← Chapters

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

အပိုင်း (၁၇၅)

မင်းက သူတို့ကို တစ်ကြိမ်ရိုက်လိုက်ပြီဆိုတော့ သူတို့ကလည်း ငြိမ်ခံနေမှာ မဟုတ်တော့ဘူး(၅)

ယွန်းဂျွန် သူ၏မျက်စိရှေ့တွင် ရှိနေသောဆေးလုံးကို ကြည့်လိုက်ရင်း မယုံနိုင်စွာပင် အကြိမ်ကြိမ် ဖွင့်လိုက်မှိတ်လိုက်နှင့် ကြည့်နေမိလေသည်။

"ဒါက…"

ယွန်းဂျွန် မယုံနိုင်စွာပင် ဂိုဏ်းချုပ်ကို လှမ်းကြည့်လိုက်လေသည်။ဟွမ်းဂျွန်ကလည်း သူတို့အား အတတ်နိုင်ဆုံးပြုံးကာ ကြည့်နေလေ၏။

"စားလိုက်."

"…ဒီ...ဒီဆေးကိုလား"

ယွန်းဂျွန် မယုံနိုင်စွာပင် ဆေးကိုကြည့်လိုက် ဟွမ်းဂျွန်ကို ပြန်ကြည့်လိုက် လုပ်နေလေ၏။

"ကျွန်တော်တို့ အကုန်လုံးလား"

ဟွမ်းဂျွန်က ယွန်းဂျွန်၏ အမေးကိုဖြေရန် အင်အားမရှိသေးသောကြောင့် ခေါင်းကို ခပ်ဖြေးဖြေးပင် ငြိမ့်ပြလေသည်။ ယွမ်းဂျွန်၏ နောက်တွင်ရှိနေသော ဟွမ်းယုန်ကမူ ခပ်သွက်သွက်ပင် အဖြေပေးလာလေသည်။

"ဘာတုန်း...မင်းတို့ မစားရင် ငါတို့စားရမှာလား..."

"အာ...ဟုတ်သားပဲ...အကြီးအကဲတို့ပဲ အရင်စားလိုက်ကြပါ...""

ဟွမ်းယုန်၏ အရွဲ့တိုက်ကာမေးသော မေးခွန်းက ယွန်းဂျွန်က အရိုးခံဖြင့်သာ ဖြေရှာလေ၏။

"တိတ်စမ်း....အဓိပ္ပါယ် မရှိတာတွေ ပြောမနေနဲ့."

"ငါတို့က ဒီဆေးစားပြီး ဘာလုပ်ရမှာလဲ ...ဒီလောက်အိုနေပြီကို...ငါတို့စားလည်း အလကားပဲ...ဖြုန်းတီးရာရောက်တယ်"

ဟွမ်းယုန်၏ စကားကြောင့် လူတိုင်းက အံ့အားသင့်ကုန်ကြသည်။ အကြီးအကဲများ၏ ကိုယ်ကျိုးမဖက်စိတ်ဓါတ်က လေးစားစရာ ကောင်းလှပေသည်။

"ဒီဆေးလုံးတွေက မင်းတို့ရှာတွေ့ပြီး ယူလာတာပဲကို မင်းတို့စားတာ သဘာဝကျပါတယ်...မဟုတ်သေးဘူး...မင်းတို့ ရှာလာတာမဟုတ်ရင်တောင် မင်းတို့လူငယ်တွေပဲ စားသင့်တာပါ"

"အကြီးအကဲ...""

"ဒီဆေးလုံးရတာကို အဲ့လိုကြီးတွေ ဖြစ်မနေကြနဲ့...ဘာမှလည်း ထူးဆန်းတာမဟုတ်ဘူး...မင်းတို့ကို ငါလုံးပေးလိုက်ရင်တောင် ငါတို့မှာ ဆယ့်ငါးလုံးလောက် ရှိသေးတယ်...အဲ့လောက်ဆို သုတေသနလုပ်ဖို့ လုံလောက်နေပါပြီ...မဟုတ်ဘူး ပိုတောင်ပိုသေးတယ်လို့ ပြောလို့ရတယ်...အဲ့တာကြောင့် ဘာမှ ခံစားမနေကြဘဲ စားလိုက်ကြ"

ဟွမ်းဂျွန်ကလည်း ဝင်ကာပြောလာလေ၏။

"ယန်နန်ကို ခရမ်းစွဲနွယ်ပင် ရှာဖို့သွားရမှာက လွယ်ကူမှာ မဟုတ်ဘူး...ဆိုတော့ ဒီဆေးလုံးကို သောက်တာက မင်းတို့ကို အများကြီးအကူအညီ ဖြစ်စေလိမ့်မယ်..."

ဟွမ်းယုန်က ဟွမ်းဂျွန်အား လှည့်ကာကြည့်လိုက်သော်လည်း ဟွမ်းဂျွန်ကမူ မသိသလိုသာနေသာ ခပ်ပြုံးပြုံးပင် ရှိနေလေ၏။

ဟွန့်...ဆေးလုံးတွေကို နှမြောနေတာ သိသားပဲ....

ငါက ပေးလိုက်ကာမှ မျက်နှာရအောင် သူကပါ ပေးချင်သလိုနဲ့ လာပြောနေတယ်...ဟွန့်...

အကြီးအကဲနှစ်ယောက်က အကြည့်ချင်း စစ်ခင်းနေကြရာမှ ချောင်းတစ်ချက်စီ ဟန့်လိုက်ကြလေသည်။

"ဒါဆို ကျွန်တော်တို့ ဒါကိုတကယ်စားလို့ ရတယ်ပေါ့နော်.."

တချိန်လုံး တိတ်ဆိတ်‌နေသော ချွန်းမြောင်က ခပ်တည်တည်ပင် ရှေ့ထွက်ပြီး ဆေးတစ်လုံးကို ကောက်ယူရန် ပြင်လိုက်လေသည်။

"ဟတ်"

"အစုတ်ပလုတ်လေး...အသာလုပ်ပါဟ...ဒီဆေးလုံးတွေ ဘယ်လောက်အဖိုးတန်တယ်ဆိုတာလည်း သိရဲ့သားနဲ့"

"ဟဲ့ဟဲ့ဟေ့...‌ဖြေးဖြေးလုပ် ...မှောက်ကုန်တော့မယ်"

"အဆိုးကောင်လေးကတော့"

ဘေးမှ ဝိုင်းကာ မြည်တွန်တောက်တီးသံများကြောင့် ချွန်းမြောင် နောက်ပင်တွန့်သွားလေသည်။

"မဖြစ်သင့်တာ...မင်း ဘယ်လိုတောင် ဆေးလုံးကို ထိရဲရတာလည်း"

"ဒါ ဘယ်လိုဆေးလုံးဆိုတာရော တွေးမိသေးရဲ့လား...""

ဒီသောက်ကျိုးနည်း ငမွဲဂိုဏ်းသားတွေကတော့ ...

အေးလေ...သူတို့က တသက်လုံး ဘာဆေးလုံးမှမှ မမြင်ဖူးခဲ့တာကို....ထားပါတော့

ချွန်းမြောင် မပြောချင်သည့်ပုံနှင့် မသိချင်ယောင်သာ ဆောင်နေလိုက်တော့သည်။ လူထက်အဖိုးတန်သည်က ဘာများ ရှိသနည်းဟု သူမေးလျှင် ဆေးလုံးဟု သူအားပြောကြမည်ကို မြင်ယောင်နေ၍ မပြောတော့ပေ။

“ဟင်း”

ဂိုဏ်းက ဟိုးအရင်ကတည်းက မွဲနေခဲ့သော်လည်း ငါ မပြောတော့ပါဘူး…

အနာဂတ်မှာတော့ ဒါမျိုး ဖြစ်မှာ မဟုတ်တော့ပါဘူးလေ…

“ဒါကို ကျွန်တော်စားလို့ ရတယ်မို့လား…”

“….”

“ဘာလို့ မဖြေတာလဲ..ဂိုဏ်းချုပ်…”

“ဒါက “

ဟွမ်းဂျွန်က မျက်ရည်များ ဝဲနေသကဲ့သို့ပင်။

ချွန်းမြောင်အား စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်းဆေးလုံး ပေးခြင်းသည် အလဟသ မဖြစ်သည်ကို သိသော်လည်း ဆေးဖော်စပ်နည်းက အောင်မြင်မည် မအောင်မြင်မည် ပြောရသည်ကလည်း ခက်၊ ပါဝင်ပစ္စည်းများကလည်း ရမရက မသေချာသောကြောင့် နှမြောနေဆဲပင်။ သို့သော်လည်း ဤဆေးလုံးများကို ကလေးများကို ပေးကိုပေးရမည်ကိုက သိနေ၍ နှမြောတသ ဖြစ်စွာနှင့်သာ ပေးလိုက်ရသော်လည်း နှမြောနေဆဲပင်။

ငါတို့ ဒီဆေးလုံးတွေကို နောက်ထပ်ဘယ်သူ့ကိုမှ မပေးတော့ဘူး…

လုံးဝပဲ…

ဆေးလုံးများက ခွန်အားတိုးပွားရန်အတွက်သာမက အတွင်းတွင် ပျက်စီးနေသော ဒဏ်ရာများကိုပါ ကုသနိုင်လေပြီး ဒန်တျန်များကိုလည်း ကောင်းမွန်သန့်စင်ကာ ချီစွမ်းအင်များကို သန့်စင်ပေးလေသည်။ဟွမ်းဂျွန်၏ အတွေးအရဆိုလျှင်မူ ဤသို့အကောင်းပတိ ကလေးများကို ပေးခြင်းထက် ဒဏ်ရာရသူများ ရှိလာကာမှ ထုတ်သုံးသည်က ပို၍အဆင်ပြေသည်ဟု ထင်လေသည်။

သို့သော် ဟွမ်းယုန်၏ အတွေးကမူ တမျိုးဖြစ်နေလေသည်မို့ သူသာ အဆဲခံလိုက်ရလေသည်။ သို့သော်လည်း အနာဂတ်တွင် ဟွာဆန်း၌ ဤဆေးလုံးကို သုံးရမည့်အရေးပေါ်ကိစ္စများ ရှိလာနိုင်သေး၍ ကျန်သည့် ဆေးလုံးများကို ထိုအခါမှသာ သူထုတ်သုံးရန် တွေးလိုက်လေတော့သည်။

“စားလိုက်ပါ”

ဟွမ်းဂျွန်က မျက်ရည်အဝဲသားနှင့် ခွင့်ပြုလိုက်သော်လည်း ဟွမ်းယုန်ကမူ နည်းနည်းလေးတောင် တုန်လှုပ်နေပုံ မရပေ။

“ငါတို့ ဒါတွေကို တသက်လုံးသိမ်းထားလည်း ဆွေးမြေ့ပျက်စီးသွားမှာပဲ ရှိတယ်..ဘာမှ ပူမနေနဲ့…စားသာစားလိုက်”

“ဒါက…”

“’

“ဖြစ်တယ်..သေချာပေါက် ကိုရတယ်…စားမှာသာ စားလိုက်ကြစမ်းပါ”

ကလေးများ၏ နောက်တွန့်ဆုတ်နေမှုကြောင့် ဟွမ်းယုန်က တိုက်တွန်းအားပေးနေသည်ကို ကြည့်ကာ ဟွမ်းဂျွန် ပိုကာ ငိုချင်လာသလိုပင်။

အကြီးအကဲ နှစ်ယောက်ကြားက မတူသောအခြေအနေများကို ကြည့်ကာ ချွန်းမြောင် စိတ်ရှုပ်မခံတော့ပေ။ ချက်ချင်းဆိုသလိုပင် ဆေးလုံးတစ်လုံးကို ကောက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်လေတော့သည်။

အကြီးအကဲ နှစ်‌ယောက်၏ အငြင်းပွားနေမှုကို တိတ်တဆိတ်ပင် နားထောင်နေသော ချွန်းမြောင်ကလည်း မတ်တပ်ထရပ်ကာ အကြီးအကဲနှစ်ယောက်အား အရိုအသေပေးလိုက်လေသည်။

“ကျွန်တော် ..ဘတ်ချုန်းက ဒီကျေဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”

“ကျေးဇူးလား”

ဘတ်ချုန်း၏ စကားကြောင့် ဟွမ်းယုန် ပြုံးမိသွားလေသည်။ ဤကလေး ဘတ်ချုန်းသည် အမြဲပင် ရိုသေတတ်သူ တစ်ယောက်ပင်။ သို့သော်လည်း ယဉ်ကျေးသော ကလေးများထက် ငွေရှာကောင်းသော ကလေးများကို ဟွမ်းယုန် ပိုကာ သဘောကျနေဆဲပင်။

တခြားသူများက အကြီးအကဲများ ပေးလာသော ဆေးလုံးများကို လက်ခံရနိုး လက်မခံရနိုး ဗျာများနေကြသောအချိန်များတွင် ချွန်းမြောင်နှင့် ဘတ်ချုန်းကမူ ဆေးလုံးကိုယ်စီ ယူကြပြီးပြီ ဖြစ်လေ၏။

အေးပါ…အေးပါ… မင်းတို့ ဒီဆေးလုံးတွေ စားနေတာကို ငါ ရင်နာနာနဲ့ပဲ ကြည့်နေပါတယ်..သောက်ကလေးတွေရဲ့…

စားကြ..စားကြ…ဒါကို စားမှ မင်းတို့တွေ ပိုပြီးသန်မာလာကြမှာ….ဒါမှလည်း ပိုပြီး ငွေရှာနိုင်မှာ …

စားစား…ကလေးတို့ အားမနာနဲ့ စားကြ…

“ကျွန်တော် တကယ် ကျေးဇူးကို တသက်မမေ့ပါဘူး”

ကျန်သည့်သူများကလည်း ဘတ်ချုန်းပင် လက်ခံလိုက်ပြီမို့ အသီးသီး အရိုအသေပေးကာ ဆေးလုံးကို ကိုယ်စီယူလိုက်ကြလေသည်။ ကလေးများက ရိုသေစွာပင် အရိုအသေပေးနေကြသည်မို့ တစ်ခုခုတုံပြန်ရန် ဟွမ်းယုန်က ဟွမ်းဂျွန်အား လှမ်းကာကြည့်လိုက်လေသည်။

“ထကြပါ”

“ဟုတ်ကဲ့ ..ဂိုဏ်းချုပ်”

“မင်းတို့ ဒီဆေးလုံးအတွက် ပြန်ပေးဆပ်ချင်တယ်ဆိုရင် ငါတို့ စိုးရိမ်ပူပန်နေရတဲ့ဒုက္ခတွေကို လျော့ချပေးဖို့က အကောင်းဆုံးနည်းပဲ…ဘေးမသီ ရန်မခကြစေနဲ့”

“ဂိုဏ်းချုပ် ပြောတဲ့အတိုင်း ဖြစ်အောင် ဆောင်ရွက်ခဲ့ပါ့မယ်”

ဘတ်ချုန်းက လက်ထဲမှ ဆေးလုံးကို တုန်တုန်လှုပ်လှုပ်ပင် ကြည့်လိုက်လေသည်။

ဒါက တကယ်ကြီး ….

ဒါတွေ အကုန်လုံးက သူ့ကြောင့်ပဲ…

သူ့ကျေးဇူးနဲ့ ငါ ဒီဆေးလုံးကို စားခွင့်ရခဲ့တာ…

ဟွာဆန်း ဤစိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံးကို ရရှိခဲ့သည့် အရင်းစစ်ကို လိုက်လေတော့ အဓိကလူက ချွန်းမြောင်ပင်။ ထိုကလေး၏ စွမ်းဆောင်ရည်နှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ကြောင့်သာ ဤဆေးလုံးကို ရရှိခဲ့ခြင်းပင်။ ချွန်းမြောင် ဟွာဆန်းကို မရောက်စဉ်ကာလနှင့် ရောက်ပြီး ချွန်းမြောင်လက်အောက်တွင် သင်ယူရပြီးကာလတို့တွင် သူ၏ ကွာခြားမှုကြီးက အသိသာကြီးပင်။ ချွန်းမြောင် သာမရှိခဲ့လျှင် သူ မည်သို့ဖြစ်နေမည်ကို တွေးပင်မတွေးချင်ပေ။

တော်ပြီ…တော်ပြီ …ဒါတွေ မတွေးနဲ့တော့..

အခုက စိတ်ခံစားချက်တွေ များနေရမယ့် အချိန် မဟုတ်တော့ဘူး..

ဆေးလုံးကို စားပြီး အားကောင်းကောင်းမွေးရမယ့် အချိန်ရောက်နေပြီ…

ဘတ်ချုန်း ကြမ်းပြင်ပေါ်တွင် ပလ္လင်ခွေ ထိုင်ချလိုက်ပြီး ဆေးလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

ပါးစပ်ထဲတွင် ဆေးလုံးက ပျော်ဝင်သွားပြီး လည်ချောင်းထဲတွင် အရည်ပျော်ကာ ကျသွားလေသည်။ သန့်စင်ကာ ရှင်းသန့်သော ရနံ့တစ်ခုက ခံတွင်းထဲတွင် စွဲကျန်နေခဲ့ပြီး လည်ချောင်းမှ တစ်ဆင့် ထိုအရသာက ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည်။ အလွန်တရာ အေးခဲလှသော ရေတခွက်ကို သောက်လိုက်ရသည့်အလားပင်။

သန့်စင်သော ရေများက စမ်းချောင်းမှ စီးဆင်းလာသော မြစ်ချောင်းများစီသို့ စီးဝင်ပြီး ကြီးမားသော ရေတံခွန်မှ ရေများစီးကျလာသလိုပင် ဘတ်ချုန်း၏ ကိုယ်ထဲတွင် ချီလှည့်လည်စီးဆင်းမှုများက တစတစ ပြင်းထန်လာလေနေသည်။ ရင်ထဲမှ တလှပ်လှပ် ဖြစ်လာလေသည်။

ဒါက စိတ်ဝိဉာဉ်ဆေးလုံး အစစ်ပဲ…

ချီစွမ်းအင်များက ပေါက်ကွဲထွက်လာသလိုပင်။ ဆေးလုံးပိစိလေးတစ်လုံးကို စားလိုက်သည်နှင့် ဤမျှ တုံ့ပြန်မှုရသည်က မယုံကြည်နိုင်ဖွယ်ရာပင်။

ဘတ်ချုန်း သူ၏စိတ်များကို သူ၏ဒန်တျန်များအပေါ်တွင် အာရုံစိုက်ထားလိုက်ပြီး ဆေးလုံးကြောင့် ကြီးထွားလာသော ချီစွမ်းအင်များကို လမ်းပြပေးရန် ပြင်ဆင်လိုက်လေသည်။

ရေကာတာ တစ်ခုကျိုးပျက်ကာ ရေများစီးကျလာသလိုပင်။ တိုးပွားလာသော ချီစွမ်းအင်များက နေရာတိုင်းကို တွန်းတိုက်ဝင်ရောက်နေပြီး အတွင်းချီစွမ်းအင်များကိုလည်း တတ်နိုင်သမျှ သန့်စင်နေကြလေသည်။ တိုးပွားလာသော ချီစွမ်းအင်များ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် သန့်စင်ကြည်လင်သော ချီစွမ်းအင်များသာ ကျန်ရစ်ပြီး အညစ်အကြေးမှန်သမျှက တိုက်စားခံလိုက်ရလေသည်။

ထိုသန့်စင်သောချီများကလည်း တသိမ့်သိမ် လှိုက်မောသာယာမှုကို ပေးနေလေပြီး ရရှိနေသော သာယာမှုကြောင့် ဘတ်ချုန်း ရူးသွပ်သွားတော့မည့်အလားပင် ခံစားမိလေသည်။

ချီစွမ်းအင်များ ဖြတ်သန်းသွားသည့်နေရာတိုင်းသည် အသစ်ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားရပြီး ဒန်တျန်များကလည်း ကြီးထွားကာ အသေးငယ်ဆုံးသော သွေးကြောလေးများပင် ပွင့်လန်းကာ ချီစွမ်းအင်များ ပြည့်နှက်လာသလို ခံစားရလေသည်။ လုံးဝကို အသစ်ပြန်လည် မွေးဖွားလာသည့်အလားပင်။

ခန္ဓာကိုယ်တွင်းတွင် စီးဆင်းနေသော စွမ်းအင်များက အားလုံးအသစ်ပြန်ဖြစ်နေပြီး ပေါ့ပါးလန်းဆန်းနေလေ၏။ နေရာတိုင်းတွင် စီးဆင်းနေသော ချီစွမ်းအင်များကလည်း သန့်စင်ကြည့်လင်လွန်းနေပြီး စွမ်းအားကလည်း အပြည့်ပင်။ ကိုယ်ခန္ဓာတွင်း အညစ်အကြေးဖယ်ရှားမှုက ပြီးဆုံးသွားပြီဖြစ်၍ ဒန်တျန်များက ချီစွမ်းအင်များကို ဖြည်းဖြည်းချင်း စုပ်ယူနေကြလေသည်။. ဘတ်ချုန်း ထိုခံစားချက်ကို သိလိုက်လေသည်။ စွမ်းအင်များ စုပ်ယူကာ ဒန်တျန်များ အလျင်အမြန်ကြီးထွားလာရန် လောဖို့ မလိုအပ်ပေ။ ဒန်တျန်များက သူ့အလုပ်သူလုပ်ကာ တဖြည်းဖြည်း စုပ်ယူသွားမည်ကို သိ၍ ဘတ်ချုန်း မျက်လုံးကို ဖွင့်လိုက်လေတော့သည်။

ဒါက အရမ်းမိုက်တာပဲ..

ခံစားချက်က လုံးဝလန်းဆန်းနေတယ်…

ခန္ဓာကိုယ်ကလည်း ချီစွမ်းအင်တွေ လုံးဝ ပြည့်ဝနေတယ်လို့ ခံစားရတယ်…

ဘတ်ချုန်း ကျေနပ်စွာပင် ထလိုက်လေပြီး ဟွမ်းဂျွန်ကို လှမ်းကာ ပြောရန် ကြည့်လိုက်လေသည်။

“ဂိုဏ်းချုပ်…ကျွန်တော်….”

ဘတ်ချုန်းက ပြောနေသော်လည်း ဂိုဏ်းချုပ်က အာရုံရဟန် မပေါ်ပေ. တစ်နေရာတည်းကိုသာ မျက်လုံးကြီး ပြူးထွက်မတတ် ကြည့်နေလေသည်။

“ဂိုဏ်းချုပ်…”

ဘတ်ချုန်း၏ သူ၏လက်ရှိအခြေအနေကို ပြောပြချင်၍ ထပ်ကာ ခေါ်လိုက်သော်လည်း မထူးပေ။ ဟွမ်းဂျွန်၏ ပုံသဏ္ဍာန်က ထူးခြားလွန်းနေသည်မို့ ဟွမ်းဂျွန် ကြည့်နေရာသို့ ဘတ်ချုန်း လှမ်းကာ ကြည့်လိုက်လေသည်။ ဟွမ်းယုန်ကလည်း ဟွမ်းဂျွန်နှင့်အတူပင် ထိုနေရာသို့သာ လှမ်းကြည့်နေလေသည်။

ဗုဒ္ဓေါ….

“ဒါ..ဒါက ဘယ်လိုအခြေအနေမျိုးလဲ”

စိတ်မထိန်းနိုင်စွာပင် ဘတ်ချုန်း ထုတ်မေးမိလေသည်။ သူတို့အားလုံး၏ အကြည့်များ လားရာက မျက်နှာကျက်နားသို့ ရောက်ရှိနေကြပြီဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ချွန်းမြောင်သည် မျက်နှာကျက်နားသို့ ရောက်ရှိနေသောကြောင့်ပင်။

တင်ပျဉ်ခွေထိုင်နေသော အနေအထားနှင့် ချွန်းမြောင်၏ ကိုယ်ခန္ဓာသည် လေထဲတွင် မျောလွှင့်နေပြီး ဝဲပျံနေလေသည်။

လူက လေထဲမှာ ပျံနေတယ်…

ငါ ကြားဖူးတာတွေ အရဆိုရင် အမြင့်ဆုံးအနေအထားတစ်ခုကို ရောက်သွားတဲ့ဆရာကြီးတွေက ကျင့်ကြံတဲ့အခါမှာ လေပေါ်ကို ဝဲပျံနိုင်ကြတယ်တဲ့…ဒါပေမယ့် အခုက…

သူတို့အားလုံး ယခုကဲ့သို့ လူတစ်ယောက် လေပေါ်ပျံနေသောမြင်ကွင်းကို မမြင်ဖူးခဲ့ကြပေ။ ထိုသို့သော ပျံနိုင်သည်ဆိုသည့်စကားများကိုလည်း ပေါက်ပန်းလေးဆယ်စကားများဟု ခံယူထားခဲ့ကြလေသည်။ သို့သော် ယခုတွင်မူ ထိုစကားက အမှန်ပင် ဖြစ်သည်ဆိုသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံရပြီဖြစ်လေသည်။

ချွန်းမြောင်၏ သိုင်းပညာကလည်း သာမန်မဟုတ်သည်ကို တဆက်တည်းမှာပင် သိလိုက်ရလေသည်။ နဂိုကပင် စွမ်းအားမြင့်သော ချွန်းမြောင်သည် စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်းဆေးလုံးစားလိုက်သည့်အခါတွင်မူ အဆင့်တစ်ခုသို့ ရောက်ရှိသွားကာ စွမ်းအားများ အထွတ်အထိပ် ရောက်သွားပုံရလေသည်။

“ဒါ..ဒါက ဘာဖြစ်တာလဲ”

“အိုး…ဘုရား ဘုရား”

ချီသန့်စင်မှုပြီး၍ ထလာသောသူများက ချွန်းမြောင်၏အဖြစ်ကိုမြင်ကာ တစ်ယောက်ပြီးတစ်ယောက် ဘုရားတနေကြလေတော့သည်။ မည်သူကမှလည်း ထိုမြင်ကွင်းမှ အကြည့်မလွဲနိုင်ကြပေ။ သို့သော်လည်း အံဩစရာက ထိုမျှနှင့် အဆုံးမသတ်သွားသေးပေ….

ဝှီး…..

ရုတ်တရက်ဆိုသလိုပင် ချွန်းမြောင်၏ကိုယ်ပေါ်မှ ရောင်စဉ်ငါးသွယ် ထွက်လာလေသည်။

‘ရောင်…ရောင်စဉ် ငါးသွယ် ထွက်လာတာလား”

“အား…မဟုတ်လောက်ပါဘူး…ကြည့်ရတာ တူတော့ မတူသလိုပါပဲ…”

ဟွမ်းဂျွန် သေချာပင် အာရုံစိုက်ကာ ပြန်ကြည့်လိုက်လေသည်။ ကြည့်သာ ကြည့်နေရသော်လည်း ထိုသို့ စွမ်းအားလွန်ကိစ္စများကို ရင်းနှီးသူက မည်သူမျှ မရှိကြပေ။ ထို့ကြောင့် မည်သူမှလည်း ရေရေရာရာ အဖြေမထုတ်နိုင်ကြပေ။

တစ်ခုခုတော့ ထူးထူးခြားခြား ဖြစ်တော့မယ်ထင်တယ်…

ဟွမ်းဂျွန် အတွေးများပင် မဆုံးရသေး ချွန်းမြောင်၏ ပတ်လည်တွင် ရှိသော လေထုက ဝဲကတော့ကဲ့သို့ ဖြစ်ကာ အားလုံးကို စုပ်ယူလာလေသည်။ အဆောင်ကြီးကလည်း တဒိန်းဒိန်းမြည်သံများနှင့်အတူ လှုပ်ခါလာလေတော့သည်။

“အား…”

“အဆောင်ကြီးက ပြို..ပြိုကျတော့မှာလား”

“အပြင်ထွက်ကြ…အခုချက်ချင်း အပြင်ကို ထွက်ကြ”

ဟွမ်းယုန်က အော်လိုက်သည်နှင့် အားလုံးက အပြင်သို့ တချိုးတည်း ပြေးထွက်လာခဲ့ကြလေတော့သည်။

ဘတ်ချုန်းကမူ သွေးရူးသွေးတန်းနှင့် ထကာအော်နေလေတော့၏။

‘သောက်ကျိုးနည်း…ခွေးလေးက ဘာပြဿနာမှ မရှာဘဲ ကျင့်စဉ်တက်လို့ မရဘူးလား….တကယ့် ပြဿနာကောင်ပဲ….လခွမ်း…ကြာရင် ငါသေချာပေါက်ရူးတော့မယ်”

အပြင်သို့ အလောတကြီး ပြေးထွက်လာကြသော လူတိုင်းကလည်း ဘတ်ချုန်း၏ထိုအော်သံကို တိတ်တဆိတ် ရင်တွင်းမှ ထောက်ခံလိုက်ကြလေသည်။

အပိုင်း(၁၇၆)

အလကားဖြစ်သွားတာထက်စာရင် သေသွားတာကမှ ကောင်းဦးမယ်(၁)

ဘတ်ဆန်းက ဟွာဆန်းဘက်ကို မျှော်ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်လေသည်။

အခုနောက်ပိုင်း နေရထိုင်ရတာကလည်း ခက်လာလိုက်တာ....လေထုကပါ ကြပ်သိပ်လာသလိုပဲ

အမှန်ကမူ လေထုထဲတွင် မြောပါနေသော တစ်စုံတစ်ခုကြောင့် ထိုသို့ဖြစ်နေခြင်းပင်။

ပြောရလျှင်မူ ချွန်းမြောင် ဟွာဆန်းသို့ ရောက်ကတည်းကပင် ဟွာဆန်း၏ အခြေအနေက ပြောင်းလဲလာခဲ့သည်ဖြစ်ပြီး ချွန်းမြောင်တို့ နန်ယောင်က ပြန်ရောက်စဉ်အခါကမှ အခြေအနေက ပိုဆိုးလာခဲ့ခြင်း ဖြစ်လေသည်။ အကြီးအကဲများက တစ်စုံတစ်ခုကြောင့် မူပျက်နေကြသည်က အသိသာကြီးပင်။

ကြည့်ရတာ ချွန်းမြောင် တစ်ခုခုလုပ်ထားတာပဲ ဖြစ်ရမယ်..အရမ်းမိုက်တာ တစ်ခုခုပေါ့.....

ဒုတိယတန်းတပည့် တစ်ယောက်အနေနှင့်ပင် ချွန်းမြောင်က ထူးချွန်လွန်းသည်ကို မငြင်းဆန်နိုင်ပေ။ ချွန်းမြောင်၏ လက်အောက်တွင် နှစ်နှစ်ခန့် သင်ယူလေ့ကျင့်ရပြီးနောက်တွင်မူ ချွန်းမြောင်၏အစွမ်းအစကို သူတို့ခန့်မှန်းပင် မခန့်မှန်းနိုင်တော့ပေ။

ထို့အပြင် ချွန်းမြောင်က ဂိုဏ်းတစ်ဂိုဏ်းလုံးကို မြှင့်တင်ပေးခဲ့သည်ဟုပင် ပြောနိုင်လေသည်။ အသီးအရွက် ဟင်းတစ်ခွက်နှင့် အသက်ဆက်နေရသောဘဝမှ အသားဟင်းနှင့် နေစဉ်အူစိုအောင် ပြောင်းလဲပေးခဲ့သူ ပင်။

ထို့အပြင် သူတို့မည်မျှကြိုးစားပါစေ မတိုးတက်လာခဲ့သော ကြံ့ခိုင်မှု လေ့ကျင့်ခန်းများကလည်း ချွန်းမြောင်၏ ပြောင်းလဲပေးမှုအောက်တွင် သိသိသာသာကြီး ပြောင်းလဲလာခဲ့လေသည်။

ချွန်းမြောင်က ဂိုဏ်း၏ငွေကြေးပိုင်းကိုရော သိုင်းပညာပိုင်းကိုပါ ကူညီပေးခဲ့ခြင်းဖြစ်လေသည်။သို့သော်လည်း ရံဖန်ရံခါတွင်မူ သူသည် ဟွာဆန်း၏ အတိတ်နေ့ရက်များတွင် ရှိခဲ့သော ငြိမ်းချမ်းမှုလေးကို ပြန်တမ်းတမိလေသည်။ ထိုအချိန်တုန်းကမူ ဟွာဆန်းသည် ငြိမ်သက်အေးဆေးလွန်းလှခဲ့လေသည်။

"အင်း ...ငါတော့ အတွေးလွန်နေပြန်ပါပြီ"

ဒုန်း...ဝေါ....ဝေါ

ဘတ်ဆန်း ရုတ်တရက်ထွက်လာသောအသံကြီးကြောင့် ထိတ်လန့်သွားမိလေသည်။

"မိုးရွာချင်လို့ မိုးခြိမ်းတာလားဟ"

ဒိန်း.....ဝေါ....

သောက်ကျိုးနည်း...

အသံက ဟွာဆန်းထဲမှ လာနေသကဲ့သို့ ဘတ်ဆန်းခံစားလိုက်ရလေသည်။

ငါလည်း ကယောင်ခြောက်ခြား ဖြစ်နေပြီထင်တယ်...

တောင်ထိပ်ဆိုတော့ မိုးခြိမ်သံတွေ ဘာတွေကို နီးနီးကပ်ကပ် ကြားနေရတာပဲ ဖြစ်မှာပါလေ...

ဒိန်း...ဒလိန်း...

မဟုတ်တော့ဘူး...ဒါ မိုးခြိမ်းတာ မဟုတ်ဘူး.....

ဘတ်ဆန်း အသံလာရာသို့ ခေါင်းလှည့်ကာ ကြည့်လိုက်လေသည်။ အသံက ဟွာဆန်းထဲမှ လာနေသည်က အမှန်ပင်။

ဂိုဏ်းချုပ်၏ အဆောင်အနီးတွင် ဖုန်များက တသောသောထနေလေပြီး အားလုံးကို ဝေဝါးဝါးပင် မြင်ရလေသည်

"ဘာဖြစ်နေတာတုန်းဟ...""

ဒိန်း...ဒိန်း...ဝေါ

မိုးခြိမ်းသံများက ဆက်တိုက်ထွက်လာလေပြီး အဆောင်ကြီးတစ်ခုလုံးက လှုပ်ခါသွားလေသည်။

သောက်ကျိူနည်း...ဂိုဏ်းချုပ်အဆောင်ကို မိုးကြိုးပစ်ချနေတာလား...

ပစ်နေတုန်းဆိုတော့ အခု အဲ့ဒီကို ငါတို့ သွားလို့မရသေးဘူးပေါ့....ဟုတ်တယ်မို့လား...

ဂိုဏ်းချုပ်တော့ ဘာမှ မဖြစ်လောက်ပါဘူးနော်...

"အား..."

"အား...ဘာတွေ ဖြစ်နေတာလဲဟ"

"ကျေးဇူးပြု၍ တော်ရုံလောက်ပဲ လုပ်ကြပါလို့'

ဟွမ်းဂျွန် ၊ဟွမ်းယုန်၊ ဘတ်ချုန်း ၊ယုရီဆိုးနှင့် ယွန်းဂျွန်တို့ နှစ်ဦးသားက အဆောင်ထဲမှ အလင်းလိုအရှိန်နှင့် ထွက်ပြေးလာခဲ့ကြလေသည်။ ဘတ်ဆန်းကမူ မြင်နေရသော မြင်ကွင်းကိုပင် မယုံကြည်နိုင်စွာ ကြည့်နေလေသည်။

"အခုက ဘာဖြစ်နေတာလဲဟ..."

ဘတ်ဆန်း ကြာကြာပင် တွေးချိန်မရလိုက်ပေ။

ဒိန်း...ဒိန်း..ဂျလိန်း..

နောက်ထပ်မိုးခြိမ်သံများက ဆက်တိုက်ဆိုသလို ထွက်လာလေပြီး ဂိုဏ်းချုပ်၏ အဆောင်တစ်ခုလုံးက ပြိုကျသွားလေသည်။ ခေါင်မိုးမှ အုတ်ကြွပ်စများကလည်း နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားကြလေသည်။

"အိုး...ဘုရား...ဘုရား..."

ခိုင်ခံ့သည်ဟု ထင်ရသောအဆောင်ကြီးသည် မျက်စိတမှိတ်အတွင်းမှာပင် ပြိုကျသွားပြီ ဖြစ်လေ၏။

ဂိုဏ်းချုပ်အိမ်က အဓိကနေရာကြီးကို...သူ့အိမ်မှ ပြိုကျရသလား...

ဘတ်ဆန်းက တကိုယ်တည်း တီးတိုးရေရွတ်ကာ အခြေအနေကို ဆက်ကြည့်နေလေသည်။

"ကြည့်ရတာ ဂိုဏ်းကတော့ ပိုပိုပြီး ကောင်းလာတဲ့ပုံပဲ"

သောက်ကျိုးနည်းကြီးကိုပဲ ကောင်း....

"…"

ဟွမ်းဂျွန်က သူ၏ပြိုကျသွားသော အဆောင်ကြီးကိုကြည့်ကာ ငိုရခက် ရယ်ရခက်ဖြစ်နေလေသည်။

"ဒါက...."

သူ စကားပင် မပြောနိုင်တော့ပေ။

"အဟွတ်...အဟွတ်... "

ဟွမ်းဂျွန်၏ ဘေးနားတွင်ရပ်နေသော ဟွမ်းယုန်ကမူ ဖုန်များကြောင့် ချောင်းတဟွတ်ဟွတ်ပင်။

"ဘယ်လိုဘိုးဘေးတွေကများ ဒီကောင်ကို မျက်စိကျနေလို့ ဒါမျိုးတွေ လုပ်ပေးနေရတာတုန်း.. "

မဟုတ်ဘူး...ခွေးကောင်

ငါ့အိမ်တစ်လုံးလုံး ပြိုကျသွားတာတောင် မင်းကဘိုးဘေး မျက်နှာသာပေးတယ် ပြောနေသေးတာလား...

"အင်း...ကြည့်ရတာတော့ ကျွန်တော်တို့ အိမ်အသစ်တစ်လုံး ပြန်ဆောက်ရတော့မယ် ထင်တယ်"

ဟွမ်းယုန်၏ ထိုစကားကြောင့် ဟွမ်းဂျွန်နားစွင့်မိသွားလေသည်။

အိမ်အသစ်တစ်လုံးလား...

အဲ့လိုဆိုရင်တော့လည်း မဆိုးပါဘူး....

အိမ်အသစ်တစ်လုံး ရမည်ဆို၍ ဝမ်းနည်းနေသော ဟွမ်းဂျွန်က ပြိုကျသွားသော သူ၏အိမ်ကလေးအတွက် ဝမ်းမနည်းတော့ပေ။ ညှို့မှိုင်းနေသော စိတ်ကလည်း အနည်းငယ် အဆင်ပြေသွားလေသည်။

"အိုး...ဒုက္ခပဲ..."

အရေးကြီးသည်က သူ၏အိမ်မဟုတ်သေးပေ။ ပြိုကျသွားသောအိမ်ထဲမှ ချွန်းမြောင်ဖြစ်လေသည်။ ဟွမ်းဂျွန် စိုးရိမ်တကြီးပင် အပျက်အစီးပုံကြီးထဲသို့ ကြည့်လိုက်လေသည်။

"ချွန်းမြောင်က ဘယ်လိုဖြစ်သွားပြီလဲ"

"ဟမ်...ဘယ်မှာလဲ...အဲ့ကလေးက"

"အကိုကြီးက အတိတ်မေ့သွားပြီလား...ဒီထဲမှာလေ...ဒီထဲမှာ..."

ဟွမ်းယုန်က အပျက်အစီးပုံကြီးကို ညွှန်ပြကာ ဒေါသတကြီးပင် ပြောလေ၏။

ထိုစဉ်မှာပင် အပျက်အစီးပုံကြီးက လွှင့်သွားလေပြီး ချွန်းမြောင်က ထိုထဲမှ တိုးထွက်လာလေသည်။

"ဟာ..ဒါကြီးက ဘာလို့ပြိုသွားတာတုန်း...ဘယ်သူလုပ်လိုက်တာလဲ...ငါတို့ဂိုဏ်းချုပ်အိမ်ကို ဘယ်ကောင် ဖြိုတာလဲကွ"

တရားခံက မင်းပဲလေ...

ခွေးသားရယ့်...

"မင်းကြောင့် ပြိုသွားတာလေ"

ထိုစကားကြောင့် လက်သီးလက်မောင်းတန်းကာ တရားခံ ရှာနေသော ချွန်းမြောင်ကချက်ချင်း စကားလမ်းကြောင်း ပြောင်းသွားလေသည်။

"ဒီ အိမ်ကလည်း ဘယ်လိုတောင် မခံတာတုန်း...ကြည့်ရတာ လက်သမားက ခိုထားတာများလား"

"…"

ဟွမ်းဂျွန် ချွန်းမြောင်၏ စကားကြောင့် သွေးပင်တက်သွားလေတော့သည်။

"ဂိုဏ်းချုပ်...ဆရာတူအကိုကြီး...စောနက ရောင်ခြည်ငါးသွယ် ဟုတ်တယ်မို့လား"

"အင်း...."

ဟွမ်းဂျွန်က အင်းဟူသော ထောက်ခံသံကို သံရှည်ဆွဲကာ ထောက်ခံလိုက်လေသည်။

"ဒါက ငါ ကြားဖူးတာနဲ့တော့ နည်းနည်းကွဲပြားတယ်..ငါကြားဖူးတာက ရောင်စဉ်ငါးသွယ် ဖြစ်တော့မယ်ဆို အရောင်ငါးမျိုးနဲ့ စက်ဝိုင်းငါးခု အရင်ပေါ်လာပြီးမှ ရောင်စဉ်ငါးသွယ် ဖြစ်လာတာတဲ့...အခုကကျ ‌အရောင်ငါမျိုးတော့ မပြည့်ဘူးလားလို့"

"ပြီးတော့ အရောင်တွေကလည်းတူနေကြသလိုပဲ"

"ဘာပဲဖြစ်ဖြစ် ဒါက စိတ်ဝိဉာဉ်ဆေးကြောင့်ဆိုတာကတော့ သေချာတယ်"

ဟွမ်းဂျွန် ချွန်းမြောင်ကိုကြည့်ကာ ပြုံးလိုက်လေသည်။

ချွန်းမြောင်သည် ဆေးလုံးကို စားပြီးသည်နှင့် လေထဲတွင် လွှင့်မြောနေပြီး ရောင်စဉ်များကို ထုတ်လွှတ်ခဲ့လေသည်။ ဤသည်က ချွန်းမြောင်၏ သိုင်းပညာ၏ အထိတ်အထိပ်ကို ရောက်နေပြီဆိုသည့် သဘောပင်။

"ဂိုဏ်းချုပ်...ဒါဆိုရင်"

"ဘာတုန်း"

"သူက အခု ဘယ်လောက်တောင် သန်မာနေပြီလဲ"

"…"

ဟွမ်းဂျွန် နှုတ်ဆိတ်သွားလေသည်။ ထိုကလေး မည်မျှသန်မာနေပြီကို သူတကယ်မသိပေ။ ဟွမ်းဂျွန်၏ အနေအထားကို ကြည့်ကာ ဟွမ်းယုန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်လေသည်။

"ဂိုဏ်းချုပ်တောင်မှ မသိနိုင်ဘူးလား"

"အဟမ်း...ငါက ဘယ်လိုလုပ် မသိဘဲနေမှာလဲ"

"ဒါဆို ဘာလို့ မဖြေဘဲနေတာလဲ"

"…"

အေးကွာ...အလိုက်သိစမ်းပါ...သားကြီးရာ...

တခြားကလေးတွေရော ရှိနေတယ်လေကွာ....ငါမသိဘူးဆိုတာ ပါးစပ်က ထုတ်ပြောမှ ဖြစ်မှာလားဟ...

ဟွမ်းဂျွန်သည်လည်း ငယ်စဉ်ကပင် သိုင်းပညာကို အကျွမ်းတဝင် သင်ယူခဲ့ရသော်လည်း ကောင်းမွန်သည့် အခြေခံမရှိသည့်အတွက်ကြောင့် သိုင်းပညာအား ထူးချွန်စွာ တတ်မြောက်ခြင်း မရှိပေ။ သို့ဖြစ်၍ သိုင်းပညာ၏ အဆန်းတကြယ်ဖြစ်ရပ်များက သူနှင့်မရင်းနှီးပေ။ ထို့ကြောင်ပင် ချွန်းမြောင်၏ သိုင်းပညာအဆင့်အစစ်အမှန်ကိုလည်း သူမခန့်မှန်းနိုင်ပေ။

ရိုးရိုးသားသား ဝန်ခံရလျှင်မူ ချွန်းမြောင်နှင့်ပင် သူမယှဉ်နိုင်ပေ။

"အင်း...ငါ့အထင်ပြောရရင်တော့ အရမ်းကို မဟားတရား သန်မာနေပြီထင်တာပဲ...အဲ့ကလေးက"

"…"

"ဪ...အဲ့လိုလား...ကျွန်တော် မှတ်ထားလိုက်ပါ့မယ်..သိပါပြီ...ဟူးး"

"…"

ဟွမ်းယုန်၏ ရယ်ချင်ပက်ကျိ အပြောကြောင့် ဟွမ်းဂျွန်က မျက်စောင်းလှမ်းထိုးလိုက်လေသည်။

"ဘယ်လိုပဲဖြစ်ဖြစ်လေ..သန်မာတယ်ဆိုတာကတော့ ကောင်းတဲ့ကိစ္စပဲ"

"အင်း...ဟုတ်တယ်...ကောင်းတဲ့ကိစ္စပဲ"

သန်မာခြင်းက ကောင်းသည့်ကိစ္စပေမို့ပဲ လူအားလုံးက ဤဆေးလုံးကို သက်စွန့်ဆံဖျား လုနေကြသည်မို့လား.။ အားလုံးက အတွေးကိုယ်စီဖြစ်နေချိန်မှာပင် ချွန်းမြောင်က သူ၏လက်များကို သူပြန်ကြည့်နေလေသည်။

မယုံနိုင်စရာပဲ....

ဆေးလုံးတစ်လုံးတွင် ရှိသော ချီစွမ်းအင်၏ သန့်စင်မှုဆိုသည်က အကန့်အသတ်ရှိလေသည်။ မည်သို့သောဆေးလုံး၏ ချီစွမ်းအင်ကမှ ချွန်းမြောင်၏ မူလချီလောက် သန့်စင်သည့် ချီမရှိသေးပေ။ ထို့ကြောင့်ပင် ဆေးလုံးများ စားခဲ့ဖူးသော်လည်း အထွေအထူး ခံစားရခြင်း မရှိပေ။ သို့သော် ဤစိတ်ဝိဉာဉ်ဖြတ်လတ်ခြင်း ဆေးလုံးကမူ တခြားဆေးလုံးများနှင့်မတူ တမူထူးခြားလေသည်။ ဆေးလုံးတွင် ပါဝင်သော စွမ်းအင်များကလည်း အသန့်စင်ဆုံးသော ချီစွမ်းအင်များ ဖြစ်ကြပြီး ချွန်းမြောင်၏ မူလချီများနှင့် ပေါင်းစပ်သွားသည့်အခါတွင်မူ အံ့အားသင့်လောက်စရာ ရလဒ်ကို ပေးလာလေသည်။

ဒီဆေးလုံးက ငါနဲ့အသင့်တော်ဆုံး ဆေးလုံးပဲ....

ယခင်ကမူ စားသမျှဆေးလုံးတိုင်း၏ အာနိသင်တဝက်ကိုသာ စုပ်ယူနိုင်သော ဤဆေးလုံးကမူ အာနိသင်ကို အပြည့်အဝ ရရှိလေသည်။ သူ၏ဒန်တျန်များကလည်း ယခင်ကထက် ကြီးမားလာလေ၏။

ချွန်းမြောင် ဆေးလုံး၏ကျေးဇူးကြောင့် အားအင်များ ပြည့်ဝနေသကဲ့သို့ ခံစားရပြီး စိတ်သစ်လူသစ်လည်း ဖြစ်နေသလိုပင်။

အတိတ်ဘဝက ရှိခဲ့သော အင်အားအဆင့်ကိုမှီရန်ကမူ များစွာလိုအပ်နေသေးသော်လည်း သူ၏စွမ်းအင်ကမူ များစွာတိုးတက်လာခဲ့ပြီဖြစ်လေသည်။ ချွန်းမြောင် ဆေးလုံး၏ရလဒ်ကို အမှန်ပင် ကျေနပ်မိလေ၏။

ချွန်းမြောင် ကျေနပ်ပြုံးကြီးပြုံးကာ လှည့်ကြည့်လိုက်လေတော့ သူ့အားကြည့်နေကြသည့် သူ၏ဆရာတူအကိုကြီးများကို တွေ့ရလေသည်။

ဒီပြဿနာအိုးကွဲလေးကတော့...

သူ အများကြီးပိုပြီး သန်မာလာပြီပဲ...

သူ့ မျက်လုံးက အရောင်တွေကို ကြည့်ရတာ တစ်မျိုးပဲ...သူ လူရော ဟုတ်သေးရဲ့လား....

ချွန်းမြောင်ဆီမှ ဖြာထွက်နေသော ချီစွမ်းအင်များကို အားလုံးက ခံစားမိကြလေပြီး အမြင်နှင့်ပင် သူတိုးတက်လာသည်ကို တွေ့မိကြလေသည်။ ပို၍သန်မာလာသည်ကို မြင်ရလေ၏။

"မိုးကောင်ကင်ကလည်း မတရားလိုက်တာကွာ...စားလိုက်တဲ့ ဆေးလုံးခြင်း အတူတူတောင် ရလဒ်က ဘာလို့ ဒီလောက်ကွဲပြားနေရတာလဲ"

ဟွမ်းယုန်ကမူ ချွန်းမြောင်ဆီသို့ အပြေးအလွှားသွားကာ မေးလိုက်လေ၏။

"ဘယ်လိုလဲ...အခြေအနေက"

"အာ...အကြီးအကဲ ကျွန်တော် အခြေအနေကောင်းပါတယ်"

"တော်သေးတာပေါ့"

ချွန်းမြောင် စိုးရိမ်နေသော ဟွမ်းယုန်ကိုကြည့်ကာ ပြုံးလိုက်လေသည်။

ချွန်းမြောင်၏ အဓိကအားနည်းချက်က အတွင်းချီစွမ်းအင် နည်းပါးခြင်းပင်။ ဤဆေးလုံးက အတွင်းချီစွမ်းအင်ကို အပြည့်အဝဖြည့်တင်း ပေးလေသည်။

နေပါဦး...ဒါက

ငါ ဆေးလုံးတွေများများ စားလေ အတွင်းချီတွေ တိုးပွားလာလေဆိုတဲ့ အဓိပ္ပါယ်ပဲ မို့လား...

ငါ နောက်ထပ်ဆေးလုံးကို စားလို့ရလောက်လား...

ရလောက်ပါ့မလား...ရပါတယ်...

ငါထပ်စားတယ်ဆိုတာကလည်း ဟွာဆန်းကောင်းကျိုး လုပ်ဖို့ပဲဟာကို....

ချွန်းမြောင် ရိုးသားဖြူစင်သော အပြုံးလေးပြုံးကာ ဆေးလုံးသေတ္တာအား ကျစ်ကျစ်ပါအောင် ပိုက်ထားသော ဟွမ်းဂျွန်ဆီသို့ လျောက်ကာသွားလေသည်။

"ဂိုဏ်းချုပ်"

"အင်း"

"ကျွန်တော့်အထင် ကျွန်တော်တို့ နောက်ထပ်ဆေးလုံးနည်းနည်း သုံးလိုက်ရင်လည်း အဆင်ပြေတယ်မို့လား"

"အဲ့တာကလား..."

ဟွမ်းဂျွန် နောက်ခြေတစ်လှမ်းဆုတ်သွားပြီး အော်လိုက်လေသည်။

"မရဘူး..."

"မရဘူး...လုံးဝပဲ...ဟွာဆန်းက ဆေးလုံးကို စမ်းတောင်မစမ်းရသေးဘူး...မတော်လို့များ တစ်ယောက်ယောက် တစ်ခုခုဖြစ်ခဲ့ရင် သူတို့ကို ကယ်တင်ဖို့ ငါတို့ ဒီဆေးလုံးတွေလိုတယ်"

"အာ...အဲ့လိုလား"

ဂိုဏ်းသားများ၏ အကျိူးကို ရှေးရှုကာ သူတို့အား ဆေးလုံးမပေးဟန်နှင့် ပြောလာသော ဟွမ်းဂျွန်ကို ကြည့်ကာ ချွန်းမြောင် ခေါင်းငြိမ့်လိုက်လေသည်။

သို့သော် သူ၏ဆင်ခြေအပေးမှားသွားပြီဆိုသည်ကိုတော့ ဟွမ်းဂျွန် မသိလိုက်ပေ။

"အာ...အဲ့လိုဆိုတော့ ဂိုဏ်းချုပ်ပြောချင်တာက တစ်ယောက်ယောက် ဒဏ်ရာရတာဖြစ်ဖြစ် တစ်ခုခုဖြစ်တာဖြစ်ဖြစ် အဲ့လိုအခြေအနေမျိုးမှပဲ သုံးတော့မယ်လို့ ပြောချင်တာလား"

"အင်း..."

ချွန်းမြောင်၏ လေသံအရ တစ်ခုခုလွဲနေပြီဟု ဟွမ်းဂျွန်ခံစားလိုက်ရသော်လည်း မည်သည့်အရာက လွဲနေသည်ကို သူမသိပေ။

"ဂိုဏ်းချုပ်"

"အင်း"

"ကျွန်တော် ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်"

ချွန်းမြောင်က ဟွမ်းဂျွန်အား ဦးညွတ်ကာ အရိုအသေပေးလိုက်သော်လည်း ဟွမ်းဂျွမ်ကမူ လေးစားသမှုကို မခံစားရပေ။ ချွန်းမြောင်က ပြောင်စပ်စပ်အပြုံးတစ်ပွင့်နှင့် စတင်ကာ စကားပြောလာလေသည်။

"ယန်နန်ဆိုတာ အန္တရာယ်များလွန်းတဲ့ နေရာတစ်ခုပါ...ဒီဆေးလုံးတွေက အန္တာရာယ်များတဲ့နေရာတွေကို သွားရမယ့်လူတွေအတွက် တကယ်ကို အကူအညီဖြစ်မယ့် ဆေးလုံးတွေပါ...ပြီးတော့ လူရိုင်းတွေနဲ့ ပြည့်နေတဲ့ နယ်မြေစိမ်းမှာက ဘယ်လိုအန္တာရယ်တွေ ရှိနေမယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူးမို့လား"

ဘာ...ဘယ်လို...ဘယ်လို

စောနတုန်းက မင်းပြောတော့ သူတို့ခေါင်းတွေတောင် ဖြုတ်ပစ်ဦးမယ်ဆို....

"အင်း...ဂိုဏ်းချုပ်...ကျွန်တော် အဆင်ပြေပါတယ်...ဒီ ချွန်းမြောင်က အသက်နဲ့ရင်းပြီး ဟွာဆန်းအတွက် အမှုတော်ထမ်းဖို့ အဆင်သင့်ပါ"

"အင်း...""

"ဒါပေမယ့်...""

"ဒီက ချစ်လှစွာသော နည်းပြတို့နဲ့ ဆရာတူအကိုကြီးတို့သာ ကျွန်တော်နဲ့အတူလိုက်ပြီး အန္တာရယ်တောထဲမှာ အသက်စွန့်လိုက်ရရင်တော့ ကျွန်တော် သေသွားတဲ့အချိန်ထိတောင် ငြိမ်းချမ်းမှု ရနိုင်မယ် မထင်မိဘူး..."

"ဘာ...ဘာကြီး"

ငါတို့က ဘာလို့သေရမှာတုန်း...

"ဟမ်...အဲ့လို‌တော့ ဖြစ်လို့မရဘူးလေ"

"အခု ကျွန်တော်တို့ သွားရမယ့်ခရီးက သိပ်ကိုအန္တာရာယ်များလွန်းလို့ ဆေးလုံးတစ်လုံး မဟုတ်ဘူး သုံးလုံး...မဟုတ်ဘူး လိုရမယ်ရ လူစေ့ ငါးလုံးပေးလိုက်ပါလား"

"ဒါက ဘယ်လိုအကြောင်းပြချက်ကြီးလဲ."

သောက်ကျိုးနည်း...ခွေးသားလူညစ်လေးက ငါ့ကို နေ့ခင်းကြောင်တောင် အေးဓါးပြလာတိုက်နေပါလား...

"ဒီဆေးငါးလုံးနဲ့သာဆို ကျွန်တော်တို့ ဟွားဆန်းကို အသက်ရှင်လျက်ပြန်ရောက်လာမယ့် ယုံကြည်ချက်လုံးဝရှိပါတယ်...ငါးလုံးထဲပါ....မရနိုင်ဘူးလားဟင်...ဒီဆေးလုံးတွေကပဲ ဟွာဆန်းရဲ့အနာဂတ်လို့ တွေးနေတော့မှာလားဟင်"

"အင်း'

ချွန်းမြောင် ဘတ်ချုန်းကို ကြည့်ကာ ပြောလိုက်လေ၏။

"နည်းပြ..ကြည့်ပါဦး...ဂိုဏ်းချုပ်ရဲ့ မျက်စိထဲမှာ နည်းပြက ဟွာဆန်းရဲ့ အနာဂတ်လို့မမြင်ဘူးပဲ"

"ငါ့ကို ဘာလို့ဆွဲထည့်နေတာတုန်း ...သောက်ကလေးရဲ့..."

"ဟုတ်တယ်လေ...ကျွန်တော်ပြောတာ ဘာမှားလဲ...ကျွန်တော်တို့က ဂိုဏ်းအတွက်ရည်စူးပြီး အသက်ကို ဖက်နဲ့ထုပ် ၊ အန္တာရာယ်မြေကို သွားရ‌တာတောင် ဂိုဏ်းချုပ်က ဆေးလုံးကို နှမြောနေတယ်...ကျွန်တော်တို့တွေက ဆေးလုံးလေးလောက်တောင် အရေးမပါပါဘူးဆိုတဲ့ အဓိပ္ပါယ်ပဲလေ"

"...."

ထိုအချိန်မှာပင်...

လူတစ်ယောက်က ဟွမ်းဂျွန်အား ပုခုံးမှ ဆွဲသွားလေသည်။ ဟွမ်းဂျွန် လှည့်ကြည့်လိုက်သောအခါတွင်မူ ထူးဆန်းသောအပြုံးကြီးနှင့် ကြည့်နေသော ဟွမ်းယုန်ကို မြင်လိုက်ရလေသည်။

"ပေးလိုက်စမ်း..."

"…"

"အလကားဖြစ်သွားတာထက်စာရင် သေသွားတာက ပိုကောင်းတယ်လို့ ထင်နေတာလား"

"…"

ဟွမ်းယုန်၏ အမူအရာကို ကြည့်ကာ ထိတ်လန့်သွားပြီး ဟွမ်းဂျွန်အော်လိုက်လေတော့သည်။

"ငါ ဆေးလုံးတွေ မင်းကို ပေးလိုက်မယ် သူခိုးဓါးပြကောင်ရဲ့"

အဆုံးသတ်တွင်မူ ဟွမ်းဂျွန် ချွန်းမြောင်အား ထကာဆဲလေတော့သည်။ မချိုသာနိုင်တော့ပေ။

အပိုင်း (၁၇၇)

အလကားဖြစ်သွားတာထက်စာရင် သေသွားတာကမှ ကောင်းဦးမယ် (၂)

ဟွမ်းဂျွန်က မျက်မှောင်ကြုတ်လိုက်ပြီး ချွန်းမြောင်ကို လှမ်းကြည့်လိုက်လေသည်။ ချွန်းမြောင်ကမူ ဟွမ်းဂျွန်၏ မကျေနပ်ကြည့်ကို သတိမထားမိသည့်နှယ်ပင် ။ဖြူဖြူစင်စင် အပြုံးလေးပင် ပြုံးပြနေလိုက်လေသေးသည်။

“ဟီးဟီး..”

“…”

“အဟီးဟီး..”

“…”

ချွန်းမြောင် နောက်ထပ်ဆေးလုံးများကို ရလိုက်သောကြောင့် အလွန်ပင်ကျေနပ်လေနေပြီး ဟွမ်းဂျွန်ကိုပင် အားမနာနိုင်ပဲ တဟီးဟီးရယ်နေရှာလေသည်။ ဟွမ်းဂျွန်ကမူ ရန်သူမျိုးငါးပါးဒဏ်ကို ခံနေရသော ဒုက္ခသည်ကြီးသဖွယ် ငေးငေးငိုင်ငိုင်ပင်။

ဒီသောက်ကလေးကို တစ်ချက်လောက်ပဲ နားအုန်နားပန် ကျင်းပေးရင် တော်ပါပြီ…ငါ ဘာမှ ထပ်မလိုချင်တော့ပါဘူး….

မိုးကောင်းကင်က အရှင်သခင်တို့

ကျွန်တော်မျိုးကြီး ဘယ်လိုအပြစ်တွေကို ကျူးလွန်ခဲ့လို့ ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံနေရတာပါလဲ…

ဟွာဆန်းတွင် ချွန်းမြောင်ရှိနေခြင်းက အကောင်းရော အဆိုးပါ ဒွန်တွဲနေလေသည်။ ဟွာဆန်း၏ နတ်ဘုရားနဂါးဟု တင်စားကြသော ချွန်းမြောင်ကပင် အကောင်းဆုံး ဆုလာဘ်ဖြစ်လေပြီး အဆိုးဝါးဆုံး ဘေးအန္တာရယ်လည်း ဖြစ်လေသည်။ ဟွာဆန်းတွင် ချွန်းမြောင်အား အုပ်ချုပ်နိုင်သူ မရှိပေ။

“ဟီးဟီး…ဂိုဏ်းချုပ် ကျေးဇူးပါနော်”

ချွန်းမြောင်၏ ဟီလာထနေမှုကြီးကိုကြည့်ကာ ဟွမ်းဂျွန် ဒေါသကြီးတို့က တဟုန်းဟုန်းပင်။ သို့သော်လည်း ဘာမှ မတတ်နိုင်ပေ။

သောက်ကလေး ငါ့ကို ဓါးပြတိုက်သလို တောင်းသွားပြီးတော့ ကျေးဇူးလာပြောနေတယ်..

မင်း ဆေးလုံးကိုသာ ရရင် ရသွားလိမ့်မယ် …ငါကတော့ ပေးချင်စိတ် ရှိနေမှာ မဟုတ်ဘူး..သိဘို့…

ချွန်းမြောင်က ဟွမ်းဂျွန်ထံမှ ဆေးလုံးအား အတင်းပင် ရယူထားရသော်လည်း လိုချင်သည်က ရထားပြီးပြီဖြစ်၍ အူမြူးနေလေသည်။

“အဟီး…”

ဟွမ်းဂျွန်ကလည်း ပွင့်ပွင့်ဘွင်းဘွင်းပင်။ သူ၏မကျေနပ်ခြင်း များကို မျက်နှာပေါ်တွင် ရှင်းရှင်းလင်းလင်း ပြသထားလေသည်။

"ဂိုဏ်းချုပ်."

"ငါသိပါတယ်...ငါသိတယ် ...ပြောမယ်"

ဟွမ်းဂျွန်က ဟွမ်းယုန်အား ဦးစွာငေါက်လိုက်ပြီးလေပြီး ခဏမျှ ငြိမ်နေပြီးကာမှ ချွန်းမြောင်အား လှမ်းကာ ပြောလာလေသည်။

"… ဒီခရီးက လွယ်ကူမှာ မဟုတ်ဘူး."

"ဟုတ်ကဲ့..စိတ်ချပါ ဂိုဏ်းချုပ်...ကျွန်တော့်မှာ ဒီဆေးလုံးရှိနေလို့ကတော့ အားလုံးကို ဖြတ်ကျော်နိုင်ပါတယ်"

"....."

ဒီသောက်ကလေးက ငါ့ကို တမင်ရန်စနေတာလား...

သူ့ကို တစ်ယောက်ယောက်ကပဲဖြစ်ဖြစ် တချက်လောက်ရိုက်ပြီး ဆုံးမပေးကြစမ်းပါ...

ကျေးဇူးဆပ်ပါမယ်...

"အဟမ်း...."

ဟွမ်းဂျွန်က ဣန္ဒြေထိန်းရန်အတွက် ချောင်းတစ်ချက်ဟန့်ကာသက်ပြင်းရှည်ကြီး ချလိုက်လေသည်။

"ချွန်းမြောင်...."

ဟွမ်းဂျွန်၏ လေသံက အတည်အတန့်ဖြစ်သွားပြီမို့ ချွန်းမြောင်က မျက်နှာပိုးသတ်ကာ ထူးလိုက်လေသည်။

"ဟုတ်ကဲ့ပါ...ဂိုဏ်းချုပ်."

"မင်းကို ဒီလိုခက်ခဲတဲ့တာဝန်တွေ ပေးရတဲ့အတွက် ငါတကယ်စိတ်မကောင်းပါဘူး...အဲ့တာကိုတော့ မင်းသိထားပါ"

"ဂိုဏ်းချုပ်"

ချွန်းမြောင်က တောက်တောက်ပပပင် ပြုံးကာ ပြန်ပြောလေ၏။

"ဒါတွေက လုပ်သင့်လို့ လုပ်ရတဲ့အရာတွေပါပဲ.စိတ်ထဲမထားပါနဲ့.."

ချွန်းမြောင်၏ စကားကြောင့် ဟွမ်းဂျွန် စိတ်သက်သာသွားရကာ ပြုံးလိုက်လေသည်။ချွန်းမြောင်သည် သူတို့အား ခေါင်းကိုက်စရာကိစ္စများ မကြာခဏပေးသော်လည်း ဂိုဏ်းကောင်းကျိုးကိုမူ ဒိုင်ခံလုပ်သူပင် ဖြစ်လေသည်။ တခြားသူအားလည်း မနှောင့်ယှက်သကဲ့သို့ သူ၏လမ်းကိုလည်း နားလည်လေပြီး လုပ်ဆောင်တတ်သူမို့ ပြောမရဆိုမရဖြစ်နေသော်လည်း ဟွမ်းဂျွန် မမုန်း‌မိပေ။

ထိုကလေးသည် ရံဖန်ရံခါတွင် ကလေးတစ်ယောက်ကဲ့သို့ပင် ပြုလုပ်တတ်လေပြီး ရံဖန်ရံခါတွင်လည်း လူကြီးတစ်ယောက်ကဲ့သို့ပင် ပြုမူနေတတ်၍ သူ ချွန်းမြောင်အား မည်သို့ကိုင်တွယ်ရမည်ပင် မသိချေ။ ကိုင်တွယ်ရန် မဆိုနှင့် ထိုကလေး၏ အတွေးတို့ကိုပင် နားလည်ရန် မလွယ်ချေ။

ဘယ်လိုလုပ်ပြီးတော့များ လူတစ်ယောက်က ဒီလိုပုံစံတွေ အများကြီး ရှိနေရတာလဲ...

ဟွမ်းဂျွန် သက်ပြင်းသာချကာ ဆက်ပြောလိုက်လေသည်။

"ဟုတ်ပါတယ်...မင်းပြောတာလည်း မှန်ပါတယ်...ဒါက ငါတို့မလုပ်နိုင်လို့ လုပ်နိုင်တဲ့သူတွေ လုပ်ကြရတဲ့ သဘောပါပဲ".

"ဂိုဏ်းချုပ်...မစိုးရိမ်ပါနဲ့...အဲ့လောက်ဝေးတဲ့နေရာကို သွားရလို့ ကျွန်တော်တို့အတွက် ပြဿနာမရှိပါဘူး"

"နန်းတော်ငါးခုဟာ သူတို့ရဲ့ မတူညီတဲ့ ဝိသေသလက္ခဏာတွေကြောင့် နာမည်ကြီးကြပြီး ငါကြားဖူးသလောက်တော့ နန်မန်ရဲ့ လေးသည်တော်တွေက တမူထူးခြားအောင်ကို တော်တာတဲ့...သူတို့ ထိအောင်မပစ်နိုင်တဲ့ ပစ်မှတ်ဆိုတာတောင် မရှိဘူးလို့ ပြောကြတယ်"

"ရပါတယ်...ကျွန်တော်တို့ ရင်ဆိုင်နိုင်ပါတယ်."

ချွန်းမြောင်က ပြုံးပြုံးကြီးပင် ဖြေလေသည်။

"မင်းမှာ စဉ်းစားထားတဲ့နည်းလမ်း ရှိလို့လား"

"ဟီးဟီး...ဂိုဏ်းချုပ် သိနေတာလား."

ချွန်းမြောင်က သူ၏ခါးတွင် ချိတ်ထားသောဓါးကို အသာအယာ ပုတ်ပြလိုက်လေသည်။

ဟုတ်ပေသည်။ သူတို့သိုင်းလောကတွင် ကိစ္စအများစုက ပါးစပ်နှင့်ရှင်းနေသည်ထက် ဓါးနှင့်ရှင်းလိုက်ခြင်းက ပို၍လွယ်ကူလေသည်။ သို့သော်လည်း သူတို့က တာအို လမ်းစဉ်ကို လိုက်နာထားသူတွေဖြစ်၍ အချိန်တိုင်း ဓါးသုံးနေခြင်းကလည်း မသင့်တော်ပေ။

ဟွမ်းဂျွန် ချွန်းမြောင်၏ အဖြေကြောင့် စိတ်ကိုလျော့ကာသာ သက်ပြင်းမောကြီးကို ချလိုက်လေသည်။ တာအိုနည်းလမ်းအတိုင်းသာ လိုက်နာနေမည်ဆိုပါကလည်း ချွန်းမြောင်အား ဒီတသက် ဂိုဏ်းပြင်ပသို့ လွှတ်၍ရမည့်ပုံ မပေါ်ပေ။

ဟွမ်းဂျွန် အဆင်မပြေဖြစ်နေသော မျက်နှာရိပ်မျက်နှာကဲကို နားလည်စွာနှင့် ဘတ်ချုန်းက ရှေ့သို့ထွက်လာကာ ပြောလေ၏။

"ဂိုဏ်းချုပ်...သိပ်ပြီးတော့လည်း မစိုးရိမ်ပါနဲ့"

"အင်း."

ချွန်းမြောင်...မင်းကြည့်စမ်း ..မြင်လား...

ဂိုဏ်းသားကောင်းဆိုတာ ဒါမျိုးကွ...

မင်း သင်ထားဦး..

ခေါင်းခံကာ ဝင်လာသည့် ဘတ်ချုန်းကိုမြင်သည်နှင့် ပူလောင်နေသော စိတ်များက တိမ်စင်လနှယ် အေးမြကြည်လင်သွားလေတော့သည်။ အနည်းငယ်လည်း စိတ်အေးသွားရလေ၏။

"သူတို့ကို ဘယ်လိုပဲသားရဲနန်းတော်လို့ ခေါ်နေပါစေ သူတို့ကလည်း လူတွေပါပဲ...ဒါကြောင့် ကျွန်တော်တို့သူတို့နဲ့ သေချာပေါက် ကောင်းကောင်းမွန်မွန် ဆွေးနွေးပြီး ကိစ္စကို အငြိမ်းချမ်းဆုံးနည်းနဲ့ ပြီးအောင် ဖြေရှင်းခဲ့ပါမယ်...တကယ်လို့ ကျွန်တော်တို့က ကောင်းကောင်းမွန်မွန် တောင်းဆိုတာကို လက်မခံရင်တော့......""

"ကျွန်တော်တို့ခေါင်းတွေကို ဖြတ်ပြီး သူတို့လှံရိုးမှာ အထိုးခံရမှာပေါ့"

"အေးပါ..အေးပါ...မင်းပြောတာကို လက်ခံပါတယ် ..ငါပြောနေတာလေးတော့ ပြီးအောင် ပြောပါရစေဦး ...ခွေးသားလေးရဲ့"

"အကိုကြီးက မဖြစ်နိုင်တာတွေ ပြောနေတာကို...အကုန်လုံးကိုစကားလေးနဲ့သာ ဖြေရှင်းလို့ရနေလို့ကတော့ စစ်ပွဲတွေဆိုတာတောင် ရှိလာမှာ မဟုတ်ဘူး"

"စစ်ပွဲတွေ ဖြစ်ရတယ်ဆိုတာကလည်း မင်းလိုလူတွေကြောင့်ပဲ...လူတွေအားလုံးက မင်းလိုဖြစ်နေသ၍ စစ်ပွဲတွေက အဆုံးသတ်မှာမဟုတ်ဘူး..ပြောစမ်း...ငါပြောတာ မှားသလားဆိုတာ""

"မင်းက ဟွာဆန်းကို ဒုက္ခရောက်အောင် လုပ်ချင်နေတာလား"

"…."

ဟွမ်းဂျွန် စကားများနေကြသော နှစ်ယောက်သားကို ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။

ဘတ်ချုန်းက ကျင့်ဝတ်ကိုညှိကာ စည်းနှင့်ဝါးနှင့် လုပ်ဆောင်တတ်သူဖြစ်ပြီး ချွန်းမြောင်ကမူ ပရမ်းပတာပင်။ သေမြေကြီး ရှင်ရွှေထီး လူစားမျိုးပင်။ ညှိမရသည်က မဆန်းပေ။

ဒီလိုသာ ဆက်သွားနေလို့ကတော့ ဟွာဆန်းက တသက်လုံးငြိမ်းချမ်းနေမှာ မဟုတ်တော့ဘူး...

ဟွမ်းဂျွန် နောင်ရေးကို ကြိုတွေးကာ ရင်လေးမိသွားလေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် တတ်နိုင်သမျှ အကောင်းဆုံးနည်းနဲ့တော့ ကျွန်တော်ဖြေရှင်းခဲ့မယ်လို့ ကတိပေးပါတယ်...ကျွန်တော့်ကို ယုံပါ"

ဟွမ်းဂျွန်က ခေါင်းငြိမ့်ပြလိုက်လေသည်။

"ဘတ်ချုန်း...နားထောင်."

"ဟုတ်ကဲ့...ဂိုဏ်းချုပ်."

"အခုကစပြီး မင်းက ငါ့ကိုယ်စားပြုလူဖြစ်သွားပြီ...နန်မန်မှာ ပြောသမျှစကား လုပ်သမျှအပြုအမူမှာ ငါတို့ဟွာဆန်းကို တိုက်ရိုက်ကိုယ်စားပြုတယ်..."

ဟွမ်းဂျွန်က ဘတ်ချုန်းအား အာဏာအပြည့်ပေးလိုက်လေသည်။

ဟွမ်းဂျွန်၏ စကားအတိမ်အနက်ကို နားလည်လိုက်သော ဘတ်ချုန်းကလည်း ရင်မောသွားလေသည်။

"ဒါကြီးက တာဝန်ကြီးလွန်းပါတယ်...ဂိုဏ်းချုပ်."

"မင်းလုပ်နိုင်ပါတယ်."

"ဒါဆို ကျွန်တော်တို့ သွားပါတော့မယ်."

"မင်းတို့အားလုံး ကံကောင်းကြဖို့ ငါဆုတောင်းပေးလိုက်ပါတယ်"

ဘတ်ချုန်းက ဦးစွာအရိုအသေပေးပြီး ထွက်သွားသည်နှင့် ကျန်တပည့်များကလည်း တစ်ဦးပြီးတစ်ဦး အရိုအသေပေးကာ ခန်းမထဲမှ ထွက်ခွာသွားကြလေတော့သည်။

နန်မန်သို့ ယခုတစ်ခေါက် ခရီးဆက်ကြသူများသည် တစ်ဦးပင် အပြောင်းအလဲမရှိ နန်ယောင်သို့ သွားကြသူများပင်။ ဘတ်ချုန်း၊ ယုရီဆိုး၊ယွန်းဂျွန်၊ဂျိုဂုနှင့် ချွန်းမြောင်ပင်။ လတ်တလောတွင်မူ ဟွာဆန်း၏ ယုံကြည်အားကိုးထိုက်ဆုံး တစ်ပြေးနေသော အဖွဲ့ပင်။

ထွက်သွားကြသော ကလေးများကိုကြည့်ကာ ဟွမ်းဆန်းက စိုးရိမ်တကြီးပြောလာလေသည်။

"ကျွန်တော်တို့ထဲက တစ်ယောက်ယောက်လိုက်သွားပြီး သူတို့ကို ဦးမဆောင်သင့်ဘူးလား"

"ဟင်း..."

ဟွမ်းဂျွန် သက်ပြင်းမောကြီးကိုသာ မှုတ်ထုတ်လိုက်ပြီး ဟွမ်းဆန်း၏အမေးကို မည်သို့ပြန်ဖြေရမည် မသိပေ။

"ပြီးခဲ့တဲ့ခရီးတုန်းက ကျွန်တော်တို့ နန်ယောင်ကို လွှတ်လိုက်တယ်ဆိုပေမယ့် ဒီတစ်ခေါက်က မတူဘူး...အခု သူတို့ကို လွှတ်လိုက်တဲ့နေရာက ကြမ်းတမ်းပြီး အန္တာရာယ်များတယ်...လူကြီးမပါဘဲ သွားဖို့ဆိုတာက မလွယ်ပါဘူး...ကျေးဇူးပြု၍ ကျွန်တော့်ကို လိုက်သွားခွင့်ပြုပါ"

"ဆရာတူ အကိုကြီး ဒီကိစ္စအတွက် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးမနေပါနဲ့"

ဟွမ်းဆန်းက ကြားဝင်ကာပြောလာသည့် ဟွမ်းယုန်ကို ကြည့်လိုက်လေသည်။ ဟွမ်းယုန်၏ အမူအရာက ပကတိတည်ငြိမ်နေလေသည်။

"ကျွန်တော်တို့ လိုက်သွားပြီး သူတို့ကို ဦးဆောင်တော့ရော ဘာများ‌ထူးသွားမှာမို့လဲ"

"မင်း အတော်သွေးအေးတဲ့ ကောင်ပဲ...အနည်းဆုံး‌ေတာ့ သူတို့နဲ့လူကြီးတစ်ယောက် ပါနေတာက ပိုမကောင်းဘူးလား"

ဟွမ်းယုန် ထိုစကားကို နှာခေါင်းရှုံလိုက်လေသည်။

"လူကြီးပါရင် ဟုတ်လား...သူတို့နဲ့ လိုက်သွားပြီး အကိုကြီး ဘာလုပ်နိုင်မှာလဲ...ကျွန်တော်တို့ သူတို့ကို ပေးနိုင်တာဆိုလို့ ပျက်ဆီးနေတဲ့ဟွာဆန်းရယ်၊ ဆွေးမြေ့နေတဲ့ ဆိုင်းဘုတ်တွေရယ်ပဲ ရှိတာကို ...အကိုကြီးက ဘာတွေများ လုပ်ပေးနိုင်မယ် ထင်နေရတာလဲ"

"အဟမ်း."

ထိမိလွန်းသော စကားများကြောင့် ဟွမ်းဆန်း ချောင်းတချက်ဟန့်ပြီး အရှက်ဖြေလိုက်သော်လည်း ဟွမ်းယုန်က ဆက်ကာပြောလေသည်။

"လူကြီးတွေက လူငယ်တွေကိုဆို အမြဲတမ်း မယုံမကြည်ဖြစ်ပြီး ဝင်စွတ်ဖက်ချင်နေကြတာ...အခုလည်း ကလေးတွေကို ကြိုးကိုင်ပြီး ဒုက္ခတောထဲ တွန်းပို့ချင်နေတာလား"

"ဒါဆို မင်းက ကလေးတွေက လုံးဝပြည့်စုံနေပြီလို့ ယုံကြည်နေတာလား"

"ဟင့်အင်း...မယုံကြည်ပါဘူး...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဒါဆို ဘာလို့လဲ"

"ကျွန်တော် သူတို့ကို ယုံကြည်နေလွန်းလို့ မဟုတ်ဘူး...ဒါပေမယ့် အနည်းဆုံးတော့ သူတို့အားလုံးက ကျွန်တော်တို့ထက် ပိုတော်တာကိုတော့ သိတယ်"

ဟွမ်းဆန်း ပါးစပ်ပိတ်သွားပြီ ဖြစ်၏။

တိတ်တဆိတ် နားထောင်နေသော ဟွမ်းဂျွန်ကလည်း ဟွမ်းယုန်၏ စကားကို ခေါင်းငြိမ့်ကာ ထောက်ခံလေသည်။

"ကလေးတွေက ငါတို့မျှော်လင့်ချက်ပဲ....ငါတို့ လိုက်သွားလည်း သူတို့အတွက် ဒုက္ခပိုတာကလွဲရင် ဘာမှထူးမလားဘူး"

"ဟွာဆန်းရဲ့ ဘိုးဘေးတွေက ကလေးတွေကို စောင့်ရှောက်မှာပါ"

သူတို့၏ ဘိုးဘေးတစ်ယောက်က သူတို့အား အမှန်တကယ်ပင် စောင့်ရှောက်ဒုက္ခပေးနေသည်ကိုတော့ သူတို့မသိကြပေ။ ဟွမ်းဂျွန်၏ စကားအဆုံးတွင်မူ သုံးယောက်သားက အတွေးကိုယ်စီနှင့် တိတ်ဆိတ်သွားကြလေသည်။

"ဧည့်သည်ပါဗျို့...ဟွာဆန်းက လူများ...မသိယောင်ဆောင်မနေကြပါနဲ့... ရေလေးတစ်ခွက်လောက် တိုက်ကြပါ"

"ဘာလား...""

တံခါးဝမှ ကျယ်ကျယ်လောင်လောင် ထွက်လာသောအသံကြောင့် ဟွမ်းယုန်တို့ ခေါင်းထောင်သွားလေသည်။

ဧည့်သည်လား...

ဘယ်သူတုန်းဟ...

ငါတို့လည်း ဘယ်သူမှ မဖိတ်ထားပါဘူး..

ဘယ်သူမှလည်း လာမယ်လို့ အကြောင်းမကြားထားပါဘူး...

စာမလာ အကြောင်းမကြားနှင့် ရုတ်တရက်ရောက်ချလာသော ဧည့်သည်ကြောင့် အားလုံး ထူးဆန်းသွားကြပြီး ဟွမ်းယုန်ကိုယ်တိုင်ပင် တံခါးကို သွားဖွင့်လိုက်လေသည်။

သူတောင်းစားလား.....

တံခါး၏အပြင်ဘက်တွင် သူတောင်းစားတစ်ယောက်က မြေပြင်ပေါ်တွင် ထိုင်ကာစောင့်နေလေ၏။

"အိုး...မောလိုက်တာ...တောင်က ဘယ်လိုတောင် မတ်တာတုန်း...တက်လာရင်းနဲ့တောင် အသက်ထွက်ပြီထင်တာ"

"ဒါနဲ့ မင်းက ဘယ်သူလဲ"

"အာ"'

ထိုအခါမှ သူတောင်းစားက ထိုင်နေရာမှထလာပြီး ပြောလာလေ၏။

"ကျွန်တော်က သူတောင်းစားဂိုဏ်းက ဟုန်ဒယ်ဂွမ်ပါ"

ထိုစကားကို ကြားသည်နှင့် ဟွမ်းယုန်က သူတောင်းစားအား ကြည့်ကာ အပြန်ပြန်အလှန်လှန် အကဲခတ်လိုက်လေသည်။

"ကျွန်တော် ရေတစ်ခွက်လောက်ရနိုင်မလားဗျ"

"…"

"အား..ကောင်းလိုက်တာ"

ဟုန်ဒယ်ဂွမ်က ရေအေးတစ်ခွက်ကို သောက်ချပြီးလိုက်သည်နှင့် ပြုံးကာ ပြောလာလေသည်။

"အခုလို ရေတိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်...ကျွန်တော်က ဟုန်ဒယ်ဂွမ်ပါ..လိုယောင်က တာဝန်ရှိသူတစ်ယောက်ပါ"

"ဟုတ်ကဲ့...ကျွန်တော်က ဟွာဆန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဟွမ်းဂျွန်ပါ...."

"ကြိုတင် အကြောင်းမကြားဘဲနဲ့ လာခဲ့တဲ့အတွက် ကျွန်တော့်ကို စိတ်မရှိပါနဲ့"

ဟုန်ဒယ်ဂွမ်က တောင်းပန်စကားဆိုကာ အရိုအသေပေးလိုက်သည်မို့ ဟွမ်းဂျွန်က ဟုန်ဒယ်ဂွမ်၏လက်ကို လှမ်းကြည့်ကာ အံဩသွားလေတော့သည်။

"ဒီလိုတွေလုပ်ဖို့ မလိုပါဘူး..ထပါ"

ဟွမ်းဂျွန်၏ ရှေ့တွင်ရှိနေသော သူတောင်းစား၏လက်တွင် ကြိုးထုံးခုနှစ်ထုံးပါသော ကြိုးတစ်ခုကို ဝတ်ဆင်ထားလေသည် ။ဤသည်က သူသည်လည်း သူတောင်းစားဂိုဏ်းမှ ရာထူးကြီးသူတစ်ယောက်ဆိုသည့် သဘောပင်။

သူတောင်းစားဂိုဏ်းတွင် သူ၏ရာထူးအဆင့်ကို ဖော်ပြသော ထူးဆန်းသည့် ဝတ်စားဆင်ယင်မှု တစ်ခုရှိလေသည်။

ကြိုးထုံး ဆယ်ခုပါသည့်ကြိုးကို တတ်ဆင်ထားလျှင် ခေါင်းဆောင် ဆိုသည့်သဘောပင်။(ဂိုဏ်းချုပ်ကို ပြောချင်တာပါ)

ကိုးထုံးကမူ လက်ထောက်ခေါင်းဆောင်၊ ရှစ်ထုံးကမူ အကြီးအကဲ၊ ခုနှစ်ထုံးကမူ ဌာနခွဲခေါင်းဆောင် ဆိုသည့်သဘောပင်။

ထို့ကြောင့်ပင် ဤလူကလည်း သူတောင်းစားမှ ရာထူးတစ်ခုရှိသူဖြစ်သည်ဆိုတာကို သိခြင်းဖြစ်လေသည်။ ရာထူးတစ်ခုရှိသူက ထိုသို့တရိုတသေ ဦးညွတ်နေခြင်းကို လက်သင့်မခံသင့်ဘူး ထင်၍ တားဆီးလိုက်ခြင်းပင်။

"ဒါနဲ့ ဘာကိစ္စများ ရှိလို့လဲ မသိဘူး"

"‌ဪ...ဒါလား...အထွေအထူးတော့ မဟုတ်ပါဘူး...ကျွန်တော်ကအခု ဟွာကျေးရွာမှာ ကျွန်တော်တို့အသစ်ဖွင့်မယ် သူတောင်းစားဂိုဏ်းအတွက် ဌာနခွဲခေါင်းဆောင်မို့ လာပြီးနှုတ်ဆက်တာပါ"

"ဟွာကျေးရွာမှာလား"

ဟုန်ဒယ်ဂွမ် ပြောလာသော သတင်းစကားကြောင့် ဟွမ်းဂျွန် အမှန်ပင် ထိတ်လန့်သွားလေသည်။

"ဟွာဆန်းရဲ့ နဂါးလေးက တစ်ခါမှ မပြောပြဖူးဘူးလား.."

"အာ...အဲ့ဒီကလေးက နည်းနည်း..""

"အာ...ရတယ်..ရတယ် ကျွန်တော် နားလည်တယ်ရယ်"

ဟုန်ဒယ်ဂွမ်က ချွန်းမြောင်အား ကောင်းစွာနားလည်နေသည့်ပုံနှင့် ပြောလာလေသည်။ ချွန်းမြောင်က မည်မျှ မထင်မှတ်ထားစရာများ လုပ်တတ်သည်ကိုသိ၍ ဂိုဏ်းကို အသိမပေးထားသည်က မဆန်းဟု သူထင်လိုက်လေသည်။

"ကျွန်တော်ကပဲ ပြန်ပြီး မိတ်ဆက်ပြောပြပါ့မယ်...ကျွန်တော် သူတောင်းစားဂိုဏ်းက အခု ဟွာကျေးရွာမှာ ဂိုဏ်းခွဲ လာဖွင့်တာပါ...ကျွန်တော်က တာဝန်ရှိသူဖြစ်တာကြောင့် အခုလို လာပြီးနှုတ်ဆက်တာပါ"

"အင်း...ကြားရတာတော့ သတင်းကောင်းပါပဲ."

ဟွမ်းဂျွန်က ပြုံးပြုံးရွှင်ရွှင်ပင် ကြိုဆိုလေသည်

ဟွာကျေးရွာတွင် ဂိုဏ်းခွဲလာဖွင့်သည်ဆိုသည်က ဟွာဆန်းမှ သတင်းများကို အဆက်မပြတ်နားစွင့်ကာ သတင်းယူတော့မည်ဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်ခြင်း ဖြစ်သော်လည်း ဟွမ်းဂျွန်ကမူ အကောင်းဘက်ကသာ လှည့်တွေးပြီး ဝမ်းသာမိသွားလေသည်။

ထို သူတောင်းစားဂိုဏ်းခွဲ လာဖွင့်ခြင်းကြောင့် သူတို့သည်လည်း အနယ်နယ်အရပ်ရပ်မှ သတင်းစုံကို ကြားသိရကာ မျက်စိပွင့်နားပွင့် ဖြစ်တော့မည် မဟုတ်ပါလား....။သူတို့၏ ဟွာဆန်းက လောကကြီးနှင့် အဆက်အသွယ်ပြတ်နေသည်က ကြာပြီမို့လား...

ထို့အပြင် သူတောင်းစားဂိုဏ်းနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်အခွင့်အရေးလည်း ဖြစ်လာနိုင်သည်မို့ ဟွမ်းဂျွန် ကျေကျေနပ်နပ်ကြီးပင် လက်ခံမိလေသည်။

"ဆိုတော့ ကျွန်တော်တို့ ရှေ့လျောက်ပြီးတော့လည်း မကြာခဏ တွေ့ဖြစ်ကြမယ် ထင်ပါတယ်...အာ...ပြီးတော့ နဂါးလေးရဲ့ တောင်းဆိုချက်အတိုင်း နန်ယောင်က ဟွာယုန်းဂိတ်မှာ သူတောင်းစားတချို့ ထားပေးထားလို့ ဘာသတင်းပဲပို့ချင်ပို့ချင် ပို့ပေးလို့ရပါတယ်"

"အဲ့လိုဆိုရင်တော့ သိပ်ကောင်းပေါ့ဗျာ"

"ဒါပေါ့...ကျွန်တော်တို့ကလည်း ဟွာဆန်းနဲ့ ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်ဖို့ဆို ဘာပဲလုပ်ပေးရ လုပ်ပေးရပါ...ပြီးတော့ လိုချင်တဲ့ သတင်းတွေ ရှိရင်လည်း ပြောလို့ရပါတယ်...ကျွန်တော်တို့ တတ်နိုင်သမျှ စုံစမ်းပေးပါ့မယ်"

"ဒီလိုဆိုရင်တော့ ကျေးဇူးတင်ပါတယ်"

ဟုန်ဒယ်ဂွမ် စကားပြောဆိုနေရင်းမှပင် ဂိုဏ်းချုပ်ကို အကဲခတ်နေလေသည်။

ဂိုဏ်းချုပ်ကလည်း ပုံမှန်ပါပဲ...

ကြည့်ရတာ ဟွာဆန်းမှာ နဂါးလေးတစ်ယောက်ပဲ ပုံမှန် မဟုတ်တာထင်တယ်..

"ရှေ့‌လျောက်အဆင်ပြေပြေ နေသွားကြဖို့ မျှော်လင့်ပါတယ်"

"ကျွန်တော်တို့ရောပါပဲ"

ဟုန်ဒယ်ဂွမ်သည် ‌ရုတ်တရက်ရောက်ချလာခဲ့သော်လည်း နှစ်ဦးနှစ်ဖက်ကမူ အဆင်ပြေနေပြီဟု ပြောရပေမည်။ စကားပြောနေကြရင်းမှ ဟုန်ဒယ်ဂွမ်က သတိရသွားဟန်နှင့် မေးလာလေသည်။

"ဒါနဲ့ ...နဂါးလေးတို့ရော မတွေ့မိပါလား..."

"အာ...ဟုတ်တယ် ..ကလေးတွေ အလုပ်ကိစ္စနဲ့ သွားနေကြလို့ပါ"

"အလုပ်နဲ့ အပြင်သွားကြတာလား...သူတို့ဖြင့် ပြန်ရောက်တာတောင် မကြာသေးဘဲနဲ့ကို"

"ဒါဆို သူတို့က ဘယ်အချိန်လောက် ပြန်ရောက်မလဲဗျ"

"အင်း...ယန်နန်ကလည်း တော်တော်လေး ဝေးတယ်ဆိုတော့..."

"ယန်နန် ...ဟုတ်လား..သူတို့က ယန်နန်ကို သွားတယ်လို့ ပြောချင်တာလား...ဟာ...မဖြစ်ဘူးလေ...လူရှာခိုင်းပြီးမှ ဘာလို့ ဒီဘောက်အဝေးကြီးကို သွားလေတာတုန်း..ငါက အခု ဘယ်လိုလုပ်ရတော့မှာတုန်း"

"......""

"ဘယ်သူက ဒါမျိုးလုပ်လို့လည်း...ငါကတော့ သူက လိုချင်တယ်ဆိုလို့ အဲ့ကောင်ကို ရှာဖမ်းခဲ့ရတာ..သူကကျ ယန်နန်ကို အလုပ်ကိစ္စနဲ့ ထွက်သွားတယ်...ဘယ်အချိန် ပြန်လာမယ်က မသိရသေးဘူး..."

"ဒါနဲ့ သူတို့က ဘယ်အချိန်က ထွက်သွားတာလဲ"

"အခုလေးတင်ပဲ"

"အား...ဟွာဆန်း နဂါးကောင်...သောက်ချေးလိုပဲ"

ဟုန်ဒယ်ဂွမ် ချက်ချင်းပင် ပြေးထွက်သွားလေတော့သည်။

တံခါးပင် ပြန်မပိတ်ထားခဲ့၍ ‌တိုးဝင်နေသော လေများက ဟွမ်းဂျွန်တို့အား တဖြူးဖြူးပင် တိုက်ခတ်နေလေသည်။ ဟွမ်းဂျွန်ကမူ ပွင့်လိုက် ပိတ်လိုက်နဲ့ တဘမ်းဘမ်းရိုက်နေသော တံခါးကို ကြည့်ကာ ထိန်းထားရသော ရယ်သံတိုးတိုးက ထွက်လာလေသည်။

ချွန်းမြောင်ကတော့ ပတ်သက်သမျှလူတိုင်းကို လူစေ့ဒုက္ခပေးနိုင်တယ်ဟေ့....

ထိုအချိန်ကမူ သူ့တွင် ခေါင်းကိုက်စရာ ပြဿနာတစ်ခုတိုးလာပြီဖြစ်သည်ကို ဟွမ်းဂျွန်မသိခဲ့ပေ။

All Chapters