← Chapters

အခန်း (၂၄၉)

Vol. 25 Ch. 249

အခန်း (၂၄၉)

Vol. 25 Ch. 249

လင်းကျန်းဖူ လော်ပင်းထံမှ ဘေလ်ကို ယူကာ တုန်လိလိ၏ ပစ္စည်းများကို လျင်မြန်စွာ ထုပ်ပိုးပေးခဲ့သည်။

နောက်ဆုံး ပစ္စည်းများအားလုံးကို ထည့်သွင်းပြီးနောက် လင်းကျန်းဖူက ပစ္စည်းများကို လော်ပင်းကို လှမ်းပေးလိုက်ပြီး လော်ပင်းကလည်း ယူရန် စီစဉ်ခဲ့သည်။

သို့သော် မမျှော်လင့်စွာနှင့် လေထဲတွင် လက်တစ်ဖက်က ရုတ်တရက် ဆန့်တန်းလာပြီး လင်းကျန်းဖူ၏ လက်ထဲက အိတ်ကို ကြားဖြတ်လိုက်လေ၏။

တုန်လိလိက ဟန်ဆောင်အပြုံးတစ်ခုဖြင့် အလှကုန်များကို လှမ်းယူလိုက်ပြီးနောက် လင်းကျန်းဖူကို ပြောလိုက်သည်။

“ရဲဘော်လင်း၊ ရှင့်ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်.. ပစ္စည်းတွေအများကြီး ထည့်ရတာ ပင်ပန်းနေတော့မှာပဲ..

အိုး.. တကယ်တော့ ကျွန်မလည်း ဒီလောက် အများကြီး ဝယ်ချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ လော်ပင်းက ကျွန်မအတွက် စိတ်မကောင်း ဖြစ်နေတာဆိုတော့ ဘယ်တတ်နိုင်မှာလဲ

ကျွန်မ လော်ပင်းနဲ့ စကားပြောတုန်းက ရှင်တို့တွေ လက်ထပ်ခဲ့တဲ့ ဒီလောက် နှစ်ပေါင်းများစွာအတွင်း သူ ရှင့်အတွက် ဒီလိုပစ္စည်းတွေ တစ်ခါမှ မဝယ်ပေးဖူးဘူးဆိုတာကို သိလိုက်ရတော့ ကျွန်မ တကယ်စိတ်မကောင်း ဖြစ်မိပါတယ်”

လင်းကျန်းဖူနှင့် လော်ပင်းတို့ နှစ်ယောက်လုံးက သူမ ပြောလာသည့်စကားများ၏ ဆိုလိုရင်းကို နားမလည်သည့် မျက်နှာများဖြင့် သူမကို ကြည့်လိုက်ကြသည်။

နှစ်ယောက်လုံးထံတွင် တူညီသော အမူအရာများ ရှိနေသည်ကို မြင်ချှင် တုန်လိလိက ပို၍ပင် စိတ်မပျော်မရွှင် ဖြစ်လာခဲ့သည်။

သူမက ဤရှက်ရွံ့ခြင်းမရှိသော နှစ်ယောက်ကို စိတ်ထဲမှနေ ကျိတ်၍ ကျိန်ဆဲလိုက်ပြီးနောက် အိတ်ထဲမှ မျက်ခုံးမွှေးခဲတံ တစ်ချောင်းကို ထုတ်လိုက်သည်။

“ကောင်းပြီ၊ ကျွန်မ လော်ပင်း ကိုယ်စား ရှင့်ကို မျက်ခုံးမွှေးခဲတံ တစ်ချောင်း ပေးပါ့မယ်.. ဒါက ဒီနှစ်တွေအတွင်း သူ့ရဲ့မိသားစုကို ကူညီပြီး ဂရုစိုက်ပေးခဲ့တဲ့အတွက် ဆုလာဘ် တစ်ခုလို့ သတ်မှတ်လို့ ရပါတယ်

ဒါမှမဟုတ် ရှင် ကြိုက်တဲ့ တခြား ပစ္စည်းတစ်ခုခု ရှိရင်လည်း ကျွန်မ ရှင့်ကို ပေးနိုင်ပါတယ်.. ဘာပဲဖြစ်ဖြစ် ရှင်က အခု အလုပ်စလုပ်တာ မကြာသေးဘူးမလား၊

ဒီပစ္စည်းတွေကို ဝယ်ဖို့ ပိုက်ဆံ အများကြီး ရှိမှာမဟုတ်လောက်ဘူးလို့.. ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ လော်ပင်းနဲ့ ကျွန်မက ရှင့်ရဲ့ ကြင်နာမှု ကြောင့်သာ အတူတူ နေနိုင်တာဆိုတော့ အခုလိုမျိုး တစ်ခုခု ပေးတာက သင့်လျော်ပါတယ်”

ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ရုတ်တရက် တိတ်ဆိတ်မှုကြီးတစ်ခုက ဖြစ်ပေါ်လာခဲ့သည်။

တုန်လိလိ ပြောခဲ့သည့် စကားများက အလွန်ပင် ရွံစရာကောင်းလွန်းသည်။

လင်းကျန်းဖူတွင် လော်ပင်းနှင့် မည်သည့် ဆက်ဆံရေးမှ မရှိတော့ပေ။

ထို့ကြောင့် သူမဘက်မှ လော်ပင်းကို ချစ်ခင်ကြောင်း ပြသချင်လျှင်ပင် လင်းကျန်းဖူကို ဆွဲထုတ်၍ ပြသရန် မသင့်ပါချေ။

အထူးသဖြင့် လော်ပင်းက ဤနှစ်ပေါင်းများစွာအတွင်း သူမအတွက် အလှကုန် မဝယ်ပေးခဲ့ကြောင်း ပြောဆိုခြင်းနှင့် တုန်လိလိ၏ လက်ထဲတွင် အလှကုန် အပြည့်ပါသော အိတ်ကို ကိုင်ထားသည်ကို ကြည့်ပြီး သူမက လင်းကျန်းဖူ၏ မျက်နှာကို ရိုက်ချင်နေကြောင်း သိရှိနိုင်သည်။

လော်ပင်းက သူမ, တုန်လိလိကိုသာ ချစ်ပြီး လင်းကျန်းဖူကို လုံးဝ မကြိုက်ကြောင်းကို ပြောပြချင်နေခြင်းသာ ဖြစ်သည်။

လင်းကျန်းဖူကို ပြောရန်မလိုပါချေ။ လော်ပင်း၏ မျက်နှာပင် အလွန်ရုပ်ဆိုးနေခဲ့သည်။

သူ၏ မျက်လုံးများထဲတွင် ငြီးငွေ့မှုများကသာ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေခဲ့သည်။ နောက်ဆုံးတွင် သူ မနေနိုင်တော့ဘဲ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“လိလိ၊ မင်း မင်းတွေလုပ်နေတာလဲ!”

သူမက အခု လင်းကျန်းဖူရဲ့ မျက်နှာကို ဘာလို့ ရိုက်နေရတာလဲ။ သူ ဘယ်လောက်တောင် တွန့်တိုလဲဆိုတာကို ကြွားဝါပြသဖို့အတွက်လား။

လင်းကျန်းဖူ၏ ခင်ပွန်းဟောင်း အနေဖြင့် ထိုမျှအချိန်ကာလကြာမြင့်စွာရှိနေခဲ့သော်လည်း လင်းကျန်းဖူအတွက် အလှကုန် တစ်ခါမှ မဝယ်ပေးခဲ့ခြင်းကို ထုတ်ဖော်ပြောဆိုခြင်းမှာ လင်းကျန်းဖူအတွက် ရှက်စရာ မဟုတ်ပါချေ။

ခင်ပွန်းသည်တစ်ယောက်ဖြစ်သည့် သူ့ကိုသာ နှမြောတတ်သူဟု ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။

ဒီတုန်လိလိ!

သူမမှာ ဦးနှောက်ရော ရှိနေသေးရဲ့လား။

သို့သော် ဤအချိန်တွင် ဘေးနားတွင်ရှိနေသော ချင်းယွင်ကျစ်သည်လည်း သူတို့ သုံးဦး၏ စကားဝိုင်းမှနေ၍ တစ်စုံတစ်ရာကို နားလည်သွားခဲ့သည်။

သူမအနေဖြင့် သူမ၏ရှေ့မှ လူနှစ်ဦးက လင်းကျန်းဖူနှင့် ဤမျှ နီးကပ်စွာ ပတ်သက်နေသည်ကို မမျှော်လင့်ခဲ့ပေ။ တစ်ဦးက သူမ၏ ခင်ပွန်းဟောင်း ဖြစ်ပြီး ကျန်တစ်ဦးက သူမ၏ ခင်ပွန်းဟောင်း၏ လက်ရှိ ဇနီး ဖြစ်သည်။

သို့သော် အရည်အချင်းပြည့်မီသော ခင်ပွန်းဟောင်းတစ်ဦးဆိုပါက ကွာရှင်းပြီးနောက်တွင် သူမနှင့် မည်သည့် ဆက်သွယ်မှုမှမရှိသင့်တော့ပေ။

အခု ဒီတစ်ယောက်က ဘာလို သူ့ရဲ့ဇနီးအသစ်ကို ဒီနေရာသို့ ခေါ်လာခြင်းက ရွံစရာ ကောင်းအောင်ပြုမူနေရတာလဲ။

ပုံမှန်အားဖြင့် ချင်းယွင်ကျစ်သည်က ဤသို့ အတင်းအဖြင်းကိစ္စများနဲ့ပြုံလျှင် သူ၏ ညီမ ချင်းယွင်လျန်နှင့်တွေ့ဆုံမှသာ ညည်းညူ ပြောဆိုလိမ့်မည် ဖြစ်သော်လည်း ယခု အခြေအနေမှာ မတူညီပေ။

အနိုင်ကျင့်ခံရသူက လင်းရန်၏ ဒေါ်လေး ဖြစ်နေသည်။

ထို့ကြောင့် ချင်းယွင်ကျစ်က ရုတ်တရက် မတ်မတ်ရပ်လိုက်ပြီး လော်ပင်းနှင့် တုန်လိလိတို့ကို တိုက်ရိုက် ပြောလိုက်သည်။

“စိတ်အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်.. ကျွန်မရဲ့ ညီမကျန်းဖူက အလှကုန်တွေကို မဝယ်နိုင်ဘူးလို့ မင်းတို့တွေ အခုလေးတင် ပြောခဲ့တာများလား..

ဟားဟား.. ယဉ်ကျေးမှုရှိအောင် သင်ကြားခံထားရတဲ့ လူတစ်ယောက်အနေနဲ့ ကျွန်မ မရယ်သင့်ဘူးဆိုပေမယ့် ဒီစကားတွေက အရမ်း ရယ်စရာ ကောင်းလွန်းလို့ ကျွန်မ မထိန်းနိုင်တော့ဘူး”

ချင်းယွင်ကျစ်က ပြောဆိုရင်း ရယ်မောလိုက်သော်လည်း သူမ၏ရယ်သံက အလွန် လှောင်ပြောင်လိုသည့် အမူအရာတို့ဖြင့် ပြည့်နေခဲ့သည်။

ဒီတစ်ယောက်က ဘယ်သူလဲ?

လင်းကျန်းဖူတစ်ယောက် ဒေါသတကြီးဖြင့် ပြန်မချေပနိုင်ဘဲ ဖြစ်နေသည်ကို မြင်လိုက်ရလျှင် တုန်လိလိတစ်ယောက် အလွန်ပျော်ရွှင်နေခဲ့သော်လည်း မမျှော်လင့်ဘဲ ချင်းယွင်ကျစ်က ဝင်ပါလာခဲ့သည်။

“ကျွန်မ လင်းကျန်းဖူနဲ့ စကားပြောနေတာ.. ရှင်နဲ့ ဘာမှ မဆိုင်ဘူး.. ရှင်က ဘာဆိုလို့အခုလို စွက်ဖက်နေတာလာဲ.. ပြီးတော့ ကျွန်မ အခုလေးတင် ပြောခဲ့တာ မမှန်ဘူးလား.. သူမ, လင်းကျန်းဖူက ဒီပစ္စည်းတွေကို တကယ်လရ်းမဝယ်နိုင်ဘူးလေ မဟုတ်လား”

ဤအချိန်သို့ ရောက်လာသည့်တိုင် တုန်လိလိက ခေါင်းမာနေသည်ကို မြင်လိုက်ရလျှင် ချင်းယွင်ကျစ်တစ်ယောက် ခေါင်းခါကာ သက်ပြင်းချလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

ဒီကောင်မလေးရဲ့ ဦးနှောက်က တကယ်ပဲ အလှဆင်ဖို့သက်သက်ပဲ သုံးတာ ဖြစ်ပုံရတယ်။

“ငါက ဘယ်သူလဲဟုတ်လား.. ငါက ကျန်းဖူရဲ့ ဆွေမျိုးပဲ.. ဒီကိစ္စကို ဘာလို့ ဂရုမစိုက်ဘဲနေရမှာလဲ.. ဒါ့အပြင် မင်း ပြောတာ မှားနေတယ်..

ကျန်းဖူက ဒီပစ္စည်းတွေ မဝယ်နိုင်ဘူးလို့ ဘယ်သူက ပြောတာလဲ.. မင်းက ငါ့အိတ်ထဲက ပစ္စည်းတွေက အလှဆင်ဖို့ သက်သက်ပဲလို့ ထင်နေတာလား”

ဤသို့ ပြောပြီးနောက် ချင်းယွင်ကျစ်က သူ၏ လက်ကို ခမ်းနားထည်ဝါ စွာ ဝှေ့ယမ်းလိုက်ပြီး သူမ၏ လက်ထဲမှ အလှကုန် အိတ်ကြီးကို လင်းကျန်းဖူ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်။

ထို့နောက် လက်များကို ခါးတွင်ထောက်ကာ ပြောဆိုလိုက်လေသည်။

“မြင်လား၊ ဒီအလှကုန်တွေ အားလုံးကို ကျန်းဖူ ဝယ်ထားတာ.. သူမက ဒီပစ္စည်းတွေ မဝယ်နိုင်ဘူးလို့ မင်းက ပြောတယ်ပေါ့၊ မင်းရဲ့ မျက်လုံးတွေမှာ တစ်ခုခု မှားနေတာ ဖြစ်နိုင်တယ်!”

တုန်လိလိ: “?!!!”

ဒီတစ်ယောက်က ရူးနေပြီ!

ဒီလောက် အများအပြားတဲ့ ပစ္စည်းတွေကို သူမက လင်းကျန်းဖူကို တိုက်ရိုက် ပေးလိုက်တယ်ပေါ့!

တုန်လိလိအနေဖြင့် ထိုအိတ်ထဲတွင် ပစ္စည်းမည်မျှ ပါသည်ကို မတွက်ချက်နိုင်ခဲ့သော်လည်း သူမ၏ ပစ္စည်းများထက် အများကြီး ပိုများသည်ကို အမြင်အရ ခံစားခဲ့ရသည်။ ဖြစ်နိုင်ခြေက တစ်ဝက်ကျော်လောက် ပိုများသည်။

ဤကဲ့သို့ပစ္စည်းအရေအတွက်များဖြင့်ဆိုလျှင် စျေးနှုန်းက သူမ၏ထက် ဒါဇင်ပေါင်းများစွာ ပိုများလောက်ပေမည်။

သူမက လင်းကျန်းဖူကို ဒီလောက် အများအပြား ပေးနေတယ်ပေါ့။

ရူးသွပ်နေတာ မဟုတ်ဘူးလား။

လင်းကျန်းဖူလည်း ချင်းယွင်ကျစ်၏ ပြောစကားများကြောင့် ရှုပ်ထွေးသွားခဲ့သည်။

“မစ္စချင်း”

“ငါ့ကို မစ္စချင်းလို့ မခေါ်ပါနဲ့.. ဒီနေ့ကစပြီး အစ်မလို့ပဲ ခေါ်လိုက်တော့!”

ချင်းယွင်ကျစ်က သူမကို ကြီးစိုးချယ်လှယ်လိုစွာ ပြောလိုက်သည်။

“အစကတည်းက ငါက ဒီပစ္စည်းတွေကို မင်းအတွက် ဝယ်ထားတာ.. ရန်ရန်နဲ့ ငါ အိမ်ပြန်ရောက်ပြီးရင် မင်းရဲ့ အခန်းထဲမှာ တိတ်တိတ်လေး ထား ဖို့ စီစဉ်ခဲ့တာလေ.. ပြီးရင် မင်း အားလပ်ရက် ပြန်လာတဲ့အချိန် အံ့အားသင့်စရာ ပေးဖို့ စီစဉ်ခဲ့တာ

တစ်ယောက်ယောက်က တကယ်ကြီး စိတ်အနှောင့်အယှက် ဖြစ်လောက်အောင်လာပြောနေတော့ အံ့အားသင့်စရာကို ကြိုတင်ပြောပြ ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး!”

ဟင်?

ဒါက တကယ်ကြီး သူမအတွက် ဝယ်ထားတာလား။

လင်းကျန်းဖူတစ်ယောက် ထပ်မံ တုန်လှုပ် သွားခဲ့ပြီး သူမ၏ လက်ထဲမှ ပစ္စည်းများက ပူလောင်လာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

“ချင်း.. မဟုတ်ဘူး အစ်မ ဒီပစ္စည်းတွေက အရမ်း...”

“စျေးကြီးလို့လား.. ကျွန်မတော့ အဲလို မထင်ပါဘူး.. ကျွန်မတို့တွေက မိသားစု တစ်ခုတည်းကပဲလေ..

ကျွန်မလောက် ဒီလောက်လေးတောင် မင်းအတွက် ပိုက်ဆံကို မသုံးပေးရဘူးလား.. ကျန်းဖူ၊ မင်း မသုံးတတ်ဘူးလို့ ခံစားရရင် အခုကစပြီး ဖြည်းဖြည်းချင်း အလေ့အကျင့် ရအောင်လုပ်လိုက်တော့..

ဘာလို့လဲဆိုတော့ ငါက အနာဂတ်မှာ ဒီနေ့ထက် ပိုများတဲ့ ပစ္စည်းတွေကို မင်းဆီကို သေချာပေါက် ပေးဦးမှာဖြစ်ပြီး အံ့အားသင့်စရာတွေကိုလည်း ပိုပေးဦးမှာမလို့ပဲ!”

ချင်းယွင်ကျစ်က ဤစကားများကို သာမန်ကာလျှံကာ ပြောခဲ့သည်။

သူမ၏ အထက်တန်းကျစွာ ဝတ်စားဆင်ယင်မှုနှင့် မျက်နှာတို့ဖြင့်ဆိုလျှင် သူမ လိမ်ပြောနေသည်ဟု မည်သူမျှ သံသယဝင်မည် မဟုတ်ပေ။

သူမ ပြောလိုက်သည့် စကားများကြောင့် လူတိုင်း ကြောင်အ သွားကြသည်။

လင်းရန်လည်း ကြောင်အ သွားခဲ့ရသည်။

သို့သော်လည်း အံ့အားသင့်မှုကြောင့် မဟုတ်ဘဲ ချင်းယွင်ကျစ်၏ စတိုင်ကျမှုကြောင့်သာဖြစ်ပေ၏။

ဘုရားရေ၊ အန်တီချင်းက အရမ်း ခန့်ညားပြီး စတိုင်ကျလွန်းတယ်!

မင်းက မျက်ခုံးမွှေးခဲတံတစ်ချောင်းနဲ့ ဘယ်သူ့ကို နှိမ့်ချချင်နေတာလဲ။

ငါက မိနစ်ပိုင်းအတွင်း အိတ်ကြီးတစ်လုံး ပေးပစ်လို့ ရတယ်။

လင်းရန်တစ်ယောက် သူမ၏ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ကြယ်ရောင်စုံတောက်ပနေသည့် မျက်လုံးများဖြင့် ချင်းယွင်ကျစ်ကို ကြည့်လိုက်သည်။သူမလည်း ဘယ်အချိန်မှ ဒီလိုအရှိန်အဝါအပြည့်ရှိတဲ့ အန်တီချင်းလို ဘဝမျိုးကို နေနိုင်မလဲ။

ဟူး ဟူး ဟူး...

All Chapters