အခန်း (၂၄၁)
Vol. 25 Ch. 241
အစွန်းသို့ ခေါ်သွားခဲ့ပြီးနောက် ချန်ကျားယန်အား ပြောလိုက်သည်။
“ကောင်းပြီ၊ ဟိုဘက်က သစ်တုံးဆီကို သွားပြီး မင်းဘာသာ ဖြေရှင်းလိုက်.. ငါတို့ ဒီမှာ စောင့်နေမယ်.. ငါတို့ လှမ်းခေါ်လို့ မင်း ပြန်မဖြေရင် ဘာဖြစ်မလဲဆိုတာ သိတယ်နော်”
ချန်ကျားယန်လည်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
“အစ်ကိုကြီးတို့.. ကျွန်တော် လုံးဝ ထွက်မပြေးပါဘူး!”
ထိုနောက်တွင် လူကုန်ကူးအဖွဲ့မှ လူနှစ်ယောက်က ချန်ကျားယန်ကို သစ်တောထဲသို့ လွှတ်လိုက်ကြသည်။
ချန်ကျားယန်တစ်ယောက် ဗိုက်ကို လက်ဖြင့် ဖိထားကာ ခါးကိုင်းပြီး ချုံပုတ်တစ်ခုသို့ ရောက်လာခဲ့သည်။ သူ ဘောင်းဘီကို ချွတ်ပြီး ဇစ်ကို ဖွင့်ရန် ပြင်ဆင်နေစဉ် ရုတ်တရက် သူ့၏နောက်မှ အင်အားတစ်ခုက သူ့၏ခန္ဓာကိုယ်တစ်ခုလုံးကို တွန်းလိုက်ပြီး သူ့၏ပါးစပ်ကို တစ်စုံတစ်ခုဖြင့် ဖုံးအုပ်လိုက်လေသည်။
“အွန်း!”
ချန်ကျားယန်တစ်ယောက် အကူအညီမဲ့စွာ အော်ဟစ်ရုံသာ တတ်နိုင်ခဲ့ပြီး သူ၏ နှလုံးသားထဲတွင် မရပ်မနား ငိုကြွေးနေခဲ့သည်။
သူ တကယ်ပဲ သားရဲတိရစ္ဆာန်တစ်ကောင်နဲ့ တွေ့ခဲ့ရတာလား။
သို့သော် နောက်တစ်စက္ကန့်တွင် တမင်တကာ တိုးချထားသော စကားသံ တစ်ခု နောက်ဘက်မှ ထွက်ပေါ်လာသည်။
“အသံ မထွက်နဲ့!”
ချန်ကျားယန်တစ်ယောက် ခဏတာလောက် ကြောင်အ,သွားပြီး နောက်ပိုင်းတွင် သူ၏ ကြောက်ရွံ့မှုက အံ့သြမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဒါက လူပဲ!
သူ့နောက်မှာ လူတစ်ယောက် ရှိနေတယ်!
သူ့၏နောက်ဘက်မှ လူက မည်သူဖြစ်ကြောင်းကို သူ မသိသော်လည်း ကြမ်းတမ်းသော သားရဲတိရစ္ဆာန် မဟုတ်သရွေ့တော့ သူ့အတွက် အဆင်ပြေသည်ပင်။
“ငါက လူကုန်ကူးသူ မဟုတ်ဘူး၊ မင်းတို့ကို ကယ်ဖို့ ဒီရောက်လာတာ၊ ဒါပေမဲ့ အခု ငါတို့က မင်းတို့ဘက်က အခြေအနေကို မသိထားဘူး၊ ဒါကြောင့် မင်းတို့တွေ အထဲဘက်မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ငါတို့ကို ပြောပြရမယ်.. ဒါမှ မင်းတို့ကို သေချာ ကယ်ဆယ်နိုင်မှာ.. နားလည်လား”
ချန်ကျားယန်တစ်ယောက် သူ့၏နောက်ဘက်မှ လူများက သူတို့ကို ကယ်တင်ရန်အတွက် ရောက်လာကြောင်းကို ကြားလိုက်ရချိန်တွင် ပို၍ပင် စိတ်လှုပ်ရှားလာသည်။
သူ့အနေဖြင့် အသံ မထွက်နိုင်သောကြောင့် ခေါင်းကို အရူးအမူး ညိတ်လိုက်လေ၏။
သို့သော်လည်း သူ့၏ စိတ်ကူးသက်သက်ကြောင့်လား မသိ၊ သူ့၏နောက်ဘက်မှ လူ၏ အသံက အတော်လေး ရင်းနှီးနေပုံရသည်။
သူ တစ်နေရာရာတွင် ကြားဖူးသကဲ့သို့ ခံစားရသည်။
ထိုအချိန်တွင် အပြင်ဘက်မှ လူကုန်ကူးသူနှစ်ဦးက သူ့ကို စတင် ခေါ်နေပြီဖြစ်သည်။
“ဟေ့ကောင်..စကားပြောဦး!”
ချန်ကျားယန်၏ ပါးစပ်ကို ဖုံးအုပ်ထားသော လက်က ရပ်တန့်သွားပြီးနောက် ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။
သို့သော် မလွှတ်ပေးမီ ထိုအသံပိုင်ရှင်က အလေးအနက်ပြောလိုက်လေသည်။
“မင်းကို ကယ်နိုင်တာ ငါပဲ ရှိတယ်၊ ဒါကြောင့် မင်း အခု ဘာလုပ်ရမလဲဆိုတာ သိသင့်တယ်”
ချန်ကျားယန်သည်က သူ၏ ဘဝကို အတန်ဖိုးထားဆုံးသူ ဖြစ်သည်။ မူလက သူ့အနေဖြင့် ဤလူကုန်ကူးသူများ၏ ရောင်းစားခြင်းကို ခံရတော့မည်ဖြစ်ပြီး သူတို့၏ လက်က လုံးဝ လွတ်မြောက်နိုင်တော့မည် မဟုတ်ဟု ထင်ခဲ့သည်။
ဘုရားသခင်က မျက်စိကို ဖွင့်ပေးပြီး တစ်စုံတစ်ယောက်မှ သူတို့ကို ကယ်တင်ရန် ရောက်လာခဲ့ပေပြီ။
ထို့ကြောင့် သူ့အနေဖြင့် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားမည်ဖြစ်ပြီး သူ့နောက်မှ ကြင်နာတတ်သူနှင့် သေချာပေါက် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။
ထိုသို့ တွေးလိုက်ပြီး ချန်ကျားယန်တစ်ယောက် သူ၏ အသံကို အမြင့်ဆုံးမြှင့်၍ သစ်တော၏ အပြင်ဘက်သို့ ချက်ချင်း ရှင်းပြလိုက်သည်။
“အစ်ကိုတို့၊ ကျွန်တော် ဒီမှာ ရှိပါတယ်.. ကျွန်တော် အသက်အောင့်ပြီး ကြိုးစားနေခဲ့တာ၊ ထုတ်လို့ မရဘူးဖြစ်နေလို့ ...”
လူကုန်ကူးသူနှစ်ယောက် တစ်ဖက်လလလူမှ အသက်အောင့်၍ ကိစ္စရှင်းနေသည်ကို ကြားလျှင် ချန်ကျားယန်၏ ဖခင်ကို ဆဲဆိုချင်လောက်သည့် မြင်ကွင်းကို ချက်ချင်း တွေးတောမိသွားပြီး ရွံရှာသွားခဲ့ရသည်။
“ကောင်းပြီ၊ မြန်မြန် လုပ်၊ ငါ ခဏနေရင် မင်းကို ထပ်ခေါ်မယ်!”
သို့သော် ချန်ကျားယန်၏ ကြောက်တတ်သော ပုံစံကြောင့် သူတို့အနေဖြင့် တစ်ဖက်လူက ထွက်မပြေးနိုင်ကြောင်း သေချာသိနေခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ယောက်က လုံးဝ စိတ်လျှော့လိုက်ပြီး တခြားကိစ္စများအကြောင်းကို ပြန်လည် ပြောဆိုနေကြသည်။
ချန်ကျားယန်ကတော့ ထိုလူနှစ်ဦးကို အောင်မြင်စွာ ဖုံးကွယ်နိုင်ခဲ့သည်ကို တွေ့လျှင် သက်ပြင်းချလိုက်ပြီး သူ၏ နောက်မှ လူထံမှ အကူအညီ တောင်းခံခဲ့သည်။
“ကျေးဇူးရှင်.. ကြင်နာတတ်တဲ့ ကျေးဇူးရှင်.. ကျေးဇူးပြုပြီး ကျွန်တော့်ကို အမြန် ခေါ်ထုတ်သွားပါ.. ဒီလူကုန်ကူးသူတွေက လူတွေ မဟုတ်ကြဘူး.. သူတို့မှာ လူ့စိတ်မရှိဘူး!”
စုန့်ရှီးယန် စိတ်မရှည်စွာ မျက်မှောင်ကြုတ်လိုက်သည်။
“ကောင်းပြီ၊ ငါ မင်းကို ကယ်တင်မယ်လို့ ပြောရင် သေချာပေါက်ကယ်တင်မှာပဲ.. မင်းသာ ငါတို့ရဲ့ စီစဉ်မှုတွေကို ရိုးသားစွာ လိုက်နာသရွေ့ပေါ့”
“အထဲမှာ လူတွေ ဘယ်လောက်များများ ပိတ်လှောင်ခံထားရလဲ”
ချန်ကျားယန် ပြန်တွေးကြည့်လိုက်သည်။
“အတွင်းဘက်မှာ အရမ်း မှောင်နေတယ်.. သူတို့က ကျွန်တော်တို့ကို မြေအောက်ခန်းထဲမှာ စုပေါင်းပြီး ပိတ်လှောင်ထားတာ..
ကောင်းကောင်း မမြင်ရဘူး.. ဒါပေမယ့် ဆယ်ဂဏန်းလောက်တော့ ရှိမယ်လို့ ထင်တယ်”
“လူကုန်ကူးသူကရော ဘယ်နှစ်ယောက်လောက် ရှိလဲ”
ချန်ကျားယန်က ဤပြဿနာကိုပင် မသိပေ။ အဘယ်ကြောင့်ဆိုသော် သူ သတိလစ်ရာမှ နိုးလာပြီး ပထမဆုံးအကြိမ် လူကုန်ကူးသူတစ်ယောက်ကို အရှင်လတ်လတ် မြင်ရခြင်းမှာ ချန်ဖေးဖေးနှင့် ရန်ဖြစ်သည့်အချိန်က ဖြစ်ပေသည်။
သို့သော်လည်း သူ့ကို အိမ်သာ သုံးရန် ခေါ်သွားသောအချိန်က သူ မြေအောက်ခန်း၏အပေါ်ရှိ အခန်းကို ဖြတ်သွားခဲ့သည်။
သူ လျှင်မြန်စွာ ကြည့်လိုက်လျှင် အခန်းထဲတွင် အနည်းဆုံး လူဆယ်ယောက်လောက် ရှိနေကြောင်း တွေ့ခဲ့ရသည်။
ချန်ကျားယန်က ပြဿနာတိုင်းကို မသေချာသောကြောင့် စုန့်ရှီးယန်နှင့် အဖွဲ့သားများ၏ ကယ်ဆယ်ရေးလုပ်ငန်းအတွက် အခက်အခဲတချို့ဖြစ်စေခဲ့သည်။
သို့သော်လည်း အပြင်ဘက်ရှိ လူကုန်ကူးသူနှစ်ဦးက အလွန် သတိကြီးနေသည်ကို ကြည့်လျှင် တစ်ဖက်မှ လူများစွာ ရှိနေလျှင်ပင် အရည်အချင်း သိပ်မကောင်းခြင်း ဖြစ်နိာင်သည်။
မေးခွန်းအနည်းငယ် မေးပြီးနောက် အပြင်ဘက်မှ သတိပေးသော အသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
“ဟေ့ကောင်၊ ရပြီလား”
ချန်ကျားယန်တစ်ယောက် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
“အစ်ကို၊ ပြီးခါနီးပြီ၊ တစ်ဝက်လောက် ပြီးပြီ!”
အပြင်ဘက်မှ လူများနှင့် ဆက်သွယ်ပြီးနောက် ချန်ကျားယန်က သူ့နောက်မှ စုန့်ရှီးယန်ကို ထပ်မံ တောင်းပန်ခဲ့သည်။
“ကျေးဇူးရှင်.. သူတို့တွေ ကျွန်တော့်ကို အလျင်စလို လုပ်ခိုင်းနေပြီ၊ ဘယ်လို လုပ်ကြမလဲ”
စုန့်ရှီးယန်အနေဖြင့် ချန်ကျားယန်ကို ဤအချိန်ကတည်းက ခေါ်သွားရန် ရည်ရွယ်ချက် မရှိပေ။
ပထမအချက်မှာ ခြုံကို ပတ်ရိုက်ခြင်းအားဖြင့် အတွင်းမှမြွေကို ထိတ်လန့်သွားစေနိုင်သည်။
ဒုတိယအချက်မှာ ချန်ကျားယန်၏ ပျော့ညံ့လွန်းသည့်အခြေအနေကြောင့် မီတာအနည်းငယ်ထက် ပိုမပြေးနိုင်ပါက ပြန်လည်ဖမ်းမိသွားမည် ဖြစ်သည်။
“ကောင်းပြီ၊ မင်း သူတို့နဲ့အတူ အရင် ပြန်သွားလိုက်ဦး.. ငါတို့ နောက်မှ မင်းကို ကယ်ဖို့ အချိန်ယူလိုက်မယ်”
ဘာလဲ?
ချန်ကျားယန်တစ်ယောက်တစ်ဖက်မှ သူ့ကို ခေါ်မသွားကြောင်း ကြားလိုက်ရလျှင် ထိတ်လန့်သွားခဲ့သည်။
“ကျေးဇူးရှင်?”
“မင်း ငါ့ကို ခေါ်နေတာ အသုံးမဝင်ဘူး.. မင်း အသက်ရှင်ချင်ရင် ငါ ပြောတာကိုပဲ နားထောင်.. ငါ မင်းကို အစီအစဉ်ကို ပြောပြမယ်၊ ပြီးရင် မင်း အဲဒီအစီအစဉ်အတိုင်း လုပ်ရမယ်!”
ထိုသို့ ပြောပြီးနောက် စုန့်ရှီးယန်က ချန်ကျားယန်အား စကားအချို့ကို လျင်မြန်စွာ ပြောပြပြီးနောက် ချန်ကျားယန်ကို ချုပ်ထားခြင်းမှ လွှတ်ပေးလိုက်ပြီး အသံမထွက်ဘဲ လျင်မြန်စွာ ထွက်ခွာသွားသည်။
သူသာ ဘောင်းဘီ မချွတ်ခဲ့ပါက ချန်ကျားယန်တစ်ယောက် မတိုင်ခင်က ဖြစ်ပျက်ခဲ့သည်များမှာ သူ၏ စိတ်ကူးသက်သက် ဖြစ်သည်ဟုပင် ထင်မိလိမ့်မည်။
“ပြီးပြီလား!”
ထိုအချိန်တွင် အပြင်ဘက်ရှိ လူကုန်ကူးသူနှစ်ဦးက သူ့ကို ထပ်မံ အလျင်စလို လုပ်လာခဲ့ကြသည်။
ချန်ကျားယန် မည်မျှပင် စိတ်ပျက်အားငယ်နေပါစေ သူ့အနေဖြင့် ယခု ထွက်ခွာ၍ မရနိုင်ကြောင်းကို သိသောကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းရန် အလျှင်အမြန်လုပ်ပြီး ဘောင်းဘီကို အမြန် ဝတ်ဆင်ကာ သစ်တောထဲမှ ထွက်လာခဲ့သည်။
လူကုန်ကူးသူနှစ်ယောက်လည်း သူ ထွက်လာသည်ကို မြင်လျှင် ချက်ချင်း လက်ကမ်းပြီး သူတို့၏ နှာခေါင်းကို ပိတ်လိုက်ကြသည်။
“မင်း အရှေ့ကဆက်သွား!”
သူတို့နှစ်ယောက်က အလွန် ရွံရှာနေသည့်ပုံ ပေါ်သော်လည်း ချန်ကျားယန်အနေဖြင့် မကြာခင် ကယ်ဆယ်ခံရတော့မည်ကို သိသောကြောင့် ယခင်ကကဲ့သိုး စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။
သူ လူကုန်ကူးသူနှစ်ဦးကို ကြည့်သောအချိန်တွင် အနည်းငယ် မာနထောင်လွှားနေသည်ဟုပင် ခံစားမိသည်။
ဟမ့်!
စောင့်နေလိုက်စမ်းပါ!
ဒီလူကုန်ကူးသမားတွေက မကြာခင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်တော့မှာ!
နောက်ဆုံးတွင်တော့ ထိုလူကုန်ကူးသူနှစ်ယောက်က ချန်ကျားယန်အား အိမ်ထဲသို့ ပြန်ခေါ်သွားသည်ကို ကြည့်ပြီး စုန့်ရှီးယန်နှင့် သူ၏ အဖွဲ့ဝင်များက ပြန်လည် ပေါင်းစည်းခဲ့ကြသည်။
“ဗိုလ်ကြီး၊ အခု အထဲမှာ ဘာတွေ ဖြစ်နေတာလဲ”
စုန့်ရှီးယန်လည်း ထိုမေးခွန်းကိုကြားလျှင် ချန်ကျားယန် မတိုင်ခင်က ပြောခဲ့သည်များကို သူ၏ အဖွဲ့ဝင်များကို ပြန်ပြောပြပြီးနောက် ချန်ကျားယန်နှင့် အတွင်းအပြင် ပူးပေါင်းဆောင်ရွက်ရန်အတွက် သူ၏ အစီအစဉ်အကြောင်းကိုလည်း ပြောပြခဲ့သည်။
တချို့လူများက တွန့်ဆုတ်နေပုံရသည်။
“ဗိုလ်ကြီး၊ အါဒီလူကို အားကိုးလို့ ရပါ့မလား”
သူတို့က ချန်ကျားယန်မှာ လူကုန်ကူးသူများထံမှ ဖမ်းဆီးခြင်းကို ခံရသော ကံမကောင်းလူ တစ်ဦးအဖြစ်သာ ထင်ခဲ့ကြသော်လည်း စုန့်ရှီးယန်သည်ကတော့ ချန်ကျားယန်နှင့် အကြိမ်များစွာ ထိတွေ့ဖူးပြီး တစ်ဖက်လူ၏ စရိုက်လက္ခဏာ တချို့ကို သိသည်။
ဥပမာအားဖြင့် သူသည်က ကြောက်တတ်သော်လည်း သူ၏ ဘဝကို တခြားလူများထပ်ပို၍ တန်ဖိုးထားသည်။
ထို့အပြင် အနည်းငယ်လောက်လည်း ဥာဏ်ရည်ထက်မြက်မှုရှိသည်။
အမှားအယွင်းမလုပ်လောက်ပါချေ။
တစ်ဖက်လူက အတွင်းအပြင် ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ဆောင်ရန် အသင့်တော်ဆုံး ဖြစ်သည်။
“အဆင်ပြေတယ်.. ငါ သူ့ကို အရင်က နှစ်ခါလောက် တွေ့ဖူးတယ်.. သူက နည်းနည်းလောက်တော့ ထက်မြက်တယ်”
“အာ.. သူက ကျွန်တော်တို့ စစ်တပ်ထဲက ညီအစ်ကိုတစ်ယောက်လား”
စုန့်ရှီးယန် စစ်တပ်ထဲသို့ ဝင်လာပြီးကတည်းက သူ့နောက်သို့ လိုက်ခဲ့သူ တစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်မိသည်။
သူ၏ ထင်မြင်ချက်အရ စုန့်ရှီးယန်သည်က တစ်နှစ်ပတ်လုံး စစ်တပ်တွင်သာ နေထိုင်ခဲ့သည်။
စစ်တပ်ထဲမှ လူများမှလွဲ၍ အပြင်လောကနှင့် လုံးဝ အဆက်အသွယ် မရှိခဲ့ပုံရသည်။
ထို့ကြောင့် ချန်ကျားယန်သည်လည်း စစ်တပ်ထဲက ညီအစ်ကိုတစ်ယောက် ဖြစ်လိမ့်မည်ဟု မသိစိတ်ဖြင့် ထင်ခဲ့သည်။
ရလဒ်အနေဖြင့် စုန့်ရှီးယန်က ရုတ်တရက် တည်ငြိမ်စွာ ပြောလိုက်သည်။
“မဟုတ်ဘူး၊ ငါ သူ့ကို မင်းတို့ရဲ့ မရီးဆီကိုသွားရင်း တွေ့ခဲ့တာ”
ဘေးနားက တခြားလူများ: “???”
ဘယ်သူ့ရဲ့မရီးလဲ။
ဘာလဲ!
အို ဘုရားရေ၊ နှစ်ထောင်ပေါင်းများစွာ တစ်ကိုယ်တည်း ဖြစ်နေခဲ့တဲ့ အဖွဲ့ခေါင်းဆောင်မှာ လက်တွဲဖော်ရှိနေပြီလား!
သူ၏ ဘေးနားမှ ညီအစ်ကိုများက သူ့ကို အံ့အားသင့်သော အမူအရာများဖြင့် ကြည့်နေကြသည်ကို မျက်စိထောင့်မှ သတိပြုမိလျှင် စုန့်ရှီးယန်က အလေးအနက်ဖြင့် ဟန်ဆောင်ပြီး ဆူပူလိုက်သည်။
“မင်းတို့ ဘာတွေ ဆူပူနေကြတာလဲ၊ အလုပ်ကို အာရုံစိုက်စမ်းပါ!”
သို့သော် တကယ်တမ်းတွင်တော့ သူ့အနေဖြင့် အလွန် သက်သောင့်သက်သာ ခံစားခဲ့ရသည်။
ဟမ့်!
သူ့ကို လက်တွဲဖော်မရှာနိုင်တဲ့အတွက်ကြောင့် ဒီကောင်လေးတွေက သူ့နောက်ကွယ်မှာ မကြာခဏ ရယ်မောနေကြတယ်ကို သူ မသိဘူးထင်နေတာလား။
သူတို့တွေက သူ့ကို တစ်သက်လုံး တစ်ကိုယ်တည်း ဖြစ်နေလိမ့်မယ်လို့ ပြောနေခဲ့ကြတယ်။
သူတို့တွေ အဖွဲ့ခေါင်းဆောင် ဖြစ်လာတဲ့အချိန်မှာ သူတို့ရဲ့ အိမ်တွေကို ညစာစားဖို့ခေါ်ရမယ်လို့တောင် နောက်ပြောင်ကြတယ်။
ထားပါတော့ ။ သူတို့တွေက သူ့ကို ဂရုစိုက်မယ့်သူ မရှိတော့မှာကို ကြောက်နေကြတာပဲ။
ဒီစကားတွေက နွေးထွေးတယ်ဆိုပေမဲ့ သူတို့တွေက သူ့ကို အထင်သေးလွန်းနေခဲ့တာပဲမဟုတာဘူးလား။
သူက လက်တွဲဖော် မရှာနိုင်တာမဟုတ်ဘူး!
အရင်တုန်းက မရှာချင်ခဲ့တာပဲ!
*