← Chapters

အခန်း (၂၅၃၆-၂၅၄၀)

Vol. 130 Ch. 2536-2540

အခန်း (၂၅၃၆-၂၅၄၀)

Vol. 130 Ch. 2536-2540

Chapter 2536

ရှေးဟောင်းသိုင်းပညာသူတော်စင်တစ်ယောက်၏ခွန်အားသည် စကားအရာသက်သက်မဟုတ်ချေ။

တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီး ရှဖုန်းကဲ့သို့ ရွှယ်အင်မော်တယ်တစ်ယောက်ပင်လျှင် လုယွီအား အချိန်တိုအတွင်း သတ်ဖြတ်နိုင်မည်မဟုတ်ချေ။

ခွန်အားအရာသက်သက်ဆိုပါက လုယွီသည် အလယ်အလတ်အဆင့်ရွှယ်အင်မော်တယ်တစ်ယောက်နှင့် ကောင်းစွာယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်။

သူ၏လက်သီးဖြင့် ဆုတ်ဖြဲလိုက်သော အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိလေဟာနယ် ပြင်းပြင်းထန်ထန်တွန့်ခေါက်သွားကာ နက်ရှိုင်းသောလေဟာနယ်အက်ကွဲကြောင်းတစ်ခုက လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။

ထျန်းပိုယန်သည် လှည့်ကွက်တစ်ခုကိုအသုံးပြု၍ လုယွီကို ဤလေဟာနယ်နယ်မြေအတွင်းသို့ ပို့ဆောင်ခဲ့သည်။သို့ရာတွင် လုယွီထံတွင် ရွှယ်အင်မော်တယ်တစ်ယောက်၏ခွန်အားမျိုး ရှိနေမည်ဟု သူ မျှော်လင့်ထားမိမည်မဟုတ်ချေ။

ဤခွန်အားမျိုးသာ ရုတ်တရက်ပွင့်အံ့ထွက်လာပါက လုယွီသည် လေဟာနယ်နယ်မြေအတွင်းမှနေ၍ ထွက်ခွါသွားနိုင်စွမ်းရှိသည်။

လုယွီ၏လှုပ်ရှားမှုသည် လျှင်မြန်သော်လည်း နတ်ဆိုးစိတ်ဝိညာဥ်၏အရှိန်နှုန်းက သူ့ထက်ပို၍ လျှင်မြန်နေသည်။

နတ်ဆိုးစိတ်ဝိညာဥ် ချဥ်းကပ်လာစဥ်တွင် လုယွီသည် ကြီးကျယ်ခမ်းနားသောနတ်ဘုရားတစ်ပါး သူ့ရှေ့၌ထွက်ပေါ်လာသကဲ့သို့ ခံစားမိလေ၏။ထိုနတ်ဘုရားသည် ရုတ်တရက်ရောက်ရှိလာကာ သူ၏ရှေ့၌ မတ်တတ်ရပ်နေသောမည်သူမဆို သူ့အားဦးညွှတ်ဝပ်တွားလိုစိတ်ကို ပေါက်ဖွားစေသည်။

ရလဒ်အနေဖြင့် လုယွီသည် သူ၏သွေးမျိုးဆက်ကိုပင် ဖိနှိပ်ခံရသကဲ့သို့ ခံစားချက်တစ်ခုရရှိနေသည်။

ဟောင်တုနတ်ဘုရားမသည် နတ်ဘုရားကိုဆန့်ကျင်၍ နတ်ဆိုးဖြစ်လာသည့်တိုင် မြင့်မားသောအဆင့်အတန်းမျိုးရှိနေဆဲပင်။

အကယ်၍ တစ်ဖက်ရန်သူသည် လှုပ်ရှားခြင်းမပြုလျှင်ပင် လူသားတစ်ယောက်ဖြစ်သော လုယွီသည် ဦးညွှတ်ဝပ်တွား၍ ရှုံးနိမ့်ကြောင်း ဝန်ခံရပေမည်။

ဤှသည်က အဆင့်အတန်းကွာဟချက်ပင်။

လူသားမျိုးနွယ်အတွင်း၌ အရေအတွက်များစွာရှိသော်လည်း မဟာမိုးကောင်းကင်ရွှေအင်မော်တယ်အဆင့်ထိ ကျင့်ကြံထားသူများသာ ထိုနတ်ဘုရားများနှင့် ခြေရာခြင်းတိုင်းနိုင်သည်။

ဤသည်က ရှေးဟောင်းကောင်းကင်ဘုံနယ်မြေအတွင်းတွင်လည်း တူညီသောကိစ္စဖြစ်သည်။ထိုနယ်မြေအတွင်း၌ အင်မော်တယ်များနှင့်နတ်ဘုရားများ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေကြသော်လည်း မြောက်မြားစွာသော မိုးကောင်းကင်ဥပဒေသများက သူတို့အား ချည်နှောင်ထားကာ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကန့်သတ်ထားသည်။

အဆင့်နိမ့်အင်မော်တယ်တစ်ယောက်သည် အဆင့်မြင့်နတ်ဘုရားတစ်ပါးနှင့် တစိုးတစိမျှပင် အဆင့်အတန်းခြင်း မတူညီချေ။

အဆင့်အတန်းခွဲခြားသတ်မှတ်ချက်အရ လုယွီထံတွင် လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်နှင့် သိုင်းပညာသူတော်စင်ဟူသော အဆင့်အတန်းနှစ်ခုရှိနေသည်။အကယ်၍ ထိုအဆင့်အတန်းနှစ်ခုကို အတူတကွပေါင်းထည့်လိုက်လျှင်ပင် အဆင့်မြင့်နတ်ဘုရားတစ်ပါးကို ယှဥ်ပြိုင်နိုင်ရန်မှာ မဖြစ်နိုင်ချေ။

"ငါက သူ့ရဲ့အရှိန်အဝါနဲ့ဖိနှိပ်တာကို ခံယူလို့မဖြစ်ဘူး...ငါ အရေးနိမ့်သွားလိမ့်မယ်...တကယ်လို့ ငါ့ကိုသာ လုံးလုံးလျားလျား ဖိနှိပ်ခံရရင် ငါက အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်"

လုယွီက အသိဝင်လာခဲ့သည်။

သူသည် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူတစ်ယောက်ပင်။အကြည့်တစ်ချက်ဖြင့်ပင် သူ အနိုင်ရရှိနိုင်သောသော့ချက်ကို တွေးတောမိသွားလေ၏။

"မင်းက ငါ့ကို အရှိန်အဝါနဲ့ ဖိနှိပ်ချင်တာလား...မင်းက အဆင့်မြင့်နတ်ဘုရားဖြစ်နေရင်တောင် ငါ မင်းကို မကြောက်ဘူး"

သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းရှိ မဟာတာအိုဂိတ်တံခါးရှေ့မှ ပလ္လင်ကြီး ရုတ်တရက်တုန်ခါသွားသည်။

ထိုပလ္လင်မှနေ၍ ပေတစ်သောင်းကျော်ရှည်လျားသော အင်မော်တယ်ချီလှိုင်းများ ထွက်ပေါ်လာကာ မဟာတာအိုစာလုံးများက နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားသည်။

နောက်ထပ်အချိန်အခိုက်အတန့်အတွင်းတွင် လုယွီ၏အရှိန်အဝါသည် အိပ်မောကျနေသောဧကရာဇ်တစ်ပါး ရန်စခံရသဖြင့် နိုးထလာသကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားလေ၏။

ကောင်းကင်ဘုံဧကရာဇ်၏အမွေအနှစ်....

ဤအချိန်တခဏတွင် လုယွီသည် သူ၏အစွမ်းထက်ဆုံးနည်းစနစ်ကို အသုံးပြုလိုက်ခြင်းပင်။

ကောင်းကင်ဘုံနယ်မြေအတွင်းရှိ တိုက်ပွဲများအတွင်းတွင်ပင် လုယွီသည် ထိုအမွေအနှစ်ကို အသုံးမပြုခဲ့ချေ။

သူသည် ရှုရာများနှင့်တိုက်ခိုက်ခဲ့သော ပြင်းထန်သည့်တိုက်ပွဲအတွင်း၌ ရှုရာဧကရာဇ်များနှင့်တိုက်ခိုက်ခဲ့ရသည့်အပြင် ရှုရာနတ်ဘုရား၏လိုက်လံဖမ်းဆီးခြင်းခံခဲ့ရသောကိစ္စ ရှောင်အိမ်တော်အတွင်း၌အစွမ်းထက်ကျင့်ကြံသူများ၏ ဝိုင်းရံဖမ်းဆီးခြင်းခံရသော ကိစ္စတို့တွင်ပင် ဤအမွှေအနှစ်ကို ထုတ်ဖော်အသုံးမပြုခဲ့ချေ။

ကောင်းကင်ဘုံဧကရာဇ်၏အမွေအနှစ်ဆိုသည်မှာ တာအိုသခင်များပင်လျှင် အလွန်အမင်းလိုချင်တပ်မက်သောအရာပင်။

သို့ရာတွင် ဤလေဟာနယ်နယ်မြေအတွင်း၌ လုယွီသည် များစွာဂရုစိုက်နေခြင်းမရှိချေ။

ပလ္လင်၏ဘေး၌ အစိမ်းရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသော ဓားရှည်တစ်လက်ရှိနေသည်။ထိုအလင်းတန်းသည် လင်းတစ်လှည့် မှိန်တစ်လှည့်ဖြင့် အဆက်မပြတ်တောက်ပနေကာ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရောယှက်နေသည်။

ဤသည်က ထိုက်အမ်းဓားပင်။

ထိုဓားသည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏ဧကရာဇ်မင်း ကိုင်ဆောင်ခဲ့သော ဧကရာဇ်အဆင့်မှော်လက်နက်ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ လုယွီသည် ထိုဓားကိုရရှိကာ သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ သိုဝှက်ထားခဲ့သည်။

အား...

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် အစွမ်းထက်သော ဧကရာဇ်အဆင့်မှော်လက်နက်မှလာသော ခြိမ်းခြောက်နိုင်မှုကို ခံစားမိလေ၏။သူ၏ခေါင်းလေးကိုဝှက်၍ ဝံပုလွေပေါက်လေးနှင့်အတူရောထွေးကာ သိုလှောင်အိတ်၏ထောင့်တစ်နေရာတွင် ပုန်းအောင်းနေလေသည်။

သူ့ကဲ့သို့ အသစ်တဖန်မွေးဖွားလာသော လက်နက်စိတ်ဝိညာဥ်မဆိုထားနှင့် အကယ်၍ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် အထွတ်အထိပ်အခြေအနေမျိုး၌ ရှိနေလျှင်ပင် ထိုက်အမ်းဓားကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

မျောက်သည် ထိုအရှိန်အဝါကို အာရုံခံမိချိန်တွင် သူ၏မျက်နှာအမူအယာ သိသိသာသာ ပြောင်းလဲသွားသည်။

"ထူးဆန်းတယ်...ထူးဆန်းတယ်...ဖြစ်နိုင်တာတော့ ဒီကောင်လေးက မိုးကောင်းကင်ကံကြမ္မာရဲ့သားတော်များလား...ထိုက်အမ်းဓားတောင် သူ့ဆီမှာရှိနေတယ်"

မျောက်က တုန်လှုပ်ချောက်ချားစွာ ရေရွတ်လိုက်၏။

Chapter 2537

လုယွီထံမှ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို အာရုံခံမိပုံဖြင့် နတ်ဆိုးစိတ်ဝိညာဥ်က နေရာမှာပင် ရပ်တန့်လိုက်သည်။

သူမသည် လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်နေသော်လည်း ရှေ့သို့ခြေတစ်လှမ်းတိုးလာဝံ့ခြင်း မရှိချေ။

ထိုမြင်ကွင်းကိုကြည့်ပြီး မျောက်သည် အလွန်ပျော်ရွှင်ဝမ်းမြောက်သွားလေ၏။

"ကောင်လေး မင်းက တကယ့်ကိုကံကောင်းတာပဲ...ပြန်တွေးကြည့်ရင် ဟောင်တုနတ်ဘုရားမက ကောင်းကင်ဘုံဧကရာဇ်ရဲ့လက်အောက်ငယ်သားတစ်ယောက်...မင်းဆီမှာ ထိုက်အမ်းဓားရှိနေမှတော့ သူက စိုးရိမ်ပူပန်နေမှာပဲ...သူက အခုမှအသိဥာဏ် ဖွံဖြိုးစဆိုတော့ အချိန်ခဏလောက် သူ့ကိုလှည့်စားထားလို့ရတယ်"

မျှော်လင့်ထားသကဲ့သို့ပင် မျောက် ပြောဆိုသည့်အတိုင်း ဖြစ်လာခဲ့သည်။

ယခင်က အလွန်ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးစိတ်ဝိညာဥ်သည် ကြွက်တစ်ကောင်မှ ကြောင်တစ်ကောင်ကိုတွေ့လိုက်သည့်အလား မောက်မာဝံ့ကြွားသောအရှိန်အဝါမျိုး မရှိတော့ချေ။

လုယွီသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ လေဟာနယ်အက်ကွဲကြောင်းအတွင်းသို့ ခုန်ဝင်လိုက်၏။သူ အက်ကွဲကြောင်းအတွင်းသို့ ခြေချလိုက်စဥ်မှာပင် နတ်ဆိုးစိတ်ဝိညာဥ်၏မျက်လုံးမှ ရုတ်တရက် အနီရောင်အလင်းတန်းများ တောက်ပသွားသည်။

လုယွီသည် ကောင်းကင်ဘုံဧကရာဇ်မဟုတ်ကြောင်း သူမ သိရှိသွားလေပြီ။

လှည့်စားခံရသောခံစားချက်မျိုးက နတ်ဆိုးစိတ်ဝိညာဥ်၏စိတ်နှလုံးသားအတွင်း၌ ပြည့်နှက်နေသည်။နတ်ဆိုးစိတ်ဝိညာဥ်သည် ရုတ်တရက် ဒေါသူပုန်ထလာကာ လုယွီထံဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဝီ...ဝီ...ဝီ...

ထိုလက်သီးချက်အောက်ရှိလေဟာနယ် ချက်ချင်းဆိုသလိုပင် ပြိုလဲသွားသည်။ထိုလက်သီးအားလှိုင်း ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် လေဟာနယ်အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေ၏။လေဟာနယ်ဥပဒေသပင်လျှင် ထိုလက်သီးချက်၏အောက်၌ တစတစ ပြိုလဲပျက်စီးနေသည်။

လေဟာနယ်၏ဆွဲအားသည် နတ်ဆိုးစိတ်ဝိညာဥ်၏လက်သီးတစ်ချက်ကို တောင့်ခံနိုင်ခြင်းမရှိချေ။

ဤကဲ့သို့တုန်လှုပ်ချောက်ချားဖွယ် စွမ်းအားမျိုးကို ရှေးဟောင်းအချိန်ကာလအတွင်းမှ အစွမ်းထက်အင်မော်တယ်များသာ ထုတ်ဖော်အသုံးပြုနိုင်ပေမည်။

ချိပ်ပိတ်စမ်း...

လုယွီသည် သူ၏လက်ကို လေဟာနယ်အက်ကွဲကြောင်းပေါ်သို့တင်၍ သူ၏ကိုယ်ပိုင်ခွန်အားကိုအသုံးပြုကာ ပိတ်ဆို့လိုက်၏။

ရုတ်ချည်းဆိုသလိုပင် ကြီးမားသောလေဟာနယ်အက်ကွဲကြောင်းကြီးသည် ပိတ်ဆို့သွားကာ ယခင်ကမရှိခဲ့သည့်အလား မူလအတိုင်း ပြန်ဖြစ်သွားသည်။

သို့ရာတွင် ထိုလက်သီးအားလှိုင်း၏အရှိန်မှာ အလွန်အမင်းလျှင်မြန်သည်။လုယွီသည် ထိုလေဟာနယ်အက်ကွဲကြောင်းကို အချိန်မီချိပ်ပိတ်ခဲ့သည့်တိုင် လက်သီးအားလှိုင်း၏တစ်ဆယ်ရာခိုင်နှုန်းခန့်က သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

ဘန်း...

လုယွီ၏အစိမ်းရောင်ဝတ်စုံ ချက်ချင်းဆိုသလိုပင် ကြေမွှပျက်စီးသွားသည်။ထိုလက်သီးချက်မှ တလိမ့်လိမ့်ထနေသော အားလှိုင်းများသည် သူ့အား လုံးလုံးလျားလျား ချေမွှပစ်ချင်နေသည့်အလား သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအတွင်းသို့ တန်းတန်းမတ်မတ် တိုးဝင်လာပေ၏။

သိုင်းပညာသူတော်စင်တစ်ယောက်၏ အစစ်အမှန်ချီများက ထိုလက်သီးအားလှိုင်းကို ခုခံလိုက်သည်။လုယွီ၏ချီစွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်း၌ အဆက်မပြတ်လှည့်ပတ်ကာ ထိုလက်သီးအားလှိုင်းကို အားပျော့သွားစေရန် လုပ်ဆောင်ခဲ့သည်။

ချီစွမ်းအားများကို လေးဆယ့်ကိုးကြိမ်လှည့်ပတ်ပြီးနောက် လုယွီက သူ၏မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။သူ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြတ်ပြေးနေလေ၏။

အစောပိုင်းက ဆယ်ရာခိုင်နှုန်းသာကျန်ရှိသော လက်သီးအားလှိုင်းသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကိုသတ်ဖြတ်ရန် လုံလောက်သည်။

အကယ်၍ လုယွီထံတွင် အလွန်သန်မာအားကောင်းသော ရုပ်ခန္ဓာကိုယ်သာရှိမနေပါက သူသည် လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်လျှင်ပင် ထိုလက်သီးချက်၏အောက်၌ သေဆုံးသွားပေမည်။

ကံကောင်းထောက်မစွာဖြင့် လုယွီထံတွင် ရှေးဟောင်းခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်သုံးမျိုးရှိနေခြင်းကြောင့် ထိုလက်သီးအားလှိုင်းကို တောင့်ခံနိုင်ခဲ့သည်။

လေဟာနယ်အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် လုယွီက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာ တခြားကမ္ဘာလောကတစ်ခုအတွင်းသို့ သူ ရောက်ရှိနေကြောင်း သိရှိလိုက်ရ၏။

သို့ရာတွင် ဤနေရာတွင် မည်သည့်သက်ရှိလူသားအရိပ်အယောင်မျှ ရှိမနေဘဲ သူနှင့်မလှမ်းမကမ်းအကွာအဝေး၌ ရှေ့နောက်လှုပ်ယမ်းနေသော ပုံရိပ်တချို့သာရှိနေကြောင်း မြင်တွေ့မိသည်။

ဤကမ္ဘာလောကအတွင်းတွင် ကျင့်ကြံသူများသည် သူတို့အတွက်လိုအပ်သော စိတ်ဝိညာဥ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းနိုင်မည်မဟုတ်ချေ။ဤနေရာသို့ရောက်ရှိလာသော ကျင့်ကြံသူအများစုသည် သူတို့၏စိတ်ဝိညာဥ်စွမ်းအားများ ကုန်ခမ်းသွားသဖြင့် စိတ်ဓာတ်ကျဆင်းသွားခြင်းကြောင့်ဖြစ်စေ ဤကမ္ဘာလောကအတွင်းမှသက်ရှိသတ္တဝါများ၏သတ်ဖြတ်ခံရမှုကြောင့်ဖြစ်စေ သေဆုံးသွားရပေမည်။

သို့ရာတွင် လုယွီကမူ ထိတ်ထိတ်ပျာပျာ ထိတ်လန့်ကြောက်ရွံသွားခြင်းမရှိချေ။

အတိတ်ဘဝတွင် သူသည် မရေမတွက်နိုင်သောတိုက်ပွဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကာ ​လေဟာနယ်အက်ကွဲကြောင်းများမှ ထွက်ပြေးလွတ်မြောက်လာခဲ့သော အကြိမ်ရေအမြောက်အများရှိနေလေ၏။သူသည် ဤကဲ့သို့ထူးဆန်းသော ကမ္ဘာလောကမျိုးကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးလေပြီ။

ဤနေရာသို့ရောက်ရှိလာပါက ပြင်ပသို့ထွက်နိုင်ရန် ခက်ခဲသော်လည်း လုယွီထံတွင် နည်းလမ်းတစ်ခုရှိနေဆဲပင်။

အဝေးတစ်နေရာမှနေ၍ အနက်ရောင်ပုံရိပ်များက လုယွီထံသို့ တိုးဝင်လာသည်။

ထိုအရာများသည် ဤထူးဆန်းသောကမ္ဘာလောကအတွင်း၌ ခိုအောင်းနေသော သက်ရှိများပင်။ထိုသက်ရှိများသည် ဥာဏ်ရည်ဥာဏ်သွေး မြင့်မားခြင်းမရှိသော်လည်း အတော်အသင့် လျှို့ဝှက်ဆန်းကြယ်သည်။ထိုသက်ရှိအများစုသည် မောက်မာဝံ့ကြွားကာ ဤနေရာသို့ကျူးကျော်ဝင်ရောက်လာသော မည်သူ့ကိုမဆို တိုက်ခိုက်ကြလေ၏။

လုယွီက ထိုသက်ရှိများကိုတစ်ချက်ကြည့်ကာ ပြောဆိုလိုက်သည်။

"ထွက်သွားကြစမ်း"

ထိုသက်ရှိများ၏ခန္ဓာကိုယ်များ တုန်ရီသွားကာ နောက်သို့အလျှင်အမြန် ဆုတ်လိုက်ကြပြီး လုယွီအနီးသို့ မချဥ်းကပ်ဝံ့တော့ချေ။

"ငါ ဒီနေရာမှာ အချိန်ခဏလောက် အင်အားဖြည့်တင်းပြီးမှ ကျောင်းတော်ကိုပြန်ရမယ်"

လုယွီသည် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် လေဟာနယ်အတွင်း၌ ပလ္လင်ခွေထိုင်ကာ စတင်၍ကျင့်ကြံလိုက်၏။

Chapter 2538

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်...သူတော်စင်ခန်းမဆောင်...

ဤအချိန်အခိုက်အတန့်တွင် တပည့်အမြောက်အများ ခန်းမအတွင်း၌စုဝေးနေကာ သိချင်စိတ်ပြင်းပြသောအကြည့်များဖြင့် ကူးပြောင်းရေးဝင်္ကပါကို စူးစိုက်ကြည့်ကာ အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြ၏။

လူအုပ်ကြီးအကြား၌ လက်တင်ကုလားထိုင်ဆယ်လုံးကျော်ရှိနေကာ ထိုအရာများပေါ်၌ ကျောင်းတော်မှ အကြီးအကဲများထိုင်နေသည်။

ထျန်းပိုယန်သည် အလယ်ဗဟိုရှိထိုင်ခုံတွင်ထိုင်နေကာ တစ်စုံတစ်ခုကို တွေးတောနေသည့်အလား သူ၏လက်ဖြင့် ထိုင်ခုံလက်ရမ်းကို တတောက်တောက်ခေါက်နေလေ၏။

"လက်ထောက်ကျောင်းအုပ်ထျန်း...အနည်းဆုံးတော့ နတ်ဘုရားကုန်းမြေထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါတို့ကို ပြောပြသင့်တယ်မဟုတ်လား...ဘာလို့ သူတော်စင်ခန်းမက ခေါင်းလောင်းမြည်ဟီးလာပြီးတော့ တပည့်တွေကို ချက်ချင်းကြီးပြန်ခေါ်ရတာလဲ"

ချန်းကျင်းက မေးမြန်းသည်။

တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များကလည်း ထျန်းပိုယန်ကို စူးစိုက်၍ကြည့်နေကြ၏။

သူတို့သည် သတင်းရရှိသဖြင့် ရောက်ရှိလာကြခြင်းပင်။

သူတော်စင်ခန်းမမှခေါင်းလောင်းသံ မြည်ဟီးသည်မှာ အလွန်အမင်းရှားပါးသည်။ကိစ္စကြီးတစ်ခုဖြစ်ပွါးမှသာ ကျောင်းတော်မှလူများကို သတိပေးရန်အတွက် ထိုခေါင်းလောင်းသံ ကျယ်လောင်စွာမြည်ဟီးလာတက်သည်။

ထို့ပြင် အရာအားလုံးကို ယခင်အတိုင်း လုပ်ဆောင်ခဲ့သဖြင့် နတ်ဘုရားကုန်းမြေအတွင်း၌ ဖြစ်ပျက်ခဲ့သောကိစ္စများကို မည်သူမျှမသိနိုင်ချေ။

ထျန်းပိုယန်က မျက်မှောင်ကြုတ်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"အထဲမှာ ဘာကိစ္စတွေဖြစ်ပျက်နေလဲဆိုတာ ငါလည်း တိတိကျကျ မသိသေးဘူး...ဒါပေမယ့် ငါ မင်းတို့ကို သေချာပေါက်ပြောနိုင်တာတစ်ခုက အစောပိုင်းက သူတော်စင်ကိုယ်တိုင် လှုပ်ရှားမှုလုပ်ခဲ့တယ်ဆိုတာပဲ"

ထိုစကားကိုကြားချိန်တွင် ယခုလက်ရှိနေရာတွင်ရှိနေသော မဟာကွန်ဖြူးရှပ်ပညာရှင်များ၏ မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားသည်။

"သူတော်စင်ယီဟန်က တံခါးပိတ်ကျင့်ကြံမယ်လို့ ကြေငြာချက်ထုတ်ပြန်ထားတယ်မဟုတ်လား...ဒီလိုအချိန်မျိုးမှာ သူက ဘာလို့ လှုပ်ရှားရတာလဲ"

မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က မေးမြန်းသည်။

ယခုလက်ရှိနေရာတွင်ရှိနေသော မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ဆံဖြူအဖိုးအိုများဖြစ်သော်လည်း သူတော်စင်ယီဟန်၏ရှေ့တွင် ဂျူနီယာများသာဖြစ်သည်။

ထျန်းပိုယန်က ပြောဆိုလေ၏။

"နတ်ဘုရားကုန်းမြေထဲမှာ ကိစ္စကြီးတစ်ခုဖြစ်ပွါးခဲ့တာလို့ ငါထင်တယ်...ဒါကြောင့် သူတော်စင်ကိုယ်တိုင် လှုပ်ရှားခဲ့တာပဲ...ဒါပေမယ့် သူတော်စင်ကိုယ်တိုင်လှုပ်ရှားမှတော့ ဘယ်လိုကိစ္စကြီးပဲဖြစ်ဖြစ် ဖြေရှင်းပြီးသားဖြစ်သွားပြီ..ငါတို့က စိုးရိမ်ပူပန်စရာမလိုဘူး...အခုချိန်မှာ သူတော်စင်က တံခါးပိတ်ကျင့်ကြံနေတာ...ငါတို့ သူ့ကို ထပ်ပြီးမနှောက်ယှက်သင့်ဘူး"

"ပြီးတော့ ငါက နတ်ဘုရားကုန်းမြေထဲကိုဝင်သွားတဲ့ တပည့်တွေဆီက အကူအညီတောင်းတဲ့ အချက်ပေးသင်္ကေတကိုရခဲ့တယ်...ပုံမှန်အတိုင်းဆိုရင် ဒီနယ်မြေထဲကိုဝင်သွားတဲ့ ဘယ်တပည့်မဆို အချိန်ကြာကြာပိုပြီးနေချင်ကြတယ်...ဒါပေမယ့် အခုကျတော့ သူတို့က အမြန်ထွက်လာချင်နေကြတယ်...ဒါက အကြောင်းအရင်းတစ်ခုတော့ရှိရမယ်...ဒီတပည့်တွေ အပြင်ရောက်လာတဲ့အချိန်ကျမှ ငါတို့ သူတို့ကို သေချာမေးရမယ်"

ယခုလက်ရှိနေရာတွင်ရှိနေသော ကွန်ဖြူးရှပ်ပညာရှင်များအားလုံး သဘောတူညီလိုက်ကြ၏။

မည်သည့်ကိစ္စဖြစ်နေပါစေ သူတို့ ကိုင်တွယ်နိုင်သောကိစ္စဖြစ်နေသရွေ့ သူတို့က ကောင်းမွန်စွာ ဖြေရှင်းရပေမည်။

သူတော်စင်ယီဟန်၏တံခါးပိတ်ကျင့်ကြံမှုထက် အရေးကြီးသောအရာမရှိချေ။

ဝီ...ဝီ...ဝီ...

ထိုအချိန်မှာပင် သူတို့ရှေ့ရှိ ကူးပြောင်းရေးဝင်္ကပါထံမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။

ထို့နောက်မှနေ၍ ပြင်းထန်သောလေဟာနယ်တုန်ခါမှုလှိုင်းများက ပတ်ဝန်းကျင်နေရာအနှံ့သို့ စတင်၍ ပျံ့နှံ့သွားသည်။

မူလက အဆက်မပြတ်တိုင်ပင်ဆွေးနွေးနေကြသူများအားလုံးသည် သူတို့၏စကားပြောဆိုနေမှုကိုရပ်တန့်၍ ကူးပြောင်းရေးဝင်္ကပါထံသို့ စူးစိုက်၍ကြည့်လိုက်ကြ၏။

"သူတို့ ထွက်လာကြပြီ"

ထျန်းပိုယန်က မတ်တတ်ထရပ်၍ ပြောဆိုသည်။

သူသည် သူ၏တူဖြစ်သူထျန်းယင်ကို အလွန်တန်ဖိုးထားသဖြင့် အကာအကွယ်မှော်ရတနာအမြောက်အများကို ပေးထားခဲ့သည်။

ထျန်းယင် ရူးသွပ်မိုက်မဲစွာမလုပ်သရွေ့ သူသည် နတ်ဘုရားကုန်းမြေအတွင်း၌ ကြီးမားသောအကျိုးကျေးဇူးများ ရရှိနိုင်ပေမည်။

'ငါ့ရဲ့တူလေး ပြန်ရောက်လာတဲ့အချိန်ကျရင် ငါ သူ့ကို သေချာပြုစုပျိုးထောင်ရမယ်...သူက နောင်အနာဂတ်မှာ လူတွေအကြားက နဂါးတစ်ကောင်နဲ့ဖီးနစ်တစ်ကောင်လို ကျော်ကြားလာမှာ သေချာတယ်...အချိန်ကျလာရင် သူက တော်ဝင်စာမေးပွဲမှာ ထင်ပေါ်ကျော်ကြားလာရင် ငါ့ကို အကူအညီပေးနိုင်လိမ့်မယ်'

ထျန်းပိုယန်က တွေးတောနေလေ၏။

ထျန်းယင်၏ကျင့်ကြံမှုကို လုယွီ ဖျက်ဆီးခဲ့သောအကြောင်းကို ထျန်းပိုယန်က သိရှိထားပြီးဖြစ်သည်။

သို့ရာတွင် သူသည် လုယွီကို အပြစ်မပေးချေ။သူက အရာအားလုံးကို မသိချင်ယောင်ဆောင်ကာ ထျန်းယင်ကိုယ်တိုင် လက်စားချေနိုင်ရန်အတွက် ချန်ထားခဲ့သည်။

လုယွီသည် ထိုထူးဆန်းသောလေဟာနယ်နယ်မြေအတွင်း၌ သေလုမျောပါးဖြစ်မည့်အချိန်ကို ထျန်းပိုယန်က တွက်ချက်ထားပြီးလေပြီ။ထိုအချိန်ကျမှသာ သူက လုယွီကိုဖမ်းဆီး၍ ထျန်းယင်၏လက်အတွင်းသို့အပ်ကာ သတ်ဖြတ်စေပေမည်။

ထျန်းယင်သည် သူ၏ရန်သူကို ကိုယ်တိုင်ကိုယ်ကျသတ်ဖြတ်မှသာ သူ၏စိတ်ကြည်လင်သွားပြီး သူ၏ကျင့်ကြံဆင့်နယ်ပယ် ခုန်ပျံကျော်လွှား၍ အဆင့်မြင့်တက်သွားပေမည်။

ကူးပြောင်းရေးဝင်္ကပါထံမှ လေဟာနယ်လှုပ်ခတ်မှုလှိုင်းများ တဖြည်းဖြည်းပျောက်ကွယ်သွားပြီးနောက် လူတချို့၏ပုံရိပ်များက လူအုပ်ကြီးရှေ့၌ ထွက်ပေါ်လာသည်။

Chapter 2539

"မင်းတို့ အောင်မြင်မှုတွေနဲ့အတူပြန်လာတဲ့အတွက် ငါတို့ ဂုဏ်ယူပါတယ်...ဒီတစ်ကြိမ်ခရီးမှာ မင်းတို့ ဘယ်လိုရတနာတွေရခဲ့လဲ...."

တပည့်တချို့က ဦးဆောင်၍ ကူးပြောင်းရေးဝင်္ကပါအတွင်းမှထွက်လာသူများကို ဂုဏ်ပြုစကားပြောဆိုပြောဆိုနေကြသည်။

တခြားတပည့်များကလည်း ဂုဏ်ပြုစကားပြောဆိုရန် ပြင်ဆင်နေကြ၏။

သို့ရာတွင် ကူးပြောင်းရေးဝင်္ကပါအတွင်းမှထွက်လာသော ပုံရိပ်များကို ရှင်းရှင်းလင်းလင်းမြင်တွေ့မိချိန်တွင် သူတို့အားလုံး ကြက်သေသေသွားသည်။

ပြင်ပသို့ထွက်လာသောသူများအားလုံး ဒဏ်ရာရရှိထားကာ ပင်ပန်းနွမ်းနယ်နေကြသည်။

လီစစ်နှင့်ချိုင်လုံရှင်းမှလွဲ၍ တခြားတပည့်များသည် သူတောင်းစားများကဲ့သို့ စုတ်ပြတ်သတ်နေသည်။

ထျန်းသခင်လေးကမူ မူလက သူ၏မာန်မာနဝံ့ကြွားသော ပုံပန်းသွင်ပြင် လုံးလုံးလျားလျား ပျောက်ကွယ်နေလေ၏။သူ၏မျက်လုံးသည် ရီဝေမှုန်မှိုင်းနေကာ ရူးသွပ်နေသူတစ်ယောက်အလား သူ၏ပါးစပ်မှ တောင်စဥ်ရေမရစကားများကို ရွတ်ဆိုနေသည်။

"ငါ အကြည့်များ မှားနေတာလား"

"မဟုတ်သေးပါဘူး...အရင်အကြိမ်တွေတုန်းက နတ်ဘုရားကုန်းမြေထဲကိုဝင်သွားတဲ့ တပည့်တွေအားလုံး ပြန်လာတဲ့အချိန်ကျရင် မှော်ရတနာတွေအများကြီး ယူလာကြတယ်...ဒီလူတွေကျမှ ဘာလို့ အထဲမှာ တိုက်ပွဲကြီးတစ်ခုနဲ့ရင်ဆိုင်ခဲ့ရသလိုမျိုး ငါ ခံစားမိတာလဲ"

"နတ်ဘုရားကုန်းမြေ ပြန်ဖွင့်တဲ့အချိန်ကလည်း နည်းနည်းစောနေတယ်...အထဲမှာ ငါတို့မသိတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတာများလား"

ပတ်ဝန်းကျင်၌ စောင့်ကြည့်နေကြသောတပည့်များသည် ချိုင်လုံရှင်းတို့လူစုကိုမြင်တွေ့ချိန်တွင် အလွန်အမင်းအံ့အားသင့်ကာ ကြက်သေသေနေကြသည်။

ဤသည်က နတ်ဘုရားကုန်းမြေမှထွက်လာသောသူများ၏ အသွင်အပြင်နှင့် မတူညီချေ။ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် ရှေ့တန်းမှပြန်လာသူများနှင့် တူညီနေသည်။

"အရှင့်သား...နတ်ဘုရားကုန်းမြေထဲမှာ ဘာတွေကြုံတွေ့ခဲ့ရတာလဲ"

တစ်စုံတစ်ယောက်က ချိုင်လုံရှင်းကို မေးမြန်းသည်။

ချိုင်လုံရှင်းက သူ၏လက်ကို ဝှေ့ယမ်းပြလေ၏။

"ဒီကိစ္စကို ငါတို့ လက်ထောက်ကျောင်းအုပ်ထျန်းနဲ့စကားပြောပြီးမှ ဆွေးနွေးကြတာပေါ့"

သူ၏စကားအဆုံးမသတ်သေးမီမှာပင် ထျန်းပိုယန်က အပြေးရောက်လာခဲ့သည်။သူက ထျန်းယင်၏ပခုံးကို သူ၏လက်နှစ်ဖက်ဖြင့်ကိုင်၍ ဂရုတစိုက် စစ်ဆေးစမ်းသပ်လိုက်သည်။

သူ၏မရီးဒါန်းများ အကောင်းပကတိပင်။

ထျန်းယင်၏ကျင့်ကြံဆင့်သည်လည်း နဂိုအတိုင်း ရှိနေလေ၏။

သို့ရာတွင် ထျန်းယင်ကိုကြည့်ရသည်မှာ သူ၏စိတ်ဝိညာဥ် ပျောက်ဆုံးသွားပုံရသည်။သူသည် အလွန်အမင်း ရူးသွပ်နေကာ စကားများဗလုံးဗထွေးပြောဆို၍ ရယ်မောရန်ကိုသာ သိရှိတော့သည်။သူသည် ဦးလေးဖြစ်သူကို မြင်တွေ့နေရသည့်တိုင် ကြောင်အနေသည်။

"သူ ဘာလို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ...အထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ"

ထျန်းပိုယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ၏တူဖြစ်သူကို ငယ်စဥ်ကလေးဘဝကတည်းက သူ ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်။

ထျန်းမိသားစုသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအတွင်း၌ အင်အားတောင့်တင်းသောမိသားစုကြီးတစ်ခုပင်။သို့ရာတွင် ထျန်းပိုယန်၏သားအရင်းနှင့် မြေးဖြစ်သူတို့သည် အလွန်စိတ်ဓာတ်ကျဖွယ်ကောင်းပေ၏။ဆန့်ကျင်ဘက်အနေဖြင့် သူ၏တူဖြစ်သူသည် မိသားစုအတွင်းရှိ လူငယ်များအကြား၌ ထိပ်ဆုံးနေရာမှ ရပ်တည်နိုင်ခဲ့သည်။

ထို့ကြောင့် ထျန်းပိုယန်သည် ထျန်းယင်ကို သူ၏ဆက်ခံသူအဖြစ် သတ်မှတ်ထားခဲ့သည်။

သူ၏တူဖြစ်သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဤကဲ့သို့ပုံစံမျိုးဖြင့် ပြန်လည်ရောက်ရှိလာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။

အကယ်၍ ထျန်းယင်သည် ရုပ်ခန္ဓာကိုယ်တွင်ထိခိုက်ဒဏ်ရာရရှိလာပါက ပြန်လည်ကောင်းမွန်လာစေရန် ကုသပေးနိုင်သော ဆေးလုံးအမြောက်အများ သူ့ထံတွင်ရှိသည်။

သို့ရာတွင် စိတ်ဝိညာဥ်ကိုကုသပေးရန်မှာ မလွယ်ကူချေ။

ထိပ်တန်းမိသားစုကြီးအများစု၌ပင် တချို့သောအစွမ်းထက်ကျင့်ကြံသူများသည် အကယ်၍ တိုက်ပွဲအတွင်း၌ သူတို့၏စိတ်ဝိညာဥ် ထိခိုက်ဒဏ်ရာရရှိခဲ့ပါက တံခါးပိတ်ကျင့်ကြံ၍ သူတို့ကိုယ်သူတို့ပြန်လည်ကုသကာ ကျင့်ကြံခြင်းလမ်းကြောင်းမှ အနားယူသွားလေ့ရှိသည်။

စိတ်ဝိညာဥ်ကိုပြန်လည်ကုသပေးနိုင်သော ဆေးလုံးများကို စျေးကွက်အတွင်း၌ မမြင်တွေ့နိုင်ချေ။လေလံပွဲတချို့တွင်သာ ထိုဆေးလုံး၏အရိပ်အယောင်ကို မြင်တွေ့နိုင်ပေ၏။

"ချင်းဖုန် ဘယ်မှာလဲ...ဘာလို့ သူ ခုထိ ထွက်မလာသေးတာလဲ"

ထျန်းပိုယန်သည် ပတ်ဝန်းကျင်အား ဝေ့ဝိုက်ကြည့်ပြီးနောက် ချင်းဖုန် ရှိမနေခြင်းကို သတိပြုမိသွားခဲ့သည်။သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူသည် နတ်ဘုရားကုန်းမြေအတွင်း၌ ထျန်းယင်အား ဂရုစိုက်ရန် ချင်းဖုန်ကို ဂရုတစိုက် မှာကြားထားခဲ့သည်။

ထျန်းယင် အကောင်းပကတိ ပြန်ထွက်လာနိုင်သရွေ့ ချင်းဖုန်အား မည်သည့်စစ်ဆေးမှုမျှမရှိဘဲ တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဟု ထျန်းပိုယန်က သဘောတူညီထားခဲ့သည်။

သူ၏တူဖြစ်သူအတွက်ရည်ရွယ်၍ ထျန်းပိုယန်သည် ဖြစ်နိုင်ချေအားလုံးနီးပါးကိုတွေးတောကာ အကွက်ချစီမံခဲ့သည်။

မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အလျင်စလိုစုဝေးလာကြ၏။

ပြင်ပသို့ထွက်လာခဲ့သော တပည့်များ မည်သည့်စကားမျှမဆိုသည်ကိုကြည့်ပြီး လီစစ်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"လက်ထောက်ကျောင်းအုပ်...ကျွန်တော်တို့က ဒီကိစ္စကို ဖုံးကွယ်ထားဖို့လိုအပ်တယ်...ဘယ်သူမှမသိအောင် တားဆီးကန့်သတ်ပေးနိုင်မလား"

ထျန်းပိုယန်က အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏လက်ညှိုးဖြင့် ပတ်ဝန်းကျင်နံဘေးပတ်လည်ကို ချိန်ရွယ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် အလင်းလွှာတစ်လွှာက သူ မဟာကွန်ဖြူးရှပ်ပညာရှင်များနှင့် နတ်ဘုရားကုန်းမြေမှထွက်လာသော တပည့်များကို လွှမ်းခြုံသွားလေ၏။

ပတ်ဝန်းကျင်မှစောင့်ကြည့်နေကြသူများသည် သူတို့ရှေ့မှလူစု တဖြည်းဖြည်းဝေဝါးကာ ပျောက်ကွယ်သွားခြင်းကိုသာ မြင်တွေ့လိုက်ရသည်။

Chapter 2540

"သူတို့တွေ ဘာများဖြစ်လာပါလိမ့်"

"ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်နိုင်တယ်...လီစစ်နဲ့မင်းသားချိုင်က ငါတို့မျိုးဆက်မှာ အားအကောင်းဆုံးလူငယ်တွေလို့ ယူဆနိုင်တယ်...သူတို့တောင် ဒီလိုပုံစံမျိုး ဖြစ်လာကြတယ်...နတ်ဘုရားကုန်းမြေထဲမှာ မမျှော်လင့်ထားတဲ့တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တာပဲဖြစ်မယ်...ရလဒ်ကိုထုတ်ပြန်ကြေငြာတဲ့အချိန်ထိ ငါတို့ စောင့်ကြရအောင်"

ဤနေရာသို့ရောက်ရှိနေသော တပည့်များသည် အမြင်ကျယ်စေရန်အတွက် လာခဲ့ကြခြင်းဖြစ်သည်။ယခုကဲ့သို့ကိစ္စကြီးမျိုးနှင့် တွေ့ကြုံရမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။ထို့ကြောင့် သူတို့အချင်းချင်း စတင်၍တိုင်ပင်ဆွေးနွေးနေကြ၏။

လူအုပ်ကြီးအကြား၌ ထန်အာ၏မျက်ခုံးနှစ်ဖက် တင်းတင်းကြပ်ကြပ်စုကျုံနေကာ သူ၏မျက်လုံးအတွင်း၌ စိုးရိမ်ပူပန်သောအရိပ်အယောင်များ ဖြတ်ပြေးနေသည်။

သူမသည် နတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်ဖူးခြင်းမရှိသော်လည်း တခြားသူများ ထိခိုက်ဒဏ်ရာမရှိဘဲ ပြန်လည်ရောက်ရှိလာခြင်းကို မြင်တွေ့ဖူးသည်။ထိုအစား နတ်ဘုရားကုန်းမြေအတွင်းမှ လူသားကျင့်ကြံသူများသည် ကျောင်းတော်တပည့်များကို မြင်တွေ့သည်နှင့် မှော်ရတနာများကို အလုအယက် ဆက်သကြ၏။ထိုနယ်မြေအတွင်းမှပြန်ရောက်လာသော မည်သူမဆို သူတို့၏အိတ်များ ဖောင်းကားလာကြသည်။

ထို့ပြင် သူမရှေ့ရှိမြင်ကွင်းသည် သူမမျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။

"လုယွီ...သူ အဲ့ဒီလူတွေထဲမှာမပါဘူး"

ကူးပြောင်းရေးဝင်္ကပါအတွင်းမှ ကျောင်းတော်တပည့်များ ထွက်လာစဥ်ကတည်းက ထန်အာက စတင်၍စူးစမ်းရှာဖွေခဲ့သည်။သို့ရာတွင် သူမ စိတ်ပျက်သွားရသည်မှာ ထိုလူများအကြား၌ လုယွီ ရှိမနေချေ။

လီစစ်နှင့်တခြားသူများ၏ လက်ရှိအခြေအနေဖြင့်ဆက်စပ်၍ ထန်အာက ဆိုးရွားသောခံစားချက်မျိုးရရှိနေသည်။ထျန်းပိုယန်၏တူဖြစ်သူ ထျန်းယင်၏စိတ်ဝိညာဥ်သည်လည်း မပြည့်မစုံဖြစ်နေလေပြီ။ဤသည်က နတ်ဘုရားကုန်းမြေအတွင်း၌ သူတို့ အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည်ကို​ခန့်မှန်းရန် လုံလောက်သည်။

လုယွီသည် ထိုနယ်မြေအတွင်း၌ သေဆုံးသွားခဲ့သလော....

အကယ်၍ သူသာ သေဆုံးသွားပါက သူ၏ကျေးဇူးကြွေးများကို သူမ မည်သို့ပြန်ဆပ်ရမည်နည်း...

ယခုလက်ရှိချိန်တွင် ထန်အာ၏စိတ် နောက်ကျိကာ ဖရိုဖရဲဖြစ်နေသည်။သူမသည် နဂါးဆူးတောင်ဓားကိုဆုပ်ကိုင်ထားကာ သူမ၏မျက်လုံးက တဖျတ်ဖျတ်တောက်ပနေပေ၏။သူမ မည်သည့်အရာအား တွေးတောနေသည်ကို မည်သူမျှမသိနိုင်ချေ။

"ညီလေးလုကို မတွေ့ဘူး"

"စီနီယာအကိုလုက အထဲမှာလှောင်ပိတ်မိနေပြီးတော့ ထွက်မလာနိုင်တာများလား"

မူချင်းရှန်နှင့်မူလင်းသည်လည်း အလွန်စိုးရိမ်ပူပန်နေသည်။

သို့ရာတွင် သူတို့မောင်နှမသည် ဂျူနီယာတပည့်အဆင့်တွင်သာ ရှိနေလေ၏။

ဤနေရာ၌ အလွန်များပြားသောတပည့်များ စုဝေးနေကာ အများစုသည် သူတို့၏သက်ဆိုင်ရာအဆင့်အတန်းအလိုက် နေရာယူထားကြသည်။ထို့ကြောင့် အလယ်တွင်မတ်တတ်ရပ်နေသူများမှာ အလယ်အလတ်အဆင့် သို့မဟုတ် ထိုထက်အဆင့်မြင့်သော တပည့်များဖြစ်သည်။ထို့ကြောင့် သူတို့သည် နံဘေးအစွန်၌သာရပ်ကာ စောင့်ကြည့်နိုင်လေ၏။

အလင်းလွှာအတွင်း၌....

ထျန်းပိုယန်က သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ကောင်းပြီလေ...အထဲမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ မင်းတို့ကောင်တွေ စပြောလို့ရပြီ"

သူသည် ထျန်းယင်၏လက်ကောက်ဝတ်ကိုကိုင်ကာ ထပ်မံ၍စစ်ဆေးလိုက်သည်။

ယခုလက်ရှိချိန်တွင် ထျန်းယင်၏စိတ်ဝိညာဥ် မပြည့်မစုံဖြစ်နေကြောင်း သူ အတည်ပြုနိုင်ခဲ့လေပြီ။ထျန်းယင်သည် ပြင်းထန်သောထိခိုက်ဒဏ်ရာ မရရှိထားသော်လည်း သူ၏စိတ်ဝိညာဥ်မှာ ပြည့်စုံခြင်းမရှိတော့ချေ။

လီစစ်သည် ချက်ချင်းဆိုသလိုပင် နတ်ဘုရားကုန်းမြေအတွင်း၌ ဖြစ်ပျက်ခဲ့သော ကိစ္စများအားလုံးကို အမှန်အတိုင်း ပြောဆိုလိုက်၏။

အောက်ဘုံမှလူများ၏ ကာလရှည်ကြာစီစဥ်ခဲ့သော လျှို့ဝှက်အကြံအစည်အကြောင်းကိုကြားချိန်တွင် လူတိုင်း၏မျက်နှာအမူအယာများ ရုတ်တရက် ပျက်ယွင်းသွားသည်။

မဟာကွန်ဖြူးရှပ်ပညာရှင်များ၏ လက်ချောင်းများပင် တုန်ရီနေကာ သူတို့၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားပေ၏။

သူတို့၏နှာခေါင်းအောက်တွင်ရှိနေသော ကျောင်းတော်တပည့်များ၏ခန္ဓာကိုယ်များကို အပိုင်စီးခံထားရသည်ဟူသောကိစ္စမှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

ဤနှစ်များအတွင်းတွင် နတ်ဘုရားကုန်းမြေအတွင်းသို့ဝင်ရောက်ခဲ့သည့် မည်မျှထိများပြားသော ကျောင်းတော်တပည့်များ၏ခန္ဓာကိုယ်များ အပိုင်စီးခံထားရသည်ကို မည်သူမျှမသိနိုင်ချေ။

သို့ရာတွင် ကိစ္စတစ်ခုမှာမူ တိကျသေချာသည်။အကယ်၍ ဤကိစ္စသာအမှန်ဖြစ်ပါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွက် အလွန်ကြီးမားသောကပ်ဘေးကြီးပင်။

နတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်နိုင်သော အခွင့်အရေးရရှိသူများမှာ ကျောင်းတော်၏ထိပ်တန်းလက်ရွေးစင်တပည့်များဖြစ်သည်။

ထိုတပည့်များအနက်မှအများစုသည် နောင်တစ်ချိန်တွင် ကျောင်းတော်၏အဓိကထောက်တိုင်များ ဖြစ်လာမည့်သူများပင်။

အကယ်၍ သူတို့ထံတွင်သာ ပြဿနာရှိနေပါက ကျောင်းတော်တစ်ခုလုံး သွေးပျက်ဖွယ်အပြောင်းအလဲမျိုးနှင့် ကြုံတွေ့ရပေမည်။

ထိုအချိန်တွင် ကျောင်းတော်ဘက်မှ မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ ကျောင်းတော်အတွက် ကြီးမားသောထိုးနှက်ချက်ကြီးတစ်ခု ဖြစ်ပေလိမ့်မည်။

"ချင်းဖုန် သေသွားတာလား...အဲ့ဒီအရူးကောင်က အကြိမ်ပေါင်းထောင်သောင်းချီပြီး သေသင့်တယ်"

ချင်းဖုန်သည် ထျန်းယင်အား မကာကွယ်နိုင်ခဲ့သည့်အတွက် ထျန်းပိုယန်သည် သူ့အပေါ်တွင် အမြင်ကောင်းမရှိတော့ချေ။

ထျန်းပိုယန်၏မျက်နှာအမူအယာ အလွန်ပျက်ယွင်းနေပြီး သူက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းလိုက်၏။

"မင်းတို့ကောင်တွေက ဒီကိစ္စကို ဘယ်လိုလုပ်ပြီးတော့ ဖော်ထုတ်နိုင်ခဲ့တာလဲ"

လီစစ်က အမှန်အတိုင်း တုံ့ပြန်ပြောဆိုသည်။

"တကယ်တော့ လုယွီက ကျွန်တော်တို့ကို ပြောခဲ့တာပဲ...လက်ထောက်ကျောင်းအုပ် ကျွန်တော်တို့ပြန်လာတဲ့ချိန် ကူးပြောင်းရေးဝင်္ကပါမှာ အမှားအယွင်းတစ်ခု ဖြစ်သွားခဲ့တယ်...ဒါကြောင့် လုယွီနဲ့ကျွန်တော်တို့ လူစုကွဲသွားတယ်...လက်ထောက်ကျောင်းအုပ်က လုယွီကိုကယ်တင်ပေးဖို့ ကျွန်တော် တောင်းဆိုပါရစေ"

"အမှန်ပဲ...ကျွန်တော်တို့ လုယွီကို ကယ်တင်ရမယ်"

"သူသာမရှိရင်...ကျွန်တော်တို့တွေ တစ်ယောက်မှ အသက်ရှင်ရက် ပြန်လာနိုင်မှာမဟုတ်ဘူး"

တခြားတပည့်များကလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပြောဆိုကြလေ၏။

All Chapters