← Chapters

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အခန်း (၂၁၇) ဝက်တစ်ကောင်မှာတောင် သူ့တန်ဖိုးရှိတယ်

ဖန်လီထန်းက မျက်လုံးမဖွင့်ခဲ့ဘဲ တွေဝေစွာ ပြောလိုက်၏။ “ခုနတုန်းက ကောင်းကောင်း အိပ်ပျော်နေတာ”

“ဒီလိုလား” လုကျိုးက လက်ရမ်းလိုက်၏။

ရှောင်ယွမ်အာက အချက်ပြတာနားလည်သည်။ သူမက လက်သီးဆုပ်ပြီး ကြွက်သားများ ဆန့်လိုက်၏။ ပြီးနောက် မော့ကြည့်ကာ ပြောလိုက်တော့သည်။

“ရှစ်စွင်း ရှစ်စွင်းက တပည့်ကို အသက်ကြီးတဲ့သူ၊ အားနည်းတဲ့သူ၊ နေမကောင်းတဲ့သူ၊ နာမကျန်းဖြစ်တဲ့သူ၊ ဒုက္ခိတတွေကို မဖိနှိပ်ဖို့ပြောခဲ့တယ်မလား။ သူ့ကို ရိုက်ဖို့အတွက်က တပည့်အတွက် သင့်တော်ပါ့မလား”

“ငါပြောခဲ့လို့လား” လုကျိုးက ဇဝေဇဝါဖြင့်မေးလိုက်တော့၏။

“မဟုတ်ပါဘူး။ တပည့်အမှတ်မှားတာ”

ဂျွတ် ဂျွတ် ဂျွတ် ဂျွတ်...

လေထဲတွင် အရိုးအဆစ်များ ချိုးသည့်အသံ ပေါ်ထွက်လာသည်။ ဖန်လီထန်းက တုန်တုန်ယင်ယင်ဖြင့် မျက်လုံးဖွင့်လိုက်၏။ သူက နောက်ဆုတ်သွားကာ ကြောက်လန့်တကြား ပြောလိုက်သည်။

“ကောင်မလေး ဒီအဘိုးကြီးက မင်းရဲ့လက်သီးချက်တွေကို ခံနိုင်မှာမဟုတ်ဘူး။ မလာနဲ့”

ယင်းက လုကျိုးလိုချင်သည့််အရာ ဖြစ်သည်။

ဟွားဝူတောက်က ဇဝေဇဝါဖြစ်သွားသည်။ သူသည် ဟွားယွဲ့ရှင်းကို အဝေးသို့ပို့ပြီး ပြန်ရောက်လာ သည့်အချိန်၌ သူတောင်းစားအိုကြီးက တောင်ပေါ်ရောက်နေပြီး ဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်းက သာမန်သူတောင်းစားတစ်ယောက် ဘာမှမလုပ်ဘဲ စားသောက်နေထိုင်နိုင်မည့် နေရာမဟုတ်ပေ။ နေ့ဝက်အချိန်ထိ သူတောင်းစားကြီးကို သူလေ့လာခဲ့၏။ ထိုသူတောင်းစားအိုကြီးအကြောင်း ထူးကဲတာ ဘာမှမတွေ့နိုင်ပေ။ တစ်ခုတည်းသောအရာက သူတောင်းစားအိုကြီးသည် အင်မတန် အရှက်မဲ့ပြီး ရဲတင်းတာပဲဖြစ်သည်။

ရှောင်ယွမ်အာက ပြုံးပြီးပြောလိုက်၏။

"စိတ်မပူနဲ့ ကျွန်မရဲ့လက်သီးက မနာဘူး”

သူမက မြေပြင်ပေါ်ခပ်သာသာနင်းလိုက်ရာ ခြေရာကျန်ရစ်ခဲ့သည်။ သူမကိစ္စ ဆောင်ရွက်သည့်အချိန်တွင် ကျန်သည့် အမျိုးသမီးကျင့်ကြံသူများက အကြည့်လွှဲသွားကြ၏။

ဘန်း ဘန်း

ရှောင်ယွမ်အာက ထပ်ခါထပ်ခါထိုးလိုက်၏။ ကိစ္စများက ကြည့်မကောင်းတောြပေ။ ဖန်လီထန်းက အမြန်လက်ကာပြီး ပြောလိုက်၏။ “ရပ် ရပ် ငါ အရှုံးပေးတယ်။ ငါ အရှုံးပေးတယ်” သူမည်ကဲ့သို့ အရှုံးမပေးဘဲနေမည်နည်း။ သူ၏မျက်နှာက ဖူးယောင်ပြီး ဒဏ်ရာရနေပြီဖြစ်သည်။

“ဒါမှ ဟုတ်သေးတယ်” ရှောင်ယွမ်အာက ကျေနပ်နေသောအမူအရာဖြင့် ရှစ်စွင်းဘက်သို့ ပြန်သွားလိုက်သည်။

တစ်ဖက်တွင်မူ ဟွားဝူတောက်က ထိတ်လန့်သွားတော့သည်။

“ခင်ဗျား အရင်တုန်းက ကျင့်ကြံသူတစ်ယောက်လား”

သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်က မည်မျှသန်မာစေကာမူ သူတို့က ရှောင်ယွမ်အာ၏ လက်သီးချက်ကို ခံနိုင်ရည်ရှိမှာမဟုတ်ပေ။ သို့သော် ခန္ဓာတည်ဖွဲ့ခြင်းအဆင့်ကို ရောက်ပြီးသည့် ကျင့်ကြံသူက ၎င်းကိုခံနိုင်ရည်ရှိရန်ပြဿနာမဟုတ်ပေ။ သူတောင်းစားအိုကြီးက ကနဦးချီအတက် အကျမရှိ သူက သာမန်သေမျိုးတစ်ဦးနှင့် မခြားပုံရသော်ငြား ရှောင်ယွမ်အာ သူ့ကို ရိုက်နှက်သည့် အချိန်တွင် အော်သံအနည်းငယ်သာ ပြုခဲ့သည်။ ဆိုလိုသည်က သူတောင်းစားအိုကြီးသည် အတိတ်တုန်းက ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့ဖူး၏။

ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံဆင့်ပျောက်သွားပြီးလျှင်တောင် ခန္ဓာတည်ဖွဲ့ခြင်း၏ အာနိသင်က ရှိနေသေးသည်။ သူတို့ခန္ဓာကိုယ်၏ ခံနိုင်ရည်နှင့် ခွန်အားက သာမန်သေမျိုးများထက် ပိုကောင်းသည်။ ရှောင်ယွမ်အာ ရိုက်နှက်ခံရပြီးနောက် ထိုအချက်က ပေါ်လာတော့သည်။

ဖန်လီထန်းကပြော၏။

“ဘာကျင့်ကြံသူလဲ။ ကျုပ်က အရေထူတာ။ လေးရာသီလုံးလုံး သည်းခံလာရတာ ဘာပြဿနာမှ မရှိဘူး။ လက်သီးချက် နည်းနည်းလောက်ကိုခံနိုင်တယ်” သူက ယခုအခြေအနေထိ ဆက်လက်ဟန်ဆောင်နိုင်မည်ဟု တွေးနေသည်။

ရှောင်ယွမ်အာက လက်သီးလေးကို ရမ်းလိုက်ပြီးပြောလိုက်တော့၏။

“ရှင့်အရိုးတွေကို လျှော့ပေးစေချင်လား”

ဖန်လီထန်းက အလိုလို နောက်ဆုတ်သွား၏။ သူက ဟန်မဆောင်ရဲတော့ချေ။

လုကျိုးက မုတ်ဆိတ်သပ်ပြီး ပြောလိုက်၏။ “မင်း မိစ္ဆာဝေဟင်မျှော်နန်းမှာ ကောင်းကောင်းမွန်မွန် အိပ်ချင်တယ်ဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့စည်းမျဉ်းတွေကို လိုက်နာရမှာပေါ့”

“ကျုပ်က စည်းမျဉ်းတွေကို အမြဲတမ်းလိုက်နာတယ်။ ပင်လယ်လေးခုကို ကျုပ်ရဲ့အိမ်လို့ခေါ်တယ်။ ဘယ်နေရာပဲသွားသွား စည်းမျဉ်းတွေကို အမြဲလိုက်နာတယ်" ဖန်လီထန်းက ပြောသည်။

“ဒါ ကောင်းတယ်”

လုကျိုးက ရွှေနန်းဥယျာဉ်တောင်၏ အရံအတားကို တစ်ချက်ကြည့်ပြီးနောက် လှည့်လာသည်။

ဖန်လီထန်းက မြေပြင်ပေါ်တွင် ထိုင်နေလျက် မျှော်လင့်ချက်မဲ့ကာ ကူကယ်ရာမဲ့ပုံပေါ်နေ၏။

“ခင်ဗျားရဲ့ အထောက်အထား အဆင့်အတန်းနဲ့ဆို နေ့ရက်တွေကို သက်သောင့်သက်သာ နေနိုင်တယ်။ ဘာကြောင့်များ ဒီအခြေနေထိ လျော့ကျသွားအောင် ခင်ဗျားဘာတွေများဖြစ်ခဲ့တာလဲ”

လုကျိုးက မေးလိုက်၏။

ဖန်လီထန်းက ခေါင်းခါပြီးပြုံးကာ ပြောလိုက်တော့သည်။

“သူတောင်းစားတစ်ယောက် ဖြစ်ရတာကောင်းတယ်။ အရှက်မရှိသရွေ့ အစာအိမ်ဖြည့်ဖို့တစ်စုံတစ်ခု ရှိနေလိမ့်မယ်”

“မင်းက တကယ်အရှက်မဲ့တာပဲ”

“ဒါပေမဲ့ ငါ ဘယ်လောက်အရှက်မဲ့လဲဆိုတာ အကန့်အသတ်တစ်ခုရှိတယ်။ ငါ ဗိုက်ပြည့်ပြီဆိုတာနဲ့ ထွက်သွားမှာ”

လုကျိုးက ဖန်လီထန်းကို ကြည့်ပြီးပြောလိုက်၏။ "ထွက်သွားမှာလား။ ဘယ်ကိုလဲ”

“လောကကြီးရဲ့ထောင့်လေးထောင့်က ငါ့ရဲ့အိမ်ပဲ”

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့သေရည်ကို သောက်ပြီးတော့ ထွက်သွားဖို့စဉ်းစားနေသေးတာလား”

လုကျိုးက မေးလိုက်၏။

“ဟမ်” ဖန်လီထန်း၏အမူအရာက သုန်မှုန်သွားကာ စိတ်ထဲကျိန်ဆဲလိုက်၏။ သူ့ကို ကူညီခဲ့ဖူးသည့် တစ်စုံတစ်ယောက်ထံမှ တောင်းဆိုချက်ကို ငြင်းပယ်ဖို့က ခက်ခဲလှသည်။

မိစ္ဆာဝေဟင်မျှော်နန်း၏သခင်သည် ယခင်ကထက် ရန်လိုမှုနည်းလားပြီး ကြမ်းတမ်းမှုလျော့လာ၏။ သူ၏လေသံနှင့်အမူအရာက ကြင်နာတတ်သည့်ဘက်သို့ ရောက်လာလေ၏။ သို့သော် ကြင်နာတတ်သည့် အကျင့်စရိုက်က သူရက်စက်သည့်အချိန်နှင့် ယှဉ်လျှင် ပိုကြောက်မက်ဖွယ် ကောင်းနေသည်။

“မင်းကို နေခွင့်ပြုတယ်ဆိုမှတော့ မင်းကို ကျွေးထားနိုင်တယ်လို့ဆိုလိုတာပဲ” လုကျိုးက ပြော၏။

ဖန်လီထန်းက သက်ပြင်းချလိုက်၏။

“ကျုပ်က သူတောင်းစားတစ်ယောက်ပဲ။ ကျုပ်ရဲ့အသက်က တန်ဖိုးမရှိဘူး။ ဘာမှ မလုပ်ပေးနိုင်ဘူး”

လုကျိုးက ခေါင်းခါလိုက်၏။ သူက မထောက်ခံဘဲပြောလိုက်သည်။

“စားပွဲတစ်လုံး ဒါမှမဟုတ် ဝက်တစ်ကောင်မှာတောင် သူတို့တန်ဖိုးရှိတာပဲ”

“ခင်ဗျားပြောတာ အဓိပ္ပာယ်ရှိတယ်” ဖန်လီထန်းက ခေါင်းညိတ်လိုက်၏။ ပြီးနောက် လုကျိုး၏ စကားများက သူ့ကို ကြောင်အသွားစေ၏။ ဘာကို ဆိုလိုတာလဲ။ ဝက်ရဲ့တန်ဖိုးက သူ့ရဲ့အသားအတွက် သတ်တဲ့အခါ မဟုတ်ဘူးလား။

“ခင်ဗျား ကျုပ်ကို သတ်ဖို့ရည်ရွယ်နေတာလား”

“ဒါက မိစ္ဆာဝေဟင်မျှော်နန်း အမြဲအလုပ်လုပ်တဲ့ပုံပဲလေ” လုကျိုးက ဖန်လီထန်းကို ကြည့်ပြီးနောက် လက်နောက်ပစ်ထားလျက် ပြောလိုက်တော့သည်။ လုကျိုးသည် ဖန်လီထန်းကို မြင့်မားပြီး ခမ်းနားသည့်အငွေ့အသက်တို့ ရှိသည်ဟု သတ်မှတ်ထားသည်။ သူက လက်နောက်ပစ်ထားလိုက်၏။ ဖန်လီထန်းကို နက်ရှိုင်းသည့်ထိုးဖောက်သောအကြည့်တို့ဖြင့် ကြည့်လိုက်သည်။

အကြည့်ချင်းဆုံသွားသောအခါ ဖန်လီထန်းက နှလုံးမခုန်နိုင်တော့ပေ။ ထိုအခြေအနေဘာကို ဆိုလိုမှန်းသိသည်။ သူ့ဖာသာသူ ရေရွတ်ပြောပြီးနောက် နောက်ဆုံးတွင် ပြောလိုက်တော့၏။

“ကျုပ်ရဲ့ အတိတ်တုန်းက တစ်စုံတစ်ယောက်ကိုသတိရသွားပြီ”

ရှောင်ယွမ်အာက သူမ ရယ်ချင်စိတ်ကို ထိန်းထားရသည်။ သူကပြောလိုက်၏။

"အတိတ်တုန်းက တစ်စုံတစ်ယောက်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ရှင့်ရဲ့မြေးက အဆင်ပြေတယ်။ နှစ်ယောက်လုံးက ရက်အနည်းငယ်အတွင်းတွေ့ခွင့်ရမှာ"

“…” ဖန်လီထန်းက ဆွံ့အသွား၏။ “သူက နာမဲ့နေရာကို ဘယ်လိုရိုက်ရမလဲဆိုတာ သိနေတာပဲ”

သူမက သူ့တည်ရှိမှု၏ ဒုက္ခဖြစ်စေသည့်အကြောင်းအရင်းဟူ၍ ခံစားမိလာသည်။

ဖန်လီထန်းက ရှောင်ယွမ်အာကို လျစ်လျူရှုပြီးနောက်ပြောလိုက်သည်။

“သူ့ကိုတွေ့ပြီးမှ ဆုံးဖြတ်ချက်ချမယ်” “ကောင်းတယ်” လုကျိုးကပြန်ပြောပြီးနောက် အရှေ့ဘက်မျှော်နန်းဆီသို့ လှည့်ထွက်သွားသည်။

လုကျိုးထွက်သွားပြီးနောက် ဟွားဝူတောက်က ဖန်လီထန်းကို ဆက်လေ့လာနေသည်။ သူက မေးလိုက်တော့သည်။

“ခင်ဗျားရဲ့မြေးက မိစ္ဆာဝေဟင်မျှော်နန်းမှာလား”

ဖန်လီထန်းက မပြောရသေးခင် ရှောင်ယွမ်အာက ဖန်လီထန်းကို လက်ညှိုးထိုးပြီးနောက် ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

“သူက ဖန်ကျုံးရဲ့အဖိုးလေ”

“...” ဖန်လီထန်းက ဆွံ့အသွား၏။ သူ့အတွက်သူ မရှင်းပြနိုင်တော့ပုံရသည်။

ဟွားဝူတောက်က လက်သီးဆုပ်လိုက်၏။ “ဪ ဒီတော့ ခင်ဗျားက ဖန်ကျုံးရဲ့အဘိုးကိုး"

ဖန်ကျုံးသည် ဟွားဝူတောက်အဖို့အငယ်တစ်ယောက်သာဖြစ်သည်။ ဟွားဝူတောက်က ဖန်ကျုံး၏ နောက်ခံကို မသိခဲ့ပေ။ ထို့ကြောင့် ယဉ်ကျေးသမှုဖြင့်သာနှုတ်ဆက်လိုက်၏။

“ကျုပ်ရဲ့ မျိုးရိုးနာမည်က ဖန်မဟုတ်ဘူး။ တကယ် ဖန်မဟုတ်ဘူး”

ကျန်သည့်သူများက ထွက်သွားကြသည်။ အဘိုးအိုသည် ရူးသွပ်သွားတော့မည့်ပမာ ခံစားနေရ၏။

လုကျိုးက အရှေ့ဖက်မျှော်နန်းဆီ ပြန်သွားစဉ် ကျောင်းယွဲ့နှင့် တွမ့်မူရှန်းက သူ့နောက်မှ တလေးတစား လိုက်ပါလာ၏။

“ရှစ်စွင်း သူက သာမန်သူတောင်းစားတစ်ယောက်ပဲလေ။ သူ့ကို ဘာကြောင့် နေခွင့်ပေးတာလဲ”

တွမ့်မူရှန်းက မေးလိုက်သည်။

“သူ့ကို သုံးစရာရှိတယ်” လုကျိုးကပြန်ပြောလိုက်၏။

တွမ့်မူရှန်းသည် ထိုကိစ္စကို သူ့ဘာသာသူ တွေးနေသည်။ အရံအတားတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို ပြန်တွေးမိသောအခါ သူက ပြောလိုက်သည်။

"စစ်ရှစ်တိက ပြန်ရောက်မလာသေးဘူး။ မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ ဒီလိုကိစ္စ ဖြစ်သွားတာ ရန်သူတွေက ဒီအခွင့်အရေးယူပြီး တောင်ကို ကျုးကျော်လာမှာ ကျွန်တော်စိုးရိမ်မိတယ်။ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့် ထိခိုက်မယ်ဆိုရင်တောင် အရံအတားကို ပြန်ပြင်စိတ်ရှိတယ်”

လုကျိုးက လက်ဝှေ့ယမ်းလိုက်ကာပြောလိုက်သည်။

"အရံအတားက တဝက်အားလျော့သွားတယ် ဆိုပေမဲ့ အဆင့်နိမ့်တဲ့ကောင်တွေ ဝင်နိုင်တဲ့နေရာ မဟုတ်သေးဘူး”

လက်ရှိအခြေအနေအရ အရံအတားသည် ကျောက်စိမ်းယဇ်ပလ္လင်နှင့် ယွင်ဂိုဏ်း၏အစီအရင်များနှင့် အလွန်ကွဲပြားနေသည်။

ဖြောင့်မတ်ခြင်းလမ်းစဉ်၏ ထိပ်သီးဂိုဏ်းဆယ်ဂိုဏ်းက ရွှေနန်းဥယျာဉ်တောင်ကို ထပ်မံခြေချရဲလျှင် လုကျိုးက အသုံးပစ္စည်းကတ်တစ်ချို့အသုံးပြုရမှာကိုလည်းစိတ်ထဲမထားပေ။

“မင်းတို့နှစ်ယောက်ပြန်သင့်ပြီ” လုကျိုးက မျှော်နန်းထဲသို့ဝင်သွားတော့သည်။

“ဒါဆို ကျွန်တော်တို့သွားပါတော့မယ် ရှစ်စွင်း” တွမ့်မူရှန်းနှင့် ကျောင်းယွဲ့က အရှေ့ဘက်မျှော်နန်းမှ ထွက်သွားသည်။

မျှော်နန်းထဲတွင်ဖြစ်၏။ လုကျိုးက စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။

သူ ကောင်းကင်ကျမ်းစာကို ဆင်ခြင်နေစဉ် မည်သို့ဖြစ်ပျက်သွားကြောင်း သိချင်မိသည်။ အမှန် တကယ်ပင် ကောင်းကင်ကျမ်းစာ၏ ထူးကဲသောစွမ်းအင်က ဖြုံလောက်၏။ သို့သော် အဘယ် ကြောင့် အရံအတား၏စွမ်းအင်ကို သူ၏ခန္ဓာကိုယ်ထဲဝင်စေရသနည်း။ သူက ကောင်းကင်ကျမ်းစာ ၏ အချက်အလက်များကို ကြည့်လိုက်သည်။ စကားလုံးများ တိုးလာသည့်ပုံ မပြပေ။ ကောင်းကင်ကျမ်းစာက လူသားစာလိပ်ဖြစ်ကြောင်း ပြသနေသေး၏။

လက်ရှိတွင် လုကျိုးရှာတွေ့ထားသော ပထမဆုံးစွမ်းအားက အသံအခြေပြုကျင့်စဉ်များဖြစ်သည်။

ဖွင့်ထားသော ကောင်းကင်ကျမ်းစာ စာလိပ်သည် ဒုတိယစွမ်းအားဖြစ်လောက်သည်။ ယင်းက အသံတိတ်ခြင်းဖြစ်သည်။ ယင်းက ဈာနမုဒြာတစ်မျိုးဖြစ်သော်ငြား ပိုပြီးသန်မာလောက်၏။

သူသည် စွမ်းအား၏ ဖိအားကိုစမ်းသပ်ခဲ့ပြီးဖြစ်သည်။ သူက တည်ရှိမှုအရ သူ ၎င်းကိုဆင်ခြင်ရာ၌ တိုးတက်လာလျှင် ကျင့်စဉ်တိုးတက်လာမည်ဖြစ်သည်။ ထို့အပြင် တတိယ၊ စတုတ္ထနှင့် ပဉ္မမစွမ်းအားတောင် ရှိလာလိမ့်မည်။

တစ်နည်းဆိုရလျှင် ဖွင့်ထားသော ကောင်းကင်ကျမ်းစာ စာလိပ်က မတူသောကွဲပြားခြားနားသော စွမ်းအင်များရရှိပြီး အသုံးပြုနိုင်အောင် ကူညီပေးလိမ့်မည်။

လုကျိုးသည် စနစ်မျက်နှာပြင်ကို တစ်ချက်ထပ်ကြည့်လိုက်သည်။

ကျန်ရှိသည့် အသက်= ၅၂၃၆ ရက်

ဟမ် တစ်ထောင်ကျော်လျော့သွားတာပဲ။

လုကျိုးက တည်ငြိမ်နေပုံပေါ်သော်ငြား စိတ်ထဲတွင်မူ စနစ်ကိုကျိန်ဆဲလိုက်ပြီး တစ်မိသားစုလုံးကို ကျိန်ဆဲလိုက်၏။

မြင်းအကောင်ရေတစ်သောင်း ဖြတ်ပြေးသည့်ပမာခံစားလိုက်ရတော့သည်။ သူသည် ရက်တစ်ထောင်ကျော်အသက်ကို ဆုံးရှုံးသွား၏။

ရွှေနန်းဥယျာဉ်တောင်၏အရံအတားမှစွမ်းအင် သူ၏ခန္ဓာကိုယ်ထဲဝင်ရောက်လာချိန်တွင် သူက ၎င်းကိုခံနိုင်ရည်ရှိရန်အတွက် အင်မတန်အစွမ်းထက်သော ခန္ဓာကိုယ်နှင့် ကျင့်ကြံဆင့်ရှိရန် လိုအပ်သည်။ မဟုတ်လျှင် များပြားလှသည့် စွမ်းအားက သူ၏အိုမင်းမှုကို အရှိန်တက်စေ၏။ သူ့ဘဝ၏တစ်စိတ်တစ်ပိုင်းက အရံအတား၏ စွမ်းအားယူသွားတာဟု တွက်ချက်မိ၏။

ဆုံးရှုံးမှုပဲ။ သို့သော် နောက်ထပ်စွမ်းအားရလာသည့်အချိန်က အနည်းငယ်နှစ်သိမ့်ပေးနိုင်သည်။

လုကျိုးက ကံစမ်းမဲနှိုက်ပြီးရထားသော အကြောင်းပြန်လှန်ကတ်များကို တစ်ချက်ကြည့်လိုက်သည်။

သုံးမယ်။ သူ့ဖာသာသူတွေးလိုက်၏။

အကြောင်းပြန်လှန်ကတ်ငါးကတ်သည် တစ်ချိန်ထဲတည်းတွင် ကြယ်အလင်းစက်လေးများအဖြစ် ပျော်ဝင်သွားပြီး သူ့နား၌ ရစ်ဝဲလာ၏။ အရှေ့ဖက်မျှော်နန်းတစ်ဝက်၌ အသက်စွမ်းအင်များက စုဝေးလာပြီး လုကျိုး၏ ခန္ဓာကိုယ်ထဲဝင်ရောက်လာတော့သည်။

ထိုသို့ဖြစ်ပျက်ချိန် တွမ့်မူရှန်းနှင့် ကျောင်းယွဲ့တို့က အနားတွင်ရှိနေသေး၏။ သူတို့က ရပ်တန့်ပြီးလှည့်ကြည့်လိုက်သည်။

စွမ်းအင်ထဲရှိ မဟာအတက်အကျကိုအာရုံခံမိသောအခါ တွမ့်မူရှန်းက မျက်မှောင်ကျုံ့သွား၏။

“ရှစ်စွင်း တစ်ခုခုဖြစ်ပြန်နေတာလား”

“သူက တကယ်ကျင့်စဉ်ဖောက်ပြန်တာလား”

နှစ်ယောက်သား၏မျက်နှာထက်တွင် စိုးရိမ်ပူပန်သည့်အမူအရာရှိနေသည်။ ရွှေနန်းဥယျာဉ်တောင်၏ အရံအတားမှ စွမ်းအင်ကလည်း ဖရိုဖရဲဖြစ်လာ၏။

တွမ့်မူရှန်းက ခေါင်းခါပြီးနောက်ပြောလိုက်သည်။ "သူ့ကို လွှတ်ထားလိုက်ရအောင်” သူ၏ အမှားကနေသင်ယူခဲ့ပြီးဖြစ်သည်။ ရှစ်စွင်းသည် ၎င်းကို ဖြေရှင်းနိုင်သည့်အရည်အချင်းရှိမှန်း သိ၏။ ထို့ကြောင့် သူဘာမှမလုပ်ရန်ဆုံးဖြတ်လိုက်သည်။

ကျောင်းယွဲ့က ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ နှစ်ယောက်သားသည် နောက်လှည့်မကြည့်ဘဲ အရှေ့ဖက်မျှော်နန်းဆီမှ ထွက်သွားသည်။ အသက်စွမ်းအင် စုစည်းမှု ပြီးဆုံးသွားသည်။ သူ၏အသက်က ထောင့်ငါးရာရှိသွား၏။

ကျန်ရှိသည့်အသက်= ၆၇၃၆ရက်

သူက လုံလောက်အောင် မလျင်မြန်ခဲ့ပေ။ သို့သော် လုကျိုးက သူ့သက်တမ်းတိုသွားပြီးနောက် ပြန်ဖြည့်တင်းခံရချိန်တွင် ဘာမှ ထူးခြားတာကိုမခံစားရပေ။

“ကောင်းကင်ကျမ်းစာကို ဆက်ဆင်ခြင်ရအောင်” လုကျိုးက တင်ပျဉ်ခွေချိတ်ထိုင်ပြီးနောက် စိတ်တည်ငြိမ်အောင်ထားလိုက်သည်။

ထူးကဲစွမ်းအင်၏ အင်အားကို မျက်မြင်တွေ့ပြီးနောက်လုကျိုးက ကောင်းကင်ကျမ်းစာကို ဆင်ခြင်ရာတွင် အားပိုစိုက်သင့်သည်ဟုခံစားမိသည်။

စိတ်ဝိညာဉ်သဏ္ဌာန်အတွက်မူ ၎င်းကို ရရန်အလုပ်ပိုကြိုးစားရမည်။ သို့သော် လက်ရှိတွင် ကောင်းကင်ကျမ်းစာကို သဘောပေါက်ခြင်းထက် စိတ်ဝိညာဉ်သဏ္ဌာန်ကို ရရှိရန်က ပိုခက်ခဲ နေသည်။ မဟုတ်လျှင် သူက တစ်ပြိုင်နက်တည်း အလုပ်နှစ်ခုကို ဆောင်ရွက်သင့်သည်လော။

လုကျိုးသည် ဆင်ခြင်သည့်အခြေအနေထဲ လျှင်မြန်စွာဝင်ရောက်လိုက်၏။ သို့သော် လျှို့ဝှက်ခန်း အတွင်း ဆင်ခြင်ခြင်းမှ ကွဲပြားခြားနားသည့်အတွေ့အကြုံဖြစ်နေသည်။ ထိုမတိုင်ခင်က ဆင်ခြင်ခြင်း အခြေအနေသို့ဝင်ရောက်လျှင် အာရုံအားလုံးဆုံးရှုံးသွားပြီး လောကကြီးနှင့်ကင်းဝေးသည့်နေရာသို့ရောက်နေသည့်ပမာခံစားရသည်။ လက်ရှိတွင်မူ လုကျိုးက သတိအပြည့်ရှိနေ၏။ ယင်းက ဖွင့်လှစ်ခြင်းကောင်းကင်စာလိပ်မှ တိုးတက်မှုများထဲမှ တစ်ခုကြောင့်ဖြစ်ကြောင်း သိလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းနောက်တစ်ရက်ရောက်သွား၏။ လုကျိုးသည် ချဉ်းကပ်လာသည့် ခြေသံများကိုကြားပြီး မျက်လုံးဖွင့်လိုက်၏။ “ရှစ်စွင်း ကျန်းအိုက်ကျန့်ဆီက စာပါ” ကျောင်းယွဲ့က ပြောသည်။

“ဘာပြောထားလဲ”

“ရှစ်စွင်းအတွက်ဖတ်ပြမယ်” ကျောင်းယွဲ့က စာကိုဖွင့်ပြီး ကျယ်လောင်စွာဖတ်လိုက်၏။

“လောင်ချန်းပေ့ ရွှေနန်းဥယျာဉ်တောင်အရံအတားက ဖရိုဖရဲဖြစ်တဲ့အကြောင်းက မဟာဂိုဏ်းကြီး ဆယ်ဂိုဏ်းနားပေါက်သွားတယ်။ ကိစ္စတွေက မိစ္ဆာဝေဟင်မျှော်နန်းအတွက် မကောင်းမှာကို စိုးရိမ်မိတယ်၊ လောင်ချန်းပေ့ ဒီအကြောင်းကျွန်တော့်ဆီ သတင်းပို့ပေးဦး။ ဒါမှ ကျွန်တော်ကိုယ့်ကျွန်တော် ကြိုပြင်ဆင်ထားလို့ရမှာ” သူမ ဖတ်ပြီးသည်နှင့် ကျောင်းယွဲ့က ကျိန်ဆဲကာ စိတ်ပျက်သွားသည်။

“ရှစ်စွင်း ကျန်းအိုက်ကျန့်က သွားတဲ့နေရာတိုင်း လေတိုက်နေတယ်လို့ ခံစားမိတယ်” လုကျိုးက ပြောလိုက်သည်။

“ကျန်းအိုက်ကျန့်ကိုပြောလိုက်။ ငါ့အချိန်မစေ့ခင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ခန်းမဆီကိုဘယ်သူ့မှ မလာရဲဘူး”

“ဟုတ်ကဲ့ ရှစ်စွင်း”

...

ထိုစဉ် ဖင်းတုတောင်တန်းပေါ်ရှိ ငရဲဂိုဏ်း၏မဟာခန်းမထဲတွင်ဖြစ်သည်။

ယွီကျန့်ဟိုင်က ဘယ်ဖက်တွင်ထိုင်နေသောစီးဝူယာ့ကိုကြည့်လိုက်သည်။

“ချီရှစ်တိ မင်းပြောတာက ရွှေနန်းဥယျာဉ်တောင်ရဲ့အရံအတားကအခု တစ်ဝက်အားလျော့ နေတာလား”

စီးဝူယာ့က တည်ငြိမ်နေပုံပေါ်ပြီး သူ၏စကားများက ယုံကြည်ချက်ပြည့်နေပုံရသည်။

“ကျွန်တော့်ရဲ့ လူတွေက ဘယ်တော့မှ သတင်းအမှားကို မဖြန့်ဘူး။ ဒါပေမဲ့ အထဲမှာ ဘာဖြစ်နေလဲဆိုတာမသိဘူး။ လောင်ပါ့က သတင်းဖြတ်ခံထားရတဲ့ပုံပဲ”

“အကြောင်းပြချက်ကကော”

“အရံအတားရဲ့ စွမ်းအင်က ပြောင်းပြန်စီးဆင်းနေတယ်။ တစ်ယောက်ယောက်က အရံအတားရဲ့ စွမ်းအင်ကို စုပ်ယူထားတဲ့ပုံပဲ”

နှစ်ယောက်သားက သူတို့ရှစ်စွင်းမှအပ စွမ်းအင်ကို စုပ်ယူရန် သတ္တိ လုံလုံလောက်လောက်ရှိသည့် သူ မရှိမှန်း သိကြသည်။

“သူ အသက်ကြီးနေပြီဆိုတဲ့အချက်ကို ဘာကြောင့်လက်မခံတာလဲ” ယွီကျန့်ဟိုင်က သက်ပြင်းချလိုက်သည်။

“စွမ်းအင်စုပ်ယူတာက သူ့ရဲ့ကျင့်ကြံဆင့်ကို ထိန်းထားနိုင်ဖို့အတော်ကူညီပေးနိုင်တယ်။ ဒါပေမဲ့ သက်တမ်းကိုလည်း ထိခိုက်စေနိုင်တယ်လေ” စီးဝူယာ့ကပြော၏။

ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်တော့သည်။

“ဒါသာအမှန်ဆိုရင် ရှစ်စွင်းတော့ ဒုက္ခပါပဲ”

“တာ့ရှစ်ရှိုး ရှစ်စွင်းကို ကူညီဖို့ ရည်ရွယ်နေတာလား” စီးဝူယာ့က မေးလိုက်ပြီး ဇဝေဇဝါဖြစ်သွား၏။

ယွီကျန့်ဟိုင်က ခေါင်းခါလိုက်တော့သည်။ “ငါ ကူညီညီ မကူညီညီ အဓိပ္ပာယ်မရှိဘူး” စီးဝူယာ့က ခေါင်းညိတ်လိုက်၏။ ယွီကျန့်ဟိုင်က ကျင့်မင်တာအိုဂိုဏ်းကို ဖြေရှင်းနေရသည်။ ကျန်သည့်ဂိုဏ်းကို ဂရုစိုက်ရန် အချိန်မရှိပေ။

“မင်းရဲ့အမြင်မှာ အခု မိစ္ဆာဝေဟင်မျှော်နန်းအရေးနိမ့်ရင် ဘယ်သူက အရင်ဆုံး ထကြွမယ်လို့ ထင်လဲ”

…

အခန်း (၂၁၈) တစ်စုံတစ်ယောက်ကို ဖျောင်းဖျဖို့ နည်းလမ်း

စီးဝူယာ့က ပြုံးကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“ ဖြောင့်မတ်ခြင်း လမ်းစဉ် ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှ မိစ္ဆာဝေဟင်မျှော်နန်းအပေါ် အမုန်းတရား သိပ်မရှိတဲ့ ခုနှစ်စင်ကြယ်ရွာနဲ့ ပင်မနှလုံးသားဂိုဏ်းတို့နဲ့ ကြားထဲက ဂိုဏ်းတွေဖယ်လိုက်ရင် ဂိုဏ်းသုံးဂိုဏ်း ကျန်တယ်။ ကောင်းကင်ဓားဂိုဏ်း၊ သမာသမတ်ဂိုဏ်း၊ ကျင့်မင်တာအိုဂိုဏ်းနဲ့ အဇဋာအကျော်အမော်များဂိုဏ်းတွေက တာအိုအရင်းအမြစ် အတူတူပဲ။ ကံကြမ္မာကောင်း ဘုရားကျောင်း၊ ဟုန်ချူး အဖွဲ့ခွဲ၊ ကျန့်ချိန်အဖွဲ့ခွဲနဲ့ တွမ့်လင်းအဖွဲ့ခွဲတို့ကလည်း ကွန်ဖြူးရှပ်ကျောင်း အရင်းအမြစ် တူတယ်။ နောက်တစ်ခုက ပိုညင်သာပြီး ပျော့ပျောင်းတယ်။ သူတို့က မိစ္ဆာလမ်းစဉ်တွေနဲ့ ပဋိပက္ခ ဖြစ်လေ့ မရှိကြဘူး။ အဲဒီအစား မိစ္ဆာဂိုဏ်းတွေကို ပြဿနာရှာကြတာ တာအိုဂိုဏ်းတွေပဲ … ”

သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“သမာသမတ်ဂိုဏ်းရဲ့ အကြီးအကဲ ကျန့်ချိုးချီနဲ့ ကျန့်ချွမ်းလိုင်တို့က သေသွားကြပြီ။ ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် လော့ချန်းဖုန်းလည်း သူတို့ ရွှေနန်းဥယျာဉ်တောင်ကို ဝင်စီးတုန်း ရှစ်စွင်းဆီကနေ တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတယ်။ ကျင့်မင်တာအိုဂိုဏ်းက အခု တာ့ရှစ်ရှိုးကျေးဇူးနဲ့ အခု သူတို့ဘာသာ ရပ်တည်ထားနိုင်တယ်ဆိုရုံလေးပဲ ….

နတ်ဘုရားသခင်ဂိုဏ်းကတော့ ဘာမှမလှုပ်ရှားလာသေးဘူး။ ကြည့်ရတာ သမာသမတ်ဂိုဏ်းနဲ့ ကောင်းကင်ဓားဂိုဏ်းတို့က အရင်လှုပ်ရှားကြပုံပဲ။ ဒါပေမဲ့ သမာသမတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျန့်ယွမ်ရှန်းကတော့ ငကြောက်ဆိုပြီး လူသိများတယ် …

ကျန့်ယွမ်ရှန်းက ဒီမတိုင်ခင် ကျောက်စိမ်းယဇ်ပလ္လင်မှာ မိစ္ဆာဘုရားကျောင်းရဲ့ ရန်ပုတင်းနဲ့ တွေ့ခဲ့တယ်။ အခု ရန်ပုတင်းက သေသွားပြီဆိုတော့ ကျန့်ယွမ်ရှန်းက ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ တစ်ခါသေဖူး ပျဉ်ဖိုး နားလည်ဆိုသလိုပဲလေ”

ယွီကျန့်ဟိုင်က စီးဝူယာ့ စကားဆီမှ ဘာမှမဖမ်းမိလိုက်ပေ။ ငရဲဂိုဏ်း စီမံလာသည့် နှစ်တစ်လျှောက် သူ့လက်အောက်ငယ်သားတိုင်းကသာ သူ့ကို ဒီလိုတင်ပြလာခဲ့လျှင် သူ အမောဆို့သေသွားလိမ့်မည်။

“ အဲဆိုတော့ အဓိကဆိုလိုရင်းက … ”

“ ကောင်းကင်ဓားဂိုဏ်း ” စီးဝူယာ့က ပြောလိုက်သည်။

ယွီကျန့်ဟိုင်က ခေါင်းညိတ်ကာ “ ကောင်းကင်ဓားဂိုဏ်းရဲ့ လော့ချန်းဖုန်းကလည်း သေသွားပြီ။ သူတို့ တပည့်ကြီး ကျိုးကျစ်ဖုန်းကလည်း သစ္စာဖောက်ပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်သွားပြီ။ ကောင်းကင်ဓားဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို အရိုးထဲအထိ မုန်းတီးနေမှာပဲ ”

“ကောင်းကင်ဓားဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ် လော့ရှင်းခုံက နှစ်အကြာကြီး သီးသန့်ကျင့်ကြံနေခဲ့တာ။ သူ့သား ဆိုးဆိုးရွားရွား သေဆုံးရတာကို ဒီလို ငြိမ်ထိုင်နေစရာအကြောင်း မရှိဘူး ” စီးဝူယာ့က ထပ်ပြောလိုက်သည်။

“အဲအတွက် အပြစ်တင်လို့မှ မရတာ။ သူ့ဘာသာ ဖြစ်သွားတာလေ ”

လုကျိုးက ရွှေနန်းဥယျာဉ်တောင် ဝင်စီးသူများကြားမှ သူ့ကို သတ်ပစ်လိမ့်မည်ဟု မည်သူမှများ ထင်ထားမည်နည်း။

လော့ချန်းဖုန်းက အာရုံများစွာ ဆွဲဆောင်သူ ဖြစ်၏။ ထို့ကြောင့် သူ့လက်နက်နှင့်သူ ပြန်ထိခြင်း ဖြစ်ကာ သူ့ဘာသာ အပြစ်တင်လေသည်။

“တာ့ရှစ်ရှိုးက ဝင်ပါဖို့ စီစဉ်ထားတာလား” စီးဝူယာ့က မေးလိုက်သည်။

ယွီကျန့်ဟိုင်က တိတ်ဆိတ်သွားလေ၏။

စီးဝူယာ့က အဖြေမတောင်းပေ။ သူက ယွီကျန့်ဟိုင်၏ စိတ်နေသဘောထားကို နားလည်လေသည်။ သူက ယဲ့ထျန်းရှင်း၏ လရောင်ဆွတ်နန်းဆောင်သည် မိစ္ဆာဘုရားကျောင်း၏ တိုက်ခိုက်မှုကို ခံခဲ့ရစဉ်အချိန်က ယွီကျန့်ဟိုင်သည် ဘာမှဝင်မပါကြောင်း အမှတ်ရလိုက်သည်။ ယဲ့ထျန်းရှင်းက ရှစ်စွင်းဖြစ်သူကို လှည့်ဖျားသောကြောင့် ယွီကျန့်ဟိုင်အနေနှင့် သူမကို မကူညီပေးသည်မှာ နားလည်၍ ရလေသည်။ သို့သော်လည်း ယခု မိစ္ဆာဝေဟင်မျှော်နန်း အတွက် ကိစ္စဆိုးများ တန်းစီနေစဉ် ယွီကျန့်ဟိုင်က မလှုပ်မယှက်ဖြစ်နေသေး၏။ ကြည့်ရသည်မှာ သူ့တာ့ရှစ်ရှိုး တစ်ခုခု လုပ်ဖို့ မျှော်လင့်ချက်မှာ အရာမထင်လောက်ပေ။

သူက သက်ပြင်းချကာ ပြောလိုက်၏။

“ တာ့ရှစ်ရှိုး အဲဒီအကြောင်း စဉ်းစားနေတုန်းလား ”

“မင်းရဲ့ တာ့ရှစ်ရှိုးက အမြဲတမ်း သဘောထားပြည့်ဝတဲ့သူ ဖြစ်ခဲ့တာပါ။ အာ့ရှစ်ရှိုးက ငါ့လူတွေအများကြီး သတ်ခဲ့ပေမဲ့ ဘယ်တုန်းက ဘာပြောခဲ့လို့လဲ။ ပြီးတော့ အခုက ငါတို့ရှစ်စွင်းအကြောင်း ပြောနေတာလေ ” ယွီကျန့်ဟိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။

စီးဝူယာ့၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေသော်လည်း သူ့ဘာသာ တွေးလိုက်မိသည်။

အာ့ရှစ်ရှိုးနဲ့ ထိပ်တိုက်တွေ့ပြီး ဓားဆွဲထုတ်တော့မဲ့ဟာကို ဘာမှမပြောဘူးလို့ ပြောချင်သေးတာလား …

သို့သော်လည်း အပြင်ဘက်၌ သူက ပြောလိုက်၏။

“ တာ့ရှစ်ရှိုး ပြောတာ မှန်ပါတယ် ”

“ ငါ ကောင်းကင်ဓားဂိုဏ်းကို မောင်းထုတ်ဖို့ ဝင်ပါရင်တောင် နောင်ဆယ်နှစ်ကြာပြီးရင် ဘာဆက်ဖြစ်မှာလဲ။ အကာအရံက အားနည်းလာပြီ။ မိစ္ဆာဝေဟင်မျှော်နန်းက ဒီငါးနှစ်အတွင်း တစ်ခုခု ဖြစ်သွားနိုင်တယ် ”

ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် အခြားလူများ မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာကတည်းက ဂိုဏ်းကြီးဆယ်ဂိုဏ်းက ငါးကြိမ်ထက်မနည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ကြီးကြီးမားမား နှစ်ကြိမ် ဖြစ်ဖူးပြီး ပထမတစ်ကြိမ်က အဆင့်မြင့် ထိပ်သီးကျင့်ကြံသူဆယ်ယောက်က ဒဏ်ရာအပြင်းအထန် ရနေသည့် ကျိထျန်းတောက်အား ဝိုင်းတိုက်ခဲ့သည်။ ဒုတိယအကြိမ် ကြိုးစားမှုက ထိပ်သီးကျင့်ကြံသူ ဆယ်ယောက်က ရွှေနန်းဥယျာဉ်တောင်ကို ဝင်စီးဖို့ ကြိုးစားခဲ့ပြီး လော့ချန်းဖုန်း အသတ်ခံခဲ့ရသည့်အခါ ဖြစ်သည်။

နောက်တစ်ကြိမ် တိုက်ခိုက်မှု ဘယ်တော့ရောက်လာမလဲ မည်သူမှ မသိကြပေ။

သို့သော်လည်း အဆင့်မြင့် ကျင့်ကြံသူများစွာက အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေမှန်း သိသာလှသည်။ သူတို့က ကျိထျန်းတောက် သက်တမ်းကုန်ကာ ကျင့်ကြံဆင့် ယိုယွင်းလာမည့်အချိန်ကို စောင့်နေကြခြင်း ဖြစ်၏။

ဒီတစ်ကြိမ် အကာအရံ ယိုယွင်းမှုက သူတို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်၏။

“ငါးနှစ် …” စီးဝူယာ့က ရေရွတ်လိုက်သည်။

“ တာ့ယန်က ငါးနှစ်အတွင်း ဘာဖြစ်လာမလဲ ”

ယွီကျန့်ဟိုင်က ထိုအကြောင်းကြားသည့်အခါ စိတ်အားထက်သန်စွာ ပြုံးလိုက်ပြီး “ ချီရှစ်တိ … အနာဂတ်ကို စဉ်းစားနေတာ အဓိပ္ပာယ်မရှိဘူး။ ငါ့အတွက် အခုအရေးကြီးဆုံးက ကျင့်မင်တာအိုဂိုဏ်းနဲ့ ဖြေရှင်းဖို့ပဲ ”

ယွီကျန့်ဟိုင် စကားအဆုံးတွင် ငရဲဂိုဏ်း၏ နဂါးပြာခန်းမသခင် ဟွားချုံးယန်က ခန်းမထဲ ဝင်လာသည်။ သူက လက်နှစ်ဖက်ယှက်ကာ “ ဂိုဏ်းချုပ် … ကျင့်မင်တာအိုဂိုဏ်းရဲ့ မော့ချီ ထွက်ပြေးသွားပါတယ်။ ယို့ဟုန်ယီ တစ်ယောက်တည်း ကျန်နေခဲ့တာပါ … ကျွန်တော်တို့ ဆယ်ရက်အတွင်း ကျင့်မင်တာအိုဂိုဏ်းကို အပြတ်ရှင်းနိုင်ပါလိမ့်မယ် ”

“အရမ်းကောင်းတယ်” ယွီကျန့်ဟိုင် မျက်နှာထက် ဂုဏ်ယူသည့် အမူအရာ ပေါ်လာသည်။

“ ဖန်လီထန်း သတင်းရော ဘာကြားသေးလဲ”

“ကျင့်မင်တာအိုဂိုဏ်းသားတွေကို ဖမ်းပြီး နှိပ်စက်မေးမြန်းခဲ့ပေမဲ့ ဘယ်သူကမှ သူ ဘယ်ထွက်သွားလဲဆိုတာကို မသိကြဘူး။ ဖန်လီထန်းက ကျင့်မင်တာအိုဂိုဏ်းက ထွက်သွားတာ နှစ်ရာချီနေပြီးတော့ ဘယ်တုန်းကမှ ပြန်မရောက်လာခဲ့ဘူး ” ဟွားချုံးယန်က ပြန်ဖြေလိုက်သည်။

စီးဝူယာ့က ထိုသတင်းအချက်အလက်ကြောင့် နားမလည်ဖြစ်သွားကာ “ဘာကြောင့်များလဲ ”

“ ကျုပ်လည်း သေချာမသိပါဘူး ” ဟွားချုံးယန်က ခေါင်းခါလိုက်သည်။

ယွီကျန့်ဟိုင်က မေးလိုက်သည်။

“ ရှစ်တိက ဒီလူကို စိတ်ဝင်စားနေတာလား ”

“ကျင့်မင်တာအိုဂိုဏ်းက တာ့ရှစ်ရှိုး တိုက်ခိုက်မှုအပြီးမှာ နောက်ဆုံးအသက်ကယ်ချည်မျှင်လေး ဆွဲထားရတာလေ။ ဖန်လီထန်းက ကျင့်မင်တာအိုဂိုဏ်းရဲ့ ထိပ်တန်း ပညာရှင်ဆိုတော့ သူ ပုန်းအောင်းနေတာက အဓိပ္ပာယ်မရှိဘူး …”

စီးဝူယာ့က ဆက်မပြောခင် စဉ်းစားလိုက်ပြီး “ ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်။ တစ်ခုက ဖန်လီထန်း သေသွားတာ … ဒါပေမဲ့ အဲဒါက သိပ်တော့ မဖြစ်နိုင်ဘူး။ သူက ကျင့်ကြံဆင့် မြင့်မားပြီးတော့ သူ ထွက်ပြေးချင်ရင် ဘယ်သူမှ သတ်နိုင်မှာ မဟုတ်ဘူး။ ဒုတိယတစ်ချက်က ကျင့်မင်တာအိုဂိုဏ်းနဲ့ ဖန်လီထန်းကြားမှာ ဖြေရှင်းမရတဲ့ ပဋိပက္ခတွေ ရှိတာ … ”

“နောက်တစ်ခုက ပိုဖြစ်နိုင်ခြေရှိတယ် ..” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

ဒီလိုဆိုလျှင် ငရဲဂိုဏ်းအတွက် အရေးမကြီးပေ။ ဖန်လီထန်းက ပေါ်ထွက်မလာဖို့ ရွေးချယ်ခဲ့လျှင် ကျင့်မင်တာအိုဂိုဏ်းက ရှင်းထုတ်ခံရတော့မည်။ အကယ်၍ သူ ပေါ်လာပါက ယွီကျန့်ဟိုင်က ထိုက်တန်သည့် ပြိုင်ဖက်ကောင်းတစ်ယောက် ရလာမည် ဖြစ်သည့်အတွက် ပို၍ ကောင်းသွားပေမည်။

“ ငါ့ဘက်မှာ နေရင် ကြီးပွားပြီးတော့ ငါ့ကို ဆန့်ကျင်ရင် သေရမယ်။ ဒါ ငါ့အမိန့်ပဲ ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ဂိုဏ်းချုပ် အမိန့်အတိုင်းပါ ”

မျက်စိတစ်မှိတ်အတွင်း သုံးရက် ကုန်ဆုံးသွားလေသည်။

သတင်းပို့ငှက်က ယန်စီရင်စု အနောက်မြောက်ဘက်မှ မိစ္ဆာဝေဟင်မျှော်နန်း အကာအရံဆီ အံ့မခန်း အရှိန်နှုန်းဖြင့် ပျံသန်းလာနေသည်။

အရှေ့မျှော်နန်းအတွင်း …

လုကျိုးက သူ့ဆင်ခြင်ခြင်း အခြေအနေမှ ထွက်လာခါစ ဖြစ်သည်။ သုံးရက်ကြာပြီးနောက် သူက ထူးခြားအံ့ဖွယ် စွမ်းအားတစ်ဝက်သာ ပြန်ရလာကြောင်း အာရုံခံမိလိုက်သည်။ သူကအပြည့်အဝ ပြန်ကောင်းလာဖို့ တစ်ပတ်၊ ဆယ်ရက်ခန့် အချိန်ယူရလိမ့်မည်။ အနည်းဆုံးတော့ လက်ရှိနေရာတွင် ဖြစ်၏။ သူက ပိုမိုနားလည်လာလေလေ ထူးခြားအံ့ဖွယ် စွမ်းအား ပြန်ကောင်းလာလေလေ ဖြစ်၏။ ကျင့်ကြံခြင်း လမ်းစဉ်က ရှည်လျားလွန်းလှသည်။

ကိစ္စများကို အလျင်လိုနေ၍ မဖြစ်ချေ။

“ဈေးနှုန်းလေးတွေ တစ်ချက်ကြည့်လိုက်ကြတာပေါ့ … ”

လုကျိုးက စနစ်သည် ပစ္စည်းများကို ရုတ်တရက် ဈေးတင်ထားမည်ကို စိုးမိလေသည်။ သူက စနစ်၏ ပစ္စည်းများကို ကြည့်လိုက်၏။ ကံကောင်းသဖြင့် ဈေးမြင့်နေခြင်းမျိုး မရှိပေ။

“အာ … ဒါက ဘာလဲ ”

လုကျိုးက တာဝန်စာရင်းကို ကြည့်လိုက်သည့်အခါ သူ့တပည့်များကို ဆုံးမပဲ့ပြင်ရမည့် အဓိကတာဝန်အောက် တာဝန်အသစ်တစ်ခု ရောက်နေသည်ကို တွေ့လိုက်ရသည်။

ပျောက်ဆုံးနေသည့် သော့ကို ရှာပါ။ ၀ / ၁

“ပျောက်ဆုံးနေတဲ့ သော့လား ” သူက မှတ်ဉာဏ်များကို ရှာကြည့်လိုက်သည်။ ကျိထျန်းတောက်နှင့် သော့တစ်ချောင်း ဘာမှမရှိခဲ့ပေ။

လုကျိုး၏ အမူအရာက မည်းမှောင်သွားကာ ‘ ငါ့မှတ်ဉာဏ်ပျောက်နေတာနဲ့ ပတ်သက်မှုများ ရှိနေမလား’

လုကျိုးက အားလပ်ချိန် ရှိတုန်း ပျောက်ဆုံးနေသည့် မှတ်ဉာဏ်များကို ပြန်ရဖို့ ကြိုးစားလိုက်သည်။ သူက သံသယဖြစ်စရာ တစ်ခုခု ရှာတွေ့နိုင်ဖို့ ချိတ်ဆက်ကြည့်ဖို့ ကြိုးစားလိုက်သည်။ ထို့နောက် သူ့ပြန့်ကျဲနေသည့် မှတ်ဉာဏ်အပိုင်းအစများက စာရွက်အပိုင်းအစလိုမျိုး ဖြစ်၏။ သူတို့ကို ပြန်စပ်ဖို့ ခက်လှသည်။ ထို့ကြောင့် သူက လက်လျော့လိုက်၏။

တာဝန်က ပျောက်ဆုံးနေသည့် သော့ကို ရှာဖို့ ဖြစ်သောကြောင့် ဗီရို၊ သေတ္တာ သို့မဟုတ် ထည့်စရာတစ်ခုခုကို ဖွင့်တာနှင့် ပတ်သက်နေလိမ့်မည်။

မိစ္ဆာဝေဟင်မျှော်နန်း၌ လျှို့ဝှက်ခန်း၊ မြောက်ဘက်မျှော်နန်းနှင့် သိုလှောင်ခန်းတို့သာ သေတ္တာများ သိမ်းဆည်းထားတတ်သည်။

ပြောရလျှင် လုကျိုး၏ သီအိုရီ မှန်ကန်ကြောင်း ပြသနေသည်။ သူ ဒီနေရာ ကူးပြောင်းလာစဉ်အခါက ကျိထျန်းတောက်သည် ဘာမှမပျောက်ဆုံးကြောင်း သံသယဖြစ်မိ၏။ သူတို့က နေရာအနှံ့ ပြန့်ကျဲနေခြင်းသာ ဖြစ်ပေသည်။ ငမိုက်သားများအတွက် လက်နက်များ၊ ကောင်းကင်အပိုင်းအစများ၊ သူ့တပည့်များ ကျင့်ကြံသည့် ကျင့်စဉ်များနှင့် အရာအားလုံးက လျှို့ဝှက်ခန်းအတွင်းသာ ရှိခဲ့ကြသည်။ အရာအားလုံးက ဘေးပတ်လည်တွင်သာ ရှိခဲ့၏။ သည်လိုဆိုလျှင် ပျောက်ဆုံးနေသည့် သော့ကလည်း ကျိထျန်းတောက်၏ ပစ္စည်းများထဲမှ တစ်ခု ဖြစ်လိမ့်မည်။

ထိုစဉ် ရှောင်ယွမ်အာ၏ အသံက သူ့အတွေးများကို နှောင့်ယှက်လိုက်၏။

“ရှစ်စွင်း … အမည်မဲ့ စာတစ်စောင် ရောက်လာပါတယ် ”

လုကျိုးက အခန်းအပြင်ဘက်သို့ ထွက်လာကာ ရှောင်ယွမ်အာအား ကြည့်လိုက်သည်။

ရှောင်ယွမ်အာက တိမ်ယံငှက်မွေး ဝတ်စုံနှင့် တိမ်ယံခြေလှမ်း ဖိနပ်တို့ကို ဝတ်ဆင်ထားလေသည်။

“ ဧရာမပိုးလက်အိတ်ကရော ဘယ်မှာလဲ ” လုကျိုးက မေးလိုက်၏။ သူက သူမသည် ဘီလုံးငှက်မျှော်စင်မှ ထိုပစ္စည်းရလာကြောင်း သတိရလိုက်သည်။ သူမက ဝတ်ဆင်ထားပုံမရပေ။

ရှောင်ယွမ်အာက နှုတ်ခမ်းလေးစူကာ “ အဲဒါကြီးက ပုံတုံးကြီး မလှဘူး။ တောင်ဘက်မျှော်နန်းမှာ ထားခဲ့လိုက်တယ်”

ဧရာမပိုးလက်အိတ်က အမျိုးသမီးရော အမျိုးသားပါ အသုံးပြုနိုင်လေသည်။ အမြင်တော့ မတင့်တယ်ပေ။ ထို့အပြင် ရှောင်ယွမ်အာက အပြာရောင် ဝတ်စုံ၊ အပြာရောင် ဖိနပ်များကို ဝတ်ဆင်ထား၍ ထူးထူးဆန်းဆန်း အရောင်လက်အိတ်ကို ဝတ်ဆင်သည့်အခါ ကြည့်ရဆန်းနေလိမ့်မည်။ ထို့အပြင် ဧရာမပိုးလက်အိတ်မှ ရရှိသည့် အကျိုးကျေးဇူးများက ရှောင်ယွမ်အာလိုမျိုး ကျင့်ကြံသူများအတွက် မသိသာပေ။

ထားလိုက်ပါတော့လေ ..

လုကျိုးက ပြောလိုက်သည် “ဖတ်လိုက် ”

စာပို့သူက မည်သူ ဖြစ်နေပါစေ သတင်းပို့ငှက်က အကာအရံကို ဖြတ်ကျော်လာနိုင်သောကြောင့် သူ့တပည့်များဆီမှ၊ သို့မဟုတ် ဤနေရာမှ လူများဆီကသာ ဖြစ်နိုင်သည်။

ရှောင်ယွမ်အာက ခေါင်းညိတ်ကာ ဖတ်ပြလိုက်သည်။

“ကျင့်မင်တာအိုဂိုဏ်း တိုက်ခိုက်ခဲ့ရတယ်။ ငရဲဂိုဏ်းချုပ် ယွီကျန့်ဟိုင်က သွားသုတ်သင်နေတယ်။ ကျင့်မင်တာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ် မော့ချီက ဒဏ်ရာနဲ့ ရှိချန်းသဲ့ရှီးကန် အဖွဲ့ခွဲဆီ ထွက်ပြေးသွားတယ်။ ဖန်ကျုံးက အဲဒီဆီ သွားနေတဲ့ လမ်းမှာ … အန္တရာယ်တွေ ပုန်းလျိုးနေတယ်။ ဟားဟား … ”

ရှောင်ယွမ်အာက စာဖတ်တာ ရပ်လိုက်ပြီး လုကျိုးအား ကြည့်လိုက်သည်။

လုကျိုးက လက်ဝှေ့လိုက်သည့်အခါ စာက သူ့လက်ထဲ ရောက်လာသည်။

စာရေးသူက အမှန်တကယ် သူ့နာမည် မရေးထားပေ။ သို့သော်လည်း နောက်ဆုံး စာလုံးကြောင့် စာရေးသူ၏ ဇာစ်မြစ်ကို ခန့်မှန်းစေနိုင်သည်။

“ ကျန်းအိုက်ကျန့်အတွက် ဒီစာကို ပို့ဖို့ ခက်ခဲမှာပဲ ” လုကျိုးက ရေရွတ်လိုက်သည်။

ထိုအရာကို ကြားပြီး ရှောင်ယွမ်အာက သတိပြုမိသွားသည်။ သူမက စာကို လက်ညှိုးထိုးကာ “ ဒါက ကျန်းအိုက်ကျန့်ဆီကပဲ … ဖွီ အခု သိသွားပြီ။ သူ့စာတိုင်းမှာ ဟားဟားဆိုပြီး အမြဲတမ်း အဆုံးသတ်ထားတာပဲ ”

ကျန်းအိုက်ကျန့်က အချိန်အများစု လျှောက်သွားနေသည့် သတိကြီးကြီးလူတစ်ယောက် ဖြစ်ပေသည်။ သူ့တွင် နန်းတော်မှ ထူးခြားသည့် သတင်းအချက်အလက် အရင်းအမြစ်များ ရှိ၏။ စာပို့ပေးနေသည့် တစ်လျှောက်လုံး သူ့အမှတ်အသားတစ်ခု ချန်ထားခဲ့ခြင်းမှာ သူ့ရှင်သန်ရေး နည်းဗျူဟာ အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။ မော့စ်ကုဒ်လိုမျိုး သိရှိဖို့ သိပ်မလွယ်လှပေ။

ရှောင်ယွမ်အာက တွေးတောလိုက်သည်။

“ဖန်ကျုံးက အဲဒီဆီ ဘာလို့သွားနေတာလဲ။ သူက ဘာမှလုပ်စရာ မရှိဘူးလား ”

လုကျိုးက ဘေးပတ်လည်ကို ကြည့်လိုက်သည်။ ထို့နောက် သူက တွမ့်မူရှန်းနှင့် ကျောင်းယွဲ့ကို မမြင်မိသည့်အတွက် မေးလိုက်သည်။

“ လောင်စန်းနဲ့ လောင်ဝူက ဘယ်ရောက်သွားလဲ ”

“ သူတို့ တောင်ဘက်မျှော်နန်းထဲ နားနေကြပါတယ် ” ရှောင်ယွမ်အာက ပြောလိုက်၏။

လုကျိုးက သဘောမကျပေ။ သူက သူတို့ လျှို့ဝှက်ခန်းထဲ ကျူးကျော်လာသည့်အတွက် တုတ်ဒဏ်သာ ပေါ့ပေါ့တန်တန် အပြစ်ပေးခဲ့မိသည်။

“ လောင်စန်းကို ခန်းမကျယ်ထဲ လာခဲ့ဖို့ သွားပြောလိုက် ”

“အခုချက်ချင်း သွားလိုက်ပါ့မယ် ”

ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်မျှသာ ဖြစ်လေသည်။ တွမ့်မူရှန်း၏ ကျင့်ကြံဆင့်နှင့် အရည်အချင်းဖြင့် သုံးရက်အနားယူပြီးနောက် ပြန်ကောင်းလာသင့်သည်။

ကျိထျန်းတောက်က သူ့တပည့်များကို နှိပ်စက်ခဲ့စဉ်အခါက တွမ့်မူရှန်းသည် အမြဲတမ်း ဦးဆုံး ပြန်ကောင်းမွန်သူ ဖြစ်ခဲ့သည်။

ရှောင်ယွမ်အာက အရှေ့မျှော်နန်းမှ ထွက်လာလိုက်၏။

လုကျိုးက နေမင်းကြီးကို မော့ကြည့်လိုက်သည်။ သူက မျှော်နန်းမှ ထွက်လာပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းဆီ ရောက်လာသည်။ သူက ဖန်လီထန်းသည် နဂိုနေရာတွင် ဆက်လှဲကာ သေရည်လေး သောက်ပြီး ပျင်းရိနေသေးကြောင်း တွေ့လိုက်ရသည်။

“ဖန်လီထန်း ”

ထိုအရာကိုကြားကာ ဖန်လီထန်းက ထခုန်လိုက်မိသည်။ သူက လုကျိုးကို မြင်သည့်အခါ ရင်ဘတ်ကို ပုတ်ကာ “ ငါ့မျိုးရိုးနာမည်က ဖန် မဟုတ်ဘူး ”

လုကျိုးက ပြန်လည်ချေပဖို့ ရည်ရွယ်ချက် မရှိပေ။ ထို့အစား သူက ဖန်လီထန်းဆီ စာပေးလိုက်သည်။

“ဖတ်ကြည့် ”

ဖန်လီထန်းက စာကို ယူကာ လွှင့်ပစ်တော့မည် ဖြစ်သော်လည်း ရုတ်တရက် သိချင်မိသွားသည်။ ထို့ကြောင့် သူက တစ်ချက်ကြည့်လိုက်မိသည်။ ထို့နောက် ဖန်ကျုံးနာမည်ကို မြင်လိုက်ရသည်။ သူက ချက်ချင်း တက်ကြွလာကာ စာကို သေချာဂရုတစိုက် ဖတ်လိုက်၏။

“အန္တရာယ်လား ”

“ဒီမှာ အေးဆေး အိပ်နေနိုင်သေးတယ်လား” လုကျိုးက ဖန်လီထန်းအား ကြည့်လိုက်သည်။

ဖန်လီထန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ့ပျင်းရိနေသည့် အမူအရာတို့က ချက်ချင်း ခက်ထန်လာကာ “ဖန်ကျုံးက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ပြီးပြီ။ မျှော်နန်းသခင်က သူ့ကို ကယ်ဖို့ အစီအစဉ်လုပ်ရမှာ မဟုတ်ဘူးလား ”

“ဖန်ကျုံးက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်လိုက်တာက မှန်တယ်။ ဒါပေမဲ့ သူ့ကို ကယ်ရမယ်လို့ ဆိုလိုတာမှ မဟုတ်တာ ” လုကျိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဘာလို့လဲ ”

“ဖန်ကျုံး မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်တုန်းက သူ့ကို ယင်သုံးပါး ကျင့်စဉ်ရဲ့ အေးစက်မှုကို ဖြေရှင်းဖို့ ယန်ခြောက်ပါး ကျင့်စဉ် ပေးထားပြီးသား … သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အားကောင်းတဲ့ တိုက်ခိုက်သူ ဖြစ်လာရမှာ။ ဒါပေမဲ့ သူက သူ့ဘာသာ ဒီကနေ ထွက်သွားခဲ့တယ် … ဒီမှာ အားလုံးက အဲလိုပြုမူနေကြရင် ငါက ဘယ်လိုထိန်းသိမ်းနိုင်တော့မှာလဲ ” လုကျိုးက ပြောလိုက်သည်။

“အာ ” ဖန်လီထန်းက ဘာဆက်ပြောရမှန်း မသိတော့ပေ။ ပြောရလျှင် ဖန်ကျုံးက သူ့ဘာသာ ပြဿနာမီးထွန်းရှာခြင်းသာ ဖြစ်၏။

မိစ္ဆာဝေဟင်မျှော်နန်း၏ စည်းမျဉ်းက အတိတ်မှ ပတ်သက်ဆက်နွယ်မှုအားလုံး ဖြတ်တောက်ခဲ့ရမည် ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က စည်းမျဉ်းချိုးဖောက်လျှင် သူတို့ဘာသာ အကျိုးဆက်ကို ခံစားရမည် ဖြစ်၏။ သူတို့ကလွဲ၍ မည်သူမှ လိုက်အပြစ်တင်၍ မဖြစ်ပေ။

လုကျိုးက ဖန်လီထန်းကို ကြည့်ကာ “ သူက မင်းအတွက် ဘာလဲ ”

ဖန်လီထန်းက သက်ပြင်းအသာချလိုက်သည်။ ထို့နောက် သူက ခေါင်းခါကာ “ ကျုပ်က လွန်ခဲ့တဲ့ နှစ် ၂၀၀ ကတည်းက ဖန်မိသားစုဝင် မဟုတ်တော့ဘူး …”

ဤသည်မှာ ဝန်ခံချက်တစ်ခုအဖြစ် မှတ်ယူနိုင်သည်။ လုကျိုးက ဖန်လီထန်းကို ဖြေရန်ဖိအားမပေးပေ။ သူက ဖန်လီထန်းသည် ဖန်ကျုံးနှင့် ဆက်နွယ်မှုရှိလားဟုသာ စမ်းသပ်လိုခြင်း ဖြစ်၏။ သူတို့ ဘယ်လိုဆက်ဆံရေးရှိရှိ အရေးမကြီးပေ။

သူက မေးလိုက်၏ “ သူ့ကို လာတွေ့တာလား ”

ဖန်လီထန်းက ခေါင်းညိတ်ပြလိုက်သည်။ သူ့ဆီမှ ပျင်းရိရိ အမူအရာများက ယခု မရှိတော့ချေ။

“ ကျုပ်မှာ အချိန်သိပ်မကျန်တော့ဘူး … ဒါက ကျုပ်ရဲ့ နောက်ဆုံးဆန္ဒပဲ ”

“ တကယ်လို့ ခင်ဗျား မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ရင် ခင်ဗျား ဖန်ကျုံးကို ကယ်နိုင်လိမ့်မယ် ” လုကျိုးက အသေအချာ ပြောလိုက်သည်။

ဖန်လီထန်းက ကြောင်သွားလေသည်။ သူက ဒီအကြောင်းကို တစ်ခါမှ မတွေးဖူးပေ။ သူက ကျင့်မင်တာအိုဂိုဏ်းမှ ထွက်လာသော်လည်း အခြားလူများ အမြင်၌ သူက ကျင့်မင်တာအိုဂိုဏ်း၏ အကြီးမြတ်ဆုံး ပညာရှင်တစ်ဦး ဖြစ်လေသည်။ သူ ပြန်လာဖို့အတွက် လူအများကြီးက စောင့်ဆိုင်းနေကြ၏။ အကယ်၍ သူသာ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်လိုက်လျှင် ကျင့်ကြံရေးလောကမှာ ဟာသတစ်ခုလို ဖြစ်မသွားဘူးလား။

ပို၍ အရေးကြီးသည်က သူ့တွင် ကျင့်ကြံဆင့် မရှိတော့ပေ။ မိစ္ဆာဝေဟင်မျှော်နန်းက သူ့ဆီ ဘာမြင်လို့လဲ …

လုကျိုးက ဖန်လီထန်း စိတ်ကို ဖတ်နိုင်လိုက်ဟန်ပေါ်၏။ သူက နောက်တစ်ခု ထပ်တိုးပေးလိုက်သည် “ ဖြစ်ချင်တော့ ငါ့ဆီမှာ ဟေးမုလျန် ရှိနေတယ်လေ ”

ဖန်လီထန်းက နှလုံးခုန် တစ်ချက် မြန်သွားမိသည်။ သူက သူ့ဘေးတွင် ရပ်နေသည့် လုကျိုးအား ကြည့်လိုက်၏။

လုကျိုး၏ ရှုံ့တွတွ မျက်နှာက တည်ငြိမ်ကာ ခပ်ယဲ့ယဲ့ အပြုံးအရိပ်အယောင်တစ်ချို့ ရှိနေသည်။

ငါက ဒီမှာ အစာ စားဖို့ ရောက်လာရုံလေ … ဒါပေမဲ့ ငါ့ကိုယ်ငါ ဒီမှာ ရောင်းလိုက်တယ်လို့ ဘာလို့ ခံစားနေမိပါ့လိမ့် … ငါ အလိမ်ခံလိုက်ရသလိုပဲ

လုကျိုးက စီအိမ်တော်မှ ရထားသည့် ဟေးမုလျန်သည် သည်လိုအခြေအနေမျိုးအတွက် အသုံးဝင်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဟေးမုလျန်သည် ဖန်လီထန်း၏ ကျင့်ကြံဆင့်ကို အပြည့်အဝ ရအောင် မလုပ်ပေးနိုင်သော်လည်း သူ့နဂိုကျင့်ကြံဆင့်၏ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ ပြန်ရအောင် လုပ်ပေးနိုင်သည်။ ကျင့်ကြံဆင့်က ကျင့်ကြံသူတစ်ဦးအတွက် အရေးကြီးဆုံးအရာ ဖြစ်၏။ ဖန်လီထန်းသည် စိတ်မလှုပ်ရှားဘဲ နေလိမ့်မည်ဟု မထင်ပေ။ သူက တိတ်ဆိတ်ကာ ဖန်လီထန်း၏ အဖြေကို စောင့်နေလိုက်၏။

ထိုစဉ် ရှောင်ယွမ်အာက မိစ္ဆာဝေဟင်မျှော်နန်းမှ ပြေးလာကာ “ ရှစ်စွင်း … စန်းရှစ်ရှိုး ရောက်လာပါပြီ ”

လုကျိုးက ရှောင်ယွမ်အာကို မကြည့်ဘဲ ပြောလိုက်သည်။

“ အလျင်လိုဖို့ မလိုဘူး။ တကယ်လို့ မင်း ရှစ်ရှိုး ပင်ပန်းနေရင် သူ့ကို ပြန်ပြီး အနားယူခိုင်းလိုက် …”

ဖန်လီထန်းက နားမလည်နိုင် ဖြစ်သွားသည်။

…

အခန်း (၂၁၉) ရှိချန်းသဲ့ရှီးကန်၊ မိစ္ဆာဝေဟင်မျှော်နန်း၏ လူတစ်ယောက်

ဒါဘာကို ဆိုလိုတာလဲ။ ဒါကနေ လွတ်မြောက်လိမ့်မယ်လို့မထင်ဘူး။

ဖန်လီထန်းက ကူကယ်ရာမဲ့စွာ လက်နှစ်ဖက်မြှောက်လျက် လုကျိုးကို လက်မထောင်ပြသည်။

“အသက်ကြီးလေ ဉာဏ်ပိုရှိလေပဲ။ ရှုံးနိမ့်ကြောင်း ဝန်ခံပါတယ်”

ရှောင်ယွမ်အာသည် ထိုစကားကြောင့် ဝေခွဲမရဖြစ်သွားတော့သည်။

ဖန်လီထန်းက ချောင်းဟန့်လိုက်၏။ သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံ ပေါ်ကာ မော့ကြည့်ပြီး ပြောလိုက်တော့၏။

“ကျုပ်အတွက်သေရည်လုံလုံလောက်လောက်ရှိလား”

“မင်းအတွက် သေရည်လုံလောက်တာထက်ပိုတယ်”

“နှစ်တစ်ရာသေရည်လား”

“နှစ်တစ်ရာသေရည်ပဲ” “ကောင်းတယ်”

သေရည်ချက်ရန်က ခက်ခဲသည့်တာဝန်မဟုတ်ပေ။

လွန်ခဲ့သည်ရာစုနှစ်အနည်းငယ်က ကျိထျန်းတောက်သည် သေရည်ကို သဘောကျသည့် လူတစ်ယောက်ဖြစ်ခဲ့သည်။ သူက နှစ်စဉ်နှစ်တိုင်း သေရည်ချက်ရန် အမိန့်ပေးခဲ့သည်။ သက်တမ်းကရင့်လေ အရသာကပိုကောင်းလေဖြစ်၏။ တဆေး၊ ကောက်ညှင်းဆန်၊ သီးနှံငါးမျိုး မည်သည်ဖြင့် ချက်သည်ဖြစ်စေ အကောင်းဆုံးနည်းလမ်းက အချိန်လိုအပ်သည်။

မိစ္ဆာဝေဟင်မျှော်နန်း၌ နှစ်တစ်ရာသေရည်ချို့တဲ့ခြင်းမရှိပေ။ ထို့အပြင် လိုအပ်လျှင် ပမာဏကို ပြန်ဖြည့်တင်းနိုင်၏။

ဖန်လီထန်း၏အကြောင်းပြန်မှုက သူ၏အခြေအနေကို ရှင်းရှင်းလင်းလင်းပြောလိုက်သည်။ လုကျိုးက စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်၏။ သူက ရှောင်ယွမ်အာဖက်လှည့်ပြီး မေးလိုက်တော့သည်။

“မင်းရဲ့စစ်ရှစ်ရှိုးဆီကကော”

ရှောင်ယွမ်အာက နှုတ်ခမ်းစူပြီးပြောလိုက်၏။

“ရှစ်စွင်း စစ်ရှစ်ရှိုးက အခုထက်ထိ ပြန်ရောက်မလာသေးပါဘူး။ သူအပြင်ဖက်မှာပျော်ပါးနေပြီး ပြန်လာဖို့မေ့နေတယ်ဆိုတာ သေချာတယ်။ ပြန်ရောက်တဲ့အခါ အပြစ်ပေးသင့်တယ်” “မင်း စကားများလွန်းတယ်” လုကျိုးက သူ့ကိုညင်သာစွာ ငေါက်ငမ်းလိုက်လေ၏။

မင်ရှစ်ရင်အဖို့ စီးဝူယာ့ရှိသည့်နေရာကို စုံစမ်းတာက ကောင်းသည်။ ထို့အပြင် မင်ရှစ်ရင်၏ သစ္စာရှိမှုက အမြဲတမ်းတည်ငြိမ်၏။ မင်ရှစ်ရင်သည် လွန်ကျူးတာပြုလုပ်မှာကို လုကျိုးစိတ်မပူပေ။ မင်ရှစ်ရင်သည် သူများနှင့် ယှဉ်လျှင်ပိုကောက်ကျစ်၏။ သူက အလိုအလျောက်ရှင်သန်ရာ၌ တော်ပြီး အရည်အချင်းအလွန်ရှိသည့် လက်ရွေးစင်တစ်ဦးထံမှ ထွက်ပြေးဖို့က ပြဿနာမရှိချေ။

မင်ရှစ်ရင် လောင်စစ်အနားတွင်မရှိလေရာသူသည် ရေအိုင်ဆီသို့သွားဖို့ တွမ့်မူရှန်းနှင့် ဟွားဝူတောက်ကိုသာ ခေါ်သွားနိုင်ရုံရှိသည်။

ကျင့်မင်တာအိုဂိုဏ်းက နောက်ဆုံးချည်မျှင်ကိုဆွဲထားရပြီး ရုန်းကန်နေရသည်။ သူတို့သာ ရေအိုင်ဆီ အောင်မြင်စွာ လွတ်မြောက်ထွက်ပြေးနိုင်ခဲ့လျှင် ရှင်သန်နိုင်ရန်ရပေလိမ့်မည်။

အမှန်တကယ်တွင် ဟွားဝူတောက်နှင့် တွမ့်မူရှန်းကလည်း ကိစ္စများကို ဖြေရှင်းနိုင်၏။ သို့သော် လုကျိုး၏အတွေးများက ထိုတွင်မဆုံးသေးပေ။ ငရဲဂိုဏ်းက ကျင့်မင်တာအိုဂိုဏ်းကို ရှင်းလင်းပြီး လက်ရွေးစင် ယို့ဟုန်ယီကို သုတ်သင်ရန်ဆုံးဖြတ်ထားခဲ့လျှင် ယွီကျန့်ဟိုင်က ထိုနေရာ၌ ပေါ်လာမှာသေချာ၏။ ယင်းက လုကျိုးအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။ သူသည် ထိုငညစ်များအတွက် ချုပ်နှောင်ခြင်းလှောင်ချိုင့်ကို အားဖြည့်ဖို့ကို သိမ်းထားနိုင်သည်။

“အကြီးအကဲဟွားကို ဆင့်ခေါ်လိုက်။ ငါတို့ ရှိချန်းသဲ့ရှီးရေအိုင်ကိုသွားမယ်ဆိုတဲ့အကြောင်း ပြောလိုက်။" လုကျိုးက စိတ်မပါလက်မပါပြောလိုက်လေ၏။

“ဟုတ်ကဲ့ ရှစ်စွင်း”

ရှောင်ယွမ်အာက လှည့်ထွက်သွားတော့မည့်အချိန်တွင် ပုံရိပ်ယောင်သဖွယ်အနက်ရောင်အရိပ်က ပေါ်လာလေ၏။

ထိုလူက ခပ်မတ်မတ်ရပ်နေလေ၏။

“အကြီးအကဲဟွား သွားဖို့မလိုဘူး။ ကျုပ်သွားမယ်”

“ဖန်းရှုဝမ်လား”

ရှောင်ယွမ်အာက မှင်သက်သွားသည်။ ထိုလူက အများနှင့်မတူ တမူထူခြားကြောင်း သူမအမြဲတမ်းရှာတွေ့မိသည်။ လက်တွေ့တွင်မူ သူ့ကိုအနည်းငယ်ကြောက်ရွံ့မိ၏။ ရှစ်စွင်းသာ သူ့ကို စောင့်ကြည့်ထားရန်မပြောခဲ့လျှင် သူမက သူနှင့် ဝေးဝေးနေမှာပဲဖြစ်၏။

ဖန်းရှုဝမ်သည် ရိုးရိုးရှင်းရှင်းပင် ဖုံးကွယ်နိုင်သော မျက်နှာဖုံးကိုဝတ်ထားသည်မှာ သူ၏မျက်လုံးကို ပိုစူးရှပြီးကြမ်းတမ်းစေနေပုံရသည်။ လက်နောက်ပစ်ထားလျက် သူက ထိုနေရာတွင် မတ်မတ်ရပ်နေလေ သည်။ သူက ကျင့်ကြံဆင့်အပြည့်အဝပြန်မရသေးသော်ငြား အချိန်အတော်ကြာ မြင့်မားသည့်ရာထူး ကို ဆုပ်ကိုင်ထားခဲ့တာဖြစ်သည်။ ထို့အပြင် နှစ်ပေါင်းများစွာအတွေ့အကြုံဖြင့် ကျန်သည့်သူများမယှဉ်နိုင်သည့်အရှိန်အဝါကို ထုတ်ဖော်နိုင်သည်။

လုကျိုး၏အရှိန်အဝါက ဖန်းရှုဝမ်၏အရှိန်အဝါကို ဖိနှိပ်နိုင်သည့်တစ်ခုတည်းဖြစ်သည်။

ဖန်းရှုဝမ်က ခေါင်းခါပြီးနောက်ပြောလိုက်၏။ "ဖန်းရှုဝမ်က သေသွားပြီ။ ဒီလောကမှာ လန်လော့ပဲရှိတယ်”

“ဟုတ်ပြီလေ” ရှောင်ယွမ်အာက လျှာတစ်လစ်ထုတ်ပြီးနောက် ဘေး၌လိမ္မာစွာရပ်နေလိုက်သည်။

လန်လော့ဟူသော အမည်ကိုကြားသည့်အချိန်တွင် ဘေးတွင်ရပ်နေသောဖန်လီထန်းက မျက်လုံး အပြူးသားဖြစ်သွားလေ၏။ သူက လန်လော့ကို မယုံနိုင်စွာကြည့်လိုက်ပြီး အထိတ်တလန့် ပြောလိုက်၏။ “လွန်ခဲ့တဲ့အနှစ်သုံးရာတုန်းက ပေနက်လွှာထိပ်မှာ နေနိုင်ခဲ့တဲ့လန်လော့လား”

လန်လော့က တိတ်ဆိတ်နေပြီး ငြင်းပယ်ခြင်းလည်းမပြု။ ဖန်လီထန်း၏အမေးကို အတည်ပြုခြင်းလည်းမရှိပေ။ မျက်နှာဖုံးက သူ၏အမူအရာကိုဖုံးကွယ်ထားသော်ငြား သူ၏တည်ရှိမှုက ပြောနေပုံရ၏။

“အဘိုးကြီး အခုမှဘယ်သူလဲဆိုတာသိပြီပေါ့”

ဖန်လီထန်းက ဖြည်းဖြည်းချင်း ခြေကြွလိုက်သည်။ သူက အနည်းငယ်ယိမ်းယိုင်နေပြီးနောက် နောက်ဆုံးတွင် မြဲမြံစွာရပ်လိုက်၏။ သူက “မဆိုးဘူး။ မဆိုးဘူး” သူ၏စကားက သဘာဝ မကျပုံပေါ်သည်။ သူ၏စကားက ချီးကျူးခြင်းပေလော။ သို့မဟုတ် စော်ကားခြင်းပေလောဆိုတာ ပြောရန်ခက်ခဲလွန်းပေသည်။

လန်လော့က နှာမှုတ်ပြီးပြောလိုက်တော့၏။ “အငယ်တစ်ယောက်က မျက်လုံးရှိပေမဲ့ မမြင်ဘူးပဲ။ မင်းကို အာဃာတမထားတော့ဘူး”

ရှောင်ယွမ်အာက ရယ်မောပြီးနောက်ပြောလိုက်၏။ “သူက မငယ်တော့ဘူး။ သူက ဖန်ကျုံးရဲ့အဖိုး။ သူက ကျင့်မင်တာအိုဂိုဏ်းရဲ့ ပထမသိုင်းပညာရှင်ကြီးလေ”

“ကျင့်မင်တာအိုဂိုဏ်းရဲ့ ပထမဆုံးသိုင်းပညာရှင်တဲ့လား”

လန်လော့က မျက်ခုံးအနည်းငယ်ပင့်သွားသည်။ ကျင့်ကြံဆင့်အပြည့်အဝဆုံးရှုံးသွားသည့် သူတောင်းစားအိုကြီးကို သူကြည့်လိုက်၏။ ဖန်လီထန်းက ဖန်ကျုံး၏အဖိုးဟုတ်ဟုတ် မဟုတ်ဟုတ် ကျင့်မင်တာအိုဂိုဏ်း၏ ပထမဆုံးသိုင်းပညာရှင်ကြီးက ကျင့်ကြံခြင်းလောကထဲတွင် ကျင့်ကြံခြင်းပါရမီရှင်ဟူ၍ လူသိများသည့်သူဖြစ်သည်။ သူတို့က မျိုးဆက်တူပေ၏။ သူကလက်ခုပ် နှစ်ချက်တီးလိုက်တော့၏။

“ဖန်လီထန်းလား”

ယခုအခေါက်တွင်ဖန်လီထန်းက ၎င်းကိုမငြင်းခဲ့ပေ။ သူက အိုမင်းရင့်ရော်ပုံပေါ်ပြီး အနည်းငယ် ခါးကိုင်းနေသည်။ သို့သော်ငြား ထိုအရာများက အရေးမကြီးပေ။ သူ့ကိုယ်သူ ထိန်းထားသည့်ပုံအရ အစောပိုင်းနှစ်များက မည်မျှတောက်ပနေကြောင်းဖော်ပြခဲ့သည်။

တွီတယ်ဒန်းနဲ့ တွီတယ်ဒီးကဲ့သို့ပင် ဒယ်အိုးက ကရားကို မည်းသည်ဟုပြောနေသည့်ပမာ ဘယ်သူကမှ တစ်ယောက်ထက် တစ်ယောက် မငယ်ကြချေ။

လုကျိုးက ပြောလိုက်၏။

“လန်လော့ မင်းအပြည့်အဝမပျောက်ကင်းသေးဘူး။ မင်းရဲ့ဒဏ်ရာက လေးဆယ်ရာခိုင်နှုန်းပဲ ပျောက်သေးတာ။ မင်း ရှိချန်းသဲ့ရှီးရေအိုင်ကို သွားချင်သေးလား”

ဆန့်ကျင်ဖက်အနေဖြင့် ဟွားဝူတောက်က ကျန်းမာရေးကောင်းသည်။ ထို့အပြင် လိပ်ခွံကျင့်စဉ်ကို အထူးပြုထားသော သိုင်းပညာရှင်တစ်ဦးက အဖြစ်အရပ်တစ်ခုကြုံတွေ့လျှင်တောင် တိမ်ခွင်းရထားလုံးကို ကာကွယ်နိုင်လိမ့်မည်။

လန်လော့က အစွမ်းထက်သော်ငြား ဒဏ်ရာပြင်းပြင်းထန်ထန်ရထား၏။ ခရီးစဉ်၌ အကူအညီ ကြီးဖြစ်စေမှာ မဟုတ်ပေ။ အမှန်တကယ်တွင် သူက ဝန်ထုပ်ဝန်ပိုးတစ်ခုတောင်ဖြစ်နိုင်၏။

“ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ မျှော်နန်းသခင်။ ကျုပ်က ဒဏ်ရာရထားပေမဲ့ ကျုပ်ကိုကျုပ် ကာကွယ်နိုင်သေးတယ်” လန်လော့က ယုံကြည်ချက်ရှိရှိပြောလိုက်သည်။

မင်းကိုမင်း ကာကွယ်နိုင်တာဟုတ်ပါရဲ့။ ဒါပေမဲ့ ငါ့ကို ဘယ်သူက ကာကွယ်ပေးမှာတုံး။

လုကျိုးက အမူအရာမပြောင်းဘဲ စိတ်ထဲ၌ ပြန်ပက်လိုက်တော့သည်။ သူက စိတ်ထဲအတွေးများ နေသော်ငြား သိုင်းပညာရှင်ကြီးတစ်ဦးပမာ ထိန်းသိမ်းထားလေ၏။ သူကမေးလိုက်သည်။

"မင်း မော့ချီကို တွေ့ချင်တာလား”

လန်လော့က လက်သီးဆုပ်ထားသော်ငြားမဖြေပေ။

ဦးနှောက်တစ်ခြမ်းရှိသည့် မည်သူမဆို မော့ချီနှင့် မော့လီကြားရှိဆက်နွယ်မှုကိုပြောနိုင်ပေ၏။

မော့လီအပေါ် လန်လော့၏အမုန်းတရားကို လူတိုင်းရှင်းရှင်းလင်းလင်းမြင်နိုင်၏။ ယင်းက သဘာဝကျသည်။ သူသည် ရုပ်သေးတစ်ရုပ်ပမာ နှစ်ပေါင်းများစွာ ထိန်းချုပ်ခံခဲ့ရ၏။ လူအများစုက ယင်းကို လက်ခံနိုင်ရန်ခက်ခဲနေမှာပဲဖြစ်သည်။ ထို့အပြင် သူလန်လော့ဟူသည်က တစ်ခေတ်တစ်ခါတုန်းက နယ်မြေများကို တုန်လှုပ်စေခဲ့ဖူးသည့်သူဖြစ်သည်။

ဖန်လီထန်းက ရယ်မောပြီးနောက်ပြောလိုက်၏။ "ကျုပ်က ထိုင်ပြီးတော့ ပွဲကြည့်ရုံပဲ တတ်နိုင်တယ်”

သူက ကျင့်ကြံဆင့်ဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့် အသုံးမဝင်သည့် သူတစ်ယောက်ပမာ တိုက်ပွဲကိုကြည့်နိုင်ရုံသာရှိသည်။

နေထွက်လာသည့်အချိန်၌ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းထဲမှ ထွက်ခွာလာတော့သည်။

တွမ့်မူရှန်းက တိမ်ခွင်းရထားလုံး၏ ဦးပိုင်း၌ စီမံနေလေသည်။ တိမ်ခွင်းရထားလုံးက အနည်းငယ် မတည်မငြိမ်ယိမ်းယိုင်နေ၏။ ရံဖန်ရံခါ၌ ခပ်မြင့်မြင့်သို့တောင်ရောက်သွားသည်။

ရှောင်ယွမ်အာက အသက်အောင့်ထားပြီး ရေရွတ်ပြောလိုက်၏။ “စန်းရှစ်ရှိုး ဖြည်းဖြည်း ဖြည်းဖြည်း”

ရထားလုံးပျံက အပေါ်တက်သွားပြီးလေထဲ၌ တက်လိုက်ကျလိုက်ဖြစ်နေသည်။

တွမ့်မူရှန်းက အနေခက်စွာခေါင်းကုတ်လိုက်သည်။

“ဒါက ဒါက ငါပထမဆုံးအကြိမ်ပဲ။ ကျေးဇူးပြုပြီး သည်းခံပေးပါ ရှစ်မေ့”

လန်လော့သည် သူ့ကိုယ်တိုင် ထိန်းထားရန်အတွက်ရထားလုံးကို ကိုင်လိုက်သည်။ သူက ခေါင်းခါလိုက်၏။ ခဏအကြာတွင် တိမ်ခွင်းရထားလုံးက ဖြည်းဖြည်းချင်း တည်ငြိမ်သွားတော့သည်။

“ကျေးဇူးပါ အကြီးအကဲလန်”

လုကျိုးက လန်လော့ဖက်လှည့်ကြည့်လိုက်သည်။ လန်လော့၏ ကျင့်ကြံဆင့်က အပြည့်အဝ ပြန်မကောင်းသေးပေ။ ထိုသို့တိုင် တိမ်ခွင်းရထားလုံးကို ထိန်းထားပြီး တွမ့်မူရှန်းက ပဲ့ကိုထိန်းပေး ၏။ ထိုအကြောင်းအရင်းကြောင့် တိမ်ခွင်းရထားလုံး ဖြည်းဖြည်းချင်းတည်ငြိမ်သွားတာပဲဖြစ်သည်။ ဖန်လီထန်းက ယင်းကို စိတ်ထဲမထားပေ။ သူက ထောင့်တစ်ထောင့်ရှာပြီး လှဲလိုက်တော့၏။ သူက ပျင်းရိစွာပြုံးပြီးပြောလိုက်တော့သည်။ “ဒီလိုလှပတဲ့ရထားလုံးပျံကို တစ်ခါမှ မစီးဖူးဘူး။ ဒါက ကောင်းတယ်။ သိပ်ကောင်းတယ်”

တိမ်ခွင်းရထားလုံးပျံက တောင်အလီလီ မြစ်အသွယ်သွယ် တိမ်ပင်လယ်များစွာကို ဖြတ်ကျော်ခဲ့၏။ အလင်းတန်းကို မြင်နေရသည်။

လုကျိုးက လန်လော့ကို တစ်ချက်ကြည့်လိုက်ပြန်သည်။ လန်လော့၏ နဖူးက ချွေးစေးများပြန်နေ တာကို သူသတိပြုမိ၏။ တွမ့်မူရှန်းကို ကြည့်ပြီးနောက်ပြောလိုက်တော့သည်။

“လမ်းကြောင်း တည်ငြိမ်မှုအတွက် မင်းရဲ့ကနဦးချီကိုသွင်းလိုက်။ ပဲ့ကိုသိပ်မလှုပ်နဲ့။ ရှေ့ကိုပဲကြည့်။ မင်းရဲ့စည်းချက်ကိုချိန်ညှိ”

“နားလည်ပါပြီ” တွမ့်မူရှန်း၏ နားလည်သဘောပေါက်မှုက မင်ရှစ်ရင်နှင့်ယှဉ်လျှင်အားနည်းသည်။ ရထားလုံးပျံက လုကျိုးညွှန်ကြားပြီးနောက် အတော်တည်ငြိမ်သွားသည့်တိုင် ချောချောမွေ့မွေ့ မပျံသန်းသေးပေ။ ယင်းကို ဖိအားပေး၍မရပေ။ လူအချို့က ထိုအတွက်မွေးဖွားလာတာမဟုတ်ချေ။

တွမ့်မူရှန်းသည် ခရီးစဉ်တောက်လျှောက်အနေခက်နေမိ၏။ အကြီးအချို့၏ စောင့်ကြည့်နေသော အကြည့်အောက်၌ သူက ပူပန်လာမိသည်။ သူကရေရွတ်ပြောလိုက်မိ၏။ “စစ်ရှစ်တိရေ ငါ သတိတွေရလိုက်တာကွာ”

နှစ်နာရီကြာသွား၏။ ဥယျာဉ်ထဲရှိ ရှိချန်းသဲ့ရှီးရေအိုင်ထဲတွင်ဖြစ်သည်။

ကျင့်မင်တာအိုဂိုဏ်း၏ဒုဂိုဏ်းချုပ်မော့ချီက မြေပြင်၍ တင်ပလ္လင်ချိတ်ခွေထိုင်နေသည်။ သူက အလွန်နွမ်းနယ်ပုံရနေ၏။ သူ့မျက်နှာပေါ်ရှိရင့်ရော်မှုက သူ့ကို အသက်ကြီးပုံပေါ်စေ၏။ ကနဦးချီဖျော့ဖျော့က သူ့နား၌ရစ်ဝဲနေသည်။ ကနဦးချီများကို ခဏတာသွင်းပြီးနောက် မျက်လုံးဖွင့်လိုက် တော့သည်။

“ဘယ်သူလဲ” တံခါးဝ၌ တပည့်တစ်ယောက်ပေါ်လာ၏။ မော့ချီကမေးလိုက်တော့သည်။

“ဖန်ကျုံးအဖမ်းခံရပြီးပြီလား”

“အဲ့ဒီ သစ္စာဖောက်ဖန်ကျုံးက သိပ်ကိုကောက်ကျစ်လွန်းတယ်။ သူ့ကို အချိန်အတော်ကြာ လိုက်ခဲ့ပေမဲ့ ဖမ်းမမိခဲ့ဘူး။ ဒါ့အပြင် ငရဲဂိုဏ်းကလည်းရှိနေတာ။ ကျွန်တော်တို့ ဧရိယာကို အဆင်အခြင်မဲ့ မရှာရဲပါဘူး”

မော့ချီ၏မျက်နှာ၌ ဒေါသအရိပ်အယောင်များပေါ်လာသည်။ “ယွီကျန့်ဟိုင် မင်းက တကယ်အနိုင်ကျင့်လွန်းတာပဲ”

အန်းရန်မြို့ထဲပုန်ကန်နေစဉ် ငရဲဂိုဏ်းပေါ်ပေါက်လာမှုက အစီအစဉ်ကို ဖျက်ဆီးခဲ့၏။ သူက အငိုက်မိသွားစဉ် ယွီကျန့်ဟိုင်က ကျင့်မင်တာအိုဂိုဏ်းကို တိုက်ခိုက်တော့သည်။ ကျင့်မင်တာအို ဂိုဏ်း၏ တောင်ထွတ်ခုနစ်လုံးဖျက်ဆီးခံခဲ့ရသည်။ သူမအပ ဂိုဏ်းရှိကျန်သည့်သူများက လူတစ်ဒါဇင်သို့မဟုတ် ကျန်သည့်တပည့်များသာ ကျန်ခဲ့တော့သည်။

“ဒေါသထိန်းပါ ဂိုဏ်းချုပ်။ သခင်မမော့လီက ရှိချန်းသဲ့ရှီးရေအိုင်နားမှာ အစီအရင်တစ်ခု ချထားပါတယ်။ ယွီကျန့်ဟိုင်က အရည်အချင်းဘယ်လောက်ပဲရှိရှိဒီနေရာကို အဆင်အခြင်မရှိ မလာရဲပါဘူး။ ဒါ့အပြင် ငရဲဂိုဏ်းက ကျွန်တော်တို့ဒီနေရာကို ထွက်ပြေးလာခဲ့တယ်ဆိုတာ မသိသေးဘူး” တပည့်က အရိုအသေပေးလျက်ပြောလိုက်သည်။

မော့ချီက သက်ပြင်းချပြီးခေါင်းခါကပြောလိုက်တော့သည်။ “နန်းတော်က စာများ ရောက်လာသေးလား” “သခင်မမော့လီက အလှည့်အပြောင်းတစ်ခုမကြာခင်ဖြစ်လာလိမ့်မယ်လို့ ပြောတယ်။ အရှင်မင်းသားက နန်းတော်ထဲမှာ ရေအိုင်ထဲက ငါးတစ်ကောင်လိုပါပဲ”

“ကောင်းတယ်” မော့ချီက ဖြည်းဖြည်းချင်းထရပ်ပြီး သူ့ဒဏ်ရာမှနာကျင်မှုကို တင်းခံလိုက်သည်။

“ဂိုဏ်းချုပ် ကျေးဇူးပြုပြီး ဂရုစိုက်ပါ။" တပည့်က မော့ချီကို သွားကူတွဲပေးလိုက်သည်။

“အဆင်ပြေတယ်” မော့ချီက ခေါင်းခါလိုက်၏။

“ငါရဲ့အတွင်းကလီစာတွေက အန်းရန်မြို့ရဲ့ ခမ်းနားခြင်းအသံကျင့်စဉ်ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် မရခဲ့ရင် ဒီလောက်အထိစုတ်ပြတ်နေမှာမဟုတ်ဘူး”

“ဂိုဏ်းချုပ် ယွီကျန့်ဟိုင်က အစွမ်းထက်တဲ့ လူတစ်ယောက်ဆီကနေ အကူအညီရထားတာ။ ကံကောင်းတယ်လို့ပြောနေတာလား”

ထိုစဉ်က မော့ချီသည် အန်းရန်းမြို့ထဲရှိတိုက်ပွဲကို အထင်သေးခဲ့သည်။ ခမ်းနားခြင်းကျင့်စဉ် ဟိန်းသံ အော်သံကအားလုံးနီးပါးကို လွင့်ထွက်သွားစေပြီး ရှိနေသည့်လူတိုင်းကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့၏။ သူက ထိုကဲ့သို့ထူးကဲသည့်ကျင့်စဉ် အသံကို ထုတ်ဖော်ခဲ့သည့်သူ မည်သူမှန်း မမြင်လိုက်ဘဲ ထွက်ပြေးခဲ့မိတာကံဆိုးသည်။

မော့ချီက ဥယျာဉ်ထဲ၌ လမ်းလျှောက်နေပြီးနောက် ရေအိုင်မျက်နှာပြင်ကို ကြည့်လိုက်သည်။ သူက ယခုအချိန်တွင် စိတ်အေးသက်သာမှုကို ခံစားနေရ၏။

“ဂိုဏ်းချုပ် ဖန်ကျုံးက အခုမိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်ဖြစ်နေပြီ။ သူ့ကို ဖမ်းဖို့က ကျွန်တော်တို့အတွက် မသင့်တော်ဘူးမလား”

မော့ချီက ဘာမှမပြောနိုင်ခင် နောက်ထပ်တပည့်တစ်ယောက်က ဝင်ပြော၏။ “မိစ္ဆာဝေဟင် မျှော်နန်းရဲ့ တပည့်ကြီး ယွီကျန့်ဟိုင်က ငါတို့လူတွေအများကြီးကို သတ်ခဲ့တာ။ ငါတို့က ဖန်ကျုံးကို ဖမ်းရုံနဲ့တင်လုံလောက်နေပြီ။ ဒါ့အပြင် ဖန်ကျုံးက အစတည်းက ကျင့်မင်တာအိုဂိုဏ်းရဲ့ သစ္စာဖောက်ပဲ။ သူသေသင့်တယ်”

ထိုစဉ် ကျင့်မင်တာအိုဂိုဏ်း၏ တပည့်များစွာက ပန်းဥယျာဉ်ထဲပြေးဝင်လာ၏။

“ဂိုဏ်းချုပ် ငရဲဂိုဏ်းက လူတွေဒီရောက်လာပြီ”

သူတို့စကားက မှန်ပေ၏။ ရှိချန်းသဲ့ရှီးဥယျာဉ်တောင်ဖက်ကောင်းကင်အထက်ငရဲဂိုဏ်း၏ ရထားလုံးပျံက ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ ရထားလုံးပျံပေါ်ရှိ ငရဲဂိုဏ်း၏ အလံက လေထဲ၌ လွင့်နေသည်။ ကြာဖြူခန်းမ၏ ခေါင်းဆောင်ပိုင်ယွီချင်းက ရထားလုံးပျံပေါ်၌ ရပ်နေလျက် ဥယျာဉ်ကိုငုံ့ကြည့်လိုက်သည်။ မကြာမီ၌ သူ၏အသံက ဥယျာဉ်ထဲ၌ပေါ်ထွက်လာ၏။

ပိုင်ယွီချင်းထံမှ အသံလှိုင်းက ရှိချန်းသဲ့ရှီးရေအိုင်မျက်နှာပြင်ကို လှိုင်းဂယက်ထသွားစေသည်။

မော့ချီကလေးနက်သည့်အသံဖြင့်ပြောလိုက်တော့၏။ “သူ့ကို လျစ်လျူရှုထားလိုက်။ ခမ်းနားခြင်းတိမ်အစီအရင်က ငရဲဂိုဏ်းကိုကမ်းစပ်မှာထိန်းထားလိုက်မယ်” တပည့်များက ခေါင်းညိတ်လိုက်သည်။

ပိုင်ယွီချင်းက ထပ်ပြောလိုက်၏။

“မော့ချီ ကျင့်မင်တာအိုဂိုဏ်းက တော်ဝင်ရုံးတော်ရဲ့ လက်ပါးစေအဖြစ် ပြောင်းသွားတဲ့နေ့ကစပြီး မင်းဒီရလဒ်ကိုတွေးထားသင့်တယ်။ မင်းအခုအညံ့ခံရင် ငါတို့ဂိုဏ်းချုပ်က မင်းကို သက်ညှာပေးပြီး အသက်ချမ်းသာပေးကောင်းပေးမှာပေါ့”

ထိုစကားကို မော့ချီကြားသောအခါ သူက ပြန်ပြောလိုက်၏။

"ပိုင်ယွီချင်း မင်းက ဘာကောင်မှ မဟုတ်၊ ယွီကျန့်ဟိုင်ရဲ့ခွေးတစ်ကောင်ပဲ။ ငရဲဂိုဏ်းက ငါတို့အားနည်းနေတဲ့အချိန်မှာ ဝင်တိုက်ခိုက်တာ၊ ဒါတောင်မှ ငါ့ကို အညံ့ခံဖို့ကြေညာရဲတယ်ပေါ့”

“အရှုံးအမားတစ်ယောက်ရဲ့ ကိုယ့်ကိုကိုယ်ပြန်သွေးတဲ့အရည်အချင်းက လူပါးဝနေတာပဲ၊ ဧကရာဇ်ကိုယ်တိုင် ဒီရောက်လာတယ်ဆိုရင်တောင် မင်းအသက်ရှင်နိုင်မှာမဟုတ်ဘူး” ပိုင်ယွီချင်း၏ လေသံ၌ အခဲမကြေမှုများပြည့်နေသည်။

မော့ချီက ပြန်မပြောပေ။ ထိုအစား ကျင့်မင်တာအိုဂိုဏ်း၏တပည့်များကို ကြည့်လိုက်တော့၏။ “ကျင့်မင်သားတော် ခုနစ်ပါးဆီက သတင်းရသေးလား”

“မေးခွန်းကို အကြောင်းပြန်ပါတယ် ဂိုဏ်းချုပ်။ ဆရာဦးလေးတွေနဲ့ အကြီးအကဲက ကျွန်တော်တို့ဆီမမှီလာသေးပါဘူး။ ကိစ္စတွေက ထင်ထားသလိုမဖြစ်မှာစိုးရိမ်မိပါရဲ့”

မော့ချီက ရင်ထဲတင်းကြပ်သွားပြီးနောက် အံကြိတ်ကာပြောလိုက်တော့သည်။

“နန်းတော်က တပ်ကူတွေက ဘယ်ချိန်မှရောက်မှာလဲ”

“နန်းတော်ဆီ သတင်းပို့ပြီးပါပြီ။ ဒါပေမဲ့အကြောင်းပြန်မှုမရှိသေးပါဘူး”

ထိုစဉ်တပည့်များထဲမှ တစ်ဦးက သတ္တိမွေးပြီးပြောလိုက်၏။ “ဂိုဏ်းချုပ် ယွီကျန့်ဟိုင်က အစွမ်းထက်တယ်ဆိုပေမဲ့ သူ့မှာ အားနည်းချက်ရှိတယ်။ ကျွန်တော်တို့သေမှာကို စောင့်မယ့်အစား ဘာကြောင့်များ။"

မော့ချီက ဖြတ်ပြောပြီးနောက် အေးတိအေးစက်ပြောလိုက်သည်။ “မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်တာလား”

“ကျွန်တော် မပြောရဲပါဘူး”

နောက်ထပ်တပည့်တစ်ယောက်ကပြောလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းက ယွီကျန့်ဟိုင်နဲ့အပေး အယူလုပ်နိုင်ဖို့ အရည်အချင်း ရှိမယ်များထင်နေလား။ အဲ့ဒီသစ္စာဖောက်က ငရဲဂိုဏ်းကိုတည်ထောင်ခဲ့ပြီး မိုးအောက်မြေပြင်မှာ အကြီးမားဆုံးဂိုဏ်းတစ်ခု ဖြစ်စေခဲ့တာ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မိစ္ဆာကြီးက အမှန်တကယ် အရည်အချင်းရှိရင် အခု သူရှိနေတဲ့နေရာရောက်အောင် ယွီကျန့်ဟိုင်ကို ခွင့်ပြုမှာမဟုတ်ဘူး”

ကျန်သည့်သူများက သက်ပြင်းချပြီးခေါင်းခါလိုက်၏။

“ကြည့်ရတာ နန်းတော်က စစ်ကူတွေ ရောက်လာဖို့ပဲ စောင့်ရုံပဲရှိမယ်။ ဖန်ကျုံးကို ဖမ်းမိခဲ့ရင်တောင် မိစ္ဆာဝေဟင်မျှော်နန်းက သူ့ကို တန်ဖိုးထားမယ်မထင်ဘူး”

ထိုစဉ် ကျင့်မင်ဂိုဏ်း၏တပည့်များက ထူးဆန်းသည့်မြင်ကွင်းကို သတိပြုမိသွားသည်။

ဥယျာဉ်အထက်တောင်ဖက်ခြမ်း၌ ရှိချန်းသဲ့ရှီးအထက်ပျံဝဲနေသော ကျင့်ကြံသူတစ်စုက ပြေးလာနေသည်။ ကျန်သည့်သူများက ဇဝေဇဝါဖြစ်နေသည်။ “ဂိုဏ်းချုပ် ငရဲဂိုဏ်းက နောက်ပြန်ဆုတ်နေပြီ”

“အံ့ဩစရာပဲ ဂိုဏ်းချုပ်က တကယ်ဉာဏ်ပညာရှိပါပေတယ်။ ပိုင်ယွီချင်းက တခြားသူကို အသုံးပြုဖို့ သူ့ရာထူးကိုပဲသုံးနေတာ”

“သူတို့ကြောက်သွားပုံပဲ။"

မော့ချီက အနည်းငယ်မျက်မှောင်ကျုံ့သွားသည်။ သူက ရထားလုံးပျံကို ကြည့်လိုက်၏။ ပိုင်ယွီချင်းသည် မောက်မာထောင်လွှားနေပုံမပြပေ။ ထိုအစား နောက်ထပ်လူတစ်ဦးအဖြစ် အသွင်ပြောင်းသွားပုံရသည်။ သူက ရထားလုံးပျံဆီပြေးပြီးနောက် တောင်အရပ်ဆီသို့လှည့်ပြေး သွားတော့သည်။

“အဖိုးကြီးမော့ချီက ဒါမျိုးလုပ်ရဲတယ်။ အရှုံးကို ဝန်ခံပါတယ်။ နှုတ်ဆက်ပါတယ်” ဉာဏ်ရှိသည့်လူတစ်ယောက်သည် မည်သည့်အချိန်တွင် ရှေ့တိုးရမည် မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ဆိုတာကိုသိသည်။ ထိုကဲ့သို့အခြေအနေအောက်၌ ဉာဏ်ရှိသည့်လုပ်ရပ်က နောက်ဆုတ်ခြင်းဖြစ်သည်။ ပိုင်ယွီချင်းက ရှိချန်းသဲ့ရှီးရေအိုင်ကို တစ်ချက်ကြည့်လိုက်၏။

“ပြေး”

“ဂိုဏ်းချုပ် ပြေးဆိုတာ ဘာကိုဆိုလိုတာလဲ"

ပိုင်ယွီချင်းက ပြော၏။ “ဪ ထွက်ခွာကြမယ်လို့ပြောတာ”

မျက်တောင်တစ်ခတ်အတွင်းငရဲဂိုဏ်း၏ ကျင့်ကြံသူများက ရထားလုံပျံနှင့်အတူပျောက်ကွယ်သွား တော့သည်။

ခမ်းနားခြင်း တိမ်ဖွဲ့အစီအရင် မည်မျှအစွမ်းထက်စေကာမူ ယင်းက မလှုပ်ရှားနိုင်ပေ။ သူတို့ကြောက်နေစရာ အကြောင်းရှိသည်လော။ ထိုစဉ်တပည့်များထဲမှတစ်ဦးက မြောက်အရပ်ကို လက်ညှိုးထိုးပြပြီး အော်ပြောလိုက်တော့သည်။ “နေပါဦး။ အဲ့တာဘာကြီးလဲ”

ရှိချန်းသဲ့ရှီးရေအိုင်၏ မြောက်အရပ်တွင်ကောင်းကင်အထက် တောအုပ်နှင့်တောင်တန်းကြား၌ ကြယ်တံခွန်ကဲ့သို့ ရထားလုံးပျံက လျှင်မြန်စွာချဉ်းကပ်လာ၏။

“မိစ္ဆာဝေဟင်မျှော်နန်းလား” မော့ချီ၏ရင်ထဲတင်းကြပ်လာပြီး စိတ်ထဲမကောင်းတာကို ခံစားမိလာသည်။ သူက နောက်ဆုတ်လိုက်သည်။ ယခုအချိန်တွင် စိတ်ပျက်အားငယ်ပုံပေါ်သွား၏။ ငရဲဂိုဏ်းက အမြီးကုပ်နေအောင်ပြေးတာ အံ့ဩစရာမရှိပေ။ မိစ္ဆာဝေဟင်မျှော်နန်း၏ ရထားလုံးပျံဤနေရာသို့ ရောက်လာသည်။

“ဂိုဏ်းချုပ်” တိမ်ခွင်းရထားလုံးက ရှိချန်းသဲ့ရှီးရေအိုင်အထက်သို့ရောက်သည့်အချိန်တွင် သူက ရုတ်တရက်ရပ်တန့်သွားပြီးနောက် သူကဖြည်းဖြည်းချင်းတည်ငြိမ်အောင်လုပ်လိုက်သည်။ ယခုအချိန်တွင် အလွန်နှေးကွေးစွာလှုပ်ရှားနေ၏။

“မိစ္ဆာဝေဟင်မျှော်နန်းက ဘာကိုဆိုလိုတာလဲ”

“သတိပေးတာလား”

မော့ချီက အံကြိတ်လိုက်၏။ သူ၏ရင်ဘတ်ကိုဖိထားလျက်ပြောလိုက် တော့သည်။

“လွန်လွန်းတာပဲ”

ထိုစဉ်မိစ္ဆာဝေဟင်မျှော်နန်းပေါ်၌ဖြစ်သည်။

တွမ့်မူရှန်းသည် ဖန်လီထန်းကို အားနာသလိုကြည့်လိုက်ပြီး လန်လော့ကိုမူ မလုံမလဲမျက်နှာထားဖြင့် ကြည့်ကာပြောလိုက်၏။

“ကျွန်တော်က အရှိန်ကောင်းကောင်းမလျှော့ခဲ့မိဘူး တောင်းပန်ပါတယ်”

လုကျိုး၏ ကျင့်ကြံဆင့်က ရှိသောကြောင့် သူ မသက်ရောက်ပေ။ နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံဆင့်ဖြင့် ဟန်ချက်ထိန်းရန်လွယ်ကူပေ၏။

“ရှစ်စွင်း ဥယျာဉ်နားရောက်နေပါပြီ”

…

All Chapters