← Chapters

အခန်း (၁၄၇)

Vol. 12 Ch. 147

အခန်း (၁၄၇)

Vol. 12 Ch. 147

ဤသို့ဖြင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များ၏ တိုက်ပွဲကြီးသည် ဆက်လက်ဖြစ်ပွားနေခဲ့သည်။

တစ်ဖက်တွင်မူ စိတ်ဓာတ်များ ကျဆင်းကာ တိုက်ခိုက်လိုစိတ် မရှိတော့သူများ ဖြစ်ကြပြီး၊ ၎င်းတို့၏ စိတ်ဓာတ်ခွန်အားမှာ များစွာ ဆုတ်ယုတ်နေသဖြင့် တိုက်ခိုက်နိုင်စွမ်းမှာလည်း သိသိသာသာ ကျဆင်းလာခဲ့သည်။

အခြားတစ်ဖက်တွင်မူ ပုန်းကွယ်နေသော ကောင်းကင်အဆင့်တစ်ဦး၏ ကွပ်ကဲမှုအောက်တွင် စိတ်ဓာတ်များ ထက်သန်နေကြပြီး တိုက်ခိုက်နိုင်စွမ်းမှာ ကောင်းကင်သို့ ထိုးတက်နေကာ ပြိုင်ဘက်များကို ဝိညာဉ်များ လွင့်စင်သွားရလောက်သည့်အထိ အပြတ်အသတ် ချေမှုန်းနေကြလေသည်။

မကြာမီပင် ပိုင်ဇူက ပထမဆုံး တိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့ပြီး ပြိုင်ဖက်သုံးဦး၏ ဦးခေါင်းကို ဖြတ်ချနိုင်ခဲ့သည်။ သူမ၏နောက်တွင်တော့ အရက်ဓားအင်မော်တယ်က လူလေးဦးကို တစ်ကိုယ်တော် သတ်ဖြတ်ကာ သူ၏ ရန်ငြိုးအချို့ကို ပြေပျောက်စေခဲ့ပြီး မြိန်ရှက်လှသော အရက်ကို သောက်သုံးကာ အောင်ပွဲခံနေတော့သည်။

နောက်ဆုံးတွင်တော့ အန်လုရှန် နှင့် ရှီစစ်မင်တို့ နှစ်ဦးသာ အသက်ရှင် ကျန်ရစ်တော့သည်။ သို့သော်လည်း ၎င်းတို့ နှစ်ဦးစလုံးမှာ သိုင်းပညာများ အဖျက်ဆီးခံရပြီးနောက် လင်းပိုင်ဖန်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာကာ စီရင်ချက် ချမှတ်ခြင်းကို ခံယူရတော့မည်ဖြစ်သည်။

“အရှင်မင်းကြီး ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ၊ ကျွန်တော်မျိုးဟာ ကောက်ကျစ်တဲ့ လူယုတ်မာတွေရဲ့ ဖျားယောင်းမှုကို ခံခဲ့ရပြီး အမြင်တွေ အမှောင်ဖုံးနေကာ အခုလို ပုန်ကန်မှုတွေကို ကျူးလွန်မိခဲ့တာပါ၊ ဒါဟာ ကျွန်တော်မျိုးရဲ့ တကယ့် စိတ်ဆန္ဒမဟုတ်ပါဘူး၊ အခု ကျွန်တော်မျိုး အမှားကို သိပါပြီ၊ ကျေးဇူးပြုပြီး အသက်ရှင်ခွင့် ပေးသနားတော်မူပါ”

“ဥပဒေကို ကျော်လွန်တဲ့ ကရုဏာတော်ကို ပြသပေးတော်မူပါ။ ကျွန်တော်မျိုး အရှင်မင်းကြီးကို ဦးချကန်တော့ပါတယ်၊ ကျွန်တော်မျိုး အရှင်မင်းကြီးကို ဦးချကန်တော့ပါတယ်”

သစ္စာဖောက် ဗိုလ်ချုပ်နှစ်ဦးမှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ငိုကြွေးနေခဲ့ကြသည်။ အစောပိုင်းက မည်မျှပင် ထောင်လွှားခဲ့ကြစေကာမူ ယခုအခါတွင် အလွန်ပင် နှိမ့်ချစွာ တောင်းပန်နေကြရရှာသည်။

“အရှင်မင်းကြီး သူတို့ကို လုံးဝ မသက်ညှာပါနဲ့”

“ဒီသစ္စာမရှိတဲ့ လူယုတ်မာ နှစ်ယောက်က သေခြင်းနဲပဲ ထိုက်တန်တာပါ”

“အရှင်မင်းကြီး သူတို့ကို ကွပ်မျက်ခြင်း မပြုခဲ့ရင် ပြည်သူတွေရဲ့ စိတ်ကျေနပ်မှုကို ရရှိမှာ မဟုတ်ပါဘူး”

လူတိုင်းမှာ အလွန်ပင် ဒေါသထွက်နေကြပြီး ပြင်းပြင်းထန်ထန် အပြစ်ဒဏ်ပေးရန် မျှော်လင့်နေကြသည်။

လင်းပိုင်ဖန်က ပြုံးကာ - “ ငါကိုယ်တော်ရဲ့ အမတ်မင်းတို့၊ မောင်မင်းတို့ ပြောတာ အမှန်ဆုံးပဲ၊ တရားရေးဝန်ကြီး ချင်ဟွေ့ ဘယ်မှာလဲ” ဟု မေးလိုက်သည်”

“ကျွန်တော်မျိုး ဒီမှာပါ” ဟု ချင်ဟွေ့က မတ်တပ်ထရပ်လိုက်သည်။

လင်းပိုင်ဖန်က ကျယ်လောင်စွာ ကြေညာလိုက်သည်။ “ဒီသစ္စာဖောက် နှစ်ဦးကို ခေါ်သွားပြီး၊ ‘အချက်ပေါင်း တစ်ထောင် လှီးဖြတ်၍ သတ်ခြင်း’ အပြစ်ဒဏ် ပေးစေ။ မှတ်ထား အနည်းဆုံး အသားလွှာ ၃၀၀၀ ခွဲစိတ်ရမယ် သူတို့ မသေခင် သုံးရက်ကြာအောင် ဆွဲထားရမယ်”

အန်လုရှန်နှင့် ရှီစစ်မင်တို့မှာ အလွန်အမင်း ကြောက်လန့်သွားသဖြင့် မျက်နှာများ ဖြူဖျော့သွားခဲ့ကြသည်။ ဒီမိုက်မဲတဲ့ ဧကရာဇ်က သူတို့ကို အလွန်ရက်စက်လှတဲ့ အပြစ်ဒဏ်ကို ပေးတော့မည် ဖြစ်သည်။

သိုင်းပညာရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်မျိုး ရှိသော်လည်း ဤဒဏ်ကို သူတို့ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

စစ်ဘက်နှင့် အရပ်ဘက် အရာရှိများ၏ မျက်နှာများပင် ဖြူဖျော့သွားကြသည်။ ‘အချက်ပေါင်း တစ်ထောင် လှီးဖြတ်၍ သတ်ခြင်း’မှာ အလွန်ပင် ရက်စက်ပြီး လူမဆန်သော အပြစ်ဒဏ်ဖြစ်သည်။ သို့သော်လည်း သူတို့ ကျူးလွန်ခဲ့သော အပြစ်များကို ထောက်ဆပါက ဤပြစ်ဒဏ်မှာ ထိုက်တန်သည်ဟု ဆိုရပေမည်။

“ကျွန်တော်မျိုး အမိန့်တော်အတိုင်း နာခံပါ့မယ်” ဟု ချင်ဟွေ့က ကျယ်လောင်စွာ ပြန်လည်ဖြေကြားလိုက်သည်။

“အထူးသဖြင့် စစ်သူကြီး အန်လုရှန်ပေါ့”

လင်းပိုင်ဖန်က လက်ကိုဆန့်ထုတ်ကာ အန်လုရှန်၏ ဖောင်းကားနေသော ပါးပြင်ကို ဆွဲညှစ်လိုက်ပြီး - “ ကြည့်စမ်း၊ ဒီကောင် ဘယ်လောက်တောင်မှ ဝလိုက်သလဲ၊ ကိုယ်ပေါ်မှာလည်း အသားတွေကြီးပဲ။ သူ့ကို အချက်ပေါင်း ၁၀,၀၀၀ လောက် လှီးဖြတ်ရင်တောင် ပြဿနာမရှိလောက်ဘူး။ ဟုတ်တယ်မလား၊ မောင်မင်း ပိုလှီးနိုင်ပြီး ပိုကြာအောင် လုပ်နိုင်လေ ငါကိုယ်တော်က မင်းကို ပိုပြီး ဆုချလေပဲ” ဟု မိန့်လိုက်သည်။

“မှန်လှပါ အရှင်မင်းကြီး” ဟု ချင်ဟွေ့က အမိန့်တော်ကို ဝမ်းမြောက်စွာ ခံယူလိုက်သည်။

အန်လုရှန်မှာ ကြောက်လန့်လွန်းသောကြောင့် မေ့လဲတော့မလိုပင် ဖြစ်နေသည်။ သူသည် ဖြည်းဖြည်းချင်း အသားလွှာခံရမည့်အပြင် ဓားချက်ပေါင်း ၁၀၀၀၀ တောင် ခံရမည်ဆိုပါလား?

“အရှင်မင်းကြီး ကရုဏာ ထားတော်မူပါ၊ ကျွန်တော်မျိုး တကယ်ကို မှားမှန်း သိပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို မြန်မြန်ဆန်ဆန်ပဲ အဆုံးစီရင်ပေးပါ၊ ကျွန်တော်မျိုးကို ဒီလိုမျိုး မနှိပ်စက်ပါနဲ့”

လင်းပိုင်ဖန်က ရွံရှာစွာဖြင့် လက်ခါပြလိုက်ပြီး “ခေါ်သွားကြ၊ ငါကိုယ်တော် သူ့မျက်နှာကို ထပ်မမြင်ချင်တော့ဘူး၊ ကျန်တဲ့ ပုန်ကန်သူ စစ်သူကြီးတွေကိုလည်း အကုန်ဖမ်းဆီးလိုက်၊ ဌာနသုံးခုကို လွှဲပြောင်းပေးပြီး စစ်ဆေးစေ၊ ညှာတာမှု မရှိဘဲ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်” ဟု အမိန့်ပေးလိုက်သည်”

“မှန်လှပါ အရှင်မင်းကြီး” ဟု ချင်ဟွေ့က ပုန်ကန်သူ စစ်သူကြီးများကို ဖမ်းဆီးခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။

လင်းပိုင်ဖန်က ထပ်မံပြီး “ ဝန်ကြီးချုပ် ချိုင်ယုလန် ဘယ်မှာလဲ “

“ကျွန်တော်မျိုး ဒီမှာပါ” ဟု ချိုင်ယုလန် ရှေ့သို့ တိုးလာသည်။

လင်းပိုင်ဖန်က ကျယ်လောင်စွာြဖင့် - “ မောင်မင်းကို ငါကိုယ်တော် အမိန့်ပေးမယ်၊ ပုန်ကန်မှုမှာပါဝင်တဲ့ သာမန်စစ်သည်တွေကို ပြန်လည်ဖွဲ့စည်းပြီး မဟာရှ တပ်မတော်ထဲကို ပြန်သွင်းလိုက်”

“သူတို့ကို ပြန်လက်ခံမှာ ဆိုပေမယ့်၊ သူတို့မှာ ကြီးလေးတဲ့ အမှားတွေ ရှိတဲ့အတွက် အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးလို့မရဘူး။ ပြစ်ဒဏ်အနေနဲ့ သူတို့ရဲ့ လစာကို ၆ လစာ ဖြတ်တောက်လိုက်၊ ဒဏ်ရာတွေ ပျောက်ကင်းသွားတဲ့အခါမှာလည်း ဒီသင်ခန်းစာကို မှတ်မိနေအောင် ကြိမ်ဒဏ် ဆယ်ချက်စီ ရိုက်ခံရမယ်”

“ရှုံးနိမ့်သွားတဲ့ မဟာယွဲ့ စစ်သည်တွေကိုတော့ ကျွန်အဖြစ် သတ်မှတ်ပြီး၊ မြေရိုင်းတွေ ရှင်းလင်းဖို့နဲ့ နယ်မြေအသစ်တွေ ထူထောင်ဖို့အတွက် ခိုင်းစေရမယ်”

“မှန်လှပါ အရှင်မင်းကြီး” ဟု ချိုင်ယုလန်က ဝမ်းမြောက်စွာ ပြန်လည်ဖြေကြားလိုက်သည်။

“စစ်သူကြီး ချိုင်ယွီရှင်း နဲ့ ဝမ်ကျင်းဟိုင် တို့ ဘယ်မှာလဲ” ဟု လင်းပိုင်ဖန်က ထပ်မံခေါ်လိုက်သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ဒီမှာပါ” ဟု ချိုင်ယွီရှင်းနှင့် အခြားတစ်ဦးတို့ ရှေ့သို့ ထွက်လာကြသည်။

“မဟာယွဲ့နိုင်ငံဟာ သစ္စာဖောက် ပုန်ကန်သူ အန်လုရှန်၊ ရှီစစ်မင်တို့နဲ့ ပူးပေါင်းပြီး ငါ့ရဲ့ အုပ်ချုပ်ရေးကို ဖြုတ်ချဖို့ ကြံစည်ခဲ့တယ်၊ ဒါဟာ အလွန်ကြီးလေးတဲ့ ပြစ်မှုပဲ၊ မောင်မင်းတို့ နှစ်ယောက်ကို အင်အား ၄ သိန်းရှိတဲ့ တပ်မတော်ကို ဦးဆောင်ပြီး မဟာယွဲ့ကို ချက်ချင်း စစ်ချီဖို့ ငါ အမိန့်ပေးလိုက်တယ်”

“မှန်လှပါ အရှင်မင်းကြီး” ဟု ချိုင်ယွီရှင်းနှင့် ဝမ်ကျင်းဟိုင်တို့ နှစ်ဦးစလုံးက ပြန်လည်ဖြေကြားလိုက်ကြသည်။

“ပြီးတော့ အရက်ဓားအင်မော်တယ်၊ လက်ဗလာဆရာကြီးနဲ့ ပိုင်ဇူ၊ မောင်မင်းတို့ သုံးဦးလည်း ဒီစစ်တပ်နဲ့အတူ လိုက်ပါပြီး မြို့တွေကို သိမ်းပိုက်ကာ၊ ငါတို့ မဟာရှရဲ့ နယ်နိမိတ်ကို တိုးချဲ့ကြ” ဟု လင်းပိုင်ဖန်က အမိန့်ပေးလိုက်သည်”

“မှန်လှပါ အရှင်မင်းကြီး” ဟု သူတို့ သုံးဦးစလုံးက အမိန့်ကို ခံယူလိုက်ကြသည်။

ထို့နောက်တွင် မဟာရှ နန်းတော်မှာ တဖန်ပြန်လည် လှုပ်ရှားလာခဲ့လေသည်။ ချင်ဟွေ့က အန်လုရှန်နှင့် ရှီစစ်မင်တို့ကို ကွပ်မျက်ရန် စီစဉ်နေပြီး။ ချိုင်ယုလန်က လက်နက်ချလာသော စစ်သည်များကို ပြန်လည်စုစည်းနေသည်။ ချိုင်ယွီရှင်းနှင့် ဝမ်ကျင်းဟိုင်တို့မှာ အရက်ဓားအင်မော်တယ်တို့နှင့်အတူ စစ်သည် ၄ သိန်းကို ဦးဆောင်ကာ မဟာယွဲ့သို့ ချီတက်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ဤတိုက်ပွဲ၏ ရလဒ်မှာ ကုန်းမြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

‘ဒီမိုက်မဲတဲ့ ဧကရာဇ်က ထပ်ပြီး နိုင်သွားပြန်ပြီလား’

‘ဘုရားရေ၊ အဲဒါ စစ်သည် တစ်သန်းနဲ့ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် ဆယ်ဂဏန်းလောက် ရှိတာတောင် ရှုံးသွားတာလား’

‘ငါကတော့ အဲဒီအင်အားနဲ့ဆို မိုက်မဲတဲ့ ဧကရာဇ်ကို ဖြုတ်ချနိုင်မယ် ထင်နေတာ၊ အခုတော့ သူ့ကို ခြစ်ရာလေးတောင် မတင်နိုင်ခဲ့ဘူး၊ မြို့တော်ကိုတောင် မရောက်သေးဘူး တစ်သန်းရှိတဲ့ စစ်တပ်ကြီးက ရှုံးသွားတာတဲ့၊ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်တွေလည်း အကုန်အသတ်ခံလိုက်ရတယ် တစ်ယောက်မှ မလွတ်ဘူး’

‘ကြားရတာတော့ စစ်တပ်ကြီး စထွက်တာနဲ့ ရိက္ခာတွေ ခိုးခံလိုက်ရတာတဲ့၊ အဲဒါကြောင့် အရှက်ရစရာ ကောင်းလောက်အောင် ရှုံးသွားတာပေါ့’

‘ငါကတော့ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် ၁၂ ယောက်တောင် ပါတာဆိုတော့ နိုင်မယ် ထင်ခဲ့တာ၊ ဒါပေမယ့် အရှင်မင်းကြီးရဲ့ လူတွေက ပိုတောင် သန်မာနေသေးတယ်၊ ကောင်းကင်အဆင့်လို့ ယူဆရတဲ့ ပညာရှင်တောင် ပါတယ်တဲ့’

‘အခုဆို မိုက်မဲတဲ့ ဧကရာဇ်ရဲ့ အင်အားက အရင်လို မဟုတ်တော့ဘူး’

‘ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်တွေ အများကြီး ဆုံးရှုံးသွားတော့၊ နောက်ကွယ်က မျိုးနွယ်စုကြီးတွေတော့ ငိုနေကြတော့မှာပဲ’

‘မဟာယွဲ့က အဆိုးဆုံးပဲ အရှင်မင်းကြီးက အငြိုးအတေး ကြီးတယ်၊ အခု မဟာယွဲ့ကို တိုက်ဖို့ စစ်တပ် လွှတ်လိုက်ပြီတဲ့၊ မဟာယွဲ့က စစ်သည်တွေနဲ့ စစ်သူကြီးတွေလည်း အရှုံးကြီး ရှုံးထားတော့ သူတို့ ခုခံနိုင်ဦးပါ့မလားတောင် မသိဘူး’

ဤသတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လျှူ၊ ကျောက် နှင့် ကျူး မိသားစုကြီး သုံးခုတို့ ဤသတင်းကို ကြားလိုက်ရသောအခါ မေ့လဲလုမတတ်ပင် ဖြစ်သွားခဲ့ကြသည်။ သူတို့မှာ ဤတိုက်ပွဲသည် ဧကန်မုချ အောင်မြင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ထပ်မံ၍ ရှုံးနိမ့်သွားပြန်လေပြီဖြစ်သည်။ ဤသည်မှာ မိသားစုတစ်ခုလျှင် ၂ ဦးကျစီဖြင့်၊ စုစုပေါင်း ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် ၆ ဦး ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

ဒါဟာ သူတို့အတွက် ကြီးမားလှတဲ့ ဆုံးရှုံးမှုကြီး ဖြစ်သည်။ သူတို့ မိသားစုတွေရဲ့ အခြေခံအုတ်မြစ်နှင့် အမွေအနှစ်ကိုပင် ထိခိုက်လုနီးပါးပင် ဖြစ်သည်။

ကြည့်ရတာ ဒီ အရူးဧကရာဇ်နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရကတည်းက ကံဆိုးမှုတွေဟာ သူတို့ရဲ့ မျိုးနွယ်စုတွေအပေါ် ကျရောက်လာသကဲ့သို့ပင်။

မဟာယွဲ့နိုင်ငံ၏ ဧကရာဇ်သည်လည်း အလွန်ပင် ထိတ်လန့်သွားခဲ့သည်။ သူသည် စစ်သည် ၄ သိန်း ဆုံးရှုံးခဲ့ရပြီး ယခုအခါတွင် နောက်ထပ် ၅ သိန်း ထပ်မံဆုံးရှုံးလိုက်ရပြန်သဖြင့် စုစုပေါင်း ၉ သိန်းပင် ရှိသွားလေပြီဖြစ်သည်။ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် ၃ ဦး ဆုံးရှုံးရခြင်းမှာလည်း သူ့အတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုပင် ဖြစ်သည်။

“ငါသာ အဲဒီမိသားစုကြီးတွေရဲ့ စကားကို နားမယောင်ခဲ့မိရင် ကောင်းမှာပဲ၊ သူတို့က အောင်မြင်မှုအတွက် ဘာမှ မလုပ်ပေးနိုင်ပဲ၊ အရှုံးတွေပဲ ယူလာတတ်တဲ့ ကောင်တွေ” ဟု ညည်းတွားမိလိုက်သည်။

သို့သော်လည်း မဟာယွဲ့ ဧကရာဇ်အတွက် ဒေါသထွက်နေရန် အချိန်မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် မဟာရှ တပ်မတော်ကြီးမှာ သူ့ကို တိုက်ခိုက်ရန် ရောက်ရှိလာပြီ ဖြစ်သောကြောင့် ဖြစ်လေသည်။

All Chapters