အခန်း (၁၉၆-၁၉၈)
Vol. 14 Ch. 196-198
အပိုင်း (၁၉၆)
မတရားဘူးထင်ရင် လာရှင်းလိုက်လေ (၁)
“အား”
သွေးရောင်လွှမ်းနေသော မျက်လုံးများနှင့် ဘတ်ချုန်းက ပြေးထွက်သွားသောဂျိုဂုကို လှမ်းဆွဲထားလိုက်လေသည်။
“လွှတ်ပေး ..လွှတ်ပေး ..ကျွန်တော်သူ့ကို သွားသတ်မယ်”
“စိတ်ငြိမ်ငြိမ်ထားစမ်း”
“စိတ်ငြိမ်ရမယ် ဟုတ်လား..နည်းပြ ဘယ်လိုတောင်ပြောနိုင်တာလဲ..ဒီလူတွေက ချွန်းမြောင်ကို ဘယ်လိုလုပ်လိုက်တာလဲ မြင်နေတာကိုတောင် ဒီစကားပြောနိုင်သေးတယ်ပေါ့”
“သူ မသေသေးဘူး ..ကောင်စုတ်လေးရဲ့”
“ဟမ်”
ဘတ်ချုန်းက ဂျိုဂုကို ဆွဲထားစဉ်မှာပင် ချွန်းမြောင်က မြေပြင်ပေါ်တွင် လဲကျနေရာမှ ကုန်းကာထလာလေသည်။
“ဟူး”
ချွန်းမြောင်ထလာသည်ကို မြင်မှသာ ဂျိုဂုက စိတ်လျော့လိုက်သည့်နှယ် မြေပြင်ပေါ်တွင် ပုံကျသွားလေသည်။ ယွန်းဂျွန်ကလည်း လဲမကျသွားစေရန် ဂျိုဂု၏ပုခုံးကို လက်တင်ကာ အားယူမှီထားလေသည်.။ ယွန်းဂျွန်၏ မျက်နှာက ဖြူဖျော့နေပြီး မကြာခင်မှာပင် သတိလစ်မေ့မြောသွားတော့မည့်အလားပင်။ ဘတ်ချုန်းသည်ပင် ထိတ်ထိတ်ပြာပြာ ဖြစ်သွားလေပြီး မူမပျက်သူကမူ ယုရီဆိုးတစ်ယောက်သာ ရှိလေသည်။ သို့သော် သူမက သူမ၏ဆောင်ဓါးကို ဆွဲထုတ်ပြီးနေပြီ ဖြစ်၏။
ဟင်..
ဆရာတူညီမလေးယု..က ဘာတုန်း..
အမကြီးက ဓါးကြီးထုတ်ပြီး ဘာလုပ်တော့မလို့တုန်း…
ယွန်းဂျွန်က ယုရီဆိုးကို ကြည့်နေရာမှ မြေပြင်ပေါ်မှ ကုန်းရုန်းထလာသော ချွန်းမြောင်ကို ပြန်ကြည့်လိုက်လေသည်။ ချွန်းမြောင်က ထလာသည်နှင့် ပါးစပ်မှ သွေးအပြည့်ကို ထွေးထုတ်လိုက်လေသည်။
“ထွီ”
ပါးစပ်ထဲတွင် ရှိနေသောသွေးများကို ထွေးထုတ်ပြီးသောအခါတွင်မူ လည်ချောင်းထဲမှ ထပ်ကာဆန်တက်လာသော သွေးများကိုမူ ပြန်လည်မြိုချလိုက်လေသည်။
“ကံကောင်းလို့…ကျွန်တော် သေတော့မလို့”
ဓါး သူ့ဆီသို့ပြေးဝင်လာသောအချိန်တွင် ချွန်းမြောင် သူ၏ခံတွင်းထဲသို့ ချီစွမ်းအင်များ လွဲပြောင်းကာ မှုတ်ထုတ်ခြင်းမရှိခဲ့ပါက သေချာပေါက်ပင် ဓါးမြောင်က သူ၏မျက်နှာကို နှစ်ခြမ်းခွဲသွားမည်ဖြစ်လေသည်။ ယခု အလျင်အမြန်ကာကွယ်လိုက်သည်ကိုပင် ဓါးကမေးကိုထိကာ မေးကွဲသွားပြီး သွေးများက ဒလဟောထွက်နေလေသည် ဖြစ်၏။
“ခင်ဗျားနောက်ဆုံးပစ်လိုက်တဲ့ ဓါးမြောင်ရဲ့နောက်မှာ နောက်ထပ်ဓါးတစ်ချောင်းပါနေတာကို ကျွန်တော် မသိလိုက်ဘူး…”
ဟုတ်ပေသည်။ ထန်ဂန်းက သူ၏ဓါးမြောင်နောက်ဆုံးအချက်နောက်တွင် ပစ်လိုက်သောဓါးမြောင်ကို ချွန်းမြောင် သတိမထားမိစေရန်အတွက် မည်သို့သောချီစွမ်းအင်မှ ပံ့ပိုးထည့်သွင်းထားခြင်း မရှိပေ။
“အင်း…တော်တယ်”
ထန်ဂန်းက ချွန်းမြောင်၏အရည်အချင်းကို လက်ခံလိုက်သည့်ပုံနှင့်ခေါင်းငြိမ့်ကာ ပြောလာလေသည်။
“ဒါက ရှစ်ချက်မြောက်ပဲ”
ထန်ဂန်း၏အပြောကို ချွန်းမြောင်က သွေးများကို ထွေးထုတ်ရင်း ခေါင်းငြိမ့်ပြလိုက်လေသည်။ ဒဏ်ရာမှ သွေးများက တရစပ်ထွက်နေသော်လည်း ချွန်းမြောင်ကမူ အေးအေးဆေးဆေးပင်။
“နောက်ထပ်နှစ်ချက်”
“အင်း”
ထန်ဂန် ချွန်းမြောင်၏ စိတ်အားထက်သန်မှုနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုကို လေးစားမိသွားလေသည်။ သေဘေးနှင့် ရုတ်တရက်ဆိုသလို တွေ့ဆုံလိုက်ရသော်လည်း မတုန်လှုပ်သွားသည့်ပုံပင်။ သူ့စကားသူတည်နိုင်ရန် ကြိုးစားနေဆဲပင်။
“ဒါက လုံလောက်တယ်ဆိုတာထက်တောင် ပိုနေပါပြီ”
ထန်ဂန်းက ရုတ်တရက်ကြီး ထိုသို့ပြောလာသောကြောင့် ချွန်းမြောင် မျက်မှောင်ကြုတ်သွားလေသည်။ ဤသည်က ကောင်းသောလက္ခဏာဟု မခံစားရပေ။ ယခုတွင်မူ ထန်ဂန်း၏လက်ထဲတွင် ဓါးမြောင်တစ်ချောင်းသာ ရှိနေလေသည်.
“ဒီဓါးချက်ကိုမှ မင်းကိုင်တွယ်နိုင်သေးတယ်ဆိုရင် မင်းနိုင်ပြီ”
ထန်ဂန်းက စကားဆုံးသည်နှင့် လက်သီးကိုဆုပ်ကာ ချီစွမ်းအင်များကို စုစည်းလိုက်လေသည်။ အဝေးမှနေပင် ခံစားမိနေသည့် ချီစွမ်းအင်များက ကြောက်မခန်းလိလိပင်။ အသက်နှင့် ခန္ဓာကို တစ်စစီ ဖြိုခွဲရန် ရည်ရွယ်ထားသည့်အလားပင်။ ပြင်းထန်လှသော ချီများကြောင့် ဓါးထိပ်က ချီများက လျံထွက်နေပြီး ဓါးကလည်း ယမ်းခါနေလေသည်။ ယမ်းခါနေသည်က စွမ်းအင်မတည်ငြိမ်ခြင်းကြောင့်မဟုတ်ဘဲ စွမ်းအားများပြားနေသောကြောင့် ဖြစ်လေသည်။
နှစ်ချက်ပဲ…
နှစ်ချက်ပြီးရင် ငါနိုင်ပြီ..
ဒီဓါးချက်ကို တောင့်ခံနိုင်ရင် ရပြီ…
တိုက်ပွဲအဆုံးသတ်ရန်က နီးကပ်လာပြီမို့ ထန်ဂန်းကလည်း အကောင်းဆုံးကြိုးစားမည်ဆိုသည်ကို ချွန်းမြောင် ကောင်းကောင်းကြီး သိလေသည်။
“ရော့ကွာ..”
ထန်ဂန်းက ရုတ်တရက်ဆိုသလိုပင် ဓါးကိုပစ်လွှတ်လိုက်လေသည်။ ထန်ဂန်းက ချီစွမ်းအင်များကို အများအပြား ထည့်သွင်းထား၍ ဓါးက ပြင်းထန်သော အရှိန်အဟုန်နှင့်လာမည်ဟု ထင်ထားသော်လည်း ဓါးမြောင်က အနည်းငယ်နှေးနှေးကွေးကွေးပင် လာနေလေသည်။
အမှောင်ဖြိုခွင်းဓါးချက်…
ဤဓါးချက်ကလည်း မနေ့ညက ထန်ဇန်သုံးသွားသည့်ဓါးချက်များထဲတွင် အပါအဝင်ဖြစ်လေသည်။ သို့သော်လည်း ထန်ဂန်း၏ ဓါးချက်နှင့် ထန်ဇန်၏ဓါးချက်က နှိုင်းယှဉ်ပြရန်ပင် မလိုပေ အကွာကြီးပင်။
ချွန်းမြောင်က ဓါးကို သေချာပင်ကြည့်လိုက်လေသည်။ဓါးချက်က ဖြည်းဖြည်းပင် လာနေသော်လည်း နောက်ဆုံးတွင်မူ လေလိုအရှိန်တင်ပြီး ဓါးပေါင်းများစွာခွဲထွက်လာသည့်နှယ် ဖြစ်သွားမည်ကို ချွန်းမြောင် သိလေသည်။ ယခုပင် ဓါးမြောင်သွားရာ လမ်းကြောင်းတစ်လျောက်တွင် ဖုန်များက တသောသောထကာ အင်အားပြင်းသော လေလုံးကြီးကပါ လိုက်လာလေသည်။
ထန်ဇန်၏ ထိုဓါးချက်က သတိထားဖွယ်မဖြစ်ခဲ့သော်လည်း ထန်ဂန်၏ဤဓါးချက်ကမူ သတိကြီးကြီး ထားကာ ကိုင်တွယ်ရမည်ပင်။ ချွန်းမြောင် မည်သို့ရင်ဆိုင်ရမည်ကို အတွေးများသွားလေသည်။
ချွန်းမြောင် ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ပြီး ဓါးကို အသင့်ပြင်ထားလိုက်လေသည်။
ထန်ဂန်း၏ဓါးက စတင်ကာလျင်မြန်သောအရှိန်နှင့်ပြေးဝင်လာပြီ ဖြစ်လေသည်။
ဓါး၏အရှိန်က အလွန်ပင် ပြင်းထန်လှလေသည်။
ချွန်းမြောင် ထိုဓါးမှ ထွက်လာသော ချီစွမ်းအင်များကို ခံစားမိနေလေသည်။ ချီထုထည်ကကြီးမားလှပြီး ချွန်းမြောင်ကိုင်တွယ်နိုင်မည်ဟု မထင်ပေ။ သို့သော်လည်း သူရှောင်ပြေး၍ မရပေ။ ရှောင်ပြေးလျှင်လည်း လွတ်နိုင်မည် မဟုတ်ပေ။
ချွန်းမြောင် သက်ပြင်းကိုချကာ စိတ်ကိုပြင်ဆင်လိုက်ပြီး ဓါးကို အသင့်ပြင်ထားလိုက်လေသည်။ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ကာ ဤအခြေအနေကို သူကျော်လွှားရမည်ဖြစ်လေသည်။
ယုံကြည်ရမယ်…
ငါ့ကိုယ်ငါ..
ငါ့ ဓါးကိုငါ..
ငါ့ ဓါးသိုင်းပညာကို ငါ… ယုံကြည်ရမယ်…
ငါ့ရဲ့ ဓါးသိုင်းပညာက အားလုံးကိုသိတယ်..
အားလုံးကို ခံစားနိုင်တယ်..
ငါက ဟွာဆန်းဖြစ်သလို ဟွာဆန်းကလည်း ငါပဲ..
ငါ ဒါကို ရင်ဆိုင်နိုင်တယ်..
ငါ့ရဲ့ သိုင်းပညာကို ငါယုံတယ်…
ချွန်းမြောင်၏ ဓါးသွားက ဖြေးညှင်းစွာ လှုပ်ရှားလာလေသည်။ အမှန်မှကို ဖြေးညှင်းစွာပင်..
ဖြေးညှင်းစွာ လှုပ်ရှားလာသော ဓါးထိပ်တွင် ဇီးပန်းပွင့်တစ်ပွင့်က စတင်ကာ ပွင့်လန်းလာလေသည်။ သေးငယ်လှသော ဇီးပန်းပွင့်လေးပင်။ဇီးပန်းနံ့သင်းသင်းလေးက လေထုထဲတွင် ပျံ့လွှင့်လာလေပြီး ဓါးတစ်ဝိုက်တွင် ဇီးပန်းများက တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာလေသည်။
နှစ်ဆယ့်လေးချက် ဇီးပန်းပွင့်ဓါးသိုင်းပညာသည် ဟွာဆန်းရှိ သိုင်းပညာများထဲတွင် ခုခံနိုင်စွမ်းအား အမြင့်ဆုံးရှိသော သိုင်းပညာဖြစ်လေပြီး ချွန်းမြောင် ယခုဘဝသို့ ပြန်လည်မွေးဖွားချိန်မှစ၍ ထုတ်ကာ မသုံးသေးပေ။ ယခင်ဘဝကမူ ဖန်တရာတေအသုံးပြုခဲ့သော သိုင်းပညာြဖစ်လေသည်။
ဇီးပန်းပွင့်များက တစ်ပွင့်ပြီးတစ်ပွင့် ထပ်ကာထပ်ကာ ဆင့်ကာဆင့်ကာ ပွင့်လာကြပြီး ပန်းပွင့်တံတိုင်းကြီး ဖြစ်လာလေသည်။ အံချီးဖွယ်ရာ ပန်းပွင့်တံတိုင်းကြီးပင် ။ ချွန်းမြောင်က သူ၏ချီစွမ်းအင်များကို ထုတ်ကာသုံးလိုက်ပြီး ဓါးမြောင်လာရာလမ်းကြောင်းတစ်လျှောက်ကို ပန်းများအပြည့်ပင် ဖန်တီးလိုက်လေသည်။
အမှောင်ဖြိုခွင်းဓါးချက်သည် မူလကမူ ပန်းပွင့်တံတိုင်းကြီးကို ဖောက်ထွင်းကာ လာနေသော်လည်း အချိန်ကြာလာသည့်အခါတွင်မူ မဖောက်ထွင်းနိုင်တော့ပေ။ အရှိန်နည်းကာ ရပ်တန့်ပြီး မြေပေါ်သို့ ကျလုနီးပါး ဖြစ်လာလေသည်?
“ယား…”
ချွန်းမြောင်က ညာသံပေးကာ အော်ဟစ်အားယူလိုက်ပြီး ဓါးကို အကြိမ်များစွာ လွဲလိုက်လေသည်။ အရာရာက ဖြစ်ပြီးရင် ပျက်သွားသကဲ့သို့ ၊ ပျက်ပြီးနောက်တွင် အသစ်ပြန်လည်ဖြစ်ပေါ်သကဲ့သို့ အားလုံးက အချိန်နှင့်အမျှ ပြောင်းလဲနေသည်က သဘာဝပင်။ တာအိုသည် ဘဝထဲမှ တရားအနှစ်သာရပင်။ ချွန်းမြောင် စိတ်ထဲတွင် သိုင်းပညာ၏ အနှစ်သာရတို့ကပါ ဝဲပျံလွှင့်ပါနေပြီး အရာအားလုံးက အသစ်အသစ် ပြန်လည်ဖြစ်ပေါ်နေကာ သူဖန်တီးထားသော ပန်းပွင့် အကာအကွယ်စက်ဝန်းကြီးကို မထိုးဖောက်နိုင်ကြတော့ပေ။
အမှောင်ဖြိုခွင်းဓါးက တခိုက်ခိုက် တုန်လှုပ်နေပြီး ရှေ့သို့ဆက်ကာ မတိုးနိုင်တော့ပေ။ ပန်းပွင့်စက်ဝန်းနားတွင်သာ ရပ်တန့်နေလေတော့သည်။ ထပ်တိုးအင်အားသာ မရရှိပါက ထိုနေရာတွင်မူ ချီစွမ်းအင်လက်ကျန်ကုန်သည်နှင့် ပြုတ်ကျသွားမည် ဖြစ်လေသည်။
ချွန်းမြောင် အရေးနိမ့်ကာ ပြုတ်ကျလုနီးပါးဖြစ်နေသည့် ဓါးမြောင်ကိုကြည့်ကာ အားတက်သွားလေပြီး အကာအကွယ်စက်ဝန်းကို ပို၍အားကောင်းလာစေရန် ဒန်တျန်ထဲမှ ချီစွမ်းအင်များကို ထပ်မံကာ ထုတ်လိုက်လေတော့သည်။
ထိုအချိန်မှာပင် ထန်ဂန်းကလည်း ဓါးမြောင်တစ်ချောင်းကို ထပ်မံကာ ထုတ်လွှတ်လိုက်လေသည်။ ချွန်းမြောင် ထိုဓါးမြောင်ကို အာရုံခံကာ ကြည့်လိုက်သောအခါ ထိုဓါးမြောင်က သူ့ဆီသို့ ဦးတည်ကာ လာနေခြင်းမဟုတ်ပေ။
ထိုဓါးမြောင်က အမှောင်ဖြိုခွင်းဓါးချက်ကို တွန်းတင်အားပေးရန် ပစ်လွတ်လိုက်ခြင်းပင်။
ချွမ်း…
နားစည်များပင် ကွဲလုနီးနီး အသံကျယ်ကြီး ထွက်လာပြီးနောက်တွင်မူ အမှောင်ဖြိုခွင်းဓါးချက်၏ အင်အားက ဆတိုးတက်သွားပြီး ဇီးပန်းပွင့်များကို ထိုးဖောက်ဖြတ်သန်းကာ ဝင်လာလေတော့သည်။ အင်အားကြီးသော ချီကို ခံစားနေရပြီး ထိုဓါးချက်ထိလိုက်လျှင် စိတ်ဝိဉာဉ်ရော လူခန္ဓာပါ အပိုင်းပိုင်း စုတ်ပြတ်သွားမည်က အသေအချာပင်။
ချွန်းမြောင် အံကိုကြိတ်ကာ အသင့်ပြင်လိုက်လေသည်။
“ဆယ်ချက်မြောက်”
“ဒါက နောက်ဆုံးဓါးချက်ပဲ…အား”
ချွန်းမြောင်က အံကိုကြိတ်ကာ ဓါးချက်ဆီသို့ ပြေးဝင်လာလေတော့သည်။ သူ၏ဓါးတွင် ထွက်နေသော ချီစွမ်းအင်များကလည်း ပြင်းထန်လွန်းနေပြီး လက်သီးများပင့် တောင့်လာသည့်အလားပင်။ လူတိုင်းကလည်း ဓါးမြောင်ဆီသို့ ပြေးဝင်သွားသော ချွန်းမြောင်ကြောင့် ကြောက်လန့်တကြား အော်ဟစ်လာကြလေတော့သည်။
“အား”
“ချွန်းမြောင်”
“အား”
ဘတ်ချုန်း တစ်ယောက်သာလျှင် ကြောက်လန့်တကြားအော်ဟစ်နေခြင်း မရှိဘဲ လက်သီးကို ကျစ်ကျစ်ဆုပ်ကာ ကြည့်နေလေသည်။
လုပ်လိုက်စမ်း…
ချွန်းမြောင် ဟွာဆန်းရဲ့ ဓါးသိုင်းပညာ အစစ်မှန်က ဘယ်လိုဆိုတာ ပြလိုက်စမ်း…
ချွန်းမြောင်က ဖုန်တသောသောထကာ မြေကြီးနဂါးကြီးတစ်ကောင်ကဲ့သို့ သူ့ထံပြေးဝင်လာသော ဓါးမြောင်ကိုကြည့်ကာ ပြေးနေရင်းမှပင် အင်အားများကို လက်ကျန်မချန် အကုန်ထုတ်လိုက်လေသည်။
“အား…”
ညာသံပေး အော်ဟစ်ကာ အားထုတ်လိုက်ပြီး ချွန်းမြောင်က မြေကြီးကို ကျွံဝင်သွားအောင် ခုန်လိုက်ကာ ပြန်ခုန်သောအရှိန်နှင့် ကန်ထွက်လာလေသည်။
ဇီးပန်းပွင့် ဖျက်ဆီးခြင်း…
ထန်ဂန်း၏ ဓါးမြောင်ကလည်း နဖူးတည့်တည့်ပင် ပြေးဝင်လာလေပြီး ဇီးပန်းပွင့် ဖျက်ဆီးခြင်း သိုင်းကွက်ကြောင့် ချွန်းမြောင်က သွေးအန်နေလေပြီ ဖြစ်သည်။ သို့သော် ဤသည်က နောက်ဆုံးဓါးချက်ပေမို့ ချွန်းမြောင် အားတင်းကာ ထလိုက်ပြီး သူ၏ခန္ဓာကိုယ်ကလည်း အထိန်းအကွပ် မရှိတော့ပေ၊။
ဒါကြီးက မပြီးသေးဘူး..
ဒါကို အပြီးသတ်ရမယ်,..
ချွန်းမြောင် ပြေးနေရင်းမှ အားယူကာ ခုန်လိုက်ပြီး လေထဲတွင် တပတ်လှည့်ကာ ခုန်လိုက်လေသည်။အမှောင်ဖြိုခွင်းဓါး၏ ရောင်ပြန်ဖြစ်သော အသက်ခြေမွဓါးချက်က ချွန်းမြောင် ခုန်တက်သွားသည့် လမ်းကြောင်းအတိုင်းပင် အလိုက်သင့်လိုက်လာလေသည်။ ဤဓါးချက်သည် ထန်မိသားစု ဂုဏ်ယူရသော ဓါးချက်အတွဲစဉ်များထဲမှ တစ်ခုဖြစ်လေပြီး ဤဓါးချက်တွင် အသက်မပေးရသူဟူသည်က မရှိသေးပေ။
“လာစမ်းပါ”
ချွန်းမြောင်က ဓါးကို ထုတ်ကာ သူ့ထံသို့ ဝင်လာသော ဓါးကို စေ့စေ့ကြည့်နေလိုက်ပြီး ဓါး၏ အင်အားလားရာကို ကြည့်လိုက်လေသည်။ ဓါးသည် အလိုအလျောက် ချွန်းမြောင်ဆီသို့ ပြေးဝင်လာနေသည် မဟုတ်ဘဲ ချီနှင့် ထိန်းချုပ်ထားသည့် ထန်ဂန်း၏အလိုအတိုင်း သွားလာနေခြင်းပင်. ။ ထန်ဂန်းကို ရပ်တန့်လိုက်မှသာ ဤဓါးမြောင်ကလည်း ရပ်တန့်သွားမည် ဖြစ်လေသည်။
“ဒါပဲလေ”
ချွန်းမြောင် ချက်ကောင်းကို ရှာတွေ့သွားသည်နှင့် ကိုယ်တွင်းရှိ ချီစွမ်းအင်တို့ကို ပြန်လည်စုစည်းကာ ဓါးကို လွဲချလိုက်လေသည်။ ဓါးမြောင်ချက် လားရာကို ပန်းပွင့်တို့နှင့် ပိတ်ဆို့လိုက်ပြီး ချွန်းမြောင် အားကုန်စုစည်းကာ ခုန်တက်လိုက်လေသည်။ သူ၏ဓါးလားရာက ထန်ဂန်း၏ ပုခုံးဖြစ်လေပြီး ဤဓါးချက်ပြီးသည်နှင့် တိုက်ပွဲက အဆုံးသတ်ပြီ ဖြစ်လေသည်။
“ကျား….”
ချွန်းမြောင်၏ အားယူကာ လွဲခုန် ခုတ်လိုက်သံအဆုံးတွင် ထက်မြလှသော ဓါးတစ်ချောင်းက လျှပ်တပြက်ထွက်ပေါ်လာလေသည်။ ထိုဓါးမြောင်ကြောင့် အံဩသွားသူက နှစ်ဦးရှိလေသည်။ တစ်ဦးက နာကြင်သွားရပြီး တစ်ဦးကမူ တုန်လှုပ်သွားရလေသည်။ ချွန်းမြောင်နှင့် ထန်ဂန်းတို့ပင်။ ဆယ်ချက်မြောက် ဓါးချက်နောက်တွင် ထပ်ကာထွက်ပေါ်လာသော ဓါးချက်ကြောင့် ချွန်းမြောင်က ဒွိဟဖြစ်စွာ ထန်ဂန်းကို လှမ်းကြည့်လိုက်ရင်း မြေပေါ်သို့ အရုပ်ကြိုးပြတ် ကျလာလေသည်။
“ခင်ဗျား…အင်း…ပြောတော့ ဆယ်ချက်ပဲဆို”
“…”
“ခင်ဗျား…”
ချွန်းမြောင် မြေပြင်ပေါ်တွင် ပုံကျသွားပြီး အားတင်းကာ ထန်ဂန်းကို ပြောသွားလေသည်။
“ကောက်ကျစ်တဲ့ လူလိမ်”
မြေပြင်ပေါ်သို့ လုံးလုံးလျားလျားကျကာ ချွန်းမြောင်က မေ့မြောသွားပြီဖြစ်လေသည်။ မေ့မြောနေသော ချွန်းမြောင်၏ ဝမ်းဗိုက်တွင် ထန်မိသားစု အမှတ်အသားပါ ဓါးမြောင်တစ်ချောင်းက တန်းလန်းစိုက်ဝင်နေလေသည်။
“ဒါက…”
ထန်ဂန်း၏ မျက်နှာက ဒေါသကြောင့် နီရဲလာကာ နတ်ဆိုးတစ်ကောင်လို ဖြစ်လာလေပြီး ဓါးပိုင်ရှင်ကို ရှာရန်အလိုငှာ နောက်သို့ လှည့်ကြည့်လာလေသည်။ ထန်ပယ်က ဓါးပေါက်ထားသည့် လက်ကိုပြန်မသိမ်းရသေးပေ။
“မင်း…ချီးလို အမှိုက်သရိုက်ကောင်”
ထန်ဂန်၏ ဒေါသတကြီးအပြောကြောင့် ထန်ပယ်တုန်လှုပ်လာလေသည်။
“ခေါင်းဆောင်ကြီး..ကျွန်တော်..တော်..က”
“ခွေးမသား…ဒီတိုက်ပွဲကို ဘယ်လိုမှတ်လို့ မင်းက ဝင်နှောင့်ယှက်ရဲရတာလဲ…ငါတို့ရဲ့ ကြီးမြတ်လှတဲ့ လက်ရည်ယှဉ်ပွဲကို မင်းက ဘာကြောင့်များ ဝင်ပြီး နှောင့်ယှက်ရဲရတာလဲ”
“ကျွန်…ကျွန်တော်က..သခင်ကြီးအတွက် စိုး..”
“မင်း သောက်ပေါက်ကို ပိတ်ထားစမ်း”
ထန်ဂန်း၏ ဒေါသမီးတို့က ဟုန်းဟုန်းတောက်နေလေပြီး ချီစွမ်းအင်များက ထန်ပယ်ကို တရစပ်ဖိနှိပ်လာသည်မို့ ထန်ပယ် ချောင်းတဟွတ်ဟွတ်ဆိုးကာ သွေးအန်လာလေသည်။ သားဖြစ်သူက ထိုသို့ဖြစ်နေသည့်တိုင် ထန်ဂန်း၏ ဒေါသတို့က အရှိန်မသေနိုင်သေးပေ.
ဤသို့သော အဖြစ်က မည်မျှပင် ရှက်စရာကောင်းလိုက်သနည်း။ လူအများ၏အမြင်တွင် ထန်မိသားစုသည် ကလေးတစ်ယောက်ကို ရှုံးနိမ့်ရုံသာမက သားအဖပေါင်းကာပင် ကောက်ကျစ်ညစ်ပတ်သေးသည်ဟု အထင်ရောက်ခံရပေလိမ့်မည်။ ထို့အပြင် ဤသတင်းသာ ပြန့်သွားပါက တသက်တာလုံးတည်ဆောက်လာသည့် ထန်မိသားစု၏ ဂုဏ်သိက္ခာမှာ ရေစုန်မျှောတော့မည် ဖြစ်လေသည်။ ရှက်ဖွယ်ကောင်းလှပေသည်။
“ချွန်းမြောင်’
“အား”
“မင်းတို့ ခွေးကောင်တွေ”
ဟွာဆန်းမှ ဂိုဏ်းသားများက ချွန်းမြောင်ထံသို့ အပြေးအလွှားပင် ပြေးဝင်လာကြပြီး ချွန်းမြောင်ကို သူတို့အနားသို့ ဆွဲထားလိုက်ကြလေသည်။
ထန်ဂန်းကမူ သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး သူတို့အား ဒေါသတကြီးကြည့်နေသော ဟွာဆန်းဂိုဏ်းသားများကို တောင်းပန်တိုးလျှိုးသော မျက်လုံးများနှင့်ကြည့်လာလေသည်။
“နှစ်ဘီ”
( ဒီ နှစ်ဘီဆိုတာက ကုတ်နာမည်လိုမျိုး ဖြစ်ပြီး လျှို့ဝှက်သက်တော်စောင့်တွေကို ခေါ်တဲ့နံပါတ်စဉ်တွေပါတယ်ခင်ဗျ)
ထန်ဂန်း၏ အော်သံအဆုံးတွင် အမည်းရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်က ရောက်လာလေသည်။
“ဟုတ်ကဲ့ပါ..ခေါင်းဆောင်ကြီး”
“ဟွာဆန်းရဲ့ နတ်ဘုရားနဂါးကို ဆေးကုသဆောင်ကို သယ်ခဲ့…ပြီးတော့ ဘယ်လောက်ကုန်ကုန် ပျောက်အောင်ကုသရမယ်လို့ ပြောလိုက်”
“ဟုတ်ကဲ့”
“တကယ်လို့ ဟွာဆန်းရဲ့ နတ်ဘုရားနဂါးသေသွားခဲ့ရင် အဲ့ကုသဆောင်မှာရှိတဲ့ သမားတော်တွေလည်း အကုန်လုံး…”
ထန်ဂန်းက ခဏမျှရပ်လိုက်ပြီးမှ ဆက်ကာပြောလာလေသည်။
“သူတို့လက်နဲ့ ကိုယ်တိုင်သေရမယ်လို့ ပြောလိုက်”
“…”
ထန်ဂန်း၏ အေးစက်ခြောက်ကပ်သောစကားသံကြောင့် နှစ်ဘီ ချွေးစေးများပင် ထွက်လာသကဲ့သို့ ခံစားလိုက်ရလေသည်။
“သူ့ကို သေချာပေါက်ကို ရအောင်ကယ်ရမယ်”
“သူ အသက်ရှင်မှ ရမယ်”
ထန်ဂန်း၏ အမိန့်ဆုံးသည်နှင့် နှစ်ဘီက ချွန်းမြောင်ကို သယ်ရန် အနားသို့ ကပ်ကာသွားလေသည်။ သို့သော်လည်း ဟွာဆန်းမှ ဂိုဏ်းသားများက အကပ်မခံပေ။
“မင်းတို့ ရှေ့တိုးမလာခဲ့ကြနဲ့”
“စိတ်ကိုလျော့ပါ…တရားမျှတမှုဓါးသမား”
“ခင်ဗျားတို့က ဒီလိုကလိမ်ကကျစ်နဲ့ လုပ်ပြီးတာကိုတောင် ကျွန်တော်တို့ကို လာပြီး စိတ်လျော့ခိုင်းနေတာလား”
ထန်ဂန်း သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
“ထန်မိသားစုမှာ ရှိတဲ့သမားတော်တွေက ပြိုင်ဘက်ကင်းတွေပါ..စီချွမ်တစ်ခွင်မှာ ဟွာဆန်းရဲ့နတ်ဘုရားနဂါးကို ကုသဖို့အကောင်းဆုံးနေရာက ထန် မိသားစုရဲ့ ဆေးကုသဆောင်ပါပဲ”
“ကျွန်တော်တို့ အခု မယုံကြည်နိုင်ဆုံးနေရာကလည်း ထန်မိသားစုပဲ ဖြစ်နေတယ်”
ဘတ်ချုန်း၏စကားကြောင့် ထန်ဂန်းရှက်ရွံစွာ မျက်နှာမဲသွားလေသည်။ ပုံမှန်ဆိုလျှင်မူ သူသည် ထိုသို့အောက်ကျခံကာ စော်ကားခံနေရမည့် သူမဟုတ်ပေ။ သို့သော်လည်း . ယခုတွင်မူ ဟွာဆန်း၏ဂိုဏ်းသားငယ်လေးများ ပြောဆိုသည်ကိုပင် မျက်နှာမပြဝံ့စွာ နားထောင်နေရလေသည်။
“ကျုပ် ရှံးခဲ့ပါတယ်”
ထန်ဂန်း၏ ဝန်ခံမှုကြောင့် ဘတ်ချုန်းတို့ မျက်လုံးပြူးသွားလေသည်။
“ကျုပ် ဒီတိုက်ပွဲမှာ ရှုံးခဲ့ပါတယ်..အရှက်ရစရာ အကောင်းဆုံး တိုက်ပွဲလည်း ဖြစ်ခဲ့ပါတယ်…ကျုပ်တို့ ထန်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ ကျုပ်ရဲ့ သိက္ခာကို ပြန်အဖတ်ဆယ်ဖို့အတွက် နောက်ဆုံးခွင့်အရေးလေး တစ်ခုလောက်တော့ ကျုပ်ကိုပေးပါ”
“…”
“ကျေးဇူးပြုပြီးတော့ …”
ထန်ဂန်းက ဘတ်ချုန်းကို ဦးညွတ်ကာပြောလာလေသည်။ ဘတ်ချုန်း အမှန်ပင် စဉ်းစားရခက်သွားလေသည်။ ထန်ဂန်းက ယုံ၍ ရနိုင်မည်လား မရနိုင်မည်လား သူမသိပေ။
“ဒါဆို ကျွန်တော်တို့လည်း အတူလိုက်ခဲ့မယ်”
“ရပါတယ်”
ဘတ်ချုန်း သွေးအိုင်ထွန်းနေပြီဖြစ်သော ချွန်းမြောင်ကို တစ်ချက်ကြည့်လိုက်ပြီး ထန်ဂန်းကို ပြန်မေးလိုက်လေသည်။
“ခင်ဗျားတို့ သူ့ကိုကယ်နိုင်မှာ သေချာလား..”
“သူကို့ သေချာပေါက် ကယ်နိုင်မှာပါ”
ထန်ဂန်းက ဘတ်ချုန်းတို့ စိတ်ချစေရန် အာမခံကာ ဆက်ပြောလေသည်။
“သူ့ကို ကယ်နိုင်ဖို့ ကျုပ်တို့ ထန်မိသားစုက တတ်နိုင်သမျှ အကုန်လုပ်ပေးပါ့မယ်”
ဘတ်ချုန်း အတွေးမများနိုင်တော့ပေ။ ချွန်းမြောင်၏မျက်နှာက တစ်ဆတစ်ဆ သွေးဆုတ်ဖြူရော်လာပြီ ဖြစ်လေသည်။
“ခင်ဗျားစကား ခင်ဗျားတည်ပါစေ”
ဘတ်ချုန်းက ချွန်းမြောင်ကို ပွေ့ကာချီပြီး မလိုက်လေသည်။
“အရှေ့ကနေ လမ်းပြပါ”
ချွန်းမြောင်၏ လက်တို့က တုန်ယင်တုန်ခိုက်စွာနှင့်ပင် ဘတ်ချုန်း၏ ရင်ဘတ်အင်္ကျီစကို တင်းတင်းဆုပ်ထားလေသည်။
အပိုင်း (၁၉၇)
မတရားဘူးထင်ရင် လာရှင်းလိုက်လေ (၂)
ချွန်းမြောင် မူးဝေနေလေသည်။ အရာအားလုံးက ဝေဝေဝါးဝါးပင်။
ငါအခု ဘာဖြစ်နေတာလဲ…
သွေးနံ့ပြင်းပြင်းက သူ၏နှာခေါင်းထဲကို တိုးဝင်လာလေပြီး သူ၏ခန္ဓာကိုယ်ကလည်း တဆစ်ဆစ်နာကြင်နေသည်မို့ သူ အသက်ရှင်နေသေးသည်ကို ချွန်းမြောင်သိလိုက်လေသည်။ ထိုသို့နာကြင်ခံစားနေရမှုများနှင့် အရာအားလုံးက သူနှင့်စိမ်းသက်နေသလိုပင်။
“တာအိုအကိုကြီး”
ချွန်းမြောင်၏ ဘေးမှ ဓါးမြောင် သုံးချောင်းက ဖြတ်သွားလေပြီး သူ၏နောက်မှ ချောင်းမြောင်းတိုက်ခိုက်ရန်ပြင်နေသော ကောင်းကင်နတ်ဆိုးဂိုဏ်းသားသုံးယောက်၏ ခန္ဓာကိုယ်များသို့ စိုက်ဝင်သွားလေသည်။
“အကိုကြီး…အကိုကြီး ဘာတွေလုပ်နေတာလဲ..အခုက တိုက်ပွဲတွေကြားထဲမှာနော်…ဘာဖြစ်နေတာလဲ…လူနဲ့စိတ် ကပ်ထားစမ်းပါ”
ချွန်းမြောင် အသံကြောင့် အသံလာရာကို ခေါင်းထောင်ကာ ကြည့်လိုက်လေသည် ထန်ဘိုပင်။
ထန်ဘိုက သူ့နားသို့ ခေါင်းတခါခါနှင့်ကပ်လာလေသည်။
“အင်း..ငါ”
ချွန်းမြောင် သူ့နဖူးကိုသူထိကြည့်လိုက်ပြီး ဖြေးညှင်းစွာပင် ပြောလိုက်လေသည်။
“ငါ လည်း ဘာဖြစ်နေတာလဲ မသိဘူး…ကြည့်ရတာ ပင်ပန်းနေပြီ ထင်တယ်”
ချွန်းမြောင်က ဓါးကိုခါကာ ဓါးပေါ်မှ သွေးများကို သုတ်လိုက်ပြီး ဓါးအိမ်ထဲသို့ ပြန်သိမ်းလိုက်လေသည်။ ထန်ဘိုကလည်း လူသေများဆီမှသူ၏ ဓါးမြောင်များကို ပြန်ကာနှုတ်ယူနေလေသည်.။
“ဟုတ်မှာပေါ့…ပင်ပန်းနေတာ ဖြစ်နိုင်တယ်….ဒီနေရာမှာ တိုက်နေတာက သုံးရက်တောင် ရှိနေပြီကို”
“ဟင်”
“အကိုကြီး ကြည့်ရတာ တကယ်ပင်ပန်းနေပြီ ထင်တယ်..စကားတောင် မပြောနိုင်တော့ဘူး”
“…”
“ဆေးပေးရမလား…သောက်မလား..”
“တော်တော်”
“ဘာ တော်တာလဲ…အဲ့လိုကြီး မလုပ်စမ်းပါနဲ့.. တခြားသူတွေဆို သူတို့ကို ထန်မိသားစုက ဆေးတွေပေးဖို့ပဲ တချိန်လုံးပြောနေကြတာကို…ပြီးတော့ ဘာဆေးပေးပေး မယုံသင်္ကာကို မဖြစ်ဘူး…တခါတည်းသောက်ပစ်ကြတာပဲ..ထန် မိသားစုကို တစ်စက်လေးတောင် မယုံသင်္ကာ မဖြစ်ကြဘူး”
“ငါ ထန်မိသားစုကို တကယ်ယုံကြည်ပါတယ်”
“ဒါဆိုရင် ဘာလို့”
“မင်းကိုပဲ ငါမယုံတာ”
“အား…ပြောပြန်ပြီ…အဲ့တစ်ခေါက်တုန်းက တကယ်မှားပေးမိတာပါဆိုမှ”
“မင်းက အဲ့လိုပြောတာပဲ…တော်တော့…နားညည်းတယ်..ပါးစပ်ပိတ်တော့”
ချွန်းမြောင် ပြန်ကာလှည့်လိုက်လေသည်။
“ငါ ပြန်နားလိုက်ဦးမယ်”
“အကိုကြီး….ကျွန်တော်လည်း စောင့်ဦးလေ..ကျွန်တော်လည်း လိုက်မယ်”
ထန်ဘိုက ချွန်းမြောင်နောက်ကို အလျင်အမြန်ပင် အမှီလိုက်လာခဲ့လေသည်။
“ကျွန်တော်တို့ ဒီတစ်ဖွဲ့ကို အကုန်သတ်လိုက်နိုင်ရင်တောင် နောက်တစ်ဖွဲ့က ထပ်ပြီးပေါ်လာမယ် ထင်တယ်နော်…ဟုတ်တယ်မို့လား”
“အင်း..ဟုတ်တယ်”
မည်မျှပင် ပြဿနာများ များပြားကာ ရန်သူများတက်လာပါစေ ကောင်းကင်နတ်ဆိုးမသေမရွေ့ သူတို့ ဤနေရာမှ ခွာနိုင်မည် မဟုတ်ပေ။ ချွန်းမြောင် ပြောနေရင်းမှပင် ချမ်းစိမ့်စိမ့်ဖြစ်လာသည်မို့ လက်နှစ်ဖက်ကို တင်းတင်းပိုက်ကာ ထားလိုက်လေသည်။ ထိုအခြင်းအရာကို မြင်သောထန်ဘိုက သူ၏ရွှေအနာကျက်ဆေးကို ပေးလာလေသည်။
“အကိုကြီးကို ဒဏ်ရာကိုအချိန်မှီ မကုသရင် ပိုဆိုးလာတယ်ဆိုတာ ဘယ်နှခါတောင် ပြောရမှာလဲ..”
ထန်ဘို၏ ငေါက်ငန်းသံစွတ်နေသော စကားကြောင့် ချွန်းမြောင်က မျက်မှောင်ကြုတ်ကာ ပြန်ပြောလာလေသည်။
“ထားလိုက်ပါ…အချိန်တန်ရင် သူ့ဟာသူ ပြန်ကောင်းသွားလိမ့်မယ်”
“သိတယ်လေ…ဒါပေမယ့် ဆေးစားလိုက်တော့ အနာက ပိုပြီးမြန်မြန် မကျက်ပေဖူးလား”
ထန်ဘိုက ပြောပြောဆိုဆိုနှင့် ချွန်းမြောင်၏ အင်္ကျီစကို ဆုတ်ဖြဲလိုက်ပြီး ဒဏ်ရာများကို ဆေးမှုန့်လိုက်ထည့်ပေးနေလေသည်။
“ထန်မိသားစုရဲ့ ရွှေအနာကျက်ဆေးဆိုတာ ငွေရှိရင်တောင် ဝယ်လို့ရတဲ့ဆေးမျိုး မဟုတ်ဘူး…သိဖို့…”
“မင်းဆိုတဲ့ ကောင်ကလေ အဲ့ဒီ ထန်မိသားစုကို မချစ်ပါဘူးလို့ နေ့တိုင်း ဖင်ကုန်းအော်နေတာလဲ မင်းပဲ..
အခုလည်း မင်းတို့ဆေးကမှ ကောင်းတယ်ဆိုပြီး ဂုဏ်ဆာနေတာကလည်း မင်းပဲ…မင်းက ဘယ်လိုတောင်တုန်း”
“ဒါကဒါ ဟိုဟာက ဟိုဟာပဲ ..မတူဘူး..ဒါနဲ့”
ထန်ဘိုက အနည်းငယ်ခါးသီးသွားဟန်နှင့် ပြောလာလေသည်။
“အရင်တုန်းက ကျွန်တော့်မိသားစု ဘာကြောင့် ဒီလောက်ခေါင်းမာသလဲဆိုတာကို ကျွန်တော် မသိခဲ့ဘူး..
အခုတော့ နားလည်လာပြီ ထင်တယ်..အင်အားသာ မရှိဘူးဆိုရင် လူဘယ်လောက်များများ အလကားပဲဆိုတာ အခုတော့ ကျွန်တော် နားလည်လာပြီ…ထန်မိသားစုမှာသာ အင်အားအလုံးအလောက်ရှိရင် စီချွမ်ကတခြားမိသားစုတွေလည်း အခုလောက်သေသေကြေကြေ ဖြစ်ကြရမှာ မဟုတ်ဘူး”
“…”
ထန်ဘို၏ နှမြောနောင်တရနေသည့်လေသံကြောင့် ချွန်းမြောင်ပိုကာ မျက်မှောင်ကြုတ်သွားလေသည်။
“ကျွန်တော် အခုရက်ပိုင်း အဲ့လိုတွေပဲ တွေးနေမိတယ်..အကိုကြီး”
“ဘယ်လိုလဲ”
“ကျွန်တော်သာ ကျွန်တော့်မိသားစုရဲ့ စကားကို လက်ခံခဲ့ရင်၊ သူတို့ပြောတာကို လက်ခံပြီး သူတို့ဘက်မှာ နေပေးခဲ့မိရင် သူတို့ဒီထက်တော့ လူနည်းနည်းလောက် ပိုပြီးတော့ အသက်ရှင်နိုင််ဦးမယ်လို့ တွေးမိတယ်”
“အဓိပ္ပါယ် မရှိတာတွေ မပြောနဲ့…မင်းက အခု ဒီခွေးကောင်တွေကို မင်းအင်အားလေးနဲ့ အမြစ်ဖြတ်တိုက်နိုင်မယ်လို့ ထင်နေတာလား….စီချွမ်မှာသာ မင်းရှိရင် မင်းမိသားစုအဆင်ပြေမယ်လို့ ထင်နေတာလား”
“အင်း”
ထန်ဘို၏ ပုံစံက ငိုချင်သည်ကို ထိန်းချုပ်ထားရသည့်ပုံပင်။ အားတင်းကာပြုံးထားရသည့် အပြုံးရေးရေးလေးက မျက်နှာပေါ်တွင် ရှိနေရှာလေသေးသည်။
“ဆိုတော့ ဒီစစ်ကြီးပြီးတာနဲ့ ကျွန်တော် မိသားစုကိုပြန်ပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်တော့မယ်..ပြောတာပြောနေရတာပါ…ကျွန်တော် တစ်ခါမှ မိသားစုကို မစောင့်ရှောက်ခဲ့ဖူးဘူး…ပြန်နိုင်ခဲ့ရင်တော့ ကျွန်တော် သိသမျှ တတ်သမျှကို ပြန်မျှဝေပြီးတော့ မိသားစုကို တတ်နိုင်သမျှ စောင့်ရှောက်ပေးတော့မယ်”
“နေပါဦး…မင်း အခုပုံစံက စိတ်ကောက်နေတဲ့ သခင်မလေး အိမ်လွမ်းနေတဲ့အတိုင်းပဲ”
“သခင်မလေးက အကိုကြီးပဲ နေမှာ..ကျွန်တော် မဟုတ်ဘူး”
“ဘာ..”
“နေပါဦး…အာ…ရာသီဥတုကလည်း ဘာဖြစ်နေတာလဲဟ…ဪ ..ပူနေတာပဲ…အင်း ..မကောင်းဘူး…မကောင်းဘူး”
အရူးကွက်နင်းကာ စကားလွဲသွားသော ထန်ဘိုကိုကြည့်ကာ ချွန်းမြောင် ပြုံးလိုက်လေသည်။ သူတို့အားလုံးက ကောင်းကင်နတ်ဆိုးဂိုဏ်းကို နှိမ်နင်းရန် အသီးသီး ဒီကိုရောက်နေကြသူများပင်။ သာမန်ဆိုလျှင်မူ ချွန်းမြောင်သည် လွတ်လပ်လွန်းသော ဂိုဏ်းသားတစ်ဦးဖြစ်ပြီး သူ၏သွားခြင်းလာခြင်းကို ဂိုဏ်းမှ ထိန်းချုပ်ထား၍ မရသော်လည်း ယခုတစ်ကြိမ်ကမူ မတူပေ။ အမြဲလိုလိုပင် တစ်ကိုယ်တော်ဓါးသမားလုပ်လာခဲ့သော်လည်း ယခုတစ်ကြိမ်ကမူ ကွဲပြားလေသည်။
ဒီတိုက်ပွဲကြီးသာ အဆုံးသတ်သွားခဲ့ရင်တော့..
“ဒါနဲ့..အကိုကြီး”
“အင်း”
“အကိုကြီး ကျွန်တော့်ကို ကတိတစ်ခုလောက်ပေးချင်လား…တကယ်လို့ ကျွန်တော်သာ ဒီတိုက်ပွဲကာလအတွင်းမှာ သေသွားခဲ့ရင် ကျွန်တော့်ရဲ့ ထန်မိသားစုကို အကိုကြီး စောင့်ရှောက်ပေးပါလား”
“ဒါက ဘယ်လိုကြောင်တောင်တောင် စကားတုန်း”
“ကျွန်တော်က အကောင်းဆုံးကြိုးစားပြီး တိုက်ရင်တောင် ဘာပဲဖြစ်ဖြစ် အကိုကြီးကတော့ ကျွန်တော့်ထက်ပိုပြီး အသက်ရှင်နိုင်ချေ များတယ်လေ..ဆိုတော့ ကျွန်တော့်စကားကို နားထောင်ပြီးတော့ ကျွန်တော်ရဲ့ နောင်လာနောက်သားတွေကို ကြည့်ရှုပေးသင့်တာပေါ့…ဒါဆို အကိုကြီးကိုကျွန်တော် အထူးရှယ် ဆေးလုံးပေးမယ်..ပြီးတော့ သောက်စရာတွေရော…ပြီးတော့..”
“ချီးလို အဓိပ္ပါယ်မရှိတာတွေ ဆက်ပြောနေမယ်ဆိုရင် ဝေးဝေးကိုသွားစမ်း…ငါ ထရိုက်မိတော့မယ်”
“ဟာ…လုပ်စမ်းပါ..အကိုကြီးရ …ဘာမှ ခက်ခဲတာလဲ မဟုတ်ဘဲနဲ့”
“မင်းမိသားစုကို စောင့်ရှောက်ချင်ရင် မင်းကိုယ်တိုင် အသက်ရှင်အောင်လုပ်ပြီး စောင့်ရှောက်ပေါ့..ဘယ်လိုဖြစ်ဖြစ် အသက်ရှင်အောင် နေလေ”
“အား…ဒီအကျင့်ပုတ် အူပုတ်ကြီးကတော့”
ချွန်းမြောင်က ထန်ဘိုကို တွန်းဖယ်ပြီး ထကာ လမ်းလျှောက်သွားလေသည်။
“ကတိနော်..အကိုကြီး”
“မင်း..အတည်ကြီးလုပ်နေတာလား”
“အကောင်းဆုံး ဆေးပေးမယ်လို့”
“မဟုတ်သေးပါဘူး…မင်းက တကယ်ကြီးပြောနေတာလား”
“အင်းလေ..”
“ဒီနားလာခဲ့စမ်း..သေအောင်ကို ရိုက်ပစ်မယ်”
“ဟား…လာပါဘူး…စောနကမှ ဒဏ်ရာရခဲ့သေးတာကို..”
ထန်ဘိုကို ကြည့်ကာ ချွန်းမြောင် ပြုံးလိုက်မိလေသည်။
“မင်း ဘာကြောင့် မင်းသေမယ့်အကြောင်းကို တွေးနေရတာတုန်း…တစ်ခါသေလိုက်တာနဲ့ အကုန်လုံးက အဆုံးသတ်သွားပြီကို”
“အင်း…အဲ့လိုပဲ တွေးမိနေတာ…ကျွန်တော် သေသွားရင်တောင် ကျန်တဲ့သူတွေက ကျန်မှာပဲလေ”
“…”
“အကိုကြီးက သေနိုင်ခြေအနည်းဆုံး လူလို့ ဘာကြောင့် ထင်နေတာလဲတော့ ကျွန်တော်လည်း မသိဘူး”
ထန်ဘိုက သူ့ခေါင်းသူကုတ်ကာ ပြောလာလေသည်။
“လူတွေကတော့ ဒီလိုပါပဲ…အတွေးတွေဆိုတာက တသက်လုံး အနားပေးထားလို့ ရတာမျိုးမှ မဟုတ်တာ.. တွေးချင်ချင် မတွေးချင်ချင် ခေါင်းထဲမှာတော့အတွေးတွေက ရှိနေကြတာပဲလေ”
ချွန်းမြောင်က တွေးတွေးဆဆလေး ပြောနေသော ထန်ဘိုကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်လေသည်။
“မင်း လုပ်ရမယ့်အလုပ်တွေကို ကိုယ်တိုင်လုပ်..သူများကို လက်လွဲမနေနဲ့..မိသားစုကိုစောင့်ရှောက်ချင်ရင် ကိုယ်တိုင်စောင့်ရှောက်”
“…”
“မင်း မိသားစုကို စောင့်ရှောက်မယ့်အစား …ငါက”
“အင်း”
“ဒီတိုက်ပွဲကြီးကို အဆုံးသတ်ပေးမယ်…ကောင်းကင်နတ်ဆိုးရဲ့ ခေါင်းကို ဖြတ်ပေးမယ်..”
“အင်း…အကိုကြီးဆိုတော့ အဲ့လိုက လုပ်နိုင်မယ့်ပုံပါပဲ”
“ဆိုတော့…တိုက်ပွဲမပြီးခင်အထိ”
ချွန်းမြောင်က ဆက်ကာပြောလာလေသည်။
“မင်းမိသားစုရဲ့ ဆေးတွေနဲ့ အသက်ရှည်ရှည်နေဦး”
“ဟုတ်ကဲ့”
ထန်ဘိုက ချွန်းမြောင်၏ဘေးနားသို့ ကပ်လာကာ အနားသို့ရောက်လာလေပြီး ပြုံးပြလာလေသည်။
ထိုသို့ ပြောပြီးတစ်လခန့်အကြာတွင် ထန်ဘိုတိုက်ပွဲအတွင်းများပင် သေဆုံးသွားခဲ့လေသည်။
ချွန်းမြောင် မျက်လုံးကို ဖွင့်လိုက်ပြီး နိုးလာလေသည်။
“အား”
ရုတ်တရက် ထလိုက်သောကြောင့် ဝမ်းဗိုက်မှ စူးကနဲ နာကြင်သွားပြီး ငုံ့ကြည့်လိုက်သောအခါတွင်မူ ဝမ်းဗိုက်တစ်ခုလုံးကို ပတ်တီးစည်းထားသည်ကို တွေ့လိုက်ရလေသည်။
ငါက သေသွားပြီးပြီ မဟုတ်ဘူးလား…
နေပါဦး..ငါ သေသွားတဲ့ပုံစံက ဒီပုံစံမဟုတ်ပါဘူး..
အခု ငါက ဘယ်ရောက်နေတာလဲ…
ချွန်းမြောင် အိပ်ယာပေါ်က ထကာ ဘေးဘီကိုကြည့်လိုက်သည်နှင့် ထိတ်လန့်သွားလေတော့သည်။
“ဘုရား”
ဟွာဆန်းမှ ကလေးများက ချွန်းမြောင်၏ရှေ့တွင် အားလုံးအတုံးအရုံးပင်။ ကြမ်းပြင်ပေါ်တွင် အသေကောင်များအလား လဲလျောင်းနေကြလေသည်။ သေနေကြသည်တော့ မဟုတ်ပေ။ အသေကောင်များပမာ အိပ်နေကြခြင်းပင်။
သောက်ကျိုးနည်း…လန့်လိုက်တာကွာ…
ချွန်းမြောင် အတုံးအရုံး အိပ်ပျော်နေကြသောသူများကို ကြည့်ကာ သက်ပြင်းတစ်ချက်ချပြီး ပြုံးလိုက်လေသည်။
“ဘာအပူပင်မှလည်း မကြုံကြဘူးတော့ စိတ်ချလက်ချအိပ်နေလိုက်ကြတာ…သေနေတဲ့အတိုင်းပဲ”
ချွန်းမြောင် အားလုံးကို သနားစဖွယ်အကြည့်လေးနှင့် ကြည့်နေရင်းမှပင် ယွန်းဂျွန်ကို နှိုးရန်ပြင်လိုက်လေသည်။
“သူတို့ကို ထားလိုက်ပါ..သူတို့ မအိပ်ရတာ သုံးရက်တောင် ရှိနေပြီ”
အသံလာရာသို့ ချွန်းမြောင်ကြည့်လိုက်လေတော့ လူတစ်ယောက်က ဝင်လာလေသည်။
“မင်း နိုးလာပြီပေါ့”
“…”
အခန်းထဲသို့ ဝင်လာသူက ထန်ဂန်းပင်။ ထန်ဂန်းကို ချွန်းမြောင်က စိတ်ရှုပ်သွားသောမျက်နှာနှင့်ကြည့်ကာ မေးလိုက်လေသည်။
“ဒါက”
“ဟုတ်ပါတယ်”
“ကျွန်တော်က ဘာလို့ ထန်အိမ်ကိုရောက်နေ…မဟုတ်သေးပါဘူး…နေပါဦး…စောနက သုံးရက်လို့ ပြောလိုက်တာလား”
“ဟုတ်တယ်..မင်း သတိမေ့နေတာ သုံးရက်ရှိပြီ”
ချွန်းမြောင် အံဩသွားလေသည်။
သုံးရက်တောင် ရှိသွားပြီလား…
ဓါးလေးတစ်ချောင်းထိုးမိတာနဲ့ သုံးရက်တောင် မေ့သွားတာပေါ့လေ..
သောက်ကျိုးနည်းကြီးကို ငါအားနည်းနေတာပဲ…
အတိတ်ဘဝကမူ ဝမ်းဗိုက်ကို ဓါးထိုးမိလျှင် ဓါးကိုနှုတ်ကာ ဆေးလိမ်းထားလိုက်သည်နှင့် အနာက အလိုအလျောက်ကျက်သွားသည်ပင်.။ ချွန်းမြောင် ယခုခန္ဓာကိုယ်၏ အားနည်းမှုကြီးကြောင့် ငိုပင်ငိုချင်သွားလေသည်။
“ဆိုတော့ ဒါကြောင့် ကျွန်တော့်အကိုကြီးတွေက ဒါမျိုးဖြစ်နေကြတာပေါ့”
“သူတို့က မင်းသတိမရမချင်း မင်းဘေးနားကနေ မသွားနိုင်ဘူးဆိုပြီး နေနေကြတာ…သူတို့ကို နားဖို့ပြောလိုက်တာနဲ့ ဓါးတွေဆွဲပြီးရန်လိုနေကြလို့ ..နောက်ထပ်ပြဿနာတစ်ခု ထပ်ဖြစ်မှာဆိုးလို့ ဒီတိုင်းထားလိုက်တော့တာ”
“…”
ဆိုတော့ သူတို့အကုန်လုံးက သုံးရက်လုံးလုံးငါ့ဘေးမှာပေါ့,….
သုံးရက်လုံးလေ..
သူတို့တွေ အလှည့်ကျစောင့်ရင်တောင် ရတာပဲကို..
ငတုံးတွေကတော့…တကယ့်အရူးတွေ…
ချွန်းမြောင်က အားလုံးကိုကြည့်ကာ တစ်ချက်ပြုံးလိုက်ပြီး ထန်ဂန်းကို လှမ်းပြောလေသည်.
“ဒါဆိုလည်း သူတို့အိပ်ပျော်သွားတဲ့အချိန်ပိုကောင်းတဲ့ နေရာလေး ရွေ့ပေးရင်ရတာပဲကို”
“သူတို့ကို ရွေ့မလိုလုပ်လိုက်တာနဲ့ သူတို့က နိုးလာပြီး ရန်ရှာရောလေ..ငါက ဘာများလုပ်လို့ ရဦးမှာလဲ”
“…”
“မင်းရဲ့ ဆရာတူအကိုကြီးတွေက ငါ့ကိုတောင် တိုက်ခိုက်တော့မလို လုပ်ရဲတာကိုကြည့်ပြီး အားကျမိပါတယ်…ငါ့သားတွေသာ အဲ့လိုသတ္တိရှိလို့ကတော့ ငါနည်းနည်းလောက်ဖြစ်ဖြစ် စိတ်အေးရပြီ…မင်းကို မနာလိုလိုက်တာ”
“ကျွန်တော့်ကို မနာလိုတယ်”
ချွန်းမြောင် သူ၏ဆရာတူအကိုကြီးများကို ပြန်ကာ ကြည့်လိုက်လေသည်။
တကယ့်အရူးတွေ….
အရူးတွေ…ဒါပေမယ့်…
“အဟမ်း”
ချွန်းမြောင်က ချောင်းတစ်ချက်ကိုဟန့်လိုက်ပြီး ရင်ထဲမှဖြစ်နေသော အမျိုးအမည်မသိ ပီတိများကို ထိန်းချုပ်လိုက်လေသည်။ ထန်ဂန်းက သူ့အား အရိုအသေပေးကာ ပြောလာလေ၏။
“ကျုပ် တောင်းပန်ပါတယ်”
“အာ”
“ဒါတွေ အားလုံးက ကျုပ်အမှားတွေပါ…ထန်ပယ်ကို အဲ့လိုမပြုမူဖို့ ကောင်းကောင်းမသွန်သင်ပေးခဲ့မိဘူး”
“…”
“ဒါပေမယ့် ဘယ်လိုပဲဖြစ်နေပါစေ သေချာမဆုံးမပေးခဲ့တဲ့သူက ကျုပ်မို့ မင်းကျေနပ်အောင် ဘာမဆိုလုပ်ပေးနိုင်ပါတယ်”
“ဟင်”
ထန်ဂန်းက ရှက်ရွံနာကြင်သော မျက်နှာနှင့် ပြောလာလေသည်။
“ပထမဆုံးအနေနဲ့ ကျုပ်ရဲ့အရှုံးကို ဝန်ခံပါတယ်”
“…”
“ပြီးတော့ ကတိပေးထားတဲ့အတိုင်း စီချွမ် ထန်မိသားစုက ဟွာဆန်းက ချွန်းမြောင်နဲ့ ထာဝရမိတ်ဆွေတွေအဖြစ်ကို လက်ခံပါတယ်”
“ဪ”
“ပြီးတော့ မင်းသာတောင်းဆိုမယ်ဆို ထန်ပယ်ရဲ့ခေါင်းကိုတောင်းလည်း ပေးနိုင်ပါတယ်”
ထန်ဂန်း၏ ပြတ်သားမှုကြောင့် ချွန်းမြောင် အံဩသွားလေသည်။
“ကျုပ် သားကို သွန်သင်ပုံ မမှန်ခဲ့ပါဘူး…ပျိုးထောင်ပုံလည်း မှားယွင်းခဲ့ပါတယ်…မင်းကျေနပ်ဖို့ နဲ့ ကျဆင်းသွားတဲ့ မိသားစုသိက္ခာကို ထိန်းသိမ်းဖို့ ဘာမဆို လုပ်ပေးဖို့ အဆင်သင့်ပါပဲ”
ထန်ဂန်းက ပြတ်သားစွာ ပြောနေသော်လည်း ရင်ထဲတွင်မူ နာကြင်နေရသည်က အသိသာကြီးပင်။ ချွန်းမြောင်က အကြပ်အတည်းထဲသို့ တမင်ရိုက်ပို့လျှင်ပင် ဝင်သွားမည်က အသေချာပင်။
ထန်ဂန်း ပြောလေပြီးမှ ချွန်းမြောင်ဆီမှ တုန့်ပြန်မှုမလာသည်မို့ ခေါင်းမော့ကာ ကြည့်လိုက်လေသည်။
“…”
ချွန်းမြောင်က တုံဏိဘာဝေပင်။
“ဒါပဲလား”
“ဟမ်”
“ပြောလို့ပြီးပြီလားလို့”
“အင်..အင်း”
“အိုး…ဘုရား..ဘုရား”
ချွန်းမြောင်က ထန်ဂန်းအား မယုံကြည်နိုင်သော မျက်လုံးများနှင့် ကြည့်လာလေပြီး မတရားခံရသူသဖွယ် စတင်ကာ ပြောဆိုလေတော့သည်။
“လူတစ်ယောက်လုံးနဲ့ ဓါးနဲ့ထိုးလိုက်တယ် ..ဟော ပြီးတော့ ဘာဖြစ်တယ်…မိတ်ဆွေ ဖွဲ့ကြမယ်တဲ့လား”
“…”
“မိဘအဆုံးမ မကောင်းလို့ ကလေးက ဒီလိုဖြစ်တာကို ကလေးကို သွားပြီး အပြစ်ပုံချလို့ ရမယ်တဲ့လား…မဖြစ်သင့်တာ”
“…”
“အိုး…ဘုရား…ဒါက ထန်မိသားစု…တကယ်ကြီး နာမည်ကျော် ထန်မိသားစုက ဒီလိုကြီးပေါ့လေ..တကယ်ကြီး ဒီလိုကြီးလား”
ချွန်းမြောင်က ကုတင်ပေါ်မှ ခုန်ကာထလိုက်လေသည်။
“မဖြစ်ဘူး…ဒီလို မဖြစ်မခံနိုင်ဘူး…အခုချက်ချင်း ချန်ဒူကိုသွားပြီး ဒီစကားတွေကို ပြန်ဖြန့်လိုက်မယ်ဆိုရင် ထန်မိသားစုက လူတွေရဲ့ တံတွေးခွက်မှာ ဘယ်လိုတောင် မှောက်ခုံပက်လက်မြောသွားမလဲဘဲ..ဒီကိစ္စကိုသာ သူတောင်းစားဂိုဏ်းကို ပြောပြလိုက်လို့ကတော့ သုံးရက်တောင် ကြာမယ်မထင်ဘူးနော်”
“ချွန်းမြောင်..စိတ် အေးအေးထားပါ”
ထန်ဂန်း အမှန်ပင် မည်သို့လုပ်ရမည် မသိဖြစ်သွားလေသည်။ ဤသတင်းက အပေါက်ကြားခံ၍ မဖြစ်ပေ။ မဟုတ်ပါက ထန်မိသားစုသည် တကယ်ပင် စုံးစုံးမြှုပ်သွားပေလိမ့်မည်။
"အား...နေပါဦး ကျွန်တော် အဲ့လိုလုပ်ရင် နောက်ထပ်ဓါးက ကျွန်တော့လည်ပင်းဆီများ လာမှာလား..ခင်ဗျားတို့ တိုက်နေတုန်းကတောင် လည်ပင်းကို ပစ်လိုက်သေးတယ်မို့လား"
"အဲ့လို ပစ်မိတယ်ဆိုရင်တော့ မင်းကို သေချင်စေသလို ဖြစ်သွားမှာပေါ့..."
"ဟမ်..ဘယ်လို...ခင်ဗျား ပစ်လိုက်သေးတယ်လေ""
"အား...ဟုတ်သား...ကျုပ် စကားမှားသွားတာပါ"
ထန်ဂန်း အမှန်ပင် ချွန်းမြောင် လိုချင်နေသောအရာကို မခန့်မှန်းနိုင်တော့ပေ။ထုတ်သာ မေးလိုက်လေတော့သည်။
"မင်း ဘာလိုချင်လို့လဲ"
"တကယ်ကြီး မသိလို့မေးနေတာလား...ဘာရမှာလဲ..ဆုလာဘ်လေ...တစ်ခုခုလိုချင်နေတာ အသိသာကြီးကို ..လူတစ်ယောက်ကို ဓါးနဲ့ထိုးပြီး တောင်းပန်ရုံနဲ့ ရမလား.ဒါမျိုးက စကားတစ်ခွန်းနဲ့ ကြေအေးရမယ့်
ကိစ္စလား...အနည်းဆုံး တစ်ခုခုတော့ ပေးသင့်တာပေါ့..တောင်းပန်စကားနဲ့တာ ပြီးရကြေးဆို ရုံးတော်တွေ ရှိနေစရာလိုသေးလို့လား"
"ဒါပေါ့...ဒါပေါ့. ဟုတ်ပါတယ်...မင်းပြောတာကို လက်ခံပါတယ်...ဒါနဲ့ မင်းက ဘာလိုချင်တာလဲ"
"ခဏလေး ...ဒါက လွယ်လွယ်တောင်းလိုက်လို့ ဖြစ်တာမဟုတ်ဘူး...ဒီလို အခြေအနေရဖို့ မဟုတ်ပါဘူး ဒီလိုမိတ်ဆွေဖြစ်လက်ဆောင်ကို ပြီးစလွယ်တောင်းလို့မဖြစ်သေးဘူး"
"…"
"ဆိုတော့"
ချွန်းမြောင်က ရုပ်တည်လေးနှင့် ပြောလာလေသည်။
"ပထမဆုံးအနေနဲ့ ကျွန်တော့်ခန္ဓာကိုယ်က ဗလာကျင်းနေသလို ခံစားရတယ်"
"အင်း"
"ဆိုတော့ ကောင်းကင်အဆိပ်ဆေးလုံးပေး"
"ကောင်း...ကောင်းကင်အဆိပ်ဆေးလုံးလား"
"ဟုတ်တယ်"
"…"
"အခုလိုချင်တာနော်"
"… သိပြီ"
ထန်ဂန်း၏ မျက်နှာက ဆူပုတ်မည်းနေလေသည်။
ငါတော့ အမိဖမ်းခံလိုက်ရပြီ...
ထန်ဂန်း၏ ဆူပုတ်နေသော မျက်နှာကြီးကို ကြည့်ကာ ချွန်းမြောင်က ပျော်ပျော်ကြီး တွေးနေလေသည်။
ထန်ဘို..ထန်ဘို
မင်းက မင်းမိသားစုကို စောင့်ရှောက်ဖို့ မှာထားခဲ့တာမို့လား...
ဒါက မင်းပြောတဲ့ စောင့်ရှောက်နည်း မဟုတ်ရင်တောင် ငါစောင့်ရှောက်နေတယ်လို့ပဲ သဘောထားလိုက်ပေါ့ကွာ...
ဒီလို စောင့်ရှောက်တာကို မကျေနပ်ရင် လာရှင်းလိုက်ကွာ...ဟိဟိ..
အပိုင်း (၁၉၈)
မတရားဘူးထင်ရင် လာရှင်းလိုက်လေ(၃)
“သူက တကယ်ကို အနာဂတ်မှာ လောကရဲ့အကောင်းဆုံးဓါးသမားဖြစ်လာလိမ့်မယ်”
“ဟုတ်ကဲ့”
“သူရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်နိုင်စွမ်းက တကယ်ကြီးကို အကန့်အသတ်မဲ့ပဲ… သူက တကယ်ကို လောကတခွင်ကို ကိုင်နိုင်တဲ့ ဓါးသမားတစ်ယောက်ဖြစ်လာမှာ”
“ဟုတ်ကဲ့”
“ပြီးတော့ လောကရဲ့အကောင်းဆုံးပေါ့”
“အင်း”
ထန်ဇန်က ဖခင်ဖြစ်သူပြောနေသည်ကိုသာ နားထောင်နေလေသည်။ သူ့ဖခင်ကို ကြည့်ရသည်က အနည်းငယ်တုန်လှုပ်နေဟန်ပင်။
“အဟွတ်ဟွတ်”
ထန်ဂန်းက ချောင်းခြောက်တစ်ချက်ကို ဆိုးလိုက်လေပြီးမှ ထန်ဇန်ကို ကြည့်ကာ ပြောလာလေသည်။
“လောကမှာ အကောင်းဆုံးအတော်ဆုံးဖြစ်လာမယ့် လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်က တကယ်ကို အတွေးနဲ့တောင် မှန်းဆလို့ မရနိုင်အောင်ပဲ…လောကမှာ အကောင်းဆုံးဖြစ်လာတဲ့လူတိုင်းမှာ အကောင်းဆုံးဖြစ်လာရတဲ့ အကြောင်းပြချက်ဆိုတာ ရှိတယ်…ဒါပေမယ့် ဒီအရွယ်လေးနဲ့တော့ ငွေရော အရာအားလုံးပြတ်လပ်နေတဲ့ ဂိုဏ်းမှာ ဒီလိုလူရှိလာဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ… ဒါပေမယ့်သူကတော့ အဲ့လိုအခြေအနေမှာတောင် ဒီလောက်တော်နေတယ်’
“ဟုတ်ကဲ့ပါ…ခေါင်းဆောင်ကြီး”
"ဒါပေမယ့် ဒီလိုအရေးကြီးတဲ့အခြေအနေမှာတော့ဒီလူက …"
"ဟမ်"
"အင်း..ဘာမှ မဟုတ်တော့ပါဘူး...."
ထန်ဇန်က သူ့အဖေ၏ ထူးထူးဆန်းဆန်းစကားများကို နားမလည်စွာပင် ခေါင်းကုတ်လိုက်လေသည်။ ထန်ဂန်းကမူ ထိုစကားတို့ကို ဆက်ကာမပြောတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။
"ငါ့သား...မင်း လောကမှာ အတော်ဆုံးသူ ဖြစ်မလာနိုင်ရင်တောင် အတော်ဆုံးသူရဲ့ သူငယ်ချင်းတော့ ဖြစ်သင့်တယ်"
ထန်ဂန်း၏ စကားကြောင့် ထန်ဇန် မျက်မှောင်ကြုတ်သွားလေသည်။ သူ့ဖခင်၏စကားက မှန်သည်ဟု ထင်ရသော်လည်း အပြည့်အဝမှန်နေသည်ဟုတော့လည်း ထန်ဇန်မခံစားရပေ။
"ဒါပေမယ့်လည်း ခေါင်းဆောင်ကြီး"
"သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ သံသယဖြစ်စရာမရှိဘူးဆိုပေမယ့် သူရဲ့မူလ မိခင်ဂိုဏ်းက ဟွာဆန်းဖြစ်နေတာတော့ တစ်ခုမကောင်းဘူး...ဒါက သူ့ရဲ့လုပ်နိုင်စွမ်းကို အကန့်အသတ်ဖြစ်စေနိုင်တယ် မဟုတ်ဘူးလား"
"ဘယ်လိုတောင် ကလေးဆန် အမြင်မကျယ်လိုက်တဲ့စကားလဲ"
"သူသာ ဟွာဆန်းကဟုတ်မနေရင် ငါတို့နဲ့ ပူးပေါင်းစရာတောင် လိုနေမှာ မဟုတ်ဘူး..သူတို့ဆီမှာသာ အာဏာနဲ့ငွေရှိလို့ကတော့ ငါတို့နဲ့မိတ်ဆွေဖြစ်ဖို့ သူတို့ဘယ်လိုတော့မှာလဲ"
"အာ...အဲ့လိုလား..."
"ပြီးတော့..ဟွာဆန်းကလည်း အရင်ကလို မဟုတ်တော့ဘူး...ဆိုတော့ ငါတို့ သူတို့ကို လွှမ်းမိုးထားလို့လည်း ရနိုင်တယ်...သူတို့က ငါတို့ကို မှီခိုနေရပြီးတော့ ငါတို့ကလည်း သူ့တို့ကိုလိုသလို အသုံးချနိုင်လာမယ်...ဒီလိုနဲ့ ငါတို့အကျိုးအမြတ်ရှိတဲ့ ဆက်ဆံရေးကြီး ရလာနိုင်တယ်မဟုတ်ဘူးလား"
ထန်ဇန် ထန်ဂန်း၏အဆိုကို လက်ခံကာ ခေါင်းငြိမ့်ပြလိုက်လေသည်။
"တွေးကြည့်မယ်ဆိုရင် ဒါက ထန်မိသားစုရဲ့ သမိုင်းကို ကြီးကျယ်မြင့်မြတ်လာအောင် ဟွာဆန်းရဲ့နဂါးကို ပါဝင်အားဖြည့်ခိုင်းလိုက်တဲ့သဘောပဲ"
"သူကလည်း တကယ့်ကိုမှ ကြီးမြတ်တဲ့လူဖြစ်လာမှာ သေချာတယ်ဆိုတော့...အင်း. ..."
"ဘာလားဟ"
မူပျက်နေသော ဖခင်ဖြစ်သူကို ထန်ဇန် နားမလည်စွာပင် ကြည့်လိုက်လေသည်။
"အဲ့ဒီ ဓါးပြလို သောက်ကလေး...အင်း ထားပါတော့..သူ့ပါးစပ်က ကောင်းကင်အဆိပ်ဆေးလုံးကို ပြောတာကို မေ့လိုက်ပါတော့...ဒါပေမယ့် အဲ့ဒီဆေးလုံးက ငါတို့မှာလည်း သိပ်အများကြီးက ကျန်တော့တာ မဟုတ်ဘူး"
ထန်ဂန်း ပြောနေရင်းမှပင် လူကတုန်ယင်လာပြန်သည်။ ဤသည်က သူမည်မျှ ဒေါသထွက်နေသည်ဆိုသည့် လက္ခဏာပင်။
"ထန်ဇန်"
"မင်း အကိုကြီးကို ဆက်ခံသူရာထူးက ဖယ်ရှားကြတော့မယ်"
ထန်ဂန်း၏စကားကြောင့် ထန်ဇန်အံဩသွားလေသည်။
"ခေါင်းဆောင်ကြီး...တကယ်ကြီးကို.."
"မင်း တွေးကြည့်စမ်းပါ"
"ဘာကိုလဲ...ခေါင်းဆောင်ကြီး"
"မင်းသာ ဟွာဆန်းရဲ့နတ်ဘုရားနဂါးဆိုရင် ထန်ပယ်က ဆက်ခံသူဖြစ်လာတဲ့အခါ မင်းဆက်ပြီး လက်တွဲချင်မှာလား"
ထန်ဂန်း၏စကားကို ထန်ဇန် နားလည်သွားသယောင်နှင့် ခေါင်းငြိမ့်ပြလိုက်လေသည် ဟုတ်ပေသည်။ မည်သူကမှ ကိုယ့်အား ကလိမ်ကကျစ်ကျခဲ့ဖူးသူနှင့် ရှေ့ဆက်ပတ်သက်ချင်မည် မဟုတ်ပေ။ ထို့အပြင် ဖြစ်ပျက်ခဲ့သောကိစ္စများအတွက် ထန်ပယ်က တာဝန်ခံရခြင်း တစ်ခုပင်မရှိလျှင် ဟွာဆန်းဘက်မှ လူများအနေဖြင့် ကျေနပ်ကြမည် မဟုတ်ပေ။ သူတို့ ထန်ပယ်အား အပြစ်တစ်စုံတစ်ရာတော့ သေချာပေါက်ပေးရမည်ပင်။
"ထန်ပယ်က ဆက်ခံသူမဟုတ်တော့ရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် သူက ထန်မိသားစုဝင်အဖြစ် ရှိနေရဦးမှာပဲ..ဒါက သူ့အတွက် အသက်ညှာဆုံးသော အပြစ်ဒဏ်ပဲ...ပြီးတော့ ဘယ်သူပဲဖြစ်နေဖြစ်နေ အပြစ်လုပ်ထားရင်တော့ ပြန်ပေးဆပ်ရမှာပဲ"
"ကျွန်တော် မှတ်သားထားပါ့မယ်"
"ဒါပေမယ့် အဲ့ခွေးကောင်ကိုတော့ ငါဘယ်တော့မှ..အင်း..."
"..."
ထန်ဂန်းက ပြောရင်းမှပင် ဒေါသထွက်ကာ တုန်ယင်လာပြန်လေသည်။ ထန်ဇန်တသက်တာတွင် ဖခင်ဖြစ်သူ မည်မျှ ပြန်တွေးလိုက်တိုင်းပင် ဒေါသထွက်နေသည့် အဖြစ်မျိုးကို မကြုံဖူးခဲ့ပေ။ ယခုသည်က ပထမဆုံးအကြိမ်ဖြစ်လေသည်။ ထန်ဂန်းက ဒေါသကို ထိန်းကာ ပြောလာလေ၏။
"အခုဆို ဆက်ခံသူနေရာက လစ်လပ်သွားပြီ."
"…"
"မင်းလည်း မင်းအကိုကြီးတွေနဲ့အတူ ယှဉ်ပြိုင်တာမျိုး လုပ်သင့်တယ်."
"ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်"
" မင်းလုပ်နိုင်မှာပါ..ပြီးတော့ ငါ့မှာ မင်းအတွက်တာဝန်တစ်ခု ရှိသေးတယ်"
"ငါတို့ မိသားစုထဲက တစ်ယောက်ယောက်က ဟွာဆန်းရဲ့နဂါးနဲ့ သူငယ်ချင်းဖြစ်နေဖို့ လိုတယ်"
"..."
"ငါ့အထင်ပြောရရင်တော့ အဲ့ကလေးက အပေါင်းအသင်း လွယ်လွယ်ထားတတ်ပုံ မရဘူး..မင်းသာ သူ့ယုံကြည်မှုကို ရပြီး ဆက်ဆံရေးကောင်းကောင်းတည်ဆောက်ထားနိုင်မယ်ဆိုရင် ငါတို့ ထန်မိသားစု အကျိုးနည်းမယ် မထင်ဘူး "
"ခေါင်းဆောင်ကြီး"
ထန်ဇန်က ထန်ဂန်းကို စိတ်ပိုင်းဖြတ်ထားသော မျက်နှာနှင့်ကြည့်ကာ ပြောလာလေသည်။
"ကျွန်တော် ဆက်ခံသူနေရာကို စိတ်မဝင်စားပါဘူး"
"ဟေ""
"ဒါပေမယ့်"
"ဒါက ထန်မိသားစုအတွက် အထောက်အကူဖြစ်စေမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကျွန်တော်လုပ်ပါ့မယ်"
ထန်ဇန်၏စကားကြောင့် ထန်ဂန်းပြုံးလိုက်လေသည်။
"ဟုတ်ပြီ"
"ဒါပေမယ့်...ဂရုတော့စိုက် ငါ့သား...သူက သာမန်လူမဟုတ်ဘူး"
ထန်ဂန်း စကားဆုံးသွားသည်နှင့် ထန်ဇန်အား ပြုံးပြလာလေသည်။ ထန်ဂန်း၏ မျက်လုံးထောင့်တွင် မျက်ရည်ဥလေးများက တွဲခိုနေသယောင်ယောင်ပင်။
ဟင်...အဖေက ငိုနေတာလား..
အဖေက ဒီလောက်တောင် စိတ်နှစ်ထားတာဆို ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းဖြစ်အောင် ငါကြိုးစားရမယ်..
အဖေ့ကို စိတ်ချမ်းသာအောင် ငါတတ်နိုင်သမျှ ကြိုးစားပေးမှပဲ ဖြစ်မယ်..
ထန်ဇန် အတွေးတို့နှင့် သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
"ဟေ့...မင်း လက်လှုပ်ရှားတာတွေက နှေးလွန်းနေတယ်"
"အာ...ဟုတ်ကဲ့ တောင်းပန်ပါတယ်"
အော်သံကြောင့် ထန်ဇန် စိတ်နှင့်လူ ပြန်ကပ်လာပြီး လက်လှုပ်ရှားမှုကို ဂရုစိုက်ကာ လေ့ကျင့်လိုက်လေသည်။ လက်လှုပ်ရှားမှုအတိုင်း လေပြေလေးကလည်း ဝေ့ကာဝိုက်ကာပင် ပေါ်နေရှာလေ၏။
"အင်း...ထန်မိသားစုက သူတို့အမှားအတွက် အကြွေးပြန်ဆပ်တဲ့ပုံကတော့ အမိုက်စားဟေ့"
"..."
သူပဲ အရင်မိတ်ဆွေဖွဲ့ဖို့ စပြောခဲ့ပြီးတော့...
အခုကျ အချိုးက တစ်မျိူး..
"အင်း."
ချွန်းမြောင်က နူးညံ့သောခုံပေါ်တွင် လဲလျောင်းနေပြီး ခုံဘေးတွင်လည်း သစ်သီးမျိုးစုံကို တင်ထားလေသည်။ သစ်သီးမျိူးစုံသာမက အသားမျိုးစုံနှင့် ပင်လယ်စာများပင် ပါလေသေးသည်။
စီချွမ်ဆိုသည်က ကုန်သွယ်ရေးအချက်အချာကျကာ စီးပွားရေးလုပ်ငန်းများကလည်း မှိုလိုပေါက် ပေါများသည်မို့ စားကောင်းသောက်ဖွယ်များကလည်း အမျိုးစုံလင်စွာပင် ရနိုင်လေ၏။
ဂလု! ဂလု!
ချွန်းမြောင်က ဝိုင်ဖြူတစ်ခွက်ကို သောက်လိုက်လေပြီး ခုံပေါ်တွင် တဖန်ပြန်ကာ လှဲလိုက်ပြန်၏။
"အား...ကောင်းလိုက်တာ..ကောင်းလိုက်တာ..ဒါက တကယ်နိဗ္ဗာန်ပဲ"
ချွန်းမြောင်က စည်းစိမ်အပြည့်နှင့် သာယာနေသော်လည်း တခြားသူများကမူ အမြင်မကြည်ကြတော့ပေ။
"ဘယ်လိုပဲကြည့်ကြည့် ရာဇဝတ်ကောင်ရုပ်ပဲ"
"တာအိုကိုယ်တော်ဖြစ်ပြီး စားလိုက်သောက်လိုက်နဲ့ စည်းစိမ်ခံနေတယ်"
"အထူးအဆန်း မဟုတ်တော့တာတောင် သောက်နေတာမြင်ရတိုင်း ငါတော့ အံဩနေမိတုန်းပဲ"
ဟွာဆန်းမှ လူများက စည်းစိမ်အပြည့်ခံနေသော ချွန်းမြောင်ကို ကြည့်ကာ ခေါင်းတရမ်းရမ်းပင်။
"ငါတို့ ဒီကောင်ကို သေလောက်အောင် စိတ်ပူခဲ့ကြတာ ငါတို့အကုန်လုံး ရူးသွားကြလို့များလား"
"ဘယ်လိုလူက ဓါးနဲ့ထိုးခံရတာတောင် ဒီလောက်မြန်မြန်ကောင်းလာနိုင်ရတာလဲ"
"သူက လူမှ မဟုတ်တာ"
မည်သို့ပင် သူ့အားဝေဖန်နေကြစေကာမူ ချွန်းမြောင်က အရေးမစိုက်ပေ။ နံဘေးရှိ ဘဲပေါင်တစ်ချောင်းကို ဖဲ့ကာ ပါးစပ်ထဲသို့ ပလုပ်ပလောင်းပင် ထည့်ချလိုက်လေသည်။
"အား..နည်းပြ.. ဆရာတူအကိုကြီးတို့ ဒါလေးစားကြည့်သင့်တယ်နော်..အရည်ကိုရွှမ်းနေတာပဲ...ဒီသေရည်ကလည်း သောက်ရမ်းဈေးကြီးပြီး ချိုကောင်းလေး..သိလား...သောက်ကြည့်ပါလားလို့ တစ်ခွက်တစ်ဖလား"
ချွန်းမြောင်၏ ဖိတ်ခေါ်တိုက်တွန်းမှုကြောင့် ဘတ်ချုန်း အနည်းငယ် တွေဝေသွားလေသည်။
သောက်လို့ ဖြစ်ပါ့မလားဟ..
ဒါပေမယ့် ဧည့်ခံတဲ့သူက ဧည့်ခံထားတာကို မသောက်မစား မထိဆိုရင်ရော ကောင်းပါ့မလား..
ဒါပေမယ့်လည်း သူတို့က ယုံလို့ရပါ့မလား...
ဘတ်ချုန်းက အတွေးများနေရင် ခုံပေါ်တွင် အေးအေးလူလူ အိပ်နေသော ချွန်းမြောင်ကို ကြည့်လိုက်လေသည်။
သူ့ကို ကြည့်ရတာ ဒီအိမ်ဒီနေရာနဲ့ စိမ်းသက်မနေတဲ့အတိုင်းပဲ...သူ့အိမ်သူ့ယာလိုကို နေနေတာ..
ဘတ်ချုန်း အတွေးများစွာနှင့်ပင် ချွန်းမြောင်၏ ဘေးတွင်ယပ်ခတ်ပေးနေသော ထန်ဇန်ကိုလည်း တစ်ချက်ကြည့်လိုက်ပြန်လေသည်။
ဒါကြီးက ဟုတ်ကော ဟုတ်သေးရဲ့လားဟ...
ထန်ဇန်ကမူ ဘတ်ချုန်းက တောက်လျောက်အကဲခတ်ကာ ကြည့်နေ၍ ဖော်လန်ဖားလုပ်နေသည့် မိမိကိုယ်ကို ရှက်ရွံစွာ မျက်နှာများ နီရဲလာလေတော့သည်။
"စီ..စီချွမ် ထန် မိသားစုက သူတို့ရဲ့ ဧည့်သည်တွေကို ဒီတိုင်းပဲ အကောင်းဆုံး ဧည့်ခံတာပါ..ဒါကြီးကို စိတ်ထင့်မနေကြပါနဲ့"
ဘာတုန်း...ဒါက ချွန်းမြောင်ကို သူတို့အမှားလုပ်ထားမိလို့လား..
ဒါဆိုလည်း သောက်ကျိုးနည်း ဒီ ထန်မျိုးရိုးက ဒီမှာ ဘာလာလုပ်နေတာတုန်း...
ဟွာဆန်းမှလူများက အတွေးအမျိုးမျိုးဖြင့် အာရုံများနေကြသော်လည်း ချွန်းမြောင်ကမူ လက်ရှိအခြေအနေတွင် သာသာယာယာပင်။
"အိုး...ကောင်းလိုက်တာ...တကယ်ပဲ"
ချွန်းမြောင်၏ သာယာနေမှုကြီးကို သည်းမခံနိုင်စွာ ဘတ်ချုန်းမေးလာလေတော့သည်။
"ချွန်းမြောင်."
"တကယ့် နိဗ္ဗာန်ပဲ"
"ချွန်းမြောင်"
"ပြော"
ချွန်းမြောင်၏ မေးဆတ်ကာ တုံ့ပြန်လာမှုကို ဘတ်ချုန်းမနေနိုင်စွာ ပြောလေတော့သည်။
"ဒီနေရာက ထန်မိသားစုပိုင်နက်နော်"
"အင်း...သိတယ်လေ...ကျွန်တော် ဘယ်မသိဘဲ နေမှာလဲ"
"ဒါဆိုလည်း ကောင်းကောင်းမွန်မွန်လေးတော့ နေစမ်းပါ...ခုံကြီး ဘယ်လောက်ကျယ်တယ်ပြောပြော အိပ်နေတာတော့ လူမြင်မတင့်တယ်ဘူးလေ...နည်းနည်းလောက်တော့ ယဉ်ကျေးမှုလေး ရှိဦးလေ "
"အာ...ကျွန်တော်လည်း ကောင်းကောင်းမွန်မွန်လေးပဲ ထိုင်နေချင်တာပါ"
"ဒါပေမယ့်လေ"
ချွန်းမြောင်၏ မျက်နှာက ရုတ်တရက်ရှုံ့မဲ့သွားပြီး ဝမ်းဗိုက်တွင်ရှိနေသော ဒဏ်ရာကို ငုံ့ကာကြည့်လိုက်လေသည်။
"ထိုင်လိုက်ရင် ဒီနေရာက အရမ်းနာနေလို့ မသက်သာမချင်း ဒီလိုလေးပဲ နေနေရတာပါ"
"…"
ချွန်းမြောင်၏ ဆင်ခြေဆင်လက်တို့ကြောင့် ဘတ်ချုန်းက စိတ်ကုန်သွားသည့်အလား ခေါင်းကိုခါလိုက်ပြီး ယွန်းဂျွန်က ဘတ်ချုန်းနားသို့ ကပ်ကာပြောလာလေ၏။
"ကျွန်တော်တို့ သူ့ကို ဆွဲထူထားလိုက်ရမလား"
ဘတ်ချုန်းက ထိုသို့လုပ်လိုက်လျှင်လည်း ချွန်းမြောင် အမှန်ပင် နာကြင်သွားလေမလားဟု တွေးမိလေသည်မို့ ခေါင်းသာအသာခါပြလိုက်လေသည်။
"ထားလိုက်ပါ...နောက်တော့ သူရိုးသွားပြီး သူ့ဟာသူ ထလာလိမ့်မယ်"
ဘတ်ချုန်း မြန်မြန်ဆန်ဆန်ပင် နလန်ထလာသော ချွန်းမြောင်ကို ကြည့်ကာ သက်ပြင်းရှည်ကြီးကို ခိုးချလိုက်လေသည်။ ထိုသုံးရက်အတွင်းတွင် သူတို့အားလုံး သေမတတ်ပင် ပူပင်ခဲ့ရပြီး ယခုတွင်မူ ဤပလီပလာကောင်ကို ထုချင်ရိုက်ချင်နေပြီ ဖြစ်သည်။ နလန်ထသည်က မြန်ဆန်လွန်း၍ လူနာဟူသောအတွေးပင် မထားနိုင်ပေ။
ကြည့်ရတာ အဲ့ကလေးရဲ့ ဓါတ်အကူးများပြီး ငါ့ရဲ့ကြင်နာတတ်တဲ့ နှလုံးသားလေးလည်း သေဆုံးသွားပြီ ထင်ပါရဲ့...
ဘတ်ချုန်း အတွေးတို့ကို တဖန်ပြန်ကာစုစည်းလိုက်ပြီး ထန်ဇန်အား စကားလှမ်းကာ ပြောလိုက်လေသည်။
"ဂိုဏ်းသား ထန်ဇန်."
"ဟုတ်ကဲ့..ပြောပါ ဂိုဏ်းသားဘတ်ချုန်း"
"ခေါင်းဆောင်ကြီးရော မလာဘူးလား"
"ခေါင်းဆောင်ကြီး အလုပ်လေးနည်းနည်း ရှုပ်နေလို့ပါ."
"ဪ..အဲ့လိုလား…."
ဘတ်ချုန်းသည် ထန်ဂန်းအား တွေ့ချင်လှသည် မဟုတ်သော်လည်း ချွန်းမြောင်အား ပြောနိုင်ဆိုနိုင်မည့် လူတစ်ယောက်ကိုတော့ ရောက်လာစေချင်သည်က အမှန်ပင်။ အဆုံးတွင်မူ ဘတ်ချုန်း၏ ဆန္ဒကို ကောင်းကင်ဘုံက သိသွားသည့်အလားပင်။ အလုပ်များနေသည်ဟူသော ထန်ဂန်းက ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်လာလေသည်။
ခန်းမ၏ တံခါးက ပွင့်သွားလေပြီး ထန်ဂန်းက ခန်းမထဲသို့ ဝင်လာလေသည်။ ခန်းမထဲသို့ ရောက်သောအခါတွင်မု ခုံပေါ်တွင် ဆန့်ဆန့်ကြီး လဲနေသော ချွန်းမြောင်ကို မြင်လိုက်သည်နှင့် မျက်မှောင်ကြုတ်သွားလေတော့သည်။
"…"
ထန်ဂန်းအနေနှင့် မည့်သူ့ကိုမှ ဤသို့အရေးပေး မဆက်ဆံဖူးဟုပင် ပြော၍ရလေသည်။သို့သော်လည်း ချွန်းမြောင်၏ ဤအနေအထားကမူ...
"တစ်ခုခု လိုအပ်တာများ ရှိကြသေးလား..."
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်...ဘာမှတော့ မလိုအပ်ပါဘူး...ထန်မိသားစုရဲ့ ဧည့်ဝတ်ကျေမှုကြီးကတော့ အံ့မခန်းပါပဲ...တစ်ခုပါပဲ..ဟင်းတွေက နည်းနည်းလေး စပ်နေတာလေး တစ်ခုပါပဲ"
(စီချွမ်ဒေသက ဟင်းလျာတိုင်းလိုလိုက စပ်ပါတယ်နော်)
"မင်း အကျင့်ဖြစ်သွားတဲ့အခါကျ အစပ်စားရတာကို ပိုသဘောကျသွားမှာပါ"
"ဟုတ်တာပေါ့..အဲ့လိုဆိုတော့လည်း အကျင့်မြန်မြန်ဖြစ်အောင် များများလေး စားပေးရမှာပေါ့"
"စိတ်ကူးလေးက ကောင်းသားပဲ"
ထန်ဂန်းက ပြောပြီးသည်နှင့် နှုတ်ခမ်းထောင့်စွန်းလေး တွန့်ရုံမျှ ပြုံးလိုက်လေပြီး ထိုအပြုံးကို မြင်လိုက်သူတိုင်းက အသည်းအေး ကျောချမ်းသွားကြလေတော့သည်။
အခု သူက ပြုံးတာလား...ဒါမှမဟုတ် ဒေါသထွက်နေတာလား...
ဒေါသထွက်ပြီးတော့ ပြုံးလိုက်တာများလား...
ထန်ဂန်းကမူ အားလုံးအား အရေးမစိုက်စွာပင် ချွန်းမြောင်ကို စိုက်ကြည့်နေပြီး ဆက်ကာ မေးလိုက်လေသည်။
"နောက်ထပ် အဆင်မပြေတာရော ရှိသေးလားမသိ"
"အင်း...အဆင်မပြေတာက ဒီက ဟွာဆန်းထက် နည်းနည်းလေးစိုစွတ်ပြီးတော့ ပူနေတော့ နေရတာတော့ နည်းနည်းခက်နေတယ်...ဒါလေးပါပဲ"
ချွန်းမြောင်က ပြောလည်းပြောကာ သူ့အား ယပ်ခတ်ပေးနေသော ထန်ဇန်ကို လှည့်ကာ ပြုံးပြလိုက်လေသည်။
"..."
"..."
ချွန်းမြောင်၏ စကားကြောင့် ထန်သားအဖ မျက်လုံးချင်းဆုံမိသွားကြလေသည်။
"ငါ့သား ကြည့်ရတာ မင်းကို အတော်သဘောကျနေတဲ့ပုံပဲ"
"… ကျွန်တော် သိပါတယ်..အခုတောင် သူက မတောင်းဆိုဘဲ ကျွန်တော် ယပ်ခတ်ပေးနေတာလေ"
ချွန်းမြောင်က ပြောပြောဆိုဆိုပင် ဝိုင်ဖြူတစ်ခွက်ကို ထသောက်လိုက်လေသည် ။
"အား....ဒီဝိုင်က တော်တော်ကောင်းတာပဲ..အစားအသောက်တွေကလည်း အရသာရှိတယ်...တကယ့်ကို နေရာကောင်းတစ်ခုပဲ"
"ဟုတ်တာပေါ့"
ထန်ဂန်းက ချွန်းမြောင်၏ စကားကို ထောက်ခံကာ ဟွာဆန်းမှ ကလေးများ၏ အရိပ်အခြေကို တစ်ချက်ကြည့်လိုက်လေသည်။ ကလေးများက ချွန်းမြောင်၏ မလေးမစားပုံစံကြောင့် ချွန်းမြောင်အား ရင်ထဲမှ ကြိတ်ကာ ကျိန်ဆဲနေကြသည်က အသိသာကြီးပင်။
သောက်ကျိုးနည်းတွေ လုပ်ပြန်ပြီ...
ထန် မိသားစုအကြောင်းကို သိသိကြီးနဲ့ ဘာတွေလုပ်နေပြန်ပြီတုန်း..
ထန်မိသားစုကလည်း တကယ်ပဲ လာသမျှဧည့်သည့်ကို ဒီလိုပဲ ဧည့်ခံတာပဲလား...
ထန်မိသားစုက ရောက်လာသည့် ဧည့်သည့်တိုင်းကို ကောင်းကောင်းမွန်မွန် ဧည့်ခံသည်က ထုံးစံပင်။ သို့သော် ထန်မိသားစု၏ အထူးကျွမ်းကျင်မှုက အဆိပ်ဖြစ်သည်မို့ ရောက်လာသမျှသော ဧည့်သည်များ၊ ပြိုင်ဘက်များက ထန်မိသားစုမှ တည်ခင်းဧည့်ခံသော တစ်စုံတစ်ရာကိုမှ ထိရဲခြင်း မရှိကြပေ။ ရေတစ်ခွက်ပင် မသောက်ဘဲ ပြန်သွားကြသည်ချည်းပင်။
သို့သော် ယခုချွန်းမြောင်ကမူ အားလုံးကို သိမ်းကျုံးကာ စားသောက်နေလေသည်။ ပြောရလျှင်မူ မလေးစားဖွယ်ဖြစ်နေသော်လည်း ထိုသို့ စားသောက်နေသည်က သူတို့ထန်မိသားစုအား ယုံကြည်မှုအပြည့်အဝထားကြောင်း တဖက်တစ်လမ်းမှလည်း ဖော်ပြနေသကဲ့သို့ပင်။ ထန်ဂန်း၏စိတ်ထဲတွင်လည်း အနည်းငယ် ကျေနပ်သွားလေသည်။
"ဒါနဲ့ ခေါင်းဆောင်ကြီးက ဘာကိစ္စ"
"ဒါက"
ထန်ဂန်း ချွန်းမြောင်၏ မေးခွန်းကို အနည်းငယ် အဖြေရခက်သွားလေသည်။ သူ ချွန်းမြောင်နှင့် တွေ့ရန် စီစဉ်ထားသည်က နောက်နှစ်ရက်မှသာ ဖြစ်လေပြီး ယခုရောက်လာခဲ့သည်က တခြားသောကိစ္စတစ်ခုကြောင့်ပင်။ ထန်ဂန်း ဘေးဘီဝဲယာကို ထပ်ကာထပ်ကာ ကြည့်လိုက်လေပြီးမှ သက်ပြင်းရှည်ကြီးကို ချကာဖြေလိုက်လေသည်။
"ဟင့်အင်း...ဒီတိုင်းပါပဲ...ဘာကိစ္စမှ မရှိဘူး..ဒီတိုင်းပဲ သက်သက်လာခဲ့တာ"
ထိုစဉ်မှာပင် ခန်းမရှေ့မှ တံခါးခေါက်သံတိုးတိုးက ထွက်လာလေပြီး ခန်းမတံခါးက ပွင့်လာကာ ခေါင်းတစ်လုံးက တိုးဝင်လာလေသည်။
"ဟမ်"
"လူခေါင်းကြီးလား..."
တံခါးမှ တိုးဝင်လာသော အရိပ်ကလေးကြောင့် ထန်ဂန်းက ခေါင်းငြိမ့်ပြပြီး ပြောလာလေသည်။
"ဟုတ်တယ်...ငါ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့"
ဘာလား...
ဒီအဖိုးကြီး ..ဘာတွေကြံနေတာတုန်း
ငါတော့ ခံစားချက်တွေ သိပ်ကောင်းမနေဘူး...
"ဟမ် ..ဘာကြီး...မိတ်ဆက်ပေးချင်တာ ဟုတ်လား"
"အင်း...မင်းတို့ လူငယ်တွေ အချင်းချင်း သိထားတော့ ကောင်းတာပေါ့..ဟုတ်တယ်မို့လား"
"အင်း...ဟုတ်တာပေါ့."
"အင်း…"
"အင်း"
"အင်း...ဘာမှ မဟုတ်တော့ဘူး...အဟင်း"
ထန်ဂန်း နေရခက်နေသည်က အသိသာကြီးပင်။ အတော်လည်း မအီမသာ ဖြစ်နေပုံရလေ၏။ ထိုအချိန်မှာပင် တံခါးမှ လူတစ်ယောက်က ဝင်လာလေသည်။
"…ဟား"
"အလို…."
"ဟင်"
"..."
ဝင်လာသူအား ကြည့်ကာ အားလုံးက ကြက်သေသေ သွားကြလေသည်။ အားလုံးက ဝင်လာသော အလှလေးထံမှ မျက်စိမလွဲနိုင်ကြဘဲ အလှလေးက ရိုရိုကျိုးကျိုးပင် အရိုအသေပေးသည်ကို သတိလက်လွတ်ငေးနေပြီးကာမှ သတိဝင်လာကာ ရှိုးတို့ရှန်းတန်း ဖြစ်သွားကြလေတော့သည်။
အိုး...ဒါက ဘယ်လို အလှတရားလေးတုန်း...
အိုး...ဘုရားဘုရား..တကယ့် အလှပဂေးလေးပါလား..
ဆရာတူညီမလေးယုနဲ့ ယှဉ်ရင်တောင် ရှုံးမယ်မထင်ဘူး...
ထန်မိသားစုမှာ ဒီလောက်လှတဲ့သူမျိုး ရှိသေးတာလား...
ယွန်းဂျွန်၊ဘတ်ချုန်းနှင့် ဂျိုဂုတို့က ခန်းမထဲသို့ ဝင်လာသော အလှလေးကို မျက်တောင်မခတ် ကြည့်နေကြလေသည်။
"နှုတ်ဆက်လိုက်"
"ထန်မိသားစုက ထန်ဆိုဆိုက ဟွာဆန်းက သူရဲကောင်းတွေကို နှုတ်ဆက်ပါတယ်"
အပြုံးနုလေးနှင့် နှုတ်ဆက်လာသည်က လရောင်ဆမ်းသည့် ပုလဲလုံးလေးအလားပင်။အေးမြကြည်လင် လှပလွန်းနေလေ၏။ မျက်နှာပေါ်မှ အပြုံးလေးကို မြင်လိုက်ရလျှင်ဖြင့် ရန်သူများပင် အမျက်ပြေသွားမည့်အလားပင်။
"အင်း"
ထန်ဆိုဆို၏ နှုတ်ဆက်စကားအဆုံးတွင် ယွန်းဂျွန်ကလည်း ပြန်လည် အရိုအသေပေးလိုက်လေပြီး ဘေးတွင်ရပ်နေသော ဂျိုဂုကလည်း နှုတ်ဆက်လာလေသည်။
"မင်..မင်္ဂလာပါ"
ယွန်းဂျွန်နှင့် ဂျိုဂုတို့၏ ရှက်ကိုးရှက်ကန်း အမူအရာများကို မြင်သောအခါတွင်မူ ထန်ဂန်း၏မျက်နှာက ပို၍မဲလာလေတော့သည်။
"ကျုပ်ရဲ့သမီး က မင်းတို့နဲ့ သက်တူရွယ်တူပဲဆိုတော့ မင်းတို့တွေ အချင်းချင်း သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်မယ်ထင်လို့ ငါခေါ်လာခဲ့တာ"
"ထန်မိသားစုက အိမ်ထဲမှာလည်း ဒီလိုပဲ လက်နက်တွေကို ယူသွားခိုင်းတယ်လား"
"ငါလည်း ပြောတာပဲ...သူက အဲ့တာတွေကိုမှ လှတယ်လို့ ထင်နေတာလေ"
သောက်ကျိုးနည်း..အဲ့တာတွေက အလှဆင်တဲ့ အဆင်တန်ဆာတွေလား..
ငါ့အထင်တော့ လျို့ဝှက်လက်နက်တွေလားလို့ပါ...
ဘယ်လိုတောင် ဝတ်ထားတာတုန်း...
ထန်ဂန်းက မျက်နှာပူပူနှင့်ပင် ချွန်းမြောင်ကိုကြည့်ကာ ပြောလာလေသည်။
"ဒီကလေး...မဟုတ်ဘူး...သူက မင်းကို တွေ့ချင်တယ်ဆိုလို့ ငါခေါ်လာပေးတာ ..မင်းတို့အချင်းချင်း ကောင်းမွန်တဲ့ဆက်ဆံရေးလေး တည်ဆောက်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်...တကယ့်ကို ကောင်းမွန်တဲ့ ဆက်ဆံရေးလေးပေါ့"
ဟမ်...
ဟေ...
ဘယ်လို...ဘယ်လို..
ချွန်းမြောင် ထန်ဂန်း၏ အဓိပ္ပါယ်နှစ်ခွစကားကြီးကို နားမလည်နိုင်ဖြစ်သွားလေပြီး သူ၏ဆရာတူအကိုကြီးများကို အားကိုးတကြီး ကြည့်လိုက်လေသည်။ သူ၏ ဆရာတူအကိုကြီးများကလည်း သူ့အား နားမလည်ပါးမလည် ပြူးကျယ်စွာပင် ကြည့်နေကြလေသည်။
သောက်ကျိုးနည်း...ဒါက ဘယ်လိုအခြေအနေကြီးတုန်း..
လက်ထပ်ပွဲအတွက် တောင်းရမ်းခံရတဲ့ သတို့သမီးလေးလို ခံစားချက်မျိုးက ဘဇာကြောင့် ရနေတာတုန်း
"ကျွန်တော်နဲ့လား..."
ချွန်းမြောင်က ယောင်နနနှင့်ပင် သူ့ကိုယ်သူလက်ညိုးထိုးပြကာ မေးလိုက်လေသည်။ ထန်ဂန်းကလည်း ခေါင်းငြိမ့်ပြကာ အဖြေပေးလေ၏။
"မဟုတ်ဘူးလေ..ကျွန်တော်က"
တာအို ကိုယ်တော်လေ...
ဟုတ်တယ်နော်...အဲ့လိုတော့ ပြောလို့ရတယ်မို့လား...
"အင်း...."
"သူ့ကို နှုတ်ဆက်လိုက်"
ထန်ဆိုဆိုက အပြုံးလေးနှင့် နှုတ်ဆက်လာသည်နှင့် ချွန်းမြောင်ပြန်ကာ ပြုံးပြလိုက်လေသည်။
အား...
ဆရာတူအကိုကြီး...
ဂိုဏ်းချုပ် ဆရာတူအကိုကြီး...
ကျွန်တော့်ကို ကယ်တော်မူပါ...အား...