← Chapters

အခန်း (၂၅၁၁-၂၅၁၅)

Vol. 129 Ch. 2511-2515

အခန်း (၂၅၁၁-၂၅၁၅)

Vol. 129 Ch. 2511-2515

Chapter 2511

ဤအချိန်အချိန်များတွင် ကျင့်ကြံသူများရော သေမျိုးများပါ စိတ်ပျက်အားငယ်နေကြ၏။

နေရာအသီးသီးမှရရှိထားသော သတင်းများအရ နတ်ဘုရားကုန်းမြေအတွင်းရှိ နယ်မြေအများစုသည် ရေအောက်သို့နစ်မြုပ်သွားပြီဖြစ်ကြောင်း သူတို့အားလုံး သိရှိခဲ့ရသည်။

သူတို့သည်လည်း ထပ်မံ၍ အချိန်ကြာကြာ တောင့်ခံနိုင်တော့မည်မဟုတ်ချေ။

"အကြီးအကဲ...ကျွန်တော်တို့မှာ စိတ်ဝိညာဥ်ကျောက်တုံး နည်းနည်းပဲကျန်တော့တယ်...ဝင်္ကပါကြီးကို ထပ်ပြီးထောက်ပံနိုင်တော့မှာမဟုတ်ဘူး"

ဂိုဏ်းသားတစ်ယောက်က ဖြူရော်နေသောမျက်နှာနှင့် ပြောဆိုသည်။

စစ်မှန်သောသေခြင်းတရားနှင့်ရင်ဆိုင်ရချိန်တွင် သူတို့ တက်နိုင်သောအရာဟူ၍မရှိချေ။ဤသည်က အကြွင်းမဲ့ မျှော်လင့်ချက်ပျက်သုဥ်းခြင်းပင်။

တစ်ချိန်တည်းမှာပင် လုယွီ၏ပန်းချီကားသည် ပြီးဆုံးလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။

သူ စုတ်ချက်တစ်ချက် ရေးဆွဲသည့်အချိန်တိုင်း မိုးကြိုးတစ်စင်းက မြေပြင်ကိုရိုက်ခတ်နေသကဲ့သို့ပင်။လေဟာနယ်အတွင်း၌ မိုးခြိမ်းသံများဖြင့် ပြည့်နှက်နေသည်။

ပတ်ဝန်းကျင်၌ တိမ်မည်းများဖြင့် ပြည့်နှက်နေလေ၏။ရုတ်တရက် တိမ်မည်းများကြားမှနေ၍ အလင်းတန်းတစ်တန်း ဖြတ်သန်းလာကာ လုယွီရေးဆွဲနေသော ပန်းချီကားကို လာရောက်ရိုက်ခတ်သည်။

"သူ့ရဲ့ပန်းချီတာအိုနယ်ပယ်က...ကောင်းကင်နဲ့မြေပြင်ရဲ့ သဘာဝလွန်ပုံရိပ်နယ်ပယ်ကိုတောင် ရောက်နေတာလား"

ချိုင်လုံရှင်းသည် အမြဲတစေ တည်ငြိမ်အေးဆေးနေလေ့ရှိသော်လည်း ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အံ့အားတသင့်ရေရွတ်လိုက်သည်။

သူသည် မွေးဖွားလာစဥ်ကတည်းက ရေခဲနယ်မြေတော်ဝင်နန်းတော်အတွင်း၌ နေထိုင်ခဲ့ရသဖြင့် တင်းကြပ်သောသင်ကြားမှုများကို ခံယူခဲ့ရသည်။အိမ်ရှေ့စံမင်းသားဖြစ်သော သူ့အား သင်ကြားပေးရန် အရည်အချင်းပြည့်မီသူများမှာ သူတို့၏သက်ဆိုင်ရာပညာရပ်တွင် ထိပ်တန်းအဆင့်တည်ရှိမှုကြီးများပင်။

သူသည် ဆေးပညာ ဝင်္ကပါ အဆောင်လက်ဖွဲ့နှင့် တခြားမဟာတာအိုပညာရပ်များကို သင်ယူခဲ့ရသည်။သူသည် လက်ရေးလှရေးခြင်းနှင့် ပန်းချီပညာရပ်များကိုလည်း မတောက်တခေါက် လေ့လာလိုက်စားခဲ့လေ၏။

ထို့ကြောင့် ချိုင်လုံရှင်းသည် ပန်းချီတာအိုနှင့်ပတ်သတ်သောနယ်ပယ်များကို ကောင်းစွာသိရှိနားလည်ထားသည်။

ထိုအချိန်တုန်းက တော်ဝင်နန်းတွင်းတွင်ရှိနေသော ပန်းချီပညာရှင်သည် ပန်းချီပညာနယ်ပယ်တွင် လွှမ်းမိုးနိုင်သောပုံရိပ်ကြီးဖြစ်သည်။သို့ရာတွင် သူသည် ပန်းချီတာအိုသည် ကောင်းကင်နှင့်မြေပြင်၏သဘာဝလွန်ပုံရိပ်နယ်ပယ်သို့ ရောက်ရှိနေသည့်တိုင် လူအိုကြီးတစ်ယောက်ဖြစ်နေလေပြီ။

အကယ်၍ ကျင့်ကြံသူများတွင် ရှည်လျားသောဘဝသက်တမ်းပိုင်ဆိုင်ထားသည့် အချက်သာမရှိပါက ထိုပန်းချီပညာရှင်သည် မင်ရည်သင်္ဘောကဲ့သို့ ပန်းချီကားမျိုးကို ရေးဆွဲနိုင်မည်မဟုတ်ချေ။

"သူက မင်ရည်သင်္ဘောပန်းချီကားကို ထပ်ဖြည့်ဆွဲမယ်လို့ပဲ ငါ အရင်ကတွေးတောထားခဲ့တာ...ကြည့်ရတာတော့ သူက နောက်ဆုံးအချိန်အခိုက်အတန့်ကျမှ စိတ်ပြောင်းသွားပြီးတော့ တခြားပန်းချီကားတစ်ချပ်ကို ရေးဆွဲခဲ့ပုံပဲ"

ချိုင်လုံရှင်းက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။

ပန်းချီကားကို ထပ်ဖြည့်ဆွဲခြင်းသည် အလွန်ခက်ခဲသောကိစ္စတစ်ရပ်မဟုတ်ချေ။ပန်းချီတာအိုတွင် ခိုင်မာသောအခြေခံအုတ်မြစ်ရှိနေသရွေ့ ယခင်ပန်းချီကား၏စုတ်ချက်များအတိုင်း ကောက်ကြောင်းလိုက်ကာ ရေးဆွဲနိုင်သည်။

သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် ပန်းချီကားအသစ်တစ်ချပ်ကို ရေးဆွဲလိုပါက ပန်းချီတာအိုတွင် အလွန်မြင့်မားသောအဆင့်ရှိရပေမည်။ထို့ပြင် ပန်းချီရေးဆွဲသူ၏စိတ်စွမ်းအားသည်လည်း အလွန်မြင့်မားနေရန် လိုအပ်ပေ၏။

ရုတ်တရက် လုယွီ၏စုတ်တံ အချိန်တခဏခန့် ရပ်တန့်သွားသည်။

မူလက လုယွီ၏ပန်းချီရေးဆွဲမှုနှုန်းမှာ အလွန်အမင်း လျှင်မြန်သည်။သို့ရာတွင် သူ ရုတ်တရက် ရပ်တန့်လိုက်သဖြင့် လူတိုင်း၏စိတ်နှလုံးသားများ လေးလံသွားသည်။

ဖြစ်နိုင်သည်မှာ မမျှော်လင့်ထားသော ကိစ္စတစ်ရပ်ရပ်များ ဖြစ်ပျက်သွားသလော....

ချိုင်လုံရှင်း၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။သူသည် ယခင်က ပန်းချီကားတချို့ကို ရေးဆွဲခဲ့ဖူးသဖြင့် ယခုလက်ရှိစာရွက်ပေါ်ရှိပုံစံမျိုး ရေးဆွဲရန်မှာ အလွန်ခက်ခဲကြောင်းကို သိရှိထားပေ၏။

လုယွီတွင် ပါရမီအရည်အချင်းတချို့ရှိသော်လည်း ပန်းချီတာအိုလမ်းကြောင်းသည် နှစ်ပေါင်းများစွာလေ့လာ၍ အတွေ့အကြုံများကိုစုဆောင်းရန်လိုအပ်သည်။

လုယွီ၏အသက်သည် အလွန်ငယ်ရွယ်သေးသည့်တိုင် ပညာရပ်များအပေါ် သူ၏ပါရမီအရည်အချင်းမှာ လျှော့တွက်၍မရချေ။အကယ်၍သာ လုယွီသည် ဆေးပညာတာအိုတွင်လည်း ပါရမီအရည်အချင်းရှိနေပါက ယုတ္တိမရှိတော့ချေ။

"ထားလိုက်တော့...ငါတို့ ကြိုးစားကြတာပေါ့...ဒီမင်ရည်သင်္ဘော အချိန်ခဏတော့ တောင့်ခံနိုင်အုံးမယ်...ငါတို့မှာ အချိန်လုံလောက်ပါတယ်"

ကျောင်းတော်တပည့်တစ်ယောက်က နှစ်သိမ့်စကားပြောဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ကိစ္စမျိုးကို အချိန်တခဏဖြင့်လုပ်ဆောင်ရန်မှာ အလွန်ခက်ခဲလှ၏။

ချိုင်လုံရှင်းက အစောတလျှင် ကောက်ချက်ချခြင်းမရှိချေ။သူက လုယွီ၏လက်အတွင်းရှိ စုတ်တံကိုသာ စူးစိုက်၍ကြည့်နေသည်။စုတ်တံ၏ထိပ်ဖျားတွင် ကြယ်ရောင်အနည်းငယ်တောက်ပနေသည်ကို သတိပြုမိသွားချိန်တွင် သူ၏မျက်လုံးအတွင်း၌ တည်ကြည်လေးနက်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။

တခြားသူများ သိရှိမည်မဟုတ်သော်လည်း ချိုင်လုံရှင်းသည် သူ၏ပန်းချီပညာဆရာသခင်မှ ပန်းချီကားများရေးဆွဲသည်ကို မျက်မြင်ကိုယ်တွေ့ကြုံထားရသဖြင့် ထိုမြင်ကွင်းမျိုးကို သိရှိပေ၏။

ပန်းချီကားတစ်ချပ်ရေးဆွဲခြင်း၏အဆုံးသတ်အချိန်သို့ ရောက်ရှိလာစဥ်တွင် စုတ်တံမှနေ၍ ထိုကဲ့သို့အလင်းရောင်များ တောက်ပလာသည်။

လူများအားလုံး၏အကြည့်များအောက်တွင် လုယွီသည် စုတ်တံကို ဖြည်းညှင်းစွာရေးဆွဲနေကာ နောက်ဆုံး၌ သင်္ဘောဦးပိုင်းသို့ ရောက်ရှိသွားသည်။

လုယွီရေးဆွဲနေသော သင်္ဘောဦးပိုင်းသည် သက်ဝင်လှုပ်ရှားသော နဂါးဦးခေါင်းပုံစံပင်။ထိုနဂါးကြီးသည် မိုးကောင်းကင်ယံကို မော့ကြည့်နေကာ အလွန်ကြီးကျယ်ခမ်းနားသော အရှိန်အဝါဖြင့် ဟိန်းဟောက်နေလေ၏။

ထိုနဂါးဦးခေါင်းပုံကို ရေးဆွဲပြီးပြီဖြစ်သော်လည်း လူအများသည် တစ်နေရာရာ၌ထူးဆန်းနေခြင်းကို မြင်တွေ့လိုက်ရသည်။

ထိုနဂါးဦးခေါင်းတွင် မျက်လုံးများရှိမနေချေ။

Chapter 2512

နဂါးတစ်ကောင်၏ ခန့်ညားထည်ဝါသော မျက်နှာပေါ်တွင် မျက်လုံးများရှိမနေလေရာ အလွန်ထူးဆန်းနေသည်။

မျက်လုံးမပါသောနဂါးတစ်ကောင်သည် မျက်မမြင်နဂါးသာဖြစ်သဖြင့် အကယ်၍ ကြီးမားပြီး ကြီးကျယ်ခမ်းနားသည့်တိုင် အဆုံးသတ်၌ ခန့်ညားသောအရှိန်အဝါမျိုး ဆုံးရှုံးနေလေ၏။

လုယွီသည် အချိန်တခဏကြာ တွေဝေစဥ်းစားပြီး နောက်ဆုံး၌ သူ၏စုတ်တံဖြင့် နဂါးဦးခေါင်းကို ထိတွေ့လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏လက်အတွင်းရှိစုတ်တံတွင် သူ၏စိတ်အာရုံများအားလုံးကို စုစည်းထားသည်။

ဝုန်း...

လုယွီ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော ရွှေရောင်အလင်းတန်းများ ပို၍တောက်ပလာသည်။

လုယွီ၏ရှေ့ရှိစာရွက်သည် ပန်းချီကားတစ်ချပ်သာဖြစ်သော်လည်း လူတိုင်းသည် သူတို့၏နားအတွင်း၌ မိုးခြိမ်းသံများမြည်ဟီးလာသည်ကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ဤသည်က သူတို့သည် ပန်းချီကားအတွင်း၌ ကြီးမားသောလေပြင်းမုန်တိုင်းကို ကြုံတွေ့လိုက်ရသကဲ့သို့ပင်။

"ကောင်းကင်နဲ့မြေပြင်ရဲ့ သဘာဝလွန်ပုံရိပ်က ရှင်းလင်းသွားပြီလေ...ဒါက ဘာတွေထပ်ပြီး ထွက်ပေါ်လာအုံးမှာလဲ"

ချိုင်လုံရှင်းက အံ့အားတသင့် ရေရွတ်လိုက်သည်။

ဘုန်း...ဘုန်း...

ရုတ်ချည်းဆိုသလိုပင် လုယွီရေးဆွဲနေသော ပန်းချီကားအတွင်းရှိ သင်္ဘောမှနေ၍ မိုးကြိုးလျှပ်စီးသံများ ပို၍ပီပြင်ထင်ရှားစွာ ထွက်ပေါ်လာသည်။

ထို့နောက် လုယွီ၏ပန်းချီကားသည် လေထုအတွင်းသို့ ပျံဝဲသွားကာ ရွှေရောင်အလင်းတန်းများ တောက်ပနေသည်။

မင်ရည်သင်္ဘောပေါ်ရှိ ကျောင်းတော်တပည့်များဖြစ်စေ ကျိုးဂိုဏ်းအတွင်းရှိ ကျင့်ကြံသူများနှင့်သေမျိုးများဖြစ်စေ သူတို့အားလုံးသည် ဤနေရာရှိလှုပ်ရှားမှုများကို သတိပြုမိသွားကြ၏။

ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

"အဲ့ဒီလူတွေကို ငါ မှတ်မိပြီ...သူတို့က ကောင်းကင်ဘုံနယ်မြေက သူတော်စင်သံတမန်တွေပဲ...ဒီအရာကိုကြည့်ရတာ သူတို့က ကောင်းကင်ဘုံနယ်မြေကို ပြန်သွားဖို့ စီစဥ်နေကြပုံပဲ"

"ရှေးဟောင်းအချိန်ကာလတွေကတည်းက ကောင်းကင်ဘုံနယ်မြေက အရမ်းတည်ငြိမ်တယ်...မရေမတွက်နိုင်တဲ့စစ်ပွဲတွေကို ဖြတ်ကျော်ခဲ့ရတာတောင် အဲ့ဒီနယ်မြေက အကောင်းပကတိရှိနေတုန်းပဲ...သူတို့က ငါတို့ရဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကို နည်းနည်းလေးတောင် ခံစားမိမှာမဟုတ်ဘူး"

"ကံဆိုးချင်တော့ သူတော်စင်သံတမန်တွေကသာ ငါတို့ကိုခေါ်ဆောင်သွားဖို့ ဆန္ဒမရှိရင်...ငါတို့က အောက်ဘုံကနေ ထွက်သွားနိုင်မှာမဟုတ်ဘူး...ဒါပေမယ့် သူတို့မှာလည်း နေရာတစ်နေရာစာပဲ အပိုရှိတယ်...ငါတို့တွေအများကြီးကို ကောင်းကင်ဘုံနယ်မြေဆီ ခေါ်သွားနိုင်မှာမဟုတ်ဘူး"

ဤနေရာရှိမြင်ကွင်းကို မြင်တွေ့ပြီးနောက် လုယွီတို့လူစု ထွက်ခွါသွားရန် စီစဥ်နေသည်ဟု ကျင့်ကြံသူများက တွေးတောလိုက်ကြသည်။

ကြီးမားသောကပ်ဘေးများကျရောက်လာချိန်တွင် လူတိုင်းသည် သူတို့၏အသက် ဆက်လက်ရှင်သန်နိုင်ရန် ဘေးလွတ်ရာသို့ ထွက်ပြေးကြပေမည်။ဤသည်က လူသားများ၏စရိုက်သဘာဝပင်။

သို့သော် ထိုအချိန်မှာပင် လူများအားလုံးသည် သူတို့၏တစ်သက်တာတွင် ဘယ်သောအခါမျှ မေ့နိုင်တော့မည်မဟုတ်သောမြင်ကွင်းကို မြင်တွေ့လိုက်ရ၏။

ပန်းချီကားချပ်က လေဟာနယ်အတွင်း၌ တစ်ဖျတ်ဖျတ် လူးလွန့်နေသည်။စာလိပ်ပေါ်ရှိ မင်များအားလုံးကို ရွှေရောင်အလင်းတန်းများက လွှမ်းခြုံထားကာ စုတ်ချက်တိုင်းတွင် အလွန်မြင့်မြတ်သောစိတ်ဆန္ဒမျိုးကို နှင်းအပ်ထားပုံရသည်။

ဒုန်း...ဒုန်း...ဒုန်း...

မိုးကြိုးလျှပ်စီးများအကြားတွင် ဗုံမောင်းသံများ ထွက်ပေါ်လာသည်။

ဤသည်က မြောက်မြားစွာသောလူတို့သည် ဗုံမောင်းများကို တီးခတ်နေကြသကဲ့သို့ပင်။ကောင်းကင်နှင့်မြေပြင်အကြားတွင် ထိုဗုံမောင်းသံများက ပဲ့တင်ထပ်ပျံ့နှံ့နေကာ ကြားရသူများသည် လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါတစ်ရပ်ကို ခံစားမိလေ၏။

ချိုင်လုံရှင်းသည် တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့ရာမှ နောက်ဆုံးတွင် အံ့အားတသင့် ရေရွတ်လိုက်သည်။

"နှစ်ထပ်ဆင့်သဘာဝလွန်ပုံရိပ်လား...ဒါက အရမ်းအဆင့်မြင့်တဲ့ ပန်းချီကားတစ်ချပ်ရဲ့ အသွင်အပြင်ပဲ...တကယ်လို့ ဒါက သူတော်စင်အဆင့်ပန်းချီကားမဟုတ်ရင်တောင် အဲ့ဒီအဆင့်နဲ့နီးကပ်နေပြီ...ဒီပန်းချီကားကို ကောင်းကင်နဲ့မြေပြင်က အသိအမှတ်ပြုရုံတင်မကဘူး...အရင်က ပန်းချီပညာရှင်တွေကပါ အသိအမှတ်ပြုကြတယ် ..ဖြစ်နိုင်တာတော့သူက ပန်းချီတာအိုမှာလည်း မြင့်မားတဲ့နယ်ပယ်ကို ရောက်နေပြီလား"

ဤသည်က ချိုင်လုံရှင်းသည် ယုံကြည်လက်ခံရန် မဝံ့ရဲသော ကိစ္စပင်။အကြောင်းအရင်းမှာ တစ်စုံတစ်ယောက်သည် သာမာန်ထက်သာလွန်ထူးကဲသော ပါရမီအရည်အချင်းမျိုးရှိကာ ဥာဏ်ရည်အလွန်ထက်မြက်လျှင်ပင် သူ၏စွမ်းအားသည် အကန့်အသတ်ရှိသည်။

လူငယ်ပါရမီရှင်အများစုသည် သာမာန်ထက်သာလွန်ထူးကဲသောခွန်အားမျိုးကို ထုတ်ဖော်ပြသနိုင်သည့်တိုင် သူတို့သည် ယခင်မျိုးဆက်ဟောင်းမှ အစွမ်းထက်ကျင့်ကြံသူများကို ယှဥ်ပြိုင်နိုင်ရန် မလွယ်ကူချေ။

အဓိကကွာခြားချက်မှာ အတွေ့အကြုံပင်။

အတွေ့အကြုံဟူသည်ကို မြောက်များစွာသောလေ့ကျင့်မှုများကို အဆက်မပြတ်ပြုလုပ်ပြီးမှသာ ရရှိနိုင်သည်။တစ်စုံတစ်ယောက်သည် မည်မျှထိများပြားသော ကျမ်းစာများနှင့်မှတ်တမ်းများကို ဖတ်ရှုသည်ဖြစ်စေ ထိုလူသည် လက်တွေ့လှုပ်ရှားမှုမပြုလုပ်သရွေ့ နားလည်သဘောပေါက်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် ယခုလက်ရှိချိန်တွင် လုယွီသည် ခွန်အားအရာတွင် သက်တူရွယ်တူများကို ဖိနှိပ်ထားရုံသာမက ပန်းချီတာအိုတွင်လည်း မြင့်မားသောပါရမီအရည်အချင်းရှိနေသည်။

"တကယ်လို့ သူသာ တော်ဝင်မြို့တော်မှာရှိနေရင်...သူ့ကို စစ်သူတော်စင်မိသားစုတွေနဲ့ပန်းချီသူတော်စင်တွေက အလုအယက်သိမ်းသွင်းကြမှာကို ငါ စိုးရိမ်မိတယ်"

ချိုင်လုံရှင်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

လူတိုင်း အံ့အားသင့်နေသော အချိန်အခိုက်အတန့်မှာပင် ကောင်းကင်ယံအတွင်း၌ မျောလွင့်နေသော ပန်းချီကားသည် တဖန်ထပ်၍ ပြောင်းလဲသွားလေ၏။

Chapter 2513

မူလကလေထုအတွင်း၌ မျောလွင့်နေသောစာလိပ်သည် ရုတ်တရက် ရွှေရောင်အလင်းတန်းများအဖြစ် သိပ်သည်းသွားသည်။

ထိုရွှေရောင်အလင်းတန်းများသည် တဖြည်းဖြည်း ပြန့်ကားလာကာ အလွန်ကြီးမားသောကိုယ်ထည်ရှိသည့် ဧရာမစစ်သင်္ဘောကြီးအဖြစ်ဖွဲ့စည်းသွားကာ လေထုအတွင်း၌ မျောလွင့်နေသည်။

ထိုဧရာမစစ်သင်္ဘောကြီးသည် ကောင်းကင်ယံနှင့်နေမင်းကြီးကိုပင် ပိတ်ဖုံးနေကာ ထိုအရာထွက်ပေါ်လာသည်နှင့် လူတိုင်း၏အမြင်အာရုံကို ကြီးစိုးထားလေ၏။ထိုအရာသည် မီတာနှစ်ထောင်ကျော်မြင့်မားကာ ရှေ့နောက်မီတာတစ်သောင်းကျော်ရှည်လျားကာ ငါးရာမီတာခန့်ကျယ်ဝန်းသည်။ဤသည်က မိုးကောင်းကင်ယံအတွင်း၌ မျောလွင့်နေသော ရဲတိုက်ကြီးနှင့်တူညီသည်။လူတိုင်းသည် ထိုဧရာမစစ်သင်္ဘောကြီးကိုမြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားကြ၏။

ထိုဧရာမစစ်သင်္ဘောကြီး၏ကိုယ်ထည်ကို အနက်ရောင်သံမဏိဖြင့် ပြုလုပ်ထားသယောင်မြင်ရသည်။ကုန်းပတ်ပေါ်တွင် အမျိုးမျိုးသောအရွယ်အစားရှိသည့် အဆောက်အအုံများက နီးကပ်စွာတည်ရှိသည်။အဆောက်အအုံတစ်လုံးစီတွင် သက်ဆိုင်ရာစင်္ကြန်လမ်းပါရှိသည်။ထို့ပြင် အဆောက်အအုံများအကြားတွင် လူသွားစင်္ကြန်လမ်းများဖြင့် ဆက်သွယ်ထားပေရာ အလွန်အမင်းလက်ရာမြောက်လှပေ၏။

သင်္ဘောပေါ်ရှိ ဆယ်မီတာအကွာတိုင်းတွင် သင်္ကေတအက္ခရာတစ်ခုက လေယာနယ်အတွင်း၌ မျောလွင့်နေသည်။ဤသင်္ဘောကြီး၏အထက်တွင် အကာအကွယ်ဝင်္ကပါတစ်ခုဖြင့် လွှမ်းခြုံထားကာ သင်္ဘောတစ်စင်းလုံး၏လုံခြုံရေးကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားသည်။

"ဒါကိုကြည့်ရတာ တော်ဝင်စစ်တပ်ရဲ့နဝမလွှသားစစ်သင်္ဘောနဲ့ တူနေသလိုပဲ...ငါ ဒါကို မိုးပြာနဂါးစစ်စခန်းမှာ မြင်ဖူးတယ်...ဒီပုံစံမျိုး အတိအကျပဲ"

"ဂျူနီယာညီလေးလုက တော်ဝင်စစ်တပ်ရဲ့စစ်ဗိုလ်ချုပ်တစ်ယောက်လို့ ငါ ကြားထားတယ်...သူက ကြီးမားတဲ့ စစ်ရေးအကျိုးဆောင်မှုတွေလည်း ပြုလုပ်ထားတယ်...ကြည့်ရတာတော့ သူက နဝမလွှသွားစစ်သင်္ဘောကို အရင်က မြင်တွေ့ဖူးပုံပဲ"

လူများအားလုံးသည် သူတို့ရှေ့ရှိ ဧရာမစစ်သင်္ဘောကြီးကိုကြည့်ကာ အံ့အားသင့်တုန်လှုပ်နေကြ၏။

တော်ဝင်စစ်တပ်၌ အဓိကစစ်စခန်းများမှာသာလျှင် ဤကဲ့သို့အရွယ်အစားရှိသော စစ်သင်္ဘောများရှိသည်။ရှားဟိုလီသည် ပုန်ကန်မှုကိုနှိမ်နင်းခဲ့စဥ်တွင် ဤကဲ့သို့ နဝမလွှသွားစစ်သင်္ဘောအမျိုးအစားကို အသုံးပြုခဲ့သည်။

နဝမလွှသွားသင်္ဘောပေါ်တွင် မြင့်မားသောအဆောက်အအုံများရှိကာ အထပ်တိုင်းတွင် စိတ်ဝိညာဥ်အမြှောက်အများကို တပ်ဆင်ထားသည်။ထို့ပြင် စစ်သင်္ဘောကြီး၏အထပ်တိုင်းတွင် စစ်သားများနေထိုင်ရန် ထောင်သောင်းချီသောအိမ်များ ပါရှိလေ၏။

စစ်သင်္ဘောကြီး၏အတွင်းတွင် အုပ်ချုပ်ရေးရုံးများ စည်းဝေးခန်းမ သိုလှောင်ခန်းအစရှိသည့် တခြားအရေးကြီးသောနေရာများလည်း ရှိနေသည်။ဤသည်က အမှန်အားဖြင့် ရွေ့လျားနေသော ခံတပ်ကြီးပင်။ထိုစစ်သင်္ဘောကြီးသည် အရွယ်အစားကြီးမားရုံသာမက အတွင်းပိုင်းဖွဲ့စည်းပုံ အလွန်ရှုပ်ထွေးကာ ထိုအရာများကြား၌ ဝင်္ကပါငယ်များကို ခင်းကျင်းထားသည်။အကယ်၍ ထိုကဲ့သို့ ဖွဲ့စည်းတည်ဆောက်ရာ၌ အလွဲအချော်တစ်စုံတစ်ခုဖြစ်သွားပါက ထိုစစ်သင်္ဘောကြီးသည် ရှေ့သို့ခုတ်မောင်းနိုင်မည်မဟုတ်ချေ။

ထို့ကြောင့် တော်ဝင်စစ်လက်နက်ထုတ်လုပ်ရေးဌာနသည် နှစ်စဥ်နှစ်တိုင်း နဝမလွှသွားစစ်သင်္ဘောများကို အလွန်အမင်းနည်းပါးသောအရေအတွက်သာ ထုတ်လုပ်နိုင်သည်။ထိုစစ်သင်္ဘောများအားလုံးကို တော်ဝင်စစ်တပ်အတွက် ထောက်ပံပေးရလေ၏။ထိပ်တန်းမိသားစုကြီးတချို့သည် သူတို့၏ချမ်းသာကြွယ်ဝမှုဖြင့် ဧရာမသင်္ဘောကြီးများကို တည်ဆောက်နိုင်ကြသည်။သို့ရာတွင် ထိုသင်္ဘောကြီးများသည် အရွယ်အစားနှင့်စွမ်းဆောင်နိုင်မှုအရာ၌ နဝမလွှသွားစစ်သင်္ဘောကြီးကိုမှီရန် အလွန်အလှမ်းကွာဟသည်။

ကျောင်းတော်တပည့်များအတွင်း၌ နဝမလွှသွားစစ်သင်္ဘောကို မြင်တွေ့ဖူးသူများရှိသည့်တိုင် သူတို့သည် ထိုအရာပေါ်သို့ တက်ရောက်ခဲ့ဖူးခြင်းမရှိဘဲ အဝေးမှသာ ကြည့်ရှုခဲ့ကြရခြင်းဖြစ်သည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် အမျိုးအစားစုံလင်သောစာအုပ်များရှိသည့်တိုင် နဝမလွှသွားစစ်သင်္ဘော၏အသေးစိတ်အချက်အလက်များကို မှတ်တမ်းတင်ထားခြင်းမရှိချေ။တော်ဝင်စစ်လက်နက်ထုတ်လုပ်ရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော လက်မှုပညာရှင်များသည် အငြိမ်စားယူချိန်တွင် တားမြစ်မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုရသည်။သူတို့သည် နဝမလွှသွားစစ်သင်္ဘောနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုခွင့်မရှိချေ။

"ဒီပန်းချီကားချပ်က...တကယ့်ကို မယုံကြည်နိုင်စရာပဲ"

လီစစ်က ညည်းတွားလိုက်၏။

ဤတပည့်များအားလုံးသည် ကျောင်းတော်အတွင်း၌ ထူးချွန်သောပါရမီရှင်ကျောင်းတော်သားများပင်။သူတို့သည်ပင် သတိလက်လွတ် အံ့အားသင့်နေကြရာ အောက်ဘုံမှလူများဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။

သေမျိုးများသည် ဤကိစ္စကို အလွန်အမင်းအံ့အားသင့်နေကြသည်။သေမျိုးအများစုသည် မြေပြင်ပေါ်၌ ဒူးထောက်ကာ နဝမလွှသွားစစ်သင်္ဘောကြီးထံဦးတည်၍ ဝတ်ပြုဆုတောင်းနေကြ၏။

တခြားတစ်ဖက်တွင် ကျင့်ကြံသူများကမူ သူတို့ရှေ့ရှိ ဧရာမစစ်သင်္ဘောကြီးကို စူးစိုက်၍ကြည့်နေသည်။

သူတို့သည် နဝမလွှသွားစစ်သင်္ဘောကြီး၏ အကာအကွယ်ဝင်္ကပါမှလာသော စွမ်းအားအရှိန်အဝါကို ခံစားမိသည်။ထိုအရှိန်အဝါသည် သူတို့၏ဂိုဏ်းအကာအကွယ်ဝင်္ကပါထက် များစွာပို၍အားကောင်းသည်။

"ဒီနဝမလွှသွားစစ်သင်္ဘောက အနည်းဆုံး အချိန်နှစ်နာရီကျော် တောင့်ခံနိုင်လိမ့်မယ်...မင်းတို့ကောင်တွေ အရင်ဆုံးတက်သွားကြတော့"

လုယွီ၏မျက်နှာက အနည်းငယ်ဖြူရော်နေသည်။

သူသည် အလွန်ခွန်အားကောင်းသူဖြစ်သည့်တိုင် သူ၏မှော်စွမ်းအားသည် လောကီအင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်တွင်သာ ရှိနေလေ၏။

ဤကဲ့သို့ဧကရာမစစ်သင်္ဘောကြီးကို ရေးဆွဲခဲ့ခြင်းဖြင့် သူ၏အကန့်အသတ်သို့ ရောက်ရှိသွားလေပြီ။သူ၏မှော်စွမ်းအားအကုန်အစင်နီးပါးကို ဤသင်္ဘောကြီးရေးဆွဲရန်အတွက် အသုံးပြုလိုက်ရသည်။

"မြန်မြန်တက်ကြစို့"

ကျောင်းတော်တပည့်များက နဝမလွှသွားစစ်သင်္ဘောပေါ်သို့ အလျှင်အမြန် တက်လိုက်ကြသည်။

Chapter 2514

နဝမလွှသွားစစ်သင်္ဘောကြီးနှင့်နှိုင်းယှဥ်ပါက ယခင်မင်ရည်သင်္ဘောသည် အလွန်သေးငယ်သောမင်တစ်စက်နှင့်တူညီကာ ဖော်ပြရန်ပင်မထိုက်တန်ချေ။

အမြင်အာရုံကောင်းမွန်သည့်မည်သူမဆို အကြည့်တစ်ချက်ဖြင့်ပင် နဝမလွှသွားစစ်သင်္ဘောကြီးသည် မကြာမီပျောက်ကွယ်တော့မည့် မင်ရည်သင်္ဘောထက် ပို၍ကောင်းမွန်ကြောင်း တွေ့မြင်နိုင်သည်။

နဝမလွှသွားစစ်သင်္ဘောကြီးပေါ်သို့ ရှောင်တိမ်းသည်က သူတို့အတွက် ပို၍ဘေးကင်းလုံခြုံပေမည်။

"မင်းက ဒီလောက်ကြီးမားတဲ့အရာကို ဖန်တီးခဲ့တာ...ငါတို့လူစုသက်သက်ကိုပဲ ကယ်တင်ဖို့တော့ မဖြစ်နိုင်ဘူး...ဟုတ်တယ်မလား"

ချိုင်လုံရှင်းက မေးမြန်းသည်။

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။

"အရှင့်သား...ငါက လူတိုင်းကို ကယ်တင်ချင်တယ်"

ချိုင်လုံရှင်းက လုယွီကိုအချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"မင်းက ရည်မှန်းချက်ကြီးတဲ့လူပဲ"

"တကယ်လို့ ငါသာ ရည်မှန်းချက်ကြီးတဲ့သူ မဟုတ်ဘူးဆိုရင်...အခုချိန်ထိ အသက်ရှင်နေမှာမဟုတ်ဘူး"

"ငါတို့ အပြင်ကိုရောက်ပြီးတဲ့နောက်မှာ...ငါတို့နှစ်ယောက် မိတ်ဆွေဖွဲ့ကြရအောင်...တကယ်လို့ မင်းရဲ့အနာဂတ်အောင်မြင်မှု နှောင့်နှေးသွားမှာကိုသာ ငါ မစိုးရိမ်မိဘူးဆိုရင်...ငါက မင်းကို ရေခဲနန်းတော်ဆီ ခေါ်ယူမိမှာပဲ"

လုယွီက ကျိုးဂိုဏ်း၏အထက်သို့ပျံသန်းကာ အော်ဟစ်လိုက်၏။

"ကျင့်ကြံသူတွေအားလုံးပဲ...စစ်သင်္ဘောပေါ်ကို အမြန်ဆုံး ရွှေ့ပြောင်းလာကြစမ်း"

လုယွီ၏အသံတွင် မှော်စွမ်းအားများ ရောယှက်နေသည်။သူ စကားပြောဆိုလိုက်စဥ်တွင် သူ၏အသံသည် ကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်နေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

"ဘာလဲ...ဒါက ငါတို့အတွက်ပါ ပြင်ဆင်ပေးထားတာလား"

"ကောင်းကင်ဘုံနယ်မြေကလူက တကယ်ကြီး ငါတို့ကို ကူညီပေးတာလား...သူ...သူ့မှာ တခြားရည်ရွယ်ချက်တော့ ရှိမနေလောက်ပါဘူးနော်"

"သောက်ချေးပဲ...အဲ့ဒီအကြောင်း တွေးတောင်မတွေးစမ်းနဲ့...တကယ်လို့ သူ့မှာ တခြားရည်ရွယ်ချက်ရှိနေရင်တောင်...ငါတို့က သေရတော့မယ့်ကောင်တွေ...တခြားအရာတွေကို ဂရုစိုက်နေစရာ လိုသေးလို့လား"

ထိုကျင့်ကြံသူများသည် မျှော်လင့်ချက်ဆုံးရှုံးနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။လုယွီ၏အသံကိုကြားချိန်တွင် သူတို့က အံ့အားတသင့်မော့ကြည့်လိုက်ကြ၏။

မူလက သူတို့သည် မျှော်လင့်ချက်ပျက်သုဥ်းနေကာ သူတို့ထံသို့ သေခြင်းတရားရောက်ရှိလာမည့်အချိန်ကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။သို့ရာတွင် လုယွီ၏စကားများကြောင့် သူတို့အသက်ရှင်သန်ရန် မျှော်လင့်ချက်ပြန်လည်ရရှိသွားသည်။

ရေလှိုင်းလုံးကြီးများသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော်လည်း နဝမလွှသွားစစ်သင်္ဘောကဲ့သို့ ဧရာမသင်္ဘောကြီးပေါ်တွင်ရှိနေပါက သူတို့အားလုံး ထိတ်လန့်ကြောက်ရွံမှုကို ခံစားရမည်မဟုတ်ချေ။

အကြီးအကဲတစ်ယောက်က အော်ဟစ်လိုက်၏။

"ဂိုဏ်းသားတွေအားလုံး...မြန်မြန်သွားကြစမ်း"

ဤအချိန်အခိုက်အတန့်တွင် မည်သည့်စည်းမျဥ်းမျှ အရေးမပါတော့ချေ။

အသက်ရှင်သန်ရေးသည်သာ အရေးကြီးဆုံးကိစ္စပင်။

ကျိုးဂိုဏ်းသည် အကာအကွယ်ဝင်္ကပါကြီးကို ဖွင့်လိုက်ပြီးနောက် ကျင့်ကြံသူများသည် သူတို့၏မှော်လက်နက်များကိုစီးနင်း၍ နဝမလွှသွားစစ်သင်္ဘောကြီးထံသို့ ဦးတည်၍ပျံသန်းသွားကြသည်။

ထိုနေရာသည် သူတို့၏အသက်ရှင်သန်နိုင်ရန်အတွက် မျှော်လင့်ချက်ပင်။

လုယွီ၏အကြည့်က သေမျိုးမြို့ပေါ်သို့ ကျရောက်သွားသည်။

မြောက်များစွာသောသေမျိုးများသည် တောင်းပန်းတိုးလျှိုးသောအကြည့်များဖြင့် လုယွီကို စူးစိုက်၍ကြည့်နေကြ၏။

ထိုသေမျိုးမြို့အတွင်း၌ သိန်းနှင့်ချီသောလူများရှိနေသည်။သူတို့အားလုံးကို သင်္ဘောပေါ်သို့ခေါ်တင်ရန်အတွက် တောင်းဆိုရန်မှာ ယုတ္တိမရှိချေ။

ထို့ပြင် နောက်ထပ်ရေလှိုင်းတစ်လှိုင်းက ထပ်မံ၍မြင့်တက်နေလေပြီ။

"လုယွီ...ထားလိုက်တော့...အဲ့ဒီသေမျိုးတွေကိုတော့ ထားခဲ့တော့"

ကျောင်းတော်တပည့်တစ်ယောက်က ဖြောင့်ဖျစကားပြောဆိုသည်။

ကျင့်ကြံသူများအတွက် သေမျိုးများသည် အရေးမပါသောတည်ရှိမှုများပင်။

အသက်ဘေးနှင့်နှိုင်းယှဥ်ပါက သေမျိုးများသည် စွန့်ပစ်ရမည့် တည်ရှိမှုမျိုးသာဖြစ်ပေ၏။

လုယွီသည် မည်သည်ကြောင့် သေမျိုးများအား ကယ်တင်လိုသည်ကို ကျောင်းတော်တပည့်အများစုက နားမလည်ချေ။

"မင်းတို့ နားမလည်ကြပါဘူး"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

လီစစ်နှင့်ချိုင်လုံရှင်းအပါအဝင် ယခုလက်ရှိနေရာတွင်ရှိနေသော ကျောင်းတော်တပည့်များသည် ချမ်းသာကြွယ်ဝသောမိသားစုများမှ ဆင်းသက်လာခြင်းဖြစ်သည်။

အကယ်၍ သူတို့သည် ထိပ်တန်းမိသားစုကြီးများမှ မဟုတ်လျှင်ပင် ကျင့်ကြံခြင်းမိသားစုများတွင် မွေးဖွားလာကြသဖြင့် သူတို့၏မိသားစုဝင်များအားလုံး မှော်စွမ်းအားကို ကျင့်ကြံကြပေမည်။

သူတို့သည် ကလေးဘဝမှစတင်၍ အလွန်များပြားသော ကျင့်ကြံမှုအရင်းအမြစ်များကို ရရှိခဲ့သည်။အကယ်၍ သူတို့သည် တမင်သက်သက် ပြဿနာများရှာဖွေလျှင်ပင် သူတို့ကိုယ်သူတို့ကာကွယ်နိုင်သော မှော်ရတနာများရှိနေသည့်အပြင် သူတို့အား ကာကွယ်စောင့်ရှောက်ပေးနေသော မိသားစုအကြီးအကဲများလည်း ရှိနေပေ၏။

သို့ရာတွင် လုယွီကမူ မတူကွဲပြားနေသည်။

အတိတ်ဘဝတွင် လုယွီထံ၌ မည်သည့်ကူညီထောက်ပံမှုမျိုးမျှမရှိချေ။သူ အစာရေစာ ဝဝလင်လင်မစားခဲ့ရသော နေ့ရက်မျိုးပင် ရှိနေလေ၏။

ထို့ကြောင့် လုယွီသည် သေမျိုးများ၏စိတ်ခံစားချက်များကို နားလည်သဘောပေါက်သည်။

သေမျိုးများသည်လည်း အသွေးအသားရှိသော လူသားများပင်။တခြားကျင့်ကြံသူများသည် ထိုသေမျိုးများအား အချိန်မရွေးစွန့်ပစ်နိုင်သည်။သို့ရာတွင် လုယွီသည် ထိုသေမျိုးများကို မြင်တွေ့ပြီးဖြစ်သဖြင့် သူ လျစ်လျှူရှုမထားနိုင်ချေ။

ထို့ပြင် သူတို့ကိုကယ်တင်ပြီးနောက် လုယွီသည် ကောင်းမှုကုသိုလ်စွမ်းအားများကို ထပ်မံ၍ရရှိနိုင်လေ၏။ဤသည်က သူ၏ကျင့်ကြံခြင်းအတွက် ကြီးမားသောကူညီထောက်ပံမှုလည်းဖြစ်သည်။

Chapter 2515

လုယွီက စိတ်ပိုင်းဖြတ်ပြီးနောက် သေမျိုးမြို့ထံသို့ ပျံသန်းသွားလိုက်၏။

"သူ ဘာလုပ်မလို့လဲ"

လုယွီ၏လှုပ်ရှားမှုကိုမြင်ချိန်တွင် ကျောင်းတော်တပည့်များက သူတို့၏လည်ပင်းများကိုဆန့်၍ ကြည့်လိုက်ကြသည်။

အကယ်၍ ထိုမြို့အတွင်းရှိသေမျိုးများကို နဝမလွှသွားစစ်သင်္ဘောပေါ်သို့ ပျံသန်းနေသောပျားများအလား တဟုန်ထိုးပြေးဝင်စေလျှင်ပင် အနည်းဆုံးအချိန်တစ်နာရီကျော် လိုအပ်ပေမည်။

သေမျိုးများ၏အရေအတွက်မှာ လွန်စွာများပြားနေသည်။

လုယွီက မြို့၏အနီးရှိ တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်၏။မြို့တစ်မြို့လုံး၏အောက်ခြေမှမြေပြင်ကို အခြေမှရွှေ့ပြောင်းလာသဖြင့် တောင်ထိပ်ရှိတောင်ကြောတလျှောက်ပေါ်တွင် အခိုင်အမာ တည်ရှိနေလေပြီ။

အစောပိုင်းက လုယွီသည် ပေတစ်သိန်းကျော်မြင့်မားသော မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကိုအသုံးပြု၍ ရွှေ့ပြောင်းခဲ့သော်လည်း ယခုချိန်တွင် သူ၏မှော်စွမ်းအားအမြောက်အများ ကုန်ဆုံးနေခဲ့သည်။

သူ မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို ထုတ်ဖော်လိုပါက အသက်ရှုချိန်အနည်းငယ်စာအတွက် သူ၏မှော်စွမ်းအား ငါးဆယ်ရာခိုင်နှုန်းကို အသုံးပြုရပေမည်။

ထို့ကြောင့် ယခုချိန်တွင် လုယွီသည် မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို ထပ်မံ၍အသုံးမပြုနိုင်တော့ချေ။အကယ်၍ ထိုနည်းစနစ်ကို အတင်းအကြပ်ဖိအားပေး၍ ထပ်မံအသုံးပြုပါက သူ့အတွက် တန်ပြန်ဆိုးကျိုးများ ခံစားရနိုင်သည်။

"နည်းလမ်းတစ်ခုတော့ရှိတယ်...."

ရုတ်ချည်းဆိုသလိုပင် လုယွီ၏လက်ဝါးအတွင်းမှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ထိုရွှေရောင်အလင်းတန်းများသည် သူ၏လက်ဝါးကို အပြည့်အဝလွှမ်းခြုံသွားကာ နောက်ဆုံး၌ ဧရာမလက်ဝါးကြီးအဖြစ် သိပ်သည်းသွားပြီး မြို့တစ်မြို့လုံး၏အောက်ရှိမြေပြင်ကို မြဲမြံစွာဆုပ်ကိုင်လိုက်၏။

"သူ ဘာလုပ်ချင်နေတာလဲ"

"ဖြစ်နိုင်တာတော့ လုယွီက မြို့တစ်မြို့လုံးကို ဆွဲမချင်နေတာလား...ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

လုယွီ၏လှုပ်ရှားမှုကိုမြင်ချိန်တွင် ကျောင်းတော်တပည့်များက အံ့အားသင့်တုန်လှုပ်သွားသည်။

မှော်စွမ်းအားများ၏အကူအညီဖြင့်ပင် မြို့တစ်မြို့ကိုဆွဲမရန်မှာ မဖြစ်နိုင်လုနီးပါးကိစ္စပင်။

အကယ်၍ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ကိုသာ အသုံးပြုမည်ဆိုပါက ပို၍ပင်ဖြစ်နိုင်ချေမရှိတော့ချေ။

လူအားလုံး၏အကြည့်များအောက်တွင် လုယွီက သူ၏လက်ကို အားကုန်ဆွဲမလိုက်သည်။သူ၏ရင်ဘတ်မှနေ၍ အစွမ်းထက်သောအားလှိုင်းတစ်ရပ်ထွက်ပေါ်လာကာ သူ၏ခြေလက်များအတွင်းသို့ စီးဝင်လာသည်။

လုယွီသည် ရှေးဟောင်းခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်သုံးမျိုးကို ကျင့်ကြံထားလေ၏။သူ၏ရုပ်ခန္ဓာကိုယ်သည် ဖျက်ဆီး၍မရနိုင်လုနီးပါး အဆင့်မျိုးသို့ရောက်ရှိနေကာ သူ၏ခွန်အားသည် အစစ်အမှန်နဂါးဆယ်ကောင်နှင့်ညီမျှသည်။သူ့အား ရှေးဟောင်းအင်မော်တယ်တစ်ယောက်ဟုပင် ခေါ်ဆိုနိုင်သည်။

ဝေါင်း..

လုယွီ၏ခန္ဓာကိုယ်အတွင်းမှနေ၍ နဂါးဟိန်းသံခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။

အစွမ်းထက်သောသွေးချီများက လုယွီ၏လက်အတွင်းသို့ စီးဝင်နေသဖြင့် သူ၏ခွန်အားကို အံ့အားသင့်ဖွယ်ကောင်းသည်အထိ မြင့်တက်သွားစေ၏။

ရှေးဟောင်းသိုင်းပညာသူတော်စင်များသည် တောင်များနှင့်မြစ်များကိုပင် ရွှေ့ပြောင်းနိုင်စွမ်းရှိသည်။ဤသည်က ဒဏ္ဍါရီသက်သက်မဟုတ်ချေ။ရှေးဟောင်းအချိန်ကာလများအတွင်း၌ လူသားမျိုးနွယ်သည် ယခုကဲ့သို့ အားနည်းခြင်းမရှိပေ။

လူသားမျိုးနွယ်အနက်မှတချို့သည် တောင်များကိုဖောက်ခွဲကာ ကျောက်ဆောင်များကိုအက်ကွဲစေပြီး တစ်ရက်အတွင်းတွင် မိုင်ပေါင်းထောင်နှင့်ချီ၍ ခရီးသွားနိုင်သည်။လူသားမျိုးနွယ်များ ပြုလုပ်ခဲ့သည့်ကိစ္စများကို စိတ်ကူးယဥ်ပုံဖော်ကြည့်ရန်ပင် အလွန်အမင်း ခက်ခဲလှ၏။

တစ်စုံတစ်ယောက်သည် သိုင်းပညာသူတော်စင်အဆင့်သို့ ကျင့်ကြံနိုင်သည်နှင့် ကောင်းကင်ဘုံနယ်မြေသို့ အရာရှိတစ်ယောက်အဖြစ် ဝင်ရောက်နိုင်သည်။

သို့ရာတွင် အချိန်များကုန်လွန်လာသည်နှင့်အမျှ ရှေးဟောင်းအချိန်ကာလမှ ကျင့်ကြံခြင်းဥပဒေစည်းမျဥ်းအများစုသည် ပျောက်ကွယ်သွားလေပြီ။ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူအနည်းစုရှိနေသေးသည့်တိုင် သိုင်းပညာသူတော်စင်အဆင့်ထိရောက်ရှိရန်မှာ အလွန်အမင်းခက်ခဲလှ၏။

သို့ရာတွင် လုယွီကမူ တခြားကျင့်ကြံသူများနှင့် မတူညီချေ။

လုယွီ၏ တုန်လှုပ်ချောက်ချားဖွယ်ခွန်အားမှ လွှမ်းမိုးမှုအောက်တွင် သူ့လက်အတွင်းရှိမြေပြင် ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။

ထို့နောက် မြို့အောက်ရှိမြေပြင်တုန်ခါသွားကာ သေမျိုးများသည် သူတို့အောက်ရှိမြေပြင် ရုတ်တရက် ရွေ့လျားသွားသည်ကို ခံစားမိလေ၏။

သတ္တိကောင်းသူတချို့က အောက်သို့ငုံကြည့်လိုက်ရာ မြို့သည် လေထုအတွင်း၌ ပျံသန်းနေကြောင်း တွေ့မြင်မိသည်။

"ငါတို့ လေထဲကို ရောက်နေတာလား"

"ဒီအင်မော်တယ်က ငါတို့ကို ကူညီပေးနေတာလား"

"ကျေးဇူးတင်ပါတယ် နတ်ဘုရားအင်မော်တယ်...ကျေးဇူးတင်ပါတယ် နတ်ဘုရားအင်မော်တယ်"

သေမျိုးများသည် လုယွီ သူတို့အား ကယ်တင်နေသည်ကိုမြင်ချိန်တွင် မြေပြင်ပေါ်၌ဒူးထောက်၍ အရိုအသေပြုလိုက်ကြသည်။

"ငါတို့ အသက်ရှင်သန်နိုင်တာနဲ့ မြို့ထဲမှာရှိတဲ့ ဘုရားကျောင်းတွေအကုန်လုံးကို ဖျက်ဆီးပစ်မယ်...နတ်ဘုရားအင်မော်တယ်ရဲ့ရုပ်ထုတစ်ခုတည်းကိုပဲ ဝတ်ပြုကိုးကွယ်မယ်"

"ဒါက ငါတို့လုပ်ရမယ့်တာဝန်ပဲ...မြို့ရဲ့မြေကွက်လပ်တိုင်းမှာ နတ်ဘုရားအင်မော်တယ်ရဲ့ရုပ်ထုကို စိုက်ထူရမယ်"

ဘုရားကျောင်းအတွင်းရှိနတ်ဘုရားကို သူတို့သည် အမွှေးတိုင်များထွန်းညှိ၍ အမြဲတစေပူဇော်ပသခဲ့သော်လည်း သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် ထွက်ပေါ်လာခဲ့ခြင်းမရှိချေ။

ထိုရွှံစေးကျောက်ရုပ်ထုများနှင့်နှိုင်းယှဥ်ပါက လူသားများသည် သူတို့ မျက်မြင်ကိုယ်တွေ့ကြုံရသောအရာကိုသာ ပို၍ယုံကြည်ကြသည်။

All Chapters