← Chapters

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

အပိုင်း (၂၀၈)

ဖိုးဖိုးကြီးရဲ့ နည်းလမ်းက လက်ခံဖို့ သောက်ရမ်းခက်ခဲနေတာပဲ (၃)

“သူ့ကို ဘယ်လိုပဲကြည့်ကြည့် ဒါကြီးက‌တော့ ရူးနှမ်းတာပဲ”

ဘတ်ချုန်းက ကြည့်ကာ ပြောလိုက်လေသည်။

“ဒါကြီးက ရူးတယ်ဆိုလည်း ချွန်းမြောင်က အမြဲတမ်းဒီလိုပဲလေ”

ယွန်းဂျွန်ကမူ ချွန်းမြောင်၏ အရူးထမှုများကို ကျင့်သားရနေဟန်နှင့် ပြောလာလေသည်။

“ဒါကလေ စောနတုန်းက အစပ်တွေစားတာ များသွားလို့များ ဖြစ်တာလား မသိဘူးနော်”

ဂျိုဂုကမူ ရုတ်တရက် အမျိုးမျိုးပြောင်းလဲနေသော ချွန်းမြောင်ကြောင့် တွေးတွေးဆဆပြောလိုက်လေသည်။

“အရူးလေ..”

ယုရီဆိုးက ပြောလာလေသည်။

ဘတ်ချုန်း ချွန်းမြောင်ကို လှမ်းကာကြည့်လိုက်လေသည်။ ထန်မိသားစု၏ အကြီးကဲတစ်ယောက်နှင့် တိုက်ခိုက်မည်တဲ့လား…

သူ့အနေနှင့်မူ ချွန်းမြောင် ထိုမျှ မရူးမိုက်ဟု ထင်မိလေသည်။ သို့သော်လည်း သူသည်က ဝူတန်၏အကြီးကဲတစ်ယောက်ကိုပင် ဓါးသင်္ချိုင်းတွင် ယှဉ်ခဲ့သည်မို့ ရူးမိုက်ကောင်းလည်း ရူးမိုက်နိုင်ပေသည်။ သူ အတိအကျတော့ မပြောတတ်ပေ။

တွေးကြည့်တော့လည်း ဒီကောင်ဘယ်လိုများ အသက်ဆက်ပြီး ရှင်နိုင်နေရတာလဲ စဉ်းစားစရာပဲ…

ချွန်းမြောင်သည် အန္တာရာယ်တွင်းများထဲသို့ အကြိမ်များစွာခုန်ဆင်းခဲ့ပြီး ထိုသို့သေဘေးကြုံတိုင်းသာ သေရပါက အသက်အချောင်းတစ်ရာပါလျှင်ပင် လောက်မည်မထင်ပေ။ သေပြီးနေလောက်ပြီဖြစ်သည်။

“ကြည့်ရတာ သူ့မှာ အစီအစဉ်တွေ ဘာတွေများ ရှိနေလို့လား”

“ဖြစ်နိုင်တယ်ထင်တယ်”

ဘတ်ချုန်းက သူ၏ဘေးတွင်ထိုင်နေသော ထန်ဂန်းကို လှမ်းကြည့်ကာ ခေါ်လိုက်လေသည်။

“ခေါင်းဆောင်ကြီး”

“အင်း”

“ချွန်းမြောင်နဲ့ ခေါင်းဆောင်ကြီးနဲ့ကြားမှာ တစ်ခုခုများ ဖြစ်ခဲ့သေးတာလား”

ဘတ်ချုန်းက ပြုံးကာပြန်ကြည့်လာသည့် ထန်ဂန်းကြောင့် အားတက်သွားသလို ခံစားလိုက်ရလေသည်။

“အာ..ဒါဆို ခေါင်းဆောင်ကြီးနဲ့သူ….”

“သူ ဒီလိုလုပ်မယ်ဆိုတာတွေကို ကျွန်တော် အခုမှ သိတာပါ”

“…”

“…”

ဘတ်ချုန်းက ထန်ဂန်း၏ ငြင်းဆိုမှုကြောင့် ကြောင်အသွားသည်ကို တွေ့သောအခါတွင်မူ ထန်ဂန်းက ရှင်းပြလာလေသည်။

“ကျွန်တော် သူ့ကို တွေ့ဆုံပြီးပြောခဲ့တာက တခြားတစ်ခုပါ…အကြီးအကဲတွေကို နေရာကနေ ဖယ်ထုတ်ဖို့နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှမပြောခဲ့ပါဘူး..ဒါက သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်နေတာတွေပါ”

ဘတ်ချုန်း ထန်ဂန်း၏ ရှင်းပြချက်ကို ကျေနပ်စွာပြုံးလိုက်လေသည်။

“ဒါဆို ချွန်းမြောင်က သူ့စိတ်နဲ့သူ ဓါးရေးယှဉ်ဖို့ စိန်ခေါ်လိုက်ပြီဆိုတော့ ခေါင်းဆောင်လည်း ဒီအခြေအနေကို သတိထားအကဲခတ်မိနေလောက်ပြီပေါ့…ထန်အကြီးအကဲနဲ့ ချွန်းမြောင်ဆိုရင် ဘယ်သူက နိုင်မယ်လို့ထင်လဲ”

“ပြောရရင်တော့ ဒါကတစ်ဖက်သတ် အနိုင်ပိုင်းတဲ့ အနေအထားကြီး ဖြစ်မယ်ထင်တယ်”

“ချွန်းမြောင်ကလား”

“မဟုတ်ဘူး…အကြီးအကဲက”

“…”

ထန်ဂန်း၏ စကားကြောင့် အားလုံးက ပြူးပြာသွားကြလေသည်။

“ကျွန်တော်ထင်တာက ခေါင်းဆောင်ကြီးကလည်း ချွန်းမြောင်ကို ယုံကြည်မှုရှိတယ်လို့ ထင်ထားတာ..”

“အာ..ကျွန်တော့်ကို အထင်မလွဲပါနဲ့..ဟွာဆန်းရဲ့နဂါးက တကယ့်ကို သန်မာတဲ့ လူငယ်လေးပါ…သူ့အသက်အရွယ်နဲ့ သူ့လိုသန်မာပြီးအင်အားကြီးတဲ့သူဆိုတာ နောက်ထပ်ရှိလာဖို့ မဖြစ်နိုင်တော့ပါဘူး”

“အင်း”

“ဒါပေမယ့် အကြီးအကဲကလည်း သန်မာလွန်းတာပဲလေ”

ထန်ဂန်းက စိတ်ရှည်လက်ရှည်ပင် ရှင်းပြလာလေသည်။

“ထန်မိသားစုရဲ့ တကယ့်အင်အားအစစ်အမှန်ဆိုတာက အပ်တွေနဲ့ အဆိပ်ပညာတို့ ပေါင်းစပ်လိုက်တဲ့အချိန်မှာ ဖြစ်ပေါ်လာတာမျိုးပါ..မင်းတို့လည်း သိတဲ့အတိုင်းပဲ ငါ ဟွာဆန်းရဲ့နဂါးနဲ့ ဓါးရေးယှဉ်တုန်းက ဓါးမြောင်တွေကိုပဲ သုံးခဲ့တာလေ”

“အာ..”

“အဲ့တာတွေကိုပဲ သုံးခဲ့တယ်ဆိုတာက ချွန်းမြောင်ကို အခွင့်အရေးပေးခဲ့တဲ့ သဘောပဲ…ဘာလို့လဲဆိုတော့ မင်းတို့က ဓါးရေးနဲ့ပဲ ရင်းနှီးကြလို့လေ..အကြီးအကဲက ဘယ်လိုပဲ ဓါးရေးမှာ မကျွမ်းကျင်ဘူးလို့ပဲပြောပြော အဆိပ်မှာတော့ သူက ဆရာတစ်ဆူပဲ…အဆိပ်ကြောင့် ဂိုဏ်းသားချွန်းမြောင် တစ်စစီဖြစ်မသွားပါစေနဲ့လို့ပဲ ဆုတောင်းရမှာ”

သောက်ကျိုးနည်း ..ဒီလိုအသည်းအေးစရာ စကားတွေကို ဘာလို့ဒီရုပ်နဲ့ပြောနေရတာတုန်း..

နေပါဦး..အခုက ငါတို့က ချွန်းမြောင်ကို ကွင်းထဲက ပြန်ထုတ်ရတော့မှာလား…

“ဒါပေမယ့် ချွန်းမြောင်က ဝူတန်ဂိုဏ်းက…”

“ထန်ဝူးက ထန်မိသားစုအိမ်က အကြီးအကဲတစ်ယောက်ပါ”

“…”

“.ငါ ဟွာဆန်းရဲ့နတ်ဘုရားနဂါးက ဝူတန်ရဲ့အကြီးအကဲနဲ့ တိုက်ပြီးတာတောင် မရှုံးနိမ်ခဲ့ဘူးဆိုတာကို ကြားမိပါတယ်..ဒါပေမယ့် ဟိုခေါင်းဆောင်က ဝူတန်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ ရှိသေးတာလေ..သူက ငါတို့ကို အကြီးအကဲကို မယှဉ်နိုင်ဘူး..ဝူတန်ဂိုဏ်းရဲ့ အနားယူသွားပြီဖြစ်တဲ့ ဂိုဏ်းချုပ်က အကြီးအကဲကို ရှုံးခဲ့တာလေ”

ထန်ဂန်း၏ စကားကြောင့် ဘတ်ချုန်း မျက်နှာပျက်သွားလေသည်။ ယွန်းဂျွန်ကမူ စင်ပေါ်သို့ ပြေးတက်ရန်ပင် ပြင်နေလေပြီ ဖြစ်၏။

“ဒါဆို သူ့ကို အခုပဲ တားလိုက်ရတော့မလား”

ဘတ်ချုန်း နှုတ်ခမ်းကိုတင်းတင်းကိုက်လိုက်လေသည်။

“ဒါက သူရဲ့ဂုဏ်သိက္ခာနဲ့ ရင်းထားရတဲ့ ပြိုင်ပွဲ..အကယ်၍ ငါတို့ကသူ့ကို သွားတားပြီး စင်ပေါ်က ဆွဲချလာရင် သူ့ဂုဏ်သိက္ခာ ဘာဖြစ်သွားမလဲ”

“သူ့မှာ ဂုဏ်သိက္ခာလို့ ခေါ်စရာရော ရှိလို့လား”

“…”

အင်း…တွေးကြည့်တော့လည်း ဟုတ်တာပဲ…သူ့မှာ သိက္ခာက ရှိလို့လား..

ဂျိုဂုကမူ ဝေခွဲမရဖြစ်နေသော ဘတ်ချုန်းကို ဆွဲကာ ပြောလာလေသည်။

“အာ..ဆရာတူအကိုကြီးကလည်း ..အကိုကြီးက ပြောလိုက်လို့ သူကဆင်းလာမယ် ထင်နေလို့လား”

“အေး…အဲ့တာလည်း ဟုတ်တာပဲ..သူလုပ်ချင်ရင် တားလို့ရတာမှ မဟုတ်တာ”

“အဲ့ဒီ‌ခွေးလေးကတော့”

အဆုံးတွင်မူ ဘတ်ချုန်းတို့သည် ချွန်းမြောင်ကို ယုံကြည်ကာ စင်အောက်မှ စောင့်ကြည့်ရန်သာ တတ်နိုင်လေတော့သည်။ ထန်ဂန်းကမူ ဟွာဆန်းမှ ဂိုဏ်းသားများကိုကြည့်ကာ လက်သီးကိုတင်းတင်းဆုပ်ထားမိလေသည်။

မိတ်ဆွေတဲ့လား..

ဤသည်က ချွန်းမြောင်၏ စိတ်ကူးတဲ့လား..

ထန်မိသားစုနှင့် မိတ်ဆွေဖြစ်ရန်က သူ၏စိတ်ကူးတဲ့လား…

ထန်ဂန်း ခါးသက်စွာပြုံးလိုက်လေသည်။

မင်းက မင်းရဲ့မိတ်ဆွေအတွက် ဘဝကိုတောင် ရင်းပေးရဲတယ်ပေါ့…

မိတ်ဆွေ…သူငယ်ချင်းကောင်း….

ယခင်ကမူ ထန်ဂန်း မိတ်ဆွေဟူသော ဝေါဟာရကို လွဲမှားစွာ အဓိပ္ပါယ်ကောက်ခဲ့မိလေသည်.,.။ လိုအင်ဆန္ဒအတွက် အပြန်အလှန် မှီခိုကြသောအနေအထားကို မိတ်ဆွေဟု သူထင်ခဲ့ဖူးလေသည်။ သူမှားယွင်းကြောင်းကို ချွန်းမြောင်က သင်ပြပေးခဲ့လေသည်။

ထန်ဂန်း သူ၏အင်္ကျီလက်ထဲရှိ ဓါးမြောင်ကို တိတ်တဆိတ်ပင် စမ်းလိုက်လေသည်။

တစ်ခုခုဆိုရင်တော့ ငါမင်းကို အသေမခံပါဘူး…

အကြီးအကဲတွေနဲ့ အတိုက်အခံဖြစ်ရမယ်ဆိုရင်တောင်မှပဲ… ငါရအောင်ကယ်ပါ့မယ်…

“အကြီးအကဲတွေကို ဖြုတ်ချမယ် ဟုတ်လား”

“ဟုတ်တယ်”

“ပြီးတော့ မိသားစုထဲကနေ ပျောက်ကွယ်ပေးသွားရမယ်ဟုတ်လား”

“အင်း..ခင်ဗျားတို့ ထွက်သွားမှပဲ ထန်မိသားစုက ကောင်းသွားမှာ”

ထန်ဝူးက ဟက်ဟက်ပက်ပက် ရယ်လိုက်လေသည်။

“ငါ မင်းကို တော်တော်လေး ထက်မြက်မယ်လို့ ထင်ထားတာ.. ကြည့်ရတာ မင်းက တော်တော်တုံးတာပဲ..ငါက ခေါင်းဆောင်ကြီးနဲ့ ငါ့မြေးရှုံးရင် အာဏာလွဲပေးမယ်လို့ ကတိလုပ်ထားပြီးသား..ဒါကို မင်းက ဝင်လာပြီး ပညာပြချင်နေတာပေါ့…ငါက မင်းလိုကလေးတစ်ယောက်ကို ရှုံးမယ်လို့ ထင်နေတာလား”

“အင်းလေ”

“ဘာ…”

“ခင်ဗျားသိလား”

“…”

ချွန်းမြောင်က ပုခုံးတွန့်ကာ ပြောလာလေသည်။

“ရှက်တတ်တဲ့ လူတစ်ယောက်ကလေ ဒါမျိုးတွေ မလုပ်ဘူး…ဒါပေမယ့်..”

ချွန်းမြောင်က ဆက်ကာမပြောဘဲ ခေါင်းကိုသာ ငြိမ့်လိုက်လေသည်။

“ခင်ဗျားသိလာမှာပါ”

“မင်း ဘာပြောချင်တာလဲ”

“အရှက်တရားက ဘာဆိုတာ ခင်ဗျားသိလာမှာပါလို့”

“မင်း…အောက်တန်းစားကများ”

ချွန်းမြောင်က ထန်ဝူးက ဆဲဆိုနေသည်ကို ကျေနပ်သည့်မျက်နှာနှင့် ခပ်ပြုံးပြုံးပင်။

“အရှက်တရားသာ ရှိမယ်ဆိုရင် ဒါမျိုးကို နည်းနည်းလေးတောင် လုပ်မှာ မဟုတ်ဘူး… ဒါပေမယ့် ခင်ဗျားကတော့ ဆင်ခြေဆင်လက်မျိုးစုံနဲ့ လုပ်နေတယ်…မိသားစုပြဿနာတွေကိုလည်း မရှုပ်ရှုပ်အောင် လုပ်နေတယ်ဆိုတော့ ခင်ဗျား မရှိမှပဲ ကောင်းသွားမှာ”

ချွန်းမြောင်၏ စကားများကြောင့် ထန်ဝူး စိတ်ဆိုးလာလေသည်။ တစ်ချိန်မှာလည်း ထန်ဝူးက ကြိမ်းဝါးလာလေပြီး ချွန်းမြောင်ကလည်း သူ၏ဓါးကို ဆွဲထုတ်လိုက်လေသည်။

“ခင်ဗျားသာ အေးအေးဆေးဆေးနဲ့ မပြီးသွားဘူးဆိုရင်တော့”

ချွန်းမြောင်က ထန်ဝူးကို ဓါးနှင့်ချိန်ရွယ်လာလေသည်။

“ကျွန်တော်က အကုန်လုံးကို သေချာပေါက် ဖြတ်ပေးလိုက်မယ်…ခင်ဗျားရဲ့ လက်တွေကိုလေ”

ထန်ဝူး ချွန်းမြောင်ထံမှ ခြိမ်းခြောက်စကားကို အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ထံမှ ခြိမ်းခြောက်စကားကဲ့သို့ ခံစားလိုက်ရလေသည်။

ချွန်းမြောင်အနေနှင့်မူ ထန်ဘိုသာ သက်ရှိထင်ရှား ရှိနေပါက သူ့ဘက်မှ ရပ်တည်မည်ဟု ခံစားရလေသည်။ အာဏာကို ရူးသွပ်ကာ မိသားစုဝင်အချင်းချင်းကိုပင် မကောင်းကြံနေသော လူများကို အလိုရှိမည်မဟုတ်သည်က သေချာသည်ဟု ချွန်းမြောင် ခံစားမိလေသည်။

ဟွာဆန်းအနေနှင့်လည်း ဟွမ်းဂျွန်၏ ဂိုဏ်းချုပ်ဖြစ်နေခြင်းအပေါ် ဟွမ်းယုန် ၊ ဟွမ်းဆန်းတို့သည် မနာလိုခြင်း မရှိ။ ကူညီထောက်ပံ့ပေးကြရလေသည်။ ဤသည်က သူ့အား ယခင်ဘဝမှ ဆရာတူအကိုကြီး ထပ်ကာတလဲလဲ သွယ်ဝိုက်ကာ ဆုံးမခဲ့သောအကြောင်းအရာပင်။ ထိုစဉ်အခါက ချွန်းမြောင် နားမလည်ခဲ့သော်လည်း ယခုတွင်မူ နားလည်ကာ ပြန်လည်ပြင်ဆင်ခွင့်ရခဲ့ပြီ ဖြစ်လေသည်။ ချွန်းမြောင် မိမိကိုယ်ကို ပြင်ဆင်ရင်း ထန်ဘို၏ မိသားစုကိုလည်းသန့်စင်ပေးရန် ဆုံးဖြတ်ထားလိုက်လေသည်။

ချွန်းမြောင် သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။

“လာပြီးတော့ တိုက်လိုက်စမ်းပါ”

“ငါ ဒီအခြေအနေကြီးကို အခုထိ လက်မခံနိုင်သေးဘူး”

“ဒါဆိုလည်း ပြောလိုက်လေ”

ချွန်းမြောင်က ဘေးဘီမှ ပရိတ်သတ်များကိုကြည့်ကာ ပြောလာလေသည်။

“ခင်ဗျားက လူတွေဒီလောက်အများကြီးရှေ့မှာ ကျွန်တော့်ကို ရှုံးမှာကြောက်လို့ မတိုက်ရဲတော့ပါဘူးဆိုတဲ့ အကြောင်း..ဒါဆို ကျွန်တော်တို့ ရှေ့ဆက်ပြီး‌တော့ တိုက်စရာမလိုတော့ဘူးပေါ့”

“အဟား..မင်းက အလာကြီးပဲ”

ထန်ဝူးက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်လေသည်။

“လာစမ်းပါ…မင်းကြိုက်သလိုသာလုပ်လိုက်..ငါက အဆင်သင့်ပဲ..တစ်ခုပဲ…”

“မင်း သေရင်တော့ အနာကြင်ဆုံး သေရတော့မယ်ဆိုတာပဲ”

“အား..ကြောက်လိုက်တာနော်”

ချွန်းမြောင်ကမူ အပြုံးကြီးနှင့်ပင် ပြန်ပြောလေသည်။

“စိတ်ချနော်…ကျွန်တော်ကတော့ ခင်ဗျားကို မနာမကြင်နဲ့ အဆုံးသတ်ပေးမှာ”

နောက်ထပ်စကားလုံးများ မရှိတော့ပေ။ တိုက်ပွဲက စတင်ပြီဖြစ်လေသည်။

ထန်ဝူး ချွန်းမြောင်အား သေချာပင် အဆုံးသတ်ပေးမည်ဟု တွေးထားလေသည်။ ဟွာဆန်း၏ နဂါးကဲ့သို့သောသူကို အနိုင်ယူနိုင်ခြင်းသည် သမိုင်းတွင် မှတ်တမ်းတွင်မည့် အောင်မြင်မှုမျိုး ဖြစ်လေပြီး အကယ်၍ သူရှုံးနိမ့်သွားပါက ထန်မိသားစုအကြီးအကဲဘဝမှ အနားယူကာ အိမ်နိမ့်စံဘဝနှင့် အဆုံးသတ်ရတော့မည် ဖြစ်လေသည်။ သူ ထိုသို့ အဖြစ်မခံနိုင်ပေ။

မင်း သေမှကို ဖြစ်မယ်…

ထန်ဝူးက လက်တို့ကို အင်္ကျီလက်တွင်းသို့ နိုက်လိုက်ပြီး အဆိပ်ပုလင်းများကို ထုတ်ယူလိုက်လေသည်။ သာမန်ဆိုလျှင်မူ ထိုအဆိပ်များသည် သတ်နိုင်စွမ်းမြင့်မားလွန်း၍ လက်ရည်ယှဉ်ပွဲများတွင် သုံးလေ့မရှိပေ၊ ထို့အပြင် ဤအဆိပ်များတွင် ဖြေဆေးလည်း မရှိပေ။ ဤအဆိပ်များကို ထုတ်သုံးလေပြီဆိုကတည်းက ထိုလူအား သေကိုသေစေချင်သောကြောင့်ပင် ဖြစ်လေသည်။

ဤသည်က သူ့အား စော်ကားခဲ့သောကြောင့် ပေးဆပ်ရမည့် တန်ဖိုးပင် ဖြစ်လေသည်။ သေရပေမည်။

ထန်ဝူးက အနီရောင်ပုလင်းကို ထုတ်ကာ အမှုန့်များကို လက်တွင်းသို့ ထည့်လိုက်လေသည်။ ထိုပုလင်းကို မြင်လိုက်သည်နှင့် ချွန်းမြောင်၏မျက်နှာက မဲနက်သွားလေပြီး နားလည်ကြသော ထန်မိသားစုမှ အကြီးအကဲများကလည်း လန့်ဖြတ်သွားကြလေသည်။ ထန်မိသားစုသည် ပုံမှန်အားဖြင့် အဆိပ်များကို ကိုင်တွယ်လျှင် သမင်သားရေဖြင့်ပြုလုပ်ထာားသော လက်အိတ်ကို ကိုင်ကြသော်လည်း ထန်ဝူးကမူ လက်ဗလာနှင့်သာ ကိုင်တွယ်နေလေသည်။ ဤသည်က သူသည်လည်းဤအဆိပ် မတိုးတော့ဟူသော အဓိပ္ပါယ်ပင်။

ချွန်းမြောင်က မဲ့ပြုံးတစ်ချက်ပြုံးကာ မေးလိုက်လေသည်။

“အဆင့်သင့်ဖြစ်ပြီလား”

“မင်းကို အသေသတ်ဖို့ နောက်ထပ်ဘာမှ ထပ်လုပ်စရာမလိုတော့ဘူးလို့ ထင်တာပဲ”

“အထင်ကြီးလွန်းနေပါပြီ…အင်းပါ ..ပြီးရင်တော့ ဒီလိုပြောထားတာတွေက အပိုပဲဆိုတာ ခင်ဗျားသိလာမှာပါ”

“စလိုက်ကြစို့”

ချွန်းမြောင်က ဓါးကို အသင့်ပြင်ကာ စောင့်ဆိုင်းလိုက်ပြီး ထန်ဝူးကလည်း ရှေ့သို့တက်လာလေသည်။ ချက်ချင်းဆိုသလိုပင် ထန်ဝူး၏ကိုယ်မှ ချီစွမ်းအင်များက လျှံ့ထွက်လာကာ သူ့အနားတွင် ဝန်းရံနေလေသည်။

“မင်းကို ကြည့်ရတာ ငါက ရိုးရိုးနေတာကို အစွမ်းမရှိဘူးထင်နေတဲ့ပုံပဲ…ငါသာ စိတ်ရှိမယ်ဆိုရင် ခေါင်းဆောင်ကြီးတောင် ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး”

“ဝိုး”

ချွန်းမြောင် အသားအရည်များ စပ်ဖြင်းဖြင်း ဖြစ်လာသည်ကို ခံစားမိလေသည် ။ချီစွမ်းအင်ကြောင့် မဟုတ်ပေ။လေထဲတွင် ပျံနှံလာသော အဆိပ်များ ရောစပ်မိသွားသောကြောင့်ပင်။

ဓါးရေးပြိုင်နေရာ စင်တစ်ခုလုံးက အပြာရောင် အလင်းတန်းများထွက်လာပြီး အရည်ပျော်ကျတော့မတတ်ပေ။

အဆိပ်စွမ်းအင်ကလည်း ကျောက်တုံးတောင် အရည်ပျော်နိုင်လောက်ပါတယ်လားဟ…

ထန်ဝူး၏ စွမ်းရည်ကလည်း အမှန်ပင် ကြောက်စရာကောင်းလှလေသည်။

“နောက်ဆုတ်”

“နောက်ဆုတ်ကြ…ဆုတ်ကြ”

အဆိပ်များကို ခံစားမိသည့် ထန်မိသားစုမှ လူများက ကြည့်နေကြရင်းမှ ရုတ်ရုတ်သဲသဲဖြစ်ကာ နောက်သို့ ဆုတ်ကုန်ကြလေသည် ။ ထန်ဝူး၏ မျက်လုံးအစုံက မည်းနက်နေပြီး ကြောက်မခန်းလိလိပင်။

“သေစမ်း”

လက်နှစ်ဖက်ကို ထုတ်ကာ ပစ်လွတ်လိုက်သည်နှင့် အနက်ရောင်တစ်စုံတစ်ရာက ထွက်လာလေသည်။

အဆိပ်လက်ဝါးပင်..

အတွင်းချီစွမ်းအင်နှင့် အဆိပ်တို့အချိုးကျပေါင်းစပ်ထားသည့် အဆိပ်လက်ဝါးက ချွန်းမြောင်ထံသို့ တည့်တည့်ကြီးပင် ပြေးဝင်လာလေသည်။

ချွန်းမြောင်က ကိုယ်ကိုလှည့်ကာ အသာအယာပင် ရှောင်ရှားလိုက်လေ၏။

“လွယ်လွယ်နဲ့သာ ရှုံးသွားရင်တော့ ပျော်စရာကောင်းမှာ မဟုတ်တော့ဘူးနော်”

ချွန်းမြောင်၏ ပြောင်ချော်ချော် စကားဆုံးသည်နှင့် ထန်ဝူးက ရှေ့သို့တစ်လှမ်းတိုးလာကာ အင်္ကျီလက်ကို ခါလိုက်လေသည်။

မြောက်များစွာသော အဆိပ်အပ်များက လွှင့်ထွက်လာလေပြီး ချွန်းမြောင်ဆီသို့ ပျံဝဲလာကြလေသည်။ ချွန်းမြောင်ကမူ သာသာယာယာပင် ဓါးကိုဝေ့ယမ်းကာ အပ်များအားလုံးကို ကာကွယ်လိုက်နိုင်လေသည်။

“ဒီအကွက်ကလည်း သိပ်တော့ ရင်ထဲမရောက်ဘူးနော်”

ချွန်းမြောင် ပြောပြီးသည်နှင့် ရှေ့သို့ တရှိန်ထိုးပြေးလာသည်ကို ကြည့်ပြီး ထန်ဝူးက ပြုံးလိုက်လေသည်။

“ခွေးသား..”

အနီရောင်သဲများက ပေါက်ကွဲသောအသံနှင့်အတူ ထွက်ပေါ်လာလေပြီး စင်တစ်ခုလုံးကို ဝါးမြိုသွားသည့်အလားပင်။

ထိုမြင်ကွင်းကို ကြည့်ကာ ထန်ဂန်းက ထကာအော်ဟစ်လေတော့သည်။

“သရဲဘုရင် မှာတမ်း….အကြီးအကဲ ခင်ဗျားရူးသွားပြီလား…အဖိုးကြီး …ခင်ဗျား ရူးသွားပြီလား”

ဟွာဆန်းဂိုဏ်းသားများကမူ အလန့်တကြား ထအော်နေသော ထန်ဂန်းကိုသာ ကြောင်အကာ ကြည့်နေကြလေသည်။

သရဲဘုရင်မှာတမ်းဆိုသည်က ထန်မိသားစု၏ ပြင်းထန်အဆိပ်များထဲမှ တစ်မျိုးဖြစ်လေပြီး ဖြေဆေးမရှိပေ။ ဓါးရေးယှဉ်ရာတွင် အသုံးပြုခြင်းကို တားမြစ်ထားပြီး စစ်မြေပြင်များတွင်သာ အသုံးပြုခွင့်ရှိလေသည်။ ယခုတွင်မူ ထန်ဝူးသည် ထန်မိသားစု၏ စည်းမျဉ်းကို ချိုးဖောက်လိုက်ပြီဖြစ်လေသည်။

“ချီးပဲ..ရပ်ကြစမ်း…ဒီအဖိုးကြီးကို ဒီနေရာက ဆွဲထုတ်သွားကြစမ်း”

ထန်ဂန်းက သွေးရူးသွေးတန်း အော်ဟစ်နေသော်လည်း မည်သူကမှ စင်အနားသို့ မကပ်ရဲကြပေ။ ထိုအဆိပ်တွင် ဖြေဆေးမရှိသည်ကိုလည်း အားလုံးကသိကြပြီး ထိုအဆိပ်နှင့် ထိမိသည်နှင့် သေဆုံးမည်ကိုလည်း သိနေကြသောကြောင့်ပင်။

“ကျွတ်..ကျွတ်…ကြောက်သွားတာလား”

ထန်ဝူးက စုပ်သပ်ကာ ထန်ဂန်းကို ကြည့်လာလေသည်။

အဲ့လိုမှန်းသိ အစောကြီးကတည်းက ဒါကိုသုံးခဲ့ရမှာ…

“အဟင်း…မင်းက တအားကို မြောက်ကြွနေတာကို”

ထန်ဝူးက နောက်ထပ်သဲတစ်ဆုပ်ကို ထပ်ကာထုတ်လိုက်လေသည်။

“ထန်မိသားစုက အဆိပ်နဲ့ ဓါးမြောင်ကို သုံးတာမဟုတ်ဘူး…အဆိပ်တစ်ခုကိုပဲ အဓိကသုံးတာ..မင်းက ထန်မိသားစုကို တအားကို အထင်သေးနေတာပဲ”

နောက်ထပ်သဲတစ်ဆုပ်က စင်ပေါ်တွင် ပျံ့နှံ့သွားလေသည်။

ဤသည်က ထန်ဟုတ် သုံးခဲ့သော သဲအမျိုးအစားမဟုတ်ပေ။

ထန်ဝူးကိုယ်တိုင် အထူးဖော်စပ်ထားသော ဝိဉာဉ်အမဲလိုက်ခြင်း ခုနှစ်လှမ်းပင်။ ဤအဆိပ်က ရန်သူအား ခြေခုနှစ်လှမ်းမပြည့်မီမှာပင် အသက်နှုတ်လိုက်နိုင်သော ကြောက်မက်ဖွယ်အဆိပ်ပြင်းပင်။

“မင်းက ဘယ်လောက်တော်တဲ့ သိုင်းပညာရှင်ပဲ ဖြစ်နေပါစေ ဒီနေရာမှာ ရှိနေတဲ့အဆိပ်တွေကိုတော့ ရှောင်နိုင်မှာ မဟုတ်ပါဘူး..မင်းတို့ ဂိုဏ်းက ထန်မိသားစုထက် သာလွန်တယ်လို့ ထင်နေတာလား..ငါတို့ ထန်မိသားစုမှာ ရှိတဲ့အဆိပ်တွေကိုသာ ငါတို့စိတ်ရှိသလို သုံးလို့ရမယ်ဆိုရင် ဒီလောကကြီးတစ်ခုလုံးကိုတောင် ထန်မိသားစုက အပိုင်သိမ်းနိုင်သွားမှာကွ….နားလည်လား”

သဲများကြားမှ မြင်နေရသော ချွန်းမြောင်၏အရိပ်ကို ကြည့်ကာ ထန်ဝူးရယ်လိုက်လေသည်။ ချွန်းမြောင်က ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကာ ကျသွားသည်ကိုသူမြင်လိုက်ရလေသည်။

မည်သို့ပင်ဖြစ်စေကာမူ သူသေတော့မည်က အသေအချာပင် ဖြစ်လေသည်။

“ဒီလောက်နဲ့ မပြီးသေးဘူး”

ထန်ဝူးက နောက်ထပ်ပုလင်းတစ်လုံးကို ထပ်ကာ ထုတ်ယူလိုက်လေသည်။ ပုလင်းအဖုံးကိုဖွင့်လိုက်ပြီး ချွန်းမြောင်ထံသို့ ဦးတည်ကာ လွင့်လိုက်သည်နှင့် လေထဲတွင် အပြာရောင်မီးခိုးလုံးများက လိပ်ကာတက်လာလေ၏။

“ဒါက ငါ မင်းကိုပေးမယ့်နောက်ဆုံးလက်ဆောင်ပဲ..ဒါကို ပျော်ရွှင်ခြင်းမီးခိုးလို့ ခေါ်တယ်..မင်းကို မသေခင်ကတည်းက ငရဲရောက်နေသလို ခံစားရအောင် လုပ်ပေးလိမ့်မယ်”

အဆိပ်၏အမည်နာမ ထိုသို့ဖြစ်နေရခြင်းက အကြောင်းရှိပေသည်။ ထိုအဆိပ်၏နှိပ်စက်မှုကြောင့် ထွန့်ထွန့်လူးကာနာကြင်နေရသည်က လူများပျော်ရွှင်ကြသည့်အခါ ကခုန်နေသကဲ့သို့ဖြစ်စေ၍ ထိုသို့ခေါ်ဆိုခြင်းပင်။

ထန်ဝူးက ချွန်းမြောင်အား ကောင်းကောင်းကြီး အဆိပ်ခတ်ပြီးနောက်တွင်မူ ပျော်ရွှင်ပြုံးမြစွာဖြင့် ထန်ဂန်းကို ကြည့်လာလေသည်။

“ဘယ်လိုလဲ ခေါင်းဆောင်ကြီး…”

ထန်ဂန်းကမူ သွေးရောင်တမျှ ရဲတောက်သောမျက်လုံးများနှင့် အဖြစ်အပျက်များကို ကြည့်နေလေ၏။

အပိုင်း (၂၀၉)

ဖိုးဖိုးကြီးရဲ့ နည်းလမ်းက သောက်ရမ်းလက်ခံဖို့ ခက်ခဲနေတယ်(၄)

“ဒီရူးနေတဲ့ အဖိုးကြီးကတော့ ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲ”

ထန်ဂန်းက အလျင်စလိုပင် လက်ကိုမကာ အင်္ကျီလက်ထဲသို့ နှိုက်လိုက်လေသည်။ သူ၏လက်များက အင်္ကျီလက်အတွင်းရှိ ဓါးမြောင်များကို ကိုင်ကာ ထုတ်လိုက်လေပြီး စိတ်ကိုလည်း မထိန်းနိုင်တော့ပေ။

ထန်ဝူးကမူ ထန်ဂန်းကို ကြည့်ကာ ပြုံးလိုက်လေသည်။

“မင်းက နောက်ထပ်လက်ရည်ယှဉ်ပွဲတစ်ခုကို ထပ်ပြီးဖန်တီးချင်နေတာလား”

“ပြီးတော့ ဖြေဆေးမရှိတဲ့ ဒီအဆိပ်တွေကို မင်းကရော ကိုင်တွယ်နိုင်မယ်လို့ ထင်နေတာလား”

ထန်ဂန်းက ခံပြင်းစိတ်ကြောင့် နှုတ်ခမ်းကို ကိုက်လိုက်လေသည်။ နောက်ကျလွန်းသွားခဲ့လေပြီ။ သူယခု ကွင်းထဲသို့ဆင်းကာ ချွန်းမြောင်ကို ချက်ချင်းဆွဲထုတ်လာလျှင်ပင် အချိန်ကမှီမည် မဟုတ်တော့ပေ။ ထို့အပြင် သူသည်လည်း အဆိပ်မိပေဦးမည်။ ထန်ဂန်းက ဒေါသထွက်စွာဖြင့်ပင် ထန်ဝူးအား ပြောလိုက်လေသည်။

“ခင်ဗျားက ထန်မိသားစုရဲ့အကြီးအကဲတစ်ယောက်ဆိုတာကို ဒီလိုလုပ်ရပ်တွေလုပ်ပြီးတော့မှ သက်သေပြလိုက်တာပေါ့.. ဓါးကို အဓိကထားပြီးသုံးစွဲတတ်တဲ့ကလေးတစ်ယောက်ကို ဖြေဆေးမရှိတဲ့အဆိပ်မျိုး သုံးပြီးတော့တောင် တိုက်ခိုက်လိုက်သေးတယ်ပေါ့..အဲ့လိုဆိုမှတော့ ခင်ဗျားက မကောင်းဆိုးဝါးဂိုဏ်းက လူတွေနဲ့ ဘာများကွာခြားတော့မှာလဲ’

ထန်ဂန်း ထန်ဝူးအား အကြီးအကဲဟုပင် တပ်မခေါ်နိုင်တော့ပေ။ ထိုသို့ မမျှတမှုများကို ခေါင်းခံလုပ်ထားသည့်သူအား အကြီးအကဲတစ်ယောက်ဟု သူမမြင်နိုင်တော့ခြင်းပင်။

ထန်ဝူးကမူ ထန်ဂန်းဖြစ်ပျက်နေပုံအားကြည့်ကာ တဟားဟားအော်ရယ်လိုက်လေသည်။

“ဟားဟားဟား..ငါ့ကို မကောင်းဆိုးဝါးဂိုဏ်းကလူတွေနဲ့ တူတယ်ဟုတ်လား”

“ဟုတ်တယ်”

“ခေါင်းဆောင်ကြီး စိတ်လျော့ပါဦး…ဒါကြောင့်လည်း ထန်မိသားစုက လောကကြီးကို မထိန်းချုပ်နိုင်တာပဲ”

ထန်ဝူးက ပြောနေရင်းပင် အဆိပ်ချီများကို လက်အတွင်းသို့ထုတ်လိုက်လေသည်။

“ထန်မိသားစုက လက်ရှိအခြေအနေက ဘာလဲ..အခု လက်ရှိထန်မိသားစုရဲ့ အဆိပ်တွေနဲ့တာဆိုရင် ငါတို့က လောကကြီးတစ်ခုလုံးကို သိမ်းပိုက်လို့တောင် ရနိုင်တာကို မင်းကတော့ စီချွမ်အစွန်အဖျားမှာ နေရတာနဲ့တင် ကျေနပ်နေတယ်..ဒီလို ခေတ်အောက်နေတဲ့အတွေးတွေနဲ့ လောကကြီးရဲ့ ထောင့်လေးမှာ ဘယ်အချိန်ထိ နေဖို့တွေးနေတာလဲ”

ထန်ဝူး၏ မျက်လုံးများက လောဘနှင့်ရူးသွပ်မှုတို့ကြောင့် အရောင်တလက်လက်တောက်ပနေလေသည်။

“အယ့်မေ့လား..ချန်ချန်လား…ဘာဂိုဏ်းကြီးပဲဖြစ်နေဖြစ်နေ သောက်ဂရုကိုစိုက်စရာ လိုမနေဘူး…ငါတို့သာ သူတို့ကို သိမ်းပိုက်ချင်တယ်ဆိုရင် အချိန်တစ်ရက်တောင် ကြာလိုက်မှာမဟုတ်ဘူး…အဲ့မြေတွေအကုန်လုံးကို သွေးချောင်းစီးသွားအောင် လုပ်လိုက်လို့ ရတယ်…ဒါတောင် မင်းက ဘာလုပ်နေလဲ..ဒီတိုင်းပဲ ဒီလောက်လေးနဲ့ ကျေနပ်ပြီး နေနေတယ်…မင်းကြောင့် ငါတို့ထန်မိသားစုရဲ့ အနာဂတ် ဘယ်လောက်တောင် နှောင့်နှေးလိုက်ရသလဲ”

“အဲ့တာနဲ့ပဲ ခင်ဗျားက လူတိုင်းကို အဆိပ်လိုက်ခတ်တော့မလို့လား… ခင်ဗျားသာ အဲ့လိုလုပ်လိုက်ရင် ထန်မိသားစုက အားလုံးရဲ့ ဘုံရန်သူဖြစ်သွားလိမ့်မယ်”

“အဲ့လိုဆိုလည်း ငါတို့က လောကတစ်ခုလုံးကို သိမ်းနိုင်မယ့်ကောင်တွေလေ…ဘာတွေများ စိုးရိမ်နေရဦးမှာလဲ..လောကကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်မယ်ဆို ရန်သူတွေဖြစ်ရလည်း ဘာအရေးလဲ”

ထန်ဂန်း၏ မျက်နှာကဒေါသကြောင့် သွေးရောင်ရဲနေလေတော့သည်။ ဒေါသကလည်း ထိန်းမရအောင်ပင် ဖြစ်နေလေပြီဖြစ်ပြီး အံကိုလည်း တင်းတင်းကြိတ်ထားရလေ၏။

“မင်းတို့တွေ ဘာလုပ်နေကြတာလဲ…အပြစ်သားကို အခုချက်ချင်းဖမ်းပြီး အချုပ်ထဲကို ခေါ်သွားကြစမ်း”

“အပြစ်သား ဟုတ်လား..ဘယ်သူက အပြစ်သားလဲ”

ထန်ဝူးက ထန်ဂန်းကို လက်ညိုးထိုးကာ အော်ဟစ်လေတော့သည်။

“အပြစ်သားက ပျော့ညံလွန်းနေတဲ့ မင်းပဲဖြစ်မှာ..ဟွာဆန်းနဲ့ ပူးပေါင်းပြီး ဟွာဆန်းလက်ထဲကို ထန်မိသားစုတစ်ခုလုံးကို ထိုးထည့်တဲ့ မင်းပဲဖြစ်မှာ”

“ခင်ဗျား…”

ထန်ဝူးက တဟားဟားလှောင်ရယ်ရင်း ဆက်ကာပြောလာလေသည်။

“ခေါင်းဆောင်ကြီး ငါတို့ မင်းနောက်မှာပဲ နေနေရတဲ့အကြောင်းက ငါတို့ အားနည်းလို့ မဟုတ်ဘူး…မင်းက အကြီးအကဲတွေကို အာခံဖို့ ကြိုးစားလာတာနဲ့ ငါတို့ကလည်း ငါတို့အားလုံးရဲ့ အာဏာကိုစုပေါင်းပြီး မင်းကို ဖယ်ရှားလိုက်လို့ ရတယ်..အဲ့တာကို နားလည်ထား”

ထန်ဂန်းက ဒေါသထွက်လွန်း၍ လက်သီးကိုတင်းတင်းဆုပ်ထားသည်က လက်သည်းများပင် ဖောက်ဝင်မတတ်ပင်။ သူကိုယ်တိုင်လည်း အကြီးအကဲတစ်ယောက်ဖြစ်နေလေပြီး ထန်ဝူးကလည်း အကြီးအကဲတစ်ယောက်ဖြစ်နေလေသည်မို့ လူများရှေ့တွင် စောင့်ထိန်းရန်များက ရှိနေလေသည်။ သို့မဟုတ်ပါက ဤနေရာတွင်ပင် ထန်ဝူးအား အသေသတ်မိတော့မည်ဟုပင် ထင်မိလေသည်။

ထန်ဂန်း လက်သီးကိုတင်းတင်းဆုပ်ကာ ဘေးဘီပတ်လည်ကို လှည့်ကြည့်လိုက်လေသည်။ သူက စောင့်ထိန်းရန်ရှိသည်များကို စောင့်ထိန်းခဲ့သော်လည်း ထန်ဝူးကမူ စကားလုံးများမှတစ်ဆင့် သူ၏စိတ်အနေအထားကို ဖော်ပြခဲ့ပြီးဖြစ်လေသည်။ ထန်ဂန်း စတင်ကာ နောင်တရလာလေသည်။

ထန်ဝူးလိုအကြံသမားနှင့် အစကတည်းကပင် မပတ်သက်ခဲ့သည်က အကောင်းဆုံးပင် ။ဤလူအိုကြီး၏ ရင်တွင်းတွင် မည်သို့သော အကြံဆိုးများရှိနေသည်ကို သိလျက်နှင့်ပင် အစောပိုင်းကတည်းက ဖိနှိပ်မထားခဲ့မိပဲ အခွင့်ရေးပေးခဲ့မိလေသည်။ သူ၏ ရွေးချယ်မှု မှားယွင်းခြင်းကြောင့် ယခုတွင်မူ ဟွာဆန်း၏နဂါးက သေဆုံးခဲ့ရပြီဖြစ်လေသည်။ အားလုံးက သူ၏အမှားကြီးပင်။

“ဒါက..”

ထန်ဂန်းက ပြောလည်းပြောကာ အင်္ကျီလက်ထဲမှ ဓါးမြောင်ကို ဆွဲထုတ်လိုက်လေသည်။ သူစခဲ့သော ဇာတ်လမ်းကိုသူအဆုံးသတ်ရတော့မည် ဖြစ်လေသည်။

“အား…ဟိုမှာ…ဟိုမှာ”

အလန့်တကြား အော်ဟစ်သံများက ထွက်ပေါ်လာလေပြီး အဆိပ်များဖုံးလွှမ်းနေသောစင်ပေါ်ကို လူများက ကြည့်ကာ အော်ဟစ်လာကြလေသည်။

“’ဟင်”

ထန်ဝူးက သေချာသွားစေရန် သူ၏အတွင်းချီများကိုသုံးကာ အဆိပ်များကို တစ်ခါပြန်ကာ ဖြန့်ကျဲချလိုက်ပြန်လေသည်။သူ၏ အဆိပ်များဖြန့်ချဲလိုက်သည်ကို မြင်လိုက်သောလူတိုင်းက စားပွဲများပေါ်တွင် မှောက်လိုက်ကြသည်ကို မြင်လိုက်ရသောအခါတွင်မူ ထန်ဝူးကျေနပ်သွားလေသည်။

ထန်ဝူးကျေကျေနပ်နပ်ကြီးပင် စင်ပေါ်သို့ ပြန်ကြည့်လိုက်သောအခါတွင်မူ အစောပိုင်းက စင်ပေါ်တွင် အသေကောင်ကဲ့သို့ ငြိမ်သက်နေသော ချွန်းမြောင်က နေရာတွင် မရှိတော့ပ။ ကျန်းကျန်းမာမာနဲ့သာ မတ်တပ်ရပ်ကာ ပြုံးပြနေလေသည်။

“ဘယ်လိုဖြစ်ပြီးတော့”

ချွန်းမြောင်၏ အဝတ်များက အဆိပ်များ၏တိုက်စားမှုကြောင့် ပြဲပြဲရွဲရွဲဖြစ်နေကာ ကိုယ်ခန္ဓာကမူ အကောင်းပကတိပင်။ ထိခိုက်ဒဏ်ရာရထားပုံမပေါ်ပေ။

“အင်း….”

ချွန်းမြောင်က အညောင်းညာအကြောဆန့်ကာ ထလာလေသည်။

ဤမြင်ကွင်းကြီးက ရယ်ချင်စရာကောင်းနေသော်လည်း ထန်ဝူးကမူ မရယ်နိုင်ပေ။

“အား…”

ချွန်းမြောင်က အတော်လေးပင် အန်လိုက်လေပြီးမှ ပါးစပ်ကိုသုတ်ကာ ထလာလေသည်။

“အဆိပ်လား”

“အာ..ကျွန်တော်စားတာ တော်တော်လေး များသွားတယ်ထင်တယ်”

ချွန်းမြောင်က ခေါင်းကိုခါရင်း ပြောလာလေသည်။

“စီချွမ်းက အစားအစာတွေက ကျွန်တော့်ကို အတော်လေး မသက်မသာဖြစ်စေတာပဲ”

“…”

ထန်ဝူးက ချွန်းမြောင်အား မယုံနိုင်သောမျက်လုံးများနှင့် ကြည့်နေလေသည်။

သူက အစားမတည့်လို့ ဖြစ်နေတာလား..

အဆိပ်ကြောင့် မဟုတ်ဘဲနဲ့လေ…

ဘယ်လိုဖြစ်ရတာလဲ…အဆိပ်က သူ့အပေါ် သက်ရောက်မှုမရှိဘူးလား…

ဒီလောက်ပြင်းထန်တဲ့ အဆိပ်တွေကို ဘယ်သူကများ အဆိပ်မတက်အောင် ထိန်းထားနိုင်မှာလဲ..

ဘယ်လိုလုပ်ပြီးတော့ အဆိပ်က သူ့အပေါ် သက်ရောက်မှုမရှိရတာလဲ..

ချီစွမ်းအင် အထွတ်အထိပ်ရောက်နေတဲ့ သိုင်းပညာရှင်ကြီးတွေပဲ အဆိပ်ကို ရင်ဆိုင်တာဖြစ်ဖြစ် ဖိနှိပ်တာဖြစ်ဖြစ် လုပ်နိုင်မှာကို ဘယ်လိုလုပ် ဒီကလေးက ဒါမျိုးလုပ်နိုင်မှာလဲ..

ချွန်းမြောင်က လည်ချောင်းရှင်းသည့်အနေနှင့် နှစ်ကြိမ်မျှ တံတွေးထွေးချလိုက်လေသည်။

“ခင်ဗျားမှားနေတာ နည်းနည်း ကျွန်တော်ပြင်ပေးမယ်”

“..”

“ပထမဦးဆုံးအနေနဲ့ ထန်မိသားစုက အဆိပ်ကိုသုံးပြီး လောကကြီးကို သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး..ဘာလို့လဲဆို‌တော့ အဆိပ်က ခင်ဗျားတို့ ထင်ထားသလောက် အလုပ်မဖြစ်လို့ပဲ”

“မင်း ဘာပြောလိုက်တယ်”

ချွန်းမြောင်က ပြုံးလိုက်လေသည်။ ထန်ဝူး၏ အမူအရာကြောင့် သူရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။

အင်း…အတိတ်ကိုတောင် ပြန်သတိရသွားတယ်ကွာ…

[မင်း ဘာလို့ ထန်မိသားစုက အဆိပ်ကိုမသုံးတာလဲ..

ဟာ..အကိုကြီးကလည်း ..အကိုကြီးလေ.. ထန်မိသားစုကနေပြီးတော့ လောကမှာ အတော်ဆုံး ဘာဘာညာညာ ဆိုတာမျိုး ကြားဖူးလို့လား..

ဟင့်အင်း..

အဲ့တာပဲကြည့်လေ..ဟိုးအတိတ်တုန်းကလေ ကျွန်တော်တို့ ထန်မိသားစုနဲ့ တောင်ဘက်ကျွန်းဆွယ်ဂိုဏ်းက အတူတူလေ….အဲ့ဒီတုန်းကတည်းက တောင်ဘက်ကျွန်းဆွယ်ဂိုဏ်းနဲ့ ဖန်းမိသားစုက ကျွန်တော်တို့ထက် ပိုပြီးတော့တိုးတက်တယ်တဲ့…

ဘာလို့လဲ….အဆိပ်ကြောင့်လား..

ဟုတ်တယ်..အဆိပ်ကြောင့် …အဆိပ်က သိပ်ပြီးအသုံးမဝင်တာကို ကျွန်တော်တို့က သတိမထားမိဘူး..မြန်မြန်အောင်မြင်ဖို့ အဆိပ်ပေါ်မှာပဲ အားကိုးခဲ့ကြတာ… ဒါပေမယ့် အဲ့တာက အလုပ်မဖြစ်ပါဘူး…

ဒါဆို…

တကယ်လို့ အဆိပ်ကသာ တကယ်အလုပ်ဖြစ်ရင် ကျွန်တော်တို့ ဘာလို့ ဓါးမြောင်ပစ်တာကို တကူးတကကြိုးစားနေတော့မှာပဲ…အဲ့ဒီအဆိပ်ဖော်တာကို အားကိုးနေခဲ့မိလို့ ချွန်ထွက်ပြီး ထူးချွန်နေတဲ့သူဆိုတာလည်း ကျွန်တော်တို့ ဂိုဏ်းမှာမရှိတော့တာ…ကျွန်တော် ဓါးမြောင်ပစ်တာကို ကြိုးကြိုးစားစားလေ့ကျင့်နေတာကလည်း အဲ့တာကြောင့်ပဲ….ဒါပေမယ့် လူတွေက ဒါတွေကိုလည်း နားမလည်ကြပါဘူး ]

အဆိပ်များက သာမန်လူများတွင်သာ သက်ရောက်မှုရှိလေပြီး သန်မာအားကောင်းလွန်းသူများအပေါ်တွင်မူ သက်ရောက်မှုမရှိပေ။ မဟုတ်ပါက ထန်မိသားစုသည်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဖျက်စီးခြင်းကို ခံခဲ့ရမည် မဟုတ်ပေ။ ထို့အပြင် အဆိပ်များအတွက် ဖြေဆေးမရှိဆိုသည်က သက်ရောက်မှုရှိသူများအတွက်သာ ဖြစ်လေပြီး အဆိပ်သက်ရောက်မှုမရှိသူများကမူ ဖြေဆေးမလိုအပ်ပေ။

“မင်း ..မင်း ဘယ်လိုလုပ်ပြီး အဆိပ်မသင့်ရတာလဲ… မင်း အသက်ရှုရုံနဲ့တောင် အဆိပ်တွေက မင်းအရေပြားကနေ ဖောက်ဝင်နေရမှာလေ..အဆိပ်တွေ အကုန်လုံးက အလုပ်လုပ်သင့်နေတာ မဟုတ်ဘူးလား”

ထန်ဝူး အမှန်ပင် အံ့အားသင့်လွန်း၍ စိတ်မထိန်းနိုင်တော့ပေ။

ချီစွမ်းအင်များက တားဆီးထားမှသာ အဆိပ်ကအရေပြားအတွင်းသို့ မစိမ့်ဝင်မည်ဖြစ်လေပြီး ချွန်းမြောင်က ချီစွမ်းအင် မထုတ်နိုင်ရန် သေရည်ထဲတွင် အဆိပ်ခတ်ခံထားရသူဖြစ်လေသည်။ ချီစွမ်းအင် ထုတ်ထားသည်ကိုလည်း မမြင်ရပေ။ ဤသည်ကိုပင် အဆိပ်မသင့်နေသည်က ထူးခြားဆန်းပြားဖြစ်အင်ကြီးပင်။

“ကဲပါ..ရှင်းပြလည်း နားလည်မှာမှ မဟုတ်တာ…ဆိုတော့ ကျွန်တော်က အထူးခန္ဓာကိုယ်ရှိတယ်လို့ပဲ မှတ်ထားလိုက်”

“အလိုလိုကုသနိုင်တဲ့ ခန္ဓာကိုယ်လား”

“အဲ့လောက်တော့လည်း မဟုတ်ဘူးလေ..အာ”

ချွန်းမြောင်က လက်ကိုယမ်းကာပြောလာလေသည်။

“အာ..ဒါနဲ့”

ချွန်းမြောင်က မျက်မှောင်ကြုတ်ပြီး ပြောလာလေသည်။

“ထန်မိသားစုက ဟွာဆန်းနဲ့ ပူးပေါင်းပေးရတာ မဟုတ်ပါဘူး…ဟွာဆန်းကသာ ထန်မိသားစုနဲ့ ပူးပေါင်းပေးခဲ့တာပါ…ဒါက တော်တော်လေးတော့ အရေးကြီးတဲ့ကိစ္စနော်…အဲ့တာကို မမေ့နဲ့..ဟွာဆန်းအတွက် ပူးပေါင်းပေးတာ မဟုတ်ဘူး…ထန်မိသားစုအတွက် ပူးပေါင်းပေးတာ”

“ပြီးတော့ နောက်ဆုံးတစ်ခု…”

‘’…”

“’ထန်မိသားစုရဲ့ ခေါင်းဆောင်ကြီးက အစကနေအဆုံးအထိ ဟွာဆန်းနဲ့ပူးပေါင်း ရဖို့ သူ့မှာ ကြိုးစားပေးနေရတာကို ခင်ဗျားက ဘာမသိညာမသိနဲ့လိုက်ပြီး နှောင့်ယှက်နေတယ်…ခင်ဗျားတို့လို လူတွေကို ကိုင်တွယ်ရတာ ခေါင်းဆောင်ကြီး ဘယ်လောက်တောင် ခက်ခဲနေလိုက်မလဲ…ခင်ဗျားလိုလူတွေကသာ ရေငုံနှုတ်ပိတ်နေသင့်တာ..ခေါင်းဆောင်ကြီးလို ကြိုးစားတတ်တဲ့သူက နေစရာမလိုဘူး”

“မင်း”

ချွန်းမြောင်က ဓါးကိုပြန်ကာဆွဲကိုင်လိုက်လေသည်။

“ဟုတ်ပြီလေ…ဒါဆိုလည်း ပြန်စတာပေါ့..ကြိုက်တဲ့အဆိပ်ကို ကြိုက်သလောက်သုံး..ဟုတ်ပြီလား”

“နေပါဦး…မင်းက အခု မင်းခန္ဓာကိုယ်ကနေ အတွင်းချီတွေ ထုတ်လို့မရဘူးဆိုတာတော့ ဟုတ်တယ်မို့လား..မင်းက …”

ထန်ဝူးက ပြောမည်ပြင်ပြီးကာမှ တိတ်သွားလေသည်။ သူကြိုတင်ကာ အဆိပ်ခတ်ထားသည့်အဖြစ်ကို လူသိရှင်ကြား ကြေငြာမိတော့မလို့ပင်။ သီသီလေးသာ လိုလိုက်လေသည်။

“အာ…ဒါလား”

ချွန်းမြောင်က ပြုံးကာပြောလာလေသည်။

“ငတုံးတစ်ယောက်ရဲ့ အဓိကလက္ခဏာက ဘာလဲသိလား”

“…”

“သူက သူ့ကိုယ်သူပဲ ဆရာကြီးလို့ ထင်တာလေ… ကျွန်တော် ခင်ဗျားနဲ့မတွေ့ခင်ကတည်းက ဒါမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကြိုခန့်မှန်းထားပြီးသား… ခင်ဗျားလို လူတွေဘာလုပ်တတ်သလဲဆိုတာမျိုးပေါ့”

“ဆိုတော့ မင်းက ဖြေဆေး အရင်သောက်ထားတဲ့သဘောလား”

“ကြည့် …တုံးပြန်ပြီ…ဘယ်အဆိပ်မှ ကျွန်တော့်အတွက် မလုပ်မဖြစ်ပါဘူးဆိုမှ ..ဘာဖြေဆေးကြိုသောက်ရမှာလဲ”

“မယုံရင်လည်း နောက်တစ်ခါပြန်စမ်းကြည့်လိုက်လေ”

“မင်း မပြောရင်တောင် ငါကသေချာပေါက် မင်းကို ထပ်လုပ်မှာ”

ထန်ဝူးက ပြောပြီးသည်နှင့် သရဲဘုရင် မှာတမ်းကို ထပ်ကာသုံးလိုက်ပြန်လေသည်။ ထိုအဆိပ်ကို သုံးလိုက်သည်နှင့် မီးခိုးလုံးများက အူတက်လာလေပြီး မီးခိုးလုံးကြီးများ ပြယ်သွားသည့်အခါတွင်မူ ချွန်းမြောင်က မိန့်မိန့်ကြီးရပ်နေသည်ကို တွေ့လိုက်ရလေသည်။

“ကြည့် ..ပြောပါတယ်..အလုပ်မဖြစ်ပါဘူးဆိုမှ”

ချွန်းမြောင်ကမူ ထန်ဝူးဆီသို့ ခပ်ဖြည်းဖြည်းပင် လှမ်းလာလေသည်။

ထန်ဝူးကမူ နားမလည်နိုင်တော့ပေ၊ သူ၏အဆိပ်များက ချွန်းမြောင်၏နားနှင့် နှာခေါင်းများအတွင် ဝင်သွားသည်ကို သေချာစွာမြင်လိုက်ရလေသည်။ သို့သော် ချွန်းမြောင်ကမူ နည်းနည်းလေးပင် မူပျက်မသွားပေ။

“စိတ်မကောင်းပါဘူး…မရပါဘူးလို့ ထပ်ကာထပ်ကာပြောနေတာကို နားမလည်ရအောင်လည်း ခင်ဗျားက သူငယ်နှပ်စား မဟုတ်တော့ဘူး..အဲ့လိုပြောတော့ ခင်ဗျားက ကြိုက်မှာ မဟုတ်ဘူး…ဒါပေမယ့်လည်း မတတ်နိုင်ဘူး ပြောရမှာပဲ…ခင်ဗျားက တကယ်တုံးတဲ့သူပါလား”

ချွန်းမြောင်၏ ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအင်များက အသန့်စင်ဆုံးသော ချီစွမ်းအင်များ ဖြစ်လေပြီး ဤမျှလောက်သော အဆိပ်များကိုမူ အသာလေးချေဖျက်လိုက်နိုင်လေသည်။ ဤအဆိပ်များက ချွန်းမြောင်အတွက် မတိုးတော့ပေ ပျော့လွန်းလှပေသည်။

အင်း…စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်းဆေးလုံးလေး စားထားမိလို့တာပေါ့…

ချွန်းမြောင်က ပြုံးကာမေးလာလေသည်။

“အခု ခင်ဗျားဘာဆက်လုပ်မှာလဲ”

ထန်ဝူးကမူ ချွန်းမြောင်ကို ကြည့်နေရင်းမှ ရုတ်တရက်အမူအယာပြောင်းသွားလေသည်။ အစောပိုင်းကမူ ပြုးပြာနေသော်လည်း ယခုတွင်မူ စိတ်အေးသွားသည့်ပုံပင်။

“ဟားဟားဟား..မင်း မင်းအခြေအနေကို မသိသေးပါဘူး…မင်း သိပ်မပြောခင် မင်းလက်ကိုမင်းအရင်ပြန်ကြည့်လိုက်ပါဦး”

ချွန်းမြောင်က ငုံ့ကာကြည့်လိုက်လေသည်။

“ဟမ်..ဒါက ဘာတုန်း”

ချွန်းမြောင်၏ လက်ချောင်းများက အမည်းရောင်ပြောင်းနေလေပြီး ဤသည်က အဆိပ်သင့်နေပြီဟူသော လက္ခဏာပင်။

“မင်းက အကောင်ကြီးဆိုတာ သိပေမယ့် အဆိပ်အားလုံးကိုတော့ မင်း မခံနိုင်ပါဘူးကွာ…ဟားဟားဟား”

“ဝါး…ဒါက အဲ့လိုမျိုး ရှိသေးတာကို”

ထန်ဝူးကမူ အမှန်ပင်ပျော်နေသည့်ပုံပင်။

“မင်း ငရဲကိုသွားတဲ့အခါကျ ငရဲမင်းနဲ့ တွေ့လိုက်ဦးပေါ့…သူက မင်းကို ဘာလို့ ငရဲပြည်ကို ရောက်လာတာလဲလို့ မေးတဲ့အခါ စီချွမ်က ထန်မိသားစုရဲ့ အဆိပ်ကို အထင်သေးမိလို့ ရောက်လာတာလို့ ဖြေလိုက်ပေါ့ကွာ”

“ခင်ဗျားကလေ အတော့်ကို ကလေးဆန်တဲ့သူပါလား”

“ဘာ..”

ချွန်းမြောင်က ပြုံးလိုက်လေသည်။

“ကြည့်ရတာ ခင်ဗျားခေါင်းက ပြဿနာရှိနေတဲ့ပုံပဲ..ဘယ်လောက်ပြောပြော နားမလည်ဘူးဆိုတော့”

“အဆိပ်က…အလုပ်”

ဝှစ်…

အသံတစ်သံထွက်လာလေပြီး ချွန်းမြောင်၏လက်နှစ်ဖက်လုံးမှ မီးလျှံများက ထွက်လာလေသည်။

“…”

ချွန်းမြောင်က လက်ကိုထောင်ပြကာ ပြောလာလေသည်။

“ဖယ်လို့မရရင်လည်း မီးရှို့လို့တော့ ရမှာပါနော့”

ထိုမီးတောက်များကို မြင်သည်နှင့် ထန်ဝူးက နောက်သို့ဆုတ်သွားကာ ပါးစပ်ကလည်း တတွက်တွက် ရေရွတ်နေလေတော့သည်။

“အာဃာတချေဖျက်မီးတောက်လား”

ဘယ်လိုလုပ်ပြီးတော့..ဒီကလေးက …

ဒီလောက်အရွယ်ကလေးက သိုင်းလောကရဲ့ ဥသျှောင်ကြီးတွေမှ လုပ်နိုင်တဲ့ဒါကို လုပ်နိုင်နေတာလား…

ထန်ဝူးမှာ အံဩလွန်း၍ စကားမပြောနိုင်တောာ့ပေ။

ဘတ်ချုန်းကမူ ထိုမြင်ကွင်းကြောင့် သက်ပြင်းရှည်ကြီးချကာ ညည်းညူလေတော့သည်။

“အရက်နာကျတာလည်း မီးသုံး …အဆိပ်ဖြေတာလည်း မီးသုံးနဲ့ …သောက်ကျိုးနည်းပါကွာ”

ဟွာဆန်းကိုတော့ မီးမရှို့လိုက်ဖို့ မျှော်လင့်ရတာပဲပေါ့လေ….

အပိုင်း (၂၁၀)

ဖိုးဖိုးကြီးရဲ့ နည်းလမ်းက သောက်ရမ်းလက်ခံဖို့ ခက်ခဲတယ်(၅)

လောင်ကျွမ်းနေသော မီးတောက်ကြောင့် လက်ရှိအဆိပ်များက မီးခိုးအဖြစ်ပြောင်းလဲသွားကြလေသည်။

ထန်ဝူး ထိုမြင်ကွင်းကြောင့် ပါးစပ်ပင် မစိနိုင်ပေ။

“ဘယ်လိုလုပ်ပြီးတော့”

ထန်ဝူးဖြစ်နေသောအမူအရာကိုကြည့်ကာ ချွန်းမြောင်ပြုံးလိုက်လေသည်။ သူအံ့အားသင့်နေသည်က မဆန်းပေ။ အာဃာတချေဖျက်မီးတောက်က သိုင်းလောက၏ ဥသျှောင်ကြီးများသာ လုပ်ဆောင်နိုင်သော အရာဖြစ်ပြီး ပါးစပ်ရာဇဝင်အဖြစ်သာ ကြားဖူးသည့်အရာလည်း ဖြစ်လေသည်။ လက်တွေ့တွင် မြင်ပင်မမြင်ဖူးကြပေ.။

ချွန်းမြောင်က အာဃာတမီးတောက်ကို သုံးထားသည်ကို ကြည့်ခြင်းအားဖြင့် သူသည်က ချီစွမ်းအင်အမြင့်ဆုံးအဆင့်ကိုရောက်ရှိနေပြီဆိုသည့် သဘောပင်။ ဤအရွယ်ကလေးတစ်ယောက်က ဤသို့သောစွမ်းအားရှိသည်ဆိုသည်က ယုံကြည်နိုင်ဖွယ်ရာ မရှိပေ။

ချွန်းမြောင်က ထန်ဝူးကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်လေသည်။

“ခင်ဗျားက ရေတွင်းထဲက ဖားလိုပဲ..”

ထန်ဝူးသည် ပြင်ပလောက၏ အခြေအနေကို မသိပါဘဲ ထန်မိသားစုအတွင်း အင်အားကြီးနေသည်ကို သွေးနားထင်ရောက်ကာ လောကကြီးကို သိမ်းပိုက်မည်ဟုပင် ကြိမ်းဝါးခဲ့လေသေးသည်။ ထန်ဝူးကဲ့သို့ လူများသာ ထန်မိသားစုအတွင်း ဆက်လက်ရှိနေပါက နောက်နှစ်ပေါင်းတစ်ရာတွင်လည်း ထန်မိသားစုက ဒုံရင်း ဒုံရင်း အနေအထားတွင်သာ ရှိနေဦးမည်ကို ခံစားမိလေသည်။

ဆိုတော့လည်း ငါက ပြောင်းလဲပေးရမှာပေါ့..

ပြောချင်တာက စွဲနေတဲ့ ငါစွဲကြီးတွေကို ချွတ်ပေးရမှာပေါ့နော်..

ချွန်းမြောင်က ဓါးကိုဆွဲကာ ထန်ဝူးနားသို့ ကပ်သွားလေသည်။ ထန်ဝူးက ချွန်းမြောင်ကပ်လာသည်ကို မြင်သည်နှင့် နောက်သို့ အလျင်စလို ဆုတ်သွားလေပြီး သူ၏အင်္ကျီလက်ထဲမှ အဆိပ်များကို ထုတ်လိုက်ပြန်လေသည်။

“သေစမ်း..သေစမ်း…မကောင်းဆိုးဝါးကောင်…သေစမ်း”

ထန်ဝူးက အဆိပ်များနှင့် ချွန်းမြောင်အား ပေါက်လိုက်သည်မို့ ချွန်းမြောင်တကိုယ်လုံး အဆိပ်များ ပေကျံသွားလေသည်။

“အာ….”

ထွီ..ထွီ..

ချွန်းမြောင်က ပါးစပ်ထဲဝင်လာသော အဆိပ်များအားလုံးကို ထွေးကာထုတ်နေလေသည်။

“အား..စိတ်ပျက်စရာကောင်းလိုက်တာ”

ထန်ဝူးက သူသုံးလိုက်သော အဆိပ်များကို သာမန်လိုပင် ခါချနေသော ချွန်းမြောင်ကိုကြည့်ကာ စိတ်ဓါတ်ကျသွားလေသည်။ သူ၏အဆိပ်များကို ထိုသို့အံတုနိုင်သောသူမျိုးကို သူတစ်ကြိမ်ပင် မမြင်ဖူးချေ။

“ထန်…ထန်မိသားစုရဲ့ အဆိပ်တွေ….”

ထန်ဝူး စတင်ကာ သွေးရူးသွေးတန်း အော်ဟစ်လာလေသည်။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး… ဒါ မဖြစ်နိုင်ဘူး….အား….”

ထန်ဝူးက အော်လည်းအော်ဟစ်ကာ သူ၏အင်္ကျီထဲရှိ အဆိပ်များအားလုံးကို ထုတ်ကာ ချွန်းမြောင်ထံသို့ ပစ်လေတော့သည်။ အနီနှင့်အနက်ရောင် အမှုန့်များ၊အပြာရောင် မီးတောက်များ ၊မီးခိုးလုံးကြီးများက စင်ပေါ်တွင် တစ်ခုပြီးတစ်ခုပေါ်လာလေပြီး စင်အောက်မှ ကြည့်နေကြသော ပွဲကြည့်ပရိတ်သတ်များကမူ ထိုမြင်ကွင်းကြောင့် အနည်းငယ်မျှပင် မလှုပ်ရဲကြပေ။

ချွန်းမြောင်ကမူ အဆိပ်အားလုံးကို အသာအယာပင် ခါချနေလေသည်။

“ဒါတွေက အလုပ်မဖြစ်ပါဘူးလို့ ပြောနေတာကို..”

ချွန်းမြောင်က စိတ်ပျက်နေသော လေသံတိုးလေးနှင့် ပြောလာလေသည်။

“မင်း..မင်း.. မကောင်းဆိုးဝါးကောင်”

ထန်ဝူးက သွေးရူးသွေးတန်းဖြစ်နေပြီး ပုံမှန်အသိစိတ်လေးပင် မရှိတော့ပေ။

“ဒါက ဒါက ဘယ်လိုဖြစ်ရတာလဲ..ငါက မရှုံးနိုင်တဲ့လူလေ…ဘာလို့ ရှုံးရတာလဲ..ဒီလိုဖြစ်လို့ မရဘူးလေ”

ထန်ဝူး ဤရလဒ်ကို လက်မခံနိုင်ပေ။ သူဘဝတစ်သက်တာလုံး အချိန်ပေးကာလုပ်ဆောင်ခဲ့ရသည့်အရာများက ဤကလေးအား အနည်းငယ်လေးမှပင် မတားဆီးနိုင်သည်ကို သိရသောအခါတွင်မူ ထန်ဝူးရင်ကွဲပက်လက်ဖြစ်ရလေသည်။ သူ၏အဖြစ်က အရေးမပါသောအရာအတွက် ဘဝတစ်လျောက်လုံး ကုန်ဆုံးခဲ့ရသူလိုပင်။

ငါ ဒါမျိုး အဆုံးသတ်မခံနိုင်ဘူး…

ထန်ဝူးက လုပ်မိလုပ်ရာ လုပ်နေလေပြီ ဖြစ်လေ၏။ သူ၏အင်္ကျီလက်ထဲမှ အပ်များအားလုံးကိုလည်း ဆွဲထုတ်လိုက်ပြီး ချွန်းမြောင်ထံသို့ ပစ်လွှတ်လိုက်လေသည်။ ချွန်းမြောင်ကမူ ပြေးဝင်လာသော အပ်များကို အသာအယာသာ ပိုင်းချလိုက်လေသည်။

အားနည်းလိုက်တာ..

ထန်ဝူးပစ်လိုက်သောအပ်များသည် လျှင်မြန်လှသည်မှန်သော်လည်း ထန်ဂန်း၏ ဓါးမြောင်ပစ်အားနှင့် ယှဉ်လျှင်မူ လားလားမျှ မသက်ဆိုင်ပေ။ ယှဉ်မရပေ။

“ခွေးသား”

ထန်ဝူး၏လက်ထဲတွင် အကြွေစေ့များစွာကို ချွန်းမြောင်တွေ့လိုက်ရလေသည်။

ထန်မိသားစုသုံး အကြွေစေ့များပင်…

ဤသည်များက ထန်မိသားစုဝင်များသာ သုံးခွင့်ရှိသောအရာများဖြစ်ပြီး ထိပ်သီးပိုင်းခေါင်းဆောင်များသာ သင်ယူအသုံးပြုနိုင်သောအရာလည်း ဖြစ်ပေသည်။ ဤဒင်္ဂါးများကို အသုံးပြုရခြင်းအတွက် အသုံးပြုခွင့်ရရှိသည့် မိသားစုဝင်တိုင်းကလည်း ဂုဏ်ယူဝမ်းမြောက်ကြပြီး တလေးတစားလည်း ရှိကြလေသည်။ ထန်ဘိုသည်ပင် အသုံးနည်းကာ ချွန်းမြောင် မရင်းနှီးသော အသစ်အဆန်း တစ်ခုလည်း ဖြစ်လေသည်။

ချွန်းမြောင် ထန်ဝူးကို ကြည့်ကာ မျက်နှာက ခက်ထန်သွားလေသည်။

ထန်ဘိုနှင့် ထန်ဝူးတို့သည် ထန်မိသားစုချင်းအတူတူကိုပင် များစွာကွာခြားလှပေသည်။ ထန်ဘိုသည် ထန်မိသားစု၏ လက်ရှိကိုတွေးကာ အဆိပ်ကို အားမထားရုံသာမက မိသားစုတိုးတက်ရေးအတွက် ဓါးမြောင်ပစ်သည့်ပညာကိုပါ ချဲ့ထွင်ခဲ့လေသည်။ ထို့ပြင် မိသားစု၏ ရတနာများကို တန်ဖိုးထားကာ သေသည်အထိပင် ထုတ်မသုံးသွားခဲ့ပေ။ ထန်ဝူးကမူ မိမိ၏အတ္တသည်သာ အဓိကဖြစ်လေပြီး ထန်မိသားစုအတွက် ရေရှည်တွေးခေါ်နိုင်ခြင်းလည်း မရှိပေ။၊ မရရှိခဲ့သော ခေါင်းဆောင်နေရာအတွက် အမြဲလိုပင် မနာလိုစိတ်မွေးကာ ကန့်လန့်တိုက်ရင်း အချိန်ကုန်နေခဲ့ရလေသည်။ ထို့ကြောင့် မိသားစု၏အရေးကိုလည်း မတွေးနိုင်တော့ပေ။ တန်ဖိုးထားသင့်သောအရာတို့ကိုလည်း တန်ဖိုးမထားနိုင်တော့ပေ။ မိမိသာလျှင် ပဓာနဖြစ်လာလေတော့သည်။ အတ္တက လူကို ဝါးမြိုသွားခြင်းပင်။

“ခင်ဗျားက တကယ့်ကို အရူးပဲ”

ချွန်းမြောင်က ပြေးဝင်လာသော ဒင်္ဂါးများကို ဓါးထုတ်ကာ ခုတ်ချလိုက်လေသည်။ ထန်မိသားစု ဒင်္ဂါးများက အမှန်ပင် အန္တာရာယ်များသော အရာများဖြစ်သော်လည်း ထန်ဝူး၏မကျွမ်းကျင်မှုကြောင့် တိုက်ခိုက်မှုက အရာမထင်ပေ။ ချွန်းမြောင် အမှန်ပင် နှမြောမိလေပြီး ထန်ဘိုနှင့်လည်း နှိုင်းယှဉ်မိကာ ဒေါသချောင်းချောင်းထွက်မိလေသည်။

ထန်ဘိုသာ ဒီနေရာမှာ ရှိနေခဲ့ရင် ဘာလုပ်မလဲ..

မင်းနေရာမှာ ထန်ဘိုသာဆို ဒီလိုဖြစ်လာမှာ မဟုတ်ဘူး..

ဒီလိုအရည်အချင်းနဲ့များ မိသားစုရဲ့ အကြီးအကဲတဲ့…

မတန်မရာ…

ထန်ဘို မင်းဒီလိုမြင်ကွင်းမျိုးတွေကို မမြင်သင့်ဘူး..

မင်း သိပ်တန်ဖိုးထားခဲ့ရတဲ့ ထန်မိသားစုက အကြီးအကဲတွေ ပျက်စီးနေကြတာကို မင်းမမြင်သင့်ဘူး…

မင်းရဲ့ မိသားစုကို ကောင်းကောင်း မစောင့်ရှောက်ပေးနိုင်ခဲ့တဲ့အတွက် ငါတောင်းပန်ပါတယ်..

အခုကစပြီး ငါအကောင်းဆုံးစောင့်ရှောက်ပေးမယ်…

“ဒီလောက်ပြောနေတာကို နားက နားမလည်ဘူးဆိုတော့လည်း ကိုယ်ခန္ဓာကနားလည်အောင် လုပ်ပေးရမှာပေါ့”

ချွန်းမြောင်က ရှေ့သို့တိုးကာ သူ့ထံသို့ပြေးဝင်လာသော ဒင်္ဂါးများကို ခုတ်ပိုင်းလိုက်လေသည်။ ထန်ဝူးကမူ ချွန်းမြောင်က အားလုံးကို ရင်ဆိုင်နိုင်လေလေ သွေးပျက်လေလေပင်။

“အား…ငါ မရှုံးဘူး…မရှုံးဘူး…အရှုံးမခံနိုင်ဘူး’

ထန်ဝူး နောက်ဆုံးသောလက်နက်ကို ထုတ်ကာသုံးလိုက်လေတော့သည်။ သူ့ထံတွင် ရှိသမျှသော ဓါးမြောင်၊ အပ်နှင့် အဆိပ်များအားလုံးကို ချီစွမ်းအင်ကို သုံးကာ ကောင်းကင်သို့ ပစ်တင်လိုက်လေသည်။

“မိုးလုံပြည့် ပန်းမိုးရွာခြင်းလား”

“မိုးလုံးပြည့် ပန်းမိုးရွာခြင်း ဟုတ်လား”

ချွန်းမြောင် ထိုသိုင်း၏အမည်ကို ကြားလိုက်သည်နှင့် များစွာအံဩသွားလေသည်။

မရဘူး…သောက်ရူး…

မိုးလုံးပြည့် ပန်းမိုးရွာခြင်းဆိုသည်က ထန်မိသားစု၏ သမိုင်းဝင်သိုင်းပညာတစ်ခုဖြစ်ပြီး ထန်ဝူးက ထိုသိုင်းပညာကို အသုံးပြုလိုက်ခြင်းပင်။.

ဤသိုင်းပညာက ထန်ဘို၏ မပြီးမြောက်လိုက်သော သိုင်းပညာတစ်ရပ်ဖြစ်လေပြီး မပြည့်စုံသော်လည်း အံဩဘနန်းဖြစ်ရအောင်မူ ထိရောက်လှပခဲ့သော သိုင်းပညာတစ်ခုလည်း ဖြစ်လေသည်။

ဟုတ်တယ်..

ဒါက ပန်းမိုးရွာပြီး လောကကြီးကို ပန်းပွင့်တွေ ဖုံးလွှမ်းသွားသလိုမျိုးပဲ..

ဒါပဲ…ဒါမျိုးပဲ..

ကြည့်ရတာ ထန်မိသားစု ဒါကို သယ်ဆောင်လာနိုင်ခဲ့တဲ့ပုံပဲ…

ဒါက ဆင်တူရိုးမှား တုပထားတာဆိုရင်တောင် …မဟုတ်ဘူး ဒါက ငါတစ်ယောက်ပဲ ပြည့်စုံအောင် ဖန်တီးနိုင်တဲ့ အရာပဲ…

ထန်ဘိုက သူ့မိသားစုကို ပေးထားခဲ့တဲ့ အမွေအနှစ်ဆိုလည်း ဟုတ်တယ်လို့ ပြောတဲ့အရာပဲ..နှစ်ပေါင်းဒီလောက်ကြာတာတောင် မင်းတို့မိသားစုမှာ ဒီသိုင်းပညာက ရှိနေသေးတယ်…

အဆိပ်များ၊ အပ်များ ၊ဓါးမြောင်များက ကောင်းကင်ပေါ်သို့ မိုးစက်များသဖွယ်တက်သွားလေပြီး မိုးစက်များသဖွယ်ပင် ပြန်ကျလာလေမည်မို့ ချွန်းမြောင် သူ၏ဓါးကို မြောက်လိုက်လေသည်။ အဆိပ်များ၏ ဖြစ်တည်မှုကို မေ့ထားလိုက်ပြီး မျက်စိကိုမှိတ်ကာ ကောင်းကင်သို့ ဓါးကိုချိန်ရွယ်ထားလိုက်လေသည်။

ချွန်းမြောင်၏ ဓါးဦးထိပ်လေးက လှုပ်ခါလာလေပြီး မဆုံးသော ပန်းပွင့်ရေစီကြောင်းကြီးက ဓါးထိပ်မှ ထွက်ပေါ်လာလေသည်။ တစ်ပွင့်နှစ်ပွင့်မှ စလာသော ပန်းပွင့်စီးကြောင်းကြီးသည် များမကြာမှီမှာပင် စင်တစ်ခုလုံး ဖုံးလွှမ်းတော့မည်အထိ ပြည့်နှက်လာလေသည်။

ထန်ဂန်းကမူ ထိုမြင်ကွင်းကိုကြည့်ကာ ပါးစပ်ပင် မပိတ်နိုင်ပေ.။

“ဒါက…”

ဤသည်က သူနှင့်ဓါးရေးယှဉ်စဉ်အခါက ပြသခဲ့သောအကွက်နှင့်မတူပေ။ ထန်မိသားစုဖြစ်သောကြောင့်သာ အော်ဟစ်အားမပေးမိအောင် သတိထားနေရသော်လည်း သူ၏အသွေးအသားကမူ ဤဓါးသိုင်းကွက်ကို အလွန်ပင် သဘောကျနေပြီဖြစ်လေသည်။

ဒါက ဘယ်လိုတောင်လှပဆန်းကြယ်လိုက်သလဲ…

ဇီးပန်းပွင့်တွေလား…

ဇီးပန်းပွင့်များက ကောင်းကင်မှကျလာသော အဆိပ်များ ၊ဓါးမြောင်များနှင့်တွေ့ကာ ကြမ်းပြင်ပေါ်သို့ ကျလာကြလေသည်။ အများစုကမူ ကောင်းကင်မှ အရှိန်ကျလာကြသည်ဖြစ်ပြီး ပန်းပွင့်များနှင့် တိုက်မိသည်နှင့် အားလုံးက အဝေးသို့ လွှင့်စင်သွားကြသည်က များလေသည်။ အဆိပ်များ ၊အပ်များသည်လည်း ထိုနည်းတူပင် လွှင့်စင်သွားကြလေသည်။ အားလုံးက ပန်းပွင့်များကို အာခံကျော်ဖြတ်ကာ ဖြတ်သန်းလာနိုင်ပုံ မရကြပေ။

“အား”

ထန်ဝူးကမူ ထိုမြင်ကွင်းကိုကြည့်နေရင်းမှပင် ပြန်ကန်ကာထွက်လာသော အပ်များ ဓါးမြောင်များကို ရှောင်ရှားနေရလေသည်။ ကြည့်နေရင်းမှာပင် ပန်းပွင့်များက ထပ်ကာတိုးပွားပြီး ပွင့်လာကြလေပြီး ကောင်းကင်သို့ ဆန်တက်သွားကြလေသည်။

တစ်ခဏအတွင်းမှာပင် ကောင်းကင်တစ်ခုလုံးက ဇီးပန်းပွင့်များနှင့် ပြည့်နှက်သွားလေပြီး ပန်းပွင့်များက ချက်ချင်းဆိုသလိုပင် မိုးရွာချသကဲ့သို့ ကျဆင်းကြွေကျလာလေတော့သည်။ တစ်ချို့ပန်းပွင့်များက တိုက်ရိုက်ပင် ကြွေကျလာကြသော်လည်း တစ်ချို့သောပန်းပွင့်များကမူ လေယူရာအတိုင်း ဦးတည်ရာက ပြောင်းလဲသွားကြလေသည်။ အများစုကမူ တစ်နေရာထဲသို့သာ ဦးတည်သွားကြလေသည်။

ပန်းမိုးရွာလေပြီ ဖြစ်၏။

“ဘယ်လို…ဘယ်လိုများ”

ထန်ဝူးကမူ မျက်စိရှေ့တွင် ဖြစ်ပျက်နေသောအရာများကို နားမလည်နိုင်တော့ပေ။

“မင်း ခွေးသားက..”

ပန်းပွင့်များ အားလုံးက ထန်ဝူးဆီသို့ ဦးတည်နေကြပြီး ခဏအတွင်းမှာပင် ထန်ဝူးအား ပန်းပွင့်များနှင့် ဖုံးလွှမ်းသွားလေသည်။

“အား..”

ထန်ဝူးက ချက်ချင်းဆိုသလိုပင် ချီစွမ်းအင်များကို ထုတ်ကာရှောင်ရှားသော်လည်း အရာမရောက်ပေ။ သူ၏လက်ကိုမူ သူမမြင်နိုင်တော့သည်အထိ ပန်းပွင့်များက သိပ်သည်းကြပ် လာလေ၏။

ဝှစ်..

“အား..”

တစ်ချို့သော ပန်းပွင့်များက သူ့အား ပါးပါးရှသွားလေသည်။

“အ..”

တစ်ချို့သော ပန်းပွင့်များကမူ သူ့အသားအား ဟက်တက်ခွဲသွားကြလေသည်။ ထန်ဝူး အထိနာနေပြီဖြစ်လေသည်။

“ငါ..ငါက”

ထန်ဝူး၏ မျက်လုံးများက သွေးရောင်လွှမ်းနေလေပြီဖြစ်၏။

“ထန်မိသားစုက ထန်ဝူးကွ”

ပန်းပွင့်များက သူ့အား ပြတ်ရှသွားစေကြသည်။

“အား’

နောက်ဆုံးတွင်မူ ထန်ဝူးကို မမြင်ရတော့ပေ။ သည်းထန်စွာ ရွာသွန်းနေသော ပန်းမိုးနှင့် ထန်ဝူး၏ နာကြင်စွာအော်ဟစ်နေသော အသံများသာ ခန်းမထဲတွင် ဖုံးလွှမ်းနေလေတော့သည်။

ချွန်းမြောင်က ဓါးဦးကို ချကာ ဓါးအား ဓါးအိမ်ထဲသို့ ပြန်သိမ်းလိုက်သည်နှင့် ပန်းပွင့်များက နေထိသောနှင်းပမာ ကြွေလွှင့်သွားကြလေတော့သည်။ ထိုအခါမှသာ ချွန်းမြောင်က သူ့ရှေ့တွင် ရှိနေသောသူအား လှမ်းကာကြည့်လိုက်လေသည်။

ထန်ဝူးက တကိုယ်လုံးသွေးအလိမ်းလိမ်းဖြစ်နေလေပြီး ပြတ်ရှရာရှိမနေသည့် နေရာလည်း မရှိပေ။ အင်္ကျီကလည်း အပိုင်းပိုင်းစုတ်ပြဲနေပြီး ဒုက္ခရောက်နေသည့် သူတောင်းစားတစ်ယောက်အလားပင်။

ထန်ဝူး ချွန်းမြောင်ကို မှင်သေသေပင် ကြည့်ကာပြောလာလေသည်။

“ဒီဓါးသိုင်းက”

“မိုးလုံးပြည့် ဇီးပန်းပွင့်ဓါးသိုင်း”

“မိုးလုံးပြည့် ဇီးပန်းပွင့်ဓါးသိုင်း..ဒါက ဟွာဆန်းက ဓါးသိုင်းပညာပဲ”

“ဟင်း”

ချွန်းမြောင် ပြောပြီးသည်နှင့် ခေါင်းနောက်ကို မလုံမလဲကုတ်လိုက်လေသည်၊ ဤသည်က ထန်ဘိုသူ့အား နောက်ဆုံးပြသခဲ့သော သိုင်းပညာနှင့် ဟွာဆန်း၏ဓါးသိုင်းကို ရောစပ်ထားသည့် သိုင်းပညာပင် ဖြစ်လေသည်။ ပြောရလျှင်မူ ဤသည်က ဟွာဆန်း၏သိုင်းပညာလည်း ဟုတ်သကဲ့သို့ ထန်မိသားစု၏ လျို့ဝှက်သိုင်းပညာဟု ပြောလျှင်လည်း မမှားပေ။

အဖြစ်မှန်ကို မသိသော ထန်ဝူးကမူ မယုံနိုင်သော မျက်နှာနှင့်ပင်။

“တကယ်ကြီးလား”

“ဒါက အိမ်မက်တစ်ခုလိုပဲ…တကယ်ကြီးကို…”

ထန်ဝူး စကားပင် မဆုံးလိုက်ပေ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။ ထန်ဝူး လဲကျသွားသည်ကိုတွေ့မှ ချွန်းမြောင်လည်း သက်မချနိုင်လေတော့သည်။

ကဲ..အခုတော့ ထန်မိသားစုရဲ့ အကြီးအကဲကြီးလည်း နားလို့ရသွားပြီပေါ့…

ချွန်းမြောင်က ထန်ဝူးကို အနိုင်ရခဲ့ပြီဖြစ်သော်လည်း ဤသည်က ထန်ပိုင်နက်ဖြစ်လေပြီး မိသားစုခေါင်းဆောင်ကြီး ဖြစ်သည့် ထန်ဂန်း၏ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်လေသည်။

ဤသည်က ချွန်းမြောင် ထန်ဂန်းနှင့် အခြားသူများကို ပြသချင်သောအရာဖြစ်လေသည်. ။အဆိပ်များက မည်မျှပင် အစွမ်းထက်စေကာမူ မထိရောက်ကြောင်းနှင့် ထန်ဘို၏လမ်းစဉ်ဖြစ်သော ဓါးမြောင်ပစ်ပညာကို သေချာသင်ယူနိုင်ကြစေရန် ဖြစ်လေသည်။ ချွန်းမြောင်အနေနှင့် သူ့တာဝန်ကျေပွန်ပြီဟု ခံစားလိုက်ရလေသည်။

ချွန်းမြောင်က ပွဲကြည့်ပရိတ်သတ်များအပါအဝင် ခေါင်းဆောင်ကြီးကိုပါ လှမ်းကာကြည့်လိုက်လေသည်။

“အခုက ဘယ်လိုဖြစ်သွားပြီလဲ”

ထန်ဂန်းက ချွန်းမြောင်၏မေးခွန်းကို တွေဝေသွားသော်လည်း ခဏမျှတာ ဖြစ်လေသည်။

“အခုတစ်ကြိမ် ဓါးရေးပြိုင်ပွဲမှာတော့ ဟွာဆန်းရဲ့ချွန်းမြောင်က အနိုင်ရရှိသွားပါပြီ”

ထန်ဂန်း၏ ကြေငြာသံအဆုံးတွင် အောင်ပွဲခံသံများ မကြားရပေ။ ပကတိကို တိတ်ဆိတ်လွန်းနေလေသည်။

ထန်မိသားစုအားလုံး၏စိတ်ထဲတွင် အတွေးများက ကိုယ်စီလွန်ဆွဲနေကြသည်ကို ချွန်းမြောင် သတိထားမိလေ၏။

ချွန်းမြောင်သည်လည်း ထွေပြားနေသောစိတ်များဖြင့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်လေသည်။

ဒီလောက်ဆို အဆင်ပြေသွားလောက်ပြီလား…

တုန့်ပြန်သံကို မကြားရပေ။ သို့သော် သူသေချာသိပေသည်။ ကောင်းကင်ဘုံမှ ထန်ဘိုက သူ့အား သေချာပင် စောင့်ကြည့်ကာ ကျေးဇူးတင်နေမည်ကို သူသိလေသည်။

သေတဲ့သူတွေက စကားလည်းမပြောလည်း ပြန်လည်း မရှင်လာနိုင်ကြတော့ဘူးတဲ့..

သေသူများ၏ ဆန္ဒကို ရှင်ကျန်ရစ်သူများက ဖြည့်ဆည်းပေးရသည်ပင်။ ချွန်းမြောင်သည်လည်း ထိုနည်းတူပင် ။ထန်ဘို၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနေရလေသည်.

ချွန်းမြောင် ကောင်းကင်သို့ တဖန်မော့ကာ ကြည့်လိုက်ပြန်ပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။

ငါသိပါတယ်..ခွေးသားလေးရယ်…

မင်း မိသားစုကို အချိန်ရတိုင်း လာကြည့်ပေးမှာပါ..အမြဲတမ်းလည်း စောင့်ရှောက်ပေးမှာပါ..

အေးပေါ့…စောင့်ရှောက်ခတော့ ပေးရမှာပေါ့..

ချွန်းမြောင် အတွေးနှင့်ပြုံးကာ စင်အောက်သို့ ဆင်းခဲ့လေသည်။

ထန်ဘိုက သူ့အားသေချာပေါက်ကျေးဇူးတင်နေမည်ကို သူကောင်းကောင်းကြီးသိလေသည်။

ချွန်းမြောင်လက်သီးကိုတင်းတင်းဆုပ်ကာ မျက်လုံးကိုပိတ်ချလိုက်လေသည်။ သူ၏အတိတ်က မတည်နိုင်ခဲ့သောကတိကိုလည်း တည်နိုင်ခဲ့ပြီဖြစ်လေပြီး အကြွေးတစ်ခုကျေသွားသည့်နှယ် ခံစားလိုက်ရလေသည်။

ဆိုတော့…

အခုချိန်ကစပြီး မင်းစိတ်ချလက်ချ အနားယူပါတော့..

နှုတ်ဆက်ပါတယ်..

ငါ့ရဲ့ တစ်ဦးတစ်ယောက်ထဲသော သူငယ်ချင်းလေး….

All Chapters