အခန်း (၁၆၃-၁၆၅)
Vol. 11 Ch. 163-165
အပိုင်း (၁၆၃)
မလုပ်နဲ့.. မင်းလုပ်လိုက်တယ်လို့ တွေးမိတာနဲ့တောင်အတော်လေး များနေပြီ(၃)
အားလုံးက ပြိုကျနေပြီ ဖြစ်သည်။ လေထုကလည်း ကျောက်တုံးများပြိုကျလာခြင်းကြောင့် ဖုန်သောသောထကာ မွန်ထူနေပြီ ဖြစ်၏။
“ခုန်ကြ….”
ချွန်းမြောင်က အော်လိုက်သည်နှင့် ဟွာဆန်းမှ လူတစ်သိုက်ကမူ အမေးအမြန်းမရှိဘဲ ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်မှုဖြင့်ပင် ခုန်သွားကြလေပြီ ဖြစ်သည်။ အမှန်ပင် ယုံကြည်မှုအပြည့်ရှိကြသည့် ပုံပင်။
သို့သော် တခြားသူများကမူ ထိုအခြေအနေကို ကြည့်ကာ နားမလည်နိုင်ကြပေ။ ရပ်ကာ ကြည့်နေကြလေသည်။
“သောက်ချေးလိုပဲ..ခွေးသားတွေရဲ့…ခုန်ကြပါဆိုမှ…ပြောနေတာကို နားမလည်ကြဘူးလား”
ချွန်းမြောင်က ပါးစပ်ကလည်း ပြောကာ အနီးတွင်ရပ်နေသောသူကိုလည်း မပြောမဆိုနှင့်ပင် အောက်သို့ ကန်ချလိုက်လေသည်။
“ဘာ..ဘာတုန်း..ဟ”
“ငါတော့ သေတော့မှာပဲ…အား”
ချွန်းမြောင်သည် လက်လှမ်းမှီရာ လူမှန်သမျှကို ဂုတ်မှ ဆွဲကိုင်ကာ အောက်သို့ ပစ်ချနေပြီ ခြေလှမ်းမှီရာ မှန်သမျှကိုမူ ကန်ချနေလေသည်။ တချက်ပင် တုန့်ဆိုင်းနေခြင်း မရှိပေ။
“အား….သောက်ရူး….”
လူများက တစ်ယောက်ပြီးတစ်ယောက် တောင်ထိပ်ပေါ်မှ အောက်သို့ ပြုတ်ကျလာနေတော့သည်။
“တစ်ယောက်ယောက်က….”
ဘုန်း…
“ပြောရင်…”
ဘမ်း…
“နားထောင်ကြမှပေါ့..”
အုန်း….
ချွန်းမြောင်က မျက်စိထဲမြင်မြင်သမျှ လူတို့ကို ကန်ကာ ချနေလေတော့သည်။ ချွန်းမြောင်အား ကြည့်ကာ အကန်ခံရမည်ကို ကြောက်သည့်လူများကမူ မိမိတို့ကိုယ်တိုင်ကိုယ်ကျ ခုန်ချကုန်ကြတော့သည်။
“ခင်ဗျား”
ချွန်းမြောင်က ဟိုခေါင်းဆောင်ကို လှမ်းကာ အော်လိုက်လေသည်။
“အခု ခုန်ချလိုက်တော့…”
“မင်း ဘာတွေလုပ်နေတာလဲ…သေချင်လို့လား..အဲ့တာ သေတွင်းဆီကို ပြေးဝင်နေတာနော်”
“ကျွန်တော် သိတယ်…ခုန်မှာသာ ခုန်လိုက်”
ချွန်းမြောင်၏ ယုံကြည်ချက်အပြည့်နှင့် စကားများကြောင့် ဟို ခေါင်းဆောင် တောင်စွန်းမှ တချက်ကြည့်လိုက်လေသည်။ ဝူတန်မှ ကလေးများကလည်း အားလုံးနီးပါး ခုန်ချသွားကြပြီး ဖြစ်လေသည်။
ဟို ခေါင်းဆောင်နှုတ်ခမ်းကိုက်ကာ စဉ်းစားလိုက်ပြီး ဟိုဂွန်ကမူ ဟို ခေါင်းဆောင်၏ အဆုံးအဖြတ်ကို စောင့်နေလေသည်။
“ခေါင်းဆောင်..ဘယ်လိုသဘောရပါသလဲ”
ဟို ခေါင်းဆောင် ကြာကြာတွေးနေရန် အချိန်မရပေ။ ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန်ပင် ချလိုက်လေသည်။
“ခုန်ကွာ….”
“ဟုတ်ကဲ့…”
ဟို ခေါင်းဆောင် ဝူတန်၏ဂိုဏ်းသားများကလည်း အောက်သို့ရောက်လေပြီမို့ ကလေးများအား အတူစောင့်ရှောက်ရန်နှင့် လွတ်လမ်းတစ်ခု ရလိုရငြား အောက်သို့ ခုန်ချလိုက်လေတော့သည်။
ဒါကြီးကတော့ ငါ စိတ်ကူးထားတဲ့ထဲမှာ လုံးလုံးကို မပါတဲ့ကိစ္စကြီးပဲ…
“အား….”
ချွန်းမြောင်သည်လည်း ခုန်ချလာလေသည်။ ပုံမှန်ဆိုရင်မူ မြေပြင်ပေါ်သို့ အကျတော်စေရန်အတွက် ကိုယ်ကိုဖော့ကာ သက်တောင့်သက်သာ ဆင်းမည်ဖြစ်သော်လည်း ယခုတွင်မူ အောက်သို့ရောက်ရေးကလွဲ၍ စိတ်မဝင်စားသည်မို့ အကြမ်းပတမ်းပင် ခုန်ဆင်းလာလေ၏။ အချိန်နှင့်အမျှ ဂူက ပြိုနေသည်ဖြစ်၍ အေးဆေးနေရန် အချိန်က ရှိမနေပေ။
ချွန်းမြောင် အောက်သို့ရောက်သည်နှင့် ခြေချလိုက်သောနေရာတွင် အရှိန်ကြောင့် ဖုန်လုံးကြီးက အလိပ်လိုက် တက်လာလေသည်။
“အား”
“ချွန်းမြောင်…ငါတို့ လာခဲ့တဲ့လမ်းက ပိတ်သွားပြီ’
“ကျွန်တော် သိတယ်…အဲ့ဒီ ငါလူးမသား ယာ့ဆွန်းကတော့”
ချွန်းမြောင် ကျောက်တုံးများနှင့် ပိတ်နေသော သူတို့ လာခဲ့သည့် ဝင်ပေါက်ကို အံကြိတ်ကာ ကြည့်လိုက်လေသည်။
အဲ့ဒီကျောက်တုံးတွေကို ငါတို့ ဖြတ်ကြည့်လို့ ရလောက်လား…
မဖြစ်နိုင်ပေ။
ထိုအရာသည်က လုံးလုံး မဖြစ်နိုင်ပေ။ သဘာဝအတိုင်း ဖြစ်နေသောကျောက်တုံးနှင့် နေရာများကို ဖွင့်ကောင်းဖွင့်နိုင်သော်လည်း ယာ့ဆွန်းက တမင်ပင် စီစဉ်တည်ဆောက်ထားသော နေရာဖြစ်၍ မဖြိုချနိုင်လောက်ပေ။ ထို့အပြင် ထိုလမ်းတစ်လျှောက်ရှိ ဂူသွားလမ်းကလည်း မပြိုကျဟု မပြောနိုင်ပေ။ တဖက် ဝင်ပေါက်ကလည်း ချွန်းမြောင်တို့ လာစဉ်အခါက ဖြိုချထားခဲ့ပြီဖြစ်၍ ထိုနေရာမှ ပြန်ထွက်ရန်ကလည်း မလွယ်တော့ပေ။
ချွန်းမြောင် မူလဝင်ပေါက်ကို အားကိုးသည့်အတွေးကို ဘေးချိတ်လိုက်ပြီး နဂိုမူလ သူတွေးထားသည့်အတိုင်းသာ ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်လေသည်။
“ချွန်းမြောင်..အခု ငါတို့ ဘာလုပ်ကြမလဲ”
“ကြမ်းပြင်…”
ချွန်းမြောင်က အသံနက်ကြီးနှင့်ပင် အော်လိုက်လေသည်။
“အားလုံးပဲ အခုချက်ချင်း ကြမ်းပြင်ကို တူးကြ… ကြမ်းပြင်အောက်မှာ တစ်ခုခုရှိလိမ့်မယ်”
“ကြမ်းပြင်ကိုလား…ဘာလို့လဲ”
“ငါ့ကို ပြန်မမေးကြနဲ့…တူးကြ”
ချွန်းမြောင်က အော်ပြီးသည်နှင့် သူကိုယ်ပိုင်ပင် သူ၏ဓါးကိုဆွဲထုတ်ကာ ကြမ်းပြင်ကို တရစပ်တူးလေတော့သည်။ ဝူတန်ဂိုဏ်း ဓါးသင်္ချိုင်း ကို ရှာသည့်အချိန်က လုပ်သည့်အတိုင်းပင်။ ချွန်းမြောင် တူးနေသည်ကိုကြည့်ကာ အားလုံးကလည်း ဓါးကိုယ်စီထုတ်ကာ တူးကြလေတော့သည်။
ယခုအချိန်တွင်မူ ဝူတန်လော…ဟွာဆန်းလော ဟူသော ကွဲပြားမှုတို့က မရှိကြတော့ပေ။ အသက်ရှင်ရေးသည်သာ ပဓာန ဖြစ်နေကြလေတော့သည်။
“ဒီမှာဟေ့…’
“ဒီမှာရောပဲ….”
“ဒီမှာရောပဲ..ဓါးက အောက်ကို ဆက်တူးလို့မရတော့ဘူး”
ချွန်းမြောင်သည်လည်း ပြာတောက်ကာ လောနေပြီဖြစ်၏။
“အားအား…ဆက်တူးကြဟ…ချီး….နေရာတိုင်းကို တူးကြ”
အားလုံးလိုလိုကလည်း အောက်မှာရှိနေသည့်အရာကို မြင်ရစေရန် တက်ညီလက်ညီပင် ဆက်ကာတူးကြလေတော့သည်။ တချက်လေးပင် တုန့်နှေးမနေရဲပေ။ အသက်ဘေးက နီးနေပြီ မဟုတ်ပါလား….
“အား…”
“အား……”
တူးရလွန်း၍ လက်များပင် အရည်ဖုများထွက်လာကာ ဓါးများပင် ပဲ့စပြုလာသော်လည်း အားလုံးက မနားကြရဲသေးပေ။ အားလုံး၏ သေရေးရှင်ရေးသည် ကြမ်းပြင်အောက်တွင်သာ ရှိနေသည်မို့ အသည်းအသန်ပင် မရပ်မနား တူးနေကြလေသည်။
“မြန်မြန်လေး တူးကြဟ…မျိုးမစစ်တွေက ..သေချာလေး အာရုံစိုက်ပြီး တူးကြ”
ချွန်းမြောင်က အော်လည်း အော်ကာ ဓါးကို ဝေ့ယမ်းပြီး မြေကြီးထဲသို့ တချက်ထိုးစိုက်လိုက်ပြန်သည်။ ချွန်းမြောင် တစ်ကြိမ်တူးလေတိုင်း လူတစ်ယောက်အရပ်မျှ တွင်းပေါက်ကြီးဖြစ်သွားတတ်လေသည်။ သို့သော် အောက်တွင် ရှိနေသောအရာက တစ်ခုလုံး ရုပ်လုံးပေါ်လာရန် လိုအပ်သည်မို့ ချွန်းမြောင်၏ အစွမ်းနှင့်လည်း မပြီးသေးပေ။
“အား…”
ဝူတန်မှလူများကလည်း မြေကြီးအောက်ရှိ အရာကို သိရှိနိုင်သည်အထိ ရုပ်လုံးပေါ်အောင် တူးလာနိုင်ပြီ ဖြစ်လေသည်။
ချွမ်း…ချွမ်း…
“ဟုတ်ပြီ”
နောက်ဆုံးတော့လည်း ဒီဝူတန်မျိုးမစစ်ကောင်တွေကို သုံးလို့ရတဲ့ နေရာရှိသေးတာပဲ…
သူတို့တွေ အခုတောင် ဒီလောက်လုပ်နိုင်တာ…ဆေးလုံးတွေသာ စားလိုက်ရလို့ကတော့…
ဟူး…တော်သေးတယ်…
“ကြည့်ရတာ ဒီနားက သတ္တုနဲ့လုပ်ထားတာ ထင်တယ်’
“ဒီမှာ သတ္တုပြားကြီးကြီး တစ်ခုပဲ..ဒါကြီးကို ဓါးနဲ့လုပ်လို့ မရတော့ဘူး”
ဂိုဏ်းသားတစ်ယောက်၏ စကားကြောင့် ဟို ခေါင်းဆောင်က သူ၏ဓါးကို ဆွဲကိုင်ကာ အနားသို့ ကပ်လာလေသည်။
“ဘေးဖယ်နေကြ…ငါ ဒါကို ဖြတ်ထုတ်…”
“အား…”
ဟို ခေါင်းဆောင် စကားပင် မဆုံးလိုက်ရပေ. ။ချွန်းမြောင်က အပြေးလာကာ ကန်ချလိုက်လေသည်။ ဟို ခေါင်းဆောင် ရုတ်တရက် အကန်ခံလိုက်ရသည်မို့ ဘေးကိုပင် လွှင့်သွားလေသည်။
ဟို ခေါင်းဆောင် အတော်ပင်နာသွားသည်မို့ မြေပြင်ပေါ်တွင် လူးကာ ချွန်းမြောင်အား လှမ်းပြောလိုက်လေသည်။
“သောက်ကျိုးနည်း…မင်းက ဘာလုပ်တာလဲ”
“ခင်ဗျား ဒါကြီးကို ဖျက်ဆီးလိုက်မှာဆိုးလို့လေ…အရူးကြီးရဲ့…ဒါက ဖျက်စီးရမှာ မဟုတ်ဘူး..ဒါကြီးက ကျွန်တော်တို့ အသက်ကို ကယ်ပေးမယ့် ဟာကြီး”
“ဟမ်”
ဟို ခေါင်းဆောင်က ချွန်းမြောင်၏စကားကို နားမလည် ဖြစ်သွားပြီး ချွန်းမြောင်ကလည်း ထူးထွေ ရှင်းပြမနေပေ။ ချွန်းမြောင် ပြိုကျနေသည့် ဂူအခြေအနေကိုသာ တချက် စနည်းနာလိုက်လေသည်။ ဂူပြိုသည့်အရှိန်က ပို၍မြန်လာနေပြီး ကျနေသည့် ကျောက်တုံးများကလည်း ပိုကာ ကြီးမားလာသည်ကို သိလိုက်ရလေသည်။ အချိန်များစွာ မကျန်တော့ပေ။ အချိန်အနည်းငယ်အတွင်းမှာပင် ပို၍ ဆိုးဝါးလာတော့မည်မို့ ချွန်းမြောင် ဒီထက်နှောင့်နှေးနေ၍ မရတော့သည်ကို သိလိုက်လေသည်။
ချွန်းမြောင် ကြမ်းပြင်ဆီသို့ အကြည့်ပြန်ရောက်လာပြီး ဟိုရှာဒီရှာ လုပ်လေတော့သည်။
သေချာပေါက် ဒီအောက်မှာပဲ ထွက်ရမယ့်နေရာ ရှိကိုရှိနေရမှာကို…
“ဒီမှာပဲ”
ချွန်းမြောင်က အားပါးတရ အော်လိုက်ပြီး တအားကုန်တူးလေတော့သည်။ အနည်းငယ်တူးပြီးသွားသောအခါတွင်မူ အောက်တွင် သတ္တုပြားတစ်ခုရှိနေသော်လည်း အခြားသောနေရာများမှ သတ္တုပြားကြီးနှင့် မတူသည်ကို သတိပြုမိကြလေသည်။ ချွန်းမြောင် အားတက်သွားကာ အလင်းလို အရှိန်နှင့်ပင် တူးလေတော့သည်။
“ဒီမှာပဲ…”
“တံခါးပေါက် တွေ့ပြီကွ…ရေး…”
ချွန်းမြောင် မျက်လုံးများက အရောင်များပင် တလက်လက်တောက်ပနေလေသည်။ ဝမ်းသာပျော်ရွှင်လွန်း၍ ဖြစ်ပေလိမ့်မည်။
ဤတံခါးသည်လည်း ဓါးသင်္ချိုင်းအဝင်ဝတွင် တွေ့ခဲ့ရသော ခန်းမဆောင်အဝမှ တံခါးလိုပင် ဓါးသင်္ချိုင်းဟူသော စာလုံးနှစ်လုံး ရေးထိုးကာ ပြသထားလေသည်။
“ဒီမှာပဲ…ဒီနေရာပဲ…ဒါကို လာပြီး ဖြတ်လှည့်တော့…ဒီကနေ ထွက်ရမယ်…သိပြီလား…”
ချွန်းမြောင်က ဟိုခေါင်းဆောင်ကို လှည့်ကာ ပြောလိုက်ပြီး ခေါ်လိုက်လေသည်။၊ ဟို ခေါင်းဆောင်က ချက်ချင်းဆိုသလိုပင် ထလာလေပြီး ဓါးကိုဝေ့ယမ်းကာ ခုတ်ချလိုက်လေသည်။
ဘမ်း..ဘမ်း…ဘမ်း…
တံခါးချပ်ကြီးက အစိတ်စိတ်အမွှာမွှာ ကွဲသွားလေပြီး တချိန်တည်းမှာပင် တွင်းပေါက်ကဲ့သို့ လျှောက်လမ်းကြီးက ပေါ်လာလေသည်။
ချွန်းမြောင်ကမူ လက်သီးလက်မောင်းတန်းကာပင် ပျော်ပါးနေရှာလေပြီ ။ဘတ်ချုန်းကမူ ချွန်းမြောင်အား အံ့အားသင့်သော မျက်လုံးများနှင့် ကြည့်နေရှာလေသည်။
“ဝင်…နည်းပြ”
“ဟမ်..ဟေ့…နေဦးလေ…အာာ….ဒီ သောက်ကလေးကတော့…အား..လို့်”
ချွန်းမြောင်သည် ပြောပြောဆိုဆိုပင် ဘတ်ချုန်းအား ထိုလမ်းကြောင်းထဲသို့ ပစ်ထည့်လိုက်ပြီး ဘတ်ချုန်း၏နောက်မှမူ ဟွာဆန်းဂိုဏ်းသားတို့က အသီးသီးလိုက်ပါ သွားကြလေသည်။
“မသေချင်ရင် သွားကြ…ဝင်ကြ..ဝင်ကြ”
အားလုံးကလည်း လမ်းကြောင်းတစ်ခုပေါ်လာလေပြီမို့ လွတ်မြောက်နိုင်သည့်လမ်းဖြစ်စေ ၊ လမ်း မဟုတ်သည်ဖြစ်စေ မစဉ်းစားနိုင်ကြတော့ပေ။ အသီးသီး ထိုတွင်းထဲသို့ ဝင်လာကြတော့သည်။
“ပြေးကြ…ပြေးကြ…ဝင်ကြ…မြန်မြန်လေး …လုပ်ကြ”
ဆော်ဩသံနှင့်အတူ ချွန်းမြောင် လူတစ်စုကို မျက်လုံးထောင့်မှ တွေ့လိုက်လေသည်။
ခပ်လှမ်းလှမ်း နေရာတွင် သူတောင်းစားဂိုဏ်းမှ လူများက ဒဏ်ရာရနေသူများကို တွဲကာ ပြေးလာနေကြသည်ကို တွေ့လိုက်ရလေသည်။ မိမိ၏အသက်ပင် မသေချာသော ဤနေရာတွင် အချင်းချင်း ကူညီရိုင်းပင်းနေကြသော မြင်ကွင်းက ချွန်းမြောင်ရင်ထဲ ထိသွားသည်ကတော့ အမှန်ပင်။
“အင်း…ရူးချင်စရာကြီးပဲ…ဒါကြီးကတော့”
ချွန်းမြောင် မနေနိုင်စွာပင် ထိုနေရာသို့ ပြေးသွားလေပြီး ဟုန်ဒယ်ဂွမ်ကို လှမ်းကာမေးလိုက်လေသည်။
“အဟမျးဟမျး’
“အဲ့တာ ဘာလုပ်နေကြတာလဲ…သူတောင်းစားအကိုကြီးတို့”
“ဒီမှာ ဒဏ်ရာရနေတဲ့သူတွေ အများကြီးပဲ…ငါတို့တွေ ထားခဲ့ရင် သူတို့တွေ အကုန်သေကုန်ကြမှာဆိုးလို့”
“အား…သေတာ သေလိုက်ချင်တော့တာပဲ…တကယ်ကြီးလေ..ဒီလူတွေအကုန်လုံးကို ခင်ဗျားဘယ်လို ခေါ်သွားမှာလဲ”
ဟုန်ဒယ်ဂွမ်က အဖြေပင် မပေးရသေးပေ ချွန်းမြောင်ကမူ ဒဏ်ရာရကာ မသွားနိုင်မလာနိုင်နှင့် တွဲကူနေရသူများကို ဆွဲမကာ တွင်းထဲသို့ ပစ်ထည့်လိုက်လေသည်။
“ဘယ်လိုတောင် သောက်ကျိုးနည်းတွေ ဖြစ်နေရတာတုန်း..ငါလေးလဲ အဲ့တာတွေနဲ့ပဲ အသက်တိုမှာ”
သူတောင်းစားအပေါင်းအား တစ်ယောက်မကျန် တွင်းထဲသို့ ပစ်ထည့်လိုက်ပြီးသည်နှင့် ချွန်းမြောင်က တချက်ပြန်ကာ ကြည့်လိုက်လေသည်။
“အာ..ချီးလိုပဲ”
ကျောက်တုံးများက ပိုကာပြိုကျလာပြီ ဖြစ်၏။ သူတို့၏အသက်ကို မှီရာမှ ခြွေတော့မည့်အလားပင်။
“အား…”
ချွန်းမြောင် ပြုတ်ကျနေသော ကျောက်တုံးများကြားတွင် အသည်းတအေးအေးနှင့်ပင် တန်းနေအောင် တွင်းဝဆီသို့ ပြေးလေတော့သည်။ တချက်ပင် အနားမပေးရဲပေ။ နောက်ကျသည့်ခြေထောက် သစ္စာဖောက်ပင်။
“သောက်ကျိုးနည်း…မင်း အဲ့တာဘာလုပ်နေတာလဲ…ကြောင်သူတော်လေး”
“မြန်မြန်လာဟ”
တွင်းဝတွင် ဂိုဏ်းသားများကို စောင့်ကြည့်ပေးနေသော ဟို ခေါင်းဆောင်က ချွန်းမြောင်အား တွေ့သည်နှင့် လှမ်းကာအော်လိုက်လေသည်.
“မြန်မြန် လာခဲ့”
“ချီးပဲ…မြန်မြန်လာဟ”
ချွန်းမြောင်က တွင်းဝဆီသို့ ခုန်ဝင်လိုက်ပြီး ဟို ခေါင်းဆောင်၏ လက်ကိုပါ တပါတည်းဆွဲကာ ပြေးလေတော့သည်။
“အား…..”
တွင်းထဲသို့ ရောက်ပြီဖြစ်သော်လည်း အခြေအနေကမူ မသေချာသေးပေ။ တွင်းပေါက်သည် အနက်ပေ မမြင့်မားဘဲ ပထမတွေ့ခဲ့သော ဝင်ပေါက်ထက် အရပ်နိမ့်လေသည်။ လျောက်လမ်းကလည်း ကျဉ်းလေပြီး လူတစ်ကိုယ်စာပင် ရှိ၏။
ချွန်းမြောင် ခဏမျှ နားကာ အမောဖြေလိုက်လေသည်။ အသက်ထွက်လုနီးပါး ပြေးလာခဲ့ရသည်က မလွယ်ပေ။ အမှန်ပင် သေလောက်ပေသည်။
‘အား…ချီး…ငါလူး…ယာ့ဆွန်း”
“အခုက ပြီးသွားပြီလား…အဆင်ပြေသွားပြီလား”
‘ချွန်းမြောင် …မင်းအဆင်ပြေရဲ့လား”
“ကျွန်တော်လား…’
“မင်းကိုပြောတာ မဟုတ်ဘူး..ငါတို့အားလုံး ဒီထဲမှာ လုံခြုံပြီလား မေးတာ”
ချီး…
“ကျွန်တော်ကတော့ ပြေပါတယ်…အကုန်လုံးလည်း…”
ချွန်းမြောင် ပြောနေရင်းမှပင် ရပ်သွားလေသည်။ ယာ့ဆွန်းက သူတို့အား ဤနေရာထိပင် အလွတ်ပေးပါ့မလား ဟူသော အတွေးက ဝင်လာသောကြောင့်ပင်။ သူတို့အားလုံးသည် ဤနေရာသို့ တွေးတောချိန်ပင် မရလိုက်ဘဲ ခုန်ပျံကာ ဝင်လာကြခြင်း ဖြစ်လေသည်။ ဤနေရာသည်သာ မခိုင်ခန့်ပါက ဤနေရာသည် အားလုံး၏ သင်္ချိုင်းဖြစ်သွားမည်က အမှန်ပင်။ ချွန်းမြောင် လုံခြုံပါစေဟုသာ တိတ်တဆိတ် ခိုးဆုတောင်း မိသွားလေသည်၊
အုန်း…အုန်း..အုန်း…
အဆက်မပြတ် ကျနေသော ကျောက်တုံးများ၏ အသံကို ချွန်းမြောင်သို့ ကြားနေရပြီး ထိုအရှိန်ကြောင့်ပင် မြေကြီး များပင် တုန်ခါနေသလို ခံစားနေရလေသည်။ တချို့သူများဆိုလျှင် ကျောက်တုံးများပြုတ်ကျသံများကြောင့် ကြောက်ဒူးတုန်နေကြပြီ ဖြစ်၏။
“အား…ကယ်ကြပါ”
ငိုသူများက ငိုနေကြပြီ ဖြစ်သော်လည်း ဝူတန်ဂိုဏ်းသားများနှင့် ဟွာဆန်းဂိုဏ်းသားများကမူ အခြေအနေကို နားစွင့်နေကြလေသည်။
ကံတရားက သူတို့ဘက်တွင် ရှိပုံမရပေ။
တွင်းတစ်လျောက် အမိုးမှ ကျောက်မှုန်များ ကျလာလေ၏။
ဘတ်ချုန်း မျက်နှာပျက်သွားပြီး ချွန်းမြောင်ကို လှမ်းကာ ပြောလိုက်လေသည်။
“ချွန်းမြောင်..ဒါ ပြိုကျတော့မယ် ထင်တယ်”
“အား…ယာ့ဆွန်း”
“ခွေးသား …တခြားဟာတွေကျ အခိုင်အခန့် ဆောက်ထားပြီး ဒါက ဖြစ်သလိုလေး လုပ်ထားတာပေါ့..
တုံးအတာလား…ကောက်ကျစ်တာလား…ငါလူး…ငါလူး…ချီး”
ဤအတိုင်းသာဆိုလျှင်မူ အားလုံးက တုံးအောက်က ဖားသဖွယ် အဖြစ်သို့ ရောက်ပေတော့မည် ။
“အဲ့လိုမှန်းသိ တခါတည်း အစောကြီးကတည်းက သေလိုက်ပါတယ်”
“ငါတော့ မသေနိုင်သေးဘူး”
ချွန်းမြောင်က သိုင်းကွက်ဖော်ကာ မျက်နှာကျက်ကို ကိုင်ထားလိုက်လေသည်။ အတွင်းချီစွမ်းအင် ရှိသမျှတို့ကို ညှစ်ထုတ်ထားရုံသာမက ဒန်တျန်ထဲမှ စွမ်းအင်များကိုပါ ထုတ်ကာ မျက်နှာကျက်ကြီးကို ကာထားခြင်းပင်။
“သောက်ကျိုးနည်း…ဟိုကလေး…အဲ့တာ ဘာလုပ်ပြန်ပြီးတုန်း”
ဟို ခေါင်းဆောင်သည် ခဏမျှ ကြည့်နေလေပြီးမှ ချွန်းမြောင် မည်သို့လုပ်နေသည်ကို နားလည်သွားသည်မို့ အော်ဟစ်အသိပေးလေတော့သည်။
“ဗုဒ္ဓ စောင့်ရှောက်ပါစေ….တပည့်တော်တို့ စောင့်ရှောက်ပါ…မိုးကောင်ကင်ကလည်း မျက်နှာလွဲမနေပါနဲ့”
ဟို ခေါင်းဆောင်ကလည်း အပြေးပင် သွားကာ အတွင်းချီစွမ်းအင်များကို ထုတ်ပြီး ချွန်းမြောင်နှင့် တဆက်တည်းမှာပင် မျက်နှာကျက်ကို ကာထားလေတော့သည်။
“အားလုံးပဲ…မင်းတို့ အတွင်းချီစွမ်းအင်တွေကို သုံးကြ…မျက်နှာကျက်ကို တောင့်ခံနိုင်အောင် တတ်နိုင်သလောက် ထိန်းထားကြ…ဒါကြီး ပြိုကျလာရင် အကုန်သေကုန်လိမ့်မယ်”
ချွန်းမြောင်နှင့် ဟို ခေါင်းဆောင်ကမူ အတွင်းချီစွမ်းအင်များနှင့် တတ်နိုင်သလောက်တင်းကာ တောင့်ခံထားကြလေသည်။
ငါတို့တော့ ဒီမှာသေရမယ် …ဟုတ်လား..
မဖြစ်နိုင်ဘူး..လုံးဝပဲ..
ချွန်းမြောင် အမှန်ပင် တောင့်ခံထားပြီး ရောထွေးနေသော စိတ်တို့ကြောင့် ရူးသွပ်လုနီးပါးပင် ဖြစ်လာသည်ဟု ထင်လေသည်.
“ငါတို့ရော ပါမယ်”
“ဒီမှာ မသေအောင် လုပ်ကြမယ်ဟေ့…..”
ကျောက်တုံးများက တွင်းတစ်လျှောက် အမိုးပေါ်တွင် အဆက်မပြတ်ကျရောက်နေပြီး အားလုံးကလည်း အတွင်းချီများထုတ်ကာ လျှောက်လမ်းမျက်နှာကျက်ကို ထိန်းကိုင်ကာ ဂူအား ထိန်းပေးထားကြလေသည်။
စည်းလုံးညီညာ အောင်ကြောင်းဖြာပင်။ ယခုတွင် ဝူတန်၊ ဟွာဆန်း ၊ အမျိုးမျိုးသော ဂိုဏ်းတို့ဟူ၍ မရှိကြတော့ပေ။ အားလုံးက အသက်ရှင်ရေးသာ အတူတကွ ကြိုးစားနေကြလေတော့သည်။
အပိုင်း (၁၆၄)
မလုပ်နဲ့…မင်းလုပ်လိုက်တယ်လို့ တွေးမိတာနဲ့တောင် အတော်လေး လွန်နေပြီ(၄)
“အား…မဖြစ်ရဘူး…ဒါက ဘာကို ပြောချင်တာလဲ..
ဘာတွေ ဖြစ်နေတာလဲ”
ဟွာယုန်းဂိတ်တံခါး၏ ခေါင်းဆောင် ဝေ့လီရှန်းက သူ၏မျက်စိရှေ့တွင် မြင်နေရသောမြင်ကွင်းကိုကြည့်ကာ ထိတ်လန့်တကြား အော်လိုက်လေသည်။
ဟွာဆန်းမှ ကလေးများက ရုတ်တရက်ကြီး ရောက်လာကြသော အနယ်နယ်အရပ်ရပ်မှ စစ်သည်တော်များနောက်သို့ လိုက်ကာပျောက်ကွယ်သွားသည်မို့ ဝေ့လီရှန်း သိသိခြင်းပင် လိုက်လာခဲ့ခြင်း ဖြစ်လေသည်။ အကြောင်းအရင်းကို ဂဃနဏမသိရပါဘဲ ပျောက်ကွယ်သွားသည်မို့ အားလုံးစုံရုံးနေရာသို့သာ လိုက်လာခဲ့ရခြင်း ဖြစ်လေသည်။
နောက်ဆုံးတွင်မူ အကြောင်းစုံသတင်းစုံကို သိရပြီး ဓါးသင်္ချိုင်းရှိရာ တောင်ကိုပင် သူတို့ရောက်လာကြခြင်း ဖြစ်လေသည်။ တောင်ပေါ်သို့ ရောက်သောအခါတွင်မူ လူအများအပြားက တောင်မြေပြန့်တစ်လျှောက်တွင် ရှိနေကြပြီး မကျေမနပ် ဖြစ်နေကြပုံလည်း ပေါ်လေ၏။
“အခု ဒီနေရာမှာ စုနေလည်း မထူးတော့ဘူး…ဝူတန်ကောင်တွေနဲ့ ဟိုကောင်တွေက ဝင်ပေါက်ဝကို ပိတ်ထားခဲ့ပြီးပြီ”
“ဝင်ပေါက်ကို ပိတ်တယ်..ဟုတ်လား”
“နောက်ဆုံး ဝင်သွားတဲ့ သောက်ကလေးက ပိတ်သွားတာလေ…အဲ့လို အမျိုးယုတ် ခွေးမသားမျိုးကို တသက်မှာ ဒီတစ်ကြိမ်ပဲ တွေ့ဖူးတယ်…အား..ပြောရင်း ဒေါသထွက်လိုက်တာကွာ”
အနီးအနားမှ လူများက ပြောစကားများအရ ဤနေရာရှိလူများက ဂူပေါက်ပိတ်သွားသောကြောင့် ဂူပြင်တွင် ကျန်နေရက်သည့် လူများဆိုသည်ကို သိလိုက်လေသည်။ ဝေ့လီရှန်း ချွန်းမြောင်တို့ အကြောင်းအား ဆက်ကာစနည်းနာရန် ရှိသေးသည်မို့ ထပ်ကာစုံစမ်းရန် ပြင်လိုက်စဉ်မှာပင် တောင်ကြီးကို စတင်ကာ လှုပ်ခါလာလေသည်။ ငလျင်အကြီးစားတစ်ခု ဖြစ်နေသည့်အလားပင်။
“နေပါဦး..အဲ့လို မဖြစ်နဲ့လေ”
“ပြိုနေပြီ…ပြိုနေပြီ…ဂူကြီးက ပြိုကျနေပြီ…ဖယ်ကြ…ဒီနေရာက မြန်မြန် ဖယ်ကြ”
“အိုး…ဘုရားဘုရား…ဒါက ဘယ်လိုဖြစ်ရတာလဲ”
ဂူပေါက်ပိတ်သွားသောကြောင့် ဂူထဲသို့ ဝင်၍ ရလိုရငြား ကြိုးစားနေကြသူများအတွက်မူ အခွင့်အရေးက လုံးလုံးပျောက်ကွယ်သွားပြီ ဖြစ်လေသည်။ လူတိုင်းက နှမြောတသဖြစ်နေကြပုံပင်။ သို့သော် သူတို့၏မျက်နှာတွင် ကျေနပ်ရိပ် တစ်မျိုးလည်း သမ်းနေကြပုံ ရလေသည်။
ထိုစဉ်မှာပင် အသံနက်ကြီးထွက်လာလေပြီး ပြိုကျနေဆဲဖြစ်သော ဂူပေါက်ကြီးက လုံးလုံးလျားလျားပြိုကျကာ ကျောက်ပုံကြီး ဖြစ်သွားလေပြီ ဖြစ်၏။ ဓါးသင်္ချိုင်း အဆုံးသတ်သွားပြီ ဖြစ်လေသည်။
“ဟမ်…ဟာ”
“အို…ဘုရားရေ”
ဂူကြီးက အလုံးစုံပင် ပြိုကျသွားလေသည်မို့ အားလုံးက ဂူထဲတွင် ရှိနေသူများကို တွေးမိသွားကြလေသည်။ အစောပိုင်းကမူ ဂူထဲသို့ ဝင်ခွင့်မရလိုက်၍ မကျေမနပ် ဖြစ်နေကြသော်လည်း ယခုတွင်မူ ထိုခံစားချက်က မရှိတော့ပေ။ မိမိကိုယ်ကို ကံထူး၍ ဂူထဲသို့ မဝင်လိုက်ရသည်ဟုပင် တွေးမိလာကြလေသည်။
မည်သို့ပင် အင်အားကြီးသော သိုင်းပညာရှင်ဖြစ်စေကာမူ လူသားက လူသားပင်။ သေမျိုးဖြစ်၍ ဤသို့သော အခြေအနေတွင် ရှင်သန်ရန်က မဖြစ်နိုင်ဟု အားလုံးက ကောက်ချက်ချကြလေသည်။
“ဒါကြီး ပြိုကျသွားတာ ငါ ယုံတောင် မယုံနိုင်ဘူး”
“ဒါဆို…အခုက နတ်ဘုရားလက်နက်တွေက ဘယ်လိုဖြစ်သွားမှာလဲ”
“ငါ့ဖင်ကိုပဲ နတ်ဘုရားလက်နက်နေလိုက်တော့… အခု အကုန်ပြီးသွားပြီ…
ဂူကမှ ပြိုသွားပါပြီဆို…ဝင်သွားတဲ့သူတွေလည်း သေပြီပဲ..”
ဝေ့လီရှန်းကမူ မျက်စိရှေတွင်ပင် ဖြစ်ပျက်သွားသောကိစ္စကြီးကြောင့် ဖြေမဆည်နိုင်အောင်ပင် ခံစားလိုက်ရလေသည်။
“မဖြစ်ရဘူးလေ…”
ဝေ့လီရှန်းက ဓါးသင်္ချိုင်းကြီးကို မျက်ရည်လည်ရွဲနှင့် ကြည့်ကာ နှုတ်မှလည်း တဖွဖွ ရွတ်နေလေသေးသည်။
“မဖြစ်နိုင်တာ…”
သူတို့ ဒီလို မဖြစ်ရဘူးလေ…
သူတို့က ဒီလိုမျိုး အဆုံးသတ်သွားသင့်တဲ့ သူတွေ မဟုတ်ဘူးလေ…
ငါ့မှာ အခုမှ တောက်ပလာမယ့် ဟွာဆန်းရဲ့ အနာဂတ်အတွက် ရင်ခုန်နေတုန်းပဲ ရှိသေးတာကို..
ဘာလို့လဲ…
ဟွာဆန်းမှကလေးများသည်လည်း ဂိုဏ်း၏ကောင်းကျိုးကို ရှေ့ရှုကာ ဤနေရာသို့ ရောက်လာခဲ့ကြသော်လည်း အဆုံးသတ်ကမူ မကောင်းခဲ့ပေ။ ဟွာဆန်းသည် ယခုမှသာ အရည်အချင်းပြည့်ဝသော ဂိုဏ်းသားများကို စတင်မွေးထုတ်နေပြီ ဖြစ်ပြီး ယခုကဲ့သို့ ဂိုဏ်းသားကောင်းများကို ဆုံးရှုံးလိုက်ရသည်က အတော်ပင် ကြီးမားသော နစ်နာမှုကြီး ဖြစ်သွားလိမ့်မည်ဟု ဝေ့လီရှန်း ထင်လေသည်။ အထူးသဖြင့် ဟွာဆန်း၏ နဂါးပင်။
ထိုသူငယ်သည် အရွယ်နှင့်မလိုက်အောင်ပင် ထက်မြက်ကာ အရည်အချင်းပြည့်ဝလေပြီး သူလိုလူမျိုးကို နောက်တစ်ကြိမ်ပြန်ရရန် ဆိုသည်က မဖြစ်နိုင်တောကိစ္စပေ။ အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီးပင်။
“ဘယ်လိုများ ဖြစ်ရတာလဲကွာ…”
ဝေ့လီရှန်း ရင်ထဲမချိအောင်ပင် ခံစားနေရပြီး ထိုကလေးများကိုလည်း မတားမိလိုက်သည့်အတွက် မိမိကိုယ်ကို အပြစ်တင်မဆုံး ဖြစ်နေမိလေသည်။ သူသာ တားဆီးလိုက်ခဲ့ပါက ကလေးများက သေချာပေါက်ပင် ဤသို့သော အဖြစ်ဆိုးမျိုးနှင့် ကြုံခဲ့ရမည် မဟုတ်ပေ။ ဤသည်က သူ၏ အမှားပင်။ ကလေးများကို အတွေ့အကြုံရပါစေ ဟူ၍ သူလွတ်ထားခဲ့မိသည်က မှားသွားခဲ့လေသည်။
သူတို့လေးတွေအတွက် အန္တာရာယ်များလွန်းတာကို ငါ သိခဲ့သင့်တာ…
ငါ့အမှားတွေပါ..ဒါက ..ငါအမှားတွေပါ…
ဝေ့လီရှန်း ချွန်းမြောင် ပြောခဲ့သည်များကို တွေးမိလေ ပို၍ ဝမ်းနည်းပက်လက် ဖြစ်လာလေပင် ဖြစ်ရလေသည်။
“မင်းပြောတော့ ဟွာယုန်းက အခုက စပြီး ကျော်ကြားလာတော့မှာပါဆို…နဂါးလေးရဲ့..အီး..ဟီး..ဟီး”
ချွန်းမြောင်က ဟွာဆန်း၏ လက်အောက်ခံ ဂိုဏ်းခွဲဖြစ်သော ဟွာယုန်းအား ကြည့်ရှုစောင့်ရှောက်မည်ဟု ပြောခဲ့သည်များကိုလည်း တွေးကာ မကြေကွဲဘဲ မနေနိုင်တော့ပေ။
“အဖေ…”
ဝေ့လီရှန်းက ဝေ့ဆိုဟုန်အား မျက်ရည်များပင် မသုတ်ဘဲ ကြည့်လိုက်လေသည်။
“အခုလို ပြောတာကြီးက မမှန်ကန်မှန်းတော့ သိပေမယ့်…ဒီနေရာမှာ သူတို့ ရှင်သန်နိုင်နှုန်းက သိပ်ကိုနည်းနေတယ်ဆိုတာ သိပေမယ့်….ကျွန်တော်တို့…’
ဝေ့လီရှန်းက မျက်ရည်စက်လက်နှင့် ပြောလာလေသည်။
“သူတို့က လူတွေ..ငါ့သားရဲ့”
“ဒါပေမယ့် သူတို့ သေမလား ရှင်မလားဆိုတာ မပြောနိုင်ဘူးလေ…ကျွန်တော်တို့ ဒီနေရာကို တူးပြီးတော့ ကြည့်ရင်ရော…”
“ဆိုဟုန်…”
အဖြစ်မှန်ကို လက်ခံရသည်က ဝမ်းနည်းစရာကောင်းလွန်းမှန်း သိသော်လည်း လက်ခံရပေမည်။ သူတို့၏ ဆန္ဒအလျောက် မဖြစ်နိုင်သည်ကြီးကို မျှော်လင့်နေ၍ မရပေ။ သို့ဖြစ်၍ ဝေ့လီရှန်း သူ၏သားကို ဖြောင့်ဖြလိုက်လေသည်.။
“ငါ့သား …မင်းဘယ်လို ခံစားနေရတယ်ဆိုတာကို အဖေ နားလည်ပါတယ်…ဒါပေမယ့် မင်းရဲ့စိတ်ကို ထိန်းပြီး အသိစိတ်ဝင်ပါတော့”
“ဒါပေမယ့်လည်း…”
ဝေ့ဆိုဟုန် အပျက်အစီးပုံကြီးကို စိတ်မဖြတ်နိုင်စွာပင် ပြန်ကြည့်လိုက်လေသည်။ ဤသို့သော အခြေအနေမျိုးတွင် အသက်ရှင်ရန် မဖြစ်နိုင်သည်က မှန်သော်လည်း မကြိုးစားကြည့်ဘဲ ပြန်သွားသည်ထက်စာလျှင်မူ အနည်းငယ် ကြိုးစားအားထုတ်ကာ ရှာဖွေသင့်သည်ဟု ထင်လေသည်။ အလောင်းပြန်ရလျှင်ပင် မဆိုးလှသေးပေ။ တာဝန်တစ်ခုတော့ ပေါ့သွားသလို ခံစားရပေလိမ့်မည်ဟု သူထင်လေ၏။
“မိုးကောင်းကင်က သူတို့ကို မျက်နှာသာမပေးခဲ့ဘူး..ငါ့သား”
ဝေ့ဆိုဟုန် အမှန်ပင် ဝမ်းနည်းမိလေသည်။
“ဘုရားရေ…သူတို့တွေ အကုန်သေသွားပြီတဲ့လား..ဒါလည်း တစ်မျိုးကောင်းတာပဲ”
“ငါတို့လည်း ဘာမှမရသလို သူတို့လည်း ဘာမှမရဘူး…သူတို့အားလုံး သေသွားတာပဲ အဖတ်တင်တယ်…ကောင်းတယ်…အဲ့တာပဲ…ရတနာတွေကို သူတို့တွေပဲ ရသွားတာထက်စာရင် သူတို့သေသွားတာက ပိုကောင်းတယ်”
“အား…အခုလို ဖြစ်သွားတော့လည်း စိတ်ချမ်းသာစရာ ဖြစ်သွားတာပဲ”
အခြားလူများ၏ စကားများကြောင့် ဝေ့ဆိုဟုန်ကမူ ဒေါသချောင်းချောင်းထွက်နေပြီ ဖြစ်လေသည်၊။
“မင်းတို့”
“ထားလိုက်စမ်း…ငါ့သား”
“ဒါပေမယ့် အဖေ…သူတို့ပြောတာက လွန်လွန်းတယ်လေ”
“ကန်ဟို ဆိုတဲ့သိုင်းလောကက ဒီလိုပဲ…”
“…”
ဝေ့ဆိုဟုန် ဖခင်၏စကားကြောင့် ငြိမ်နေလိုက်ရသော်လည်း စိတ်ထဲတွင် မကျေနပ်သည်ကတော့ အမှန်ပင်။
ကန်ဟို ဆိုသော သိုင်းလောကတွင် အားလုံးက ရန်သူများပင်။ တစ်ဦး၏ ထိခိုက်ဆုံးရှုံးမှုက တစ်ဦး၏ အကျိုးအမြတ်ပင် ဖြစ်နေလေ၏။ တိရစ္ဆာန်တို့လိုပင် အားကြီးသူက အားနည်းသူကို နိုင်စမြဲမို့ တစ်ဦးထက်တစ်ဦး သာလွန်သွားကြမည်ကိုလည်း မလိုလားကြပေ။ ရက်စက်၍ စက်ဆုပ်ဖွယ် ကောင်းလှပေသည်။
သူတို့ ကိုယ်တိုင်ပင် နန်ယောင်တွင် ဝူတန်ဂိုဏ်းက အင်အားသုံးကာ အနိုင်လာကျင့်သည်ကို ခံရပြီး ကန်ဟို၏ သဘောသဘာဝကို သိလာပြီဖြစ်သော်လည်း ဆိုဟုန် အသားမကျသေးပေ။
“ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့က မလွန်လွန်းဘူးလား”
“လူတွေ သေနေတာကိုတောင် ခင်ဗျားတို့က ဝမ်းသာပြီး ဟာသလုပ်နေနိုင်တယ်ပေါ့…
အရှုံးသမားတွေမို့ အပြင်မှာ ခင်ဗျားတို့ ကျန်ခဲ့ကြတာ မဟုတ်ဘူးလား…ခင်ဗျားတို့က အမြဲတမ်း အရှုံးသမားပဲ ဖြစ်မှာ”
“ဒီ သောက်ကောင်က ဘာလဲဟ”
ဝေ့ဆိုဟုန်၏ စကားများကြောင့် ဟားနေကြသောသူများက ဝေ့ဆိုဟုန်အား ရန်လိုသောအကြည့်များနှင့် ဝိုင်းကြည့်လာကြလေတော့သည်။ သားတော်မောင်၏ ပြဿနာကြောင့် ဝေ့လီရှန်း အငြိမ်မနေနိုင်တော့ပေ။ ဝင်ကာ ပါရလေတော့သည်။
ဝေ့လီရှန်း က ဝေ့ဆိုဟုန်၏ ရှေ့သို့ ဝင်ကာ ရပ်လိုက်လေသည်။
“ကျွန်တော်က ဟွာယုန်းဂိတ်တံခါးရဲ့ ခေါင်းဆောင် ဝေ့လီရှန်းပါ…”
‘”ဟွာယုန်း ဟုတ်လား”
“အဲ့လိုနာမည်မျိုးနဲ့ နေရာ ရှိလို့လား”
ဝေ့လီရှန်း မထီမဲ့မြင်ပြုမှုကို လျစ်လျှူရှုကာ ဆက်ပြောလိုက်လေသည်။
“ဒီနေရာမှာ ဆက်ပြီး လုပ်စရာမရှိတော့တဲ့ သူတွေက ကျေးဇူးပြု၍ လာရပ်ကို ပြန်ပေးကြပါ…
ဒီလိုများလှတဲ့ လူအုပ်ကြီးကြောင့် နန်ယောင်မြို့ခံတွေက စိတ်ရှုပ်နေကြရပါတယ်…”
“ခင်ဗျားက ကျွန်တော်တို့ကို ဘာလုပ်ပါလို့ အမိန့်ပေးရအောင် ခင်ဗျားက ဘာကောင်ကြီးမို့လဲ”
“ဘယ်သူမှတောင် မကြားဖူးတဲ့ ဂိုဏ်းပေါက်စလေးရဲ့ ခေါင်းဆောင်ကြီးလား..ဟားဟားဟား…”
ဝေ့လီရှန်းက ယဉ်ယဉ်ကျေးကျေးပင် မေတ္တာရပ်ခံသော်လည်း ပြန်ရသည်က ဟားတိုက်ခံရခြင်းပင်။
ဝေ့ဆိုဟုန်ကမူ အလွန် ဒေါသထွက်နေပြီ ဖြစ်၏။ ဝေ့လီရှန်းကလည်း ရိုင်းပျလွန်းသော ဤလူများကို ဆက်လက်ကာ ယဉ်ကျေးပေးရန် အစီစဉ် မရှိတော့ပေ။
“မင်းတို့ကို သေပြီးသားလူတွေကို မလှောင်ဖို့ ပြောချင်တယ်…ပြီးတော့ ဒီနေရာကနေ ထွက်သွားကြစမ်း…
မဟုတ်ရင်တော့ မင်းတို့သောက်ခွက်တွေကနေ မျက်ရည်မတိတ်နိုင်အောင်အထိ ငါရိုက်ပြမယ်”
“ဟေ့…”
“ဘာလား..ဒီအဖိုးကြီးက ရူးနေတာလား”
“ကြည့်ရတာ အထဲက သေသွားတဲ့လူထဲမှာ သူ့အသိပါလို့ နေမှာပေါ့…”
ဝေ့လီရှန်း ခါးတွင်ချိတ်ထားသော ဓါးကိုဆွဲထုတ်လိုက်လေတော့သည်။
သူတို့၏ ကျေးဇူးရှင်များကို စော်ကားပြောဆိုနေသော ဤငနဲသားကို အရှင်မထားတော့ပေ။ သူ ကောင်းကောင်းကြီး ဆုံးမပေးမှ ရပေတော့သည်။
တဘုတ်ဘုတ်နှင့် နောက်မှ ဝေ့ဆိုဟုန်က ပုခုံးအား ပုတ်လာလေသည်။
“ဖယ်စမ်း…ငါ့ကို လာမတားနဲ့…ငါ အတတ်နိုင်ဆုံး သည်းခံပြီးသွားပြီ..
ဒီလောက် စော်ကားမော်ကားပြောဆိုနေတာနဲ့ မရိုမသေ လုပ်နေတာတွေကို ငါသည်းမခံနိုင်တော့ဘူး”
“မဟုတ်ဘူး…အဖေ…ကြည့်…ဟိုမှာ ကြည့်ပါဆို”
‘ဘာလဲ”
ဝေ့လီရှန်းက ခေါင်းကိုလှည့်ကာ သူ၏သားဖြစ်သူ ညွှန်ပြနေသောနေရာကို ကြည့်လိုက်လေသည်။
သောက်ပလုတ်တုတ်..အဲ့တာ ဘာတုန်းဟ…
ဝေ့ဆိုဟုန် ပြနေသည်က အပျက်စီးပုံကြီး၏ အလယ်နေရာပင်။
ဘာတုန်း…အဲ့တာက…
ဘမ်း…..
ဝေ့လီရှန်း မြင်လိုက်ရသည့်အရာကိုပင် မယုံနိုင်ချေ။ မယုံနိုင်လွန်း၍ မျက်တောင်မခတ်ပင် ကြည့်နေပြီး မျက်လုံးပင် ကျွတ်လာတော့မည့်အလား ထင်ရလေသည်။.
ဝေ့လီရှန်း၏ မျက်စိမှားနေသည် မဟုတ်လျှင် မြေကြီးထဲမှ တစ်စုံတစ်ခုက မြေပေါ်သို့ တိုးကာ ထွက်လာနေခြင်းပင်။
ငါ့ကို အဲ့တာက ဟို တစ်ယောက်လို့တော့ မပြောနဲ့နော်…
ဝေ့လီရှန်း တွေးနေစဉ်မှာပင် မြေကြီးများထဲမှ ကျယ်လောင်သောအသံကြီးက ထွက်ပေါ်လာလေပြီး လက်တစ်ဖက်က ဦးစွာပေါ်လာလေသည်။ လူသားစင်စစ်၏ လက်ပင်။
ထို့နောက်တွင်မူ မြေကြီးများက နေရာအနှံ့အပြားသို့ လွှင့်စင်သွားပြီး လူတစ်ယောက်၏ ခန္ဓာကိုယ် အပေါ်ပိုင်း ထွက်လာလေသည်။
“အား…ငါသေတော့မလို့ပဲ”
အသံက ဝေ့လီရှန်း ရင်းနှီးလှသော အသံပင်။ ထို့ပြင် လူကလည်း ရင်းနှီးနေသော လူပင်။
ဝေ့လီရှန်း ဝမ်းသားအားရနှင့် ကတုန်ကယင်ပင် ထိုနားသို့ ပြေးသွားလေတော့သည်။
“ချွန်းမြောင်..ဂိုဏ်းသားလေး…”
သေပြီဟု တွေးထားသူက ဓါးသင်္ချိုင်းပုံကြီးထဲမှ တိုးကာထွက်လာခြင်းပင်။ ဝေ့လီရှန် ဝမ်းသာနေမှုကြီးကို ဖော်ပြ၍ပင် မရနိုင်အောင်ပင်။
“အား…ယာ့ဆွန်း..ခွေးသား… ငါလူး..ခွေးသားကတော့ ..အား…ဆရာတူအကိုကြီး..သူ့ကို ကောင်းကင်ဘုံမှာ တွေ့ရင် ချီးထွက်အောင် ရိုက်ပေးစမ်းပါ”
ချွန်းမြောင်က ကောင်းကင်ကြီးကို မော့ကြည့်ကာ ပြောဆိုနေသည်များကို ဝေ့လီရှန်း နားမလည်ပေ။
ကယောင်ခြောက်ခြား ပြောနေသည်ဟုသာ ထင်မိလေသည်။
ထိုစဉ်မှာပင် မြေကြီးအောက်မှ အသံတစ်သံ ထွက်လာလေသည်.
“ဖယ်စမ်း…ခွေးသား…”
“ဖယ်ပြီ..ဖယ်ပြီဗျို့”
ချွန်းမြောင်က စိတ်ပျက်လက်ပျက်မျက်နှာနှင့် ရပ်နေရာမှ ဖယ်ကာပေးလိုက်လေသည်။ ထို့နောက်တွင်မူ ထိုအပေါက်ထဲမှ ဟွာဆန်းဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာလေတော့သည်။
“အား…”
“ငါတော့ သေမင်းခံတွင်းဝကို ရောက်ခဲ့တာပဲ”
“နောက်တစ်ခါတာ ဂူထဲဝင်တာတို့ ဘာတို့ စိတ်ကူးရခဲ့ရင် ငါ့ကိုယ်ငါ အသေလုပ်ပစ်မယ်”
ဟွာဆန်းမှ လူများသည် မြေပြင်ပေါ်တွင် လဲလျောင်းကာ အော်ဟစ်ညည်းတွားနေကြလေသည်။
ဝေ့လီရှန်းကမူ စိတ်မထိန်းနိုင်စွာပင် လဲလျောင်းနေသောသူများဆီသို့ ပြေးသွားကာ ဖက်မိလေတော့သည်။
“အိုး…ဒီကလူကြီးမင်းက ဘာဖြစ်နေတာတုန်း”
“ခေါင်းဆောင်…ဘယ်လိုဖြစ်ပြီးတော့…”
“ကျွန်တော် တကယ်ဝမ်းသာပါတယ်…အားလုံးကို ပြန်တွေ့ရလို့ တကယ် ဝမ်းသာပါတယ်…”
ဝေ့လီရှန်း၏ ဝမ်းသာအားရ အမူအရာကိုကြည့်ကာ ချွန်းမြောင်နှင့် ဘတ်ချုန်းတို့က ကိုယ်ပေါ်တွင် တင်နေသော ဖုန်များကို ခါလိုက်ကြလေသည်။ ထိုစဉ်မှာပင် အောက်က အသံထွက်လာလေသည်။
“အား..ဟွာဆန်းနဂါးလေး…ငါ့ကို ဆွဲတင်ပါဦး…ခြေထောက်ညှပ်နေလို့”
“ဒီ သူတောင်းစားကတော့..တကယ့်ကိုပဲ”
ချွန်းမြောင်က စိတ်ပျက်လက်ပျက် ညည်းတွားလိုက်သော်လည်း လူကမူ ဟုန်ဒယ်ဂွန်ကို ဆွဲကာ မတင်လိုက်လေသည်။ ဟုန်ဒယ်ဂွမ် နှင့်အတူ နောက်တွင်မူ သူတောင်းစားများကလည်း လက်ချင်းချိတ်ထားကာ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြလေသည်။
“အား…လူခွဲလာလေ…တကတည်း…လေးလိုက်တာ”
ချွန်းမြောင်၏ မြည်တွန်တောက်တီးမှုကို ပြန်မပြောနိုင်ကြသေးပေ။ မောပန်းလွန်း၍ သူတောင်းစားအားလုံးက လဲကာသာ နေကြလေသည်။
“အဟွတ်..အဟွတ်..ငါတော့ တကယ်သေပြီလို့ ထင်ထားတာ…မဟုတ်သေးဘူးပဲ”
နောက်တွင်မူ ဝူတန်ဂိုဏ်းသားများက အစီအရီ ထွက်လာလေသည်။
ဟို ခေါင်းဆောင်ကမူ မြေပြင်ပေါ်တွင် ထိုင်ချကာ အမောဖြေနေလေသည်။
“ငါ နေထွက်တာကို နောက်တစ်ခေါက်မမြင်ရတော့ဘူးလို့ ထင်ထားတာ”
ဟို ခေါင်းဆောင် အမှန်ပင် ဂူထဲတွင် သေရတော့မည် ဟု တွေးထားခြင်းပင်။ ချွန်းမြောင်က သူ့အား လက်ကောက်ဝတ်မှ ဆွဲကာ မခေါ်ခဲ့လျှင် သေနေလောက်ပြီ ဖြစ်သည်။ ယခုမူ အသက်ရှင်ခွင့်ရခဲ့ပြီ ဖြစ်လေသည်။သို့သော်….
ဘေးဒုက္ခဆိုးကြီးက အဆုံးမသတ်သွားသေးပေ။
ဓါးသင်္ချိုင်းထဲသို့ မဝင်လိုက်ရသူများက ဤနေရာတွင်ပင် အားလုံးရှိနေကြလေသေးသည်။အားလုံးက သူတို့အား စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းထားကြလိုက်သည်မို့ ဟို ခေါင်းဆောင် မျက်မှောင်ကြုတ်လိုက်လေသည်။ ဤသည်က ရတနာ လုတော့မည့် လက္ခဏာပင်။
“ဒီ သောက်ကျိုးနည်း ခွေးသားတွေကတော့…”
ချွန်းမြောင်ကမူ အသက်လုခဲ့ရသည်ကပင် အမောမပြေသေး ဘေးတစ်ခုက ရောက်လာပြန်ပြီမို့ ယမ်းပုံမီးကျဖြစ်ကာ ကြိမ်းဝါးလိုက်လေတော့သည်။
အပိုင်း (၁၆၅)
မလုပ်နဲ့..မင်း လုပ်လိုက်တယ်လို့ တွေးမိတာနဲ့တင် အတော်လေး လွန်နေပြီ(၅)
“သူတို့က မသေကြဘူးလား”
“အိုး..သူတို့က အဲ့ဒီကနေတောင် အသက်ရှင်လျက် ထွက်လာနိုင်ကြတယ်…”
“နေပါဦး…နတ်ဘုရားလက်နက်တွေကရော ဘယ်လိုဖြစ်သွားပြီလဲ”
နတ်ဘုရားလက်နက် ဟူသော အသံထွက်လာလိုက်သည်နှင့် အားလုံး၏မျက်လုံးများက အရောင်ပြောင်းသွားကြလေသည်။ မူလကမူ အသက်မသေဘဲ ပြန်ထွက်ခဲ့သူများအတွက် ဝမ်းသာနေကြသော်လည်း ယခုတွင်မူ နတ်ဘုရားလက်နက်များကို သတိရသွား၍ ဝမ်းသာမပေးနိုင်ကြတော့ပေ။
“အခု ငါတို့ ဘာလုပ်ကြမလဲ”
“ဘာလုပ်ကြမလဲ..ဟုတ်လား..ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် သူတို့ဆီက လက်နက်တွေကို ယူရမှာပေါ့..
ငါတို့အားလုံး အဲ့တာအတွက်ပဲ ဒီကိုရောက်နေကြတာ မဟုတ်ဘူးလား”
“ဒါပေမယ့် သူတို့တွေက ဝူတန်ဂိုဏ်းနဲ့ သူတောင်းစားဂိုဏ်းက လူတွေလေ…သူတို့ကို လွယ်လွယ်တိုက်လို့ ရမယ် ထင်လို့လား”
“သူတို့ ပုံတွေကိုလည်း ကြည့်လိုက်ဦး..ငါတို့ကို ပြန်ပြီးတော့ တိုက်နိုင်မယ့်ပုံ ပေါ်နေသေးလို့လား”
လောဘအမှောင်က ဖုံးလွှမ်းသွားပြီ ဖြစ်၍ လုပ်သင့်သည် မလုပ်သင့်သည်များကို မစဉ်းစားနိုင်ကြတော့ပေ၊ မိမိတို့၏ လိုဘ ပြည့်ရေးအတွက်သာ ဆင်ခြေအမျိုးမျိုး ပေးနေကြလေတော့သည်။
“ရလေ လိုလေ ၊ အိုတစ္စေ “ ဟူသော စကားပုံပင် ရှိလေသေးသည်။ လူဆိုသည်က မြင်ရလေ ၊ ပိုရလေ ပို၍ပင် အသောမတတ် လိုချင်လေပင်။ ထို့ကြောင့်လည်း ယခုတွင် ဂူထဲမှ ထွက်လာသူများထံမှ လက်နက်ကို အပိုင်သိမ်းလိုနေကြခြင်းပင်။
ဤနေရာသို့ လာကြသောသူအားလုံးသည် ယာ့ဆွန်း၏ဂူကို ဖောက်ရန်ဟူသော လောဘအခြေခံနှင့်အတူ လာခဲ့ကြသူတွေချည်းပင်။ သို့ဖြစ်၍ ထိုဂူတွင်းမှ ရတနာဖြစ်သော လက်နက်များကို မျက်စိရှေ့တွင် ရှိနေပါလျက်နှင့် ဝူတန်ဂိုဏ်းမှ လူများဖြစ်သောကြောင့် လက်လျော့ရမည်ဆိုသည်က အဓိပ္ပါယ် မရှိပေ။ ဝူတန်မက၍ မည်သည့်ဂိုဏ်းမှ လူများပင် ဖြစ်စေ ရအောင် ယူရမည်ပင်။ ထိုမှသာ သူတို့ ဤနေရာသို့လာရသည့် ရည်ရွယ်ချက်က အထမြောက် အောင်မြင်ပေလိမ့်မည်။
ထို လူပေါင်းများစွာထဲက တစ်ယောက်က ဟို ခေါင်းဆောင်တို့အား ကြည့်ကာ လှမ်းပြောလိုက်လေသည်။.
“ဟို ခေါင်းဆောင်…အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်နော်”
အသံကြောင့် ဟို ခေါင်းဆောင်က တချက်လှည့်ကာ ကြည့်လိုက်လေသည်။
“မင်းက…ဘယ်သူလဲ”
“ကျွန်တော် ဘယ်သူလဲ သိစရာမလိုပါဘူး..အခုချိန်မှာ အဲ့တာတွေက အရေးမှ မကြီးတာကို”
ထိုလူအား ဟုန်ဒယ်ဂွမ်က တချက်ကြည့်ကာ ပြုံးလိုက်လေသည်။
“အလင်းလှံသွား ဒန်ဆာယောင်း …ဟုတ်တယ်မို့လား…ကျဲ့ကျန်းမှာတုန်းက သူ့အကြောင်းကို ကောင်းကောင်းကြီး ကြားဖူးပါတယ်… ကြည့်ရတာ သူလည်း ဒီကို သတင်းရလို့ ရောက်လာတာ ထင်တယ်…ဟုတ်လား”
ဟို ခေါင်းဆောင်းက ဟုန်ဒယ်ဂွန် စကားကြောင့် ဒန်ဆာယောင်းကို တချက်ကြည့်လိုက်လေသည်။
“မင်းက သိုင်းအကျော်အမော် ဒန်ပေါ့”
ဒန်ဆာယောင်း မျက်နှာပျက်သွားလေသည်။ သူက တမင်ပင် သူမည်သူဖြစ်သည်ဆိုသော ဇစ်မြစ်ကို မပြောခြင်းပင်။ သူ၏ ဇစ်မြစ်နှင့် အမည်နာမကို ဝူတန်က သိသွားလေပြီး မလိုလားအပ်သည့် ပြဿနာဖြစ်မည်ဆိုးသော ကြောင့်ပင်။ သို့သော် ပေါ်သွားလေပြီဖြစ်၏။
“ဟားဟားဟား..ဌာနခွဲခေါင်းဆောင် ဟုန်က ကျွန်တော့်ကို သိနေတော့လည်း ဂုဏ်ယူမိပါတယ်ဗျာ..တကယ့်ကို ဂုဏ်ယူစရာပါပဲ…ဒါနဲ့ တစ်ခုလောက် မေးလို့ရမလား”
“သေချာပေါက် ရတာပေါ့”
“နတ်ဘုရားလက်နက်တွေက ဘယ်မှာလဲ”
ဟို ခေါင်းဆောင် စိတ်ပျက်သွားသော မျက်နှာနှင့်ကြည့်ကာ ပြောလိုက်လေသည်။
“ငါတို့တွေကို ဒီလိုပုံစံနဲ့ မြင်နေရပြီးတာကိုတောင် မင်းတို့က အခြေအနေကို နားမလည်ကြသေးဘူးလား”
“ဘာလဲ…မင်းတို့က ရတနာတွေကို လက်လျော့ပြီး ကိုယ်လွတ်ရုန်း ပြေးခဲ့ရပါတယ်လို့ ပြောချင်နေတာလား”
“အဲ့လိုမလုပ်ရင် တခြားဘာလုပ်စရာ နည်းလမ်းရှိသေးလို့လဲ”
“ပြီးတော့ အဲ့ဒီမှာ နတ်ဘုရားလက်နက်လို့ ခေါ်နိုင်တဲ့ လက်နက်လည်း မရှိဘူး…လွန်ခဲ့သော နှစ်နှစ်ရာကျော်က သံချေးတက်နေတဲ့ ဓါးတွေပဲ ရှိတယ်…တကယ်လို့ အဲ့ဒီလက်နက်တွေကို ယူလာလို့ ရခဲ့ရင်တောင် မင်းတို့ ထင်ထားသလို အစွမ်းထက်လက်နက်ကြီးတွေ ဖြစ်နေမှာ မဟုတ်ဘူး”
“ဘာ..”
ဟို ခေါင်းဆောင်၏စကားကို ဒန်ဆာယောင်းက မကျေလည်သကဲ့သို့ မျက်မှောင်ကြုတ်လိုက်လေသည်။
“အဲ့လိုဆိုရင်တောင် စိတ်မကောင်းစရာပဲ…ကန်ဟိုဆိုတာက မာယာများတဲ့ လောကအသိုင်းဝိုင်းကြီးလေ..
မင်းပြောတာကို ငါတို့က ဘယ်လိုလုပ် ယုံနိုင်မှာလဲ…ဟုတ်တယ်မို့လား…”
“ဆိုတော့ မင်းတို့က ဘာလုပ်ချင်တာလဲ”
ဒန်ဆာယောင်းက ပြုံးကာပြောလိုက်လေသည်။
“မင်းတို့ရဲ့ ကိုယ်ပေါ်မှာ ငါတို့ကို ရှာခွင့်ပေး…မင်းတို့ တာအိုကျင့်ကြံတဲ့သူတွေ အားလုံးကို ရှာချင်တယ်.. မင်းတို့သာ မလိမ်ထားဘူးဆိုရင် ရှာခိုင်းလိုက်ရင်လည်း အဆင်ပြေမှာပဲလေ…ဟုတ်တယ်မို့လား”’
“ဒီမျိုးမစစ်ကတော့”
“ငါတို့တကယ် သူတို့ပြောသလို လက်ခံလိုက်ကြမှာလား”
ဟို ခေါင်းဆောင် ကျန်လူများကို တိုင်ပင်လိုက်လေသည်။
သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် ရှာခွင့်ပေးလိုက်ရသည်က မခက်ပေ။ ဘာပစ္စည်းမှလည်း ရှာတွေ့မည် မဟုတ်ပေ ။ ပြဿနာက အလွယ်တကူသာ ပြီးသွားမည် ဖြစ်လေသည်။ သို့သော် ပြဿနာက သူတို့၏ခန္ဓာကိုယ်ကို ထိကိုင်ခွင့်ပေးကာ ရှာခွင့်ပြုရခြင်းပင်. ။သိုင်းပညာရှင်များအနေနှင့် ကိုယ်ခန္ဓာအား ထိကိုင်ခွင့်ပေးလိုက်သည်က ဘဝတစ်ခုလုံးအား ပုံပေးလိုက်ရသည်နှင့် အတူတူပင် ဖြစ်လေသည်။ သို့ဖြစ်၍ သူတို့ မလိုအပ်ပဲ မာနမချလိုကြပေ။ ထို့အပြင် သူတို့အားလုံးက လက်ဗလာ ချည်းသာ လွတ်မြောက်ခဲ့ကြသည်ကလည်း အသိသာကြီးပင်။ နတ်ဘုရားလက်နက်ဟု ဆိုသောလက်နက်များတွင်လည်း ကိုယ်ခန္ဓာတွင် သိမ်းဆည်း၍ ရနိုင်လောက်သည်အထိ သေးငယ်နေသော လက်နက် ရှိမနေပေ။ သို့ဖြစ်၍ သူတို့၏ ကိုယ်ပေါ်တွင် ရှာရန်တောင်းဆိုခြင်းက တမင်ပင် သူတို့အား ချိုးနှိမ်သည်နှင့်လည်း အတူတူပင် ဖြစ်လေ၏။
ဤသည်ကပင် ဒန်ဆာယောင်း၏ အဓိကရည်ရွယ်ချက်ပင်။
“မင်းတို့ တောင်းဆိုတာကို ငါတို့က ခွင့်မပြုရင်ရော…”
“ဟားဟားဟား…တာအိုကျင့်ကြံသူတွေရာ…မင်းတို့ ဘယ်လိုလုပ်ပြီး ငါတို့တောင်းဆိုတာကို ငြင်းနိုင်မှာလဲ…မင်းတို့ ဒီပုံစံနဲ့ ငါတို့တွေ အားလုံးကို ယှဉ်နိုင်မှာလား…သေချာလည်း စဉ်းစားကြည့်ပါဦး”
ဒန်ဆာယောင်း မျက်လုံးများက လှောင်ပြောင်သရော်ရိပ်များ အပြည့်ပင်။
“မင်းတို့ မသေချင်ဘူးဆိုရင် မင်းတို့ ယူလာသမျှကို လိမ်လိမ်မာမာလေး ပေးလိုက်… ဒါဆိုရင် မင်းတို့ အသက်ကို ချမ်းသာပေးလိုက်မယ်…အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ မင်းတို့အားလုံးကို သတ်ပြီးတော့ မင်းတို့အလောင်းထဲကနေမှ မင်းတို့ သယ်လာတာတွေကို အသာလေး ယူလိုက်ရုံပဲ”
“ဒီခွေးသားကတော့ သေချင်နေတော့တာလားပဲ…”
“သေချာလေး စဉ်းစားကြ…ဘာလားဟ”
ဒန်ဆာယောင်း သူ့အားကြိမ်းဝါးသံကြားလိုက်သောကြောင့် တချက်ကြည့်လိုက်လေသည်။
မြေပြင်ပေါ်တွင် ဖင်ချထိုင်နေသော ကလေးတစ်ယာက်က ခုန်ကာထလာလေပြီး သူ့ဆီသို့ တရှိန်ထိုးပြေးလာနေသည်ကို တွေ့လိုက်ရလေသည်။
ဘာလားဟ…
ဒန်ဆာယောင်း သူ့ဆီသို့ အပြေးပင်လာနေသော ထိုကလေးကို အထူးအဆန်းပင် ကြောင်ကာ ကြည့်နေလေသည်။
ဒီကလေးက ဘယ်လိုလုပ် သိုင်းသမားတစ်ယောက်ဆီကို အဆင်ခြင်မဲ့ ပြေးလာနေရတာလဲ…
တစ်ခုခုတော့ ထူးဆန်းနေသလိုပဲ..
နေပါဦး..သူက ရူးရူးနှမ်းနှမ်းနဲ့ ငါ့ဆီပြေးဝင်လာတယ်ဆိုရင်တော့ ကျန်တဲ့အကြီးတွေက သူ့ကို တားရမှာ မဟုတ်ဘူးလား..
ဘာလို့ မတားကြတာတုန်း…
ဒန်ဆာယောင်း အမှန်ပင် ဇဝေဇဝါဖြစ်သွားရကာ ဟို ခေါင်းဆောင် ထံသို့ လှမ်းကြည့်လိုက်လေသည်။ဟိုခေါင်းဆောင်က သူ့အား သနားစရာ သတ္တဝါလေးတစ်ကောင်ကဲ့သို့ပင် ကရုဏာသက်နေသော မျက်ဝန်းများနှင့် ကြည့်နေလေ၏။
ဘာလား..
တစ်ခုခုတော့ မူမမှန်တော့ဟု ဒန်ဆာယောင်း ခံစားရလေသည်။
အပြေးလာနေသောကလေးက ပြေးလာနေရသည်ကို အားမရသည့်အလားပင် တချက်ခုန်လိုက်လေပြီး ဒန်ဆာယောင်းရှေ့သို့ ရောက်လာလေသည်။ ထိုကလေးအား မြင်လိုက်သည်နှင့် ပေါ့ပါးနေသော သူ၏စိတ်တို့သည် ချက်ချင်းဆိုသလိုပင် လေးလံသွားလေသည်။ ဒန်ဆာယောင်း တချက်ပင် နောက်သို့ဆုတ်မိသွားလေသည်။ မျက်စိရှေ့တွင် ရှိနေသောကလေးက သူ့အား စိတ်မသက်မသာ ဖြစ်စေသော ခံစားချက်ကို ပေးနေလေသည်။ မှားသွားလေပြီလား ဟူသောအတွေးကလည်း စတင်ကာ ဝင်ရောက်လာလေ၏။
“ဘယ်သူလဲ…”
“ဘာ…ငါတို့ မသေချင်ရင် ဘာလုပ်ရမှာ… ငါတို့ ဘာလုပ်ပေးရမယ်လို့ ပြောလိုက်တာလဲ’
“ဟားဟားဟား… ဂိုဏ်းသားလေး အခုက မင်းဝင်ပြီး ကလေးကုလားတွေ ပြောရမယ့် အချိန်မဟုတ်….”
ဘမ်း….
ရုတ်တရက်ဆိုသလိုပင် ဒန်ဆာယောင်း သတိလွတ်သလို ခံစားလိုက်ရပြီး သူ၏လောကကြီးကလည်း ကျွမ်းပြန်ဇောက်ထိုး ဖြစ်သွားသလို ခံစားလိုက်ရလေသည်။
သူ သတိပြန်ဝင်လာသော အခါတွင်မူ ကောင်းကင်ပြာပြာကြီးကို မြင်နေရလေ၏။
ကောင်းကင်ကြီးလား..
ငါက ဘာလို့ ကောင်းကင်ကြီးကို ကြည့်နေရတာလဲ…
“အား…..”
ဒန်ဆာယောင်း ဖြစ်နေသည့်အရာများကို နားလည်သွားသည်နှင့် ကြောက်လန့်တကြားပင် အော်လိုက်လေသည်။ သို့သော် နောက်ကျသွားပြီ ဖြစ်သည်။ မြေပြင်ပေါ်သို့ ပြန်ကျလာသည့်အရှိန်က မသေးလှသည်မို့ သေလုနီးပါးပင်။ တသက်တွင် တစ်ခါပင် မကြုံဖူးသော နာကြင်မှုမျိုးကို ခံစားနေရသလိုပင်။
“အား…အား…အား”
အဆုံးသတ်တွင်မူ ဒန်ဆာယောင်း နားလည်လိုက်ပြီ ဖြစ်လေသည်။ ထိုကလေးသည် ဂူမပြိုမှီအချိန်က အားလုံးကို လွှင့်စင်သွားအောင် ကန်ထုတ်ခဲ့သော ကလေးပင်။ ဒန်ဆာယောင် သူမှားသွားသည်ကို သိခဲ့ပြီ ဖြစ်လေ၏။
“အာ..ဒါနဲ့ ခင်ဗျား …လက်နက်တွေ လိုချင်သေးတယ် မဟုတ်လား..လာလေ..”
ဒန်ဆာယောင် စကားပင် ပြန်မပြောနိုင်တော့ပေ။
မင်းမှန်း မသိခဲ့တာ ငါ့အမှားပါ…အခု ငါ့ကိုသာ သမားတော်ဆီ ပို့ပေးလိုက်ပါတော့ …
ငါ့ရဲ့ ဖွားဖက်တော်လေးတောင် ပြုတ်သွားပြီလို့ ငါထင်နေလို့ပါ…ချီးပဲ…
ချွန်းမြောင်ကမူ ဒေါသမပြေသေးပေ။ ဒန်ဆာယောင်အား အင်္ကျီလည်ပင်းစမှဆွဲကာ ပြောလိုက်လေသည်။
“မင်းက နတ်ဘုရားလက်နက်တွေ လိုချင်နေတာဆိုတော့လည်း ရရမှာပေါ့… အကုန်လုံးက ဒီမြေကြီးအောက်မှာပဲ…
ဆိုတော့ မင်းသွားပြီး ရှာလိုက်”
ချွန်းမြောင်က စကားဆုံးသည်နှင့် ဒန်ဆာယောင်းအား တွင်းထဲသို့ ပစ်ချလိုက်လေတော့သည်။
“အား…”
ဒန်ဆာယောင်း၏ အော်သံနက်ကြီးနှင့် တွင်းထဲသို့ ပြုတ်ကျသံကြီးက ကျယ်လောင်စွာထွက်လာလေပြီး အားလုံးကလည်း တံတွေးအသီးသီး မြိုချမိကုန်ကြလေသည်။
ချွန်းမြောင်ကမူ အားလုံးကိုကြည့်ကာ မေးလိုက်လေသည်။
“တခြား နတ်ဘုရားလက်နက်ကို လိုချင်တဲ့သူ ဘယ်သူရှိသေးလဲ”
ချွန်းမြောင်၏ စကားဆုံးသည်နှင့် အားလုံးက ဓါးကိုယ်စီထုတ်လိုက်ကြလေသည်။ လက်နက်များကို လက်မလျော့နိုင်ကြသည့် သဘောပင်။ ဒန်ဆာယောင်း၏ အဖြစ်အပျက်ကိုကြည့်ကာ ချွန်းမြောင်အား ကြောက်လန့်သွားကြသော်လည်း တဖက်တွင်က အဖိုးတန်ရတနာများပင်။ နတ်ဘုရားများ၏ လက်နက်များကဲ့သို့ပင် အစွမ်းထက်သော လက်နက်များ ။သူတို့ လက်မလျော့နိုင်ကြပေ။
အပျက်ပျက်နှင့် နှာခေါင်းသွေးထွက် ဆိုသလိုပင် နှစ်ဦးနှစ်ဖက် ဒုက္ခများတော့မည်မို့ ဟို ခေါင်းဆောင်က ကြည့်မနေနိုင်တော့ပေ။ ဝင်ကာ ပြောလေ၏။
“ငါ ဝူတန်ရဲ့ နာမည်ကို တိုင်တည်ပြီးတော့ ကျိန်ဆိုပါတယ်”
“…”
“ငါတို့ တကယ် ဘာမှ မရခဲ့ပါဘူး…မင်းတို့ ထင်ထားတဲ့ နတ်ဘုရားလက်နက်တွေဆိုတာကလည်း တကယ် မရှိပါဘူး..လက်နက်တွေတော့ ရှိပေမယ့် နတ်ဘုရားလက်နက်လို့တော့ ငါမထင်ပါဘူး..အားလုံးက သံချေးတက်ပြီး ဆွေးမြေ့နေတဲ့ ဓါးကျိုး လှံကျိုးတွေပဲကို… ငါတို့ကို မယုံလို့ မင်းတို့ကိုယ်တိုင် ရှာကြည့်ရင်လည်း သဘောပါ…ဒီနေရာကို တူးကြည့်ကြပါ..သေချာပေါက် ဓါးကျိုးတွေကို မင်းတို့ တွေ့မှာပါ”
အားလုံးက ဟို ခေါင်းဆောင်၏စကားကို မယုံရခက် ယုံရခက် ဖြစ်နေကြလေသည်။ ဝူတန်၏ အကြီးအကဲတစ်ယောက်က သူတို့၏ဂိုဏ်းအမည်ကို တိုင်တည်ကာ လိမ်ညာမပြောဟုလည်း ထင်မိကြလေသည်။
“ငါတို့ ဒါကို ယုံလို့ရပါ့မလား”
“သူက ဝူတန်နာမည်ကြီးနဲ့တောင် ပြောနေတာကို မင်းက မယုံချင်သေးဘူးလား”
အားလုံးက တိတ်ဆိတ်သွားကြလေသည်။
“မင်းတို့ မယုံဘူးဆိုလည်း ရပါတယ်..ငါတို့က အဲ့လိုဖွက်ပြီး သယ်လာနိုင်တဲ့ပုံပေါက်မနေပေမယ့် မင်းတို့ကကြည့်ချင်တယ် ဆိုရင်တော့ ငါတို့ …ငါတို့ ဝတ်စုံတွေကို ချွတ်ပြီး ပြပေးလို့ရပါတယ်”
ဟို ခေါင်းဆောင် ပြောသည်ကလည်း ယုတ္တိရှိပေသည်,။ အားလုံးသည် ပေရေစုတ်ပြတ်နေပြီး သူတို့၏ကိုယ်ပိုင်ဓါးများကိုပင် အလောအပ်သယ်လာကြရပုံ ပေါ်လေသည်။ လှံတို့ ဓါးတို့ဆိုသည်ကလည်း ကိုယ်ခန္ဓာထဲ ထည့်ကာ ဖွက်၍ မရနိုင်သော ပစ္စည်းမျိုးကြီးပင်။
“ကဲ..ကဲ…စစ်ကြည့်ချင်တဲ့သူ ဘယ်သူရှိလဲ..ကျွန်တော်က အလုပ်များတဲ့သူဆိုတော့ ပြီးရင် သွားရမှာမို့….”
ချွန်းမြောင်က ဒန်ဆာယောင်းအား ပစ်ချလိုက်သည်ကို မြင်လိုက်သည်နှင့် ကြောက်လန့်သွားသော ထိုလူက အသံပေးကာ ပြောလာလေသည်။ ဤနေရာတွင်ပင် ဆက်ကာ မရှိချင်တော့သည့် ပုံပင်။
“ကဲလာ…ပြန်ကြစို့”
“အင်း..ငါလည်း ပင်ပန်းနေပြီ”
အခြေအနေနှင့် အချိန်အခါကို နားလည်ကြသော သူများက တဖြည်းဖြည်း မိမိနေရာသို့ ပြန်သွားကြပြီ ဖြစ်လေသည်။ ထိုလူများကို ကြည့်ကာ ချွန်းမြောင် အံကြိတ်ရင်း တွေးနေမိလေသည်။
ကန်ဟိုကတော့ အမြဲဒီလိုပဲ ဖြစ်နေဦးမှာ…
ဟွာဆန်းကို အားကြီးအောင် လုပ်ထားမှပဲ ဖြစ်မယ်…
ချွန်းမြောင် အင်အားကြီးသူက အင်အားနည်းသူကို နိုင်စတမ်းဆိုသည့် သိုင်းလောကကို တွေးတောမိကာ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ ထိုင်နေရမှလည်း ခုန်ကာ ထလိုက်လေ၏။
ဟွာဆန်းမှ ဆရာတူအကိုကြီးများကြားတွင် ရပ်လိုက်ပြီး ဟိုခေါင်းဆောင်ကို လှမ်းကြည့်လိုက်လေသည်။
ဝူတန်နှင့် ဆက်ကာ ရန်ငြိုးထားရန် အကြောင်းမရှိတော့ပေ။ သူတို့သည် မိတ်ဆွေလည်း မဟုတ် ရန်သူလည်း မဟုတ်သော အနေအထားသို့ ရောက်သွားကြပြီ ဖြစ်လေသည်။
“ဂိုဏ်းသားလေး”
“ဟုတ်ကဲ့”
ဟို ခေါင်းဆောင်က တလေးတစားပင် ပြောလာလေ၏။
“ငါ့အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ခင်ဗျားလည်း အများကြီး အစွမ်းပြခဲ့ပါတယ်”
ချွန်းမြောင်က သက်ပြင်းတစ်ချက်ပင် ခိုးချလိုက််လေသည်။ စိတ်မကောင်း ဖြစ်သွားသည့်ပုံပင်။
သူတို့တွေက ဒီဂူထဲကို ဝင်တာမှာ ဆုံးရှုံးမှုအများဆုံးနဲ့ အထိခိုက် အများဆုံးပဲ..
သူတို့ပဲ အများဆုံး ရင်ဆိုင်ခဲ့ရတာ ..ဒါတောင် ဘာမှ မရသွားရှာဘူး…..
ဟို ခေါင်းဆောင်ကမူ ချွန်းမြောင် စိတ်ထဲတွင် ဖြစ်နေသည့်အတွေးကို နားလည်သည့်အလားပင်။ ပြန်ကာပြောလာလေသည်။
“အခုတော့ ဝူတန်ဂိုဏ်းကို ပြန်တော့မယ်…အဆုံးမှာတော့ ဒီလိုတွေ ဖြစ်ရတာတွေ အကုန်လုံးက ငါတို့ လောဘကြောင့်ဆိုတာ သိလိုက်ပါပြီ..ငါတို့က ငါတို့မှာ ရှိတာလေးကို မသိသလို ရောင့်လည်း မရောင့်ရဲနိုင်ခဲ့ကြဘူး…မရှိတဲ့အရာတွေကိုပဲ ထပ်ကာထပ်ကာ လိုချင်မိခဲ့ကြတယ်…ပြန်တွေးကြည့်တော့ အားလုံးက ငါတို့ရဲ့ လောဘကြောင့်ပဲ ဖြစ်ခဲ့ရတာတွေပါ”
“ဒါနဲ့ မင်းကို ငါကမ်းလှမ်းထားတဲ့ ကိစ္စကိုရော စဉ်းစားပြီးပြီလား”
“အင်း..အဲ့တာက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး….ကျွန်တော်က အမြဲတမ်း ဟွာဆန်းကဂိုဏ်းသားတစ်ယောက်ပဲ ဖြစ်နေမှာပါ”
ဟို ခေါင်းဆောင် ချွန်းမြောင်၏ ဆုံးဖြတ်ချက်ကို နားလည်သည့်အလား ခေါင်းငြိမ့်ပြလိုက်လေသည်။
“အဲ့လိုလား..ငါသိပါပြီ…ကြည့်ရတာ မင်းကလည်း ငါထင်ထားတာထက်ပိုပြီးတော့ ကောင်းမွန်တဲ့လူပါပဲ”
“စကားပြောတာကလည်း ကြောင်သူတော်တွေ ပြောနေတဲ့အတိုင်းပဲ”
“ဟူးး…ကြောင်သူတော်တဲ့လား…”
ဟို ခေါင်းဆောင်က အူမြုူးနေသော ချွန်းမြောင်ကြောင့် ခေါင်းကိုခါကာ လေသံကို အတည်ပြောင်းလိုက်ပြီး အလေးအနက်ပင် ပြောလေ၏။
“ဝူတန်ဂိုဏ်းက ဟွာဆန်းကို အမြဲသတိရနေမှာပါ”
“…”
“ကျွန်တော်တို့ ဘယ်တော့မှ ရန်သူတွေ မဖြစ်သွားကြဖို့ မျှော်လင့်ပါတယ်”
ဟို ခေါင်းဆောင်၏စကားသည် လေးနက်သကဲ့သို့ အဓိပ္ပါယ်များစွာလည်း ပါဝင်လေ၏
။ ချွန်းမြောင်ကမူ ထိုစကားကို ခွန်းတုံမပြန်ပေ။
“ဒါဆို….”
ဝူတန်ဂိုဏ်းကမူ ထွက်ခွာသွားလေပြီ ဖြစ်သည်။
ကျန်သည့််သူများကလည်း တရွေ့ရွေ့ ထွက်ခွာသွားကြပြီဖြစ်ပြီး သူတို့သာ ကျန်ရစ်လေတော့သည်။
“ဟွာဆန်းရဲ့နဂါးလေး…ငါတို့ ဒီနေ့တအားပင်ပန်းနေလို့ ..လိုယောင်ကိုတော့ ဒီနေ့ မပြန်နိုင်လောက်တော့ဘူး…
မင်းတို့နဲ့အတူ ဟွာယုန်းဂိတ်မှာ လိုက်နေမလို့”
“ခင်ဗျားကတော့နော်…သူတောင်းစားဆိုတဲ့အတိုင်း အရှက်ကိုမရှိတာ..”
“ကဲပါ…ဒီတစ်ခါပဲ…ပစားပေးလိုက်တယ်လို့ပဲ သဘောထားပါ…ဒီပုံနဲ့ ပြန်ရင် လမ်းတင်သေကုန်ကြလိမ့်မယ်”
ချွန်းမြောင် သက်ပြင်းသာ ချလိုက်လေတော့သည်။ ဟုန်ဒယ်ဂွမ်က သူ၏လူများကို အမှန်ပင် ဂရုစိုက်လေသည်။
“ဂိတ်ခေါင်းဆောင်က ဒီမှာရှိတယ်…သူ့ကိုမေးလိုက်”
ချွန်းမြောင် ပြုံးကာ ဝေ့လီရှန်းအား ညွန်ပြလိုက်လေသည်။ ဝေ့လီရှန်းကမူ ပြုံးပြုံးရွှင်ရွှင်ပင်။
“ဘယ်သူက သူတောင်းစားခေါင်းဆောင်တို့ကို လက်မခံဘဲ ငြင်းမှာလဲ… လာပါ…ကျွန်တော်တို့မှာ ရှိတဲ့ စားကောင်းသောက်ဖွယ်တွေနဲ့ အကောင်းဆုံး ဧည့်ခံပါ့မယ်… ဘဝသစ်တစ်ခု ပြန်မွေးဖွားလာတဲ့အတွက် ပျော်ပွဲရွှင်ပွဲပေါ့”
ချွန်းမြောင်ကမူ ခေါင်းယမ်းကာသာ သက်ပြင်းချလိုက်လေသည်။
ဘတ်ချုန်းကမူ ဆူပုတ်ပုတ် မျက်နှာနှင့် သူ့နားသို့ ကပ်လာလေသည်။
“အဆုံးကြတော့လည်း ဘာမှ မရှိပါလား”
“အကုန်လုံး ဟိုမျိုးမစစ်တွေကြောင့်ပဲ”
အားလုံးက လောဘတို့ကြောင့် ဂူထဲတွင် အများကြီးတွေ့ကြုံခဲ့ရလေသည်။
“အင်း”
ချွန်းမြောင် ကမူ ပေါ့ပေါ့ပါးပါး မျက်နှာနှင့်ပင် ပြုံးကာ အကြောဆန့်လိုက်လေသည်။
“သွားကြစို့…”
“’ဟင်”
“နောင်တတွေ ရနေစရာမလိုပါဘူး…ကျွန်တော်တော့ ပြီးသွားတဲ့ကိစ္စကို ထားလိုက်ပြီ..
ကဲ..လာအခု …သွားပြီးတော့ သောက်လိုက်ကြရအောင်”
“ဂိုဏ်းသားက သောက်စရာလား”
‘”ဒါဆို နည်းပြက မသောက်တော့ဘူးလား”
“သောက်မှာပေါ့”
“အာ့ဆို ..သွားကြစို့လေ”
ချွန်းမြောင်က ဦးဆောင်ကာ သွားလိုက်သည်နှင့် ကျန်သည့်သူများကလည်း သက်ပြင်းကိုယ်စီချကာ နောက်မှ အသီးသီးလိုက်သွားကြလေတော့သည်။
အားလုံးက သက်စွန့်ဆံဖျား ကြိုးစားခဲ့ကြသော်လည်း လက်ဗလာနှင့်သာ အဆုံးသတ်ခဲ့ ရသည်မို့ အားလုံးက မကျေမနပ်ပေ။ သို့သော်လည်း ဇာတ်လမ်းက ဆုံးသွားပြီ ဖြစ်လေသည်။ ဂူကလည်း စုန်းစုန်းမြုပ် ပြိုကျသွားခဲ့ပြီ ဖြစ်လေသည်။ ဆက်ရန် မရှိနိုင်တော့ပေ။ အားလုံးကလည်း ထုတ်မပြောကြသော်လည်း စိတ်ခံစားချက်ကမူ မကောင်းကြပေ။
အထူးသဖြင့် ချွန်းမြောင်ပင်။ ယာ့ဆွန်း၏ ထောင်ချောက်အားလုံးကို ကျော်လွှားခဲ့ပြီးကာမှ အကျိုးမဲ့ဖြစ်သည်ကိုတော့ လက်မခံနိုင်ပေ. ။နှုတ်မှ ထုတ်ကာ ဖွင့်မပြောသော်လည်း စိတ်မကျေနပ်သည်က အသိသာကြီးပင်။ ထို့အပြင် ချွန်းမြောင် ယာ့ဆွန်း၏ ဆေးလုံးများနှင့် ဆေးဖော်စပ်နည်းများကိုလည်း လုံးလုံး လက်မလျော့နိုင်ပေ။ကြိုးစားထားရသည် ရင်းထားရသည်များနှင့်တော့ ထိုက်တန်အောင် ဆေးလုံးများကို ရမှသာ ဖြစ်ပေလိမ့်မည်။
သူ ယာ့ဆွန်း၏ ဆေးလုံးများကို အမှန်ပင် စိတ်မဖြတ်နိုင်သေးပေ။ ကြိုးစားကာ ရှာဖွေဦးမည်ပင်။ အခုတွင်မူ လက်ဗလာနှင့်ပင် အိမ်ပြန်ခဲ့ရပြီ ဖြစ်လေ၏။