← Chapters

အခန်း (၂၄၅)

Vol. 25 Ch. 245

အခန်း (၂၄၅)

Vol. 25 Ch. 245

လင်းရန်တစ်ယောက် သူ၏ ဒေါ်လေး လင်းကျန်းဖူကို သေသေချာချာ မြင်လိုက်ရသည့် အချိန်တွင် သူမ၏ မျက်လုံးများကိုပင် မယုံနိုင်ဖြစ်သွားခဲ့ရသည်။

သူမအနေဖြင့် သူ၏ အဒေါ်လေးသည် ချောမောလှပသော မျက်နှာသွင်ပြင်နှင့် ပွင့်လင်းသော စိတ်နေစိတ်ထား ရှိကြောင်းကို အမြဲ သိထားခဲ့သည်။

သို့သော်လည်း မြို့ငယ်လေးတွင် ရှိနေချိန်တွင် ကျေးလက်ရှိ အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက သူမက ပိုမို ကောင်းမွန်စွာ ဝတ်စားဆင်ယင်ခဲ့ကြောင်း တွေ့မြင်နိုင်သော်လည်း အလွန်ပင် ရိုးရှင်းနေဆဲဖြစ်ပြီး သူမ၏ စိတ်နေစိတ်ထားနှင့် မကိုက်ညီနေခဲ့ပေ။

မမျှော်လင့်ဘဲ ယနေ့တွင် တစ်ချက်ကြည့်လိုက်ရုံဖြင့် လင်းရန်၏ အသိအမြင်အားလုံးကို တိုက်ရိုက်ပင် ပြောင်းပြန်လှန်ပစ်လိုက်သည်။

သူမက သူမ၏ ဒေါ်လေးအား ပိန်ပါးသွယ်လျသော ခါးနှင့် ခြေတံရှည်များဖြင့် လိုက်ဖက်ညိစွာ ကွက်တိကျသော ယူနီဖောင်း ဝတ်ဆင်ထားသည်ကို မြင်တွေ့ခဲ့ရသည်။

ဤဝတ်စုံက သူမ၏ ကောင်းမွန်လှပသော ခန္ဓာကိုယ်ကို အပြည့်အဝ ပြသထားနိုင်ခဲ့သည်။ ဖောက်သည်များထံသို့ အလှကုန်များ ပိုမို ကောင်းမွန်စွာ မိတ်ဆက်ပေးနိုင်ရန်အတွက် သူမက မျက်နှာတွင်လည်း မိတ်ကပ်များကို လိမ်းခြယ်ထားသည်။

သူမ၏ အသားအရေသည် ပို၍ တောက်ပကာ ဆွဲဆောင်မှု ရှိနေခဲ့သည်။ သူမသာ အပြင်သို့ ထွက်ပြီး ဓာတ်ပုံရိုက်ထားမည်ဆိုပါက နောင်လာမည့် အင်တာနက် အသုံးပြုသူများကို အံ့အားသင့်စေမည့် ကြယ်ပွင့်တစ်ဦး ဖြစ်လာမည်မှာ သေချာသည်။

“ဟေး ရန်ရန်၊ မင်း ရောက်လာပြီလား!”

လင်းကျန်းဖူက လင်းရန်ကို တွေ့မြင်သွားခဲ့ကာ လှမ်းခေါ်လိုက်ပြီးနောက် သူမ၏ လက်ထဲရှိ ပစ္စည်းများကို ချလိုက်ပြီး အပြုံးတစ်ခုဖြင့် သူမ၏ ဘေးသို့ လျှောက်သွားခဲ့သည်။

လင်းကွမ်းချင်းမှာ မနေ့ကတည်းက မြို့သို့ ရောက်ရှိလာခဲ့ပြီး ယနေ့တွင် လင်းရန် ရောက်ရှိမည့်အကြောင်းကို သူမအား ကြိုတင် ပြောပြခဲ့သောကြောင့် လင်းကျန်းဖူာ သိရှိထားပြီးသား ဖြစ်နေပေပြီ။

သူမက လင်းရန်ထံသို့ လျှောက်သွားရင်းဖြင့် သူမ၏ဘေးနားမှ ချင်းယွင်ကျစ်ကိုလည်း လှမ်းမြင်လိုက်ရသည်။

“ရန်ရန်၊ ဒါ ရှောင်စုန့်ရဲ့ အမေလား”

လင်းရန်လည်း သတိပြန်ဝင်လာပြီး သူတို့ နှစ်ဦးအား တစ်ဦးနှင့်တစ်ဦး လျင်မြန်စွာ မိတ်ဆက်ပေးခဲ့သည်။

ချင်းယွင်ကျစ်နှင့် လင်းကျန်းဖူတို့မှာ ပထမဆုံး တွေ့ဆုံခြင်းတွင်ပင် အလျင်းချင်း သဘောကျနှစ်သက်ကာ ချစ်ခင်သွားခဲ့ကြသည်။

ချင်းယွင်ကျစ်က လင်းကျန်းဖူထက် ဆယ်နှစ်ကျော် ပို၍ အသက်ကြီးသော်လည်း သူမက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှု ကောင်းမွန်ခဲ့ပြီး လင်းကျန်းဖူကတော့ မွေးရာပါ အလွန် အားကောင်းသော ခံစားချက် ရှိခဲ့သောကြောင့် သူတို့ နှစ်ယောက် အတူတကွ ရပ်နေသောအခိုက်တွင် ညီအစ်မများကဲ့သို့ ဖြစ်နေသည်။

ချင်းယွင်ကျစ်က အလှအပကို အမြဲတစေ ချစ်မြတ်နိုးသည်။

ယခု သူမက လင်းကျန်းဖူ အလှကုန်များ ရောင်းချနေသည်ကို မြင်လိုက်ရသောကြောင့် ဝယ်ယူရန် သတင်ခဲ့သည်။

ဆိုရလျှင် ဤပစ္စည်းများကို ကွမ်ကျိုးတွင် ဝယ်ယူနိုင်လျှင်ပင် ၎င်းတို့ကို ရောင်းချနေသူက လင်းရန်၏ အဒေါ်ဖြစ်သောကြောင့် တခြားနေရာများမှ ပစ္စည်းများနှင့် တူညီနေလိမ့်မည် မဟုတ်ပါချေ။

ထို့ကြောင့် ချင်းယွင်ကျစ်က ကောင်တာသို့ တိုက်ရိုက်သွားကာ အရူးအမူး ဈေးဝယ်ခြင်းကို စတင်ခဲ့သည်။

သူမ ဝယ်ယူခဲ့သော ပစ္စည်းများမှ ကော်မရှင်ကို လင်းကျန်းဖူ ရရှိမည် မဟုတ်သော်လည်း များများရောင်းရပါက သူမ၏ စွမ်းဆောင်ရည်က ကောင်းမွန်ကြောင်းကို ဖော်ပြနိုင်မည်ဖြစ်ပြီး သူမ၏ အကြီးအကဲမှ အကဲဖြတ်သောအချိန်တွင် သေချာပေါက် ချီးကျူးခံရမည် ဖြစ်သည်။

လင်းကျန်းဖူတစ်ယောက် ချင်းယွင်ကျစ်၏ လုပ်ရပ်များကို မြင်လိုက်ရလျှင် ခဏတာလောက် ကြောင်အ,သွားပြီးနောက် သူမအား တီးတိုးအကြံဉာဏ် အချို့ ပေးလာခဲ့သည်။

သူမအနေဖြင့် ချင်းယွင်ကျစ်မှ သူမ၏ အလုပ်ကို ဂရုစိုက်ချင်ကြောင်းကို သိနိုင်သော်လည်း ဤမျှ များပြားသော ပစ္စည်းများကို ဝယ်ယူရန် မလိုအပ်ပါချေ။

မည်သို့ပင်ဖြစ်စေ အလှကုန်များသည်က ဤခေတ်ကာလတွင် ဇိမ်ခံပစ္စည်းများ ဖြစ်နေဆဲပင်။

ပျမ်းမျှ မိန်းကလေးတစ်ယောက်က နှုတ်ခမ်းနီ တစ်ချောင်းနှင့် ခရင်မ် တစ်ပုလင်းကိုသာ ဝယ်ယူနိုင်သော်လည်း ချင်းယွင်ကျစ်ကတော့ ရောက်လာသည်နှင့် တစ်ပြိုင်နက် အစုံအလင် ဝယ်ယူခဲ့သည်။

ဤပသ္စည်းဆယ်ခုလောက်ကို ယွမ်တစ်ရာနီးပါး ရှိပေသည်။

“မစ္စချင်း၊ ရှင် တကယ်ပဲ ဒီပစ္စည်းတွေ အားလုံးကို လိုအပ်ရဲ့လား”

လင်းကျန်းဖူအနေဖြင့် ဖိအားများစွာကို ခံစားလာခဲ့ရသည်။

ချင်းယွင်ကျစ်က ပြုံးလိုက်ပြီး လက်ဝှေ့မ်းလိုက်သည်။

“စိတ်မပူပါနဲ့၊ ကျွန်မ ဝယ်တာတွေ အားလုံးကို သေချာပေါက် သုံးမှာ! ဒါတွေကို ကျွန်မအတွက် ထည့်သွင်းပေးလိုက်လေ.. ဒါနဲ့ ငွေရှင်းတာက ဘယ်မှာလဲ”

လင်းကျန်းဖူတစ်ယောက် သူမကို ဆွဲဆောင်၍ မရနိုင်သောကြောင့် လင်းရန်ကို လှမ်းကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ နောက်ဆုံးတွင်တော့ လင်းရန်သည်လည်း မကူညီနိုင်ခဲ့ဘဲ ပခုံးတွန့်ပြလိုက်လိုက်မိသည်။

သူမသာ မစ္စချင်းကို ဆွဲဆောင်နိုင်ပါက သူတို့နှစ်ယောက် ဤမျှ များပြားသော ပစ္စည်းများကို သယ်ဆောင်ပြီး ပြန်လာရမည် မဟုတ်ပေ။

လင်းရန်တွင်လည်း ရွေးချယ်စရာ မရှိသည်ကို မြင်လိုက်ရလျှင် လင်းကျန်းဖူ အဖြစ်မှန်ကို လက်ခံရုံသာ တတ်နိုင်တော့သည်။သူမက ချင်းယွင်ကျစ် ယခုလေးတင် မှာယူခဲ့သော အလှကုန်များကို ထုပ်ပိုးပြီး တစ်ခုပြီးတစ်ခု ဘေးဖယ်ထားခဲ့ပြီးနောက် ချင်းယွင်ကျစ် ပေးချေနိုင်ရန် ဘေလ်တစ်ခု ဖွင့်ပေးခဲ့သည်။

ထို့နောက်တွင် ချင်းယွင်ကျစ်က လင်းရန်နှင့် လင်းကျန်းဖူကို ဤနေရာတွင် စောင့်နေရန် တောင်းဆိုခဲ့ပြီး ငွေပေးချေပြီးနောက် သူမ ပြန်လာမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ချင်းယွင်ကျစ် ထွက်သွားသည်ကို အခွင့်ကောင်းယူကာ လင်းကျန်းဖူတစ်ယောက် သက်ပြင်းချလိုက်ပြီးနောက် လင်းရန်ကို အသံတိုးတိုးဖြင့် မေးလိုက်မိသည်။

“ရန်ရန်၊ ရှောင်စုန့်ရဲ့ အမေက အမြဲတမ်း ဒီလိုမျိုးပဲလား”

ဒါ... ဒါက အရမ်း ရက်ရောလွန်းတယ်မဟုတ်ဘူးလား!

အဓိက အကြောင်းရင်းက ပိုက်ဆံ သုံးတဲ့အချိန်မှာ ရက်ရောလွန်းတဲ့ အမူအရာက ယွမ် တစ်ရာနီးပါး တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုအစား တစ်ယွမ်လောက်ပဲ တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုကို ထုပ်ပိုးနေသလိုမျိုး ဖြစ်နေတာပဲ။

လင်းရန်သည်ကား ကွမ်ကျိုးတွင် ရှိနေစဉ်ကတည်းက ချင်းယွင်ကျစ်၏ ကုန်ပစ္စည်းများကို ရှင်းလင်းရေးပုံစံကို မြင်ဖူးပြီး ဖြစ်သောကြောင့် အခြေအနေက မဆိုးသေးဟု ခံစားခဲ့ရသည်။

“အဆင်ပြေပါတယ်.. ဒေါ်လေး သူက တကယ်တော့ တော်တော်လေး ကောင်းတယ် နည်းနည်းလောက် ရက်ရောတတ်တာပဲ ရှိတာပါ .. ဒေါ်လေးသာ ဒီသုံးဖြုန်းတာကို အလေ့အကျင့်ရသွားရင် အဆင်ပြေပါပြီ”

သုံးဖြန်းတဲ့ အလေ့အကျင့်လား။

လင်းကျန်းဖူတစ်ယောက် သူမ တစ်သက်လုံး ၎င်းကို အလေ့အကျင့်ရနိုင်မည် မဟုတ်ဟု ခံစားလိုက်ရသည်။

သူမ မြို့လေးတွင် ကျောင်းတက်နေစဉ်က ထိုမြို့လေးသည်သာ အကောင်းဆုံး နေရာဖြစ်သည်ဟု ခံစားခဲ့ရသည်။

မြို့လေးရှိ လူများမှာ အစားအသောက်နှင့် အဝတ်အထည် လုံလောက်စွာ ရှိကြပြီး ပိုက်ဆံကို စိုးရိမ်စရာ မလိုခဲ့ပေ။

နောက်ပိုင်းတွင် သူမ ထိုမြို့လေးတွင် အခြေချခဲ့သည်။ အလုပ်လုပ်ပြီးနောက် ရုပ်ဝတ္ထုအခြေအနေအရ ကြည့်လျှင် မြို့ငယ်လေးမှ ဘဝသည်က အလွန်ကောင်းမွန်သည်ဟု အမှန်တကယ် ခံစားခဲ့ရသောကြောင့် သူမ အမြဲတစေကျေနပ် နေခဲ့သည်။

နောက်ပိုင်းတွင် သူမသည် မြို့ကြီးသို့ ထပ်မံ ရောက်ရှိလာမှသာ ထိုမြို့ငယ်လေးမှ သူမ၏ ဘဝက မြို့ကြီးရှိ လူတိုင်း၏ ဘဝနှင့် များစွာ ကွာခြား နေကြောင်း သဘောပေါက်ခဲ့သည်။

မြို့ပေါ်တွင် လဝက်ပင် မနေရသေးသော်လည်း မြို့ပေါ်ရှိ ဘဝသည်က အကောင်းဆုံး ဖြစ်သည်ဟု သူမ ခံစားခဲ့ရသည်။

သို့သော် ယခု လင်းရန်က အနာဂတ်တွင် မစ္စချင်းယွင်ကျစ်၏ ပိုက်ဆံကို ရေလို သုံးစွဲခြင်း ခံစားချက်ကို အလေ့အကျင့်ဖြစ်ရမည်ဟု သူမအား ပြောပြလာခဲ့သည်။

လင်းကျန်းဖူအနေဖြင်် ဤနေရာတွင် အရောင်းဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ခြင်းက သူမ၏ ဘဝတွင် မည်သို့သော ပျော်ရွှင်မှုမျိုး ဖြစ်ကြောင်း ရှင်းပြ၍ပင် မရနိုင်ကြောင်း ပြောခဲ့ပြီး သူမ၏ ဘဝအတွက် အကောင်းဆုံး နေရာဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

ထို့အပြင် သူမာ အလွယ်တကူ ကျေနပ်တတ်သူ တစ်ဦးလည်းဖြစ်သည်။ သူမတွင် ဤကဲ့သို့သော ကောင်းမွန်သည့် နေ့ရက်များ ရှိလာပြီ ဖြစ်သောကြောင့် အလွန် ပျော်ရွှင်ပြီး စိတ်ကျေနပ်မှု ရှိနေပေပြီ ။

လင်းကျန်းဖူတစ်ယောက် စိတ်ခံစားချက်များဖြင့် သက်ပြင်းကိုချလိုက်ချိန်တွင် ရင်းနှီးသော အသံနှစ်ခုက ဘေးဘက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ကျွန်မကို နှုတ်ခမ်းနီ နောက်တစ်ချောင်း ဝယ်ပေး.. ဒီရက်ပိုင်း ကျွန်မရဲ့ အသားအရေက သိပ်မကောင်းဘူး.. နှုတ်ခမ်းနီက အသားအရည်ကို ပိုပြီး ကောင်းသလိုမျိုးထင်ရအောင် လုပ်ပေးလိမ့်မယ်.. မဟုတ်ရင် လူတွေနဲ့ တွေ့ဖို့အတွက်တောင် အပြင်ကို မထွက်ရဲတော့ဘူး!”

“နှုတ်ခမ်းနီလား? ကောင်းပြီ၊ ကောင်းပြီ၊ နှုတ်ခမ်းနီတစ်ချောင်းလောက် ဝယ်ရအောင်၊ ဒါပေမဲ့ ဒါကို ဝယ်ပြီးရင် ကိုယ်တို့တွေ ပြန်သင့်ပြီ ထင်တယ်နော်.. ကိုယ့်ရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေ ရောက်နေလောက်ပြီ”

ထိုအသံများ ထွက်လာသည်နှင့်တစ်ပြိုင်နက် လင်းရန်နှင့် လင်းကျန်းဖူတို့နှစ်ယောက်လုံးက မသိစိတ်ဖြင့် ထိုနေရာဘက်သို့ ကြည့်လိုက်ကြသည်။

ထို့နောက်တွင်တော့ သူတို့ာ တုန့်လိလိနှင့် လော်ပင်းကို မြင်လိုက်ကြရလေသည်။

ဇနီးမောင်နှံနှစ်ဦးထဲမှ တစ်ဦးက လက်ဗလာဖြင့် ဖြည်းညှင်းစွာ လမ်းလျှောက်နေပြီး ကျန်တစ်ဦးကတော့ လက်တွင် ပစ္စည်းများအပြည့် ကိုင်ဆောင်ထားသည်။

တစ်ဖက်လူ၏ မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေသော်လည်း ပါးစပ်ကတော့ တုန်လိလိကို ဆက်လက် ချော့မော့နေရုံသာ တတ်နိုင်ခဲ့ပုံရသည်။

ဤမြင်ကွင်းမှနေ၍ လော်ပင်း၏ ဘဝက မကြာသေးမီအချိန်များအတွင်း လွယ်ကူခြင်းမရှိခဲ့ကြောင်း တွေ့မြင်နိုင်သည်။

လင်းရန်နှင့် လင်းကျန်းဖူတို့က လော်ပင်းနှင့် တုန့်လိလိကို မြင်လိုက်ရသည့် အချိန်တွင် တစ်ဘက်မှ လူနှစ်ဦးကလည်း သူတို့ကို မြင်လိုက်ကြသည်။

တုန်လိလိက သူတို့နှစ်ဦးကို၊ အထူးသဖြင့် လင်းကျန်းဖူကို မြင်လိုက်ရချိန်တွင် မျက်နှာအမူအရာတို့က ချက်ချင်းပင် ပျက်ယွင်းသွားခဲ့သည်။

“ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ! ဘယ်နေရာကိုပဲသွားသွား ရွံစရာကောင်းတဲ့ လူတွေကိုပဲ မြင်နေရတယ်!”

သူမက ဤစကားများကို လင်းရန်နှင့် လင်းကျန်းဖူတို့၏ ရှေ့တွင်ပင် တွန့်ဆုတ်မှုမရှိ ပြောခဲ့လေ၏။

စကားပြောနေချိန် သူမ၏မျက်လုံးကိုလည်း ရုပ်ဆိုးစွာ လှည့်လိုက်သေးသည်။

All Chapters