← Chapters

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အပိုင်း(၁၄၈)

ငါ့ပစ္စည်းကိုထိတဲ့ ဘယ်သူမဆို အသေပဲ(၃)

"ဟူးဟူးဟူး...ဒီကလေးတွေကတော့...."

ပူဆွေးသရဲ လူသတ်သမားသုံးဖော်အဖွဲ့ထဲမှ အကိုကြီးဆုံးဖြစ်သူ

အရိပ်မဲ့ပူဆွေးသရဲ က ဟွာဆန်းဂိုဏ်းသားလေးများကို မျက်‌လုံးနီကြီးနှင့် လိုက်ကာ ကြညိ့နေလေ၏။

"ဘဝရဲ့ အတွေ့အကြုံဆိုတာ မရှိတော့ ဘာ အရည်အသွေးမှ မရှိဘဲနဲ့ ဒီလိုနေရာကို ရတနာရှာဖို့အတွက်နဲ့ လာရဲတယ်....ဆိုတော့လည်း ဒီလူအိုကြီးက မင်းတို့ကို သက်သက်ညှာညှာနဲ့ပဲ သေရအောင် လုပ်ပေးလိုက်ပါ့မယ်"

ဓါးသင်္ချိုင်းထဲတွင် မဟုတ်လျှင်မူ သူ့အနေနှင့် ထိုကလေးများကို မသတ်ဘဲ လွတ်ပေးလိုက်မည် ဖြစ်လေသည်။ ဟွာဆန်းဂိုဏ်းဆိုသည်က ယခုမှပင် ပြန်ကာ နလန်ထလာသော ဂိုဏ်းဖြစ်၍ မရက်စက်ချင်ပေ။ သို့သော် ယခုအရေးကမူ ဓါးသင်္ချိုင်းအတွင်းရှိ ရတနာဖြစ်၍ မသက်ညှာနိုင်တော့ပေ။ တစ်ဦးသေလျှင် တစ်ရန် ရှင်း၏။

ထို့အပြင် အတူပါလာသော သူတောင်းစားဂိုဏ်းမှ လူများကမူ အတော်လေးပင် စိတ်ရှုပ်စရာမို့ တခါတည်းပင် ပေါင်း၍ ဇီဝိန်ချုပ်ပေးရန် တွေးလိုက်လေသည်။

ဓါးသင်္ချိုင်းထဲတွင် ဖြစ်သည့်ကိစ္စသည် အပြင်သို့ ပေါက်ကြားမည်မဟုတ်၍ မည်သူအသက်ဆုံးသည်ဖြစ်စေ လက်သည်က ပေါ်မည်မဟုတ်ပေ။ ဤသည်ကလည်း ကလေးများကို နိဂုံးချုပ်ပေးလိုက်ရန် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်နေလေတော့၏။

တစ်ယောက်လျော့လည်း တစ်ယောက်ပဲ...

သူ ကျေနပ်စိတ်အပြည့်နှငိ့ နှုတ်ခမ်းကိုကိုက်လိုက်ပြီး သူ၏ အပြာရောင် တလက်လက် တောက်ပနေသောအရိုးဓါးကို ဆွဲထုတ်ကာ ညှင်းသွဲ့သွဲ့ ရယ်လိုက်လေသည်။

"မင်းတို့တော့ လောဘတက်လို့ ဘဝဆုံးရတော့မယ်...ခစ်ခစ်ခစ်"

"သူတို့ရဲ့ မျှော်လင်ချက် ရောင်ခြည်လေးတွေ ပျက်သုန်းကုန်လို့ နောင်တကိုယ်စီလည်း ရနေကြတော့မှာပဲနော်"

အကိုဖြစ်သူကို ဘေးမှ ညီဖြစ်သူကပါ အားပေးကာ လက်နက်ကိုယ်စီ ထုတ်ပြီး ဟွာဆန်းမှ ကလေးများကို ခြိမ်းခြောက်လိုက်ကြလေသည်။

သို့သော်...

နေပါဦး ...အခု သူတို့က ဘာလို့ဒီလိုပဲ ဖြစ်နေကြတာလဲ....

ပူဆွေးသရဲ လူသတ်သမားသုံးဖော်ဆိုသည်က ဟိုနန်နယ်မြေတွင် နာမည်ဆိုးနှင့်ကျော်ကြားသော အဖွဲ့တစ်ဖွဲ့ ဖြစ်လေပြီး သူတို့၏အမည်ကို ကြားရုံနှင့်ပင် ငိုနေသော ကလေးပင် အငိုတိတ်သွားသည်ဟု ဆိုကြလေ၏။

သို့သော် ယခုတွင်မူ သူတို့က ခြိမ်း‌ခြောက် နေသည်ကို မည်သူကမှ မလှုပ်ကြပေ။ ဓါးပင် ဆွဲထုတ်ခြင်း မရှိကြ။ ဆူပုတ်ပုတ် မျက်နှာထားများနှင့်သာ ကြည့်နေကြလေသည်။

"ဟင့်..သူတို့ငယ်ငယ်တုန်းကတော့ ငါတို့ကို ကြောက်ခဲ့မှာပါ"

"ဟေ့"

ယွန်းဂျွန်က ထိုညီအကိုကို ကြည့်ကာ သက်ပြင်းချပြီး ပြောလိုက်လေ၏။

"ခင်ဗျားတို့ ပြောချင်တာကို နားလည်ပါတယ်..ဒါပေမယ့် အခြေအနေလေးကိုတော့ ပြန်ကြည့်ဦးလေ"

"ဘာ"

"ဒီ စိတ်ကြီးဝင်နေတဲ့ သောက်ကလေးတွေကတော့"

"အာ..အဲ့လို ပြောတာမဟုတ်ဘူးလေ...မသိတော့ဘူးကွာ...ကြိုက်သလိုသာ လုပ်တော့"

"မင်းတို့ကို သေအောင်ရိုက်တဲ့အချိန်ထိ မင်းတို့ ဒီလိုစကားပြောနိုင်သေးလား ငါကြည့်မယ်"

ဘမ်း....

ရုတ်တရက်ဆိုသလိုပင် ကျယ်လောင်သောအသံကြီးက သူတို့နောက်မှ ထွက်လာသည်မို့ အရိပ်မဲ့ပူဆွေးသရဲက လန့်ဖြတ်သွားလေ၏။

ဘာ...ဘာလဲဟ...

လူစိမ်းတစ်ယောက်က သူတို့၏နောက်တွင် ရောက်ရှိနေ‌လေ၏။

ဟမ်...နေပါဦး...ငါ့ညီကရော ဘယ်ရောက်သွားတာတုန်း....

အရိပ်မဲ့ ပူဆွေးသရဲက သူ့နံဘေးတွင် ရပ်နေရင်းမှ ရုတ်တရက်ပျောက်သွားသော သူ၏ညီကို ဟိုဟိုဒီဒီ လိုက်ကာကြည့်လေတော့ ရောက်လာသောလူစိမ်း၏ ခြေထောက်အောက်တွင် ရုန်းကန်ရင်း ညည်းညူနေသော သူ၏ညီကို တွေ့လိုက်ရလေသည်။ ရုန်းကန်နေရသော ညီဖြစ်သူ၏ မချိမဆန့်မျက်နှာကို ကြည့်ကာ သူရင်နာသွားရလေတော့သည်။ သူ၏ညီငယ်ကမူ အသက်ထွက်မတတ် ဖြစ်နေလေပြီ။ အရိမ်မဲ့ပူဆွေးသရဲက ဒေါသတကြီးနှင့် ဓါးကိုဆွဲထုတ်ကာ ထိုလူစိမ်းအား ကြည့်လိုက်လေ၏။

နေပါဦး...သူကပြန်ပြီး ငါ့ကို စိတ်တိုနေတာလား...

ဘယ်လိုတောင် ဒေါသထွက်နေတာလဲဟ...

အရိပ်မဲ့ပူဆွေးသရဲက စကားစပြောရန် ပြင်လိုက်စဉ်မှာပဲ ချွန်းမြောင်က စကာ ပြောလာလေ၏။

"ဒီလူတွေက ဘယ်သူတွေလဲ"

"…"

ဒီ သောက်ကလေးက ငါတို့ကို ဘယ်သူမှန်း မသိဘူးပေါ့....

အဖြစ်အပျက်များကို ဘေးတွင်ရပ်ကာကြည့်နေသော ဘတ်ချုန်းက မနေနိုင်စွာဖြင့် ဝင်ပြောလေတော့သည်။

"သူတို့က ဟိုနန်က ...ပူဆွေးသရဲ လူသတ်သမားသုံယောက်လို့ခေါ်တဲ့သူတွေ"

ချွန်းမြောင် ခေါင်းငြိမ့်လိုက်ပြလိုက်၏။

"သုံးယောက် ဘာကြီး...ကျွန်တော်တို့ထက် သုံးဆအသက်ကြီးတယ်ဆိုတဲ့ သဘောလား"

"ထားပါ...ဘာဖြစ်ဖြစ်"

ကျွတ်...ဂျွတ်..

ချွန်းမြောင်က ခေါင်းကိုဘယ်ညာ လှည့်ချိုးလိုက်ပြီး အကြောလျော့ကာ ပြောလိုက်လေ၏။

"သူတို့ကို ရိုက်ပြီးတာနဲ့ ခရီးလေးစလိုက်ကြစို့"

"ဟမ်"

ချွန်းမြောင်၏စကားကို ကြားသည်နှင့် ပူဆွေးသရဲညီအကိုများကမူ မြေကြီးထဲသို့ တိုးဝင်ကာ သေလူသဖွယ် နေလိုက်ကြလေတော့သည် လူများကို ကြည့်၍ ဘတ်ချုန်း မျက်လုံးပြူးသွားလေတော့သည်။

ဒီလူတွေ ဘယ်လိုဖြစ်တာတုန်း...အဖွဲ့သိက္ခာလေးတော့ ထိန်းကြဦးမှပေါ့....ဒီလောက်ကြီးကျ....

သို့သော်လည်း ချွန်းမြောင်က အလွတ်မပေးပေ။ မြေကြီးထဲမှ လူများကိုဆွဲထုတ်၍ စိတ်ကျေနပ်အောင် ရိုက်ပြီးကာမှ ခရီးရှေ့ဆက်ခဲ့လေသည်။

"အဲ့ဒီ သောက်ကျိုးနည်းအရူးတွေက ဘယ်ကမ္ဘာကနေ ရောက်လာကြတာလဲ..."

ချွန်းမြောင်‌က အားရအောင် ရိုက်နှက်ခဲ့ပြီးသည်တိုင် စိတ်ကျေနပ်ပုံ မရသေးပေ။ မျက်နှာက မသာမယာ ဖြစ်နေလေ၏။

ဘတ်ချုန်းက ချွန်းမြောင် စိတ်အခြေအနေ မကောင်းသည်ကို သိ၍ ‌ရှည်ရှည်ဝေးဝေး မရှင်းပြတော့ပေ။ ခေါင်းသာ ခါပြလိုက်၏။

"မင်း သူတို့အကြောင်းကို သိ‌တောငိမသိဘဲနဲ့ သေအောင်ရိုက်ပြီးမှ အခုမှ ဘာလာသိချင်နေတာလဲ"

ယွန်းဂျွန်၏ စကားများကြောင့် ချွန်းမြောင်ပြုံးလိုက်လေသည်။

"ဟင်း...ရိုက်တာကဖြင့် သိပ်လည်းမကြာလိုက်ဘဲနဲ့"

"ဒီ ခွေးလိုကလေးကတော့..."

ယွန်းဂျွန် ဆက်မပြောတော့ဘဲ ခေါင်းသာခါလိုက်တော့သည်။ အားလုံးက သူတို့၏ဓါးကို ကိုယ်စီကိုင်စွဲကာ အတွင်းပိုင်းသို့ ဖြေးဖြေးချင်း ဝင်လာကြလေသည်။ အခြားသူများ နည်းတူပင်။

ရှေ့တွင် မည်သို့သော အန္တရာယ်များက ကြိုနေသည်ကိုမသိ၍ အလျင်စလို မလုပ်ကြဘဲ ခပ်ဖြေးဖြေးသာ သွားနေကြခြင်းလည်း ဖြစ်လေ၏။

"တခြားသူတွေရော.."

"ဟိုမှာ ကြည့်လိုက်ကြဦး."

ဘတ်ချုန်းက တစ်စုံတစ်ခုရှိနေ‌သည်ကို ပြလိုက်လေ၏။ ခန်းမ၏အဆုံးတွင် ကျောက်သားခန်းမကြီးက ကျယ်ပြန့်စွာ ပွင့်နေလေသည်။

"ကြည့်ရတာ လမ်းထင်တယ်...ဒီက ထွက်တဲ့ လမ်းဖြစ်လောက်မယ်"

"အင်း...ဟုတ်မယ်ထင်တယ်"

ချွန်းမြောင် တံခါးဝကို လှမ်းကြည့်ကာ မြေပြင်ကိုလညိး တချက်ကြည့်လိုကိပြန်လေ၏။

"ဟင်"

တစ်စစီ ကျိုးပဲ့နေသော ကျောက်သားစများကို တွေ့လိုက်ရသည်မို့ အားလုံးကို လိုက်ကာ ကောက်လိုက်လေသည်။

"မင်း ဘာတွေလုပ်နေတာလဲ"

"ဒီနေရာက တံခါးဝတစ်ခုခု ဖြစ်မယ်ထင်တယ်"

"ဟုတ်လို့လား...ဘယ်လိုသိတာလဲ"

"ဒါတွေကို စီလိုက်"

ချွန်းမြောင်က သူကောက်ထားသော အပိုင်းအစများကို ချကာ ကြိုးစားစီပြီး မျက်မှောင်ကြုတ်သွားလေသည်။

"ဒါက..."

ချွန်းမြောင် စီထားသော အပျက်အစီးပုံပေါ်တွင် အခန့်သားပေါ်နေသည့် စကားလုံးနှစ်လုံး ရှိလေသည်။

ဓါးသင်္ချိုင်း ဟူ၍ပင်။

"တုံးလိုက်တာ."

ချွန်းမြောင် အောင့်သက်သက်ပင် ပြုံးမိသွားလေသည်။

"ဘာကြီးလဲ...ဒါက တစ်ခုခုတော့ လွဲနေသလိုပဲ"

ချွန်းမြောင် ပုခုံးတွန့်ပြကာ ယွန်းဂျွန်ကို လှမိးကာမေးမေးလိုက်၏။

"ဓါးသင်္ချိုင်းဆိုတဲ့ စာလုံးနဲ့တွဲပြီး ဘာစာလုံး လာလောက်မယ် ထင်လဲ"

"အင်း...ယာဆွန်းဆိုပြီး ဖြစ်လောက်မလားပဲ"

"သူ့ အုတ်ဂူကို သူ့ဟာသူ နာမည်ပြန်ပေးထားတာလား...ဆိုးဝါးလိုက်တာ...အဲ့လိုအကျင့်နဲ့ လူကလည်း ရှိသေးတယ်ပေါ့"

"အင်း...."

"ပုံမှန်ဆိုရင်တော့ ဓါးသင်္ချိုင်းတွေက ကိုယ်ပိုင် နာမည်ပေးကြ‌တာတော့ ဟုတ်ပါတယ်..ဒီ သင်္ချိုင်းဆိုလည်း ခြေရာဖျောက်ဖမ်းဆုပ်ခြင်း ဓါးသင်္ချိုင်းပေါ့..ဒါပေမယ့် ကိုယ့်ရဲ့ဓါးသင်္ချိုင်းကို ဓါးသင်္ချိုင်းဆိုပြီး နာမည်ပေးထားတဲ့သူတော့ မတွေ့ဖူးသေး‌ဘူး"

"ဒါဆို ခြေရာဖျောက်ဖမ်းဆုပ်ခြင်း ဓါးသိုင်းရှင်က သူ့ဟာသူ ဒီနေရာကိုဆောက်ပြီး ဓါးသင်္ချိုင်းလို့ သတင်းဖြန့်ခဲ့တာလား"

"အဲ့လိုလည်း ဖြစ်နိုင်တာပဲ"

"ဘာလို့လဲ"

"အင်းလေ..."

ချွန်းမြောင်က ပုခုံးကို တွန့်ပြကာ ဟန်ပါပါပင် ပြောလိုက်လေ၏။

"လွန်ခဲ့တဲ့ နှစ်နှစ်ရာကျော်က အဖိုးကြီးတစ်ယောက်ရဲ့ အတွေးကိုတော့ ကျွန်တော် ဘယ်သိမလဲလေ"

ချွန်းမြောင် လက်ထဲမှကျန်နေသော အပိုင်းလေးကို ချကာ ကျောက်သားခန်းမဆောင်ကို ပြန်ကြည့်လိုက်လေသည်။

"စာလုံးက ဓါးသင်္ချိုင်းပဲ ဟုတ်တယ်...ဒါက ယာဆွန်းရဲ့ ဂူဖြစ်ဖြစ် ဘယ်သူ့ဟာဖြစ်ဖြစ် ဒါကို ဆောက်ခဲ့တဲ့သူကတော့ သာမန်မဟုတ်ဘူးပဲ"

အားလုံးက ထိုစကားကို ထောက်ခံလိုက်ကြလေသည်။ ဧရာမတွင်းကြီးတူးကာ ကျောက်သားခန်းမဆောင်ကြီး တည်ဆောက်ထားနိုင်ခဲ့သည့်သူက သာမန်မဖြစ်နိုင်ဆိုတာကို လက်ခံကြ၏။

"တအားလည်း ပေါ့မနေကြနဲ့...ဒါက သာမန်ဂူ မဟုတ်ဘူးဆိုတာ သေချာသွားပြီ..."

အားလုံးက အတွေးကိုယ်စီနှင့် စိတ်ရှုပ်နေကြချိန်တွင် ဟုန်ဒယ်ဂွမ်က ချွန်းမြောင်နားသို့ ရောက်လာလေ၏။

"ဟွာဆန်းရဲ့ နဂါးလေး"

"ပြော...""

"ငါတို့အခု ဘာဆက်လုပ်ကြမှာလဲ...ငါတို့ထက် အရင်ရောက်လာတဲ့သူတွေကို ကြည့်လိုက် ဆရာ့‌ဆရာကြီးတွေချည်းပဲ ဒီထဲစုနေတာ ...အထဲမှာ အကုန်လုံးနဲ့ ရန်သူဖြစ်နေရင်တော့ မလွယ်ဘူးနော်"

"အင်း"

"ငါ့အထင် ပြောရရင် တခြားသင့်တော်တဲ့သူလေးတွေနဲ့ မိတ်ဆွေဖွဲ့ပြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားသင့်တယ် ထင်တယ်....အရင်ဆုံး ပြဿနာဖြစ်တာထက် ဓါးသင်္ချိုင်းအကြောင်းကို သေချာသိရအောင် လုပ်တာက ပိုကောင်းမယ်လို့ ထင်တယ်နော်"

ထိုစကားကြောင့် ချွန်းမြောင်၏ မျက်နှာက ဆူပုပ်သွားလေသည်။

"ရတနာကတောင် မထွက်လာရသေးဘူး တခြားသူတွေကို ရတနာအကြောင်း အရင်ပြောပြခိုင်းနေတာလား"

"…"

ဟုန်ဒယ်ဂွမ် ပြောသည်ကလည်း မှားသည်တော့ မဟုတ်ပေ။ ချွန်းမြောင် ဆူပုတ်နေရာမှ ရုတ်တရက်ပြုံးကာ ပြောလာလေသည်။

"ကျွန်တော်တို့က သွားပြီး စုစရာမလိုပါဘူး...ဒီထဲကို ရောက်လာတဲ့ဘယ်သူမဆို ဦးနှောက်ရှိရင် အလိုလိုလာပြီး သူတို့ကစ လာစုကြလိမ့်မယ်"

"ဟုတ်ပါပြီ...အဲ့လိုဆိုလည်း..."

ဂူထဲတွင်က အန္တာရယ်မျိုးစုံ ရှိနေနိုင်သည်မို့ မည်သူမဆို အုပ်စုဖွဲ့ထားသည်က အကောင်း‌ဆုံးပင် ဖြစ်လေသည်။ ထို့အပြင် ဝူတန်ဂိုဏ်းကလည်း အထဲတွင် ရောက်နှင့်နေပြီး မဟုတ်ပါလား....

ဝူတန်ဂိုဏ်းသားများကလည်း လျစ်လျူရှူထား၍ မရသည့် အန္တာရယ်တစ်မျိုးပင်။

ဟုန်ဒယ်ဂွမ် သူ၏အတွေးနှင့်သူ ချွန်းမြောင်အား ကြည့်လိုက်မိလေတော့ လန့်ဖြတ်သွားရလေသည်။ခန်းမဆောင်ကြီးကို ငေးကြည့်နေသည့် ချွန်းမြောင်၏ မျက်နှာပေါ်တွင်ရှိနေသောအပြုံးက ကျောချမ်းဖွယ်ရာပင်။

ဝူတန်ဂိုဏ်းသားတွေတော့ သူတို့နောက်မှာ ဘယ်လိုဘေးဒုက္ခကြီး ကပ်လိုက်လာလဲဆိုတာ သိပုံမရဘူး..ဟင်း....

ချွန်းမြောင် ကြည့်ရတာတော့ သူစီစဉ်ထားတာ အားလုံးဖြစ်လာတဲ့ပုံပဲ....

"နားထောင်...ဟွာဆန်းရဲ့ နဂါးကောင်"

"အင်း"

"မင်း ဘာတွေးနေတယ်ဆိုတာကို ငါသိတယ်...

ဘယ်လိုပဲဖြစ်ဖြစ် ဂူထဲဝင်ပြီး ရှာနေတဲ့ပစ္စည်းကို ရအောင်ယူမယ်ဆိုတာလည်းသိတယ်...ဒါပေမယ့် တခြားသူတွေကလည်း ဒီရည်ရွယ်ချက်နဲ့ပဲ ရောက်လာကြတာ..ငါတို့ အထဲကိုသွားမှာ သေချာရင် အခုပဲ ဒီခန်းမထဲ ဝင်ရအောင်"

"အင်း...ဝင်တာပေါ့"

ချွန်းမြောင်က ဟွားဆန်းအုပ်စုကို ကြည့်ကာ ပြောလိုက်လေ၏။

"ဝင်ကြရအောင်"

"အင်း"

အားလုံးက ချွန်းမြောင်နောက်ကပင် အသီးသီးဝင်သွားကြလေတော့၏။ အပိုစကား မဆိုကြတော့ပေ။

"ဒီနေရာမှာ ဘာတွေရှိမှန်း မသိတာမို့ နောက်ကျမကျန်ခဲ့ကြစေနဲ့....လူမကွဲစေနဲ့"

"သိပါတယ်"

ဟုန်ဒယ်ဂွမ်က သူ့အားလှမ်းပြောသော ချွန်းမြောင်ကို မျက်စောင်းထိုးကာ ဘတ်ချုန်းသို့နားသို့ ကပ်သွားလေသည်။ ကျန်သည့် သူတောင်စားဂိုဏ်းမှ ပါလာသောသူများကလည်း ဟွာဆန်းဂိုဏ်းသားများနားမှ မခွာကြတော့ပေ။

ထိုအချိန်မှာပင် ချွန်းမြောင်က ဟုန်ဒယ်ဂွမ်အား စုပ်သပ်ကာ ခေါ်လိုက်လေသည်။

"ခင်ဗျားက ဘယ်သွားတာလဲ"

"မင်းတို့ကို ကူမလို့လေ!"

"သူတောငိးစားက ပြန်ကူညီမယ်...ဒါ ကျွန်တော့်ဘဝမှာ ပထမဆုံးကြားဖူးတဲ့ စကားလုံးပဲ....ဟားဟားဟား"

"ဟင်း..မင်းက ငါ့ကို ဒီကိုအလကားလိုက်လာတယ်များ ထင်နေတာလား...တခြားလူတွေကို ကူညီပေးဖို့ လိုက်လာတာကွ..မင်းကြည့်လိုက်ပါ ရှေ့လျောက် .."ငါ ဘယ်လောက်အကူအညီရလဲဆိုတာ မင်းသိလာလိမ့်မယ်...ငါက တခြားသူ မဟုတ်ဘူး..

ဟုန်ဒယ်ဂွမ်ကွ ..ဟုန်ဒယ်ဂွမ်...""

ထိုစကားကြောင့် ချွန်းမြောင်က ပြုံးကာပြောလိုက်လေသည်။

"ဒါဆိုလည်း ကျွန်တော့်ကို မသေအောင် ကူညီပေးပါဦး..."

"ဟွန့်"

"မင်း ကြညိ့ထားလိုက်ပါ...ငါ ဘာလုပ်နိုငိလဲဆိုတာ"

"လုပ်ပြပါဦး..."

ယခုရက်ပိုင်းအတွင်း ချွန်းမြောင်လုပ်ခဲ့သမျှသည် ဟွာဆန်း၏ အကျိုးစီးပွားကိုသာ မျှော်တွေး၍ လုပ်ခဲ့ခြင်းပင် ဖြစ်လေသည်။ ဟုန်ဒယ်ဂွမ်၏ လာရောက်ပူးပေါင်းခြင်းကို လက်ခံခဲ့သည်ကလည်း ဟွာဆန်း၏ လုပ်ဆောင်မှုများကို အကောင်းဆုံးသတင်းဖြန့်ပေးနိုင်ပြီး ဟွာဆန်းမှ လိုအပ်သော သတင်းများကိုလည်း စုဆောင်းပေးနိုင်သောကြောင့်ပင် ။ 'ကန်ဟို' ဆိုသည့် သိုင်းလောကတွင် သတင်းအသေးအမွှားလေးကစ၍ အရေးပါသည်ကြီးများပင်။

ချွန်းမြောင် တွေးနေရင်းမှပင် စိတ်ထဲတွင် တစ်စုံတစ်ခုအား သတိရသွားလေတော့သည်။

ကြည့်စမ်း...အလုပ်တွေများနေတာနဲ့ပဲ ငါမေ့နေတာပါလား...

ချွန်းမြောင် ဟုန်ဒယ်ဂွမ်ကို ကြည့်ကာ လှမ်းမေးလိုက်လေ၏။

"ဌာနခွဲခေါင်းဆောင်"

"ဘာလဲ"

"သူတောင်းစားဂိုဏ်းမှာ ခင်ဗျားက ဘယ်လိုအဆင့်မျိုးလဲ"

"အင်း...ပြောရရင်တောင် လူတစ်ရာမှာ တစ်ယောက်မရှိနိုင်တဲ့ရာထူးမျိုးနဲ့ လူပဲ"

"ဒါဆို ခင်ဗျားလက်အောက်က ဘယ်သူကို့မဆို ဖမ်းပေးလို့ ရတယ်ပေါ့"

"ငါ့လက်အောက်ကမှလား...ငါ ဆန္ဒရှိရင် အကုန်ရှာပေးလို့ရတယ်"

"အဲ့လိုလား"

"ဒါဆိုရင်တော့ ကျွန်တော့်အတွက် တစ်ခုလောက်လုပ်ပေးစမိးပါ့...သူတောင်းစားတစ်ယောက်ကို ဖမ်းပေး"

"ဘာအတွက်လဲ"

"…ဝူဟန်မှာ ဂျောင်းပယ်ဆိုတဲ့နာမည်နဲ့ သူတောင်းစားတစ်ယောက်ရှိတယ်....ဒီကနေ ပြန်ရင် အဲ့တစ်ယောက်ကို ကျွန်တော့်ရှေ့ရောက်အောင် ခင်ဗျားလုပ်ပေးလို့ရတယ်မို့လား"

"ဂျောင်းပယ်လား...အင်း ခက်တော့မခက်ပါဘူး...

ဘာလို့လဲ...မင်းနဲ့ ဘယ်လိုပတ်သက်လို့လဲ"

"သူ့ကို ဆုတော်လာဘ်တော် ပေးချင်လို့"

ကြီးမားစွာသော ကျေးဇူးတရားတို့က ချွန်းမြောင် မျက်နှာတွင် အထင်းသားပေါ်နေလေ၏။ သူ ပြန်လည်မွေးဖွားကာစအချိန်က သေအောင်ရိုက်နှက်ခဲ့သော ထိုသူကို သူမမေ့သေးပေ။

ဟုန်ဒယ်ဂွမ်၏ အမေးကို ချွန်းမြောင်နှာရှုံကာ ဖြေလိုက်လေသည်။

"ကျေးဇူးဆပ်စရာလေး ရှိလို့"

"...""

မည်သို့သော ပြဿနာဟု ဟုန်ဒယ်ဂွမ် မသိသော်လည်း ချွန်းမြောင်၏ မျက်နှာထားအရ ထိုသူတောင်းစားက ချွန်းမြောင်အား ပြဿနာရှာဖူးထားသည်ကို သိသွားလေ၍ ထိုလူအတွက် ဆုတောင်းပေးနေမိလေတော့သည်။

မင်း ကံကောင်းပါစေ.......

အပိုင်း(၁၄၉)

ငါ့ပစ္စည်းကိုထိတဲ့ ဘယ်သူမဆို အသေပဲ(၄)

ကျောက်များစီထားသည့် လျှောက်လမ်းက သူတို့မျှော်လင့်ထားသည်ထက် ပို၍ အလင်းရောင်ရနေလေ၏။

ဟုန်ဒယ်ဂွမ် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာအကဲခတ်လိုက်လေ၏။

ဒီထဲမှာ ညမီးအိမ်ကျောက်တွေပါ ထည့်ဆောက်ထားတာပါလား...

ဤနေရာသည်က ညမီးအိမ်ကျောက်များကိုပင် ထည့်သွင်းတညိဆောက်ထားသည်ကို ကြည့်၍ ပိုင်ရှင်၏ ကြွယ်ဝချမ်းသာမှုက သာမန်မဟုတ်သည်ကို ခန့်မှန်းနိုင်လေသည်။ တော်ရုံချမ်းသာသူ မဖြစ်နိုင်ပေ။

ကလစ်...ကလစ်

"သူ အဲ့လိုဆောက်နိုင်ခဲ့တာက ဆန်းတော့မဆန်းပါဘူး...သူ့ဆေးလုံးတွေကို ရွှေနဲ့ပေးဝယ်ရတာကို"

ကလစ်..ဂျစ်ဂျစ်

"ဒါနဲ့ အဲ့တာက ဘာသံလဲ"

ဟုန်ဒယ်ဂွမ်က အသံလာရာကို လိုက်ကာရှာကြည့်လိုက်လေတော့ လန့်ဖြတ်သွားလေ၏ ။

"..."

ချွန်းမြောင်က နံရံပေါ်သို့ ပင်ကူတစ်ကောင်လို တွယ်တက်ကာ နံရံထဲမှ ညမီးအိမ်ကျောက်ကို ကလော်ထုတ်နေခြင်းပင်။

"မင်း အဲ့တာ ဘာလုပ်နေတာလဲ"

"မမြင်ဖူးလား...ပိုက်ဆံရှာနေတာလေ..."

"…ဘာ...ဘယ်လို ဘယ်လို."

ချွန်းမြောင်၏အဖြေကြောင့် ဟုန်ဒယ်ဂွမ် ခေါင်းခြောက်သွားရ၏။

"မင်း အခုချိန်ကြီးကိုတောင် အဲ့လို‌တွေ လုပ်‌နေနိုင်တယ်...တကယ်ကြီးလေ"

"ဒီ ကျောက်တွေ ဘယ်လောက်တန်လဲ ခင်ဗျားသိလား...အဲ့လိုမျိုးတွေ နားမလည်လို့ဘဲ ခင်ဗျား သူတောင်းစား ဖြစ်နေတာပဲ"

"မင်းက ငါက ငမွဲမို့လို သူတောင်းစားဖြစ်တယ်လို့များ ထင်နေတာလား ...ဟမ်"

"အင်းလေ"

ထားပါ...ပိုက်ဆံမရှိလို့ သူ‌တောင်းစားဖြစ်ပေမယ့်

သူတောင်းစားဖြစ်ပြီးနောက်ပိုင်း ပိုက်ဆံရှိလာတယ်ဆို မပြောပြတော့ပါဘူး....ဟွန့်......

ချွန်းမြောင်က ကျောက်အား ဖြုတ်ပြီးသည်နှင့် ဆင်းလာပြီး ‌ကျောက်ကို အင်္ကျီလက်ထဲသို့ ထည့်လိုက်လေသည်။ အင်္ကျီရင်ဘတ်မှာလည်း ဖောင်းကားနေသည်ကိုကြည့်၍ လမ်းတစ်လျှောက်ရှိ ညမီးအိမ်ကျောက်များအားလုံးကိုပါ ဖြုတ်လာခဲ့ကြောင်း နားလည်လိုက်လေ၏။

"ခင်ဗျားကတော့ ကျွန်တော့်ကို ငွေအတော်မက်တယ် ထင်နေမှာပဲ..."

"ကောင်းကောင်းမွန်မွန် ရှင်သန်ရဖို့ လိုတယ်လေ...ဟွာဆန်းမှာ ကျွေးစရာ ပါးစပ်ပေါက်တွေ ဘယ်လောက်တောင် များလိုက်သလဲ...ခင်ဗျား အဲ့တာတွေ သိလား"

"… သိပြီ."

ဟုန်ဒယ်ဂွမ် ခေါင်းသာ အသာယမ်းမိတော့သည်။ ချွန်းမြောင်ကို အကြောင်းသိလာလေ ပို၍ ကြောက်စရာကောင်းလာလေဟုပင် ခံစားရလေသည်။

"ဝူတန်က အရင်ဆုံးကြိုဝင်သွားတာဆိုတော့ သူ‌တို့တွေ ဆေးလုံးကို ရသွားပြီလား မသိဘူးနော်"

"ဟင့်အင်း...မရသေးဘူး "

"မင်းက ဘယ်လိုသိလဲ"

"သူတို့တွေ ဂူထဲကို ဆက်သွားနေကြတုန်းပဲလေ"

ဟုန်ဒယ်ဂွမ် အံဩကြောက်လန့်သွားရလေတော့သည်။

သောက်ကျိုးနည်း...သူက ချီတွေကို အာရုံခံနိုင်နေတာလား...

ဟုန်ဒယ်ဂွမ်ကမူ မည်သို့သော ချီတစ်စိုးတစ်စိလေးကိုမှပင် မခံစားမိပေ။သို့သော် ချွန်းမြောင်ကမူ ချီကိုအာရုံခံနိုင်နေရုံသာမက လုပ်ဆောင်နေသည်များကိုပါ ပြောနိုင်နေလေသည်။

သူ့ရဲ့အာရုံခံနိုင်စွမ်းက ဘယ်လောက်တောင်ကောင်းနေလို့ သူက အကုန်လုံး ပြောနေနိုင်ရတာလဲ...

ဒီကောင်က ဘာလို့ အံဩစရာကို မကုန်နိုင် ဖြစ်နေရတာလဲ ..

"ပြီးတော့ အရင်သွားတိုင်းလည်း လမ်းမှန်ဦးမှလေ"

"အဲ့တာလည်း ဟုတ်တာပဲ"

ချွန်းမြောင်ကို ကြည်ရသည်က ပူပန်နေပုံလည်း မရပေ။

"ပြီးတော့ နောက်မှရောက်တာက ပိုကောင်းပါတယ်"

"ဟမ်"

"ကဲပါ...ဟိုထဲ ရောက်ရင် ခင်ဗျားနားလည်သွားလိမ့်မယ်...အား...ဒီမှာလည်း ညမီးအိမ်ကျောက်တွေ အများကြီးပါလား"

ဟုန်ဒယ်ဂွမ်သည် နောက်ထပ်ကျောက်များကို ဖြုတ်ရန်ထပ်တက်သွားသော ချွန်းမြောင်ကိုကြည့်ကာ ကိုယ့်နဖူးကိုယ်သာ ပြန်ရိုက်‌လိုက်လေတော့သည်။

ဒီကောင်ကို ယုံပြီး အထဲလိုက်ခဲ့မိတာ မှားပြီထင်ပါတယ်ကွာ....

အသက်ကို လောင်းကြေးထပ်ထားရတဲ့ ဒီလိုနေရာမျိုးမှာတောင် ခွေးမသားလေးက ဒါမျိုးတွေလုပ်ရဲတယ်...

ဟုန်ဒယ်ဂွမ် ဓါးသင်္ချိုငိးထဲသို့ လိုက်ခဲ့မိသည်ကိုပင် နောင်တရလာလေတော့သည်။

"ဒါနဲ့ လျှောက်လမ်းက ပိုကျဉ်းလာတယ်လို့ မထင်ဘူးလား.."

ယွန်းဂျွန်၏ အမေးကို ဘတ်ချုန်းက ခေါင်းငြိမ့်ထောက်ခံလေသည်။

"ဟုတ်တယ်...ငါလည်း ကျဉ်းလာတယ်ထင်တာပဲ"

လျှောက်လမ်းမသည် လမ်းအစတုန်းကမူ လူငါးယောက် ချောင်ချောင်လည်လည်သွား၍ရသော်လည်း ယခုတွင်မူ သုံးယောက်ပင်ကြပ်နေလေပြီ ဖြစ်၏။ပုခုံးပင် မလွတ်ချင်တော့ပေ။

"လမ်းက တမင်ကျဉ်းလာအောင် ဖောက်ထားတာ ထင်တယ်နော်"

ဘတ်ချုန်း အတွေးပွားနေရပြီဖြစ်လေသည်။ သို့သော်လည်း ကြာကြာတွေးချိန်မရလိုက်ပေ။

"နေကြဦး"

"ဒါက"

အားလုံး သတိအနေအထားဖြစ်ကုန်ကြလေသည်။

သွေးလား...

သွေးနံ့က လှိုင်လှိုင်ထနေလေ၏။

"ချွန်းမြောင်ရေ..""

"အင်း....ကျွန်တော်တချက်ကြည့်လိုက်ဦးမယ်"

ချွန်းမြောင်က ရှေ့သို့ဆက်ကာသွားလေပြီး တခြားသူများက နောက်မှ လိုက်လာကြလေသည်။ ကြာကြာမလျှောက်လိုက်ရပေ။ ကြောက်ရွံ့နေ‌သော မျက်နှာထားများနှင့် သေဆုံးနေကြသော လူတစ်စုကို တွေ့လိုက်ရလေသည်။

"ဒါက"

ဘတ်ချုန်းနှင့် ယွန်းဂျွန်ကမူ တောင်ပုံရာပုံလဲနေသော

လူသေများကြောင့် အသံမထွက်တော့ပေ ။သွေးများက ဒလဟောပင် စီးကျနေကြပြီး သွေးနံ့ရနေရသည့် အကြောင်းရင်းက ဤလူသေများပင် ဖြစ်လေသည်။

ချွန်းမြောင်တစ်ဦးသာ ရှေ့သို့တိုးကာ သွားကြည့်လေ၏။ သေဆုံးနေကြသူအားလုံးသည် ခန္ဓာကိုယ်တွင် အမည်းရောင်အကွက်များ ရှိနေပြီး ပါးစပ်များမှလည်း သွေးများထွက်နေကြလေသည်။ သဘာဝမကျသော သေဆုံးမှုမျိုးပင်။

"အဆိပ်မိတာလား..ဘယ်လိုဖြစ်လို့ လူတွေဒီလောက်အများကြီးကို သေအောင်လုပ်နိုင်တဲ့အဆိပ် ဖြစ်နေရတာလဲ"

"မဟုတ်ဘူး.ဒါက အတွင်းအင်္ဂါဖျက်စီးခံရတာ"

"ဘယ်လို အတွင်းအင်္ဂါ ဖျက်စီးခံရတာလဲ"

"ကြည့်လိုက်"

ဟုန်ဒယ်ဂွမ်က ချွန်းမြောင် ညွှန်ပြသည့်အလောင်းကို စူးစိုက်ကာ ကြညိ့လိုကိလေသည်။

"အာ"

အနီးကပ်မကြည့်လျှင် မမြင်ရနိုင်သော ပါးလျလှသည့် အပ်များက ခန္ဓာကိုယ်အနှံ့စိုက်ဝင်နေကြသည်ကို တွေ့လိုက်ရလေသည်။ အပ်များက အရပ်ရှစ်မျက်နှာက ထွက်လာ၍ ရှောင်ရှားရန် မတတ်နိုင်ခဲ့ကြသည့်ပုံပင်။ လူတစ်ဦးပင် အသက်ရှင်မကျန်ခဲ့ပေ။

အပ်တွေက နံရံတွေဆီက ထွက်လာတာများလား...

ဟုတ်ပေသည်။ ဤသည်က အလိုအလျောက်တုန့်ပြန်သော ထောင်ချောက်များဖြစ်လေပြီး စီထားသည့်ကျောက်နံရံများကြားတွင် အပ်တဖျားစီချန်ထားကာ အပ်များကို ထည့်သွင်းတည်ဆောက်ထားခြင်း ဖြစ်လေသည်။

ဟုန်ဒယ်ဂွမ်တို့သာ ဤနေရာအား အရင်ဖြတ်သန်းမိပါက သေဆုံးသူများနေရာတွင် သူတို့လူအုပ်သာ ဖြစ်သွားပေလိမ့်မည်။ ချွန်းမြောင်၏ စကားကို စတင်နားလည်လာပြီဟု ခံစားလိုက်ရလေသည်။

"ယာဆွန်းက ဒီလိုထောငိချောက်တွေ ဆင်ထားလိမ့်မယ်လို့ တခါမှ မတွေးဖူးဘူး..."

"… လွယ်လွယ်ကူကူ‌တာ ရစေချင်ရင် သူကဘာကိစ္စ ဒီလိုနေရာမှာ ဓါးသင်္ချိုင်း လာဆောက်ထားတော့မှာလဲ"

"ဒါလည်း ဟုတ်တာပဲဟ"

ဟုန်ဒယ်ဂွမ် တအုပ်တမတည်း သေနေကြသူများကိုကြည့်ကာ သက်ပြင်းမောကြီးချလိုက်လေသည်။ ဟုန်ဒယ်ဂွမ်တို့က လူသေအုပ်ကြီးအား ကြည့်ကာ စိတ်ပျက် ရင်တုန် ခြောက်ခြားဖြစ်နေကြသော်လည်း

ချွန်းမြောင်ကမူ ဘာမှမဖြစ်သည့်အလားပင်။

လူသေများအား ကျော်ခွကာ သွားလေတော့သည်။

"ချွန်း...ချွန်းမြောင်."

"ဘာလဲ"

ချွန်းမြောင် ဘောက်ဆတ်ဆတ်ထူးကာ နောက်ပြန်ကြည့်လိုက်လေတော့ တုန်လှုပ်နေကြသော လူတစ်သိုက်ကို တွေ့လေသည်။

မည်မျှပင် သိုင်းသမားဖြစ်သည်ဆိုစေဦးတော့ သူတို့အားလုံးအတွက်မူ ထိုမျှလောက် လူသေများကို မြင်ဖူးခြင်းက ပထမဆုံးအကြိမ် ဖြစ်လေသည်။ မတုန်လှုပ်ဘဲ မနေနိုင်ပေ။ ပြင်ပအတွေ့အကြုံများရှိသည့် ဘတ်ချုန်းပင် သွေးစုတ်‌ဖြူရော်နေလေ၏။

ချွန်းမြောင်သာလျှင် အတိတ်ဘဝက တိုက်ပွဲအလီလီကို ကြုံခဲ့ရသည့်အပြင် ကောင်းကင်နတ်ဆိုးတိုက်ပွဲတွင် တိုက်ပွဲမပြီးဆုံးခင်အထိ လူသေများကြာတွင်နေ၊ လူသေများကြားတွင် စား ခဲ့ရသည်မို့ ဤမျှလောက်သော လူသေများကို မတုန်လှုပ်တော့ခြင်း ဖြစ်လေသည်။ အတွေ့အကြုံက စကားပြောသည်ဆိုသည်မှာ အမှန်ပင်။

"မင်းတို့ အဲ့နားမှာပဲ ဆက်ရပ်နေရင် အပ်တွေ ထပ်မထွက်လာဘူးလို့ အာမမခံနိုင်ဘူးနော်...အဲ့တော့ မြန်မြန်လာကြတော့...ပြီးတော့ ဘေးနားက ဘာကိုမှ မထိကြနဲ့...အန္တရာယ်များတယ်"

"အင်း...သိပြီ"

ဘတ်ချုန်းက တံတွေးမြိုချကာ ချွန်းမြောင်နောက်သို့ ကပ်လိုက်သွားလေသည်။ မျက်စိကမူ လူသေပုံကြီးဆီမှ မခွာနိုင်သေးပေ။

သိုင်းလောကဆိုတာ ဒါမျိုးပါလား...

ဟုတ်သည်။ မိခင်ဂိုဏ်းကြီးများ၏ စောင့်ရှောက်ထားပေးမှုနှင့် ကင်းကွာပြီး အန္တာရယ်အလုံးစုံကို ရင်ဆိုင်ကြရသည်က သိုင်းလောကစစ်စစ်ပင်။ အသက်နှင့် ခန္ဓာ အိုးစားမကွဲလိုလျှင် သူတို့သတိကပ်ကာ မိမိကိုယ်ကို စောင့်ရှောက်ရပေမည်။ အသိတစ်ချက်ပင် လွတ်၍ မဖြစ်ပေ။

ဘတ်ချုန်း ခါးသီးသောအမှန်တရားကို ရင်ဝယ်ပိုက် လက်ခံလိုက်ရပြီး ချွန်းမြောင်နောက်မှ သတိနှင့်သာ ကပ်လိုက်သွားလေတောသည်။

"နောက်ထပ်အပ်တွေ ထပ်ထွက်လာဦးမလား မသိဘူးနော်"

"မပြောတတ်ဘူးလေ"

ချွန်းမြောင် ပုခုံးတွန့်ပြလေသည်။

"ယာဆွန်းဆိုတဲ့သူက ဘယ်လိုလူလဲဆိုတာတော့ ကျွန်တော် မသိဘူး...တစ်ခုကတော့ သေချာတယ်"

"ဘာလဲ"

"ဒီနေရာက ရတနာသိုက်သက်သက် မဟုတ်ဘူးဆိုတာပဲ"

ရတနာများကို ဖုံးကွယ်ထားချင်ရုံနှင့် ဤမျှအန္တာရယ်များသော ထောင်ချောက်များကို တပ်ဆင်ထားရန် မလိုအပ်ပေ။ရတနာများထက် ပို၍အရေးကြီးသောအရာကို ဖုံးကွယ်ဝှက်ထားချင်၍သာ ဖြစ်ရပေမည်။ ပို၍ စိတ်ဝင်စားဖွယ်ကောင်းလာပြီ ဖြစ်၏။

ဒီနေရာကို တည်ဆောက်ခဲ့တဲ့သူက တကယ့်ကို ရည်ရွယ်ချက်ကြီးကြီးနဲ့ဆောက်ခဲ့တာပဲ...

ငါတို့ ဒီထက်ပိုပြီး သတိနဲ့နေမှ ရမယ်...

"ဟော...ဒီမှာလည်း တစ်ခုပါလား"

ဟုန်ဒယ်ဂွမ်က မျက်နှာကျက်ပေါ်က ညမီးအိမ်ကျောက်ကို လက်ညိုးထိုးပြလေသည်။

"ဒါက စောနကထိ ငါတို့မြင်ခဲ့တာတွေနဲ့ မတူဘူးနော်"

"အင်း"

ချွန်းမြောင် ခေါင်းငြိမ့်ပြလိုက်လေသည်။

လမ်းတလျှောက်တွေ့ခဲ့သော ညမီးအိမ်ကျောက်များမှာ အပြာရောင်များ ဖြစ်ကြပြီး ယခုတစ်လုံးကမူ အနီရောင် ဖြစ်လေ၏။

"ကြည့်ရတာ ဈေးကြီးမယ့်ပုံပဲ"

သူ၏စကားကို မည်သူကမှ အထူးတလည် မတုန့်ပြန်ကြသည်မို့ ဟုန်ဒယ်ဂွမ်က နံရံပေါ်သို့တက်ကာ မျက်နှာကျက်ပေါ်မှ ကျောက်ကို ဖြုတ်လိုက်လေ၏

"ငါ့ဘဝမှာ အနီရောင် ညမီးအိမ်ကျောက်ကို ဒါပထမဆုံး မြင်ဖူးတာပဲ...ကြည့်ရတာ တန်ဖိုးတော့ ရှိမယ့်..."

"ခင်ဗျား ဘာလုပ်လိုက်တာလဲ"

"ဟမ်"

ဟုန်ဒယ်ဂွမ်က ချွန်းမြောင်အား ပြုံးပြုံးကြီးပင် အဖြေပေးလာလေသည်။

"ငါလား...ဘဝမှာ သူတောင်းစားလို ထပ်မနေချင်‌တော့လို့ ငွေရှာနေတာလေ...ဒီ ကျောက်ကလည်း မငိးဟာလို့တော့ လာမပြောနဲ့နော်...ငါလည်း ကျောက်တစ်လုံးလောက်တော့ ယူလို့ရပါသေးတယ်"

"တယ်လေ..."

"ခင်ဗျားကို ထူးထူးဆန်းဆန်းဆို ဘာမှမထိနဲ့လို့ မမှာထားဘူးလား..ပြော...ကျွန်တော် မပြောထားဘူးလား"

"ဟင်"

ဟုန်ဒယ်ဂွမ် သနားစဖွယ်မျက်နှာလေးနှင့် ပေကလပ်လပ် လုပ်ကာ ပြောလာလေ၏။

"ပြောထားပါတယ်...ဒါပေမယ့် ဒါက သိပ်တော့ မထူးဆန်း......."

လျောက်လမ်းက အနည်းငယ်တုန်ခါပြီး မြေပြိုသံသဲ့သဲ့က ထွက်လာလေသည်။ ခဏအတွင်းမှာပင် အသံက နီးလာပြီး ဖုန်လုံးကြီးများကလည်း လိပ်တက်လာလေသည်။အသံက ပို၍နီးလာပြီး အားလုံးလည်း ကြားလာရလေပြီ။ သူတို့ရပ်နေသော ကြမ်းပြင်ကလည်း တစ်စတစ်စပို၍ တသိမ့်သိမ့် တုန်လာလေတော့၏။

ချွန်းမြောင်က သက်ပြင်းရှညိကြီးကို ချလိုက်လေပြီး ပြုံးကာ ပြောလိုက်လေသည်။

"အားလုံးပဲ ဘာရပ်လုပ်နေကြတာလဲဟင်"

"ဟမ်"

"မသေချင်ကြဘူးမို့လား...ဒါဆို ပြေးကြတော့..."

စကားဆုံးသည်နှင့် ချွန်းမြောင်က အလင်းလိုအရှိန်နှင့် တဟုန်ထိုး ပြေးသွားလေတော့သည်။ ချွန်းမြောင်၏ နောက်တွင်မူ ဟွာဆန်းမှလူများက တစီကြီးပင် လိုက်ကာ ပြေးသွားကြလေတော့သည်။ ကြောင်ငေးကာ ကျန်နေခဲ့ကြသည့်သူများက သူတောင်းစားများပင် ဖြစ်လေ၏။

"သောက်ကျိုးနည်း ငေးမနေကြနဲ့...ပြေးကြဟ...သူတောင်းစားတွေရ"

ဟုန်ဒယ်ဂွမ်၏ အော်သံအဆုံးတွင် လူတိုင်းက အားသွန်ခွန်စိုက်ပင် ပြေးကြလေတော့သည်။

‌လျောက်လမ်းကြီးကမူ တဝုန်းဝုန်း အသံပေးကာ တောက်လျှောက်ပြိုကျလာပြီ ဖြစ်လေသည်။ ဖုန်လှိုင်းကြီးများကလည်း ဂူအပြည့်ပင်။ ရှေ့လမ်းကိုပင် မမြင်ရလောက်အောင် လှိုက်ထနေ၏။

"ချီး..."

ဟုန်ဒယ်ဂွမ် အားသွန်ခွန်စိုက်ပြေးနေရင်းပင် နှုတ်မှလည်း အော်နေလေ၏။

"အား...ပြေးကြ...သူတောင်းစာတွေ ...မသေချင်ရင် ပြေးကြဟေ့...မပြေးရင်တော့ သေမှာပဲ....အား"

"ချီးလိုပဲ...အဲ့တာကြောင့် ငါ သူတောင်းစားတွေနဲ့ မပတ်သက်ချင်တာ".

ချွန်းမြောင် ပြေးနေရင်းမှ အော်လေ‌ေ‌တာ့သည်။

"ဘာတွေစားပြီး ကြီးလာလို့ ရူးနေကြတာလဲ..သေချာပြောထားရက်နဲ့ သွားပြီးဖြုတ်ဖြစ်အောင် ဖြုတ်တယ်...အဲ့လိုနဲ့များ သိုင်းလောကမှာ အသက်ရှင်ချင်နေသေးတယ်...ချီး...ချီး..."

ဟုန်ဒယ်ဂွမ် သေမတတ်ပြေးနေရင်းမှပင် ချွန်းမြောင်၏ ပြစ်တင်ဆဲဆိုခြင်းကို ခံနေရရှာလေသည်။

"အား...လုပ်ကြပါဦး....ပြိုကျနေပြီ"

"ပြေးကြပြေးကြ....သူတောင်းစာတွေ ...မငိးတို့နောက်ကျရင် မင်းတို့သေမှာပဲ"

"ဒါတွေ အကုန်လုံးက ဌာနခွဲခေါင်းဆောင် ကြောင့်ပဲ...အား..အမေ ကယ်ပါ"

ဟုန်ဒယ်ဂွမ်ကမူ အားလုံး၏အပြစ်တင်ခြင်းကို အသက်လုပြေးနေရင်းမှပင် ခံနေရရှာသည်။ ထို့အပြင် ပြေးရသည်ကလည်း ပို၍ ခက်လာလေ၏။

လျောက်လမ်းမှာ ပို၍ကျဉ်းလာလေသည်မို့ ယခုတွင်မူ တစ်ဦးချငိးစီသာ အတန်းလိုက်ပြေးနေရသော အခြေအနေသို့ ရောက်လာလေတော့သည်။

"နောက်ပြန်လှည့်မကြည့်နဲ့....ဆက်ပြေးထားကြ"

"ဟွာဆန်းရဲ့....."

ချွန်းမြောင်၏ နောက်လှည့်မကြည့်နဲ့ဟူသောစကားက သူ့အား တမင်ဆွပေးလိုက်သကဲ့သို့ပင်။ဟုန်ဒယ်ဂွမ် နောက်လှည်ကြည့်ချင်စိတ်က ထိန်းမရပေ။

ဟိုက လှည့်မကြည့်နဲ့ဆိုမှ ငါက ဘာဖြစ်နေတာလဲ...

ပြေးလို့မသေရင် ချွန်းမြောင်ရိုက်တာနဲ့ပဲ သေတော့မယ်ထင်တယ်....

"ရှေ့မှာ အလင်းရောင် မြင်ရတယ်"

"အဲ့ဒီကိုပြေးကြ...မြန်မြန်ပြေး"

အားလုံးက ထွက်ပေါက်တွေ့လေပြီမို့ ထိုနေရာသို့ ဦးတည်ကာ ပြေးကြလေသည်။ နောက်ကျသည့် ခြေထောက် သစ္စာဖောက်ပင် ။ခြေနှစ်ချောင်းလုံး သစ္စာဖောက်ကာ နောက်ကျကျန်နေခဲ့သူက ဟုန်ဒယ်ဂွမ်ပင် ။

သူ၏ နောက်တွင် ကြားနေရသော တဝုန်းဝုန်းပြိုကျသံများက ပို၍ပို၍ပင် နီးကပ်ကာ သူ့နောက်သို့တောက်လျောက်လိုက်လာသည့် အလားပင်။ သို့သော်လည်း သူက သေရမည့်ဇာတာ မပါသေးပေ။ နောက်ဆုံးတွင်မူ ထွက်ပေါက်လမ်းကြောင်း၏ အစွန်းလေးပေါ်သို့ အမှီတက်နိုင်သွားလေသည်က သူက ကံကောင်းမှုပင်။

သို့သော် သူ ကံဆိုးလေ၏။

ထိုအစွန်းလေးကပါ ပြိုကျသွားလေသည်။

"အား......ချွန်းမြောင်"

"သောက်ချေး.."

ချွန်းမြောင်က ပြေးလာကာ သူ့အား ဖမ်းဆွဲကာ ကန်ပြီး အလင်းရှိရာသို့ ပစ်တင်ပေးလိုက်လေသည်။

ယခုတစ်ခါတွင်မူ သူ တကယ်လုံခြုံသွားပြီ ဖြစ်လေ၏။

ဟုန်ဒယ်ဂွမ် သက်မချလိုက်ပြီး ကျေးဇူးတင်စကားဆိုရန် နောက်သို့လှည့်ကြည့်လိုက်လေ၏။ မည်သူမှ မရှိပေ။ ပြိုကျထားသော အပျက်အစီးပုံကြီးကသာ ရှိနေလေသည်။

ထိုမြင်ကွင်းကြောင့် ဟုန်ဒယ်ဂွမ် တုန်လှုပ်လာ မျက်ရည်များပင် ကျလာလေသည်။

သူ့အတွက်....သူ့ကြောင့်နှင့် ...

ဟွာဆန်း၏ နဂါးက...အနာဂတ်တွေအပြညိ့နဲ့လူငယ်လေးက ငါ့လိုလူအတွက်နဲ့.....

"အီး...ဟီး...ငါကြောင့်ပါ...ဒါက ငါ့ကြောင့်ပါ..."

"အီး....ဟွားဆန်းရဲ့ နဂါးက ငါ့အတွက်နဲ့..."

ဘမ်း....

ရုတ်တရက်ပင် အပျက်အစီးပုံကြီးက လွှင့်စင်သွားပြီး ဖုန်များ တသောသော ထလာပြန်၏။

"ချွန်းမြောင်"

"မင်းကြောင့် လန့်လို့ သေတော့မယ်...ခွေးသားလေး"

ဟုန်ဒယ်ဂွမ်ကမူ စကားပင် မပြောနိုင်တော့ပေ။

သူမသေဘူး...

ဒီလိုကြီးပြိုကျပြီး ပိသွားတာတောင် မသေဘူး...

ဟုန်ဒယ်ဂွမ် ဝမ်းသာအားရနှင့် ချွန်းမြောင်အား ကျေးဇူးတင်စကား သွားပြောရန် ပြင်လိုက်လေစဉ်မှာပင် အံကိုကြိတ်ကာ ပြောလိုက်သော ချွန်းမြောင်၏ စကားကြောင့် တန့်သွားလေတော့သည်။

"ဟို သူတောင်းစား ဘယ်မှာလဲ"

ချွန်းမြောင် တကိုယ်လုံးတွင် ဖုန်များကပ်နေလေပြီး တကိုယ်လုံးပင် ဖြူဖွေးနေလေ၏။ သူက ကိုယ်တွင်ကပ်နေသော ဖုန်များကာ ခါချကာ ဟုန်ဒယ်ဂွမ်အား ပြုံးပြလာသည်မို့ ဟုန်ဒယ်ဂွမ် ကျောချမ်းသွားလေတော့သညိ။

"အာ...မဟုတ်ဘူးလေ...နဂါးလေးရယ့် ဒါက ဒီလိုရှိပါတယ်"

"ခင်ဗျားနဲ့ ကျွန်တော်တော့ စကားတွေအများကြီး ပြောစရာ ရှိသွားပြီ"

ချွန်းမြောင်က မကြာခင်ပင် ကွင်းထဲဝင်ရမည့် လက်ဝှေ့သမားကဲ့သို့ လက်များခေါင်းများကို အကြောအချင်များ ဖြေနေလေတော့သည်။

"ဒါနဲ့ မင်းသိလား..."

"ဘာလဲ.."

"အရာအားလုံးက စကားနဲ့ဖြေရှင်းလို့ ရပါတယ်တဲ့...

စိတ်ရှည်ရှည်သာ ဆွေးနွေးရင် စစ်ပွဲဆိုတာ မရှိလာနိုင်ပါဘူးတဲ့"

"...""

"ဒါဆိုလည်း နည်းနညိးလောက် ရိုက်ပြီးမှ ဆွေးနွေးကြတာပေါ့"

ဇွတ်ပင် ရိုက်ချင်နေသော ချွန်းမြောင်ကြောင့် ဟုန်ဒယ်ဂွမ် ချွန်းမြောင်အား ကယ်တင်ရှင် နတ်သားလေးအဖြစ်မှ နတ်ဆိုးကောင်ဟူပင် မြင်မိလာလေ‌တော့သည်။

အပိုင်း (၁၅၀)

ငါ့ပစ္စည်းကိုထိတဲ့ ဘယ်သူမဆိုအသေပဲ(၅)

“သူတို့တွေ မှီလာကြပြီ”

“သွားပြီ…ဗုဒ္ဓရဲ့ အဆုံးမရှိ ရောင်ခြည်တော် ပါသွားပြီ”

ဟိုခေါင်းဆောင်က ဓါးကို အသင့်အနေအထား ပြင်ထားလိုက်လေသည်။ ဤနေရာသို့ ဝင်ရောက်ခဲ့မိသည်က မှားယွင်းလေပြီဟူသော အချက်ပေးသံများက ရင်ထဲတွင် ဗလောင်ဆူနေလေသည်။

အခုက ဘာထပ်ဖြစ်ဦးမှာလဲ…

သူတို့ ဝူတန်ဂိုဏ်း၏ နောက်တွင် နောက်ထပ်လူများစွာက ဤဓါးသင်္ချိုင်းထဲသို့ ရောက်ရှိလာသည်ကို သိသော်လည်း ထိုလူများကို အာရုံမထားနိုင်ပေ။ ဂူထဲမှ နောက်ထပ်လာမည်ဖြစ်သော အန္တာရယ်များကိုပင် စိုးရိမ်နေရလေသည်။

ထို့အပြင် ဝင်ရောက်လာကြသည့် လူအရေအတွက်က သူမျှော်လင့်ထားသည်ထက်ပင် နည်းနေလေပြီး သူတို့အား ယှဉ်နိုင်မည့်သူလည်း ပါဝင်ပုံမရပေ။ သို့ဖြစ်၍ ထိုလူများကို အမှန်ပင် စိတ်ထဲတွင် အန္တာရယ်ဟု မတွေးထားပေ။ သူတို့ လက်ရှိတွင် အာရုံစိုက်ထားရမည်က ယာဆွန်း၏ ရတနာများပင်။

ဟို ခေါင်းဆောင်ယခုထိတိုင် အစအနပင် မတွေ့ရသေးသော ရတနာများအကြောင်းကိုတွေးကာ သက်ပြင်းချလိုက်လေသည်။

“ဘာလို့ဒီနေရာကြီးက ဒီလောက်ကျယ်နေတာလဲ”

“ဒီနေရာက မကြာခင်မှာ အဆုံးသတ်တော့မယ်ထင်တယ်”

“ဟမ်”

ဟိုခေါင်းဆောင် အမှန်ပင် စိတ်မအေးနိုင်ပေ။

ချီးပဲ…ယာဆွန်းက ဒီဂူကို ဖန်တီးနေတဲ့အချိန်တုန်းက ဘာတွေများတွေးနေခဲ့တာလဲ…

ဤဂူကြီးက ရတနာဟူသော မက်လုံးနှင့် အန္တာရယ်များလှသော ထောင်ချောက်များကလည်း ပြည့်နှက်နေလေသည်။ ထိုသို့သော ထောင်ချောက်များကို ကျော်လွားရန်က အလွန်ပင် အင်အားကောင်းရန်လိုအပ်ပြီး သာမန်အင်အားနှင့်မူ ကျော်လွှားနိုင်မည်မဟုတ်သည်က သေချာလှပေသည်။

ဒီနေရာက ယာဆွန်းရဲ့ အုတ်ဂူရော တကယ်ဟုတ်ရဲ့လား…

ကြောက်စရာကောင်းအောင် ထောင်ချောက်တွေက ပေါလိုက်တာ…

ဟို ခေါင်းဆောင် ဤဂူထဲတွင် ထောင်ချောက်များစွာကို ကြုံခဲ့ရပြီး ဖြစ်လေသည်။ တချို့နေရာများတွင် ဂူပြိုကျခြင်း ၊ လျှောက်လမ်းများက မြင့်တက်လာခြင်း၊ အဆိပ်အပ်များ ထွက်လာခြင်း စသည်ဖြင့် များစွာကြုံတွေ့ခဲ့ရပြီး ဂိုဏ်းသားများစွာလည်း ဆုံးရှုံးခဲ့ရပြီး ဖြစ်လေသည်။

လူများစွာကလည်း မျက်စိရှေ့တွင်ပင် အသက်ဆုံးရပြီးပြီမို့ သူတို့ မကြောက်ရွံဘဲလည်း မနေနိုင်ကြတော့ပေ။ ဤဂူကြီးက အမှန်ပင် အန္တာရယ်များနှင့် ပြည့်နှက်ကာ ခြေမချသင့်သော နေရာတစ်ခုပင် ဖြစ်လေသည်။

ရောက်သည့်နေရာတွင်ပင် ရပ်တန့်ကာ လာလမ်းကို ပြန်လှည့်လိုသော်လည်း တဖက်တွင်မူ ဂိုဏ်း၏ အနာဂတ်က ရှိနေပြန်လေသည်။ ယာဆွန်း၏ ရတနာများကိုသာ လက်ဝယ်ပိုင်ဆိုင်ခဲ့လျှင် ရရှိနိုင်မည့် အခွင့်အရေးများက မက်မောဖွယ်ရာ ရှိနေပြန်လေသည်။ လျစ်လျူရှု၍လည်း မနေနိုင်ပေ။ အသက်စွန့်ခဲ့ရသော ဂိုဏ်းသားများအတွက်လည်း သေချာပေါက်ကို ရတနာပစ္စည်းများကို ရယူနိုင်မှသာ ဖြစ်ပေလိမ့်မည်။၊ သို့သော်လည်း ရှေ့တွင်မူ မည်သို့သော အန္တာရယ်များက ထမ်မံကာ စောင့်ကြိုနေမည်ကို မသိနိုင်ပေ။ ထို့အပြင် ကျန်ရှိနေသေးသော ဂိုဏ်းသားများ၏ အသက်ကိုလည်း အာမခံချက် မပေးနိုင်ကြပေ။ ရတနာများကို ပိုင်ဆိုင်၍ ဂူပြင်ရောက်လျှင်လည်း လုယက်ကြဦးမည့် လူများက စောင့်နေကြဦးမည်ပင်။ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေနှင့် ဆုပ်လည်းစူး စားလည်းရူး အခြေအနေပင်။

ဟို ခေါင်းဆောင် နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်လေသည်။

ဒါက တိုက်ဆိုင်မှုကြောင့် ဖြစ်ရတာ မဟုတ်ဘူး…

ဤဂူထဲသို့ လူများ အပြုံလိုက် ရောက်ရှိလာခြင်း ၊ ဓါးသင်္ချိုင်းသတင်းပြန့်သွားခြင်းများက မတော်တဆ မဟုတ်ပေ။ လူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိပင် လုပ်ဆောင်ခြင်းကြောင့် ဤသို့ ပရမ်းပတာ ကမောက်ကမ အခြေအနေများ ဖြစ်ရခြင်းပင်။ လူများသာ ဓါးသင်္ချိုင်း၏ သတင်းကို မရခဲ့ပါက ဤသို့ လူစုလူဝေးနှင့် လာရောက်တိုက်ခိုက်ခြင်းမျိုး ကြုံရမည်လည်း မဟုတ်သကဲ့သို့ ဓါးသင်္ချိုင်းထဲသို့ အလျင်စလို ဝင်ရန်လည်း လိုအပ်မည် မဟုတ်ခဲ့ပေ။ ထိုသို့ အလျင်စလိုသာ မဝင်ရဘဲ ဓါးသင်္ချိုင်းကိုသာ သေချာလေ့လာခွင့်ရခဲ့ပါက သူတို့၏ဂိုဏ်းသားများလည်း ထိုသို့ အသက်ဆုံးရမည် မဟုတ်ပေ။ ဤသို့ ဖြစ်ရခြင်းအားလုံးက လူတစ်ယောက်ကြောင့်ပင်။

ဟိုခေါင်းဆောင်၏ စိတ်ထဲတွင် လူတစ်ယောက်၏ပုံရိပ်က မဖျောက်ဖျက်နိုင်အောင်ပင် စွဲထင်နေလေသည်။

ဒင်းကြောင့်…

ဒင်းကြောင့်သာ မဟုတ်ရင်….

ဟိုခေါင်းဆောင် အတွေးတို့ကို ခေါင်းခါကာ ရှင်းထုတ်လိုက်လေသည်။ ဤသည်က သူ၏ အထင်မှားခြင်းလည်း ဖြစ်ကြောင်းဖြစ်ပေလိမ့်မည်။ သိုင်းလောက သို့ မကြာသေးခင်ကမှ ခြေချလာသော ကလေးတစ်ယောက်က ထိုသို့ပြုလုပ်ရန်ဆိုသည်က လွယ်ကူသည်တော့ မဟုတ်ပေ။ ထို့အပြင် ဟွာဆန်းမှ အကြီးအကဲတစ်ယောက်ကိုမျှပင်လည်း မမြင်မိပေ။ အရာအားလုံးက အကြောင်းတိုက်ဆိုင်စွာ ဖြစ်လာသည်လည်း ဖြစ်နိုင်ပေ၏။

ခေါင်းဆောင်ဟို အမှန်ပင် အတွေးများနေမိလေတော့သည်။

“ခေါင်းဆောင် သူတို့လာနေကြပြီ”

“ဘာ’

ဟို ခေါင်းဆောင် ဇဝေဇဝါ ဖြစ်သွားလေသည်။

“ဟိုဂွန် …”

“ဟုတ်ကဲ့ ဆရာတူအကိုကြီး”

“မင်း သူတို့ကို တတ်နိုင်သလောက် တားထား…ဂိုဏ်းသားတွေကို ဦးဆောင်ပြီး ခေါ်သွား… ငါတို့ကို သူတို့ ခြေရာမခံမိသွားစေနဲ့”

“အဲ့လိုလုပ်ရမှာလား …အကိုကြီး”

“ငါ သူတို့ထဲက လူနည်းနည်းပဲ ခေါ်သွားမယ်… မြန်မြန်လေး လုပ်”

“ဟုတ်ကဲ့”

ဟိုဂွန်က ဂိုဏ်းသားအချို့ကို ဦးဆောင်ကာ နောက်ကြောင်းပြန်လှည့်သွားလေတော့သည်။

“ငါ့ နောက်ကို လိုက်ခဲ့… ငါတို့ ဆေးလုံးကို ရထားမှ ဖြစ်မယ်”

“ဟုတ်ကဲ့..”

ဤသိုဖြင့် ဝူတန်ဂိုဏ်းက လူခွဲကာ သွားကြလေတော့သည်။ ချွန်းမြောင်တို့အား နောက်ကြောင်းပြန်လှည့်ကာ တားဆီးထားသည့်အဖွဲ့နှင့် ရှေ့ဆက်တိုးကာ ရတနာရှာကြသည့် အဖွဲ့တို့ပင် ။

ခေါင်းဆောင်ဟို အနားပင် မရတော့ချေ။ တဖက်ရန်သူများကလည်း နီးကပ်လာပြီ ဖြစ်လေသည်။ ထိုမျှ ဆုံးရှံးထားရပြီဖြစ်၍ ဆေးလုံးနှင့် ဖော်စပ်နည်းများကိုက ရမှကို ဖြစ်တော့မည်ပင်။ ခေါင်းဆောင် ဟို ဦးဆောင်သောအဖွဲ့က ရှေ့သို့ မြန်မြန်သွက်သွက်ပင် တက်လာကြလေသည်။

ခေါင်းဆောင်ဟို ခပ်လှမ်းလှမ်းနေရာကို အာရုံခံကြည့်လိုက်ပြီး ကိုယ်ရှိန်ကိုသတ်ကာ အံကြိတ်လိုက်လေသည်။

“အားလုံးဝပ်ကြ”

ဝှီးဝှီးဝှီး …

မြားအစင်းပေါင်းများစွာက သူတို့ရှေ့ လက်မလေးတင်မှ ထွက်လာပြီး မြားခေါင်းများက စိမ်းတောက်နေလေသည်။ အဆိပ်များလူးထားသည်က အသိသာကြီးပင်။ ဟျွို ခေါင်းဆောင်က မြားများအားလုံးကို ဓါးနှင့်တားဆီး ရိုက်ချိုးပစ်လိုက်လေသည်။ မြားတစ်စင်းပင် သူ၏ဓါးကို ကျော်မသွားနိုင်ပေ။

“ယာဆွန်း…”

“ဟွာဆွန်းက ဆေးပညာကို တဖက်ကမ်းခတ်အောင် တော်တဲ့သူတစ်ယောက်ပဲ….ဒီနေရာက ပစ္စည်းတွေ အားလုံးမှာ အဆိပ်တွေရှိနေတယ်… “

ခေါင်းဆောင်ဟို စကားပင် မဆုံးသေးပေ။

“ခေါင်းဆောင်… ဒီကို တစ်ခုခုလာနေတယ် ထင်တယ်”

ဂျင်ဟဲယွန်၏စကားကြောင့် ခေါင်းဆောင်ဟို မျက်မှောင်ကြုတ်သွားလေသည်။

သူ မည်သို့သော ချီစွမ်းအင်ကိုမှ မခံစားမိပေ။ အဘယ်ကြောင့် ဂျင်ဟဲယွန်က တစ်စုံတစ်ခု လာနေသည်ဟု ပြောရသနည်း…

ခေါင်းဆောင်ဟို ခြေလှမ်းတို့ကို အရှိန်လျော့လိုက်ကာ ရှေ့သို့ မယုံကြည်နိုင်စွာပင် ကြည့်လိုက်လေသည်။

အမှောင်ထဲမှ စမ်းတဝါးဝါး လျောက်လာသော အရာကို တွေ့လိုက်ရလေသည်။ ထိုအရာမှ သက်ရှိတို့တွင် ရှိတတ်သော ချီစွမ်းအင်ကို မခံစားမိပေ။ အမျိုးအမည်မသိ ချဉ်းကပ်လာသောအရာကြောင့် ဟိုခေါင်းဆောင်တို့ ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ထိုအရာအား စောင့်ကြည့်နေလိုက်ကြလေသည်။

တစ်စုံတစ်ခုက တရွေ့ရွေ့လာနေပြီး အသက်ရှင်နေပုံလည်း မရပေ။ သို့သော်လည်း အသက်မရှိ၍ ရပ်တန့်နေသည်လည်း မဟုတ်ပေ။ တာဝန်အရတော့ လှုပ်ရှားနေပုံပင်။ ခံစားချက်မဲ့ လှုပ်ရှားနေလေ၏။

လာနေတာက ဘာကြီးများလဲ….

ခီး…

ခီး…ခီး…

ဟို ခေါင်းဆောင် ကြက်သီးမွှေးညင်းများ ထလာသလိုပင် ခံစားလိုက်ရလေသည်။ ယခုတွင်မူ ထိုအရာက မည်သည်ဖြစ်သည်ကို သူသိသွားပြီ ဖြစ်လေသည်။ ယာဆွန်းအား ဆဲဆိုလိုက်ရုံမှအပ အခြားတတ်နိုင်သည့်အရာ မရှိတော့ပေ။

“ချီးလိုပဲ….ငါတို့တော့”

ဟိုခေါင်းဆောင် လာနေသောအရာများသည် မည်သည်ဖြစ်သည်ကို သိလိုက်သည်နှင့် ထိုအရာတို့၏ သဘောသဘာဝကလည်း ခေါင်းထဲရောက်လာလေသည်။ သေချာပေါက် တစ်ကောင်ထဲ ဟုတ်မည် မဟုတ်တော့ပေ။ အစုလိုက် အဖွဲ့လိုက်သာ ဖြစ်ပေလိမ့်မည်။

“ကန်ရှီတွေလား”

ဖုတ်ကောင်ပင်…

မီးခိုးရောင် မျက်ဆန်များနှင့် အသိစိတ်မရှိတော့သော လူသေလောင်းများပင်။ ရန်လိုခြင်း တစ်ခုသာ သူတို့၏အသွေးအသားတွင် ကျန်ရစ်လေတော့သည်။

ထွက်လာသော ကန်ရှီများကြောင့် အားလုံးက ထိတ်လန့်သွားကြလေတော့သည်။

“ဒီနေရာက ဘယ်လိုတောင် သောက်ရမ်းဆိုးဝါးနေရတာလဲ…ချီးပဲ”

ဟိုခေါင်းဆောင် ဆဲရေးလိုက်လေတော့သည်။ သို့သော် အချိန်ဆွဲနေ၍ မရပေ။

“ခေါင်းဆောင် သူတို့တွေ လာနေကြပြီ”

“ချီးလိုပဲ”

“သူတို့တွေက သေပြီးတာတောင် အနားမရနိုင်ကြသေးဘူး…သူတို့ကို သနားသောအားဖြင့် ငါတို့က အနားပေးလိုက်ကြရအောင်”

ဟိုခေါင်းဆောင် ဓါးကို ဆွဲကာ ထုတ်လိုက်ပြီး ပြောလိုက်လေတော့သည်။ မည်သို့ပင် ဖြစ်စေ သူသည် အကြီးအကဲဖြစ်၍ ကြောက်ရွံ့မနေဘဲ ကြုံလာသမျှသော အန္တာရယ်တို့ကို ရင်ဆိုင်ရမည်ပင်။ ခေါင်းရှောင်၍ မရနိုင်ပေ။

“ဟုတ်ကဲ့ပါ…ခေါင်းဆောင်”

ဟိုခေါင်းဆောင် အံကိုကြိတ်ကာ ရှေ့သို့ တက်သွားလေတော့သည်။

သူတို့ ယာဆွန်းအား အကဲခတ်မှားခဲ့သည့်ပုံပင်။ ယာဆွန်းက ဂူထဲသို့ ခြေချလာသမျှသော သူတို့ကို အသက်ရှင်လျက် ပြန်ထွက်ရသည်ကို မလိုလားသည့်ပုံပင်။ မည်သို့ပင် ဖြစ်စေကာမူ ဟိုခေါင်းဆောင်အနေနှင့် ထိုပြဿနာများကို ကျော်လွှားသွားရပေလိမ့်မည်။

မတရားဟု ဟုန်ဒယ်ဂွမ် ခံစားရလေသည်။ သူ အမှားတစ်ခုလုပ်ခဲ့သည်က မှန်သော်လည်း ဆင်ခြေပေးခွင့်မရသည်က မဖြစ်သင့်ပေ။ မည်သူမှ အမှာအား တမင်သက်သက်မလုပ်ကြပေ။

"အေးနော်...ငါက လူကြီးနော်"

"ဟမ်...ဘာဖြစ်တယ်"

ရိုက်ရန်ပြင်နေသော ချွန်းမြောင်ကြောင့် ဟုန်ဒယ်ဂွမ် နံရံဘက်သို့ ကပ်ကာသွားလေတော့သည်။

"ဪ...အသက်ကြီးတာကို အခုတော့ ပြောနေပြီပေါ့"

ချွန်းမြောင် ယခင်ဘဝတုန်းကဆိုလျှင်မူ ထိုသို့ပြောဆိုလျှင် ပြောသည့်သူအားပို၍ပင် ရိုက်မည်ဖြစ်သော်လည်း ယခုတွင်မူ အမှန်ပင် လူကြီးတစ်ယောက်အား ရိုက်ရတော့မည့်ခံစားချက် ရသွားလေသည်။ မရိုက်တော့ပေ။ သို့သော် မကျေမနပ်အကြည့်ဖြင့်တော့ ကြည့်ဆဲပင်။ အားလုံးကလည်း သတိထားနေဟူသော အကြည့်များနှင့် ကြည့်နေကြသလိုပင်။

"ဒီလူကြီးက ငါတို့ကို ပြဿနာတွေ ပေး‌‌ေတာ့မယ်ဆိုတာ သိ‌ေနတယ်"

"ဟွာဆန်းရဲ့ နဂါးလေးသာ မပါရင် ငါတို့တော့ သေနေလောက်ပြီ...မိုးကောင်းကင်ရဲ့ ကျေးဇူးတော်ပါပဲ"

"ငါတို့ရဲ့ ဌာနခွဲခေါင်းဆောင်က ဘယ်လိုလုပ်ပြီးတော့များ ဒီလိုလူကောင်းလေးနဲ့ သိနေရတာလဲ"

"သေချင်တဲ့သူပဲ ဒီနေရာကို တစ်ယောက်တည်းလာမယ်ထင်တယ်"

ဟုန်ဒယ်ဂွမ်အား ချွန်းမြောင်က မရိုက်သော်လည်း သူတောင်းစားဂိုဏ်းမှ ပါလာသော သူများပြောသည်နှင့်ပင် ရစရာမရှိတော့ပေ။ မှောင်နေသောကြောင့် သူတို့၏ စိတ်ဆိုးနေသော မျက်နှာထားများကို မမြင်ရ၍သာ တော်လေတော့သည်။ ထိုသို့မဟုတ်လျှင် ဟုန်ဒယ်ဂွမ် အမှန်ပင် ဝမ်းနည်းမိပြီ ဖြစ်လေ၏။

"အဲ့တာကြောင့် ကျွန်တော် သူတောင်းစားတွေနဲ့ မပတ်သက်ချင်တာပဲ"

"ဟေ့...ဟေ့..သူတောင်းစားလို့ မသုံးနဲ့...သူတို့မကြိုက်ဘူး.."

"ဘာ...ဒီလိုခေါ်ပေးတာကမှ သူတို့ကို ပြီးပြည့်စုံ တဲ့ သူတောင်းစား ဖြစ်စေမှာ"

"…"

ဟုန်ဒယ်ဂွမ် ပြောသမျှကို ငြိမ်ငြိမ်လေးသာ သည်းခံနေလိုက်လေသညိ။ ယခုအချိန်တွင် ပြန်ပြောလျှင် ဆွမ်းကြီးလောင်းဝိုင်းခံရမညိက သေချာလေသည်။

ချွန်းမြောင်ကမူ အခဲမကြေသူသကဲ့သို့ တကြည့်ကြည့်နှင့်ပေမို့ ဘတ်ချုန်းက စကားလမ်းကြောင်းပြောင်းလိုက်လေသည်။

"ငါတို့ ဒီမှာပဲ အချိန်ဖြုနိးနေကြလို့ မရဘူးမို့လား...ဆက်သွားရအောင်လေ"

ဘတ်ချုန်း၏ စကားကြောင့် ချွန်းမြောင်က သက်ပြင်းတချက် မှုတ်ထုတ်ကာ စိတ်လျော့လိုက်လေသည်။

"ဟုတ်ပြီ...အခုကစပြီး ပြောတဲ့အတိုင်းပဲ ‌နေကြ"

"ငါတောင်းပန်ပါတယ်"

ဟုန်ဒယ်ဂွမ်က မျက်နှာငယ်လေးနှင့် တောင်းပန်စကားဆိုလေသည်။ ချွန်းမြောင်က မျက်စောင်းသာခဲကာ တဖက်သို့ လှည့်သွားလေသည်။

"သူတောင်းစား အဖွဲ့အစည်းက အရင်တုန်းက အဲ့လိုမဟုတ်ပါဘူး...ဘာလို့ အခုမှ အခြေအနေတွေက ပိုဆိုးတဲ့သူ‌တွေပဲ ဖြစ်နေကြတာလဲ"

ဟမ်...မင်း က ဘယ်သူတောင်းစားအဖွဲ့အစည်းကို ပြောနေတာလဲ...

ဒါလေး လုပ်မိတာနဲ့ အဲ့လောက်ကြီးတော့ မပြောသင့်ပါဘူးနော်..

"မင်း ဆက်ပြောနေမယ်ဆိုရင် ငါငိုတော့မှာနော်"

"တော်ပါ"

ချွန်းမြောင် ဆက်ကာ မပြောတော့ပေ။ ရှေ့ဆက်သွားရမည့် လမ်းကြောင်းကိုသာ အာရုံစိုက်နေလိုက်တော့သည်။

"ဒါနဲ့ အခုက ဘယ်ရောက်နေပြီလဲ"

လမ်းကြောင်းက ဆုံးနေပြီဖြစ်ပြီး တဖက်တွင် ကျောက်သားနံရံတံခါးကြီးသာ ရှိလေတော့သည်။

"အရှေ့မှာ ဆက်ပြီးတော့ သွားစရာ မရှိတော့ဘူး"

"အင်း"

ချွန်းမြောင် အံကိုကြိတ်ကာ ပြောလိုက်လေသည်။

"စောနတုန်းက လမ်းက လမ်းတဝက်မှာ လမ်းသွယ်လေး ရှိတယ်..ပုံမှန်ဆို အဲ့ဒီလမ်းကို သွားရမှာ...ဒါပေမယ့် သူတောင်းစားကိုယ်တော်က လုပ်လိုက်တော့ မျက်နှာကျက်တွေပြိုကျပြီး လမ်းပါပျောက်သွားတာ..အခု ဘယ်လိုလုပ်ကြမလဲ"

"ဒါဆို ငါတို့က လမ်းမှားပြီး ဒီကိုရောက်လာတာပေါ့"

"လမ်းမှားလား မှန်လားတော့ ကျွန်တော် လည်း ဘယ်လိုသိမှာလဲ ....ဒီတိုင်းပဲ ရှေ့ဆက်လာခဲ့ကြတာ မဟုတ်ဘူးလား....ဒီကနေလည်း ဆက်သွားဖို့ လုပ်ရမှာပဲ"

"ဒါပေမယ့် ဒီလမ်းက ပိတ်ထားတယ်"

အားလုံးက စိတ်ညစ်နေကြပြီ ဖြစ်လေသည်။ ဤမျှ ခရီးရှည်ကြီး ဆက်ခဲ့ပြီးမှ နောက်ကြောင်းပြန်လှည့်ကာ လမ်းသစ်ထပ်ရှာရမည် ဆိုသည်က မဖြစ်နိုင်သည့်ကိစ္စပင်။ စိတ်ပျက်နေမှုများကို ဖုံးကွယ်၍ပင် မထားနိုင်ကြတော့ပေ။

ချွန်းမြောင် ရှေ့ဆက်သွားရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။

"နေကြဦး...အားလုံးပဲ ...ကျွန်တော် ရှေ့က သွားပြီး အခြေအနေကြည့်မယ် ...အားလုံးပဲ နောက်က သတိနဲ့ လိုက်ခဲ့ကြ"

"ကောင်းပြီ"

"ဒီတစ်ခါ တယောက်ယောက်က တစ်ခုခုကို ဖင်ယားပြီး သွားထိရင် အဲ့လက်ကို နေရာမှာတင် ဖြတ်ပစ်မယ်ဆိုတာ သိထား"

"ဟုတ်ကဲ့"

ချွန်းမြောင် မျက်စိလျင်လျင်ထားကာ ကျောက်သားတံခါးကို အသာတွန်းကာ ဖွငိ့လိုက်လေပြီး အခြေအနေကြည့်လိုက်လေသည်။

"ဘာရှိလဲ"

"ဘာမှ မရှိဘူး ...နည်းနည်း‌တော့ ညှီသလိုပဲ"

"ဟမ်"

"ဘာမှ မရှိဘူးလား ဘာမှမရှိရင်...ဆက်သာ သွား"

ချွန်းမြောင် ကျောက်သားတံခါးကို ဖြည်းဖြည်းဖွင့်က အထဲသို့ လျှောက်လာခဲ့လေသည်။ ယခုနေရာသည် သူတို့လာခဲ့သော လျှောက်လမ်းနှင့်မတူပေ ။သဘာဝဂူတစိခုကဲ့သို့ ဖြစ်နေလေပြီး လူပြုပြင်ထားသည့် အရိပ်အယောင်လည်း မတွေ့ရပေ။

ကာလကြာမြငိ့ပြီဖြစိသော သဘာဝနေရာတစိခုလိုပင်။

ဒုတ်

"အသံမထွက်နဲ့"

"အင်း"

ဒုတ်

"အသံမထွက်နဲ့လို့ ပြောနေတယ်လေ"

"ငါတို့ အသံမထွက်ဘူးလေ"

ဒုတ်

"အဲ့ဒီ သောက်သံက ဘယ်ကမ္ဘာက လာနေတာလဲ..

ငါ့ဆီကလား..ချီး...""

ဒုတ်

ချွန်းမြောငိ သွားနေသည်ကို ရပ်လိုက်ပြီး ခေါင်းမော့ကာ ကြည့်လိုက်လေသည်။

"ဟမ်"

ဘာလား...

ရာပေါင်းများစွာသော အနီစက်လေးများက ဂူနံရံပေါ်တွင် ပန်းချီဆေးရေးထားသကဲ့သို့ တပြိုင်နက်ပေါ်လာကြလေသည်။

"ဘာကြီးတုန်း"

ထိုတောက်ပနေသော အနီစက်များကိုကြည့်ကာ အားလုံးက အံ့အားသင့် စိတ်ရှုပ်သွားကြလေတော့သည်။

All Chapters