← Chapters

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

အခန်း (၂၃၈) ယွီရှန်းရုန်၏ သဘောထား

ပြန့်လာသော စွမ်းအားကြောင့် မင်ရှစ်ရင်က အံ့အားသင့်သွားလေသည်။ သို့သော်လည်း သူက ခုခံဖို့ ပြင်ဆင်ထား၏။ သူက ငရဲဂိုဏ်း၏ ကာကွယ်သူလေးယောက်ထဲမှ ပွင့်ချပ်ခုနှစ်လွှာအဆင့် ကာကွယ်သူ တစ်ယောက်တွင် လှည့်ကွက် တစ်ခု၊ နှစ်ခုတော့ ရှိမည်မှန်း မှန်းဆထားသည်။ သူက လေထဲ လွင့်စဉ်သွားပြီးနောက် မီတာရာချီ ကွာဝေးပြီးမှ ခြေပြန်ထိန်းနိုင်သွားသည်။ ထိုသို့ဆိုလျှင်ပင် ပြန့်လာသည့် စွမ်းအားများက သူ့ချီနှင့် သွေးများ ထွက်လာစေသည်။ သူက ထုံထိုင်းသွားလေ၏။ အကယ်၍ သူသာ သတိလက်လွတ်နေမိခဲ့လျှင် ဒဏ်ရာရသွားနိုင်သည်။ သူက လေထဲမှ နေရင်း ပိုင်ယွီချင်းအား ကြည့်လိုက်သည်။

ထိုစဉ် ပိုင်ယွီချင်းက သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်သိမ်းပြီးသွားလေပြီ။

နေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ပိုင်ယွီချင်းက မင်ရှစ်ရင်ကို အနိုင်ရ၍ အောင်မြင်မှုမျိုးကို မခံစားရပေ။ ထို့အစား သူက အံ့အားသင့်မိ၏။ သူက မင်ရှစ်ရင်၏ အင်အားကို သေချာ မတိုင်းတာနိုင်ခဲ့သောကြောင့် မင်ရှစ်ရင်အနေနှင့် အားကုန်ထုတ်မတိုက်ဘဲ ထိန်ချန်ထားသည်ဟု ခံစားနေရသည်။ သူက တစ်ဖက်လူကို အနိုင်ယူခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိသော်လည်း အံ့ဩနေမိဆဲ ဖြစ်သည်။ အားလုံးက မိစ္ဆာဝေဟင်မျှော်နန်းကို ကြောက်ကြသည့် အကြောင်းအရင်းတစ်ခု ရှိနေပုံပေါ်သည်။ မိစ္ဆာဝေဟင်မျှော်နန်းသည် ပြင်ပလောကကို လွှမ်းမိုးနိုင်စွမ်း ကြီးလှသည်ဟူသော ကောလာဟလများမှာ အခြေအမြစ် မရှိပုံပေါ်သည်။

“ ကျုပ်ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးပါ ” ပိုင်ယွီချင်းက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

“လောင်ချီ … မင်းကို တကယ် လျှော့တွက်မိတာပဲ။ မင်းဆီမှာ ဒီလိုမျိုး ကူဖော်လောင်ဖက် ရထားလိမ့်မယ်လို့ မထင်ထားမိဘူး ” မင်ရှစ်ရင်က လေထဲ ပျံဝဲလိုက်သည်။

စီးဝူယာ့က ပြောလိုက်သည်။ “ စစ်ရှစ်ရှိုး ဘာကြောင့် ဒီလိုလုပ်နေရတာလဲ ”

“ ချီရှစ်တိ … မင်းကရော ဘာကြောင့် ဒီလိုလုပ်နေရတာလဲ ”

“ ထပ်ပြောနေတာ အဓိပ္ပာယ်မရှိတော့ဘူး။ စစ်ရှစ်ရှိုး … ရှစ်စွင်းကို ကျွန်တော် အဆင်ပြေပါတယ်လို့ ပြောပေးပါ။ တာ့ရှစ်ရှိုးနဲ့ ကျွန်တော် စိတ်ထဲ မထားပါဘူးလို့ …” စီးဝူယာ့က ပြောလိုက်သည်။

“အရိုင်းကောင် … ” မင်ရှစ်ရင်က ကျိန်ဆဲလိုက်သည်။

“ ရှစ်စွင်းကို ဘယ်လိုအပြုအမူနဲ့ ပြောလိုက်တာလဲ … မင်းက ကျေးဇူးမသိတတ်တဲ့လူပဲ ”

သူက ပိုင်ယွီချင်းဘက် လှည့်ကာ ပြောလိုက်သည်။

“ ဒီကိစ္စကနေ ဘေးဖယ်နေတာ အကောင်းဆုံးပဲ။ ထွက်သွား ”

အသံလှိုင်းက ပိုင်ယွီချင်းဆီ ပြေးဝင်သွားသော်လည်း ပိုင်ယွီချင်းဆီ မရောက်ခင် မီတာအနည်းငယ် အလို၌ ပျောက်ကွယ်သွားသည်။

ပိုင်ယွီချင်းက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ရင်း “စတုတ္ထသခင်လေးက ခေါင်းမာနေတာဆိုတော့ ကျုပ်လည်း ဒီကိုလုပ်ရုံအပြင် ရွေးချယ်စရာ မရှိတော့ဘူး ”

ဝှီး …

သူ့ပေခုနှစ်ဆယ် မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန် ထပ်ပေါ်လာသည်။ ထိုအရာက ဘေးပတ်လည်ကို အုပ်မိုးကာ ရှည်ထွက်နေသည်။ ဘေးပတ်ဝန်းကျင်ရှိ ချီများလည်း အလျှင်အမြန် စုဝေးလာနေကြသည်။

မင်ရှစ်ရင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို တစ်ချက်ကြည့်လိုက်သည်။ မကြာသေးမီက စုံစမ်းစစ်ဆေးနေစဉ်အတွင်း သူက သူ့အထောက်အထားကို သေချာ ဖုံးကွယ်ထားခဲ့သည်။ သူက အဝါရောင်တောင်ထိပ်အထိ ရောက်လာကာ စီးဝူယာ့ကို အောင်အောင်မြင်မြင် ရှာတွေ့ခဲ့သည်။ ယခု ပိုင်ယွီချင်းကြောင့် သူ့အားစိုက်ထုတ်မှုအားလုံး အလကားဖြစ်တော့မလို ခံစားနေရသည်။ သူက အမှန်ပင် မလိုလားပေ။

မင်ရှစ်ရင်က လေထဲ ဝဲနေစဉ် စွမ်းအားများက သူ့အနား ရစ်ပတ်လာသည်။

ပိုင်ယွီချင်းက ခေါင်မိုးမှ ခုန်ကာ စိတ်ဝိညာဉ်သဏ္ဌာန်နှင့်အတူ ဝေဟင်အထိ တက်လာသည်။

မင်ရှစ်ရင်က သူ့ဆီ လာနေသည့် ဖိအားပြင်းပြင်းကို ခံစားမိပြီး နောက်ဆုတ်လိုက်၏။

ပိုင်ယွီချင်းက မင်ရှစ်ရင်ဆီ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် မြားတစ်စင်းပမာ ချီတက်လာသောကြောင့် အားထိန်ချန်ထားပုံ မပေါ်ပေ။

တစ်ဖက်လူကို ခြေမွပစ်ဖို့ ထိရောက်မှုအရှိဆုံး နည်းလမ်းမှာ ကျင့်ကြံဆင့် ကွာဟချက်ကို အခွင့်ကောင်းယူခြင်း ဖြစ်၏။ ယခင် သမာသမတ်ဂိုဏ်း၏ အကြီးအကဲ ကျန့်ချွန်းလိုင်က ဒီနည်းလမ်းကို အသုံးချကာ ကျူးဟုန်ကုန်း၏ အဋ္ဌဂံအစီအရင်ကို ချိုးဖောက်ခဲ့သည်။ လှည့်ကွက်များက စိတ်ဝိညာဉ်သဏ္ဌာန်ရှေ့ အသုံးမဝင်ချေ။

စီးဝူယာ့က ကောင်းကင်မှ မြင်ကွင်းကို ကြည့်ကာ အနည်းငယ် အံ့အားသင့်မိသည်။

ပိုင်ယွီချင်း၏ ကျောက တစ်ဖြောင့်တည်း ဖြစ်နေပြီး သူ့စိတ်ဝိညာဉ်သဏ္ဌာန်မှာလည်း သူနှင့် ပုံစံတူ ဖြစ်သည်။

စီးဝူယာ့က တီးတိုးရေရွတ်လိုက်သည်။

“တာ့ရှစ်ရှိုး … ဒီလိုဖြစ်စေချင်တာလား ”

မင်ရှစ်ရင်က နောက်ထပ်ဆုတ်လိုက်သည်။

စိတ်ဝိညာဉ်သဏ္ဌာန်က အလျင်အမြန် ရွေ့လျားလာသည်။

မဟူရာကွန်ယက် အဖွဲ့သားများက ပါးစပ်အဟောင်းသားဖြင့် ငရဲဂိုဏ်း အဆင့်မြင့် ကျင့်ကြံသူ၏ တုန်လှုပ်ဖွယ် တိုက်ကွက်ကို ကြည့်နေကြသည်။

မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထသခင်လေးက ဒီတစ်ခါတော့ ခက်ခဲတော့မှာပဲ …

အဆုံးသတ်၌ မင်ရှစ်ရင်သည် မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့် ဖြစ်ပေသည်။ သူ့ဂုဏ်သတင်းအရ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်အောက် ရှုံးနိမ့်သွားခြင်း မည်သို့လက်ခံနိုင်မည်နည်း။

အခြားလူများက ခေါင်းခါကာ သက်ပြင်းချလိုက်ကြသည်။

ပိုင်ယွီချင်းနှင့် သူ့စိတ်ဝိညာဉ်သဏ္ဌာန်တို့ မင်ရှစ်ရင်ဆီ ရောက်လာစဉ် ပိုင်ယွီချင်း ရှေ့မှောက် ပုံရိပ်သုံးခု ရုတ်ခြည်း ပေါ်ထွက်လာသည်။

“ အာ ..” ပိုင်ယွီချင်းနှင့် သူ့စိတ်ဝိညာဉ်သဏ္ဌာန်တို့က ရပ်တန့်လိုက်ကြသည်။

ပုံရိပ်သုံးခုက ဖြည်းဖြည်းချင်း နှစ်ခု အဖြစ် ပြောင်းသွားကာ ရေထဲ မြင်ရသည့် ပုံရိပ်ယောင်သဖွယ် ဖြစ်လာသည်။ ထိုလူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်ရှည် ရှိသည်။ ထိုလူက လက်ပိုက်ထားလျက် လေထဲ မျှောနေသည်။ သူ့ကျောဘက်ရှိ ဓားက တုန်ခါနေလေ၏။

ထိုစဉ် ပိုင်ယွီချင်း၏ စိတ်ဝိညာဉ်သဏ္ဌာန်က လုံးဝ ရပ်တန့်သွားလေပြီ။ ရှေ့ဆက်မတိုးနိုင်တော့ပေ။ သူက မျက်လုံးကို ပိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်သည်။

ပုံရိပ်နှစ်ခုက ယခုအခါ တစ်သားတည်း ဖြစ်သွားလေပြီ။

ထိုအစိမ်းဝတ် ဓားသမား သယ်ဆောင်လာသည့် ဓားက သူ့ဘာသာ ဓားအိမ်မှ ထွက်လာသည်။

ထိုအရာကို မြင်ပြီး ပိုင်ယွီချင်း တစ်ယောက် စိတ်လေးသွားလေသည်။ သူ့စိတ်ထဲ ကြောက်မက်ဖွယ် အမည်နာမ တစ်ခု ပေါ်ထွက်လာ၏။

ယွီရှန်းရုန် …

အသက်ရှည်ဓားက မျက်စိစူးမတတ် တောက်ပနေသည်။ မီးပန်းလိုမျိုး စက်ဝန်းပြတ်သဏ္ဌာန်ဖြင့် ပိုင်ယွီချင်း၏ စိတ်ဝိညာဉ်သဏ္ဌာန်အား ဖြတ်တောက်ပစ်လိုက်သည်။

ဝှစ်

ဓားအမြန်နှုန်းက ကြောက်ခမန်းလိလိ ဖြစ်၏။

စိတ်ဝိညာဉ်သဏ္ဌာန် နှစ်ပိုင်း ပြတ်သွားပြီးနောက် လေထဲ လွှင့်ပြယ်သွားသည်။ ထိုစဉ် ပိုင်ယွီချင်းက ပြုတ်ကျမသွားခင် တုန်လှုပ်နေမိဆဲ ဖြစ်သည်။ သူ ဝေဟင်မှ ပြုတ်ကျလာပြီး သွေးတစ်ပွက် အန်လိုက်ရသည်။

စိတ်ဝိညာဉ်သဏ္ဌာန် ဖျက်ဆီးခံရသည့်အခါ ထိုးနှက်ချက်အကြီးကြီး ခံယူလိုက်ခြင်းနှင့် အတူတူ ဖြစ်ပေသည်။ ထိုဓားချက်ကြောင့် သူက နှစ်ဝက်လောက် အနားယူရတော့မည်။

ပိုင်ယွီချင်းက အစိမ်းဝတ် ဓားသမားကို ကြည့်နေရင်း မျက်လုံးအပြူးသား ဖြစ်သွားလေသည်။

အစိမ်းဝတ် ဓားသမားက ပြုံးလိုက်သည်။ သူ့ဆံပင်ရှည်ရှည်တို့က လေထဲအတူ လွင့်နေပြီး အနီတောက်တောက် အသက်ရှည်ဓားက ဓားအိမ်ထဲ ပြန်ရောက်ရှိသွားလေပြီ။

ပိုင်ယွီချင်းက ဆက်ပြုတ်ကျလာသည်။ သူ မြေပြင်ပေါ် ထိတော့မည့်ဆဲဆဲတွင် ရုတ်ခြည်း လေထဲ ၁၈၀ ဒီဂရီ ကျွမ်းထိုးလိုက်သည်။ သူ မြေပေါ် ဒူးထောက်လျက်သား ရောက်သွားသည့်အခါ သူ့အလေးချိန်ကို လက်တစ်ဖက်ဖြင့် ထိန်းထားလိုက်ရသည်။ သူက အသက်ပြင်းပြင်းရှုကာ သူ့အနေအထားကို ထိန်းလိုက်သည်။ သူက ခေါင်းမော့ကြည့်ဖို့ ကြောက်နေမိသည်။ သူက ဘယ်သူရောက်လာမှန်း သေချာသိလိုက်သည်။

အစိမ်းဝတ် ဓားသမားက မိစ္ဆာဝေဟင်မျှော်နန်း၏ ဒုတိယမြောက် တပည့် ယွီရှန်းရုန်မှလွဲ၍ အခြားလူ မဟုတ်ပေ။ သိပ်မကြာခင် သူက နောက်ထပ် သွေးတစ်ပွက် အန်လိုက်ရပြန်သည်။ သူ့သွေးရောင်က နီရဲနေသည့် မက်မွန်ပန်းကဲ့သို့ ဖြစ်၏။

မင်ရှစ်ရင်က အာ့ရှစ်ရှိုး ယွီရှန်းရုန်ကို ကြည့်ရင်း အံ့အားသင့်နေမိသည်။ သူက အာ့ရှစ်ရှိုးကို ကျေးဇူးတင်ရမည်လား၊ မတင်ရမည်လား မသိတော့ပေ။ သူ့အာ့ရှစ်ရှိုးက ဓားအစွမ်းဖြင့် ကူညီခဲ့သော်လည်း အာ့ရှစ်ရှိုးကလည်း မိစ္ဆာဝေဟင်မျှော်နန်းမှ သစ္စာဖောက် တစ်ယောက် ဖြစ်နေသေးသည်။

စီးဝူယာ့က ငြိမ်သက်နေသည်။ တစ်ဖက်တွင် သူ့လက်အောက်ငယ်သားများက ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်နေကြ၏။

ကမ္ဘာကြီး တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

အဆုံးသတ်၌ စီးဝူယာ့က တိတ်ဆိတ်မှုကို ချိုးဖောက်ကာ “အာ့ရှစ်ရှိုး မင်္ဂလာပါ ”

အခြားလူများလည်း ဦးညွှတ်လိုက်ကြသည်။

“ဒုတိယသခင်လေးကို နှုတ်ခွန်းဆက်သပါတယ် ”

ယွီရှန်းရုန်က အသာပြုံးလိုက်သည်။ သူက လက်ဝေ့ကာ “ မင်းတို့ လုပ်ထုံးတွေ မလိုပါဘူး ”

အခြားလူများက စိတ်အေးသွားကြသည်။ ယွီရှန်းရုန်၏ သဘောထားက အများစုကို အံ့အားသင့်သွားစေသည်။ သူက မကောင်းမှုများကို ကျူးလွန်သည့် မိစ္ဆာနှင့် မတူပေ။ သူက ညင်သာကာ နှိမ့်ချတတ်သည့် အမျိုးသားကောင်း တစ်ယောက် ဖြစ်၏။

ထိုစဉ် မင်ရှစ်ရင်က သူ့ဘာသာ အတွေးနှင့် အလုပ်ရှုပ်နေသည်။ သူက ယွီရှန်းရုန်ကို ကျေးဇူးတင်ရမည်လော စကားလုခန်း ဆင်နွဲနေသည်။

ဖွီး ငါက ဘာလို့ သူ့ကို ကျေးဇူးတင်ရမှာလဲ … သူက ငါ့ကို ကူညီလိုက်ပေမဲ့ သူက သစ္စာဖောက်ပဲ။

ယွီရှန်းရုန်သည် သူ့ကို တစ်ခုခု လုပ်လိမ့်မည်ဟု မထင်ပေ။ သူ့တွင် ရှစ်စွင်း၏ ထောက်ခံမှု ရှိနေသေးသည့်အပြင် သူက အာ့ရှစ်ရှိးကို ဘယ်လိုလူစားမှန်း သေချာသိထားလေသည်။

ယွီရှန်းရုန်က လှည့်ကြည့်မလာပေ။ ထို့အစား သူက ခေါင်းအသာစောင်းကာ ညင်ညင်သာသာ ပြုံးလိုက်ရင်း မေးလိုက်သည်။ “စစ်ရှစ်တိ မင်း ထိခိုက်သွားသေးလား ”

“အာ .. ဟင့်အင်း ဘာမှမဖြစ်ပါဘူး။ အာ့ရှစ်ရှိုး ကျေးဇူးကြောင့်ပါ ” မင်ရှစ်ရင်က ပြောလိုက်သည်။

…

အခန်း (၂၃၉) စီးဝူယာ့၏ အပြစ်ဒဏ်

“ငါတို့နှစ်ယောက်လုံးညီအစ်ကိုတွေပဲ အားနာနေဖို့မလိုဘူး” ယွီရှန်းရုန်က ညင်သာစွာပြောလိုက်၏။ မင်ရှစ်ရင်က ထိုစကားကိုကြားသောအခါ ခေါင်းညိတ်လိုက်၏။ သူ၏ ဂုဏ်ယူဝံ့ကြွားမှုနှင့် ယုံကြည်ချက်ရှိမှုတို့သည် သူ၏ကိုယ်ထဲကနေ ယိုစိမ့်ထွက်သွားသည့်ပမာ လေလျော့သွားသည့် ပူဖောင်းနှင့်တူနေတော့သည်။

“အာ့ရှစ်ရှိုး အဝါရောင်တောင်ထွတ်ကို ဘာကြောင့်များရောက်လာတာလဲ” အဝါရောင်တောင်ထွတ် က ဝေးလံသည့်နေရာဖြစ်ပြီး ရှာဖွေရန်အလွန်ခက်ခဲသည်။ မင်ရှစ်ရင်က သူ၏ အာ့ရှစ်ရှိုးက သူ့လိုမျိုး ဂုဏ်သိက္ခာကို အမှုမထားဘဲ အရူးတစ်ယောက်ပမာ နေရာအနှံ့ရှာဖွေလိမ့်မည်ဟု မထင်ပေ။

ယွီရှန်းရုန်က ပြုံးပြီးပြောလိုက်လေ၏။ “ချီရှစ်တိနှင့်ချီန်းထားတာလေ”

ထိုစကားကိုကြားသောအခါ မင်ရှစ်ရင်ကျောရိုးထဲစိမ့်တက်သွားပြီး သူ၏လက်ပေါ်၌ ကြက်သီးများ ထလာတော့သည်။ ခပ်မတ်မတ်ရပ်နေသော စီးဝူယာ့ကို လှမ်းကြည့်လိုက်၏။ ဤနေရာတွင် ပြဿနာလာရှာသမျှသိုင်းပညာရှင်များထံမှ သူ့ကို ကာကွယ်ရန် ပိုင်ယွီချင်း ရောက်လာကြောင်း သူနားလည်နေသည်။ သို့သော်ငြား အာ့ရှစ်ရှိုးနှင့်တွေ့ဆုံရန် စီစဉ်ထားခြင်းက မည်သည်ကို ဆိုလိုသနည်း။ စီးဝူယာ့ကို အမှန်တကယ် လက်မထောင်ပြချင်သွားသည်။

အခုတော့ တကယ်လူလိမ်ကောင်း တစ်ယောက်ပဲ။

တပည့်သုံးဦးက စကားစမြည်လေး ပြောပြီးနောက် လူတိုင်းက ပိုင်ယွီချင်းကို ကြည့်လိုက်၏။

ပိုင်ယွီချင်း၏ စိတ်ဝိညာဉ်သဏ္ဌာန်သည် ယွီရှန်းရုန်၏ဓားကြောင့် ထိသွားသည်။ သူက အသက်အမြန် ရှူနေရ၏။

ယွီရှန်းရုန်က ပိုင်ယွီချင်းကို ကြည့်ပြီးပြောလိုက်၏။

“မင်းက ကျားဖြူခန်းမသခင် ပိုင်ယွီချင်း တာ့ရှစ်ရှိုးလက်အောက်ကလူလား”

ပိုင်ယွီချင်းက တံတွေးမျိုချလိုက်၏။ သူက နာကျင်မှုကို တင်းခံကာသူ၏ ရှုပ်ထွေးနေသော စိတ်ခံစားချက်တို့ကို တည်ငြိမ်အောင်လုပ်လျက် ခပ်မတ်မတ် နေလိုက်သည်။ သို့သော် သူက မြေပြင်ပေါ် ဒူးတစ်ဖက် ထောက်ထားဆဲဖြစ်သည်။ သူက လက်သီးဆုပ်မိုးလျက် ပြောလိုက်တော့၏။

“နှုတ်ဆက်ပါတယ် ဒုတိယသခင်လေး” ပိုင်ယွီချင်းသည် မကျေမချမ်းဖြစ်မှု ဒေါသအရိပ်အယောင်တို့ မပြခဲ့ပေ။ သူ၏ဂိုဏ်းချုပ်က ငရဲဂိုဏ်းသည် သူတို့ပန်းတိုင်ကို ရရန် နတ်ဘုရားများနှင့် ဗုဒ္ဓကို သတ်နိုင်ပေ၏။ သို့သော်ငြား သူတို့ရှောင်ကိုရှောင်ရမည့်လူနှစ်ဦး ရှိသည်။ သူတို့ထဲမှ တစ်ယောက်က မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး နောက်တစ်ယောက်က ယွီရှန်းရုန်ဖြစ်သည်။

မဟာကာကွယ်စောင့်ရှောက်သူလေးဦးက သူတို့ရင်ထဲ ထိုစည်းမျဉ်းကို အမြဲမှတ်သားထားသည်။ သို့သော် မဟာကာကွယ်စောင့်ရှောက်သူလေးဦးသည် သူတို့ရင်ထဲ၌ ထိုကဲ့သို့လက်ရွေးစင်ကို လက်ရည်ချင်း ယှဉ်လိုကြ၏။ သူ့တိုက်ခိုက်တာခံရခြင်းဖြင့်သာလျှင် ဒဏ္ဍာရီလာဓားနတ်ဆိုး ယွီရှန်းရုန်သည် သူတို့ဂိုဏ်းချုပ်နှင့် အမှန်တကယ်ယှဉ်နိုင်စွမ်းရှိသည့်သူလားဆိုတာ သူတို့သိမှာပဲ ဖြစ်၏။ ပိုင်ယွီချင်း၌ သံသယများ ရှိခဲ့သည့်တိုင် ယခုတော့ လွင့်ပါးသွားချေပြီ။ သူတို့ကြားရှိကွာဟမှုက ပွင့်ချပ်တစ်လွှာသာဖြစ်သော်ငြား နေ့ခင်းကြောင်တောင်ပမာ သူတို့ကြားရှိ ကွာဟချက်က သိသာနေပြီဖြစ်သည်။ သူက စောဒကမတက်ဘဲ ရှုံးနိမ့်မှုကို လက်ခံလိုက်၏။

ယွီရှန်းရုန်က ပြုံးပြီး ပြောလိုက်တော့သည်။ “မဆိုးဘူးပဲ”

“သက်ညှာပေးတာအတွက် ကျေးဇူးတင်ပါတယ်။ ဒုတိယသခင်လေး” ပိုင်ယွီချင်းက ပြောလိုက်၏။

“မင်းက မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်နဲ့ အားနည်းတဲ့သူကို အနိုင်ကျင့်ရတာ သဘောကျပုံပဲ”

ယွီရှန်းရုန်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

“အမ်း” အမှန်တကယ်ပင်ပိုင်ယွီချင်းသည် သူ၏ပြိုင်ဘက်ကို ဖိချေရန် စိတ်ဝိညာဉ်သဏ္ဌာန်ကို အသုံးပြုခဲ့ခြင်းက အနိုင်ကျင့်သည့်လုပ်ရပ်တစ်ခုနှင့်တူနေပေ၏။

“ဂိုဏ်းခေါင်းဆောင်က သတ္တမသခင်လေးကို ကာကွယ်ဖို့အမိန့်ပေးထားတဲ့အတိုင်းဆောင်ရွက်ရုံပါ စတုတ္ထသခင်လေးက သတ္တမသခင်လေးကို အတင်းအဓမ္မခေါ်ဆောင်သွားဖို့လုပ်နေတာကြောင့် ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်လိုက်ရတာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်နေရာကို နားလည်ပေးပါ ဒုတိယသခင်လေး”

ယွီရှန်းရုန်သည် ထိုစကားကို ကြားသည့်အချီန်၌ စီးဝူယာ့ဖက်လှည့်ကြည့်ပြီးမေးလိုက်တော့၏။

“ချီရှစ်တိ အဲ့ဒါအမှန်ပဲလား” သူက အဖြေကိုစောင့်မနေတော့ဘဲ ဆက်ပြောလိုက်၏။

"အလောတကြီးဖြေဖို့မလိုဘူး။ မဟုတ်ဘူးလို့ပြောရင် ငါသူ့ကို ဒီနေရာမှာတင် ကိစ္စချောပေးလိုက်မယ်။ သူ့ဖက်မှာ မကောင်းတဲ့လူတွေ လိမ်ညာနေတာကို ဖယ်ရှားပေးဖို့ အာ့ရှစ်ရှိုးကို ကူညီချင်တယ်”

ပိုင်ယွီချင်း “…”

မင်ရှစ်ရင် “...”

မင်ရှစ်ရင်က စိတ်ထဲတုန်လှုပ်သွား၏။ သူ၏အာ့ရှစ်ရှိုးက အမြဲတမ်းမှန်းဆမရပေ။

ယွီရှန်းရုန်က ပိုင်ယွီချင်း၏ အသက်သည် စီးဝူယာ့၏လက်ထဲတွင်ရှိကြောင်း ရှင်းရှင်းလင်းလင်း သိနေ၏။

စီးဝူယာက တွေဝေမနေဘဲ ပြောလိုက်သည်။ "ဒါပေါ့ ဟုတ်ပါတယ်”

ယွီရှန်းရုန်က ပြန်ပြောလိုက်သည်။ သူက ပိုင်ယွီချင်းဖက်လှည့်ပြီး လက်သီးဆုပ်လိုက်၏။

"ကျုပ် တောင်းပန်ပါတယ်” ပိုင်ယွီချင်းက ဦးရေပြားများကြိမ်းစပ်သွားပြီး သူက အမြန် လက်သီးဆုပ်လိုက်၏။

"ရပါတယ်ဗျာ”

ပြီးနောက် ယွီရှန်းရုန်က ပိုင်ယွီချင်းကို လျစ်လျူရှုထားလိုက်၏။ သူက စီးဝူယာ့ကို ကြည့်ကာ ပြောလိုက်တော့သည်။ “ချီရှစ်တိ သူက မင်းကို ကာကွယ်ဖို့ဆိုမှတော့ ဒါက မင်းရဲ့အပြစ်ပဲ”

“အမ်း” စီးဝူယာ့က မျက်ခုံးပင့်မိလိုက်သည်။

သူက ပြောလိုက်၏။ "ချီရှစ်တိက အပေါ်ယံမှာ လှည့်ဖျားတတ်ပုံ ပေါ်ပေမဲ့ တကယ်တော့သူက ခင်မင် ရင်းနှီးမှုနဲ့ သစ္စာတရားကို တန်ဖိုးထားတတ်တဲ့သူတစ်ယောက်ပဲ။ သူ့ကို သိတဲ့သူတစ်ယောက်အနေနဲ့ သူမင်းကို ခြိမ်းခြောက်စရာမရှိဘူး”

“အာ့ရှစ်ရှိုး”

“ရှင်းပြဖို့ မလိုဘူး” ယွီရှန်းရုန်ကလေထဲတွင် ရပ်လျက် ဖြည်းဖြည်းချင်း ရှေ့သို့ ပျံလာတော့သည်။ သူက ပိုင်ယွီချင်းဘေးသို့ ပျံသန်းသွားတာဖြစ်သည်။

ပိုင်ယွီချင်း၏ မျက်နှာ၌ ချွေးစေးများ ပြန်လာ၏။ သူက တုန်လှုပ်နေသည်။

ယွီရှန်းရုန်က ပိုင်ယွီချင်းကို လျစ်လျူရှုထား၏။

ထိုအစား သူက စီးဝူယာ့ကို ကြည့်ပြီး အေးစက်စက်ပြောလိုက်တော့သည်။

"အစ်ကိုကြီးတစ်ယောက် အနေနဲ့ ညီလေးတစ်ယောက်ကို သွန်သင်ပြသပေးတာမှန်တာပဲ။ ဘာကြောင့်များ မင်းထက်အကြီးကို ရိုင်းပျရတာလဲ”

စီးဝူယာ့က သက်ပြင်းချကာ ကူကယ်ရာမဲ့စွာပြောလိုက်တော့၏။

“အာ့ရှစ်ရှိုးပြောတာမှန်ပါတယ်”

ထိုစဉ် မင်ရှစ်ရင်ကပျံလာပြီး ပိုင်ယွီချင်းဘေးသို့လျှောက်လာကာပြောလိုက်တော့သည်။

“နားလည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် အာ့ရှစ်ရှိုး။ လောင်ချီ အခုငါနဲ့အတူ လိုက်ပြီးတော့ ရှစ်စွင်းကိုတွေ့”

“စစ်ရှစ်တိ” ယွီရှန်းရုန်က ပြော၏။ “ငါပြောလို့ရမလား”

“အာ့ရှစ်ရှိုးပြောပါ”

ယွီရှန်းရုန်က ပြောလိုက်သည်။

"ချီရှစ်တိက ဉာဏ်ရည်ထက်မြက်ပြီး ငါ့ကို နှစ်ပေါင်းများစွာ ကူညီပေးလာခဲ့တာ။ ငါ့ကို ထောက်ထားပေးမယ်လို့မျှော်လင့်တယ်”

မင်ရှစ်ရင်၏ မျက်နှာထက်၌ သဘာဝမကျသည့်အမူအရာ ပေါ်လာတော့သည်။ သူက အားတင်းပြုံးကာ ပြောလိုက်တော့၏။ “အာ့ရှစ်ရှိုးပြောပါ”

“ရှစ်တိဝူယာ့မင်းရဲ့ဒေါင်းမြီးယပ်တောင်ကိုပေးပြီး မင်းရဲ့ စစ်ရှစ်ရှိုးကို တောင်းပန်လိုက်” သူက ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်တော့သည်။ “ဒါမှ မင်းရဲ့စစ်ရှစ်ရှိုးက လက်ဗလာနဲ့မပြန်ရမှာ”

စီးဝူယာ့ "..."

သူက ဤနေရာ၌ အာ့ရှစ်ရှိုးနဲ့ တွေ့ဆုံရန်စီမံထားခြင်းအတွက် စတင်နောင်တရလာမိသည်။ သူက အာ့ရှစ်ရှိုး၏ သဘောမတွေ့မှုကို မြင်နိုင်ပေ၏။ ထိုသဘောမတွေ့မှုသည် သူ၏အာ့ရှစ်ရှိုးထံမှ သို့မဟုတ် ပိုင်ယွီချင်းထံမှ ဆိုတာ မသေချာပေ။ မည်သည့်နည်းနှင့်မဆို တောင်စဉ်ရေမရ တွေးနေတာက အဓိပ္ပါယ်မရှိပေ။ သူက လက်သီးဆုပ်လျက်ပြောလိုက်၏။

"အာ့ရှစ်ရှိုး မှန်ပါတယ်” သူက မင်ရှစ်ရင်ဖက်လှည့်ပြီး အရိုအသေပေးလိုက်၏။

“စစ်ရှစ်ရှိုး ကျွန်တော် အစောတုန်းက ရိုင်းပျမိပါတယ်။ ကျွန်တော် တောင်းပန်တာကိုလက်ခံပေးပါ”

မိစ္ဆာဝေဟင်မျှော်နန်းသည် ထိုကဲ့သို့ဓလေ့ထုံးစံကို ဘယ်တော့မှ မကျင့်သုံးပေ။ ပုံမှန်ဆို ဖြောင့်မတ်ခြင်းလမ်းစဉ်ရှိဂိုဏ်းများကသာလျှင် ထိုကဲ့သို့ အလျော့အတင်းမရှိ ယိုယွင်းနေသည့် နှုတ်ဆက်ပုံများဖြင့်သာ ပိတ်မိနေတာဖြစ်သည်။ သူတို့အဖို့ဤနည်းကဲ့သို့ ရုတ်တရက်ကြီး ပြုလုပ်ပုံက အနေခက်လှပုံပေါ်သည်။

မင်ရှစ်ရင်က သူ့အမြင်ကို မထုတ်ပြောရဲဘဲပြောလိုက်တော့၏။

“ငါ မင်းကို တေးမထားတော့ဘူး။ ပြောရရင် မင်းကို ချောချောမွေ့မွေ့ ခေါ်သွားနိုင်မယ်လို့ ငါမတွေးထားပါဘူး”

သူက ကံမကောင်းပုံရသည်။ စီးဝူယာ့၏ကျင့်ကြံဆင့် စည်းပိတ်ခံထားရလိမ့်မည်ဟု သူတစ်ခါမှ မတွေးမိပေ။ ထိုစည်းကို သူ့ရှစ်စွင်းက စည်းပိတ်ထားလိုက်မှန်းသိလိုက်ရသည့်အချီန်တွင် အံ့ဩသွား၏။ စီးဝူယာ့က ရက်အနည်းငယ်အတွင်း မည်သို့ဖြစ်နေမည်နည်း။ သူက ခေါင်းခါလိုက်၏။ ယခုအချီန်တွင် ထိုအရာများကို တွေးနေခြင်းက အသုံးမဝင်ပေ။ မိစ္ဆာဝေဟင်မျှော်နန်းသို့ပြန်ရောက်ပြီး သူ၏ညီငယ်များကို စကားပြောလိုက်သည်နှင့် သိရမှာပဲဖြစ်သည်။

မင်ရှစ်ရင်က စီးဝူယာ့ဆီ လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။

စီးဝူယာ့က သူ၏လက်အောက်ငယ်သားဖက်ကို ကြည့်ပြီး လက်ယမ်းလိုက်သည်။

မကြာမီ၌လက်အောက်ငယ်သားက လက်ထဲ၌ ဒေါင်းမြီးယပ်တောင်ကို သယ်လာပြီးအမြန် ပြေးလာတော့၏။

တွေ့လား။ သွင်ပြင်အရ ဒေါင်းမြီးယပ်တောင်သည်ရွှေစစ်စစ်ဖြင့်သွန်းလုပ်ထား၏။ တောက်ပနေသည့် ရွှေရောင်၌ အဆက်နေရာနှစ်ခုရှိသည်။ သူတို့ကို ဖိလိုက်ပြီး ကနဦးချီများ သွင်းလိုက်သည့်အချီန်၌ ကနဦးချီက စွမ်းအင်အဖြစ် သိပ်သည်းသွားပြီးနောက် ထိုနေရာများကနေ ပေါ်ထွက်လာမည်။ ဒေါင်းတစ်ကောင်က သူ၏အမြီးကို ဖြန့်လိုက်သည့်ပမာ လှပလွန်းပေ၏။ တောက်ပပြီး သေးသွယ်၏။ အခြားကမ္ဘာကလူ၏အမြင်အရ ယင်းက လှပပြီး အောက်မေ့ဖွယ်ကောင်းစဉ် ၎င်းက လူတစ်ယောက်၏ အသက်ကိုယူနိုင်ပေ၏။ ဤကား ဒေါင်းမြီးယပ်တောင်၏နည်းလမ်းပင် ဖြစ်သည်။

စီးဝူယာ့က မျက်နှာသေဖြစ်နေလေ၏။

မင်ရှစ်ရင်က အမြန်လှုပ်ရှားက ဒေါင်းမြီးယပ်တောင်ကို ယူလိုက်သည်။ သူကလျှာသပ်လိုက်၏။ ၎င်းကိုစစ်ဆေးပြီးနောက်ပြောလိုက်တော့သည်။

“အခုမင်းမှာ ကျင့်ကြံဆင့်လည်း မရှိဘူး။ လက်နက်လည်းမရှိဘူး။ ဒါပေမဲ့ ဦးနှောက်ရှိတယ်”

“ကျွန်တော့်ရဲ့ခေါင်းကို ရိုက်ခွဲချင်တာလား စစ်ရှစ်ရှိုး”

“အာ့ရှစ်ရှိုးကြောင့် မင်းရဲ့အဆင့်ထိ အနိမ့် မခံဘူး။ ဒါပေမဲ့ ကျင့်ကြံခြင်းလောကက ကောက်ကျစ်တဲ့ နေရာဆိုတာ မင်းကို သတိပေးလိုက်မယ်။ ဒေါင်းမြီးယပ်တောင်နဲ့ ကျင့်ကြံဆင့်မရှိဘဲ မင်းရဲ့ရန်သူတွေကို မင်းကောင်းကောင်းရှောင်နိုင်ပါစေ”

…

အခန်း (၂၄၀) ရှစ်စွင်းက အသက်ကြီးနေပြီ

“ ရှစ်ရှိုး ဒုက္ခများစရာ မလိုပါဘူး ” စီးဝူယာ့က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ သူက ဧည့်သည်ပို့သလိုမျိုး လုပ်ဆောင်လိုက်သည်။

မင်ရှစ်ရင်က နှာခေါင်းရှုံ့လိုက်သည်။ သူက စီးဝူယာ့နှင့် ထပ်မပြောချင်တော့ပေ။ သူက လေထဲ ခုန်ဝင်ကာ “မင်းတို့အားလုံး အနှေးနဲ့ အမြန် ငါ့လက်ထဲ ရောက်လာမှာပဲ ”

သူက ထိုစကားများ ပြောပြီးနောက် မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

စီးဝူယာ့က ယွီရှန်းရုန်ထံ လက်နှစ်ဖက်ယှက်ကာ “ အာ့ရှစ်ရှိုး … ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် …”

“ မင်းကို ကူညီလိုက်တာလားတော့ မသိဘူး။ ဒါပေမဲ့ ငါ ပြဿနာ ပေးတယ်ဆိုပြီး မင်း စိတ်တိုနေတာတော့ သိတယ်” ယွီရှန်းရုန်က အပြုံးလေးနှင့် ပြောလာသည်။

“ ကျုပ် မလုပ်ရဲပါဘူး ” ပိုင်ယွီချင်းက စီးဝူယာ့နှင့် အဝါရောင်တောင်ထွတ်ကို ကာကွယ်ပေးခဲ့သည်။ သို့သော်လည်း ယွီရှန်းရုန် ပေါ်ထွက်လာမှုက ပိုင်ယွီချင်းကို ဒဏ်ရာရသွားစေပြီး သူ့ကောင်းကင်အဆင့် လက်နက်ပါ ဆုံးရှုံးသွားစေသည်။

ထိုအရာများအား နောင်တရနေမည်ကို သံသယဖြစ်ဖွယ် မရှိပေ။

ယွီရှန်းရုန်က စီးဝူယာ့၏ အတွေးများကို သိနေသော်လည်း ထုတ်ဖော်မပြောခဲ့ပေ။ ထို့အစား သူက ပိုင်ယွီချင်းကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။ “ တာ့ရှစ်ရှိုးက မင်းကို လွှတ်လိုက်တာလား ”

ပိုင်ယွီချင်းက နာကျင်မှုကို အံ့တုကာ “ ဂိုဏ်းချုပ်က ကျုပ်ကို သီးသန့်အမိန့်ပေးထားခဲ့တာပါ။ သူ့စကားကို မနာခံဘဲ မနေရဲပါဘူး ”

ယွီရှန်းရုန်က ပြောလိုက်သည်။ “ မင်း ပြန်သွားရင် တာ့ရှစ်ရှိုးကို ငါက သူ့ကိစ္စတွေမှာ ဝင်ပါဖို့ ရည်ရွယ်ချက် မရှိသလို အချိန်လည်း မရှိဘူးလို့ ပြောလိုက်ပါ … ဒါပေမဲ့ သူက သိပ်မလွန်လာရင် ကောင်းလိမ့်မယ် ”

“ အာ ..” ပိုင်ယွီချင်းက စီးဝူယာ့အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

စီးဝူယာ့က ပြောလိုက်သည်။ “ညီအစ်ကိုပိုင် ပြန်လိုက်ပါ ”

ပိုင်ယွီချင်းက လက်နှစ်ဖက်ယှက်ကာ “ အဲဆို သတ္တမသခင်လေး ဂရုစိုက်ပါ …”

သူက ကျားဖြူခန်းမသခင် ဖြစ်ပြီး ယွီရှန်းရုန်နှင့် သူ့ဂိုဏ်းချုပ်ကြားမှ ပဋိပက္ခအကြောင်း သိထားလေသည်။ နှစ်ယောက်လုံးက အမြင်မကြည်ကြဘဲ မိစ္ဆာဝေဟင်မျှော်နန်းရှိ အပြောင်းအလဲများက သူတို့ပဋိပက္ခကို လျော့ပါးသွားအောင် မလုပ်နိုင်ခဲ့ပေ။ သူက သည်မှာ ဆက်မနေရဲတော့ပေ။ ယွီရှန်းရုန်က သူ့ကို ဒဏ်ရာရအောင် လုပ်ခြင်းဖြင့် သူ့သဘောထားကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။

သူက တွေးကြည့်လိုက်သည့်အခါ ပြဿနာကြား ဝင်ပါမိသည့် သူ့ကံဆိုးမှုကိုသာ အပြစ်တင်နိုင်လေသည်။

မင်ရှစ်ရင်က မိစ္ဆာဝေဟင်မျှော်နန်းဆီ အရှိန်မြင့်လိုက်သည်။ အကြာကြီး ပျံသန်းလာပြီးနောက် ထန်းကျီမြို့နား ရောက်လာလေပြီ။ အနည်းဆုံးတော့ သူက ရှစ်စွင်းအား ဒေါင်းမြီးယပ်တောင်ဖြင့် အကြောင်းမှန်အား တင်ပြနိုင်သေးသည်။ သူက ထိုအကြောင်း တွေးလိုက်သည့်အခါ ပိုမို ယုံကြည်ချက်ရှိလာသည်။

မင်ရှစ်ရင်က တစ်ချိန်လုံး စီးဝူယာ့ကို လေ့လာစုံစမ်းရာ၌ အာရုံစိုက်ထားရသဖြင့် ပင်ပန်းနေလေပြီ။ ထို့အပြင် သူက ပိုင်ယွီချင်းနှင့် တိုက်ခိုက်ခဲ့ရသေး၏။ သူက အနားယူဖို့ အချိန်လိုအပ်နေသည်။ သူက ထန်းကျီမြို့၏ သတင်းဌာနနား ရပ်ကာ အနားယူစဉ် ဘေးပတ်လည်မှ ဆွေးနွေးသံများကို ကြားလိုက်ရသည်။ လူတချို့က ရွှေနန်းဥယျာဉ်တောင်ဘက် လက်ညိုးထိုးကာ ပြောနေကြသည်။

“ မိစ္ဆာဝေဟင်မျှော်နန်း အကာအရံက ပြန်အားနည်းလာပြီ ”

ထန်းကျီမြို့က မိစ္ဆာဝေဟင်မျှော်နန်းနှင့် သိပ်မဝေးသော်လည်း မိစ္ဆာဝေဟင်မျှော်နန်းကို အလွယ်လေး မြင်နိုင်သည်အထိတော့ မဟုတ်ပေ။ သို့သော်လည်း ထိုလူများ မှန်းမဆနိုင်အောင် မတားနိုင်ပေ။ ထိုအရာပေါ် မူတည်၍ မိစ္ဆာဝေဟင်မျှော်နန်းကို တိတ်တခိုး အာရုံစိုက်နေကြသည့် လူများစွာ ရှိနေသေးကြောင်း မြင်တွေ့နိုင်သည်။

“ ဒီလိုသာဆက်ဖြစ်နေရင် မိစ္ဆာဝေဟင်မျှော်နန်းက သိပ်ကြာကြာ မခံလောက်တော့ဘူး ”

“မျှော်နန်းသခင်က ကိစ္စကောင်း လုပ်တယ်လို့ပဲ ထင်တယ်။ ဂုဏ်သိက္ခာက အမျိုးသားတစ်ယောက်အတွက် အရာအားလုံးပဲ။ ငါတော့ မိစ္ဆာဝေဟင် လူဆိုးတွေကြောင့် ပျက်စီးသွားမဲ့အစား ဂုဏ်သိက္ခာရှိရှိပဲ အသက်ရှင်ချင်တယ် ”

မင်ရှစ်ရင်က သူတို့ စကားများကို မအံ့ဩမိပေ။ လောကထဲ ထူးထူးဆန်းဆန်း အရာများစွာ ရှိလေသည်။ မိစ္ဆာလမ်းစဉ် တည်ရှိနေခြင်းမှာ အတွေးတူသူများ ရှိနေ၍ ဖြစ်၏။ မိစ္ဆာလမ်းစဉ်၏ နာမည်ကျော် ပုံရိပ်တစ်ခုအနေနှင့် မိစ္ဆာဝေဟင်မျှော်နန်းသည် လူများစွာ၏ လေးစားမှုကို ရရှိလေသည်။

မိစ္ဆာဝေဟင်မျှော်နန်း တပည့် ဖြစ်လာချင်သူများလည်း ပါဝင်၏။ ကံဆိုးသည်မှာ သူ့ရှစ်စွင်းက အသက်ကြီးလာပြီဖြစ်၍ တပည့်များကို လက်မခံတော့သည်မှာ ကြာလှလေပြီ။

“ဂုဏ်သိက္ခာက မင်းအသက်ကို မကယ်ဘူး။ တစ်ယောက်က မနေ့က သွားကြည့်ပြီးပြီ။ အကာအရံက သုံးပုံတစ်ပုံလောက် လျော့ကျသွားပြီ။ မိစ္ဆာဝေဟင်မျှော်နန်းက ဒီတစ်ခါ အကာအရံ ပြင်ဆင်ဖို့ အတွေးမရှိဘူး ထင်တယ် ”

“ ပြန်ပြင်ဖို့ မလွယ်ဘူးလေ … နှစ်အနည်းငယ် ကြာနိုင်တယ်။ အဲဒီနှစ်အနည်းငယ်အတွင်း … ”

“ မင်း ပြောတာ ဟုတ်တယ် ”

မင်ရှစ်ရင်က သူတို့တစ်ယောက်ချင်းစီကို တစ်ချက် ကြည့်လိုက်သည်။ သူက စကားဝိုင်းတွင် ဝင်မပါဘဲ သူ့လက်ဖက်ရည်ကြမ်းသာ သောက်သုံးနေသည်။

“ ကောင်းကင်ဓားဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို စိန်ခေါ်ဖို့ ပြင်နေတယ်လို့ ကြားခဲ့သေးတယ် … ကောင်းကင်ဓားဂိုဏ်းက လှုပ်ရှားဖို့ မစောင့်နိုင်တော့ဘူး ထင်တယ် ”

မင်ရှစ်ရင်က ထိုအကြောင်းကြားသည့်အခါ မြန်မြန် ထကာ ထိုစကားဝိုင်းရှိရာ စားပွဲဝိုင်းဆီ သွားလိုက်ပြီး မေးလိုက်သည်။

“ကောင်းကင်ဓားဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို တိုက်ခိုက်တော့မှာလား”

သူက ထိုလူများနှင့် တစ်သားတည်း ရောနှောနိုင်သွားသည်။

ဒီလိုနေရာမျိုး၌ သတင်းစုံ ရနိုင်လေသည်။ လူများက ဝင်ချည်ထွက်ချည်ဖြင့် သတင်းစုံ ရလာတတ်၏။

မုတ်ဆိတ်နှင့် ကျင့်ကြံသူက ပြောလိုက်သည်။

“ကောင်းကင်ဓားဂိုဏ်းချုပ် လော့ချန်ဖုန်းကို မိစ္ဆာဝေဟင်မျှော်နန်းသခင်က သတ်လိုက်တာလေ။ သူက လော့ရှင်းခုံရဲ့ တစ်ဦးတည်းသောသားလေ။ ဒါကို ခင်ဗျား မသိလောက်သေးပေမဲ့ ကောင်းကင်ဓားဂိုဏ်းရဲ့ ပထမတပည့်ကြီး ကျိုးကျစ်ဖုန်းက မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်သွားခဲ့တာလေ။ လော့ရှင်းခုံတစ်ယောက် ဒေါသထွက်လွန်းလို့ သုံးရက်လောက် အိပ်မပျော်ခဲ့ဘူးလို့ ကြားထားသေးတယ်”

“လော့ရှင်းခုံက ဂိုဏ်းကြီးတွေဆီ ဆင့်ခေါ်ထားတယ်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းသခင် အချိန်မပြည့်ခင် ရွှေနန်းဥယျာဉ်တောင်ဆီ နောက်ထပ် ထပ်တိုက်ဖို့ ကြံနေတာ ဖြစ်နိုင်တယ်”

မင်ရှစ်ရင်က အပြုံးလေးဖြင့် “အဲဒီအဘိုးကြီး လော့ရှင်းခုံက သတ္တိသိပ်ကောင်းနေတာလား ”

အဘိုးကြီးတဲ့လား …

အခြားလူများက မင်ရှစ်ရင်ကို ကြည့်လိုက်ကြသည်။

“ညီအစ်ကို အဲလောက် ပြင်းထန်ဖို့ မလိုပါဘူး။ ဒါက လက်ဖက်ရည်ကြမ်း စကားဝိုင်းလေးပါပဲ။ စကားဝိုင်းအတွင်း ကိုယ့်ခံယူချက်တွေကို မယူလာသင့်ဘူးလေ ”

မင်ရှစ်ရင်က ထိုမှတ်ချက်ကို လျစ်လျူရှုကာ မေးလိုက်သည်။

“ လော့ရှင်းခုံက ဆင့်ခေါ်ထားတာလား ”

“ ဟုတ်တယ် .. ကျင့်မင်တာအိုဂိုဏ်းကလွဲပြီးတော့ ကျန်တဲ့ ဂိုဏ်းကြီးဆယ်ဂိုဏ်းက ဆင့်ခေါ်စာ ရထားပြီးလောက်ပြီ။ ယွင်၊ ထျန်းနဲ့ လော့ဂိုဏ်းတို့ ဝင်ပါမလားတော့ စိတ်ဝင်စားမိသား ”

“လော့ရှင်းခုံက ဘယ်ကနေ ယုံကြည်ချက် ရလာတာလဲ။ ကျုပ် ပြောချင်တာက သူ့ကောင်းကင်ဓားဂိုဏ်းကိုလည်း ကြည့်လိုက်ဦးဗျာ ”

ထိုအရာကို ကြားပြီး နောက်ထပ် ကျင့်ကြံသူတစ်ဦးက ဝင်ပြောလာသည်။

“လော့ရှင်းခုံက နှစ်အကြာကြီး ကျင့်ကြံနေတာဆိုတော့ သူ့ကို လျှော့တွက်လို့တော့ မရဘူး။ ပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကာအရံလည်း အားပျော့လာပြီလေ။ ဒါက သူတို့စောင့်နေတဲ့ အခွင့်အရေး ဖြစ်နေနိုင်တယ် ”

မင်ရှစ်ရင်က ရယ်မောလိုက်သည်။ ထို့နောက် သူက ထရပ်ကာ “ကောင်းပြီလေ။ သူတို့ အရင်တစ်ခါ ရွှေနန်းဥယျာဉ်တောင်ကို ဝင်တိုက်တုန်းကလည်း အဲလိုစကားပဲ ပြောခဲ့တာပဲ။ မိစ္ဆာဝေဟင်မျှော်နန်းသခင်ကို ထည့်မတွက်ရင်တောင် သူ့ဆီမှာ တပည့်တွေ ရှိနေသေးတယ် … ”

“ခင်ဗျား ပြောတာ ဟုတ်တယ် ”

ထို့နောက် မင်ရှစ်ရင်က လှည့်ထွက်လာသည်။

………….

ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်း ခန်းမကျယ်ထဲ၌ …

လုကျိုးက နည်းရှစ်သွယ် ဆက်နွယ်ခြင်း စိတ်ဝိညာဉ်သဏ္ဍာန် ဈေးကို ကြည့်လိုက်သည်။ ထိုအရာက ကုသိုလ်ရမှတ် နှစ်သောင်းကျသင့်လေသည်။ ဈေးနှုန်းကို မြင်ကာ လုကျိုးက ကံစမ်းမဲ စမ်းကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည်။

“ကံစမ်းမဲ ”

“ တင်း … ကုသိုလ်ရမှတ် ငါးဆယ် ကျသင့်ပါတယ်။ အကြောင်းပြန်လှန်ကတ် သုံးကတ် ရရှိပါတယ် ”

မဆိုးဘူးပဲ …

လုကျိုးက ယခင် ကံစမ်းမဲဆွဲတုန်း ကံကောင်းမှတ် တစ်ရာ ရရှိထားလေသည်။ သူက ဒီတစ်ခါ ဆုလာဘ်ချီးမြင့်ခံရသည်ကို အံ့ဩနေမိသည်။

ဤသည်မှာ ကောင်းကင်မှ ကံကောင်းမှုနှင့် အချိန်အခါတို့ ဖြစ်လေသည်။

“ကံစမ်းမဲ ”

“တင်း … ကုသိုလ်ရမှတ် ငါးဆယ် ကျသင့်ပါတယ်။ အတိုက်ခိုက် ဒဏ်ပြင်းကို ကာကွယ်နိုင်သော ကတ် ငါးကတ် ရရှိပါတယ်”

ဘာမှမရတာထက် တော်သေးတာပေါ့ …

သူက သူ့သမိုင်းတစ်လျှောက် အောင်အောင်မြင်မြင် အသက်ဝင်ဖူးသည့် တစ်ကြိမ်ကို ပြန်လည် အမှတ်ရလိုက်သည်။ နည်းနည်းတော့ အဖိုးတန်ပုံပေါ်၏။

“ ကံစမ်းမဲ ”

“တင်း … ကုသိုလ်ရမှတ် ငါးဆယ်ကျသင့်ပါတယ်။ ပါဝင်ကံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် +၁”

လုကျိုး၏ အောင်မြင်နိုင်ခြေ အဆုံးသတ်သွားသောကြောင့် စနစ်ကို ပိတ်ထားလိုက်တော့သည်။

ထိုစဉ် ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာ ပြေးလာပြီး အားတက်သရော ကြေညာလိုက်သည်။

“ရှစ်စွင်း … စစ်ရှစ်ရှိုး ပြန်ရောက်လာပြီ ”

“အရမ်းကောင်းတယ် ” လုကျိုးက အပြင်ဘက် တစ်ချက်ကြည့်လိုက်သည်။

မင်ရှစ်ရင်က ဒေါင်းမြီးယပ်တောင်ကို သယ်ဆောင်ရင်း အထဲဝင်လာသည်။

“ ရှစ်စွင်း ကျွန်တော် ဘီလုံးငှက်မျှော်စင် ကိစ္စကို သေချာစုံစမ်းခဲ့ပါတယ်။ တကယ်ကို ဟိုသစ္စာဖောက် စီးဝူယာ့ လက်ချက် ဖြစ်နေတာပဲ။ အဝါရောင်တောင်ထွတ်မှာ သူ့သတင်းဌာနရှိတယ်။ သူ့ကို အဆင့်မြင့် ပညာရှင်တစ်ယောက် ကာကွယ်ပေးထားလို့ မဖမ်းနိုင်ခဲ့ပေမဲ့ သူ့လက်နက်ကို အရယူခဲ့ပါတယ် ”

လုကျိုးက စီးဝူယာ့ အပြစ်ပေးခံရ၍ ရလာသည့် ကုသိုလ်ရမှတ်များကို အမှတ်ရသွားသည်။ သူက ခေါင်းညိတ်ကာ “ ဒီယူခဲ့ ”

မင်ရှစ်ရင်က ဒေါင်းမြီးယပ်တောင်အား လုကျိုးဆီ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

“တင်း … ကောင်းကင်အဆင့် လက်နက် ဒေါင်းမြီးယပ်တောင် ရရှိပါတယ်။ အသုံးမပြုခင် ပြန်လည်မွမ်းမံသန့်စင်ဖို့ လိုအပ်ပါတယ်”

ဤသည်မှာ စီးဝူယာ့၏ လက်နက် ဖြစ်လေသည်။ ရှားပါးကာ ပစ်လွှတ်နိုင်သည့် လက်နက်အမျိုးအစား ဖြစ်၏။

…

All Chapters