← Chapters

အခန်း (၁၄၅)

Vol. 12 Ch. 145

အခန်း (၁၄၅)

Vol. 12 Ch. 145

ဤခေတ်ကာလတွင် သာမန်အရပ်သားများသည် အယူသီးမှုနှင့် ပဒေသရာဇ်အတွေးအခေါ်များ စွဲကိုင်ထားကြသူများ ဖြစ်ကြသည်။

လွန်ခဲ့သည့်ရက်များအတွင်း သူတို့ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခတွေကို ပြန်လည်သုံးသပ် ကြည့်လိုက်တဲ့အခါ လင်းပိုင်ဖန်၏ စကားများသည် နိမိတ်ဖတ်သကဲ့သို့ မှန်ကန်နေသည်ဟု ထင်မှတ်လာကြသည်။ သူတို့တွေ ယခုလို ဒုက္ခရောက်နေရခြင်းမှာ သူတို့ကိုယ်တိုင်၏ အမှားများကြောင့်သာဖြစ်ပြီး ဤပြစ်ဒဏ်နှင့် ထိုက်တန်သည်ဟု ခံယူမိသွားကြသည်။

ထိုသို့တွေးတောမိရင်း သူတို့သည် ရုတ်တရက် ရှိုက်ကြီးတငင် ငိုကြွေးကြလေတော့သည်။

“ကျွန်တော်မျိုးတို့ မှားသွားပါတယ်၊ တကယ်ပဲ ဒီလိုမျိုး မဖြစ်စေချင်ခဲ့ပါဘူး”

“အန်လုရှန်က ကျွန်တော်မျိုးတို့ကို အတင်းအကျပ် ခိုင်းစေခဲ့တာပါ၊ ကျွန်တော်မျိုးတို့မှာ နာခံရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ပါဘူး”

“ကျွန်တော်မျိုးတို့ တကယ်ပဲ ပုန်ကန်ချင်စိတ် မရှိပါဘူး။ ဘာမှမသိဘဲ အတင်းအကျပ် ခိုင်းစေခံခဲ့ရတာပါ၊ အခုတော့ နောင်တရမိပါပြီ”

“ဒီလိုမျိုး ဆက်ပြီးမနေချင်တော့ဘူး၊ ကျွန်တော်မျိုးတို့ မသေချင်သေးဘူး”

“ကျွန်တော့်မျိုးတို့ အမှားကို သိပါပြီ။ ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးတော်မူပါ”

လင်းပိုင်ဖန်က ကျယ်လောင်စွာဖြင့်

“ မောင်မင်းတို့ရဲ့ လက်နက်တွေကို ချလိုက်ပြီး ဒူးထောက်အရှုံးပေးကြစမ်း။ ဒါဆိုရင် မောင်မင်းတို့ကို ညှာတာပေးမယ်။ မဟုတ်ရင်တော့ ငါကိုယ်တော်က ချမ်းသာပေးချင်ရင်တောင် ကောင်းကင်ဘုံက မောင်မင်းတို့ကို ချမ်းသာပေးမှာ မဟုတ်ဘူး”

သူ့စကားအဆုံးတွင် ပုန်ကန်သူများက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လာကြသည်”

“ကျွန်တော်မျိုး အရှုံးပေးပါတယ်”

“တစ်ဖွဲ့တစ်ခုလုံးသည် အလွန်ညီညာစွာဖြင့် ဒူးထောက်ချလိုက်ကြသည်”

“ပြီးတော့ မင်းတို့ မဟာယွဲ့ ရဲ့ စစ်သည်တွေ…”

လင်းပိုင်ဖန်၏ အသံတွင် ပြင်းထန်သော သတိပေးချက် ပါဝင်နေသည်။

“မင်းတို့ကရော ငါကိုယ်တော်ကို ဆက်ပြီးခုခံဦးမလို့လား။ ငါကိုယ်တော်ကတော့ အဆင်သင့်ပဲ”

လက်ကို ဝှေ့ယမ်းပြလိုက်သည်နှင့် မြို့ရိုးပေါ်ရှိ စစ်သည်များသည် မဟာယွဲ့စစ်သည်များကို ဦးတည်ကာ လေးမြားများကို ချက်ချင်း အသင့်ပြင်လိုက်ကြသည်။ မဟာယွဲ့စစ်သည်များ ထိတ်လန့်သွားကြသည်။

“ကျွန်တော်မျိုးတို့လည်း မတိုက်တော့ပါဘူး အရှုံးပေးပါတယ်”

“အခုချိန်မှာ ကျွန်တော်မျိုးတို့ ဘယ်လိုမှ မနိုင်နိုင်တော့ပါဘူး”

“ကောင်းကင်ဘုံကလည်း ကျွန်တော်မျိုးတို့ကို ပြစ်ဒဏ်ခတ်တော့မှာ၊ ဆက်တိုက်နေရင် ကျွန်တော်မျိုးတို့အားလုံး ပျက်စီးသွားရလိမ့်မယ်”

“ကျွန်တော်မျိုးတို့ အသက်ရှင်ချင်ပါတယ်၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”

လင်းပိုင်ဖန်က ဟိန်းဟောက်လိုက်ကာ..

“အခုမှ ဒူးမထောက်ရင် ဘယ်တော့ ထောက်မှာလဲ”

ဝုန်းခနဲ မြည်သံများနှင့်အတူ မဟာယွဲ့၏ စစ်သည်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ အရှုံးပေးလိုက်ကြသည်”

နန်းတွင်းရှိ အရာရှိကြီးငယ် အားလုံးတို့သည်လည်း ဆွံ့အသွားခဲ့ကြသည်။ စကားအနည်းငယ်ဖြင့်ပင် အရှင်မင်းကြီးသည် အင်အားတစ်သန်းရှိသော စစ်တပ်ကြီးကို အရှုံးပေးအောင် လုပ်နိုင်ခဲ့သည်။

အန်လုရှန်၊ ရှီစစ်မင် နှင့် မဟာယွဲ့မှ စစ်သူကြီးတွေ အားလုံးလည်း မှင်တက်သွားခဲ့ကြသည်။ ဤငတုံးဧကရာဇ်က သူတို့ အပင်ပန်းခံ ပျိုးထောင်ထားသော စစ်တပ်ကြီးကို စကားအနည်းငယ်ဖြင့် သစ္စာဖောက်များအဖြစ် သတ်မှတ်လိုက်နိုင်ခဲ့သည်။ အထူးသဖြင့် အန်လုရှန် အတွက်မှာမူ သူအသည်းအသန် လေ့ကျင့်ပေးထားသော စစ်သည်များက မျက်စိတစ်မှိတ်အတွင်း ရန်သူ့ရှေ့တွင် ဒူးထောက်ကာ သစ္စာဖောက်သွားခြင်းကို ကြည့်ရင်း ပါးရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ၎င်းသည် သူယခင်က ကြိုးစားခဲ့သမျှကို ငြင်းပယ်လိုက်ခြင်း ဖြစ်သလို သူ၏ ဧကရာဇ်ဖြစ်လိုသော ရည်မှန်းချက်ကြီးကို အကြီးအကျယ် လှောင်ပြောင်လိုက်ခြင်းလည်း ဖြစ်သည်။

အန်လုရှန်သည် ဒေါသတကြီးနှင့် အရှက်တကွဲ အော်ဟစ်လိုက်သည်။

“ဒူးမထောက်ကြနဲ့ အားလုံး၊ မတ်တပ်ရပ်စမ်း ငါကသာ မင်းတို့ရဲ့ သခင်အစစ်အမှန်ပဲ၊ မင်းတို့ ဒူးထောက်ရမှာက ငါ့ရှေ့မှာ၊ အဲ့ဒီ ငတုံးဧကရာဇ် ရှေ့မှာမဟုတ်ဘူး”

သို့သော် ထိုအချိန်တွင် မည်သူမျှ သူ့ကို ဂရုမစိုက်တော့ပေ

လင်းပိုင်ဖန်က အောင်နိုင်သူအလား တဟားဟား ရယ်မောလိုက်လေသည်။

“ကောင်းကင်ဘုံရဲ့ အလိုတော်က ငါ့ဆီမှာပဲ ရှိတယ်၊ ကောင်းကင်ဘုံက ငါ့ဘက်မှာပဲ…”

“ကောင်းကင်ဘုံက အရှင်မင်းကြီးကို ကောင်းချီးပေးပါစေ” ဟု အရာရှိအားလုံးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

လင်းပိုင်ဖန်၏ ရယ်သံက ပို၍ ကျေနပ်အားရလာကာ..

“မွဟားဟားဟား…. ငါကိုယ်တော်က ကောင်းကင်ရဲ့ သားတော်ပဲ၊ ကောင်းကင်ဘုံက ငါကိုယ်တော်ကို စောင့်ရှောက်မှာပေါ့ ဟားဟား……”

“ မဟုတ်ဘူး ငါ မရှုံးသေးဘူး”

အန်လုရှန်က ဟိန်းဟောက်လိုက်ကာ

“အားလုံးပဲ ပွဲကြည့်လို့ ဝကြပြီလား။ အခု မင်းတို့ အလှည့်ပဲ၊ အဲ့ဒီ ငတုံးဧကရာဇ်ကိုသာ ဖယ်ရှားပေးမယ်ဆိုရင် ငါကတိပေးထားတဲ့ အရာတွေထက် နှစ်ဆပိုပေးမယ်”

“ဟားဟား တကယ်ပဲ လက်လှုပ်ရတော့မယ့် အချိန်ရောက်ပြီပဲ”

“မဟာရှ မှာ အုပ်ချုပ်သူအသစ် ရှိသင့်နေပြီ

ဒီငတုံးဧကရာဇ်က ပလ္လင်မှာထိုင်နေတာ တော်တော်ကြာပြီ၊ ဒီနေ့ သူ့ကို တမလွန်ကို ပို့ပေးရမှာပေါ့”

“ကျွန်ုပ်တို့ ရှိနေသရွေ့တော့ စစ်သူကြီးအန် စိတ်ချလက်ချ ဧကရာဇ်လုပ်လို့ရတယ်”

ရယ်သံများနှင့်အတူ အင်အားကြီး ပုဂ္ဂိုလ် ၆ ဦး ပေါ်လာခဲ့သည်။ ၎င်းတို့သည် ကြီးမြတ်သော မျိုးနွယ်စု သုံးခုမှ လွှတ်လိုက်သော ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်များ ဖြစ်ကြသည်။ တစ်ချိန်တည်းမှာပင် မဟာယွဲ့စစ်တပ်ထဲမှ နောက်ထပ် ချီဖွဲ့တည်ခြင်းအဆင့် ၃ ဦး ထွက်လာခဲ့သည်။ စုစုပေါင်း ချီဖွဲ့တည်ခြင်းအဆင့် ၉ ဦး ရှိပြီဖြစ်သည်။ ၎င်းအပြင် သူနှင့် ရှီစစ်မင်ပါ ပေါင်းလျှင် ၁၁ ဦးအထိ ရှိသော အင်အားကြီးအဖွဲ့ တစ်ခု ဖြစ်သွားခဲ့သည်။ ဤသည်မှာ အန်လုရှန်၏ အကြီးမားဆုံး ယုံကြည်ချက်ဖြစ်သည်။ သူ့စစ်တပ်ကြီး ပျက်စီးသွားသော်လည်း ဤအစွမ်းထက်သူများ ရှိနေသရွေ့ သူ ဧကရာဇ်ဖြစ်နိုင်သေးသည်။

“မင်းတို့ပါလား၊ လျူ နဲ့ ကျောက် မိသားစုတွေ ပါဝင်လာလိမ့်မယ်လို့ ငါထင်သားပဲ”

အရက်ဓားအင်မော်တယ်က ဒေါသမျက်လုံးများဖြင့် ရှေ့သို့ ထွက်လာခဲ့သည်။ ချီဖွဲ့တည်ခြင်းအဆင့် အုပ်စုထဲတွင် လျူနှင့် ကျောက်မိသားစုဝင်များကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။

“ အရက်ဓားအင်မော်တယ် ဒီနေ့ ငါတို့လာတာက ငတုံးဧကရာဇ်ကို သတ်ဖို့တင်မဟုတ်ဘူး မင်းရဲ့ အသက်ကိုပါယူပြီး ငါတို့ရဲ့ သားတွေအတွက် လက်တုံ့ပြန်ဖို့နဲ့ ငါတို့မိသားစုတွေရဲ့ အရှက်ရမှုကို ဆေးကြောဖို့ပဲကွ”

လျူနှင့် ကျောက်မိသားစုမှ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်များ၏ မျက်လုံးများတွင်လည်း ဒေါသမီးများ တောက်လောင်နေသည်။

“ဘာလို့ အပိုတွေ ပြောနေမှာလဲ၊ လာစမ်း ဒီနေ့တော့ မင်းတို့ သေရင်သေ မဟုတ်ရင် ငါအသေပဲ”

‘ချလွမ်’ ဟူသော မြည်သံနှင့်အတူ အရက်ဓားအင်မော်တယ်၏ ကျောနောက်မှ ဓားသည် လွင့်ထွက်လာကာ သူ့လက်ထဲသို့ ရောက်ရှိသွားပြီး အေးစက်သော ဓားချီ များဖြင့် ရှေ့သို့ ပြေးဝင်တိုက်ခိုက်လေတော့သည်။

“ကောင်းပြီ လာခဲ့စမ်း၊ ဒီနေ့တော့ မင်းသေဖို့သာ ပြင်ထားတော့”

နှစ်ဖက်စလုံးသည် ပင်လယ်ပမာ နက်ရှိုင်းသော ရန်ငြိုးများ ရှိနေကြသဖြင့် စကားများစွာ မပြောတော့ဘဲ တိုက်ပွဲကို တိုက်ရိုက် စတင်လိုက်ကြသည်။ ပထမတိုက်ပွဲတွင် အရက်ဓားအင်မော်တယ် တစ်ယောက်တည်းက ၄ ယောက်ကို ရင်ဆိုင်နေရသည်။

ချိုင်ယွိရှင်းသည်လည်း လင်းပိုင်ဖန် ပေးထားသော လှံကို ထုတ်ယူကာ အန်လုရှန် နှင့် ရှီစစ်မင်တို့ဆီသို့ ပြေးဝင်သွားခဲ့သည်။

“မင်းတို့လို သစ္စာဖောက်သူပုန်တွေ လာပြီး အသေခံကြစမ်း”

ချိုင်ယူလန်ကလည်း နောက်ကကပ်လျက် လိုက်ပါရင်း “တစ်ယောက်ကို အဖေ့အတွက် ချန်ထားဦး၊ အဖေလည်း သစ္စာဖောက်တွေကို သတ်ချင်တယ်” ဟု အော်ဟစ်လိုက်သည်။

အန်လုရှန်က ဓားကောက်ကြီးကို ထုတ်ကာ စိတ်အား ထက်သန်စွာဖြင့် ဟိန်းဟောက်လိုက်သည်။

“လာကြစမ်း..။ ဒီနေ့တော့ ကောင်းကင်နဲ့ မြေကြီးကို ပြောင်းပြန်လှန်သွားအောင် တိုက်ကြမယ်။ မင်းတို့လို သစ္စာရှိအမတ်နှစ်ယောက်ရဲ့ သွေးနဲ့ ငါ့ရဲ့ ဧကရာဇ်လမ်းကို ခင်းရမှာပေါ့”

ရှီစစ်မင်ကလည်း မကြောက်မရွံ့ဘဲ “အစ်ကိုကြီး အကြီးကို အစ်ကိုကြီး ကိုင်တွယ်လိုက်၊ အငယ်ကိုတော့ ကျွန်တော် ကိုင်တွယ်လိုက်မယ်” ဟု ပြောလိုက်သည်။

ဒုတိယတိုက်ပွဲကိုတော့ ချိုင်သားအဖနှင့် အန် နှင့် ရှီ နှစ်ဦးတို့က တိုက်ပွဲကို စတင်လေတော့သည်။

လင်းပိုင်ဖန်က လက်ဝှေ့ယမ်းလိုက်ကာ - “ ပိုင်ဇူ၊ မင်းလည်း ဝင်တိုက်လိုက်တော့၊ မဟာယွဲ့က သုံးယောက်ကို မင်းကိုင်တွယ်လိုက်”

“နားလည်ပါပြီ “

မျက်စိတစ်မှိတ်အတွင်း ပိုင်ဇူသည် တိုက်ပွဲထဲ ရောက်သွားပြီး သူမ၏ဓားမှာ မဟာယွဲ့မှ ချီဖွဲ့တည်ခြင်းအဆင့် ၃ ဦးကို ဦးတည်ထားလိုက်သည်။ တတိယတိုက်ပွဲလည်း ဖြစ်ပေါ်လာခဲ့သည်။

“နှစ်ယောက်ပဲ ကျန်တော့တာလား၊ ဒါဆို ဒီအဖိုးကြီးလည်း ပျော်လိုက်ရအောင်”

လက်ဗလာဆရာကြီးလည်း တိုက်ပွဲထဲတွင် ပေါ်လာပြီး ကျောက်မိသားစုမှ အင်နိတ်နှစ်ဦးကို ရင်ဆိုင်လိုက်သည်။ ဤသို့ဖြင့် စတုတ္ထတိုက်ပွဲလည်း စတင်ခဲ့လေသည်။

တိုက်ပွဲလေးခုစလုံးက တစ်ပြိုင်နက်တည်း ဖြစ်ပွားနေခဲ့သည်။ တစ်ဦးနှင့်တစ်ဦး စမ်းသပ်နေခြင်း မဟုတ်ဘဲ အသက်လုတိုက်ပွဲကို တိုက်ရိုက် စတင်လိုက်ခြင်းဖြစ်သည်။ သို့သော် သူတို့တွင် ချီဖွဲ့တည်ခြင်းအဆင့် ၁၁ ဦးနှင့် လင်းပိုင်ဖန်ဘက်တွင် ၅ ဦးသာ ရှိသဖြင့် အရေအတွက်အရ သာနေသည်ဟု အန်လုရှန် ထင်ထားသော်လည်း အခြေအနေမှာ သူထင်ထားသလို မဟုတ်ခဲ့ပေ။

အရက်ဓားအင်မော်တယ် တစ်ယောက်တည်းနှင့် လေးယောက်ကို ရင်ဆိုင်နေရသော်လည်း သူ၏ ဓားတစ်လက်တည်းဖြင့် ထိုလေးဦးကို ခေါင်းမဖော်နိုင်အောင် ဖိနှိပ်ထားသည်။ လူသတ်သမားမလေး ပိုင်ဇူသည်လည်း ဓားတစ်လက်ဖြင့် မဟာယွဲ့မှ ချီဖွဲ့တည်ခြင်းအဆင့် ၃ ဦးကို အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်အောင် လုပ်ထားခဲ့သည်။ လက်ဗလာဆရာကြီးမှာလည်း ထိုနည်းတူပင် ချီဖွဲ့တည်ခြင်းအဆင့် ၂ ဦးကို ကလေးကစားသလို လုပ်နေခဲ့သည်။ ချိုင်သားအဖနှင့် ရင်ဆိုင်နေရသော ညီအစ်ကိုနှစ်ဦးမှာလည်း အစွမ်းချင်း ကွာခြားနေသဖြင့် အဖိနှိပ်ခံနေရသည်။

အန်လုရှန် အံ့အားသင့်သွားခဲ့သည်။ သူတို့ရဲ့ ခွန်အားတွေက ဘယ်လိုလုပ်ပြီး ဒီလောက် တိုးတက်လာရတာလဲ။ တစ်ယောက်စ နှစ်ယောက်စ တိုးတက်လာလျှင် ကိစ္စမရှိသော်လည်း အားလုံးက ဘာကြောင့် ဒီလောက် အစွမ်းထက်နေရတာလဲ။

“မင်းတို့တွေ အစွမ်းထက်တဲ့ ဆေးတွေ ဘာတွေ သောက်ထားကြတာလား”

အန်လုရှန်၏ ရင်ထဲတွင် စိုးရိမ်စိတ်များ စတင် ပေါက်ဖွားလာခဲ့သည်။ သူတို့ဘက်မှ ပညာရှင် အားလုံးနီးပါး တိုက်ခိုက်နေချိန်တွင် ငတုံးဧကရာဇ်ဘက်၌ ချီဖွဲ့တည်ခြင်းအဆင့် ၂ ဦးနှင့် မရောက်လာသေးသော ပန်းပဲဆရာတစ်ဦး ကျန်နေသေးသည်ကို သူ တွေးမိလိုက်သည်။ သူတို့သာ အားလုံး ပါဝင်လာပါက မည်သို့ဖြစ်မည်ကို သူ မတွေးရဲတော့ပေ။

ထိုစဉ် ဝေးရာမှ ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး လူတစ်ဦးသည် တူကြီးတစ်လက်ကို ကိုင်ကာ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ပြေးဝင်လာလေသည်။ မြို့ရိုးအောက်သို့ ရောက်သောအခါ မြင်ကွင်းကို ကြည့်ရင်း အံ့သြသွားပြီး…

“တိုက်ပွဲက စနေပြီလားဟ၊ လူတွေလည်း အကုန် ခွဲယူကုန်ကြပြီလား”

လင်းပိုင်ဖန်က လက်ဝှေ့ယမ်းလိုက်ကာ- “ဆရာကြီး အိုးယဲ့ဇီ၊ ဒီလို ကိစ္စသေးသေးလေးအတွက် ဆရာကြီး ပါဝင်ဖို့ မလိုပါဘူး”

“ဘယ်လိုလုပ် မပါဘဲ နေလို့ရမှာလဲ ရောက်လာပြီဆိုမှတော့ ငါလည်း ကူညီရမှာပေါ့”

ထို့နောက် သူသည် ဟိန်းဟောက်ရင်း စတုတ္ထတိုက်ပွဲထဲသို့ ပြေးဝင်ကာ လက်ဗလာဆရာကြီးထံမှ လူသတ်ပွဲကို လုယူလေတော့သည်။

“လက်ဗလာကောင် ဖယ်စမ်း၊ ဒီနှစ်ယောက်က ငါ့ဟာတွေ မင်းမဖယ်ရင် မင်းကိုပါ တူနဲ့ ထုပစ်မယ်”

လက်ဗလာဆရာကြီးက ချက်ချင်း ရှောင်ပေးလိုက်ကာ၊ ခင်ဗျားတူက အရမ်းမာတယ် ကျွန်တော် မပြိုင်တော့ပါဘူး”

ထို့ကြောင့် အိုးယဲ့ဇီသည် တစ်ယောက်နှင့် နှစ်ယောက် တိုက်ပွဲ ဖြစ်သွားခဲ့သည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် တူကို မြှင့်လိုက်ပြီး “ငါ့ရဲ့ အကြိမ်တစ်ထောင် ထုချက်ကို မြည်းလိုက်စမ်း” ဟု အော်ကာ ချီဖွဲ့တည်ခြင်းအဆင့် တစ်ဦးကို အရှိန်ပြင်းပြင်းဖြင့် ထုချလိုက်သည်။

အိုးယဲ့ဇီသည် ကြယ်တာယာချီအဆင့်သာ ရှိသော်လည်း သူ၏ နတ်ဘုရားလက်နက်နှင့်ဆိုလျှင် အင်ပါယာချီ အဆင့်နှင့် ညီမျှသော ခွန်အားကို ပိုင်ဆိုင်ထားသည်။ ဤတူချက်ကြောင့် ကျောက်မိသားစုမှ ချီဖွဲ့တည်ခြင်းအဆင့်တစ်ဦးမှာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးကာ လဲကျသွားပြီး သွေးများအန်နေရင်း အသက်လုနေရတော့သည်”

“တတိယညီလေး” ဟု ကျောက်မိသားစုဝင် နောက်တစ်ဦးက အော်လိုက်သည်။

“အော်မနေနဲ့ မင်းလည်း မကြာခင် သူ့နောက် လိုက်ရမှာ ငါ့ရဲ့ မုန်တိုင်းတူကို မြည်းလိုက်စမ်း”

တူကြီးမှာ သူ့ဆီသို့ ဝှေ့ယမ်းလာခဲ့သည်။ သူ ရှောင်ရန် ကြိုးစားလိုက်သော်လည်း နှစ်ကြိမ်မြောက်မှာတော့ တူချက်မိကာ စွန်ကြိုးပြတ်သလို လဲကျသွားလေတော့သည်။

လင်းပိုင်ဖန်က ဂုဏ်ယူစွာ ရယ်မောလိုက်ကာ “နောက်ထပ် ဘယ်သူရှိသေးလဲ ဟားဟား”

အိုးယဲ့ဇီလည်း လိုက်ပြီး ရယ်မောကာ “ အမှန်ပဲ၊ ဒီအဖိုးကြီးရဲ့ တူတစ်ချက်ကို ဘယ်သူ ခံနိုင်ဦးမှာလဲ ဟားဟား…”

ချီဖွဲ့တည်ခြင်းအဆင့် ၂ ဦးကို အလွယ်တကူ ကိုင်တွယ်လိုက်ခြင်းက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ သူပုန်တွေထဲရှိ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်များမှာလည်း ထိုတူကြီး၏ ပစ်မှတ်မဖြစ်စေရန် ကြောက်ရွံ့တုန်လှုပ်နေကြသည်။ အန်လုရှန်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ‘ဒီပန်းပဲဆရာက ကြောက်စရာ ကောင်းလွန်းလှတာပဲ၊ ချီဖွဲ့တည်ခြင်းအဆင့် တစ်ယောက်ကို တူတစ်ချက်တည်းနှင့်ဆိုလျှင် မည်သူက ခံနိုင်မည်နည်း’

အန်လုရှန် ဆက်စောင့်၍ မရတော့သည်ကို နားလည်သွားပြီး ကောင်းကင်သို့ အော်ဟစ်လိုက်သည်။

“မင်းတို့တွေ အခုထိ မလှုပ်ရှားကြသေးဘူးလား၊ ငါတို့တွေ သေတာကိုပဲ ထိုင်ကြည့်နေတော့မှာလား”

All Chapters