← Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

လေဟာနယ်က ပြင်းပြင်းထန်ထန် လှုပ်ခါသွားကာ ဆံပင်ဖြူဖြူ မုတ်ဆိတ်ရှည်များနဲ့ ခန့်ညားထည်ဝါတဲ့ အရှိန်ဝါကို ပိုင်ဆိုင်ထားသည့် လူအိုကြီးတစ်ဦး ထွက်ပေါ်လာလေသည်။ ထိုသူက ကျန်းအိမ်တော်ရဲ့ဘိုးဘေး ကျန်းဝမ်လီသာဖြစ်သည်။

“ဝမ်လီ မင်းထွက်လာရဲသေးတယ်ပေါ့”

အပြင်ပန်း၌ လေသံကိုခက်ထန်အောင်ကြိုးစားထားသော်လည်း လက်ဝါးပုံရိပ်အား ပေါ့ပေါ့ပါးပါး ဖျက်စီးခံလိုက်ရချိန်မှာတော့ ဖန်းမုတယောက် ကျန်းဝမ်လီဒဏ်ရာပျောက်ကင်းသွားသည်ကို လက်ခံလိုက်ရကာ စိတ်ထဲတုန်လှုပ်နေလေသည်။

“ငါက ဘာလို့မထွက်လာရဲမှာလဲ.. ဖန်းမု မင်းတို့မြေးအဖိုးက ငါတို့မြေးအဖိုးကို အကောက်ကြံခဲ့တယ် အဲ့ရန်ကြွေးကို ဒီနေ့ပဲ အဆုံးသတ်လိုက်ကြရအောင်”

ကျန်းဝမ်လီရဲ့စကားအဆုံးမှာတော့ ဖန်းမုက ဦးစွာတိုက်ခိုက်လာတော့သည်။

ဝုန်း….

“ဖန်းစုန့် ကျမကိုသင်ပြပေးပါဦး”

“ကောင်းပြီ”

“ကျန်းအိမ်တော် သတ်ကြ”

ကျန်းထန် ကျန်းယန်နဲ့အကြီးကဲများက ကျင့်ကြံသူများမဟုတ်သော်လည်း တိုက်ခိုက်ရေးပညာများတတ်ကျွမ်းထားပြီး တဖက် ဖန်းကျင်း ဖန်းဟိုင်နဲ့ ဖန်းအိမ်တော်အကြီးကဲများကလည်း ထိုနည်းတူပင်။

“တိုက်ခိုက်ကြ”

ကောင်းကင် မြေပြင် တိုက်ခိုက်မှုများက ကျင်းစီရင်စုကို လှုပ်ခါသွားစေပြီး ကောင်းကင်ပေါ်မှာတော့ ဖန်းမုက ကျန်းဝမ်လီကို တိုက်ပွဲစစချင်းမှာတင် ဖိနှိပ်ရန်ကြိုးစားနေပြီး ဖန်းစုန့်ကမူ ကျန်းရင်ရင်၏ ဓားချက်များအား အသည်းသန်ခုခံနေရတော့သည်။

မဖြစ်နိုင်ဘူး။ ကျန်းရင်ရင်က ငါ့ထက်တောင် ခွန်အားကြီးနေတာလား။

“ကျန်းရင်ရင် ဒီနေ့ နင့်ကိုမသင်ပြပေးနိုင်ရင် ငါ့ကိုယ့်ငါသတ်သေလိုက်မယ်”

ဖန်းစုန့်က ကျယ်လောင်စွာကြုံးဝါးပြီး သူ့ဆရာထံမှ လက်ဆောင်ရထားသည့် အဆင့်မြင့် စိတ်ဝိဉာဥ်လက်နက်ကိုထုတ်ယူကာ တိုက်ခိုက်တော့သည်။

“ဟားးဟား အဆင့်မြင့်စိတ်ဝိဉာဥ်လက်နက်နဲ့ နင်သေသွားရင်တောင် နင်တို့ကျန်းအိမ်တော်တခုလုံး ဂုဏ်ယူနေရမှာပဲ”

မှန်ပေသည်။ စိတ်ဝိဉာဥ်လက်နက်များက လက်ချိုးရေလို့ရပြီး ထိုအထဲမှ အဆင့်မြင့်အဆင့် ဆိုသည်ကတော့ ဓားတထောင်ဂိုဏ်းလို ထိပ်တန်းဂိုဏ်းကြီးများ၌ပင် ၅လက်ထက် မပိုပေ။

“ကျန်းဝမ်လီ သေလိုက်တော့”

ဖန်းမုက လက်ဟန်တခုပြုလိုက်ပြီး ကြီးမားတဲ့ ဓားကွန်ရက်တခု ဖန်တီးကား ပစ်လွှတ်လိုက်သည်။ ဓားကွန်ရက်က လှောင်ချိုင့်သဖွယ် ကျန်းဝမ်လီထံတိုးဝင်လာချိန်မှာတော့ ကျန်းဝမ်လီကလည်း အားကျမခံ လက်ထဲကဓားဖြင့် ကွန်ရက်ရဲ့အလယ်နေရာအား ခုတ်ပိုင်းလိုက်သည်။

ဓားအလင်းနဲ့ကွန်ရက်တို့ ထိပ်တိုက်ထိခတ်သွားပြီး ကျယ်လောင်တဲ့အသံနဲ့အတူ ပေါက်ကွဲသွားကာ နှစ်ယောက်စလုံး လွင့်စင်သွားသည်။ အခြေတည်ဝိဉာဥ်အလယ်ဆင့် ဖန်းမုပ သိသာစွာပင် ကျန်းဝမ်လီထက် တဆင့်နိမ့်နေ၍ ပို၍ဝေးဝေး လွင့်သွားတော့သည်။

“မင်း မင်း အခြေတည်ဝိဉာဥ်နှောင်းပိုင်းလား”

ဖန်းမုရဲ့ မယုံနိုင်ဟန်အမူအရာကို ကျန်းဝမ်လီက ဂရုမစိုက်ချေ။ ချက်ချင်းပဲ ဟန်ချက်ပြန်ထိန်းကာ ကြီးမားသည့် အခြေတည်ဝိဉာဥ်ပုံရိပ်ကြီးအား ဆင့်ခေါ်လိုက်သည်။

ဝူးးးးးး

နောက်ကျာဘက်၌ ပုံရိပ်ကြီးတခု ခန့်ညားစွာထွက်ပေါ်လာပြီး ပုံရိပ်ကြီးက ကျန်းဝမ်လီကဲ့သို့ ဓားတချောင်းကိုင်ထားလေသည်။

“မင်းတယောက်တည်း ချီပုံရိပ်ဖော်တတ်တယ်ထင်နေလား”

ဝူးး

ဖန်းမုကလည်း အားကျမခံ ချီပုံရိပ်ယောင်ကြီးတခု ထုတ်ဖော်လိုက်ပြီး ချီပုံရိပ်ယောင်များက မူလကိုယ်နဲ့ ဆင်တူပေသည်။

တဖက်တွင် ကျန်းထန် ကျန်းယန်တို့က ဖန်းကျင်း ဖန်းဟိုင်တို့အား ဖိနှိပ်လိုက်ကာ ကျန်းအိမ်တော်ကလည်း ပြင်းထန်သည့် ကလဲ့စားချေချင်စိတ်ကြောင့် ဖန်းအိမ်တော်ကို အဆုံးစွန်တိုက်ခိုက်ကြသည်။

တိုက်ပွဲက မိနစ်ပိုင်းမျှသာဆိုသော်လည်း မြေပြင်တိုက်ပွဲက ပြီးဆုံးလုနီးပါးဖြစ်ကာ ကျန်းယန်က ဖန်းဟိုင်ရဲ့ရင်ဘတ်အား လက်သီးဖြင့်ထိုးကာ လွင့်ထွက်သွားစေသည်။

“ဖန်းကျင်း သေလိုက်တော့”

ကျန်းထန်ကလည်း ခန္ဓာကိုယ်ရှိ ဒဏ်ရာများအား လုံးဝဂရုမစိုက်။ အခွင့်ရေးရသည်နှင့် ဖန်းကျင်းအား အဆုံးသတ်လိုက်တော့သည်။

“အဖေ….”

ကောင်းကင်ပေါ်မှ ဖန်းစုန့်ရဲ့အအော်သံနက်ကြီး ထွက်ပေါ်လာပြီး ဖန်းစုန်ံ့ရဲ့မျက်လုံးအစုံက နီရဲတောက်ပလာကာ ကျန်းရင်ရင်အား အပြင်းအထန် တိုက်ခိုက်တော့သည်။

“သေလိုက်စမ်း ခွေးမ”

ဖန်းစုန့်ရဲ့တိုက်ချက်များ မိုးသီးမိုးပေါက်နှယ် အဆက်မပြတ်တိုက်ခိုက်လာသည်ကိုကြုံလျင် ကျန်းရင်ရင်လည်း ပေါ့ဆမနေတော့ပဲ ယန်ချန်ပေးထားသည့် နှင်းပန်းဓားအား ထုတ်ယူရတော့သည်။

အထွဋ်အထိပ်ရောက်လုနီးပါး စိတ်ဝိဉာဥ်လက်နက်တစ်ခု..။ ပိုထူးခြားသည်က ပြီးပြည့်စုံတဲ့ စိတ်ဝိဉာဥ်တခုရှိနေပြီး ဓားဝိဉာဥ်က ကျန်းရင်ရင်ကို လှုံ့ဆော်ပေးနေကာ တိုက်ပွဲအား ဆာလောင်နေသည့်နှယ် တုန်ခါနေသည်။

“ကောင်းတယ် နင့်အကူညီနဲ့ ဖန်းအိမ်တော်ကို အမြစ်ဖြတ်ပစ်မယ်”

ကျန်းရင်ရင်ရဲ့တီးတိုးစကားသံက နှင်းပန်းဓားကို ပို၍လှုပ်ခါသွားစေသည်။

“မင်းမှာလည်း စိတ်ဝိဉာဥ်လက်နက်ရှိနေတာလား”

ဖန်းစုန့်တယောက် မှင်သက်သွားသော်လည်း အတွေ့ကြုံပြည့်ဝသူမို့ ကြောင်အမနေ။ ချက်ချင်းပဲ တိုက်ခိုက်တော့သည်။

စိတ်ဝိဉာဥ်လက်နက်နှစ်ခု ထိခတ်ပြီး ပတ်ဝန်းကျင်လေဟာနယ်ကိုတောင် တွန့်လိမ်သွားစေကာ ကျန်းဝမ်လီ ဖန်းမုတို့မှလွဲ၍ အခြားသူများကတော့ တိုက်ပွဲဝေးရာအား ရှောင်ထွက်သွားကြရသည်။

“ဖန်းမု မင်းသေလို့ရပြီ”

အေးစက်ပြီး အားမာန်ပါသည့် စကားသံကြောင့် ဖန်းမု အနည်းငယ်တုန်လှုပ်သွားချိန် ကျန်းဝမ်လီရဲ့ ချီပုံရိပ်က လက်စီးတချက်ထိုးလာသည်။

အုန်း

ဖန်းမုက လက်သီးချက်ကို ခုခံသော်လည်း အဆင့်တဆင့်ကွာဟမှုနဲ့ ပါရမီကွာဟမှုကြောင့် လက်သီးချက်ကို အပြည့်အဝမခုခံနိုင်။ သွေးတလုတ်အန်ကာ ပေအတော်များများ လွင့်စင်သွားသည်။

ထိုအချိန် ကျန်းဝမ်လီက ငွေရောင်လေးတလက်အားဆွဲထုတ်ကာ ဖန်းမုရှိရာ ချိန်လိုက်သည်။ ငွေရောင်လေးက နေရောင်အောက် တလက်လက်တောက်ပနေပြီး ချီပုံရိပ်ကလည်း အလားတူ လေးနဲ့မြှားကို ဆွဲကာ ဖန်းမုရဲ့ချီပုံရိပ်အား ချိန်နေလေသည်။

လွင့်စင်သွားသည့်ဖန်းမုတယောက် ကျောရိုးတလျှောက် အေးစက်သွားသည့် ခံစားမှုနဲ့အတူ ငွေရောင်လေးနဲ့မြှားကိုမြင်ချိန် တကယ့်သေဘေးက သူ့နောက်ကျောကို လာရောက်ပုတ်ခတ်နေပြီဆိုတာကို သိလိုက်ရတော့သည်။

မကောင်းတော့ဘူး…။

ကျန်းဝမ်လီတယောက် လက်ထဲမှ မြှားကို ပစ်လွှတ်လိုက်သည်။ နဂိုကပင် အန္တရာယ်ကိုခံစားမိနေသည့် ဖန်းမုက အော်ဟစ်အကူညီတောင်းရတော့သည်။

“အကြီးကဲတို့ ကယ်ပါဦး”

“ဟမ့် မင်းကိုဘယ်သူမှ မကယ်နိုင်ဘူး ဖန်းမု သေလိုက်တော့”

မြှားက အရှိန်ဟုန်ဖြင့် ဖန်းမုဆီတိုးဝင်သွားချိန် လေဟာနယ်ထဲမှ နှာခေါင်းရှုံ့သံနဲ့အတူ လက်ဝါးပုံရိပ်တခုက မြှားအား လမ်းတဝက်မှ ဖမ်းဆုပ်ရန် ကြိုးစားတော့သည်။

“ဒီအဆင့်လောက်နဲ့ ဟမ့်”

လက်ဝါးပုံရိပ်က မြှားတံအနားလျင်မြန်စွာ တိုးကပ်သွားပြီး တိုက်ရိုက်ဆုပ်ဖမ်းလိုက်သည်။

ဝုန်း…..

အသံခပ်အုပ်အုပ်တခု ထွက်ပေါ်လာပြီး မြှားတံကတော့ ရပ်တန်မနေပဲ လက်ဝါးပုံရိပ်ကို ထိုးဖောက်ကာ အနည်းငယ်စိတ်အေးလက်အေး ဖြစ်သွားရသည့် ဖန်းမုရဲ့ ရင်ဘတ်အားထပ်မံ ထိုးဖောက်သွားတော့သည်။

မဟုတ်ဘူး………။

ဟမ်….ငါမဖမ်းလိုက်နိုင်ဘူးလား။ အံ့သြသင့်နေတဲ့အသံနဲ့အတူ လေဟာနယ်ထဲမှ လူအိုကြီးနှစ်ဦး ထွက်ပေါ်လာသည်။

“ဓားတထောင်ဂိုဏ်း မင်းတို့က အိမ်တော်နှစ်ခုကြား ဝင်ရှုပ်ချင်တာလား”

ကျန်းဝမ်လီက ထိုနှစ်ယောက်အနေဖြင့် မိမိထက် သာလွန်သည်ကို သတိပြုမိသော်လည်း ကြောက်လန့်မနေ။ သူသတ်လိုသူကို ကာကွယ်ချင်ပါက သူ့ခွင့်ပြုချက် တောင်းရမည်ဖြစ်သည်။

“ဟားး ဖန်းစုန့်က ဓားတထောင်ဂိုဏ်းရဲ့တပည့်ပဲ တပည့်ရဲ့အရေးကို ဆရာဝင်ပါတာ မထူးခြားပါဘူး”

အကြီးကဲလုက ပြောသည်။ ထိုစဥ် ကျန်းရင်ရင်ဘက်မှာတော့ ဖန်းစုန့်တယောက် အပြည့်အဝဖိနှိပ်ခံလိုက်ရပြီဖြစ်ကာ နောက်ထပ်မိနစ်အနည်းငယ်ကြာချိန်မှာတော့ ကျန်းရင်ရင်၏ အဆုံးသတ်ခြင်းကို ခံလိုက်ရတော့သည်။

………………………………………….

All Chapters