လေသည်။
စွမ်းအားအကောင်းဆုံးဆေးလုံး..အာနိသင်အမြင့်ဆုံး ဆေးလုံး…
ကျော်ကြားသော ဂိုဏ်းတိုင်းက သူတို့၏ဂိုဏ်းသားများ ပိုမိုသန်မာလာစေရန် အားဖြည့်ကူညီသည့်အနေနှင့် အတွင်းစွမ်းအားများ တိုးပွားလာစေရန် ဆေးလုံးများကို ကျွေးလေ့ရှိလေပြီး ရှောင်လင်ဂိုဏ်းသုံးသောဆေးလုံးကမူ အာနိသင်အကောင်းဆုံးဟု ဆိုကြလေသည်။ ထိုဆေးလုံးများကို စားသုံးခြင်းဖြင့် လူတစ်ယောက်သဖွယ်မကဘဲ အားအင်များက မကောင်းဆိုးဝါးများသဖွယ်ပင်ကြီးမားလာကာ ဂိုဏ်း၏ ထူးချွန်ထက်မြက်သော သိုင်းသမားများကိုလည်း မွေးထုတ်လာနိုင်ကြသည်ဟုလည်းဆိုကြလေသည်။
သို့သော်လည်း ထိုသို့လုပ်ဆောင်နိုင်သည်က ဂိုဏ်းတိုင်းတော့ မဟုတ်ပေ။ ငွေအင်အား၊ လူအင်အား နှင့် နောက်ခံအင်အားကောင်းမွန်သော ရှောင်လင်ဂိုဏ်းနှင့် ဝူတန်ဂိုဏ်းသာ ပြုလုပ်နိုင်သော အရာမျိုးဖြစ်လေသည်။ သိုင်းသမားများ၏ အဓိကလိုအပ်ချက်သည် သန်မာကောင်းမွန်သော ကိုယ်ခန္ဓာဖြစ်လေပြီး မည်သို့သော လေ့ကျင့်ရေးမျိုးကိုမဆို ကြံ့ကြံခိုင်နိုင်သော အရည်အသွေးကိုလည်း ရရှိရန်လိုအပ်လေသည်။ သို့ဖြစ်၍ အကောင်းဆုံးဟူသော ဂိုဏ်းများ၏ ဆေးလုံးကိုပင် သာလွန်လေသော ယာ့ဆွန်း၏ ဆေးလုံးများကို အားလုံးက မျက်စိကျခဲ့ကြသည်ပင်။ လွန်ခဲ့သော နှစ်တစ်ရာကမူ ယာ့ဆွန်း၏ ဆေးလုံးတစ်လုံးပေါ်လာသည်ဟူသော ကောလဟလကြောင့်ပင် သိုင်းလောကတွင် သွေးမြေကျမှုများ အများအပြားဖြစ်ပေါ်ခဲ့ကြလေသည်။ဂိုဏ်းတိုင်းက ထိုသို့သောဆေးလုံးကို လက်လွတ်မခံနိုင်စွာပင် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ခဲ့ကြလေသည်။ သို့သော်လည်း ထိုသည်က ကောလဟလသက်သက်ပင် ဖြစ်လေပြီး အမှန်မဟုတ်ခဲ့ပေ။
ယခုတွင်မူ…
ဒီအဂ္ဂရိတ်ထိုးထားတဲ့ဆေးလုံးက တကယ်ဘဲ ဒီနေရာမှာတဲ့လား…
လူတစ်ယောက်က သူပိုင်ဆိုင်သမျှအားလုံးကို သူကိုယ်တိုင်ဂူသွင်းပြီး သေဆုံးသွားခဲ့တယ်…
ဒီလိုလူတစ်ယောက်က သူ့ဘဝရဲ့ ကြီးကျယ်မြင့်မြတ်ခဲ့တဲ့အရာအားလုံးကို ထားခဲ့မှာမဟုတ်ဘူး…
သေချာပေါက် ယူသွားမှာပဲ….
ဓါးသင်္ချိုင်းသာ တကယ်ရှိတယ်ဆိုရင် သူ့ရဲ့သမိုင်းဝင်ဆေးလုံးတွေက တကယ်ကြီးရှိနိုင်တာပေါ့…
ငါသေရမယ်ဆိုရင်တောင် အဲ့တာကို သေချာပေါက် ရမှဖြစ်မယ်…
မဟုတ်ဘူး..ငါတို့ ဟွာဆန်းက အဲ့ဆေးလုံးကို ရမှဖြစ်မယ်…
ဝူတန်ဂိုဏ်းနှင့် ရှောင်လင်ဂိုဏ်းတို့ ကျော်ကြားခြင်းသည် သူတို့၏ သန်မာမှုကြောင့် ဖြစ်လာလေပြီး ထိုသန်မာမှုသည် ပြင်ပအား၊ ကိုယ်တွင်းအားတို့ ပေါင်းစပ်ကာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဆေးလုံးများမှ ကိုယ်တွင်းအားကို ရရှိလေပြီး လေ့ကျင့်ရေးမှ ပြင်ပသန်မာအားကောင်းမှုကို ရစေလေသည်။ အရည်အချင်းတူလျှင်ပင် ဆေးလုံးစားသုံးသူက ပိုမိုတိုးတက်မှုရှိလေသည်မို့ ထိုဆေးလုံးက ချွန်းမြောင်အတွက် မက်မောဖွယ်ရာပင်။ ဝူတန်နှင့်ရှောင်လင်ဂိုဏ်းတို့ကမူ ထိုသို့သောဆေးလုံးများအတွက် ဘဏ္ဍာငွေပင် သီးသန့်ထားကာ သုံးစွဲကြသည်ဟု သိရလေသည်။ ထို့ကြောင့်ပင် အကျိုးဆက်အားဖြင့် တစ်နေ့ထက်တစ်နေ့ ပိုမိုကာ အားကောင်းသန်မာလာကြခြင်း ဖြစ်လေသည်။ မုဂျင်ထံတွင်ပင် ထိုသို့သော သန်မာအားကောင်းမှုကို မြင်ရလေသည်။
သူတို့ ဟွာဆန်းတွင်မူ ဆေးလုံးနှင့်တူသော အရာပင် ရှိမနေပေ။
ထို့ကြောင့်ပင် ယခုလက်ရှိဂိုဏ်းသားများသည် ချွန်းမြောင် အရက်နာကျရာတွင် သောက်သည့် ဇီးပန်းပွင့်ဆေးလုံးမှ လွဲ၍ အခြားသောဆေးလုံးများကို မသောက်ဖူးကြပေ။ ယခုတွင်မူ ဇီးပန်းပွင့်ဆေးလုံးပင် မရှိတော့ပေ။ ချွန်းမြောင်၏ လေ့ကျင့်ရေးများကြောင့်သာ မဟုတ်လျှင် ဟွာဆန်းဂိုဏ်းသားများက သန်မာလာကြရန် လမ်းမမြင်တော့ပေ။
ဂိုဏ်းတိုင်းတွင် သိုင်းပညာနှင့်သက်ဆိုင်သော စာအုပ်များရှိကြသော်လည်း ဆေးလုံးဖော်စပ်သည့်နည်းပါဝင်သည့် စာအုပ်များမူ မရှိကြပေ။ ထို့အပြင် ဆေးလုံးဖော်စပ်နည်းများကို အစဉ်အဆက် လက်ဆင့်ကမ်းလာခြင်းလည်း မရှိကြပေ။ သို့ဖြစ်၍ ဆေးလုံးဖော်စပ်ရန်က ဟွာဆန်းတွင် လမ်းပျောက်နေလေသည်။
အင်း…အခု အရေးကြီးတာက အဲ့တာ မဟုတ်သေးဘူး…
ချွန်းမြောင်က ဂျင်ဟဲယွန်ကို တချက်ကြည့်လိုက်လေသည်။
“မင်း ပြောတာ သေချာတယ်နော်”
“အင်း”
“ဒါဆို ဓါးသင်္ချိုင်းက ယာ့ဆွန်းရဲ့အုတ်ဂူဆိုတာကလည်း သေချာတယ်ပေါ့”
ဂျင်ဟဲယွန်က ချောင်းတစ်ချက်ဟန့်လိုက်ကာ ပြောလာလေ၏။
“ခြေရာဖျောက်ဖမ်းဆုပ်ဓါးသိုင်းက အားလုံးရဲ့ အထွတ်အထိပ်ဖြစ်ခဲ့တာကို ကြည့်ပြီး တွေးရမယ်ဆိုရင်တော့ ယာ့ဆွန်းက သူများတွေလို သိုင်းပညာကို ကြိုးကြိုးစားစား မလေ့လာခဲ့လို သူ့သိုင်းပညာက အားနည်တယ်လို့ ပြောလို့ရတယ်..ဒါပေမယ့် အားနည်းတဲ့သိုင်းပညာနဲ့တောင် အကုန်လုံးကို အနိုင်ယူခဲ့သေးတာပဲလေ…အဲ့တာကိုကြည့်ပြီး ငါတို့ကတော့ ယာ့ဆွန်းရဲ့ အုတ်ဂူလို့ ယူဆတယ်”
“အင်း…ဟုတ်ပြီ”
ပုံမှန်အားဖြင့် လောကတွင်အတော်ဆုံးဟု ကြွေးကြော်ချီးကျူးထားခံရသူတစ်ယောက်ရှိသည်ဟု ထိုလူအားပြောကြသော်လည်း ချွန်းမြောင်ကမူ ထိုလူ၏အကြောင်းကို ကြားပင်မကြားဖူးခဲ့ချေ။ သိုင်းပညာလောကတွင် ဆေးလုံးအားကိုးနှင့် ထိုသို့အနိုင်ရခဲ့သည်ဆိုသည်က ဖြစ်ကောင်းဖြစ်နိုင်ရဲ့လားပင်။
ပြန်တွေးကြည့်တော့လည်း စဉ်းစားစရာပဲ…
“ဒါဆိုသူက ဘာသိုင်းပညာမှ ကောင်းကောင်းမတတ်ဘဲ ဆေးလုံးကနေ ရတဲ့ချီစွမ်းအင်တွေကြောင့်ပဲ အားလုံးကို အနိုင်ယူခဲ့တဲ့ သဘောလား…အဲ့လိုဆိုရင်တောင် သံသယဖြစ်စရာတွေက အများကြီးပဲ…မဖြစ်နိုင်ဘူး…
သူ့မှာ လျှို့ဝှက်ထားတာတွေ ရှိနေနိုင်သေးတယ်…သူသေသွားတော့ သူ့ရဲ့လျှို့ဝှက်ထားတဲ့အမှန်တရားတွေပါ တခါတည်းပျောက်ကွယ်သွားတာပေါ့”
“ပြီးတော့ ဒါကိုသိတဲ့ ဂိုဏ်းကလည်း နည်းတယ် မို့လား”
“အင်း”
ဂျင်ဟဲယွန် သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
ဟွာဆန်းက ယခင်ကမူ သိသောဂိုဏ်းများစာရင်းထဲတွင် မပါသော်လည်း ယခုမူထည့်ရပေတော့မည်။ မပြော၍ မဖြစ်သည်မို့ ပြောလိုက်ရသော်လည်း ဂျင်ဟဲယွန် စိတ်မဖြောင့်ပေ.
မတတ်နိုင်ဘူးလေ…ယောက်ျားတို့စကားဆိုတာ ရွှေချိန်ပိဿာအများကြီးထက်တောင် ထိုက်တန်သေးတာကို…
မပြောရင်လည်း သူက ငါတို့ကို ချမ်းသာပေးမှာမဟုတ်ဘူး….
“အခု ငါသိသမျှ မင်းကိုပြောပြီးသွားပြီ….ဆိုတော့ ငါတို့ကို သွားခွင့်ပြုလိုက်တော့”
“အင်း…ဒါပေါ့..မင်းတို့ သေချာပေါက်ကို သွားရမှာပေါ့….ငါကလည်း စကားတည်တဲ့ယောက်ျားတစ်ယောက်ပါ”
ချွန်းမြောင်က တောက်တောက်ပပပင် ပြုံးလိုက်ပြီး ဆက်ကာပြောလေသည်။
“မင်းတို့ကို သေချာပေါက်လွတ်ပေးပြီး သွားခိုင်းမှာပါ…ဒါပေမယ့် တစ်ခုတော့ ရှိတယ်”
“မြေပုံက ဘယ်နားမှာလဲ”
“ဟမ်”
“မြေပုံက ဘယ်နားမှာလဲလို့… မင်းပြောတာလေ မင်းတို့မှာရှိတယ်လို့”
“…”
ဂျင်ဟဲယွန်က တုန်လှုပ်သွားလေပြီဖြစ်သည်။
“အဲ့တာက”
ဂျင်ဟဲယွန်က ခေါင်းကို ခါလိုက်လေပြီး စိတ်ကိုပြင်ဆင်ကာ ငြင်းချလိုက်လေသည်။
“ငါက မင်းကို ငါသိတာကိုပဲ ပြောပြမယ်လို့ ပြောထားတာ…မင်းကို မြေပုံပေးမယ်ဆိုတာ မပါဘူး”
“အင်း…ငါသိတယ်လေ”
“အာ့ဆို ဘာလို့”
“သေချာစဉ်းစားကြည့်စမ်းပါ…တကယ်လို့ ငါက မင်းကို လွှတ်ပေးလိုက်ရင် မင်းက ဝူတန်ဂိုဏ်းက လူတွေအများကြီး ခေါ်လာခဲ့မှာ ဟုတ်တယ်မို့လား”
“…”
“မင်းတို့က တကယ့်ကို တအုပ်တမကြီး ရောက်လာကြမှာလေ”
“…”
“ပြီးတော့ ကြက်ကို ခွေးကဝိုင်းဆွဲသလို ငါ့ကိုမင်းတို့ ဝိုင်းပြီးအမဲဖျက်ကြမှာ….ငါ ဘယ်လောက်ပဲသန်မာနေတယ်ပြောပြော ဝူတန်တစ်ဂိုဏ်းလုံးကို မနိုင်တာတော့ အမှန်ပဲ….
ပြီးတော့ မင်းတို့လည်း ဓါးသင်္ချိုင်းဆိုတာက ဘယ်မှာရှိမှန်း သေသေချာချာသိသေးတာမဟုတ်ဘူး..
ပြီးတော့ နန်ယောင်တခွင်လုံးလည်း မြေလှန်ရှာဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ…”
ဂျင်ဟဲယွန်၏ အတွေးကိုလည်း ချွန်းမြောင်က သေချာသိနေသည်မို့ မြေပုံအား သေချာရစေရန် ယူဆောင်သွားမည်ဟု ဆုံးဖြတ်လိုက်လေသည်။
“ဆိုတော့ မင်းက အဆုံးထိ မြေပုံကို ငါ့ကို လက်မလွဲပေးဘဲ နေနိုင်မယ်လို့ မင်းထင်လား”
ဘာကိစ္စ ဒါမျိုးတွေက တစ်ခုပြီးတစ်ခု ဆက်ဖြစ်နေရတာလဲ…
ဂျင်ဟဲယွန် မျက်နှာမကောင်းတော့ပေ။
“ငါ မင်းကို မြေပုံကတော့ မပေးနိုင်ဘူး..ဒါက ငါတို့သဘောတူထားတဲ့ထဲမှာ မပါဘူး”
“မင်းက တကယ်ကြီးငါ့ကို မပေးဘူးပေါ့”
“မင်း”
“တကယ်ကြီး မပေးဘူးပေါ့လေ”
“အင်း..တကယ်”
“တကယ်လေ”
“…..”
ဂျင်ဟဲယွန် မျက်နှာက ကြောက်ရွံစိတ်ကြောင့် အပြာရောင်ပင် သန်းနေလေပြီဖြစ်သည်။ ချွန်းမြောင်ကမူ သူ့အားပြုံးပြုံးကြီးကြည့်ကာ အနားသို့တဖြည်းဖြည်းတိုးလာသည်ကို တွေ့လိုက်ရလေသည်။
“တာအိုကျင့်ကြံသူတစ်ယောက်လို ပြုုမူရမယ့်အစား မင်း ဓါးပြတစ်ယောက်လို ပြုမူပြီး တခြားသူဆီကနေ အဓ္ဓမ လုယူနေတယ်…မင်းသာ မြေပုံကို ရသွားခဲ့ရင်….”
“တာအိုကျင့်ကြံသူ…ဟုတ်လား”
“ဟုတ်တယ်”
“ဘယ်သူကလဲ”
“…”
ချွန်းမြောင်က လက်သီးကို ဆုပ်လိုက်လေသည်။
ကြွတ်..ကြွတ်..ကြွတ်…
အရိုးအဆစ်များမှ အသံများက တကြွပ်ကြွပ်ပင် ထွက်လာလေပြီး ဂျင်ဟဲယွန်အား ခြိမ်းခြောက်နေသလိုပင်။
“မင်းကို ဘယ်နှခါ ပြောရမလဲ…ငါ က ဘယ်သူလဲ”
“ဟွာဆန်းက…”
“ကျွတ်…ကျွတ်…ကျွတ်…ငါတို့ရဲ့ ချစ်စရာဂိုဏ်းသားလေးကတော့ အခြေအနေမှန်ကို နားလည်ပုံမရဘူးပဲ….ငါက ဒီတိုင်း ဖြတ်သွားတဲ့ ဓါးပြပါဆို”
“….”
မဟုတ်ဘူး…ခွေးကောင်…ဘယ်ဓါးပြမှ ဘာမှမရှိတဲ့တောင်ပေါ်ကို ဘာလာလုပ်မှာလဲ….
“မင်း ရွေး”
ချွန်းမြောင်က တောက်တောက်ပပအပြုံးကြီးနှင့် ဆက်ပြောလေသည်။
“ငါ့ကို မြေပုံပေးပြီး ဝူတန်းဂိုဏ်းက လူတွေကို ပြန်သွားခေါ်မလား…ဒါမှမဟုတ်…..”
ဘုန်း…
ချွန်းမြောင်က ခြေကိုဆောင့်လိုက်သည်နှင့် မြေကြီးပေါ်တွင် အက်ကွဲကြောင်းရာများက ပေါ်လာလေပြီး ကြီးမားသော တွင်းပေါက်ကြီး ဖြစ်သွားလေသည်။
“ဒါမှမဟုတ် မင်းတို့အားလုံး ငါ ဓါးသင်္ချိုင်းကို ရှာတွေ့တဲ့အထိ ဒီနေရာမှာ မြုပ်ထားတာ ခံချင်ကြလား”
“…”
“ပြော…ဘယ်တစ်ခုလဲ”
ဂျင်ဟဲယွန်က နူးနူးညံ့ညံ့လေးပြုံးကာ ချွန်းမြောင်အား မျက်နှာချိုသွေးလိုက်လေသည်။
“တာအိုကျင့်ကြံတဲ့သူဆိုတာ သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို ဖြစ်သင့်ဖြစ်ထိုက်သလို ပြင်တာ မဖြစ်သင့်ဘူးဆိုတာကြီးက မမှန်ဘူးဆိုတာ မင်းလည်းသိတာပဲမို့လား”
“ဟားဟားဟား”
ချွန်းမြောင်က တောင်အောက်သို့ဆင်းကာ မြေပုံမှန်မမှန်ထပ်ကာထပ်ကာ စစ်ဆေးလေသည်။ မူးနောက်ရှုပ်ထွေးဖွယ်ရာ မျဉ်းများ ၊ သင်္ကေတများက မျက်စိရှုပ်ဖွယ် ရေးဆွဲထားလေပြီး ကြည့်ရုံနှင့်ပင် မူးနောက်နေလေသည်။ ဤသည်က ဉာဏ်ကြီးရှင်တို့နှင့်သာ သက်ဆိုင်သောအလုပ်ဖြစ်သည်ကို ချွန်းမြောင် နားလည်သွားပြီ ဖြစ်လေသည်။
“ဟားဟား…ယာ့ဆွန်းရဲ့ ဓါးသင်္ချိုင်းတဲ့လား.. သူတော်ကောင်း နတ်ကောင်း မ ဆိုတာ တကယ်ဘဲဟ…တကယ့်လူကောင်းတွေအတွက် တကယ်ကို ထိုက်တန်ပါပေတယ်”
ချွန်းမြောင်၏ အပြောကြောင့် ဂျင်ဟဲယွန်၏ စိတ်ထဲတွင် ကောင်းကင်ဘုံမှ တစ်ယောက်ယောက်ကပင် တံတွေးထွေးချလိုက်သည်ဟု ခံစားမိလေသည်။
အမလေး…ဒီကောင်ကများ…ဆေးလုံးတောင် မစားရသေးဘူး….လူတွေကို အခုကတည်းက နာကြင်အောင် လုပ်နေပြီးတော့….”
ချွန်းမြောင်ကမူ ပျော်ပျော်ကြီးပင်ပြုံးကာ မြေပုံကိုကြည့်နေလေသည်။ သူနားမလည်သည်ကတော့ တပိုင်းပေ။ သို့သော် ကိစ္စမရှိပေ။ နားလည်သည့်သူ ရှိလာပေလိမ့်မည်။
“ဆိုတော့ မင်းက အုတ်ဂူထဲကို ဝင်ဖို့ ဒါကြီးကို ကျော်ဖြတ်စေချင်တယ်ပေါ့လေ”
ယာ့ဆွန်းကလည်း ခေသူမဟုတ်ပေ။ လောက၏ အကြီးမြတ်ဆုံးဟူသော ဂုဏ်ပုဒ်ကို အပိုင်သိမ်းကာ တခြားသူများ မရိပ်မိစေချင်သည့် လျှို့ဝှက်ချက်များကိုပါ တခါတည်းသိမ်းဆည်းသွားခဲ့လေသည်။ သူ့အား စိတ်ဝင်စား၍ အုတ်ဂူဖောက်မည်ဆိုလျှင်ပင် လွယ်လွယ်မရစေရန် မြေပုံကို ပညာသားပါပါ ဆွဲထားခဲ့လေသေးသည်။
“မယုံကြည်ချင်စရာကတော့ ဘာမှမရှိတော့ပါဘူး”
ချွန်းမြောင်က မြေပုံကိုတစ်ခါပြန်ကြည့်ပြီး ပြုံးလိုက်ပြန်သည်။
“ဆိုတော့ ဒါလေးတွေက အချက်ပြစကာလုံးလေးတွေပေါ့…”
ထိုအရာများက တခြားသောသူများအတွက် ခက်ခဲကောင်း ခက်ခဲပေလိမ့်မည်။ သို့သော် သူကမူ မည်သူနည်း။
ချွန်းမြောင်ပင်။
“ဟားဟား”
သူ့ကိုယ်သူ ချီးကျူးနေသည်က ထူးဆန်းသည်ဟု ထင်ရဖွယ်ရှိသော်လည်း သူက မည်သူနည်း…။ဂိုဏ်းကြီးကိုးဂိုဏ်းလုံးကပင် ကြောက်ရလေပြီး သူ၏မိခင်ဂိုဏ်းကြီးဖြစ်သော ဟွာဆန်းဂိုဏ်းကပင် ထိန်းမရသည့် ချွန်းမြောင်ပင်။ သို့ဖြစ်၍ အရှုပ်အထွေးအား မရှင်းနိုင်စရာ အကြောင်းမရှိပေ။
ချွန်းမြောင်သည် မြေပြင်ပေါ်မှ မျက်စိရှုပ်ဖွယ် မျဉ်းများကို ကြည့်လိုက် ပြုံးလိုက်နှင့် အချိန်အတော်ကြာ လုပ်နေပြီးမှ ကျေနပ်သောအပြုံးကြီးပြုံးကာ မြေပုံကို လက်မှချထားလေတော့သည်။
“ဒီထဲမှာ ရေးထားတာတွေက ဘာမှန်းတော့ ငါလည်း မသိဘူး”
ဟမ်…
“အား…ဒါကို ဘယ်လိုကို ကြည့်ကြည့် အဓိပ္ပါယ် ဖော်မရနေတာပဲ”
“ဒါက ငါတတ်နိုင်တဲ့ဟာမျိုး မဟုတ်ဘူး”
ငါ မတတ်နိုင်တော့ ငါ့နည်းပြနဲ့ ငါ့ဆရာတူအကိုကြီးတွေ ရှင်းကြပေါ့…..
“အဲ့ဒီတော့ ……”
ဝူတန်ဂိုဏ်းမှ လူများက မကြာမှီတွင် ပြန်လာကြတော့မည် ဖြစ်လေသည်။ မုဂျင်အား တိုက်ခိုက်ကာ မြေပုံကိုယူထားလိုက်သည်မို့ သေချာပေါက် ပြန်လာကြမည်ဖြစ်လေသည်။ ချွန်းမြောင်ကိုယ်တိုင်လည်း အများနှင့်တစ်ယောက် မတိုက်နိုင်သည်ကိုတော့ သေချာသိလေသည်။ ဇီးပန်းပွင့်သူရဲကောင်းဖြစ်စဉ်ကမူ ထိုသို့သောအခြေအနေကို အရေးလုပ်မည်မဟုတ်သော်လည်း ယခုတွင်မူ သူ၏သိုင်းပညာက အထိတ်အထိပ်သို့ မရောက်သေးပေ။
အင်း…ငါ သုံးရက်လောက်တော့ အချိန်ရဦးမယ် ထင်တယ်….
ဝူတန်ဂိုဏ်းမှ လူများသည် ဂိုဏ်းမကြီးသို့ ပြန်သည်နှင့် ပြန်လာရန် သုံးရက်ခန့် ကြာမည်ဟု ခန့်မှန်းမိလေသည်။ ထိုသုံးရက်မတိုင်ခင်မှာပင် သူ ဓါးသင်္ချိုင်းကို ရှာတွေ့ရန် လိုအပ်လေသည်။
“ငါတို့မှာ အချိန်အများကြီး မကျန်တော့ဘူးပဲ”
ချွန်းမြောင်က အတွေးနှင့် စတင်ကာ ပြေးလေတော့သည်။
အကယ်၍ သူသာ ဆေးဖော်စပ်နည်းကို ရခဲ့ပါက ဟွာဆန်းသည် ရှေ့သို့ ခြေတလှမ်းရောက်သွားပြီ ဖြစ်လေသည်။ ရှေ့ခြေတစ်လှမ်းရောက်သည်ကို လောကကြီးအား သိမ်းပိုက်ရန် ခြေလှမ်းအစလည်း ဖြစ်လေသည်။
“ငါ အရင်ဆုံးစားရမှ ဖြစ်မယ်”
ချွန်းမြောင်က အော်ဟစ်လိုက်လေပြီး သူ၏ သေးငယ်သော ဒန်တျန်လေးကို ပွတ်လိုက်လေတော့သည်။
အပိုင်း (၁၃၈)
ဒါကိုရဖို့ ငါသေရမယ်ဆိုရင်တောင် ငါရမှဖြစ်မယ် (၃)
“ သူ အခုထိပြန်မလာသေးဘူးလား”
“…”
“ငါတို့အခု သွားလို့မရသေးဘူးမို့လား”
ဘတ်ချုန်း၏ မျက်ခုံးများက တွန့်ချိုးနေလေသည်။
“ယွန်းဂျွန်”
“ဟုတ်ကဲ့…နည်းပြ”
“သူဘယ်သွားတာလဲဆိုတာ မင်းသိလား”
“သူ ဝူတန်ဂိုဏ်းက လူတွေနောက်ကို လိုက်သွားတာက အသိသာကြီးပဲလေ… အခုနေ ကျွန်တော်တို့လိုက်သွားရင် သူ့ကို လမ်းမှာတွေ့ရင် တွေ့နိုင်တယ်”
“ငါတို့ သူ့ကို တားနိုင်ကြလောက်လား”
“…”
ယွန်းဂျွန်က ထိုမေးခွန်းကို မဖြေပေ။
“သူ့ကို စောင့်နေလိုက်တာက ကျွန်တော်တို့အတွက် ပိုကောင်းမယ်ထင်တယ်…သူ ပြဿနာရှာလာမှာကို တွေးမိရုံနဲ့တင် ခေါင်းကိုက်နေပြီကို….တကယ်ကြီး ပြဿနာရှာနေတာကိုသာ တွေ့လိုက်ရလို့ကတော့ သေနိုင်လောက်တယ်”
“ငါ သိပြီ”
ချွန်းမြောင်အား ဘာမှမလှုပ်ရှားဘဲ စောင့်ဆိုင်းနေရသည်ကလည်း လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ အချိန်ကြာလေ ပြဿနာကြီးလေ ဖြစ်လာမည်ဟူသော ခံစားချက်များက အားလုံးရနေကြလေသည်။ အားလုံးက ချွန်းမြောင်၏အကြောင်းကို နောကြေနေပြီဖြစ်၍ စိုးရိမ်နေကြသည်ကလည်း ပါသည်။
ဘတ်ချုန်းက သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
“ငါ့မလဲ… အတိတ်ဘဝက ဘယ်လိုအပြစ်တွေ လုပ်ခဲ့လို့ ဒီလိုလူမျိုးရဲ့ နည်းပြလာဖြစ်နေရတာလဲ”
ချွန်းမြောင်သည် ဟွာဆန်း၏ ဂုဏ်ကို ဆောင်ပေးသည်နှင့်အမျှ ဆိုးသွမ်းကာ ထိန်းမနိုင်သည်ကလည်း အားလုံးအသိပင်။ ဟွာဆန်းတွင် သူ့စိတ်ကြိုက်ပင် နေထိုင်လေပြီး တတိယတန်းတပည့်များသာမက ဒုတိယတတန်းတပည့်များကို ချုပ်ကိုင်ထားလေသေးသည်။ သို့သော်လည်း ချွန်းမြောင်က ဟွာဆန်းတွင်လည်း မရှိ၍မဖြစ်ပေ။ ဘတ်ချုန်းအနေနှင့် ချွန်းမြောင်မရှိသော ဟွာဆန်းနှင့် ချွန်းမြောင်ရှိသော ဟွာဆန်းဆိုလျှင် မည်သို့သော ပြဿနာများ ရှိနေပါစေ ချွန်းမြောင်ရှိသော ဟွာဆန်းကိုသာ ရွေးမည်ဖြစ်လေသည်။
ချွန်းမြောင်သည် ကြမ်းတမ်းကာ သူ၏နည်းလမ်းများက ရက်စက်သော်လည်း သူသည်က ဟွာဆန်း၏ မရှိမဖြစ်ပင်။
“သူ တစ်ခုခုများ ကြီးကြီးမားမား ထိခိုက်မိနေတာတော့ မဟုတ်ပါဘူးနော်”
ဂျိုဂု၏စကားကြောင့် ဘတ်ချုန်းနှင့် ယွန်းဂျွန်က ဂျိုဂုအား ကြည့်လာကြလေသည်။ ထိုသို့ ကြည့်ခံလိုက်ရသောဂျိုဂုကမူ ရှင်းလင်းချက်များ ထုတ်နေလေပြီဖြစ်၏။
“အာ…မဟုတ်ဘူးလေ ကျွန်တော်က သူ ဘာပြဿနာမှ မရှိလောက်ဘူးမို့လားလို့ မေးချင်တာကို…
သူက သူရှာတဲ့ပြဿနာကို သူရှင်းနိုင်မှန်းတော့ ကျွန်တော်သိပါတယ်….အမြဲတမ်းလည်း သူ့ပြဿနာ သူရှင်းနေတာပဲကို”
“သူ ပြဿနာရှာပြီး တစ်ခုခုဖြစ်ခဲ့ရင်လည်း ငါတို့ကူရုံပေါ့”
“အင်း…”
ဂျိုဂုက စကားဆက်ချင်သေးသော်လည်း ဆက်မပြောသင့်ဟု ယူဆသည်မို့ ဆက်မပြောတော့ပေ။
ဤသို့သော အခြေအနေမျိုးက သူကိုင်တွယ်တတ်သည့် အနေအထား မဟုတ်ပေ။
ဂျိုဂုသည်က အကျိုးအမြတ်ကို တွက်ချက်တတ်သော ကုန်သည်မျိုးရိုးက ဆင်းသက်လာသူတစ်ယောက် ဖြစ်လေသည်မို့ အရှုံးအမြတ်တွက်သော ဗီဇက သူတွင် ရှိလေသည်။ ချွန်းမြောင်ဆိုသည်က သူနှင့် ဟွာဆန်း နှစ်ဦးလုံး အကျိုးမရှိလျှင် အလုပ်မလုပ်တတ်သည့်သူမို့ ချွန်းမြောင်လုပ်နေသည့်အရာများကို တားဆီးရန် သူ့တွင် ဆန္ဒမရှိပေ။ အားပေးအားမြောက်သာ လုပ်လိုလေသည်။
သို့သော်လည်း ဘတ်ချုန်းနှင့် ယွန်းဂျွန်တို့၏ စိတ်ပူနေပုံများကို ကြည့်ကာ ပါးစပ်ကို ပိတ်ကာနေလိုက်ရလေသည်။ အနည်းငယ်မျှ လက်လွတ်စပယ် ဆက်ကာပြောလျှင် ရိုက်ခံရတော့မည်ဟူသော အငွေ့အသက်များ ရနေလေသည်။
ထို့နောက်တွင်မူ ဂျိုဂု ဘေးသို့လှည့်ကာကြည့်လိုက်လေသည်။
ယုရီဆိုးကမူ စားပွဲတွင် အေးအေးလူလူပင် ထိုင်ကာ လက်ဖက်ရည်သောက်နေလေသည်။
သူမကတော့ တော်တော်လေးကို ထူးခြားတဲ့သူပဲ….
ယခုနှစ်များထဲတွင် ထူးထူးခြားခြားပြောင်းလဲသွားသူကတော့ ယုရီဆိုးပင်။
သူမသည် သူမ၏ ဆရာတူအကိုများ ၊အမများနှင့် အခြားသူများကို လုံးလုံးပင် စိတ်ဝင်စားမှုမရှိသော်လည်း ချွန်းမြောင်ကိုမူ မတူချေ။ ချွန်းမြောင်သည် သူမ၏ တခြားသောတဖက်ခြမ်းကို မြင်ခွင့်ရှိသူဖြစ်ပြီး တမူထူးခြားကာ ဆက်ဆံခံရသူလည်း ဖြစ်ပေသည်။
ယုရီဆိုးသည် တနှစ်ထက်တနှစ်လည်း ပိုမိုကာ ချောမောလာပြီး အပြုံးလေးတစ်ပွင့်နှင့်ပင် သူမ ရှေ့မှောက်ဒူးထောက်ချင်စရာပင် ။ ဂျိုဂုသာ ချွန်းမြောင်ဆိုပါက သူမ၏ ကြမ်းတမ်းသော လေ့ကျင့်ရေးအားလုံးကို ကင်းလွှတ်ခွင့် ပေးလိုက်မည်ဟု တွေးမိလေသည်။ သူမလေးအား သူနည်းနည်းပင် လျစ်လျူရှုနိုင်မည် မထင်ပေ။
ယခုတွင်လည်း ယုရီဆိုးသည် ချွန်းမြောင်ထွက်သွားသည့်အချိန်မှစ၍ စကားမပြောပေ။ တခြားသူများရှိသေးသည့်တိုင် မလှုပ်မယက် ငုတ်တုတ်ပင် နေလေသည်။ သူမသည် တံခါးကိုသာ မျှော်ကြည့်နေပြီး ချွန်းမြောင်အလာကို စောင့်မျှော်နေသည့်ပုံပင်။
"အာ.."
ဂျိုဂု ချက်ချင်းဆိုသလိုပင် ယုရီဆိုးကြည့်နေရာ တံခါးသို့ လှည့်ကြည့်လိုက်လေသည်။
ဘမ်း…
တံခါးတွင် အက်ကွဲရာများက ပေါ်လာလေပြီး တံခါးကြီးက ပွင့်သွားလေသည်။
တံခါးကြီးက အက်သွားသည်ကိုကြည့်ကာ ယွန်းဂျွန် မျက်ဖြူလန်သွားလေ၏။
ငါ သူ့ကို တံခါးကိုကန်မဖွင့်ဖို့ ပြောနေတာ အကြိမ်တစ်ရာမကတော့ဘူး ….
ချီးလေးက ..အေးလေ...စကားနားထောင်ရင်လည်း အဲ့တာချွန်းမြောင်မဟုတ်တော့ဘူး…
အားလုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသော်လည်း ချွန်းမြောင်မှန်းသိသည့်အခါတွင်မူ ပုံမှန်ပင် ပြန်ဖြစ်သွားကြလေသည်။ ချွန်းမြောင်ကမူ ယခင်အချိန်များထက် အလျင်လိုနေပုံရလေသည်။ ဝင်လာသည်နှင့် သူ့အားကြည့်နေသူအားလုံးကို ဆူပုတ်နေသောမျက်နှာကြီးနှင့် အော်လေတော့သည်။
“လာကြ..လာကြ..အားလုံး ဒီနားမှာစုကြ”
ငါတို့က အစကတည်းက စုနေပြီးသားလေ ခွေးလေးရယ့်….
အားလုံးက အလျင်စလိုဖြစ်နေသော ချွန်းမြောင်အား ကြည့်နေကြသည့်အချိန်မှာပင် ချွန်းမြောင်က သူ၏အင်္ကျီလက်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်လေသည်။
“ဟင်”
ဘတ်ချုန်းက မျက်မှောင်ကြုတ်သွားပြီး စားပွဲပေါ်တွင် တင်ထားသော အရာကို သေချာကြည့်လိုက်လေသည်။
“ဒါက ဘာလဲ”
“ရတနာ မြေပုံ”
“ရတနာမြေပုံလား…ကြည့်ရတာ အချက်ပြသင်္ကေတတွေလို ဟာကြီးလားလို့”
“ဟုတ်တယ်”
“ဒါက ဘာအတွက်လဲ”
“ကျွန်တော်တို့ ဒါကို အဖြေရှာဖို့ လိုတယ်”
“ဒါကိုလား”
“ဟုတ်တယ်”
“ဘယ်သူက ရှာရမှာလဲ”
“ဘယ်သူရမှာလဲ…ဒီလောက်သိသာနေတာကြီးကို… နည်းပြတို့နဲ့ ဆရာတူအကိုကြီးတို့ပေါ့”
ဘတ်ချုန်း မျက်လုံးပြူးသွားရလေပြီ ဖြစ်သည်။
ချွန်းမြောင်က ဝူတန်ဂိုဏ်းသားများကို ပညာပေးရန်ဟူ၍ ထွက်သွားလေပြီး ယခုတွင်မူ အမည်မသိသော မြေပုံတစ်ချပ်နှင့် ပြန်လာကာ သူတို့အား ထိုမြေပုံကို အဖြေထုတ်ခိုင်းနေလေသည်။ မြေပုံတွင်က အမျိုးအမည်မသိသော မျဉ်းကြောင်းများစွာ ရေးဆွဲထားပြီး ဖြေရှင်းရန် လွယ်မည်မထင်ပေ။
ဘတ်ချုန်း ချွန်းမြောင်အား မျက်စောင်းထိုးကာ ဒေါသတကြီးနှင့် ငေါက်ငမ်းလေတော့သည်။
“အစကနေ သေချာရှင်းပြစမ်း…ဘာတွေ ဖြစ်ခဲ့ပြီး ဒါကြီးက ပါလာတာလဲဆိုတာ”
“ကျွတ်…ကျွန်တော် မအားပါဘူးဆိုနေမှ…တစ်ခါပဲရှင်းပြမယ်..သေချာနားထောင်..”
ချွန်းမြောင် လျင်လျင်မြန်မြန်ပင် ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်လေသည်။
“ယာ့ဆွန်းရဲ့ သင်္ချိုင်း ဟုတ်လား”
“ဟုတ်တယ်”
“အဲ့ဒီဆေးလုံးတွေက လွန်ခဲ့တဲ့နှစ်နှစ်ရာကျော်က ဆရာကြီးက ဖော်စပ်ထားတာပေါ့”
“အင်း”
“ဒါဆို ဒီမြေပုံက အဲ့ဒီအုတ်ဂူကို လမ်းပြပေးတာပေါ့…ဟုတ်လား”
ချွန်းမြောင်က ခေါင်းဆောင် မုဂျင်ကို အနိုင်တိုက်ခဲ့တာပေါ့…
သန့်စင်ပန်းပွင့်ဓါးသိုင်းခေါင်းဆောင်ကိုတောင်လေ…ပြီးတော့မှ မြေပုံကို လုလာခဲ့တာပေါ့….
ဓါးသုံးဖော်ထဲက တစ်ယောက်ဖြစ်တဲ့ မုဂျင်ကိုတောင်လေ…
ဘတ်ချုန်း ချွန်းမြောင်အား မအံဩ၍ မနေနိုင်ပေ။
သူက ဘာတွေတွေးပြီးတော့များ လုပ်ခဲ့တာလဲ…
မုဂျင်အား အနိုင်တိုက်ကာ မြေပုံအား လုလာခဲ့သည်က အားလုံးကိုလည်း အံဩတုန်လှုပ်စေသည်။ တတိယတန်းကလေးတစ်ယောက်သည် ဝူတန်၏ပထမတန်းတပည့်တစ်ယောက်ကို အနိုင်တိုက်ခဲ့သည်ကို သူတို့မှမဟုတ် တခြားသူများလည်း ယုံရန် ခက်ခဲကြလိမ့်မည်။ မုဂျင်ကို အလဲထိုးခဲ့ရုံသာမက ချွန်းမြောင်ကမူ ဒဏ်ရာဒဏ်ချက်တစ်ခုတစ်လေပင် ရှိမနေပေ။ မည်မျှ အံ့အားသင့်ဖွယ် ဖြစ်သနည်း…. ။သို့သော်လည်း ချွန်းမြောင်၏အရည်အချင်းကို သိသည်မို့ သူတို့ လက်ခံနိုင်သွားကြလေသည်။
အမှန်တကယ် ပြဿနာကြီးက သူတို့လက်ဝယ် ရောက်ရှိနေပြီ မဟုတ်ပါလား…
“ဆိုတော့ မင်းက ဒါကို သန့်စင်ပန်းပွင့်ဓါးသိုင်းပိုင်ရှင်ဆီက ခိုးလာတာပေါ့”
“အင်း”
“မုဂျင်ဆီကလေ”
“အာ…ပြောပြီးပြီးလေ…ထပ်ကာထပ်ကာ ပြောနေရမှာလား…ဟုတ်ပါတယ်ဆို”
ချွန်းမြောင်က အော်လိုက်သည့်အခါတွင်မူ ဘတ်ချုန်းကလည်း စိတ်မထိန်းနိုင်တော့ပေ။ ထကာ အော်လေတော့သည်။
“ဟမ်…ရူးရူးနှမ်းနှမ်းနဲ့ မျိုးမစစ်လေး….မင်းလုပ်ခဲ့တာကို ဘာထင်နေတာလဲ… ဝူတန်ဂိုဏ်းဆီကနေ ဓါးပြတိုက်လာတယ်… သူတို့ ပြန်လာရင် မင်းဘယ်လိုရင်ဆိုင်မှာလဲ… သူတို့ကလည်း သွေးမျက်ရည်ကျရင်တောင် သေချာပေါက် ပြန်လာမယ့်ကောင်တွေကို”
“အာ…ဟုတ်ပါပြီ….သိပါပြီ…ကျွန်တော့်အထင်ပြောရရင်တော့ သူတို့ကျွန်တော်လို့ သိမယ်မထင်ပါဘူး…
ကျွန်တော် မျက်နှာကို အဝတ်စည်းထားတယ်လေ”
“မင်း မျက်နှာကို အဝတ်စည်းထားရုံနဲ့ ဘယ်သူက မမှတ်မိဘဲနေမှာလဲ….သူတို့မျက်လုံးတွေက အလှတပ်ထားတယ်လို့ပဲ မင်းထင်နေတာလား… သူတို့ကို ကန်းနေတယ်လို့များ ထင်နေတာလား”
အားလုံးက ချွန်းမြောင်အား စိတ်ကုန်သောအကြည်နှင့်ကြည့်လာလေသည်။ ဝူတန်ဆိုသည်က မည်သို့သော ဂိုဏ်းမျိုးမှန်းကို သိလျက်နှင့်ပင် ရန်စရဲလေသည်။ ရှောင်လင်ဂိုဏ်းနှင့် ဝူတန်ဂိုဏ်းသည် အထွတ်အထိပ်တွင် ရှိနေကြသောဂိုဏ်းများဖြစ်လေပြီး ဟူးပေ တခွင်ကို အုပ်စိုးထားကြသူများလည်း ဖြစ်လေသည်။ ဟွာဆန်းနှင့်သာ ရန်သူဖြစ်လာပါက ဟွာဆန်းအား တစမကျန် ရိုက်ချိုး ဖျက်စီးပစ်ရန်လည်း ခက်ခဲကြမည့်သူများ မဟုတ်ပေ။
ဟွာဆန်းအနေနှင့် တိုးတက်လာပြီ မှန်သော်လည်း ဝူတန်ကိုမူ ပြန်လည်အံတုနိုင်သည့် အနေအထား မရှိသေးပေ။ ယခုအချိန်တွင် ပဋိပက္ခများကိုရှောင်ကာ သင့်မြတ်စွာပင် နေထိုင်သင့်နေလေသေးသည်။
လက်အောက်ခံဂိုဏ်းကို ကာကွယ်ခြင်းကြောင့် အချင်းများရသည်က သင့်တော်သေးသော်လည်း ဓါးပြတိုက်ခဲ့၍ ပြဿနာဖြစ်ကြသည်ဆိုသည်ကမူ အဆင်မပြေပေ။
ငါတော့ ကျားဖင်နှိုက် ကျားကိုက်သာ သေလိုက်ချင်တော့တယ်…..
ဘတ်ချုန်း၏ နားထဲတွင် ချွန်းမြောင်၏ အသံက တဝဲလည်လည်ဖြစ်နေပြီး လက်ရှိပြဿနာအား မည်သို့ရှင်းရမည်ပင် မသိတော့ချေ။
“အဲ့တာ အရေးမကြီးပါဘူးး”
“အရေးမကြီးဘူး …ဟုတ်လား”
“နည်းပြ”
“ဘာလဲ”
ချွန်းမြောင်က ဘတ်ချုန်းကို ကြည့်ကာ ပြောလာလေသည်။
“ဒါကို ပြန်ပေးလိုက်ရမလား”
“…”
ဘတ်ချုန်း မည်သို့ပြန်ပြောရမည်ပင် မသိတော့ချေ။
ဘတ်ချုန်း မြေပုံကို ကြည့်လိုက်လေသည်။
ယာ့ဆွန်း၏ အုတ်ဂူ…
ထိုအုတ်ဂူထဲတွင် ဆေးလုံးအချို့ကတော့ အမှန်တကယ် ရှိနေမည်ပင်။ သူတို့ ထိုဆေးလုံးများကို လျစ်လျူရှုကာ မြေပုံကို ပြန်ပေးလိုက်လေသင့်သလား….သို့မဟုတ် မြေပုံကို အဓိပ္ပါယ်ဖော်ကာ ဆေးလုံးများကို သူတို့ဟွာဆန်းအတွက် ယူလိုက်သင့်လေသလား သူမသိတော့ပေ။
မည်သို့ပင် ပြုလုပ်စေကာမူ မြေပုံကို လုယူလာခဲ့ပြီးပြီဖြစ်၍ ပြဿနာကိုကတော့ ရှင်းရတော့မည် ဖြစ်လေသည်။ တစ်တက် စားလည်း ကြက်သွန်၊ နှစ်တက် စားလည်း ကြက်သွန်ပင်။ ဘတ်ချုန်း မထူးဇာတ်ခင်းရန် ဆုံးဖြတ်လိုက်ချင်တော့သည်။
“သေချာလည်း တွေးကြည့်ကြပါဦး...လုံခြုံတဲ့ဘဝလေးမှာပဲ တသက်လုံးတိုးတက်မှု မရှိနေသွားမလားဆိုတာ...တခါတလေက အသိစိတ်ကို ဘေးချပြီး လုပ်ရတာမျိုးတွေလည်း ရှိပါသေးတယ်...လောင်းကစားလုပ်တဲ့ အချိန်တွေလိုမျိုးပေါ့.... ဘာမှ တွေးတောမနေဘဲနဲ့ အကုန်လုံးကို စိတ်အလိုတိုင်း လုပ်ပစ်တာမျိုးပေါ့”
“တကယ်လို့ ငါတို့ မအောင်မြင်ခဲ့ရင်ရော”
“မဟုတ်ဘူး...အဲ့လိုဆိုလည်း အောင်မြင်မယ်ဆိုတဲ့ အခွင့်အရေးတော့ ရှိသေးတာပဲလေ”
“...”
“စွန့်စားမှုများများ လုပ်လေ ၊ ပြန်ရတဲ့အမြတ်အစွန်းကများလေပဲ...
ကျွန်တော်တို့ ကြိုးစားပြီး လုပ်ကိုင်ရမယ့်အရာတွေ့ရင် အသက်သေရင်သေပါစေဆိုတဲ့စိတ်နဲ့ ကြိုးစားရမယ်... အဲ့လို ကြိုးစားရင် အောင်မြင်နိုင်မယ်လို့ မထင်ကြဘူးလား”
“အင်း”
ဘတ်ချုန်း ခေါင်းကို ပြင်းထန်စွာကုတ်လိုက်လေသည်။
ချီးပဲ..
ဤသည်က ဂိုဏ်းအတွက် လုပ်ဆောင်ရသည့် အလောင်းအစားပင်။ ဟွာဆန်းအတွက် ထိုဆေးလုံးများက လိုကိုလိုအပ်နေသည့် အနေအထားပင် ။ ထိုဆေးလုံးများကို ရခဲ့လျှင် ဟွာဆန်း၏ ပြဿနာတွေထဲမှ အကြီးဆုံးပြဿနာ တစ်ခုကို ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။
ဟွာဆန်း၏ လက်ရှိပြဿနာသည်က သိုင်းပညာအဆင့်မြင့်တက်ရေးအတွက် လိုအပ်သော ကြံ့ခိုင်မှုမရှိကြခြင်းပင်။ လေ့ကျင့်ရေးများက သန်မာစေသည်မှန်သော်လည်း အတွင်းစွမ်းအားများက တိုးတက်လာခြင်း မရှိကြ၍ ခရီးက ရောက်သင့်သလောက် မရောက်ဖြစ်နေလေသည်။ ဟွာဆန်းမှဂိုဏ်းသားများသည် သန်မာသည်မှန်သော်လည်း တခြားဂိုဏ်းများမှ ဆေးလုံးများကို စားသုံးကြသည့် ဂိုဏ်းသားများ၏ သန်မာမှုနှင့် လက်ရည်တူပင် ဖြစ်လေပြီး တမူထူးခြားကောင်းမွန်နေခြင်း မရှိပေ။
သူတို့မည်မျှပင်ကြိုးစားစေကာမူ ဝူတန်ဂိုဏ်းမှလူများနှင့် ရှောင်လင်ဂိုဏ်းမှ လူများ၏ သန်မာမှုကိုမူ လိုက်မမှီနိုင်ကြပေ။ ဆေးလုံးများ မှီဝဲခြင်းမရှိပါက ဘယ်သောအခါမှလည်း လိုက်မှီမည် မဟုတ်ပေ။
သူတို့၏ အတွင်းချီစွမ်းအင်များ တိုးတက်စေရန်က ဆေးလုံးများ စားသုံးပေးမှသာ အဆင်ပြေမည်ဖြစ်လေသည်။
အင်း...အဲ့လိုဆိုရင် ကြာလာရင် ငါတို့တွေကြားထဲက ကွာဟမှုတွေက ပိုပြီးတော့ များလာတော့မှာ...
သူတို့လက်လျော့လိုက်၍ ဝူတန်ဂိုဏ်းက ထိုဆေးလုံးများကို တွေ့သွားခဲ့ပါက အခြေအနေက ယခုထက်ပိုဆိုးကာ သန်မာမှုက အတော်လေးပင် ကွာခြားသွားကြပေလိမ့်မည်။
ဘတ်ချုန်း ဆုံးဖြတ်ရခက်နေပြီ ဖြစ်လေသည်။ စားရမည်ကလည်း သဲနှင့်တရှပ်ရှပ် ၊ ပစ်ရမည်ကလည်း အဆီနှင့်တဝင်းဝင်း ဆိုသလိုပင်။ ဤသို့ ထိုသို့နှင့် ဟွာဆန်းက အားလုံး၏နောက်ဆုံးသို့ တဖန်ပြန်ရောက်သွားမည်ကိုလည်း စိုးရိမ်မိလေသည်။
ဘတ်ချုန်း မျက်လုံးများပင် နီရဲနေပြီဖြစ်လေသည်။
“အား...ငါ ဒီအခွင့်အရေးကို ဘယ်လို လက်လွှတ်ရမှာလဲ...ချီးပဲ...”
ဘတ်ချုန်း၏ ထိုစကားကြောင့် နောက်တွင်စောင့်နေသော ဂျိုဂုက ဝင်ပြောလေသည်.
“အာ့ဆို...လုပ်လိုက်ကြရအောင် နည်းပြ”
“မင်းတို့ ထပ်ပြီး...”
“ကျွန်တော်တို့မှာ အချိန်မရှိဘူး... အခုအချိန်မှာတောင် ဝူတန်ဂိုဏ်းက လူတွေက သူတို့ရဲ့ ပင်မဂိုဏ်းကြီးကို ပြန်နေကြပြီ..... ပြီးတာနဲ့ သူတို့က အင်အားအလုံးအရင်းနဲ့ ပြန်ဆင်းလာကြတော့မှာ....အဲ့လိုဆိုရင် သွားပြီပဲ...ကျွန်တော်တို့ ရတနာတွေရှိတဲ့နေရာကို သူတို့မရောက်ခင်ရောက်နှင့်မှ ဖြစ်မယ်”
ယွန်းဂျွန်ကမူ ဝင်မပြောပေ။ တိတ်ဆိတ်ကာ တွေးတောနေကာ ချွန်းမြောင်ကိုပင် ကြည့်နေလေသည်။ ဤနေရာတွင် ဆုံးဖြတ်ခွင့်ရှိသူက ဘတ်ချုန်းသာလျှင် ဖြစ်လေသည်။
ဘတ်ချုန်း၏ မျက်လုံးများကမူ အမျိုးမည် ဖော်မရသော အရိပ်အယောင်များ ဖုံးလွှမ်းနေလေသည်။
“ချွန်းမြောင်”
“ဟုတ်ကဲ့..နည်းပြ”
“ဒါကို ဖော်ထုတ်ရုံနဲ့ ရပြီလား....တကယ်လို့ ငါတို့က ဒါကိုဖော်ထုတ်ပြီးပြီ ထားပါတော့ တခြားထောင်ချောက်တွေ ရှိလာနိုင်သေးလား”
“အား...ဒါကိုသာ အဖြေထုတ်လိုက်ပါဆို....ကျန်တာအားလုံး ကျွန်တော့်တာဝန်ထား”
“မင်း သေချာတယ်နော်”
“နည်းပြ...ကျွန်တော်က ချွန်းမြောင်ပါ...မသေချာရင် ဘာမှ မလုပ်ဖူး”
“ အဲ့လိုလား..”
“ချီးပဲ... ငါလည်း ယောက်ျားတစ်ယောက်ပဲ...ဝူတန်ကလည်း ဒီကိစ္စကို လွယ်လွယ်လက်လျော့မှာ မဟုတ်ဘူးဆိုတာသိတယ်... ဂိုဏ်းချုပ်က ငါ့ခေါင်းကို ဖြုတ်မယ်ဆိုရင်တောင် ငါလည်း ဒါကိုရချင်တယ်”
ဘတ်ချုန်း ခေါင်းကိုလှည့်ကာ ဆုံးဖြတ်ချက်ချလိုက်လေသည်။
“ယွန်းဂျွန် ..ဂျိုဂု...ယု ဆရာတူညီမလေး”
“ဟုတ်ကဲ့..နည်းပြ”
“ငါတို့ ဒီညကစပြီး ဒီမြေပုံကို ဖော်ထုတ်ဖို့ လုပ်လို့ရတာ အကုန်လုပ်ကြမယ်”
“ဟုတ်ကဲ့”
ဟွာဆန်းမှ ဂိုဏ်းသားများ၏ မျက်လုံးများသည် တလက်လက်တောက်ပလာကြလေတော့သည်။
နှစ်နှစ်မျှဟူသော အချိန်နှင့်ပင် ချွန်းမြောင်နှင့် ကလေးများက တသားတည်းဖြစ်လုနီးပါး ဖြစ်လာကြပြီ ဖြစ်လေသည်။
“ဝူတန်ဂိုဏ်းမရောက်ခင် ငါတို့ အရင်ရောက်နှင့်ပြီး ရတနာတွေကို ရထားမှ ဖြစ်မယ်...စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်း ဆေးလုံး”
“စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်း ဆေးလုံး”
“စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်း ဆေးလုံး”
ယွန်းဂျွန်နှင့်ဂျိုဂုက မြေပုံအား ဝင်းလက်နေသော အကြည့်များနှင့်ကြည့်လိုက်လေပြီး ထိုသမိုင်းဝင်ဆေးလုံးများကို ရကိုရရမည်ဟု စိတ်ဆုံးဖြတ်ထားလိုက်ကြလေတော့သည်။
ချွန်းမြောင်ကမူ စိတ်တက်ကြွနေသောသူများကိုကြည့်ကာ တပြုံးပြုံးပင်။
အင်း...သူတို့လေးတွေတောင် အရွယ်ရောက်လာကြပြီပဲ...
ဟုတ်တယ်မို့လား..ဆရာတူအကိုကြီး”
ချွန်းမြောင်သည် ဟွာဆန်းမှဂိုဏ်းသားများကို သူ့ပုံစံအတိုင်း အောင်မြင်စွာပုံသွင်းနိုင်ခဲ့ပြီ ဖြစ်လေသည်။