← Chapters

အခန်း (၂၅၂၆-၂၅၃၀)

Vol. 130 Ch. 2526-2530

အခန်း (၂၅၂၆-၂၅၃၀)

Vol. 130 Ch. 2526-2530

Chapter 2526

တခြားသူများသည်လည်း အကျိုးအမြတ်အသီးသီးရရှိသွားသဖြင့် သူတို့အားလုံး၏မျက်နှာများပေါ်တွင် အပြုံးများဖြင့် ဝေဆာနေသည်။

သေမျိုးတချို့ပင်လျှင် ထိုအရာမှတဆင့် ဥာဏ်အလင်းပွင့်သွားကြသဖြင့် ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါမျိုး ထွက်ပေါ်လာသည်။

ယနေ့တွင် မွေးဖွားလာသောကလေးတိုင်းတွင် ကောင်းမွန်သော စိတ်ဝိညာဥ်အရင်းအမြစ်များ ပါရှိလာပေမည်။

စိတ်ဝိညာဥ်အရင်းအမြစ်ကောင်းများနှင့်အတူ ထိုကလေးများ၏အနာဂတ်ကျင့်ကြံမှုသည် အလွန်အမင်း အဆင်ပြေချောမွေ့နေပေမည်။

ထိုမြင်ကွင်းကိုကြည့်ပြီး လူများအားလုံး၏စိတ်နှလုံးသားများ ခဲဆွဲထားသကဲ့သို့လေးလံနေမှုကြီး နောက်ဆုံး၌ ပျောက်ကွယ်သွားလေပြီ။

သူတော်စင်တစ်ပါး၏လှုပ်ရှားမှုသည် သာမာန်ထက်သာလွန်ထူးကဲပေ၏။နယ်မြေတစ်ခုလုံးပျက်သုဥ်းစေနိုင်သော ဘေးကပ်ဆိုးကြီး အဆုံးသတ်သွားလေပြီ။

ကျင့်ကြံသူအများစုသည် ယခုမွေးဖွားလာသောကလေးများအနက်မှ တပည့်များကိုရွေးချယ်၍ အသစ်ဖြစ်တည်လာသောအောက်ဘုံအတွင်းတွင် သူတို့၏ဂိုဏ်းများကို ပြန်လည်တည်ထောင်ရန် တွေးတောနေကြသည်။

ဟူး...

ထိုအချိန်မှာပင် သူတော်စင်ယီဟန်၏ ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံက မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

"ဒီနေ့ကနေစပြီးတော့...ဒီနေရာရဲ့ မိုးကောင်းကင်တာအိုကို အဆင့်မြှင့်တင်လိုက်ပြီ....မင်းတို့က လေလွင့်အင်မော်တယ်အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်တယ်...မင်းတို့က ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးတာနဲ့ ကောင်းကင်ဘုံနယ်မြေရဲ့ပြန်လည်ဝင်စားခြင်းစက်ဝန်းထဲကို ဝင်ခွင့်ပြုမယ်"

ထိုအသံသည် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားကာ သန့်စင်မြင့်မြတ်သောအရှိန်အဝါများနှင့် ပြည့်နှက်နေသည်။

မည်သူမည်ဝါဖြစ်နေပါစေ ထိုအသံကိုကြားသည်နှင့် တစ်ဖက်လူပြောဆိုသမျှ အမှန်တရားများဖြစ်သည်ဟုတွေးတောမိကာ သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ငြင်းဆန်လိုစိတ်မရှိတော့ချေ။

"ဘယ်လို...မိုးကောင်းကင်တာအိုကို အဆင့်မြှင့်တင်လိုက်တာလား...ငါတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်တွေကို ပိုပြီးမြင့်မားအောင် တက်လှမ်းနိုင်ပြီပေါ့"

"နောက်ဆုံးတော့ ငါ လေလွင့်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်တော့မယ်...ငါက လေလွင့်အင်မော်တယ်ဖြစ်တာနဲ့ ငါ့ရဲ့ဘဝသက်တမ်းက အနည်းဆုံးနှစ်ဆတိုးသွားပြီ"

"ငါတို့က ဒီနေရာမှာ ထာဝရလှောင်ပိတ်မခံရတော့ဘူး...တကယ်လို့ ငါတို့ သေသွားရင်တောင် ကောင်းကင်ဘုံနယ်မြေမှာ ပြန်လည်မွေးဖွားနိုင်လိမ့်မယ်"

နဝမလွှသွားစစ်သင်္ဘောပေါ်တွင် ပျော်ရွှင်ဝမ်းမြောက်စွာ ရယ်မောနေသောအသံများဖြင့် ပြည့်နှက်နေသည်။

တချို့လူများသည် သူတို့၏ခေါင်းများကို သူတို့လက်ဖြင့်ဆုပ်ကိုင်၍ အော်ဟစ်ငိုယိုနေကြ၏။သူတို့သည် အလွန်အမင်းစိတ်လှုပ်ရှားနေသဖြင့် သူတို့၏မျက်လုံးများအတွင်းမှနေ၍ မျက်ရည်ပူများစီးကျနေသည်။

သူတို့ စောင့်ဆိုင်းနေခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာမြင့်ခဲ့ပြီဖြစ်သနည်း...

နောက်ဆုံးတွင် သူတို့အတွက် လွတ်မြောက်နိုင်သောလမ်းတစ်လမ်း ရရှိလာလေပြီ။

ကျောင်းတော်တပည့်များက ထိုမြင်ကွင်းကို အံ့အားတသင့် ကြည့်ရှုနေကြသည်။ထိုတပည့်များအနက်မှတစ်ယောက်က ရယ်သွမ်းသွေးကာ ပြောဆိုလိုက်၏။

"ဒီမြင်ကွင်းကိုကြည့်ပြီးတော့ တော်ဝင်မြို့တော်မှာအိမ်ရာတည်ထောင်ခွင့်ကို အလုအယက်ဖြစ်နေတဲ့ လူတွေကို ငါ ပြန်အမှတ်ရသွားမိတယ်"

"ဒါက နှိုင်းယှဥ်စရာမဟုတ်ဘူး...ဒီအောက်ဘုံကလူတွေက လွတ်မြောက်ရာလမ်းတစ်လမ်းကိုရသွားတာ...မဟုတ်ရင် ဖူချန်ချင်းနဲ့တခြားသူတွေက ကျောင်းတော်တပည့်တွေရဲ့ခန္ဓာကိုယ်တွေကိုလုယက်တာမျိုး လုပ်မှာမဟုတ်ဘူး"

လီစစ်က သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။

အကယ်၍ ဖူချန်ချင်းကသာ ဤကဲ့သို့ကိစ္စမျိုးဖြစ်လာမည်ကို ကြိုတင်သိရှိခဲ့ပါက သူ နောင်တရကောင်းရနေနိုင်သည်။

သို့ရာတွင် ကွယ်လွန်သွားသူများသည် ထွက်ခွါသွားခဲ့ရလေပြီ။အကယ်၍ သူ နောင်တရနေလျှင်ပင် သူ့အတွက် အခွင့်အရေးရှိမည်မဟုတ်ချေ။

မိုးကောင်ကင်ယံအတွင်းရှိ သူတော်စင်ယီဟန်၏ဧရာမလက်ဝါးပုံရိပ်ယောင်ကြီး တဖြည်းဖြည်း ပျက်ပြယ်သွားကာ နောက်ဆုံး၌ ကြယ်ရောင်အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုကြယ်ရောင်အမှုန်အမွှားများသည် မြေပြင်ပေါ်သို့ကျရောက်သွားပြီးနောက် မြေသားများနှင့်ပေါင်းစပ်သွားလေ၏။မကြာမီမှာပင် မြေပြင်တစ်ခုလုံး အသက်ဓာတ်စွမ်းအားများနှင့် ပြည့်နှက်သွားတော့သည်။

ကျက်တီးမြေအများစုပေါ်တွင် ထူထပ်သိပ်သည်းသော တောအုပ်ကြီးများထွက်ပေါ်လာကာ သစ်ပင်များက အလွန်လျှင်မြန်သောအရှိန်ဖြင့် ရှင်သန်ကြီးထွားနေသည်။ပတ်ဝန်းကျင်နေရာအနှံ့တွင် သက်ဝင်လှုပ်ရှားသောမြင်ကွင်းများနှင့် ပြည့်နှက်နေပေ၏။

"သိပ်မကြာခင်မှာပဲ ဒီနယ်မြေမှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာတော့မယ်...ကျောင်းတော်က ဒီနေရာကနေ တပည့်သစ်တွေကိုတောင် ခေါ်ယူနိုင်လောက်တယ်"

လီစစ်က ခန့်မှန်းပြောဆိုသည်။

အမှန်အားဖြင့် သူ၏စကားများသည် မဖြစ်နိုင်သောအရာမဟုတ်ချေ။

ကောင်းကင်ဘုံနယ်မြေအတွင်းရှိ အစွမ်းထက်ကျင့်ကြံသူများသည် အောက်ဘုံများသို့ မကြာခဏသွားရောက်၍ တပည့်များလက်ခံလေ့ရှိသည်။

လင်ရှောင်းဂိုဏ်းအတွင်း၌ လုယွီကြုံတွေ့ခဲ့ရသော ကောင်းကင်နန်းတော်ပြိုင်ပွဲကဲ့သို့အရာများသည် အောက်ဘုံမှကျင့်ကြံသူများကို ကောင်းကင်ဘုံနယ်မြေသို့ခေါ်ယူနိုင်သော ဖြတ်လမ်းနည်းဖြစ်သည်။

ကောင်းကင်ဘုံနယ်မြေသည် ကျယ်ဝန်းသော်လည်း နေရာအများစုကို အင်အားစုကြီးများက လွှမ်းမိုးထားသည်။

အကယ်၍ ထိုနယ်မြေများအတွင်း၌ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာလျှင်ပင် ထိုအင်အားစုကြီးများမှ အလျင်စလိုသိမ်းသွင်းသွားလေ၏။

တခြားဂိုဏ်းကြီးဂိုဏ်းငယ်များသည် အကယ်၍ ပါရမီရှင်များအလိုရှိပါက တခြားနည်းလမ်းတစ်ခုအနေဖြင့် အောက်ဘုံမှပါရမီရှင်များကိုခေါ်ယူကာ မြေတောင်မြှောက်ပေးလေ့ရှိသည်။

"သူတော်စင်ကို ကျေးဇူးတင်ပါတယ်"

လူတိုင်းက တညီတညွတ်တည်း ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ကြသည်။

သူတော်စင်ယီဟန်၏လက်ချောင်းပုံရိပ် ပျောက်ကွယ်သွားခြင်းနှင့်အတူ မိုးကောင်းကင်ယံအတွင်းမှတိမ်တိုက်များ တဖန်ထပ်၍ ပြောင်းလဲသွားသည်။

ကြည်လင်သောကြေးနီမှန်တစ်ချပ် မြင်သာစွာအက်ကွဲသွားသကဲ့သို့ မိုးကောင်းကင်ယံအတွင်း၌ အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုအက်ကွဲကြောင်းအတွင်းမှနေ၍ ထျန်းပိုယန်၏မကြည်မသာအသံကြီး ထွက်ပေါ်လာပေ၏။

"နတ်ဘုရားကုန်းမြေ စစ်ဆေးစမ်းသပ်ပွဲ ပြီးဆုံးသွားပြီ...တပည့်တွေအားလုံး ပြန်လာခဲ့ကြတော့"

Chapter 2527

ထိုအသံထွက်ပေါ်လာသောအချိန်အခိုက်အတန့်တွင် ကျောင်းတော်တပည့်များ၏ခေါင်းများပေါ်၌ ရစ်ဝဲနေသောတိမ်မည်းများ နောက်ဆုံး၌ လွင့်ပြယ်သွားတော့သည်။

"ဒါက နောက်ဆုံးတော့ ပြီးဆုံးသွားပြီ"

"ဒီတစ်ခါစမ်းသပ်ပွဲမှာ ကြုံတွေ့ခဲ့ရတာတွေက တကယ့်ကိုအန္တရာယ်များတယ်...တကယ်လို့ နည်းနည်းလေးသာ အလွဲအချော်ဖြစ်သွားရင် ငါတို့ အဲ့ဒီနေရာမှာပဲ သေသွားနိုင်တယ်"

ကျောင်းတော်တပည့်များသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်ကြ၏။

ခရက်...ခရက်...ခရက်...

ထိုအချိန်မှာပင် နဝမလွှသွားစစ်သင်္ဘော၏မျက်နှာပြင်မှနေ၍ မှင်အခိုးအငွေ့များ စတင်၍ထွက်ပေါ်လာသည်။

ထိုမှင်အခိုးအငွေ့များသည် တဖြည်းဖြည်းမြင့်တက်သွားကာ လေဟာနယ်အတွင်း၌ ပျက်ပြယ်သွားတော့သည်။

မည်သို့ပင်ဆိုစေကာမူ ဤဧရာမစစ်သင်္ဘောကြီးသည် ပန်းချီကားတစ်ချပ်သာဖြစ်ပြီး အစစ်အမှန်အရာဝတ္ထုတစ်ခုမဟုတ်ချေ။

ဤမျှကြာသည်အထိတောင့်ခံနိုင်ခြင်းကပင် ထိုအရာ၏အကန့်အသတ်သို့ ရောက်ရှိနေလေပြီ။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လုယွီက သံကြိုးကြီးများကိုဆုပ်ကိုင်၍ သေမျိုးမြို့များကို မြေပြင်ပေါ်သို့ နေရာချထားပေးလိုက်၏။

မြို့တစ်မြို့နှင့်တစ်မြို့ကို မိုင်တစ်ရာခန့်ကွာဝေးအောင် နေရာချထားကာ မြို့အချင်းချင်းထိစပ်နေခြင်းမရှိသော်လည်း ဆက်စပ်နေသည်။

ဤကဲ့သို့ကပ်ဘေးကြီးနှင့်ရင်ဆိုင်ပြီးနောက် နတ်ဆိုးသားရဲမျိုးနွယ်များ၏အင်အား အကြီးအကျယ်လျော့ကျသွားခဲ့သည်။သို့ရာတွင် လူသားမျိုးနွယ်ဘက်မှအင်အားကိုမူ ထိန်းသိမ်းထားနိုင်လေ၏။ဤအချိန်အားဖြတ်ကျော်ပြီးသည်နှင့် နတ်ဆိုးသားရဲမျိုးနွယ်သည် လူသားမျိုးနွယ်ကို ယခင်ကဲ့သို့ ဖိနှိပ်နိုင်တော့မည်မဟုတ်ချေ။

လုယွီအပေါ် ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်ရန်အလို့ငှါ ထိုသေမျိုးများသည် မြေပြင်ပေါ်သို့ရောက်ရှိသည်နှင့် ချက်ချင်းဆိုသလိုပင် လူများစုဝေးကာ လုယွီ၏ရုပ်ထုကို သူတို့၏နတ်ဘုရားရုပ်ထုအဖြစ် ထွင်းထုလိုက်ကြသည်။

ထို့ပြင် ဂိုဏ်းတချို့ကလည်း သူတော်စင်ယီဟန်၏ရုပ်ထုကို စိုက်ထူခဲ့သည်။

တချို့ကျင့်ကြံရေးဂိုဏ်းများတွင် လုယွီနှင့်သူတော်စင်ယီဟန်၏ရုပ်ထုနှစ်ခုစလုံးကို ထားရှိကြလေ၏။

မိုးကောင်းကင်ယံမှနေ၍ စုပ်အားလှိုင်းတစ်ရပ်ထွက်ပေါ်လာကာ လုယွီနှင့်တခြားကျောင်းတော်တပည့်များကို ခေါ်ဆောင်သွားခဲ့သည်။

ပတ်ဝန်းကျင်ရှိလေဟာနယ် ချာချာလည်သွားကာ လုယွီသည် မရင်းနှီးသောမြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။

လုယွီ၏ရှေ့၌ ကျောင်းတော်၏မြင်ကွင်းကို မမြင်တွေ့ရဘဲ အဆုံးမရှိသောအမှောင်ထုကြီးကို တွေ့ရှိမိသည်။

"လေဟာနယ်အက်ကွဲကြောင်းလား"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

ဤကဲ့သို့နေရာမျိုးကို ရှာဖွေတွေ့ရှိရန်မှာ ယေဘုယျအားဖြင့် မလွယ်ကူချေ။

အန္တရာယ်အရှိဆုံးလေဟာနယ်မုန်တိုင်းနှင့် ရင်ဆိုင်ရချိန်တွင် လေဟာနယ်မတည်မငြိမ်ဖြစ်သော အခြေအနေမျိုးတွင်သာ ဤကဲ့သို့အခြေအနေမျိုးကို တွေ့မြင်နိုင်သည်။

သို့ရာတွင် ဤနေရာသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ လျှို့ဝှက်နယ်မြေပင်။

နတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်ခွင့်ရရှိသူများသည် ကျောင်းတော်၏ထိပ်တန်းပါရမီရှင် ကျောင်းတော်သားများဖြစ်သည်။တာယွီအင်ပါယာ၏ ကျောင်းတော်ငါးကျောင်းအနက်မှတစ်ကျောင်းဖြစ်သော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ဤကဲ့သို့သောအမှားမျိုးကိုပြုလုပ်မည်မဟုတ်ချေ။

လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကိုထုတ်လွှင့်ကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိလေဟာနယ်အက်ကွဲကြောင်းကို ပိတ်ဆို့ထားခြင်းအား သူ ခံစားမိသည်။

တစ်စုံတစ်ယောက်သည် သူ ကောင်းကင်ဘုံနယ်မြေသို့အပြန်လမ်းတွင် ဤနေရာသို့ရောက်ရှိသွားစေရန် ကူးပြောင်းရေးဝင်္ကပါကို ရွှေ့ပြောင်းထားခြင်းဖြစ်သည်။

ဤနေရာသည် ကွဲပြားခြားနားသော ကမ္ဘာလောကတစ်ခုနှင့်တူညီသည်။ဤလေဟာနယ်အက်ကွဲကြောင်းအတွင်းသို့သာ လူတချို့ကျရောက်သွားပါက သူတိုသည် ပျောက်ကွယ်သွားကာ အရိပ်အယောင်ပင်ကျန်ရှိတော့မည်မဟုတ်ချေ။

လုယွီက သူ၏အတွေးများကိုရှင်းထုတ်ကာ သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်၏။

သို့ရာတွင် ဤနေရာပတ်ဝန်းကျင်၌ မည်သည့်အရာမျှရှိမနေချေ။

စိတ်ဝိညာဥ်စွမ်းအားဖြစ်စေ မြေကြီးဖြစ်စေ မရှိသည့်အပြင် မည်သည့်သက်ရှိအရိပ်အယောင်မျှလည်းရှိမနေချေ။

ဤနေရာသည် အစစ်အမှန်လေဟာနယ်နယ်မြေတစ်ခုဖြစ်ကာ မည်သည့်အရာမျှမရှိပေ။

"ခင်ဗျားက ကျုပ်ကို ဒီနေရာမှာ လက်စဖျောက်ချင်တာလား"

အေးစက်စက်အလင်းရောင်တချို့က လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

သူ့အားသတ်ဖြတ်လိုသူ အမြောက်အများရှိသော်လည်း ကျောင်းတော်အတွင်း၌ ယခုကဲ့သို့ကိစ္စမျိုးကို လုပ်ဆောင်နိုင်သူမှာ ထျန်းပိုယန်တစ်ယောက်တည်းသာရှိသည်။

"အရင်တုန်းက ဒီလူနဲ့ငါကြားမှာ ဘာရန်ငြိုးရန်စမှမရှိဘူး...သူက ငါ့ကို မိုးကောင်းကင်ကျမ်းစာဆောင်ထဲကို လွတ်လွတ်လပ်လပ်ဝင်ထွက်ခွင့်တောင် ပေးခဲ့တယ်...သူက ငါ့ကို မျက်နှာသာပေးဖို့ ကြိုးစားခဲ့ပုံပဲ...ဒါပေမယ့် အခုကျတော့ သူက ငါ့ကိုသတ်ဖို့ တစ်ဆင့်ပြီးတစ်ဆင့် ကြံစည်နေတယ်...ဒါက ထျန်းယင်ကြောင့်တော့ မဖြစ်နိုင်ဘူး...သူက ထျန်းယင်ရဲ့ဦးလေးဖြစ်နေတော့ သူ့တူရဲ့အကျင့်စရိုက်ကို သူ့ရဲ့လက်ဖမိုးလိုသိနေမှာပဲ...သူ ငါ့ကို သတ်ဖို့ကြံစည်တာက တစ်ယောက်ယောက်ရဲ့အမိန့်ကြောင့်ပဲဖြစ်မယ်"

လုယွီက အချိန်တခဏကြာ တွေးတောပြီးနောက် ချက်ချင်းဆိုသလိုပင် သူ့အားရင်ဆိုင်ရန် ကြံရွယ်နေသည်ကို သိရှိသွားလေ၏။

မည်သည့်အရာမျှမရှိသော လေဟာနယ်နေရာသို့ ပို့ဆောင်လိုက်ခြင်းသည် သူ့အား သေခြင်းတရားနှင့်ရင်ဆိုင်ခိုင်းခြင်းပင်။

ဤနေရာသို့ ရောက်ရှိသွားသူများအဖို့ အသက်ရှင်သန်နိုင်သည့်တစ်ခုတည်းသောအခွင့်အရေးမှာ လေဟာနယ်အက်ကွဲကြောင်းကိုရှာဖွေ၍ ဖောက်ထွက်ရန်သာဖြစ်သည်။

သို့ရာတွင် ထျန်းပိုယန်သည် အလွန်စေ့စေ့စပ်စပ် တွေးတောထားပုံရသည်။လုယွီရှိနေသောနေရာ၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်အက်ကွဲကြောင်းမှာ လုံးလုံးလျားလျား ပျောက်ကွယ်နေလေ၏။

Chapter 2528

မှောင်မည်းသောလေဟာနယ်အတွင်း၌ လူအများအား တုန်လှုပ်ချောက်ချားမှုပေးစွမ်းနိုင်သော အငွေ့အသက်များရှိနေသည်။

သို့ရာတွင် လုယွီသည် ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။ထိုအစား လုယွီသည် ဤလေဟာနယ်နယ်မြေကို စတင်၍စူးစမ်းလေ့လာလိုက်၏။

အကယ်၍ တခြားကျင့်ကြံသူတစ်ယောက်သာ ဤနေရာသို့ရောက်ရှိလာပါက တဖြည်းဖြည်းနှင့် ဦးတည်ချက်လားရာအပေါ် သူ၏အာရုံခံနိုင်မှုပျောက်ဆုံးသွားကာ သူ၏စိတ်ဝိညာဥ်သည်လည်း မတည်မငြိမ်ဖြစ်လာပေမည်။ဤနေရာတွင် အချိန်အတိုင်းအတာတစ်ခုထိ နေထိုင်ပြီးသည်နှင့် လူအများစုသည် ပြိုလဲသွားနိုင်ချေရှိသည်။

"ဒီနည်းလမ်းက တကယ့်ကို ရက်စက်ကြမ်းကြုတ်တာပဲ...ဒါက ငါကို ရှင်းထုတ်ရုံမကဘူး ငါ ကောင်းကင်ဘုံနယ်မြေကို ပြန်မသွားနိုင်အောင် ကြံစည်ထားတာပဲ"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

အကယ်၍ သူသည် ဤနေရာရှိလေဟာနယ်ကို ဆွဲဖြဲလိုပါက အနည်းဆုံးအနေဖြင့် လေလွင့်အင်မော်တယ်ခွန်အားမျိုး အသုံးပြုရန်လိုအပ်ပေ၏။

တစ်ဖက်လူသည် လုယွီ ဤနယ်မြေအတွင်းမှ လွတ်မြောက်လာနိုင်မည်မဟုတ်ဟု အခိုင်အမာယုံကြည်ထားပုံဖြင့် ကူးပြောင်းရေးဝင်္ကပါတွင် ထောင်ချောက်တပ်ဆင်ထားခြင်းဖြစ်သည်။

"ဟီး ဟီး...လုယွီ...မင်း ဒီကံကြမ္မာဆိုးကနေ အကျိုးကျေးဇူးရနိုင်တယ်...တကယ်လို့ မင်း အဲ့ဒီအကျိုးကျေးဇူးရရင် ငါ့ကို တစ်ဝက်ခွဲပေးသင့်တယ်"

သိုလှောင်အိတ်အတွင်းမှမျောက်က အပြုံးနှင့်ပြောဆိုသည်။

လုယွီ၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။မျောက်သည် အကျိုးအမြတ်မရှိဘဲ နိုးထလာလေ့မရှိချေ။သူ ယခုထိုသို့ပြောဆိုသဖြင့် ဤနေရာတွင် ရတနာတစ်စုံတစ်ခုရှိနေနိုင်သည်။

"ငါ့ကို ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့....ဗြောင်ကျကျပြောစမ်း"

လုယွီက ပြောဆိုလိုက်၏။

မျောက်က အပြုံးနှင့် တုံ့ပြန်ပြောဆိုသည်။

"ငါက နတ်ဘုရားတွေနဲ့ပတ်သတ်တဲ့အရာတွေမှာ ထက်ရှတဲ့အာရုံခံနိုင်မှုရှိတယ်...အရင်ကတည်းက ငါ တွေးနေခဲ့မိတယ်...တကယ်လို့ ဟောင်တုနတ်ဘုရားမရဲ့စိတ်ဝိညာဥ်အမျှင်တန်းပဲဆိုရင်တောင် ဒီလိုနိမ့်ကျတဲ့နေရာမျိုးမှာ သူ့ကိုယ်သူ နစ်မြုတ်ထားမှာမဟုတ်ဘူး...သူ့မှာ အရန်အစီအစဥ်တစ်ခုရှိတယ်ဆိုတာ ငါ သိပြီးပြီ...ဒါက ဒီလေဟာနယ်နယ်မြေထဲမှာပဲ"

"မင်း ဆိုလိုချင်တာက...ငါ အရင်ကရခဲ့တဲ့ဟာတွေက ဟောင်တုနတ်ဘုရားမရဲ့ရတနာအားလုံး မဟုတ်ဘူးလား"

လုယွီက မေးမြန်းလိုက်၏။

မျောက်၏မျက်နှာပေါ်၌ ချက်ချင်းဆိုသလိုပင် အလေးအနက်ထားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ဟောင်တုနတ်ဘုရားမက ရှေးဟောင်းခေတ်ရဲ့အဆင့်မြင့်နတ်ဘုရားတစ်ပါးပဲ...ငါ မှန်းဆမိသလောက်တော့ ဒီနတ်ဘုရားကုန်းမြေက ဟောင်တုနတ်ဘုရားမကြောင့် ဖွံဖြိုးတိုးတက်လာကြောင့် သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဥ်အမျှင်တန်းကို ဒီနေရာမှာထားခဲ့တာပဲ"

လုယွီက မေးမြန်းသည်။

"ရှေးဟောင်းကောင်းကင်ဘုံနန်းတော်မှာ ဟောင်တုနတ်ဘုရားမရဲ့အဆင့်အတန်းက ဘယ်လောက်ထိမြင့်မားလဲ"

"သူက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်နဲ့ အတူတူပဲ"

လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ ဟောင်တုနတ်ဘုရားမ၏အရိပ်အယောင်ကိုပင် မမြင်ခဲ့ရသောအကြောင်းအရင်းကို ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။

ယခင်က အမတ်ကြီးချွယ်သည် သေလုမျောပါးအခြေအနေမျိုးသို့ ရောက်ရှိနေသော်လည်း သူ၏နံဘေးပတ်ဝန်းကျင်၌ အစွမ်းထက်ဆုံးအရှိန်အဝါများရှိနေဆဲပင်။ထိုအချိန်တုန်းက လုယွီသည် သူ၏စိတ်ဝိညာဥ် ရက်စက်ကြမ်းကြုတ်သောမှော်သားရဲကြီးတစ်ကောင်နှင့် ဆုံတွေ့ရသကဲ့သို့ ခံစားလိုက်ရသည်။တစ်ဖက်လူ၏အတွေးတစ်ချက်ဖြင့် သူ ပျောက်ကွယ်သွားပေမည်။

ဆန့်ကျင်ဘက်အနေဖြင့် မြေကမ္ဘာနတ်ဘုရားမ၏စိတ်ဝိညာဥ်အမျှင်တန်းသည် အနည်းငယ်ရယ်ရွှင်ဖွယ်ကောင်းနေသည်။လုယွီ ဒေါသတကြီးအော်ငေါက်လိုက်ရုံဖြင့် သူမ၏စိတ်ဝိညာဥ်တုန်ရီသွားကာ နတ်ဘုရားတစ်ယောက်၏အသွင်အပြင်မျိုး တစိုးတစိမျှပင် မရှိတော့ချေ။

"ရှေးဟောင်းကောင်းကင်ဘုံနန်းတော် ကြွေလွင့်သွားတဲ့အချိန်မှာ နတ်ဘုရားတွေလည်း ပျောက်ကွယ်သွားတယ်...အဲ့ဒီနတ်ဘုရားတွေချန်ခဲ့တဲ့ အကြွင်းအကျန်စိတ်ဝိညာဥ်အမျှင်တန်းတွေက ကိုယ်ပိုင်အသိဥာဏ်ရှိတဲ့ စိတ်ဝိညာဥ်သက်ရှိတွေအဖြစ် ပြောင်းလဲသွားတယ်...မင်း အရင်ကတွေ့ခဲ့တဲ့ မီးနတ်ဘုရားနဲ့တစ္ဆေဧကရာဇ်ရဲ့စွမ်းအားတွေကို ပြန်တွေးကြည့်လိုက်...သူတို့က စိတ်ဝိညာဥ်အမျှင်တန်းသက်သက်ပဲ...ဒါတောင်မှ သူတို့က အတိတ်မှာ အစစ်အမှန်အဆင့်မြင့်နတ်ဘုရားတွေ မဟုတ်ဘူး"

"ငါထင်တာတော့ ဒီစိတ်ဝိညာဥ်အမျှင်တန်းတွေက နတ်ဘုရားတွေရဲ့ရူးနှမ်းတဲ့အတွေးစကနေ ပေါက်ဖွားလာတာပဲဖြစ်မယ်...သူတို့မှာ သဘာဝအလျောက် အားသာချက်တွေရှိနေပေမယ့် သူတို့က ဒါကို အသုံးမချတက်ကြဘူး...သူတို့က မင်း ဖျက်ဆီးတာကိုခံရတာ အံ့အားသင့်စရာမရှိဘူး...သူတို့က သေဆုံးသွားကြပြီ...တကယ်လို့ သူတို့ပိုင်ဆိုင်တဲ့ရတနာတွေကို ယူဆောင်မယ့်သူ တစ်ယောက်မှမရှိဘူးဆိုရင်...ဒါက ဖြုန်းတီးတာပဲ"

မျောက်က သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ကာ စိတ်မရှည်ပုံဖြင့် ဆက်လက်ပြောဆိုသည်။

"​ဟောင်တုနတ်ဘုရားမက အစွမ်းထက်တဲ့ကျင့်ကြံသူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးချင်နေတဲ့အကြောင်းအရင်းက...သူ ဒီနေရာကို လာချင်လို့ဖြစ်နိုင်တယ်...ဒီနေရာရဲ့ လေဟာနယ်ဥပဒေသတွေက ဖရိုဖရဲဖြစ်နေတယ်...တကယ်လို့ ရုပ်ခန္ဓာကိုယ်အားနည်းတဲ့ ကျင့်ကြံသူတစ်ယောက်သာ ဒီနေရာကိုရောက်လာမယ်ဆိုရင် သူ သေဆုံးရမှာပဲ...သူက မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို အရမ်းသဘောကျနေတော့ မင်းကို သူ့ဆီရောက်လာအောင် ခေါ်ဆောင်ခဲ့တာပပဲ"

လုယွီက ပြောဆိုလေ၏။

"ဒါဆိုရင် သူ့ရဲ့ရတနာတွေအားလုံးကို ဒီနေရာမှာ ဝှက်ထားခဲ့တာလား...သူက မြေအောက်မှာပုန်းအောင်းနေပြီးတော့ သူ့ရဲ့ခွန်အားကို ပြန်ဖြည့်တင်းနေခဲ့တယ်...ဒါတွေအားလုံးက သူ ဒီနေရာကို လာဖို့အတွက်လား"

"အမှန်ပဲ...နောက်ထပ်မိုင်ရှစ်ဆယ်အကွာကို သွားကြရအောင်...အဲ့ဒီနေရာမှာ ရတနာတွေရဲ့အငွေ့အသက်ကို ငါ အာရုံခံမိတယ်"

မျောက်၏မျက်လုံးများ တောက်ပနေကာ အလွန်စိတ်လှုပ်ရှားနေသည်။

Chapter 2529

ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်း၌ အမှောင်ထုကြီးကသာ လွှမ်းခြုံထားသည်။နတ်ဘုရားစိတ်အာရုံဖြင့်ပင် မည်သည့်အရာကိုမျှ စုံစမ်းထောက်လှမ်း၍မရချေ။

ဤှသည်က သေဆုံးခြင်းနယ်မြေတစ်ခုနှင့် တူညီနေသော်လည်း မျောက်သည် သာမာန်ထက်သာလွန်ထူးကဲသောတစ်စုံတစ်ခုရှိနေခြင်းကို အာရုံခံမိသည်မှာ သိသာထင်ရှားလှ၏။

မျောက်သည် အကြောင်းပြချက်မရှိဘဲ မည်သည့်အရာကိုမျှ လုပ်ဆောင်လေ့မရှိကြောင်း လုယွီက ကောင်းစွာသိရှိထားသည်။ထို့ကြောင့် သူ့ရှေ့ရှိလေဟာနယ်အတွင်းသို့ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

သိုင်းပညာသူတော်စင်တစ်ယောက်၏ခွန်အားသည် လေဟာနယ်ကိုဆုတ်ဖြဲရန် လုံလောက်ပေ၏။

ရွှယ်အင်မော်တယ်များပင်လျှင် ဤနေရာသို့ရောက်ရှိလာပါက ပတ်ဝန်းကျင်ရှိလေဟာနယ်မှ သက်ရောက်မှုကို အတိုင်းအတာတစ်ခုထိ ခံရနိုင်သော်လည်း သိုင်းပညာသူတော်စင်များအတွက်မူ ပြဿနာတစ်ရပ်မဟုတ်ချေ။

ဘုန်း...

လေထုအတွင်း၌ ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးသွားသည်။

လုယွီ၏ရှေ့မှလေဟာနယ်သည် တည်ငြိမ်သောရေပြင်ပေါ်သို့ ခဲတစ်လုံးချလိုက်သည့်အလား လှိုင်းဂယက်များထသွားလေ၏။

ထို့နောက် လုယွီ၏ရှေ့တွင် နက်ရှိုင်းသောအက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

သူ့ရှေ့ရှိ အမှောင်ထုအတွင်း၌ ရုတ်တရက် အေးစက်စက်အလင်းရောင်တချို့ တောက်ပလာလေ၏။

ထိုအလင်းရောင်သည် တစတစပျံ့နှံ့သွားကာ ဆုတ်ဖြဲခံထားရသော အက်ကွဲကြောင်း ပြန့်ကားသွားပြီး လူတစ်ကိုယ်စာဝင်ဆန့်သော လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအရာအတွင်းမှနေ၍ အေးစက်စက်လေများ ထွက်ပေါ်လာကာ လုယွီ၏ခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံသွားသည်။လုယွီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ရာ ဤနေရာရှိစိတ်ဝိညာဥ်စွမ်းအင်များသည် ပြင်ပထက် များစွာပို၍ထူထပ်သိပ်သည်းနေကြောင်းကို အံ့အားသင့်ဖွယ် သိရှိလိုက်ရ၏။

သူ အတွင်းသို့ ခြေချလိုက်သည်နှင့် သူ၏အမြင်အာရုံ ရုတ်တရက် ကြည်လင်ပြတ်သားစပြုလာသည်။

ဤနေရာရှိလေဟာနယ်အတွင်း၌ ဘုရားကျောင်းတစ်ကျောင်းက မျောလွင့်နေသည်။ထိုဘုရားကျောင်းအားတည်ဆောက်ထားသောပုံစံမှာ အကြမ်းထည်ဆန်သော်လည်း အရှိန်အဝါနိမ့်ပါးခြင်းမရှိချေ။

ဘုရားကျောင်း၏နံရံများပေါ်တွင် အစက်အပြောင်များစွာရှိနေကာ အုတ်ချပ်တိုင်းအား ထူထပ်သောဖုန်မှုန့်များ ဖုံးလွှမ်းနေသဖြင့် အချိန်ကာလကြာမြင့်စွာတည်ရှိခဲ့သောအရာဖြစ်ကြောင်း ပြသနေသည်။

"ဒီနေရာက ဟောင်တုနတ်ဘုရားမရဲ့ဘုရားကျောင်းပဲဖြစ်မယ်....ဒီဘုရားကျောင်းမှာ ရှေ့ နောက် အလယ်ဆိုပြီးတော့ ခန်းမသုံးခုရှိတယ်...နတ်ဘုရားရဲ့မှော်ရတနာကို အလယ်ခန်းမမှာထားတယ်....ဒီမှော်ရတနာတွေကို များသောအားဖြင့်တော့ အရမ်းအစွမ်းထက်တဲ့အသေခံအစောင့်တွေ စောင့်ကြပ်တယ်...ငါတို့က အဲ့ဒီနေရာကိုသွားပြီးတော့ ဘာရတနာရှိနေလဲဆိုတာ သွားကြည့်ရအောင်"

မျောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် မျောက်နှင့် အချိန်အတော်ကြာရောထွေးနေခဲ့သည်မှာ သိသာထင်ရှားလှ၏။ထိုကောင်စုတ်လေးသည် သူ၏လက်နှစ်ဖက်ကို ဖြန့်ကား၍ စိတ်လှုပ်ရှားစွာ ပြောဆိုသည်။

"အဲ့ဒီရတနာတွေအကုန်လုံးကို ယူကြစို့...တစ်ခုမှ ချန်မထားနဲ့"

သိုလှောင်အိတ်အတွင်းရှိ ခရမ်းဝံပုလွေပေါက်လေးပင်လျှင် အကြိမ်ရေအနည်းငယ်ခန့် ဟိန်းဟောက်လိုက်သည်။

လုယွီ၏စိတ်အတွင်း၌ ထိုကိစ္စများကို မြင်ယောင်ထားပြီးလေပြီ။ထိုသေသင့်သောမျောက်စုတ်သည် အတိတ်တွင် ဆိုးရွားသောကိစ္စများကို ပြုလုပ်ခဲ့သည်မှာ သိသာထင်ရှားလှ၏။

"အထဲကိုဝင်ပြီး တစ်ချက်ကြည့်ကြစို့"

လုယွီက ရှေ့သို့ဆက်လက်၍လျှောက်လှမ်းလိုက်ကာ သူ၏နတ်ဘုရားစိတ်အာရုံကိုဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာဆန်းစစ်လိုက်သည်။

ဘုရားကျောင်း၏နံဘေးပတ်လည်ရှိနံရံများတွင် ဟောင်တုနတ်ဘုရားမ၏အောင်မြင်ခဲ့မှုများအကြောင်းကို ချီးမွမ်း၍ရေးဆွဲထားသော ဆေးရောင်စုံပန်းချီများရှိနေသည်။

ရှေးဟောင်းလူသားများသည် ဧကရာဇ်မင်း၏ဦးဆောင်မှုအောက်တွင် သတ္တဝါများကို ဟောင်တုနတ်ဘုရားမအတွက် ယဇ်ပူဇော်နေကြ၏။

တချို့ပန်းချီများအတွင်း၌ ဟောင်တုနတ်ဘုရားမက တိမ်များ၏အထက်၌ထိုင်ကာ ဟောပြောနေပုံကို ရေးဆွဲထားသည်။သူမ၏ဟောပြောမှုကို ရာနှင့်ချီသောအင်မော်တယ်များက ဒူးထောက်၍ နားထောင်နေကြသည်။

နံရံဆေးရေးပန်းချီတိုင်းသည် ကွက်ကွက်ကွင်းကွင်းရှိပြီး အသက်ဝင်ကာ ပန်းချီဆရာသည် ထိုမြင်ကွင်း၌ရှိနေပြီး ရေးဆွဲထားသကဲ့သို့ပင်။

အကယ်၍ အချိန်ကာလကြာရှည်စွာ ကုန်ဆုံးခဲ့ခြင်းကြောင့်သာမဟုတ်ပါက လုယွီသည် ဟောင်တုနတ်ဘုရားမ၏အသံကို သူ၏နားနှင့်ဆတ်ဆတ် ကြားနိုင်ပေမည်။

လုယွီက သူ၏လက်ကို နံရံဆေးရေးပန်းချီပေါ်သို့ တင်လိုက်၏။

အကယ်၍ သူသည် ဤနံရံများကို လေ့လာလိုပါက နံရံဆေးရေးပန်းချီကို မှော်ရတနာတစ်ခုကဲ့သို့ ယူဆနိုင်သည်။ဤနံရံဆေးရေးပန်းချီကို ရေးဆွဲခဲ့သူသည် ပန်းချီတာအို၌ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေလေပြီ။

လုယွီသည် ထိုနံရံဆေးရေးပန်းချီကို အချိန်အတော်ကြာ လေ့လာလိုက်သည်။သူ၏ပန်းချီတာအိုအပေါ် နားလည်သဘောပေါက်မှုသည် အဆင့်တစ်ဆင့်သို့ မြင့်တက်သွားလေ၏။

"ဒီနံရံဆေးရေးပန်းချီမှာ ထူးခြားချက်တစ်ခုခုတော့ ရှိနေသလိုပဲ"

လုယွီသည် ထိုပန်းချီများကို ကြည့်နေရင်းမှ တစ်စုံတစ်ခု ထူးဆန်းနေသကဲ့သို့ ခံစားရသည်။

ဤနံရံဆေးရေးပန်းချီပေါ်၌ တိမ်များအထက်၌ထိုင်နေသော ဟောင်တုနတ်ဘုရားမဖြစ်စေ သူမ၏ဟောပြောမှုကိုနားထောင်နေသော အင်မော်တယ်များဖြစ်စေ သူတို့အားလုံးထံတွင် မြင့်မြတ်သောအရှိန်အဝါများရှိနေကာ သူတို့၏မျက်နှာများပေါ်တွင် အပြုံးများရှိနေသည်။

ထိုအခြေအနေသည် အလွန်သဟဇာတဖြစ်နေကာ မြင့်မြတ်သောအရှိန်အဝါမျိုးနှင့်လွတ်လပ်သောခံစားချက်များဖြင့် ပြည့်နှက်နေပေ၏။

သို့ရာတွင် လုယွီသည် ဤပန်းချီကားအတွင်းရှိလူတိုင်းသည် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည့်အလား ခံစားချက်တစ်ခုကိုရရှိနေသည်။

အေးစက်စက်လေပြင်းတစ်ချက်က ဘုရားကျောင်း၏နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်သော်လည်း ဤနေရာ၌ ကြာရှည်ဆက်၍မနေတော့ချေ။သူက ဘုရားကျောင်း၏အတွင်းဘက်သို့ ဆက်လက်၍ လျှောက်လှမ်းဝင်လိုက်၏။

Chapter 2530

ဘုရားကျောင်းအတွင်းရှိလမ်းကြောင်းသည် အလွန်အမင်း အေးစက်ပေ၏။

ဤနေရာသည် အမှောင်ထုအတွင်း၌ ချိပ်ပိတ်ခံထားရသည်မှာ အချိန်မည်မျှကြာမြင့်နေပြီဖြစ်ကြောင်း မည်သူမျှမသိနိုင်ချေ။ပတ်ဝန်းကျင်ရှိအရာရာတိုင်းကို တိတ်ဆိတ်ငြိမ်သက်ခြင်းက လွှမ်းခြုံထားသည်။

"ငါက ဒီရတနာတွေရဲ့အရှိန်အဝါကို အာရုံခံမိတယ်...ဒီတစ်ကြိမ်တော့ မင်း ငါ့ကို ခွဲပေးသင့်တယ်"

မျောက်၏ခေါင်းအတွင်း၌ ရတနာများကိုရယူလိုသောစိတ်က ကြီးစိုးနေသည်။

လုယွီက စကားတုံ့ပြန်ပြောဆိုခြင်းမပြုချေ။သူကဘုရားကျောင်း၏အတွင်းပိုင်းသို့ ခြေလှမ်းတစ်လှမ်းခြင်း နင်းလျှောက်၍ဝင်လိုက်၏။

လုယွီသည် လမ်းလျှောက်နေစဥ်တွင် ပတ်ဝန်းကျင်ကိုလည်း အဆက်မပြတ်လေ့လာဆန်းစစ်နေသည်။ဤဘုရားကျောင်းသည် ရှေးဟောင်းခေတ်မှဆင်းသက်လာခြင်းမှာ သိသာထင်ရှားသည်။

တချို့အရာများသည် ကြားရသည်ထက် မြင်ရသည်က ပို၍သာလွန်သည်။လုယွီသည် ရှေးဟောင်းစာပေများအတွင်း၌ နတ်ဘုရားများ၏ဘုရားကျောင်းများအကြောင်းကို ဖတ်ရှုခဲ့ဖူးသည်။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သူ ဤဘုရားကျောင်းကို မမြင်တွေ့မိချေ။

ယနေ့ သူ ထိုအရာအားမြင်တွေ့လိုက်ချိန်တွင် သူ၏စိတ်အတွင်းရှိ ကိစ္စအများစုကို အတည်ပြုနိုင်ခဲ့ကာ သူ၏ကျင့်ကြံမှုအတွက် ပို၍တက်ကြွလာသည်။

ကျင့်ကြံခြင်းတွင် ကျင့်ကြံခြင်းနယ်ပယ်မြှင့်တင်နိုင်ရန်သာမက အသိပညာဗဟုသုတနှင့်အတွေ့အကြုံလည်းကြွယ်ဝရန်လိုအပ်သည်။ထိပ်တန်းမိသားစုကြီးမှမျိုးဆက်သစ်လူငယ်များသည် သတ်မှတ်ထားသော အသက်အရွယ်သို့ရောက်ချိန်တွင် လေ့ကျင့်ရန်အတွက် ပြင်ပသို့ထွက်ခွါရလေ၏။သူတို့သည် အသိပညာနှင့်အတွေ့အကြုံများ ရရှိစေရန် လောကကြီးတခွင်၌ လှည့်လည်သွားလာ၍ စူးစမ်းရှာဖွေရသည်။

"ဟောင်တုနတ်ဘုရားမက ရှေးဟောင်းခေတ်မှာတုန်းက ဘယ်လိုနတ်ဘုရားမျိုးလဲ"

လုယွီက မေးမြန်းသည်။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာနှင့် အမတ်ကြီးချွယ်၏မှတ်ဥာဏ်များအတွင်း၌ပင် ဟောင်တုနတ်ဘုရားနှင့်ပတ်သတ်၍ မည်သည့်အရိပ်အယောင်မျှရှိမနေချေ။

မျောက်က ဟောင်တုနတ်ဘုရားမသည် အဆင့်မြင့်နတ်ဘုရားတစ်ပါးဟု ပြောဆိုခဲ့လေ၏။သူမသည် မီးနတ်ဘုရား တစ္ဆေဧကရာဇ်တို့ထက်ပင် အဆင့်အတန်းမြင့်မားလေရာ ဂုဏ်သတင်းအရာ၌ ပို၍လူသိများကျော်ကြားသင့်သည်။

မျောက်သည် အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"သူက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်...ငါက သူ့ကို အကြိမ်နည်းနည်းလောက်တွေ့ဖူးပေမယ့် သူ့ကို အစစ်အမှန်လို့ ငါ မခံစားရဘူး"

"သူက အရမ်းအစွမ်းထက်တယ်ဆိုတာကိုပဲ ငါသိတယ်...မီးနတ်ဘုရားတောင်မှ သူ့ကို မယှဥ်ပြိုင်ဝံ့ဘူး....ပြင်ပလောကကလူတွေကြားမှာ ကောင်းကင်နဲ့မြေပြင်ကို ဝတ်ပြုကိုးကွယ်ကြတဲ့သူတွေရှိတယ်...ဟောင်တုနတ်ဘုရားမက မြေနတ်ဘုရားပဲ"

လုယွီသည် အတွေးများအတွင်း၌ နစ်မြောနေသကဲ့သို့ဖြစ်နေသည်ကိုကြည့်ပြီး မျောက်က ဆက်လက်၍ ပြောဆိုလိုက်၏။

"ဒါပေမယ့် မင်း ဘာမှ စိုးရိမ်ပူပန်စရာမလိုအပ်ဘူး...ရှေးဟောင်းခေတ်က နတ်ဘုရားတွေအားလုံး အခြေခံအားဖြင့်တော့ သေသွားကြပြီ...ဟောင်တုနတ်ဘုရားမ ဘယ်လောက်ပဲအစွမ်းထက်ခဲ့ပါစေ...အများဆုံးအနေနဲ့ သူ့ရဲ့စိတ်ဝိညာဥ်အမျှင်တန်းကိုပဲ ချန်ထားနိုင်ခဲ့မှာ...သူ အသက်ရှင်သန်နိုင်မှာမဟုတ်ဘူး"

လုယွီက ခေါင်းညိတ်ပြကာ ဘုရားကျောင်း၏အတွင်းပိုင်းသို့ ဆက်လက်၍ဝင်လိုက်သည်။

အလယ်ခန်းမအတွင်း၌....

ခန်းမ၏အလယ်ဗဟိုတွင် ကြီးမားသောနတ်ဘုရားရုပ်ထုကြီးကို စိုက်ထူထားသည်။

ဤရုပ်ထုသည် နတ်ဘုရားကုန်းမြေရှိဘုရားကျောင်းအတွင်းတွင်ရှိနေသောအရာနှင့် တူညီသည်။သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်မှနေ၍ ထိုရုပ်ထုကို အနီးကပ်ကြည့်ရှုပါက ယခင်ကမြင်ခဲ့သောအရာထက် ပို၍ထင်ရှားပြတ်သားသည်ကို တွေ့မြင်ရပေမည်။

နှစ်ပေါင်းများစွာကုန်လွန်ခဲ့ပြီးနောက် ရုပ်ထုကြီးတစ်ခုလုံးတွင် ဖုန်မှုန့်များလွှမ်းခြုံနေသည့်တိုင် ထိုအရာ၏အရှိန်အဝါများ ပြောင်းလဲသွားခြင်းမရှိချေ။

"အချိန်တွေက ကြာခဲ့ပြီ...အတိတ်တုန်းက ငါ သူ့ကိုမြင်ခဲ့တဲ့အချိန်မှာ....ထားလိုက်တော့...ဒီလောက်ထိအများကြီး ဘာလို့တွေးတောနေဦးမှာလဲ...ပိုပြီးအရေးကြီးတာက ရတနာတွေကို ရယူနိုင်ဖို့ပဲ"

မျောက်က ရုတ်တရက် သိုလှောင်အိတ်အတွင်းမှနေ၍ သူ၏အသံကို ထုတ်လွှတ်လိုက်၏။သူသည် မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆိုနေပုံရကာ သူ၏စကားလုံးများသည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပလောင်ကျွမ်းနေသည်။

ဤသည်က သီချင်းတစ်ပုဒ်သီဆိုသည်နှင့်တူညီကာ သံစဥ်သည် နူးညံ့ညင်သာပြီးရှည်လျားသည်။တချို့သံစဥ်များသည် ရှေ့နောက်ထပ်ခါထပ်ခါကျော့နေကာ မြင့်မြတ်သောခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

ဘုရားကျောင်းအတွင်းရှိ နေရာအသီးသီး၌ တိုက်ခတ်နေသောလေများသည် တဖြည်းဖြည်း ဤနေရာ၌ စုဝေးလာပေ၏။

လုယွီက သူ၏နံဘေးပတ်ဝန်းကျင်မှ စိတ်ဝိညာဥ်စွမ်းအင်များသည် အချိန်နှင့်အမျှ ပို၍ပို၍ပေါကြွယ်ဝလာခြင်းကို ရုတ်တရက် သိရှိလိုက်သည်။

"နတ်ဘုရားဆင့်ခေါ်ခြင်းတေးသွားလား"

လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။

ထိုအချိန်တုန်းက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ရှိနေစဥ်တွင် လုယွီသည် နေ့စဥ်နေ့တိုင်း ထောင်နှင့်ချီသော ရှေးဟောင်းစာအုပ်များကို ဖတ်ရှုခဲ့သည်။ထို့ကြောင့် သူသည် နတ်ဘုရားဆင့်ခေါ်ခြင်းတေးသွား၏တည်ရှိမှုအကြောင်းကို ကောင်းစွာသိရှိပေ၏။

ဤသည်က ရှေးခေတ်မှလူများ နတ်ဘုရားများကို ပူဇော်ပသရာ၌ သီဆိုသောတေးသွားပင်။

ကောလဟာလများအရ ထိုနတ်ဘုရားဆင့်ခေါ်တေးသွားကို သီဆိုလိုက်စဥ်တွင် အထက်ကိုးကောင်းကင်ဘုံအထိ ပျံ့နှံ့သွားကာ နတ်ဘုရားများ၏နားအတွင်း၌ ကြားနေရသည်ဟု ဆိုကြ၏။

ဤနည်းလမ်းဖြင့် အချိန်အများစုတွင် နတ်ဘုရားများသည် သူတို့အားသက်ဝင်ယုံကြည်သူများထံမှ ဆင့်ခေါ်သံကိုကြားချိန်တွင် သေမျိုးလောကသို့ ဆင်းသက်လာရသည်။

မျောက်၏အသံ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်နှင့်အတူ ခန်းမအတွင်းမှနေ၍ ရုတ်တရက် ကျယ်လောင်သောပေါက်ကွဲသံကြီး မြည်ဟီးလာသည်။

ထို့နောက် ဟောင်တုနတ်ဘုရားမရုပ်ထု၏ရှေ့မှနေ၍ အလင်းလုံးများရုတ်တရက် မျောလွင့်လာကာ ခန်းမတစ်ခုလုံးကို အလင်းတန်းများလွှမ်းခြုံသွားသည်။

All Chapters