← Chapters

အခန်း (၂၀၁၉-၂၀၂၀)

Vol. 142 Ch. 2019-2020

အခန်း (၂၀၁၉-၂၀၂၀)

Vol. 142 Ch. 2019-2020

အခန်း(၂၀၁၉)

"ချီးပေနေတဲ့ မင်းရဲ့ မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမကို ဝင်ရောက်စွက်ဖက်ဖို့ ငါလည်း စိတ်မဝင်စားဘူး"

ဝူတက မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"ငါက မင်းကို သတိပေးချင်ရုံလေးပါ.. ဒီ ထာဝရ မဟာပွဲတော်မှာ မင်းရဲ့ ခန်းမသခင်သာ မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမကို ရလဒ်ကောင်းတွေ ရရှိအောင် မဦးဆောင်နိုင်ရင် မင်းတို့တွေ မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမလို အစုတ်အပြတ်နေရာမှာပဲ ထာဝရ နေရလိမ့်မယ်လို့ ငါ ထင်တယ်"

ထိုစကားကိုကြားလျှင် ရှချန်း၏ မျက်နှာက အေးစက်သွားခဲ့သည်။

"မင်း ဒီအတွက် စိုးရိမ်နေစရာ မလိုဘူး.. ငါ ရှချန်းက တောင်ပိုင်း ပင်မခန်းမဆီ ခန်းမသခင် ပြန်လာနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားနေမှာပဲ"

"ဟားဟား.. မင်းရဲ့ မဟာမြေရိုင်းနယ်မြေ ဌာနခွဲက တောင်ဘက်မှာ အဝေးဆုံးနဲ့ အခြောက်သွေ့ဆုံး နယ်မြေ ဖြစ်ပြီး ခွန်အား လိုအပ်ရင် ခွန်အားမရှိဘူး.. အရင်းအမြစ် လိုအပ်ရင်လည်း အရင်းအမြစ် မရှိဘူး. မင်းရဲ့ ခန်းမသခင် တောင်ပိုင်းပင်မခန်းမဆီ ပြန်လာနိုင်ဖို့ အကူအညီပေးမယ့်သူကို ရှာချင်တယ် ဆိုတာက လုံးဝကို မဖြစ်နိုင်တာပဲ"

ဝူတက မထီမဲ့မြင် လှောင်ရယ်၍ ပြောလိုက်သည်။

"ဒီနေ့ မင်းသာ မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမ အတွက် မဟာကောင်းကင်နတ်ဘုရား အဆင့် အကူအညီ တစ်ယောက်ကို ရှာတွေ့နိုင်ရင် ငါ ဝူတက ငါ့ခေါင်းကို လိမ်ဖြုတ်ပစ်ပြီး ဘောလုံးလို ကန်ထုတ်လိုက်မယ်"

"ဝူတက မဟာမြေရိုင်းနယ်မြေဌာနခွဲခန်းမကို အနိုင်ကျင့်နေပြီ ထင်တယ်"

"မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမရဲ့ ခန်းမသခင်က အထွတ်အထိပ် ပါရမီရှင် တစ်ယောက် တစ်ချိန်က ဖြစ်ခဲ့ဖူးတယ်.. သူသာ ပြဿနာ တစ်စုံတရာ မကြုံတွေ့ခဲ့ရင် ဒီ တောင်ပိုင်းပင်မခန်းမမှာ သူ့ကို ယှဥ်ပြိုင်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိလိမ့်မယ်"

"အခုချိန်မှာတော့ တောင်ပိုင်းပင်မခန်းမကို မဟာ​မြေရိုင်းဌာနခွဲခန်းမကနေ သူ ပြန်လာဖို့ မလွယ်တော့ဘူး.. သူ့ဘဝတစ်လျှောက်လုံး တောင်ပိုင်းပင်မခန်းမကို ပြန်မလာနိုင်တော့တာလည်း ဖြစ်နိုင်တယ်.. ဝူတတို့က သူပြန်လာနိုင်မှာကို စိုးရိမ်နေကြတဲ့ပုံပဲ"

ကြည့်ရှုနေသူများက ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ခေါင်းခါယမ်း၍ သက်ပြင်းချမိကြသည်။

ဝူတ၏ အနိုင်ယူလိုစိတ် ပြင်းပြသော အမူအရာအရ ထိုတစ်ယောက်အား မတ်တပ်ရပ်နိုင်မည့် အခွင့်အရေး လုံးဝ ပေးလိုခြင်း မရှိသည်မှာ ထင်ရှား၏။

ဝူတ၏ ရူးသွပ်သော ရယ်မောသံကို ကြားလျှင် ရှချန်း၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို အလွန်အမင်း အကျည်းတန်သွားခဲ့သည်။

ဝူတ၏ နောက်ကွယ်က လူကို ခွန်အား သို့မဟုတ် သြဇာလွှမ်းမိုးမှုတွင် မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမသည် နှိုင်းယှဉ်၍ မရနိုင်ပေ။

ဝူတသာ တကယ်တမ်း ဝင်ရောက်စွက်ဖက်လိုလျှင် သူတို့ မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမ အတွက် အကူအညီ ရှာဖွေရန် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

ရှချန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ ဒေါသကို ထိန်းချုပ်ထားလိုက်သည်။

သူက ဤနေရာမှ ထွက်ခွာ၍ အခြားနေရာများတွင် သင့်လျော်သော အကူအညီများ ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ မဟာမြေရိုင်းနယ်မြေ ဌာနခွဲက ထာဝရ မဟာပွဲတော်တွင် ရလဒ်ကောင်းများ ရရှိနိုင်စေရန် အတွက် သူအစွမ်းကုန် ကြိုးစားရလိမ့်မည် ဖြစ်၏။

သို့သော် ရှချန်း ဤနေရာမှ တိတ်တဆိတ် ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် အေးစက်စက် ရေရွတ်သံ တစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

"မင်းက ရှချန်း အကူအညီ ရှာတွေ့ခဲ့ရင် မင်းရဲ့ ခေါင်းကို လိမ်ဖြုတ်ပြီး ဘောလုံးလို ကန်ထုတ်ပစ်မယ်လို့ ပြောခဲ့တယ် မဟုတ်လား.. ဒါဆိုရင် မင်းရဲ့ ခေါင်းကို အခု ဖြုတ်ပစ်လိုက်လို့ရပြီ"

ရုတ်တရက် ထွက်ပေါ်လာသော အသံက ပတ်ဝန်းကျင်ရှိ လူအများအပြားကို ခဏမျှ မှင်တက်သွားစေခဲ့သည်။

သူတို့က အသံလာရာသို့ ကြည့်လိုက်ရာ လူငယ် နှစ်ယောက်နှင့် လိပ်အိုကြီး တစ်ကောင်က ရှချန်း ရှိရာ ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာနေသည်ကို မြင်ခဲ့ရသည်။

"မင်း.. မင်းက ကျန်းချန်လား"

သူ့ဆီသို့ လျှောက်လာသော အနက်ရောင်ဝတ် လူငယ်ကို မြင်လိုက်ရလျှင် ရှချန်းသည် ခဏမျှ မှင်တက်သွားခဲ့ပြီး သူ၏ အိုမင်းသော မျက်ဝန်းများတွင် အံ့သြသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထာဝရဘုရားကျောင်း၏ မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမ၏ အကြီးအကဲချုပ် အနေဖြင့် ရှချန်းသည် မဟာမြေရိုင်းနယ်မြေရှိ အခြေအနေကို ကောင်းစွာ သိရှိထားသည်။

ထို့ကြောင့် ကျန်းချန်က မဟာမြေရိုင်းနယ်မြေတွင် မဟာကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ပြီး မဟာမြေရိုင်း ပါရမီရှင် စာရင်းတွင် ပထမနေရာ ရရှိခဲ့သည်ကို သူ သိထားခဲ့သည်။

ဤတစ်ကြိမ် ထာဝရ မဟာပွဲတော်တွင် ပါဝင်ရန် မလာမီ ရှချန်းသည် မဟာမြေရိုင်းနယ်မြေကို တစ်ကြိမ် သွားရောက်ခဲ့ပြီး အကူအညီ အတွက် ကျန်းချန်ကို ဖိတ်ခေါ်ရန် စီစဥ်ခဲ့သည်။

ကံမကောင်းစွာဖြင့် သူ မဟာမြေရိုင်းနယ်မြေသို့ သွားရောက်ခဲ့ချိန်တွင် ကျန်းချန်သည် မဟာမြေရိုင်းနယ်မြေမှ ထွက်ခွာသွားမှန်း သိလိုက်ရပြီး စိတ်ပျက်လက်ပျက် ပြန်လာခဲ့ရသည်။

ယခု သူက ထာဝရဘုရားကျောင်း၏ တောင်ပိုင်းပင်မခန်းမတွင် ကျန်းချန်နှင့် အမှန်တကယ် တွေ့ဆုံရလိမ့်မည်ဟု ရှချန်း မျှော်လင့်မထားခဲ့ပေ။

ကျန်းချန်က သူ၏ရှေ့မှ ရှချန်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"အကြီးအကဲရှ မတွေ့ရတာ ကြာပြီ.. ကျန်းခန့်သာလို့မာပါစ"

"ကောင်လေး.. မင်းခုနက ငါ့ကို ရင့်တာလား"

ရှချန်းက ရုတ်တရက် ရောက်လာသော လူငယ်နှစ်ဦးနှင့် တွေ့ဆုံနေသည်ကို မြင်လိုက်ရလျှင် ဝူတ၏ မျက်ဝန်းများက အနည်းငယ် အေးစက်သွားခဲ့သည်။

သူ၏ မျက်နှာထက်တွင် အနည်းငယ် မနှစ်မြို့သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ဤအနက်ရောင်ဝတ် လူငယ်၏ ခွန်အားက မည်သည့် အဆင့်တွင် ရောက်နေမှန်း သူ မသိခဲ့ပေ။

သို့သော် ထိုလူငယ် ဘေးမှ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်ကမူ စစ်မှန်သော မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည်။

ဤလူငယ်နှစ်ဦးသာ မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမနှင့် သူ့ရှေ့တွင် ပူးပေါင်းသွားလျှင် သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင် ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။

"ရင့်တော့ရော မင်းဘာလုပ်ချင်လဲ"

ကျန်းချန်က ဝူတကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"ငါတို့ မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမနဲ့ ပူးပေါင်းလိုက်ပြီဆိုတော့ အခု မင်းရဲ့ ခေါင်းကို လိမ်ဖြုတ်ပြီး ဘောလုံးလို ကန်လို့ရပြီလား"

"ကောင်လေး.. မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမက ထာဝရဘုရားကျောင်းရဲ့ အားအနည်းဆုံး လက်အောက်ခံ ဌာနခွဲခန်းမပဲ.. မင်း သူတို့နဲ့ ပူးပေါင်းတာကနေ ဘာအကျိုးကျေးဇူးမှ ရမှာမဟုတ်ဘူး"

ဝူတက ကျန်းချန်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။

"မင်းရဲ့ ခွန်အားက အားမနည်းဘူးလို့ ငါ ထင်တယ်.. ငါတို့တိမ်တိုက်နက် ဌာနခွဲခန်းမကို ပူးပေါင်းတာက မင်းအတွက် ပိုကောင်းလိမ့်မယ်.. မင်း ရရှိမယ့် အကျိုးကျေးဇူးတွေက မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမကို ပူးပေါင်းတာထက် ပိုများစေရမယ်လို့ ငါ အာမခံတယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

"မင်းတို့ တိမ်တိုက်နက် ဌာနခွဲရဲ့ အကျိုးကျေးဇူးတွေကို ငါစိတ်မဝင်စားဘူး.. မင်း ခေါင်းကို လိမ်ဖြုတ်ပြီး ဘောလုံးလို ကန်တာကိုပဲ ငါ ကြည့်ချင်တယ်"

ကျန်းချန်၏ စကားများကြောင့် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

"ဒီကောင်လေးက ဘယ်သူလဲ.. အတော် မောက်မာတာပဲ"

"တိမ်တိုက်နက် ဌာနခွဲ ခန်းမက အင်အားမသေးဘူး.. ဒီကောင်လေး ဒီလို လုပ်ရပ်မျိုး လုပ်တာက သေခြင်းတရားကို ရှာဖွေနေတာပဲ"

လူအများအပြားက တိတ်တဆိတ် ခေါင်းခါယမ်းလိုက်ကြသည်။

သူတို့ အမြင်အရ မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမ အတွက် တိမ်တိုက်နက် ဌာနခွဲခန်းမကို စော်ကားခြင်းသည် မှန်ကန်သော ရွေးချယ်မှု မဟုတ်ပေ။

"ကောင်လေး.. ငါက မင်းစော်ကားချင်တိုင်း စော်ကားလို့ရတဲ့သူ မဟုတ်ဘူး.. မင်း ဒီလောက်တောင် သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ဝူတက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထို့နောက်တွင် နယ်မြေနတ်ဘုရား အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။

အခန်း(၂၀၁၉) ပြီး၏

အခန်း(၂၀၂၀)

ထာဝရဘုရားကျောင်းက ထာဝရဟင်းလင်းပြင်တွင် တည်ထောင်ထားသော ဌာနခွဲအသီးသီးသည် အင်အားချင်းမတူညီကြပေ။

အချို့ အားနည်းသော ဌာနများတွင် နယ်မြေနတ်ဘုရား တစ်ပါး သို့မဟုတ် နှစ်ပါးလောက်သာ ရှိသည်။

အချို့ အစွမ်းထက်သော ဌာနခွဲ ခန်းမများတွင်မူ မရေမတွက်နိုင်သော နယ်မြေနတ်ဘုရားများ နှင့် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူများပင် ရှိကြသည်။

ထို့ကြောင့် မဟာမြေရိုင်းနယ်မြေ၏ ဌာနခွဲခန်းမသည် ထာဝရဘုရားကျောင်း၏ လက်အောက်ခံ ဌာနခွဲ များစွာထဲတွင် ခွန်အားအနိမ့်ဆုံး ဖြစ်နေသည်မှာ သံယယဖြစ်စရာ မရှိပေ။

ရှချန်းသာ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ထားခြင်း မရှိခဲ့လျှင် မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမတွင် နယ်မြေနတ်ဘုရား တစ်ပါးသာ ရှိပေလိမ့်မည်။

တိမ်တိုက်နက်ဌာနခွဲ ခန်းမသည် ထာဝရဘုရားကျောင်း၏ လက်အောက်ခံ ဌာနခွဲခန်းမ များစွာထဲတွင် ခွန်အား အမြင့်ဆုံး မဟုတ်သော်လည်း အားနည်းသော ဌာနခွဲခန်းမတော့ မဟုတ်ပေ။

အနည်းဆုံးတော့ မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမ နှင့် နှိုင်းယှဉ်လျှင် တိမ်တိုက်နက် ဌာနခွဲ ခန်းမ၏ ခွန်အားသည် အဆပေါင်းများစွာ ပိုမို အားကောင်းသည်မှာ သံသယဖြစ်စရာ မရှိပေ။

ဥပမာအားဖြင့် သူ၏ရှေ့မှ ဝူတသည် နယ်မြေနတ်ဘုရား အလယ်အလတ် အဆင့်ရှိ မြေကြီးအရှင် အဆင့် ကျင့်ကြံသူ ဖြစ်သည်။

ဝူတက သူ၏ နယ်မြေနတ်ဘုရား အရှိန်အဝါဖြင့် ကျန်းချန်ကို လှုပ်ရှား၍ မရအောင် ထိန်းချုပ်လိုက်ပြီး အသက်ရှူချိန် အနည်းငယ်အတွင်း ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။

ထို့နောက် သူက ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက်ဖြင့် ကျန်းချန်၏ ဦးခေါင်းကို ရည်ရွယ်ကာ ရိုက်ချလိုက်၏။

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ မမြင်နိုင်သော စွမ်းအား တစ်ခုသည် ဝူတ၏ လက်ဝါး ရိုက်ချက် စွမ်းအားကို ချက်ချင်း ချေဖျက်ပစ်လိုက်ပြီး ဝူတ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

နောက်ထပ် တစ်စက္ကန့်တွင် ဝူတ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားပြီး မီတာရာချီ အကွာအဝေးထိ နောက်ပြန် လွင့်စင်ထွက်သွားသည်ကို လူတိုင်းက ထိတ်လန့်တကြား မြင်လိုက်ရ၏။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်သောအမူအရာဖြင့် ကြည့်လိုက်ကြပြီး တအံတသြ ရေရွတ်လိုက်ကြသည်။

ဝူတသည် စစ်မှန်သော နယ်မြေနတ်ဘုရား အလယ်အလတ် အဆင့် ကျင့်ကြံသူ ဖြစ်သည်။

ဝူတနှင့် မျက်နှာချင်းဆိုင်မှ အနက်ရောင်ဝတ် လူငယ်သည် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ထားခြင်း မရှိသည်မှာ ထင်ရှား၏။

ကောင်းကင် နတ်ဘုရားအဆင့်၏ ခွန်အားဖြင့် နယ်မြေနတ်ဘုရား အလယ်အလတ် အဆင့် ကျင့်ကြံသူကို တစ်ချက်တည်းဖြင့် လွင့်စင်အောင် လုပ်ဆောင်ရန်မှာ ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို နှစ်ကြိမ် ချိုးဖျက်ထားသည့် မဟာကောင်းကင်နတ်ဘုရား ဖြစ်နေလျှင်ပင် အလွယ်တကူ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

"ဒီကောင်လေးရဲ့ ခွန်အားက ကြောက်စရာကောင်းလှချည်လား"

ရှချန်းသည် သူ၏ရှေ့မှ မြင်ကွင်းကို တွေဝေစွာ စိုက်ကြည့်နေခဲ့သည်။

သူက မှင်တက်ရာကနေ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရ၏။

ကျန်းချန်က အလွန်အမင်း ထူးခြားသော ပါရမီ ရှိပြီး မဟာမြေရိုင်းနယ်မြေတွင် ဆယ်နှစ်အောက် ကာလအတွင်း မဟာမြေရိုင်းနယ်မြေရှိ ပါရမီရှင် အားလုံးကို ဖိနှိပ်ကာ မဟာမြေရိုင်းနယ်မြေ ပါရမီရှင် စာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့မှန်း သူ သိခဲ့သော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ကျန်းချန်က အလွန်အမင်း အစွမ်းထက်ပြီး မြေကြီးအရှင် အဆင့် ဝူတကိုပင် တိုက်ကွက် တစ်ကွက်ထဲဖြင့် လွင့်စင်သွားအောင် လုပ်နိုင်ခဲ့၏။

ဤကဲ့သို့သော ခွန်အားသည် အနည်းဆုံး ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို နှစ်ကြိမ် ထိုးဖောက်ထားပြီးပြီ ဖြစ်ဖို့များသည်။

ထိုအကြောင်းကို စဉ်းစားမိလျှင် ရှချန်း၏ မျက်နှာပေါ်၌ ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါး၏ အကူအညီကို ရရှိနိုင်လျှင် ဤထာဝရ မဟာပွဲတော်တွင် သူတို့ မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမသည် အဆင့်ကောင်း တစ်ခုကို သေချာပေါက် ရရှိမည် မဟုတ်ပါလား။

ဝူတက သူ၏ ခန္ဓာကိုယ်မှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ထိန်းချုပ်လိုက်ပြီး ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ထင်ဟပ်နေခဲ့၏။

"ကောင်လေး.. မင်း ငါ့ကို စောင့်နေ.. ငါတို့ တိမ်တိုက်နက် ဌာနခွဲ ခန်းမရဲ့ ရန်သူ လုပ်ဖို့ ရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး မင်း သေချာပေါက် နောင်တရလိမ့်မယ်"

ဤကောင်လေး၏ ခွန်အားသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး ထိုကောင်လေးသာ သူ့ကို တကယ် သတ်ချင်လျှင် သူ လုံးဝ ခုခံနိုင်မှာ မဟုတ်ပေ။

ထို့ကြောင့် ဝူတသည် ဤနေရာတွင် အချိန်ကြာကြာ ဆက်နေရန် အစီအစဉ် မရှိဘဲ ကျန်းချန်ကို ကြုံးဝါးပြောဆိုကာ ချာခနဲ လှည့်ထွက်သွားခဲ့သည်။

သို့သော်လည်း သူ လှည့်လိုက်သည့်အချိန်မှာပင် ကျန်းချန်၏ ပုံရိပ်သည် နေရာမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်၏ အရှိန်အဟုန်က မယုံနိုင်လောက်အောင် လျင်မြန်လွန်းပြီး ချက်ချင်းဆိုသလို ဝူတ၏ ဘေးတွင် ပေါ်လာခဲ့သည်။

သူ၏ လက်ထဲတွင် အနီရောင် ဓားရှည် တစ်လက်လည်း ရှိနေခဲ့၏။

"ရွှစ်"

ကျန်းချန်က ဓားကွက်တစ်ကွက်ကို လျှပ်တပြက် ထုတ်ဖော်လိုက်သည်။

"မင်း.. မင်း.."

သူ၏ နံဘေးတွင် ပေါ်လာသော အနက်ရောင်ဝတ် လူငယ်ကို ကြည့်ကာ ဝူတ၏ မျက်ဝန်းများတွင် စိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ချက်ချင်းဆိုသလို "ဝုန်း" ဟူသော အသံနှင့်အတူ ဝူတ၏ ခေါင်းသည် ဘောလုံးတစ်လုံးကဲ့သို့ သူ၏ လည်ပင်းကနေ တိုက်ရိုက် လိမ့်ကျသွားခဲ့၏။

ယင်းနောက်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။

ဤအချိန်တွင် ကြီးမားသော ရင်ပြင် တစ်ခုလုံးသည် တစ်စပြင်နှယ် တိတ်ဆိတ်သွားခဲ့၏။

"ဝူတက ဒီလိုပဲ သေသွားပြီလား"

လူတိုင်းသည် ဝူတ၏ ခန္ဓာကိုယ်ကို တွေဝေစွာ စိုက်ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်ဝန်းများတွင် မယုံကြည်နိုင်သောအမူအရာများ ဖြစ်ပေါ်နေခဲ့၏။

မြေကြီးအရှင် တစ်ပါးဖြစ်သည့် ဝူတကို အနက်ရောင်ဝတ်လူငယ်က ဤမျှ အလွယ်တကူ သတ်ပစ်နိုင်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

အနက်ရောင်ဝတ် လူငယ်သည် တောင်ပိုင်းပင်မခန်းမလို နေရာတွင် ထာဝရဘုရားကျောင်းမှ လူကို သတ်ပစ်ရန် အမှန်တကယ် သတ္တိရှိခဲ့သည်။

ဤသည်မှာ ထာဝရဘုရားကျောင်း၏ တောင်ပိုင်း ပင်မခန်းမ ဖြစ်ပြီး ၎င်း၏ ခွန်အားသည် နတ်ဘုရင် အဆင့် အင်အားစုထက် လုံးဝ မနိမ့်ကျပေ။

ထိုကောင်လေးက ဤနေရာတွင် ထာဝရဘုရားကျောင်းမှ လူကို သတ်ပစ်ရန် အဘယ်ကြောင့် သတ္တိရှိနေပါသနည်း။

ရှချန်းက မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာယူခဲ့ရပြီး သူ၏ မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။

"ကျန်းချန်.. မင်း... မင်း တကယ်ပဲ ဝူတကို သတ်ပစ်လိုက်တာလား"

"သူက သူ့ခေါင်းကို လိမ်ဖြုတ်ပြီး ဘောလုံး ကန်ပစ်မယ်လို့ ပြောတယ်လေ.. ကျွန်တော်က သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရုံပါပဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"အကြီးအကဲရှ.. စိတ်မပူပါနဲ့.. သတ်စရာရှိရင် သတ်လိုက်တာ အကောင်းဆုံးပဲ.. ဒီလောက်က ဘာမှ ကြီးကြီးမားမားလည်း မဟုတ်ပါဘူး"

"မဟုတ်သေးဘူး.. ဝူတက ဘာပဲဖြစ်ဖြစ် ထာဝရဘုရားကျောင်းရဲ့ အဖွဲ့ဝင်ပဲ.. မင်း သူ့ကို သတ်လိုက်တာက တောင်ပိုင်းပင်မခန်းမရဲ့ အကြီးအကဲတွေကို ဒေါသထွက်စေမှာ သေချာတယ်.. သူတို့က မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

"အချိန်မနှောင်းသေးခင် မင်း ထာဝရဘုရားကျောင်းကနေ အမြန်ဆုံး ထွက်သွားလိုက်တော့.. မဟုတ်ရင် နောက်ကျသွားလိမ့်မယ်"

ရှချန်းက စိုးရိမ်တကြီး ပြောလိုက်သည်။

ယခု ကျန်းချန်က ဝူတကို သတ်ပစ်လိုက်ပြီ ဖြစ်ရာ ထာဝရဘုရားကျောင်း၏ တောင်ပိုင်း ပင်မခန်းမတွင် ဆက်လက် နေထိုင်ရန် မဖြစ်နိုင်တော့ဘဲ အမြန်ဆုံး ထွက်ခွာရလိမ့်မည် ဖြစ်သည်။

ထိုသို့ မဟုတ်ဘဲ ထာဝရဘုရားကျောင်းက စစ်ဆေးတွေ့ရှိခဲ့လျှင် ကျန်းချန်သည် အသက်ရှင်လျက် အပြင်ထွက်နိုင်တော့မည် မဟုတ်ပေ။

ရှချန်း၏ စိုးရိမ်ပူပန်နေသော အကြည့်ကို မြင်လိုက်ရလျှင် နံဘေးမှ ဟော်ထျန်းယန်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"အကြီးအကဲရှ...စိတ်မပူပါနဲ့.. ညီနောင်ကျန်းချန် ရှိနေရင် ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ဘူး"

ကျန်းချန်ကို ကျန်းဝူ ကောင်းကင် နယ်မြေ၏ အခြေစိုက်စခန်းတွင် ကျန်းဝူနတ်ဘုရင်ပင် အလျော့ပေးရန် ရွေးချယ်ခဲ့ရသည်။

ထာဝရဘုရားကျောင်း၏ တောင်ပိုင်းပင်မခန်းမတွင် အလွန်တရာ အစွမ်းထက်သည့် နတ်ဘုရင်အဆင့် ​ကျင့်ကြံသူ ရှိလျှင်ပင် ကျန်းချန်ကို အနိုင်ယူရန် လွယ်ကူမည် မဟုတ်ပေ။

"မင်းက ထာဝရဘုရားကျောင်းရဲ့ ပင်မခန်းမ လေးခု ခွန်အားကို အထင်သေးနေပြီ...မင်းတို့တွေ ဘယ်လိုမှ ယှဥ်ပြိုင်နိုင်မှာ မဟုတ်ဘူး"

ရှချန်းက ခါးသီးစွာ ပြုံး၍ စိုးရိမ်တကြီး ပြောလိုက်သည်။

"ငါ့စကားကို နားထောင်ပြီး ထာဝရဘုရားကျောင်းကနေသာ အမြန်ဆုံး ထွက်သွားပါ"

ကျန်းချန်၏ ခွန်အားက သူစိတ်ကူးထားသည်ထက် ကျော်လွန်နေပြီး မြေကြီးအရှင် ကျင့်ကြံသူကိုပင် ဓားတစ်ချက်တည်းဖြင့် သတ်နိုင်သော်လည်း မည်သို့ပင်ဆိုစေကာမူ ထာဝရဘုရားကျောင်း၏ ပင်မခန်းမ လေးခုထဲမှ တစ်ခုဖြစ်သည့် တောင်ပိုင်းပင်မခန်းမတွင် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ တစ်ဦးထက်မက ရှိသည်။

ထို့အပြင် နတ်ဘုရင်အဆင့် ကျင့်ကြံသူကလည်း တောင်ပိုင်းပင်မခန်းမကို အုပ်ချုပ်နေ၏။

ယင်းကြောင့် ကျန်းချန်တို့သာ အမြန်ဆုံး မထွက်ခွာနိုင်လျှင် သေချာပေါက် သေဆုံးရလိမ့်မည် မဟုတ်ပါလား။

"အကြီးအကဲရှ.. စိတ်မပူပါနဲ့.. ထာဝရဘုရားကျောင်းက ကျွန်တော့်ကို ဒုက္ခပေးချင်တယ် ဆိုရင်လည်း ကိစ္စမရှိပါဘူး"

ထိုစကားကို ပြောပြီးနောက် ကျန်းချန်က လေထု တစ်နေရာကို လှမ်းကြည့်လိုက်ပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"ဒါ့အပြင် ကျွန်တော်တို့ ထွက်သွားချင်ရင်တောင် နောက်ကျသွားပြီ ထင်တယ်"

အခန်း(၂၀၂၀) ပြီး၏

All Chapters