← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

နောက်တနေ့မှာတော့ ၁၆နှစ်အရွယ် ရွှေအမြူတေနှောင်းပိုင်းအဆင့် ကျန်းရင်ရင်အကြောင်းက သွေးမိစ္ဆာပေါ်ထွက်လာသည့် သတင်းနဲ့အတူ ကျင်းခရိုင်တခုလုံးတွင်သာမက အခြားခရိုင်များထိပါ ပျံ့နှံ့သွားတော့သည်။

“ဘာ ကျန်းရင်ရင်က ပထမရသွားတယ်တဲ့လား မဖြစ်နိုင်ဘူး”

ဖန်းဟိုင်ရဲ့ အံ့သြတုန်လှုပ်နေသည့် အသံကျယ်ကြီးက ကျယ်လောင်စွာထွက်ပေါ်လာပြီး မူလက လက်ပါးစေတပည့်ရဲ့ သတင်းပေးမှုကြောင့် အယောက်တစ်ရာစာရင်းထဲ ကျန်းရင်ရင် ဝင်ရောက်သည်ကို သိခဲ့ရကာ ယခုတော့ ကျန်းရင်ရင်၏ ကျော်ကြားမှုကြောင့် တေးသံသာဂိုဏ်း၏ အကြီးအကဲများက သူမအားတပည့်ခေါ်ရန် အပြိုင်အဆိုင် ကြိုးစားကြတော့မည်ဖြစ်သည်။

“ရှို့မေ ရှို့မေ အသုံးကိုမကျဘူး”

ဖန်းဟိုင်တယောက် မကျေမနပ်ဖြစ်နေသော်လည်း ကျန်းရင်ရင်တိုးတက်မှုက ဖန်းအိမ်တော်ကို ထိခိုက်စေနိုင်ကြောင်း သတိပြုမိသွားသည့်အတွက် ချက်ချင်းပဲ ဖန်းစုန့်ထံသတင်းပို့ကာ ညီအစ်ကိုနှစ်ဦးသား ဘိုးဘေးဖြစ်သူ ဖန်းမုကိုသွားရောက်တွေ့ဆုံတော့သည်။

(ဖန်းအိမ်တော်ဘိုးဘေးအမည်ကို ဖန်းမုဟု ပြောင်းလဲထား)

“အဘိုး ဒီကိစ္စထင်သလောက်မရိုးရှင်းဘူး ကျန်းရင်ရင်က မီးအဆိပ်သင့်တာကို ကုပြီး ကျင့်ကြံဆင့်ကလည်း တဟုန်ထိုးတက်လာတယ် နောက်ကွယ်မှာ ကျန်းအိမ်တော်ကို ထောက်ပံ့ပေးတဲ့ အင်အားကြီးအဖွဲ့တခုခုရှိနေမှာ ကြောက်မိတယ်”

ဖန်းစုန့်က တွေးတွေးဆဆ ပြောသည်။ ဖန်းဟိုင်ကလည်း

“ဟုတ်ပါတယ်အဘိုး ကျန်းအိမ်တော်ကအဖိုးကြီး ဒဏ်ရာရနေတာက သက်သာနေလောက်ပြီလို့ ကျတော်ခံစားနေရတယ်”

ဖန်းညီအစ်ကိုရဲ့စကားကြားတော့ ဖန်းမုတယောက် မုတ်ဆိတ်ရှည်အား ပွတ်သပ်ကာ အတွေးနက်သွားတော့သည်။ လက်ရှိသူ့ရဲ့ကျင့်ကြံဆင့်က အခြေတည်ဝိဉာဥ်အဆင့် အစောပိုင်းမှ အလယ်ဆင့်ကိုထိုးဖောက်ရန် နီးကပ်နေခဲ့ပြီး သူကိုယ်တိုင်ကလည်း ကျန်းဝမ်လီတယောက် ဒဏ်ရာမှ သက်သာနေလောက်သည်ဟု တွေးမိ၍ ကျန်းအိမ်တော်ကိစ္စအား အလျင်စလိုမကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

ယခုတော့ အချိန်ဆွဲ၍မရတော့ချေ။ ကျန်းရင်ရင်က တိုးတက်သွားပြီး ကျန်းဝမ်လီသာ အမှန်တကယ်ဒဏ်ရာသက်သာပါက များမကြာမီ၌ ဖန်းအိမ်တော်ကို တိုက်ခိုက်လာမည်မှာ မြေကြီးလက်ခတ်မလွဲချေ။

“ကောင်းပြီ ကျန်းအိမ်တော်ကို ကိုင်တွယ်ဖို့ အဘိုးတို့ ဒီထက်ပိုအချိန်မဆွဲတော့ဘူး အဘိုးရဲ့အသိမိတ်ဆွေအချို့ကို အကူညီတောင်းပြီး ကျန်းအိမ်တော်ကိစ္စ အမြန်လက်စသတ်လိုက်ကြတာပေါ့ ဒီကြားထဲ ကျန်းရင်ရင်ကို မျက်ချေမပြတ်စောင့်ကြည့်ထား အခွင့်ရေးရတာနဲ့ လက်စသတ်လိုက်”

ဖန်းမုက လိုအပ်သည်များ မှာကြာပြီးနောက် နောက်ရက်အနည်းငယ်တွင်း ကျန်းအိမ်တော်အရေး ဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့သည်။

“ကောင်းပါပြီ အဘိုး”

ထိုအချိန် တေးသံသာဂိုဏ်းခန်းမထဲမှာတော့ ကုလင် ကျစ်ယွဲ့ ကျန်းရင်ရင်တို့ရှိနေကြပြီး တေးသံသာဂိုဏ်းက သက်မှတ်ထားသည့် ဆုလာဒ်များအား ချီးမြင့်တော့သည်။

“ကုလင် ကျစ်ယွဲ့ ကျန်းရင်ရင် မင်းတို့သုံးယောက်ထဲက ဘယ်သူတွေ တပည့်ရင်းဖြစ်ဖို့ အကြီးကဲစရွေးမလဲ”

ပထမအကြီးအကဲရဲ့ စကားအဆုံးမှာတော့ တောင်ထွဋ်သခင် အကြီးကဲများက ကျန်းရင်ရင်တို့ကို ကြည့်ရှုနေကြပြီး ကုလင် ဓားတောင်ထွဋ်ကိုရွေးကာ ကျစ်ယွဲ့ကာ ဇာမဏီတောင်ထွဋ်အား ရွေးချယ်၍ ၎င်းတောင်ထွဋ်အသီးသီး၏ တောင်ထွဋ်သခင်တို့ရဲ့ တပည့်ရင်းများအဖြစ် လက်ခံလိုက်ကြတော့သည်။

“ကျန်းရင်ရင် မင်းကကော”

ကျန်းရင်ရင်တယောက် တိတ်ဆိတ်နေသည်။ သူမက တောင်ထွဋ်တခုခုအားဝင်ရန် တုန့်ဆိုင်းနေပြီး လက်ရှိခြေနေနဲ့ပင် ဖန်းအိမ်တော်အား ကိုင်တွယ်ရန် လိုအပ်တာထက်ပိုနေပြီ ဖြစ်ကြောင်း သူမတွေးမိထားသည့်အတွက် တောင်ထွဋ်တခုအားမရွေးချယ်လိုချေ။

လီဖူးယွဲ့က ကျန်းရင်ရင်အားစိုက်ကြည့်ကာ မေးလာသည်။

“ကျန်းရင်ရင် မင်းကို ကြိုးကြာတောင်ထွဋ်သခင်ဖြစ်တဲ့ ငါလီဖူယွဲ့က တပည်ရင်းအဖြစ် လက်ခံပေးမယ် မင်းဘယ်လိုသဘောရလဲ”

တဖက်ရှိ ကုလင်နဲ့ ကျစ်ယွဲ့တို့မှ ကျန်းရင်ရင်အား အားကျနေကြပြီး သူမတို့အနေဖြင့် ကြိုးကြာတောင်ထွဋ်ကိုရွေးခဲ့လျင်တောင် လီဖူယွဲ့လက်မခံမည်ကို ကြိုသိထားခဲ့၍ အခြားတောင်ထွဋ်များကိုသာ ရွေးချယ်ခဲ့ရခြင်းဖြစ်သည်။

“အကြီးကဲ လတ်တလောမှာတော့ မိသားစုကိစ္စအချို့ရှိနေလို့ တပည့်ရင်းကိစ္စကို ယာယီရွေ့ဆိုင်းလိုပါတယ်”

ကျန်းရင်ရင်၏စကားကို ခန်းမထဲရှိမည်သူမဆို မှင်သက်သွားကြပြီး ဂိုဏ်းချုပ်စု၏ တပည့်ရင်း လီဖူယွဲ့ရဲ့ခွန်အားကြောင့် ကြိုးကြာတောင်ထွဋ်ရဲ့ ဂုဏ်သတင်းအား ကျန်းရင်ရင်အနေဖြင့် တိုက်ရိုက် ငြင်းပယ်ရဲသည်တဲ့လား။

လီဖူယွဲ့က မည်သည့်စကားမှထပ်မပြောတော့ပဲ ခေါင်းအသာညိတ်ကာ ကျန်းရင်ရင်၏ သဘောထားကို လက်ခံလိုက်သည်။ ပြီးနောက်

“ကုလင် ကျစ်ယွဲ့ မင်းတို့သွားလို့ရပြီ ကျန်းရင်ရင်ကတော့ နေခဲ့ဦး”

ကုလင်နဲ့ကျစ်ယွဲ့တို့ ထွက်ခွာသွားချိန်မှာတော့ လီဖူယွဲ့က ကျန်းရင်ရင်ကိုကြည့်ကာ မေးလာသည်။

“ကျန်းရင်ရင် မင်းရဲ့နောက်ကြောင်းကို ငါတို့စုံစမ်းပြီးပြီ ပြီးခဲ့တဲ့လအနည်းငယ်က မီးအဆိပ်နဲ့ လုပ်ကြံခံရပြီး အိပ်ရာထဲလဲနေခဲ့ရတယ် မဟုတ်လား”

လီဖူယွဲ့၏ စကားအသွားအလာက ရှင်းလင်းစွာပင် ကျန်းရင်ရင်၏ ကြောက်မက်ဖွယ်ရာ တိုးတက်မှုကို မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

“အကြီးကဲ ကျမ ထုတ်ပြောလို့မရပါဘူး”

ကျန်းရင်ရင်က ယတိပြတ်ငြင်းဆိုလိုက်သည်။ ယန်ချန်ရဲ့ တည်ရှိမှုက လေးနက်လွန်းပြီး သူမအဘိုးကိုယ်တိုင်ပင် ဖုံးကွယ်ထားရန်လိုအပ်ပါက ဖုံးကွယ်ထားရမာ့်အကြောင်း ဂရုတစိုက်မှာကြားထားသည် မဟုတ်လား။

“ကျန်းရင်ရင် ပြိုင်ပွဲမစခင်က ဂိုဏ်းချုပ်စု ပြောခဲ့တာကို မင်းမှတ်မိလား အေး ငါတို့ကျင့်ကြံရေးလောကကြီးကို သားရဲကပ်ဘေးနဲ့ သွေးမိစ္ဆာဂိုဏ်းတို့က အဆက်မပြတ်ခြိမ်းခြောက်နေကြပြီ ဒါကအရေးပေါ်အခြေနေပဲ ငါကအခုမင်းရဲ့လျှို့ဝှက်ချက်ကို ဖိအားပေးနေတာမဟုတ်ဘူး မင်းရဲ့တိုးတက်မှုက လူသားကျင့်ကြံသူတွေကို အထောက်ကူပြုနိုင်အောင် ကြိုးစားစေချင်တာ ငါပြောတာကို မင်းနားလည်လား”

လီဖူယွဲ့က အေးဆေးသက်သာစွာ ပြောလာပြီး ကျန်းရင်ရင်၏ တိုးတက်မှုနောက်၌ ထူးခြားသည့် ကိစ္စရပ်များ ရှိနေသည်ကို သူမသတိပြုမိထားပေသည်။

ပြိုင်ပွဲတုန်းက ငါသတိထားမိလိုက်တဲ့ လူငယ်များလား။ မဖြစ်နိုင်ဘူး သူကသေမျိုးပဲ ကျင့်ကြံသူတောင်မဟုတ်ဘူး ဒါဆို ကျန်းရင်ရင်က သူ့ကိုလေးလေးစားစားဖြစ်နေတာလဲ။

လီဖူယွဲ့ရဲ့အတွေးများ လျင်မြန်စွာလှုပ်ရှားနေပြီး တဖက်တွင်တော့ တည်ငြိမ်တဲ့ဟန်ပန်ကို ထိန်းထားကာ ကျန်းရင်ရင်၏ တုန့်ပြန်မှုအား စောင့်ဆိုင်းနေလေသည်။

“အကြီးကဲ အခုကိစ္စက လေးနက်လွန်းပါတယ် အကြီးကဲကို အကြောင်းစုံရှင်းပြနိုင်ဖို့ ကျမဘိုးဘေးဆီက ခွင့်တောင်းပါရစေ ပြီးရင်တော့ အကြီးကဲသိလိုတာကို ရှင်းပြနိုင်မှာပါ”

ကျန်းရင်ရင်က လတ်တလော၌ ဖန်းအိမ်တော်ကိစ္စကိုသာ ကိုင်တွယ်လိုသည့်အတွက် အခြားအရာများအား ယာယီဖယ်ထားလိုသည်။ ထို့ကြောင့် ယန်ချန့်တည်ရှိမှုအကြောင်း ထုတ်ပြောရန်သင့်မသင့်အား နောင်အခွင့်ရပါက ဘိုးဘေးနဲ့တိုင်ပင်၍ ဆုံးဖြတ်မည်ဖြစ်သည်။

“ကောင်းပြီ ငါမင်းကိုဖိအားမပေးတော့ဘူး”

သိသာစွာပင် လီဖူယွဲ့ကလည်း တထစ်လျှော့ချလိုက်ပြီး အချိန်တိုအတွင်းကျန်းရင်ရင်မှ အကြောင်းစုံရှင်းပြလိမ့်မည်ဟု သူမယုံကြည်လေသည်။ ဒုတိယအကြိမ်သားရဲကပ်ဘေးက ပို၍ ပြင်းထန်လိမ့်မည် မဟုတ်လော။

ထိုစဥ် ကျင်းခရိုင်ထဲမှာတော့ ယန်ချန်က ရှုယင်တို့သားအမိအား ခရိုင်နေရာအနှံ့ခေါ်ဆောင်ကာ စျေးဝယ်ထွက်နေလေသည်။ ယင်ယင်ကလည်း မုန့်မျိုးစုံအား မနားတမ်း ပူဆာနေသည်မှာ ရှုယင်ပင် မတတ်သာလွန်း၍ ဝင်ဟန့်တော့မှသာ မကျေမနပ်ဖြင့် ရပ်တန့်သွားတော့သည်။

“အစ်မရှု မနက်ဖန် ကျတော်တို့ပြန်ကြရမှာ ဒီခရိုင်က ဝေးလွန်းတော့ တော်ရုံရောက်ဖြစ်မှာမဟုတ်ဘူး အစ်မရှုလိုမယ်ထင်တာဝယ်ပါ ငွေအတွက်မစိုးရိမ်နဲ့”

ယန်ချန်က ထိုသို့ပြောလိုက်ပြီးနောက် နေ့တဝက်နီးပါး ရှုယင်တို့နဲ့လည်ပတ်ကာ တည်းခိုရာသို့ ပြန်လာတော့သည်။ ကျန်းထန်ကတော့ ကျန်းအိမ်တော်ဆီ သတင်းပြန်ပို့နေခဲ့ပြီး ဖန်းအိမ်တော်မှ ကျန်းရင်ရင်ကို ဒုက္ခပေးလာနိုင်ကြောင်း သိထားသည့်အတွက် စိုးရိမ်နေသည်။

“အဖေ အဲ့ကိစ္စအတွက်မစိုးရိမ်နဲ့ သူတို့သမီးကို ဒုက္ခပေးလို့မရပါဘူး သမီးစိတ်ထင် ဖန်းမုက အိမ်တော်ကို အင်အားအပြည့်နဲ့ တိုက်ခိုက်လာမှာကိုပဲ”

ကျန်းရင်ရင်၏ စကားကိုကျန်းထန်က သဘောတူသည်။

“သမီးပြောတာမှန်တယ် ဒါပေမယ့် သမီးရဲ့လုံခြုံရေးကိုလည်း ဂရုစိုက်ရမယ် အဖေတို့အတတ်နိုင်ဆုံး အိမ်တော်ကို အမြန်ပြန်ပြီး ဖန်းအိမ်တော်နဲ့ရင်ဆိုင်ဖို့ ပြင်ကြတာပေါ့”

“ကောင်းပါပြီအဖေ”

……………………………………………..

All Chapters