Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

ကျင်းစီရင်စု မုန်တိုင်းမတိုက်ခင် လေပြည်လာသကဲ့သို့ ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်နေသည်။ အများအမြင်၌ တည်ငြိမ်နေသည့် ကျင်းစီရင်စုကြီးက အိမ်တော်နှစ်ခုရဲ့ အတွင်းထဲမှာတော့ ပြင်းထန်တဲ့ မီးတောက်တခု တောက်လောင်နေသည်ကို အပြင်လူများ သတိပြုမိကြလိမ့်မည် မဟုတ်ပေ။

ယန်ချန်က ရက်အနည်းငယ်ကြာပြီးနောက် အဆုံး၌ သူနေထိုင်သည့်ရွာငယ်လေးကို ပြန်ရောက်လာခဲ့ကာ ခြံဝန်းကိုစောင့်ရင်းကျန်ခဲ့သည့် ယန်ပိုင်က တာဝန်များကို ပြီးပြည့်စုံစွာ ထမ်းဆောင်ထားသည့်အတွက် ယန်ချန်တယောက် အကျေနပ်ကြီး ကျေနပ်သွားရသည်။

“မင်းတော်တယ် ကောင်လေး ဒီညမင်းအတွက်အထူး ညစာပြင်ပေးမယ်”

ယန်ပိုင်ရဲ့ခေါင်းအား ညင်သာစွာပွတ်ပေးလိုက်ပြီးနောက် အိမ်ထဲဝင်ကာ ညစာအတွက်ပြင်ဆင်တော့သည်။ ယန်ပိုင်က ရက်အနည်းငယ်အတွင်းမှာပဲ ယန်ချန်ရဲ့ ရင်ဘတ်ထိ မြင့်မားလာပြီး ထိုအရွယ်ပမာဏက ယင်ယင်လေးအတွက် ပို၍ ကျေနပ်စရာဖြစ်နေကာ ရောက်ရောက်ချင်းမှာပင် ယန်ပိုင်ကိုယ့်ပေါ်တက်ကာ မြင်းစီးတော့သည်။

“မြင်းကြီး သွား သွား”

ထိုမြင်ကွင်းအားကြည့်၍ ရှုယင်တယောက် အနည်းငယ်ပြုံးမိသွားသည်။ သမီးဖြစ်သူ ပျော်ရွှင်နေသည်ကို ကြည့်ရသည်မှာ စိတ်ကျေနပ်စရာ ကောင်းပေသည်။ သူမအနေဖြင့် ထိုကဲ့သို့ စိတ်ချမ်းသာစရာ အချိန်တခု မပိုင်ဆိုင်ခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။

မကြာမီ ညစာပြင်ဆင်ပြီးနောက် ယန်ပိုင့်အတွက် အထူးပြင်ဆင်ထားသည့် သားရဲအသားများအား စားသောက်စေကာ ယင်ယင်လေး၏ ရွှင်မြူးဖွယ်ချစ်စရာအသံစာစာလေးများကြောင့် ညစာက လျင်မြန်စွာပြီးစီးသွားတော့သည်။

ယန်ချန်က ညစာစားပြီးနောက် သူနေထိုင်ရာ အိမ်ငယ်လေးဆီသွားကာ ဆေးအချို့ဖော်စပ်တော့သည်။ ထိုဆေးက ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး အရိုးအဆစ်များကိုလည်း သန်မာစေသည်။ ယန်ချန့်ရည်ရွယ်ချက်က ရှုယင်တို့သားအမိအား အချိန်အတော်ကြာ မဖျားမနာစေလိုခြင်းဖြစ်သည်။

အချိန်ကား တဖြေးဖြေးကုန်ဆုံးသွားပြီး ညနက်လာချိန်မှာတော့ ဆေးဖော်စပ်၍ ပြီးသွားချေပြီ။ ထို့နောက် ဖော်စပ်ထားတဲ့ ဆေးရည်များအား ပုလင်းငယ်လေးများထဲထည့်ကာ သိမ်းဆည်းလိုက်သည်။

ကျန်းအိမ်တော်အတွင်းခန်းမထဲမှာတော့ ကျန်းထန် ကျန်းဝမ်လီ ကျန်းရင်ရင်နဲ့ ကျန်းအိမ်တော်၏ ပထမသခင်လေးဖြစ်တဲ့ ကျန်းယန်လည်း ရှိနေလေသည်။

“အဖေ… ဒီရက်ပိုင်း ဖန်းအိမ်တော်က တိတ်ဆိတ်နေတယ် ဒါကို ကျတော်မသင်္ကာဘူး သူတို့တခုခုလုပ်တော့မယ်လို့ ခံစားနေရတယ်”

ကျန်းထန်က ပြောသည်။

ကျန်းယန်ကမူ ညီမငယ်၏ အဆိပ်ရောဂါ ပျောက်ကင်းသွားပြီး ကျင့်ကြံဆင့်တိုးမြင့်လာမှုကို အားရနေကာ နောင်တွင် ကျန်းအိမ်တော်၏ ခေါင်းဆောင်နေရာအား လွှဲပြောင်းပေးရမည်ဟု တွေးသည်။

“သူ တို့ဘာတွေပဲစီစဥ်နေပါစေ စိုးရိမ်စရာမရှိဘူး သူတို့မလုပ်ရှားရင် ငါတို့လုပ်ရှားမယ် လောဆယ် အကြီးကဲတွေကိုခေါ်ပြီး ကျန်းအိမ်ရဲ့စီးပွားရေးလုပ်ငန်းတွေကို ရပ်နားလိုက်”

ကျန်းဝမ်လီက ချက်ချင်းပင် စီစဥ်စရာရှိတာများ စီစဥ်ကာ ကျန်းအိမ်တော်နဲ့ ဖန်းအိမ်တော်ကြား ပြပွဲအား ပလန်ချတော့သည်။

“ရင်အာ အစ်ကို့ကို သခင်လေးယန်နဲ့ မိတ်ဆက်ပေးလို့ရမလား”

ကျန်းယန်က အားတက်သရော အမူအရာဖြင့် မေးလာသည်။

“အစ်ကို သခင်လေးယန်ကိုတွေ့ဖို့က အဘိုးကိုမေးမှရမယ်”

ကျန်းရင်ရင်က သိသာစွာပင် ကျန်းယန်၏ အတွေးကိုသိနေသော်လည်း သူမတို့အနေဖြင့် ယန်ချန့်ဆီမှ တစုံတရာထပ်မံမျှော်လင့်နေသည်က ရှကိစရာကောင်းသည်ဟု ခံစားနေရသည် မဟုတ်လော။

“အင်းပါ ဖန်းအိမ်တော်ကိစ္စ စီစဥ်ပြီးရင်တော့ အဘိုးကို အစ်ကိုမေးကြည့်ပါမယ်”

ကျန်းယန်က အနည်းငယ်စိတ်ပျက်သွားသော်လည်း သူတတ်နိုင်တဲ့အရာ ရှိမနေပေ။ သူ့အနေဖြင့် စောင့်ဆိုင်းရမည်ဖြစ်သည်။

………………………………………………