အခန်း (၂၄၄)
Vol. 25 Ch. 244
စုန့်ရှီးယန်မှ တာဝန်များကို ဖြေရှင်းနေစဥ် ချင်းယွင်ကျစ်နှင့် လင်းရန်တို့မှာ ရထားပေါ်တွင် ရှိနေဆဲပင် ဖြစ်လေ၏။
ဤသည်က သူတို့ ရထားပေါ်တွင် ရှိနေမည့် နောက်ဆုံးည ဖြစ်ပေသည်။ ရထားက မနက်ဖြန် မနက်အစောပိုင်းတွင် သူတို့၏ဦးတည်ရာနေရာသို့ ရောက်ရှိပေတော့မည်။
ချင်းယွင်ကျစ်အတွက်တော့ ဤသည်မှာ သူမ၏ အနာဂတ် ချွေးမဖြစ်သူ၏ အိမ်သို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခြင်း ဖြစ်ပေသည်။
သူမသာ စိုးရိမ်ခြင်း မရှိဟု ပြောပါက လိမ်ညာခြင်းသာ ဖြစ်ပေလိမ့်မည်။
ဆိုရလျှင်သူတို့အနေဖြင့် ရောက်ရှိရန် တစ်ညသာ ကျန်ရှိနေပေပြီ။
သို့သော်လည်း လင်းရန်၏ ပြောဆိုချက်အရ မြို့သို့ ရောက်ရှိပြီးနောက်တွင် ကျေးလက်သို့ မပြန်မီ သူမ၏ အဒေါ် လင်းကျန်းဖူကို ဝင်တွေ့ရလိမ့်မည်။ သူတို့ အိမ်သိုးပြန်ရောက်ချိန်တွင်တော့ ညဉ့်နက်နေလောက်ပေပြီ။
သို့သော် ချင်းယွင်ကျစ်သည်က အလွန်ပင် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။
ရထားပေါ်တွင် အိပ်ပျော်ရန် မလွယ်ကူသကဲ့သို့ သူမ၏ စိတ်ထဲတွင်လည်း တစ်ခုခု ရှိနေသောကြောင့် ချင်းယွင်ကျစ်တစ်ယောက် ထိုညက အိပ်မပျော်ခဲ့ပေ။
နောက်တစ်နေ့ မနက်စောစော လင်းရန် နိုးလာချိန်၌ သူမ မြင်လိုက်ရသည်မှာ ချင်းယွင်ကျစ်၏ မျက်လုံးအောက်တွင် ရှိနေသော မည်းမှောင်နေသည့် မျက်ကွင်းများပင် ဖြစ်ပေသည်။
လင်းရန်: “အန်တီ.. အန်တီ မနေ့ညက မအိပ်ခဲ့ဘူးလား”
သူမ၏ စိုးရိမ်သော အမူအရာကို မြင်လျှင် ချင်းယွင်ကျစ်တစ်ယောက် စိတ်လှုပ်ရှားသွားပြီး တိတ်တဆိတ် လိမ်ညာလိုက်သည်။
“အဆင်ပြေပါတယ်.. မနေ့ညတုန်းက မီးရထားလမ်းက အရမ်း ဆူညံနေလို့လေ.. ညကျမှ အိပ်ရေးဝအောင် ပြန်အိပ်လိုက်ရင်ရပြီ”
သူမအနေဖြင့် ခမည်းခမက်များနှင့် တွေ့ဆုံရမည်ကို စိုးရိမ်နေသည့်အတွက် အိပ်မပျော်ခြင်းဖြစ်ကြောင်း ပြောနိုင်ခြင်း မရှိပါချေ။
လင်းရန်လည်း ထိုစကားကို ကြားလျှင် ထပ်မမေးတော့ပေ။ သူမက ယနေ့တွင်တော့ ချင်းယွင်ကျစ်ကို အိပ်ရေးဝဝအိပ်နိုင်ရန် အစောကြီး အိပ်ယာဝင်ခိုင်းရမည်ဟုသာ မှတ်ထားလိုက်သည်။
မကြာမီတွင် ရထားက နောက်ဆုံးဘူတာသို့ ရောက်ရှိလာသည်။ လင်းရန်က ချင်းယွင်ကျစ်ကို ခေါ်ကာ ရထားပေါ်မှ ဆင်းလာခဲ့လေ၏။
သူတို့နှစ်ယောက်လုံးက ခွန်အားမကြီးကြေသော်လည်း သူတို့နှင့်အတူပါလာသည့် ခရီးဆောင်အိတ်များကတော့အလွန်ပင် များပြားနေခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ယောက် ခရီးဆောင်အိတ်များနှင့်အတူ ဘူတာရုံမှ ထွက်ခွာလာချိန်တွင် အလွန်ပင် အခက်အခဲ ရှိနေပုံရသည်။
ချင်းယွင်ကျစ်၏ လက်မှာ လက်ကိုင်ကွင်းများကို ဆွဲထားရသောကြောင့် နာကျင်နေခဲ့သော်လည်း သူမအနေဖြင့် ခက်ခဲနေသည့် အမူအရာကို ပြသနိုင်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း သူမ၏စိတ်ထဲတွင်တော့ ကျိန်ဆဲချင်နေပြီပင်။
ဘယ်သူ့ကို ဆဲချင်နေတာလဲဆိုရင်တော့ .. စုန့်ရှီးယန်ကိုပဲ!
အဲဒီကောင်စုတ်လေး! သူ မလာခဲ့ရင်တောင် အလုပ်လုပ်ပေးမယ့်လူ ဘယ်သူကိုမှ မလွှတ်ပေးနိုင်ဘူးလာ့!
လင်းရန်သည်လည်း အနည်းငယ် သည်းမခံနိုင်ဖြစ်နေပြီး ချင်းယွင်ကျစ်နှင့် တူညီသော အတွေးတို့ ရှိခဲ့သည်။
ဒါအားလုံး စုန့်ရှီးယန်ရဲ့ အမှားကြောင့်ပဲ!
သူသာ လိုက်လာခဲ့မယ်ဆိုရင် သူမနှင့် အန်တီချင်းတို့ အခုလို ပင်ပန်းရမှာ မဟုတ်ဘူး!
ဟမ့်!
သူ ပြန်လာတာနဲ့ သူမ သူ့ကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းရမယ်!
နောက်ဆုံး ရထားဘူတာရုံမှ ထွက်ခွာလာပြီးနောက်တွင်တော့ လင်းရန်တစ်ယောက် ဘူတာရုံအပြင်ဘက်တွင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သော လင်းကွမ်းချင်းကို မြင်လိုက်ရပြီး အလွန်ပင် ကံကောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။
“အစ်ကိုကြီး!”
လင်းရန်အနေဖြင့် လင်းကွမ်းချင်းကို မြင်လိုက်ရသည်က ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ပင်။
သို့သော် သူမ သတိဝင်လာပြီးနောက် အနည်းငယ် ကြောင်အသွားသည်။ သူမ ပြန်လာမည့်အကြောင်းကို မိသားစုအား ကြိုတင် မပြောခဲ့ရကြောင်းကို သူမ သတိရလိုက်သည်။
သူမ၏ အစ်ကိုကြီး လင်းကွမ်းချင်းအနေဖြင့် သူတို့ ယနေ့ ပြန်လာမည်ကို မည်သို့ သိရှိခဲ့သနည်း။
“ရန်ရန်!”
လင်းကွမ်းချင်သည်ကား မနက်ကတည်းက အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် လင်းရန် ထွက်လာသည်ကို မြင်လိုက်ရလျှက် စိတ်သက်သာရာ ရသွားခဲ့သည်။
“မင်္ဂလာပါ အန်တီချင်း၊ ကျွန်တော် ဗိုလ်ကြီးစုန့်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတါ့ လင်းကွမ်းချင်းပါ၊ ပြီးတော့ ရန်ရန်ရဲ့ အကြီးဆုံး အစ်ကိုဝမ်းကွဲလည်း ဟုတ်ပါတယ်!
ဤသည်က သူ့အနေဖြင့် ချင်းယွင်ကျစ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။
ယခင်က သူ စုန့်ရှီးယန်နှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သော်လည်း စုန့်ရှီးယန်က သူ၏ ဘဝဇာတ်ကြောင်းကို မဖော်ထုတ်ခဲ့ပါချေ။ ထို့ကြောင့် သူသည်လည်း စုန့်ရှီးယန်၏ ဖခင်ဖြစ်သူမှာ နာမည်ကြီးလွန်းသည့် သခင် စုန့်ကျယ် ဖြစ်ကြောင်းကို မသိခဲ့ရပေ။
ထို့အတူ သဘာဝကျစွာဖြင့်ရ စုန့်ရှီးယန်၏ မိခင်က မည်သူဖြစ်ကြောင်းကိုလည်း မသိခဲ့ပေ။
စုန့်ရှီးယန်က လင်းရန်နှင့် သူ၏ မိခင်က ဤတစ်ကြိမ် အိမ်သို့ လုံခြုံစွာ ရောက်ရှိနိုင်မည် မဟုတ်ဟုသာ စိုးရိမ်ခဲ့ခြင်း မဟုတ်ပါက သူ့အနေဖြင့် အိမ်တွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို လင်းကွမ်းချင်းကို ပြောပြမည် မဟုတ်။
ထို့အတူ လင်းကွမ်းချင်ကိုလည်း သူတို့ကို လာကြိုရန် မြို့သို့ တိုက်ရိုက် လာခိုင်းမည် မဟုတ်ပေ။ချင်းယွင်ကျစ်ကို နှုတ်ဆက်ပြီးနောက် လင်းကွမ်းချင်းက လင်းရန်နှင့် ချင်းယွင်ကျစ်တို့၏ လက်ထဲမှ ပစ္စည်းများကို ယူရန် အလျင်အမြန် ရှေ့သို့ တိုးလာခဲ့သည်။
ထို့နောက်တွင်တော့ သူ၏ ပခုံးများက ဤအိတ်ကြီးများ၏ အလေးချိန်အောက်တွင် အောင်မြင်စွာ နိမ့်ဆင်း သွားခဲ့လေသည်။
သို့သော် သူ၏ ခိုင်မာသော သည်းခံနိုင်စွမ်းဖြင့် ထိန်းထားနိုင်ခဲ့သည်။
“ခေါင်းဆောင်ကြီး၏ဇနီး” ရှေ့မှာ ပထမဆုံးအကြိမ် ပေါ်လာတာလေ!
ဒီလိုမျိုး ရှက်စရာပုံစံဖြစ်သွားလို့ မရဘူး!
ချင်းယွင်ကျစ်တစ်ယောက် သူ့၏အခြေအနေကို မြင်လျှင် အနည်းငယ် စိတ်မကောင်းဖြစ်သွားရပြီး လျင်မြန်စွာ ရယ်မောလိုက်သည်။
“အဲအဆင်ပြေရလား.. အန်တီ ကူသယ်ပေးရမလား”
“မလိုပါ ဘူး အန်တီ၊ ကျွန်တော် လုပ်နိုင်ပါတယ်!”
လင်းကွမ်းချင်းတစ်ယောက် အံသွားများ တင်းတင်းကြိတ်ကာ ပစ္စည်းများကို သယ်ထုတ်လာခဲ့သည်။
သူ့ကို စိတ်သက်သာရာ ရစေနိုင်သည့် တစ်ခုတည်းသော အရာမှာ သူ၏ အဒေါ် လင်းကျန်းဖူ၏ အလုပ်နေရာက ရထားဘူတာနှင့် သိပ်ပြီးမဝေးခြင်းအတွက်ပင်ဖြစ်သည်။
သူတို့ ကုန်တိုက်သို့ ရောက်လျှင် ခဏမျှ အနားယူနိုင်လိမ့်မည် ။
ဒါနဲ့ သူ့ရဲ့ အဒေါ်ကို မြင်ရငရ လင်းရန် အံ့အားသင့် သွားလောက်မယ်မလား?
“အစ်ကိုကြီး၊ အစ်ကို ဘယ်တုန်းက ရောက်လာတာလဲ”
ရထားဘူတာရုံမှ ထွက်လာပြီးနောက် လင်းရန်တစ်ယောက် လင်းကွမ်းချင် ဤနေရာတွင် ရှိနေရခြင်းအတွက် အကြောင်းရင်းကို မမေးဘဲ မနေနိုင်ခဲ့ချေ။
လင်းကွမ်းချင်းက သူမကို စနောက်လိုသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
“မင်း မသိဘူးလား”
လင်းရန် အနည်းငယ် ကြောင်အသွားသည်၊ သူမ မသိသည်က သေချာပဆသည်။
တစ်ဖက်တွင်ရှိနေသော ချင်းယွင်ကျစ်ကတော့ လင်းကွမ်းချင်၏ အဓိပ္ပာယ်ရှိသော အမူအရာကို ကြည့်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို ခန့်မှန်း၍ ပြောလိုက်သည်။
“ရှောင်လင်း၊ မင်းကို ဒီကို လာခိုင်းတာက စုန့်ရှီးယန်မလား”
လင်းရန်လည်း ထိုစကားကို ကြားပြီးနောက်တွင် နားလည်သွားခဲ့ပြီး သူမ၏ မျက်လုံးများသည်လည်း များစွာ ပျော့ပျောင်းသွားခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူက သူ လုပ်သင့်တာကိုတော့ သိသားပဲ!
လင်းရန် ရယ်မောလာသည်ကို မြင်မှ ချင်းယွင်ကျစ်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။
ထို့နောက်တွင် သူတို့က လင်းကွမ်းချင်း၏ နောက်သို့ လိုက်ကာ ကုန်တိုက်ဘက်သို့ ဦးတည်သွားခဲ့ကြသည်။
သို့သော် လင်းကျန်းဖူက အလုပ်လုပ်နေဆဲ ဖြစ်သောကြောင့် သူတို့အနေဖြငရ့ ဤမျှ များပြားသော ပစ္စည်းများကို တိုက်ရိုက် သယ်ဆောင်သွားရန် ခက်ခဲနေသည့်အတွက် လင်းကွမ်းချင်းက လင်းရန်အား ပြောလာခဲ့သည်။
“ရန်ရန်၊ အန်တီက အလှကုန် ရောင်းတဲ့ ကောင်တာမှာရှိတယ်.. မင်း အထဲကို ဝင်ပြီး ညာဘက် လှည့်လိုက်ရင် သူမကို တွေ့နိုင်လိမ့်မယ်”
လင်းရန် ခေါင်းညိတ်လိုက်သည်။
လင်းကွမ်းချင်းက အပြင်ဘက်ကို လှည့်၍ တစ်စုံတစ်ခုကို လှမ်းကြည့်နေသည်ကို မြင်လျှင် သူမ တစ်ဖက်ကိုလှည့်ကာ ချင်းယွင်ကျစ်ကို မေးလိုက်သည်။
“အန်တီ.. အန်တီ အပြင်မှာ စောင့်နေမှာလား၊ ဒါမှမဟုတ် ကျွန်မနဲ့အတူ လမ်းလျှောက်ရင်း လိုက်ခဲ့ဦးမလား”
ချင်းယွင်ကျစ်က တိုက်ရိုက်ပင် ခေါင်းညိတ်လိုက်သည်။
“ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်၊ ဒါက တစ်ယောက်ယောက်နဲ့ တွေ့ဖို့ အချိန်ကောင်းပဲလေ”
“ကောင်းပြီ၊ ကျွန်မရဲ့ ဒေါ်လေးကလည်း အန်တီ့ကို သေချာပေါက် သဘောကျလိမ့်မယ်!”
လင်းရန်မှ ဤသို့ ပြောပြီးနောက်တွင် ချင်းယွင်ကျစ်အနေဖြင့် လင်းကျန်းဖူသည်က မည်သို့သော ပုဂ္ဂိုလ်ဖြစ်သည်ကို စူးစမ်းလိုစိတ် ဖြစ်လာခဲ့သည်။
ဤကုန်တိုက်အကြောင်းကို ပြောရလျှင် လင်းရန်အတွက် အိမ်ဟောင်း တစ်ခု အဖြစ်ပင် သတ်မှတ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ သူမ “လင်းရန်” ဖြစ်လာပြီး မကြာမီတွင် သူမ ဤနေရာသို့ လာခဲ့ပြီး ကုန်ပစ္စည်းရှင်းလင်းရေး လုပ်ခဲ့သည်။
သူမက စုန့်ဝေ့၏ ပိုက်ဆံအိတ်ကို လုံးဝ ဗလာကျင်းအောင် လုပ်ခဲ့သည်ဟု ဆိုနိုင်သည်။
ဤနေရာရှိ အရောင်းဝန်ထမ်း တချို့ပင် လင်းရန်ကို မှန်မိနေပုံရသည်။
လင်းရန် ဝင်လာသည်ကို မြင်ပြီးနောက် သူမကို ပြန်မကြည့်ဘဲ မနေနိုင်ကြပေ။
“ရန်ရန်၊ သူတို့တွေ မင်းကို ကြည့်နေတယ်လို့ ခံစားရလား”
သူမ၏ ဘေးနားရှိ ချင်းယွင်ကျစ်မှာ အရောင်းဝန်ထမ်းများ၏ မျက်လုံးများက အနည်းငယ် ထူးဆန်း နေသည်ဟု ခံစားရသောကြောင့် လင်းရန်၏ နားရွက်အနီးသို့ တိုးကပ်ကာ မေးလာလေ၏။
လင်းရန် လည်ချောင်း ရှင်းလိုက်ပြီးဝေဝေဝါးဝါးသာ ပြောနိုင်ခဲ့သည်။
“သူတို့က ကျွန်မကို ရုပ်ချောတယ်လို့ ထင်နေတာ ဖြစ်နိုင်မယ်”
ချင်းယွင်ကျစ်ကို အမှန်တရား ပြောပြမည့်အစား အရှက်အကြောက်မရှိဘဲ ကြွားဝါတတ်သည့် ပုံစံက ပိုမို ကောင်းမွန်သော အဖြေ ဖြစ်ပေမည်။
သို့သော်လည်း ချင်းယွင်ကျစ်သည်က ၎င်းကို လုံးဝ သံသယဝင်ခြင်းမရှိဘဲ သူမ၏ မျက်နှာတွင် လက်ခံယုံကြည်ခြင်း အမူအရာပင် ရှိနေခဲ့သည်။
“ဒါက အမှန်ပဲ၊ ဒါဆို သူတို့က အတော်လေး အမြင်ကောင်းရှိတယ်!”
လင်းရန်တစ်ယောက် မျက်နှာနီရဲသွားခြင်း မဖြစ်ဘဲ မနေနိုင်ခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ဤအချိန်တွင် သူတို့နှစ်ယောက်က အလှကုန် ရောင်းချသည့် ကောင်တာသို့ ရောက်ရှိလာခဲ့ပြီး ကောင်တာရှေ့တွင် အလုပ်များနေသော လင်းရန်၏ ဒေါ်လေး လင်းကျန်းဖူကို မြင်တွေ့ခဲ့ရလေသည်။
*