အခန်း (၂၀၁၁-၂၀၁၂)
Vol. 142 Ch. 2011-2012
အဆတစ်ရာစနစ် စာစဥ်(၁၄၂)
အခန်း(၂၀၁၁)
"ခေါင်းဆောင်.. ဒီကျောက်စိမ်းသေတ္တာက ကျွန်တော်တို့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အမွေအနှစ်ပါ.. နောင်တစ်ချိန် နတ်ကုန်းမြေတိုက်မှာ ကြုံလာမယ့် အကျပ်အတည်းကို ဖြေရှင်းဖို့ ကူညီနိုင်ပါတယ်.. ခေါင်းဆောင် ဘာလို့ ညီနောင်ကျန်းချန်ကို ပေးလိုက်တာလဲ"
ဖုန်းယန်က ကျန်းချန် ပျောက်ကွယ်သွားသည့် ဘက်ကို ကြည့်လိုက်ပြီး အရှင်ဖုန်းချီကို ပြောလိုက်သည်။
"ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကနေ ပျောက်ကွယ်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဆိုတော့ ဒီကျောက်စိမ်းသေတ္တာက အသုံးဝင်ပါဦးမလား ဆိုတာ အသေအချာ မသိနိုင်ဘူး"
အရှင်ဖုန်းချီက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ဒါ့အပြင် ငါတို့လည်း အချိန်တိုအတွင်း နတ်ကုန်းမြေတိုက်ကို သွားနိုင်ဦးမှာ မဟုတ်ဘူး.. ဒါကြောင့် ကျန်းချန်ကို ပေးလိုက်တာက ပိုပြီး အသုံးဝင်လိမ့်မယ်"
သူတော်စင် ကောင်းကင်နတ်ဘုရားသည် ထာဝရဟင်းလင်းပြင်၏ ဗဟိုချက် ဖြစ်သော နတ်ကုန်းမြေတိုက်တွင်ပင် အလွန် ရှားပါးသည်။
ထို့အပြင် ကျန်းချန်သည် သူတော်စင် ကောင်းကင်နတ်ဘုရားများထဲတွင် အစွမ်းထက်ဆုံး တစ်ဦးဟု ဆို၍ရ၏။
ကျန်းချန်၏ ပါရမီနှင့် အလားအလာ အရ နတ်ကုန်းမြေတိုက်တွင် သူ၏ အနာဂတ် အောင်မြင်မှုများသည် နိမ့်ကျမည် မဟုတ်ပေ။
ဤကျောက်စိမ်းသေတ္တာသာ အသုံးဝင်ခဲ့မည် ဆိုလျှင် ကျန်းချန်သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို ကျေးဇူးကြွေး တစ်ခု တင်ရှိသွားမည် ဖြစ်ရာ သူတို့ နတ်ကုန်းမြေတိုက်သို့ နောင်တစ်ချိန် ပြန်ရောက်သောအခါတွင် အကူအညီများစွာ ရရှိနိုင်မည် ဖြစ်သည်။
ယင်းက ဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် ကျောက်စိမ်းသေတ္တာကို အသုံးပြုသည်ထက် ပို၍ လက်တွေ့ကျမည် မဟုတ်ပါလား။
ဖုန်းယန်သည် အရှင်ဖုန်းချီ၏ စကားကို ကြားလျှင် ထပ်မပြောတော့ပေ။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေမှတစ်ဆင့် ဖုန်းယန်သည် ကျန်းချန်၏ ပါရမီ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို မည်သူ့ထက်မဆို ပို၍ ကောင်းစွာ သိသည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသာ ကျန်းချန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိနိုင်မည် ဆိုလျှင် ဖုန်းယန်သည် ဝမ်းမြောက်ဝမ်းသာ လက်ခံမည် ဖြစ်သည်။
"ခေါင်းဆောင်.. ကျွန်တော်တို့ မျိုးနွယ်စုဆီ အရင် ပြန်ကြရအောင်.. ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ အဓိက အမွေအနှစ်တွေကို ခေါင်းဆောင်ဆီ လွှဲပြောင်းပေးမယ်"
ဖုန်းယန်က အချိန်မဖြုန်းဘဲ အရှင်ဖုန်းချီကို တိုက်ရိုက် ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် သူက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့ပြီး အပြည့်အဝ မချေဖျက်ရသေးပေ။
ထို့ကြောင့် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် ကြယ်နှစ်ပွင့်အရှင် အဆင့်ကို ထိုးဖောက်ရန် အချိန်ကာလတစ်ခုအထိ တံခါးပိတ် ကျင့်ကြံဖို့ စီစဉ်ထားခဲ့သည်။
ကြယ်နှစ်ပွင့် အရှင် ဖြစ်လာသည်နှင့် သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် မျိုးနွယ်စု ခေါင်းဆောင် အရှင်ဖုန်းချီ နှင့် နှိုင်းယှဉ်လျှင်ပင် အနည်းငယ်မျှ မနိမ့်ကျနိုင်တော့ပေ။
"ကောင်းပြီ"
အရှင်ဖုန်းချီက ခေါင်းညိတ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
ထိုနှစ်က တိုက်ပွဲတွင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကနေ ခပ်သုတ်သုတ် ထွက်ပြေးခဲ့ရသဖြင့် ဘိုးဘွားမြေတွင် ရှိသည့် အမွေအနှစ်များကို ယူရန် အချိန်မရခဲ့ပေ။
အခု သူတို့က ဘိုးဘွားမြေတွင် ရှိသည့် အဓိက အမွေအနှစ်များကို ပြန်ယူနိုင်ခဲ့ပြီ ဖြစ်ရာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် အဆုံးသတ်တွင် တိုးတက်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပြီ မဟုတ်ပါလား။
----------------
ကောင်းကင်ပြာပေါ်တွင် လူတစ်ယောက်နဲ့ လိပ်တစ်ကောင်သည် လေထဲ၌ ဖြည်းဖြည်းချင်း လမ်းလျှောက်နေကြသည်။
၎င်းတို့မှာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကနေ ထွက်ခွာလာခဲ့သော ကျန်းချန်နှင့် လိပ်အိုကြီးတို့ ဖြစ်၏
"လိပ်အိုကြီး.. သဘောတူထားတဲ့အတိုင်း ခင်ဗျားကို အဲဒီ ကမ္ဘာငယ်လေး ကနေ ခေါ်ထုတ်လာခဲ့ပြီ.. ခင်ဗျား အခု လွတ်လပ်သွားပြီ.. ကျွန်တော့်နောက် ဆက်လိုက်နေစရာ မလိုတော့ဘူး.. ကျွန်တော်က ကျန်းဝူကောင်းကင် နယ်မြေကနေ ထွက်ပြီး တခြားနေရာတွေကို သွားဖို့ စီစဥ်ထားတယ်.. ခင်ဗျားရော ဘယ်လို အစီအစဉ်ရှိလဲ"
ကျန်းချန်က သူ၏ ဘေးမှ လိပ်အိုကြီးကို မေးလိုက်သည်။
လိပ်အိုကြီးက ခဏမျှ စဉ်းစားပြီးနောက် ကျန်းချန်ကို မော့ကြည့်ကာ ပြောလိုက်သည်။
"ငါ နတ်ရွှေလိပ် မျိုးနွယ်စုဆီ သွားချင်တယ်.. နတ်ရွှေလိပ် မျိုးနွယ်စု ဘယ်မှာရှိတယ် ဆိုတာ မင်း သိလား"
သူက နတ်ရွှေလိပ် မျိုးနွယ်စု၏ နတ်ဘုရင် ကျဆုံးသွားသည့် နေရာတွင် မွေးဖွားလာခဲ့ခြင်းကြောင့် သူ၏ သွေးကြောသည် ဗီဇ ပြောင်းလဲမှုများ ဖြစ်လာခဲ့သည်။
ယင်းကြောင့် သူ့ကို နတ်ရွှေလိပ် မျိုးနွယ်စုဝင် အဖြစ် အနည်းငယ် သတ်မှတ်နိုင်၏။
နတ်ကုန်းမြေတိုက်ရှိ အရာအားလုံးနှင့် အလွန် စိမ်းနေသော လိပ်အိုကြီးသည် ယခုအခါတွင် ခိုလှုံရန် အတွက် ဘေးကင်းသော နေရာတစ်ခုကိုသာ ရှာဖွေချင်ခဲ့သည်။
သို့ဖြစ်ရာ သူ၏ သွေးကြောနှင့် အတိုင်းအတာ တစ်ခုအထိ ဆက်စပ်မှုရှိသော နတ်ရွှေလိပ် မျိုးနွယ်စုသည် လိပ်အိုကြီးအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ရှေးခေတ်ကာလက မဟာကပ်ဘေးကြောင့် နတ်ကုန်းမြေတိုက် ပျက်စီးသွားပြီးကတည်းကပင် နတ်ရွှေလိပ် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက် ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး မည်သူမှ သူတို့ မည်သည့်နေရာတွင် ရှိမှန်း မသိကြတော့ပေ။
"မင်း.. နတ်ရွှေလိပ် မျိုးနွယ်စုကို ရှာချင်တယ်ဆိုရင် ငါနဲ့အတူ နတ်ကုန်းမြေတိုက်ကို လိုက်လာခဲ့ပါ"
နတ်ကုန်းမြေတိုက်သည် နတ်ကုန်းမြေတိုက် တစ်ခုလုံး၏ ဗဟိုချက် ဖြစ်သည်။
နတ်ရွှေလိပ်မျိုးနွယ်စု ဤလောကတွင် ရှိနေသေးသည် ဆိုလျှင် နတ်ကုန်းမြေတိုက်တွင် ရှိနိုင်ခြေ ပိုများ၏။
ကျန်းချန်က ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။
လိပ်အိုကြီးက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ.. ဒါဆို ငါ မင်းနဲ့အတူ နတ်ကုန်းမြေတိုက်ကို လိုက်ခဲ့မယ်"
သူက နတ်ကုန်းမြေတိုက် အကြောင်း ဘာမှ မသိသေးပေ။
ပိုကောင်းသည့် သွားစရာ နေရာ မရှိသ၍ ကျန်းချန်၏ နောက်ကို လိုက်ကာ နတ်ရွှေလိပ် မျိုးနွယ်စု၏ သဲလွန်စကို ရှာဖွေရန်အတွက် နတ်ကုန်းမြေတိုက်ဆီ သွားသည်က ပိုကောင်းသော ရွေးချယ်မှုပင် မဟုတ်ပါလား။
------------------------
ရက်အနည်းငယ် ကြာပြီးနောက်တွင် လူတစ်ယောက်နှင့် လိပ်တစ်ကောင်သည် ကျန်းဝူ ကောင်းကင် နယ်မြေရှိ နာမည်ကျော် ယွမ်ဝူ မြို့သို့ ရောက်ရှိလာခဲ့သည်။
ယွမ်ဝူမြို့သည် ကျန်းဝူ ကောင်းကင် နယ်မြေ၏ ဗဟိုဧရိယာတွင် တည်ရှိ၏။
၎င်းသည် ကျန်းဝူကောင်းကင် နယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင် အဆင့် အင်အားစု ဖြစ်သည့် ကျန်းဝူနတ်ဂိုဏ်း လက်အောက်တွင် ရှိပြီး ကျန်းဝူ ကောင်းကင် နယ်မြေ၏ အစည်ကားဆုံး မြို့များထဲမှ တစ်မြို့လည်း ဖြစ်သည်။
ကျန်းချန်၏ ခရီးစဉ် ရည်ရွယ်ချက်မှာ ယွမ်ဝူမြို့ရှိ ထာဝရဘုရားကျောင်း အခြေစိုက်စခန်းသို့ သွားရောက်ရန် ဖြစ်ပြီး ထာဝရဘုရားကျောင်း၏ တောင်ပိုင်းပင်မ ဌာနသို့ တည်နေရာ ရွှေ့ပြောင်းရန် ဖြစ်သည်။
အချိန်တန်လျှင် တောင်ပိုင်းပင်မဌာန၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်မှ တစ်ဆင့် နတ်ကုန်းမြေတိုက်သို့ တိုက်ရိုက် ဝင်ရောက်ကောင်း ဝင်ရောက်နိုင်ပေသည်။
ဤနည်းအားဖြင့် နတ်ကုန်းမြေတိုက်သို့ ခရီးသွားမည့် သူ၏ အချိန်ကို အကြီးအကျယ် တိုတောင်းသွားစေနိုင်သည် မဟုတ်ပါလား။
ယွမ်ဝူမြို့ရှိ ထာဝရဘုရားကျောင်း အခြေစိုက်စခန်းကို ယွမ်ဝူမြို့တွင် မသိသူမရှိပေ။
ကျန်းချန်သည် ထာဝရဘုရားကျောင်း အခြေစိုက်စခန်း၏ တိကျသော တည်နေရာကို မေးမြန်းစုံစမ်းခဲ့သည်။
တစ်နာရီခန့် အကြာတွင် ကျန်းချန်သည် ထာဝရဘုရားကျောင်း အခြေစိုက်စခန်း၏ ဂိတ်တံခါးဝသို့ ရောက်ရှိလာခဲ့၏။
ထိုအခါ သူ၏ ရှေ့မှ အခြေအနေကြောင့် ကျန်းချန် မှင်တက်သွားခဲ့သည်။
အကြောင်းရင်းမှာ ထာဝရဘုရားကျောင်း အခြေစိုက်စခန်း၏ အပြင်ဘက်တွင် ကျင့်ကြံသူ ရာပေါင်းများစွာ စုဝေးနေကြပြီး တန်းစီနေသော လူများဖြင့် လူတန်းရှည်ကြီးပင် ဖြစ်နေသောကြောင့်ပင်။
"ဒါဘယ်လို အခြေအနေလဲဟ.. ဘာလို့ လူတွေ ဒီလောက် အများကြီး ထာဝရဘုရားကျောင်းကို ဝင်ဖို့ တန်းစီနေကြတာလဲ"
ကျန်းချန်၏ အမြင်အရ ထာဝရ ဘုရားကျောင်းကနေ နယ်မြေ အသီးသီးတွင် တည်ထောင်ထားသော အခြေစိုက်စခန်းများသည် ယေဘုယျအားဖြင့် အလွန်အမင်း လူရှင်းနေလေ့ ရှိသည်။
အားလုံးပြီးနောက်တွင် ထာဝရဘုရားကျောင်း အခြေစိုက်စခန်းသည် သာမန်လူများ ဝင်နိုင်သော နေရာ မဟုတ်သလို ထာဝရဘုရားကျောင်း၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုရန်မှာလည်း အဖိုးအခ ကြီးမားလှ၏။
ယေဘုယျအားဖြင့် လူအနည်းငယ်လောက်သာ လာရောက်လေ့ရှိပြီး ထာဝရဘုရားကျောင်း၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုကြသည်။
သို့သော် ယခုအခါတွင်မူ ထာဝရဘုရားကျောင်း အခြေစိုက်စခန်း အပြင်ဘက်တွင် လူအများအပြား တန်းစီ စောင့်ဆိုင်းနေကြ၏။
ယင်းက ကျန်းချန် မျှော်လင့်ထားသည်ထက် အနည်းငယ် ကျော်လွန်သွားခဲ့သည်။
သူ၏ စိတ်နှလုံးထဲတွင် သံသယအချို့ ရှိနေသော်လည်း ကျန်းချန်က တုံ့ဆိုင်းမနေဘဲ လူအများ တန်းစီနေသည့် နေရာတွင် ဝင်ရောက် တန်းစီလိုက်သည်။
"သွားပြီ.. ဒီတစ်ကြိမ် ထာဝရဘုရားကျောင်းကို သွားတဲ့လူတွေ အရမ်း များလွန်းတာပဲ.. ညီနောင်.. မင်းလည်း ထာဝရဘုရားကျောင်းရဲ့ ထာဝရ မဟာပွဲတော်ကို သွားကြည့်မလို့လား
ထိုတစ်ခဏတွင် ကျန်းချန်၏ အနောက်ဘက်ကနေ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က နောက်သို့ လှည့်ကြည့်လိုက်ရာ အနီရောင် ဝတ်ရုံကို ဝတ်ထားသည့် ထွားကျိုင်းသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
ထွားကျိုင်းသော လူငယ်က ဖော်ရွေစွာ ပြုံးလိုက်ပြီး သူ့ရှေ့မှ ကျန်းချန်ကို နှုတ်ဆက်လိုက်သည်။
"ထာဝရ မဟာ ပွဲတော်လား"
ထွားကျိုင်းသော လူငယ်၏ စကားကို ကြားလျှင် ကျန်းချန်သည် ခဏမျှ မှင်တက်သွားခဲ့ပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထာဝရဘုရားကျောင်းကို ဝင်ရန် ကျင့်ကြံသူတွေ အဘယ်ကြောင့် ဤမျှအထိ များပြားနေရလည်း ဆိုသည်ကို အဆုံးသတ်တွင် သူ နားလည်သွားခဲ့သည်။
ဤကိစ္စသည် ထွားကျိုင်းသော လူငယ် ဖော်ပြခဲ့သည့် ထာဝရ မဟာ ပွဲတော်နှင့် သက်ဆိုင်နေပုံ ရ၏။
"ညီနောင်.. မင်း ထာဝရမဟာပွဲတော် အကြောင်းတောင် မသိဘူးလား
ထွားကျိုင်းသော လူငယ်က ကျန်းချန်၏ ထူးဆန်းသော အမူအရာကို ကြည့်လိုက်ပြီးနောက် ရှင်းပြလိုက်သည်။
"ဒီ ထာဝရ မဟာ ပွဲတော်က ထာဝရဘုရားကျောင်းမှာ နှစ်တစ်သောင်း ပြည့်တိုင်း ကျင်းပတဲ့ ပွဲတစ်ခုပဲ.. အခု တန်းစီနေတဲ့သူ အများစုက ထာဝရ မဟာ ပွဲတော်ကို သွားကြည့်ဖို့ အတွက်ပဲ"
ထွားကျိုင်းသော လူငယ်၏ ရှင်းပြချက်ကို ကြားလျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုံ့သွားခဲ့သည်။
သူက ထာဝရဘုရားကျောင်းတွင် ကျင်းပသော ထာဝရ မဟာပွဲတော်ကို စိတ်မဝင်စားပေ။
ထိုပွဲတော်က သူ၏ နတ်ကုန်းမြေတိုက်ကို သွားမည့် ခရီးစဥ်အား ထိခိုက်မှု မရှိစေရန်သာ သူ မျှော်လင့်ခဲ့သည်။
အခန်း(၂၀၁၁) ပြီး၏
အခန်း(၂၀၁၂)
"ညီနောင်.. ငါက လောင်မီးဂိုဏ်းရဲ့ တပည့် ဟော်ထျန်းယန် ပါ.. ထာဝရဘုရားကျောင်း မှာ ကျင်းပတဲ့ ထာဝရ မဟာပွဲတော်ကို သွားမလို့ပါ.. ညီနောင်ရဲ့ နာမည်ကရော"
ဟော်ထျန်းယန်က ပြုံးရွှင်စွာဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
ကျန်းချန်က ဟော်ထျန်းယန်ကို ပြန်ဖြေလိုက်သည်။
"ငါ့နာမည်က ကျန်းချန်ပါ.. ငါက ကျန်းဝူကောင်းကင်နယ်မြေ က မဟုတ်ပါဘူး"
လောင်မီးဂိုဏ်းသည် ကျန်းဝူကောင်းကင်နယ်မြေတွင် နာမည်ကျော်ကြားသော နယ်မြေနတ်ဘုရား အင်အားစု ဖြစ်ပြီး ၎င်း၏ ခွန်အားသည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းနှင့် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုတို့ထက် အဆင့်မြင့်သည်ဟု ဆိုနိုင်သည်။
သူ၏ ရှေ့မှ ဟော်ထျန်းယန်ဟု ခေါ်သော လူငယ်သည် မဟာ ကောင်းကင် နတ်ဘုရား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ လောင်မီးဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်နိုင်လောက်၏။
ဟော်ထျန်းယန်၏ မျက်ဝန်းများတွင် စူးစမ်းသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။
"ညီနောင်က ထာဝရ မဟာ ပွဲတော် အတွက် လာတာ မဟုတ်ဘူးပေါ့"
ဆိုရလျှင် ထာဝရဘုရားကျောင်းသည် သာမန်လူများ အလွယ်တကူ သွားလာနိုင်သော နေရာ မဟုတ်ပေ။
ဤအချိန်တွင် ထာဝရ မဟာပွဲတော် အတွက် မဟုတ်ဘဲ သွားလာသည်က ပို၍ပင် ရှားပါးသည်။
"မဟုတ်ပါဘူး.. ငါက လမ်းကြုံဖြတ်သွားရုံပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး စိတ်ဝင်တစား မေးလိုက်သည်။
"ဒီ ထာဝရ မဟာ ပွဲတော်နဲ့ ပတ်သက်ပြီး ရှင်းပြလို့ရမလား ညီနောင်ဟော်"
[လမ်းကြုံဖြတ်သွားရုံလား]
ကျန်းချန်၏ စကားကို ကြားလျှင် ဟော်ထျန်းယန် မှင်တက်သွားခဲ့သည်။
သူ သိထားသလောက် သူတို့ ယခုသွားမည့် ထာဝရဘုရားကျောင်းသည် ထာဝရဘုရားကျောင်း၏ ပင်မဌာန လေးခု ထဲမှ တစ်ခု ဖြစ်သည်။
ထိုဌာနတွင် နတ်ကုန်းမြေတိုက် ရှိသည့် ထာဝရ ဟင်းလင်းပြင် ဗဟိုချက်သို့ ဦးတည်သော တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် တစ်ခုလည်း ရှိ၏။
သူ၏ ရှေ့မှ လူသည် နတ်ကုန်းမြေတိုက်ဆီ သွားမည့် ခရီးသည်လော။
သို့သော်လည်း နတ်ကုန်းမြေတိုက် ဆီသို့ ဦးတည်သော တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်၏ ကုန်ကျစရိတ်သည် သာမန်လူများ တတ်နိုင်သော အရာ မဟုတ်ပေ။
သူတို့ လောင်မီးဂိုဏ်း၏ ကြွယ်ဝမှုဖြင့်ပင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုရန် ပေးချေရသည့် စျေးနှုန်းသည် မခံမရပ်နိုင်အောင် ကြီးမားလှသည်။
"ထာဝရ မဟာပွဲတော် အကြောင်း ငါလည်း သိပ်မသိပါဘူး.. ဒါက နှစ်တစ်သောင်းမှာ တစ်ကြိမ် ကျင်းပတဲ့ ပွဲတော် တစ်ခု ဆိုတာပဲ သိတယ်.. ပွဲတော် အချိန်ကျရင် ထာဝရ ဟင်းလင်းပြင်မှာရှိတဲ့ ထာဝရဘုရားကျောင်းရဲ့ ဌာနခွဲတွေ အားလုံး လာရောက် ပါဝင် ဆင်နွှဲကြမှာဆိုတော့ ပွဲတော်က အရမ်းကို ခမ်းနားနေမှာတော့ အသေအချာပဲ"
ဟော်ထျန်းယန်က သူ၏ စိတ်နှလုံးထဲမှ အံ့သြမှုကို ဖိနှိပ်ကာ ကျန်းချန်ကို ရှင်းပြလိုက်သည်။
သူ၏ အလိုလိုသိစိတ်က သူ့ရှေ့မှ အနက်ရောင် ဝတ်စုံဝတ် လူငယ်သည် သာမန် မဟုတ်သည်ကို ခံစားမိခဲ့သည်။
"ထာဝရဘုရားကျောင်းရဲ့ ဌာနခွဲ အားလုံးက ထာဝရ မဟာပွဲတော်မှာ ပါဝင်ကြမယ်လား"
ကျန်းချန်၏ စိတ်နှလုံးထဲတွင် တုန်လှုပ်သွားခဲ့သည်။
သူတို့ယခု သွားရမည့် ထာဝရဘုရားကျောင်း ဌာနသည် ထာဝရဘုရားကျောင်း ဌာနခွဲများထဲတွင် အလွန် မြင့်မားသော အဆင့်အတန်း ရှိမည်မှာ သေချာ၏။
ကျန်းချန်က ဟော်ထျန်းယန်နှင့် စကားပြောနေရင်း တန်းစီ စောင့်ဆိုင်းနေခဲ့သည်။
တစ်နာရီခန့် ကြာပြီးနောက်တွင် ကျန်းချန်၏ အလှည့်သို့ ရောက်လာခဲ့သည်။
တံခါးဝရှိ ထာဝရဘုရားကျောင်း၏ အစောင့်တစ်ဦးက ကျန်းချန်ကို ညင်သာစွာ ကြည့်လိုက်သည်။
"ကောင်လေး.. မင်းရဲ့ အလှည့် ရောက်ပြီ.. ထာဝရဘုရားကျောင်းရဲ့ အဖွဲ့ဝင် မဟုတ်ရင် အဆင့်မြင့် နတ်ခရစ်စတယ် ၂၀၀၀၀ ပေးဆောင်ရမယ်"
ထာဝရဘုရားကျောင်း၏ ကြီးမားသော ကုန်ကျစရိတ်နှင့် ပတ်သက်၍ ကျန်းချန်သည် ထာဝရဘုရားကျောင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်စဉ်ကတည်းက မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။
သူက လုံးဝ တုံ့ဆိုင်းမနေဘဲ ထာဝရဘုရားကျောင်းသို့ ဝင်ရောက်မည့် ကုန်ကျစရိတ်ကို တိုက်ရိုက် ပေးချေလိုက်သည်။
နံဘေးရှိ လိပ်သားရဲ နှင့် ပတ်သက်၍မူ ထာဝရဘုရားကျောင်း ၏ အစောင့်သည် ၎င်းကို ကျန်းချန်၏ အိမ်မွေးတိရစ္ဆာန်အဖြစ် သဘောထားပုံရပြီး အပိုကြေး ကောက်ခံခြင်း မရှိပေ။
သူ၏ နောက်မှ ဟော်ထျန်းယန်သည်လည်း အဆင့်မြင့် နတ်ခရစ်စတယ် ၂၀၀၀၀ ကို အလျင်အမြန် ပေးလိုက်ပြီး ကျန်းချန်နှင့်အတူ ထာဝရဘုရားကျောင်း အခြေစိုက်စခန်း ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
"ဝမ်းနည်းပါတယ်.. ဒီနေ့အတွက် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုတဲ့ ခွဲတမ်း ပြည့်သွားပါပြီ.. ထာဝရဘုရားကျောင်းရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုချင်ရင် မနက်ဖြန် စောစော လာခဲ့ပေးပါ"
ထာဝရဘုရားကျောင်းမှ အစောင့်၏ စကားသံသည် ကျန်းချန်တို့ အနောက်ဘက်ကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
ထာဝရဘုရားကျောင်းမှ အစောင့်၏ စကားကြောင့် တန်းစီစောင့်ဆိုင်းနေသော ကျင့်ကြံသူ အများအပြားသည် ရုတ်တရက် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
"ဟာကွာ.. ဒီနေ့အတွက် ထာဝရဘုရားကျောင်း ရဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း ခွဲတမ်း ပြည့်သွားလိမ့်မယ်လို့ မထင်ထားမိဘူး.. မနက်ဖြန် မနက်စောစော လာပြီး စောင့်ရတော့မယ် ထင်တယ်"
"ဟုတ်တယ်.. ထာဝရ မဟာပွဲတော်က စတော့မယ်.. မနက်ဖြန် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် သုံးခွင့်မရရင် ဒီပွဲကြီးကို လွဲချော်သွားမှာ စိုးရိမ်ရတယ်"
-------------
ဤအချိန်တွင် တန်းစီနေသူ အားလုံးသည် ထာဝရဘုရားကျောင်း အခြေစိုက်စခန်းမှ ထွက်ခွာရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
သူတို့က ထာဝရဘုရားကျောင်း၏ နေ့စဉ် ခွဲတမ်းကို မကျေမနပ် ဖြစ်နေသော်လည်း အနည်းငယ်မျှပင် ပြဿနာ မရှာရဲပေ။
အကြောင်းရင်းမှာ ထာဝရဘုရားကျောင်းသည် အလွန် အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်လွန်းသောကြောင့်ပင်။
ဆိုရလျှင် ကျန်းဝူ ကောင်းကင်နယ်မြေ၏ ကျန်းဝူနတ်ဂိုဏ်း ပင်လျှင် ထာဝရဘုရားကျောင်းကို ယဉ်ကျေးစွာ ဆက်ဆံရမည် ဖြစ်ရာ သူတို့က ထာဝရဘုရားကျောင်း၏ ဆုံးဖြတ်ချက်ကို မည်ကဲ့သို့ မေးခွန်းထုတ်ရဲပါမည်နည်း။
ဟော်ထျန်းယန်က သူ၏ အနောက်ဘက်မှ အခြေအနေကို မြင်လျှင် ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။
"ဟားဟား ညီနောင်ကျန်းချန်.. မင်းနဲ့ငါ အတော် ကံကောင်းတာပဲ"
"သိပ်သေချာတာပေါ့.. ငါတို့ သွားကြရအောင်"
ကျန်းချန်က ခေါင်းညိတ်၍ ပြုံးလိုက်သည်။
သူနှင့် ဟော်ထျန်းယန်က ယနေ့၏ နောက်ဆုံး တည်နေရာ ရွှေ့ပြောင်းခြင်း ခွဲတမ်း နေရာ နှစ်ခုကို ရလိုက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့သော် ကျန်းချန်တို့ နှစ်ဦးသား ထာဝရဘုရားကျောင်းထဲ ဝင်ရောက်ခါနီးတွင် ရုတ်တရက် အေးစက်စက် ကြုံးဝါးသံ တစ်သံသည် သူတို့၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ရှေ့က ကောင်လေးနှစ်ယောက်.. ရပ်လိုက်စမ်း"
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး နောက်ကို လှည့်ကြည့်လိုက်သည်။
နောက်ဘက်ရှိ လူအုပ်ထဲတွင် ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ထူးခြားသော ရုပ်ရည်ရှိသည့် လူငယ်တစ်ဦးသည် ဆံဖြူ အဘိုးအို တစ်ဦးနှင့် အတူ ကျန်းချန်တို့ဆီ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။
[ဝူရှန့်ကျဲ.. ဟွမ်ယွင် ကောင်းကင်အရှင်.. ကျန်းဝူနတ်ဂိုဏ်းက လူတွေပဲ]
သူတို့ဆီ လျှောက်လာသော လူနှစ်ဦးကို ကြည့်ကာ ဟော်ထျန်းယန်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
"ခင်ဗျား ကျုပ်တို့ကို ပြောနေတာလား"
ကျန်းချန်က သူ၏ မျက်ဝန်းများကို အနည်းငယ် မှေးစင်းလိုက်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
ယနေ့၏ တည်နေရာ ရွှေ့ပြောင်းခြင်း ခွဲတမ်းက ပြည့်သွားပြီ ဖြစ်၏။
သို့သော် ရွှေရောင် ဝတ်စုံဝတ် လူငယ်က မထွက်သွားရုံသာမက သူနှင့် ဟော်ထျန်းယန်ကိုပါ ဟန့်တားနေသည် ဖြစ်ရာ ရည်ရွယ်ချက်ကောင်း မရှိသည်မှာ ထင်ရှားသည်။
ဤရွှေရောင် ဝတ်စုံဝတ် လူငယ်၏ ပါရမီက အားမနည်းဘဲ ခွန်အားက ဟော်ထျန်းယန် အောက်တွင် မရှိပေ။
ထို့အပြင် လူငယ်၏ နံဘေးမှ ဆံဖြူ အဘိုးအို သည်လည်း ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ ဖြစ်၏။
သို့သော် ကျန်းချန်က သူတို့ကို ဂရုမစိုက်ခဲ့ပေ။
ယင်းကဲ့သို့ အင်အားမျိုးသည် ကျန်းဝူ ကောင်းကင် နယ်မြေမှာ အလွန် အစွမ်းထက်သည်ဟု ယူဆနိုင်သော်လည်း သူ့ရှေ့တွင်မူ ဘာမှမဟုတ်ချေ။
"မင်းက သောက် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ.. မင်းကို မပြောရင် ဘယ်သူ့ကို ပြောရမှာလဲ"
ရွှေရောင် ဝတ်စုံဝတ် လူငယ်က နှာခေါင်းရှုံ့လိုက်ပြီး အထက်စီးဆန်သော အမူအရာဖြင့် ရိုင်းပြစွာ ပြောလိုက်သည်။
"မင်းတို့ နှစ်ယောက်ရဲ့ ခွဲတမ်း နေရာတွေကို ငါ ဝူရှန့်ကျဲ လိုချင်တယ်.. အခြေအနေကို နားလည်ရင် အေးအေးဆေးဆေး လက်လွှဲပေးပါ"
ရွှေရောင် ဝတ်စုံဝတ် လူငယ်က ထိုစကားကို ပြောလိုက်သည်နှင့် ထွက်ခွာတော့မည့် ကျင့်ကြံသူ အများအပြားသည် ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
"ဒီလူက ဘယ်သူလဲ.. ကောင်လေး နှစ်ယောက်ရဲ့ နေရာတွေကို လူသိရှင်ကြား လုယူမလို့လား"
"တိတ်တိတ်နေ.. မင်း သေချင်နေပြီလား.. သူတို့က ကျန်းဝူနတ်ဂိုဏ်းက လူတွေဟ.. အဲဒီ အဘိုးအိုက ဟွမ်ယွင် ကောင်းကင်အရှင်ပဲ"
"ဟေ.. သူတို့က ကျန်းဝူနတ်ဂိုဏ်းက ဖြစ်နေတာကိုး.. သူတို့ ဒီလောက်ထိ မောက်မာနေတာ အံ့သြစရာ မရှိတော့ဘူး"
-------------
ဤအချိန်တွင် ကျန်းချန်တို့ နှစ်ဦးကို ကြည့်နေသော လူတိုင်း၏ မျက်ဝန်းများတွင် သနားဂရုဏာသက်သော အရိပ်မယောင်များ ဖြစ်ပေါ်နေခဲ့သည်။
ကောင်လေးနှစ်ယောက်က ခွဲတမ်းများကို လက်လွှတ်ရတော့မည် မဟုတ်ပါလား။
"မင်းက ဘာမို့လို့ ငါက ခွဲတမ်းနေရာ ပေးရမှာလဲ"
ကျန်းချန်က ပတ်ဝန်းကျင်မှ အကြည့်များကို လျစ်လျူရှုကာ ဝူရှန့်ကျဲကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒီနေ့ ငါ မင်းကို ခွဲတမ်းနေရာ မပေးရင် မင်း ငါ့ကို ဘာလုပ်နိုင်မလဲ ဆိုတာ ငါကြည့်ချင်တယ်"
အခန်း(၂၀၁၂) ပြီး၏