← Chapters

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အပိုင်း (၁၅၇)

အခု ဝူတန်ဂိုဏ်းက ကောင်တွေကို အမှီလိုက်ကြရအောင် (၂)

ဆမ်ဆောဂွေ့ မျက်မှောင်ကြုတ်လိုက်လေသည်။

ဘယ်လိုဖြစ်ပြီး ဒီလိုမျိုးတွေ ကြုံနေရတာလဲ…

သူတို့၏ နဂိုမူလအစီအစဉ်က ဤသို့ မဟုတ်ပေ။ သူတို့၏မူလ အစီအစဉ်က ရန်သူဦးရေကို တတ်နိုင်သမျှ လျော့ချထားရန် ဖြစ်လေသည်။ သို့သော် လျော့ချခံရသည့်သူများက သူတို့ဖြစ်နေလေသည်။ မူလက တွေးထားသည်က သူတို့သည် ဝူတန်ဂိုဏ်းနှင့် ရင်မဆိုင်ရမှီအချိန်အထိ မည်သူနှင့်မဆို အသာစီးရနိုင်သူများပင်။ ထို့ကြောင့်ပင် ဤကလေးအုပ်စုကိုလည်း ရဲရဲဝံ့ဝံ့ စိန်ခေါ်ခဲ့ခြင်း ဖြစ်လေသည်။

ယခုကဲ့သို့သော ရလဒ်မျိုး ထွက်လာမည်ကိုကြိုသိခဲ့လျှင် အကျိုးမဲ့တိုက်ခိုက်မည် မဟုတ်ပေ။ မစူးစမ်းဘဲ ရင်ဆိုင်လိုက်သည့်အတွက် ပေးလိုက်ရသည့်အသက်တန်ဖိုးများက မနည်းပေ။

“အား…သောက်သုံးမကျတဲ့ ကောင်တွေ ..သူတို့ကို သေချာလေးရှင်းပစ်စမ်းပါ”

“ငါတို့လည်း ငါတို့တတ်နိုင်တာထက်တောင် ပိုပြီးတော့ တိုက်နေတာပဲ”

ဆမ်ဆောဂွေ့ ဤလူအား သူ၏ပြိုင်ဘက်အဖြစ် ရွေးချယ်လိုက်မိသည်ကို နောင်တရသွားလေသည်။ လူပုံက ဖြူနွဲ့ကာ သေးသွယ်သော်လည်း အင်အားကမူ လူဘီးလူးတစ်ကောင် လိုပင် သန်မာလှပေသည်။ သူ့ထံသို့ ပြေးဝင်လာသော အန္တာရယ်များကိုသာမက တခြားသူများကို ထိပါးသောသူများကိုပါ ဝင်ရောက်ကာ တိုက်ခိုက်ကူညီပေးနေလိုက်သေးသည်။ အရွယ်ငယ်သော်လည်း ပညာမငယ်သည်က အမြင်နှင့်ပင် အသိသာကြီးပင်။

တစ်ဖွဲ့လုံးက လူငယ်လေးများပင် ဖြစ်ကြသော်လည်း အကြောက်အရွံကလည်း ကင်းလှပေသည်။

ငါတို့ သူတို့ကို မနိုင်နိုင်တော့ဘူး…

ချွန်းမြောင်ဟု ခေါ်သောတစ်ယောက်ကမူ လူနှင့်မတူ မကောင်းဆိုးဝါး တစ်ကောင်လိုပင် သောင်းကြမ်းနေလေသေး၏။ ဆမ်ဆောဂွေ့ နှင့်အဆင့်တူပင်ဖြစ်သော ဂွန်ဘုတ်အား စက္ကန့်ဝက်နှင့်ပင် အလဲထိုးကာ အနိုင်ယူလိုက်လေသည်။ မကောင်းဆိုးဝါး တစ်ကောင်လိုပင် သူ၏ရှေ့တွင်ရှိနေသောအရာအားလုံးကို ဖြတ်သိမ်းကာ အနိုင်ယူသွားလေသည်။

သူက မကောင်းဆိုးဝါးပဲ…

သူ၏တိုက်ခိုက်မှုကို ရှောင်ရှားနိုင်သူ မရှိ။ သူ၏ တိုက်ခိုက်မှုမှ လွတ်မြောက်သူ မရှိ။ အားလုံးက အသေအကြေပင် တိုက်ခိုက်ခံနေရပြီး နှလုံးသားမရှိသည်ကလည်း သိသာလှပေသည်။ လူဟုပင် မထင်ရချေ။ သေရွာမှပြန်ထလာသော လူတစ်ယောက်လိုပင်။

“အား”

တွေးနေစဉ်မှာပင် သူတို့ဘက်မှ နောက်ထပ်လူတစ်ယောက်ကျသွားသည်ကို မြင်လိုက်ရလေသည်။ နာကြင်ကာ ညည်းတွားနေသောသူသည် အပြင်းအထန် ဒဏ်ရာရသွားသည်က အသိသာကြီးပင်။ သူ ဆက်ကာနေလျှင်လည်း သူပါ ဇီဝိန်ချုပ်ရတော့မည်ကို သိထားလေသည်။

မဖြစ်တော့ဘူး…ငါ ပြေးမှ ဖြစ်တော့မယ်…

ဆမ်ဆောဂွေ့ အတွေးရသည်နှင့် တစ်ခါတည်းပင် ပြေးရန်ပြင်လေတော့သည်။ ဟွာဆန်းက လူများက ဤသို့အစွမ်းအစရှိသည်ကို သိလျှင် သူနဂိုကတည်းက ဤတိုက်ပွဲတွင် ဝင်ပါခဲ့မည် မဟုတ်ပေ။ ကံကောင်းထောက်မစွာပင် သူက ရှေ့တန်းသို့ မထွက်မိသေးပေ။ တိုက်ပွဲ၏ နောက်တွင်သာ ရှိနေလေသေးသည်။ သူ အလစ်ချောင်းကာ ပြေးလျှင် အဆင်ပြေလိမ့်မည်ဟု ယူဆ၍ ရလေသည်။

ဘယ်လိုပဲဖြစ်ဖြစ် တခြားသူတွေသတိမထားမိခင် ငါ ထွက်ပြေးမှ ဖြစ်မယ်…

လောလောဆယ်တွင်မူ ဤဂူထဲတွင် လူက သုံးဖွဲ့ရှိလေသည်။ သူတို့တစ်ဖွဲ့၊ ဝူတန်ဂိုဏ်းက တစ်ဖွဲ့နှင့် ဟွာဆန်းမှလူများက တစ်ဖွဲ့ဖြစ်လေသည်။ သူ ယခုအချိန်မှီ ထွက်ပြေးလွတ်မြောက်ပါက ဝူတန်ဂိုဏ်းနှင့် ပူးပေါင်းကာ ဝူတန်ဂိုဏ်းအား ဟွာဆန်း၏သတင်းကို ပေးလိုက်မည်ဆိုလျှင် တိုက်ပွဲအခြေအနေက တစ်မျိုးတစ်မည် ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်လေသည်။ ဟုတ်လေသည် သူ ထွက်ပြေးရမည်။

ယခုတွင်မူ သူ ဆမ်ဆောဂွေ့သည် လေကို ခွင်းကာ လျင်မြန်သောအရှိန်နှင့်ပင် ထွက်ပြေးနေလေပြီ ဖြစ်၏။ သူသည် သိုင်းပညာအဆင့်မနိမ့်သူဖြစ်သော်လည်း မနိုင်သည့်တိုက်ပွဲကိုတော့ ရူးရူးနှမ်းနှမ်း တိုက်ရန်အကြောင်းမရှိပေ။

တိုက်ပွဲဆိုသည်က သန်မာသည့်သူများ ရှင်သန်ကျန်ရစ်သည် မဟုတ်ပေ။ ရှင်သန်ကျန်ရစ်သည့်သူများကသာ သန်မာသူများအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်လေသည်။ ဉာဏ်ကို လွှာကာ သုံးတတ်ရန်က အရေးကြီးဆုံးပင်။

ယခုတွင် အရှက်ကွဲသော်လည်း ရှင်ကျန်ရစ်ကာ ရတနာပစ္စည်းများကို ရခဲ့လျှင်မူ လောကတွင် အသန်မာဆုံးလူဖြစ်လာပြီး အရှက်ကွဲခဲ့ရသည်အတွက် ပြန်၍ လက်စားချေနိုင်လေသည်။ သို့ဖြစ်၍ ယခုအချိန်တွင် ရှင်သန်နိုင်ရန်သာ အရေးကြီးဆုံးဖြစ်လေသည်။ ဆမ်ဆောဂွေ့ နှုတ်ခမ်းကိုကိုက်ကာ အံကိုတင်းတင်းကြိတ်ပြီး တောက်လျောက်ပြေးလေတော့သည်။

“ဒီခွေးသားက သောက်ရှက်မရှိကို လုပ်နေတော့တာပါလား”

နောက်မှ ကြားလိုက်ရသောအသံကြောင့် ဆမ်ဆောဂွေ့ ထိတ်လန့်သွားပြီး အကန်ခံလိုက်ရသောကြောင့် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ မရှုမလှ လဲကျသွားလေသည်။

“အဟ…”

ပြင်းစွာသော နာကြင်မှုကို ခံစားလိုက်ရပြီး အနည်းငယ်လည်း မူးဝေသွားလေ၏။ ဆမ်ဆောဂွေ့ ခေါင်းကိုခါကာ သူ့အားဤသို့ ဖြစ်အောင်စွမ်းဆောင်လိုက်သူကို တချက်ကြည့်လိုက်လေသည်။

ချွန်းမြောင်ပင်။

ထိုမကောင်းဆိုးဝါလို ကလေးက သူ့အား မတ်တပ်ရပ်ကာ ကြည့်နေလေသည်။

“ခွေးသား…မင်းတို့ဘက်က လူတွေက အသက်ကိုရင်းပြီး တိုက်ခိုက်နေတဲ့အချိန်မှာတောင် မင်းက ဘယ်သူ့ကိုမှ မငဲ့ဘဲ ထွက်ပြေးနိုင်သေးတယ်ပေါ့…ဟမ်”

“…”

ဆမ်ဆောဂွေ့ ရုတ်တရက် ထိတ်လန့်သွားလေသည်။

တခြားသူများ လက်တွင် ဖမ်းဆီးမိခြင်းထက် ဤတစ်ယောက်၏လက်တွင် ဖမ်းဆီးခံရခြင်းက များစွာပို၍ အန္တာရယ် ရှိသည်ကို သူသိလေသည်။ သူနောက်ကို တချက်ကြည့်လိုက်လေတော့ အခန်းထောင့်တွင် ပုံထားသည့် သူတို့၏လူများကို တွေ့လေသည်။ ချွန်းမြောင်သူက တခြားသူများကို တိုက်ခိုက်ပြီးသည်နှင့် သူ့နောက်သို့လိုက်ခဲ့ဟန် ပေါ်လေသည်။ အခြေအနေကို ပို၍မဆိုးဝါးသွားစေရန် ဆမ်ဆောဂွေ့ စကားအပိုများကို မပြောဘဲ ချွန်းမြောင်အား စူးစိုက်ကာသာ ကြည့်နေလိုက်လေသည်။

ချွန်းမြောင်က စကားစကာ ပြောလာလေသည်။

“ဟေ့”

“…”

ချွန်းမြောင်က ခေါင်းကို ဘယ်ညာလှည့်ကာ ချိုးလိုက်‌လေ၏။

“လူဆိုတာက သစ္စာရှိရတယ်”’

ချွန်းမြောင်၏ စကားကြောင့် ဆမ်ဆောဂွေ့က ပြောလိုက်လေသည်။

“သစ္စာ ဟုတ်လား… မင်းပြောချင်တာက အသက်ကိုစွန့်ပြီး ဝင်တိုက်ခိုက်တာကို သစ္စာလို့ ပြောချင်တာလား”

“အိုး”

ဆမ်ဆောဂွေ့၏စကားကြောင့် ချွန်းမြောင် မျက်လုံးများပြူးကျယ်ကာ အံ့အားသင့်ဟန် လုပ်ပြလာလေသည်။

“ချီးလိုပဲ…ဒီနေ့မှ တွေ့တဲ့ကောင်တွေကို ငါက ဘာကိစ္စက သစ္စာတွေ မေတ္တာတွေ လုပ်နေရမှာလဲ…”

“အင်း…မင်းပြောတာလည်း ဟုတ်တာပဲ”

ဆမ်ဆောဂွေ့၏ စကားကို ထောက်ခံသယောင် ချွန်းမြောင်က ခေါင်းငြိမ့်ပြလိုက်လေသည်။၊

ဘာလား..

ဒီကလေးက ငါပြောတာကို လက်ခံနေတာလား…

“မစိုးရိမ်ပါနဲ့…ဒီနေ့မှ တွေ့တဲ့သူတွေကို သစ္စာမရှိလို့ ဆိုပြီးတော့ ငါမင်းကို မသတ်ပါဘူး”

ဒါဆို ဘာလို့ ဖမ်းထားတာလဲ…

“မင်းကိုသာ ငါလွတ်ပေးလိုက်ရင် မင်းက သေချာပေါက် ငါတို့အကြောင်းကို တခြားသူတွေကို ပြန်ပြောမှာပဲ…ဟုတ်တယ်မို့လား…အထူးသဖြင့် ဝူတန်ဂိုဏ်းဆီကိုလေ”

“….”

ချွန်းမြောင် တောက်တောက်ပပပင် ပြုံးကာ ဆက်ပြောလေသည်။

“ငါက အဲ့လိုပဲ အရိပ်ပြရင် အကောင်ရော ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်ပါ မြင်တတ်တဲ့သူမျိုးလေ… ဆို‌တော့ မင်းဘာဆက်လုပ်မယ်ဆိုတာကို သိနေတယ်”

ဆမ်ဆောဂွေ့ စကားပြောနေရင်းနှင့် တဖြည်းဖြည်း သူ့နားသို့ကပ်လာသော ချွန်းမြောင်ကြောင့် မျက်စိပိတ်ကာသာ နေလိုက်လေတော့သည်။ ဖြစ်သမျှအကြောင်း အကောင်းကြီးပင်။ ကံတရားက မျက်နှာသာ မပေးသည်မို့ ကံကိုသာ ရိုးမယ်ဖွဲ့ကာ နေလိုက်လေတော့၏။

“ဟူး….”

ယွန်းဂျွန် လေပူတစ်ချက်ကို မှုတ်ထုတ်ကာ သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။

တိုက်ပွဲတိုက်နေစဉ်အခါက သူ၏အခြေအနေသည် မည်သို့ရှိသည်မသိသော်လည်း ယခုတွင်မူ တကိုယ်လုံးပင် နာကြင်ကိုက်ခဲနေလေသည်။

အမှန်တကယ် တိုက်ပွဲဆိုတာ ဒါမျိုးပါလား….

ဤအတွေ့အကြုံက ဓါးရေးယှဉ်ရခြင်းနှင့် လုံးလုံးလားလားပင် ခြားနားလေသည်။ ဘဝကိုလောင်းကြေးထပ်ကာ ထားရပြီး ရှုံးလျှင်‌ ပေးဆပ်ရမည့် တန်ဖိုးကလည်း မိမိ၏ အသက်ဖြစ်နေလေသည်။ အကြောက်တရားကြောင့်ပင် ထိုမျှ ရုန်းကန်နိုင်ခဲ့သည်လည်း ပါမည်ထင်၏။

ဂျိုဂုကမူ သူ၏ဘေးမှာ မြေပြင်ပေါ်တွင် ဖင်ချထိုင်နေပြီး တကိုယ်လုံးတွင်လည်း ချွေးများကြီးပင်။ ယွန်းဂျွန် ဂျိုဂု၏ပုခုံးကို လက်နှင့်ဖွဖွပုတ်ကာ အားပေးလိုက်လေသည်။

“မင်း ကောင်းကောင်းကြီး လုပ်နိုင်ခဲ့တာပဲ”

“မဟုတ်ဘူး…အကိုကြီးကမှ အများကြီးကူညီပေးခဲ့တာ”

ဂျိဂုက သူ့ကိုယ်သူ အားမရဖြစ်နေဟန် ရလေသည်။

“လူတွေ ပြောကြတာက အမှန်တကယ်တိုက်ပွဲကို ကြုံရတဲ့အခါ ကိုယ်ရဲ့ စွမ်းရည်အစစ်အမှန်ကို သိလာရတယ်တဲ့…အခု ကျွန်တော် အဲ့တာကို ကောင်းကောင်းကြီး နားလည်သွားပြီ..ကျွန်တော့်အရည်အချင်းက အဲ့လောက်စုတ်ပြတ်နေမှန်း ကျွန်တော် မသိခဲ့ဘူး…အမှိုက်သာသာပဲ”

“အမှိုက် ဟုတ်လား”

ဂျိုဂု၏ စကားကြောင့် ယွန်းဂျွန် အံဩသွားရလေသည်။ ချွန်းမြောင် သူတို့အား ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ သူတို့ဆွန်မြောင်ကို အတူတကွ နှိမ်နင်းနိုင်ခဲ့ကြပြီး ဖြစ်လေသည်။ထိုအကြောင်းသာ ဟွာဆန်းသို့ သတင်းရောက်ပါက ဂိုဏ်းတစ်ဂိုဏ်းက အံဩချီးကျူး ဂုဏ်ပြုကြမည် ဖြစ်လေသည်။ ဆွန်မြောင် ဆိုသော အမည်နာမနောက်တွင် တွဲပါနေသော ဂုဏ်ပုဒ်က အံ့အားသင့်ချီးကျူးဖွယ်ရာပင် ဖြစ်လေသည်မို့ ဆွန်မြောင်ကို အနိုင်ယူနိုင်ခဲ့သည်နှင့်ပင် သူတို့အဖို့ ကျေနပ်စရာကောင်းနေလေပြီ ဖြစ်သည်။

သူက မြင်သမျှကြားသမျှကို သူနဲ့ နှိုင်းယှဉ်နေတာပါလား…

ယွန်းဂျွန် ဂျိုဂု၏ ခံစားချက်ကို နားလည်သွားလေပြီဖြစ်သည်။ ချွန်းမြောင်သည် သူတို့အား လမ်းပြပေးသည့်သူပင်၊ အငယ်ဆုံးပင် ဖြစ်လင့်ကစား အရည်အချင်းကမူ မသေးပေ။ မဟုတ် …သူတို့ နှိုင်းယှဉ်၍ပင် မရသော အမြင့်တစ်နေရာတွင် ရှိသူဖြစ်လေသည်။ ချွန်းမြောင်သည် ဤလူများကို တစ်ယောက်တည်း ကိုင်တွယ်ရှင်းလင်းနိုင်သော်လည်း သူတို့ကမူ မဟုတ်ပေ။ ချွန်းမြောင်၏ စွမ်း‌ဆောင်ရည်နှင့် တန်းထိုးကာ ကြည့်လျှင်မူ အားလုံးက စိတ်မကျေနပ်ဖွယ်ရာသာ ဖြစ်ပေလိမ့်မည်၊။

“ဒါက ဘာမှ စိတ်ခုနေစရာကိစ္စ မဟုတ်ပါဘူး”

ဘတ်ချုန်းက ပြောကာ သူတို့အနီးသို့ လျှောက်လာလေသည်။

“မင်း မင်းရဲ့စွမ်းရည်ကို အပြည့်အဝ မပြသနိုင်သေးတာကလည်း သဘာဝပါပဲ…ဒီလိုအကြပ်တည်းနဲ့ ရင်ဆိုင်ရတဲ့အချိန်မျိုးမှာ ဆိုရင် အကုန်လုံးက ခက်ခဲကြတာပဲလေ…စိတ်လောပြီး လုပ်နိုင်သလောက်ကို မလုပ်ပြနိုင်တာလည်း ဖြစ်တတ်ပါတယ်…ပြီးတော့ ဒါက ပထမဆုံးအကြိမ်လေ…”

“အင်း”

“မင်းကိုမင်း လက်ရှိအခြေအနေကြောင့် အရမ်းကြီး တွန်းအားမပေးပါနဲ့…မင်း တိုက်ပွဲမှာ ကောင်းကောင်းကြီး အစွမ်းပြခဲ့ပြီးပြီးပဲကို”

“ဟုတ်ကဲ့ပါ…နည်းပြ”

“ဒါကို မှတ်သားထားပါမယ်”’

ဘတ်ချုန်းက ခေါင်းကိုငြိမ့်ပြလိုက်လေသည်။ စကားကို ဆက်ကာပြောရန် ပြင်လိုက်သော်လည်း နောက်မှ အသံကြောင့် ခေါင်းလှည့်ကာ ကြည့်လိုက်လေသည်။

“အဟား..ဒါက …မင်းရဲ့ …စွမ်းအား အကုန်ပဲပေါ့”

“မလုပ်နဲ့…အား”

“ခိ..ခိ..ခိ”

ဘတ်ချုန်း မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်မှောင်ကြုတ်လိုက်လေ၏။

ချွန်းမြောင်သည် လူတစ်ယောက်အား ခြေထောက်မှဆွဲကာ ခေါ်လာပြီး သူတို့ရှိရာသို့ လှမ်းကာလာနေလေသည်။ထိုသို့ ဆွဲခေါ်ခံလာရသည့်သူက သေချာပေါက် ထွက်ပြေးရန် ပြင်သည့် ဆမ်ဆောဂွေ့ပင် ဖြစ်ရမည် ။ ဘတ်ချုန်း သေချာပင် သိလေသည်။

ဘတ်ချုန်းက ထိုလူကိုလည်း ဆွဲခေါ်လာပြီး ကျန်သည့်လူများကို ပုံထားသည့် အခန်းထောင့်သို့ ဆွဲလွှင့်လိုက်လေသည်။ ထိုနေရာတွင် ဟွာဆန်းနှင့် တိုက်ခိုက်ခဲ့သော လူများက အစုလိုက်အပြုံလိုက်ပင်။

သို့သော် တစ်ဦးတစ်ယောက်မှ အသက်မပျောက်ကြပေ။

ချွန်းမြောင်သည် ကိုးယောက်အနက်မှ လူနှစ်ယောက်ကို သတ်လိုက်သော်လည်း ကျန်သည့်လူများကမူ မေ့မြောနေကြရုံသာ ဖြစ်လေသည်. ။အသက်မသေကြပေ။

ဘတ်ချုန်းတို့ သိကြလေသည်။ သိုင်းလောက သမား တစ်ယောက်အနေနှင့် လူသတ်နေရခြင်းက စိမ်းသက်နေသည် မဖြစ်သင့်သော်လည်း သူတို့အားလုံးက လူသတ်ရန်အတွက် အဆင်သင့်မဖြစ်ကြသေးပေ။ သိုင်းသမားများအနေနှင့် ပျော့ညံ့လွန်းသည်ဟု ဆိုရပေမည်။ ထိုသို့ စိတ်နှလုံးသားပျော့လွန်းသည်က ပြဿနာကြီးတစ်ခုပင်။ အမှန်တကယ် တိုက်ပွဲများ ရင်ဆိုင်ရချိန်တွင် သူတစ်ပါးကို မသတ်ရက်ခြင်းကပင် သူ့အသက်ကို ပေးလိုက်ရနိုင်သည့် အားနည်းချက်ကြီး ဖြစ်လာနိုင်လေသည်ကို သူတို့အားလုံး နားလည်ထားကြလေသည်။

မိမိရှင်သန်ရန်အတွက် သူတစ်ပါးအား ချနင်းကာ သတ်ဖြတ်ပစ်ရမည်ပင်။ တွေဝေနေရန် မလိုအပ်ပေ..။

“အကိုကြီး ဘာတွေတွေးနေတာလဲ”

“ဘာမှ မဟုတ်ပါဘူး”

ဘတ်ချုန်း ချွန်းမြောင်ကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်လေသည်။

သူတို့ ချွန်းမြောင်ကဲ့သို့သော စိတ်ထားနိုင်ရန် လိုအပ်လေသည်။ ဒယ်ယာဂွမ်၏ လည်ပင်းကို ပိုင်းဖြတ်လိုက်သော ချွန်းမြောင်၏ ပုံရိပ်ကို ဘတ်ချုန်း မျက်စိထဲမှ ထုတ်မရသေးပေ။ ကြောက်ရွံခြင်း မရှိ ၊ တုန်လှုပ်မှု မရှိ ၊ လုပ်သင့်သည့် တာဝန်တစ်ခုကို လုပ်ဆောင်သွားသလိုပင် သွေးအေးလှပေသည်။

ဘတ်ချုန်းတို့ ချွန်းမြောင်အား ဝင်ကာ မကူညီလျှင် ကျန်လူကိုးယောက်လုံးက သေချာပေါက်ပင် ချွန်းမြောင် လက်ချက်နှင့် အသက်ဆုံးရတော့မည်က သေချာလေသည်။ ထို့ကြောင့်ပင် ဘတ်ချုန်းတို့ ဝင်ကာကူညီခြင်း ဖြစ်လေသည်။ သူတို့အနေနှင့် ပျော့ညံသည် မှန်သော်လည်း မလိုအပ်ဘဲ လူမသေစေချင်သည်ကတော့ အမှန်ပင်။ ဤသည်ကလည်း လူပီသခြင်း တစ်မျိုးဟု ခံယူထားလေသည်။

ချွန်းမြောင် အခန်းထောင့်တွင် လဲနေကြသော မာဟွိုက်တို့ကိုကြည့်ကာ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်လေသည်။

ဘတ်ချုန်းတို့သာ ဝင်မပါလာလျှင် အားလုံးအသေပင် ဖြစ်ပေလိမ့်မည်။ နှစ်ကြိမ်တွေးနေမည် မဟုတ်ပေ။ သူတို့အား နှောင့်ယှက်သူအားလုံးကို သူသတ်ပစ်လိုက်မည်ပင်။ သိုင်းလောက၏ လျင်သူစားစတမ်း နိယာမက သူနှင့်ကောင်းကောင်းကြီး ရင်းနှီးနေပြီဖြစ်၍ အားလုံးအား သက်ညှာရန် စိတ်ကူးမရှိပေ။ အတိတ်ဘဝတုန်းကလည်း မသက်ညှာခဲ့ပေ။ သို့သော်…

ထားပါလေ…မသတ်တော့လည်း တမျိုးကောင်းတာပေါ့…

အတိတ်ဘဝနှင့် ယခုဘဝက တစ်ထပ်တည်းရှင်သန်ရမည်ဟု ပြောဆိုထားသော အရာများလည်း မရှိပေ။ ချွန်းမြောင်သည်လည်း မပြောင်းလဲခဲ့ပေ။ သို့သော် ဟွာဆန်းကမူ ပြောင်းလဲခဲ့လေပြီ။ အတိတ်တုန်းက ဟွာဆန်းကဲ့သို့သော ဟွာဆန်းကို ပြန်လည်ဖန်တီးလိုသော်လည်း အတိတ်ဘဝတုန်းကလောက်မူ အသက်များကို ရင်းရန် လိုတော့သည့် ပုံမပေါ်ပေ။

“’အားလုံး အဆင်သင့်ဖြစ်ကြပြီလား”

“အင်း”

ချွန်းမြောင်က တချက်ပြုံးလိုက်လေသည်။

“ဒါဆို အခုပဲ ဝူတန်ကောင်တွေကို အမှီလိုက်လိုက်ကြရအောင်’

အားလုံးက ချွန်းမြောင်၏စကားကို ကြားလိုက်သည်နှင့် ပြုံးလိုက်ကြကာ သက်ပြင်းကိုယ်စီ ချနိုင်သွားကြလေတော့သည်။

အပိုင်း (၁၅၈)

အခု ဝူတန်ဂိုဏ်းကကောင်တွေကို အမှီလိုက်ကြရအောင် (၃)

ဟို ခေါင်းဆောင်က သူ့မျက်နှာကို အင်္ကျီလက်စနှင့် ပင့်ကာသုတ်လိုက်လေသည်။ ချွေးပေါက်ကြီးငယ်က နေရာအနှံ့ပြားမှပင် ထွက်နေလေပြီး မောပန်းရုန်းကန်ရလွန်း၍ မျက်နှာပြင်လည်း ရဲရဲနီနေလေပြီ ဖြစ်သည်။

ချီးလိုပဲ..

ဟို ခေါင်းဆောင် စိတ်ထဲမှ ကြိတ်ကာ ယာ့ဆွန်းဆိုသည်အား အကြိမ်ကြိမ် ကျိန်ဆဲနေမိလေသည်။ သူ၏တပည့်များထဲမှ တဝက်ကျော်က သေလူဘဝကို ကူးပြောင်းသွားကြရပြီးပြီ ဖြစ်လေသည်။ တာအိုကျင့်ကြံသူတစ်ယောက်အနေနှင့် တွေ့ဆုံကြုံကွဲတို့ကို တရားဓမ္မနှင့်သာ ဖြေသိမ့်ရမည်ဖြစ်သော်လည်း သူထိုသို့ မလုပ်နိုင်ပေ။ သူ၏တပည့်များက အလကားသက်သက် သေဆုံးသွားရသည်ပင်။

ကန်ရှီများလက်မှ သူတို့လွတ်မြောက်လာခဲ့သော်လည်း ရတက်မအေးနိုင် မပျော်နိုင်ပေ။ ကန်ရှီများဆိုသည်က အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများဖြစ်သည်ဆိုသည်ကို သူကောင်းကောင်းကြီး သိခဲ့ရပြီး လေပြီ ဖြစ်သည်။ သူတိုခန္ဓာကိုယ်သည် ဓါးမတိုးသကဲ့သို့ သွေးများကလည်း တခြားသူကို အဆိပ်သင့်စေလေသည်။ ကောင်းကျိုး တစ်စက်မှ မပေးသော သတ္တဝါများပင်။

ထို့ပြင် ကန်ရှီများနှင့် ရင်ဆိုင်ရသည့် နယ်မြေက ကျဉ်းမြောင်းလွန်းလှပေသည်။ ပြန်လည်ခုခံရသည်ကလည်း မလွယ်သကဲ့သို့ အင်အားကိုလည်း အပြည့်အဝ မသုံးနိုင်ပေ။ ထိုသို့သော အခြေအနေအရပ်ရပ်များအရ လတ်တလော ကန်ရှီများနှင့်ရင်ဆိုင်ရာမှ လွတ်မြောက်လာသူ အနည်းငယ်သာ ရှိလေ၏။

“မင်း အဆင်ပြေရဲ့လား”

“ဟုတ်ကဲ့..ပြေပါတယ် ခေါင်းဆောင်”

ဂျင်ဟဲယွန်က သူက လက်မောင်းကို အသာဖိရင်း ခေါင်းငြိမ့်ပြလာလေသည်။ ဟိုခေါင်းဆောင် ထိုဖိလိုက်သည့်နေရာသို့ စိတ်ဝင်စားကာ သံသယဝင်သွားလေ၏။

“ငါ့ကို ပြစမ်း”

“ကျွန်တော် အဆင်ပြေပါတယ်”

“လက်ကို အခုဖယ်လိုက်”

ဂျင်ဟဲယွန် အုပ်ထားသည့် လက်ကို အသာအောက်လျောလိုက်လေသည်။ ဟို ခေါင်းဆောင်က ဂျင်ဟဲယွန်၏ အင်္ကျီလက်ကို မကာ အနီးကပ်ကြည့်လာလေသည်။

ဒါက အဆိပ်တက်နေတာများလား…

ကန်ရှီ၏ လက်သည်းနှင့် ခြစ်မိထားသည့်နေရာသည် ခရမ်းရောင်သို့ စတင်ကာပြောင်းနေပြီဖြစ်ပြီး မကြာမှီပင် ပြည်များတက်ကာ အသားများပုတ်ကျသွားပေလိမ့်မည်။ သာမန်အဆိပ်မျိုးသာ ဖြစ်ပါက ဂျင်ဟဲယွန်၏ခန္ဓာကိုယ်မှ ချီစွမ်းအင်များက အလိုအလျောက် ကုသသွားမည်ဖြစ်သော်လည်း ယခုတွင်မူ မကုသနိုင်ပေ။ အသားများကသာ တဖြည်းဖြည်း ခရမ်းရောင်သန်းလာလေသည်။

မကုသဘဲထားလိုက်ပါက ဂျင်ဟဲယွန်၏လက်မောင်းသည် မကြာမှီပင် လှုပ်မရဖြစ်သွားမည်ဖြစ်ပြီး အဆိပ်ကလည်း နှလုံးသို့ပြန့်သွားကာ ကန်ရှီမဖြစ်လျှင် သေသွားမည်သာ ဖြစ်လေသည်။ ဟိုခေါင်းဆောင် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဂျင်ဟဲယွန်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်လေသည်။

“ခေါင်းဆောင်း”

“ရှူး..”

ဂျင်ဟဲယွန် ပါးစပ်ကို အလျင်အမြန်ပင် ပိတ်လိုက်လေသည်။ ချီစွမ်းအင် လွဲပြောင်းကုသနေစဉ်အတောအတွင်း စကားမပြောသင့်ပေ။ အခန့်မသင့်ပါက မတော်တဆဖြစ်ကာ နှစ်ဦးလုံး အသက်ဆုံးရှုံးသွားနိုင်လေသည်။

စွမ်းအင်ကို တတ်နိုင်သလောက် ခြွေတာထားရမှာကို..

ဤဂူထဲတွင် သူတို့အခက်အခဲများစွာကို မျက်ဝါးထင်ထင်ကြုံရပြီးပြီ ဖြစ်လေသည်။ နောက်ထပ်မည်သို့သော အခက်အခဲများ ထပ်လာဦးမည်ကိုလည်း မသိနိုင်ပေ။ သို့ဖြစ်၍ စွမ်းအားများကို တတ်နိုင်သမျှ ခြွေတာထားရမည်ဖြစ်ပြီး မလိုအပ်လျှင် မသုံးသင့်ပေ။ သို့သော် ဟို ခေါင်းဆောင်ကမူ သူ့အား စွမ်းအားများသုံးကာ သူ၏ဒဏ်ရာကို ကုသပေးနေလေသည်။ အံ့အားသင့်ဖွယ် ကောင်းလှပေ၏။

ချီစွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲသို့ အချိန်အတော်ကြာအောင် ဝင်ရောက်လာပြီးနောက်တွင်မူ သူ၏ဒဏ်ရာက အရှင်းပျောက်သွားပြီ ဖြစ်လေပြီး သူ၏ ခရမ်းရောင်သန်းနေသောနေရာတဝိုက်ကလည်း ပုံမှန်အသားရောင် ပြန်ဖြစ်လာပြီ ဖြစ်လေသည်။

“ရသွားပြီ”

“ခေါင်းဆောင်…ခေါင်းဆောင်က ဘယ်လိုတောင်မှ….”

ဟိုခေါင်းဆောင်က ဂျင်ဟဲယွန်ပြောချင်သည့်အရာကို နားလည်နေသလိုပင် အေးအေးလူလူသာ ပြန်ပြောလိုက်လေသည်။

“ဓါးသင်္ချိုင်းထဲက ရတနာတွေကလည်း အရေးကြီးတာ မှန်ပေမယ့် ငါတို့တပည့်တွေရဲ့ လက်မောင်းတစ်ဖက်လောက်တော့ အဖိုးမတန်ပါဘူး…အဲ့ဒီတော့ အဓိပ္ပါယ် မရှိတာတွေပြောမနေနဲ့တော့”

“ငါက ဒီလောက်လည်း အားနည်းနေတဲ့ကောင် မဟုတ်ပါဘူး”

ဂျင်ဟဲယွန် နှုတ်ခမ်းကိုသာ တင်းတင်းကိုက်လိုက်လေသည်။ သူပြောချင်သည်က တစ်ဦးနှင့်တစ်ဦး ချီစွမ်းအင်လွဲပြောင်းကာ ကုသပေးခြင်းက တကယ်ပင် ခက်ခဲသောအရာဖြစ်လေသည်မို့ သူတို့ခေါင်းဆောင်၏ စွမ်းဆောင်ရည်ကို အံဩမခမ်း ဖြစ်ကာ ချီးကျူးလိုခြင်းပင်။ သို့သော် ခေါင်းဆောင်က သူပြောချင်သည့်အရာကို နားလည်မှုလွဲနေဟန် ပေါ်သည် ။ ထွေထွေထူးထူး ထုတ်ကာမပြောတော့ပေ။ နှုတ်ခမ်းသာတင်းတင်းကိုက်ပြီး နေလိုက်လေတော့သည်။

“ကျွန်တော် နားလည်ပါပြီ…ခေါင်းဆောင်”

ဟိုခေါင်းဆောင် ခေါင်းသာတချက်ငြိမ့်ပြလိုက်ကာ အတုံးအရုန်း သေနေကြသော ကန်ရှီများကို တချက်ကြည့်လိုက်လေသည်။ သူ မြင်ပင် မမြင်ချင်တော့ပေ။ သူ့အထင်အရဆိုလျှင်မူ ဤဂူထဲသို့ ဝင်လာသူများတွင် အထိခိုက်အများဆုံးနှင့် ဆုံးရှုံးမှုအများဆုံးက ဝူတန်ဂိုဏ်းပင် ဖြစ်လိမ့်မည် ထင်သည်။ ရှေ့ဆုံးမှ ဦးဆောင်ဝင်လာကာ တွေ့ရသမျှသော အန္တာရယ်အားလုံးကို ရင်ဆိုင်ရသည်။ သူတို့၏နောက်မှ လိုက်လာသောသူများကမူ အသာအယာပင် သူတို့ရှင်းလင်းပြီးသော လမ်းကြောင်းအတိုင်း လိုက်ခဲ့ကြရုံပင်။ ဆုံးရှုံးမှုက ရှိမည်မထင်ပေ။

ဒီကောင်တွေကတော့…

အားလုံးက မျှမျှတတဒုက္ခကို ခံစားရသင့်သည်ဟု သူထင်သော်လည်း သူတို့၏နောက်မှ လူများက ထိုသို့ခံစားရမည်မဟုတ်သည်ကို တွေးမိသောအခါတွင်မူ နှာခေါင်းထဲတွင် ချဉ်တူးသွားလေတော့သည်။

ဂျင်ဟဲယွန်သည်လည်း ထိုနည်းလည်းကောင်းပင် ခံစားနေရပုံပေါ်သည်။ သူကမူ ငယ်ရွယ်သူမို့ ထိန်းသိမ်းမနေ …နှုတ်မှ ထုတ်ကာ ပြောဆိုလာလေတော့သည်။

“ခေါင်းဆောင်…ကျွန်တော် တကယ်နားမလည်နိုင်ဘူး…သူတို့ ဘာကိစ္စ ဒီလောက်များ ကောက်ကျစ်ကြတာလဲ”

“သူတို့ကြောင့်နဲ့ မင်းကိုယ်မင်း ယိမ်းယိုင်အောင် လုပ်နေတာလား”

“ဒါပေမယ့်..”

“ဒီလို ဖြစ်တယ်ဆိုတာကလည်း ကိစ္စတွေအရပဲ…မင်း တွေးကြည့် …ငါတို့က ဘာလို့ တာအိုကျင့်စဉ်ကို ကျင့်ကြံနေကြတာလဲ”

“…”

“တာအိုကျင့်စဉ်ကို ကျင့်ကြံရတဲ့ မက်လောက်စရာ ရည်ရွယ်ချက်ဆိုတာ လောကကြီးမှာ မရှိဘူး…ဒါပေမယ့်လည်း အဲ့လိုမက်လောက်စရာမရှိလို့ ဆိုပြီး ငါတို့ တာအိုလမ်းစဉ်ကို မကျင့်သုံးဘဲ မနေကြဘူး… သာမန်လူတွေအတွက်တော့ ဒီတာအိုလမ်းစဉ်တွေက အလကားပဲ…သူတို့နဲ့ အပ်စပ်မနေကြဘူး…..ကျင့်လည်း မကျင့်သုံးနိုင်ကြဘူး….ဒါပေမယ့် ဒါက ကျင့်သုံးဖို့ ခက်ခဲနေတယ်ဆိုရင်ပဲ အဲ့ဒီခက်ခဲတာကို ရင်ဆိုင်ပြီး ငါတို့တာအိုလမ်းစဉ်ကို လိုက်တယ်…ငါတို့က တာအိုကိုယ်တော်တွေဖြစ်တဲ့အတွက် သူများကို ဒီလိုအပြစ်တင်နေလို့ မရဘူး”

“မင်းက ကျင့်စဉ်နုသေးပြီးတော့ အသက်ကလည်း ငယ်ရွယ်သေးတော့ အခုလိုဖြစ်နေတာကို သူတစ်ပါးတွေရဲ့ အပြစ်လို့ မြင်နေတာ…မင်းရဲ့စိတ်ကို သတိကပ်ပြီး ခံစားချက်တွေကို သေချာလေးထိန်းချုပ်ပါ”

“ဟုတ်ကဲ့ပါ..ခေါင်းဆောင်”

ဟို ခေါင်းဆောင် ခေါင်းသာတချက်ငြိမ့်ပြ လိုက်လေသည်။ သူသည်လည်း ထိုနည်းလည်းကောင်း ခံစားနေရသော်လည်း သတိကပ်ကာသာ ထိန်းချုပ်နေရလေသည်။

“ဒါနဲ့ နောက်မှာကျန်ခဲ့တဲ့ သူတွေကလည်း ဘာဖြစ်နေကြပြီလဲ မသိဘူး”

“သူတို့တွေ လမ်းကို ပိတ်ထားကြတုန်းပဲ..ဒါပေမယ့် ခက်ခက်ခဲခဲပိတ်ထားရတဲ့ပုံတော့ ပေါ်နေတယ်”

“သူတို့ကို ထားခဲ့ပြီး သွားကြရအောင်”

“ကျွန်တော်တို့ သူတို့ကို မကူတော့ဘူးလား”

“သွားပြီးကူရင်ရော ဘာထူးသွားမှာမို့လဲ…သူတို့အားလုံးကို အနိုင်တိုက်နိုင်မှာ မသေချာပဲ ငါတို့ ပြန်မသွားချင်တော့ဘူး..ဒီနေရာမှာအချိန်ဖြုန်းမနေနဲ့ လာရတဲ့အဓိကရည်ရွယ်ချက်အတိုင်း ဆက်သွားတာကပဲ အကောင်းဆုံးဖြစ်မယ် “

မန်ဖြောင်း က ဟို ခေါင်းဆောင်၏စကားကို ဝင်ကာ ထောက်ခံလေသည်။

“ဟုတ်တယ်..ကျွန်တော်လည်း အဲ့လိုပဲ တွေးမိတယ်…. သူတို့ဆီကို အခုချိန်မှ ပြန်လှည့်သွားပြီး ကူညီရင်လည်း အချိန်ဖြုန်တာ သက်သက်ပဲ ဖြစ်နေလိမ့်မယ် ထင်တယ်”

“ဟုတ်တယ်”

ဟို ခေါင်းဆောင် မျက်မှောင်ကြုတ်လိုက်လေသည်။ စဉ်းစားရခက်နေခြင်းပင်။ သူသည် ထုထည်ကြီးမားကာ အင်အားကောင်းသော ချီစွမ်းအင် တစ်ခုကို အာရုံခံမိလိုက်ကြောင်း သူ၏တပည့်များကို မပြောပြဖြစ်ပေ။ ချီစွမ်းအင်က အတော်ပင် သန့်စင်ပြီး အင်အားကလည်း သိပ်သည်းလှသည်မို့ ထိုလူက မည်သူဖြစ်စေ ရင်ဆိုင်ရန် ခက်ခဲမည်ကတော့ သေချာလှပေသည်။ ထိုလူ သူတို့အား အမှီမလိုက်လာနိုင်ခင် ရတနာများရှိရာသို့ ရောက်ထားမှသာ တော်ကာကျပေလိမ့်မည်။ ဤသည်က သူအလျင်လိုနေရသည့် အဓိက အကြောင်းအရင်းပင်။

ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုရဖို့ တစ်ခုကတော့ စွန့်လွှတ်ရမှာပဲလေ…

ဆေးလုံးကိုလည်း မရ၊ ဂိုဏ်းသားအားလုံးလည်း အသက်ဆုံး သည့် အခြေအနေနှင့်စာလျှင် တစ်ခုကိုတော့ ရနိုင်ရမည်ပင်။ သေချာပေါက် သေဆုံးသွားသူတို့၏ အသက်အား အလကားအဖြစ်မခံနိုင်ပေ။

ထို့အပြင် သူ၏အာရုံများအရ ဂူ၏အဆုံးကလည်း နီးနေလေပြီ ဖြစ်သည်။ ရောက်ရန် ကြာတော့မည် မထင်ပေ။ ထို့အပြင် နောက်ပြန်လှည့်ကာ ကျန်ရှိနေသေးသော ကန်ရှီများနှင့်လည်း တကြိမ်ထပ်ကာ မတိုက်လိုတော့ပေ။ သူ့အတွက် လုံလောက်နေပြီ ဖြစ်လေသည်။ သူ ရှေ့ဆက်ရန် ဆုံးဖြတ်လိုက််ပြီ ဖြစ်လေ၏။

“မြန်မြန် သွားကြစို့”

“ဟုတ်ကဲ့”

“ဆရာတူ အကိုကြီး….အကိုကြီး … ကျွန်တော်တို့ သူတို့ကို ဆက်ပြီး ထိန်းထားနိုင်မယ် မထင်တော့ဘူး”

ကျယ်လောင်စွာအသိပေးသံကြီးက နောက်မှ ထွက်လာလေသည်။

“ချီးပဲ”

ဟို ခေါင်းဆောင် မနေနိုင်စွာ ထုတ်ဆဲမိသွားလေတော့သည်။

“သူတို့ကို ထားခဲ့လိုက်တော့…မင်းတို့လည်း ငါတို့နောက်ကို လိုက်ခဲ့ကြ…သွားမယ်”

“ဟုတ်ကဲ့”

အဖြေကိုပင် ဆုံးအောင်နားမထောင်တော့ပေ။ ဟို ခေါင်းဆောင် ရှေ့ဆုံးမှနေကာ ရှေ့သို့ ပြေးလေတော့သည်။ လက်ဦးမှုရယူရန် အရေးအကြီးဆုံးပင်။ ဂျင်ဟဲယွန်နှင့် မုတပည့်များက သူ၏နောက်မှ လိုက်လာလေပြီး သူတို့၏နောက်တွင်မူ ကျန်သည့်တပည့်များက လိုက်ပါလာလေသည်။

မှောင်မိုက်သော ဂူထဲတွင် ဟိုခေါင်းဆောင်သည် အန္တာရယ်လည်း မကြောက်၊ မည်သည့်အရာကိုမှ အရေးမထားဘဲ ဂူဆုံးသို့ ရောက်ရေးသာ ဦးတည်ကာ ပြေးနေတော့သည်။ သူ၏နောက်မှ ဝူတန်ဂိုဏ်းသားများကလည်း ထပ်ကြပ်မကွာ လိုက်လာကြလေသည်။ ဟိုခေါင်းဆောင် ပြေးနေရင်းမှပင် ထို ဆေးလုံးများဆိုသည်ကလည်း လှည့်စားမှုတစ်ခုဖြစ်မည်ကို စိုးရိမ်စွာပင် တွေးမိလိုက်သေးသည်။

ယာ့ဆွန်းဆိုတဲ့ ဒီလူက ဒီဂူကြီးကို ဆောက်နေတုန်းက ဘာတွေများ တွေးတောပြီး ဒီလောက်ဆိုးဝါးအောင် ဆောက်ထားခဲ့တာလဲ…

ယာ့ဆွန်းဆိုသည်က နာမည်ကြီးသမားတော်တစ်ယောက်ဖြစ်ပြီး လူအသက်များကို ကယ်ဆယ်သူ တစ်ယောက်ပင်။ လူသတ်သူ မဟုတ်။ သူ၏ဆေးဝါးများဖြင့် အသက်ဆက်ခဲ့ရသည့် သိုင်းသမားပေါင်းမနည်းသကဲ့သို့ သူ ကယ်ဆယ်ခဲ့သည့် ဒုက္ခသည်များကလည်း မနည်းပေ။ သို့သော် သူကဲ့သို့သော လူတစ်ယောက်က ဤသို့ အန္တာရယ်များပြည့်နေသော နေရာတစ်ခုကို အဘယ်ကြောင့် တည်ဆောက်ထားခဲ့သနည်း…အမှန်ပင် တွေးတောခေါင်းခြောက်စရာပင်။

“ဆရာတူအကိုကြီး …နောက်မှာ လူတွေအများကြီး လိုက်လာနေကြပြီ”

“သူတို့ကို အရေးစိုက်မနေနဲ့…ဒီထက်သာ အရှိန်တင်ပြီး လိုက်ကြ”

“ဒါပေမယ့်…”

“ငါ ပြောနေတယ်…ထားလိုက်လို့…ရှေ့ဆက်ပြီး ဘာဖြစ်မယ်လို့က ပြောလို့ရတာ မဟုတ်ဘူး..

ငါ့လူတွေကို ဒီမှာရှေ့ဆက်ပြီးတော့ မထားနိုင်ဘူး…ထပ်ပြီးလည်း အဆုံးရှုံးမခံနိုင်ဘူး…ဂူဆုံးက ရတနာတွေဆီကိုသာ အရင်ရောက်အောင် သွားကြ”

“ဟုတ်ကဲ့”

ဟို ခေါင်းဆောင်သည်လည်း များများစားစား တွေးတောရန်ပင် အချိန်မရပေ။ တောက်လျောက်သာ ပြေးနေရလေသည်။ တိုက်ပွဲနှင့် အန္တာရယ်များကြားတွင် သူ ခေါင်းအေးအေးထားကာ စဉ်းစားရန် အချိန်မရှိပေ။ အမျိုးစုံသော အခြေအနေတို့ကို ဘေးချိတ်ကာ ရတနာကို လက်ဦးမှုယူနိုင်ရေးသာ ခေါင်းထဲထားရလေသည်။

“ရပ်ကြစမ်း”

“ဟားဟားဟား…ဝူတန် ကြွက်စုတ်တွေက အမြီးကုတ်ပြီး တန်းနေအောင် ပြေးနေကြပါလား…မင်းတို့ အဲ့လိုပြေးနေလည်း ဒီနေရာမှာ အသက်ရှင်နိုင်မယ်လို့ ထင်နေကြတာလား’

“လိုက်ကြ…လိုက်လိုက်…သူတို့ကို မျက်ခြေမပြတ်စေနဲ့”

ရန်သူများကလည်း နောက်မှ ညာသံပေးကာ သူတို့နောက်သို့ လိုက်လာကြလေသည်။

ဟို ခေါင်းဆောင် ထိုအသံများကို အံကိုတင်းတင်းကြိတ်လိုက်လေသည်။

“ဆရာတူအကိုကြီး…ဟိုမှာ”

“အင်း…”

သူတို့ အားလုံး မြင်ကြရလေသည်။ ဂူ၏ အဆုံးတွင် အလင်းထိုးနေသော နေရာလေးတစ်ခုရှိလေပြီး ထိုအလင်းတန်းက ဂူထဲတွင် သူတို့မြင်ခဲ့သော အခြားအလင်းတန်းများနှင့် ကွာခြားလေသည်။ ဟို ခေါင်းဆောင် အားတက်သွားရကာ အော်လေတော့သည်။

“ဂိုဏ်းသားတို့…အားတင်းထားကြ….အဆုံးသတ်က ရောက်တော့မှာ”

“ဟုတ်ကဲ့”

အားလုံးက အားတက်သွားကြပြီး ဓါးများကို တင်းတင်းဆုပ်ကာ ထိုအလင်းလာရာ နေရာသို့ ပြေးကြလေတော့သည်။ မည်သို့သော ဒုက္ခများခံစားခဲ့ရသည်ဖြစ်စေ ရတနာများကို ရရှိလျှင် တန်လေသည်။ ဆုံးရှုံးမှုက ထိုက်တန်သည်ဟု ဆိုရပေမည်။ အားလုံးက အားတက်သွားကြလေ၏။ သူတို့၏ လက်ထဲတွင် ဆေးလုံးများကို ဖော်စပ်သည့် နည်းသာ ရခဲ့ပါလျှင်…..

နောက်ဆုံးတော့လည်း ငါတို့လက်ထဲကို ရောက်ရတော့မှာပါလေ..

လက်နက်တွေကိုတော့ သူတို့ကို ငါ ပေးလိုက်လို့ ရတယ်…

ဝူတန်ဂိုဏ်း၏ မူလရည်ရွယ်ချက်က ဆေးညွှန်းပင် ။ဆေးဖော်စပ်နည်း ရလျှင် လုံလောက်ပြီဖြစ်လေသည်။ မည်သည့် အဖိုးတန်လက်နက်ကိုမှ မလိုအပ်ပေ။ အကယ်၍ သူတို့၏နောက်မှလူများက လက်နက်အတွက် လာသည်ဆိုလျှင် အားလုံးအား ပြေငြိမ်းကာ လက်နက်များ ပေးလိုက်မည် ဖြစ်လေသည်။

အားလုံးက မယုံနိုင်သောအရှိန်နှင့် ပြေးကြပြီး နောက်မှာမူ ဂူအဆုံးသို့ ရောက်ရှိလာကြပြီ ဖြစ်လေသည်။ တလက်လက်တောက်ပနေသော အလင်းက သူတို့၏ရှေ့တွင် ရှိနေပြီး အားလုံးက မြင်နေရသောအရာကိုပင် မယုံကြည်နိုင်စွာ ကြည့်နေကြလေသည်။ ဟို ခေါင်းဆောင်ပင် အပါအဝင်ဖြစ်လေသည်။ ဟို ခေါင်းဆောင် ကြက်သေသေပင် သေသွားသလိုပင်..

“ဒါ…ဒါကြီးက..”

မြင့်မားလှသော တောင်ထိပ်စွန်းကြီးက သူတို့အားလုံး၏ရှေ့တွင် မားမားဝံ့ဝံ့ကြီး ရှိနေလေသည်။ အတောက်ပဆုံးသော အလင်းရောင်ကြီးက ထိုတောင်ထိပ်စွန်းကြီးက ထိပ်ဆုံးမှ ထွက်လာနေခြင်းပင်။

နောက်ထပ် ထောင်ချောက်များလား..

တောင်ထိပ်မှ ထွက်ပေါ်နေသော အလင်းရောင်သည် သဘာဝအလင်းရောင်နှင့် မတူပေ။ တောက်ပသောအရာတစ်ခုကို နေရောင်ထိုးလိုက်သောကြောင့် ပြန်ကန်ထွက်လာသည့် အလင်းပြန်နေသောအလင်းနှင့် တူလှပေသည်။ကြည့်ရသည်က တောင်ထိပ်တွင် တစ်ခုခုရှိနေသည့် သဘောပင်။

ဆေးလုံးတွေကရော…

ဒီနေရာက ဂူအဆုံးဆိုရင် ဒီနေရာမှာပဲ ရှိရမှာပဲ..

“ဒီနေရာပဲဟေ့”

ဟို ခေါင်းဆောင် တောင်ထိပ်ပေါ်မှ တလက်လက်ထနေသော နေရာကို မျက်စိမလွဲနိုင်တော့ပေ။

သေချာပေါက် ထိုနေရာတွင် သူတို့ရှာဖွေနေသည့်အရာ ရှိရမည်ပင်။

“အပေါ်တက်…တက်…တောင်ထိပ်စွန်းပေါ် တက်ကြ”

“ဒါကြီးက မမတ်လွန်းဘူးလား”

မြင်နေရသော တောင်ထိပ်စွန်းကြီးက ထောင့်မှန်တစ်ခုလိုပင် အတိအကျ မတ်စောက်နေလေသည်။ လူတို့ တက်နိုင်လိမ့်မည်ဟုပင် မထင်ရပေ။ ကုတ်တက်ရန် ကျောက်စွန်းအသေးများပင် ရှိမနေပေ။ မျောက်များပင် တက်ရန် လွယ်မည် မထင်ပေ။

“တက်ကြ…ဘယ်လိုဖြစ်ဖြစ် ရအောင်တက်ကြ”

“ဟုတ်ကဲ့”

ဟို ခေါင်းဆောင်၏စကားကြောင့် ဝူတန်ဂိုဏ်းမှ ဂိုဏ်းသားများအားလုံးက တောင်ထိပ်ပေါ်သို့ တက်ရန်ကြိုးစားကာ စတင်တက်ကြလေတော့သည်။

“ဘာတုန်း”

“ဟ…ဝူတန်မျိုးမစစ်တွေက တောင်ထိပ်ပေါ်တောာင် တက်နေကြပြီ…အား…လိုက်ခဲ့ကြ..နောက်က အမြန်တက်ကြ”

“သူတို့တွေကို လက်နက်တွေ မရသွားစေနဲ့”

နောက်မှ လိုက်လာသူများအားလုံးကလည်း တောင်ထိပ်ပေါ်သို့ ကြိုးစားပမ်းစားပင် တက်ရန်ကြိုးစားကြလေတော့သည်။ ထိုအချိန်မှာပင် အားလုံးက ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်တစ်ခုကို ခံစားလိုက်ကြရလေသည်။

သူတို့အားလုံး၏နောက်မှလည်း လူတစ်စုက လန့်ဖွယ်လုလုအရှိန်ဖြင့် သူတို့ဆီသို့ လာနေသည်ကို အားလုံးက သိလိုက်ကြလေ၏။

အပိုင်း (၁၅၉)

အခုပဲ ဝူတန်ဂိုဏ်းကကောင်တွေကို အမှီလိုက်ကြရအောင်(၄)

“အကိုကြီးတို့ ဒီလောက်လေးတောင် မပြေးနိုင်ကြတော့ဘူးလား..အဲ့တာကြောင့် ကျွန်တော်ပြောပါတယ်..ဒီထက်ပိုပြီး လေ့ကျင့်ရေးတွေ လုပ်ကြပါလို့”

နင်ကိုက လူမဟုတ်တာပါတယ်..

ဒီ အယုတ်တမာလေးကတော့ ဘယ်တော့မှ အကောင်းပြောမယ် မရှိဘူး..

ခွေးသား….မင်းအဖေကြီး ငါတို့က လေ့ကျင့်ရေးလုပ်တာ ဘယ်တုန်းကများ အနားရဖူးလို့လဲ…

သောက်ကလေးကို ပြင်းပြင်းလေး တချက်လောက်ရိုက်ပေးကြပါ…

ဟွာဆန်းမှကလေးများသည် သူတို့အပြေးနိုင်ဆုံးသောအရှိန်နှင့် ပြေးနေကြသော်လည်း ချွန်းမြောင်ကိုမူ မမှီကြသေးပေ။ ချွန်းမြောင်ကမူ လက်တဖက်ကလည်း ဓါးကိုဆွဲကိုင်ကာ အရှိန်ဖြင့် ပြေးနေလေတော့သည်။

သူ၏ဓါးများကလည်း သွေးများတစက်စက်ကျနေဆဲဖြစ်ပြီး မျက်လုံးကလည်း လောဘရောင်တို့ တလက်လက်ပင်။

ဒီသောက်ကလေးက စောနကတွေ့ခဲ့တဲ့ လင်းနို့တွေထက်တောင် ကြောက်စရာကောင်းနေသလိုပဲ..

ဝူတန်ဂိုဏ်းကကောင်တွေကလည်း ဘယ်လိုလုပ် အဲ့ထိတောင် ရောက်သွားနှင့်တာတုန်း…

ဟွာဆန်းဂိုဏ်းသားများထဲတွင် လူကောင်အတောင့်ဆုံးဖြစ်သော ဂျိုဂုပင်လျှင် ချွန်းမြောင်အား မမှီပေ။ အသားကုန် အားသွန်ခွန်စိုက် ပြေးနေရလေသည်။ သူတို့၏ ဆရာတူညီလေး ချွန်းမြောင်ကို အမှီလိုက်ရန်က အမှန်ပင် မလွယ်ကူသည့်ကိစ္စပင်။

“အား…နာတယ်ဟ…အား..ခွေးကောင်..နာတယ်လို့”

‘ပြေးလေ…အာ့ဆို ပြေး”

ချွန်းမြောင်က ဂျိုဂု၏ဖင်ကို ဓါးနှင့်လှမ်းကာ ရိုက်ပြီး လှုံဆော်ပေးနေလေ၏။

“ဒီ သောက်ကလေးကတော့ ….ငါလည်း ပြေးနိုင်သလောက် ပြေးနေတာပဲကို… ငါ့ကို သေစေချင်နေတာလား..ဒီထက်ပြေးရရင်တော့ သေရုံပဲကျန်တော့မယ်”

“အား…နေတောင် မထွက်သေးတာကို …အဲ့ဒီဓါးနဲ့ ဆက်မရိုက်နဲ့တော့လို့”

သူတို့အားလုံးက ဂူထဲတွင် ရောက်နေသည်မို့ နေထွက်ရန် မရှိပေ. ။ဟွာဆန်းတွင် လေ့ကျင့်ရေးဆင်းချိန်များတွင်လည်း ချွန်းမြောင်က ထိုသို့ရိုက်နေကြဖြစ်၍ ဂျိုဂုက ယောင်ယမ်းကာပင် အော်လေတော့သည်။

“အား…ဒီနှုန်းနဲ့သာ ပြေးနေရရင် ငါတော့ တကယ်သေတော့မှာပဲ”

“ဘာ သေမှာလဲ…ပေါက်ကရတွေ…မြန်မြန်သာ ပြေးစမ်းပါ”

ချွန်းမြောင် မျက်လုံးကမူ အမှန်ပင် တလက်လက်တောက်ပနေလေသည်။ သူကိုယ်တိုင်လည်း ပြေးရင် သူ၏ဆရာတူအကိုကြီးများကိုလည်း နှောင့်နှေးမကျန်ခဲ့စေရန် နောက်မှဖင်တွန်းနေလိုက်သေးသည်။

ဘာတုန်း..သူတို့က ဒီထက်ပိုပြီး မပြေးနိုင်တော့ကြတာလား…

ဂူဆုံးက နီးသထက်နီးလာပြီမို့ ဆေးလုံးနှင့်လည်း ပို၍ပို၍ နီးလာပြီဟု ယူဆ၍ ရလေသည်။ သူက သေချာပေါက်ပင် ဆေးလုံးများကို သူတစ်ပါးနောက်သို့ အပါခံမည်မဟုတ်ပေ။ စစ်ခင်းယူရလျှင်လည်း ယူနိုင်လေသည်။

“ဒီ ဝူတန်ကောင်တွေက ဘယ်လိုသတ္တိနဲ့များ ငါ့ပိုင်ပစ္စည်းကို လာထိရဲနေတာလဲ”

အဲ့ပစ္စည်းတွေက ဘယ်လိုလုပ် နင့်ဟာဖြစ်သွားရတာလဲ…

ဒီလို ဥစ္စာရူးကလည်း ရှိသေးတာပဲ..

ချွန်းမြောင်၏ နှုတ်မှထွက်သမျှတို့ကို ယွန်းဂျွန်တို့ စိတ်ထဲကသာ တုန်ပြန်နိုင်လေသည်။ သူတို့၏ ချစ်လှစွာသော ဆရာတူညီလေးကို နှုတ်မှထုတ်ကာ ဝေဖန်လျှင် ဂျိုဂုကို တွန်းနေသည့်ဓါးက သူတို့ဆီသို့ လှည့်လာပေလိမ့်မည်။

ချွန်းမြောင်၏ နှိပ်စက်သမှုဒဏ်ကို ခံနေရသူများထဲတွင် သူတို့ ဟွာဆန်းဂိုဏ်းသားများသာမက သူတောင်းစားဂိုဏ်းမှ လူများလည်း ပါလေသည်။

“ဟွာဆန်းက နဂါးလေးရေ……”

အမောတကောအသံက အတော်လေးဝေးသော နေရာမှ ထွက်လာလေသည်။

“ဟဲ့…ခွေးစုတ်လေး…အတူတူ သွားရအောင်လို့…ငါတို့လည်း မင်းတို့နဲ့အတူတူပဲလေ…ဘာလို့ ဒီလောက်ပြေးနေရတာတုန်း….”

“ဘာ……သူတောင်းစားကြီး”

ချွန်းမြောင်က နှာခေါင်းရှုံကာ ပြောလိုက်လေသည်။

“ပြေးလေ…ဒီထက် မြန်မြန်လေး ပြေး”

“ငါတို့ မပြေးနိုင်တော့ဘူး…ငါတို့က သူတောင်းစားတွေ…ငါတို့သူတောင်းစားတွေက မပြေးနိုင်ဘူး…”

“ဟား…ခင်ဗျားတို့က ဒီလိုအခြေအနေကြီးမှာကို ဒီလိုပေါ့လေ……ပုံမှန်ဆို သူတောင်းစား‌တွေက ခွေးပြေးဝက်ပြေး ပြေးနေကြပဲ မဟုတ်ဘူးလား”

ချွန်းမြောင်၏စကားကြောင့် ဟုန်ဒယ်ဂွမ် မျက်ရည်များပင် ဝဲလာသလို ခံစားရလေသည်။

ဒါကြီးသာ အဆုံးသတ်သွားလို့ကတော့ နောက်ထပ်ဟွာဆန်းကို ရှုံးတယ်ဆိုတာ မရှိအောင်ကို လုပ်ပစ်ဦးမယ်…

“ပြေးကြဟ….သူတောင်းစားတွေရ..ပြေးကြ”

“ဌာနခွဲခေါင်းဆောင်…အကိုကြီးပဲ အရင်ပြေးလိုက်ပါ…ကျွန်တော်တို့တော့ မပြေးနိုင်တော့ဘူး”

“ဘာ…ငါ့ကို အရင်ပြေးနှင့် …ဟုတ်လား..ဘယ်ကောင် ပြောရဲတာလဲ…မင်းတို့လည်း ပြေးကြစမ်း”

“ဟူးဟူး..တကယ် မပြေးနိုင်တော့လို့ပါ…ဌာနခွဲခေါင်းဆောင်ရဲ့….နော်…အခုလိုပြေးနေရမယ့်အစား သေသွားတာပဲ ကောင်းမယ် ထင်တယ်”

“အိုး…ဘုရားဘုရား…မင်း အသက်အရွယ်လေးနဲ့ အဖိုးကြီးလို လုပ်ပြနေတယ်… ဟိုကလေးတွေကို ကြည့်စမ်း …မင်းတို့နဲ့ ရွယ်တူလောက်ပဲ…ဘယ်လောက်တောင် ပြေးနေကြလဲ…မြင်လား”

“ဆိုတော့ မင်းတို့လည်း ပါးစပ်ပိတ်ပြီး ပြေးကြ…ဒါက သူတောင်းစားဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့ကိစ္စကွ”

“ဘယ်လိုဆိုင်တာတုန်း…ကျွန်တော်တို့ကောင်းကောင်းလုပ်တတ်တာ တောင်းစားတာပဲ ရှိတာကို”

“ရား…ပါးစပ်ပိတ်စမ်း”

ဟုန်ဒယ်ဂွမ် ချော့မရ ခြောက်မရသော သူ၏သူတောင်းစားတသိုက်ကို ဒေါသထွက်ကာ ပြေးနေရင်း လှမ်းကန်လေတော့သည်။

“အား…ဘာလို့ ကျွန်တော့် လာကန်နေရတာတုန်း”

အကန်ခံလိုက်ရသော သူတောင်းစားက အရှိန်ပိုတင်ကာ မပြေးသည့်အပြင် အနောက်သို့လှည့်ကာပင် ဟုန်ဒယ်ဂွမ်ကို လှမ်းမေးလိုက်လေသေးသည်။

သောက်ချေးလိုပဲ…

တုံးအလိုက်တာ…ကြည့်ရတာ ငါက ချွန်းမြောင်လို ကြောက်စရာကောင်းပုံ မရဘူး…

သူ၏ သူတောင်းစားများကို ဆွဲဆောင်ခြိမ်းခြောက်၍ မရသောအခါတွင်မူ ဟုန်ဒယ်ဂွမ် အားလုံးကို တွန်းဖယ်ကာ ရှေ့ဆုံးကပင် ပြေးသွားလေတော့သည်။

“ရား…နဂါးလေး …စောင့်ပါဦး”

ဟုန်ဒယ်ဂွမ်၏ အော်သံစူးစူးကို မကြားဟန်ဆောင်ကာ ချွန်းမြောင်က ဂရုမစိုက်ဘဲ ဆက်ကာပြေးနေလေသည်။ အချိန်ဖြုန်းနေ၍ မဖြစ်ပေ။ ဤဂူထဲသို့ အပင်ပန်းခံကာ လာခြင်းသည် ဆေးလုံးများနှင့် ဆေးဖော်စပ်နည်းကို ယူရန် ဖြစ်လေသည်။ နည်းနည်းလေးပင် အနှောင့်နှေးမခံနိုင်ပေ။ သူစောင့်နေရ၍ ဆေးလုံးများကို လက်လွတ်လိုက်ရပါက ဤသူတောင်းစားတသိုက်အား ဒေါသမထိန်းနိုင်ဘဲ သေအောင်ရိုက်မိမည်ကို သိ၍ သူမစောင့်တော့ပေ။

“ထွက်ပေါက်ပဲ”

“အလင်းရောင် တွေ့ပြီကွ”

“အား…’

ဟွားဆန်းဂိုဏ်းသားများက ဝမ်းသာအားရ အော်ဟစ်ကြလေတော့သည်။ နောက်ဆုံးတွင်မူ သူတို့၏ သည်းထိတ်ရင်ဖို ဂူခရီးစဉ်ကြီးက အဆုံးသတ်တော့မည်မို့ အားလုံးက ဝမ်းမသာဘဲ မနေနိုင်ကြတော့ပေ။

“အလင်းရောင်…အား”

ဂျိုဂုက ထွက်ပေါက်ကို တွေ့သည်နှင့် ထိပ်ဆုံးကနေပင် ပြေးသွားလေတော့သည်။ ထို့နောက်တွင်မူ အလန့်တကြား ထအော်လေတော့သည်။

“သောက်ပလုတ်တုတ်…ဒါကြီးက ဘာကြီးတုန်း”

ထီးထီးမားမား တောင်ထိပ်ကြီးက သူတို့ရှေ့တွင် ငှားငှားစွင့်စွင့်ကြီးပင်။ ရှိသမျှသော လူများကလည်း ထိုတောင်ထိပ်ပေါ်သို့ ကြိုးစားပန်းစား တက်နေကြလေသည်။ ဂျိုဂု ထိုမြင်ကွင်းကို ကြည့်ကာ မည်သို့တုန်ပြန်ရမည်ပင် မသိတော့ပေ။ နောက်မှ ရောက်လာကြသည့် ဘတ်ချုန်းတို့သည်လည်း ထိုမြင်ကွင်းကို မြင်သည်နှင့် ဂျိုဂုနည်းတူပင် …ကြောင်ကြည့်နေကြလေတော့သည်။

“ဒါကြီးက..”

“ငါ ဘာကြီးကို မြင်နေရတာလဲ…”

“တောင်ကြီးလား…ဟားဟား…ငါ အမြင်မှားနေတာ မို့လား”

တောင်ထိပ်တွင် မြင်နေရသောအလင်းရောင်ကြောင့် ဟွာဆန်းဂိုဏ်းသားများ၏မျက်လုံးကလည်း တလက်လက်တောက်ပလာလေတော့သည်။ သို့သော် တောင်၏ ခုလတ်နေရာများတွင် ကြိုးစားပမ်းစားတက်နေကြသော ဝူတန်ဂိုဏ်းများကို မြင်သောအခါတွင်မူ အခြေအနေက ပြောင်းလဲသွားလေပြီ….

‘ဟူးးး…ဒီတောင်ပဲ…ဟုတ်တယ်…”

“ဘာ..ဒီတောင်လား”

နောက်မှရောက်လာသော ချွန်းမြောင်က တောင်ထိပ်ကိုကြည့်ကာ တခွန်းတည်း အော်လိုက်လေသည်.

“..အဲ့ဒီမှာပဲ…တက်ကြ…”

သူက တောင်၏ အလင်းရောင်ထွက်နေသော နေရာကို လက်ညှိုးညွှန်ပြလိုက်လေသည်။ ထိုနေရာက အနည်းငယ် ဝေးဟန်ပေါ်ပြီး တောင်ခါးပန်းပတ်လည်တွင်လည်း လူတစ်ရာခန့်က ကြိုးစားပမ်းစား တက်နေကြလေသည်။

“ငါတို့ကို တောင်ပေါ်တက်ခိုင်းနေတာလား”

“အဲ့နေရာကိုလေ..”

‘’ဟုတ်တယ်…အဲ့နေရာပဲ”

တောင်ထိပ်ကို ကြည့်နေသောဂျိုဂုက မေးလာလေသည်။

‘ဘာလို့လဲ”

“အဲ့အပေါ်မှာ ဘာရှိတာလဲ”

“ဟားဟားဟား…တက်မှာသာ တက်ကြစမ်းပါ… အဲ့တောင်ပေါ်က လုံးဝအဆုံးသတ်ပဲ”

“ထောင်ချောက် မဖြစ်နိုင်ဘူးလား”

ယွန်းဂျွန်ကမူ ငိုချင်နေသော မျက်ဝန်းများနှင့် ဝင်ကာပြောလေသည်။

တောင်ထိပ်…ဟုတ်လား…

ဒီလို မြေအောက်ထဲမှာ တောင်ကြီးရှိနေတာပေါ့…

ဒါက ဟာသလုပ်ထားတာမို့လား…ဟုတ်တယ်မို့လား…

ချွန်းမြောင်၏ ကျေးဇူးကြောင့် ဟွာဆန်းတွင် တောင်မတက်နိုင်သော ဒုတိယတန်းတပည့်နှင့် တတိယတန်းတပည့်ဟူ၍ မရှိပေ။ သူတို့သည် တရက်တွင် တောင်အား ငါးကြိမ်နှင့်အထက် တက်ကြရလေသည်။ယခုမျက်စိရှေ့တွင် မြင်နေရသောတောင်က သူတို့တက်နေကြတောင်နှင့် ထူးမခြားပေ။

သူတို့ အစာကြေစေရန် အပျင်းပြေတက်ရသည့် တောင်လိုပင် ။ ထို့ကြောင့်ပင် အကုန်လုံးက ယခုကဲ့သို့ ကယောင်ခြောက်ခြား ဖြစ်နေကြခြင်းပင်။ အပျော်လုံးဆို့၍ ဖြစ်လေသည်။

“သွားကြစို့ဟေ့’

“ယာ့ဆွန်းက ဟွာဆန်းဂိုဏ်းကို တခါမှ ရောက်ခဲ့ဖူးပုံ မပေါ်ဘူး”

“ဒါလေးကတော့ ငါတို့အတွက် အလွယ်လေးကွ”

ဟွာဆန်းမှ လူများက ချွန်းမြောင်၏ စကားပြန်ကိုပင် မစောင့်တော့ဘဲ တောင်ပေါ်သို့ အားပါးတရ ကြုံးဝါးကာ တက်ကြလေတော့သည်။ တောင်အောက်တွင် တောင်ပေါ်သို့ မတက်နိုင်၍ စောင့်နေကြသောသူများကမူ ယခုမှပင် ရောက်လာလေပြီး တောင်ပေါ်သို့ အသီးသီးတက်သွားကြသော ဟွာဆန်းမှ လူများကြောင့် တအံ့တအားပင်။

‘ဟမ်…ဟမ်”

“ဘယ်လိုတောင်တုန်း…သူတို့က ဘာလို့ အဲ့လောက် မြန်နေကြတာတုန်း”

တောင်တက်နေသူအားလုံးကလည်း သူတို့၏နောက်မှပင် တက်လာကြပြီး သူတို့အား ကျော်တက်သွားကြသော ဟွာဆန်းမှ ကလေးများကြောင့် ပါးစပ်ပင် မစိနိုင်ကြတော့ပေ။

တောင်တက်ခြင်းက ခွန်အားလည်း လိုအပ်သကဲ့သို့ အလေ့အကျင့်လည်း လိုအပ်လေသည်။ သူတို့အားလုံးက တောင်တက်ခြင်းနှင့် အကျွမ်းဝင်နေကြပုံပင်။ ငေးကြည့်နေရလေသည်.။ တောင်တက်ပုံက သေသေသပ်သပ်နှင့် လျင်လျင်မြန်မြန်ပင်။

“တာ…တားကြ…သူတို့ကို တားထားကြ”

“ဟမ်’

လူတစ်ယောက်က သတိဝင်လာမှ အလောတကြီး အော်ဟစ်လေတော့သည်,။ ဤသို့နှင့် ဟွာဆန်း၏ တပည့်များကို သူတို့အား ကျော်တက်မခံနိုင်ပေ။

“သူတို့ကို တစ်ခုခုနဲ့ ပစ်ကြပါဟ”

“သူတို့တက်နေတုန်း သူတို့ကျောဘက်ကို တစ်ခုခုနဲ့ပစ်ကြပါဟ”

ထိုအကြံပေးစကားကြောင့် တောင်ပေါ်သို့ မတက်ဘဲကျန်နေကြသူများက ဟွာဆန်းမှလူများကို လက်ထဲတွင် ကိုင်ထားကြသော လက်နက်ပေါင်းစုံနှင့် ပစ်ကြလေတော့သည်။

ဟွာဆန်းမှ လူများကမူ လက်နက်များနှင့်ပေါက်ခံနေရ၍ ရပ်တန့်နေလျှင်လည်း မထူးသည်မို့ ရှေ့ဆက်ကာသာ တက်ကြလေသည်။

ဘမ်း…

ဂျိုဂုက သူ၏ပါးနားတွင် လာကာစိုက်သောဓါးကိုကြည့်ကာ လန့်သွားလေသည်။

“အား..တကယ်ကိုပဲ…လူတွေက ကြောက်စရာအကောင်းဆုံး သတ္တဝါဆိုတာ တကယ်မှန်တာပဲ..

သူတို့ မတက်နိုင်လို့ အောက်မှာကျန်နေခဲ့တာပဲကို …ဘာလို့ တက်နိုင်တဲ့သူတွေကို ဓါးနဲ့လှမ်းပစ်နေရတာလဲ…တော်တော်ကြောက်စရာ ကောင်းတယ်”

“ကဲ ..လုပ်မနေနဲ့…ဆက်ပြီးတော့သာ တက်”

“သူတို့ကတော့ ဆက်ပြီးတော့ ရှိသမျှဟာ အကုန်နဲ့ ပစ်နေကြဦးမှာပဲ”

“ငါ တားထားလိုက်မယ်…မင်းတို့ ဆက်ပြီးတော့သာ တက်ကြ”

“ခင်ဗျားက သူတို့ကို ဘယ်လိုတားမှာလဲ…အကုန်လုံးကို”

“ခွေးမျိုးတွေ…မင်တို့က ဟွာဆန်းကို ထိရဲတယ်လား”

နောက်ဆုံးမှ ရောက်လာသော ဟုန်ဒယ်ဂွမ်က အသံပြာကြီးနှင့်အော်ကာ တောင်အောက်မှ ဓါးနှင့်ပစ်နေသူများကို မြေပြင်တွင် လိုက်လံနှောင့်ယှက် တိုက်ခိုက်နေလေသည်။

“ချီးပဲ…မင်းတို့အကုန်လုံး ခွေးသားတွေ…အကုန်လုံးကို ပညာပေးပစ်မယ်…

ဟွာဆန်းရဲ့ နဂါးလေး …မစိုးရိမ်နဲ့…တက်တက်…ငါ ကြည့်ထားပေးမယ်”

ချွန်းမြောင်က ဟုန်ဒယ်ဂွမ်၏ ကြုံးဝါးနေပုံကိုကြည့်ကာ မျက်ဖြူလှန်လိုက်ပြ လိုက်ပြီးမှ ပြောလိုက်လေသည်။

“အချီကြီး ကိုင်တော့မယ်ပုံနဲ့ လုပ်ပြမနေနဲ့… ထားပါ…ဒီတကြိမ်တော့ ကောင်းကောင်းမွန်မွန်လေး ဖြစ်အောင်လုပ်ပေါ့”

ပြောပြောဆိုဆိုနှင့် ချွန်းမြောင်က တက်သွားလေတော့သည်။

တခြားဂိုဏ်းအသီးသီးမှ လူများက သူတို့အား တားဆီးနိုင်သည့်သူများ မရှိတော့သည်မို့ ဂျိုဂုက အရှိန်ကိုမြင့်ကာ တက်လေတော့သည်။

“အား..”

“တခြား ကြုံခဲ့ရတာတွေနဲ့ ယှဉ်ရင် ဒါလေးကတော့ ထမင်းစားရေသောက်လောက်ပဲနော်”

အားလုံးက ကြိုးစားကာ တက်နေကြရင်းဖြင့် အရင်တက်နေကြသော သူများကို ကျော်ကာလာခဲ့ပြီဖြစ်လေသည်။ ချွန်းမြောင်ကလည်း ဟုန်ဒယ်ဂွမ် တားနေသည့်ကြားထဲမှပင် တစ်ချောင်းစ နှစ်ချောင်းစ တက်လာနေသော ဓါးများကို ရှောင်ရှားရင်း ပါးစပ်ကလည်း အော်နေလေသေးသည်။

“ဆေးလုံး…အတွင်းချီစွမ်းအား…အား ..ငါ့ရဲ့ဆေးလုံးတွေ”

ငါ့တို့ရှာနေတဲ့ဆေးလုံးတွေက ငါ့ရှေ့ရောက်တော့မှာ…

တခြားသူတွေ လက်ထဲရောက်သွားရင် ဘာဖြစ်မယ် မသိဘူး…

မဖြစ်ဘူး…ငါ မြန်မြန်တက်မှဖြစ်မယ်…ငါ့ရဲ့ ဆေးလုံးလေး..

လောဘဇောတို့နှင့် ဟွာဆန်း၏ ဂိုဏ်းသားများက အလျင်အမြန်ပင် တက်လာကြလေသည်။

“ခေါင်းဆောင်…ဟိုမှာ”

“ဟမ်”

ဟိုခေါင်းဆောင် ဂျင်ဟဲယွန် ညွှန်ပြရာကို ကြည့်ရင်း မျက်စိပြူးသွားလေသည်။ မျောက်များသဖွယ်ပင် တောင်တက်ရသည်ကို ကျင်လည်စွာ တက်လာကြသည့် လူတစ်အုပ်ကို တွေ့လိုက်ရလေသည်။

“သူတို့က…”

“သူတို့က ဟွာဆန်းက ဂိုဏ်းသားတွေပါ…အကြီးအကဲ”

ဂျင်ဟဲယွန်၏ စကားကြောင့် ဟို ခေါင်းဆောင် လှိုက်ကနဲ ဖြစ်သွားလေသည်။

ဒါဆို သူတို့ပေါ့..

ငါတို့ ဝူတန်ဂိုဏ်းရဲ့ အစီအစဉ်တွေ အကုန်လုံးကို ပျက်အောင်လုပ်လိုက်တာ…

နေပါဦး…အဲ့တာ အသာထားပါဦး…ဒီလောက်မတ်စောက်နေတဲ့တောင်ကို သူတို့က ဘယ်လိုတောင် အရှိန်နဲ့ တက်လာကြတာလား…

သူတစ်ပါး ပြောသည်ကို ကြားရပါက ဟိုခေါင်းဆောင် ယုံနိုင်မည်ပင် မထင်ပေ။ မိမိမျက်လုံးနှင့် ကိုယ်တိုင်မြင်နေရ၍သာ ယုံကြည်ရလေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုကလေးများထက် လက်ဦးမှရမည်ကို ဟို ခေါင်းဆောင် သတိရသွားလေသည်။

“ဟို ဂွမ်”

“ဟုတ်ကဲ့ အကိုကြီး”

“ကလေးတွေကို ဦးဆောင်ပြီး တက်လာခဲ့…ငါ အပေါ်အရင် တက်နှင့်မယ်”

“ဟုတ်ကဲ့”

ဟို ခေါင်းဆောင်က ချီစွမ်းအင်ကို သုံးကာ သူကိုင်လိုက်သည့် ကျောက်သားနေရာတိုင်းကို ကြေသွားအောင် ဖန်တီးပြီး ထိုကြေသွားသော အခွက်များကို အားပြုကိုင်ကာ တက်သွားလေတော့သည်။

ဝုန်း…

ထိုစဉ်မှာပင် သူ၏အောက်ခြေမှ ပြင်းထန်သော ချီစွမ်းအင်ကို ခံစားလိုက်ရလေသည်။

ဟို ခေါင်းဆောင်နှင့်အတူ တက်လာကြသည့် ဝူတန်ဂိုဏ်းသားများထဲမှ တချို့သည် လေထဲတွင် လွှင့်ပျံနေကြလေသည်။ အော်ဟစ်သံများကလည်း ဆူညံ့သွားလေ၏။ ချီဖောက်ခွဲမှုပင်။

ထိုသို့ ပြုလုပ်ခြင်းက မသင့်တော်သည်ကို သိသော်လည်း ဟို ခေါင်းဆောင်က တောင်ထိပ်သို့ ရောက်သွားပြီဖြစ်၍ ကျန်လူများ မတက်လာစေနိုင်ရန် ဟိုဂွမ်က လုပ်ဆောင်လိုက်ခြင်းပင်။

“ဒီ သောက်ခွေးသားတွေကတော့”

ချွန်းမြောင်က ထိုအခြင်းအရာကို မြင်လိုက်သောကြောင့် မျက်လုံးပြူးသွားမိကာ ပြီးမှ ကျိန်ဆဲလေတော့သည်။

ဝူတန်ဂိုဏ်းက ယုတ်မာလေပြီ။ သို့သော် ဤမျှအားစိုက်ထုတ်ကာ ဤနေရာထိတိုင် ရောက်လာခဲ့ပြီးလေမှတော့ သူအားမလျော့နိုင်ပေ။ သူတို့ ထိုသို့ပြုလုပ်ထားခြင်းကို လက်မခံနိုင်ပေ။

“ကျွန်တော် အရင်တက်နှင့်မယ်”

“ချွန်းမြောင်…”

“ဒီကလေး ..မင်း ဘာလုပ်ဦးမလို့လဲ”

“သေခြင်းတရားဆိုရင်တောင် အဲ့သေခြင်းတရားကို ကြော်စားပစ်မယ်..

ဒါပဲ တက်နှင့်ပြီ”

ချွန်းမြောင်၏ ပြောင်းလဲနေသော မျက်လုံးအမူအရာများကြောင့် ကျန်သည့်သူများက မတားတော့ပေ။ချွန်းမြောင်က စီးထားသော ဖိနပ်ကို ချွတ်ကာ တောင်ထိပ်သို့ ပြေးကာတက်သွားလေတော့သည်။

“သောက်ကျိုးနည်း…ချီး”

“သူ ပြေးတက်သွားတာလား”

ချွန်းမြောင်က တောင်မျက်နှာပြင်ကို အားပြုကာ ခုန်ရင်း ပြေးတက်သွားလေတော့သည်။

“အား…”

ပြေးစတွင် အရှိန်မရသေး၍ နှေးနေသော်လည်း အရှိန်ရလာသည့် အခါတွင်မူ ဟို ခေါင်းဆောင်နှင့် အမှီလိုက်နိုင်သွားလေပြီး ကျော်ပင် ကျော်သွားလေတော့သည်။

“ဒီ သောက်ကလေးကတော့…”

“ဘယ် သောက်ကလေးကို ပြောနေတာလဲ…သောက်ကလေးက ဘယ်သူလဲ”

“ဒီနေရာမှာ မင်းနဲ့ငါပဲ ရှိတာကို ..မင်းက ဘယ်သူအကြီးမှန်း မသိဘူးလား”

“အား….ရယ်ချင်သွားမိပြီ”

ငါ့ရဲ့ အသက်အမှန်ကိုသိလိုက်ရမှ မူးမေ့သွားဦးမယ်…

နှစ်ဦးသားက တောင်ထိပ်အဖျားလေးဆီသို့ အပြေးပင် တက်နေကြပြီး တစ်ဦးနှင့်တစ်ဦးလည်း အလျော့ပေးခြင်း မရှိကြပေ။ သူမသာ ကိုယ်မထူး အခြေအနေနှင့် တောင်ပေါ်သို့ အပြေးပင် တက်နေကြလေသည်။

ချွန်းမြောင်ကလည်း တောင်ထိပ်ဆီသို့ ရောက်ရန် အသားကုန်ပင် ပြေးနေသကဲ့သို့ ဟိုခေါင်းဆောင်ကလည်း ခြေရော လက်ပါ အနားမပေးဘဲ တက်နေလေ၏။

“အား……”

“အား….”

နှစ်ဦးသား တောင်ထိပ်ပေါ်သို့ အတူပင် ခုန်တက်လိုက်ကြပြီး တောင်ထိပ်သို့ အတူပင် ရောက်ရှိသွားကာ အလင်းများထွက်နေသော နေရာနှင့် မနီးမဝေးနေရာများမှာပင် ကိုယ်စီကျသွားကြလေသည်။

All Chapters