အခန်း(၁၄၉)
Vol. 12 Ch. 149
“ ဗိုလ်ချုပ်ချိုင်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ အခုအချိန် မြို့တော်အတွင်းမှာ စစ်သည်အင်အား ငါးသောင်းဝန်းကျင်နဲ့ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် သုံးယောက်ပဲ ရှိမယ်။ ဒါဟာ သူတို့ရဲ့ စစ်အင်အား အနည်းဆုံးဖြစ်နေတဲ့ အချိန်ပဲ။ ငါတို့ရဲ့ စုပေါင်းအင်အားနဲ့ဆိုရင် မဟာယွဲ့ဧကရာဇ်ကို ကျိန်းသေပေါက် ဖမ်းဆီးနိုင်တယ်” အရက်ဓားအင်မော်တယ်က ပြုံးကာ ပြောလိုက်သည်။
“အမှန်ပဲ၊ သူတို့ဆီမှာ အင်ပါယာချီအဆင့် ပညာရှင် တစ်ယောက်သာ ရှိမနေရင် ငါတို့ကို ဘယ်သူမှ တားနိုင်မှာမဟုတ်ဘူး” ဟု ပိုင်ဇူကလည်း ယုံကြည်ချက်အပြည့်ဖြင့် ထောက်ခံလိုက်တယ်။
“ဒါပေမဲ့ အခု ငါတို့သွားမယ့်နေရာက တကယ့်ကို အန္တရာယ်များတဲ့ နယ်မြေပဲ။ ကြန့်ကြာနေရင် နောက်ဆက်တွဲ ပြဿနာတွေ တက်လာနိုင်တဲ့အတွက် ငါပဲ အရင်ဦးဆောင်သွားလိုက်မယ်။ ဒီအဘိုးကြီးက အဲ့ဒီဧကရာဇ်ဆိုတဲ့ ကောင်ကို ခိုးထုတ်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့” ဟု လက်ဗလာဆရာကြီး က ရယ်မောရင်း ပြောလိုက်သည်။
“ကောင်းပြီ၊ ခင်ဗျား အရင်လှုပ်ရှားလိုက်၊ ကျုပ်တို့ နောက်ကနေ ပံ့ပိုးပေးမယ်”
ညဦးယံအချိန် ရောက်ရှိလာပြီး ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသောအခါ လက်ဗလာဆရာကြီးသည် နန်းတော်အတွင်းသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
သူသည် သူခိုးတစ်ဦးပီပီ ယခင်ကလည်း နန်းတော်ပေါင်း ဒါဇင်ချီကာ ဖောက်ထွင်းခဲ့ဖူးသူ ဖြစ်ရာ နန်းတော်အတွင်းသို့ ဝင်လိုက်သည်နှင့် နန်းတော်၏ တည်ဆောက်ပုံကို ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့သည်။ သူသည် မဟာယွဲ့ဧကရာဇ်၏ အိပ်ဆောင်ကို အလျင်အမြန် ရှာဖွေတွေ့ရှိသွားခဲ့သည်။
ထိုအချိန်တွင် မဟာယွဲ့ဧကရာဇ်သည် အစောင့်အကြပ် ချီဖွဲ့တည်ခြင်းအဆင့် နှစ်ဦးနှင့်အတူ အိပ်စက်အနားယူနေပြီ ဖြစ်သည်။ တစ်ဦးမှာ အစွမ်းအထက်ဆုံးဖြစ်သော ကြယ်တာယာချီအဆင့်သို့ ရောက်ရှိနေသည့် မိန်းမစိုး တစ်ဦးဖြစ်ပြီး ဧကရာဇ်ကို အနီးကပ် စောင့်ရှောက်နေသည်။ နောက်တစ်ဦးမှာ အစစ်အမှန်ချီအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်ပြီး တံခါးဝတွင် စောင့်ကြပ်နေလေသည်။
‘ဒါက နည်းနည်းတော့ ခက်ခဲမယ်’ လို့ တွေးပြီး လက်ဗလာဆရာကြီးသည် လမ်းကြောင်းပြောင်းကာ အရှေ့နန်းဆောင် ဘက်သို့ ပြေးသွားလိုက်သည်။
ထိုအချိန်တွင် အရှေ့နန်းဆောင်မှ အိမ်ရှေ့စံ မင်းသားသည်လည်း အိပ်စက်အနားယူနေပြီး တံခါးအပြင်ဘက်တွင် သာမန် ချီဖွဲ့တည်ခြင်းအဆင့် တစ်ဦးက စောင့်ကြပ်နေသည်။
‘အခွင့်အရေးပဲ’ လို့ မှတ်ချက်ပြုရင်း လက်ဗလာဆရာကြီးသည် ပြတင်းပေါက်ကို အသာအယာဖွင့်ကာ အတွင်းသို့ ခိုးဝင်သွားလိုက်သည်။
မိန်းမစိုးများနှင့် အစေခံတွေကို အာရုံကြောပိတ်ကာ မေ့မြောသွားစေပြီးနောက် အိပ်ပျော်နေသော အိမ်ရှေ့စံမင်းသားကို မပြီး အပြင်သို့ ပြန်ထွက်လာခဲ့လိုက်သည်။
အရက်ဓားအင်မော်တယ်နှင့် ပိုင်ဇူတို့က အိမ်ရှေ့စံမင်းသားကို မြင်သောအခါ အံ့အားသင့်သွားခဲ့ကြသည်။
“ဒါက မဟာယွဲ့ဧကရာဇ် မဟုတ်ဘူးလို့ ထင်တယ်” လို့ ပြောလိုက်တဲ့အခါ လက်ဗလာဆရာကြီးက “မဟုတ်ဘူး၊ ဒါက သူ့သား၊ မဟာယွဲ့ရဲ့ အနာဂတ်အမွေခံ အိမ်ရှေ့စံမင်းသားပဲ” ဟု ပြန်ပြောလိုက်သည်။
လက်ဗလာဆရာကြီးက အိမ်ရှေ့စံကို ချထားလိုက်ပြီး ပြုံးကာ “ လူတစ်ယောက် ပိုဖမ်းထားနိုင်တော့ ငါတို့လက်ထဲမှာ အပေးအယူလုပ်ဖို့ အင်အား ပိုတောင့်တင်းသွားတာပေါ့” ကျန်နှစ်ဦးလည်း ထိုစကားကို လက်ခံပြီး ခေါင်းညိတ်လိုက်ကြသည်။
“ ဒီတစ်ခါ ငါ ဧကရာဇ်ကို သွားခိုးမယ်။ သူ့မှာ ချီဖွဲ့တည်ခြင်းအဆင့် အစောင့်နှစ်ယောက်ရှိတယ်၊ တစ်ယောက်က ကြယ်တာယာချီ အဆင့်ဆိုတော့ အတော်လေး အားကောင်းတယ်။ ဒါကြောင့် ငါ လူခိုးပြီးတာနဲ့ မင်းတို့နှစ်ယောက်က ငါတို့ဆုတ်ခွာနိုင်ဖို့ နောက်ကနေ တားဆီးပေးရမယ်” လို့ ပြောလိုက်တယ်။
“ပြဿနာမရှိဘူး”
လက်ဗလာဆရာကြီးသည် နန်းတော်အတွင်းသို့ ဒုတိယအကြိမ် ထိုးဖောက်ဝင်ရောက်သွားခဲ့ပြန်သည်။ ဒီတစ်ကြိမ်တွင်မူ သူသည် ပြတင်းပေါက်မှ တိုက်ရိုက် တိုးဝင်ခဲ့လိုက်သည်။
“ဘယ်သူလဲ” လို့ ဧကရာဇ်၏ ဘေးတွင် စောင့်ကြပ်နေသော မိန်းမစိုးအိုကြီးက ရုတ်တရက် သတိပြုမိသွားသည်။ သို့သော် နောက်တစ်စက္ကန့်တွင် လက်ဗလာဆရာကြီးက နဂါးခုတင်ထံသို့ ရောက်ရှိသွားပြီး အိပ်ပျော်နေသော မဟာယွဲ့ဧကရာဇ်ကို မချီကာ လျှပ်တစ်ပြက်အတွင်း ထွက်ပြေးသွားခဲ့လိုက်သည်။
“ ဒီဧကရာဇ်အိုကြီးကို ငါယူသွားပြီဟေ့ ဟား…ဟား…”
မိန်းမစိုးအိုကြီးက “လုပ်ကြံသတ်ဖြတ်သူ၊ လုပ်ကြံသတ်ဖြတ်သူကို အမြန်ဖမ်းကြ” လို့ အော်ဟစ်ကာ နောက်မှ လိုက်လံဖမ်းဆီးခဲ့သည်။ နန်းတော်တစ်ခုလုံး နိုးကြားသွားပြီး အထူးတပ်ဖွဲ့ဝင်များနှင့် စစ်သည်တွေအားလုံး ဝိုင်းဝန်းကာ လိုက်လံဖမ်းဆီးခဲ့ကြသည်။ အရက်ဓားအင်မော်တယ်နှင့် ပိုင်ဇူတို့ ပေါ်လာပြီး လူအုပ်ကြီးကို တားဆီးကာ တိုက်ပွဲတစ်ခုကို စတင်လိုက်ကြသည်။
တစ်ရက်နှင့် တစ်ည ကြာပြီးနောက် လက်ဗလာဆရာကြီးတို့ သုံးဦး ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ “ ငါတို့ လူတွေကိုတော့ ခေါ်လာခဲ့ပြီ၊ တစ်ယောက်က မဟာယွဲ့ဧကရာဇ်၊ နောက်တစ်ယောက်က အိမ်ရှေ့စံပဲ”
ချိုင်ယွီရှင်းသည် အလွန်ဝမ်းသာသွားကာ “ဆရာကြီးတို့ သုံးယောက် တကယ့်ကို ပင်ပန်းသွားပြီ၊ ဒီဓားစာခံ နှစ်ယောက်က ငါတို့လက်ထဲမှာ ရှိနေမှတော့ ငါတို့ရဲ့ မစ်ရှင်က အောင်မြင်သွားပြီလို့ ပြောလို့ရတယ်၊ အခု နန်းတော်ကို ပြန်ပြီး အရှင်မင်းကြီးဆီ အောင်ပွဲသတင်း ပို့ရမယ့်အချိန်ပဲ” ဟု ပြောလိုက်သည်။
“သတင်းပို့ပါတယ်၊ အရှင်မင်းကြီးဆီက အရေးပေါ်သတင်းပါ။ ဗိုလ်ချုပ်တွေအတွက် လျှို့ဝှက်စာ ပေးပို့လိုက်ပါတယ်” ဟု စစ်သားတစ်ဦးက လာရောက်သတင်းပို့လိုက်သည်။
ချိုင်ယွီရှင်းက စာကိုဖွင့်ဖတ်လိုက်ပြီး အလွန်ကို အံ့အားသင့်သွားခဲ့သည်။ “အရှင်မင်းကြီးက ဘာတွေ မိန့်ကြားလိုက်တာလဲ” လို့ တစ်စုံတစ်ယောက်က မေးလိုက်သည်။
ချိုင်ယွီရှင်းက စာကို ကမ်းပေးလိုက်ပြီး “အရှင်မင်းကြီးက ငါတို့ရဲ့ အစီအစဉ်ကို သိနေပြီးသားပဲ၊ သူ မိန့်မှာထားတာကတော့ အကယ်၍ ငါတို့ မဟာယွဲ့ဧကရာဇ်ကို ဖမ်းမိခဲ့ရင် ဒီစာထဲမှာ ပါတဲ့အတိုင်း ဆက်လုပ်ဖို့ပဲ”
လူတိုင်း စာကို ဖတ်ပြီးနောက်တွင် “အရှင်မင်းကြီးက တကယ့်ကို ဉာဏ်ပညာ ကြီးမားလှတာပဲ” လို့ ချီးကျူးလိုက်ကြတယ်။
သူတို့တွေ တဲအပြင်ဘက်သို့ ထွက်လာသည့်အခါ တစ်ဖက်ကမ်းရှိ မဟာယွဲ့စစ်တပ်သည် ဒေါသထွက်နေပြီး၊ စိတ်ပျက်အားငယ်နေသည်ကို မြင်လိုက်ရသည်။ သူတို့၏ အရှင်သခင်နှင့် အိမ်ရှေ့စံသည် ရန်သူ့လက်ထဲ ကျရောက်သွားပြီ ဖြစ်ကြောင်းကို သိရှိသွားကြပြီး ဒါဟာ ကြီးမားလှတဲ့ အရှက်ရမှုတစ်ခု ဖြစ်နေခဲ့သည်။
“ငါတို့ရဲ့ အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံကို ချက်ချင်းပြန်လွှတ်ပေးပါ၊ ဒါမှမဟုတ်ရင်တော့ ငါတို့တွေ စစ်မြေပြင်မှာ တွေ့ကြရတော့မယ်၊ မဟာရှသားတို့ မင်းတို့ လုပ်ရပ်ကို သေချာစဉ်းစားဖို့ ငါ အကြံပေးချင်တယ်” လို့ တစ်ဖက်က အော်ဟစ်လိုက်သည်။
ချိုင်ယွီရှင်းက မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “မင်းတို့ရဲ့ ဧကရာဇ်နဲ့ အိမ်ရှေ့စံက ငါတို့လက်ထဲမှာ ရှိနေတာတောင် မင်းတို့က မောက်မာနေသေးတာလား၊ သူတို့ အသက်ကို မနှမြောဘူး ထင်တယ်၊ အဲ့ဒါဆိုရင်လည်း မင်းတို့ဆန္ဒအတိုင်း ဖြစ်စေရမယ်”
“ခဏ၊ ခဏလေးပါ ဗိုလ်ချုပ်ချိုင်” ဟု ဆိုကာ ဆံပင်အဖြူနှင့် မိန်းမစိုးအိုကြီးတစ်ဦး ရှေ့သို့ထွက်လာပြီး နှိမ့်ချသောလေသံဖြင့် ပြောလိုက်သည်။
“ ဒီက စစ်ဗိုလ်တွေနဲ့ စစ်သားတွေက ငယ်ရွယ်ပြီး စိတ်လိုက်မာန်ပါ ဖြစ်သွားကြတာပါ၊ သူတို့ကိုယ်စား ကျွန်ုပ်ကပဲ တောင်းပန်ပါတယ်”
“စကားပုံ ရှိတယ်မဟုတ်လား၊ တိုင်းပြည်တစ်ခုဟာ အုပ်ချုပ်သူ မရှိဘဲ တစ်ရက်တောင်မှ မရှိသင့်ဘူးဆိုတာလေ၊ ဗိုလ်ချုပ်ချိုင် အနေနဲ့ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အကျိုးကို ထောက်ထားပြီး ကျွန်ုပ်တို့ရဲ့ ဧကရာဇ်နဲ့ အိမ်ရှေ့စံကို ပြန်လွှတ်ပေးဖို့ အသနားခံပါတယ်၊ သူတို့တွေ ဘေးကင်းကင်း ပြန်ရောက်ဖို့အတွက် မင်းတို့ရဲ့ ဘယ်လို တောင်းဆိုချက်ကိုမဆို ငါတို့ သဘောတူပါ့မယ်” ဟု ပြောလိုက်သည်။
ချိုင်ယွီရှင်းက ရယ်မောလိုက်ကာ- “မင်းတို့ရဲ့ ဧကရာဇ်နဲ့ အိမ်ရှေ့စံကို ပြန်လိုချင်တာလား၊ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ငါတို့ရဲ့ တောင်းဆိုချက်က ရိုးရှင်းပါတယ်၊ ငါတို့တွေ မဟာယွဲ့ကို စိတ်ကြိုက် လုယက်ဖို့ လမ်းဖွင့်ပေးရမယ်၊ ငါတို့ ကျေနပ်ပြီဆိုမှ ဧကရာဇ်နဲ့ အိမ်ရှေ့စံကို ပြန်လွှတ်ပေးမယ်” လို့ ပြောလိုက်လေသည်။
“မဖြစ်နိုင်ဘူး”
မဟာယွဲ့ စစ်ဗိုလ်ချုပ်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး “ငါတို့ရဲ့ မဟာယွဲ့ နယ်မြေတွေကို ဒီအတိုင်း အနင်းခံရအောင် ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ၊ ဧကရာဇ်နဲ့ အိမ်ရှေ့စံကို ဆုံးရှုံးလိုက်ရတာတင် ခွင့်မလွှတ်နိုင်တဲ့ အမှားဖြစ်နေပြီ၊ ဘယ်လို အခြေအနေမျိုးမှာမှ မင်းတို့ကို မဟာယွဲ့ကို လုယက်ခွင့် မပေးနိုင်ဘူး၊ သေရင်သေပါစေ ဒါကို ဘယ်တော့မှ သဘောမတူနိုင်ဘူး၊ ငါ့အလောင်းကို ကျော်သွားမှပဲ ရမယ်” လို့ ကန့်ကွက်လိုက်သည်။
ချိုင်ယွီရှင်းက မဟာယွဲ့ဧကရာဇ်နှင့် အိမ်ရှေ့စံကို ရှေ့သို့ တွန်းထုတ်လိုက်ပြီး သူတို့၏လည်ပင်းကို ဓားဖြင့်ထောက်ကာ - “ သူတို့တွေ မျက်လုံးထဲမှာတော့ မင်းတို့ရဲ့ အသက်က သိပ်တန်ဖိုးမရှိပုံပဲ၊ မင်းတို့ရဲ့ အသက်က အသုံးမဝင်မှတော့ သတ်ပစ်လိုက်တာပဲ ပိုကောင်းမယ်”
ဓား၏ အအေးဓာတ်က လည်ပင်းကို ထိလာသောအခါ မဟာယွဲ့ဧကရာဇ်မှာ လုံးဝကို တုန်လှုပ်ချောက်ချားသွားပြီး “ခဏ စိတ်မလောပါနဲ့ဦး၊ ကျုပ် စကားပြောပါရစေ” လို့ ဆိုလိုက်သည်။
“ပြော၊ ဒါပေမဲ့ ကျေနပ်လောက်မယ့် အဖြေ မရရင်တော့၊ မင်းကို အရင်သတ်ပြီးမှ မင်းရဲ့ သားကို သတ်မယ်” ဟု ချိုင်ယွီရှင်းက ခြိမ်းခြောက်လိုက်သည်။
မဟာယွဲ့ဧကရာဇ်သည် ချက်ချင်းပင် အသံကုန် အော်ဟစ်ကာ “ငါပြောတာကို နားထောင်ကြ၊ မဟာရှစစ်တပ်ကို ငါတို့နယ်မြေထဲကို အခုချက်ချင်း ဝင်ရောက်ခွင့်ပေးလိုက်၊ ငါ့အမိန့်ကို ဖီဆန်တဲ့သူရှိရင် သူ့မိသားစုတစ်စုလုံးကို သတ်ပြီး ကြောက်စရာကောင်းတဲ့ အဆုံးသတ်နဲ့ ကြုံရအောင် လုပ်ပစ်မယ်” လို့ အော်ဟစ်လိုက်သည်။
“အရှင်မင်းကြီး ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” လို့ မဟာယွဲ့ စစ်ဗိုလ်ချုပ်တစ်ဦးက မကျေမနပ် ကန့်ကွက်တဲ့အခါ ဧကရာဇ်က ဒေါသတကြီးဖြင့် “မင်းတို့ ငါ့အမိန့်ကိုတောင် နားမထောင်တော့ဘူးလား၊ ငါက ရန်သူ့လက်ထဲမှာ အကျဉ်းသား ဖြစ်နေတာကို မြင်တော့ ငါ့ကို အရေးမပါတော့ဘူးလို့ ထင်နေကြတာလား” လို့ ပြောလိုက်ရာ
ဗိုလ်ချုပ်များက ပျာပျာသလဲ ပြန်ဖြေလိုက်ကြပြီး ဧကရာဇ်က ဆက်လက်ပြီး “မင်းတို့ ငါ့ကို ဧကရာဇ်အဖြစ် အသိအမှတ်ပြုသေးရင် ငါ့အမိန့်ကို နာခံကြ” လို့ ဟိန်းဟောက်လိုက်သည်။
အိမ်ရှေ့စံမင်းသားကလည်း “အရှင်မင်းကြီးရဲ့ အမိန့်ကို မနာခံရင် ငါ အိမ်ရှေ့စံကိုယ်တိုင် မင်းတို့ ခေါင်းတွေကို ဖြတ်ပစ်မယ်” လို့ လှမ်းအော်လိုက်လေသည်။
မိန်းမစိုး ဝမ်ကို လူတိုင်းက ဆုံးဖြတ်ချက်ချပေးရန် လှည့်ကြည့်လိုက်ကြသည်။ မိန်းမစိုးအိုကြီးက သက်ပြင်းချကာ ခါးသီးစွာ ပြုံးလိုက်ပြီး “သူတို့ကို လမ်းဖွင့်ပေးလိုက်ပါ၊ အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံရဲ့ အသက်က အရေးကြီးဆုံးပဲ၊ စည်းစိမ်ဥစ္စာဆိုတာ ပြန်ရှာလို့ရပေမဲ့ အရှင်မင်းကြီးတို့သာ မရှိရင် တိုင်းပြည်က ဖယိုဖရဲ ဖြစ်သွားလိမ့်မယ်၊ တိုင်းပြည်သာ ဖယိုဖရဲ ဖြစ်သွားရင် နိုင်ငံတော်ကြီး ပြိုလဲဖို့ မဝေးတော့ဘူး၊ ဒီလို အန္တရာယ်မျိုး ငါတို့ အဖြစ်မခံနိုင်ဘူး” လို့ ဆုံးဖြတ်ပေးလိုက်တယ်။
လူတိုင်း သက်ပြင်းချရင်း ကံကြမ္မာကို လက်ခံလိုက်ကြကာ တပ်ဖွဲ့အားလုံးကို မဟာရှစစ်တပ် ဖြတ်သန်းခွင့်ပေးရန် အမိန့်ပေးလိုက်သည်။
ထို့နောက်တွင် မဟာရှစစ်သည်များက လှေများဖြင့် မြစ်ကိုဖြတ်ကာ တစ်ဖက်ကမ်းသို့ ကူးသွားကြပြီး မဟာယွဲ့စစ်တပ်ရှေ့မှပင် မောက်မာဝင့်ကြွားစွာဖြင့် ထွက်ခွာသွားကာ မဟာယွဲ့နိုင်ငံကို ဆက်လက်ပြီး လုယက်ကြလေတော့သည်။