← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

ဖန်းအိမ်တော်က အဆုံးသတ်သွားလေပြီ။ အများပြား သေဆုံးသွားကြကာ အချို့က ဒဏ်ရာအပြင်းအထန်ဖြင့် ကိုယ်လွတ်ရုန်းပြေးကြတော့သည်။

ကျန်းရင်ရင် အဘိုးဖြစ်သူနား ကပ်သွားကာ လူအိုကြီးနှစ်ဦးအား အကဲခတ်လိုက်သည်။ တဖက်တွင် ဖန်းအိမ်တော် ကျဆုံးသွားသော်လည်း လုနဲ့လုန် အကြီးကဲနှစ်ဦးက ဂရုမစိုက်။ ကျန်းဝမ်လီတို့မြေးအဖိုးနှစ်ဦးလက်ထဲမှ အထွဋ်အထိပ်စိတ်ဝိဉာဥ်လက်နက်များကိုသာ စိုက်ကြည့်နေပြီး လောဘကြောင့် မျက်လုံးများက စူးရှနေလေသည်။

“ခဗျားတို့က ဓားတထောင်ဂိုဏ်းကပဲ အခုဖန်းအိမ်တော်မရှိတော့ဘူး ခဗျားတို့အရေးကိစ္စမရှိရင် နောက်ပြန်လှည့်ကြပါ”

ကျန်းဝမ်လီက အေးဆေးသက်သာစွာပင် ပြောသည်။ အကြီးကဲလုက နှာခေါင်းရှုံ့၍

“ငါ့တပည်မိသားစုကိုသတ်ပြီး ငါတို့ကိုဒီတိုင်း နောက်ပြန်လှည့်ခိုင်းနေတာလား ရယ်စရာပဲ”

“ဆိုတော့ ရှင်တို့က အနိုင်ကျင့်ချင်တယ်ပေါ့”

ကျန်းရင်ရင်က ငြိမ်သက်မနေ။ သူမအနေဖြင့် ဓားတထောင်ဂိုဏ်းအား ကြောက်ရွံခြင်းရှိမနေပဲ ထိပ်တိုက်တွေ့ရန် ဆုံးဖြတ်ထားသည်။

“ကောင်မလေး မင်းနောက်ခံက တေးသံသာဂိုဏ်းဆိုပေမယ့် ငါတို့ကသူတို့ကို ကြောက်မနေဘူး ခုချိန် မင်းတို့ကျန်းတအိမ်တော်လုံးကို ငါသတ်လိုက်ရင်တောင် ဘယ်သူမှလာကယ်မှာမဟုတ်ဘူးနော် ဖန်းစုန့်ရဲ့သေခြင်းတရားအတွက် မင်းတို့မြေးအဖိုးလက်နက်ပေးလိုက် ခွင့်လွှတ်ပေးလိုက်မယ်”

အကြီးကဲလုန်က တိုက်ရိုက်ပင် ခြိမ်းခြောက်လိုက်သည်။

“ဟားးး ဒီလက်နက်ကိုလိုချင်တာတဲ့လား မင်းတို့အဆင့်နဲ့လေ ဟားး”

ကျန်းဝမ်လီရဲ့ ကျယ်လောင်စွာရယ်မောသံက အကြီးကဲလုနဲ့အကြီးကဲလုန်တို့ကို မျက်မှောက်ကြုတ်သွားစေသည်။

“ကောင်းပြီ မင်းတို့ရဲ့မာနေတဲ့အကြောကို ငါလျှော့….”

“အိုးးဟိုးးး ဓားတထောင်ဂိုဏ်းက ဘယ်လိုကြောင့် ဒီလောက်မောက်မာနေတာလဲ ကြည့်စမ်း တေးသံသာဂိုဏ်းရဲ့ အတွင်းစည်းတပည့် မိသားစုကိုတောင် လူမြင်ကွင်းမှာ ခြိမ်းခြောက်နေပြီ”

ချိုမြသည့် ရယ်သံတခုနဲ့အတူ ပြီးပြည့်စုံတဲ့အလှတရားတခု လေဟာနယ်ထဲမှ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တခုလုံး အေးစက်တဲ့လေထုဖြင့် ပြည့်နှက်သွားသည်။

“လီဖူယွဲ့..မင်းကိုး”

“ခစ်..ခစ်…ဟုတ်ပါသတဲ့ရှင်”

လီဖူယွဲ့က လူအိုကြီးနှစ်ဦးအား ပြုံးစစ ကြည့်ကာ ရန်စနေသည်။

“ကျမဒီမှာရှိတာကြာပြီ ရင်ရင်ကိုလေးစားတဲ့အနေနဲ့ ဝင်မရှုပ်ခဲ့ဘူး ရှင်တို့က ဖန်းအိမ်တော်ပျက်စီးတာကို အခွင့်ကောင်းယူပြီး ရင်ရင်တို့မြေးအဖိုးရဲ့ လက်နက်တွေကို လုချင်တာလား”

လီဖူယွဲ့၏ တိုက်ရိုက်ဆန်သည့်စကားလုံးများက အကြီးကဲလုနှင့် အကြီးကဲလုန်တို့အား ပေါက်ကွဲသွားစေသာ်လည်း သူတို့တတ်နိုင်တာမရှိပေ။ လီဖူယွဲ့က အတိဒုက္ခနှောင်းပိုင်းအဆင့်ဖြစ်ကာ သူတို့နဲ့ဆိုလျှင် အဆင့်သေး၂ခုခြားကာ ပိုဆိုးသည်က လီဖူယွဲ့၏ပါရမီက ဂိုဏ်းချုပ်စု ဧကရာဇ်ကျင်းလုံပြီးလျင် တတိယလိုက်ပေသည်။

“ဟွန့် တေးသံသာဂိုဏ်းက ဓားတထောင်ဂိုဏ်းနဲ့ စစ်ဖြစ်ချင်နေတာပဲ”

အကြီးကဲလုန်က မတတ်သာသည့်အနေထားမှာတောင် မာန်မချပေ။

“ရှင်တို့နှစ်ယောက်က ဓားတထောင်ဂိုဏ်းကို ကိုယ်စားပြုနိုင်လို့လား ဟုတ်တယ်ဆိုရင် လာလိုက်လေ….စကြတာပေါ့”

ဝိုး.. မောက်မာလွန်းသည်။ ပြီးတော့ ချေမိုးလွန်းပြီး လွှမ်းမိုးလွန်းအားကြီးသည့် အမျိုးသမီး။ ကျန်းရင်ရင်တယောက် လီဖူယွဲ့အား ကျေးဇူးတင်စွာ ငေးကာ ဦးညွတ်လိုက်တော့သည်။

“အကြီးကဲကို တပည့် ကျန်းရင်ရင်က နှုတိဆက်ပါတယ်”

ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်…။ အပ်ကျသံပင်မကြားရ…။ မူလက လုယက်ချင်နေသည့် လူအိုနှစ်ဦးလည်း အံကြိတ်ကာ အတန်ကြာငြိမ်သက်ပြီးနောက် လီဖူယွဲ့တို့အား စူးရဲစွာစိုက်ကြည့်၍ ထွက်ခွာသွားတော့သည်.။

“ငကြောက် အဘိုးကြီးတွေ”

လီဖူယွဲ့၏ တီးတိုးစကားသံကိုကြားလျင် ကျန်းဝမ်လီတယောက် ခါးသီးသလိုခံစားသွားရတော့သည်။ သူ့မြေးအရွယ်လေးက သူ့ထက်အဆများစွာသာလွန်နေသည် မဟုတ်လော။

“အကြီးကဲ အိမ်တော်ထဲ ကြွပါ”

ကျန်းထန်က အပြေးအလွှားရောက်လာပြီး လီဖူယွဲ့အား ဖိတ်ခေါ်သည်။ တဖက်တွင်လည်း တာဝန်ခံရှောင်နဲ့ အကြီးကဲအချို့အား ဖန်းအိမ်တော်ဆီလွှတ်ကာ အဆုံးသတ်ရန် မှာကြားလိုက်ပြီး ကျန်းဝမ်လီ ကျန်းရင်ရင် လီဖူယွဲ့တို့နဲ့အတူ ကျန်းယန်ကိုခေါ်ကာ အိမ်တော်ထဲ ပျော်ရွှင်စွာ ဝင်ရောက်သွားတော့သည်။

“ဂိုးးး”

ချစ်စဖွယ်အသံလေးနဲ့အတူ ယင်ယင်က မြေပေါိ၌ ခုန်ပေါက်နေပြီး ဂိုးသွင်းခံလိုက်ရသည့် ယန်ပိုင်ကမူ မျောက်မှိုင်နေသကဲ့သို့ ခေါင်းငိုက်စိုက်ကြသွားသည်။

“ဟားး ဟားး ယင်ယင်က အရမ်းတော်တာပဲ”

ယန်ချန်က ခြံဝင်းမြေနေရာအလွတ်၌ ယင်ယင်နဲ့ယန်ပိုင်ဆော့ကစားရန် ခေတ်သစ်ကမ္ဘာမှ ဘောလုံးအနည်းငယ် ပြုလုပ်ပေးထားပြီး ကစားနေကြခြင်းဖြစ်သည်။

“သမီးက အားကြီးနေပြီ ခစ်ခစ်”

ယင်ယင်တယောက် အဆတ်မပြတ်ခုန်ပေါက်နေကာ သူမပုံစံက ၄နှစ်ကျော်အရွယ်နဲ့မလိုက် သန်မာနေသည်ကို အတိုင်းသား မြင်နိုင်လေသည်။

ငါဖော်ပေးတဲ့ဆေးက အစ်မရှုတို့ကို အကျိုးအာနိသင် ထိရောက်ခဲ့တာပဲ။ အတော်လေးသန်မာနေကြပြီ။ ငါ အစ်မရှုကို တိုက်ခိုက်ရေးနည်းလမ်းနည်းနည်း သင်ပေးထားရင်ကောင်းမလား။

ယန်ချန်က အခြေခံ လက်နက်မဲ့တိုက်ခိုက်ရေး နည်းလမ်းများ ပြီးပြည့်စုံစွာတတ်ကျွမ်းထားပြီး ရှုယင်သာ တတ်ကျွမ်းပါက သာမန်သေမျိုးများကြား သူမက နတ်ဘုရားမ ဖြစ်ပေလိမ့်မည်။ ယင်ယင့်အတွက်ကမူ နောက်တနှစ်ခန့်ကြာမှ စသင်ပေးလည်း နောက်မကျချေ။

………………………………………………

All Chapters