← Chapters

အခန်း (၁၄၈)

Vol. 12 Ch. 148

အခန်း (၁၄၈)

Vol. 12 Ch. 148

ထိုအချိန်တွင် ချိုင်ယွီရှင်း၊ ဝမ်ကျင်းဟိုင် နှင့် အခြားသူများသည် စစ်သည်တော် ၄ သိန်းကို ဦးဆောင်ကာ မဟာယွဲ့ နယ်နိမိတ်အတွင်းသို့ ချီတက်လာပြီး ပထမဆုံးမြို့ကို သိမ်းပိုက်ရန် ပြင်ဆင်နေကြသည်။ ဤမြို့မှာ လော့ရှမြို့ ဖြစ်ပြီး မဟာယွဲ့နိုင်ငံ၏ အရေးပါသော နယ်စပ်မြို့များထဲမှ တစ်မြို့ဟု ဆိုနိုင်သည်။

ချိုင်ယွီရှင်းသည် မြင်းပေါ်တွင် ထိုင်လျက် အရှေ့က မြို့ဆီသို့ လှံဖြင့် ညွှန်ပြကာ ပြောလိုက်သည် “အရှင်မင်းကြီးရဲ့ ဆန္ဒအရ ငါတို့ရဲ့ ဒီစစ်ဆင်ရေးမှာ သိမ်းပိုက်လုယက်ဖို့ကိုပဲ အဓိကထားမယ်။ ငါတို့တွေ လမ်းတစ်လျှောက်မှာရှိတဲ့ မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ပြီးတော့ မြို့ထဲမှာ ရှိတဲ့ စည်းစိမ်ဥစ္စာတွေ အားလုံးကို သိမ်းယူကြရမယ်။ ပထမဆုံးတိုက်ပွဲကို ဒီကနေပဲ စကြတာပေါ့”

“ဗိုလ်ချုပ်ချိုင်… ဒီတာဝန်က တကယ်ကို ရိုးရှင်းလွန်းပါတယ်” ဝမ်ကျင်းဟိုင်က ပြုံးလျက် ပြောလိုက်သည်။

ကျွန်တော်တို့မှာ စစ်သည် ၄ သိန်းရှိတဲ့အပြင်ကိုမှ အရက်ဓားအင်မော်တယ် နဲ့ လက်ဗလာဆရာကြီးတို့လို သူရဲကောင်းသုံးယောက်ရဲ့ အကူအညီလည်း ပါနေတဲ့အတွက် မနိုင်စရာ အကြောင်းမရှိပါဘူး”

“ကောင်းပြီ” ချိုင်ယွီရှင်းကလည်း ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညှိမ့်လိုက်သည်။

၎င်းတို့သည် စစ်တပ်ကို ဦးဆောင်ကာ မြို့ကို တိုက်ခိုက်တော့မည့်ဆဲဆဲတွင် အရက်ဓားအင်မော်တယ်က လှမ်းအော်လိုက်သည်။ “အားလုံးပဲ ခဏလောက် စောင့်ကြပါဦး”

.အရက်ဓားဆရာကြီး တစ်ခုခု ပြောစရာရှိလို့လား” အားလုံး၏ အကြည့်များက သူ့ထံသို့ ရောက်သွားခဲ့သည်။

အရက်ဓားအင်မော်တယ်က အရက်တစ်ငုံသောက်ကာ ရယ်မောလိုက်ပြီး “ ကျုပ်ဒီရောက်နေမှတော့ တစ်ခုခု ကူညီပေးရမှာပေါ့၊ ဓား ထွက်လာစမ်း” ဟု အော်လိုက်ရာ သူ၏ကျောဘက်မှ ဓားသည် အသံမြည်လျက် ထွက်ပေါ်လာသည်။

ထိုဓားသည် ကောင်းကင်ယံ၌ စက်ဝိုင်းပုံဝဲကာ သက်တံဖြူတစ်ခုအသွင် ပြောင်းလဲသွားပြီး လော့ရှမြို့တံခါးဆီသို့ တန်းတန်းမတ်မတ် ပစ်ဝင်သွားသည်။ မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ မြို့ရိုးတံခါးကြီး ပွင့်ထွက်သွားလေတော့သည်။

ချိုင်ယွီရှင်း၏ စိတ်ဓာတ်များ တက်ကြွလာကာ “မြို့တံခါး ပွင့်သွားပြီ မဟာရှရဲ့ စစ်သည်တော်တို့ ငါ့နောက်က လိုက်ပြီး မြို့ကို သိမ်းပိုက်ကြ”

“တိုက်ကြ” စစ်သည် ၄ သိန်းသည် စိတ်လှုပ်ရှားစွာဖြင့် မြို့ထဲသို့ အလုံးအရင်းနှင့် တိုးဝင်သွားခဲ့ကြသည်။

ထိုသို့ဖြင့် အရက်ဓားအင်မော်တယ်၊ လက်ဗလာဆရာကြီး နှင့် ပိုင်ဇူတို့ သုံးဦး၏ လမ်းခင်းပေးမှုဖြင့် မဟာရှစစ်တပ်သည် ရန်သူများကို အပိုင်းပိုင်းဖြတ်ကာ နယ်မြေများကို သိမ်းပိုက်ပြီး မဟာယွဲ့မြို့တော်ဆီသို့ တရှိန်ထိုး ချီတက်သွားခဲ့ကြသည်။

မဟာယွဲ့ဧကရာဇ်သည် နန်းတော်အတွင်း အရေးပေါ် ညီလာခံ ကျင်းပနေသည်။ “အမတ်မင်းတို့ မဟာရှရဲ့ စစ်သည် ၄ သိန်းက ငါတို့ဆီကို ရောက်နေပြီ။ ငါတို့ရဲ့ နယ်မြေတွေ တစ်ခုပြီးတစ်ခု အသိမ်းခံနေရပြီ၊ အခြေအနေကလည်း တကယ်ကို စိုးရိမ်နေရပြီ။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဘယ်သူ့မှာ အကြံဥာဏ်ကောင်းတွေရှိလဲ”

ဧကရာဇ်သည် ရင်ထဲတွင် ပူပန်နေသော်လည်း အပြင်ပန်းတွင် တည်ငြိမ်ဟန် ဆောင်ထားရပေမည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ စစ်အင်အားက သုံးသိန်းခွဲပဲ ကျန်ပါတော့တယ်။ မဟာရှထက် ငါးသောင်း လျော့နည်းနေသလို၊ တပ်ဖွဲ့တွေကလည်း နိုင်ငံအနှံ့ ပြန့်ကျဲနေတဲ့အတွက် အမြန်စုစည်းဖို့ ခက်ခဲနေပါတယ်"

“နောက်ပြီး သူတို့ရဲ့ ကျွမ်းကျင်သူတွေကလည်း ကျွန်တော်မျိုးတို့ထက် အများကြီး သာလွန်နေပါတယ်။ သူတို့ဘက်က လူ ၅ ယောက်ပဲ လွှတ်လိုက်တယ် ဆိုပေမဲ့ အဲဒီထဲက ၃ ယောက်က ကြယ်တာယာချီ အဆင့်ကို ရောက်နေပြီလို့ သံသယရှိနေပါတယ်။ ကျွန်တော်မျိုးတို့ အနေနဲ့ မယှဉ်နိုင်ပါဘူး”

“မှန်ပါတယ်၊ ကျွန်တော်မျိုးတို့ အင်အားက အများကြီး နိမ့်ပါးလွန်းလှပါတယ်၊ နောက်ပြီး ကျွန်တော်မျိုးတို့ စစ်တပ်က မကြာခင်လေးတင်ပဲ အရေးနိမ့်ထားသဖြင့် စိတ်ဓာတ်တွေ ကျနေကြပါတယ်။ မဟာရှစစ်တပ်ရဲ့ ပြင်းထန်လှတဲ့ တိုက်စစ်ကို မခုခံနိုင်ပါဘူး”

“အရှင်မင်းကြီး ကျွန်တော်မျိုးမှာ ဘာအကြံမှ ထွက်မလာတဲ့အတွက် ခွင့်လွှတ်ပေးတော်မူပါ”

မဟာယွဲ့ဧကရာဇ်သည် နားထောင်ရင်း ဒေါသထွက်လာကာ “တော်စမ်း၊ မင်းတို့ကို အဖြေရှာခိုင်းနေတာ၊ ငါ့ကို ပိုစိတ်ညစ်အောင် လုပ်ခိုင်းတာမဟုတ်ဘူး၊ ရှေ့တန်းက အကူအညီ လိုနေပြီ၊ အမွှေးတိုင်တစ်ဝက်စာ အချိန်အတွင်း အဖြေမထုတ်ပေးနိုင်ရင် မောင်မင်းတို့အားလုံး ရာထူးက ပြုတ်ပြီး အစစ်ဆေးခံရမယ်”

ဧကရာဇ်၏ ဖိအားကြောင့် အမတ်များက နောက်ဆုံးတွင် အစီအစဉ်တစ်ခု ထုတ်လိုက်ကြသည်။ ပထမဦးစွာ ဒေသအသီးသီးမှ စစ်တပ်များကို ပြန်ခေါ်ရမည်။ ထို့နောက် ချူမြစ်ကို နယ်နိမိတ်အဖြစ် သတ်မှတ်ကာ အင်အားအားလုံး စုစည်းပြီး မဟာရှကို ခုခံမည်။ တစ်ချိန်တည်းမှာပင် ကြီးမြတ်သော မျိုးနွယ်စုတွေထံမှလည်း အကူအညီ တောင်းရပေမည်”

မဟာရှစစ်တပ်သည် ခုခံမှုမရှိဘဲ မြို့တွေကို တစ်ဟုန်ထိုး သိမ်းပိုက်လာခဲ့သည်။ ချိုင်ယွီရှင်းက ပြုံးလျက် “သူတို့ ဒီမြို့တွေကို စွန့်လွှတ်လိုက်ပြီ ထင်တယ်။ ငါတို့နဲ့ အဆုံးအဖြတ် တိုက်ပွဲကို နွှဲဖို့ အင်အားတွေ စုနေကြတာပဲ”

“ဟုတ်တယ်၊ ဒါကပဲ သူတို့တွေ လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ” ဝမ်ကျင်းဟိုင်က ဂုဏ်ယူစွာ ထောက်ခံလိုက်သည်”

“အမြန်ဆုံးနှုန်းနဲ့ ချီတက်ကြမယ်၊ သူတို့ရဲ့ အင်အားတွေ စုဆောင်းဖို့ အခွင့်အရေး မပေးစေနဲ့” ချိုင်ယွီရှင်းက အမိန့်ပေးလိုက်သည်။

တစ်ရက်အတွင်းမှာပင် သူတို့သည် မြို့ ၇ မြို့ကို သိမ်းပိုက်ခဲ့ပြီး မြို့တော်ဆီသို့ တိုက်ရိုက် ဦးတည်ခဲ့ကြသည်။ နောက်တန်းတွင် ရှိနေသော လင်းပိုင်ဖန်ကတော့ အင်ပါယာမြေပုံကို အသုံးပြုပြီး သယံဇာတများကို အလျင်အမြန် သယ်ယူနေလေသည်။

“သံတွင်းလား ငါ့ဟာပဲ၊ ထုံးကျောက်တွင်းလား အဲဒါလည်း ငါ့ဟာပဲ၊ ငွေနဲ့ သံရိုင်းတွေလား အကုန်လုံး ငါ့ဟာတွေပဲ”

လင်းပိုင်ဖန်သည် သယံဇာတများကို ပြောင်းရွှေ့ရင်း ပြုံးမဆုံး ဖြစ်နေတော့သည်။ “မဟာယွဲ့က နာမည်နှင့်လိုက်အောင် မြေဆီလွှာတွေ ကောင်းရုံတင်မကဘဲ သယံဇာတတွေလည်း ပေါများလှတာပဲ။ အခုတော့ အားလုံး ငါ့အတွက် အလကားရသလို ဖြစ်နေပြီ၊ ချိုင်ယွီရှင်းတို့သာ တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ရင် ငါတော့ အကြီးအကျယ်ကို ချမ်းသာတော့မှာပဲ ဟား..ဟား…”

မဟာယွဲ့ဧကရာဇ်ကတော့ နိုးလာတိုင်း မြို့တွေ ဆုံးရှုံးရသည့် သတင်းကိုပဲ ကြားနေရသဖြင့် စိတ်ပျက်နေလေသည်။ “ ပြင်ဆင်မှုတွေက ဘယ်လိုလဲ၊ စစ်တပ်တွေ အကုန်ပြန်ရောက်ပြီလား”

အမတ်ကြီးတစ်ဦးက တုန်တုန်ရင်ရင်ဖြင့် “အရှင်မင်းကြီး ကျွန်တော်မျိုးတို့ရဲ့ စစ်သည် ၂ သိန်း ပြန်ရောက်နေပြီး ချူမြစ်ကမ်းမှာ တပ်စွဲထားပါတယ်” ဟု ဖြေလိုက်သည်။

“စစ်သည် ၂ သိန်းပဲလား၊ ကျန်တဲ့သူတွေ ဘယ်မှာလဲ သေကုန်ကြပြီလား” ဧကရာဇ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အရှင်မင်းကြီး တခြားတပ်ဖွဲ့တွေက ဝေးလှံတဲ့ နေရာမှာ ရှိနေသဖြင့် ခရီးသွားရတာ အချိန်ယူရလို့ပါ”

“ငါ ဂရုမစိုက်ဘူး၊ မနက်ဖြန် ငါနိုးလာတဲ့အချိန်မှာ ကျန်တဲ့တပ်တွေ ချူမြစ်ကမ်းကို မရောက်သေးရင် မောင်မင်း အသေပဲ”

ကြီးမြတ်သော မျိုးနွယ်စုတွေကလည်း အကူအညီပေးရန် ငြင်းဆိုလိုက်သဖြင့် ဧကရာဇ်မှာ ပို၍ ဒေါသထွက်နေသည်။ သူသည် ယခင်က ထိုမိသားစုတွေရဲ့ မြှောက်ပင့်မှုကြောင့် မဟာရှကို သွားတိုက်ခဲ့မိသည့်အတွက် နောင်တရနေလေသည်။

နောက်ဆုံးတွင် ဧကရာဇ်သည် အမတ်တွေအားလုံးကို စည်းလုံးညီညွတ်စွာဖြင့် မဟာရှကို အစွမ်းကုန် ခုခံရန် အမိန့်ပေးလိုက်သည်။

နှစ်ရက်အကြာတွင် မဟာရှစစ်တပ်သည် ချူမြစ်သို့ ရောက်ရှိလာခဲ့သည်။ မြစ်တစ်ဖက်ကမ်းတွင် မဟာယွဲ့စစ်သည် ၃ သိန်းက အဆင်သင့် စောင့်နေကြသည်။ ချိုင်ယွီရှင်းက မြစ်ကမ်းတွင် ရပ်ကာ ရန်သူ့စစ်တပ်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

“ မဟာယွဲ့က ငါတို့နဲ့ ဒီနေရာမှာ အဆုံးအဖြတ် တိုက်ပွဲနွှဲချင်ပုံရတယ်”

“ဒီနေရာက မဆိုးပါဘူး” ဝမ်ကျင်းဟိုင်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ ဒီမြစ်ကို ချူမြစ်လို့ ခေါ်ပြီး အလွန်ကျယ်ပြီးတော့ ရေစီးလည်းသန်တယ်။ တံတားကိုလည်း သူတို့ ဖျက်ဆီးထားတဲ့အတွက် ငါတို့မှာ နည်းလမ်းနှစ်ခုပဲ ရှိတယ်။ မြစ်ကို စွန့်စားပြီး ဖြတ်ကူးမလား ဒါမှမဟုတ် နောက်ပြန်ဆုတ်မလား”

“ တကယ်တော့ ငါတို့မှာ တတိယလမ်း ရှိသေးတယ်” ချိုင်ယွီရှင်းက ပြုံးကာ ပြောလိုက်သည်။

“ဘာလမ်းလဲ” ဝမ်ကျင်းဟိုင် အံ့သြသွားသည်။

“ဗိုလ်ချုပ်ဝမ် ကြည့်လိုက်ပါ။ ရန်သူ့ဘက်မှာ အင်အား ၃ သိန်းရှိနေပေမဲ့ မြို့တော်ရဲ့ ကာကွယ်ရေးကတော့ အခု အားနည်းနေပြီ။ ငါတို့ အရင်က ရှန်နိုင်ငံရဲ့ ဧကရာဇ်ကို ဖမ်းဆီးခဲ့သလိုမျိုး ဒီမှာလည်း ထပ်လုပ်လို့ရတယ်။ ဗိုလ်ချုပ်ဝမ်ရော ဘယ်လိုထင်လဲ”

ဝမ်ကျင်းဟိုင်လည်း စိတ်ဝင်စားသွားပြီး “စမ်းကြည့်တာပေါ့”

ထို့နောက် သူတို့သည် အရက်ဓားအင်မော်တယ် နှင့် လက်ဗလာဆရာကြီးတို့အား လျှို့ဝှက်ခေါ်ယူကာ အစီအစဉ်ကို ပြောပြလိုက်သည်။ ထိုသုံးဦးသည် ညတွင်းချင်းပင် မြို့တော်ဆီသို့ လျှို့ဝှက်စွာ ထွက်ခွာသွားခဲ့ကြသည်။

လင်းပိုင်ဖန်က ဤအခြေအနေအားလုံးကို သိနေပြီး ရယ်မောလိုက်ကာ “မဆိုးဘူး အဲဒီခွေးဧကရာဇ်ကို ဖမ်းမိရင် အကျိုးအမြတ် အများကြီးရမှာပဲ၊ ငါ ဘယ်လို အကျိုးအမြတ် အများဆုံးရအောင် လုပ်ရမလဲ”

လင်းပိုင်ဖန်သည် ခဏစဉ်းစားပြီးနောက် အရေးကြီး စာတစ်စောင်ကို ရေးသားကာ အမြန်ဆုံး ပေးပို့လိုက်လေသည်။ အရက်ဓားအင်မော်တယ် တို့အဖွဲ့သည်လည်း တစ်ရက်အတွင်းမှာပဲ မဟာယွဲ့မြို့တော်သို့ ရောက်ရှိသွားခဲ့ကြသည်။

All Chapters