← Chapters

အခန်း (၂၅၂၁-၂၅၂၅)

Vol. 129 Ch. 2521-2525

အခန်း (၂၅၂၁-၂၅၂၅)

Vol. 129 Ch. 2521-2525

Chapter 2521

"အရှင့်သားက ရယ်စရာပြောနေတာလား"

ထျန်းသခင်လေးက အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။

ချိုင်လုံရှင်း၏မျက်နှာအမူအယာက အေးစက်တင်းမာနေသည်။

"ငါက ရယ်စရာလုပ်နေတာလို့ မင်းထင်နေတာလား"

ထိုစကားကိုပြောဆိုလိုက်ချိန်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ခုက ထျန်းသခင်လေးထံ တိုးဝင်လာသည်။

ချိုင်လုံရှင်းသည် အကယ်၍ ခန္ဓာကိုယ်အပိုင်စီးခံထားရသူတစ်ယောက်သာရှိနေပါက သူတို့နှင့်အတူ ကောင်းဘုံဘုံနယ်မြေသို့ဝင်ရောက်ခွင့်ပြုမည်မဟုတ်ချေ။

အကယ်၍ ချိုင်လုံရှင်း မလှုပ်ရှားလျှင်ပင် တခြားတပည့်များကလည်း ခွင့်ပြုမည်မဟုတ်ပေ။

ဤကဲ့သို့ အစွမ်းထက်သောအားလှိုင်းတစ်ရပ်နှင့် ရင်ဆိုင်ရချိန်တွင် ထျန်းသခင်လေး၏မျက်နှာ ဖြူရော်သွားကာ ထပ်မံ၍တောင်ခံထားနိုင်ခြင်း မရှိတော့ချေ။

"ကောင်းပြီလေ...ရေခဲနယ်မြေမင်းသားက ငါ့ရဲ့မှော်ရတနာကို လိုချင်တပ်မက်နေမယ်လို့ ငါ ထင်မထားမိဘူး ...ကောင်းကင်ဘုံနယ်မြေကို ငါတို့ ပြန်ရောက်တဲ့အချိန်ကျရင် ငါ ဒီအကြောင်းကို တော်ဝင်ရုံးတော်ဆီ ပြောရလိမ့်မယ်"

ထျန်းသခင်လေးက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလေ၏။

တခြားတပည့်များသည် ထျန်းသခင်လေး၏တုံ့ပြန်စကားကိုကြားချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။

သူတို့သည် ထျန်းသခင်လေးကိုကယ်တင်ရန် ကြိုးပမ်းနေသော်လည်း တစ်ဖက်လူသည် တခြားသူများ၏စိတ်စေတနာကောင်းကို လက်ခံတက်သည့် လူစားမျိုးမဟုတ်ချေ။

ထို့နောက် ထျန်းသခင်လေးသည် သူရရှိထားသော ဒိုင်းကို ထုတ်ယူလိုက်သည်။သူ၏မျက်လုံးအတွင်း၌ အင်တင်တင်ဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။သူထံတွင် မှော်ရတနာအတော်အသင့်ရှိနေသော်လည်း ခုခံကာကွယ်မှုသီးသန့်မှော်ရတနာဟူ၍မရှိချေ။

ဤဒိုင်းဖြင့် သူ၏ချို့ယွင်းချက်များကို ဖာထေးနိုင်သည်။သူ၏အသက်ကိုကာကွယ်နိုင်ရန်အတွက် ဤဒိုင်းသော အရေးပါသောအဆင့်တွင် ရှိနေလေ၏။

ရေခဲနယ်မြေမင်းသားသည် သူ၏ဒိုင်းကို လိုချင်တပ်မက်နေမည်ဟု မည်သူက တွေးထင်မိမည်နည်း...

"မင်းက မင်းသားတစ်ပါးဖြစ်နေရင်တောင် ငါ့ရဲ့မှော်ရတနာကို လုယူဝံ့တဲ့အတွက် ငါက တော်ဝင်ရုံးတော်ကို သတင်းပို့မယ်...အဲ့ဒီအချိန်ကျရင်........."

မလိုမုန်းတီးစိတ်များဖြင့်ကြံစည်နေသော အတွေးများက ထျန်းသခင်လေး၏စိတ်အတွင်း၌ ဖြတ်ပြေးသွားသည်။

သို့ရာတွင် သူ၏အတွေးများ အဆုံးမသတ်သေးမီမှာပင် ဒိုင်းမှနေ၍ အနက်ရောင်အလင်းတန်းတစ်တန်းက ဖျတ်ခနဲထွက်ပေါ်လာသည်။

"ဒါက ဘာလဲ"

ထျန်းသခင်လေး ကြက်သေသေနေစဥ်မှာပင် ထိုအနက်ရောင်အလင်းတန်းက သူ၏မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားသည်။

ရုတ်ချည်းဆိုသလိုပင် ထျန်းသခင်လေးသည် သူ၏စိတ်ဖရိုဖရဲဖြစ်သွားသည်ကို ခံစားမိလေ၏။

"မကောင်းတော့ဘူး...တစ်ယောက်ယောက်က တကယ်ကိုပဲ ငါ့ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးဖို့ကြိုးစားနေပြီ"

ထျန်းသခင်လေးက အလွန်အမင်း ထိတ်လန့်ကြောက်ရွံသွားသည်။

သူသည် ချက်ချင်းဆိုသလိုပင် သူ၏အသိစိတ်အာရုံကိုစုသည်း၍ ထိုအရာကိုဟန့်တားရန် ကြိုးစားလိုက်၏။

သို့ရာတွင် ထိုအနက်ရောင်အလင်းတန်းသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ကာ သူ့အား အနည်းငယ်မျှပင် အချိန်ပေးခြင်းမရှိဘဲ သူ၏စိတ်ဝိညာဥ်ကို စတင်၍ဝါးမြိုနေသည်။

"အတင့်ရဲလိုက်တာ"

အေးစက်စက်အော်ငေါက်သံနှင့်အတူ ချိုင်လုံရှင်းက သူ၏အင်္ကျီလက်မောင်းကြားမှ စာလိပ်တစ်လိပ်ကိုထုတ်ယူကာ ဖြေချလိုက်သည်။

ထိုစာလိပ်ပေါ်တွင် ဖျင်ကြမ်းဝတ်စုံဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်၏ပုံကို ရေးဆွဲထားသည်။ထိုတာအိုပညာရှင်၏ဆံပင်သည် ဖရိုဖရဲဖြစ်နေပြီး သူ၏တာအိုဝတ်စုံသည်လည်း အဖာအထေးများဖြင့် ပြည့်နှက်နေကာ သူ့ကိုကြည့်ရသည်မှာ သနားစဖွယ်သွင်ပြင်မျိုးရှိနေသည်။

ချိုင်လုံရှင်း၏မှော်စွမ်းအားတစ်လှိုင်းက စာလိပ်ပေါ်သို့ ကျရောက်သွားသည်။

စာလိပ်ပေါ်၌ရေးဆွဲထားသော တာအိုပညာရှင်၏မျက်လုံး ရုတ်တရက်ပွင့်လာသည်။ထို့နောက် ဓားချီတစ်လှိုင်းက သူ၏မျက်လုံးများအတွင်းမှ ထွက်ပေါ်လာလေ၏။

"အမှန်တရား...."

ထိုတာအိုပညာရှင်၏နှုတ်မှ မှော်မန္တန်တစ်ပုဒ်ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ရှိလေထု တုန်ခါသွားသည်။

ထျန်းသခင်လေး၏ခန္ဓာကိုယ် ရုတ်တရက်တုန်ခါသွားကာ သူ၏မျက်လုံးအတွင်းမှ အနက်ရောင်အခိုးအငွေ့များ ပျက်ပြယ်သွားတော့မည့် အရိပ်အယောင်မျိုး ထင်ဟပ်လာသည်။

"မျှော်လင့်ထားသလိုပဲ ကောင်းကင်ဘုံနယ်မြေကလူတွေဖြစ်ဖို့ ထိုက်တန်ပါတယ်...မင်းတို့က တကယ့်ကို အရည်အချင်း ပြည့်ဝတဲ့သူတွေပဲ...ဒါပေမယ့် ငါကလည်း အသုံးမကျတဲ့ကောင်မဟုတ်ဘူး"

စကားဆုံးသည်နှင့်ခန္ဓာကိုယ်အပိုင်စီးခြင်းခံထားရသော ထျန်းသခင်လေးက ထွက်ပြေးလေ၏။

"မင်းက ထွက်ပြေးချင်သေးတာလား"

ချိုင်လုံရှင်းက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏နောက်သို့ လိုက်လံဖမ်းဆီးသည်။

တခြားတပည့်များက လိုက်လံဖမ်းဆီးရန် ဟန်ပြင်နေစဥ်မှာပင် လီစစ်က ဟန့်တားလိုက်သည်။

"ဂျူနီယာညီလေးလုက အခုချိန်မှာ သင်္ဘောကိုရှေ့ဆက်သွားနိုင်အောင် ထိန်းချုပ်နေတာ...ငါတို့က ဒီနေရာကို ဖရိုဖရဲဖြစ်အောင်လုပ်ခွင့် ပြုလို့မရဘူး...မင်းတို့က တခြားအခြေအနေတွေကို ငြိမ်သက်အောင် ထိန်းသိမ်းထားကြ...ဒီနေရာကို ဖရိုဖရဲ မဖြစ်စေနဲ့"

"ဟုတ်ကဲ့ စီနီယာအကိုကြီး"

ကျောင်းတော်တပည့်များက ဤကိစ္စသည် အလွန်အမင်းအရေးကြီးကြောင်း သိရှိထားကြ၏။ဤနေရာအား တည်ငြိမ်အောင် ထိန်းသိမ်းထားရန်ထက် အရေးကြီးသောကိစ္စမရှိချေ။

နဝမလွှသွားသင်္ဘော၏အတွင်းပိုင်းဖွဲ့စည်းပုံမှာ အလွန်ရှုပ်ထွေးသည်။

လုယွီ၏ပန်းချီကားသည် အစစ်အမှန်နဝမလွှသွားသင်္ဘောနှင့် တစ်ထပ်တည်းနီးပါး တူညီသည်။

ကျောင်းတော်တပည့်များက လုယွီသည် တော်ဝင်စစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သဖြင့် ထိုစစ်သင်္ဘော၏ပုံစံကို သင်ယူထားနိုင်ခဲ့သည်ဟု သိရှိထားလေ၏။

သို့ရာတွင် စစ်ဗိုလ်ချုပ်အဆင့်သာရှိသူများသည် နဝမလွှသွားသင်္ဘော တည်ဆောက်ရာ၌ အရေးကြီးသောအချက်အလက်များကို ထိတွေ့ခွင့်မရှိချေ။

အတိတ်တွင် တော်ဝင်စစ်လက်နက်ထုတ်လုပ်ရေးဌာနသည် နဝမလွှသွားသင်္ဘောကို စတင်၍ထုတ်လုပ်စဥ်၌ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကိုယ်တိုင် စစ်ဆေးခဲ့ရသည်။

လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏စိတ်ဝိညာဥ်ကို ဝါးမြိုထားသဖြင့် နဝမလွှသွားသင်္ဘော၏အတွင်းပိုင်းဖွဲ့စည်းတည်ဆောက်ပုံကို လွန်စွာရင်းနှီးကျွမ်းဝင်ပေ၏။

Chapter 2522

ထျန်းသခင်လေးသည် လူအုပ်ကြီးကြား၌ရောနှောကာ အဆောက်အအုံများကြား၌ ရှေ့နောက်လွန်းထိုး၍ ပြေးလွှားနေသည်။သူသည် သတိကြီးစွာထား၍ လူအမြောက်အများရှိသောနေရာများကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့သည်။

ဤအချိန်အတောအတွင်းတွင် လုယွီသည် ကျင့်ကြံသူအမြောက်အများကို ကယ်တင်ခဲ့လေ၏။မြောက်မြားစွာသောကျင့်ကြံသူများသည် စစ်သင်္ဘော၏နေရာအနှံ့အပြား၌ မတ်တတ်ရပ်နေကြသဖြင့် နေရာအများစု၌ လူများပြွတ်သိပ်နေသည်။

"ငါတို့က သူ့ရဲ့ခန္ဓာကိုယ်ကို မင်း အပိုင်စီးထားတယ်ဆိုတာ သိပြီးသွားပြီ...ဒါကြောင့် သူ့ကို ကောင်းကင်ဘုံနယ်မြေကို ပြန်ခေါ်မသွားနိုင်ဘူး"

ချိုင်လုံရှင်း၏အေးစက်စက်အသံက ထျန်းသခင်လေး၏နားအတွင်းသို့ ဝင်ရောက်လာသည်။

ထျန်းသခင်လေးက နောက်သို့ချာခနဲလှည့်ကြည့်ကာ ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုလိုက်၏။

"ကောင်းကင်ဘုံနယ်မြေကအကြောင်းတွေကို ငါ ဘာမှမသိဘူးလို့ မင်း ထင်နေတာလား....ဒီလူက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ နက်ရှိုင်းတဲ့ကျောထောက်နောက်ခံရှိတယ်..သူ့ရဲ့အဆင့်အတန်းနဲ့ ငါက ကောင်းကင်ဘုံနယ်မြေကိုရောက်သွားမယ်ဆိုရင် မင်းတို့ ငါ့ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး"

ချိုင်လုံရှင်း၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေဆဲပင်။

"မင်းက ကောင်းကင်ဘုံနယ်မြေအကြောင်းကို အများကြီးသိထားတယ်ဆိုမှတော့...ငါ ဘယ်သူလဲဆိုတာ မင်း သိသင့်တယ်"

ထျန်းသခင်လေး၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားသည်။

သူသည် ကောင်းကင်ဘုံနယ်မြေမှသတင်းအချက်အလက်များကို သူ၏လက်ဖမိုးကဲ့သို့ သိရှိထားသည်။ထို့ကြောင့် ဤတစ်ကြိမ်တွင် အောက်ဘုံသို့ဆင်းသက်လာမည့် ထိပ်တန်းကျောင်းတော်သားဆယ်ယောက်၏အကြောင်းကိုလည်း ကြိုတင်၍လေ့လာထားခဲ့လေ၏။

သူတို့၏အစီအစဥ်တွင် ချိုင်လုံရှင်းကို ချန်လှပ်ထားခဲ့ကြသည်။မည်သူကမျှ မင်းသားတစ်ပါးကို မထိတွေ့ဝံ့ချေ။အကယ်၍ တစ်စုံတစ်ယောက်သည် ချိုင်လုံရှင်း၏ခန္ဓာကိုယ်ကို အောင်မြင်စွာအပိုင်စီးနိုင်လျှင်ပင် အဆုံးသတ်၌ သေခြင်းတရားကသာ စောင့်ကြိုနေပေမည်။

ထိုအကြောင်းကိုတွေးတောရင်းဖြင့် ထျန်းသခင်လေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"သူက မင်းတို့နဲ့ ဘာမှမဆိုင်ဘူးလေ...ငါ သိထားသလောက်ဆိုရင် ဒီလူက အသက်ရှင်သန်နေတုန်းက လူပေါ်ကြော့တစ်ယောက်ပဲ...တခြားကျောင်းတော်တပည့်တွေနဲ့လည်း ရန်ငြိုးတွေရှိနေတယ်....ငါ့ကို ဘာလို့ သူ့ရဲ့ခန္ဓာကိုယ်ကိုယူခွင့် မပြုတာလဲ....အနည်းဆုံးတော့ ငါက မင်းတို့နဲ့ ရန်သူတွေဖြစ်လာမှာမဟုတ်ဘူး"

သူသည် ကိစ္စရပ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း တွေးတောထားပြီးလေပြီ။အကယ်၍ သူသည် မှော်ရတနာအတွင်း၌ ဆက်နေပါက အဆုံးသတ်တွင် သေခြင်းတရားမှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။ထို့ကြောင့် သူသည် စွန့်စား၍ လူသူအများရှေ့တွင် ထျန်းသခင်လေး၏ခန္ဓာကိုယ်ကို အပိုင်စီးရန် ဆုံးဖြတ်ခဲ့သည်။

သူသည် ထျန်းသခင်လေး၏ခန္ဓာကိုယ်ကို အပြည့်အဝ အပိုင်စီးနိုင်သရွေ့ တခြားသူများနှင့် ညှိနှိုင်းဆွေးနွေးနိုင်သည်။

ဤအောက်ဘုံသည် ပျက်သုဥ်းလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။ထို့ကြောင့် သူ ဤနေရာတွင်ဆက်၍နေနေသည်ထက် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိသွားသည်က ပို၍ကောင်းမွန်ပေမည်။

သူ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိသွားသည်နှင့် အရာအားလုံး အဆင်ပြေချောမွေ့သွားနိုင်သည်။

"သူ ဘာကောင်ကြီးပဲဖြစ်နေနေ ကိစ္စမရှိဘူး...ငါ မင်းကို သတ်ဖို့အတွက် အကြောင်းပြချက်မလိုဘူး"

ချိုင်လုံရှင်း၏မျက်နှာက အမူအယာကင်းမဲ့နေဆဲဖြစ်ကာ သူက ထျန်းသခင်လေး၏အနီးသို့ တစတစပို၍နီးကပ်သွားအောင် လျှောက်လှမ်းလိုက်၏။

ထျန်းသခင်လေးသည် ကံကြမ္မာဆိုးအတွင်းမှ ကံကြမ္မာကောင်းရရှိကာ လောကီအင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူပင်။သို့ရာတွင် သူသည် လူပေါ်ကြော့တစ်ယောက်ဖြစ်သဖြင့် ခက်ခဲကြမ်းတမ်းသောလေ့ကျင့်ရေးမျိုးကို တစ်ကြိမ်တစ်ခါမျှ ဖြတ်ကျော်ဖူးခြင်းမရှိချေ။

သို့ရာတွင် ချိုင်လုံရှင်းကမူ ထျန်းသခင်လေးနှင့် ကွဲပြားခြားနားသည်။မင်းသားတစ်ယောက်ဖြစ်သဖြင့် သူသည် သက်တူရွယ်တူကျင့်ကြံသူများထက် များစွာပို၍ခက်ခဲကြမ်းတမ်းစွာ ကြိုးစားအားထုတ်ခဲ့ရသည်။

ချိုင်လုံရှင်းသည် ငယ်ရွယ်စဥ်ကတည်းက နယ်စပ်ရှိစစ်မြေပြင်သို့ သာမာန်စစ်သားတစ်ယောက်အနေဖြင့်ပင်သွားရောက်လေ့ကျင့်ရန် စေလွှတ်ခံခဲ့ရ၏။သူသည် ယခုလက်ရှိ ကြီးပြင်းလာချိန်ထိ မြောက်မြားစွာသော သေရေးရှင်ရေးတိုက်ပွဲများကို ရင်ဆိုင်ခဲ့သည်။

ယခုလက်ရှိချိန်၌ ထျန်းသခင်လေးသည် ခန္ဓာကိုယ်အပိုင်စီးခြင်းခံထားရလျှင်ပင် မည်သည့်နည်းနှင့်မျှ ချိုင်လုံရှင်း၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

"သောက်ချေးပဲ...ဒီအမှိုက်ကောင်ကတော့..."

ချိုင်လုံရှင်း တစတစနီးကပ်လာသည်ကိုကြည့်ပြီး ထျန်သခင်လေးက ကူကယ်ရာမဲ့စွာဖြင့် ဆဲရေးတိုင်းထွာလိုက်၏။

ကျင့်ကြံသူများသည် တစ်ခြားသူ၏ခန္ဓာကိုယ်အား အပိုင်စီးခြင်းကို ဘဝတစ်သက်စာတွင်တစ်ကြိမ်သာ ပြုလုပ်နိုင်သည်။အကယ်၍ ထိုကိစ္စကို နောက်တစ်ကြိမ်ထပ်မံ၍ပြုလုပ်ပါက ကောင်းကင်နှင့်မြေပြင်ကြားမှ ဥပဒေသများ၏တားမြစ်ခြင်းခံရကာ သူသည် အရိပ်အယောင်ပင်မကျန်ဘဲ ပျောက်ကွယ်သွားရပေမည်။

နှစ်ဖက်ကြားမှအကွာအဝေး တစတစနီးကပ်လာသည်ကိုကြည့်ပြီး ထျန်းသခင်လေးက သူ၏လည်ပင်းကို သူ့လက်တစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ်ဖမ်းဆုပ်လိုက်သည်။

"တကယ်လို့ မင်း ရှေ့ကိုဆက်တိုးလာမယ်ဆိုရင် ငါ ဒီအမှိုက်ကောင်ကို သတ်ပစ်လိုက်မယ်....သူလည်း ငါနဲ့အတူသေရမှာပဲ"

ထျန်းသခင်လေးက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

ချိုင်လုံရှင်းက မျက်မှောင်ကြုတ်ကာ သူ၏အရှိန်ကို လျှော့ချလိုက်၏။

သူသည် မူလက ထျန်းသခင်လေး၏ခန္ဓာကိုယ်ကို အပိုင်စီးထားသောစိတ်ဝိညာဥ်အား သတ်ဖြတ်လိုခဲ့သည်။သို့ရာတွင် တစ်ဖက်လူသည် သေဆုံးရန်ပြင်ဆင်ထားပါက ထျန်းသခင်လေးသည်လည်း သေခြင်းတရားမှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။

"အရှင့်သား...ဒီနည်းလမ်းက အကောင်းဆုံးဖြစ်မယ်လို့ ငါ ထင်တယ်...မင်းတို့လည်း မင်းတို့လမ်းကြောင်းအတိုင်းဆက်သွား...ငါလည်း ငါ့လမ်းကြောင်းနဲ့ငါ သွားမယ်...မင်းတို့က ကောင်းကင်ဘုံနယ်မြေကိုပြန်သွားကြ ငါက အောက်ဘုံမှာနေခဲ့မယ်...ဘယ်လိုသဘောရလဲ"

ထျန်းသခင်လေး၏ခန္ဓာကိုယ်ကို အပိုင်စီးထားသူက ဆွေးနွေးညှိနှိုင်းရန် စတင်၍ကြိုးပမ်းလိုက်သည်။

Chapter 2523

"မင်းမှာ ဆွေးနွေးညှိနှိုင်းနိုင်တဲ့ အရည်အချင်းမျိုးရှိတယ်လို့ မင်း ထင်နေတာလား"

ချိုင်လုံရှင်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် ခန္ဓာကိုယ်အပိုင်စီးသူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်လာသည်။

"ငါ သိထားသလောက်...မင်းက မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေက ရေခဲနယ်မြေရဲ့မင်းသားပဲ...ဒီလူပေါ်ကြော့ကတော့ အတိတ်မှာ သူ့ဦးလေးရဲ့အရှိန်အဝါနဲ့ အဆင်အခြင်မဲ့တဲ့လုပ်ရပ်တွေ အများကြီးလုပ်ခဲ့တယ်...သူရဲ့ဦးလေးက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ လက်ထောက်ကျောင်းအုပ်ကြီးဖြစ်သလို မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေရဲ့အဆင့်မြင့်အရာရှိတစ်ယောက်လည်းဖြစ်တယ်...တကယ်လို့ မင်းက သူ့ရဲ့တူကိုသတ်လိုက်တယ်ဆိုတာကိုသာ သူ သိသွားမယ်ဆိုရင်...ဒီကိစ္စကို သူက ဘယ်နည်းနဲ့မှအလွတ်ပေးမှာမဟုတ်ဘူး"

ခန္ဓာကိုယ်အပိုင်စီးထားသူက အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။

ချိုင်လုံရှင်းက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

"ဟမ့်...အဲ့ဒီလိုလား..ငါက ဂရုစိုက်မယ်လို့ မင်း ထင်နေတာလား"

"မင်း ဂရုမစိုက်ရင်တောင် မင်းအတွက် ပြဿနာတချို့တော့ ဖြစ်လာမှာပဲ....ဒီနေ့ မင်း ငါ့ကိုသာ လွှက်ပေးလိုက်ရင် အဲ့ဒီပြဿနာတွေ ဖြစ်လာတော့မှာမဟုတ်ဘူး...အရှင့်သား ငါ့ကို မမြင်ချင်ယောင်ဆောင်ပေးပါ...ဒါက နှစ်ဖက်လုံးအတွက် အကျိုးရှိမယ့်ဆုံးဖြတ်ချက်ပဲ"

ခန္ဓာကိုယ်အပိုင်စီးထားသူက ချိုင်လုံရှင်းကိုနားချရန် ကြိုးပမ်းနေလေသည်။

သူသည် ဤခန္ဓာကိုယ်ကိုအပိုင်စီးထားသည့်တိုင် ချိုင်လုံရှင်း၏ပြိုင်ဘက်မဖြစ်နိုင်ကြောင်း ကောင်းစွာသိရှိသည်။ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်သည်ထက် ဆွေးနွေးညှိနှိုင်းသည်က သူ၏အသက်ရှင်သန်နိုင်ရန် အခွင့်အရေးရှိလာနိုင်သည်။

"ငါတော့ အဲ့ဒီလို မတွေးမိဘူး"

အေးစက်စက်အသံတစ်သံက ရုတ်တရက် ခန္ဓာကိုယ်အပိုင်စီးထားသူ၏နောက်မှ ထွက်ပေါ်လာသည်။

ခန္ဓာကိုယ်အပိုင်စီးထားသူက ထိတ်လန့်တုန်လှုပ်သွားသည်။သူ၏နောက်တွင် မည်သည့်အချိန်ကစ၍ လူတစ်ယောက်ရောက်ရှိနေသနည်း။သူက နောက်သို့ချာခနဲလှည့်ကြည့်လိုက်ရာ သူ၏နောက်ရှိလေဟာနယ်အတွင်း၌ တည်ကြည်လေးနက်သောသွင်ပြင်ရှိသည့် နတ်ဘုရားပုံရိပ်ယောင်ကြီးတစ်ခုရှိနေသည်ကို မြင်တွေ့လိုက်ရ၏။

ထို့နောက် နတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်အတွင်းတွင် အနက်ရောင်ဆေဘာဓားတစ်လက် ထွက်ပေါ်လာကာ သူ၏စိတ်ဝိညာဥ်ကို ထိုးစိုက်သွားသည်။

ရုတ်ချည်းဆိုသလိုပင် ခန္ဓာကိုယ်အပိုင်စီးထားသူသည် လောကကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရကာ သူ့စိတ်ဝိညာဥ်မှစွမ်းအားများကို ထိုဆေဘာဓားမှ စုပ်ယူသွားခဲ့သည်။

ဝှစ်...

ခန္ဓာကိုယ်အပိုင်စီးထားသူ၏စိတ်ဝိညာဥ်သည် ထျန်းသခင်လေး၏ခန္ဓာကိုယ်အတွင်းမှနေ၍ ခေါင်းဖြတ်ဓား၏ဆွဲထုတ်ခြင်းကို ခံလိုက်ရ၏။သူသည် သူ့ရှေ့၌မျောလွင့်နေသော နတ်ဘုရားပုံရိပ်ကိုကြည့်ပြီး သူ့စိတ်ဝိညာဥ်၏အနက်ရှိုင်းဆုံးနေရာမှနေ၍ မကြုံစဖူး တုန်လှုပ်ချောက်ချားမှုမျိုး ခံစားမိသည်။

"မသတ်ပါနဲ့...ငါ့ကို မသတ်ပါနဲ့...ငါက ရတနာတွေရှိတဲ့နေရာတွေကိုသိတယ်...မင်း ငါ့ကို မသတ်သရွေ့...ငါ မင်းကို အားလုံးပြောပြနိုင်တယ်"

ထိုစိတ်ဝိညာဥ်က စတင်၍ အသနားခံတောင်းပန်နေလေသည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးအတွင်းမှနေ၍ လုယွီ၏ပုံရိပ်က တဖြည်းဖြည်းထွက်ပေါ်လာသည်။

လုယွီက ထိုစိတ်ဝိညာဥ်ကိုကြည့်၍ အေးစက်စက်လေသံဖြင့်ပြောဆိုသည်။

"ငါ မင်းရဲ့ရတနာတွေအကြောင်းကို မသိချင်ဘူး"

ရုတ်ချည်းဆိုသလိုပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက စွမ်းအားအနည်းငယ်ထုတ်လွှတ်ကာ ထိုစိတ်ဝိညာဥ်ကို သတ်ဖြတ်လိုက်တော့သည်။

လေထုအတွင်း၌ ထိုစိတ်ဝိညာဥ်၏အငွေ့အသက်များ ကျန်ရှိနေဆဲပင်။

ထိုစိတ်ဝိညာဥ်သည် လုယွီ၏သတ်ဖြတ်ခြင်းကိုခံရပြီးနောက် ချက်ချင်းဆိုသလိုပင် နာကျည်းမုန်းတီးစွာဖြင့် ဒေါသတကြီးအော်ဟစ်လိုက်၏။သူ၏အစီအစဥ်များအားလုံး အဆုံးသတ်၌ ဤနေရာတွင် ဖျက်ဆီးခံလိုက်ရသည်။

ဤအချိန်မှစ၍ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ကျောင်းတော်သားများ၏ခန္ဓာကိုယ်များကိုအပိုင်စီးကာ ကောင်းကင်ဘုံနယ်မြေသို့ဝင်ရောက်မည့် အောက်ဘုံမှလျှို့ဝှက်ကြံစည်မှုကြီး အပြည့်အဝ ပျက်စီးသွားလေပြီ။

ခန္ဓာကိုယ်အပိုင်စီးထားသူ၏စိတ်ဝိညာဥ် ပျောက်ကွယ်သွားပြီးနောက် ထျန်းသခင်လေး၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။

ထိုမြင်ကွင်းကိုမြင်ချိန်တွင် ချိုင်လုံရှင်းက မျက်မှောင်ကြုတ်ကာ ထျန်းသခင်လေးကို ဆွဲထူလိုက်၏။သူ၏လက်ကို ထျန်းသခင်လေး၏လက်ကောက်ဝတ်ကိုကိုင်ကာ အချိန်တခဏကြာခန့် သွေးခုန်နှုန်းစမ်းပြီးနောက် သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"သူ့ရဲ့စိတ်ခံစားမှုတွေ အရမ်းရှုပ်ထွေးနေပြီးတော့ သူ့ရဲ့စိတ်ဝိညာဥ်က မတည်ငြိမ်ဘူး...သူက သူ့ရဲ့ရုပ်ခန္ဓာကိုယ်ကို အချိန်အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး...တကယ်လို့ သူ ထိန်းချုပ်နိုင်ရင်တောင် သူ့ရဲ့စိတ်ဝိညာဥ်က မပြည့်စုံတော့ဘူး....ဒီဘဝမှာ သူက သာမာန်လူတစ်ယောက်အနေနဲ့တောင် နေနိုင်တော့မှာမဟုတ်ဘူး"

ထျန်းသခင်လေး၏ခန္ဓာကိုယ်ကို အပိုင်စီးရန်ကြိုးစားခဲ့သူသည် သူ၏ရုပ်ခန္ဓာကိုယ်ကို အလျှင်အမြန်ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ သူ၏စိတ်ဝိညာဥ်တစ်ဝက်ကျော်ကို ဝါးမြိုခဲ့သည်။

"ဟီး ဟီး ဟီး...ဒါတွေအားလုံးက ငါ့ရဲ့အပိုင်...ငါ့ရဲ့အပိုင်ပဲ"

လူတိုင်းတွင် စိတ်ဝိညာဥ်သုံးခုနှင့်စိတ်ခံစားချက်ခုနစ်မျိုးရှိသည်။ထျန်းသခင်လေးထံတွင် စိတ်ဝိညာဥ်တစ်ခုနှင့်စိတ်ခံစားချက်နှစ်မျိုး ပျောက်ကွယ်သွားလေပြီ။သူသည် အရူးတစ်ယောက်နှင့်တူညီနေကာ အဓိပ္ပါယ်မရှိသောစကားများကို တတွတ်တွတ်ရေရွတ်နေလေ၏။

လုယွီက ပြောဆိုလိုက်၏။

"တကယ်တော့ သူ့မှာအခွင့်အရေးရှိသေးတယ်...သူ့ရဲ့ဦးလေးက မြင့်မြတ်တဲ့မှော်ရတနာတချို့ကို သူ့အတွက်ရှာပေးနိုင်ရင် သူ့ရဲ့စိတ်ဝိညာဥ် ပြန်ကောင်းလာလိမ့်မယ်"

"ထျန်းပိုယန်လား...သူက မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေရဲ့အဆင့်မြင့်အရာရှိတစ်ယောက်ဆိုပေမယ့် ကောင်းကင်ဘုံနယ်မြေထဲမှာ အရေးပါတဲ့လူမျိုးမဟုတ်ဘူး...စိတ်ဝိညာဥ်ကိုပြန်ဖြည့်တင်းပေးနိုင်တဲ့ မြင့်မြတ်မှော်ရတနာတွေက.ငါ့ရဲ့နန်းတော်မှာတောင် နည်းနည်းပဲရှိတယ်...သူ့ရဲ့အဆင့်နဲ့ ဒါတွေကိုရဖို့ လွယ်ကူမှာမဟုတ်ဘူး"

Chapter 2524

ချိုင်လုံရှင်းက ပြောဆိုသည်။

"သူက အပြစ်တင်ချင်ရင် သူ့ကိုယ်သူပဲ အပြစ်တင်ရမယ်...သူ့ရဲ့ကံကြမ္မာကို သူကိုယ်တိုင်ရှာဖွေခဲ့တာပဲ...သူ အရူးတစ်ယောက်လိုဖြစ်သွားတာကလည်း သူ့ရဲ့ကံကြမ္မာပဲ...အခုချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်ကိုအပိုင်မစီးခံရတာကပဲ သူ ကံကောင်းတယ်လို့ ယူဆလို့ရနေပြီီ"

ထို့နောက် ချိုင်လုံရှင်းသည် လုယွီနောက်မှ ပို၍ပို၍ပီပြင်ထင်ရှားလာသော အလင်းဘီးကြီးကိုမြင်တွေ့ချိန်တွင် အံ့အားတသင့် မေးမြန်းလိုက်၏။

"မင်းက တကယ်ကိုပဲ ဒီနယ်မြေရဲ့နတ်ဘုရား လုပ်တော့မလို့လား"

မူလက နတ်ဘုရားကုန်းမြေတွင် လူသားမျိုးနွယ်ဖြစ်စေ နတ်ဆိုးသားရဲမျိုးနွယ်ဖြစ်စေ ဟောင်တုနတ်ဘုရားမကို ဝတ်ပြုကိုးကွယ်ကြသည်။

နောက်ပိုင်းတွင် မျိုးနွယ်နှစ်ခုမှ အစွမ်းထက်ကျင့်ကြံသူများပူးပေါင်းကြံစည်၍ ဟောင်တုနတ်ဘုရားမ၏နတ်ဘုရားပလ္လင်ကို ဖျက်ဆီးခဲ့သည်။ထို့ကြောင့် နတ်ဘုရားကုန်းမြေတွင် မည်သည့်နတ်ဘုရားမျှမရှိတော့ချေ။

ယခုလက်ရှိချိန်တွင် လုယွီသည် အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သဖြင့် သူ၏အကျိုးဆောင်ခဲ့မှုကို တိုင်းဆ၍ပင်မရချေ။သူသည် နတ်ဘုရားတစ်ပါးနှင့် နှိုင်းယှဥ်၍ရနေလေပြီ။

"ဒီနေရာက ပျက်သုဥ်းနေပြီ...တကယ်လို့ ငါက ဒီနေရာရဲ့ယုံကြည်သက်ဝင်မှုစွမ်းအားတွေကိုရရင်တောင် ဘာအမွှေးနံသာပူဇော်မှုကိုမှ ခံယူရမှာမဟုတ်ဘူး"

လုယွီက သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။

"ဒါက အမှန်ပဲ...ဒါပေမယ့် ဒီတစ်ကြိမ်မှာ မင်းရဲ့ရိတ်သိမ်းနိုင်မှုက မနည်းဘူး...နောက်နှစ်တော်ဝင်စာမေးပွဲကျရင် မင်းက ထိပ်တန်းအဆင့်ကနေအောင်မြင်မှာသေချာတယ်"

ကောင်းမှုကုသိုလ်စွမ်းအားများ လုံလောက်စွာရှိပါက တစ်စုံတစ်ယောက်၏ကျင့်ကြံမှုအရှိန်နှုန်း အဆများစွာ မြင့်တက်လာပေမည်။ထို့ကြောင့် အရာရှိအများစုသည် သူတို့၏ကိုယ်ပိုင်ကျင့်ကြံမှုအပြင် လူအများ၏အခြေအနေကို မကြာခဏလေ့လာဆန်းစစ်ကာ နှစ်သိမ့်ပေးခြင်း လမ်းညွှန်ပေးခြင်းနှင့် တခြားလိုအပ်သောအရာများကို ပြုလုပ်ပေးလေ့ရှိသည်။ဤသည်က သူတို့အတွက် ကောင်းမှုကုသိုလ်စွမ်းအားများရရှိရန်အတွက်ပင်။

ချိုင်လုံရှင်းသည် ရေခဲနန်းတော်သို့ လုယွီကို ခေါ်ယူလိုသည်။သို့ရာတွင် လုယွီ၏အနာဂတ်အောင်မြင်မှုသည် နိမ့်ကျမည်မဟုတ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။

သူသည် မင်းသားတစ်ပါးဖြစ်သော်လည်း အများဆုံးအနေဖြင့် ရေခဲနန်းတော်၏အရိုက်အရာကို ဆက်ခံရုံသာရှိသည်။

ရေခဲနန်းတော်မှ အဆင့်မြင့်ဆုံးအရာရှိရာထူးပင်လျှင် လုယွီအတွက် ထိုက်တန်သောအဆင့်အတန်းမျိုးမဟုတ်ချေ။

လုယွီက တစ်စုံတစ်ခုပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် သူ၏မျက်လုံးအကြည့်က အဝေးတစ်နေရာသို့ ကျရောက်သွားလေ၏။

ရုတ်ချည်းဆိုသလိုပင် ရွှေရောင်အလင်းတန်းတစ်တန်းက တိမ်မည်းများပြည့်နှက်နေသောမိုးကောင်းကင်ယံကိုဖြတ်သန်း၍ မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။

ထိုရွှေရောင်အလင်းတန်းသည် တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာပြီး ပတ်ဝန်းကျင်ရှိ တိမ်မည်းများအားလုံးကို အလျှင်အမြန် ပျက်ပြယ်သွားစေသည်။ထို့နောက် ရွှေရောင်အလင်းတန်းများကြားမှနေ၍ ဧရာမလက်ကြီးတစ်ဖက် ကျရောက်လာကာ လက်ချောင်းထိပ်များကိုအသုံးပြု၍ လေဟာနယ်အတွင်း၌ တစ်စုံတစ်ခုကို ရေးဆွဲနေသည်။

ထိုလက်ချောင်းသည် တောင်ကြီးတစ်လုံးစာခန့်ကြီးမားကာ လှုပ်ရှားလိုက်သည့်အချိန်တိုင်း ရွှေရောင်စုတ်ချက်တစ်ချက်ကို ချန်ထားခဲ့ကာ လေဟာနယ်အတွင်း၌ တောက်ပသောနတ်ဘုရားအလင်းရောင်များ ဖြာထွက်နေလေ၏။

ထိုလက်ချောင်းသည် သာမာန်ဆန်သော်လည်း ထိုအရာ၏အရေပြားတစ်လက်မတိုင်းတွင် သာမာန်လူများ စူးစမ်းထောက်လှမ်းနိုင်ရန်ခက်ခဲသည့် ထူထပ်သိပ်သည်းသော သင်္ကေတအက္ခရာများ ကိန်းအောင်းနေသည်။

လူများအားလုံးသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့၏ခေါင်းများပေါ်တွင် အစွမ်းထက်သောဓားတစ်လက် တွယ်ကပ်နေသည့်အလား ခံစားရကာ သူတို့ထံ၌ မည်သည့်မလိုလားအပ်သောအတွေးမျိုးမျှရှိမနေစေရန် ပြုလုပ်ထားသည်။

ဝုန်း...ဝုန်း..

ထိုလက်ချောင်း၏စုတ်ချက်တိုင်းတွင် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး တုန်ခါသွားပုံရကာ ကျယ်လောင်သောမိုးခြိမ်းသံကြီးများကို မြည်ဟီးစေသည်။

"စုတ်တံကိုရေးဆွဲပြီး လောကကြီးကိုတုန်ခါစေခြင်း...ဒါက သူတော်စင်တွေရဲ့နည်းလမ်းပဲ...ဖြစ်နိုင်တာတော့ စာပေသူတော်စင်က မှော်မန္တန်ကို ရွတ်ဆိုနေတာများလား"

ချိုင်လုံရှင်းက ကြက်သေသေသွားလေ၏။

လုယွီ၏မျက်လုံးများတောက်ပသွားကာ ထိုလက်ချောင်းကြီးထံဦးတည်၍ ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ဆရာသခင်ကို ဂါရဝပြုပါတယ်"

ဤအချိန်အခိုက်အတန့်တွင် လူအားလုံး၏စိတ်အာရုံကို ရုတ်တရက်ထွက်ပေါ်လာသောလက်ချောင်းကြီးက ဆွဲဆောင်သွားနိုင်ခဲ့သည်။

လက်ချောင်းများက လေဟာနယ်အတွင်း၌ အချိန်အတော်ကြာ ရွေ့လျားနေပြီးနောက် လေဟာနယ်အတွင်း၌ 'ပင်လယ် တည်ငြိမ်ခြင်း'ဟူသောစာလုံးနှစ်လုံးထွက်ပေါ်လာခြင်းကို လူများအားလုံး မြင်တွေ့လိုက်ရ၏။

ထိုစာလုံးနှစ်လုံးထွက်ပေါ်လာချိန်တွင် မြင့်မြတ်သောကျမ်းစာများသည် လူများအားလုံး၏နားအတွင်း၌မြည်ဟီးနေကာ ကောင်းကင်နှင့်မြေပြင်အကြား၌ ပဲ့တင်ထပ်နေသည်။

ဝုန်း...

ဧရာမလှိုင်းလုံးကြီးများသည် စွမ်းအားကုန်ဆုံးသွားပုံဖြင့် ရုတ်တရက် ကျဆင်းသွားတော့သည်။တလိမ့်လိမ့်ထနေသော ဆုတ်ယုတ်ခြင်းရေများသည်လည်း အကျိုးသက်ရောက်မှုဆုံးရှုံးသွားပုံဖြင့် ရေမျက်နှာပြင်တစ်ခုလုံး တည်ငြိမ်သွားသည်။

ထို့နောက် လက်ချောင်းကြီးက လေဟာနယ်အတွင်း၌ စာလုံးတချို့ကို ထပ်မံ၍ရေးသားနေလေ၏။ထိုလက်ချောင်းကြီး၏စုတ်ချက်များ ရွေ့လျားပုံသည် လေထုအတွင်း၌ နဂါးများပျံသန်း၍ ဖီးနစ်များကခုန်နေသည့်အလား အလွန်ကြီးကျယ်ခမ်းနားသည်။

"မိုးကောင်းကင် ဖွင့်လှစ်ခြင်း"

ထိုစာလုံးနှစ်လုံးထွက်ပေါ်လာသည်နှင့် မိုးကောင်းကင်ယံရှိ တိမ်မည်းများအားလုံး ပျက်ပြယ်သွားကာ တောက်ပသောနေရောင်ခြည်က မြေပြင်ပေါ်သို့ တဖန်ပြန်၍ ဖြာကျလာသည်။

နဝမလွှသွားစစ်သင်္ဘောပေါ်၌ရှိနေသူများ၏ မျက်နှာများပေါ်တွင်လည်း နေရောင်ခြည်ကျရောက်လာပေ၏။ဤအချိန်အခိုက်အတန့်တွင် မည်မျှထိကြီးမားသောအခက်အခဲကို ရင်ဆိုင်ကြုံတွေ့ရသူဖြစ်စေ သူတို့၏စိတ်နှလုံးသားများ တည်ငြိမ်အေးချမ်းသွားခြင်းကို ခံစားလိုက်ရသည်။

သာမာန်လူများသည် မြေပြင်ပေါ်၌ဒူးထောက်ကာ နတ်ဘုရားအင်မော်တယ်ဟုအော်ဟစ်၍ ဦးညွှတ်အရိုအသေပြုနေကြသည်။

သို့ရာတွင် ထိုလူများအနက်မှအများစုသည် လုယွီ၏နာမည်ကို အော်ဟစ်နေသည်။လုယွီကို သူတို့၏နတ်ဘုရားဟု သတ်မှတ်ထားသည်မှာ သိသာထင်ရှားလှ၏။

Chapter 2525

"ဒါက သူတော်စင်ရဲ့မှော်မန္တန်ပဲ...ဒီနေ့ကနေစပြီးတော့ မင်းတို့က သူတော်စင်ရဲ့ရုပ်ထုကိုတည်ဆောက်ပြီး သူတော်စင်ရဲ့အတွေးအခေါ်အယူအဆတွေကို လက်ဆင့်ကမ်းရမယ်"

လုယွီက နတ်ဘုရားနဂါးဟိန်းသံကိုအသုံးပြု၍ပြောဆိုလိုက်ရာ သူ၏အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

မြေပြင်ပေါ်၌ဒူးထောက်နေသောသေမျိုးများသည် လုယွီ၏အသံကိုကြားသည်နှင့် သူတို့၏ခန္ဓာကိုယ်များ တုန်ရီသွားကြ၏။

"ကျွန်တော်တို့က နတ်ဘုရားအင်မော်တယ်ရဲ့အမိန့်ကို နာခံပါ့မယ်"

သေမျိုးများအားလုံးက ဦးညွှတ်အရိုအသေပြု၍ အမိန့်ကိုနာခံလိုက်ကြသည်။

အတိတ်တွင် နတ်ဘုရားကုန်းမြေလျှို့ဝှယ်နယ်မြေကို အရင်ဆုံးရှာဖွေတွေ့ရှိခဲ့သူမှာ စာပေသူတော်စင်ယီဟန်ပင်။။သူသည် ဤနေရာရှိလူသားမျိုးနွယ်အတွက် အသိပညာများကို လက်ဆင့်ကမ်းပေးခဲ့ကာ သူတို့အားသင်ကြားပေးရန်အတွက် ရှေးဟောင်းစာပေများကိုလည်း သူ ကိုယ်တိုင်ကိုယ်ကျ ရေးသားပေးခဲ့သည်။

ထို့ကြောင့် နတ်ဘုရားကုန်းမြေတွင် သူတော်စင်ယီဟန်၏ရုပ်ထုများကို စိုက်ထူစေခြင်းမှာ သဘာဝကျပေ၏။ပြင်ပကမ္ဘာလောကတွင်လည်း သူတော်စင်များကို ဝတ်ပြုကိုးကွယ်သော ကျောင်းတော်သားအမြောက်အများရှိသည်။

လုယွီသည် သူပြုလုပ်ခဲ့သော အကျိုးဆောင်မှုအတွက် ကောင်းမှုကုသိုလ်စွမ်းအားများ ရရှိပြီးဖြစ်သဖြင့် တခြားမည်သည့်အရာကိုမျှ ထပ်မလိုချင်တော့ပေ။

"မျှော်လင့်ထားသလိုပဲ ဒီကိစ္စကိုလုပ်ဆောင်ခဲ့တဲ့သူက မဟာဆရာသခင်ဖြစ်နေတာပဲ...သူတော်စင်တွေကပဲ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ကိစ္စမျိုးကို ဆောင်ရွက်နိုင်လိမ့်မယ်"

"မဟာဆရာသခင်က တံခါးပိတ်ကျင့်ကြံနေတယ်လို့ ငါ ကြားထားတယ်...ဘာလို့ သူက ဒီနေရာအတွက် မှော်မန္တန်ကို ရွတ်ဆိုပေးတာလဲ"

"သူတော်စင်တစ်ယောက်ရဲ့နည်းလမ်းတွေကို မင်းတို့ငါတို့တွေက ဘယ်လိုလုပ်ပြီး မှန်းဆလို့ရမှာလဲ...သူတော်စင်ယီဟန်က သူ့ရဲ့အတွေးတစ်စကို ခွဲထုတ်လိုက်ရုံနဲ့ ဒီနေရာကို တည်ငြိမ်အေးချမ်းအောင်လုပ်ဖို့ လုံလောက်တယ်"

အတိတ်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို တည်ထောင်ခဲ့သူမှာ စာပေသူတော်စင်ယီဟန်ပင်။ထို့ကြောင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ကျောင်းတော်ငါးခုတွင်နောက်ဆုံးအဆင့်၌ရှိနေသော်လည်း သူတော်စင်ယီဟန်၏နာမည်ကြောင့် ကျောင်းတော်သို့တက်ရောက်လိုသူအမြောက်အများရှိနေသည်။

ချိုင်လုံရှင်း၏မျက်လုံးများက လောင်ကျွမ်းနေသကဲ့သို့ စူးရှရှတောက်ပနေလေ၏။

"အရင်က တော်ဝင်စာကြည့်တိုက်မှာ မဟာဆရာသခင်ရဲ့ဟောပြောမှုကို ငါ တစ်ကြိမ်နားထောင်ခဲ့ဖူးတယ်....ဒါပေမယ့် အဲ့ဒီအချိန်ကနေစပြီး ငါ မဟာဆရာသခင်ကို ထပ်မတွေ့တော့ဘူး...ဒီနှစ်တွေအတွင်းမှာ မဟာဆရာသခင်က ဘယ်လောက်ထိတောင်အစွမ်းထက်နေပြီလဲမသိဘူး"

ဤနတ်ဘုရားကုန်းမြေတွင် သက်ရှိများအားလုံး၏စွမ်းအားများကို တားမြစ်ကန့်သတ်ထားခြင်းခံထားရသည်။

သို့ရာတွင် ယီဟန်သည် သူ၏မှော်စွမ်းအားများကို တစိုးတစိမျှပင် အသုံးပြုခဲ့ခြင်းမရှိချေ။သူသည် သူ၏သူတော်စင်စွမ်းအားကိုသာအသုံးပြု၍ ဤမှော်မန္တန်ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

ထိုနည်းတူစွာ လုယွီသည်လည်း သိုင်းပညာသူတော်စင်ဖြစ်သဖြင့် မှော်စွမ်းအားကို ထုတ်ဖော်အသုံးပြုရန်မလိုအပ်ချေ။သူသည် ရုပ်ခန္ဓာကိုယ်ခွန်အားသီးသန့်ကိုအသုံးပြု၍ မြို့တစ်မြို့ကို မတင်ခဲ့လေ၏။

တစ်စုံတစ်ယောက်သည် သူတော်စင်တစ်ယောက်ဖြစ်လာခြင်းမှာ လူသားများ၏အကန့်အသတ်ကိုကျော်လွန်၍ သူ၏ကိုယ်ပိုင်မဟာတာအိုကို အောင်မြင်ပြီးမြောက်နေပြီဟု ဆိုလိုခြင်းပင်။

ထို့ကြောင့် သူတော်စင်များသည် မိုးကောင်းကင်တာအို၏တားမြစ်ကန့်သတ်ခြင်းကို ခံရသည့်တိုင် ထိတ်လန့်တုန်လှုပ်ဖွယ်နည်းစနစ်များကို ထုတ်ဖော်အသုံးပြုနိုင်သည်။

ထိုစာလုံးလေးလုံးသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို ပျက်သုဥ်းစေနိုင်သော ကပ်ဘေးကြီးကို ချုပ်ငြိမ်းသွားစေခဲ့သည်။

တောင်များပြိုလဲပြီး မြစ်များကျိုးပဲ့နေကာ ကောင်းကင်နှင့်မြေပြင်အက်ကွဲနေလျှင်ပင် သူတော်စင်တစ်ယောက်မှ တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ထိုကပ်ဘေးများအားလုံး အဆုံးသတ်သွားပေမည်။

ဘုန်း...

ထိုအချိန်မှာပင် သူတော်စင်ယီဟန်က သူ၏လက်ချောင်းများကိုအသုံးပြု၍ လေထုအတွင်း၌ ထပ်မံရေးသားလိုက်၏။

ဤတစ်ကြိမ်တွင် သူ ရေးသားခဲ့သည်မှာ 'ကုန်းမြေ ချဲ့ထွင်ခြင်း'ဟူသော စာလုံးပင်။

ထိုစာလုံးနှစ်လုံး ထွက်ပေါ်လာသည်နှင့် ကောင်းကင်ယံတခွင်လုံး ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံသွားကာ နတ်ဘုရားကုန်းမြေ၏နယ်မြေပေါ်သို့ နေရာတစ်လက်မပါမကျန် ဖြာကျလာသည်။

မူလက ရေအောက်သို့နစ်မြုပ်နေသောမြေပြင်တစ်ခုလုံး အထက်သို့မြင့်တက်လာကာ ကျယ်ပြန့်သောကုန်းမြေကြီး ထွက်ပေါ်လာတော့သည်။

တောင်များ တစ်လုံးပြီးတစ်လုံး မြင့်တက်လာကာ ဆုတ်ယုတ်ခြင်းရေကြောင့် ဖြစ်တည်လာသော ရေလွှမ်းမိုးမှုသည်လည်း လျော့ကျသွားပေ၏။

ထို့နောက် သူတော်စင်ယီဟန်၏လက်ချောင်းများက တခြားစာလုံးနှစ်လုံးကို ထပ်မံ၍ရေးသားလိုက်သည်။

"စိတ်ဝိညာဥ်စွမ်းအင် ရွေ့လျားခြင်း"

နတ်ဆိုးစွမ်းအင်များ၏လွှမ်းခြုံခြင်းခံရသဖြင့် မူလက မှောင်မည်းပြီးထိုင်းမှိုင်းနေသော နတ်ဘုရားကုန်းမြေပေါ်တွင် ရုတ်တရက် စိတ်ဝိညာဥ်စွမ်းအင်အငွေ့အသက်များ ထွက်ပေါ်လာသည်။

ကျင့်ကြံသူများသည် နောက်ဆုံး၌ ရှုရှိုက်ရန်အတွက် စိတ်ဝိညာဥ်စွမ်းအင်များ ရရှိသွားလေပြီ။လူအများစုသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် မျက်ရည်များစီးကျလာသည်အထိ အသံကုန်အော်ဟစ်လိုက်ကြ၏။

ဒဏ်ရာရရှိထားသောကျင့်ကြံသူတချို့သည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ကာ ထိုစိတ်ဝိညာဥ်စွမ်းအင်များကိုရှုရှိုက်၍ စတင်ကျင့်ကြံကြတော့သည်။

မူလက နတ်ဘုရားကုန်းမြေတွင် စိတ်ဝိညာဥ်စွမ်းအင် အလွန်အမင်းကျဲပါးသည်။စိတ်ဝိညာဥ်စွမ်းအားများစုဝေးနေသော နေရာအများစုကိုလည်း နတ်ဆိုးသားရဲများက သိမ်းပိုက်ထားလေ၏။

ထို့ကြောင့် လူသားမျိုးနွယ်သည် ဤကျက်တီးမြေပေါ်၌ အလွန်ခက်ခဲကြမ်းတမ်းစွာ အသက်ရှင်နေထိုင်ခဲ့ရသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ကောင်းကင်နှင့်မြေပြင်အကြား၌ရှိသော စိတ်ဝိညာဥ်စွမ်းအားများသည် ယခင်ထက်ဆယ်ဆမက ထူထပ်သိပ်သည်းနေလေပြီ။

ဘုန်း....

နဝမလွှသွားစစ်သင်္ဘော၏ကုန်းပတ်ပေါ်၌ ခပ်အုပ်အုပ်ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

ဤနေရာတွင် ဂိုဏ်းများမှဂိုဏ်းချုပ်များ မဟာအကြီးအကဲများနှင့် တခြားအစွမ်းထက်ကျင့်ကြံသူများရှိနေသည်။

သူတို့အနက်မှအများစုသည် နက်ရှိုင်းသောကျင့်ကြံခြင်းအခြေခံအုတ်မြစ်ရှိကာ သူတို့ကျင့်ကြံရန်အတွက် သင့်လျော်သော ပတ်ဝန်းကျင်သာ လိုအပ်နေပေ၏။

ယခုလက်ရှိချိန်၌ စိတ်ဝိညာဥ်စွမ်းအင်များ ပေါကြွယ်ဝလာမှု၏အောက်တွင် သူတို့သည် ပို၍မြင့်မားသောကျင့်ကြံဆင့်နယ်ပယ်များသို့ တက်လှမ်းနိုင်ရန်အတွက် အခွင့်အရေးရရှိသွားတော့သည်။

"ဟား ဟား ဟား...ငါက နောက်ဆုံးတော့ သိုင်းသူတော်စင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ"

ကျင့်ကြံသူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

Thank For Reading.

All Chapters