← Chapters

အခန်း (၂၅၀)

Vol. 25 Ch. 250

အခန်း (၂၅၀)

Vol. 25 Ch. 250

တုန်လိလိ၏ ယခုလေးတင် ထုတ်ပြခဲ့သော မျက်ခုံးမွှေးခဲတံသည်က လင်းကျန်းဖူ၏ လက်ထဲမှ အလှကုန် အိတ်ကြီးနှင့် နှိုင်းယှဉ်လိုက်သောအခါ ရုတ်တရက် အလွန် ရယ်စရာ ကောင်းနေခဲ့သည်။

သူမ၏ အမူအရာသည်လည်း အရောင်စုံလင်စွာထည့်ထားသည့် အိုးတစ်လုံးကွဲသွားသကဲ့သို့ ထင်ရသည်။

ခဏအကြာတွင် စိမ်းနေလိုက်၊ ခဏတွင် ခရမ်းရောင် ဖြစ်နေလိုက်နှင့်ပင်။

သူမ၏ ခွန်အားဖြင့် ချင်းယွင်ကျစ်ကို မနိုင်ခဲ့ပေ။ ဆဲဆိုခြင်းတွင်လည်း လင်းကျန်းဖူ၏ စကားပြော လျင်မြန်မှုကို ကြည့်ခြင်းအားဖြင့် သူမက အားသာချက်ရမည် မဟုတ်ပေ။

ထို့ကြောင့် နောက်ဆုံးတွင် သူမက ဒေါသတကြီး ခြေဆောင့်ပြီး လှည့်ထွက်သွားရုံသာ တတ်နိုင်ခဲ့သည်။

သူမအနေဖြင့် ဤသို့သောရှက်စရာကောင်းသည့် မြင်ကွင်းကို ထပ်မံ မတွေ့ကြုံ ချင်တော့သည်မှာ သေချာသည်။

တုန်လိလိ ထွက်ခွာသွားခဲ့သော်လည်း လော်ပင်းကတော့ မထွက်ခွာသေးပေ။

သူသည်က ကြီးမားသော တုန်လှုပ်မှုမှ နောက်ဆုံးတွင် ပြန်လည်သတိရ လာခဲ့ပြီးနောက် လင်းကျန်းဖူ ယခုလေးတင် သတိပေးခဲ့သည်ကို မေ့လျော့သွားကာ သူမကို တိုက်ရိုက် မေးလိုက်သည်။

“ကျန်းဖူ၊ ဒီ အမျိုးသမီးက ဘယ်သူလဲ.. မင်းတို့ မိသားစုရဲ့ ဘယ်ဆွေမျိုးလဲ.. ငါ မင်းဆီကနေ ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ”

သူ့အနေဖြင့် အလွန်ပင် ပူပန်သောက ရောက်နေပုံရပြီး ချင်းယွင်ကျစ်၏ ကိုယ်ရေးအချက်အလက်ကို ရှာဖွေဖို့ရန် မစောင့်နိုင်တော့သကဲ့သို့ပင် ထင်ရသည်။

နေရာတွင်ကျန်ရှိနေသော ကျန်လူ သုံးယောက်က တုံးအခြင်း မရှိကြပါချေ။

လော်ပင်းက ဘာတွေတွေးနေလဲဆိုတာကို သူတို့ ဘယ်လိုလုပ်ပြီး မခန့်မှန်းဘဲနေမှာလဲ။

ဘာလဲ။

လင်းကျန်းဖူမှာ ချမ်းသာတဲ့ ဆွေမျိုး တွေ ရှိနေပြီဆိုတာ သိတော့ နောင်တ ရနေလား။

ဤသို့ တွေးမိလျှင် လင်းကျန်းဖူတစ်ယေုက် ရယ်ချင်စိတ်ဖြစ်လာခဲ့ရသည်။

“ကျွန်မ ဘယ်သူလဲဆိုတာ ရှင်နဲ့ ဘာမှ မဆိုင်ဘူး.. ဘာလို့ ရှင့်ကို ပြောပြရမှာလဲ”

လင်းကျန်းဖူ စကားမပြောနိုင်ခင် ချင်းယွင်ကျစ်က အင်အားအပြည့်နှင့် ပြောဆိုလိုက်သည်။

“အထူးသဖြင့် ရှင့်လို အရွယ်ရောက်ပြီးအမျိုးသားတစ်ယောက်က ဇနီးဟောင်းကို စွန့်ပစ်ပြီး အသစ်တစ်ယောက် ယူပြီးသွားတာတောင်မလုံလောက်သေးဘူး.. ဇနီးသစ်ကို ဇနီးဟောင်းဆီ ခေါ်လာပြီး ကခုန်ပြချင်နေသေးတယ်

ရှင် ဘယ်လောက်တောင် အရှက်တရားကင်းမဲ့တာလဲ.. ရှင့်ရဲ့အလုပ်က ဘယ်မှာလဲဆိုတာ ကျွန်မကို ပြောပြနိုင်မလား

ကျွန်မ ရှင့်ရဲ့ အကြီးအကဲနဲ့ တကယ် စကားပြောချင်သေးတယ်.. ရှင်တို့ အလုပ်ဌာနထဲက ဝန်ထမ်းတချို့ရဲ့ အရည်အသွေးအကြောင်းကို ပြောရအောင်လို့!”

ချင်းယွင်ကျစ် ပြောသည့်စကားများကို ကြားလျှင် လော်ပင်းတစ်ယောက် ချက်ချင်းပင် ကြောက်လန့်သွားခဲ့သည်။

“အခုမှသတိရတာ.. ကျွန်တော့်မှာ တခြား လုပ်စရာ ရှိသေးတယ်.. ကျွန်တော် အခု သွားတော့မယ်၊ ကျန်းဖူ.. မင်း အချိန်ရမှ ငါ မင်းကို ဆက်သွယ် လိုက်ပါ့မယ်!”

လော်ပင်း ထွက်ပြေးတော့မည်ကို မြင်လျှင် လင်းကျန်းဖူက နောက်ဆုဲးအနေဖြင်် လျင်မြန်စွာပြောလိုက်သည်။

သူမက သူ့ကို ရွံရှာသော အမူအရာဖြင့် ကြည့်ကာ ပြောဆိုလိုက်သည်။

“ ဘယ်သူက ရှင့်လိုလူနဲ့ နောက်ထပ် ဆက်သွယ်ချင်မှာလဲ.. ဝှင့်ကို တစ်ခါ ထပ်ကြည့်ချင်ရင်တောင် ကျွန်မ အော့အန် ချင်လာတတာ.. ကျွန်မနဲ့ ဝေးနိုင်သမျှ ဝေးဝေးကို ထွက်သွားစမ်းပါ!”

လော်ပင်းအနေဖြင့် လင်းကျန်းဖူက သူ့ကို ဤသို့ ပြောလာလိမ့်မည်ဟု မမျှော်လင့်ခဲ့သောကြောင့် သူ၏ အမူအရာက အလွန်ပင် ရုပ်ဆိုးသွားခဲ့ရသည်။

သို့သော် သူသည်က ချင်းယွင်ကျစ်၏ ကိုယ်ရေးအချက်အလက်ကို မသိရသေးသောကြောင့် မဆင်မခြင် လုပ်ရဲခြင်း မရှိဘဲ နောက်ဆုံးတွင် သူ၏ ဒေါသကို ထိန်းချုပ်ကာ နောက်သို့လှည့်၍ ထွက်ခွာသွားခဲ့ရုံသာတတ်နိုင်ခဲ့သည်။

စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသည့် လူနှစ်ယောက်က ပျောက်ကွယ်သွားပြီဖြစ်၍ ချင်းယွင်ကျစ်နှင့် လင်းကျန်းဖူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ရယ်မောလိုက်ကြသည်။

လင်းရန်လည်း ပြုံးလိုကာမိကာ ပြောလိုက်သည်။

“အန်တီတို့ နှစ်ယောက်က အရမ်း အတွဲညီတာပဲ.. နှစ်ယောက်အတူ အလုပ်တွဲလုပ်တာ ကြည့်ကောင်းလွန်းတယ်!”

“ဟွန့်.. ဒါက သူတို့တွေ ဒီလို ပုံစံမျိုးတွေ ဖြစ်နေမယ်ဆိုတာကို ငါ မသိလို့ပဲ.. အစကတည်းက သိခဲ့မယ်ဆိုရင် သူတို့ကို ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး!”

ချင်းယွင်ကျစ်ထံတွင် မာနကြီး၍ မောက်မာသော အမူအရာရှိနေခဲ့သည်။

တခြားအရာများကို ထည့်မပြောသည့်တိုင် သူမသည်က လူများကို ဆဲဆို ပြစ်တင်ရာတွင် အလွန် တော် သည်။

မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် အိမ်တွင်ရှိနေစဥ် စုန့်ကျယ်ကို အကြိမ်ပေါင်းများစွာ တစ်ဖက်သတ် ဆဲဆိုခဲ့ဖူးပြီး ဆဲဆိုရာတွင်လည်း အတွေ့အကြုံအလွန်များနေခဲ့သည်။

လင်းရန်လည်း သူမ၏စကားကို ကြားလျှင် လက်မထောင်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။

လင်းကျန်းဖူအတွက် ဤပြဿနာကို ဖြေရှင်းပေးပြီးနောက် ချင်းယွင်ကျစ်နှင့် လင်းရန်တို့လည်း ချွမ်းဖန်းတပ်မဟာသို့ ပြန်သွားရန် စီစဥ်ခဲ့ကြသည်။

အလှကုန်ပစ္စည်းများ ပါဝင်သည့် အထုပ်ကိုတော့ လင်းကျန်းဖူက လက်မခံခဲ့ဘဲ ချင်းယွင်ကျစ်ကို ပြန်ပေးခဲ့သည်။

ချင်းယွင်ကျစ်၏ အနာဂတ်တွင်စီစဉ်မှုများမှာ သူမ၏ကိစ္စသာဖြစ်ပြီး လက်ရှိတွင် သူမက ချက်ချင်း လက်ခံမည် မဟုတ်ပေ။သူမအနေဖြင့် ချင်းယွင်ကျစ် လင်း မိသားစုတွင် ရှိနေစဉ်အတွင်း အားလပ်ချိန်ယူ၍ တပ်မဟာသို့ ပြန်သွားပြီး ချင်းယွင်ကျစ်ကို ကျေးဇူးတင်ကြောင်း လက်ဆောင် အချို့ ဝယ်ပေးရန်ပင် စီစဉ်ထားခဲ့သည်။

ဤတစ်ကြိမ်တွင် ချင်းယွင်ကျစ်သာ သူ့အတွက် ရပ်တည်ပေးခဲ့ခြင်း မဟုတ်ပါက သူမအနေဖြင့် ဤကစားပွဲကို ဤမျှ အလွယ်တကူ အနိုင်ရလိမ့်မည် မဟုတ်ပေ။

အပြင်ဘက်တွင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သည့် လင်းကွမ်းချင်းသည်လည်း နောက်ဆုံးတွင် သူတို့နှစ်ယောက် ပြန်ထွက်လာသည်ကို မြင်လိုက်ရသည်။

သူတို့ အထဲဘက်တွင် မည်သည့်အရာများဖြစ်နေခဲ့သည်ကို သူ မသိသောကြောင့် သူ၏ အဒေါ်နှင့် စကားပြောနေကြသည်ဟုသာ ထင်ခဲ့ပြီး အမျိုးသမီးများက စကားပြောရာတွင် အလွန်စိတ်အားထက်သန်လှကြောင်း တွေးခဲ့သည်။

ရလဒ်အနေဖြင့် ခရိုင်သို့ ပြန်သွားသည့် ကားပေါ်တွင် လင်းရန်က လော်ပင်းနှင့် တုန်လိလိတို့ ပြဿနာ ရှာခဲ့သည့်အကြောင်းနှင့် မစ္စချင်း၏ ခန့်ညားသော ဖြေရှင်းနည်းများအကြောင်းကို မပြောဘဲ မနေနိုင်ခဲ့ပေ။

လင်းကွမ်းချင်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသထွက်လာခဲ့ရသည်။

“အဲဒီလော်ပင်း၊ ငါတို့ မိသားစုနှစ်ခုကြားမှာ နောက်ထပ် ဘာမှမပတ်သက်တော့ဖို့ သဘောတူခဲ့ကြတာ မဟုတ်ဘူးလား.. အခု သူက ဒီလိုတွေ လုပ်နေပြန်ပြီ

ငါတို့ ဒီလိုမတရားမှုကို လုံးဝသည်းခံလို့ မရဘူး!”

လင်းရန် အံ့ဩသွားရပြီး လင်းကွမ်းချင်း၏ ဒေါသထွက်နေသည့် အမူအရာကို ကြည့်ကာ သိချင်စွာ မေးလိုက်သည်။

“အစ်ကိုကြီး၊ အစ်ကိုကြီး တစ်ခုခု လုပ်ဖို့ စီစဉ်နေတာလား”

လင်းကွမ်းချင်းက သူမကို မျက်လုံးလှန်ကြည့်လိုက်သည်။

“မင်း စိတ်ထဲမှာ ငါက ဒီလောက်တောင် အရည်အချင်းမရှိဘူးလို့ ထင်နေတာလား.. ငါက ငါ့ဒေါ်လေးရဲ့ ဒေါသကိုတောင် မဖြေဖျောက်ပေးနိုင်ဘူးလား”

လင်းရန်က တစ်ဖက်လူအား မြှောက်ပင့်လိုစွာပြုံးလိုက်သည်။

“ဟားဟား.. ကျွန်မ အဲဒီလို မပြောပါဘူး၊ ကျွန်မက သိချင် ရုံသက်သက်ပါပဲ.. အစ်ကိုကြီး၊ အစ်ကိုကြီး ဘာလုပ်ဖို့ စီစဉ်ထားလဲဆိုတာ ကျွန်မကို ပြောပြပါဦး!”

ဤစကားကို ကြားလျှင် လင်းကွမ်းချင်းသည် “မင်းက အခုမှ ကလေးပဲ ရှိသေးတယ်” ဟု ပြောသကဲ့သို့သော အမူအရာဖြင့် လင်းရန်ကို ချက်ချင်း ကြည့်လိုက်ပြီးနောက် ပြောလာသည်။

“လော်မိသားစုက ဘယ်အရာကို တန်ဖိုးအထားဆုံးလဲ.. အဲဒီ အိမ်ထောင်ရေးအပြင် သူတို့ အဖိုးအတန်ဆုံးလို့သတ်မှတ်ထားတာက မျက်နှာပဲ မဟုတ်ဘူးလား”

သို့သော် ဤလူနှစ်ဦးက ယခု မြွေနဲ့ ကြွက်ကဲ့သို့ ပြုမူနေသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့အနေဖြင့် လက်မထပ်ဘဲနေရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် လင်းကွမ်းချင်းက နောက်ဆုံး ကိစ္စကိုသာ အာရုံစိုက်ခဲ့သည်။

သူသည်က တခြားကိစ္စများတွင် မတော်သော်လည်း သူတစ်ပါး၏ မျက်နှာကို ထိခိုက်အောင် ရိုက်နှက်ရာတွင်တော့ အလွန်တော်ပေသည်။

ဤ “ရိုက်နှက်ခြင်း” သည်က အမှန်တကယ် ရိုက်နှက်သည်ဟူသော အဓိပ္ပာယ်ဖြစ်ကြောင်း သေချာပေသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူ စစ်တပ်မှာ နေခဲ့တဲ့ နှစ်တွေက အလဟသမှ မဟုတ်ဘဲ။

လင်းရန်လည်း တစ်ဖက်လူ၏စကားကို ကြားလိုက်ရလျှင် သူမ၏ အစ်ကို လင်းကွမ်းချင်းက မည်သည့်အရာများကို တွေးတောနေသည်ကို လျင်မြန်စွာ နားလည်သွားခဲ့သည်။

သူမ မျက်ခုံးကို ပင့်မလိုက်ပြီး ထိုအချိန်ကို စတင်၍ မျှော်လင့်နေခဲ့တော့သည်။

“အစ်ကိုကြီးပြောတာကိုနားလည်ပြီ.. ဒါဆို ကျွန်မတို့ သတင်းကောင်းကို စောင့်နေမယ်နော်”

လင်းကွမ်းချင်းက သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါ ဖြေရှင်းပေးမယ်!”

သူတို့အနေဖြင့် လင်းကွမ်းချင်း၏ ကြီးမားသော အစီအစဉ်အကြောင်းကို တစ်လမ်းလုံးပြောခဲ့ကြပြီး အချိန်များကလည်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ခရိုင်သို့ ရောက်ရှိချိန်တွင် နေ့လယ်စာ စားချိန် ဖြစ်နေခဲ့ပြီ။

လင်းကွမ်းချင်းအနေဖြင်် မူလက လင်းရန်နှင့် ချင်းယွင်ကျစ်တို့ကို အိမ်သို့ တိုက်ရိုက် ခေါ်ဆောင်သွားရန် စီစဉ်ခဲ့သော်လည်း လော်ပင်းနှင့် တုန်လိလိတို့မှ ကုန်တိုက်တွင် ရည်ရွယ်ချက်ရှိရှိ ပြစ်မှု ကျူးလွန်ခဲ့ကြသောကြောင့် သူတို့အနေဖြင့် ထိုအတိုင်း ထွက်ခွာသွားရန် မစီစဉ်တော့ပေ။

ကားပေါ်မှ ဆင်းပြီးနောက် လင်းကွမ်းချင်း ခဏတ်လောက်စဉ်းစားပြီး ရုတ်တရက်ပြောလိုက်သည်။

“လော်မိသားစုရဲ့ မိဘတွေက ခရိုင်မှာ စောင့်နေတယ်လို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား.. ကောင်းပြီ.. ငါတို့ နိုင်ငံပိုင် ဟိုတယ်ကို တိုက်ရိုက် သွားကြရအောင်”

သူတို့က လော်မိသားစု၏ ခရိုင်တွင် အခြေချရာနေရာကို မသိခဲ့ကြသော်လည်း လော်မိသားစုမှ မိဘများ၏ ကြွားဝါတတ်သော သဘောထားကို ကြည့်ခြင်းအားဖြင့် ၎င်းတို့က ဧည့်ခံပွဲကို သူတို့၏ ကိုယ်ပိုင်အိမ်တွင် ပြုလုပ်ရန် လုံးဝ မဖြစ်နိုင်ပါချေ။

သူတို့ကည ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းကို ပြသနိုင်သော ဟိုတယ်ကြီးများတွင်သာ ပြုလုပ်ပေလိမ့်မည်။

ထို့ကြောင့် လင်းကွမ်းချင်းအနေဖြင့် ကံစမ်းကြည့်ရန် နိုင်ငံပိုင်ဟိုတယ်သို့ တိုက်ရိုက်သွားရန် စီစဉ်ခဲ့သည်။

လင်းရန်တွင်လည်း သူနှင့်တူညီသော အတွေးများရှိနေခဲ့သော်လည်း ချင်းယွင်ကျစ်ကို ထပ်မံခေါ်သွားပါက သူမ ပျင်းနေလောက်မည်လားကို မသေချာခဲ့ပေ။

“အန်တီ၊ အန်တီ ပင်ပန်းနေပြီလား ပင်ပန်းနေတယ်ဆိုရင် ကျွန်မတို့ အန်တီ နားဖို့နေရာတစ်ခု အရင်ဆုံးရှာလိုက်မယ်.. ပြီးမှ ကျွန်မရဲ့ အစ်ကိုကြီးနဲ့ ကျွန်မ...”

ချင်းယွင်ကျစ်အနေဖြင့် ကားပေါ်တွင် သူတို့၏ အစီအစဉ်တို့ကို ကြားခဲ့ပြီး လှုပ်ရှားဖို့ အသင့် ဖြစ်နေသည်မှာ အချိန်အတော်ကြာပေပြီ

သူမက ဘယ်လိုလုပ်ပြီး ပင်ပန်းနိုင်မှာလဲ။

သူမက တကယ် ပင်ပန်းနေရင်တောင် အနားမယူခင် ဒီလိုမျိုးပြပွဲကောင်းကို အဆုံးသတ်တဲ့အထိ နေရာကောင်းကောင်းကနေ ကြည့်ရှုရမယ်။

“ငါ မပင်ပန်းပါဘူး! ကျွန်မ မင်းတို့ကို ကူညီပေးမယ်၊ မဟုတ်ဘူး.. မင်းတို့ကုု အားပေးလိုက်မယ်လို့ပြောချင်တာ!”

ချင်းယွင်ကျစ်၏ မျက်နှာတွင် မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုတို့ကို ပြသနေခဲ့သည်။

လင်းရန်တစ်ယောက် သူမ၏အမူအရာတို့ကိုကြည့်ကာ ကူကယ်ရာမဲ့စွာနှင့် ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။

ထို့ကြောင့် သူတို့သုံးယောက် စိတ်အားထက်သန်စွာဖြင့် နိုင်ငံပိုင် ဟိုတယ်ဆီသို့ တည့်မတ်စွာလျှောက်သွားခဲ့ကြလေ၏။

*

All Chapters