← Chapters

အခန်း (၂၃၅-၂၃၇)

Vol. 16 Ch. 235-237

အခန်း (၂၃၅-၂၃၇)

Vol. 16 Ch. 235-237

အခန်း (၂၃၅) နောက်လိုက်တပည့်တစ်ဦးအတွက် ကိစ္စရပ်များကို ခက်ခဲအောင်လုပ်

စီးဝူယာ့က အသံကိုကြားသည်နှင့် ခေါင်းခါလိုက်တော့သည်။ အသံပိုင်ရှင်ကို မည်သူမှန်း သူသိလိုက်၏။

“ဘာကိစ္စမှမရှိတော့ဘူး မင်းသွားလို့ရပြီ”

“ဂိုဏ်းချုပ်”

“သူက ငါ့မိတ်ဆွေပဲ”

“ကျွန်တော်ထွက်သွားပါတော့မယ်”

တစ်ချိန်တည်းတွင် ထူးထူးဆန်းဆန်းဝတ်စုံများကို ဝတ်ထားသည့်လူတစ်ယောက်က လက်နောက်ပစ်လျက် အထဲသို့ ဝင်လာ၏။ မုတ်ဆိတ်နှင့် ဆံပင်တို့ကရှည်လေ၏။ သူ၏ရှည်လျားသော ဝတ်ရုံတို့က ကျန်သည့်ဒေသများမှ ကုန်သည်တစ်ဦးနှင့်ဆင်တူနေစေသည်။

ထိုလူကို မြင်တွေ့သည့်အချိန်၌ စီးဝူယာ့က အနည်းငယ်ထိတ်လန့်အံ့ဩသင့်သွားသည်။ သူက သတိတရားကို အမြန်ထိန်းပြီး ပြုံးကာပြောလိုက်တော့၏။

“မတွေ့ရတာကြာပြီ။ စစ်ရှစ်ရှိုး။ ယီမျိုးနွယ်မိတ်ဆွေဆိုတာဘာလဲ။ အဲ့တာကကြုံရာနာမည်ကြီးပဲကို”

မင်ရှစ်ရင်က မုတ်ဆိတ်နှင့်ဝတ်ရုံတို့ကို ဖယ်လိုက်လေ၏။ ရင်းနှီးနေသော သွင်ပြင်ကို ထိန်းထားလိုက်သည်။ သူက “မင်း မအံ့ဩသွားဘူးလား”

စီးဝူယာ့က တိတ်တိတ်ဆိတ်ဆိတ် ထိုင်လိုက်၏။ တကယ်တော့ သူအံ့ဩသွားသည်။

“ရှစ်စွင်းရဲ့အမိန့်လား”

“ရှစ်စွင်းက မင်းကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ခေါ်လာခိုင်းလိုက်တာ” မင်ရှစ်ရင်က ပြုံးပြီး ပြောလိုက်၏။

စီးဝူယာ့က မင်ရှစ်ရင်၏ စကားများထူးဆန်းနေကြောင်းသိလိုက်သည်။ ကျင့်မင်ဂိုဏ်းရှိ အဖြစ်အပျက်များကို ပြန်တွေးမိသွား၏။ သူက ဇဝေဇဝါဖြစ်နေလေ၏။ ရှစ်စွင်းကိုယ်တိုင် ရထားလုံးပျံဖြင့် ကျင့်မင်တာအိုဂိုဏ်းသို့ ရောက်ချလာပြီး ကျမ်းတစ်ခုကိုတောင် ထုတ်သုံးခဲ့သည်။ သူက ဤနေရာသို့ စစ်ရှစ်ရှိုးတစ်ယောက်ထဲကို အဘယ်ကြောင့်လွှတ်လိုက်ရသနည်း။ ထို့အပြင် စစ်ရှစ်ရှိုးက အဝါရောင်တောင်ထွတ်ပေါ်၌ စောင့်နေတာ နှစ်ရက်တောင်ရှိပြီဖြစ်သည်။ သူသည် သာမန်လူများထက် ဉာဏ်ထက်သော်ငြား မထုတ်ဖော်နိုင်ပေ။

သူက သစ်ပင်ခုတ်တဲ့ထဲ ခုန်ဝင်မဲ့ယုန်ကို စောင့်နေတာများလား။

အပြင်ပန်းတွင်မူ စီးဝူယာ့က တည်ငြိမ်စွာမေးလိုက်၏။

“ကျွန်တော် ဒီမှာရှိတယ်ဆိုတာ ဘယ်လိုများသိလဲ စစ်ရှစ်ရှိုး”

မင်ရှစ်ရင်က သူစိမ်းတစ်ယောက်ပမာမပြုမူပေ။ သူက စားပွဲတစ်ဖက်ခြမ်းဆီသို့ လျှောက်လာပြီး ထိုင်လိုက်၏။ သူ့ဘာသာသူ လက်ဖက်ရည်ခွက်ကိုင်ကာ သောက်ပြီး ပြောလိုက်၏။

“လွယ်ပါတယ်။ မင်းကို စုံစမ်းလိုက်တာလေ။ နားမရှိတဲ့နံရံက ဒီလောကထဲမှာ မရှိဘူး။ ဘီလုံးငှက်မျှော်စင်က ရထားလုံးပျံကို မင်းမှတ်မိသေးလား။ ရှစ်တိ မင်းက ဂရုမဲ့လွန်းတာကို။ မင်း လူတွေဘယ်လိုပဲခိုင်းခိုင်း သာမန်လူတွေက ရထားလုံးပျံတွေ ပိုင်မယ်လို့ထင်လား”

စီးဝူယာ့က ခေါင်းညိတ်ပြီးနောက် လက်ခုပ်တီးလိုက်သည်။ “လျှို့ဝှက်စကားကို ဘယ်လိုရှာတွေ့လဲ”

“ငါ နဂါးဝပ်ကျင်းမှာ နှစ်ရက်လောက်နေနေခဲ့တာ။ ငါ တောင်းပန်ရမှာပဲ။ ငါ ဒီတိုင်းမနေနိုင်ဘူးလေ။ ဒါကြောင့် နဂါးဝပ်ကျင်းတစ်ခုလုံးကိုလျှောက်သွားခဲ့တာ”

မင်ရှစ်ရင်က ပြောလိုက်၏။

“ဒါနဲ့ ငါ အဲ့ဒီနေရာကိုလည်းသွားခဲ့တယ်”

“…” စီးဝူယာ့က မင်ရှစ်ရင်ကို စိတ်ရှုပ်ထွေးနေသော အကြည့်ဖြင့်ကြည့်လိုက်၏။ အချိန်အတိုင်းအတာ တစ်ခုအတွက် သူမည်သို့ပြောရမည်မှန်းမသိပေ။ သူက မင်ရှစ်ရင်သူ့ကို ခြေရာခံနိုင်ရန် ဤမျှ အားစိုက်ထုတ်လိမ့်မည်ဟု မထင်ထားပေ။ ပြီးနောက် သူက တည်ငြိမ်စွာ ပြောလိုက်တော့၏။ “စစ်ရှစ်ရှိုးပျော်နေသရွေ့ ရပါပြီ”

မင်ရှစ်ရင်က တစ်ခွက်တည်းဖြင့် ခွက်ကို အပြောင်ရှင်းလိုက်သည်။ ပြီးနောက် သူက စီးဝူယာ့ကို ကြည့်ကာ ပြောလိုက်တော့သည်။

“အမ်း မင်းကြည့်ရတာ သိပ်မပြေသလိုပဲ"

စီးဝူယာ့က တိတ်ဆိတ်နေလေ၏။

မင်ရှစ်ရင်က ပြုံးပြီး ပြောလိုက်တော့သည်။ “နှုတ်ခမ်းစူမနေနဲ့။ ငါရဲ့ဦးနှောက်က မင်းနဲ့ယှဉ်နိုင်တယ်။ ငါ့ကို တစ်ခါလောက်ရှုံးရတာက ရှက်စရာမဟုတ်ဘူး”

မင်ရှစ်ရင်က စီးဝူယာ့ထက် သာလွန်သောကြောင့် ချွင်းချက်မရှိပျော်ရွှင်နေသည်။ သူခံစားရသည့် ပျော်ရွှင်မှုက အာဏာကိုရသွားသည့် အကျဉ်းပုံစံမျိုးဖြစ်နေ၏။

“စစ်ရှစ်ရှိုး တစ်ခုမေးစရာရှိတယ်” စီးဝူယာ့ကပြော၏။

“ဘာလဲ” အချို့သော အကြောင်းပြချက်ကြောင့်မင်ရှစ်ရင်က ယခုအချိန်တွင် အလွန်ပျော်ရွှင်နေသည်။ သူရိုးရိုးသားသား ပြောရမည်ဆိုလျှင် စီးဝူယာ့ကို မြင်တွေ့လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။ သူက ကြွက်သေကို စောင့်ဖမ်းနေသည့် မျက်ကန်းကြောင်တစ်ကောင်ပမာ ခံစားနေရ၏။ ယခုအခေါက်တွင် ကံကောင်းခဲ့သော်ငြား ကံဟူသည်လည်း ခွန်အား၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အထူးသဖြင့် ပါးနပ်ပြီးကောက်ကျစ်သောလူဖြစ်သည့် စီးဝူယာ့ကို ဤနေရာ၌ ဖမ်းနိုင်ခဲ့ခြင်းပင်ဖြစ်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အရံအတားက အားနည်းသွားပြီ။ ရှစ်စွင်းရဲ့ သူ့ရဲ့ကျင့်ကြံဆင့်ကို ထိန်းသိမ်းထားဖို့အတွက် စွမ်းအင်တွေကို စုပ်ယူနေတယ်လို့ကြားထားတယ်။ ဟုတ်ရဲ့လား”

စီးဝူယာ့က မေးလိုက်၏။

မင်ရှစ်ရင်သည် ထိုအကြောင်းကိုကြားသော်ငြား သူက မိစ္ဆာဝေဟင်မျှော်နန်းကို မပြန်ရသေးပေ။ သူကိုယ်တိုင်မျက်မြင်မတွေ့ခြင်းကြောင့် ငြင်းဆန်ရန်မရှိ၊ အတည်ပြုခြင်းလည်း မရှိပေ။ သူက ပြောလိုက်၏။ "စိတ်မကောင်းပါဘူး။ မင်း သိချင်တယ်ဆိုရင် ငါနဲ့အတူ မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်လိုက်ခဲ့ရမယ်”

စီးဝူယာ့က ပြုံးပြီးခေါင်းညိတ်လိုက်၏။ “စစ်ရှစ်ရှိုး ပြောင်းလဲသွားပြီလို့ ကျွန်တော် ပြောရတော့မှာပဲ”

“ဟမ်”

“ကျွန်တော်မှတ်မိသလောက် ရှစ်ရှိုးက အတိတ်တုန်းက ထင်မြင်ချက်အများဆုံးလူပဲလေ”

“ဒါတွေက အတိတ်ပါပဲ။ ငါတို့တွေက ပစ္စုပ္ပန်မှာနေနေတာ”

“ဒီလိုဆိုမှတော့ အရင်တုန်းက ကျွန်တော့ကို အတင်းအဓမ္မဘာကြောင့်မခေါ်ရတာလဲ” စီးဝူယာ့က မေးပြီး ဇဝေဇဝါဖြစ်နေလေ၏။

“အခု ငါမင်းကို ခေါ်သွားရင်ကော ဘာကွာခြားသွားမှာလဲ” မင်ရှစ်ရင်က အတိတ်တုန်းက ထိုသို့ပြုလုပ်နိုင်ရန် ခွန်အားမရှိကြောင်း ဝန်ခံမှာမဟုတ်ပေ။

စီးဝူယာ့က ရယ်မောပြီးပြောလိုက်၏။ "ကျွန်တော်တို့နှစ်ယောက်လုံးက နောက်လိုက်တပည့်တွေပဲ။ ကျွန်တော့်အတွက် ကိစ္စတွေကို ဘာကြောင့်များ ခက်ခဲအောင်လုပ်နေတာလဲ”

“သစ္စာဖောက်တစ်ယောက်က ပြောရရင်သစ္စာဖောက်ပဲလေ။ ဒီနေ့ လာတဲ့သူက ငါဖြစ်နေတာကို ကျေးဇူးတင်သင့်တယ်။ ရှစ်စွင်းသာ ဒီကိုရောက်လာခဲ့ရင် လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ မင်းရဲ့အရိုးတွေ ပြာဖြစ်သွားလိမ့်မယ်။ သူအဲ့ဒီလိုလုပ်မှာကို ငါ အံ့ဩနေမှာမဟုတ်ဘူး”

“ရှစ်စွင်းရဲ့ကျင့်ကြံဆင့်က မမှန်းဆနိုင်အောင် နက်နဲတယ်။ ကျွန်တော်ရှစ်စွင်း ခွန်အားကို သံသယဖြစ်စရာအကြောင်းမရှိဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ မပြီးမြောက်သေးတဲ့ကိစ္စတွေ အများကြီးရှိသေးတာ။ အခုတစ်ခေါက်ပြန်ဖို့တော့ အနည်းငယ်တွန့်ဆုတ်မိတယ်”

“မင်းရဲ့ အကြံအစည်က ဘာဆိုတာ ဂရုမစိုက်ဘူး။ ဒီနေ့ ငါနဲ့အတူ မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်ကိုပြန်ရမယ်” မင်ရှစ်ရင်က ခြေထောက်ကြွလိုက်ရာ သူ၏ခန္ဓာကိုယ်မှ ကနဦးချီများ ပေါ်ထွက်လာသည်။

စီးဝူယာ့က မကြောက်ပေ။ ထိုအစားသူကတည်ငြိမ်စွာပြောလိုက်၏။

“ကျွန်တော်ပြန်ခဲ့ရင်တောင် ကိစ္စတွေက ပြောင်းလဲသွားမယ်လို့ထင်လား။ ငါးနှစ်လောက်ဆိုရင်ရော ဘယ်လိုလဲ” သူက အရံအတားပြဿနာကြောင့် ဆယ်နှစ်ကနေ ငါးနှစ်အထိ အချိန်ကို လျှော့ချလိုက်သည်။

ငါးနှစ်ကြာပြီးနောက် အားလုံးက တစ်ကွဲတစ်ပြားစီဖြစ်သွားမှာပဲဖြစ်သည်။ စီးဝူယာ့သည် မင်ရှစ်ရင်ကို ထိုအကြောင်း ပြောပြရန် အကြိမ်ပေါင်းများစွာကြိုးစားခဲ့ဖူး၏။

“မနက်ဖြန်ရဲ့ပြဿနာတွေကို မနက်ဖြန်အတွက်ထားလိမ့်မယ်”(နောင်ခါလာ နောင်စျေး) မင်ရှစ်ရင်ကပြော၏။

စီးဝူယာ့က စိတ်ပျက်လက်ပျက်လေသံဖြင့်ပြောလိုက်သည်။ "ဒီလိုဆိုမှတော့ ရှစ်ရှိုးကိုပဲ အတုယူပြီး ပုန်ကန်ထကြွမဲ့စကားတချို့ပြောရတော့မှာပဲ။ ကျွန်တော် ဆန္ဒမရှိရင် ရှစ်စွင်းတောင်ဘာမှ မလုပ်နိုင်ဘူး”

မင်ရှစ်ရင်က စားပွဲကို ရိုက်ချလိုက်ပြီးနောက်ပြောလိုက်တော့သည်။ “သစ္စာဖောက် ဒီနေ့ ရှစ်စွင်းရဲ့ကိုယ်စား မိစ္ဆာဝေဟင်မျှော်နန်းရဲ့အမှိုက်ကိုရှင်းမယ်။"

ဖန်း

စားပွဲက ကွဲအက်သွား၏။ ကရားနှင့်ခွက်တို့ကလည်း ကြမ်းပြင်ပေါ်ပြုတ်ကျကုန်ကာ ကွဲကြေကုန်၏။

မင်ရှစ်ရင်၏ လက်ဝါးရိုက်ချက်များကို စီးဝူယာ့ထံမှ တုန့်ပြန်မှုမရှိပေ။ သူက မျက်မှောင်ကျုံ့ပြီးပြောလိုက်တော့၏။

“မောက်မာလိုက်တာ။ ငါဘာမှ တိုးတက်မှုမရှိဘူးများ ထင်နေလား” သူက လက်ဝါးရိုက်ချက်တစ်ချက် ထပ်ရိုက်လိုက်၏။ သူ၏ လက်ဝါးစည်းသင်္ကေတက စီးဝူယာ့၏ရင်ဘတ်ပေါ် တိတိကျကျ ကျရောက်သွားသည့်အချိန်တွင် သူ့ကို ထိတ်လန့်စေတော့သည်။

ဘန်း

စီးဝူယာ့က နောက်ကိုလွင့်ထွက်သွားပြီး မတိုင်နှင့်တိုက်မိသွားကာ သစ်သားတံခါးနှင့် ရိုက်မိသွားသည်။

“ဟမ်” မင်ရှစ်ရင်က ဇဝေဇဝါဖြစ်သွားသည်။ သူက စီးဝူယာ့နှင့်အချိန်ကြာမြင့်စွာ တိုက်ခိုက်ရမည်ဟု တွေးထင်ထားပြီးသား ဖြစ်သည်။ စီးဝူယာ့က ဤအတိုင်းရပ်နေပြီး သူ၏တိုက်ကွက်ကို ခံယူလိမ့်မည်ဟု သူမထင်ထားပေ။

မလှမ်းမကမ်းရှိမိစ္ဆာဝေဟင်မျှော်နန်းတွင်ဖြစ်သည်။

အရှေ့ဖက်မျှော်နန်းတွင် ကောင်းကင်ကျမ်းစာကို ဆင်ခြင်သုံးသပ်နေသောလုကျိုးက စနစ်၏ ရုတ်တရက်အသိပေးသံကြောင့် ထိတ်လန့်သွားပြီး ဇဝေဇဝါဖြစ်သွား၏။

“စီးဝူယာ့ကို အပြစ်ပေးပြီးပါပြီ။ ဆုလာဒ်ကုသိုလ်မှတ်နှစ်ရာ”

အတော်ကြာတွေးဆနေပြီးနောက် လုကျိုးက ထိုသို့ဖြစ်ရခြင်းသည် မင်ရှစ်ရင်ကြောင့် ဖြစ်ရမည်မှန်းသိလိုက်သည်။ သို့သော် သူက စိတ်ရှုပ်ထွေးနေ၏။

မင်ရှစ်ရင်က လက်တလောကမှ ရွှေကြာတွေ ပေါက်လာတာမဟုတ်ဘူးလား။ သူက စီးဝူယာ့နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။

မင်ရှစ်ရင်က စီးဝူယာ့ဆီလျှောက်သွား၏။

စီးဝူယာ့က သွေးတစ်ပွက်အန်ပြီးနောက် ထိုင်နေသည့်အနေအထားပြုပြင်လိုက်သည်။

စီးဝူယာ့ကို အတော်ကြာ အကဲခတ်ပြီးနောက် မင်ရှစ်ရင်က သဘောပေါက်သွားတော့၏။ စီးဝူယာ့က သူ၏အရှိန်အဝါကို ဖုံးကွယ်ဖို့ရည်ရွယ်ချက်မရှိပေ။

စီးဝူယာ့၏ ကျင့်ကြံမှု အပိတ်ခံထားရတာပဲဖြစ်၏။ သူက ကိုယ်ကိုကိုင်းကာ စီးဝူယာ့ကို ကြည့်ပြီးပြောလိုက်တော့သည်။

“ဒီတော့ မင်းရဲ့ကျင့်ကြံဆင့်က စည်းပိတ်ခံထားရတာပဲ။ ဒါကို ငါကိုယ်တိုင်တွေ့တာဆိုတော့ ချိရှစ်တိ”

စီးဝူယာ့က အသံမထွက်သွားပေ။

သူက “ရှစ်ရှိုးက အရင်ကထက်ပိုပြီး တကယ်အစွမ်းထက်လာတာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ကျင့်ကြံဆင့်သာ စည်းပိတ်မခံထားရရင် ရှစ်ရှိုးက ကျွန်တော့်အတွက် ပြိုင်ဘက်မဟုတ်ပါဘူး”

“အင်း ငါတို့ သေချာမသိသေးတာ နှမြောစရာပဲ။ အခုကတော့ မင်းရှုံးနိမ့်သွားပြီ။" မင်ရှစ်ရင်ကပြောလိုက်သည်။

“ထားလိုက်တော့” စီးဝူယာ့က တည်ငြိမ်စွာခေါင်းခါလိုက်၏။ “ရှုံးတာက ရှုံးတာပဲပေါ့။ စစ်ရှစ်ရှိုး ကြိုက်တာလုပ်”

“ငါမလုပ်ဘူးများထင်နေလား” မင်ရှစ်ရင်က စီးဝူယာ့၏ အင်္ကျီကော်လံကနေဆွဲကိုင်ပြီး လက်ဝါးရိုက်ချက်မြှောက်လိုက်လေ၏။

“လုပ်မှာလား” စီးဝူယာ့က မကြောက်မရွံ့ မင်ရှစ်ရင်၏ မျက်လုံးကို စိုက်ကြည့်နေလေ၏။

…

အခန်း (၂၃၆) ရှစ်စွင်းနဲ့ မျက်နှာချင်းဆိုင်ဖို့ ပြန်လိုက်ခဲ့

စီးဝူယာ့က သူ့စစ်ရှစ်ရှိုးအကြောင်း ကောင်းကောင်းသိလေသည်။ သူက မင်ရှစ်ရင်သည် သူ့ခြိမ်းခြောက်မှုအတိုင်း လိုက်မလုပ်ကြောင်း သိ၏။ စီးဝူယာ့ကို အမြဲတမ်း သတိကြီးသည်ဟု မည်သူက ပြောခဲ့သနည်း။ သူ စွန့်စားရသည့် အချိန်များလည်း ရှိလေသည်။ ဤသည်က ထိုအခိုက်အတန့်ထဲမှ တစ်ခု ဖြစ်၏။

မင်ရှစ်ရင်က စီးဝူယာ့ ကော်လံကို ဆွဲကာ ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။ သူက စီးဝူယာ့ကို မဆင်မခြင် မတိုက်ခိုက်ပေ။ သူက စီးဝူယာ့ကို စိုက်ကြည့်ရင်း ပြောလိုက်၏။

“ ဘာဖြစ်ဖြစ် ငါက မင်းရဲ့ ရှစ်ရှိုး ဖြစ်နေတုန်းပဲ … ငါ မလုပ်ခင် မင်းတို့အားလုံး မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်သွားရတဲ့ အကြောင်းအရင်းကို သိချင်တယ်”

သူ ပြောသည့် အားလုံးဆိုတာက တာ့ရှစ်ရှိုးနှင့် အာ့ရှစ်ရှိုးလည်း အပါအဝင် ဖြစ်၏။

စီးဝူယာ့က အပြုံးလေးနှင့် ပြောလာသည်။

“ ရိုးရိုးလေးပါပဲ။ ရှစ်စွင်းက ဒေါသကြီးတယ်။ ကျွန်တော်တို့ကလည်း ဂုဏ်သိက္ခာရှိတဲ့ လူသားတွေပဲ။ ဘယ်သူက အချိန်အကြာကြီး သည်းခံနိုင်မှာလဲ။ ကျွန်တော်တို့ လက်နက်နဲ့ ကျင့်စဉ်ကို ရတာနဲ့ ပြန်လှည့်မကြည့်ဘဲ ထွက်လာမှာပဲ ”

“ ငါ ယုံမယ်များ ထင်နေလား။ မင်းတို့က မိစ္ဆာဝေဟင်မျှော်နန်းအပေါ် သစ္စာဖောက်တာကို ဖြောင့်မတ်အောင် အပေါ်ယံ ဆေးသုတ်နေတာပဲ … ဘယ်တုန်းက ဒီလောက်အရှက်မဲ့လာရတာလဲ”

မင်ရှစ်ရင်က နှာခေါင်းရှုံ့ကာ မေးလိုက်သည်။

“ ကိုယ့်မျက်ချေးကျ မမြင်ဘဲ သူများမျက်ချေးပဲ မြင်နေလို့ ဘယ်ဖြစ်မလဲ။ ရွှေနန်းဥယျာဉ်တောင်ကို ဂိုဏ်းကြီးဆယ်ဂိုဏ်း လာဝိုင်းတုန်းကလည်း ရှစ်ရှိုး အဲလိုအတွေးမျိုး တွေးခဲ့တာ မှတ်မိတယ်။ ကျွန်တော့်ကို မယုံလောက်ပေမဲ့ အဲတုန်းက ရွှေနန်းဥယျာဉ်တောင်ဆီ လာတိုက်ကြတဲ့ အများစုက ကျွန်တော့်သူလျှိုတွေပဲ … အဲတုန်းက ရှစ်ရှိုး ရှစ်စွင်းကို ဒေါသထွက်စေခဲ့တာလေ” စီးဝူယာ့က သူ့မျက်လုံးနှင့် မြင်တွေ့သလိုမျိုး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“တိတ်စမ်း ”

စီးဝူယာ့ဆီ အသံလှိုင်း ဝင်ရောက်လာသောကြောင့် မျက်မှောင်အသာကြုတ်မိသွားသည်။ ထို့နောက် သူက လက်နှစ်ဖက်ယှက်ကာ “ ကျွန်တော်က အမှန်အတိုင်းပဲ ပြောနေတာလေ။ ရှစ်ရှိုး ခွင့်လွတ်ပေးပါ”

“ အတိတ်က အတိတ်ပဲ … မင်းက ငါတို့ မဟုတ်ဘူး။ အဲတုန်းက တောင်ပေါ်နေခဲ့ရတာ ဘယ်လိုလဲ သိလို့လား” မင်ရှစ်ရင်က မေးလိုက်သည်။

“အဲလိုပြောကြေးဆိုရင် ရှစ်ရှိုးလည်း မကောင်းပါဘူး။ ကျွန်တော်တို့ ခံစားချက်တွေကို နားလည်တယ်လို့ ထင်နေတာလား ”

“မင်းက စကားနိုင်လာလုနေတာလား” မင်ရှစ်ရင်က စီးဝူယာ့ကို ဘေးဘက်ပစ်လွှတ်လိုက်သည်။

ဘန်း

စီးဝူယာ့က လက်ရန်းကို တိုက်မိကာ ပြုတ်ကျသွားသည်။

………

ဟိုးအဝေးတစ်နေရာ မိစ္ဆာဝေဟင်မျှော်နန်း၌

“တင်း … စီးဝူယာ့ကို အပြစ်ပေးနိုင်ခဲ့တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် နှစ်ရာ ရရှိပါမယ် ”

လုကျိုးက အသိပေးချက်ကို ကြားလိုက်ပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထို့နောက် ပြန်ပိတ်လိုက်၏။

ခန္ဓာ တည်ဖွဲ့ခြင်း အဆင့် ကိုးဆင့်ကို ပြီးမြောက်ထားသည့် ကျင့်ကြံသူတစ်ဦးအနေနှင့် ချီစွမ်းအား မရှိလျှင်ပင် ဒီလောက်နာကျင်မှုက သူ့အပေါ် ထိခိုက်စေမည် မဟုတ်ချေ။

မင်ရှစ်ရင်က အခန်းထဲမှ ခုန်ထွက်ကာ စီးဝူယာ့ကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။ ခဏကြာမြင့်ပြီးနောက် သူက ပြောလိုက်သည်။ “ သံသရာဆိုတာရှိတယ်။ ဖြစ်ပြီးတာတွေက ထပ်ဖြစ်လာမှာပဲ … မင်း မချိုးဖောက်နိုင်လောက်အောင် မင်းရဲ့ ကျင့်ကြံဆင့်ကို ပိတ်ဆို့ထားတဲ့ လူက ဘယ်သူလဲ”

စီးဝူယာ့က နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ကာ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။

မင်ရှစ်ရင်က ပြောလိုက်၏။

“ ဘယ်သူမှ မင်းကို လာမကယ်ဘူး။ ငါ အချိန်ရှိတိုင်း ဒီမှာ ကျင့်ကြံနေတာ … သူတို့အားလုံး သေလောက်အောင် ကြောက်နေလောက်ပြီ ”

စီးဝူယာ့ “ … ”

သူက ရုတ်ခြည်းဆိုသလို သူ့စစ်ရှစ်ရှိုးသည် သူ ထင်ထားသည်ထက် ပိုဉာဏ်ကောင်းလာကြောင်း သတိပြုမိလိုက်၏။ သူက ပြုံးကာ ပြောလိုက်သည်

“ စစ်ရှစ်ရှိုး … မဟူရာကွန်ယက်အဖွဲ့ထဲ ဝင်ပါ့လား။ ရှစ်ရှိုးက ဂိုဏ်းချုပ်လုပ်လေ.. ကျွန်တော်က ဘေးကနေ ကူပေးမယ် ”

“မင်းက မျှော်လင့်ချက် မဲ့နေပြီ။ ရှစ်စွင်း မရှိဘူးဆိုတော့ ငါက သူ့ကိုယ်စား မင်းကို အပြစ်ပေးမယ်”

မင်ရှစ်ရင်က လက်မြောက်ကာ စီးဝူယာ့ဆီ နောက်ထပ် လက်ဝါးစည်းတံဆိပ် ချမှတ်လိုက်သည်။

ထိုစွမ်းအား စည်းတံဆိပ်က စီးဝူယာ့ ရင်ဘတ်ဆီ ထိတော့မည့်ဆဲဆဲတွင် …

ဘန်း

နောက်ထပ် စွမ်းအားအကာအကွယ်တစ်ခုက စီးဝူယာ့ကို လွှမ်းခြုံသွားသည်။

ထိုစွမ်းအား စည်းတံဆိပ်က အင်မတန် သိပ်သည်း၏။ ထိုအရာက လျှပ်စီးအလျင်ဖြင့် ပေါ်လာကာ မင်ရှစ်ရင်၏ စွမ်းအား စည်းတံဆိပ်အား ဆန့်ကျင်လိုက်သည်။

မင်ရှစ်ရင်က လှည့်ကြည့်လိုက်သည်။ ခေါင်မိုးပေါ်တွင် သူ့ကို လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်နေသည့် အမျိုးသားတစ်ဦး ရှိနေသည်။

ထိုသူက ပြောလိုက်၏။

“ငရဲဂိုဏ်းရဲ့ ကျားဖြူခန်းမသခင် ပိုင်ယွီချင်းက စတုတ္ထသခင်လေးကို နှုတ်ဆက်ပါတယ်”

“ငရဲဂိုဏ်း ..” မင်ရှစ်ရင်က ချက်ချင်း နောက်ဆုတ်ကာ ဘေးပတ်လည်ကို စစ်လိုက်သည်။ သူက တာ့ရှစ်ရှိုး ရောက်လာမည်ကို စိုးရိမ်မိနေသည်။

ပိုင်ယွီချင်းက ပြုံးကာ “ စတုတ္ထသခင်လေး စိုးရိမ်စရာ မလိုပါဘူး။ ဂိုဏ်းချုပ်က အခုတလော လုပ်စရာရှိလို့ ဒီမှာ မရှိဘူး ”

“ လာနောက်နေတာလား …ငါက သူ့ကို ကြောက်ရမှာလား ” မင်ရှစ်ရင်က စိတ်ထဲ၌ သက်သာရာရသွားလေသည်။

“ စတုတ္ထသခင်လေး … ဒီနားမှာ စောစောလေးက ရုတ်ရုတ်သဲသဲ ကြားမိလိုက်တယ်။ ဂိုဏ်းချုပ်က သူ့ညီအစ်ကိုကြားက ဆက်ဆံရေးကို ဝင်မရှုပ်ဖို့ အမိန့်ပေးထားပေမဲ့ ဂိုဏ်းချုပ်က သတ္တမသခင်လေးကို ကာကွယ်ဖို့ ကျုပ်ကို တာဝန်ယူခိုင်းထားတာ … သတ္တမသခင်လေးကို ဘာလို့ ခက်ခဲအောင် လုပ်နေရတာလဲ ” ပိုင်ယွီချင်းက မေးလိုက်သည်။

မင်ရှစ်ရင်က ပိုင်ယွီချင်းကို ကြည့်ကာ “ မင်းက ဂိုဏ်းချုပ်အမိန့်ကို ဆန့်ကျင်ရဲတယ်ပေါ့ …ငါသာ မင်းဂိုဏ်းချုပ်ဆိုရင် ငါ့အမိန့်ကို မနာခံတဲ့သူတိုင်း ခေါင်းဖြတ်ပစ်လိုက်ပြီ ”

ပိုင်ယွီချင်းက ပြောစရာပင် ရှာမတွေ့တော့ပေ။

စီးဝူယာ့က ဖြည်းဖြည်းချင်း ထရပ်ကာ “စစ်ရှစ်ရှိုး ဘာလို့ ဒေါသထွက်နေရတာလဲ … ကျွန်တော့်ကို သတ်လိုက်ရင်တောင် ဘာဖြစ်လာမှာမလို့လဲ ”

“ငါ့ပြဿနာက မင်းပဲ စီးဝူယာ့ …”

ခဏအကြာတွင် သူက စစ်ရှစ်ရှိုးသည် သူ့အတွက် သူစိမ်းတစ်ယောက်လို ဖြစ်သွားကြောင်း ခံစားမိလိုက်သည်။ သူက စစ်ရှစ်ရှိုး များစွာပြောင်းလဲသွားသည့် အကြောင်းအရင်းကို မသိချေ။ ယခင် မင်ရှစ်ရင်က မိစ္ဆာဝေဟင်မျှော်နန်းနှင့် ပတ်သက်၍ သူတို့နှင့် အတွေးတူ အမြင်တူ ဖြစ်၏။

ခဏကြာ တိတ်ဆိတ်နေပြီးနောက် စီးဝူယာ့က သူ့အပေါ်ပိုင်း ဝတ်စုံကို ဖယ်လိုက်သည်။ သူ့ပိန်ပါးပါးဖြစ်သော်လည်း ကြွက်သားများထင်းနေသည့် ခန္ဓာကိုယ်ကို ပြသလိုက်သည်။ စီးဝူယာ့လို ညင်သာကာ ပညာရှင်ဆန်သည့် လူတစ်ယောက်အတွက် ဒီလိုမျိုး ရုပ်ခန္ဓာကောင်းရှိနေကြောင်း တွေးကြည့်ဖို့ ခက်လှသည်။

သို့သော်လည်း စီးဝူယာ့ ရင်ဘတ်ပေါ်၌ သွေးနီရောင် ချုပ်နှောင်ရေး စာလုံးကြီးကို မြင်နိုင်လေသည်။ ထိုအရာက သူ့ရင်ဘတ်တစ်ခုလုံး ဖုံးလွှမ်းထားသောကြောင့် မမြင်ဖို့ ခက်ပေသည်။

“ချုပ်နှောင်ရေး မန္တန်လား ” မင်ရှစ်ရင်က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲ အံ့အားသင့်သွားမိသည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းတွင် သူ့ကျင့်ကြံဆင့် တိုးတက်လာဖို့အတွက် အနောက်ပိုင်း မျှော်နန်းဆောင်၌ စာအုပ်များ လေ့လာဖူးသည်။ ထိုစဉ် သူ့သစ်သားပြာ ကျင့်စဉ်က မပြည့်စုံသေးပေ။ သို့သော် သူက ဗဟုသုတ တိုးပွားလာခဲ့၏။ ဤချုပ်နှောင်ရေး မန္တန်က ကြောက်စရာအကောင်းဆုံး ချုပ်နှောင်ရေး နည်းစနစ်ထဲမှ တစ်ခု ဖြစ်သည်။ နောက်ဆုံးတွင် စီးဝူယာ့က အဘယ်ကြောင့် ပြန်မခုခံလဲ နားလည်သွားလေပြီ။ အကြောင်းမှာ စီးဝူယာ့၏ ကျင့်ကြံဆင့် ပိတ်ဆို့ခံထားရခြင်း ဖြစ်၏။

စီးဝူယာ့က ခပ်ယဲ့ယဲ့ ပြုံးကာ “ စစ်ရှစ်ရှိုး … ဘယ်သူ လုပ်လိုက်တာလဲ သိလား ”

“အဲဒါ ဖြစ်တုန်းက ငါမှ မရှိတာ ဘာလို့ ငါ့ကို မေးနေတာလဲ ” မင်ရှစ်ရင်က မေးခွန်းဖြင့်သာ ပြန်တုံ့ပြန်လိုက်သည်။ ဤအဖြေက မင်ရှစ်ရင်သည် ကျင့်မင်တာအိုဂိုဏ်း၌ ရထားလုံးပျံပေါ်တွင် မရှိကြောင်း စီး၀ူယာ့ကို သေချာသွားစေသည်။

ဒီလိုဆိုရင် မင်ရှစ်ရင် အဝါရောင်တောင်ထိပ် ရောက်လာတဲ့ကိစ္စက ရှစ်စွင်းနဲ့ ဘာမှမဆိုင်ဘူးပဲ …

စီးဝူယာ့က တွေးရင်း စိတ်သက်သာရာရသွားသည်။ သူက ပြောလိုက်သည်။

“ ဒီချုပ်နှောင်ရေး မန္တန် ထားခဲ့တာ ရှစ်စွင်းပဲ ”

“ ရှစ်စွင်းလား ” မင်ရှစ်ရင်က အံ့အားသင့်သွားလေသည်။ သူက ရှစ်စွင်းသည် နောက်ပိုင်း ပုံမှန်မဟုတ်သည့် နည်းလမ်းများ ထုတ်သုံးလာသည်ကို ပြန်အမှတ်ရမိလိုက်သည်။ ဗုဒ္ဓကျမ်း ဖြစ်စေ တာအိုစည်းတံဆိပ် ဖြစ်စေ အားလုံးက ထူးခြားလေသည်။

အခု သူက မန္တန်တောင် ထုတ်သုံးနေပြီလား …

သူက အနည်းငယ် သံသယဝင်လာမိသည်။

စီးဝူယာ့က ပြောလိုက်၏။ “ ကျွန်တော်ကို သံသယဖြစ်နေစရာ မလိုဘူး။ အဲဒါ အမှန်ကတယ် လူအိုကြီး လက်ချက်ပဲ။ မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်လာတာနဲ့ နားလည်သွားလိမ့်မယ် ”

“ အဲလိုဆိုရင်တောင် မင်းနဲ့ တန်တယ် ”

“ ကျွန်တော် ဒီမန္တန် ထိသွားပြီးတဲ့နောက် ကျင့်ကြံဆင့် စည်းပိတ်ခံလိုက်ရတယ်။ ကျင့်ကြံရေးလောကမှာ အန္တရာယ်အနှံ့ ရှိနေတာ … ကျွန်တော်ကို အသက်ရှင်ရက် အရေဆုတ်ချင်တဲ့ ဂိုဏ်းတွေလည်း အများကြီးပဲ။ ရှစ်ရှိုးက အဝါရောင်တောင်ထိပ်ကို ရှာနိုင်မှတော့ ကျန်တဲ့လူတွေလည်း ဒီနေရာကို ရှာနိုင်ကြမှာပဲ …

ရှစ်စွင်းက နောင်ကျရင် ရှစ်ရှိုးကို ဒီလိုမျိုး လုပ်လာမှာကို မစိုးရိမ်ဘူးလား” စီးဝူယာ့က မေးလိုက်သည်။

“ ဒီလိုသဘောထားကွဲလွဲစေမဲ့ဟာတွေ တော်လိုက်တော့ … မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို သစ္စာဖောက်ခဲ့ပြီး ရှစ်စွင်းကို လှည့်စားခဲ့တာ … ရှစ်စွင်းက မင်းကို သတ်ဖို့ ဆုံးဖြတ်လိုက်ရင်တောင် မအံ့ဩဘူး ” မင်ရှစ်ရင်က ခဏရပ်လိုက်ပြီး “ရှစ်စွင်းနဲ့ မျက်နှာချင်းဆိုင်ဖို့ ငါနဲ့အတူတူ ပြန်လိုက်ခဲ့ ”

…

အခန်း (၂၃၇) မင်ရှစ်ရင်၏နည်းလမ်း

စီးဝူယာ့သည် ရလဒ်များအားလုံးကို မှန်းဆနိုင်သည့်အတွက် သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားသည်။ သို့သော် သူ၏စစ်ရှစ်ရှိုး ဤမျှခေါင်းမာလိမ့်မည်ဟု မထင်ထားပေ။ စစ်ရှစ်ရှိုးက ချုပ်နှောင်ခြင်းကျမ်းကို အမှုမထားဘဲ နောင်ကျ သူတို့၏ရှစ်စွင်း သူ့ကို ရက်စက်လာနိုင်သည့် အချက်ကြောင့် ခြိမ်းခြောက်ခံရပုံမပေါ်ပေ။ ယခုအချိန်တွင် မင်ရှစ်ရင်၏စိတ်ကို ပြောင်းလဲနိုင်ရန် မျှော်လင့်ချက်မရှိတော့မှန်း သူသိနေ၏။ မင်ရှစ်ရင်ကို ဖြောင့်ဖျ၍မရနိုင်သောကြောင့် သူ နောက်ထပ်တစ်နည်းသာသွားရတော့မည်။

စီးဝူယာ့က အဝတ်အစားပြန်ဝတ်လိုက်ပြီးနောက် သူ၏ မျက်နှာထက်တွင် အပြုံးခပ်ရေးရေးဖြင့်ပြောလိုက်တော့၏။ “စစ်ရှစ်ရှိုး တကယ်တော့ တိုက်ပွဲဝင်ခွန်အားက အရေးပါတယ်။ ဒါပေမဲ့ စစ်မြေပြင်မှာ အမှန်တကယ်ဆုံးဖြတ်ပေးတဲ့အချက်က ခွန်အားသက်သက်မဟုတ်ဘူး။ ရှစ်ရှိုးအဖို့ကျွန်တော့်ကို ခေါ်ထုတ်သွားဖို့မလွယ်ကူမှာ စိုးရိမ်မိတယ်”

“ငါ ကြိုးစားကြည့်မယ်” မင်ရှစ်ရင်၏အသံမှ အသံလှိုင်းသည် စီးဝူယာ့ဆီတိုးဝင်လာ၏။

စီးဝူယာ့ရှေ့ရှိ လေဟာနယ်က တုန်ခါသွားပုံပေါ်သော်ငြားအသံလှိုင်းကမူ ကာကွယ်ခြင်းစွမ်းအင်၏ အလွှာကြောင့် ဟိန်းသံထွက်နေဆဲဖြစ်၏။ သူရှေ့၌ ထူထဲသောနံရံတစ်ခုရှိနေသည့်ပမာထင်ရသည်။

မင်ရှစ်ရင်က ကျားဖြူခန်းမသခင် ပိုင်ယွီချင်းကို ကြည့်လိုက်သည်။

ပိုင်ယွီချင်းက လက်သီးဆုပ်မိုးလျက်ပြောလိုက်တော့၏။

“ကျုပ် တောင်းပန်ပါတယ် စတုတ္ထသခင်လေး။ သတ္တမသခင်လေး ဘေးကင်းမှဖြစ်မှာပါ”

မင်ရှစ်ရင်က ပြောလိုက်၏။ "မင်းရဲ့ နာမည်က ဘာလဲ"

“ကျွန်တော့်နာမည်က ပိုင်ယွီချင်း။ ကျွန်တော်က ငရဲဂိုဏ်းရဲ့ ကျားဖြူခန်းမသခင်ပါ”

“မင်းမှာကျင့်ကြံဆင့်ကောင်းရှိနေတာပဲ။ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ဖို့တွေးကြည့်ပါလား”

“အမ်း” ပိုင်ယွီချင်းက အနေခက်ပုံပေါ်နေ၏။ သူက “ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ် စတုတ္ထသခင်လေး။ ကျွန်တော်က ငရဲဂိုဏ်းကို ဝင်ပြီးပြီဆိုတော့ ထွက်ဖို့စိတ်မကူးမိပါဘူး”

ပိုင်ယွီချင်းက ပြောပြီးသည်နှင့် မင်ရှစ်ရင်က လှောင်ပြောင်မှုများဖြင့်ပြည့်နေသောအကြည့်ဖြင့် စီးဝူယာ့ကို လှည့်ကြည့်လိုက်သည်။ ပိုင်ယွီချင်းတောင် သူ၏ဂိုဏ်းကိုသစ္စာမဖောက်သင့်ကြောင်း နားလည်သည်ဟုပြောနေသယောင်ယောင်ထင်ရသည်။

စီးဝူယာ့က မင်ရှစ်ရင်၏လှောင်ပြောင်မှုကို စိတ်ထဲမထားပေ။ သူသည် နှစ်ပေါင်းများစွာ မရေမတွက် လူများစွာ၏လှောင်ပြောင်ထေ့ရိမှုကို ခံခဲ့ရသည်။ သစ္စာဖောက်တစ်ယောက် လိမ်လည်ပြီး ဆရာကိုလိမ်လည်၊ ဂိုဏ်းချုပ်ကို စွပ်စွဲကာ သစ္စာမဲ့၊ သစ္စာမရှိ ကောက်ကျစ်ခြင်း၊ ယုတ်မာခြင်း၊ သေးသိမ်ခြင်း၊ ပက်စက်ခြင်းဟူ၍ ခေါ်ခံရသည်။ မရေမတွက်နိုင်သည့် ကျိန်ဆဲစော်ကားမှုများစွာက သူ့ကို ခံနိုင်ရည်ရှိစေခဲ့၏။

နောက်ဆုံးတွင် ခေါင်မိုးပေါ်၌ ရပ်နေသော ပိုင်ယွီချင်းကို မင်ရှစ်ရင်က ကြည့်ပြီး ပြောလိုက်တော့သည်။

“ဟုတ်ပြီ မင်းကို မှတ်ထားလိုက်မယ်”

ပိုင်ယွီချင်း၏ ကျင့်ကြံဆင့်က မင်ရှစ်ရင်ထက်ပိုနက်နဲသော်ငြား မင်ရှစ်ရင်၏ပြောစကားကို ကြားသည့်အချိန်၌ သူတုန်လှုပ်သွားသည်။ သို့သော် သူ့တွင် ဂိုဏ်းချုပ်နှင့် ညီအစ်ကိုများ ထောက်ပံ့ပေးနေကြောင်း မှတ်မိသွားသည့်အချိန်၌ သူအနည်းငယ်စိတ်သက်သာရာရသွားသည်။ ထို့အပြင် စီးဝူယာ့က ငရဲဂိုဏ်းဖက်မှဖြစ်၏။ မိစ္ဆာဝေဟင်မျှော်နန်းက မည်မျှကြာရှည်ခံနိုင်မည်နည်း။ ကျင့်ကြံခြင်းလောကတွင် အချိန်က တန်ဖိုးအရှိဆုံးနှင့် အရေးအကြီးဆုံးဖြစ်သည်။ သူ့သတ္တိဖေးမမှုဖြင့် သူကလက်သီးဆုပ်မိုးကာပြောလိုက်သည်။ “ကျေးဇူးပြုပြီး နားလည်ပေးပါ စတုတ္ထသခင်လေး။ ကျေးဇူးပြုပြီး ထွက်သွားပါ”

“ကျေးဇူးပြုပြီး ထွက်သွားပါတဲ့လား” မင်ရှစ်ရင်က ခြေဆောင့်နင်းလိုက်၏။

ဖုန်း

နှစ်ဖက်ခြမ်းရှိအိမ်များက ချက်ချင်းယိုင်နဲ့သွားသည်။ မင်ရှစ်ရင်က ကောင်းကင်ထဲရောက်သွား၏။ ယခုအချိန်တွင်သူက အထက်ကနေပိုင်ယွီချင်းကို ငုံ့ကြည့်နေသည်။

ပိုင်ယွီချင်းက မင်ရှစ်ရင်နှင့်အကြည့်ချင်းဆုံသွား၏။ အဆုံးတွင်မူ သူက သူ့စိတ်အတွင်းရှိ မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်တစ်ယောက်နှင့် တိုက်ခိုက်ရတော့မည်ဖြစ်သည်။ စတင်ကျင့်ကြံချိန်မှစပြီး သူစိတ်ထဲတွင် ရှိနေတာကြာပြီဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်တစ်ယောက်နှင့်စတင် တိုက်ခိုက်ရတော့မည်။ စတင်ကျင့်ကြံချိန်ကစပြီး မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ပုံပြင်များ၊ ဒဏ္ဍာရီများစွာကြားခဲ့ဖူး၏။ လူတိုင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ကြောက်၏။ အထူးသဖြင့် ၎င်းတို့၏ ဆရာ သူ့ဂိုဏ်းချုပ်၏ ဆရာဖြစ်သည်။ ခေါင်းဆောင်လေးယောက်သည် ထိုစဉ်က မိစ္ဆာဝေဟင်မျှော်နန်းနှင့် ရင်ဆိုင်ချိန်၌ သူတို့က မတိုက်ခိုက်ရဲချေ။ သို့သော် ယခုမူ ကောင်းမွန်သည့် အခွင့်အရေးက ကိုယ်တိုင်ရောက်လာပြီဖြစ်ကာ သူ တည်ငြိမ်မှုကို ထိန်းထားနိုင်ရန်ခဲယဉ်းနေလေ၏။ လက်သီးနှစ်ဖက်ကို ဆုပ်မိုးကာ သူပြောလိုက်တော့သည်။ “စတုတ္ထသခင်လေး ထပ်တိုက်ချင်တာလား”

ဝှစ်

မင်ရှစ်ရင်က ပိုင်ယွီချင်း၏မျက်နှာဆီ လျှပ်ပြက်သည့်အရှိန်ဖြင့် ဝင်ရောက်လိုက်သည်။

ပိုင်ယွီချင်း၏ မျက်နှာထက်၌ တည်ကြည်သောအမူအရာပေါ်လာသည်။ သူက သတိတရားကို မလျှော့ချပေ။ လေထဲခုန်တက်ကာ နှစ်ဖက်လုံးက စတင်တိုက်ခိုက်တော့၏။

အချိန်အတိုင်းအတာတစ်ခုအတွက် လေထုထဲ၌လေများကြမ်းတမ်းစွာ တိုက်ခတ်နေသည်။ ပြိုင်ဖက်နှစ်ယောက်လုံးက တစ်ယောက်နှင့်တစ်ယောက် စွမ်းအင်သင်္ကေတများထုတ်နေ၏။ စီးဝူယာ့က ထိုမြင်ကွင်းကြောင့် ခေါင်းခါလိုက်တော့သည်။

အဝါရောင်တောင်ထွတ်ကို တာဝန်ယူသည့်သူက ကြောက်လန့်ပြီးပြေးပြီဖြစ်၏။ သူက ငုံ့ကြည့်ကာပြောလိုက်တော့သည်။ “ဒါ ငါ့ရဲ့အမှားပဲ။ ဝံပုလွေကို ဝင်ခွင့်မပေးသင့်ဘူး”

စီးဝူယာ့က သူ့ကို တစ်ချက်ကြည့်ပြီးပြောလိုက်၏။ “ဒါအတွက် မင်းကို အပြစ်မတင်ဘူး”

“ကျေးဇူးပါဂိုဏ်းချုပ်။ သက်ညှာပေးတဲ့အတွက် ကျေးဇူးပါ” တာဝန်ယူထားသည့်သူက စိတ်သက်သာရပြီး သက်ပြင်းချလိုက်၏။ ယခုဆိုသူက ပိုတည်ငြိမ်သွားပြီဖြစ်သည်။ သို့သော်ငြား

“ဒီနေ့ မင်း အငြိမ်းစားယူပြီး မြို့ကိုပြန်လို့ရပြီ”

“ဂိုဏ်း ဂိုဏ်းချုပ်”

“ဒါက မဟူရာကွန်ယက်ရဲ့ထုံးစံပဲ။ နှစ်ပေါင်းများစွာ မင်းရဲ့သစ္စာရှိမှုကို ထောက်ထားပြီး မင်းရဲ့လျှာကိုထိန်းထားလို့ရသေးတယ်” စီးဝူယာ့က တည်ငြိမ်စွာပြောလိုက်၏။

တာဝန်ကျသည့်သူသည် အစကတစ်စုံတစ်ခုပြောချင်ခဲ့၏။ သို့သော် သူတို့၏ဂိုဏ်းချုပ် ထိုကဲ့သို့ပြောသောကြောင့် သူဘာမှထပ်မပြောရဲတော့ချေ။ သူက သက်ပြင်းချပြီး စီးဝူယာ့ကို အရိုအသေပေးလိုက်၏။ “သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။ နှုတ်ဆက်ပါတယ်”

စီးဝူယာ့က သူ့ကို မကြည့်ပေ။ ထိုလူထွက်သွားသည့်အချိန်တွင်တောင် လှည့်မကြည့်ပေ။ ဆိုရိုးစကားရှိသည့်အတိုင်း ကြီးမြတ်သည့်ကိစ္စများကို လုပ်သည့်သူသည် အသေးအဖွဲကိစ္စများကို ဘယ်တော့မှ သောကရောက်မခံပေ။

အမှားအချို့ကို ဘယ်တော့မှ မလုပ်နိုင်ပေ။

ခဏအကြာ၌ နောက်ထပ်လူတစ်ယောက်က စီးဝူယာ့ဆီလျှောက်လာ၏။ သူကလေထဲရှိ ဖရိုဖရဲ တိုက်ပွဲကို မြင်တွေ့သည့်အချိန်သူကပြောလိုက်သည်။ "ဂိုဏ်းချုပ် အထဲမှာ အနားယူချင်လား” “မလိုဘူး” စီးဝူယာ့က အနားယူချင်စိတ်မရှိပေ။ ထိုအစားဘေးသို့လျှောက်သွားပြီး ပိုင်ယွီချင်းနှင့် မင်ရှစ်ရင်ကြားတိုက်ပွဲကို ကြည့်နေလေ၏။

“ဂိုဏ်းချုပ် သူတို့နှစ်ယောက်က လက်ရည်တူနေတဲ့ပုံပဲ။ ဘယ်သူနိုင်မလဲ”

“စိတ်ပူနေစရာမလိုဘူး” စီးဝူယာ့က ပြော၏။ “ပိုင်ယွီချင်းက ပွင့်ချပ်ခုနစ်လွှာလက်ရွေးစင်ပဲ။ စစ်ရှစ်ရှိုးမှာ ကောင်းကင်အဆင့်လက်နက်ရှိတယ်ဆိုပေမဲ့ သူ့အဖို့အနိုင်ရဖို့က မဖြစ်နိုင်ဘူး။ ပိုင်ယွီချင်းကို တွေးလို့ရတယ်”

ကောင်းကင်အဆင့် လက်နက်က အစွမ်းထက်သော်ငြား အဆင့်ကွာဟချက်ကို ဖာထေးဖို့ မဖြစ်နိုင်ပေ။

“ကျွန်တော်နားလည်ပါပြီ”

စီးဝူယာ့က ထပ်ပြောလိုက်၏။ “အဝါရောင်တောင်ထွတ်ရဲ့ တည်နေရာပေါက်ကြားသွားပြီဆိုတာ သတင်းဖြန့်လိုက်။ ပင်မအဖွဲ့ဝင်တွေကို ရွှေ့ပြောင်း”

“နားလည်ပါပြီ”

ထိုစဉ် ဧရိယာတစ်ဝိုက်ရှိသစ်ပင်များနှင့်မြက်ပင်များက လျင်မြန်စွာပြိုလဲနေ၏။

စီးဝူယာ့က ပြောလိုက်တော့သည်။ “စစ်ရှစ်ရှိုးက သစ်သားပြာနှလုံးသားကျင့်စဉ်ကို ပြီးမြောက်သွားတဲ့ပုံပဲ။ ရှစ်စွင်း နောက်ဆုံးတော့ အသိဝင်လာတာလား”

ကျင့်ကြံခြင်းလောကထဲတွင် တာအိုကျမ်းဂန်များဖြစ်စေ၊ ဗုဒ္ဓဗြဟ္မာဂါထာများဖြစ်စေ၊ ချိတ်သင်္ကေတများဖြစ်စေ၊ မိစ္ဆာဇင်သို့မဟုတ် ကွန်ဖြူးရှပ်ကျောင်းတော်၏ တန်ဖိုးကြီးချီများပင် ဖြစ်စေ အားလုံးက ကနဦးချီများကနေဆွဲယူပြီးကုသရန် သို့မဟုတ် စွမ်းအင်စည်းများကို သိပ်သည်းရန်ပြုလုပ်ရ၏။ သို့သော်ငြား မိစ္ဆာဝေဟင်မျှော်နန်း၏ သစ်သားပြာနှလုံးသားကျင့်စဉ်က ကျန်သည့်ဂိုဏ်းများနှင့်မတူညီပေ။ ကနဦးချီက ၎င်းက ကနဦးချီကို အပင်များကြီးထွားရန်အတွက် အသုံးပြု၏။

မရေမတွက်နိုင်သည့် နယ်ပယ်များက ပိုင်ယွီချင်းဆီသို့လာနေ၏။

ပိုင်ယွီချင်းက စိတ်ထဲတွင် ထိတ်လန့်နေသည်။ သူက သူ့ဆီလျင်မြန်စွာလာနေသော မင်ရှစ်ရင်ကို ကြည့်လိုက်၏။ မထိန်းထားတော့ပေ။ “စတုတ္ထသခင်လေး ဒီမှာ ကျုပ်လာပြီ”

ဘီး

ပိုင်ယွီချင်း၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာ၏။ ယင်းက ပေခုနစ်ဆယ်မြင့်မားသည်။ စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်လာသည်နှင့် ပိုင်ယွီချင်းဆီမှ စွမ်းအင်လှိုင်းလုံးက အရပ်မျက်နှာအနှံ့ လှိမ့်ထွက်လာတော့သည်။

နွယ်ပင်များအားလုံးက ခိုင်မြဲပြီး စွမ်းအားကြီးသည့် စွမ်းအင်လှိုင်းများဖြင့် ချက်ချင်းလွှမ်းမိုးခံလိုက်ရသည်။

မင်ရှစ်ရင်၏ရှေ့၌ စွမ်းအင်အရံအတားတစ်ခုပေါ်လာသည်။ သူ့လက်ထဲရှိ ခွဲခွာချိတ်ကောက်က လင်းလာ၏။ နွယ်ပင်များညှိုးရော်သွားသည်နှင့် သူက လေထဲတက်လိုက်တော့သည်။

“ဟမ်” ပိုင်ယွီချင်းက ခြိမ်းခြောက်နေသော အရှိန်အဝါကို အာရုံခံမိသည့်အချိန် သူ၏ခန္ဓာကိုယ်ထဲမှ ကနဦးချီက ထပ်မံပေါ်ထွက်လာသည်။ သူက အချိန်တိုအတွင်း မရေမတွက်နိုင်သည့် လက်ဝါးရိုက်ချက်များကို ထုတ်လိုက်၏။

ဘန်း ဘန်း ဘန်း

မင်ရှစ်ရင်သည် သူ့ရှေ့ရှိလေကို ဖြတ်ကျော်လျက်ခွဲခွာချိတ်ကောက်ကို ဆွဲယူလိုက်ကာ ဝင်ရောက်လာသည့်လက်ဝါးရိုက်ချက်များကို ပြန်ကန်စေတော့၏။

“ကောင်းကင်အဆင့်လက်နက်လား” ပိုင်ယွီချင်းက မင်ရှစ်ရင်၏လက်ထဲရှိခွဲခွာချိတ်ကောက်ကို မြင်သွားသည်။ “မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထသခင်လေးဆိုတော့ ထင်တဲ့အတိုင်းပဲ။ ဒါပေမဲ့ ဒါက မလုံလောက်ဘူး” သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်က လျင်မြန်စွာလှုပ်ရှားသွားပြီး ဆယ်ပေအမြင့်ထိရုတ်တရက်ကျုံ့သွားပြီးနောက် ထပ်မံပြန့်ကားသွားပြန်၏။

“ဒါက” စီးဝူယာ့သည် မြင်ကွင်းကြောင့် ဇဝေဇဝါဖြစ်သွားသည်။

“အဖိုးတန်ကောင်းကင် စွမ်းအင်လား” ငရဲဂိုဏ်းသည် တစ်မိုးအောက်၌အကြီးမြတ်ဆုံးဂိုဏ်းအဖြစ် သိကြသောကြောင့် ငရဲဂိုဏ်းမှ တစ်စုံတစ်ယောက် အဖိုးတန်ကောင်းကင်စွမ်းအင်ကို ကျင့်ကြံနေတာကိုမြင်တွေ့သည့် အချိန်၌ အံ့ဩသွား၏။

သို့သော် လူတစ်ယောက်သည် ဖြောင့်မတ်ခြင်းလမ်းစဉ်ပဲဖြစ်ဖြစ် မိစ္ဆာလမ်းစဉ်တွင်ဖြစ်စေကာမူ နှစ်ဖက်လုံးက သူတို့နှစ်သက်ရာကျင့်ကြံဆင့်ကို လွတ်လွတ်လပ်လပ်ကျင့်ကြံနိုင်၏။ ငရဲဂိုဏ်းအဖို့ အဖိုးတန်ကောင်းကင်စွမ်းအင်ကို ကျင့်ကြံသည့်ပညာရှင်တစ်ဦးရှိတာ ပုံမှန်ပဲဖြစ်သည်။

ပိုင်ယွီချင်း၏ စိတ်ဝိညာဉ်သဏ္ဌာန်ပိုကြီးလာသည်နှင့် အဖိုးတန်ကောင်းကင်စွမ်းအင်က မင်ရှစ်ရင်ဆီသို့ ဟန့်တားမရသည့်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။ သူတို့ခွန်အားများကြားကွာဟချက် အတော်လေးကြီးမားလာ၏။

မင်ရှစ်ရင်က လေထဲခုန်တက်ကာ သူ့ဆီရောက်လာသည့်စွမ်းအင်လှိုင်းများကို လမ်းကြောင်း လွဲသွားစေရန် ပြုလုပ်ချင်နေ၏။

…

All Chapters