← Chapters

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း (၂၁၁) အပိုင်းအစများစုစည်းခြင်း

ကျောင်းယွဲ့ကပြန်ပြောလိုက်သည်။ “ယွင်စန်းက ကောင်းကင်အပိုင်းအစပြန်ယူလာပါပြီ။ သူက ရှစ်စွင်းကို ခန်းမကျယ်ထဲမှာ စောင့်နေပါတယ်”

“ဟုတ်ပြီ” လုကျိုးက ဖြည်းဖြည်းချင်းခြေကြွလိုက်လေ၏။ လျှို့ဝှက်အခန်းတံခါးကို ဖွင့်ကာထွက် လာလိုက်သည်။ လျှို့ဝှက်ခန်းထဲမှ ထွက်လာသည့်အချိန် ကျောင်းယွဲ့ကို တစ်ချက်ကြည့်လိုက်၏။

ကျောင်းယွဲ့က နှုတ်ဆက်သည့်ပုံစံဖြင့် လုကျိုးကို အရိုအသေပေးလိုက်၏။

“မင်းရဲ့ဒဏ်ရာတွေ ဘယ်လိုလဲ” လုကျိုးက မေးလိုက်သည်။

ကျောင်းယွဲ့ကဖြေလိုက်သည်။

“ကျွန်မ ဒီတစ်လျှောက်လုံး မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည်ကုစားနေပါတယ်။ ပျောက်ကင်းသွားပါပြီ။ မကြာခင်မှာပဲ လုံ့လ၊ ဝီရီယရှိရှိကျင့်ကြံပြီး နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို ဝင်နိုင်မှာပါ”

လုကျိုး၏ တပည့်ကိုးယောက်ထဲတွင် ကျောင်းယွဲ့နှင့် ကျူးဟုန်ကုန်းနှစ်ယောက်တည်းသာလျှင် နတ်ဒေဝါဦးတည်နယ်ပယ်၌ ပိတ်မိနေသေးတာဖြစ်သည်။

ကျူးဟုန်ကုန်း မတိုးတက်ရသည့်အကြောင်းအရင်းမှာ သူသည် ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုးသွား၏ ဟာကွက်ရှိသော ဗားရှင်းကိုကျင့်ကြံထားသောကြောင့်ဖြစ်သည်။

သို့သော် ကျောင်းယွဲ့ကမူ ပြီးပြည့်စုံသည့် ပြောင်မြောက်ခြင်းကျောက်စိမ်းကျင့်စဉ်ကို ကျင့်ကြံနေတာပဲ ဖြစ်သည်။ ထို့အပြင် သူမကပါရမီမချို့တဲ့ပေ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ ဝင်ရောက်ရန်အတွက် အချိန်အတိုင်းအတာတစ်ခုပဲလိုလိမ့်မည်။

လုကျိုးက လက်နောက်ပစ်ထားလျက် မဟာခန်းမဆီသို့ လျှောက်သွားလိုက်၏။ ကျောင်းယွဲ့သည် သူ့နောက်မှ တရိုတသေလိုက်ပါလာသည်။

မကြာမီ၌ နှစ်ယောက်လုံးက မဟာခန်းမဆီသို့ရောက်သွားတော့သည်။

ကျိုးကျစ်ဖုန်း၊ တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့က ထိုနေရာတွင်ရောက်နေ၏။

ယွင်စန်းသည် မဟာခန်းမ၏အလယ်တွင်ဒူးထောက်နေသည်။ သူ၏မျက်လုံးများက စိတ်ပူပန်လျက် ဝေ့ဝိုက်ကြည့်နေတော့သည်။

လူတိုင်းက လုကျိုးကိုမြင်သည့်အခါ သူတို့က သူ့အားအရိုအသေပေးလိုက်၏။

လုကျိုးက လက်ဝှေ့ယမ်းပြကာ ပလ္လင်ထက်ဆီသို့လျှောက်သွားပြီး ကိန်းကြီးခန်းကြီးနိုင်သော အမူအရာဖြင့်ထိုင်လိုက်လေ၏။

ယွင်စန်းက ချက်ချင်းကန်တော့လိုက်သည်။ သူက ခေါင်းတောင်မမော့ရဲတော့ချေ။

လုကျိုးက ပတ်တီးစများပတ်ထားသော ယွင်စန်း၏ညာလက်ကိုကြည့်လိုက်သည်။ ဒဏ်ရာရထားပုံ ပေါ်၏။ ထိုစဉ် ယွင်စန်းက ပြောလာလေသည်။

“တာဝန်မကျရှုံးခဲ့ကြောင်း ပြောရတဲ့အတွက် ဝမ်းသာပါတယ်။ ကောင်းကင်အပိုင်းအစကို အောင်အောင်မြင်မြင် ယူခဲ့ပါပြီ”

တွမ့်မူရှန်းသည် ကောင်းကင်အပိုင်းအစကို လုကျိုးအား တရိုတသေပေးလိုက်တော့သည်။

လုကျိုးက တစ်ချက်ကြည့်လိုက်၏။ နောက်ဆုံးကောင်းကင်အပိုင်းအစသည် ကျန်သည့်အပိုင်းအစ များနှင့်မကွာပေ။ အပိုင်းအစကို သိမ်းပြီးနောက် အသိပေးသံတစ်သံထွက်ပေါ်လာသည်။

“တင်း ကောင်းကင်အပိုင်းအစတစ်ခုရရှိပါပြီ။ ဆုလာဒ်ကုသိုလ်မှတ်တရာ”

လုကျိုးက တာဝန်စာရင်းကို တစ်ချက်ကြည့်လိုက်၏။ အပိုင်းအစရှစ်ခုအားလုံးစုဆောင်းပြီး ဖြစ်ကြောင်းပြနေသော်ငြား တာဝန်ပြီးမြောက်ခြင်းအတွက် ဆုလာဒ်မရှိချေ။ ထိုစဉ် သူက ကောင်းကင်လေးကို အမှတ်ရသွား၏။ သူက ကောင်းကင်လေးကို ပြန်ဖျက်ပြီး ကောင်းကင်အပိုင်း အစသုံးခုရအောင် သန့်စင်ရမှာပဲဖြစ်သည်။

“ရှစ်စွင်း ယွင်စန်းက ကောင်းကင်အပိုင်းအစကိုပြန်ယူလာပြီဆိုတော့ ကျွန်တော်တို့”

တွမ့်မူရှန်းက သူ၏လည်ပင်းကို လက်မဖြင့် ဖြတ်ပြလိုက်သည်။

အပြုအမူက ယွင်စန်း၏မျက်လုံးထဲမှ မလွတ်မြောက်ပေ။ သူက ကမန်းကတမ်း အရိုအသေ ပေးလိုက်၏။ သူ၏နဖူးက မြေကြီးနှင့် ထုတ်ခနဲ မြည်သွားပြီးနောက် သူက ပြောလိုက်တော့သည်။

“သက်ညှာပေးပါ လောင်ချန်းပေ့။ ကျေးဇူးပြုပြီး သက်ညှာပေးပါ။ ကျွန်တော် ကောင်းကင်အပိုင်းအစကို ယူလာပေးပါပြီ။ ကတိတည်ပါလို့တောင်းဆိုပါတယ် လောင်ချန်းပေ့”

သူက ရပ်တန့်မည့်လက္ခဏာရပ်မပြဘဲ ဆက်တိုက်ကန်တော့နေသည်။

လုကျိုးက ထူးမခြားနားမေးလိုက်၏။ “အခု ကျင့်မင်တာအိုဂိုဏ်းကအခြေအနေဘယ်လိုလဲ”

ယွင်စန်းက ထိုစဉ်အရိုအသေပေးတာရပ်တန့်လိုက်သည်။ သို့သော် သူ၏ခေါင်းကို ငုံ့ထားဆဲ ဖြစ်ကာပြောလိုက်တော့၏။ “ကျွန်တော် အဲ့ဒီကိုရောက်တဲ့အချိန် ကျင့်မင်တာအိုဂိုဏ်းက ဖရိုဖရဲ ဖြစ်နေပါပြီ။ အကြီးအကဲတွေက အာဏာအတွက်ရုန်းကန်နေကြတယ်။ ဒါကို အခွင့်ကောင်းယူပြီး ကျင့်မင်တာအိုဂိုဏ်းထဲခိုးဝင်ပြီး အပိုင်းအစကိုခိုးလာခဲ့တာပါ”

“ဖရိုဖရဲဖြစ်တယ်တဲ့လား”

“သူတို့ဂိုဏ်းချုပ်ဒဏ်ရာရသွားတာကြောင့် တံခါးပိတ် ကျင့်ကြံနေတယ်လို့ကြားထားပါတယ်။ သူတို့ဆီမှာအခုခေါင်းဆောင်မရှိဘူး” ယွင်စန်းက မြန်မြန်ပြောပြလိုက်သည်။

“ကျင့်မင်တာအိုဂိုဏ်းရဲ့ လက်ရွေးစဉ် ယို့ဟုန်ရီက အဲ့ဒီမှာမရှိဘူးလား”

“အမ်း” ယွင်စန်းက စကားထစ်သွား၏။ သူက ထိတ်လန့်သွားပုံရကာ ဤအကြောင်းကို ပြောရမှာကြောက်ရွံ့ နေ၏။

ယွင်စန်း၏အပြုအမူအားလုံးက လုကျိုး၏မျက်လုံးထဲမှ မလွတ်မြောက်ပေ။ သူက ပြောလိုက်၏။ "မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ မင်းလွတ်လွတ်လပ်လပ်ပြောနိုင်တယ်”

ယွင်စန်းသည် ထိုစကားကိုကြားသောအခါ ပျော်ရွှင်သွားပုံပေါ်၏။ လောကကြီး၏အကြီးမြတ်ဆုံး မိစ္ဆာထံမှ အာမခံသည့်စကားများကို ကြားပြီးနောက် ယုံကြည်ချက်တို့ရှိလာသည်။

“လွန်ခဲ့တဲ့သုံးရက်တုန်းက ငရဲဂိုဏ်းရဲ့ မိုးပြာနဂါးခန်းမက ပထမခေါင်းဆောင်ဟွားချုံးရန်နဲ့ ကြာဖြူခန်းမရဲ့ပိုင်ယွီချင်းတို့က သူတို့လူတွေကိုဦးဆောင်ပြီး ကျင့်မင်တာအိုဂိုဏ်းကို တိုက်ခိုက်ခဲ့တာပါ။ ရို့ဟုန်ယွီက ဟွားချုံးရန်နဲ့ ပိုင်ယွီချင်းကြောင့် ဒဏ်ရာရသွားပါတယ်”

ကျန်သည့်သူများသည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွား၏။

ငရဲဂိုဏ်းချုပ်ယွီကျန့်ဟိုင်က မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ကြီးဖြစ်သည်။ ငရဲဂိုဏ်းသည် ယခုအချိန်၌ ကျင့်မင်တာအိုဂိုဏ်းကို ဆန့်ကျင်လိမ့်မည်ဟု မည်သူကထင်မိမည်နည်း။

ယွင်စန်းပြောပြီးချိန်တွင် လုကျိုးကို တစ်ချက်ခိုးကြည့်လေ၏။ သူ၏စကားက လုကျိုးကို ဒေါသထွက်စေမှာစိုးရိမ်နေသည်။

လုကျိုးက အပေါ်ယံတွင်မူ တည်ငြိမ်နေပုံပေါ်သော်ငြား စိတ်ထဲတွင်မူ သူ့ဖာသာသူတွေးနေ၏။

‘ငရဲဂိုဏ်းရဲ့ခွန်အားနဲ့ဆို သူတို့အတွက် ကျင့်မင်တာအိုဂိုဏ်းကို ရှင်းထုတ်ပစ်ဖို့ဆိုတာမခက်ခဲဘူး။ ပြဿနာက တစ်မိုးအောက်မှာ အင်အားစုတွေများလွန်းနေတာပဲ။ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ အကြီးမြတ်ဆုံးဂိုဏ်း ဆယ်ဂိုဏ်းကတစ်ဂိုဏ်းနဲ့တစ်ဂိုဏ်းရင်းနှီးလွန်းကြတာ ကျင့်မင်တာအိုဂိုဏ်းကို တိုက်ခိုက်တာက ကျန်တဲ့ဖြောင့်မတ်ခြင်းဂိုဏ်းဆယ်ဂိုဏ်းကို တိုက်ခိုက်တာနဲ့အတူတူပဲ။ ငရဲဂိုဏ်းက ကျန်တဲ့ဂိုဏ်းဆယ်ဂိုဏ်းကိုဖယ်ရှားဖို့ ခွန်အားပိုင်ဆိုင်ထားတယ်လား’

တွမ့်မူရှန်းကပြောလိုက်၏။ "ရှစ်စွင်း အခုဆို ကျင့်မင်တာအိုဂိုဏ်းက ဖရိုဖရဲဖြစ်နေပြီ။ တာ့ရှစ်ရှိုးရဲ့လုပ်ရပ်က ကျွန်တော်တို့ဆီကို ပြဿနာပဲပိုတက်စေမှာ”

“ယွီကျန့်ဟိုင်က ကျင့်မင်တာအိုဂိုဏ်းကို တိုက်ခိုက်ပြီး ဘာရဖို့မျှော်လင့်နေတာလဲ” လုကျိုးက မေးလိုက်၏။

“ဒါက ကျွန်တော့်အဆင့်အတန်းနဲ့လူတစ်ယောက်က ဘယ်လိုလုပ်ဒီကိစ္စတွေကို တိုင်ပင်နိုင်ပါ့မလဲ" ယွင်စန်းက ပြန်ပြောလိုက်၏။

ငရဲဂိုဏ်းသည် လက်တလောနှစ်များအတွင်း ချဲ့ထွင်လာခဲ့၏။ မိစ္ဆာလမ်းကြောင်းပေါ်ရှိ အင်အားစုလေးများစွာက ငရဲဂိုဏ်းဆီအညံ့ခံလာကြသည်။ မိစ္ဆာဘုရားကျောင်းက ငရဲဂိုဏ်းကနေ ခွဲထွက်ခဲ့ သော်ငြား သဘောထားကွဲလွဲခြင်းအတွက် မိစ္ဆာဝေဟင်မျှော်နန်း သုတ်သင်တာခံခဲ့ရသည်။ လက်ရှိတွင် တွမ့်ရှင်းသာလျှင် အသက်ရှင်လျက်ရှိ၏။ ယင်းကလည်းယခုဆို မသိသာသည့်အင်အား ဖြစ်နေသည်။ ယခုဆိုငရဲဂိုဏ်းကပိုတောင် အစွမ်းထွက်လာတော့သည်။

လုကျိုးသည် အန်းရန်ရှိထကြွမှုကို အမှတ်ရသွားသည်။ တစ်စုံတစ်ယောက်က ငရဲဂိုဏ်း အယောင်ဆောင်တာဖြစ်သော်ငြား ငရဲဂိုဏ်းက ဝေ့ကျိုးယန်သေတာလိုချင်နေတာဖြစ်နိုင်၏။

ယွင်စန်းက နာကျင်နေသည့်လေသံဖြင့်ပြောလိုက်သည်။ "ဒီတာဝန်ကိုပြီးမြောက်အောင် ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ လောင်ချန်းပေ့”

လုကျိုးက ယွင်စန်းကို တည်ငြိမ်စွာ အသိအမှတ်ပြုလိုက်၏။

လက်တစ်ဖက်ဆုံးရှုံးမှုဖြင့် ဤယွင်စန်းသည်က သူအတော်ဆုံးအလုပ်ဖြစ်သည့် ခိုးယူခြင်းကို လုပ်နိုင်စွမ်း မရှိတော့ပေ။ သူ၏ခိုးယူသည့်နေ့ရက်များက နောက်တွင်ကျန်ရစ်ခဲ့ပြီးဖြစ်၏။ ဤကား သူ၏အပြစ်ဒဏ် ဖြစ်လောက်သည်။ သူ၏ခိုးယူခဲ့သည့် လုပ်ရပ်များက နောက်တွင်ကျန်ရစ်ခဲ့၏။ ယင်းက သူ၏အပြစ်ဒဏ်ဖြစ်နိုင်သည်။

လုကျိုးက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ “မင်းကိုယ်မင်း ဂရုစိုက်” သူက ထိုစကားများသာပြောလိုက်သည်။

ယွင်စန်းသည် ပြစ်မှုကြီးမှ ချမ်းသာရသည့်ပမာပြုံးနေလိုက်၏။ သူက အရိုအသေပေးပြီး ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်ကြီး။ ကျေးဇူးပါပဲ မျှော်နန်းသခင်ကြီး” ပြီးနောက် ကျိုးကျစ်ဖုန်းက ယွင်စန်းကို မိစ္ဆာဝေဟင်မျှော်နန်းအပြင်သို့ ခေါ်သွားသည်။

မိစ္ဆာဝေဟင်မျှော်နန်းက ထပ်မံတိတ်ဆိတ်သွားတော့သည်။

ခဏအကြာတွင် လုကျိုးက မေးလိုက်၏။ “အကြီးအကဲဟွား ဘယ်မှာလဲ”

“အကြီးအကဲဟွားက တောင်အောက်ဆင်းသွားပါတယ်။ အခုလောက်ဆို ပြန်ရောက်လောက်ပါပြီ” တွမ့်မူရှန်းကပြန်ပြော၏။

ထိုစဉ် ဟွားဝူတောက်က အချိန်ကိုက်ပင်ရောက်လာတော့၏။ သူက ခန်းမထဲသို့ဝင်လာပြီး လက်သီးနှစ်ဖက်ဆုပ်မိုးလျက်ပြောလိုက်တော့၏။

“နှုတ်ဆက်ပါတယ် မျှော်နန်းသခင်”

“လုပ်ရိုးလုပ်စဉ်တွေ လုပ်နေစရာမလိုဘူး”

“မျှော်နန်းသခင်ကို မေးစရာတစ်ခုရှိလို့ပါ”

“ပြော”

“တောင်ခြေမှာ ဒူးထောက်နေတဲ့ အမျိုးသမီးက ဟွားယွဲ့ရှင်းပဲ။ သူ့ကို အရင်က အကြိမ်အနည်းငယ် လောက်တွေ့ဖူးတယ်။ အဲ့ဒီမိန်းကလေးက လေးအတတ်က ကျွမ်းကျင်ပြီး ပါရမီထူးတယ်။ တောင်ပေါ် ဝင်ခွင့်ပြုလိုက်မယ်ဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းအတွက် ကောင်းဖို့ပဲရှိတယ်”

ဟွားဝူတောက်က ပြောလိုက်၏။

လုကျိုးက စိတ်မပါလက်မပါပြောလိုက်တော့၏။ "အကြီးအကဲဟွား ခင်ဗျားက ယွင်ဂိုဏ်းက ပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ခဲ့တာ။ ယွင်၊ ထျန်းနဲ့ လော့ဂိုဏ်းက အမြဲတမ်းရင်းနှီးနေတာ။ သူပြဿနာတက်မှာကို မစိုးရိမ်ဘူးလား”

ဟွားယွဲ့ရှင်းနှင့် ယှဉ်လျှင် ဟွားဝူတောက်မိစ္ဆာဝေဟင်မျှော်နန်းသို့ဝင်သည့်အခြေအနေနှင့်မတူပေ။

ဟွားဝူတောက်က ခေါင်းခါပြီး သက်ပြင်းချလိုက်၏။ “သူ ဘယ်မှသွားစရာမရှိဘူး”

ထိုစကားကိုကြားသောအခါ တွမ့်မူရှန်းက အခဲမကြေစွာပြောလိုက်၏။ “အကြီးအကဲဟွား ခင်ဗျားပြောတာကို ကျွန်တော်လက်မခံဘူး။ သူဘယ်မှသွားစရာမရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ သူ့မှာသွားစရာမရှိတာကြောင့် မိစ္ဆာဝေဟင်မျှော်နန်းက သူ့ကိုလက်ခံရမှာလား။ မိစ္ဆာဝေဟင်မျှော်နန်း က မိဘမဲ့ဂေဟာလား။ ဒါမှမဟုတ် အိမ်ခြေရာမဲ့အတွက်နေအိမ်တစ်ခုလို့ ထင်နေတာလား”

ဟွားဝူတောက်၏ မျက်နှာက အနည်းငယ်နီသွား၏။ သူကအမြန်ပြောလိုက်၏။ “ကျုပ် ဒီလိုဆိုလိုတာမဟုတ်”

“ဒါဆိုဘာကို ဆိုလိုတာလဲ။ ခင်ဗျားက ယွင်ဂိုဏ်းကပဲ။ မိစ္ဆာဝေဟင်မျှော်နန်းထဲကို စိတ်ရင်းမှန်နဲ့ ဝင်ခဲ့တာမဟုတ်ဘူး။ ဒီမှာခင်ဗျားရဲ့ကိုယ်ပိုင်အင်အားစုတည်ထောင်ပြီး ဂိုဏ်းထဲမှာအတွင်းရန် ဖြစ်ပွားချင်တာလား”

တွမ့်မူရှန်းက အမေးထုတ်လိုက်၏။

“တွမ့်မူရှန်း မင်း ငါ့ကို လှောင်ပြောင်စရာမလိုဘူး။ ငါ ဒီလောက်အထိ အရှက်မမဲ့ဘူး”

တွမ့်မူရှန်းက သွေးဆူလွယ်သည်။ သူသည် သဘောမကျသည့်အရာကို ကြားသည့်အချိန်တိုင်း စိတ်က လွတ်ထွက်သွား၏။ ရန်ပွဲတစ်ခု ပေါ်ပေါက်တော့မည့်ပုံပေါ်သည်။

“တော်လောက်ပြီ” လုကျိုး၏အသံက ခန်းမထဲ၌ ပေါ်ထွက်လာ၏။

တွမ့်မူရှန်းနှင့် ဟွားဝူတောက်က ချက်ချင်းတိတ်ကျသွားတော့သည်။

လုကျိုး၏အကြည့်က ဟွားဝူတောက်ဆီရောက်သွားကာပြောလိုက်တော့သည်။

“ဟွားယွဲ့ရှင်းက တကယ်ပါရမီရှိတယ်။ ဒါပေမဲ့ ခက်ခဲမှု နည်းနည်းလေးတောင်သည်းမခံနိုင်ရင် မိစ္ဆာဝေဟင် မျှော်နန်းကို ဘယ်လိုများဝင်နိုင်ပါ့မလဲ”

ထိုစဉ် ဟွားဝူတောက်က သဘောပေါက်သွားတော့၏။ သူက အမြန်အရိုအသေပေးကာ ဖြည်းဖြည်းချင်းပြောလိုက်တော့သည်။ “ကျုပ် ဟွားဝူတောက် ဟွားယွဲ့ရှင်းက ပုန်ကန်မဲ့ လက္ခဏာပြခဲ့ရင် ဒါမှမဟုတ် နောင်ကျသစ္စာဖောက်ခဲ့မယ်ဆိုရင် သူ့ကို ကျုပ်လက်နဲ့ကိုယ်တိုင်သတ်မယ်ဆိုတဲ့အကြောင်း ကျုပ်အသက်နဲ့ရင်းပြီးကျိန်ဆိုတယ်”

…

အခန်း (၂၁၂) သူတောင်းစားအိုကြီး

အခြားလူများက ဟွားဝူတောက်သည် သူ့အသက်နှင့် ကျိန်ဆိုသည်ကို မြင်သည့်အခါ အနည်းငယ် အံ့ဩသွားကြသည်။ အမှန်တော့ သူက ယွင်ဂိုဏ်းမှ ဖြစ်သော်လည်း ဟွားဝူတောက်သည် မူလက လော့ဂိုဏ်းမှ ဖြစ်၏။ ယွင်ထျန်းလော့ ဂိုဏ်းစတင်တည်ထောင်ပြီးနောက် ယွင်၊ လော့နှင့် ထျန်းဂိုဏ်းတို့ ကွဲထွက်သွားခဲ့သည်။ သူတို့က သူတို့အချင်းချင်းကြား ရန်ငြိုးတစ်ခုတော့ ရှိကြသည်။ သူတို့က တစ်ဂိုဏ်းတည်းမှ ဖြစ်သောကြောင့် သူမအတွက် ဝင်ပြောပေးသည်မှာ သဘာဝကျလှသည်။ သို့သော်လည်း သူ အကြိမ်ရေ အနည်းငယ်သာ တွေ့ဖူးသည့် လူတစ်ယောက်အတွက် သူ့အသက်နှင့် ကျိန်ဆိုနေသည်မှာ ထူးဆန်းလှ၏။

“ အကြီးအကဲဟွားနဲ့ ဟွားယွဲ့ရှင်းတို့ရဲ့ ဆက်ဆံရေးက ဘာလဲ ” တွမ့်မူရှန်းက မေးလိုက်သည်။ သူ့မေးခွန်းအရ သူတို့နှစ်ယောက်လုံးတွင် မျိုးရိုးနာမည်တူနေသည်မှာ တိုက်ဆိုင်လွန်းလှသည်။

ဟွားဝူတောက်က ခေါင်းခါကာ “သူမနဲ့ ဘာမှမပတ်သက်ပါဘူး။ မျှော်နန်းသခင် … ဒီကိစ္စကို သေချာစုံစမ်းလို့ ရပါတယ် ”

လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။

“အကြီးအကဲဟွား … ကျုပ်က ခင်ဗျားတို့ ဆက်ဆံရေးအကြောင်း ရှာဖို့ စိတ်မဝင်စားဘူး။ တကယ်လို့ ဟွားယွဲ့ရှင်းက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ချင်တယ်ဆိုရင် ကောင်းပြီ … သူမကို အခွင့်အရေးတစ်ခု ပေးမယ် ”

ဟွားဝူတောက်က ထိုအရာကို ကြားပြီး စိတ်အေးသွားသည်။ သူ ကျေးဇူးမတင်ခင် လုကျိုးက ထပ်ပြောလိုက်သည်။

“ တကယ်လို့ သူမ ရွှေနန်းဥယျာဉ်တောင်ကို ရန်စဖူးတဲ့ ပွင့်ချပ်သုံးလွှာနဲ့အထက် ကျင့်ကြံသူခေါင်းကို ယူလာနိုင်ခဲ့မယ်ဆိုရင် … သူမ အောင်မြင်တယ်ဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်လို့ ရပြီ ”

“ …” ဟွားဝူတောက်က ကြောင်သွားကာ “ အဲဒါ အဲဒါ … ” သူ့အမူအရာတို့က ပြောင်းလဲသွားသည်။

တွမ့်မူရှန်းက နှာခေါင်းရှုံ့ကာ “ ခင်ဗျားက သစ္စာအပြည့်အဝ ရှိတာ မဟုတ်ဘူးဆိုတာ ကျုပ်သိနေတယ်။ တကယ်လို့ သူ ဒါလေးတောင် မလုပ်နိုင်ရင် သူမ မိစ္ဆာဝေဟင်မျှော်နန်းကို ဘယ်လိုလုပ် ဝင်နိုင်မှာလဲ ”

တပည့်များက ရှစ်စွင်း၏ တောင်းဆိုချက်နှင့် ပတ်သက်ပြီး ကျေနပ်ကြသည်။

လူတစ်ယောက်က ပါရမီထူးကဲပြီး အလားအလာကောင်းနေလျှင်ပင် ရန်သူတစ်ယောက်မှ မသတ်နိုင်လျှင် အသုံးမဝင်ပေ။ မိစ္ဆာဝေဟင်မျှော်နန်းက အသုံးမကျသည့်သူများကို ခေါ်ထားမည် မဟုတ်ပေ။ ဟွားဝူတောက်က ဦးညွှတ်ကာ “ ကောင်းပါပြီ။ သူမက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်မှတော့ ဆုံးဖြတ်ချက်ကိုတော့ ပြရမှာပေါ့ ”

လုကျိုးက လက်ဝှေ့လိုက်သည်။

ထိုအရာကို မြင်ပြီး ဟွားဝူတောက်က ခန်းမကျယ်ထဲမှ ထွက်ကာ တောင်အောက်ဆင်းသွားသည်။

“လောင်ပါ့ရော ဘယ်ရောက်နေလဲ ” လုကျိုးက မေးလိုက်သည်။

“ ပါ့ရှစ်တိက မျှော်နန်းကို ပြန်လည်ပြုပြင်နေပါတယ်။ ကျွန်တော် သွားခေါ်လိုက်ပါ့မယ်”

တွမ့်မူရှန်းက ထွက်သွားလေသည်။

ခဏအကြာတွင် တွမ့်မူရှန်းက ကျူးဟုန်ကုန်းကို ခန်းမကျယ်ထဲ ခေါ်ဆောင်လာသည်။ ကျူးဟုန်ကုန်းက ကြမ်းပေါ် နာနာခံခံ ဒူးထောက်လျက် လက်မြှောက်ကာ “ ရှစ်စွင်းကို ဂါရဝပြုပါတယ်။ အသက်ရှည်ကျန်းမာချမ်းသာပါစေသား ”

ဒီလူရဲ့ အရှက်မဲ့မှုက တော်ရုံ မဟုတ်ဘူးပဲ … ဒီလိုစကားတွေကို ဘယ်လိုများ ပြောထွက်ပါ့ …

လုကျိုးက ကျုးဟုန်ကုန်းကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ရင်း “ မိစ္ဆာဝေဟင်မျှော်နန်းကို ဘယ်လိုထင်လဲ”

ကျူးဟုန်ကုန်းက အလျင်စလို ပြောလာသည်။ “ ရှစ်စွင်း ဒါက ကျွန်တော်အိမ်ပါပဲ။ ကျွန်တော် သဘောကျတာပေါ့။ မိစ္ဆာဝေဟင်မျှော်နန်းလောက် စိတ်အေးလက်အေး နေနိုင်တဲ့ နေရာမျိုး မရှိဘူး”

“ တကယ်လား ”

ကျူးဟုန်ကုန်းက အသံမြှင့်ကာ “ ကျွန်တော် စကားထဲမှာ အလိမ်အညာ မပါပါဘူး။ ရှစ်စွင်းရှေ့မှာ မလိမ်ညာရဲပါဘူး ”

တွမ့်မူရှန်းပင် ပြောစရာ ရှာမတွေ့တော့ပေ။ ကျောင်းယွဲ့ က ခေါင်းသာခါလိုက်တော့သည်။

လုကျိုး၏ အသံက တည်ငြိမ်နေကာ “ တခြားသူတွေနဲ့ လိုက်လျောညီထွေဖြစ်ရဲ့လား ”

ကျူးဟုန်ကုန်းက ဒီမေးခွန်းကြောင့် အတော်လေး အံ့ဩမိသွားသည်။

ရှစ်စွင်း ဒီနေ့ ဘာဖြစ်နေပါ့လိမ့် … ငါ့အကြောင်း ဘာလို့ မေးမြန်းနေပါ့လိမ့်။

သူက ရင်ထဲ ထိမသွားဘဲ နေရခက်လာသည်။

နောက်ဆုံးတွင် ကျူးဟုန်ကုန်းက ပြန်ဖြေလိုက်သည်။

“ စန်းရှစ်ရှိုးနဲ့ စစ်ရှစ်ရှိုးတို့က အတော်လေး ဂရုစိုက်ပေးကြပါတယ်။ ဝူရှစ်ကျဲကလည်း အားရင် စကားလာပြောပေးတယ်။ ရှောင် … ရှောင်ရှစ်မေ့ကတော့ … ” သူက ခဏရပ်လိုက်ပြီး ရှောင်ယွမ်အာကို ရှာလိုက်ပြီး မရှိကြောင်း တွေ့လိုက်ရ၏။

သူက သူမ၏ ခက်ထန်လှသည့် အမူအရာကို ပြန်သတိရသွားကာ တံတွေးမျိုချလိုက်ရင်း “ ရှောင်ရှစ်မေ့ကလည်း ညင်သာပြီးတော့ မိသားစုဝင်တစ်ယောက်လို ဆက်ဆံပေးပါတယ် ”

မိစ္ဆာဝေဟင်မျှော်နန်း တစ်ခုလုံး၌ ကျူးဟုန်ကုန်း တစ်ယောက်တည်းသာ ဒီလိုမျိုး ဟန်ဆောင်ပန်ဆောင် စကားများ ပြောရဲသည့်သူ ဖြစ်လိမ့်မည်။

“ မင်းရဲ့ ချီရှစ်ရှိုးနဲ့ရော အခြေအနေဘယ်လိုလဲ” လုကျိုးက ထပ်မေးလိုက်သည်။

“အဆင်ပြေပါတယ်။ ကျွန်တော်တို့ ဆက်ဆံရေးကောင်းကြတယ်။ လောင်ချီက ကျွန်တော်ကို …လောင်ချီ လောင်ချီလား ” ကျူးဟုန်ကုန်း၏ အမူအရာက ပြောင်းလဲသွားကာ “ ရှစ်စွင်း ကျွန်တော် မှားကြားလိုက်တာပါ။ ကျွန်တော်နဲ့ ချီရှစ်ရှိုးက ဘာမှမဆိုင်ပါဘူး ”

သူက စကားပြောရင်း တုန်လာသည်။

လုကျိုးက ပြောလိုက်သည်။

“အဲဒါဆို လောင်ချီက ငါ့လှုပ်ရှားမှုတွေအကြောင်း ဘယ်လိုသိတာလဲ ”

ကျူးဟုန်ကုန်း၏ အမူအရာက မည်းမှောင်သွားကာ “လောင်ချီရဲ့ သတင်းအရင်းအမြစ်က တာ့ယန်တစ်ခုလုံး ပျံ့နေတာဆိုတော့ သူ သိသွားတာ ဖြစ်မှာပါ ”

“ မိစ္ဆာဝေဟင်မျှော်နန်းထဲ သူ့သတင်းအရင်းအမြစ်က ဘယ်သူလို့ ထင်လဲ ”

ယခုမှ အရာအားလုံး အမှန်အတိုင်း ပေါ်ထွက်လာသည်။

အမှန်တော့ လုကျိုးက အန်းယန်ကို ရောက်ကတည်းက ထူးဆန်းနေသည်ဟု ခံစားမိနေသည်။

ပထမဆုံး ယွီရှန်းရုန် ပေါ်လာကာ ရှောင်ယွမ်အာအာ လက်ဆောင်လာပေးသွားသည်။ ထို့နောက် ယွီကျန့်ဟိုင်၊ ကျန်းအိုက်ကျန့်၏ သတင်းနောက်တွင်လည်း စီးဝူယာ့ ရှိနေပြန်သည်။ အကယ်၍ မည်သူကမှ စီးဝူယာ့ကို သတင်းမပေးထားလျှင် သူ သိစရာအကြောင်း မရှိပေ။

စီးဝူယာ့က ကျူးဟုန်ကုန်းကို မင်ရှစ်ရင် မိစ္ဆာဝေဟင်မျှော်နန်းဆီ ခေါ်သွားရန် တမင်တကာ တွန်းပို့ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။

ဉာဏ်များလိုက်တဲ့ကောင် …

စီးဝူယာ့က သည်လိုလုပ်ရဲသည့် တစ်ဦးတည်းသော သူ ဖြစ်လိမ့်မည်။

“ ပါ့ရှစ်တိ တကယ်ကြီး မင်းလား” တွမ့်မူရှန်းက သူ့ကို အင်္ကျီကနေ ကိုင်မြောက်ထားသည်။

ကျူးဟုန်ကုန်းက ခပ်ဝဝ ဖြစ်ကာ အလေးချိန်စီး၏။ သို့သော်လည်း တွမ့်မူရှန်း လက်ထဲ၌ ကျူးဟုန်ကုန်းက ကြက်လေးတစ်ကောင်အလား ကိုင်မြောက်ခံထားရသည်။

“ ရှစ်စွင်း … ကျွန်တော် ရှင်းပြပါရစေ။ ရှစ်ရှိုး ကျေးဇူးပြုပြီး ကျွန်တော်ကို လွှတ်ပေးပါဦး ” ကျူးဟုန်ကုန်းက နီရဲနေသော မျက်နှာဖြင့် ပြောလိုက်သည်။

တွမ့်မူရှန်းက လုကျိုးဆီမှ အမိန့်စောင့်နေသည့်အလား ကြည့်လိုက်၏။

“ မင်း ဘယ်လိုရှင်းပြမလဲ ကြည့်ကြတာပေါ့” လုကျိုးက ပြောလိုက်သည်။

ဝုန်း

တွမ့်မူရှန်းက လွှတ်ချလိုက်သည့်အခါ ကျူးဟုန်ကုန်းတစ်ယောက် ကြမ်းပေါ် ပြုတ်ကျသွားသည်။ သို့သော်လည်း သူက ဇောဒကတ် မတက်ရဲပေ။ သူက မြန်မြန်ထကာ ဒူးထောက်လိုက်ပြီး ပြောလိုက်၏။

“ ရှစ်ရှိုးဝူယာ့ … ဖွီး အဲဒီသစ္စာဖောက် ” သူက နှစ်ကြိမ်တိုင်တိုင် အသက်ပြင်းပြင်းရှုလိုက်ပြီး “

သူက မိစ္ဆာဝေဟင်မျှော်နန်းကို ထိခိုက်မဲ့အရာကို မလုပ်ပါဘူးလို့ ကျိန်တယ်။ မိစ္ဆာဝေဟင်မျှော်နန်းကို ကူညီပေးတာပါလို့တောင် ပြောသေးတယ်။ အဲကြောင့် ကျွန်တော်က ရှစ်စွင်းတို့ နေရာကို ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားမိတာပါ ”

“ သူ ပြောတာနဲ့ မင်းက ယုံတယ်လား” တွမ့်မူရှန်းက ကျူးဟုန်ကုန်းကို မကျေမနပ် ကြည့်လိုက်သည်။

ခန်းမကျယ်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ လေထုက စက္ကန့်နှင့်အမျှ ပိုမို တင်းကျပ်လာသည်။

ကျူးဟုန်ကုန်းက တည်ငြိမ်ဖို့ ကြိုးစားပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“ရှစ်စွင်း … အရိုးသားဆုံးပြောရရင် ကျွန်တော် ကျားတောင်ရိုးမှာတုန်းက ချီရှစ်ရှိုးက စောင့်ရှောက်ပေးခဲ့တာ။ ချီရှစ်ရှိုးက လှည့်စားရတာ သဘောကျပေမဲ့ သူ့လူကိုတော့ ဘယ်တော့မှ ဒုက္ခမပေးဘူး။ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးလည်း သူ့ကို လေးစားကြတယ် …”

သူ့စကားအဆုံးတွင် ခေါင်းငုံ့ထားလိုက်သည်။ သူက အသက်ပင် ပြင်းပြင်းမရှုရဲပေ။ သူ့နှလုံးသားက ရင်ဘတ်ထဲမှ ပေါက်ထွက်လာတော့မည့်အလား အရမ်းခုန်နေသည်။

ငါတော့ သေပြီ .. အကောင်းဆုံး အခြေအနေဆိုရင် မျှော်နန်းကနေ ထုတ်ခံရနိုင်တယ်။ အဆိုးဆုံးဆိုရင်တော့ တစ်ကိုယ်လုံး လေဖြတ်သွားနိုင်တယ်

လုကျိုးက ကျူးဟုန်ကုန်းကို အပြစ်ပေးဖို့ အလျင်မလိုပေ။ ကျူးဟုန်ကုန်း ပြောသည်မှာ အမှန်သာ ဖြစ်၏။ ငမိုက်သားများကြား သမာသမတ်လမ်းစဉ်နှင့် ပေါင်းကာ ကြံစည်သည့် ယဲ့ထျန်းရှင်းမှလွဲ၍ ကျန်သူများက မိစ္ဆာဝေဟင်မျှော်နန်းကို မဆန့်ကျင်ကြပေ။ ကျင့်ကြံရေးလောက၌ လူများက သစ္စာဖောက်များအား မိစ္ဆာဝေဟင်မျှော်နန်း အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားကြဆဲ ဖြစ်သည်။ သူတို့အတွက် ခြားနားချက် မရှိပေ။

ကျူးဟုန်ကုန်း၏ အပြစ်က သေစေလောက်အောင် မပြင်းထန်သော်ငြား လုကျိုးက အပြစ်မပေးဘဲ လွှတ်မပေးနိုင်ပေ။

ဒီငမိုက်သားတွေကို သေချာသင်ပြရမယ် …

နောက်ဆုံးတွင် လုကျိုးက ပြောလိုက်၏။

“ သူ့ကို ပြန်လည်သုံးသပ်ရေးဂူဆီ ပို့လိုက်။ တစ်ရက် ကြိမ်ဒဏ် အချက်ငါးဆယ် ခံယူရမယ်။ သူ့ကျင့်ကြံဆင့်ကို ပိတ်ထားလိုက် ”

“ ဟုတ် ရှစ်စွင်း ” တွမ့်မူရှန်းက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

ကျူးဟုန်ကုန်းက ဦးညွှတ်ကာ “ ရှစ်စွင်း သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

တွမ့်မူရှန်းက ကျူးဟုန်ကုန်းကို ခန်းမကျယ်ထဲမှ ဆွဲခေါ်သွားသည်။

“တင်း … ကျူးဟုန်ကုန်းကို ဆုံးမပဲ့ကိုင်တဲ့အတွက် ကုသိုလ်မှတ် နှစ်ရာ ရရှိပါမယ် ”

ကျူးဟုန်ကုန်းအား သင်ကြားဆုံးမပေး၍ ပြဿနာ မရှိပေ။ သို့သော် လုကျိုးက တခြားငမိုက်သား သုံးယောက်ကိုလည်း သင်ပြပေးဖို့ နည်းလမ်း စဉ်းစားနေသည်။

ခဏအကြာတွင် လုကျိုးက ထရပ်လိုက်သည်။ ဤသည်မှာ ကောင်းကင်အပိုင်းအစကို လေ့လာဖို့ အချိန်ရောက်လာလေပြီ။ ထိုစဉ် ရှောင်ယွမ်အာက ခန်းမကျယ်ထဲ ပြေးဝင်လာလေ၏။

“ ရှစ်စွင်း ”

“ဘာကိစ္စလဲ ” လုကျိုးက မေးလိုက်သည်။

ရှောင်ယွမ်အာက မိစ္ဆာဝေဟင်မျှော်နန်း အပြင်ဘက်ရှိ သူတောင်းစားကို လက်ညှိုးထိုးပြကာ “ အဲဒီသူတောင်းစားအိုကြီးက ထွက်မသွားဘူးတဲ့။ ဟွားယွဲ့ရှင်းတောင် ထွက်သွားပြီကို … သူက သေရည်လိုချင်နေသေးတယ် “

ကျောင်းယွဲ့က နားမလည်နိုင်ဖြစ်သွားသည်။

“ရှောင်ရှစ်မေ့ … ရွှေနန်းဥယျာဉ်တောင်က ဘယ်သူမဆို ဝင်နိုင်တဲ့ နေရာ မဟုတ်ဘူး။ သူ့ကို မြန်မြန် မောင်းထုတ်လိုက်လေ ”

“ မောင်းထုတ်ပြီးပြီ။ သူက ပြန်ဝင်လာတုန်းပဲ ”

“ သူက ဝင်လာတယ်တဲ့လား ” ကျောင်းယွဲ့က နားမလည်ဟန်ပြောလိုက်သည်။

“ အဲဒါနဲ့ ထူးဆန်းလို့ … ရှစ်စွင်းနဲ့ တွေ့ရအောင် ခေါ်လာတာ” ရှောင်ယွမ်အာက ပြောလိုက်သည်။

ရွှေနန်းဥယျာဉ်တောင်၏ အကာအရံက ထူးခြားသည့် အစီအရင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သမာသမတ်လမ်းစဉ်မှ ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ အစီအရင်များပင် ရွှေနန်းဥယျာဉ်တောင်၏ အကာအရံနှင့် မယှဉ်နိုင်ပေ။

သူတောင်းစားတစ်ယောက်က အကာအရံကို ဖြတ်ဝင်လာတယ်တဲ့လား …

သူတို့က ဒီကိစ္စကို ပေါ့သေးသေးတွက်၍ မဖြစ်ပေ။

လုကျိုးက ထိုအကြောင်းကြားသည့်အခါ လက်နောက်ပစ်လျက် ခန်းမကျယ်ထဲမှ ထွက်လာ၏။

…………….

မိစ္ဆာဝေဟင်မျှော်နန်း အပြင်ဘက်တွင် …

သူတောင်းစားအိုကြီးက စကျင်ကျောက် ကြမ်းပေါ်တွင် လဲလျောင်းနေသည်။ သူက ကောင်းကင်မှ နေမင်းကြီးအား ပျင်းပျင်းရိရိ ကြည့်လိုက်ရင်း ရေရွတ်လိုက်သည်။

“သေရည် … သေရည်ထပ်ပေးဦး ”

“ သူပဲ ” ရှောင်ယွမ်အာက လက်ညှိုးထိုးပြလိုက်သည်။

လုကျိုးက အနီးရောက်သည့်အခါမှ ရပ်လိုက်ပြီး သူတောင်းစားကို ကြည့်လိုက်သည်။

နာမည် - ဖန်လီထန်း

မျိုးနွယ် - လူသား

ကျင့်ကြံဆင့် - ဗလာ

လုကျိုးက တိတ်ဆိတ်သွားပြီးနောက် စဉ်းစားလိုက်သည်။

ယွင်စန်းသည် ကျင့်မင်တာအိုဂိုဏ်းတွင် ရှိစဉ်အခါက ငရဲဂိုဏ်း၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ သူတို့ဂိုဏ်းချုပ် မော့ချီနှင့် သူတို့အဆင့်မြင့်ကျင့်ကြံသူ ယို့ဟုန်ယီတို့နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရသွားကြသည်။ ကျင့်မင်တာအိုဂိုဏ်းက အနီးအနား အနာဂတ်တွင် ကမ္ဘာကြီးမှ ပျောက်ကွယ်သွားမည့်ဟန်ရှိသည်။

သူက ဖန်လီထန်း ဘယ်ပျောက်သွားလဲ အမြဲတမ်း စဉ်းစားနေမိသည်။

ဖန်းရှုဝမ်နှင့် မျိုးဆက်တူ ကျင့်မင်တာအိုဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ် အဆင့်မြင့် ပညာရှင်က နေ့ချင်းညချင်း ပျောက်သွားခဲ့သည်။ မည်သူမှ သူ ထွက်သွားသည့်နေရာကို မသိကြပေ။ လုကျိုးသည် မိစ္ဆာဝေဟင်မျှော်နန်း၌ သည်လိုမျိုး ပညာရှင် ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အချိန်အတော်ကြာ စောင့်ဆိုင်းနေရသည့် သူတောင်းစားအိုကြီးက ပြောလိုက်သည်။

“ မြန်မြန်လေး … မြန်မြန် …ငါ့သေရည်ကို စောင့်နေတာ ကြာလှပြီ …”

“အဘိုးကြီး ဒီနေ့ တောင်ပေါ်ကနေ လွှင့်ချပစ်မလားဆိုတာ ကြည့်နေ ” ရှောင်ယွမ်အာက နိဗာနခါးစည်းကို ထုတ်ရင်း ပြောလိုက်သည်။

“ ကောင်မလေး … မကောင်းဘူး မကောင်းဘူး။ ဒီလောက်ခက်ထန်နေတာ … ”

ရှောင်ယွမ်အာက ထိုလူသည် စကားများကို ထပ်ချည်းတလဲလဲ ပြောနေသည့်အတွက် စိတ်တိုလာကာ အံကြိတ်လိုက်သည်။ သူမက လှုပ်ရှားတော့မည့်ဆဲဆဲတွင် လုကျိုးက ဝင်တားလိုက်သည်။

“သေရည် ယူပေးလိုက် ”

“ ရှင် ”

ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့တို့က အံ့အားသင့်သွားကြသည်။

ရှစ်စွင်းက အမည်မဲ့ သူတောင်းစားတစ်ယောက်ကို ကြင်ကြင်နာနာ ဆက်ဆံပေးနေတာလား …

“ ဟုတ် ရှစ်စွင်း ” ကျောင်းယွဲ့က အသာဦးညွှတ်ကာ မြောက်ပိုင်း မျှော်နန်းဆီ သွားလိုက်သည်။

ခဏအကြာတွင် ကျောင်းယွဲ့က သေရည်ခရား နှစ်အိုး သယ်ဆောင်ထားသည့် အမျိုးသမီး ကျင့်ကြံသူနှစ်ယောက်ကို ဦးဆောင်၍ ပြန်ရောက်လာသည်။

“သေရည် သေရည် …” ဖန်လီထန်း၏ နှာခေါင်းက ခွေးတွေလိုမျိုး အနံ့ခံကောင်းလှသည်။ သေရည်ခရား အနီးရောက်လာသည်နှင့် အရက်နံ့ကို တန်းရလိုက်သည်။

ကျောင်းယွဲ့က သေရည်ခရားကို ဖန်လီထန်း ဘေးနား ချပေးလိုက်သည်။

ဖန်လီထန်းက အင်အားများ ရလာသည့်အခါ ချက်ချင်း ထကောက်ထိုင်လိုက်သည်။ သူက မျက်လုံးကို မှေးကာ ကြည့်ပြီး ရယ်လိုက်ရင်း “ ခင်ဗျား … ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းသခင်လား ”

လုကျိုးက ဘာမှပြန်မပြောပေ။ ထို့အစား သေရည်ခရားကို လက်ညှိုးထိုးပြရင်း “ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သေရည် … သိမ်းထားတာ ရာစုနှစ်တစ်ခုစာ ရှိပြီ ”

ဖန်လီထန်း၏ အကြည့်များက ပိုမိုတောက်ပလာသည်။ သူက သေရည်ခရားကို မကာ အဖုံးဖွင့်လိုက်ပြီး “သေရည်ကောင်းပဲ … တကယ်ကို သေရည်ကောင်းပဲ ”

“ မြည်းကြည့်ချင်လား ”

“ဒါပေါ့ …”

“ကောင်းတယ် ”

လုကျိုးက ဖန်လီထန်းအနား ကပ်လာကာ “ဒါက မိစ္ဆာဝေဟင်မျှော်နန်းဆိုတာ သိရက်နဲ့ ကျူးကျော်လာရဲတယ်ပေါ့ ”

ဖန်လီထန်းက သေရည်ခရားကို မကာ ပါးစပ်အပြည့် သောက်လိုက်သည်။ သူ့မျက်နှာအထက် ကျေနပ်အားရသည့် အမူအရာပေါ်လာပြီး “သိတာပေါ့ … ဒါပေမဲ့ ဒီလူအိုကြီးဘဝက အသုံးမဝင်တော့ဘူး။ အဲကြောင့် ဘာမှဂရုမစိုက်ဘူး ”

အသုံးမဝင်တော့ဘူးတဲ့လား …

လုကျိုးက သူ့အား မထုတ်ဖော်လိုက်ပေ။ ထိုအစား သူက သိချင်စွာ မေးလိုက်သည် “ ခင်ဗျားဆီမှာ ကျင့်ကြံဆင့်လည်း မရှိဘဲနဲ့ အကာအရံကို ဘယ်လိုလုပ် ဖြတ်လာတာလဲ”

“ ကျုပ်လည်း မသိဘူး။ ကျုပ်က သာမန် သူတောင်းစားလေးပါ … အကာအရံတွေအကြောင်း ဘာမှမသိဘူး” ဖန်လီထန်းက တုံးချင်ယောင်ဆောင်လိုက်သည်။

လုကျိုးက သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး “ ကျင့်မင်တာအိုဂိုဏ်းရဲ့ အကြီးမြတ်ဆုံး ပညာရှင် … ခင်ဗျား ဒီလိုအထိ ဖြစ်သွားတာ ကျုပ် ဝမ်းသာသင့်လား မသိတော့ဘူး ”

…

အခန်း (၂၁၃) ကောင်းကင်အပိုင်းအစများပေါင်းစည်းခြင်း

ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာက ထိတ်လန့်သွားကြသည်။

ထိုညစ်ပတ်နေပြီး စိတ်ဓာတ်ကျနေပုံပေါ်သော သူတောင်းစားအိုကြီးက သူရပ်နေသည့်နေရာတွင်ပင် လှဲနေသည့်သူက ကျင့်မင်တာအိုဂိုဏ်း၏ အတော်ဆုံး လက်ရွေးစင်ပေလော။

ဖန်လီထန်း၏အမူအရာက မပြောင်းမလဲရှိနေသေးကာ သူကပြောလိုက်၏။

“ခင်ဗျားဘာအကြောင်းတွေပြောနေတာလဲဆိုတာ မသိဘူး။ ကျုပ်လိုချင်တာက သေရည်ကောင်းကောင်း သောက်ပြီး အိပ်ဖို့ပဲ”

“မင်း တကယ်ဝန်မခံဘူးလား” လုကျိုး၏ထိုးဖောက်နိုင်သော စူးရှသည့်အကြည့်တို့က ဖန်လီထန်းကို ကျောစိမ့်သွားစေသည်။

အကြည့်ချင်းဆုံသည့်အခါ ဖန်လီထန်းက အနည်းငယ်ကြောင်အသွားသည်။ သူက ဂရုမစိုက်သည့် ပုံပေါ်သော်ငြား စိတ်ထဲတွင်ထိတ်လန့်နေ၏။ အချိန်တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် ခေါင်းခါကာ ပြောလိုက်တော့သည်။

“ကျုပ်က သူတောင်းစားတစ်ယောက်ပဲ။ ခင်ဗျား ဘာပြောနေလဲဆိုတာ ကျုပ်မသိဘူး”

ထိုအရာကို မြင်တွေ့သောအခါ ရှောင်ယွမ်အာက လက်ဝှေ့ပြကာပြောလိုက်တော့သည်။

“ရှစ်စွင်း သူဝန်မခံချင်ရင် တပည့်သူ့ကို ရိုက်ပေးနိုင်တယ်” လုကျိုးက ဖန်လီထန်း ထိုမျှမြန်မြန်ဆန်ဆန် ဝန်ခံမည်ဟု မထင်ထားပေ။ ယင်းကို သူတွေးထင်ပြီးသားဖြစ်၏။ ဆိုရလျှင် ဤနှစ်များအတွင်း ဖန်လီထန်းမည်သည်ကို တွေ့ကြုံခဲ့ရမှန်းမည်သူကသိမည်နည်း။ သူ၏အထောက်အထား အဆင့်အတန်းဖြင့် ဖန်လီထန်းသည် ဤနည်းအတိုင်းနေထိုင်ရန် အလွယ်တကူ ရှောင်ရှားနိုင်၏။ အဝတ်အစားများက သူ့ကိုကာပေးနိုင်ရုံမျှသာရှိပြီး စုတ်ပြတ်နေကာ သူ၏စားစရာကလည်း ဝမ်းဖြည့်ပေးနိုင်ရန်ခက်ခဲလှ၏။ ရုပ်ဖျက်ပြီး မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ခဲ့လျှင် သူ၏ကျင့်ကြံဆင့်ကို မည်သို့ရှင်းပြနိုင်မည်နည်း။ မိစ္ဆာဝေဟင်မျှော်နန်းသို့ ကျင့်ကြံဆင့်မရှိဘဲလျှောက်လာခြင်းက သေမင်းတံခါးဝသို့ လျှောက်လာခြင်းနှင့် တူသည်။

လုကျိုးကပြောလိုက်၏။

“ခင်ဗျား ဝန်ခံ၊ မခံက အရေးမကြီးဘူး။ မင်းကိုအခုပြောနိုင်တာက ကျင့်မင်တာအိုဂိုဏ်းက လက်ရှိမှာ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်နေရတယ်။ ဒီလောကထဲကနေ မကြာခင်မှာ ပျောက်ကွယ်သွားနိုင်တယ်”

သူ၏လေသံသည် စကားပြောသည့်အချိန်၌ တိတ်ဆိတ်ပြီးတည်ငြိမ်နေ၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးမြတ်ဆုံးမိစ္ဆာကြီးနှင့် သင့်တော်သည်။ ကမ္ဘာကြီးဖျက်ဆီးခံရလျှင်တောင် မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဘာမှမသက်ဆိုင်။

ဖန်လီထန်းက မျက်လုံးဖွင့်လိုက်၏။ သူက မျက်မှောင်ကျုံ့လိုက်သည်။ အတော်ကြာပြီးနောက် နောက်ဆုံးတွင်ပြောလိုက်တော့သည်။

“ကျုပ်လိုချင်သမျှက သေရည်တစ်ချို့ပဲ။ ကျင့်မင်တာအိုဂိုဏ်း ကျရှုံးတာ၊ တိုးတက်တာ ကျုပ်နဲ့ဘာမှမဆိုင်ဘူး” သေရည်တစ်ကရားကို ကိုင်လျက် သူ့ပါးစပ်ထဲထည့်လိုက်သည်။ သေရည်ကို ကျယ်လောင်စွာတဂွပ်ဂွပ်သောက်လိုက်၏။ သေရည် အချို့က သူ့ရင်ဘတ်ပေါ်စီးကျလာပုံမှာ သူ့ကို ပိုတောင် ပေရေသွားစေသည်။ “သေရည်ကောင်းပဲ” ဖန်လီထန်းက အရှက်အကြောက်မရှိဘဲ ပျော်ရွှင်စွာသောက်နေလေ၏။ သူက ကျင့်မင်တာအိုဂိုဏ်း ကြောင်း အမှန်တကယ်ဂရုမစိုက်ပုံရသည်။ လုကျိုးက ဆက်ပြောလိုက်၏။

“မော့ချီနဲ့ ယို့ဟုန်ယီ နှစ်ယောက်လုံးဒဏ်ရာပြင်းပြင်းထန်ထန်ရနေတယ်။ ကျင့်မင်တာအိုဂိုဏ်း အခုဖရိုဖရဲ ဖြစ်နေပြီ။ ခင်ဗျားမပူပန်ဘူးလား”

“ဟင့်အင်း” ယခုအခေါက်တွင် ဖန်လီထန်း၏ အဖြေက ခိုင်မြဲသည်။ သူက ထပ်သောက်လိုက်၏။

ဖန်လီထန်းသည် သူ၏ယခင်တစ်ဂိုဏ်းထဲသားများအကြောင်း အဘယ်ကြောင့် ထိုမျှတသီးတသန့် ဖြစ်နေရသနည်း။ ဖန်လီထန်းသည် အိုမင်းလာခြင်းကြောင့်မဟုတ်ပေ။ ဖန်လီထန်းက သူ၏ အထောက်အထား အဖော်ခံရမည်မှန်းသိသော်ငြား မိစ္ဆာဝေဟင်မျှော်နန်းကိုလာသည်က လုကျိုးကို ဇဝေဇဝါဖြစ်စေ၏။ သူမည်သည်ကို ရည်ရွယ်နေသနည်း။ သေရမှာမကြောက်တာ သိသာနေ၏။ သူ့ဖာသာသူပြောနေမိသည်။ လက်ရှိဖန်လီထန်း၏အသက်က တန်ဖိုးမရှိတော့ပေ။

“သူ့ကိုစောင့်ကြည့်ထား” လုကျိုးက အမိန့်ပေးလိုက်သည်။

ဖန်လီထန်းက အစပိုင်း သတိအနေအထားကိုထိန်းထား၏။ သူကပျင်းရိစွာ ပြောလိုက်၏။

“သေရည်အတွက်ကျေးဇူးပါပဲ”

လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းဆီပြန်သွားသည်။ ရှောင်ယွမ်အာက ယင်းကို နားမလည်နိုင်ပေ။ ထို့ကြောင့်သူမ ရှစ်စွင်းနောက်လိုက်သွား၏။

“ရှစ်စွင်း အဲ့ဒီသူတောင်းစားအိုကြီးက တကယ်ဖန်လီထန်းလား” လုကျိုးက ခေါင်းညိတ်ပြီးနောက်ပြောလိုက်သည်။ "သူက မဟုတ်ဘူးပြောရင် မဟုတ်ဘူးပေါ့”

လုကျိုးက လက်နောက်ပစ်ထားလျက်လျှို့ဝှက်ခန်းထဲသို့ ထွက်သွားကာ ဇဝေဇဝါဖြစ်နေသော ရှောင်ယွမ်အာကို နောက်တွင်ထားရစ်ခဲ့သည်။

“အန်း ဒါဆိုသူက ဟုတ်တာလား။ မဟုတ်တာလား” ရှောင်ယွမ်အာက ရှစ်စွင်းထွက်သွားသည်ကိုကြည့်ပြီး သူမခေါင်းကိုကုတ်ကာ ရေရွတ်ပြောလိုက်တော့၏။

"ငါက ရှစ်ရှိုးပြောသလိုတကယ်တုံးအတာလား”

လျှို့ဝှက်အခန်းထဲတွင်ဖြစ်သည်။

လုကျိုးက တင်ပျဉ်ခွေချိတ်ထိုင်နေ၏။ သူက ကောင်းကင်အပိုင်းအစများကို ထုတ်ပြီးသူ့ရှေ့၌ ထား ထားလိုက်သည်။ အတိအကျပြောရလျှင် ကောင်းကင်အပိုင်းအစငါးခုနှင့် ကောင်းကင်လေးဖြစ် သည်။

တာဝန်ပြီးမြောက်ချင်လျှင် သူက ကောင်းကင်လေးကို သန့်စင်ရမှာပဲဖြစ်သည်။ သူ့၌ သန့်စင်ခြင်း အဆောင်နှစ်ခုကျန်ရှိ၏။ လုကျိုးက စနစ်၏ကိရိယာစာရင်းကို ထုတ်ဖော်လိုက်သည်။ သန့်စင်ခြင်း အဆောင်များ၏ လုပ်ဆောင်ပုံကိုလေ့လာလိုက်၏။ သန့်စင်ခြင်းအဆောင်အကြောင်းသူက ယုံကြည်ချက်မရှိပေ။

သန့်စင်ခြင်းအဆောင်များသည် လက်နက်များကို သူတို့လက်ရှိသခင်အားအသိအမှတ်မပြုခင် ပြန် ပြင်နိုင်သည်။ သန့်စင်ခြင်းအဆောင်များက လက်နက်ကိုသန့်စင်ရန်ထူးကဲသောစွမ်းအင်များ လုံလောက်အောင် ထောက်ပံ့ပေးနိုင်ရင်တောင် ကောင်းကင်လေးကိုပြန်ဖျက်ပြီး ကောင်းကင်အပိုင်း အစရအောင် ပြုလုပ်ပေးဖို့က မဖြစ်နိုင်လောက်ပေ။ ဆိုလိုသည်က အပိုင်းအစများထုတ်ယူရန် ခက်ခဲပေလိမ့်မည်။

“တစ်ချက်ကြိုးစားကြည့်တာပေါ့” လုကျိုးက လက်တစ်ဖက်မြှောက်လိုက်သည်။ သန့်စင်ခြင်းအဆောင်က သူ့လက်ထဲ၌ ပေါ်လာ၏။

သူ၏တာအိုပုံသွင်းအဆင့် နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံဆင့်ဖြင့် လက်နက်တစ်ခုကို လေထဲမျောနေအောင်ထိန်းထားဖို့က မခက်ခဲပေ။

ကောင်းကင်လေးက သူ၏ရှေ့တွင် ပျံဝဲနေသည်။ အတွေးတစ်ချက်ဖြင့် သန့်စင်ခြင်းအဆောင်က ကောင်းကင်လေးဆီ မျောလွင့်သွား၏။

ဝှစ်

သန့်စင်ခြင်းအဆောင်က မီးတောက်အဖြစ်ပေါက်ကွဲသွားပြီး ကြက်သွေးရောင်မီးတောက်များက ကောင်းကင်လေးကို လျှင်မြန်စွာလွှမ်းခြုံသွားတော့၏။ ထိုထူးကဲသော မီးတောက်များက ပူလောင်နေသည့် ခြစ်ခြစ်တောက်အပူကို ထွက်ပေါ်စေသည်။

အနားမကပ်နိုင်လောက်အောင် ပူပြင်းကြောင်း လုကျိုးရှာတွေ့လိုက်၏။ သူက အပူဒဏ်ကိုထိန်းထားရန်အတွက် စွမ်းအင်နံရံတစ်ခုဖွဲ့တည်ဖို့ရာ ကနဦးချီအချို့ကို သွင်းလိုက်သည်။ ထိုသို့တိုင် အပူ၏တစ်ဝက်ကိုသာ ပိတ်ဆို့ထားနိုင်သည်။ စွမ်းအင်နံရံကနေ အပူအချို့ကို ခံစားမိသေးဆဲဖြစ်၏။ ဆိုရလျှင် သူက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့မရောက်သေးပေ။ အပူဒဏ်ကနေ သူ့ကိုယ်သူမကာကွယ်ထားနိုင်ချေ။ ရွေးချယ်စရာမရှိဘဲ တင်းခံရမည်။

ဒီအပူဒဏ်က ငါခံနိုင်ရည်ရှိလောက်ပါသေးတယ်။

မီးတောက်များက ကောင်းကင်လေးကို ဆက်လက်လောင်ကျွမ်းစေ၏။ ကြက်သွေးရောင်မီးလျှံများ သည် တဖြည်းဖြည်းချင်းအပြာရောင်အရိပ်များအဖြစ် ပြောင်းလဲလာ၏။ တစီစီလောင်ကျွမ်းနေ သည်။ ဤနည်းဖြင့် ကောင်းကင်လေးက တဖြည်းဖြည်းချင်း အနီရောင်အဖြစ်ပြောင်းလဲသွား တော့သည်။

လုကျိုးက ကောင်းကင်လေးကို စွမ်းအင်ဖြင့်ရစ်ပတ်လိုက်၏။ အပိုင်းအစများ ထုတ်ယူခြင်းက သူမှန်းဆသကဲ့သို့ မရိုးရှင်းပေ။ သန့်စင်ခြင်းဖြစ်စဉ်အစကနေ သူသည် ကောင်းကင်အပိုင်း အစ များနှင့်ဆင်တူသည့် ကုန်ကြမ်းများကိုမတွေ့သေးပေ။ အလျင်လိုနေ၍ အကျိုးမထူးချေ။ သူက ရွေးချယ်စရာမရှိဘဲစောင့်ဆိုင်းရမှာပဲဖြစ်သည်။

သန့်စင်ခြင်းအဆောင်၏ ထူးကဲစွမ်းအင်က အလွန်ထူးခြားသည်။ ယင်းက လုကျိုးမခေါ်လျှင်တောင် ဆက်လက်တည်ရှိနေသည့်ပမာ မကုန်မခမ်းနိုင်ပုံရသည်။ ဖြစ်စဉ်က တနာရီကြာသွား၏။ ကောင်းကင်လေးက ပိုတောင်နီရဲလာသည်။

“ဟမ်” လုကျိုးက ကောင်းကင်လေး၏ ကုန်ကြမ်းများသည် ထူးကဲမီးတောက်စွမ်းအင်ကြောင့် အရည်ပျော်သွားတာကို မြင်လိုက်ရသည်။ ယင်းကို မြင်သောအခါ စွမ်းအင်များကို အမြန်ရုတ်သိမ်းလိုက်၏။

ဖုတ်

ရေပမာစီးကျလာသည့် အရည်ပျော်နေသောသတ္တုက ကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး လျှင်မြန်စွာ သိပ်သည်းသွားတော့၏။ အနက်ရောင်မီးခိုးတစ်စထုတ်လွှင့်ပြီး တူးခြစ်သည့်အနံ့ရလာသည်။

“ဒီကောင်းကင်အပိုင်းအစသုံးခုက ကောင်းကင်အဆင့်လက်နက်မထုတ်ဖော်နိုင်တာ အံ့ဩစရာ မရှိဘူးပဲ”

ဒီလိုအကြမ်းထည် သွန်းလုပ်တဲ့နည်းစနစ်နဲ့ အဆင့်နိမ့်အကူကုန်ကြမ်းများသည် လက်နက်ကောင်း တစ်ခုထုတ်လုပ်နိုင်စရာအကြောင်းမရှိပေ။ မည်သည့်နည်းနှင့်မဆို ယင်းက သူ့အတွက် ကောင်းကင် အပိုင်းအစများကို ထုတ်ယူရာ၌ပိုလွယ်ကူသွားစေ၏။ အဆင့်နိမ့်ကုန်ကြမ်းများက မြင့်မားသည့် အပူဒဏ်ကိုခံနိုင်ရည်မရှိချေ။ သူတို့က မီးတောက်စွမ်းအင်ကြောင့် အရည်ပျော်သွားပေမည်။ ပျော်ရည်များက ဆက်လက်ကျဆင်းနေသည်။ မျက်တောင်တစ်ခတ်အတွင်း နှစ်နာရီခန့်ကြာသွား၏။

ကံကောင်းသည်မှာ လုကျိုးက ကောင်းကင်ကျမ်းစာကို နားလည်သဘောပေါက်ထားလေရာ သူ၏ စိတ်စွမ်းအားက ကောင်းနေသည်။ အချိန်ကြာမြင့်စွာထိန်းထားပြီးနောက် သူက စွမ်းအင်ပြည့်နေသေးသည်။

ဖုတ်

နောက်ဆုံးအစက်ကပြုတ်ကျလာသည်။ လုကျိုးက လက်ကိုဝှေ့ယမ်းလိုက်၏။ စွမ်းအင်ထည့်လိုက် ပြီး သန့်စင်ခြင်းအဆောင်၏စွမ်းအင်က ချက်ချင်းကွယ်ပျောက်သွား၏။ ပိန်လိန်နေသော ကောင်းကင်အပိုင်းအစသုံးခုက သူ့ရှေ့တွင်ပေါ်လာ၏။

“တင်း ကောင်းကင်အပိုင်းအစသုံးခုပြန်ရပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်သုံးရာ”

“တင်း ကောင်းကင်အပိုင်းအစပြန်ယူတဲ့တာဝန်ပြီးမြောက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်တစ်ထောင်”

“ကောင်းကင်အပိုင်းအစတွေကို ပေါင်းစည်းရမှာလား” သူသည် စနစ်မျက်နှာပြင်ပေါ်၌ တာဝန်ကိုမြင်သောအခါ လုကျိုးက ခေါင်းညိတ်လိုက်၏။

ထိုကောင်းကင်အပိုင်းအစရှစ်ခုသည် အစတည်းက အရာဝတ္ထုတစ်ခုဖြစ်သည်။ ကျိထျန်းတောက်က ကောင်းကင်အပိုင်းအစကို ရချိန်၌ သူတို့၏အဆင့်နိမ့်မှုကြောင့် များများစားစားမတွေးခဲ့ပေ။ သို့သော် ကျိထျန်းတောက်က ထူးကဲမှုအချို့ကို လွဲချော်ခဲ့ပုံပေါ်သည်။

“ပေါင်းစပ်မယ်”

ကောင်းကင်အပိုင်းအစများက တောက်ပလာပြီးနောက် ဖြည်းဖြည်းချင်း တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။

လုကျိုးက မျှော်လင့်စောင့်စားလျက်ကြည့်နေတော့သည်။

ဘာပုံလေးများပြောင်းသွားမလဲ။

…

All Chapters