← Chapters

အခန်း (၁၄၁)

Vol. 12 Ch. 141

အခန်း (၁၄၁)

Vol. 12 Ch. 141

ထိုအချိန်တွင် စစ်သူကြီး အန်လုရှန် သည် ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

“အစ်ကိုကြီး၊ အခြေအနေ ဘယ်လိုလဲ” ဟု ရှီစစ်မင်က စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

အန်လုရှန်သည် ဝမ်းသာပီတိဖြစ်နေလျက် “အရှင်မင်းမြတ်က ငါ့ကို အခုထိ မျက်နှာသာ ပေးနေတုန်းပဲ။ ခွင့်ပြုချက်မရှိဘဲ ပြန်လာတာတောင် အပြစ်မပေးတဲ့အပြင် ပွဲတော်ကို ဖိတ်ကြားပြီး စည်တီးပြီး အကအခုန်တွေနဲ့တောင် ဂုဏ်ပြုခဲ့သေးတယ်” ဟု ပြောဆိုသည်။

ရှီစစ်မင်က လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် “ တကယ်ကို ကောင်းတာပဲ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကြီး အောင်မြင်ဖို့ နီးစပ်ပြီပေါ့” ဟု ဆိုလိုက်သည်။

အန်လုရှန်ကလည်း ပျော်ရွှင်စွာဖြင့် “အတိအကျပဲ။ အရှင်မင်းကြီးက ငါတို့အပေါ် သံသယမရှိဘူး။ ငါတို့ စစ်တပ်ကို စတင်လှုပ်ရှားလိုက်တာနဲ့ ဝါးပင်ကို ခွင်းသလိုမျိုး မြို့တော်အထိ အရှိန်အဟုန်နဲ့ ချီတက်ပြီး မင်းဆက်တစ်ခုကို ပြောင်းလဲပြီးတော့ ဧကရာဇ်ရဲ့ ဝတ်ရုံကို ဆင်မြန်းနိုင်တော့မှာ” ဟု ကြွေးကြော်လိုက်လေသည်။

“ဒါဆိုရင် ထီးနန်းတက်ဖို့အတွက်က လက်တစ်ကမ်း အလိုလောက်မှာပဲ ရှိတော့တဲ့အတွက်၊ စစ်သူကြီးအန်ကို ကြိုတင်ပြီး ဂုဏ်ပြုပါတယ်” ဟု မြင့်မြတ်သော မိသားစုဝင်များက ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြသည်။ အန်လုရှန်သည်လည်း အားရပါးရ ရယ်မောလိုက်ပြီး စိတ်ဓာတ်များ တက်ကြွနေလေသည်။

ရယ်မောပြီးနောက် သူက စိုးရိမ်တကြီးဖြင့် “ ငါတို့ဘက်ကတော့ အကုန်အသင့်ပဲ၊ မင်းတို့ဘက်က ပြင်ဆင်မှုတွေကရော ဘယ်လိုလဲ” ဟု မေးလိုက်သည်။

“ကျုပ်တို့ဘက်ကလည်း အားလုံးနီးပါး အဆင်သင့်ပါပဲ။ မဟာယွဲ့က စစ်သည် ၅ သိန်းကို စေလွှတ်ထားပြီးပြီ။ နောက် ၅ ရက်လောက်ဆို မြောက်ဘက်ကန္တာရကို ရောက်ပြီး စစ်သူကြီးအန်နဲ့ ပူးပေါင်းပါလိမ့်မယ်။ အဲဒီအချိန်ကျရင် စစ်သည် တစ်သန်းနဲ့ ရန်သူရဲ့ နှလုံးသားတည့်တည့်ကို တိုက်ရိုက်ထိုးစိုက်နိုင်ပြီ”

“စစ်သည်အင်အားကတော့ လုံလောက်ပါပြီ၊ ဒါပေမဲ့ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်တွေကရော”

အန်လုရှန်က ဆက်လက်ပြီး “အခု မဟာရှ မှာ ချိုင်ယုလန် နဲ့ သူ့ရဲ့ သမီး၊ မိန်းမစိုး လျှို၊ အရက်ဓားနတ်အင်မော်တယ့၊ လက်ဗလာဆရာကြီး၊ အိုးယဲ့ဇီ နဲ့ ပိုင်ဇူ ဆိုတဲ့ အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူ အပါအဝင် ချီဖွဲ့တည်ခြင်းအဆင့် ၇ ယောက်တောင် ရှိနေပြီ။ အရင်ကလို မဟုတ်တော့ဘူး”

“ဒါ့အပြင် သူတို့မှာ အင်ပါယာချီ အဆင့်ကို ရောက်နေလောက်ပြီဖြစ်တဲ့ ဓားသိုင်းပညာရှင် တစ်ယောက်လည်း ရှိနေသေးတယ်။ အဲဒီလူတွေကို မရှင်းထုတ်နိုင်ရင် မြို့တော်ကို ရောက်သွားရင်တောင်မှ အလကားပဲ” အန်လုရှန် အကြောက်ဆုံးမှာ ထိုလျှို့ဝှက်ဆန်းကြယ်သော ဓားသိုင်းပညာရှင်ပင် ဖြစ်သည်။ ဘာအရိပ်အယောင်မှ မပြဘဲ ချီဖွဲ့တည်ခြင်းအဆင့် ၅ ယောက်ကို သတ်ဖြတ်ခဲ့သည်မှာ ယခုထိ တွေးမိလိုက်တိုင်း ကျောချမ်းစရာ ကောင်းနေဆဲပင် ဖြစ်သည်။

“စစ်သူကြီးပြောတဲ့ ကိစ္စတွေကို ကျုပ်တို့ ထည့်သွင်းစဉ်းစားပြီးသားပါ” ဟု ကြီးမြတ်သော မိသားစုမှ တစ်ဦးက ပြုံးလျက် ပြောလိုက်သည်။ “ကျုပ်တို့ မဟာမိသားစုကြီး သုံးစုက တစ်စုကို ချီဖွဲ့တည်ခြင်းအဆင့် ၂ ယောက်စီ၊ မဟာယွဲ့က ၃ ယောက်၊ စုစုပေါင်း ၉ ယောက် စေလွှတ်မှာပါ။ စစ်သူကြီးတို့ ၂ ယောက်နဲ့ပေါင်းရင် စုစုပေါင်း ချီဖွဲ့တည်ခြင်းအဆင့် ၁၁ ယောက်တောင် ရှိနေပြီ”

“ဒါ့အပြင်ကိုမှ အဖိုးအခ ကြီးကြီးမားမားပေးပြီးတော့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကိုလည်း ငှားထားသေးတယ်။ သူက ကောင်းကင် အဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ အင်ပါယာချီအဆင့် ထိပ်သီးပညာရှင်တစ်ယောက်ပဲ။ သူသာ ပါဝင်လာရင် မဟာရှရဲ့ ဓားသိုင်းပညာရှင်လည်း အဲ့ဒီနေရာမှာပဲ အသက်ပျောက်သွားရလိမ့်မယ်”

အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရယ်မောခဲ့ကြသည်။ အန်လုရှန်ကလည်း ယုံကြည်မှုအပြည့်ဖြင့် “အကောင်းဆုံးပဲ။ ဒါဆို ငါတို့ရဲ့ အောင်မြင်မှုအတွက်၊ ချီးယား” ဟု အော်ဟစ်လိုက်သည်။

ထိုနေ့မှာပင် အန်လုရှန်သည် လှုပ်ရှားမှုကို စတင်လိုက်ပြီး နန်းတော်သို့ သတင်းပို့ခဲ့သည်မှာ ထောက်လှမ်းရေးများ၏ အဆိုအရ မဟာယွဲ့က စစ်သည် ၅ သိန်းကို စေလွှတ်ထားပြီး ၅ ရက်အတွင်း မြောက်ဘက်နယ်စပ်သို့ ရောက်ရှိလာမည် ဖြစ်ကြောင်းနှင့် နိုင်ငံနှစ်ခုကြား စစ်ပွဲကြီး ဖြစ်ပွားတော့မည် ဖြစ်ကြောင်းကို သတင်းပို့ခဲ့သည်။

လင်းပိုင်ဖန်ကလည်း စိုးရိမ်ကြောင်း ပြသသည့် အနေဖြင့် စစ်ကူထပ်မံလိုအပ်ပါသလားဟု မေးမြန်းခဲ့သည်။ အန်လုရှန်ကမူ မိမိ၏ မြောက်ပိုင်း အစောင့်တပ် ၅ သိန်းဖြင့်ပင် နိုင်ငံတော်နယ်စပ်ကို အပြည့်အဝ ကာကွယ်နိုင်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် ငြင်းဆိုလိုက်သည်။

လင်းပိုင်ဖန်ကလည်း စစ်သူကြီးအန်၏ စွမ်းဆောင်ရည်ကို ယုံကြည်ကြောင်း ထပ်လောင်း ပြောကြားလိုက်သည်။ သို့သော် မလိုအပ်တဲ့ အကျအဆုံးတွေကို လျှော့ချရန်အတွက် မြောက်ဘက်နယ်စပ်ရှိ လယ်ယာစိုက်ပျိုးနေသည့် ပြည်သူများကို ပြန်လည်ခေါ်ေဆာင်ရန် အကြံပြုခဲ့သည်။ ဤအချက်မှာ အလွန်ကျိုးကြောင်း ဆီလျော်သဖြင့် အန်လုရှန်မှာ သံသယမရှိခဲ့ပေ။

ဒုတိယနေ့တွင် မဟာယွဲ့တပ်မတော်သည် မြောက်ဘက်နယ်စပ်နှင့် မိုင် ၂၀၀ အကွာသို့ ရောက်ရှိနေပြီဟု သတင်းပို့ခဲ့သည်။ တတိယနေ့နှင့် စတုတ္ထနေ့များတွင်လည်း အန်လုရှန်သည် သစ္စာရှိသော စစ်သူကြီးတစ်ဦးကဲ့သို့ ပုံမှန်သတင်းပို့နေခဲ့သည်။

သို့သော် ပဉ္စမနေ့တွင်မူ မဟာယွဲ့စစ်တပ်သည် မြောက်ဘက်နယ်စပ်သို့ ရောက်ရှိလာသော်လည်း အန်လုရှန်ထံမှ မည်သည့်သတင်းစကားမျှ ထပ်မံမရောက်ရှိလာတော့ပေ။

ထိုအချိန်တွင် အန်လုရှန်သည် သူ့ရှေ့ရှိ ကြောက်စရာကောင်းလှသော မဟာယွဲ့စစ်တပ်ကို ကြည့်ကာ မြင်းခေါင်းကို လှည့်၍ မိမိ၏ တပ်သားများကို “ မိုက်မဲတဲ့ ဧကရာဇ်က အခု တိုင်းပြည်ကို အုပ်ချုပ်နေတယ်၊ ပြည်သူတွေလည်း ခက်ခဲစွာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေရတယ်။ အဂတိလိုက်စားတဲ့ အမတ်တွေကလည်း ဘေးဒုက္ခတွေကို ယူဆောင်လာနေတယ်။ အခု ငါ့ရဲ့ ရဲဘော်တို့၊ ငါ့နောက်ကို လိုက်ခဲ့ကြ။ မဟာရှ မြို့တော်ကို တိုက်ခိုက်သိမ်းပိုက်ပြီး မင်းဆက်သစ်ကို အတူတကွ ထူထောင်ကြစို့”

ထိုစစ်သားများသည် သူကိုယ်တိုင် ပြုစုပျိုးထောင်ထားသည့် တပ်ဖွဲ့ဝင်များ ဖြစ်သဖြင့် ဧကရာဇ်ထက် စစ်သူကြီးကိုသာ ပို၍ သစ္စာရှိကြသည်။

ရှီစစ်မင်ကလည်း သူ၏ ဓားရှည်ကို ဆွဲထုတ်ကာ “ဘာတွေ တွန့်ဆုတ်နေကြတာလဲ။ မြို့တော်ကိုသာ သိမ်းပိုက်နိုင်ရင် မင်းတို့တွေ ရာထူးတိုးမယ်၊ ဘွဲ့ထူးဂုဏ်ထူးတွေလည်း ရမယ်။ ငါကတိပေးတယ်၊ မြို့တော်ကို ရောက်တာနဲ့ ရိက္ခာတွေ၊ ငွေကြေးတွေ၊ အလှမယ်တွေက အကုန် မင်းတို့အတွက်ပဲ”

ဆုလာဘ်များ၏ ဆွဲဆောင်မှုကြောင့် မြောက်ပိုင်းတပ်သား ၅ သိန်းမှာ စိတ်ဓာတ်များ တက်ကြွလာပြီး “တိုက်” ဟု ဟစ်ကြွေးကာ မြို့တော်ဆီသို့ စတင်ချီတက်လာခဲ့ကြသည်။

ဤကိစ္စကို နန်းတော်မှ ချက်ချင်းသိရှိသွားပြီး အရေးပေါ်အစည်းအဝေး ခေါ်ယူလိုက်သည်။

“အရှင်မင်းကြီး၊ စစ်သူကြီး အန်လုရှန်နဲ့ ရှီစစ်မင်တို့ဟာ နိုင်ငံတော်ကို သစ္စာဖောက်ပြီး မဟာယွဲ့စစ်တပ်ကို နယ်မြေထဲ ခေါ်ဆောင်လာခဲ့ပါပြီ။ စုစုပေါင်း စစ်သည် တစ်သန်းလောက် ရှိပြီး ၅ ရက်အတွင်း မြို့တော်တံခါးဝကို ရောက်လာပါလိမ့်မယ်။ အခြေအနေက အလွန်ကို စိုးရိမ်ရတဲ့အတွက် အမြန်ပြင်ဆင်ရပါမယ်” ဟု ချောင်ချောင်း က အစီရင်ခံလိုက်သည်။

စစ်သူကြီးချုပ် ချိုင်ယုလန်ကလည်း ဒေါသတကြီးဖြင့် “အဲဒီ သစ္စာဖောက်တွေဟာ မင်းကြီးရဲ့ ကျေးဇူးကို ကန်ကျောက်ရုံတင်မကဘဲ ရန်သူနဲ့တောင် ပူးပေါင်းပြီး တိုင်းပြည်ကို ရောင်းစားနေတယ်။ သူတို့ရဲ့ အပြစ်က ခွင့်လွှတ်လို့မရနိုင်ပါဘူး။ ကျွန်တော့်မျိုးကို တိုင်းပြည်ရဲ့ စစ်တပ်ကိုသာ အပ်နှံလိုက်ပါ၊ သူတို့ကို အသက်ရှင်လျှက်နဲ့ မပြန်နိုင်အောင် လုပ်ပြပါ့မယ်”

“ ကျွန်မလည်း လိုက်ပါ့မယ်”

ချိုင်ယုရှင်းကလည်း “ ကျွန်မက တိုင်းပြည်ကို ရောင်းစားတဲ့သူတွေကို အမုန်းဆုံးပဲ” ဟု ထောက်ခံလိုက်သည်။

သို့သော် အမတ်အချို့ကမူ “သူတို့ရဲ့ အင်အားက အရမ်းများတယ်၊ ကျွန်တော်မျိုးတို့မှာ ၅ သိန်းပဲရှိတာ။ မြို့တော်ကနေ ခုခံတာက ပိုကောင်းလိမ့်မယ်” ဟု အကြံပြုခဲ့ကြသည်။

ထိုအချိန်တွင် လင်းပိုင်ဖန်က တည်ငြိမ်စွာဖြင့် “အမတ်ကြီးတို့၊ စိတ်အေးအေးထားကြပါ။ မောင်မင်းတို့ ပြောတဲ့ နည်းလမ်းတွေက အကောင်းဆုံး မဟုတ်သေးဘူး။ ငါကိုယ်တော်မှာ ပိုကောင်းတဲ့ အစီအစဉ် ရှိတယ်” ဟု ဆိုလိုက်သည်။

အမတ်များက “အရှင်မင်းကြီး ဘာကို ဆိုလိုတာလဲ” ဟု နားမလည်နိုင် ဖြစ်နေကြသည်။

လင်းပိုင်ဖန်က ရယ်မောလျက် “ငါကိုယ်တော်က ရည်မှန်းချက် ကြီးတဲ့သူတွေကို အမြဲလေးစားတယ်။ သူက တိုက်ချင်တယ်ဆိုရင်လည်း တိုက်ခွင့်ပေးလိုက်ပေါ့”

“ F**k”

အမတ်တွေအားလုံး မှင်တက်သွားခဲ့ကြသည်။ ရန်သူက စစ်သည် တစ်သန်းဖြင့် ချီတက်လာနေတာကို ခုခံဖို့ မစဉ်းစားဘဲ တိုက်ခွင့်ပေးလိုက်မယ်ဟု ပြောနေသည်မှာ ဘယ်လို ဦးနှောက်နဲ့များ တွေးနေတာပါလိမ့်….။

“ငါကိုယ်တော်ရဲ့ ရည်ရွယ်ချက်က နေရာအနှံ့မှာ စစ်ပွဲတွေဖြစ်နေမယ့်အစား၊ ငါတို့ရဲ့ တပ်တွေကို မြို့တော်မှာပဲ အေးအေးဆေးဆေး အနားယူစေချင်တာပဲ။ သူတို့ရဲ့ စစ်သည် တစ်သန်း ရောက်လာတဲ့အခါမှ ငါတို့က မြို့ထဲကနေ အားအပြည့်နဲ့ ခုခံရင် အောင်နိုင်ခြေ ပိုမများပေဘူးလား”

အမတ်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကာ မင်းကြီးပြောသည်မှာ ကျိုးကြောင်း ဆီလျော်ကြောင်းကို သဘောပေါက်သွားကြသည်။ “အရှင်မင်းကြီးရဲ့ အတွေးအခေါ်က တကယ်ကို ထက်မြက်လှပါတယ်” ဟု တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။

လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းလိုက်ကာ “စစ်သည်တွေအားလုံးကို ပြန်ခေါ်လိုက်တော့” ဟု အမိန့်ပေးလိုက်သည်။

ဤသတင်းသည် အန်လုရှန်ထံသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့လိုက်သည်။

‘နန်းတော်က စစ်တပ်တွေ အားလုံးကို ပြန်ခေါ်သွားပြီတဲ့လား။ သူတို့က မြို့တော်ထဲမှာပဲ တစ်ချက်တည်းနဲ့ အပြတ်ရှင်းဖို့ ကြံနေတာပဲ’ ဟု သူက ရေရွတ်လိုက်သည်။

ရှီစစ်မင်က ပြုံးကာ “အစ်ကိုကြီး၊ ဒါက သတင်းကောင်းပဲ။ သူတို့ကလည်း အကျအဆုံး မများချင်သလို ကျွန်တော်တို့လည်း မများချင်ဘူး။ ဒီခရီးမှာ ကျွန်တော်တို့က မြို့တော်ကို တိုက်ရိုက်ချီတက်ပြီး ဧကရာဇ်ဝတ်ရုံ ဝတ်ဆင်ရုံပဲ”

“ညီလေး ပြောတာ မှန်တယ်” အန်လုရှန်က အားရပါးရ ရယ်မောကာ “ မြန်မြန်သွားကြစို့၊ ငါ မစောင့်နိုင်တော့ဘူး”

စစ်သည်တစ်သန်း၏ ချီတက်နှုန်းမှာ ပိုမို မြန်ဆန်လာခဲ့သည်။ သို့သော် သူတို့ မသိသည်မှာ ဤအရာအားလုံးကို လင်းပိုင်ဖန်က စောင့်ကြည့်နေတာပင် ဖြစ်သည်။

‘ ဒီနှုန်းအတိုင်းဆို နောက် ၅ ရက်လောက်မှာ ရောက်လာမယ်ထင်တယ်။ တစ်၊ နှစ်၊ သုံး... ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် ၈ ယောက်ပဲ ရောက်လာသေးတာပဲ။ အကုန်မစုံသေးဘူး။ အခု လှုပ်ရှားလိုက်ရင် သူတို့တွေ လန့်ပြေးကုန်လိမ့်မယ်။ မလောသေးဘူး၊ မင်းတို့နဲ့ ခဏလောက် ကစားပေးလိုက်ဦးမယ်”

လင်းပိုင်ဖန်သည် ရယ်မောလိုက်ပြီး လက်ချောင်းကလေးကို ကွေးလိုက်ကာ၊ တစ်စုံတစ်ခုကို စောင့်ကြိုနေလေတော့သည်။

All Chapters