အခန်း (၂၁၄-၂၁၆)
Vol. 15 Ch. 214-216
အခန်း (၂၁၄) ကောင်းကင်ကျမ်းအဖွင့်
အလင်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ “ တင်း … ကောင်းကင်ဓားမြှောင် လက်နက်ကို ရရှိပါတယ်”
“တင်း … ကောင်းကင်ကျမ်းအဖွင့်ကို ရရှိပါတယ် ”
လုကျိုးက ကြမ်းပြင်ကို ကြည့်လိုက်သည်။
သူက ကျောက်စိမ်းရောင် ဓားမြှောင်တစ်ချောင်းကို တွေ့လိုက်ရသည်။ ထိုဓားမြှောင်က ကောင်းကင်အပိုင်းအစထက် အနည်းငယ်သာ ကြီးမား၏။ သာမန်ဓားမြှောင်များထက် ပိုကြီးလေသည်။ ကြည့်ရသည်မှာ သပ်သပ်ရပ်ရပ်နှင့် လက်ရာမြောက်လှသည်။ ဓားမြှောင်အတွက် ပိုင်ရှင် အကြံပြုထားသူ မပါသည်မှာ နှမြောစရာကောင်းလှ၏။
လုကျိုးက စနစ်ကို တစ်ခေါက် ပြန်ကြည့်လိုက်သည်။ သူ့တွင် လက်ရှိရှိထားသော လက်နက်များမှာ အမည်မဲ့၊ အသက်ဓားသွားနှင့် မျက်ရည်စွန်း သေတ္တာတို့ ဖြစ်ကြသည်။
လုကျိုးက အမည်မဲ့ကို အကြိုက်ဆုံး ဖြစ်၏။ မြောက်မြားစွာသော စမ်းသပ်မှုများအပြီးတွင် အမည်မဲ့က ကောင်းကင်အဆင့် ဖြစ်ရမည်ဟု အခိုင်အမာ ယုံကြည်ထားသည်။
သူက သမာသမတ်ဂိုဏ်း၏ အကြီးအကဲ ကျန့်ချိုးချီဆီမှ အသက်ဓားသွား ရလာခြင်း ဖြစ်ပြီး ပြန်လည်သန့်စင်ရဦးမည် ဖြစ်၏။ ဤသည်မှာလည်း ကောင်းကင်အဆင့် လက်နက် ဖြစ်ပေသည်။
သူ့တပည့်များ၏ တိုက်ခိုက်မှုကို ခံနိုင်သည့် မျက်ရည်စွန်း သေတ္တာလည်း ရှိသေး၏။ ဤသည်လည်း ကောင်းကင်အဆင့်မှန်း သိသာလှသည်။
အမည်မဲ့ကလွဲပြီးတော့ တပည့်တွေကို ကျန်လက်နက်တွေ ပေးပစ်လို့ ရတယ် … သူတို့အားကောင်းလာရင် သူတို့ဆရာ ငါလည်း အားကောင်းလာမှာပဲ …
လက်ရှိ သူ့ငါးယောက်မြောက် တပည့် ကျောင်းယွဲ့နှင့် ရှစ်ယောက်မြောက် တပည့် ကျူးဟုန်ကုန်းသာ လက်နက်မဲ့ ဖြစ်နေလေသည်။
သူတို့ကို ဘယ်လိုခွဲပေးရမလဲ …
ကျောင်းယွဲ့က မိန်းကလေး ဖြစ်ပြီး အသက်ဓားသွားက ကြီးလွန်းနေပြီး သူမနှင့် မလိုက်မဖက် ဖြစ်နေဟန်ပေါ်သည်။ မျက်ရည်စွန်း သေတ္တာက မြောင်းရာပါသည့် သေတ္တာမျှသာ ဖြစ်နေသည်။ ကြည့်ရသည်မှာ ကျူးဟုန်ကုန်းနှင့် ပိုသင့်တော်၏။ သို့သော်လည်း ကျူးဟုန်ကုန်းက မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်လာခါစ ဖြစ်ပြီး သူ့စိတ်နေစိတ်ထားတို့က လိုအပ်နေသေးသည်။ သူ ကျူးဟုန်ကုန်း၏ သစ္စာရှိမှုကို မသေချာခင်အထိ လက်နက် ထုတ်ပေးဖို့ စိတ်ကူးမရှိချေ။
ကောင်းကင်ဓားမြှောင်က ကျောင်းယွဲ့နှင့် ပိုသင့်တော်ဟန်ပေါ်သည်။ သို့သော်လည်း သူမ ကျင့်ကြံဆင့်က နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် မရောက်သေးသည့်အတွက် ကောင်းကင်အဆင့် လက်နက်ကို ကျွမ်းကျင်နိုင်မည် မဟုတ်ပေ။
လုကျိုးက ကောင်းကင်ဓားမြှောင်ကို ကောက်ယူလိုက်သည်။ ဓားမြှောင်မှတဆင့် သူ့လက်ထဲ အေးစက်စက် ခံစားမှုက ပျံ့နှံ့လာသည်။
“ကောင်းတယ်” လုကျိုးက မနေနိုင်ဘဲ ချီးကျူးလိုက်သည်။
“ဒါပေမဲ့ အမည်မဲ့က ပိုကောင်းတုန်းပဲ ”
သူက ကောင်းကင်ဓားမြှောင်အား အမည်မဲ့နှင့် စမ်းသပ်ကြည့်ချင်လာသည်။ သို့သော်လည်း အမည်မဲ့က မည်မျှကြောက်ဖို့ကောင်းကြောင်း စဉ်းစားမိသည့်အခါ ထိုအတွေးကို ပယ်ချလိုက်သည်။
ကောင်းကင်ဓားမြှောင်က ကောင်းကင်အဆင့် လက်နက်တစ်ခုဖြစ်ပြီး ပျက်စီးသွားခဲ့လျှင် နှမြောစရာ ဖြစ်ပေမည်။
သူက ဓားမြှောင်ကို သိမ်းကာ ကောင်းကင်ကျမ်းအဖွင့်ကို ကြည့်လိုက်သည်။
“ ဒါက ကောင်းကင်ကျမ်းရဲ့ ပေလွှာသုံးမျိုးနဲ့ ဆိုင်လား” လုကျိုးက စဉ်းစားလိုက်၏။ သူက ပေလွှာကို ထိလိုက်သည့်အခါ ပရပိုက်လိုမျိုး ပစ္စည်းက ကြေမွသွားလေသည်။ ထိုအပိုင်းအစလေးများက သူ့ခန္ဓာထဲ စီးဝင်သွားသည့် ကြယ်ရောင်အစက်အပြောက်လေးများအဖြစ် ပြိုကွဲသွားသည်။ လုကျိုးက ကောင်းကင်ကျမ်းကို ဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။
လူသားပေလွှာက လင်းလက်လာသော်လည်း မြေကမ္ဘာနှင့် ကောင်းကင်စာလိပ်တို့က မှေးမှိန်နေသေး၏။
“ မဟုတ်ဘူးလား ”
သူက လူသားပေလွှာကို ဖွင့်ကြည့်လိုက်သည့်အခါ သူ့မျက်လုံးရှေ့ ပထမဆုံး ရွှေရောင် သင်္ကေတများဖြင့် ပေါ်လာသည်က အပြောစွမ်းအား ဖြစ်၏။
အန်းယန်းမြို့ အရှုပ်အထွေးများကြား သူ့စိတ်ထဲပေါ်လာသည့် စကားလုံးများနှင့် ကွက်တိ ဖြစ်ပေသည်။
ဒီလိုဆိုရင် ကောင်းကင်ကျမ်းအဖွင့်က ဘာထူးတာလဲ …
လုကျိုးက နားမလည်နိုင် ဖြစ်လာသော်လည်း စိတ်ထဲ အရမ်းမထားပေ။
သူက ကောင်းကင်ကျမ်းကို နားလည်အောင် လုပ်စဉ်ကတည်းက တစ်ခါမှ နားမလည်ဖူးခဲ့ပေ။
လုကျိုးက တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်ကျမ်းကို ထပ်မံ နားလည်အောင် လုပ်ဖို့ ရည်ရွယ်လိုက်သည်။
ကောင်းကင်ကျမ်းကို ဖွင့်လိုက်သည်နှင့် လုကျိုးက ဆင်ခြင်ခြင်း အခြေအနေထဲ ဝင်ရောက်သွားသည်။
တစ်ချိန်တည်းတွင် ကောင်းကင်ကျမ်း စာလုံးသင်္ကေတများက သူ့စိတ်ထဲ ပေါ်လာသည်။
“ ခန္ဓာကိုယ်ကို ပိုအားကောင်းလာစေပြီး တိုင်းတာမရတဲ့ စွမ်းအားတွေ ရရှိဖို့ ဘေးနားက လူတွေကို ဉာဏ်ပညာ သယ်ဆောင်လာပြီးသူတို့ကို အသိဉာဏ်ပွင့်သွားစေဖို့ ဦးဆောင်ပေးရမယ်”
“ ဆိတ်ငြိမ်မှု စွမ်းအားရရှိလာဖို့ သမာဓိကို အားကောင်းအောင် လုပ်ပြီး ဘေးပတ်ဝန်းကျင်ကို အလင်းသဖွယ် ဖြန့်ကျက်ပေးရမယ်။ ပြီးတော့ သမာဓိဖြင့် မတုန်မလှုပ် ဖြစ်ရမယ် ”
ကောင်းကင်ကျမ်း ပေါ်လာသည့်အခိုက်အတန့် လုကျိုး၏ အစပိုင်း တက်ကြွနေသော စိတ်အခြေအနေသည် အနည်းငယ် လျော့ပါးသွားပုံပေါ်၏။
သိပ်မကြာခင် သူက ကောင်းကင်ကျမ်းကို ဆင်ခြင်ရာ၌ စိတ်နှစ်မြှပ်သွားပြီး အချိန်ပင် သတိမထားမိတော့ပေ။
မျက်စိတစ်မှိတ်အတွင်း ခုနှစ်ရက် ကုန်ဆုံးသွားလေ၏။
ထိုနေ့ရက်များ၌ ရှောင်ယွမ်အာက သူတောင်းစားအိုကြီး ဖန်လီထန်းကို စောင့်ကြည့်လိုက် ကျင့်ကြံရေးလုပ်လိုက်ဖြင့် အချိန်ကုန်ဆုံးလေသည်။
ဖန်လီထန်းက အိပ်ဖို့နှင့် သောက်ရုံမှအပ ကျန်တာ မလုပ်ပေ။ သူက သူမ မြင်ဖူးသည့် လမ်းမပေါ် မြင်တွေ့နေကျ သူတောင်းစားများနှင့် ဘာမှမကွာပေ။
ဖန်လီထန်းက မကူကယ်နိုင်လောက်အောင် ဖြစ်နေလေပြီ။ သို့သော်လည်း သူက သူ့အခြေအနေကို ရောင့်ရဲနေပုံပေါ်သည်။ သူက အိပ်ချင်သည့် နေရာ အိပ်သလို နေပူဆာလှုံရင်း အရည်ပြားပေါ်မှ အညစ်အကြေးများအား ကုတ်ချတတ်သည်။
“ကောင်မလေး ငါ့ကို နေ့တိုင်းစောင့်ကြည့်နေတာ မငြီးငွေ့ဘူးလား ”ဖန်လီထန်းက သေရည်သောက်ရင်း ပြောလိုက်သည်။
“ရှစ်စွင်းက ရှင့်ကို စောင့်ကြည့်ဖို့ ပြောထားတယ် … ဒါနဲ့ အကာအရံကို ဘယ်လိုဖြတ်ဝင်လာတာလဲ ” ရှောင်ယွမ်အာက သိချင်စွာ မေးလိုက်သည်။
“ မင်း သိချင်တာလား” ဖန်လီထန်းက ဘေးပတ်လည်ကို ကြည့်လိုက်သည့်အခါ လရောင်ဆွတ်နန်းဆောင်မှ အမျိုးသမီး ကျင့်ကြံသူနှစ်ယောက်သာ ရှိလေသည်။
ရှောင်ယွမ်အာက ခေါင်းညိတ်ပြလိုက်သည်.
ဖန်လီထန်းက ရယ်မောကာ “ မင်းကို ဘယ်ဟာ သဘောကျလဲ သိလား”
“ဘာကိုလဲ ”
“ မင်းက ရိုးသားတယ်။ လေးနက်တယ်။ ဟန်မဆောင်တတ်ဘူး”
ရှောင်ယွမ်အာက ကိုယ်ရည်သွေးကာ ရယ်မောရင်း “ အဲဒါတော့ ရှစ်ရှိုးတွေကလည်း အဲလိုပြောကြတာပဲ ”
“ဒီရွှေနန်းဥယျာဉ်တောင်မှာ ဖန်မျိုးရိုးနဲ့ လူတစ်ယောက်ယောက် ရှိလားဆိုတာ ပြောပြနိုင်မလား”
ဖန်လီထန်းက မေးလိုက်သည်။
“ ရှိတာပေါ့ ”
“သူ ဘယ်မှာလဲ ”
“ ဒီမှာလေ … ရှင့်မျိုးရိုးက ဖန် မဟုတ်ဘူးလား ”
“ …” ဖန်လီထန်းက ဆက်မပြောခင် ချောင်းဟန့်လိုက်ပြီး “ ငါကလွဲလို့ တခြားတစ်ယောက်ကို ပြောတာ ”
ရှောင်ယွမ်အာက ဆံပင်လေးကို လိမ်ကာ ကစားလိုက်သည်။ ထို့နောက် သူမက သစ်ကိုင်းပေါ်မှ ခုန်ဆင်းကာ “ ဖန်ကျုံးကို ပြောတာလား။ အခု ပြောမှပဲ … နှစ်ယောက်လုံးက မျိုးရိုးတူတာပဲ။ ရှင်က သူ့အဖေလား ”
ဖန်လီထန်း၏ မျက်နှာက ရှုံ့တွသွားကာ “ ငါ … အဲဒါက ငါ့မျိုးရိုးနာမည် မဟုတ်ဘူး။ ငါ မေးကြည့်ရုံပဲ ”
“ ထူးဆန်းလိုက်တာ … အဘိုးကြီးဖန်က သာမန် သူတောင်းစားအိုကြီး တစ်ယောက်ပဲကို။ ရှစ်စွင်း သတ်လိုက်မှာကို ဘာလို့ မကြောက်တာလဲ” ရှောင်ယွမ်အာက မေးလိုက်သည်။
ဖန်လီထန်းက ချောင်းဟန့်ကာ “ငါ့မျိုးရိုးနာမည်က ဖန် မဟုတ်ပါဘူးဆိုနေ ”
“ကောင်းပြီလေ .. အဲဆို အကာအရံကို ဘယ်လိုဖြတ်ဝင်လာတာလဲဆိုတာပဲ ပြောပြတော့ ”
ဖန်လီထန်းက ပြုံးလိုက်ပြီး “ အကောင်းဆုံး ပိုက်ကွန်မှာတောင် ဟာကွက်ဆိုတာ ရှိတာပဲ ”
ရှောင်ယွမ်အာက နားရှုပ်သွားလေသည်။
ဖန်လီထန်းက နေ အနေအထား ပြောင်းလဲသွားသည်ကို မြင်သည့်အခါ နောက်တစ်နေရာပြောင်းပြီး အိပ်လိုက်သည်။ သူက လက်မောင်းဖြင့် ခေါင်းအုံးထားရင်း “ ကောင်မလေး … ဖန်ကျုံးက သေသွားပြီမလား ”
“ သူ ကံကောင်းလို့ ရှစ်စွင်းနဲ့ တွေ့သွားတာလေ။ ရှစ်စွင်းကသာ သူ့ကို ယန်ခြောက်ပါး ကျင့်စဉ်ကို မသင်ပေးခဲ့ရင် သေနေတာ ကြာလောက်ပြီ” ရှောင်ယွမ်အာက ဂုဏ်ယူစွာ ပြောလိုက်သည်။
“ ကြားရတာ ကောင်းတယ်။ သူက တောင်ပေါ်မှာ ဘယ်လိုနေလဲ ”
“ စိတ်မပူပါနဲ့။ ရှင့်သားက ကောင်းပါတယ်” ရှောင်ယွမ်အာက မြေပေါ် ကန်ကာ သစ်ကိုင်းပေါ် ခုန်တက်လိုက်သည်။
ဖန်လီထန်းက သောက်လက်စ သေရည်ပင် ပြန်ပန်းထွက်မိသွားသည်။
“ငါ့မျိုးရိုးနာမည်က ဖန် မဟုတ်ပါဘူးဆိုနေ သူက ငါ့သား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ရှောင်ယွမ်အာက ခေါင်းညိတ်ကာ “ ဟုတ်သား … ရှင် ပြောတာ မှန်တယ်”
ဖန်လီထန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ထပ်ပြောလိုက်သည်။
“ ကောင်မလေး … နောက်ထပ် သေရည်ယူလာခဲ့ပါဦး။ ရာစုနှစ် ကြာနေတဲ့ သေရည်လေး ယူလာခဲ့နော်”
“ ကောင်းပြီလေ … အဘိုးမြေး မျက်နှာထောက်ပြီး ယူလာခဲ့မယ်” ရှောင်ယွမ်အာက ခပ်တည်တည် ပြောလိုက်သည်။
ဖန်လီထန်းက အံ့အားသင့်သွားလေသည်။ သူ့ရင်ဘတ်ထဲမှ နှောင်ကြိုးက သူ့အား စကားပြောရည် ပျောက်ဆုံးအောင် လုပ်နေသည်။ သူက မည်သို့ရှင်းပြရမှန်း စဉ်းစားနေစဉ် မိစ္ဆာဝေဟင်မျှော်နန်းမှ အသံကျယ်ကြီး ထွက်လာသည်။
ကျစ် ကျစ် ကျစ် …
ခဏအကြာတွင် မိစ္ဆာဝေဟင်မျှော်နန်းအထက် ဧရာမ ဝဲကယက်ကြီး ပေါ်လာသည်။ ထိုဝဲကယက်အလယ်တွင် ကြယ်တာရာ အလင်းရောင်များပါ မြင်နေရ၏။
ရွှေနန်းဥယျာဉ်တောင်ရှိ လူအားလုံးက လုပ်လက်စကို ရပ်ထားလိုက်ကြသည်။
တစ်ချိန်တည်းဆိုသလို ရွှေနန်းဥယျာဉ်တောင်ရှိ အကာအရံကို ထိုဝဲဂယက်ကြီးက စုပ်ယူသွားသည်။ ကြည့်ရသည်မှာ ပင်လယ်အလယ်က ရေဝဲဂယက်ကြီးလို ဖြစ်၏။
လရောင်ဆွတ် နန်းဆောင်မှ ကျင့်ကြံသူများက ရွှေနန်းဥယျာဉ်တောင် ဂိုဏ်းသားလိုမျိုး ပြုမူနေသည်မှာ ကြာမြင့်လှလေပြီ။ သူတို့က ထိုအရာကို မြင်သည့်အခါ အလျင်စလို ပြောလိုက်ကြ၏။
“အကြီးအကဲဟွား၊ တတိယသခင်လေး၊ ပဥ္စမသခင်မလေးနဲ့ နဝမသခင်မလေးတို့ အကြောင်းသွားကြားကြ … ”
…
မိစ္ဆာဝေဟင်မျှော်နန်းရှိ ထိုထူးကဲသောဖြစ်စဉ်က လူတိုင်း၏အာရုံစိုက်မှုကိုဖမ်းစားသွားသည်။
ဟွားဝူတောက်၊ တွမ့်မူရှန်း၊ ကျိုးကျစ်ဖုန်း၊ ကျောင်းယွဲ့၊ ရှောင်ယွမ်အာနှင့် လရောင်ဆွတ်မျှော်နန်း၏ အမျိုးသမီးကျင့်ကြံသူများကလည်း မျှော်နန်းရှေ့သို့ထွက်လာကြသည်။
ပြန်လည်ကုစားနေသော ဖန်းရှုဝမ်ကတောင် ခဲရာခဲဆစ်ဖြင့် အခန်းထဲကထွက်လာပြီး မိစ္ဆာဝေဟင် မျှော်နန်းကိုကြည့်လိုက်သည်။ သူက အတွေ့အကြုံများပြီး ဗဟုသုတကြွယ်သော်ငြား မိစ္ဆာဝေဟင် မျှော်နန်းအထက် လေပွေကြီးကို မြင်တွေ့သည့်အချိန်၌ ထိတ်လန့်ပြီး ဇဝေဇဝါဖြစ်နေသေးဆဲ ဖြစ်သည်။ မျက်မှောင်ကျုံ့လျက်ရေရွတ်ပြောလိုက်၏။ "မိစ္ဆာကြီးက အရံအတားရဲ့စွမ်းအားတွေကို စုပ်ယူပြီး သူ့ရဲ့ကျင့်ကြံဆင့်ကို ထိန်းဖို့ ရည်ရွယ်နေတာများလား” သူ၏ အမြင်အရ ရွှေနန်းဥယျာဉ် တောင်၏အရံအတားမှ ကနဦးချီများသည် မိစ္ဆာဝေဟင်မျှော်နန်းအထက် ဝေ့တက်လာတာကို မြင်ရသည်။
“အစီအရင်မျက်လုံးလား” ဖန်းရှုဝမ်သည် နောက်ဆုံး၌ ရွှေနန်းဥယျာဉ်တောင်အရံအတား၏ အစီအရင် အထက်လေပွေကို မှတ်မိသွားဟန်တူသည်။
အစီအရင်မျက်လုံးသည် အရံအတားတစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်းရှိပေ၏။ အချို့သောကျင့်ကြံသူ များက လျှို့ဝှက်နေရာအတွင်း အစီအရင်မျက်လုံးကို ဝှက်ထား၏။ သို့မှသာ ရန်သူများက ၎င်းကို ရှာမတွေ့မှာဖြစ်သည်။ ထို့အရာအပြင် အစီအရင်မျက်လုံးက စွမ်းအင်များကို အစီအရင်ပြုပြင်မှု ဆီသို့ ကူးပြောင်းပေးတာလဲဖြစ်သည်။
ရွှေနန်းဥယျာဉ်တောင်၌ ခုခံကာကွယ်ရန်အတွက် အံ့ဩဖွယ်ကောင်းသည့် မြေမျက်နှာသွင်ပြင် ရှိသည်။ ထိုကဲ့သို့ ကြီးမားပြီး အစွမ်းထက်သည့်အရံအတားသည် ဖြောင့်မတ်ခြင်းလမ်းစဉ်၏ ဂိုဏ်းကြီးဆယ်ဂိုဏ်းကိုထိန်းထားနိုင်စွမ်းရှိ၏။ ဖန်းရှုဝမ်က အစီအရင်၏ မျက်လုံးသည် မိစ္ဆာဝေဟင် မျှော်နန်းအထက်ရှိနေလိမ့်မည်ဟု မထင်ထားပေ။ သို့သော် ယခုအချိန်တွင် အဘယ်ကြောင့် အရံအတား၏စွမ်းအင်များစုပ်ယူခံရသနည်း။ မည်သည်တို့ဖြစ်ပျက်နေသနည်း။
ခဏကြာပြီးနောက် ဖန်းရှုဝမ်၏စိတ်ထဲ၌ အတွေးတစ်ချက်ပေါ်လာသည်။
တစ်ယောက်ယောက်က ရွှေနန်းဥယျာဉ်တောင်ရဲ့အရံအတားကို ဖျက်ဆီးလိုက်ပြီး ခုခံမှုကို အားနည်းစေတာပဲ။
အစီအရင်များသည် ကျင့်ကြံခြင်းမြေပြင်အတွက် အထူးသဖြင့်အရေးပါသည်။ ဥပမာအနေဖြင့် သမာသမတ်ဂိုဏ်းက အင်မတန်အားနည်းနေ၏။ ထိုသို့တိုင် ယခုနှစ်များအတွင်း ရှင်သန်နေနိုင်ခြင်းမှာ ကျောက်စိမ်းယဇ်ပလ္လင်၏ တည်ရှိမှုကြောင့်ဖြစ်သည်။
ယွင်ဂိုဏ်း၏ ယဇ်ပလ္လင်ရှစ်ခုကလည်း သူတို့၏ကျင့်ကြံခြင်းဗဟိုကို ကာကွယ်ပေးနိုင်သော ခုခံခြင်း အစီအရင်များလည်းရှိ၏။
ဖန်းရှုဝမ်က သူမြင်နေရတာကို နားမလည်နိုင်ပေ။
မိစ္ဆာဝေဟင်မျှော်နန်းက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။
ဤအတိုင်းဆက်ဖြစ်နေလျှင် အရံအတားပျောက်ကွယ်သွားပါက မိစ္ဆာဝေဟင်မျှော်နန်းသည် ဖြောင့်မတ်ခြင်းလမ်းစဉ်မှ အင်အားစုများပူးပေါင်းတိုက်ခိုက်လာမည့်ကျင့်ကြံသူများကို တားနိုင်မည် လော။
ဘီး
လေပွေထဲရှိတုန်နှုန်းက မိနစ်နှင့်အမျှပိုမိုပြင်းထန်လာလေ၏။
ဖန်းရှုဝမ်က လှည့်ကြည့်ရန်ဆုံးဖြတ်ပြီး တစ်ချက်ကြည့်လိုက်၏။ လက်ရှိတွင် မိစ္ဆာဝေဟင်မျှော်နန်း က သူ၏ တစ်ခုတည်းသော ခိုနားဖြစ်သည်။ တစ်စုံတစ်ခုဖြစ်သွားခဲ့လျှင် သူသွားစရာမြေမရှိတော့ ပေ။ သူ၏ဒဏ်ရာမှ နာကျင်မှုကို တင်းခံလျက် မိစ္ဆာဝေဟင်မျှော်နန်းဆီသို့သွားရန် ရုန်းကန်လိုက် သည်။
ခဏကြာပြီးနောက် ဖန်းရှုဝမ်သည် နောက်ဆုံးတော့မိစ္ဆာဝေဟင်မျှော်နန်းနား ရောက်သွားပြီ ဖြစ်သည်။ ဟမ် ဒီမှာ သူတောင်းစားအိုကြီးက ဘာလုပ်နေတာလဲ။
သူက လူတစ်မျိုးဖြစ်ရာ ဖန်းရှုဝမ်သည် ထိုသူတောင်းစားအိုကြီးကို မြင်တွေ့သည့်အချိန်၌ ခဏတာလေ့လာပြီးနောက်မေးလိုက်၏။
“မင်းက ဘယ်သူလဲ”
သူတောင်းစားအိုကြီးက မြေကြီးပေါ်တွင်လှဲနေလျက် မိစ္ဆာဝေဟင်မျှော်နန်းကို ကျောပေးထားပြီး ဖန်းရှုဝမ်ကိုကျောပေးထား၏။ ဖန်းရှုဝမ်၏အသံကိုကြားသောအခါ ပျင်းတိပျင်းရွဲအမူအရာဖြင့် လှည့်ကြည့်ပြီး ဖန်းရှုဝမ်ကို တစ်ချက်ကြည့်လိုက်သည်။
ဖန်လီထန်းက ဖန်းရှုဝမ်၏သွင်ပြင်ကို မြင်တွေ့သည့်အချိန်၌ ထိတ်လန့်သွား၏။ ဖန်းရှုဝမ်၏ မျက်နှာကပုံပျက်နေ၏။ မျက်နှာဖုံးမရှိဘဲ သွင်ပြင်က အနည်းငယ်ကြောက်စရာကောင်းနေသည်။
နောက်ဆုံးတွင် ဖန်လီထန်းက သူ၏သေရည်ကရားကိုမြှောက်လျက်ပြောလိုက်တော့သည်။
“ကျုပ်က ဒီမှာ သေရည်ကောင်းတစ်ချို့အတွက် ရောက်လာတာလေ။ သေရည်ကောင်း တစ်ငုံလောက်လိုချင်လား” သူက မိစ္ဆာဝေဟင်မျှော်နန်းဆီသွားမည့်ရည်ရွယ်ချက်ရှိပုံမရပေ။
ဖန်လီထန်းကို ကြည့်နေသော ဖန်းရှုဝမ်က လေးနက်သည့်အသံဖြင့်ပြောလိုက်သည်။ “ခင်ဗျား ကျုပ်မေးခွန်းကို မဖြေသေးဘူး”
သူက ရှောင်ယွမ်အာကဲ့သို့ လိမ်ရလွယ်သူမဟုတ်ပေ။ ဤနေရာရှိလူတိုင်းက သာမန်လူမဖြစ်နိုင်ပေ။
ဖန်လီထန်းက ရယ်မောပြီးပြောလိုက်၏။ “ငါ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ ကြည့်ရတာ မင်းက ဒဏ်ရာတွေကြောင့် ဝေဒနာခံစားနေရတဲ့ပုံပဲ”
“ဒါက ခင်ဗျားကိစ္စမဟုတ်ဘူး”
“ငါက တောင်အရပ်ကနေ မြောက်အရပ်ကို ခရီးနှင်တယ်။ လူမျိုးစုံကို တွေ့ခဲ့ဖူးတယ်။ လူငယ်လေး မင်းနဲနဲလောက် ရန်စောင်တာလေး လျှော့လိုက်ရင်ပိုကောင်းသွားမယ်” သူတောင်းစားအိုကြီးက လူကြီးတစ်ယောက်သွင်ပြင်ဖြင့်ပြောလိုက်သည်။
ဖန်းရှုဝမ်က မျက်မှောင်ကျုံ့လျက်လေးနက်သည့်အသံဖြင့်ပြောလိုက်တော့သည်။
“ခင်ဗျားက ကျုပ်ကို အငယ်တစ်ယောက်လို့ သတ်မှတ်နေတာလား”
“ဟမ်” ဖန်လီထန်းက ဖန်းရှုဝမ်ကိုကြည့်လိုက်၏။
ဖန်းရှုဝမ်က ရယ်မောပြီးနောက် ပြောလိုက်တော့သည်။ “အငယ်တွေက မသိတတ်ဘူးပဲ။ မင်းကို တေးမထားတော့ဘူး”
“ကျုပ်လည်း မမှတ်ထားဘူး”
နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ခဏတစ်ဖြုတ်ကြည့်လိုက်သည်။ သူတို့က တစ်ယောက်ကိစ္စတစ်ယောက် ဝင်မစွက်ဖက်ရန်ဆုံးဖြတ်ပြီးနောက် အဆုံးတွင်မူ မိစ္ဆာဝေဟင်မျှော်နန်းကို မော့ကြည့်လိုက်၏။
အချိန်နှင့် ဒီရေကလူကို မစောင့်ပေ။ သူတို့၏သွင်ပြင်များ ပြောင်းလဲသွားပြီး မည်သူကမှ တစ်ယောက်ကို တစ်ယောက် မမှတ်မိနိုင်ကြပေ။ သူတောင်းစားအိုကြီးသည် သာမန်ဖြစ်နေပြီး အသုံးမဝင်သော်ငြား ဖန်းရှုဝမ်က သူ့ကို လျှော့မတွက်ခဲ့ပေ။
လေပွေက မိစ္ဆာဝေဟင်မျှော်နန်းအထက်မှ စွမ်းအင်ကို စုပ်ယူနေသေးဆဲဖြစ်သည်။ တပည့်များက ဝေခွဲမရဖြစ်နေလေ၏။
“အကြီးအကဲဟွား ခင်ဗျားက ဗဟုသုတရှိတယ်။ ဘာများဖြစ်နေတာလဲ” တွမ့်မူရှန်းက လေပွေကို လက်ညှိုးထိုးပြလိုက်၏။
ဟွားဝူတောက်က မျက်မှောင်ကျုံ့လျက်ပြောလိုက်တော့သည်။ “အစီအရင်မျက်လုံးက တစ်ခုခုဖြစ်နေတာ”
“သမာသမတ်ဂိုဏ်းနဲ့ ကောင်းကင်ဓားဂိုဏ်းတို့ ပြဿနာလာရှာချိန်ကစပြီး ရှစ်စွင်းက အစီအရင် မျက်လုံးကို သူကိုယ်တိုင်သိုလှောင်ထားတာ။ ဒီတော့ ဘာမှမှားစရာမရှိဘူး” တွမ့်မူရှန်းက ပြော၏။
ကောင်းကင်ဓားဂိုဏ်းအကြောင်းပြောသည့်အချိန်တွင် ကျိုးကျစ်ဖုန်းက အနေခက်မှုကြောင့် ရှက်သွားသည်။ ထိုသို့ဖြစ်ပျက်ခဲ့ချိန်သူရှိနေ၏။ သူက လုကျိုးအစီအရင်ကိုပြန်တည်ဆောက် နေတာကိုတောင် မျက်မြင်တွေ့ခဲ့သည်။
ရှောင်ယွမ်အာကလည်းစိတ်မပူချေ။ သူကပြောလိုက်၏။
“ဟုတ်တယ်။ အစီအရင်မရှိတော့ရင်တောင် ဖြောင့်မတ်ခြင်းလမ်းစဉ်က ကျွန်မတို့ဆီမလာရဲဘူး”
ကျန်သည့်သူများက ရှောင်ယွမ်အာလောက် ဂရုမစိုက်ဘဲမနေနိုင်ကြသောကြောင့် သူတို့က စိုးရိမ်ပူပန်မိလာသည်။
ကျောင်းယွဲ့က ပြော၏။ “ရှစ်စွင်းက တံခါးပိတ်ကျင့်ကြံနေသေးတုန်းပဲ။ ဒါပေမဲ့ ဒီလိုဖြစ်လို့မရဘူး”
တွမ့်မူရှန်းက သက်ပြင်းချပြီးပြောလိုက်၏။ "လောင်စစ် ဒီမှာမရှိတာနှမျောစရာပဲ။ မဟုတ်ရင် သူက တစ်ခုခုကိုတွေးနိုင်ဦးမှာ”
မင်ရှစ်ရင်သည် စိတ်ပိုင်းဆိုင်ရာလှည့်ကွက်အချို့ကို အားကိုးနိုင်သော်ငြားသူကခြေထောက်သုံးတာ၌ ပိုတော်သည်။
ထိုကိစ္စကိုဆွေးနွေးနေစဉ် ဝေဟင်ထဲရှိလေပွေက ပိုမိုကြီးမားလာပြီး အရံအတားက လှုပ်ခါလာ၏။ လေပွေသည် အရံအတား၏ စွမ်းအင်များစွာကို စုပ်ယူတော့မည့်အရိပ်အယောင်ဖြစ်သည်။
“ဘာတွေဖြစ်နေတာလဲ”
ဟွားဝူတောက်က ပြောလိုက်၏။
“ဒီတိုင်းဆက်ဖြစ်ခွင့်ပေးလို့မရဘူး။ မျှော်နန်းသခင်ကို အကြောင်းကြားရမယ်”
ကျန်သည့်သူများကခေါင်းညိတ်လိုက်ကြ၏။
ဟွားဝူတောက်က သူတို့ထဲမှ အကြီးဆုံးဖြစ်၏။ ထို့ကြောင့် ကျန်သည့်သူများကို မဟာခန်းမဆီသို့ ဦးဆောင်သွားသည်။ သူ့နောက်မှ ကျန်သည့်သူများက နီးကပ်စွာလိုက်ပါလာ၏။ သူတို့က မျှော်နန်း ရှေ့၌ မှိန်ဖျော့ဖျော့ကျဉ်းမြောင်းသည့် စင်္ကြန်လမ်းလေးကို ဖြတ်ကျော်လျက် လျှို့ဝှက်ခန်း ရှေ့သို့ ရောက်သွားသည်။
လျှို့ဝှက်ခန်းက ချိတ်ပိတ်ထားပြီး အသံလုံ၏။ ယခုအချိန်တွင် အရံအတားမှ တဝီဝီအသံကို မကြားနိုင်ပေ။
အားလုံးက တညီတညွတ်တည်းအရိုအသေပေးလိုက်၏။
“မျှော်နန်းသခင်”
“ရှစ်စွင်း”
သူတို့နှုတ်ဆက်ပြီးသည့်တိုင် လျှို့ဝှက်ခန်းက တိတ်ဆိတ်နေသေးဆဲဖြစ်သည်။
လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်၏။ “ရှစ်စွင်း” တွမ့်မူရှန်းက ထပ်ခေါ်ကြည့်ပြန် ၏။
ကံဆိုးသည်မှာ ပြန်ဖြေလာသူမရှိပေ။
ဟွားဝူတောက်က လျှို့ဝှက်ခန်းတံခါးရှေ့လျှောက်သွားပြီး တံခါးထဲသို့အသံပို့လိုက်၏။
“ဟွားဝူတောက်က အရေးကြီးကိစ္စရှိလို့မျှော်နန်းသခင်နဲ့တွေ့ချင်နေပါတယ်” သူ၏ ကနဦးချီကို သွင်းလျက် အသံပို့လိုက်ရာ သူတို့နှစ်ယောက်ကြား၌ ကျောက်တံခါးခြားနေလျှင်တောင် အခန်းထဲရှိ လူတိုင်းက ရှင်းရှင်းလင်းလင်းကြားနိုင်ပေသည်။ သို့သော် လုကျိုးထံမှ အကြောင်းပြန်ကြားမှု မရှိသေးပေ။
“ရှစ်စွင်းက ဒီမှာမရှိဘူးလား”
“သူဒီမှာမရှိရင် ဒါဆိုဘယ်မှာလဲ။ အရှေ့ဘက်၊ တောင်ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက် မျှော်နန်းတွေမှာ သန့်ရှင်းရေးလုပ်နေတဲ့လူတွေနဲ့ လျှောက်သွားနေတဲ့လူတွေရှိနေတာ။ ဒါ့အပြင် ရှစ်စွင်းက ခိုးထွက်ဖို့မလိုအပ်တာ” တွမ့်မူရှန်းကပြောလိုက်၏။
ဟွားဝူတောက်က တည်ငြိမ်စွာပြောလိုက်သည်။ “စိတ်အေးအေးထားကြရအောင်။ ကျုပ်ကို စစ်ဆေးခွင့်ပေးဦး”
နယ်ပယ်တစ်ခုသို့ရောက်ချိန်တွင် ကျင့်ကြံသူများက သူတို့၏မြင့်မားသော အာရုံခံမှုဖြင့် သူတို့၏ ပတ်ဝန်းကျင်နှင့် သက်ရှိများတည်ရှိမှုကို အာရုံခံနိုင်သည်။ တစ်ခုတည်းသောခြွင်းချက်က ပစ်မှတ်၏ ကျင့်ကြံဆင့်က စစ်ဆေးနေသော ကျင့်ကြံသူထက်မြင့်နေလျှင် သူတို့၏အရှိန်အဝါကို ဖုံးကွယ်ထားနိုင်၏။
ဟွားဝူတောက်သည် ပွင့်ချပ်ခုနစ်လွှာကျင့်ကြံသူဖြစ်ရာ ထိုတာဝန်ကိုဆောင်ရွက်ရန်အတွက် အသင့်တော်ဆုံးလူဖြစ်သည်။ ထို့အပြင် လုကျိုးအဖို့ သူ၏အရှိန်အဝါကို ဖုံးကွယ်ရန်မလိုအပ်ချေ။
ဟွားဝူတောက်က ကျောက်တံခါးပေါ်လက်တင်ထားပြီး လက်ဖဝါးထဲမှကနချီစွမ်းအင်ကို သွင်းလိုက် သည်။ ထိုကဲ့သို့နီးကပ်သည့်အကွာအဝေးအတွင်းသူက အခန်းထဲ၌ လူရှိမရှိကို တိတိကျကျဆုံးဖြတ် နိုင်ပေ၏။
ဟွားဝူတောက်က မျက်လုံးမှိတ်ထားသည်။ သူ၏နားက အနည်းငယ်စွင့်နေ၏။ ကနဦးချီက လျှို့ဝှက် ခန်းထဲဝင်သွားသည်။ အထဲ၌ တိတ်ဆိတ်ပြီးနွေးထွေးသည်။ အခန်းထဲတွင် မည်သူမှ မရှိပုံရသည်။
ဟွားဝူတောက် အခန်းကို ဆက်လက်စစ်ဆေးနေ၏။ ထိုစဉ် လျှို့ဝှက်အခန်းအထက်၌ အစွမ်းထက် သော စွမ်းအင်လျင်မြန်စွာကျုံ့နေပြီး မီးခိုးခေါင်းတိုင်တစ်ခုဖွဲ့တည်နေတာကို တွေ့လိုက်ရ၏။
ဟွားဝူတောက်က မျက်လုံးဖွင့်လျက် လက်ဖဝါးကိုအမြန်ဖယ်လိုက်သည်။
“အကြီးအကဲဟွား အခြေအနေဘယ်လိုလဲ” တွမ့်မူရှန်းက စိတ်ပူပန်စွာမေးလိုက်၏။
“မျှော်နန်းသခင်က ကျင့်စဉ်ဖောက်ပြန်တာဖြစ်နိုင်တယ်”
“ကျင့်စဉ်ဖောက်ပြန်တာလား”
ကျန်သည့်သူများက ထိတ်လန့်သွား၏။
ကျင့်ကြံသူတစ်ဦးသည် တံခါးပိတ်ကျင့်ကြံနေစဉ်၌ ကျင့်ကြံမှု၏လမ်းကြောင်း၌ ပိုမြင့်မားသည့် အဆင့်ကိုရောက်ရန် သူတို့ကျင့်ကြံဆင့်တွင် ချိုးဖြတ်တက်မှုကိုရရှိသည်။ ကျင့်ကြံခြင်းလောကတွင် ကျင့်စဉ်ဖောက်ပြန်သွားသည့်လူများစွာလည်းရှိပေ၏။
ကျင့်ကြံသူက မိစ္ဆာအဖြစ်ပြောင်းလဲသွားမည်ဟု ဆိုလိုတာမဟုတ်ပေ။ သူတို့၏ ကျင့်ကြံခြင်း နည်းလမ်းများ တစ်စုံတစ်ခုလွဲချော်သွားသည့် အခြေအနေရှိနိုင်ပြီး အပြန်အလှန်အနေဖြင့် သူတို့ ကျင့်ကြံမှုအခြေခံထိခိုက်နိုင်၏။ ကျင့်ကြံမှုချီသွေးကြော၊ ချီပင်လယ်၊ စွမ်းအင်ဗဟိုချက်တို့က ထိခိုက်သွားမည်ဖြစ်ကာ အခြေအနေကောင်းလျှင် ကျင့်ကြံသူက တစ်ဘဝလုံးချိနဲ့သွားမည်။ အခြေအနေဆိုးလျှင် ကျင့်ကြံသူက ကျင့်ကြံဆင့်ဆုံးရှုံးပြီး သေဆုံးသွားရမှာပဲဖြစ်သည်။
“ဒါမဖြစ်နိုင်ဘူး အကြီးအကဲဟွား။ ဒီလိုမပြောတာ ပိုကောင်းမယ်” ရှောင်ယွမ်အာက အခဲမကြေစွာ ပြောလိုက်၏။
ဟွားဝူတောက်က အမြန်ပြောလိုက်သည်။ "အရှိန်အဝါနဲ့ ကနဦးချီအတက်အကျက လျှို့ဝှက်ခန်းထဲ မှာ အင်မတန်ရှုပ်ထွေးနေတယ်။ လျှို့ဝှက်အခန်းနဲ့ အရံအတားရဲ့စွမ်းအင်ကူးပြောင်းမှုက အစီအရင် ရဲ့မျက်လုံးကနေပဲ။ ကျုပ်ပြောတာမယုံရင် အခန်းထဲကိုကိုယ်တိုင်စစ်ဆေးကြည့်”
တွမ့်မူရှန်းက တံခါးနားဦးစွာလျှောက်သွားလိုက်သည်။ သူက စစ်ဆေးလိုက်ရာ ဟွားဝူတောက် ဖော်ပြသည့်အတိုင်းဖြစ်နေတာကို တွေ့လိုက်ရသည်။ အခန်းထဲရှိ ကနဦးချီများက အလွန်ဖရို ဖရဲဖြစ်နေ၏။ ကျင့်ကြံသူတစ်ယောက် ကျင့်စဉ်ဖောက်ပြန်သည့်လက္ခဏာ တစ်ရပ်ဖြစ်သည်။
“စန်းရှစ်ရှိုး တစ်ခုခုလုပ်ပါဦး။ ဒီတိုင်းဖြစ်ခွင့်ပေးလို့မရဘူး” ကျောင်းယွဲ့က ယခုအချိန်တွင် ရှုပ်ထွေးလာ၏။
တွမ့်မူရှန်းက ခေါင်းကုတ်လိုက်သည်။ သူက ကျောက်တံခါးနားမျက်လုံးကို ကပ်လိုက်သော်ငြား အဟကြားကနေ ဘာမှမမြင်ရပေ။ သူက ခေါင်းခါရုံသာခါလိုက်၏။
ဟွားဝူတောက်က သက်ပြင်းချကာပြောလိုက်သည်။ "ငါတို့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်”
“ဘာတွေလဲ”
“ပထမအချက်က လျှို့ဝှက်အခန်းကို ဖြိုခွဲပြီး ဖရိုဖရဲဖြစ်နေတဲ့ ကနဦးချီတွေကို တည်ငြိမ်အောင် ပူးပေါင်းရမယ်။ ဒါပေမဲ့ ဖရိုဖရဲဖြစ်နေတဲ့ ကနဦးချီတွေက တန်ပြန်ရိုက်ခတ်မှုရှိနိုင်တာကြောင့် ငါတို့ တောင့်ခံထားရမယ်။ ဒုတိယအချက်က စောင့်ဖို့ပဲ။ ကျင့်စဉ်ဖောက်ပြန်တဲ့ ကျင့်ကြံသူတစ်ယောက်က အကြပ်အတည်းကို ရှင်သန်နိုင်ခဲ့မယ်ဆိုရင် ကျင့်ကြံဆင့်ဖောက်ဖျက်နိုင်ဖို့အခွင့်အရေးရှိတယ်။ ဒါပေမဲ့ အဲ့လိုအခွင့်အရေးက အရမ်းနိမ့်တာ”
ရှောင်ယွမ်အာက ဦးစွာပြောလိုက်၏။ “ဘာစောင့်နေဦးမှာလဲ။ တံခါးဖျက်လိုက်ကြပေါ့။ စန်းရှစ်ရှိုး မြန်မြန်”
ဟွားဝူတောက် ခေါင်းညိတ်လိုက်၏။ “ဒီလိုဆိုရင် ပထမဆုံးရွေးချယ်မှုအတိုင်းသွားတာပေါ့။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အောက်က ကျင့်ကြံဆင့်နည်းတဲ့သူတွေက ထွက်သွားသင့်ပြီ” သူက ပထမရွေးချယ်မှုကိုပဲ ပိုသဘောတူသည်။
တွမ့်မူရှန်းကပြော၏။ “ကျုပ်သဘောတူတယ်” ကျင့်ကြံဆင့်အားနည်းသော အမျိုးသမီးကျင့်ကြံသူ များက လှည့်ထွက်သွားကြသည်။ သူတို့ကအခြေအနေကို မကူညီနိုင်ဘဲ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်။
သို့သော် ကျောင်းယွဲ့က ထွက်မသွားပေ။ ထိုအစားသူကပြောလိုက်၏။ “ကျွန်မနေမယ်” သူတို့ရှစ်စွင်း တစ်ခုခုဖြစ်ခဲ့လျှင် မိစ္ဆာဝေဟင်မျှော်နန်းအမှန်တကယ် ကံဆိုးမိုးမှောင်ကျမည်မှန်း သိနေ၏။
လူတစ်ယောက်အမြင်အရဖြစ်စေ၊ မျှော်နန်းအမြင်အရဖြစ်စေ သူတို့က ထိုရွေးချယ်မှုကို ပြုလုပ်သင့်၏။
အမျိုးသမီးကျင့်ကြံသူများထွက်သွားချိန်တွင် ကြိမ်နှုန်းမှာ တဝီဝီမြည်သောအသံသည် နောက်ဆုံး တော့ ဤနေရာသို့ရောက်လာ၏။ ဆိုလိုသည်က အရံအတားက ယခုဆိုယခင်ကထက်ပို လှုပ်ခါလာတာပဲဖြစ်သည်။
ဖန်းရှုဝမ်နှင့် ဖန်လီထန်းတို့က တိတ်တဆိတ်လေ့လာနေ၏။ ယင်းက သူတို့နှင့်ဘာမှမသက်ဆိုင်သည့် ပမာဖြစ်နေသည်။
ဖန်းရှုဝမ်က ကူးပြောင်းနေသော ကနဦးချီကိုကြည့်ပြီး တစ်စုံတစ်ခုကိုရှာတွေ့သွားပုံပေါ်၏။ သူက လက်မခံဘဲပြောလိုက်သည်။ “ကြည့်ရတာ ခင်ဗျားက ဒီနှစ်အတွက်ပြီးတဲ့နောက် တာဝန်ကို အလျှော့မပေးခဲ့ဘူးပဲ။"
ဖန်လီထန်းက သူ့ကို တစ်ချက်ကြည့်ပြီးပြော၏။ “မွေးဖွားတယ်။ ကြီးပြင်းတယ်။ နာမကျန်းဖြစ် တယ်။ သေခြင်းတရားတွေက အချိန်ကာလအစတည်းက ပြောင်းလဲလို့မရတဲ့အမှန်တရားတွေပဲ။ ဒီအမှန်တရားတွေကို ဖီဆန်ချင်တဲ့သူတွေက အမြဲရှိတယ်။ ဒါပေမဲ့ အဆုံးမှာတော့..”
“အဘိုးကြီး ဒီအရာတွေကို ဒီလောက်အထိသိနေရင် ဘာကြောင့်များ ချောက်ကမ်းပါးကနေ ခုန်ချပြီး အဆုံးမသတ်လိုက်တာလဲ” ဖန်းရှုဝမ်က အနားရှိချောက်ကမ်းပါးကို လက်ညှိုးထိုးပြလိုက်၏။
“လူငယ်လေး ကျေးဇူးပြုပြီး ကျုပ်ကို အတည်မပြုနဲ့။ ကျုပ် အသက်မရှည်ချင်ဘူး။ တစ်ဖက်မှာ မင်းက ငယ်ရွယ်သေးတယ်။ မင်းဆီမှာ ရှည်လျားတဲ့လမ်းကြောင်းတစ်ခုရှိပြီးသား မင်း ငါ့ အရွယ် ရောက်လာတဲ့အချိန် နားလည်လာလိမ့်မယ်” ဖန်လီထန်းက သူ့အသက်အရွယ်အနေအထားအရ ယုံကြည်ချက်ရှိရှိပြောလိုက်သည်။
ဖန်းရှုဝမ်က ရှတတအသံဖြင့်ပြောလိုက်သည်။ “နယ်မြေကို ကျုပ်အုပ်စိုးတဲ့အချိန်တုန်းက ခင်ဗျားတောင် မွေးဦးမယ်မထင်ဘူး”
…
အခန်း (၂၁၆) ကျင့်စဉ်ဖောက်ပြန်ခြင်း
ဖန်လီထန်းက ဖန်းရှုဝမ် စကားများကို သဘောမတူပေ။ သူက ပြောလိုက်၏။
“လူငယ်လေး ငါ့ကို ဒီလိုပြောရဲတာ မင်းက ပထမဆုံးပဲ”
“ ခင်ဗျားကလည်း ကျုပ်ကို ဒီလိုပြောရဲတဲ့ ပထမဆုံးလူပဲ ”
ဖန်လီထန်းက ထိုအကြောင်းကြားသည့်အခါ နှာခေါင်းရှုံ့လိုက်ပြီး “လူငယ်လေး … ဒီမှာယဉ်ကျေးနေဖို့ မလိုဘူး။ လာလာ သေရည်သောက်လှည့်။ ဒီက ရာစုနှစ်သက်တမ်းရှိတဲ့ သေရည်ပဲ ”
ဖန်းရှုဝမ်က ခေါင်းခါလိုက်သည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းဘက် လှမ်းကြည့်ကာ “ အကာအရံ စွမ်းအားက အားနည်းလာပြီးတော့ ချီတွေက ကမောက်ကမ ဖြစ်နေတယ်။ မိစ္ဆာဝေဟင်မျှော်နန်းထဲက တစ်ယောက်ယောက်က ကျင့်စဉ်ဖောက်သွားတာလား စိုးမိတယ်”
ဖန်လီထန်းက သေရည်အနည်းငယ် သောက်လိုက်ပြီးနောက် အကြောဆန့်ကာ “ အိပ်ချင်လာပြီ … ငါ နိုးလာတဲ့အခါ သေရည်လေး ရှိနေဖို့ပဲ မျှော်လင့်တယ်”
သူက သမ်းဝေပြီးနောက် အိပ်ဖို့ ပြင်လိုက်သည်။
“အဲလိုပဲ မျှော်လင့်ကြတာပေါ့” ဖန်းရှုဝမ်က မြင်ကွင်းကို ဆက်စောင့်ကြည့်မနေတော့ပေ။ သူက လှည့်ပြန်သွားလိုက်၏။
ထိုစဉ် လျှို့ဝှက်ခန်း အပြင်ဘက်၌
ဟွားဝူတောက်၊ တွမ့်မူရှန်း၊ ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာတို့က ချိုးဖောက်ဝင်ဖို့ အသင့်ဖြစ်နေကြလေပြီ။
ဟွားဝူတောက်က ပြောလိုက်၏။
“ လုပ်လိုက်စို့”
သူက ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံဆင့်ရှိသော်လည်း တွမ့်မူရှန်းလောက် တိုက်ခိုက်ရေး မကောင်းပေ။ တွမ့်မူရှန်း၏ ခန္ဓာကိုယ်မှ ချီများ ထွက်လာသည်။ သူက လျှို့ဝှက်ခန်း၏ ကျောက်တံခါးကို ကြည့်ကာ တုံ့ဆိုင်းခြင်းမရှိ ပြေးဝင်သွားတော့သည်။
ဝုန်း …
လေထဲ အသံကျယ်ကြီးထွက်လာသည်။ ကျောက်တံခါးက တုန်သွားသော်လည်း ပွင့်မလာပေ။
ဟွားဝူတောက်က အနည်းငယ် အံ့ဩသွားကာ “ကျောက်တံခါးက မင်းဆီက တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိလောက်အောင် ခိုင်မာလိမ့်မယ်လို့ မထင်ထားမိဘူး ”
တစ်ဖက်တွင် တွမ့်မူရှန်းက မအံ့ဩမိပေ။ ဤသည်မှာ ရှစ်စွင်း တစ်ကိုယ်တည်း ကျင့်ကြံရာ နေရာ ဖြစ်၏။ ထို့အပြင် ဒီနေရာ၏ အနေအထားနှင့် အစီအရင်တို့က ကျင့်ကြံသူအများစု ထိုးဖောက်မဝင်လာအောင် သီးသန့်လုပ်ထားခြင်း ဖြစ်သည်။ အကယ်၍ တစ်ခါတည်းနှင့် အလုပ်မဖြစ်လျှင် နှစ်ခါ စမ်းကြည့်ရမည်။
“နောက်တစ်ခေါက် ”
တွမ့်မူရှန်းက လက်သီးဆုပ်လိုက်ရင်း စွမ်းအားများ ထုတ်ဖော်လိုက်သည်။ သူက နောက်တစ်ချက် မထိုးခင် ကိုယ်နေဟန်ထားကို နှိမ့်လိုက်သည်။ သူ ထိုးချလိုက်သည့်အခါ သူ့လက်တစ်ဖက်လုံး တောက်ပလာပုံပေါ်၏။ ထိုလက်သီးချက်တွင် အားပြင်းပြင်း ပါဝင်ပြီး ကျောက်တံခါးပေါ် ကျရောက်လာသည်။ ထိပ်တိုက်တွေ့မှုကြောင့် တုန်ခါနှုန်းက ပတ်ဝန်းကျင်အထိပါ ပျံ့နှံ့လာသည်။
အသံကျယ်ကြီးက လျှို့ဝှက်ခန်းမှ လျှောက်လှမ်းတစ်လျှောက်၊ မျှော်နန်း၊ ခန်းမကျယ်၊ ခြံဝန်းလေးခုနှင့် ရွှေနန်းဥယျာဉ်တော်အထိပါ ပျံ့နှံ့သွားသည်။
ဝုန်း …
ကျောက်တံခါးက အက်ကွဲလာသည်။ တွမ့်မူရှန်းက တံခါးကို ကန်ဖွင့်လိုက်ပြီး ပြေးဝင်သွားသည်။ ဟွားဝူတောက်၊ ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာတို့လည်း နောက်မှ လိုက်ပါလာကြသည်။ သူတို့လေးယောက် လျှို့ဝှက်ခန်းထဲ ရောက်သွားသည့်အခါ သူတို့ရှေ့ ဆီးကြိုနေသည့် မြင်ကွင်းက ပါးစပ်ဟောင်းလောင်း ဖြစ်သွားစေသည်။
လုကျိုးက အခန်းအလယ်တွင် လေထဲ လွင့်နေပြီး ကြယ်အလင်းရောင်နှင့် တူသည့် တောက်တောက်ပပ စွမ်းအားတချို့ဖြင့် လွှမ်းခြုံခံထားရသည်။ သူ့မျက်လုံးများက အိပ်နေသည့်အလား ပိတ်လျက်သား ဖြစ်နေသည်။ သူက အပြင်ဘက်ရှိ အရာများကို မသိသည်မှာ ထင်ရှားလှသည်။ လျှို့ဝှက်ခန်းထိပ်တွင် လေဝင်လေထွက်ပေါက်လိုမျိုး လေးထောင့်စက်စက် အပေါက်တစ်ခု ရှိနေသည်။
ရွှေနန်းဥယျာဉ်တောင် အကာအရံမှ စွမ်းအားများက ထိုအပေါက်ကနေ အခန်းအတွင်း စီးဝင်လာ၏။
စွမ်းအားများက ပေါင်းစပ်ကာ လုကျိုး ခန္ဓာကိုယ်ထဲ ဒီရေသဖွယ် စီးဆင်းသွားကြသည်။
ဟွားဝူတောက်က အော်ပြောလိုက်သည်။
“သူ့အနား မသွားနဲ့ဦး ”
“ ရှစ်စွင်း …က ဘာဖြစ်တာလဲ” ရှောင်ယွမ်အာက အနည်းငယ် စိုးရိမ်နေဟန်ဖြင့် မေးလိုက်သည်။
“သူက ကျင့်စဉ်ဖောက်သွားပြီ။ သူ့ချီတွေက ရှုပ်ထွေးကုန်ပြီ။ ကြည့်ရတာ မျှော်နန်းသခင်က သူ့ခန္ဓာကိုယ်ထဲ ကမောက်ကမ ချီတွေကို အကာအရံစွမ်းအားနဲ့ ဖိအားထားတာ ဖြစ်မယ်”
ဟွားဝူတောက်က အခန်းထဲမှ စွမ်းအားများကို လေ့လာကာ ပြောလိုက်သည်။
“ ကျွန်တော်တို့ ဘာလုပ်ကြမလဲ” တွမ့်မူရှန်းက မေးလိုက်၏။
ဟွားဝူတောက်က သေချာလေ့လာပြီးနောက် ပြောလိုက်သည်။
“ငါက အကာအရံ စွမ်းအားကို ချိုးဖောက်ပြီး လေဝင်ပေါက်ကို ကာထားကြည့်မယ်။ မင်းတို့သုံးယောက်က မျှော်နန်းသခင်ကို ခေါ်သွားကြ … သတိထားဖို့ မှတ်ထားဦး ”
“နားလည်ပါပြီ ”
အားလုံးက သူတို့ သက်ဆိုင်ရာ တာဝန်ကို နားလည်ကြသည်။
ထိုစဉ် ဟွားဝူတောက် ခြေထောက်အောက် ပါကွား စည်းတံဆိပ် ပေါ်လာသည်။ ထို့နောက် သူ့ဝန်းကျင်တွင် ဧရာမသင်္ကေတများ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာသည်။
မိုး၊ မြေ၊ သေခြင်း၊ ရှင်ခြင်း၊ ရေနှင့် မီးတို့ ဖြစ်ကြသည်။ ထိုရွှေရောင်သင်္ကေတ ခြောက်ခုက သူ့အနား ရစ်ပတ်နေစဉ် တည်ရှိခြင်း၊ မတည်ရှိခြင်း၊ ခွဲခွာခြင်းနှင့် ပေါင်းစပ်ခြင်း သင်္ကေတလေးခုတို့က အပြင်အလွှာတစ်ခု ဖြစ်တည်လာသည်။ ယခု သူ့ကို စက်ဝန်းနှစ်ခု လွှမ်းခြုံထားလေသည်။ ထို့နောက် သူက လေဝင်ပေါက်ဆီ ဦးတည်လိုက်၏။
တွမ့်မူရှန်း၊ ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့တို့က အားအပြင်းဆုံး ကာကွယ်ရေး စွမ်းအားများ ထုတ်လွှင့်လိုက်ကြသည်။ မျက်ဝန်းသုံးစုံက လျို့ဟယ်စည်းတံဆိပ်ဖြင့် အကာအရံ စွမ်းအားဆီ ဝင်တိုက်နေသည့် ဟွားဝူတောက်ကို စိုက်ကြည့်နေကြသည်။
ဝုန်း …
စွမ်းအားက ရုတ်ခြည်း ပြိုကွဲသွားကာ အခန်းထဲ ကမောက်ကမ ဖြစ်စေသည့် လေပြင်းများ ဖြစ်လာစေသည်။ အကာအရံ စွမ်းအားလည်း ဖြတ်တောက်ခံလိုက်ရ၏။
“အခုပဲ ”
တွမ့်မူရှန်း၊ ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာတို့က လုကျိုးဆီ တစ်ပြိုင်နက် ပြေးဝင်သွားကြသည်။ သုံးယောက်လုံးက အချိန်တိုအတွင်း တတ်နိုင်သမျှ အကာအရံစွမ်းအားကို ခုခံဖြတ်ကျော်နေရ၏။
သို့သော်လည်း ထိုစဉ် လုကျိုးက ရုတ်ခြည်း မျက်လုံးပွင့်လာသည်။ သူက သူ့တပည့်သုံးယောက် သူ့ဆီ ပြေးဝင်လာသည်ကို မြင်လိုက်ရသည့်အခါ “ မိုက်မဲလိုက်တာ ”
အလုံးစုံဆိတ်ငြိမ်မှု စွမ်းအားကို ရရှိဖို့အတွက်၊ သမာဓိကို အားကောင်းပြီး ထိန်းထားနိုင်ဖို့ … အလင်းနှင့် အမှောင်လိုမျိုး နေရာတိုင်း စိမ့်ဝင်ထိုးဖောက်နိုင်ရမည်။
ဤသည်မှာ အလုံးစုံဆိတ်ငြိမ်မှု စွမ်းအား ဖြစ်၏။
လုကျိုးကို ဦးတည်၍ ပင်လယ်ရေနှင့် တူသည့် အပြာဖျော့ဖျော့ စွမ်းအားက အပြာရောင်ကြာလိုမျိုး ပျံ့နှံ့လာသည်။ ထိုအရာက ပတ်ဝန်းကျင်တစ်ခုလုံးဆီ ပျံ့နှံ့သွားလေ၏။ တပည့်သုံးယောက်လည်း မျက်လုံးအပြူးသား ဖြစ်သွားကြသည်။ သူတို့က ဒီကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိကြပြီး သူတို့ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို အလိုလို ထုတ်ဖော်မိသွားကြသည်။
တွမ့်မူရှန်းက သူ့ပွင့်ချပ်နှစ်လွှာ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်အား ထုတ်ဖော်လိုက်သည်။
ကျောင်းယွဲ့ကလည်း စွမ်းအားဆယ်မျိုး စကြဝဠာကို ထုတ်ဖော်လိုက်သည်။
ရှောင်ယွမ်အာက ပွင့်ချပ်မဲ့ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်မိ၏။
“မိုက်မဲလိုက်တာ” ဟူသော အော်သံသည် အသံနည်းစနစ် မဟုတ်ပေ။ မဟာနည်းစနစ်နှင့် မယှဉ်နိုင်သော်ငြား သူတို့က အန်းယန်မြို့ စီအိမ်တော်တွင် မျက်မြင်ကိုယ်တွေ့ ကြုံဖူးကြသည် မဟုတ်ပါလော။ ချီဖြည့်စွက်ထားသည့် လုကျိုး၏ အသံက အားလုံး၏ နားစည်ကို လှုပ်ခတ်သွားစေသည်။ သို့သော်လည်း ကြောက်ဖို့အကောင်းဆုံးက လုကျိုး ထုတ်ဖော်လိုက်သည့် အပြာရောင်ကြာ ဖြစ်၏။ ကြာပန်း ပွင့်လန်းလာသည့်အခါ ပတ်ဝန်းကျင်ဆီ စွမ်းအားပြင်းပြင်းဖြင့် တွန်းလွှတ်လိုက်၏။
ထိုစဉ် ဟွားဝူတောက်က ဆင်းသက်လာသည်။ တွမ့်မူရှန်း၊ ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာရှေ့ သင်္ကေတကိုးခု ရောက်ရှိလာသည်။
တစ်ချိန်တည်းတွင် ပွင့်ချပ်ခုနှစ်လွှာ ရွှေကြာ စိတ်ဝိညာဉ်သဏ္ဌာန်လည်း ကောင်းကင်မှ ဆင်းသက်လာသည်။
ဝုန်း
ထိုစဉ် အပြာရောင် ကြာက ပွင့်လန်းလာလေပြီ။ အပြာရောင် ကြာပန်းက သင်္ကေတကိုးခုနှင့် ထိတွေ့သွားသည့်အခါ သင်္ကေတများက ဗလာအဖြစ် အလွယ်လေး ကြေမွသွားလေသည်။
ဟွားဝူတောက်က လွှင့်ထွက်သွားလေသည်။ သူက ကျောက်နံရံနှင့် ထိမိပြီးနောက် မြေပေါ် လဲကျသွား၏။
“အကြီးအကဲဟွား ” တွမ့်မူရှန်းနှင့် ကျောင်းယွဲ့တို့က ပြိုင်တူ အော်လိုက်ကြသည်။
လျို့ဟယ် စည်းတံဆိပ်က အပြာရောင်ကြာ စွမ်းအားကို မရပ်တန့်နိုင်ပေ။ တပည့်သုံးယောက်ဆီ အရှိန်ပြင်းပြင်းဖြင့် ဦးတည်လာသည်။ လုကျိုးက အော်လိုက်သည့် အခိုက်အတန့် ဟွားဝူတောက်က လွင့်စဉ်သွားပြီးနောက် အသက်တစ်ရှိက်စာမျှသာ ကြာမြင့်သေး၏။ မည်သူမှ တုံ့ပြန်ဖို့ အချိန်မရှိကြပေ။
အပြာရောင်ကြာ၏ ပွင့်လွှာများက သူတို့ရင်ဘတ်ဆီ ကြာပွတ်သဖွယ် လာရိုက်သောကြောင့် စိတ်ဝိညာဉ်သဏ္ဌာန် သုံးခုလုံး ဆက်တိုက်ဆိုသလို ပျောက်ကွယ်သွားကြသည်။
တွမ့်မူရှန်း၊ ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာတို့ လွင့်စဉ်သွားကြသည်။
တွမ့်မူရှန်းနှင့် ကျောင်းယွဲ့က သွေးတစ်ပွက် အန်လိုက်ကြရသည်။
ကျောင်းယွဲ့က အားအနည်းဆုံး ဖြစ်သောကြောင့် အကြီးမားဆုံး သက်ရောက်မှု ခံလိုက်ရသည်။ သူမ၏ စွမ်းအားဆယ်မျိုး စကြဝဠာက တစ်ချက်ပင် မခံနိုင်ပေ။ အပြာရောင်ကြာ စွမ်းအားက သူမ၏ ချီများနှင့် သွေးများအား ဆူပွက်အောင် လုပ်နေသည်။ အကယ်၍ လျို့ဟယ်စည်းတံဆိပ်သာ သက်ရောက်မှုအများစု မစုပ်ယူခဲ့လျှင် သူမက ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။ ကံကောင်းစွာဖြင့် သူမက ရှေ့ဆုံးမှာ ရပ်နေခြင်း မဟုတ်ခဲ့ပေ။
တွမ့်မူရှန်းက လျှို့ဝှက်ခန်း အပြင်အထိ လွင့်စဉ်သွားလေ၏။
ရှောင်ယွမ်အာက ကံအကောင်းဆုံး ဖြစ်၏။ သူမ၏ တိမ်ယံငှက်မွေး ဝတ်စုံက အရောင်များ လင်းလက်လာကာ သက်ရောက်မှုအများစုကို စုပ်ယူပေးသွားသည်။ သူမ၏ တိမ်ယံခြေလှမ်း ဖိနပ်များနှင့် နိဗာနခါးစည်းတို့ဖြင့် သူမက လေထဲ နောက်ကျွမ်းထိုးကာ ဟွားဝူတောက် ရှိရာဆီ ခုန်သွားလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်း အပြင်ဘက်၌ …
အမျိုးသမီးကျင့်ကြံသူများက လျှို့ဝှက်ခန်းရှိရာဆီ ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်နေကြသည်။ သူတို့က အဝေးတွင် ရပ်နေသော်လည်း လျှို့ဝှက်ခန်းအထက် ကောင်းကင်ယံဆီ အပြာရောင်အလင်းများ တောက်ပလာသည်ကို တွေ့နိုင်ပေသည်။
ပျင်းရိနေသည့် ဖန်လီထန်းပင် “မိုက်မဲလိုက်တာ” ဆိုသည့် အော်သံကြောင့် အာရုံစိုက်လာမိသည်။ သူက ထူးထူးဆန်းဆန်း မြင်ကွင်းအား လှည့်ကြည့်လိုက်၏။ ထိုအရာကို မြင်ကာ မျက်လုံးအပြူးသား ဖြစ်မိသွားသည်။
“သူက ကျရှုံးသွားတာလား ဒါမှမဟုတ် အဆင့်တက်သွားတာလား ”
အံ့ဩမှုကြောင့် သူ့လက်ထဲမှ သေရည်ခရားပင် လွတ်ကျသွားသည်။ သေရည်ခရားက မြေပေါ် လိမ့်သွားပြီးနောက် ဖိတ်စင်သွားတော့သည်။ သူက အသိပြန်ဝင်လာသည့်အခါ ခေါင်းခါလိုက်ပြီး “အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ ”
ထိုစဉ် လေးယောက်သား လွင့်စဉ်သွားစဉ် အပြာရောင် စွမ်းအားက လျှို့ဝှက်ခန်းကို ဖျက်ဆီးပစ်လိုက်သည်။ ကျောက်နံရံများက အက်ကွဲလာကာ အမှုန့်ဖြစ်သွားတော့သည်။
ဟွားဝူတောက်က အာရုံပြန်စိုက်ထားပြီး လေထဲ ခြေငြိမ်အောင် ထိန်းထားသည်။ သူက ချီများကို ဖိနှိပ်ကာ ချီများကို စွမ်းအားအဖြစ် ဖွဲ့စည်းလိုက်သည်။ သူ့အနားတွင် သင်္ကေတခြောက်ခု ပြန်လင်းလက်ကာ နေရာအနှံ့ လွင့်စဉ်လာသည့် အပျက်အစီးများကို ကာပေးထား၏။
ရှောင်ယွမ်အာ၏ နိဗာနခါးစည်းက သူမပတ်လည်တွင် နဂါးတစ်ကောင် ကခုန်နေသလိုမျိုး ရစ်ပတ်ထားသည်။
ဟွားဝူတောက်၏ အကြည့်များက မယုံနိုင်မှုများအပြည့် ဖြစ်နေသည်။ သူက ကျန်သုံးယောက်နှင့် ယှဉ်လိုက်လျှင် လက်ခံဖို့ ခက်ခဲနေသည်။
သူက ကာကွယ်ရေး တာအိုကို နှစ်နှစ်ဆယ်ကြာ လေ့လာခဲ့ပြီး မဟာနည်းစနစ်ကိုပင် ခံနိုင်ရည်ရှိကြောင်း သိထားသည်။
သူက မိစ္ဆာဝေဟင်မျှော်နန်းဆီ လာကာ လွန်ခဲ့သည့် နှစ်များစွာက သူ့ရင်ဘတ်ထဲမှ ကြိုးထုံး ဖြေနိုင်ဖို့အထိ ယုံကြည်ချက်အပြည့် ရှိခဲ့သည်။ သူ့လျို့ဟယ်စည်းတံဆိပ်က မိုးကြိုးချက် တစ်ချက်ပင် ခံနိုင်ရည် မရှိဘဲ နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ရှုံးနိမ့်သွားခဲ့သော်လည်း အရှုံးကို လက်မခံနိုင်သေးပေ။
သူက အားအပြည့်လည်း ထုတ်မသုံးခဲ့ရပေ။ သူက လျို့ဟယ်စည်းတံဆိပ်၏ သင်္ကေတရှစ်ခုနှင့် ပါကွားသာ ထုတ်သုံးခဲ့ရသည်။ မဟာဘိုးဘေး အစီအရင်နှင့် တွေ့ပြီးနောက် ဟွားဝူတောက်က ဉာဏ်အလင်းပွင့်ကာ အဆင့်တက်သွားခဲ့သည်။
သင်္ကေတရှစ်ခုမှ သူက ကိုးခု ရလာခဲ့ပြီး လျို့ဟယ်စည်းတံဆိပ်ကလည်း အဆများစွာ အားကောင်းသွားခဲ့သည်။ သူက မျှော်နန်းသခင်ဆီမှ ညွှန်ပြမှုကို တောင်းဆိုဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။ သို့သော်လည်း လက်ရှိ သူက မျှော်နန်းသခင်ကို မပြောခင် ကျရှုံးသွားတော့မည်ဟန် ပေါ်နေသည်။ သူ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သင်္ကေတကိုးခုလုံးက အပြာရောင်စွမ်းအားနှင့် တွေ့သည့်အခါ တို့ဖူးအလား အားပျော့သွား၏။ သူ့သင်္ကေတများနှင့်အတူ သူ့ယုံကြည်ချက်အားလုံး ကြေမွသွားလေပြီ။
“ဒါက အကာအရံရဲ့ စွမ်းအားလား ” ဟွားဝူတောက်က ကျင့်ကြံသူတစ်ယောက်တွင် ဒီလိုမျိုး စွမ်းအား ထုတ်နိုင်လိမ့်မည်ဟု မယုံပေ။ ဒီလိုဆိုမှတော့ ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ကျန်တော့၏။ ရွှေနန်းဥယျာဉ်တောင်မှ အကာအရံစွမ်းအားသာ ဖြစ်ရမည်။ သို့သော်လည်း ထိုအကြောင်း တွေးနေရန် အချိန် မဟုတ်သေးပေ။
ဟွားဝူတောက်နှင့် ရှောင်ယွမ်အာ နှစ်ယောက်လုံး တစ်ပြိုင်နက် ဆင်းလာကြသည်။
ထိုစဉ် လုကျိုးက အသိပြန်ကပ်လာသည်။ သူက ပတ်ဝန်းကျင်တစ်ခုလုံးကို လေ့လာရင်း မြေပြင်ပေါ် ဖြည်းဖြည်းချင်း ပြန်ဆင်းသက်လာသည်။
လုကျိုးက ကောင်းကင်ကျမ်း ဆင်ခြင်နေတာကို ပြန်လည် အမှတ်ရလိုက်သည်။ သူ ကောင်းကင်ကျမ်း အဖွင့်ကို ရလိုက်ကတည်းက သူ့ဆင်ခြင်ခြင်း အခြေအနေက ပြောင်းလဲသွားခဲ့သည်။ သူက ပိုမို အာရုံစိုက်လာနိုင်သည်။ ထိုအကြောင်းအရင်းကြောင့် လျှို့ဝှက်ခန်းက သူ့အတွက် ကောင်းကင်ကျမ်း ဆင်ခြင်ဖို့အတွက် အကောင်းဆုံး နေရာ ဖြစ်ခဲ့သည်။
သို့သော်လည်း သူ မျက်လုံးဖွင့်လိုက်သည့် အခိုက်အတန့် တပည့်သုံးယောက်က သူ့ဆီ တစ်ဟုန်ထိုး ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ သူက ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ် စွမ်းအားကို အသက်သွင်းလိုက်၏။ သူ့ဆင်ခြင်ခြင်း အခြေအနေ မည်မျှကြာမြင့်သွားသည်ကိုတော့ မသိပေ။ သို့သော်လည်း သည်အခိုက်အတန့်တွင်ကောင်းကင်ကျမ်း၏ စွမ်းအားက ထွက်ပေါ်လာသည်။
“ ရှစ် … ရှစ်စွင်း … ” ကျောင်းယွဲ့က ကြမ်းပြင်ပေါ် အားနည်းဖျော့တော့စွာ ထိုင်နေသည်။ သူမက လုကျိုးအား ကြောက်လန့်တကြား ကြည့်လိုက်၏။
တွမ့်မူရှန်းက အပျက်အစီးများကို တွန်းဖယ်ကာ မတ်တတ်ရပ်လိုက်သည်။ သူလည်း လုကျိုးကို အလန့်တကြား ကြည့်လိုက်မိသည်။
ထို့နောက် ဟွားဝူတောက်နှင့် ရှောင်ယွမ်အာတို့ မြေပေါ် ရောက်လာကြ၏။
“ ရှစ်စွင်း ”
“မျှော်နန်းသခင် ”
ရှောင်ယွမ်အာက သက်ရောက်မှုရှိပုံ မပေါ်ပေ။
တစ်ဖက်တွင် ဟွားဝူတောက်က ဆံပင်များ ရှုပ်ပွနေကာ ညစ်ပေနေသည်။ သူက အခြေအနေကောင်းပုံ မရပေ။
လုကျိုးက ဒေါသထွက်ဟန်ဖြင့် “ မင်းတို့အားလုံး သတ္တိတွေ သိပ်ကောင်းနေကြတယ်ပေါ့ ”
တွမ့်မူရှန်း၊ ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာတို့က တုန်လှုပ်သွားကြသည်။ သူတို့က အလျင်စလို ခေါင်းငုံ့ထားလိုက်ပြီး တိတ်ဆိတ်နေကြ၏။
ဟွားဝူတောက်က မြန်မြန် ရှင်းပြလိုက်သည်။
“မျှော်နန်းသခင် ဒေါသထိန်းပါ ”
ကျောင်းယွဲ့ကလည်း မြန်မြန် ဝင်ရှင်းပြလိုက်သည် “ ရှစ်စွင်း ဒေါသမထွက်ပါနဲ့။ ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအရံစွမ်းအားက တခြားဖက် စီးဆင်းသွားပြီးတော့ အစီအရင်ဗဟိုချက် ပေါ်လာလို့ပါ။ အဲဒါနဲ့ ရှစ်စွင်း ကျင့်စဉ်ဖောက်သွားပြီလို့ တွေးလိုက်မိလို့ပါ … အဲကြောင့် လျှို့ဝှက်ခန်းထဲ ဝင်လာကြတာပါ။ ရှစ်စွင်း ကျွန်မတို့ကို ခွင့်လွတ်ပေးပါ ”
လုကျိုးက အပေါ်မှ အကာအရံကို ကြည့်လိုက်သည်။ ယခင်ထက် များစွာ အားနည်းသွားလေပြီ။
လုကျိုးက နားမလည်နိုင် ဖြစ်နေမိ၏။ သူက ကောင်းကင်ကျမ်းကို ပုံမှန်အတိုင်း ဆင်ခြင်နေခြင်း ဖြစ်၏။
ဘာကြောင့်များ အကာအရံစွမ်းအားကို စုပ်ယူမိသွားတာလဲ …
သူက ဒီဆင်ခြင်ခြင်းအခြေအနေမှ ဆုံးရှုံးမှုအကြီးကြီး ကြုံတွေ့လိုက်ရသည်။ ကောင်းကင်ကျမ်းနှင့် အကာအရံ စွမ်းအား ပဋိပက္ခတို့ကြောင့် သူ့လျှို့ဝှက်ခန်းလည်း ပျက်စီးသွားလေပြီ။
လုကျိုးက အားလုံးကို ကြည့်ကာ ပြောလိုက်သည်။
“ လျှို့ဝှက်ခန်းထဲ ကျူးကျော်လာသူအားလုံး အပြစ်ပေးခံရမယ်။ ဟွားဝူတောက်နဲ့ တွမ့်မူရှန်းက ကြိမ်ဒဏ် သုံးဆယ်။ ကျောင်းယွဲ့က နှစ်ဆယ် … ”
“ အပြစ်ဒဏ်ကို လက်ခံပါ့မယ် ” အခြားလူများက အသံပင် ပြင်းပြင်းမရှုရဲသလို ရှောင်ယွမ်အာ တစ်ယောက် အဘယ်ကြောင့် အပြစ်ပေးမခံရလဲ မမေးရဲပေ။
ရှောင်ယွမ်အာအနေနှင့် ဒီဆုံးဖြတ်ချက် ချဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် တွမ့်မူရှန်း၊ ဟွားဝူတောက်နှင့် ကျောင်းယွဲ့တို့သာ အပြစ်ပေးခံရခြင်း ဖြစ်၏။
လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
“ လျှို့ဝှက်ခန်းကို ခြောက်လအတွင်း ပြန်ဆောက်ရမယ် ”
တွမ့်မူရှန်းက စောဒက မတက်ရဲဘဲ မြန်မြန် ဦးညွှတ်ကာ “ ဟုတ် ရှစ်စွင်း ”
ဟွားဝူတောက်က ပြစ်ဒဏ်ကို လိုလိုလားလား ခံယူလေသည်။ သို့သော် သူက လုကျိုး သက်ရောက်မှု မခံရသည်ကို မြင်သည့်အခါ စိတ်ရှုပ်သွားလေ၏။
ထို့ကြောင့် သူက လက်နှစ်ဖက်ယှက်ကာ “မျှော်နန်းသခင် … ကျင့်ကြံရေးမှာ အတားအဆီးများ ကြုံတွေ့လိုက်ရတာလား ”
“ သံသယလာဝင်နေတာလား ”
“မဝင်ရဲပါဘူး” ဟွားဝူတောက်က ဦးညွှတ်ကာ ဖြေလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
“စောစောလေးက တကယ်ကို အရေးပေါ်မလို့ပါ။ ပြီးတော့ မျှော်နန်းသခင် ကျင့်စဉ်ဖောက်သွားတာမျိုး ပုံစံနဲ့ တူနေလို့ပါ … ”
လုကျိုးက များများစားစား မရှင်းပြပေ။ ပြောရလျှင် သူကိုယ်တိုင်လည်း မသေချာပေ။ သူ့ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်၏ တာအိုပုံသွင်းအဆင့်သာ ရှိသေးပြီး ကျိူးကျစ်ဖုန်းနှင့်ပင် မယှဉ်နိုင်သေးပေ။
နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် အယောက်တစ်ရာပင် နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူ သုံးယောက်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ သို့သော် လုကျိုးက ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ် စွမ်းအားတွင် အံ့မခန်း စွမ်းအားမျိုး ပါဝင်နေသလို ခံစားနေမိ၏။ သူက လေးယောက်လုံးကို တစ်ခါတည်းဖြင့် လွှင့်ထွက်သွားအောင် လုပ်ခဲ့သည်။ လျို့ဟယ်စည်းတံဆိပ်လည်း တိုဟူးလိုမျိုး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွား၏။
“ ကျင့်စဉ်ဖောက်တာတဲ့လား ” လုကျိုးက ပြန်မေးလိုက်သည်။
ငါက ဆင်ခြင်ခြင်း အခြေအနေထဲ ရောက်နေတာပါ … ဘယ်လိုလုပ် ကျင့်စဉ်ဖောက်သွားတာလဲ။
ဟွားဝူတောက်က ဒီစကားဝိုင်းကို ဆက်ပြောဖို့ နေရခက်လာမိသည်။ သူသာ ဆက်ပြောနေလျှင် အရိုက်ခံရလောက်၏။
“ ကျုပ်တို့ အထင်မှားသွားပုံပါပဲ ”
သူ့တပည့်များက နှလုံးအေး လူသားများ လုံးဝ မဟုတ်ကြပေ။
“အကာအရံက ဘယ်လိုလဲ ” လုကျိုးက မေးလိုက်၏။
“ ကျုပ်တို့ စစ်ဆေးကြည့်ဖို့ အခွင့်အရေး မရသေးပါဘူး ”
လုကျိုးက လက်နောက်ပစ်လျက် အပြင်ဘက် လျှောက်လာလိုက်သည်။
ထိုစဉ် အဝေးတွင် စောင့်ကြည့်နေကြသည့် အမျိုးသမီး ကျင့်ကြံသူများက ပျာယာခတ်နေကြသည်။ သူတို့က ထူးထူးဆန်းဆန်း မြင်ကွင်းကို မြင်ပြီးနောက် သွားကြည့်သင့်လား စဉ်းစားနေကြသည်။
အကာအရံ စွမ်းအားက တစ်ဝက်ကျော်လောက် လျော့ကျသွားလေပြီ။
ဖန်လီထန်းက ကြမ်းပေါ် လူးလိမ့်ကာ ပျင်းရိစွာ ပြောလိုက်၏။
“သေခြင်းရှင်ခြင်းဆိုတာ ဘာမှလည်း မဟုတ်ပါ့လား ”
အမျိုးသမီး ကျင့်ကြံသူများက သူတောင်းစားအိုကြီးကို လှည့်ကြည့်လိုက်ကြသည်။
“ မိစ္ဆာဝေဟင်မျှော်နန်းသာ တစ်ခုခုဖြစ်သွားရင် ရှင် သေရည်ထပ်သောက်ရမှာ မဟုတ်တော့ဘူး ”
ဖန်လီထန်းက မျက်လုံးအပြူးသားဖြင့် “ မင်း ပြောတာ ဟုတ်တယ်။ မိစ္ဆာဝေဟင်မျှော်နန်း အဆင်ပြေပါစေ ဆုတောင်းပေးမယ်”
သူက အစီအရင်ဗဟိုချက်ကို ကြည့်လိုက်သည်။ အစွန်းအဖျားက သာမန်ပုံစံ ဖြစ်နေပြီး ကြည်ပြာရောင် ကောင်းကင်ကြီးက အရင်အတိုင်း ဖြစ်၏။ ယခင် အကာအရံက သူ့အား ထိန်းမထားနိုင်ပေ။ လက်ရှိ အကာအရံကား စကားထဲပင် ထည့်ပြောဖို့ မလိုတော့ပေ။
ဖန်လီထန်းက ခေါင်းခါကာ “ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂုဏ်ကျက်သရေက နဂိုလို ပြန်မဖြစ်နိုင်တော့ဘူးပဲ”
အမျိုးသမီး ကျင့်ကြံသူများက သူတောင်းစားအိုကြီးကို လှည့်ကြည့်လိုက်ကြသည်။ သူတို့က သူသည် သေမျိုးတစ်ယောက်သာ ဖြစ်ပြီး ဘာပြောနေမှန်း မသိဘူးဟုသာ ထင်ထားကြသည်။ အားလုံးက လုကျိုး မိစ္ဆာဝေဟင်မျှော်နန်းမှ လက်နောက်ပစ်လျက် ထွက်လာသည့်အထိ စိုးရိမ်နေကြဆဲ ဖြစ်၏။
တွမ့်မူရှန်း၊ ကျောင်းယွဲ့၊ ရှောင်ယွမ်အာနှင့် ဟွားဝူတောက်တို့လည်း နောက်မှ ပါလာကြသည်။ သူတို့က တိုက်ပွဲဖြစ်ထားသလို ဖြစ်နေလေ၏။
“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ် ” အမျိုးသမီး ကျင့်ကြံသူများက တညီတညွတ်တည်း နှုတ်ဆက်လိုက်ကြသည်။
“ဒါတွေကို ရှင်းလိုက် ” လုကျိုးက လက်ဝေ့လိုက်သည်။
ဖန်လီထန်းက မြေပေါ် အိပ်နေဆဲ ဖြစ်၏။ သူက လုကျိုး သူ့ဆီ ရောက်လာသည်ကို မြင်လိုက်သည့်အခါ ရှုံ့တွနေသော မျက်နှာထားက ပြေလျော့သွားသည်။ သူက မေးလိုက်၏။
“အ… အဆင်ပြေရဲ့လား ”
လုကျိုးက လက်နောက်ပစ်လျက် မပြောင်းမလဲ လျှောက်လာသည်။ သူက အနီးအနားမှ အကာအရံကို ကြည့်ကာ “ ငါ့ကို တစ်ခုခု ဖြစ်သွားစေချင်နေတာလား ”
“ ဘယ်ဟုတ်ပါ့မလဲ ” ဖန်လီထန်းက သူ့သေရည်ခရားကို ဖက်ထားကာ “ ခင်ဗျား တစ်ခုခု ဖြစ်သွားရင် ကျုပ် သေရည်ကောင်း သောက်ရတော့မှာ မဟုတ်ဘူး ”
ရှောင်ယွမ်အာက ဝင်ပြောလိုက်သည်။ “ သောက်ဖို့ပဲ သိတာလား။ သေရည်နင်သေပါစေ …”
ဖန်လီထန်းက မိန်းမငယ်လေးနှင့် စကားမများသည်မှာ ပုံမှန်သာ ဖြစ်ပေသည်။ ထို့အစား သူက လုကျိုးကို ကြည့်ကာ “နှမြောစရာပဲ …”
“ ဘာကိုလဲ ”
“ ဒီဆူညံသံတွေနဲ့ ကျုပ်တော့ ကောင်းကောင်း အိပ်မရလောက်တော့ဘူး” သူ့စကားအဆုံးတွင် ထပ်မံ လဲလျောင်းလိုက်သည်။ သူက မျက်လုံးကို မှိတ်ကာ နေရောင်ခံနေသည်။
လုကျိုးက ဖန်လီထန်းကို ကြည့်ကာ “ခင်ဗျား ကောင်းကောင်း အိပ်နိုင်အောင် ကူညီပေးနိုင်တယ် ”
…