← Chapters

အခန်း (၂၄၇)

Vol. 25 Ch. 247

အခန်း (၂၄၇)

Vol. 25 Ch. 247

တုန်လိလိတစ်ယောက် ပစ္စည်းများအား တစ်ခုစီတိုင်းကို ကိုင်တွယ်ကြည့်ပြီး တစ်ခုပြီးတစ်ခု ဝေဖန်သုံးသပ် ရန် စီစဉ်ထားခဲ့သည်။

ပြီးနောက် လင်းကျန်းဖူမှ သူမကို ဝန်ဆောင်မှု ပေးစေရန် တမင်တကာ တောင်းဆိုမည်ဖြစ်ပြီး သူမ၏ ဒေါသကို ဖြေဖျောက်နိုင်စေရန် တွေးထားခဲ့သည်။

သူမက သူမ၏ ပထမဆုံး နှုတ်ခမ်းနီကို မကောက်ယူမီတွင်ပင် သူမ၏ ဘေးနားတွင်ရှိနေသော လင်းရန်က ရုတ်တရက် အံ့အားသင့်သော အမူအရာဖြင့် ပြောလာလိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။

“မဟုတ်သေးပါဘူး အန်တီ၊ အန်တီက နှုတ်ခမ်းနီ တစ်ချောင်းပဲ ဝယ်တော့မှာလား”

တုန့်လီလီ၏ လက်က ရပ်တန့်သွားသည်။

“မင်း ဘာကို ဆိုလိုတာလဲ”

လင်းရန်က သူမ၏ လက်များကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ပြီး အပြစ်ကင်းသော မျက်နှာဖြင့် ပြောလိုက်သည်။

“ကျွန်မ ဘာကိုမှ မဆိုလိုပါဘူး၊ ကျွန်မ ဒီအတိုင်းပဲ ထင်လို့လေ.. အန်တီ့ရဲ့ အသားအရေက တကယ်ကြီးကို မကောင်းတာ၊ နှုတ်ခမ်းနီ တစ်ချောင်းတည်းနဲ့ မလုံလောက်ဘူးလို့ ထင်တယ်”

တုန်လိလိ ကြောင်အ,သွားသည်။

သူမ တစ်ခုခု ပြောရန် ပြင်ဆင်နေစဉ် လင်းရန်ာ သူမ၏ လက်ရှိ အခြေအနေအကြောင်းကို တိုက်ရိုက် စတင် ပြောဆိုလာခဲ့သည်။

“ကြည့်ပါဦး၊ အန်တီ့ရဲ့ မျက်ခုံးမွှေးတွေက ရှုပ်ပွနေတယ်.. တချို့နေရာတွေက နက်ပြီး အချို့နေရာတွေက တိမ်တယ်.. ပထမတစ်ချက် ကြည့်လိုက်တာနဲ့ ဆံပင်တွေကျဲနေသလိုပဲ

အိုး.. နောက်ပြီး အားအင် မရှိဘူးလို့လည်း ထင်ရတယ်.. ပြီးတော့ အန်တီ့ရဲ့ ပါးတွေကလည်း အရောင် လုံးဝ မရှိဘူး.. အန်တီ နေမကောင်း

ဘူးလို့ ထင်မိကြမှာကို ကြောက်တယ်

ဝိုး၊ အန်တီ့ရဲ့ မျက်ခွံအောက်မှာ မျက်ကွင်းညို တာတွေက အရမ်း ဆိုးနေတာပဲ.. အန်တီ မအိပ်ရတာ ဘယ်လောက်ကြာနေပြီလဲ

ပြီးတော့ ချွေးပေါက်တွေကလည်း ဒီလောက်တောင် ကျယ်နေတာ၊ အိုး.

စိတ်မကောင်းပါဘူး၊ ကျွန်မ မတော်တဆ အများကြီး ပြောမိသွားပြီထင်တယ်!”

လင်းရန်က အရာအားလုံးကို ပြောပြီးနောက် သူမ ရုတ်တရက် သတိပြန်ဝင်လာသကဲ့သို့ ဖြစ်သွားသည်။

သူမက သူမ၏ ပါးစပ်ကို အလျင်အမြန် ဖုံးအုပ်လိုက်ပြီး တုန်လိလိကို တောင်းပန်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူမ ပြောသည်းစကားများကို ကြားပြီးနောက် တုန်လိလိတစ်ယောက် သူမ၏ ခေါင်းက ပူလောင်လာသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် သူမက ဒေါသထွက်ခြင်းထက် စိတ်လှုပ်ရှားပြီး ကြောက်ရွံ့ခြင်းတို့က ပိုများနေခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူမသည်က အမျိုးသမီးတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး ထိုအထဲတွင်မှ အလှအပကို ချစ်မြတ်နိုးသော အမျိုးသမီးတစ်ဦး ဖြစ်နေဆဲပင်။

သူမ၏ မျက်နှာကို စိုးရိမ်ပူပန်မှုမရှိဘဲ မည်သို့ နေနိုင်မည်နည်း။

တုန်လိလိဘမသိစိတ်ဖြင့် သူမ၏ မျက်နှာကို ထိလိုက်မိကာ သူမ၏ မျက်နှာတွင် လင်းရန် ပြောခဲ့သော ပြဿနာများ အမှန်ပင် ရှိနေကြောင်းကို တွေ့ရှိခဲ့သည်။

ဘုရားရေ!

ဒီကာလအတွင်း သူမ ကိုယ့်ကိုယ်ကိုယ် ကြည့်လေလေ ပိုပြီး ရုပ်ဆိုးတယ်လို့ ခံစားရလေလေ ဖြစ်နေခဲ့တာအံ့သြစရာ မဟုတ်တော့ဘူး။ သူမမှာ တကယ်ပဲ ပြဿနာတွေအများပြီး ရှိနေခဲ့တာပဲ။

သူမ စိုးရိမ်နေခဲ့သော်လည်း လင်းကျန်းဖူ၏ လှောင်ပြောင်ခြင်းကို မခံချင်သောကြောင့် ဒေါသထွက်သကဲ့သို့ဟန်ဆောင်ကာ လင်းရန်ကို နှာခေါင်းရှုံ့၍ပြောလိုက်သည်။

“မင်းလို့ ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်က မိတ်ကပ်တွေအကြောင်းကို ဘာသိလို့လဲ.. မင်းက စကားနည်းနည်းလောကာနဲ့ ငါ့ကို လှည့်စားနိုင်လိမ့်မယ်ထင်နေတာလား”

လင်းရန်အနေဖြင့် မတိုင်ခင်က တုန်လိလိ၏ မျက်လုံးများ ပြောင်းလဲသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီး ဖြစ်သည်။

သူမက တမင်တကာ ခက်ထန်အောင် ကြိုးစားနေသည်ကို မြင်လျှင် လက်ဝှေ့ရမ်းလိုက်ပြီး ပြောလိုက်လေ၏။

“ဘာပဲဖြစ်ဖြစ်ပေါ့၊ ရုပ်ဆိုးသွားမှာက ကျွန်မ မဟုတ်ပါဘူးလေ.. ကျွန်မက ငယ်ရွယ်ပြီး လှပတဲ့အပြင် နေ့တိုင်း သုံးသွဲဖို့လိုအပ်တဲ့ အလှကုန်တွေနဲ့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေလည်း မရှားဘူး

အမျိုးသမီးတွေက ကိုယ့်ကိုယ်ကို ကြင်နာရမယ်၊ ဘာပဲဖြစ်ဖြစ် မိန်းကလေးဆိုတာ နှစ်နည်းနည်းလောက်ပဲ ငယ်ရွယ်နုပျိုနိုင်တာလေ”

သူမ၏စကားကို ကြားလိုက်ရလျှင် တုန်လိလိက မသိစိတ်ဖြင့် လင်းရန်၏ မျက်နှာကို တစ်ချက် ကြည့်လိုက်ပြီး သူမ၏ မျက်ခုံးမွှေးများ၊ ပါးပြင်များ၊ မျက်လုံးများတွင် အခုလေးတင် ပြောခဲ့သော ပြဿနာများ လုံးဝ မရှိကြောင်းကို တွေ့ရှိလိုက်သည်။

အိုး ... ဒါဆို သူမက မျက်နှာတစ်ခုလုံးကို မိတ်ကပ် လိမ်းခြယ်ထားတာဖြစ်နေတာကိုး!

ဒီလောက် ဆင်းရဲစုတ်ပြတ်နေတဲ့ ကောင်မလေးက အခုလို လှပနေတာ အံ့သြစရာ မဟုတ်တော့ဘူး။

ဤသည်က သူမ၏ မျက်နှာပေါ်မှ ပစ္စည်းများကြောင့်သာ ဖြစ်နေခဲ့သည်။

ထိုအချက်ကို စဉ်းစားမိလျှင် တုန်လိလိတစ်ယောက် အထင်အမြင်သေးမှုကို ခံစားလိုက်ရပြီး စိတ်ထဲတွင် မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။

သူမနှင့် လင်းရန်ကြားတွင် ကြီးမားသော ခြားနားချက် မရှိဘဲ သူမက လင်းရန်ထက် အသက် အနည်းငယ်လောက် ပိုကြီးရုံသာ ရှိသည်။

သို့သော် သူမအား ‘အန်တီ’ဟု ရဲရဲကြီး ခေါ်ရဲသည်မှာ လင်းရန်က မိတ်ကပ်လိမ်းခြယ်မှုနှင့် အသားအရေ ထိန်းသိမ်းမှုတွင် အလွန် ကောင်းမွန်နေ၍ဖြစ်ကြောင်း ပြသနိုင်သည်။

လင်းရန်သာ လုပ်နိုင်သည်ဆိုပါက သူမက ဘအဘယ်ကြောင့် မလုပ်နိုင်ရမည်နည်း။

သူမ ယုံကြည်ခြင်းမရှိပေ။သူမသာ ဤပစ္စည်းများကို ဝယ်ယူလိုက်ပါက လင်းရန်ထက်ပင် ပို၍ပင် လှပလာမည် မဟုတ်ပါလား။

ဤသို့ တွေးမိလိုက်ပြီးနောက် တုန်လိလိတစ်ယောက် သူမ၏ နောက်ကျောဘက်မှ လော်ပင်းကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။

လော်ပင်း ခဏတာလောက် အေးခဲသွားသည်။

ဆိုရလျှင် သူ၏အလိုအလျောက်ခံစားနိုင်သော စိတ်က တုန်လိလိတစ်ယောက် လက်ခံနိုင်ဖွယ်မရှိသော အခြေအနေဆီသို့ ဦးတည်နေကြောင်းကို ပြောပြနေသောကြောင့်ပင် ဖြစ်သည်။

“လိ.. လိလိ၊ ဘာဖြစ်လိုလဲ”

တုန်လိလိက လော်ပင်း၏ လက်မောင်းကို တိတ်တဆိတ် ဆွဲလိမ်လိုက်ပြီးနောက် တောက်ပသော အပြုံးတစ်ခုကို ညှစ်ထုတ်ကာ ပြောဆိုလိုက်သည်။

“ဘာမှ မဟုတ်ပါဘူး.. အရင်တုန်းက ရှင် ကျွန်မကို အပြင်ကိုရောက်ရင် ပစ္စည်းတွေ ပိုဝယ်ပေးချင်တယ်လို့ ပြောခဲ့ဖူးတယ်လေ.. အဲဒီတုန်းက ကျွန်မက ပိုက်ဆံတွေကကကို မဖြုန်းတီးချင်လို့ ငြင်းဆန်ခဲ့တာ မဟုတ်ဘူးလား

ဒါပေမယ့် အခု စဉ်းစားကြည့်တော့ ဒါက ရှင့်ရဲ့ စေတနာပဲလေ.. ကျွန်မသာ ဒီလိုမျိုး ငြင်းဆန်နေမယ်ဆိုရင် ရှင်က စိတ်မသက်မသာ ခံစားရမှာ သေချာတယ်..

ဒါဆို ဘာဖြစ်လို့ ကျွန်မကို ပစ္စည်းတွေ ထပ်မပေးတာလဲ.. ကျွန်မ နှုတ်ခမ်းနီ၊ မျက်ခုံးမွှေးခဲတံ နောက်ပြီး တခြားဟာတွေ လိုချင်တယ်..

ဘာပဲဖြစ်ဖြစ် ဒီမှာ ကျွန်မနဲ့ လိုက်ဖက်တဲ့ ပစ္စည်းတွေ အားလုံးကို ကျွန်မကို ပြပေးပါ!”

လော်ပင်း ထိတ်လန့်တကြား ဖြစ်သွားရသည်။

သူ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားပြီး ပြောလာလေ၏။

သူ၏ပါးစပ်က “ငါ ဘယ်တုန်းက အဲဒီလို ပြောခဲ့ဖူးလဲ” ဟု မပြောမိအောင် အသည်းအသန် ထိန်းချုပ်လိုက်ရသည်။

သို့သော် တုန်လိလိက သူ့ကို သတိပေးသည့် သဘောဖြင့် အကြည့်တစ်ချက်ဖြင့် ကြည့်လာခဲ့သည်။

ထို့ကြောင့် လော်ပင်းတစ်ယောက် ထိုစကားများကို ခက်ခက်ခဲခဲ မျိုချလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

သို့သော် သူသာ ငြင်းဆိုခြက်း မရှိပါက တုန်လိလိအတွက် ထိုမလိုအပ်သည့် အပိုပစ္စည်းများကို အမှန်တကယ် ဝယ်ပေးရမည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

ဤအလှကုန်ပစ္စည်းများမှာ စျေးကြီး ပြီး ရှားပါးလှသော်လည်း ၎င်းတို့က တန်ဖိုး မရှိသည်မှာ သေချာပေသည်။ ငတုံးတစ်ယောက်သာ ဤမျှလောက် စျေးကြီးသော ပစ္စည်းများကို ဝယ်ယူရန် ပိုက်ဆံ သုံးစွဲလိမ့်မည် ။

တုန်လိလိက အမှမ်တကယ် သဘောကျနေသည်ကို မြင်ရသောကြောင့်သာ သူ တစ်ခုလောက် ဝယ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လော်ပင်းအနေဖြင့် ဤမျှလောက် များပြားသောပစ္စည်းကို ဝယ်ယူရန် မည်သည့်အချိန်တွင်မှ သဘောတူလိမ့်မည် မဟုတ်ပေ!

“လိလိ၊ ဟိုဘက်မှာ ခဏရပ်ပြီး စကားပြောကြရအောင်.. ကိုယ် မင်းကို ပြောစရာရှိတယ်...”

သူ တုန်လိလိကို လှမ်းကြည့်လိုက်ပြီးနောက် တစ်ဖက်မှ သူ့ကို စိုက်ကြည့်နေသော လင်းကျန်းဖူနှင့် လင်းရန်တို့ကို ကြည့်လိုက်သည်။

ထို့နောက် ဤကိစ္စနှင့် ပတ်သက်၍ စကားပြောရန်အတွက် တုန်လိလိကို ဘေးသို့ခေါ်သွားရန်သာ ဆုံးဖြတ်လိုက်သည်။

သူတို့အနေဖြင့် ဤကိစ္စကို လင်းရန်နှင့် လင်းကျန်းဖူတို့၏ ရှေ့တွင် ပြောဆိုမည်ဆိုပါက အလွန် ရှက်စရာ ကောင်းပေလိမ့်မည်။

သို့သော်လည်း တုန်လိလိက သူ၏ လုပ်ရပ်၏ အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။ တစ်ဖက်လူက သူမအား ထိုပစ္စည်းများ မဝယ်စေဖို့ ဖြောင်းဖြရန် ဘေးသို့ ခေါ်သွားချင်ခြင်းသာ ဖြစ်လိမ့်မည်ဟု ယူဆခဲ့သည်။

သို့သော်လည်း ဤအချိန်တွင် တုန်လိလိက လင်းရန် ယခုလေးတင် ပြောခဲ့သည့် စကားများနှင့် သူမ၏ လှပသောမျက်နှာကြောင့် လုံးဝ ဖမ်းစားခံလိုက်ရပြီးဖြစ်ကာ ဤပစ္စည်းများကို ဝယ်ယူရန်အတွက် စိတ်ပိုင်းဖြတ် ထားခဲ့ပေပြီ။

သူမသည်လည်း ရုပ်ရည်လှပသော အမျိုးသမီး တစ်ဦး ဖြစ်ချင်သောကြောင့်ပင်။

“ရှင့်မှာ တခြားလုပ်စရာ ရှိရင် နောက်မှ ပြောကြတာပေါ့.. ပစ္စည်းတွေကို အရင်ဆုံး ဝယ်ကြရအောင်!”

တုန်လိလိ၏ လေသံက ဒေါသတို့ ဖုံးလွှမ်းလာခဲ့သည်။

“မြန်မြန်လုပ်တော့.. ဝယ်ပြီးသွားရင် ခရိုင်ကို ပြန်မယ်.. ဒါမှမဟုတ် ရှင်က ဒီနေရာမှာ အချိန်ဖြုန်းပြီး ရှင့်မိဘတွေကို ဆက်စောင့်ခိုင်းနေဦးမှာလား”

သူမ၏ ဆိုလိုရင်းမှာ အလွန် ရှင်းလင်းသည်။ လော်ပင်းကသာ သူမအတွက် ဝယ်မပေးပါက လော်မိသားစု ဆွေမျိုးများနှင့် ညစာစားရန်အတွက် သူမက ခရိုင်သို့ ပြန်သွားမည် မဟုတ်ပေ။

လော်ပင်းတစ်ယောက် သူ၏ မိဘများက ယနေ့ ညစာစားပွဲအတွက် မည်မျှ ပြင်ဆင်ထားသည်ကို ပြန်တွေးမိသွားရသည်။

၎င်းတို့က ဘဏ်စာအုပ်များကို ထုတ်ယူရုံသာမက ခရိုင်ရှိ နိုင်ငံပိုင် ဟိုတယ်တွင်ပင် စားပွဲသုံးပွဲကို အထူးတလည် စီစဉ်ထားပြီး ဆွေမျိုးများနှင့် လုပ်ဖော်ကိုင်ဖက် အများအပြားကို ဖိတ်ကြားထားသည်။

အကယ်၍ သူတို့သာ အချိန်မီ ပြန်မရောက်ပါက မည်သူက အရှက်ရမည်နည်း။

သေချာသည်မှာ သူနှင့် သူ၏ မိဘများသာ အရှက်ရလိမ့်မည် ဖြစ်သည်။

ထို့အပြင် သူသည်လည်း တုန်လိလိကို မည်သည့်အရာမှ လုပ်ရဲခြင်းမရှိချေပေ။

အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် တုန်မိသားစုကို ဒေါသထွက်သွားစေရန် မလုပ်ရဲသေးသည်သာမကဘဲ တုန်လိလိ၏ ဝမ်းဗိုက်ထဲတွင်လည်း သူ၏ ကလေးကို လွယ်ထားသောကြောင့်ပင် ဖြစ်ပေ၏။

သို့သော်လည်း သူ အပြင်ဘက်တွင် မလုပ်နိုင်လျှင်ပင် သူ၏ မကျေနပ်ချက်များကို သူ့စိတ်ထဲတွင် ကျယ်လောင်စွာ ညည်းညူလို့ မရနိုင်ဟု မဆိုလိုပါချေ။

ဤတုန်လိလိသည်က အလွန်ပင် အသိဉာဏ် ကင်းမဲ့လှသည်။သူ အဘယ်ကြောင့် သူမနှင့် အတူနေချင်ခဲ့သည်ကိုပင် မတွေးတော့နိုင်တော့ပေ။

လက်ရှိတွင် သူ အမှန်တကယ်ပင် နောင်တရမိနေပေပြီ။

All Chapters