← Chapters

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အပိုင်း(၁၉၉)

မတရားဘူးထင်ရင် လာရှင်းလိုက်လေ(၄)

"အင်း...."

ချွန်းမြောင်က အိပ်ယာပေါ်တွင် ပင်ပန်းနေသည့်ပုံနှင့် လဲလျောင်းနေပြီး ဘတ်ချုန်းနှင့် ယွန်းဂျွန်ကို ထိုအခြင်းအရာကို ကြည့်ကာ ကိုယ်စီခေါင်းခါလိုက်ကြလေသည်။

"ရှင် အဆင်ပြေရဲ့လား"

"ဟင်..အင်း ..အဲ့ဒီ လေချိုသီးလေး..."

ချွန်းမြောင်၏ အသွင်အပြင်က အချိန်မရွေးသေသွားတော့မည့် လူနာတစ်ဦးလိုပင်။ အစောပိုင်းကပင် နတ်ဘုံနတ်နန်းဖြစ်နေခဲ့သော ထန်မိသားစု၏ အရိပ်အာဝါသက ယခုတွင်မူ ချွန်းမြောင်အဖို့ ငရဲသုသာန်တစပြင် အလားပင်။

အကြောင်းမှာမူကား ချွန်းမြောင်အား စက္ကန့်လေးပင် အလွတ်မပေးဘဲ အနားတွင်ရှိနေလေသော ထန်ဆိုဆိုကြောင့်ပင်။ ထန်ဆိုဆိုက အနားမှနေကာ ရေပူရေအေး ကမ်းလှမ်းနေရုံသာမက အသီးဆိုအသီး ၊အသားဆိုအသား ခွံ့ပင်ကျွေးနေလေသည်။ အဆုံးသတ်ရလဒ်အနေနှင့်မူ ချွန်းမြောင်မှာ ထန်ဆိုဆို၏ ဂရုစိုက်မှုတို့ကို သည်းမခံနိုင်တော့ဘဲ ဘတ်ချုန်း၏ အခန်းထဲသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့လေတော့သည်။

"သွား...မင်းအခန်း မင်းပြန်"

"နည်းပြ"

"ပြော"

"ကျွန်တော် ကြောက်လို့ပါဆိုနေမှ"

"…"

ချွန်းမြောင်၏ ပူပူပန်ပန်စကားကြောင့် ဘေးတွင်ထိုင်နေသော ယွန်းဂျွန်က ရယ်နေလေတော့သည်။

"ငါ့အထင်တော့ မင်းတို့အဆင်ပြေနေသလားလို့ပါ...အခုက ဘာဖြစ်တာတုန်း"

"မင်း စိတ်မပါရင်တောင် စကားကောင်းကောင်းမွန်မွန်လေး ပြောတာမျိုးတော့ မင်းသင်ယူထားသင့်တယ်..ဒီလိုပြေးလာတာကြီးကတော့ တော်တော်လွန်တယ်နော်...သိလား ..တော်တော်လေးလွန်တယ်"

"အေးလေ...ပြီးတော့ သူက ဒီတိုင်း ထန်မိသားစုရဲ့ သမီးတစ်ယောက်ပဲ ဟာကို ..ဘာတွေဖြစ်နေတာတုန်း...မင်းက"

ဘတ်ချုန်းနှင့် ယွန်းဂျွန်တို့၏စကားကို ချွန်းမြောင်က မကျေမနပ် နှာမှုတ်လိုက်လေသည်။

"ဘာ ထန်မိသားစုရဲ့ သမီးလေးပဲလဲ...အဲ့တာ ပြဿနာအိုးကြီးနော်...ပွင့်တော့မယ့် သေပန်းကြီး သိရဲ့လား"

"… ဟေ."

"လက်ထပ်တာ ဟုတ်လား...အဲ့လိုလုပ်မယ့်အစား သေသွားတာပဲ ကောင်းဦးမယ်...ဘာမှတ်နေလဲ ...ကျွန်တော်က တာအိုကိုယ်တော်ဗျ..တာအိုကိုယ်တော်"

"ဟွာဆန်းက တာအိုကျင့်ကြံသူတွေက အိမ်ထောင်ပြုလို့ ရတယ်လေ..မပြုရဘူးလို့ တားမြစ်ထားတာမျိုး မရှိဘူး"

ဘတ်ချုန်း၏ စကားကို ယွန်းဂျွန်ကလည်း ထောက်ခံလာလေသည်။

"ဟုတ်တယ်...ဂိုဏ်းထဲမှာ လက်ထပ်ထားတဲ့ တချို့တလေတောင် ရှိတာပဲကို"

"ဟမ့်"

ချွန်းမြောင်က သူ့အား အရောက်ပို့နေကြသော ဆရာတူအကိုကြီးများကို မကျေနပ်စွာပင် ဆူပုတ်သွားလေသည်။

ထန်မိသားစုက လူကို ယူရအောင် ကျွန်တော်က အရူးလား...ဟွန့်

ဒီလောက် အဆိပ်တွေ ထူပြောနေတဲ့နေရာမှာ ဘာများကောင်းတာရှိလို့လဲ...အကုန်လုံး အဆိပ်တွေချည်းပဲကို...လုံးဝပဲ ...လုံးဝ မဖြစ်နိုင်ဘူး...

အဆိပ်ဘုရင်ဆိုပြီးတော့တောင် နာမည်ကြီးနေတာကို..

ဖြည်းဖြည်းချင်း အတွင်းချီတွေ ပျက်စီးအောင် အဆိပ်ခတ်ရင်တောင် သိလိုက်ရမှာ မဟုတ်ဘူး...

လုံးဝပဲ...မဖြစ်နိုင်ဘူး....

"ဟွန့်...သူက အဆင်ပြေတယ်လို့ ခံစားရတယ်ဆိုရင် ဘာလို့ အကိုကြီးယွန်းဂျွန်နဲ့ မပေးစားလဲ ..ပြော"

"သူက ငါ့မှ မကြိုက်တာကို"

"အဲ့တာတော့ သိတယ်လေ...ဒါပေမယ့်လည်း.."

"ဘာတုန်း"

ချွန်းမြောင်က မည်သို့ဆက်ကာပြောရမည်မသိဘဲ အိပ်ယာပေါ်တွင် တက်ကာလှဲလိုက်လေသည်။ ယွန်းဂျွန်ကမူ ချွန်းမြောင်၏ စိတ်ညစ်နေသော မျက်နှာကြီးကိုကြည့်ကာ ကျေနပ်အားရစွာပင် ဘတ်ချုန်းအား လှမ်းကာ တပ်ကူခေါ်လိုက်လေသည်။

"နည်းပြ...ဟုတ်တယ်မို့လား...ကောင်မလေးက မဆိုးဘူးလို့ နည်းပြလည်း ထင်တယ်မို့လား"

"ဟင်"

"ရှေးဆိုရိုးတွေလည်း ရှိကြတယ်မို့လား...လက်ထပ်တာကမှ ရေရှည်အလုပ်အတွက်ဆိုပြီးတော့လေ..မင်းသာ အခုလက်ထပ်လိုက်မယ်ဆို ဒီဆိုရိုးနဲ့ကွက်တိဖြစ်သွားမှာပဲ...စကားမစပ် အဲ့လိုဆို ဟွာဆန်းနဲ့ထန်မိသားစုက သွေးရင်းတွေတောင် ဖြစ်ရင်ဖြစ်သွားမယ် ထင်တယ်"

"ယွန်းဂျွန်"

"ဟုတ်ကဲ့"

"ငါ ဒီနေ့ မင်းကို တအားကို စိတ်ပျက်သွားပြီကွာ..တကယ်ကိုပဲ..."

"ဘာလို့များလဲ..နည်းပြ"

"ဒီလိုကောင်ကို ယူရမယ့် ကောင်မလေးဘက်ကနေလည်း တွေးကြည့်ပါဦး...ဘယ်လောက်တောင် သနားစရာကောင်း နေလိုက်မလဲ...သူ့ဘဝလေး ဘယ်လောက်တောင် ဆိုးဝါးသွားမလဲဆိုတာကို"

"အာ...ဟုတ်သား...ကျွန်တော် မတွေးမိဘူးဖြစ်သွားတယ်...ကျွန်တော့ကို အပြစ်ပေးလိုက်ပါ...နည်းပြ"

"ဒီလူတွေကတော့..."

ဘတ်ချုန်းနှင့် ယွန်းဂျွန်တို့ကို ချွန်းမြောင်က စိတ်မရှည်စွာပင် ထကာအော်လိုက်ကာမှ နှစ်ဦးသားက ချောင်းကိုယ်စီဟန့်ကာ မသိကျိုးကျွံပြုပြီး တဖက်လှည့်သွားကြလေသည်။

ငါတို့ပြောတာ ဘာမှားတာကြလို့..

လူဆိုရင်တော့ အသိတရားလေး ရှိရမှာပဲလေ...

အခန်းထဲရှိ အခြင်းအရာများကို ပြုံးကာကြည့်နေသော ဂျိုဂုက ထိုအခါမှ စကားစလာလေသည်။

"ပြောကြတာကတော့ ထန်မိသားစုက သူတို့သမီးကို ရတနာတစ်ပါးလိုကို ဂရုစိုက်ကြတယ်လို့ ပြောကြတာပဲ...ရတနာတွေထက်တောင် တန်ဖိုးကြီးတယ်ဆိုပဲ...သူတို့အတွက်တော့"

"ဒါဆိုလည်း သမီးမပေးနဲ့...ရတနာပဲပေးလို့ ပြောပေး"

"နေပါဦး...နောက်ထပ်က သူတို့က ဘာဆက်လုပ်မလဲ ကြည့်ပါဦး..မင်းကလည်း ဇွတ်ပဲ"

"ဘာ နောက်ထပ်တုန်း...နောက်ထပ်လာတာကတော့ အဆိပ်တွေပဲနေမှာ သိလား...ထန်မိသားစုကတော့ တခြားသူတွေကို ထွေထူးသောက်ရေးလုပ်နေမှာ မဟုတ်ဘူး "

ချွန်းမြောင် ပြောပြီးသည်နှင့် သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။

".ဟုတ်တယ်...အဲ့လူကြီးရဲ့ ကျင့်ကြံစဉ်နဲ့ စွမ်းအားက သာမန်မဟုတ်ဘူး"

ထန်ဂန်းဆိုသည်က သူတစ်ပါးအား ဂရုစိုက်ရန်မလိုသည့် ဖြစ်တည်မှုမျိူးပင်။ သူဆန္ဒရှိလျှင် တဖက်သားအား ပြန်ကာငဲ့ကြည့်မည် သူမျိူးလည်း မဟုတ်ပေ။ ထို့ကြောင့် ချွန်းမြောင်ပင် ဤထန် အိမ်ထဲမှ လက်လွတ်စပယ် မထွက်ခွာသွားရဲပေ။

"…သူက ဘာလို့ မလာသေးတာလဲ"

ထန်ဆိုဆို၏ အမေးကြောင့် ထန်ဇန် သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။

"မမ..မမကြည့်ရတာကလည်း လင်သားကို မျှော်နေတဲ့ ဇနီးအိုကြီးကျလို့"

"နင့်ပါးစပ်ကို ပိတ်ထားစမ်း"

"တော်တော်လေးကို ထူးဆန်းတယ်...ဘာအကြောင်းပြချက်မှ မရှိဘဲ ဘာလို့ ငါ့ကိုရှောင်‌နေရတာလဲ"

"ဘာလို့လို့ ထင်လဲ"

"ငါ တအားလှနေလို့များလား"

"..""

ထန်ဇန် မျက်ဖြူလန်ပြလိုက်လေသည်။

ငါပြောလိုက်ရရင် မကောင်းရှိတော့မယ်...

မှန်တာပြောလျှင် ရွာပြင်ထုတ်ခံရ ဟူသော စကားပုံကို ထန်ဇန် ရုတ်တရက်သတိရသွားလေသည်။ အမှန်တိုင်း ပြောလိုက်၍ မဖြစ်ပေ။ သူ့အစ်မလက်စာမိသွားပေလိမ့်မည်။

"အင်း...သူက တာအိုကိုယ်တော်မို့လို့များလားပဲ..အလှအပကိုလည်း သိပ်တော့ ခံစားတတ်ပုံမရပါဘူး...ငယ်ငယ်ကတည်းက ကျင့်ကြံနေရတော့ အလှအပကို မျက်လုံးက မကြည့်တတ်တော့တာ နေမှာ"

"မဟုတ်လည်း မိန်းမတွေကို စိတ်မဝင်စားတာလည်း ဖြစ်နိုင်တာပဲ"

"အဲ့လိုယောက်ျားတွေရော လောကကြီးမှာ ရှိသေးတယ်လား"

ထန်ဇန် အမဖြစ်သူကို ကြည့်ကာ သက်ပြင်းခိုးချမိသွားလေသည်။ ဤအခြေအနေကြီးက အတော်ပင် ထူးဆန်းလှလေသည်။ ထန်ဆိုဆိုသည် လူတစ်ယောက်ကို ပစ်ပုံကာ အသားလွတ်ယုံစားလက်ထပ်ချင်သော လူမျိုး မဟုတ်ပေ။ ယခုမှသာ ရုတ်တရက်ကြီး စိတ်ပြောင်းသွားကာ ချွန်းမြောင်ကို တွယ်ကပ်နေခြင်း ဖြစ်လေသည်။ ထန်ဇန် လက်ရှိအခြေအနေကြီးကို အမှန်ပင် နားမလည်နိုင်တော့ပေ။

"မမ..မမက ဟွာဆန်းရဲ့ နဂါးကောင်ကို ကြိုက်လို့လား"

"ဇန်လေး"

"ဟုတ်."

"ငါ သူ့ကို မနေ့ကမှ ပထမဆုံးအကြိမ် မြင်ဖူးတာ."

"…"

"ငါ သူ့အကြောင်းကို ဘာသိမှာလဲ...လူတွေကို သိနိုင်တဲ့အစွမ်းမျိူးလည်း ငါ့ဆီမှာ ရှိနေတာမှ မဟုတ်တာ"

"ဒါဆို ဘာလို့ဒီလောက်ကြီး သူ့ကိုချဉ်းကပ်နေတာလဲ"

ထန်ဆိုဆိုက မောင်ဖြစ်သူကို နွေးထွေးသောအကြည့်နှင့်ကြည့်ကာ ပြောလိုက်လေသည်။

"ဒီအခွင့်အရေးကို လက်လွတ်လိုက်ရင် ငါက ဘယ်အချိန်ကျမှ လက်ထပ်ရတော့မှာလဲ"

"..."

ထန်ဆိုဆို၏ စကားကြောင့် ထန်ဇန်စကားပင် မပြန်နိုင်ရှာပေ။

"အဖေက ငါ့ကို သိပ်ချစ်ရှာတာ..ပြီးတော့ သူက ထန်မိသားစုရဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဟုတ်တယ်..အဖေက တာဝန်က ပထမ၊ ကိုယ်ရေးကိုယ်တာ ခံစားချက်က ဒုတိယဆိုပြီး ထန်မိသားစုအပေါ် တာဝန်သိလွန်းတဲ့ လူမျိုး..ဆိုတော့ တစ်ချိန်ချိန်ကျရင်တော့ ငါ့ကို အိမ်ထောင်ချပေးဖို့ လုပ်ကိုလုပ်ရတော့မှာ..ပြီးတော့ အဖေ့အနေနဲ့ ငါ့ကို အင်အားကြီးမားတဲ့သူနဲ့ပဲ လက်ထပ်စေချင်မှာပဲ"

"အင်း..အဲ့တာကတော့ ဟုတ်တယ်"

"အဖေက ငါ့ကို အိမ်ထောင်ချပေးဖို့ လုပ်တိုင်းလည်း ငါလိုက်ဖျက်နေတာ များလှပါပြီ..နောက်ထပ်ဖျက်လို့ရော ဘာထူးတော့မှာလဲ..ကံတရားက ဒီလိုဖြစ်လာပြီဆိုတော့လည်း လက်ခံရုံပဲပေါ့. ဒါက ထန်မိသားစုမှာ သမီးမိန်းကလေး ဖြစ်လာတဲ့ ငါ့ရဲ့ကံတရားပဲလေ."

"ဒါပေမယ့် အခုနဂါးကောင်ကိုက မမက သဘောကျလို့လား"

"တောင်တွေကြားမှာ နေတဲ့သူကို ငါက သဘောကျစရာလား...ဒါပေမယ့် အဖေကတော့ သူ့ကိုတော်တော်လေး သဘောတွေ့နေတာ သေချာတယ်..လောကမှာ အတော်ဆုံး ဖြစ်လာမယ်လို့တောင် မျှော်လင့်ထားတာ"

"ဆိုတော့ မမက သူက လောကရဲ့အတော်ဆုံးဓါးသမားဖြစ်လာမယ်ဆိုလို့ လက်ထပ်ချင်တာပေါ့"

ထန်ဇန်၏ အမေးကို မဖြေဘဲ ထန်ဆိုဆိုက ကြည့်ရုံသာကြည့်လာလေသည်။

"မမ ...မမရူးသွားပြီလား"

"ဟမ်"

"ဒါက ဘာအဓိပ္ပါယ်ရှိလို့လဲ..အဖေ ဘယ်လိုပဲထင်ထင် သူကတကယ် အကောင်းဆုံးဓါးသမား ဖြစ်သေးတာမှ မဟုတ်တာ"

"ဒါကို ဘာလို့လဲ"

"နင် သိလား...သူက အဲ့လိုရည်ရွယ်ချက်သက်သက်ပဲ ရှိတယ်ဆိုရင် ဒီကိုလာနေမှာ မဟုတ်ဘူး..လေ့ကျင့်တာပဲ လုပ်နေမှာ...ဒါဆို ငါကလည်း ပတ်သက်စရာ မလိုတော့ဘူး"

"အင်း"

"ဒီလို အခွင့်အရေးကောင်းကို ငါလက်လွတ်ခံလို့ ဘယ်ဖြစ်မှာလဲ.."

အခွင့်အရေးကောင်းလား..

ဘယ်လိုလဲဟ..

ထန်ဇန် အမဖြစ်သူ၏ အစီအစဉ်များကို နားမလည်နိုင်ရှာတော့ပေ။

"ဒါက ဘယ်လိုအခွင့်အရေး ကောင်းလဲ"

"ဒါက ငါ့ဘဝကြီးကို ပုံသေဖြစ်စေမယ့် လူထက်စာရင်တော့ အဆတစ်ရာမက ကောင်းတယ်ဟဲ့..ငါသာ အင်အားကြီးမိသားစုက လူတစ်ယောက်ကို လက်ထပ်ပြီး တသက်လုံး ဘဝကြီးကို ထိန်းချုပ်ခံထားတာထက်စာရင် အင်အားသိပ်မကြီးဘဲ ငါ့ကို ငါ့ဆန္ဒအတိုင်း ထားမယ့်သူနဲ့ လက်ထပ်ရတာက ပိုမကောင်းဘူးလား..နင်ဆိုရင်ရော တသက်လုံးအထိန်းချုပ်ခံဘဝမှာ နေနိုင်မှာလား "

"လူတွေကိုရော ပတ်ဝန်းကျင်ကိုရော ငါနဲ့လက်ထပ်ထားတဲ့သူကိုပါ ကြောက်ရွံ့အထိန်းချုပ်မခံရနိုင်တဲ့ လူမျိုးကိုပဲ ငါလိုချင်တယ်..အဲ့လိုလူကို တွေ့ရင် အသေရရ အရှင်ရရ အလွတ်မပေးဘူးပဲ"

အမဖြစ်သူ၏ စိတ်အားထက်သန်နေမှုကြီးကြောင့် ထန်ဇန်မျက်ဖြူလန်သွားလေတော့သည်။

"အဲ့လို နေလို့ရဖို့ဆို သူမဟုတ်ဘဲ တခြားသူဆို အဖေက လက်ခံမယ်လို့ ငါမထင်ဘူး..အဲ့တာကြောင့်ပဲ ငါတွယ်ကပ်နေရတာက"

အင်း..မမက တကယ့်ကို အစီအစဉ်ကြီးကြီးချထားတာပဲ...

ထန်ဆိုဆို၏ ရည်ရွယ်ချက်ကမူ လွတ်လွတ်လပ်လပ်နှင့် ဘဝကို ရှင်သန်သွားရရန်ပင်။ သူမ၏ ရည်ရွယ်ချက်ကို အကောင်းဆုံးပို့ပေးနိုင်မည့်သူက ယခုလက်ရှိတွင်မူ ချွန်းမြောင်က အသင့်တော်ဆုံးဟု ထင်လေသည်။

"ဟွာဆန်းရဲ့ နဂါးက အဲ့လောက်တော့ အညှာလွယ်ပုံမရဘူးနော်..မမစီစဉ်ထားသလို ဖြစ်မလာရင် ဘယ်လိုလုပ်မှာလဲ..မမလည်း ထိန်းလို့ရမယ့်ပုံမပေါ်ဘူး"

"နင် အထင်မှားနေပြန်ပြီ"

"ဟမ်"

"ငါကလည်း သူ့ကိုထိန်းချုပ်နိုင်ဖို့ ဆန္ဒမရှိပါဘူး...ထိန်းလည်းထိန်းနိုင်မှာ မဟုတ်ဘူး..အဖေကတောင် လက်မြောက်ထားတဲ့သူကို ငါကဘယ်လိုထိန်းနိုင်မှာလဲ..ငါက သူ့ကိုလေးစားပြီး အားကိုးချင်ရုံတင်ပါ"

"ဒါဆို အချစ်ကရော"

"ဒါက ဘာများအရေးကြီးနေလို့လဲ...အချစ်ဆိုတာက အတူနေတာကြာလာရင် ဖြစ်လာတတ်တဲ့ ဆက်ဆံရေးတစ်မျိုးပဲဟာကို"

"…"

"ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာက ပြဿနာမဟုတ်ဘူး..အခုမချစ်ရင်တောင် အချိန်တစ်ခုကြာတဲ့အခါကျ ချစ်သွားလိမ့်မယ်".

ထန်ဇန် ယုံကြည်မှုအပြည့်နှင့် ပြောနေသော သူ၏အစ်မကို ကြည့်ကာ သူအပြစ်မတင်ရက်တော့ပေ။ သူအစ်မ ဤမျှ ဖြစ်နေရခြင်းက သူတို့မိသားစု၏ ထုံးစံကြောင့်ပင်။ ထန်မိသားစုတွင် သမီးမိန်းကလေးများကို မိသားစုဝင်အဖြစ် သတ်မှတ်ခြင်းမရှိပေ။ ထန်မိသားစု၏ သိုင်းပညာများကို သင်ယူခွင့်လည်း မရသကဲ့သို့ ပြင်ပလောကနှင့်လည်း ထိတွေ့ခွင့် မရှိပေ။ ဘဝကြီးကို အိမ်ထဲတွင်သာ ပိတ်လှောင်ခံထားရလေသည်။ အချိန်တစ်ခုရောက်လာသောအခါတွင်မူ လက်ထပ်သူအမျိုးသားနောက်သို့လိုက်ကာ မိသားစုကို စွန့်ခွာကြရသည်ပင်။ အာဏာရှိသော မိသားစုတစ်ခုနှင့် လက်ဆက်မိပါက သူ့ဘဝက ယခုထက်ပို၍ ကျဉ်းကျပ်သွားမည်ကို စိုးသည်က တစ်ကြောင်း၊ သာမန်ညောင်ညဆိုလျှင် သူမ၏အဖေက သဘောမတူမည်ကို စိုးရိမ်သည်က တစ်ကြောင်းဖြင့် ထန်ဆိုဆို ဤမျှ အသည်းအသန်ဖြစ်နေခြင်းပင်။

"ဇန်လေး"

"ဟုတ်ကဲ့..မမ"

"နင် ငါ့ကို ကူညီမှရမယ်"

"…"

"ငါဘဝကို ပျော်ပျော်ပဲ နေသွားချင်တယ်...ငါ နေချင်သလို နေလို့ရဖို့ဆို ဒီလူနဲ့ လက်ထပ်ရဖို့လိုတယ်...ဆိုတော့ သူနဲ့လက်ထပ်လို့ရမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ငါလုပ်မယ်လို့ ဆုံးဖြတ်ထားပြီးပြီ..ဆိုတော့ နင်လည်း ကူညီနိုင်သလောက် ကူညီရမယ်..ငါလည်း နင့်ကိုကူညီမယ်"

"ဟမ်...မမက ကျွန်တော့်ကို ဘယ်လိုကူညီမှာလဲ"

"လောကရဲ့ အကောင်းဆုံးဓါးသမားရဲ့ယောက်ဖက ဘယ်သူကများ မထီလေးစားလုပ်ရဲမယ်လို့ ထင်နေတာလဲ"

"…"

"ငါ့ကို ကူညီပေး."

ထန်ဇန်က ခေါင်းငြိမ့်ပြလိုက်လေသည်။

"ငါ နင့်ကိုယုံပါတယ်"

မောင်နှမနှစ်ယောက်က တစ်ဦးလက်ကိုတစ်ဦးဆုပ်ကိုင်ကာ အားတင်းပြုံးပြလိုက်ကြလေသည်။

အနည်းငယ်လှမ်းသောနေရာတစ်ခုတွင်မူ ခံစားချက်မကောင်းစွာဖြင့် မျက်စိလျင်လျင်ထားကာ ပုန်းကွယ်ရန်နေရာရှာနေသည့် ချွန်းမြောင်ရှိလေသည်။ ချွန်းမြောင်သည် ဘေးဘီကို‌ဝေ့ဝဲကာ ကြည့်လိုက်လေပြီးမှ သက်ပြင်းရှည်ကြီးကိုချကာ ခေါင်မိုးပေါ်သို့ တက်လာလေ၏။

အိုး..ငါ့ဘဝလေးကလည်း..

ဟွာဆန်းတွင် ယုရီဆိုး၏ တွယ်ကပ်ခြင်းကို ခံရပြီး ထန်မိသားစုတွင်မူ ထန်ဆိုဆိုလက်မှ မလွတ်နိုင်ဖြစ်နေလေသည်။ ဇီးပန်းပွင့်ဓါးသူရဲကောင်းဟူ၍ အားလုံးက ဖိန့်ဖိန့်တုန် ကြောက်ရွံ့ရသော သူသည် မိန်းမငယ်လေးများကိုမူ ပြန်လည်ကာ ကြောက်ရွံ့ရှောင်ပုန်းနေရရှာလေသည်။

[လက်သာခံလိုက်စမ်းပါ]

"ဒါဆိုလည်း အကိုကြီးပဲ သူ့ကို ယူလိုက်လေ"

ချွန်းမြောင်က ကောင်းကင်ကြီးကို လက်ညိုးထိုးကာ အော်ဟစ်လိုက်လေပြီး ဘေးနားမှ ပစ္စည်းများကို ဆွဲယူလိုက်လေသည်။

"အ့.."

ဝမ်းဗိုက်မှ ဒဏ်ရာက နာကြင်လာလေသည်မို့ ချွန်းမြောင်ရှုံ့မဲ့သွားလေသည်။ သူ၏ဒဏ်ရာက နာကြင်နေဆဲဖြစ်သော်လည်း သူအားလုံး၏ အရှေ့တွင်မူ အဆင်ပြေသလိုသာ နေနေလေသည်။ ထန်မိသားစုရှေ့တွင်မူ သန်မာပြရန်လိုအပ်သည်မို့ အဆင်ပြေဟန်ဆောင်နေရပြီး သူ၏ဆရာတူအကိုကြီးများကိုမူ စိတ်မပူစေလို၍ သန်မာဟန်ဆောင်ပြနေရခြင်းပင်။ သူ နာကြင်ပြလိုက်ပါက ကူကယ်ရာမဲ့ဖြစ်နေကြသော သူ၏အကိုကြီးများကို သူမကြည့်ရက်ပေ။ ချွန်းမြောင် သူ၏စိတ်များက တဖြည်းဖြည်းနှင့်နူးညံ့လာသည်ကို သတိထားမိလေသည်။

"ထူးဆန်းလိုက်တာနော်...ဆရာတူအကိုကြီး"

ချွန်းမြောင် ပြောလည်းပြောကာ သေရည်ပုလင်းကို ယူကာ သောက်လိုက်လေသည်။ ထို့နောက်တွင်မူ ‌ပေကျံနေသော သေရည်များကို ဖိသုတ်လိုက်ပြီး ညကောင်းကင်မှ လမင်းကြီးကို မော့ကာ ကြည့်လိုက်လေသည်

အားနည်းလိုက်တာ..

ငါ တကယ်အားနည်းသွားတာပဲ.

ထန်ဂန်းနဲ့ယှဉ်တာတောင် ဒဏ်ရာရတယ်..

အတိတ်ဘဝတုန်းက အခြေအနေနှင့်သာဆိုလျှင် ချွန်းမြောင်ရှိရာသို့ ဓါးတစ်ချောင်းပင် လှည့်လာနိုင်မည် မဟုတ်ပေ။ ယခုဘဝ ယခုခန္ဓာသည် အတိတ်ဘဝက အခြေအနေနှင့်ယှဉ်လျှင် အပုံကြီးကွာခြားကာ အားနည်းလွန်းလှပေ၏။ ပြန်လည်မွေးဖွားကာစအချိန်နှင့်စာလျှင် အင်အားက တိုးတက်လာသည်ဖြစ်သော်လည်း ယခင်အတိတ်ဘဝကနှင့် ယှဉ်လျှင်မူ နံ့သာဆီနှင့် အီးလို အကွာကြီးပင်။ ချွန်းမြောင် သက်ပြင်းမောကြီးကို ချလိုက်လေသည်။

"အင်း...ဒီလောက်နဲ့ ကျေနပ်မနေဘဲ ဒီထက်ပိုသန်မာလာအောင် ကြိုးစားရဦးမယ်..ဟွာဆန်းကိုက ကာကွယ်ရဦးမှာ"

ချွန်းမြောင်က အင်္ကျီလက်ကို ထိလိုက်ပြီးမှ အထဲက ပစ္စည်းကို ထုတ်ယူလိုက်လေသည်။ ကောင်းပင်အဆိပ်ဆေးလုံးနှင့် စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်းဆေးလုံးတို့က သူ၏လက်ထဲတွင် ရှိနေလေသည်။

ဒီဆေးလုံးတွေက တကယ်ရော အလုပ်ဖြစ်ပါ့မလား..

ငါ ဒဏ်ရာသက်သာသွားတဲ့အခါမှ နှစ်လုံးစလုံးကို သောက်လိုက်တော့မယ်..

ဒါဆိုရင်တော့ အင်အားတိုးလာကောင်းပါရဲ့...

ချွန်းမြောင် ရုတ်တရက်ဆိုသလိုပင် အသက်ကိုအောင့်ကာ ခေါင်မိုးပေါ်တွင် လဲချလိုက်လေသည်။

"ဂိုဏ်းသား ချွန်းမြောင်..ဂိုဏ်းသားချွန်းမြောင်..ထူးဆန်းလိုက်တာ ..ငါ သူ့အခန်းထဲမှာ သေချာကြည့်ခဲ့တာကို သူက အခန်းထဲမှာလည်း မဟုတ် ..အပြင်မှာလည်း မရှိနဲ့..ဘယ်ရောက်နေပါလိမ့်"

ချွန်းမြောင် အသက်ပင်မရှုဝံ့ပေ။ ထန်ဆိုဆို အဝေးသို့ထွက်သွားသည် သေချာမှသာ သူ သက်မချနိုင်လေတော့သည်။

ရိုက်မရ ပြုမရနဲ့ ငါတော့ ဒုက္ခရောက်ပြီ...

ချွန်းမြောင် သူ၏အဖြစ်ကိုသူတွေးကာ ရယ်ချင်မိသွားလေတော့သည်။ လတ်တလောတွင်တော့ သူ့အား ကယ်တင်နိုင်သူ ရှိမနေပေ။ ဒုက္ခလှလှ တွေ့ချေပြီ။

အပိုင်း (၂၀၀)

မတရားဘူးထင်ရင် လာရှင်းလိုက်လေ (၅)

လူနှစ်ယောက်က ထန်မိသားစုပိုင် ခြံဝန်းထဲတွင် ပြေးလွှားနေကြလေသည်။

“ဂိုဏ်းသား ချွန်းမြောင်…အဲ့နေရာမှာ ရပ်နေလိုက်ပါ”

ထန်ဆိုဆိုက သူမ၏ စကတ်ရှည်ကြီးကိုမကာ နောက်မှအပြေးလိုက်နေလေပြီး ချွန်းမြောင်ကလည်း တစ်ချက်ပင် ပြန်လှည့်မကြည့်ပေ။ တချိုးတည်းပြေးနေလေသည်။

“ခဏလေး စကားပြောကြရအောင်ပါ..ခဏစောင့်ပါဦး..ကျွန်မတို့ စကားပြောပြီးရင် ရှင်စိတ်ပြောင်းရင် ပြောင်းသွားမှာပါ… ကျွန်မရှင့်ကို သေရည်ကောင်းကောင်းလည်း ပေးပါ့မယ်…ဒီမှာလို့ “

“တော်ပြီ…မင်းပဲ သောက်လိုက်တော့”

ချွန်းမြောင်က မဆိုင်းမတွပင် ဖြေလိုက်ပြီး ရှေ့မှတန်းနေအောင်ပင် ပြေးသွားလေသည်။

ဘာတုန်းဟ…

ဘာဖြစ်နေကြတာလဲဟ..ဆူညံနေတာပဲ…

“ရပ်နေလို့ ပြောနေတယ်မို့လား ..ချီးကောင်ရဲ့..ဘာကိစ္စ ဒီလောက်ပြေးနေရတာလဲ”

ထန်ဆိုဆို၏ ဒေါသတကြီးဆဲဆိုသံကိုပင် ချွန်းမြောင် မတုံ့ပြန်နိုင်ဘဲ ရှေ့သို့ပင် တည့်တည့်ပြေးသွားလေပြီး တည့်တည့်တွင်ရှိနေသော အခန်းထဲသို့ တန်းကာဝင်သွားလေတော့သည်။ ထို့နောက်တွင်မူ တံခါးကိုဂျက်ချလိုက်ပြီး ထန်ဆိုဆို လိုက်လာမလာသေချာစေရန် ပြန်ကာချောင်းကြည့်လိုက်လေသည်။

တော်သေးတာပေါ့…ပါမလာလို့…

ထန်ဆိုဆို ပါမလာသည် သေချာမှ ချွန်းမြောင် သက်ပြင်းမောကြီးကို ချကာ ဖင်ချထိုင်လိုက်လေတော့သည်။

“…”

“…”

ထန်ဂန်းက အခန်းထဲသို့ပြေးဝင်လာသော ချွန်းမြောင်ကို အံဩတကြီးပင် ကြည့်နေသည်မို့ ထန်ဂန်းကို မြင်သည့်အခါ ချွန်းမြောင် အိုးတိုးအန်းတန်း ဖြစ်သွားလေသည်။

“ခေါင်းဆောင်ကြီးက ဒီရောက်နေတာလား”

“အင်း”

နှစ်ဦးသားလုံးက အနေခက်နေကြပြီး ရောက်တတ်ရာရာပြောရန်ကလည်း စကားရှာမရဖြစ်ကာ လေထုကလည်း အတန်ငယ် မွန်းကြပ်နေလေသည်။

“ရောက်လာမှတော့ ထိုင်ပါဦး”

“ဟုတ်ကဲ့”

ချွန်းမြောင်က ထန်ဂန်း၏မျက်စောင်းထိုး ခုံတွင်ဝင်ကာထိုင်လိုက်သည်နှင့် ထန်ဂန်းက ချွန်းမြောင်အား လက်ဖက်ရည်တစ်ခွက် ကမ်းပေးလာလေသည်။

“လက်ဖက်ရည်လေး သောက်ပါဦး”

“အာ…တော်ပါပြီ…ကျွန်တော် တော်တော်လေး ပူနေလို့”

“ဒီလက်ဖက်ရည်က အပူကို ချစေတယ်”

“အာ..ဒါဆိုလည်း”

ချွန်းမြောင်က စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ချက်ချင်းပင် ယူကာမော့သောက်လိုက်လေသည်

။

ချွန်းမြောင်က သောက်ပြီးသည်နှင့် လက်ဖက်ရည်ခွက်ကိုချကာ ထန်ဂန်းကို ကြည့်လာလေသည်။

“ဒါကြီးက ကောင်းကြသေးရဲ့လား”

“ဟမ်”

“ဘယ်လိုလူမျိုးက ကိုယ့်သမီးကို တာအိုကိုယ်တော်တစ်ပါးနဲ့တောင် ပေးစားချင်နေရတာလဲ…ဘယ်လိုပဲ မချစ်ဘူးပြောပြော သွေးက ရေထက်တော့ ပျစ်သေးတာပဲလေ…ကိုယ့်သမီးကို ထိုးပေးနေရလောက်အောင်ထိတော့ ခေါင်းဆောင်ကြီး မရက်စက်သင့်ပါဘူး”

“ဘာကြီး”

ထန်ဂန်းက ချွန်းမြောင်ဆိုလိုသည့်အရာကို နားမလည်ဟန်နှင့် ပြန်ကာမေးလာလေသည်။

ထန်ဂန်း၏ အမူအရာကိုကြည့်ကာ ချွန်းမြောင်က ခေါင်းငြိမ့်လိုက်ပြီး မေးလာလေသည်။

“ဘာလဲ..ဒါက ခေါင်းဆောင်ကြီးရဲ့ အကြံမဟုတ်ဘူးလား”

“ငါက ကန်းနေလို့ ငါ့သမီးကို မင်းနဲ့ပေးစားချင်ရမှာလား..ဖြစ်နိုင်တာလည်း ပြောပါဦး”

“…”

“…”

လေထုအခြေအနေက တစ်မျိုးတစ်မည် ပြောင်းလဲသွားပြီ ဖြစ်လေသည်။

“နေပါဦး..ဒါဆို အခု သူက ကျွန်တော့်ကို တကယ်ကြီးသဘောကျနေတာလား”

“ငါ ဘယ်လိုလုပ် သိမှာလဲ”

ထန်ဂန်က မေးစေ့ကိုပွတ်ကာ အပြစ်ကင်းဟန်ဆောင်ပြလိုက်လေသည်။

[ လုပ်ပါ…အဖေ..သမီးအောင်မြင်အောင် လုပ်ပါ့မယ်..သမီးကို သူနဲ့ မိတ်ဆက်ရုံလေးပဲ မိတ်ဆက်ပေးပါ…

မဟုတ်ရင် အဖေက သမီးကိုတကယ်ကြီး သေခါနီးအာဏာရှိအဖိုးကြီးတစ်ယောက်နဲ့ပေးစားမှာမို့လား..တကယ့်ကို မိတ်ဆက်ရုံလေး လုပ်ပေးရင် ရပါပြီ ]

ထန်ဂန်းက မသိယောင်ဆောင်ကာပင် ချွန်းမြောင်ကို ကြည့်လိုက်လေသည်။ ချွန်းမြောင်ဆိုသည်က အနာဂတ်တွင် တိုးတက်လာမည့်သူဖြစ်၍ သူတို့အနေနှင့် ငြင်းရန်မရှိပေ။ ဟွာဆန်း၏အနေအထားအရ နောက်ခံကောင်းကောင်း လိုအပ်နေသည်ဟု ထင်ရသောကြောင့် ချွန်းမြောင် ဤမျှခါးခါးသီးသီး ငြင်းလိုက်မည်ဟုလည်း မထင်ထားပေ။

ဒီကလေးက ဒီအသက်အရွယ်ကိုတောင် ဒီလောက်တော်နေတာ နောက်ဆယ်နှစ်လောက်သာဆို ငါတို့ဘိုးဘေးတွေထလာပြီး ယှဉ်ရင်တောင်သူ့တော့ ယှဉ်နိုင်မယ် မထင်ဘူး ….

ထန်ဂိုဏ်း၏ခေါင်းဆောင်တစ်ယောက်အနေနှင့် ကြည့်မည်ဆိုလျှင်မူ ချွန်းမြောင်သည် ဆွေမျိုးစပ်ရန် အသင့်တော်ဆုံး လူတစ်ယောက်ပင်။ သို့သော် ဖခင်တစ်ယောက်အနေနှင့် ကြည့်လျှင်မူ မဟုတ်ပေ။

အဖေတစ်ယောက်အနေနဲ့သာ မြင်လို့ကတော့ ငါ့မျက်လုံးတွေကန်းနေရင်တောင် ဒီလိုကောင်နဲ့တော့ ပေးစားမှာ မဟုတ်ဘူး… လူကောင်းတစ်ယောက်ဆီမှာပဲ ပေးလိုက်တော့မယ်…

ဖခင်တစ်ယောက်အနေနှင့်မူ ထန်ဂန်းလုံးဝပင် သူ့သမီးဖြစ်သူနှင့် ချွန်းမြောင်အား သဘောမတူနိုင်ပေ။

“အိမ်မက်မက် မနေနဲ့..”

“ဟမ်…ဘယ်သူက မက်တာလဲ ..ခေါင်းဆောင်ကြီးပဲ ခေါ်လာပြီး မိတ်ဆက်ပေးတာလေ…အိမ်မက်မက်တာက ခေါင်းဆောင်ကြီးလား”

“သူက မိတ်ဆက်ပေးပါဆိုလို့ ငါကမိတ်ဆက်ပေးရုံလေးပဲ”

“…”

ချွန်းမြောင် နားမလည်နိုင်ဖြစ်သွားလေသည်။

ဘာတုန်း..ဒီလူအိုကြီးက အလိုတူအလိုပါလား…မပါတာလား…

“ပြန်ရင်းနဲ့တောင် ပြန်တွေးမိရင် သေလိုက်ချင်တယ်…အဲ့လိုဆိုလည်း ဘာလို့ ခေါင်းဆောင်ကြီးက လိုလိုလားလား လာပြီး မိတ်ဆက်ပေးသေးလဲ”

ထန်ဂန်း မည်သို့ပြန်လည်ကာ ပြောရမည်မသိ ဖြစ်သွားလေသည်။ သမီးရှင်တစ်ယောက်၏ ရှက်ဒေါသက ထကြွလာလေပြီး ချွန်းမြောင်အား အေးစက်စက်ကြည့်လာလေ၏။

“မင်းက တကယ်ကို စစ်သည်ကောင်းတစ်ယောက်ပါ”

“အင်း”

“ဒါပေမယ့် လူကောင်းတော့ မဟုတ်ဘူး”

“..”

ထိုစကားက ယခုဘဝရော ယခင်ဘဝကပါ ကြိမ်ဖန်များစွာကြားခဲ့ရသောစကားဖြစ်၍ ချွန်းမြောင် ရင်ထဲမရောက်တော့ပေ။

“အင်း…”

“ဖခင်တစ်ယောက်က သူရဲ့သမီးကို လူတော်တစ်ယောက်နဲ့ လက်ထပ်ပေးချင်တာ မဟုတ်ဘူး…လူကောင်းတစ်ယောက်နဲ့ပဲ လက်ထပ်ပေးချင်တာ…ဖခင်တစ်ယောက်အနေနဲ့ဆိုရင်တော့ ငါ့သမီးကို မင်းနဲ့ သေးသေးလေးတောင် ငါသဘောမတူဘူး…ဒါပေမယ့် ထန်မိသားစုအကျိုးကို ကြည့်မယ့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ဆိုရင်တော့ မင်းက လက်မလွတ်သင့်တဲ့သူပဲ”

“အင်း…ဒါကတော့ အတော်နက်နဲတဲ့ ကိစ္စကြီး ဖြစ်သွားပြီ”

“အင်း…ဟုတ်တယ်”

ထန်ဂန်းကလည်း ချွန်းမြောင်၏စကားကို ထောက်ခံလာလေသည်။

“ဆိုတော့ ဟွာဆန်းက နဂါးကပဲ အဆင်ပြေသလို ဆုံးဖြတ်ပါ…မင်း အဆင်သင့်ဖြစ်တဲ့အချိန်ကျရင်ပေါ့”

“တကယ်ကြီးလား”

“ထားပါ…အခု ခေါင်းစဉ်ပြောင်းလိုက်ကြရအောင်…မင်း ထန်မိသားစုဆီက လိုချင်တာက ဘာလဲ”

ချွန်းမြောင် ယခုလာခဲ့သည်က ထန်ဂန်းနှင့်ဆွေးနွေးရန် ဖြစ်လေသည်။ ထန်ဆိုဆိုနှင့်ကိစ္စကို ဆွေးနွေးရန်မဟုတ်ပေ။ ထန်ဂန်းက ခေါင်းစဉ်ပြောင်းသွားသည်နှင့် ချွန်းမြောင်ကလည်း ပြောင်စပ်စပ်ငြင်းခုံနေသည်ကို အဆုံးသတ်ကာ အတည်ကြီးပြောလာလေသည်။

“ကျွန်တော့်အထင် နည်းပြကိုရော ခေါ်သင့်တယ်ထင်တယ်”

“ဒါဆိုလည်း ငါတို့ တခြားပိုပြီး အဆင်ပြေတဲ့နေရာကို သွားကြတာပေါ့..ဒါပေမယ့်”

ထန်ဂန်းက အပြင်ကိုတစ်ချက်ကြည့်ကာ ပြုံးလိုက်လေသည်။

“ဒီထဲမှာ အပြင်ထွက်ရမှာ မလွယ်ကူတဲ့လူတွေတော့ ရှိနေတဲ့ပုံပဲနော်”

“ဟူး”

ချွန်းမြောင် သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။ ဖခင် တစ်ယောက်၏အာဏာကို သုံးကာ ဖယ်ရှားခိုင်းလိုက်လျှင်ပင် အဆင်ပြေနေသည်ကို ထန်ဂန်းက ထိုသို့မလုပ်ပေ။ ချွန်းမြောင်ကို အတတ်နိုင်ဆုံးသောနည်းနှင့်သာ ဆွဲထားလေသည်။ ငြင်းသည်လည်း မဟုတ် လိုက်လျောသည်လည်း မဟုတ်သောအနေအထားနှင့် ဤနေရာတွင်မူ ဆွေးနွေးခြင်းကို စတင်ချင်နေလေသည်။

ထန်ဘိုနှင့် အမှန်ပင် ကွာခြားလှပေသည်။ ထန်ဘိုသည်က စိတ်ဆတ်ကာ အပြောဆိုးသော်လည်း စိတ်ရင်းကတော့ ဖြူသူဖြစ်လေသည်။ မာယာများခြင်းမျိုးလည်း မလုပ်တတ်ပေ။ ချွန်းမြောင် ထန်ဂန်းကို ကြည့်ကာ သက်ပြင်းရှည်ကြီးကို ချလိုက်ပြန်လေသည်။

“ဟုတ်ပြီလေ…ဒါဆိုလည်း ပထမဆုံးအနေနဲ့”

ချွန်းမြောင်က ထန်ဂန်းကိုကြည့်ကာ ပြောလိုက်လေသည်။

“သေချာအောင် မေးကြည့်မယ်..ခင်ဗျားတို့ ဟွာဆန်းနဲ့ ပူးပေါင်းခြင်စိတ် ရှိရဲ့လား”

“ဟွာဆန်းနဲ့တော့ မပူးပေါင်းချင်ပေမယ့် မင်းနဲ့တော့ ပူးပေါင်းချင်စိတ် ရှိပါတယ်”

“ဒါပေမယ့် ကျွန်တော်က ဟွာဆန်းကလူလေ”

“ငါသိတယ်လေ…မင်းက ဟွာဆန်းဂိုဏ်းသားဆိုတာကို ကောင်းကောင်းကြီးသိတယ်…ငါသာ မင်းကို ရနိုင်မယ်ဆိုရင် ဟွာဆန်းနဲ့လည်း ပူးပေါင်းပေးလို့ ရနိုင်ပါတယ်”

ထန်ဂန်းက ပြုံးကာဆက်ပြောလာလေသည်။

“ဟွာဆန်းကို ထောက်ပံ့ပေးရတာက ခက်ခဲတဲ့ကိစ္စမှ မဟုတ်တာ…ထန်မိသားစုက ဘယ်လိုတောင် ဂုဏ်သတင်းကြီးတယ်ဆိုတာကို မင်းမေ့လည်း မနေနဲ့ဦး”

ချွန်းမြောင်က ယုံကြည်မှုအပြည့်နှင့်ပြောနေသော ထန်ဂန်းကိုကြည့်ကာ ပြုံးလိုက်လေသည်။

“ဟုတ်ပြီလေ..ဆိုတော့ ခင်ဗျားတို့က ဟွာဆန်းက လူတစ်ယောက်အတွက်နဲ့ တစ်ဂိုဏ်းလုံးကို ထောက်ပံ့ပေးနိုင်တယ်ပေါ့.အဲ့လိုလား”

“အင်း..အဲ့လိုပေါ့…ပြောရရင်တော့ မတန်တရာလို့ ထင်ရပေမယ့် အဲ့လူက အဲ့လိုလုပ်ပေးဖို့တော့ ထိုက်တန်ပါတယ်”

“ဟားဟား..ခေါင်းဆောင်ကြီးကတော့ တကယ့်ကို ထင်ထားတဲ့အတိုင်းပါပဲလား”

“မင်း ဘာပြောချင်တာလဲ”

“ပြောချင်တာက ခေါင်းဆောင်ကြီးက လိမ်ညာတဲ့နေရာမှာ ကျွမ်းကျင်တယ်လို့”

“…”

ချွန်းမြောင်၏စကားကြောင့် ထန်ဂန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားလေသည်။

“မင်း ဘာကို ပြောချင်တာလဲ”

“အာ..ကျွန်တော့်ကို အဲ့လိုမျက်နှာပေးကြီးနဲ့ လာမကြည့်ပါနဲ့..ကျွန်တော် ပြောချင်တာက ဟွာဆန်းနဲ့ ထန်မိသားစု မပူးပေါင်းတော့ဘူးလို့ ပြောနေတာမှ မဟုတ်တာ…ဒါပေမယ့် ပူးပေါင်းတာကို ထန်မိသားစုက တဖက်သတ်ကြီး အနစ်နာခံနေရသလို ပြောနေတာအတွက် ပြောချင်တာပါ…အဲ့လောက်ကြီး ရက်ရောနေဖို့ လိုက်လျောနေဖို့ မလိုဘူးလေ…ဟုတ်တယ်မို့လား”

“ဟွန့်”

ထန်ဂန်းက ချွန်းမြောင်ကိုကြည့်ကာ ပြောလိုက်လေသည်။

“မင်းက ငယ်သေးတယ်..အခြေအနေအလုံးစုံကိုလည်း မင်းနားမလည်သေးပါဘူး…သေချာတာကတော့ မင်းရဲ့စွမ်းဆောင်ရည်တွေနဲ့ဆို အနာဂတ်မှာအရမ်းတောက်ပလာမှာ သေချာလို့ ငါတို့က လက်လွတ်မခံနိုင်ဖြစ်နေတယ်ဆိုတာပဲ”

“ဒါပေါ့..ဟုတ်တာပေါ့”

“ဒါပေမယ့် ဟွာဆန်းကတော့ မင်းက လောကကြီးမှာ အကြီးမြတ်ဆုံးလူဖြစ်လာရင်တောင် ထန်မိသားစုကို ခြေရာတိုင်းလာနိုင်မှာ မဟုတ်ဘူးလေ..ပြောင်းလဲလာမှာလည်း မဟုတ်ဘူး”

“အာ..အဲ့လိုတွေးတာလည်း မှားတော့မမှားဘူးပဲ ထားပါတော့”

“ဒါပေမယ့် ဘာလို့ ခေါင်းဆောင်ကြီးက သာတူညီပြီး ခြေရာတိုင်းနိုင်တာတွေကို လာပြီးပြောနေရတာလဲ”

ချွန်းမြောင်က ပြောလိုက်လေသည်။

“ခေါင်းဆောင်ကြီးက ဘယ်လိုကြောင့်များ ဒီလိုစကားတွေကို ပြောနေနိုင်ရတာလဲ…ဆွေးနွေးညှိနှိုင်းကြတယ်ဆိုတာ သာတူညီမျှ ဖြစ်ရေးအတွက်မှ မဟုတ်တာ..လိုအပ်ချက်တွေအတွက်လေ..”

“ဟမ်”

“ဟွာဆန်းဂိုဏ်းက ထန်မိသားစုကို မလိုပေမယ့် ထန်မိသားစုကတော့ ဟွာဆန်းဂိုဏ်းကို လိုနေတယ်ဆိုတာ သိရဲ့လား”

ချွန်းမြောင်၏စကားကြောင့် ထန်ဂန် မျက်မှောင်ကြုတ်သွားလေသည်။

ဒီကလေးက ဘာကိုပြောချင်နေတာလဲ…

ချွန်းမြောင်က ပြောနေရင်းမှပင် မတ်တပ်ထကာ ရပ်လိုက်ပြီး နံရံတွင် ချိတ်ထားသော မြေပုံကို ဖြုတ်လိုက်လေသည်။ ထို့နောက်တွင်မူ မြေပုံကို စားပွဲပေါ်တွင် တင်ကာ စီချွမ်း ထန်မိသားစု ပိုင်နက်နေရာကို ထောက်ပြလာလေသည်။

“ဒါက ထန်မိသားစု”

“ငါ့မှာ မျက်လုံးပါတယ်..မြင်တယ်”

“ပြီးတော့ ဒီအောက်က အယ်မေ့ဂိုဏ်း”

“..”

“ပြီးတော့ အပေါ်မှာဆိုရင် ချင်ချန်ဂိုဏ်း ၊ ညာဘက်မှာက ဝူတန်ဂိုဏ်း၊ ပြီးတော့ ဒီနေရာရဲ့ အပေါ်လေးနည်းနည်းကို သွားလိုက်ရင် တောင်ဘက်အစွန်အဖျားဂိုဏ်း .အား..ဟုတ်သားပဲ..ဒီမှာ ဒန်ချန် ဂိုဏ်းကလည်း ရှိသေးတယ်…ဒါပေမယ့်သူက ဝေးတာတော့ တော်တော်လေး ဝေးပါတယ်..ဆိုတော့ သူနဲ့တော့ စိုးရိမ်စရာ မလိုဘူးပဲ ထားပါတော့”

ထန်ဂန်းက ချွန်းမြောင်ကို ကြည့်လိုက်လေသည်။ ရှင်းပြနေသော ချွန်းမြောင်၏မျက်နှာထက်တွင် ပြောင်ချောချော အရိပ်အယောင်တို့ ရှိမနေပေ။အတည်အတန့်ကြီး ရှင်းပြနေခြင်းပင်။

“မင်း အခု အတည်ကြီးပြောနေတာလား”

ထန်ဂန်း၏ စကားကြောင့် ချွန်းမြောင် အေးအေးဆေးဆေးပင် ကြည့်လာလေသည်။

“ထန်မိသားစု ခေါင်းဆောင်ကြီးမှာ ရင်အေးစိတ်အေးနေရမယ့် အကြောင်းပြချက်တစ်စက်လေးတောင် ရှိမနေပါလားနော်”

“မင်း ဘာကိုပြောချင်တာလဲ”

“အင်း”

“ခေါင်းဆောင်ကြီးတို့ ထန်မိသားစုက အဘက်ဘက်က ပိတ်ဆို့ခံထားရတယ်လေ.. ဂိုဏ်းကြီးတွေက ထန်မိသားစုထက် အာဏာရှိပြီးတော့ ပိုပြီးတော့လည်း လုပ်နိုင်စွမ်းရှိတယ်…ပြီးတော့ စီချွမ်မှာ သူတောင်းစားဂိုဏ်းတောင် ရှိနေသေးတာကို”

ချွန်းမြောင်က မြေပုံကို တစ်လှည့်ကြည့်လိုက်ပြီး ထန်ဂန်းကို တစ်ချက်ပြန်ကြည့်လာလေသည်။

“ခင်ဗျားတို့ အသက်ရှုပေါက်လေးတောင် မရှိနိုင်ဘူးရယ်”

“…”

ထန်ဂန်းက ချွန်းမြောင်၏စကားများကြောင့် ဒေါသထွက်လာသော်လည်း ဒေါသကိုထိန်းကာ ပြောလာလေသည်။

“မင်းကို ကြည့်ရတာ တစ်ခုခုအထင်လွဲနေတဲ့ပုံပဲ…ငါတို့နဲ့ ပြည်မကြီးထဲက ဂိုဏ်းတွေနဲ့ ဆက်ဆံရေးက အဆိုးကြီး မဟုတ်ပါဘူး..လုပ်ဖော်ကိုင်ဖက်တွေပါ”

“ဟုတ်လား…တကယ်ကြီးလေ””

“အဲ့တာက ကောင်းကင်နတ်ဆိုးဂိုဏ်းကို သုတ်သင်ကြတဲ့အချိန်တုန်းကလဲပဲ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ကြတာ မဟုတ်ဘူးလား”

ချက်ချင်းဆိုသလိုပင် ချွန်းမြောင်၏မျက်လုံးများက အရောင်ပြောင်းသွားပြီး ဆက်ကာပြောလာလေသည်။

“အဲ့အချိန်တုန်းက ဘုံရန်သူရှိလို့ အားလုံးက စည်းလုံးနေခဲ့ကြတာလေ… အခုက ရန်သူကလည်း မရှိတော့ဘူးဆိုတော့ သူတို့ မျက်စိကျတာလေးတွေ ရှိလာရင် ခင်ဗျားတို့တွေ ရန်သူဖြစ်လာနိုင်ကြတာပဲ မဟုတ်ဘူးလား…အရင်တုန်းက ဘယ်လိုပဲအတူတိုက်ခဲ့တိုက်ခဲ့ အဲ့တာက အတိတ်မှာ ကျန်နေခဲ့ပြီလေ”

“မင်း..”

“တခြားဂိုဏ်းတွေကတော့ ပြဿနာမဟုတ်ပါဘူး..တောင်ဘက်ကျွန်းဆွယ်ဂိုဏ်း ၊ဖန် မိသားစုနဲ့ မိုယောင်မိသားစုဆိုရင် သူတို့က အရှေ့ပိုင်းက …ပြဿနာတစ်ခုခုဖြစ်လာရင် အချင်းချင်းကာကွယ်ပေး ကူညီပေးလို့ ရတယ်..ဒါပေမယ့် ထန်မိသားစုကကျတော့ရော”

“အနောက်ဘက်မှာ”

“ဟုတ်တယ်…အခုဆိုရင် အနောက်ဘက်က ဂိုဏ်းကြီးတွေကလည်း ဆက်ခံသူတွေ ပြောင်းပြီး မျိုးဆက်သစ်တွေက ဆက်ခံကုန်ကြပြီ..ပြောရမယ်ဆိုရင်တော့ မိသားစုကြီးငါးစုက ဘာပြဿနာမှ မဖြစ်လာနိုင်ရင်တောင် ထန်မိသားစုကတော့ မတူတော့ဘူး..သူက သီးသန့်ဖြစ်နေတာကြီး ဖြစ်နေပြီလေ…ဟုတ်တယ်မို့လား”

ထန်ဂန်း ချွန်းမြောင်၏ မေးခွန်းကို မဖြေနိုင်ပေ။ ချွန်းမြောင်က တမင်ပင် သွေးထိုးနေသည်ဟု သဘောထားကာ တိတ်ဆိတ်နေလိုက်လေသည်။

“ဆက်ပြောပါဦး”

“ပြောရမယ်ဆိုရင်တော့ ထန်မိသားစုက အန္တာရာယ် ပတ်လည်ဝိုင်းနေတာပဲ”

“…”

“ဘယ်လောက်ပဲ စီချွမ်မှာ အာဏာရနေပါစေ တစ်ခုခုဖြစ်လာခဲ့ရင် ခင်ဗျားတို့မှာ ပြေးပေါက်က လုံးဝမရှိဘူး…အကုန်လုံးက စီချွမ်ကို ဝိုင်းထားတာလေ..ထန်မိသားစုမှာ ပြေးစရာမြေရှိမှာ မဟုတ်ဘူး”

ချွန်းမြောင်က စီချွမ်တည်နေရာကို လက်နှင့်ထောက်ပြကာ ပြန်မေးလာလေသည်။

“ကျွန်တော်ပြောတာမှားနေလား”

“…”

“ခင်ဗျား အခုဖင်ပိတ်ပြီး ငြင်းနေရင်တောင် တကယ့်အခြေအနေအစစ်အမှန်ကိုတော့ စိတ်ထဲက သိနေတာပဲလေ ..ဟုတ်တယ်မို့လား…ဒါကြောင့်မို့လည်း ခင်ဗျားတို့ မိတ်ဆွေလိုနေတာပေါ့…ခင်ဗျားတို့ကို ဒီလိုအခြေအနေမျိုးမှာ စောင့်ရှောက်ပေးနိုင်တဲ့ မိတ်ဆွေမျိုး …ဟုတ်တယ်မို့လား…အား…ကြည့်ပါဦး…ဒီနေရာကို”

ချွန်းမြောင်က လက်ကိုရွေ့ကာ နေရာတစ်ခုကို ညွှန်ပြလေသည်။ ထိုနေရာက ဝူတန်ဂိုဏ်းနှင့် တောင်ဘက်အစွန်အဖျားဂိုဏ်းတို့၏ နောက်တွင်ရှိနေသော နေရာတစ်ခုပင်။

“ဟွာဆန်း”

“…”

“ဟီးဟီး..ဒီမှာ ဟွာဆန်းကို ရှင်းရှင်းကြီး မြင်နေရတယ်မို့လား..ဟွာဆန်းက ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ သိလား… သူက ဝူတန်ဂိုဏ်းကိုရော တောင်ဘက်အစွန်အဖျားဂိုဏ်းကိုပါ စောင့်ကြည့်လို့ရအောင်လို့‌လေ...ဘယ်လို‌‌တောင် အဆင်သင့်လိုက်တဲ့ ‌နေရာလဲ"

ထန်ဂန်းက ချွန်းမြောင်၏စကားများကြောင့် ရတက်မအေးနိုင်တော့ပေ။

ဒီကလေး ဒါတွေဘယ်လိုသိနေတာလဲ...

ချွန်းမြောင်က မျက်နှာပျက်နေသော ထန်ဂန်းကို ကြည့်ကာ ပြောလာလေသည်။

"အာ...အဲ့လောက်ကြီးလည်း ဖြစ်မနေပါနဲ့...ဒါက ဒီလောက်ကြီး ဆိုးဝါးနေတဲ့ ကိစ္စလည်း မဟုတ်ပါဘူး"

"ငါ မင်းကို တစ်ခုလောက် မေးလို့ရမလား"

"ဟင်"

"မင်း..ဒါတွေကို ဘယ်အချိန်တကည်းက သိထားတာလဲ"

"အင်း..ဖြစ်နိုင်တာကတော့.."

"ကျွန်တော်တို့ စီချွမ်ကိုရောက်နေပြီဆိုတာ ခေါင်းဆောင်ကြီး သိတဲ့အချိန်ကတည်းက ဖြစ်မယ်ထင်တယ်"

"…"

ငါဒီကလေးကို အထင်မှားနေတာပဲ..

သူ့ကို ဗလအားကိုးကောင်လို့ပဲ ထင်ထားတာ တကယ်တော့ သူက မြွေယောင်ဆောင်ထားတဲ့ နဂါးပဲ..

ထန်ဂန်း ချက်ချင်းဆိုသလိုပင် ချွန်းမြောင်အပေါ် အထင်ကြီးစိတ်များက ထိုးတက်သွားလေတော့သည်။ချွန်းမြောင်၏ သားကောင်ဖမ်းခြင်းက ကောင်းကောင်းမွန်မွန်ကြီးပင် အောင်မြင်သွားခဲ့ပြီ ဖြစ်လေသည်။

အပိုင်း(၂၀၁)

ဒါက ကျွန်တော့်စိတ်ကူးလို့ပဲ ဆိုပါတော့(၁)

"ခင်ဗျားတို့သာ ပြည်မကြီးနဲ့အဆက်အသွယ်ရတယ်လို့ တွေးထားလိုက်..ဒီနေရာကို ရန်သူတွေဝိုင်းထားရင်တောင် အတွင်းရော အပြင်ရောက ထွက်ရမယ့်နေရာတွေ အများကြီးပဲ...".

"ဟွာဆန်းက အဲ့လောက်တန်မယ်လို့ မင်းထင်နေတာလား..ဟွာဆန်းက ဂိုဏ်းကြီးကိုးဂိုဏ်းထဲတောင် မပါနိုင်ဘဲနဲ့"

"ဂိုဏ်းကြီးကိုးဂိုဏ်းထဲကို အခုမပါသေးလို့ မတန်ဘူးဆိုရင်တောင် ထန်မိသားစုနဲ့ပူးပေါင်းလိုက်ရင်တော့ ဂိုဏ်းကြီးတွေနဲ့ အင်အားက တူသွားပြီလေ"

ချွန်းမြောင်က ယုံကြည်ချက်ရှိစွာပင် ပြောလာသောကြောင့် ထန်ဂန်းအံဩစွာ ကြည့်လိုက်လေသည်။

ဤကလေးက အမှန်ပင် ပြောရဲဆိုရဲရပ်ကွက်ကပင်။ သူ့အား ဤသို့စေ့စေ့ကြည့်ကာ ထန်ဂိုဏ်းအကြောင်းကို ပြောဆိုဝံ့သူက တကယ်ပင်မရှိပေ။

"အပိုစာသားတွေ မပြောဘဲ ပွင့်ပွင့်လင်းလင်းပဲ ကျွန်တော်ပြောမယ်...အဲ့လိုအပိုတွေလည်း ကျွန်တော် မပြောတတ်ဘူး....ထန်မိသားစုရဲ့ ခေါင်းဆောင်ကြီးက ထန်မိသားစုကို ရန်သူပတ်လည်ဝိုင်းအခြေအနေကနေ ဟွာဆန်းအကူအညီနဲ့ အကာအကွယ်ယူထားခြင်နေတာ ဟုတ်တယ်မို့လား..ခေါင်းဆောင်ကြီးရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ဒါမို့လား"

"…"

"တကယ်လို့ ထန်မိသားစုသာ ဟွာဆန်းနဲ့ ပူးပေါင်းလိုက်ပြီဆိုတဲ့ သတင်းထွက်လာရင် တခြားဂိုဏ်းတွေနဲ့ မိသားစုတွေ အကုန်လုံးက ဟွာဆန်းကို ပိုပြီးသတိထားလာရပြီး ထန်မိသားစုကတော့ စောင့်ကြည့်ခံနေရတဲ့အနေအထားကနေ လွတ်သွားမယ်"

ချွန်းမြောင်၏ခန့်မှန်းမှုများကြောင့် ထန်ဂန်းပင် အသက်ရှုကြပ်လာသလို ခံစားလိုက်ရလေသည်။

"မင်းရဲ့ ခန့်မှန်းတာတွေကလည်း.."

ထန်ဂန်း စိတ်ကိုတည်ငြိမ်အောင်ထားကာ ချွန်းမြောင်ကို စိုက်ကြည့်လိုက်လေသည်။

"ငါ့အထင်တော့ မင်းနားလည်မှုလွဲနေပြီ"

"ဟုတ်လား...ဘယ်နားလဲ"

"ကျွန်တော်က သိုင်းလောကအကြောင်းကို ထုံးလိုခြေ ရေလိုနှောက် သိတဲ့ကောင်ပါ"

"..."

"ကျွန်တော်က ခင်ဗျားကို အမှန်မြင်အောင်လို့ အလင်းပြပေးနေတာ."

ထန်ဘို..ခွေးကောင်..

မင်းမျိုးဆက်တွေကို လာကြည့်စမ်း...

အကုန်လုံးကို ငါကပဲ ဆုံးမပေးနေရတော့မှာလား..

ချွန်းမြောင်၏ အတွေးများကို မသိသည့် ထန်ဂန်းကမူ ချွန်းမြောင်ကိုသာ ကြည့်နေလေပြီး ဘာမှပြောမလာပေ။

ဒါက ဘယ်လိုခံစားချက်ကြီးတုန်း...

ထန်ဂန်း အနေနှင့် ထိုကဲ့သို့ တဲ့တိုးပြောဆိုခံရခြင်းမျိုး မည့်သည့်အချိန်ကမှ မရှိခဲ့ပေ။ ယခုတွင်မူ အပြောခံရရုံသာမက ပြောသူကလည်း ပြောသူကလည်း မိမိ၏မြေးလောက်သာရှိသော ကလေးတစ်ယောက်ဖြစ်နေလေသည်။ ထိုအရွယ်ကလေးတစ်ယောက်က ပြောဆိုနေသမျှကို ခေါင်းငုံ့ခံနေရပြီး ကူကယ်ရာမဲ့နေသလိုပင် ခံစားရလေသည်။ ထို့အပြင် ထိုကလေးပြောသောစကားများကလည်း မှန်ကန်နေသလိုပင် ခံစားရလေသည်။

"ဟုတ်ပြီ...မင်းပြော...မင်းပြောတာကို ငါလက်ခံတယ်"

ထန်ဂန်း ချွန်းမြောင်ကို ပြိုင်ကာ မငြင်းတော့ပေ။ သူ၏အတွေးများကို ကောင်းစွာသိနေသူအား လိမ်လည်ပြောဆိုနေလျှင်လည်း အထင်သေးခံရသည်သာ အဖတ်တင်မည်မို့ ထန်ဂန်းလက်ခံလိုက်လေသည်။ တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းကသာ ပို၍အဆင်ပြေလိမ့်မည်။

"ဆိုတော့ ဟွာဆန်းမှာ တခြားတွေးထားတဲ့ နည်းလမ်းရှိလို့လား "

"ဟင့်အင်း..မရှိပါဘူး.ဒါ‌‌ပေမယ့်.."

"ဒါပေမယ့် ဘာလဲ.."

"အခု ကျွန်တော်တို့ပူးပေါင်းလိုက်တာမှာ ထန်မိသားစုကပဲ လုံခြုံမှုရသွားပြီး ဟွာဆန်းက ဘာမှပြန်မရလိုက်ရင်တော့ မတရားဘူးလို့ ထင်တယ်"

"ဟင်"

"ကျွန်တော် နှစ်ဦးနှစ်ဖက် မျှမျှတတပဲ ဖြစ်စေချင်တယ်..မျှတတယ်ဆိုတာက မိတ်ဆွေတွေမှာ ရှိရမယ့် အပြုအမူကောင်းပဲ"

ချွန်းမြောင်က ထန်ဂန်းအား အေးအေးလူလူပင် ကြည့်ကာ ပြောလာလေသည်။

"ဒီလိုမှပဲ မျှတတဲ့ ပူးပေါင်းမှု ဖြစ်မယ်လို့ထင်တယ်"

'အင်း...ဟုတ်ပြီလေ...ဒီလိုဆိုလည်း.."

ထန်ဂန်းက စကားပင်ပြီးအောင် မပြောလိုက်ရပေ။ ချွန်းမြောင်က ဆက်ကာပြောလာလေသည်။

"အရင်ဆုံး..."

"အင်း..."

ချွန်းမြောင်က ပြုံးကာပြောလာလေသည်။

"ရှင်းလင်းအောင် ပြောထားပါမယ်..အခုက ထန်မိသားစုက ဟွာဆန်းကို ကူညီတာ မဟုတ်ပါဘူး..ဟွာဆန်းကသာ ထန်မိသားစုကို ကူညီနေတာပါ"

"..."

"ဆိုတော့ ကျွန်တော်တို့အပေါ် အထင်မြင်သေးနေတာကြီးကို ရပ်တန့်ပေးရပါမယ်...အခု ကျွန်တော်ကဟွာဆန်းကို ကိုယ်စားပြုနေတာပါ"

ချွန်းမြောင်၏ စကားတို့ကြောင့် ထန်ဂန်းက မျက်နှာပျက်သွားလေသည်။ အတွေးတို့ကြောင့်လည်း အတန်မျှ တိတ်သွားပြီး ခဏကြာကာမှ စကားပြန်လာလေသည်။

"ကျွန်တော် အမှားပြုမိပါတယ်"

ထန်ဂန်းက ခုံမှထကာ ချွန်းမြောင်ကို အရိုအသေပေးလိုက်လေသည်။

"စီချွမ် ထန်မိသားစုက ဟွာဆန်းက ချွန်းမြောင်ကို တောင်းပန်ပါတယ်"

"တောင်းပန်တာကို လက်ခံပါတယ်"

ချွန်းမြောင်က ပြုံးကာပြန်ဖြေလိုက်ပြီး နှစ်ဦးသား ခုံများတွင် အသီးသီး ထိုင်လိုက်ကြလေသည်။ ပြင်ပအပြင်အဆင်များက ပြောင်းလဲသွားခြင်း မရှိသော်လည်း လေထုကမူ လုံးဝပြောင်းလဲသွားပြီဖြစ်လေသည်။

"ဆိုတော့ ဟွာဆန်းက ထန်မိသားစုကို ကူညီတဲ့အတွက် ဘာများပြန်ပြီး လုပ်ဆောင်ပေးရမလဲ"

"သုံးခု ရှိပါတယ်"

"သုံးခုလား"

"ပထမဆုံးတစ်ခုက လက်နက်ပါ"

"အဆိပ်နဲ့ အပ်စိုက်ပညာက ထန်မိသားစုရဲ့ ဘယ်လိုအခြေအနေမှာမှ ပြင်ပကို သိခွင့်မပေးတဲ့အရာပါ...ကျွန်တော်တို့ရဲ့ လက်နက်ပိုင်းနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် ရပ်လိုက်ပါတော့ ..ပြောရင်လည်း ဘာမှထူးလာမှာ မဟုတ်ပါဘူး "

"အာ...ကျွန်တော် ပြောချင်တာက ဒါ မဟုတ်ပါဘူး ..ခေါင်းဆောင်ကြီးတို့ရဲ့ အပ်တွေကလည်း ဟွာဆန်းအတွက် အသုံးမဝင်ပါဘူး"

"ဒါဆို..."

ချွန်းမြောင်က စကားနှင့် ရှင်းပြမနေတော့ဘဲ ခါးတွင် ချိတ်ထားသော ဓါးကို ဆွဲထုတ်လိုက်လေသည်။ ခေါင်းဆောင်တစ်ယောက်၏ ရှေ့တွင်ခွင့်ပြုချက်မရှိဘဲ ဓါးကိုဆွဲထုတ်လိုက်သည်က အလွန်ပင်ရိုင်းပျသောအမူအရာ ဖြစ်သော်လည်း ထန်ဂန်းကမူ အာရုံရပုံမပေါ်ပေ။ ချွန်းမြောင် ပြောလာမည့်အရာကိုသာ တိတ်တဆိတ်စောင့်နေလေသည်။

"ဒါကိုကြည့်ပါ"

"အင်း"

ချွန်းမြောင်က ဓါးကို အလယ်မှ ထက်ပိုင်းချိုးပြလိုက်လေသည်။

"ဒါက တော်တော်လေး အရည်အသွေးမကောင်းတာပဲ"

"ဟုတ်ပါတယ်...ပြောရတာတော့ မကောင်းပေမယ့် ဓါးအရည်အသွေးက တော်တော်လေးကို ဆိုးနေတာပါ...ဟွာဆန်းက အတိတ်တုန်းက ငွေမရှိလို့ အရည်အသွေးညံ့တဲ့ ဓါးတွေကို သုံးခဲ့ရတယ်ဆိုပေမယ့် အခုတတ်နိုင်တဲ့အချိန်မှာကျ ဓါးကောင်းတွေက ဝယ်လို့မရတော့ပါဘူး"

"တခြားဂိုဏ်းတွေက ဝယ်ယူကုန်ကြပြီမို့ပါ"

"ပြီးတော့ ဒီကိုရော‌က်တော့ ဓါးကောင်းတွေအများကြီးတွေ့ပါတယ်...ဒါပေမယ့်"

"သူတို့တွေက မင်းတို့ကို လွယ်လွယ်နဲ့မရောင်းကြဘူး...ဟုတ်တယ်မို့လား"

"မယုံချင်စရာကောင်းအောင်ကို သူတို့က မိသားစုကြီးတွေကို ရောင်းပြီးသားဆိုပြီး ငြင်းလွှတ်တာပါ"

"ဟားဟား...အဲ့လိုကိုး"

ထန်ဂန်းက သဘောတကျရယ်ကာ ခေါင်းတငြိမ့်ငြိမ့် လုပ်နေလေသည်။.

ဟုတ်ပေသည် ထန်မိသားစုကလည်း အကောင်းဆုံးဟူသော ပန်းပဲသမားများထံတွင် ငွေများရင်းနှီးကာ လက်နက်များကို ဒိုင်ခံဝယ်ယူထားသည်ပင်။

"ကျွန်တော် ထန်မိသားစုက လက်နက်ပိုင်းမှာ သိပ်ကောင်းတယ်လို့ ကြားထားမိပါတယ်။

ဓါးကောင်းကောင်းနဲ့သာဆိုရင် ကျွန်တော်တို့ရဲ့ ဓါးစွမ်းရည်တွေကလည်း ပိုပြီးကောင်းမွန်လာမယ်လို့ ယူဆမိလို့..ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် လက်နက်ကို ထောက်ပံ့ပေးစေချင်ပါတယ်"

"ရပါတယ်...ဒါက ခက်ခဲတာမှ မဟုတ်တာ..ဖြစ်နိုင်ပါတယ်"

"ဒုတိယကရော"

"ကျွန်တော်တို့ကို စွမ်းရည်တစ်မျိုးပေးပါ."

ထန်ဂန်း မျက်မှောင်ကြုတ်သွားလေသည်။

"မင်းကို ကြည့်ရတာ ပြောထားတာကို သေသေချာချာ နားမလည်တဲ့ပုံပဲ...ထန်မိသားစုက သမိုင်းအဆက်ဆက်ထိန်းသိမ်းလာရတဲ့ ဘယ်လိုအရာမျိုးကိုမှ မင်းတို့ကို မျှဝေမှာ မဟုတ်ပါဘူး"

"ခေါင်းဆောင်ကြီး ပြောနေသလိုပါပဲ...ကျွန်တော်တောင်းဆိုနေတာကလည်း သမိုင်းစဉ်ဆက်နည်းပညာတွေ မဟုတ်ပါဘူး"

"ဟမ်..ဒါဆို..ဘာကို"

ထန်မိသားစုရဲ့ မျိုးရိုးစဉ်ဆက် နည်းပညာတွေ မဟုတ်ဘူးဆို ငါတို့မှာ ဘာရှိသေးလို့လဲ။

အတွေးကြပ်နေပုံရသော ထန်ဂန်းကိုကြည့်ကာ ချွန်းမြောင်က အင်္ကျီလှန်ပြလိုက်လေသည်။

"…"

ထို့နောက်တွင်မူ စည်းထားသောပတ်တီးစကို ဖြည်လိုက်ပြီး ဝမ်းဗိုက်ပေါ်မှ အမာရွတ်ကို ပြလိုက်လေသည်။

"အင်း."

ဓါးဒဏ်ရာက လုံးလုံးပျောက်ကင်းသွားပြီဖြစ်ပြီး အမာရွတ်နီနီသာ ထင်ကျန်နေလေတော့သည်။

"လုံးဝပြန်ကောင်းသွားပြီပဲ"

"ဆေးတွေက တော်တော်လေး ကောင်းတယ်"

"အင်း..နေပါဦး...မင်းပြောချင်တာက"

"ဟုတ်တယ်...ထန်မိသားစုက သမားတော်တွေရဲ့ ဆေးပညာကို ကျွန်တော် လိုချင်တယ်"

"..."

ထန်ဂန်း၏မျက်နှာက ပုတ်သိုးသွားလေတော့သည်။

ထန်မိသားစုရဲ့ ဆေးပညာတဲ့လား..

ထန်မိသားစု၏ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာသော နည်းပညာများသည်က ဓါးမြောင်ပစ်၊အဆိပ်ဖော်နှင့် အပ်စိုက်ခြင်းပေမို့ ဆေးပညာက ဘိုးဘွားအမွေအနှစ်ဟု မှတ်တမ်းတင်ထားသည့်အထဲတွင်တော့ မပါပေ။

ချွန်းမြောင် တောင်းဆိုသည်က အာပတ်လွတ်သည်ဟု ပြော၍ရနိုင်လေသည်။ သို့သော်လည်း ဤတောင်းဆိုမှုက အလွယ်တကူလက်ခံလိုက်၍ ရသောအရာမျိုးတော့ မဟုတ်ပေ။

"မင်းက ဘာလို့ ဆေးပညာကို စိတ်ဝင်စားရတာလဲ...ပုံမှန်ဆို ဆေးပညာက ဘယ်သူမှ သင်ယူချင်နေတဲ့ဟာမျိုး မဟုတ်ပါဘူး..."

"ကျွန်တော် လိုအပ်လို့ပါ"

ချွန်းမြောင်က ပုခုံးတွန့်ကာ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။ ထန်ဂန်း၏ စကားအရဆိုလျှင် ဆေးပညာက လုံးလုံးကြီး မျှဝေ၍မရသည်တော့ မဟုတ်ပေ။

ထန်မိသားစု၏ ဆေးပညာကို ချွန်းမြောင်လိုအပ်ရသည်က ‌ရိုးရိုးရှင်းရှင်းပင်။ ထန်မိသားစု၏ ဆေးပညာသည် ပြင်ပဒဏ်ရာကိုသာ ကုသပေးသည်မဟုတ် အကြောက်တရားနှင့် အတွင်းချီထိခိုက်မှုများကိုပါ ကုသပေးနိုင်သောကြောင့်ပင်။ တိုက်ပွဲအတွင်း ဖြစ်တတ်သော အဖြစ်အပျက်များကြောင့် ဓါးကိုင်ရမည်ကို ကြောက်ရွံ့သွားတတ်ကြသော ဓါးသမားများ ၊သိုင်းလောကသားများက ဒုနှင့်ဒေးပင်။ ဟွာဆန်းတွင်လည်း သေချာပေါက်ရှိလာမည်ပင်။ ထိုသို့သော လူများအတွက် သူတို့သေချာပေါက်ပင် ထန်မိသားစု၏ ကုထုံးကို လိုအပ်လေသည်။ ဤသည်က ချွန်းမြောင် တောင်းဆိုရခြင်း၏ အကြောင်းရင်းပင်။

ထို့အပြင် အတွင်းချီစွမ်းအားကိုလည်း ကုသပေးနိုင်သည်မို့ ထိုသို့ကုသနိုင်ခဲ့ပြီး တစ်ဦးတစ်လေကို ကယ်တင်နိုင်ခဲ့လျှင်ပင် ထန်မိသားစု၏ ဆေးပညာကို တောင်းဆိုရကျိုးနပ်ပြီဖြစ်လေသည် ။ လူဆိုသည်က သေမျိုးပင် ဓါးသမားနှင့် တိုက်ပွဲကလည်း ခွဲခြားထား၍ မရနိုင်သည့်အရာပင်။ ထို့ကြောင့် ထန်မိသားစု၏ ဆေးပညာကို ဟွာဆန်းက ရရန်လိုအပ်လေသည်။

ထန်ဘိုသည်က သူ၏လက်ပေါ်တွင်ပင် သေဆုံးသွားခဲ့သည်ဖြစ်ပြီး ထိုသို့သောဖြစ်ရပ်များကို ချွန်းမြောင် ထပ်ကာမကြုံလိုတော့ပေ။ တတ်နိုင်သမျှသော အသက်တို့ကို ကယ်တင်နိုင်ရန် ဟွာဆန်းက ဤဆေးပညာကို လိုအပ်နေလေ၏။

"ကျေးဇူးပြုပြီးတော့ ဆေးပညာရှင်တွေကို ဟွာဆန်းကို မျှပေးပါ...ဒီလိုလုပ်တာက ထန်မိသားစုနဲ့ ဟွာဆန်းရဲ့ ဆက်ဆံရေးကို ပိုပြီးတိုးတက်လာအောင် လုပ်ရာလည်း ကျပါတယ်"

"အင်း...ဒီကိစ္စကတော့ လွယ်လွယ်ဆုံးဖြတ်လို့ မရဘူး...မိသားစုထဲက အကြီးအကဲတွေနဲ့ ပြန်ပြီးတိုင်ပင်ရဦးမယ်"

"အဲ့လိုဆိုနေမှတော့ ကျွန်တော်က အရေးတယူလုပ်ပြီး တောင်းဆိုနေပါ့မလား..."

ထန်ဂန်း မျက်မှောင်ကြုတ်သွားလေသည်။

"အတတ်နိုင်ဆုံး အဆင်ပြေအောင် လုပ်ပေးလိုက်မယ်"

ထန်ဂန်း အနေနှင့် ချွန်းမြောင်၏တောင်းဆိုမှုကို ကျေနပ်လှသည် မဟုတ်သော်လည်း ပူးပေါင်းမှုက အရေးကြီးနေသည်မို့ မျက်စိမှိတ်လက်ခံရန်သာ တတ်နိုင်လေသည်။

"အရင် မင်းတောင်းဆိုခဲ့တဲ့ နှစ်ခုကတော့ ငါလုပ်ပေးနိုင်တဲ့အရာတွေမို့ အဆင်ပြေသွားတယ်ပဲ ထားပါတော့ ..ရှေ့နှစ်ခုကို ကြည့်ပြီး မင်း‌ရဲ့ နောက်ဆုံးတောင်းဆိုချက်ကို ငါကြားတောင် မကြားရဲတော့ဘူး..တွေးကြည့်ရသလောက်တော့ နောက်ဆုံးတောင်းဆိုမယ့်အရာက တန်ဖိုးအကြီးဆုံးပဲမို့လား..."

"ဒါပေါ့...သူက အဖိုးတန်ဆုံးအရာပဲ"

"ဘာများလဲ"

ချွန်းမြောင်က သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး ထန်ဂန်းကို ကြည့်လိုက်လေသည်။ ယခုတောင်းဆိုချက်က ဟွာဆန်းက တောင်းဆိုခြင်း မဟုတ်ပေ။ ချွန်းမြောင်၏ တောင်းဆိုမှုသက်သက်ပင်။

"ဟွာဆန်းကို မိတ်ဆွေလို သဘောထားပါ"

"ဒါက တောင်းဆိုစရာလိုလို့လား..ပူပေါင်းထားပြီးမှတော့ အဲ့လိုပဲဖြစ်သွားပြီ မဟုတ်ဘူးလား…"

"အကျိုးတူပူးပေါင်းထားတဲ့သူအနေနဲ့ မဟုတ်ဘဲ တကယ်မိတ်ဆွေစစ် အဖြစ်ပြောတာပါ."

"…"

"အကျိုးတူ ပူးပေါင်းတယ်ဆိုတာက အခြေအနေနဲ့အချိန်အခါပေါ် မူတည်ပြီး ပျက်စီးသွားနိုင်တဲ့အရာပါ..မိတ်ဆွေဆိုတာကတော့ ဆိုးတူကောင်းဘက် အမြဲရှိနေမှာ...ကျွန်တော် ပြောချင်တာက တကယ်မိတ်ဆွေအဖြစ်ပါ"

"ကျွန်တော် နားမလည်ဘူး"

"မင်း တောင်းဆိုသမျှအရာတိုင်းမှာ တောင်းဆိုရတဲ့ အကြောင်းပြချက် ရှိတယ်..ဒါပေမယ့် ဒီနောက်ဆုံးတောင်းဆိုချက်ရဲ့ အကြောင်းပြချက်က ဘာလဲ.. မသိလိုက်တာ တစ်ခုခုများ ရှိနေတာလား"

ချွန်းမြောင်တွင် အကြောင်းပြချက်က သေချာပေါက် ရှိနေသော်လည်း ထုတ်ပြောရန်က မဖြစ်နိုင်ပေ။ ချွန်းမြောင် ထန်ဂန်းကိုသာ ခေါင်းခါပြလိုက်လေသည်။

"အဲ့လိုမျိုး မရှိပါဘူး"

"ဒါဆို ဘာလို့ မင်းက ဒီလိုတောင်းဆိုနေတာလဲ"

"အဲ့တာကို ကျွန်တော်ကိုယ့် ကျွန်တော်လည်း မသိဘူး"

ချွန်းမြောင် မျက်လုံးကို မှိတ်ချလိုက်လေသည်။ မျက်လုံးမှိတ်လိုက်သည်နှင့် ထန်ဘို၏ ပုံရိပ်တို့က အပြည့်ပင် ချွန်းမြောင် ခပ်ဖွဖွပြုံးလိုက်ပြီး ထန်ဂန်းကို ပြုံးကြည့်ကာ ပြန်ဖြေလိုက်လေသည်။

"ဒါက ဒီတိုင်း ကျွန်တော်ရဲ့ စိတ်ကူးသက်သက်ပါပဲ "

"စိတ်ကူးလား"

ထန်ဂန်းက အတည်ကြီးပင် တွေးတောနေပြီး ချွန်းမြောင်ကို ပြောလာလေသည်။

"မင်းသိလား"

"ဘာကိုလဲ"

"ထန်မိသားစုနဲ့ ပတ်သက်ချင်တဲ့လူတွေ တကယ့်ကိုမှ အများကြီးပဲ ရှိတယ်"

"ဒါပေမယ့် ဘယ်သူကမှ ငါတို့နဲ့ မိတ်ဆွေဖြစ်ချင်တယ်လို့ မပြောဖူးကြဘူး"

"ဆိုတော့...နောက်ဆုံးတောင်းဆိုမှုအတွက် အဖြေက"

"အဖြေကလား.."

" ရင်းနှီးတဲ့မိတ်ဆွေကို ဘယ်လိုဆက်ဆံရသလဲဆိုတာ ငါတို့မသိဘူး"

"…"

"ရပါတယ်...ဒါက ဟွာဆန်းက သင်ပြပေးလို့ ရတဲ့ကိစ္စပဲ..ဆိုတော့ မိတ်ဆွေဖြစ်ဖို့ သဘောတူတယ်ဆိုတဲ့ သဘောပေါ့...ဒါက မခက်ပါဘူး"

"ပြီးတော့ တော်တော်လည်း ကောင်းတယ်"

ထန်ဂန်းကလည်း ပြုံးကာ ခေါင်းငြိမ့်လိုက်လေသည်။

မိတ်ဆွေတဲ့လား..

ထူးဆန်းလိုက်တဲ့ ခံစားချက်ပဲ..

ငါကြားဖူးသမျှထဲမှာ ကလေးအဆန်ဆုံးဆိုပေမယ့် ခံစားချက်ကတော့ ကောင်းနေသလိုပဲ...

"ဆိုတော့..တောင်းဆိုချက် သုံးခုလုံးကို ကျွန်တော်တို့ လက်ခံပါတယ်"

"အင်း...ဒါဆို"

"ဟွာဆန်းနဲ့ ထန်မိသားစုရဲ့ ပူးပေါင်းမှုက အတည်ဖြစ်သွားပြီပေါ့..အခုမေးစရာရှိတာက မင်း ဒီမှာပူးပေါင်းလိုက်တာကို ပင်မဂိုဏ်းကြီးက လက်ခံပါ့မလား""

"ကျွန်တော့်နာမည်နဲ့ စာတစ်စောင်ရေးပြီး ဟွာဆန်းကို ပို့လိုက်..ဒါဆို အဆင်ပြေသွားလိမ့်မယ်"

"ဟွာဆန်းမှာ မင်းရဲ့လွှမ်းမိုးမှုက အဲ့လောက်ကို ကြီးတာလား"

"အဲ့ထက်တောင် ကြီးသေးတယ်"

"ဟေ"

"ဒီက အခြေအနေတွေကို မသိတဲ့ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကလည်း ခင်ဗျားတို့ အခြေအနေတွေကိုသာ နားလည်သွားလို့ကတော့ မျက်ရည်တောက်တောက် ကျပြီးတော့တောင် လက်ခံမှာ..သေချာတယ်"

ချွန်းမြောင်၏ စကားကြောင့် ထန်ဂန်း အောင့်သက်သက်ဖြစ်သွားလေသည်။

ငါတို့ကို ဒုက္ခသည်လေးတွေလို့ ပြောချင်တာလား...

"ကဲ...ဒါဆိုလည်း ကျွန်တော်..""

"မင်းက ဘယ်သွားမလို့လဲ"

"ဘာပြောစရာမှ မကျန်တော့တာကို..သွားစရာရှိတာ သွားပြီး လုပ်စရာရှိတာ လုပ်မယ်လေ"

"ငါတို့ ဆက်ပြီးညှိုနှိုင်းရဦးမယ်လေ..ပြောလို့မှ မပြီးသေးတာ"

"အခုပြောသွားတာက ဟွာဆန်းက လိုချင်တာတွေချည်းပဲလေ"

ထန်ဂန်း၏ စကားကြောင့် ချွန်းမြောင်က သူ၏ဗိုက်ကို လက်ညိုးနှင့် ထိုးပြလေသည်။

"ဒီမှာ တွေ့လား"

ဓါးဒဏ်ရာနေရာကို ပြလာသည်မို့ ထန်ဂန်းက အလန့်တကြားပင် အော်လေသည်။

"ငါတို့ မင်းကို ဟိုဆေးလုံးပေးပြီးပြီလေ"

"ဟမ်..ဒါက တကယ်ဒဏ်ရာကြီးနော်...ဆေးလုံးလေးတစ်လုံးနဲ့ တကယ်ကြီး အဆင်ပြေသွားပြီလို့ ထင်နေတာလား..ဆေးလုံးတစ်လုံးထဲနဲ့လေ"

"..."

"ကျွန်တော် အသက်ရှင်တာက ကျွန်တော်မို့လို့ပဲ...ကျွန်တော့်နေရာမှာ တခြားသူသာဆိုရင် မိုးနတ်မင်းဆင်းပြီး ကုရင်တောင် သေမှာပဲ ..အဲ့တာကိုတော့ သိတယ်မို့လား...ဒါကိုတောင် ဆေးလုံးတစ်လုံးပေးပြီး ကျေအေးစေချင်နေတယ်ပေါ့လေ...အဲ့ကိစ္စကို မေ့ပစ်လိုက်ကြတော့တာလား"

"မဟုတ်ပါဘူး"

"အား...ထန်မိသားစုရဲ့ မိတ်ဆွေကို ဆက်ဆံတဲ့ပုံကတော့ အမိုက်စားပဲ..မဖြစ်စလောက်လေးကို ဘဝကြီးတစ်ခုလုံးပေးထားသလို လုပ်ပြနေတယ်..ကျွတ်..ကျွတ်..ယုံကြည်မှုရအောင် တည်ဆောက်စမ်းပါ..လူဆိုတာ ယုံကြည်မှုရှိရတယ်"

ထန်ဂန်း အမှန်ပင် ချွန်းမြောင်ပြောလိုသည်များကို နားမလည်တော့ပေ။

"မင်း ပြောချင်တာ ဘာလဲ...ဘာလိုချင်တာလဲ"

"ပြောလို့ရတယ်လား"

"မင်းပြောတဲ့ ထန်မိသားစုက ယုံကြည်မှုမတည်ဆောက်နိုင်ဘူးဆိုတာကြီးကို ငါလက်မခံနိုင်ဘူး...မင်း ဘာလိုချင်တာလဲပဲ ပြောလိုက်စမ်းပါ"

"တကယ်ကြီးလား"

"ဒါက လွယ်တော့ လွယ်မှာ မဟုတ်ဘူးနော်"

"ပြောမှာသာ ပြောစမ်းပါ"

"အင်းပါ..ဒါဆိုလည်း"

ချွန်းမြောင်က မသက်သာသည့်မျက်နှာပေးနှင့် အင်္ကျီထဲမှ စာအုပ်တစ်အုပ်ကို ထုတ်လိုက်လေသည်။

စာအုပ်လား...

ချွန်းမြောင်က ပြုံးပြကာ စာအုပ်ကို ထန်ဂန်းဆီသို့ ကမ်းလိုက်လေသည်။

"ရော့..ပါးစပ်နဲ့ ပြောရမှာ များလို့ စာအုပ်ထဲမှာ ချရေးထားတယ်"

"ဒီလိုကြိုပြီး ပြင်ဆင်ထားလို့ ကျွန်တော့်ကို ချီးကျူးစရာ မလိုဘူးနော်...အချင်းချင်းတွေဆိုတော့ အဆင်ပြေအောင် ကြိုရေးထားတာ"

"...."

အဆုံးသတ်တွင်မူ သူသည် ချွန်းမြောင်၏ မူယာမာယာအကွက်များကြားတွင် အမိဖမ်းခံလိုက်ရပြီ ဖြစ်သည်ကို ထန်ဂန်း နားလည်သွားလေတော့သည်။

အချိန်တခဏအကြာတွင်မူ

သူ၏ အခန်းရှေ့၌ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ အရူးတစ်ယောက်သဖွယ် အာရုံများနေသော ထန်ခေါင်းဆောင်ကြီးကို အားလုံးက တွေ့ကြရလေတော့သည်။

All Chapters