← Chapters

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း (၂၄၁) လျစ်လျူရှုခံထားရသော သေတ္တာ

ရှောင်ယွမ်အာသည် ယခင်က ဒေါင်းမြီးယပ်တောင်ကို တစ်ခါမှမမြင်ဖူးပေ။ သူမ၏ ရှစ်ရှိုးများဆီမှသာ ကြားခဲ့ဖူးသည်။ ၎င်းကိုမြင်တွေ့သည့်အချိန်၌ သွင်ပြင်ကြောင့်အံ့ဩသွား၏။ သူမက ရေရွတ် ပြောလိုက်တော့သည်။ “လှလိုက်တာ” ပြီးနောက် သတိပြန်ဝင်လာသည့်ပုံဖြင့် ရုတ်တရက် ပြောလိုက်တော့သည်။ “လှတယ်ဆိုပေမဲ့ ဟောင်းနေပြီပုံပေါ်တယ်။ ညီမရဲ့နိဗာနခါးစည်းလောက် မကောင်းဘူး”

မင်ရှစ်ရင် “...”

ရှောင်ယွမ်အာသည် နိဗာနခါးစည်းကို ရချိန်မှစပြီး မည်သည့်အရာကမှ သူမကို အထင်ကြီးစေပုံ မပေါ်တော့၏။

သူက ဆိုးရွားတဲ့အနီရောင်ဝတ်စုံကိုပဲ အတော်လေးစိတ်ကျေနပ်နေတာကြည့်စမ်းပါဦး။

ရှောင်ယွမ်အာက ဒေါင်းမြီးယပ်တောင်ကိုကြည့်လိုက်၏။ “လောင်ချီကို မင်းဘယ်လိုရှာခဲ့တာလဲ”

မင်ရှစ်ရင်သည် ထိုမေးခွန်းကြောင့် လန်းဆန်းတက်ကြွသွား၏။ သူကပြုံးပြီးပြောလိုက်သည်။ “ပြောရရင်ရှည်ပါတယ်”

“ဒါဆိုထားလိုက်တော့လေ” လုကျိုးက ဒေါင်းမြီးယပ်တောင်ကို ကောက်ယူသွား၏။

မင်ရှစ်ရင် “...” ကြည့်ရသည်မှာ သူကြွားလုံးထုတ်ရန် အခွင့်အရေးဆုံးရှုံးသွားပုံပေါ်၏။ အဆုံးတွင် သူကပြောလိုက်သည်။

“ရှစ်စွင်း လောင်ချီရဲ့ကျင့်ကြံဆင့် စည်းပိတ်ခံထားရပါတယ်။ ဒါကြောင့် သူဘယ်ကိုမှ မသွားနိုင်ဘူး။ အဲ့ဒီသစ္စာဖောက်ယွီရှန်းရုန်နဲ့လည်း တွေ့ပြီး ငရဲဂိုဏ်းရဲ့ မဟာကာကွယ် စောင့်ရှောက်သူလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ပိုင်ယွီချင်းကို တွေ့ခဲ့ပါတယ်”

လုကျိုးက စိတ်ထဲကျိန်ဆဲလိုက်၏။ ဒီတော့လောင်ချီရဲ့ ကျင့်ကြံဆင့် စည်းပိတ်ခံလိုက်ရတာကိုး။

အပြင်ပန်းတွင် သူကတည်ငြိမ်စွာပြောလိုက်၏။

“လောင်ချီရဲ့ ကျင့်ကြံဆင့်ကို စည်းပိတ်ခဲ့တဲ့သူက ငါပဲ။ မင်း သူ့ကို အနိုင်ယူနိုင်တာ အံ့ဩစရာမရှိပါဘူး။ ပိုင်ယွီချင်းရဲ့ ကျင့်ကြံဆင့်က မင်းထက်ပိုပြီး နက်နဲတာ။ ပိုင်ယွီချင်း အဲမှာ ရှိနေတယ်ဆိုတော့ မင်းဘယ်လိုများအောင်မြင်ခဲ့တာလဲ”

မင်ရှစ်ရင်က ကြွားဝါရန်ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်၏။

“ပိုင်ယွီချင်းက ငရဲဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်ပဲလေ။ ရှစ်စွင်းရဲ့အကြောင်း ပြောလိုက်တဲ့အခါမှာ ပိုင်ယွီချင်းက ကြောက်လန့်သွားတော့တာပဲ။ သူက ကျွန်တော့်ရှေ့ မရပ်ရဲတော့ဘူးလေ။ ဒါ့အပြင် အဲဒီသစ္စာဖောက် ယွီရှန်းရုန်ကလည်း ရှိနေတာ”

“ယွီရှန်းရုန်က မင်းကိုတားဖို့မကြိုးစားဘူးလား” လုကျိုးက မေးလိုက်၏။

“တကယ်မတားပါဘူး။ ကျွန်တော် သူ့ကို သင်ခန်းစာအကြာကြီးပေးလိုက်တာ။ သူမှားမှန်းသိတော့ ကျွန်တော်နဲ့မငြင်းရဲဘူးလေ” မင်ရှစ်ရင်က ဖြောင့်မတ်သောမျက်နှာထားဖြင့်ပြောလိုက်၏။

ရှောင်ယွမ်အာသည် သူမ၏ အာ့ရှစ်ရှိုး ယွီရှန်းရုန်နှင့် အန်းယန်မြို့တွင်တွေ့ဆုံတာကို ပြန်တွေးမိ သောအခါ သူမဖာသာအံ့ဩသွား၏။ အာ့ရှစ်ရှိုးက အကြောင်းပြချက်ကို နားထောင်တတ်တဲ့သူလား။

“ကံကောင်းတာက ကျွန်တော်ပြန်မလာခင် ချိရှစ်တိရဲ့ ဒေါင်းမြီးယပ်တောင်ကို ဒဏ်ခတ်တဲ့အနေနဲ့ သိမ်းယူခဲ့လောက်အောင် ပါးနပ်လို့ပေါ့။ ဒီလိုဆိုရင်နောင်ကျ သူပြဿနာမရှာနိုင်တော့ဘူး။ ပြစ်မှုတွေလည်းကျူးလွန်နိုင်တော့မှာ မဟုတ်တော့ဘူး။

လုကျိုးက စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်၏။ သူက “မင်း ဒီတစ်ခေါက်လုပ်ခဲ့တာကောင်းတယ်”

မင်ရှစ်ရင်က အရိုအသေပေးပြီးပြောလိုက်၏။ “ချီးကျူးတာ ကျေးဇူးတင်ပါတယ်။ ရှစ်စွင်း”

“ဘာကိစ္စမှ မရှိတော့ရင် မင်း အနားယူဖို့ပြန်သင့်ပြီ”

“ကျွန်တော်နောက်ထပ် သတင်းပို့စရာရှိပါသေးတယ်”

“ဘာလဲ”

“မိစ္ဆာဝေဟင်မျှော်နန်းကိုပြန်လာတဲ့အချိန် ထန်းကျီမြို့ရဲ့ စခန်းကို ဖြတ်လာခဲ့တာပါ။ ကောင်းကင်ဓားဂိုဏ်းရဲ့အရင်ဂိုဏ်းချုပ် လော့ရှင်းခုံက မိစ္ဆာဝေဟင်မျှော်နန်းကို ထပ်တိုက်ခိုက်ဖို့အတွက် သူ့အင်အားစုဝေးနေပြန်ပြီ” မင်ရှစ်ရင်က ပြော၏။ သူပြန်ရောက်ချိန် ရွှေနန်းဥယျာဉ်တောင်၏ အရံအတားကို ဂရုတစိုက်လေ့လာခဲ့ပြီးဖြစ်၏။ အရံအတားက ယခုဆို ပိုအားနည်းနေပြီဖြစ်သည်။ အပြင်ဖက်ရှိကောလဟလများကို အတည်ပြုရန် အကြီးအကဲဟွားနှင့်လည်း စကားပြောခဲ့သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များဖြစ်စေ၊ ပြင်ပလောက၏ တပည့်များဖြစ်စေ အားလုံးက သူတို့ရှစ်စွင်းသည် အရံအတားမှ စွမ်းအင်စုပ်ယူခဲ့သည်ဟုသာ မြင်ကြသည်။ ထို့အပြင် မိစ္ဆာဝေဟင် မျှော်နန်းထဲတွင် လျှို့ဝှက်ခန်းတွင် ဖြစ်ပျက်ခဲ့သည်များကို မျက်မြင်တွေ့ခဲ့သူများလည်း ရှိ၏။

လုကျိုးက သက်ရောက်မခံရဘဲပြောလိုက်၏။

"လော့ရှင်းခုံက ဒုက္ခိတဖြစ်နေတဲ့သူပဲ။ သူက ထည့်ပြောဖို့မတန်ဘူး”

မင်ရှစ်ရင်က အမြန်အရိုအသေပေးကာပြောလိုက်တော့သည်။

“တောင်အောက်ဆင်းပြီး ကောင်းကင်ဓားဂိုဏ်းဆီ သွားပြီး လော့ရှင်းခုံကို သတ်ဖို့ဆန္ဒရှိပါတယ်”

ထိုစဉ် ကျိုးကျစ်ဖုန်းက မဟာခန်းမထဲသို့အမြန်ဝင်လာ၏။ သူမဟာခန်းမထဲသို့ရောက်လာသည်နှင့် လုကျိုးကို နှုတ်ဆက်လိုက်သည်။ “နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်။ စတုတ္ထသခင်လေး။ နဝမသခင်မလေး”

“ဘာကိစ္စလည်း”

“စတုတ္ထသခင်လေးပြန်လာတယ်ကြားလို့ကျွန်တော်သူ့ကို လာတွေ့တာပါ” ကျိုးကျစ်ဖုန်းက တစ်ခုခု ပြောချင်နေတာ သိသာ၏။

မင်ရှစ်ရင်သည် ကျိုးကျစ်ဖုန်း ဂဏှာမငြိမ်ဖြစ်နေတာကို မြင်သောအခါ သူက လှည့်ကြည့်ပြီး ပြောလိုက်၏။

“တွေဝေမနေနဲ့ ပြောလိုက်။ မင်းရဲ့နည်းလမ်းတွေကိုတောင် မတတ်ကျွမ်းသေးဘူး။ ဒါပေမဲ့မင်းက ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ သူတော်ကောင်း ယောင်ဆောင်တဲ့ နည်းလမ်းကို သေချာလုပ်နိုင်နေတာပဲ”

ကျိုးကျစ်ဖုန်းက မင်ရှစ်ရင်၏ လှောင်ပြောင်သရော်မှုကြောင့် မျက်နှာက ပန်းရောင်သန်းသွားသည်။

“မျှော်နန်းသခင် ကျွန်တော်က ကောင်းကင်ဓားဂိုဏ်းကို သွားချင်လို့ပါ”

“ကောင်းကင်ဓားဂိုဏ်းကို ဘာသွားလုပ်မှာလဲ။ နတ်ဒေဝါဦးတည်နယ်ပယ်ရဲ့ တောက်ထိန်းချုပ်ခြင်း အဆင့်နဲ့ အဲဒီကိုသွားချင်တယ်ပေါ့” မင်ရှစ်ရင်က ကျိုးကျစ်ဖုန်းကို အညှာအတာမဲ့စွာ တိုက်ခိုက်လေ၏။

ကျိုးကျစ်ဖုန်းက အနေခက်စွာ ခေါင်းကုတ်ပြီးနောက်ပြောလိုက်သည်။

“ကျွန်တော်သူတို့ကို ဖျောင်းဖျနိုင်ပါတယ်”

လုကျိုးက ခေါင်းခါပြီး ပြောလိုက်သည်။ “မင်းက ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ မင်းသွားရင် အငြင်းပွားမှုက ပိုဆိုးသွားပုံပဲရှိတယ်။ လော့ရှင်းခုံက တံခါးပိတ်ကျင့်ကြံနေတာ အတော်ကြာပြီဆိုပေမဲ့ သူက ငါပူပန်ရမဲ့အရာမဟုတ်သေးဘူး”

“ရှစ်စွင်းရဲ့ စွမ်းဆောင်ရည်က အကန့်အသတ် မရှိပါဘူး” မင်ရှစ်ရင်က ဝင်ပြီးပြောတော့သည်။

ကျိုးကျစ်ဖုန်းက လက်သီးဆုပ်လျက်ပြောလိုက်၏။

“လော့ရှင်းခုံး တံခါးပိတ်ကျင့်ကြံတာက ထင်သလို မရိုးရှင်းပါဘူး။ ကျွန်တော် ကောင်းကင်ဓားဂိုဏ်းမှာ ရှိနေတုန်းက လော့ရှင်းခုံက ခဏတာအတွက် ကျင့်ကြံဆင့် တိုးမြှင့်ပေးနိုင်တဲ့ ကျင့်စဉ်တစ်မျိုးရထားတယ်လို့ကောလာဟလ ကြားမိတယ်။ သူ့ကို ကျွန်တော်တို့ ဂရုစိုက်မှ ရမယ်”

“ကျင့်ကြံဆင့်ကို ယာယီတိုးမြှင့်ပေးတာလား။ သူက ချီသွေဖည်ပြီး ပေါက်ကွဲပြီးသေသွားမှာကို မကြောက်ဘူးလား” မင်ရှစ်ရင်က လှောင်ပြောင်၏။

“ဒါတော့ ကျွန်တော်မသိပါဘူး” ကျိုးကျစ်ဖုန်းက ပြောလိုက်သည်။

ကျင့်ကြံခြင်းလမ်းကြောင်း၌ ကိုယ်ပိုင်စည်းမျဉ်းများရှိသည်။ စည်းမျဉ်းကိုဖောက်ဖျက်ခြင်းသည် မည်သူမဆို တန်ကြေးပေးဆပ်ရမည်။

လန်လော့က နတ်ဆယ်ပါး၏စွမ်းအင်မှ ရှင်သန်စေရန် တိမ်ခွင်းရထားလုံးကို ကူညီပေးဖို့ရာ သူ၏ ခန္ဓာကိုယ်ကိုဖောက်ခွဲပစ်ရန် ရည်ရွယ်ခဲ့၏။ လုကျိုး မလှုပ်ရှားလျှင် လန်လော့ယနေ့ အသက်ရှင်တော့မှာမဟုတ်တော့ပေ။

မြင်သာသည့်လှံတစ်စင်းကို ရင်ဆိုင်ရခြင်းက အမှောင်ထဲရှိမြှားတစ်စင်းကို ရင်ဆိုင်ရခြင်းထက် ပိုလွယ်ကူ၏။ အဖိုးကြီးလော့ရှင်းခုံးသည် လန်လော့ကဲ့သို့သောဖျက်ဆီးခြင်း အကွက်တစ်ကွက်ကို တိတ်တဆိတ် ကျင့်ကြံနေလျှင် မည်သို့ဖြစ်မည်နည်း။ ယင်းကနေမည်သူက ရှင်သန်နိုင်မည်နည်း။ လူတိုင်းက လုကျိုးကို ကြည့်လိုက်ကြ၏။

လုကျိုးက မသိလိုက်မသိဖာသာပြောလိုက်၏။

“ကောင်းကင်ဓားဂိုဏ်းလေးလောက်က ငါ့ကို ရင်ဆိုင်နိုင်မယ်လို့ထင်နေတာပေါ့”

မင်ရှစ်ရင်က စိတ်အားထက်သန်စွာ ဝင်ပြော၏။

“ဟုတ်တယ်။ ထိပ်သီးဂိုဏ်းကြီးဆယ်ဂိုဏ်းက လက်ရွေးစင်တွေ ရှစ်စွင်းကိုတိုက်ခိုက်ခဲ့တုန်းက သူတို့ ဘာမှမရခဲ့ဘူး။ အခုသူတို့သားကသေပြီ။ အခုအဖေကလည်း တက်လာတာ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်လဲ”

ကျိုးကျစ်ဖုန်းက ပြောလိုက်၏။ "မျှော်နန်းသခင်ရဲ့အစွမ်းအစက အကန့်အသတ်မရှိပါဘူး”

ရှောင်ယွမ်အာက ရှေ့တိုးပြီးနောက်ပြောလိုက်၏။

"အကန့်အသတ်အကြောင်းမေ့လိုက်။ သွားကြရအောင်”

“န န နဝမ သခင်မလေး ခင် ခင်ဗျားရဲ့ အမိန့်လား” လုကျိုးက နိဗာနခါးစည်းကို သတိရသွားချိန် မျက်လုံးက နီရဲသွား၏။

“ငါ နိဗာနခါးစည်းနဲ့ ငါ့ရဲ့ရင်းနှီးမှုတိုးတက်အောင်လုပ်ဖို့ကြိုးစားရုံပဲ။ စိတ်မပူနဲ့ ငါမှားမှန်းသိတယ်။ ဒီတစ်ခေါက်ဘယ်သူ့မှ မထိခိုက်စေရဘူးလို့အာမခံတယ်” ရှောင်ယွမ်အာက ပြုံးပြီးပြောလိုက်၏။

ကျိုးကျစ်ဖုန်းက ထိတ်လန့်သွားသည်။

မင်ရှစ်ရင်က ဆွံ့အသွားလေ၏။

‘ဒါက တကယ်ရှောင်ယွမ်အာလား’

‘တစ်ခုခုတော့မှားနေပြီ’

သူတို့က လုကျိုးမှလွဲလျှင် ရှောင်ယွမ်အာသည် တခြားသူများကို တောင်းပန်တာ တစ်ခါမှမတွေ့ဖူးပေ။

မင်ရှစ်ရင်က စိတ်မပြင်ရသေးခင် ရှောင်ယွမ်အာက အပြင်ထွက်သွားနှင့်ပြီဖြစ်သည်။

ကျိုးကျစ်ဖုန်းက လက်သီးဆုပ်မိုးလျက် သူမနောက်သို့လိုက်သွား၏။

လုကျိုးက ခေါင်းအနည်းငယ်ညိတ်လိုက်သည်။ ရှောင်ယွမ်အာက အခုဆို ပိုပြီးရင့်ကျက်လာတဲ့ပုံပဲ။

မင်ရှစ်ရင်က မျက်လုံးပွတ်လိုက်၏။ သူအိမ်မက်မက်နေသည်ဟုခံစားမိလိုက်သောကြောင့် သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ဆွဲဆိတ်လိုက်၏။

‘အိုး နာလိုက်တာ။ ငါ အိမ်မက်မက်နေတာမဟုတ်ဘူးဟ။ တကယ်ကြီးဟ’

လုကျိုးက မင်ရှစ်ရင်၏အပြုအမူကို မြင်သောအခါ မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။

“ရှစ်စွင်း ကျွန်တော်အဆင်ပြေပါတယ်။ ကျွန်တော်မရူးပါဘူး” မင်ရှစ်ရင်က အနေခက်စွာ ပြောလိုက်သည်။

ထိုစဉ် တွမ့်မူရှန်းက လက်ထဲတွင် နယ်ရှင်လှံကိုကိုင်ထားလျက် မဟာခန်းမထဲသို့ဝင်လာသည်။ သူ၏ခြေသံများကျယ်လောင်ပုံအရ ၎င်းသည် ကမ္ဘာမြေကြီးက နိုးထလာသည့်ပမာ ထင်မှတ်ရသည်။ မင်ရှစ်ရင်ဆီလျှောက်သွားပြီးနောက် မင်ရှစ်ရင်၏ပခုံးကို ရိုက်ချလိုက်ကာ ပြောလိုက်၏။

"ရှစ်စွင်းကို နှုတ်ဆက်ပါတယ်”

မင်ရှစ်ရင်၏မျက်နှာတွင် နာကျင်သည့်အမူအရာပေါ်လာ၏။

“ရှစ်စွင်းကို နှုတ်ဆက်တဲ့အချိန် ခင်ဗျား ကျုပ်ကို ဘာကြောင့် ရိုက်ရတာလဲ”

လုကျိုးက မေးလိုက်တော့သည်။ “လျှို့ဝှက်ခန်းပြန်ပြင်တာက ဘယ်လိုလဲ”

လျှို့ဝှက်ခန်း ဖျက်ဆီးခံရချိန်မှ စပြီး သူက တံခါးပိတ်ကျင့်ကြံနေရာ၌ လုကျိုးသည် ကောင်းကင်ကျမ်းစာကို ငြိမ်းငြိမ်းချမ်းချမ်း နားလည်ဆင်ခြင်နိုင်မည့် နောက်တစ်နေရာ မရှာနိုင် ဖြစ်နေ၏။ အရှေ့ဖက် မျှော်နန်းရှိ ပတ်ဝန်းကျင်က လက်ခံနိုင်စွမ်းရှိသော်ငြား လျှို့ဝှက်ခန်းကဲ့သို့ ငြိမ်သက်မှုမရှိပေ။

“ဆယ်ရက်လောက်လိုသေးတယ်။ ရှစ်စွင်း နေရာကိုပြန်ပြင်တဲ့အချိန် သေတ္တာတစ်လုံးရှာတွေ့လို့ပါ။ ကျေးဇူးပြုပြီး တစ်ချက်ကြည့်ကြည့်ပေးပါ” တွမ့်မူရှန်းက ပြောလိုက်၏။

“သေတ္တာတစ်လုံးလား”

ထိုစဉ်အမျိုးသမီးကျင့်ကြံသူနှစ်ဦးက မဟာခန်းမထဲသို့သေတ္တာတစ်လုံးသယ်လာ၏။

သေတ္တာကဟောင်းနေပုံပေါ်သည်။ သို့သော်ငြားလက်တလောတွင် သန့်ရှင်းထားတာသိသာ၏။ ကုန်ကြမ်းများကထူးကဲသည်။ သားရေနှင့်ဆင်တူပြီး တပြိုင်နက်တည်းတွင် သစ်သားနှင့်လည်း ဆင်တူ၏။ သေတ္တာက အညိုရောင်ဖြစ်သည်။

အမျိုးသမီးကျင့်ကြံသူနှစ်ဦးက သေတ္တာကို ကြမ်းပြင်ပေါ်ချလိုက်သည့်အချိန်တွင် မင်ရှစ်ရင်က သိချင်စိတ်ဖြင့်လျှောက်လာ၏။

“အဲဒါဘာလဲ”

“ကျွန်တော် မသိဘူး” တွမ့်မူရှန်းက ပြောလိုက်သည်။

"ရိုက်ဖွင့်ကြည့်လိုက်လေ ဒါဆို သိရမှာပဲ”

…

အခန်း (၂၄၂) ပျောက်ဆုံးသွားသည့် သော့

“တကယ်လို့ ငါ ချိုးဖျက်နိုင်ရင် ဘာလို့ ဒီအထိ သယ်လာဖို့ ပြောနေမှာလဲ” တွမ့်မူရှန်းက မျက်လုံးဝှေ့ကြည့်လိုက်သည်။

“ စန်းရှစ်ရှိုး ပြောတာ ဟုတ်သား ” မင်ရှစ်ရင်က မလုံမလဲ ပြောလိုက်သည်။

လုကျိုးက လက်နောက်ပစ်လျက် ဖြည်းဖြည်းချင်း ထရပ်လာကာ သေတ္တာဆီ ရောက်လာသည်။ လျှို့ဝှက်ခန်းထဲ သေတ္တာများစွာ ရှိလေသည်။ သူက တစ်ခါမှ အာရုံမစိုက်မိခဲ့ပေ။ သေတ္တာအများစုက အချိန်အတော်ကြာ ပစ်ထားခံရသောကြောင့် ဖုန်အလိမ်းလိမ်း ဖြစ်နေလေ၏။

“ အခြားသေတ္တာတွေက လျှို့ဝှက်ခန်း ဖျက်ဆီးခံရတော့ ပျက်စီးသွားတယ်။ ဒီသေတ္တာ တစ်လုံးကပဲ အကောင်းတိုင်း ရှိနေတာ။ ကျွန်တော်လည်း ထူးဆန်းတယ် ထင်တာနဲ့ ဒီအထိ သယ်လာဖို့ ပြောလိုက်တာပါ ” တွမ့်မူရှန်းက ပြောလိုက်သည်။

မင်ရှစ်ရင်က ပြုံးလိုက်ကာ “ရှစ်စွင်းရဲ့ ပစ္စည်းတွေက ရတနာတွေဆိုတာ ပုံမှန်ပါပဲ ”

လုကျိုးက သူတို့ကို လျစ်လျူရှုထားလိုက်သည်။ သူက ကုန်းကာ သေတ္တာကို သေချာကြည့်လိုက်၏။

ဒါက ကျိထျန်းတောက် သူ အသက်ရှင်နေတုန်း ထားခဲ့တဲ့ဟာပဲ ဖြစ်ရမယ် … ဒါပေမဲ့ ကြာမြင့်လွန်းပြီ ဖြစ်၍ သူ့မှတ်ဉာဏ်တွေက ဝေဝါးနေလေပြီ။

သူက ထိုသေတ္တာအကြောင်း စိုးစဉ်းမျှ မမှတ်မိတော့ပေ။

“အတားအဆီး …” လုကျိုးက သေတ္တာပတ်လည်တွင် သိပ်သည်းစွာ တည်ရှိနေသည့် မျဉ်းကြောင်းများကို ကြည့်ကာ ချက်ချင်း အတည်ပြုလိုက်နိုင်သည်။ ဤသည်မှာ တမူထူးသည့် အတားအဆီး တစ်ခု ဖြစ်၏။ ထိုမျဉ်းကြောင်းများက သေတ္တာ၏ မျက်နှာပြင်ခြောက်ခုလုံးကို ဖုံးလွှမ်းထားပြီး ပြီးပြည့်စုံသည့် ပုံစံတစ်ခု ဖြစ်နေသည်။ သူသာ သေချာမကြည့်ပါက အလှဆင်ထားသည့် ပုံစံဟုသာ တွေးမိလောက်သည်။ ထူးခြားသည်က အတားအဆီး သို့မဟုတ် အစီအရင်များကို အသက်ဝင်လာဖို့ ချီထည့်သွင်းဖို့ လိုအပ်ပေသည်။

ဒီအတားအဆီးက ဘယ်လိုလုပ်ဆောင်တာလဲ …

လုကျိုး လျှို့ဝှက်ခန်းအတွင်း ကျင့်ကြံနေတုန်းက ကောင်းကင်ကျမ်း စွမ်းအားကို အသုံးပြုဖူးသည်။ ကောင်းကင်ကျမ်း စွမ်းအားအောက်တွင် သေတ္တာများ၊ ဗီရိုများနှင့် အဆင့်နိမ့် လက်နက်များ ခြွင်းချက်မရှိ အကုန်ဖျက်ဆီးခံခဲ့ရသည်။ ဒီသေတ္တာက အကောင်းအတိုင်း ကျန်ရှိနေ၍ ထူးခြားသည်လား ဒါမှမဟုတ် အလွန်အမင်း အားကောင်းသည့် ကာကွယ်စွမ်းကို ပိုင်ဆိုင်ထားသည်လား တစ်ခုခုသာ ဖြစ်ရမည်။

“ ရှစ်စွင်းက အစီအရင်နဲ့ အတားအဆီးအကြောင်း ဗဟုသတုကြွယ်ဝတယ်ဆိုတော့ ဒီသေတ္တာပေါ်က အတားအဆီးက ဘာများလဲ” မင်ရှစ်ရင်က အချိန်အတော်ကြာ ကြည့်နေသော်လည်း ဘာသဲလွန်စမှ မတွေ့လာပေ။

လုကျိုးက ဘာမှမပြောပေ။ ထို့အစား သူက ဆက်လက် လေ့လာနေသည်။ သူက သေတ္တာတစ်ဖက်ခြမ်ဆီ သွားလိုက်သည့်အချိန် ဘေးဘက်ရှိ အဟ သေးသေးလေးကို သတိပြုမိလိုက်သည်။

“သော့တစ်ချောင်း … ”

မင်ရှစ်ရင်လည်း လာကြည့်လိုက်သည်။ သူက ခေါင်းငုံ့ကာ ကြည့်လိုက်၏။ ထို့နောက် သူက တအံ့တဩလေသံဖြင့် ပြောလိုက်သည်။

“ ဟုတ်တယ်။ ကျွန်တော်တို့ သော့တစ်ချောင်း လိုတယ် ”

တွမ့်မူရှန်းက သော့ပေါက်ကို မြင်ကာ “ ရှစ်စွင်း … ကျွန်တော် အခုချက်ချင်း သော့ သွားရှာလိုက်မယ်”

“ သွားကြ ”

တွမ့်မူရှန်းက လှည့်ထွက်သွားလေသည်။ လျှို့ဝှက်ခန်းက ရှုပ်ပွနေသည်။ သူက သော့လိုမျိုး အသေးအမွှားလေးကို ရှာဖို့ အချိန်ယူရပေမည်။

လုကျိုးက သော့သည် လျှို့ဝှက်ခန်းထဲ ရှိနေမည်ဟု မထင်ပေ။ သူက စနစ်ကို တစ်ချက်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း “ပျောက်ဆုံးနေသည့် သော့ ရှာရန်” တာဝန်အောက်တွင် အပိုညွှန်းချက် တစ်ခု ရှိနေသည်။

“ ပျောက်ဆုံးနေသော ရတနာသေတ္တာကို ဖွင့်ဖို့ရာအတွက် အသုံးပြုနိုင်သည်”

သူက နေရာအနှံ့ သွားလာရှာဖွေခဲ့သော်လည်း သူ့မျက်စိအောက် တွေ့လိုက်ရသည်။

သူက လက်ဝှေ့ကာ “ဒါကို အရှေ့မျှော်နန်းဆောင်ဆီ ယူသွားလိုက် ”

“ ဟုတ် ရှစ်စွင်း” မင်ရှစ်ရင် သေတ္တာကို သယ်သွားလိုက်သည်။

လုကျိုးက လက်ဝေ့လိုက်ပြီးနောက် ဒေါင်းမြီးယပ်တောင်ကို သိမ်းကာ အရှေ့မျှော်နန်းဆောင်ဆီ ပြန်လာလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ခုနှစ်ရက် ကုန်ဆုံးသွားလေသည်။

ကောင်းကင်ကျမ်းကို ခုနှစ်ရက်ကြာ ဆင်ခြင်ပြီးနောက် လုကျိုးက သူ့ခန္ဓာကိုယ်ထဲရှိ ထူးခြားအံ့ဖွယ် စွမ်းအားသည် ပြန်လည် ပြည့်ဝသလို ခံစားလာရသည်။

လုကျိုးက ခေါင်းညိတ်လိုက်သည်။ ဆိုလိုသည်မှာ သူက ထိုစွမ်းအားကို အကြိမ်အနည်းငယ် အသုံးပြုနိုင်လေပြီ။ ထိုစဉ် သူက ကောင်းကင်ကျမ်းမှ သိုင်းကွက်နှစ်မျိုးကို ကျွမ်းကျင်သွားပြီ ဖြစ်၏။ ပထမတစ်ခုမှာ အသံလှိုင်းနည်းစနစ်နှင့် တူသည့် အပြောစွမ်းအား ဖြစ်၏။ ဒုတိယတစ်ခုမှာ ရောင်ပြန်ဟပ်နည်းစနစ်နှင့် တူသည့် ဆိတ်ငြိမ်မှုစွမ်းအား ဖြစ်ပေသည်။

ထိုနှစ်မျိုးက ထူးခြားအံ့ဖွယ် စွမ်းအားကို လိုအပ်သည်။ ထူးခြားအံ့ဖွယ် စွမ်းအားအတွက် အရင်းအမြစ်တစ်ခုတည်းသာ ရှိပြီး ကောင်းကင်ကျမ်း နားလည်ဆင်ခြင်ရာမှ ဖြစ်လာခြင်း ဖြစ်သည်။

လုကျိုးက စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

ခုနှစ်ရက် … ဖြစ်နိုင်တာ ဆယ်ရက်လောက် …

ငါ စွမ်းအားတစ်ခါ ထုတ်သုံးနိုင်ဖို့ ဘယ်လောက်ကြာကြာ ကောင်းကင်ကျမ်းကို ဆင်ခြင်ရမှာလဲ …

သူက ထူးခြားအံ့ဖွယ် စွမ်းအား လိုအပ်ချက် မြင့်မားမှုကို အနည်းငယ် အံ့အားသင့်နေမိသည်။ သို့သော်လည်း အံ့မခန်းစွမ်းအားကို တွေးမိလိုက်သည့်အခါ သူက မျှတသလို ခံစားမိလိုက်၏။

ကိုယ် စိုက်ထားတာ ပြန်ရိတ်သိမ်းရမှာပဲ …

“ ရှစ်စွင်း … ကျန်းအိုက်ကျန့်ဆီကနေ စာရောက်လာပါတယ် ” ကျောင်းယွဲ့၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။

ရှောင်ယွမ်အာတစ်ယောက် နိဗာနခါးစည်းနှင့် တွဲမိသွားကတည်းက စာပို့ဆောင်ခြင်း တာဝန်က ကျောင်းယွဲ့ ပခုံးပေါ် ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း လုကျိုးက ကိစ္စကောင်းဟု ထင်မိ၏။ ကျောင်းယွဲ့က ရှောင်ယွမ်အာထက် ပိုမို ရင့်ကျက်ပေသည်။

“ဖတ်လိုက် ”

ကျောင်းယွဲ့က စာကို ဖွင့်ကာ ခပ်ကျယ်ကျယ် ဖတ်ပြလိုက်သည်။

“လောင်ချန်းပေ့ .. ကျွန်တော် ပြောစရာသုံးခု ရှိတယ်။ ပထမတစ်ခုက ကောင်းကင်ဓားဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ် လော့ရှင်းခုံက မိစ္ဆာဝေဟင်မျှော်နန်းကို နှိမ်နင်းဖို့ တခြားဂိုဏ်းတွေကို ဆင့်ခေါ်စာ ပို့ခဲ့ပေမဲ့ တခြားဂိုဏ်းတွေက ဘာမှမလှုပ်ရှားလာကြဘူး။ လော့ရှင်းခုံက ဒေါသထွက်သွားတယ်။ လောင်ချန်းပေ့ သတိထားတာ အကောင်းဆုံးပဲ …

ဒုတိယတစ်ခုက လောင်ချန်းပေ့ရဲ့ တပည့်ကြီး ယွီကျန့်ဟိုင်က နောက်ထပ် အသေးစားဂိုဏ်းလေး နှစ်ဂိုဏ်းကို ထပ်ရှင်းလိုက်ပြီ။ သူတို့က လေ့ကျင့်ရေးဂိုဏ်းနဲ့ နတ်ဆိုးဂိုဏ်းပဲ … ဒါနဲ့ ယွီကျန့်ဟိုင်က အခုတလော တက်ကြွနေပုံပဲ။ တတိယတစ်ခုက ကျွန်တော့်ရဲ့နောက်စာကို စောင့်ပါ … ”

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူက ကျန်းအိုက်ကျန့်၏ ကိစ္စ ကိုင်တွယ်ပုံများကို အသားမကျနေလျှင် ထိုစာကြောင့် ပြောစရာပင် ရှာတွေ့မည် မဟုတ်ပေ။

ဒီကောင်လေးက စာရွက်ရှည်နဲ့ ရေးလို့ မရဘူးလား။

တင်ပြချက် အဆုံးသတ်သွားလေပြီ။

ကျောင်းယွဲ့လည်း နေရခက်နေမိသည်။ သူမက ဒီနေရာမှာ ရပ်နေရင်း အခြေအနေ မဟန်သလို ခံစားနေရသော်လည်း ထွက်သွားဖို့လည်း မသင့်တော်ပေ။

လုကျိုးက ပြောလိုက်သည် “မင်း ထွက်သွားလို့ ရပြီ ”

“ အဲဆို တပည့် သွားလိုက်ပါဦးမယ်။ နောက်စာ ရောက်လာမှ ထပ်တင်ပြပါ့မယ်” ကျောင်းယွဲ့က အရှေ့မျှော်နန်းဆောင်မှ ထွက်လာလိုက်သည်။

ထိုစဉ် လုကျိုးက လက်ဝေ့လိုက်သည်။ သူ့ရှေ့တွင် ဒေါင်းမြီးယပ်တောင် ပေါ်လာသည်။ သူက ဒေါင်းမြီးယပ်တောင်၏ ချောမွတ်တောက်ပနေသည့် မျက်နှာပြင်ကို မြင်လိုက်သည့်အခါ တိတ်တဆိတ် အံ့ဩမိသွားသည်။ သူ့ခုနှစ်ယောက်မြောက် တပည့်က ဒီလက်နက်နှင့် အတူရှိလာသည်မှာ ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်တို့ လက်နက်အသီးသီး ရသည့်အချိန်နှင့် ယှဉ်လိုက်လျှင် အနည်းငယ် တိုတောင်းနေသေးသည်။ စီးဝူယာ့က ဒေါင်းမြီးယပ်တောင်အား မကြာခဏ သုံးမှန်း သိသာလှသည်။

လုကျိုးက လက်မြောက်ကာ လက်နက်ကို ကိုင်ကြည့်လိုက်သည်။ အကြောင်းအရင်းတချို့ကြောင့် ပြန်လည်သန့်စင်ရေး အဆောင်အကြောင်း သူ့စိတ်ထဲ ပေါ်လာသည်။

သူသာ လက်နက်ကို ပြန်သန့်စင်လိုက်လျှင် စီးဝူယာ့ ဘယ်လိုတွေးသွားမလဲ …

လုကျိုးက လက်ဝှေ့လိုက်သည့်အခါ နောက်ဆုံးသော ပြန်လည်သန့်စင်ရေး အဆောင်က ပေါ်လာသည်။

စီးဝူယာ့တစ်ယောက် သူ့လက်နက်နှင့် အကျွမ်းတဝင် ဖြစ်နေမှုကြောင့် မိစ္ဆာဝေဟင်မျှော်နန်းအဝေးတွင် တင်ပျဉ်ခွေထိုင်နေသည့် စီးဝူယာ့က နာကျင်လာသည်။ သူက ရုတ်ချည်း မျက်လုံးဖွင့်လာသည်။ သူ့မျက်နှာအထက် မျက်မှောင်ကြုတ်ထားမှုကို မြင်တွေ့နိုင်သည်။

သူ့ပါးစပ်ဖျားမှ စကားနှစ်လုံး ထွက်လာ၏။

“ဒေါင်းမြီးယပ်တောင် ”

ကောင်းကင်အဆင့် လက်နက်မျိုး၌ လက်နက်နှင့် ပိုင်ရှင်ကြား ဆက်နွယ်မှုက မြင့်မားလာသည့်အခါ နှစ်ဖက်လုံးက အာရုံဆက်နွယ်မှုမျိုး တည်ရှိလာသည်။ ထိုဆက်နွယ်မှုကို ရှင်းပြ၍ မရပေ။

စီးဝူယာ့က သူ့စိတ်ထဲ ဒေါင်းမြီးယပ်တောင် ရုတ်တရက် ပေါ်လာသည့် အကြောင်းကို မသိပေ။

ထိုစဉ် စီးဝူယာ့၏ အသံကို ကြားသည့် မီးခိုးရောင်ဝတ် လက်အောက်ငယ်သားတစ်ယောက်က လာကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

“ဂိုဏ်းချုပ် …”

“ငါ အဆင်ပြေတယ် ” စီးဝူယာ့က ပြောလိုက်သည်။

“ ဂိုဏ်းချုပ် ကျွန်တော် … နတ်ဘုရားအရှင်သခင်ဂိုဏ်းဆီ သွားလိုက်ရမလား ”

“မလိုဘူး ” စီးဝူယာ့က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

“တာ့ရှစ်ရှိုးက အဲဒီကို လူလွှတ်ပြီးပြီ။ တကယ်လို့ ငါသွားရင် တာ့ရှစ်ရှိုးက သူ့ကို ငါ မယုံဘူးလို့ တွေးသွားလိမ့်မယ်။ ပြီးတော့ အာ့ရှစ်ရှိုးက ပိုင်ယွီချင်းကို ထိခိုက်အောင် လုပ်ထားတာ။ ဒီလိုအချိန်မျိုးမှာ တာ့ရှစ်ရှိုးကို ရှာတာ ပိုသင့်တော်တယ်”

“အဲဆို ကျွန်‌တော် ပင်းတုတောင်ဆီ သွားလိုက်ရမလား”

စီးဝူယာ့က ချက်ချင်း ပြန်မဖြေပေ။ တကယ်လို့ အတိတ်တုန်းကဆိုလျှင် သူက ချက်ချင်း အမိန့်ပေးမိမည် ဖြစ်၏။ သို့သော် ယခု သူက တုံ့ဆိုင်းနေမိသည်။ “နေဦး ”

“ ဂိုဏ်းချုပ် အမိန့်ပေးပါ ”

“အခုတလော ကောင်းကင်ဓားဂိုဏ်းက လှုပ်ရှားလာလား” စီးဝူယာ့က မေးလိုက်သည်။

“ကောင်းကင်ဓားဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို ချေမှုန်းဖို့ တခြားဂိုဏ်းတွေကို ဆင့်ခေါ်စာ ပို့ခဲ့တယ်။ လော့ရှင်းခုံက လှုပ်ရှားဖို့ တက်ကြွနေတာ .. ဒါပေမဲ့ ဘယ်သူကမှ သူနဲ့ မပူးပေါင်းချင်ကြဘူး။ ကောင်းကင်ဓားဂိုဏ်းရဲ့ လက်ရှိအခြေအနေအရ ပြောဖို့ အရေးမပါဘူး ”

စီးဝူယာ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ လောင်ပါ့ကရော အကြောင်းပြန်ပြီလား ”

“ အဋ္ဌမသခင်လေးဆီက သတင်းမရတာ ဆယ်ရက်လောက် ရှိပါပြီ ”

“ ဒါက ထင်ထားသလို မဟုတ်ဘူးပဲ။ သူ့ကို ပြန်လည်သုံးသပ်ရေးဂူဆီ ပို့လိုက်တာ နေမယ်။ အစကတည်းက သူ့ဆီကနေ သတင်းရဖို့ သိပ်မျှော်လင့်ထားတာမျိုးတော့ မဟုတ်ပါဘူး။ ပြီးတော့ သူ့အတွက် ပြန်လည်သုံးသပ်ရေးဂူထဲ နေတာ ပိုလုံခြုံလိမ့်မယ် ” စီးဝူယာ့က ပြောလိုက်သည်။

“ ပြီးတော့ ငါတို့ကြားမှာ သူလျှိုတစ်ယောက် ရှိနေတယ်လို့ သံသယ ဖြစ်မိတယ်။ အခုကစပြီး မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ပတ်သက်သမျှ ဘယ်လိုအသေးအဖွဲ့ဖြစ်ဖြစ် ငါ့ဆီ တိုက်ရိုက် တင်ပြ … ”

“နားလည်ပါပြီ ”

“ နောက်တစ်ခုက .. ဝူရှုကို လောင်ပါ့ဆီ သွားပြီး မကယ်ခိုင်းနဲ့ဦး။ သူ့လက်ရှိ တာဝန်က ဒေါင်းမြီးယပ်တောင်ကို ခိုးဖို့ပဲ ”

“ ဟုတ် ဂိုဏ်းချုပ်” မီးခိုးရောင်ဝတ် လက်အောက်ငယ်သားက ပြန်ဖြေပြီးနောက် ထွက်သွားလေသည်။

…

အခန်း (၂၄၃) ဆယ့်သုံးစောင်မြောက် စိန်ခေါ်စာ

ချောင်ကျသည့်တဲအိမ်လေးနား၌ မြင့်မားသည့် သစ်ပင်တစ်ပင်ရှိသည်။

ယွီရှန်းရုန်က သစ်ကိုင်းပေါ်တွင်ထိုင်နေလျက် ပင်စည်ကို မှီထား၏။ သူက မျက်လုံးမှိတ်ထားကာ မျက်နှာထက်တွင် အပြုံးရေးရေးကို မြင်နိုင်၏။ သူက မသိလိုက်မသိဖာသာပြောလိုက်သည်။

"ချိရှစ်တိ ဒါကို မင်းလုပ်ခဲ့တာဆိုရင် မင်းအရင်တုန်းက အားစိုက်ထုတ်မှုတွေအားလုံးကို အချည်းနှီး ဖြစ်သွားစေတာပဲ”

စီးဝူယာ့က သစ်ကိုင်းပေါ်တွင် ရှိသည့် ယွီရှန်းရုန်ကို ကြည့်ပြီးပြောလိုက်သည်။ “ရှစ်စွင်းရဲ့စွမ်းရည်ကို ကျွန်တော် လျှော့တွက်ခဲ့မိတယ်”

“ဘယ်လိုလဲ” စီးဝူယာ့က ယုံကြည်ချက်ချက်ရှိရှိပြောလိုက်၏။

"ကျွန်တော်က လောင်ပါ့ကို မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်ခွင့်ပြုခဲ့တယ်။ ဒါမှ သူ့ဘေးကင်းမှုကို အာမခံနိုင်မှာ။ ဒါ့အပြင် အတွင်းထဲကနေ သတင်းအချက်အလက်တွေကို သူထောက်ပံ့ပေးဖို့ လိုအပ်တယ်လေ။ လောင်ပါ့က တုံးအပြီး အသတ်ခံရမှာမဟုတ်ဘူး။ လိုအပ်လာရင်သူ့ကို ကယ်ဖို့ ဝူရှုကို လွှတ်လိုက်နိုင်တယ်”

ယွီရှန်းရုန်က ခေါင်းခါလိုက်၏။ သူက လက်မခံသည့်ပုံဖြင့်ပြုံးကာပြောလိုက်တော့၏။

“ဝူရှုက တခြားသူတွေရဲ့ပစ်မှတ်ဖြစ်လာမှာကို ငါစိုးရိမ်မိရုံပဲ”

“ပြီးတော့ စစ်ရှစ်ရှိုးဆီ ဒေါင်းမြီးယပ်တောင်ကို ပေးလိုက်တယ်ဆိုတာ ရှစ်စွင်းရဲ့ခွန်အားကို စမ်းသပ်ဖို့ပဲ။ ဒါပေမဲ့...” စီးဝူယာ့က ခဏတာရပ်တန့်ပြီးနောက်ပြောလိုက်သည်။

"ဒေါင်းမြီးယပ်တောင်ကလည်း အန္တရာယ်များနေတဲ့ပုံပဲ”

“ကောင်းကင်အဆင့်လက်နက်ကို သန့်စင်ဖို့အတွက်လိုအပ်ချက်က တင်းကျပ်တယ်။ ငါမင်းကို ကူညီပြီဆိုမှတော့ မင်းနောင်တမရသင့်တော့ဘူး” ယွီရှန်းရုန်က ပြောလိုက်၏။

“အာ့ရှစ်ရှိုးပြောတာမှန်ပါတယ်"

“အခု မင်းကူညီရမဲ့အလှည့်ရောက်ပြီ” ယွီရှန်းရုန်က မျက်လုံးဖွင့်လိုက်သည်။ သူ၏မျက်နှာ ချွန်ချွန်ပေါ် နေရောင်ခြည်က သစ်ရွက်များကို ဖြတ်လျက် ဖြာကျလာ၏။ သစ်ကိုင်းပေါ်ကနေ ပေါ့ပါးစွာခုန်ဆင်းလျက် စီးဝူယာ့ဘေးသို့ ကျနေသောမိုးမခပမာ ဆင်းသက်လာလေ၏။

စီးဝူယာ့က နှလုံးခုန်မြန်လာသည်။ သူက မဟူရာကွန်ယက်ကိုရှာတွေ့ချိန်မှစပြီး သူသည် လူအများ ရှင်သန်သေဆုံးသည့်သတင်းများမရေမတွက်နိုင်အောင်ကြားခဲ့ဖူး၏။ တစ်ရက်အတွင်းကိစ္စများစွာ ဖြစ်ပွားနိုင်သည်။ မိုးပြိုသကဲ့သို့ပြင်းထန်သည့်ကိစ္စရပ်များရှိပြီး မုန်ညင်းစေ့ပမာအသေးအမွှား ဒုက္ခများလည်းရှိသည်။ သို့သော် တုန်လှုပ်မှုကို တစ်ခါမှမခံစားရဖူးပေ။ ထိုသို့တိုင် ယွီရှန်းရုန်၏ စကားများက သူ့ကို ကျောစိမ့်သွားစေ၏။

စီးဝူယာ့က သူ၏တရှစ်ရှိုးနှင့် အာ့ရှစ်ရှိုးတို့က တစ်ဖက်နှင့်တစ်ဖက်မတည့်ကြပေ။ သူတို့နောင်ကျ တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်လျှင် သူ အံ့ဩမိမှာမဟုတ်ပေ။ သို့သော် ထိုနေ့မြန်မြန် ဆန်ဆန်ရောက်လာလိမ့်မည်ဟု သူမထင်ထားပေ။ သူက အနည်းငယ်အငိုက်မိသွား၏။

“အာ့ရှစ်ရှိုး ကျွန်တော်တို့” စီးဝူယာ့က သူပြောတာမပြီးသေးခင် ယွီရှန်းရုန်က လက်တစ်ဖက်မြှောက်ပြီး ပြောလိုက်၏။

“ငါ ဆုံးဖြတ်ပြီးပြီ။ ဒီခြောက်လအတွင်းမှာ သူဒဏ်ရာ မရဖို့မျှော်လင့်မိတာပဲ”

လက်ရွေးစင်များ၏လောကကြီးကအထီးကျန်တစ်ကိုယ်တည်းသာဖြစ်သည်။ သူတို့အတွက် ခွန်အားအပြည့်ဖြင့် သူတို့ကိုတိုက်ခိုက်ရန် ရန်သူရှိဖို့ဆုတောင်းနေတာက သဘာဝကျသည်။ အားနည်းသူကို ရင်ဆိုင်တိုက်ခိုက်ခြင်းက ပျင်းရိစရာကောင်းလွန်း၏။

“တရှစ်ရှိုးရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် ရှစ်စွင်းပဲ သူ့ကို ဒဏ်ရာရအောင်လုပ်နိုင်မှာစိုးရိမ်မိတယ်”

“ဒါကြောင့် မင်း ရှစ်စွင်းကို ရန်မစသင့်တာပဲ” ယွီရှန်းရုန်ကပြောပြီးသောအခါ သူကသစ်ကိုင်းပေါ် ခြေဖျားထောက်လျက် လေထဲခုန်တက်ကာ ငှက်မွေးပမာပေါ့ပါးလွန်းနေ၏။ သူက လေထဲ ဆယ့်နှစ်မီတာခန့် ရောက်သည့်အချိန်တွင် လှည့်ကြည့်ပြီးပြောလိုက်တော့သည်။

“မင်းကိုယ်မင်း ဂရုစိုက်”

“စိတ်မပူပါနဲ့။ အာ့ရှစ်ရှိုး ကျွန်တော် ဘေးကင်းအောင်နေမှာပါ”

“ငါတို့ ထပ်တွေ့ကြမယ်”

“ကျွန်တော်တို့တွေ့မှာ သေချာတယ်”

နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် လက်သီးဆုပ်မိုးလျက် နှုတ်ဆက်လိုက်သည်။

ယွီရှန်းရုန်က အချိန်ဖြုန်းမနေတော့ပေ။ လက်နောက်ပစ်ထားလျက် သူက လေထဲပျံသန်းကာ မိုးကုပ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားလေ၏။

စီးဝူယာ့က သက်ပြင်းချလိုက်၏။ သူက ချောင်ကျသောတဲအိမ်လေးဆီသို့ ပြန်လာတော့သည်။ ကြမ်းပြင်ပေါ်ဖြတ်လျက် ရောက်လာသည့် ပြန့်ကြဲနေသောသတင်းအချက်အလက်များကို ကြည့်ပြီး သူ အရေးတကြီးလုပ်ရမည့် ကိစ္စရပ်စာရင်းကို တွေးလိုက်၏။

ရုတ်တရက် အမြဲတမ်းစိတ်အေးတည်ငြိမ်နေကျ စီးဝူယာ့က ဒေါသတကြီးလက်ကိုလွှဲယမ်းလိုက်၏။

ဝှစ်

စာရွက်များ နေရာအနှံ့တစစီ ဖြစ်သွားသည်။

“ဒါအတွက် ငါ ဘာလုပ်နေတာလဲ” ထိုစဉ် စီးဝူယာ့က ရုတ်တရက် သူ၏နှုတ်ခမ်းထောင့်ကနေ သွေးစီးကျလာ၏။ သူက စိတ်ထဲမထားဘဲ အင်္ကျီလက်ဖြင့် တည်ငြိမ်စွာသုတ်လိုက်တော့သည်။

နောက်ထပ်မီးခိုရောင်ဝတ်ဖြင့် လက်အောက်ငယ်သားက မြေပြင်ပေါ်ဒူးတစ်ဖက်ထောက်လျက် ပြောလိုက်သည်။ "ဂိုဏ်းချုပ်အဆင်ပြေပါရဲ့လား"

“အဆင်ပြေတယ်။ ချုပ်နှောင်ခြင်းကျမ်းကနေလွတ်မြောက်အောင်လို့ ကြိုးစားလိုက်တာကြောင့် တန်ပြန်ခံရရုံပဲ” စီးဝူယာ့က မျက်မှောင်ကျုံ့လိုက်တော့၏။

“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ ဂိုဏ်းချုပ်”

ထိုစဉ်

“တင်း စီးဝူယာ့ကို အပြစ်ပေးပြီးပါပြီ။ ကုသိုလ်မှတ်နှစ်ရာရရှိပါတယ်”

လုကျိုးသည် ယခုအချိန်တွင် စီးဝူယာ့ဘာလုပ်နေမှန်းမသေချာသော်ငြား ကုသိုလ်မှတ်နှစ်ရာ ဟူသည်က တန်ပြန်ခံရမှုကြောင့် ဝေဒနာခံရသည်မှန်း သူသိသည်။

လုကျိုးက ခေါင်းခါလိုက်တော့သည်။ သူက ဒေါင်းမြီးယပ်တောင်ကိုကြည့်ပြီးပြောလိုက်၏။ ချုပ်နှောင်ခြင်းမန္တန်ကို ဖြိုခွဲဖို့ကမလွယ်ဘူး။

ထိုချုပ်နှောင်ခြင်းမန္တန်သည် စနစ်မှထောက်ပံ့ပေးထားတာပဲဖြစ်သည်။ ပွင့်ချပ်ခြောက်လွှာ၊ ခုနစ်လွှာလက်ရွေးစင်တစ်ဦးက ၎င်းကို ဖြိုခွဲဖို့ကြိုးစားလျှင်တောင် လွယ်ကူမှာမဟုတ်ပေ။

လက်တလောတွင် စီးဝူယာ့လုပ်ခဲ့သည့်အရာအားလုံးအကြောင်း လုကျိုးတွေးခဲ့၏။ သူက ခေါင်းခါကာပြောလိုက်တော့သည်။ “လူလိမ်လူကောက် အခုကစပြီး မင်းရဲ့လက်နက်ကို ငါ သိမ်းထားတော့မယ်” လက်တစ်ချက်အဝှေ့ဖြင့် သန့်စင်ခြင်းအဆောင်က ပျောက်ကွယ် သွားတော့သည်။

ယင်းက ခပ်ဝေးဝေးကနေ ဆရာတပည့်နှစ်ယောက်တိုက်ခိုက်ကြတာဖြစ်ပြီး စီးဝူယာ့ကမူ ရှုံးနိမ့်သွားသည်။

လုကျိုးက ဒေါင်းမြီးယပ်တောင်ကို ဘေးဖယ်ထားလိုက်၏။ ထိုစဉ်ကျောင်းယွဲ့၏အသံက အပြင်ဖက်ကနေ ပေါ်ထွက်လာ၏။

“ရှစ်စွင်း စာနှစ်စောင် ရောက်နေပါတယ်”

“စာနှစ်စောင်လား”

“တစ်စောင်က ကျန်းအိုက်ကျန့်ဆီကပါ။ နောက်တစ်စောင်က တောင်ခြေကပါ”

“ဖတ်လိုက်”

ကျောင်းယွဲ့က ကျန်းအိုက်ကျန့်၏စာကို ဦးစွာဖွင့်ပြီးကျယ်လောင်စွာဖတ်လိုက်တော့၏။

“လောင်ချန်းပေ့ ဒီတတိယမြောက်သတင်းအချက်အလက်က အရေးကြီး တော်ဝင်ရေးရာကိစ္စနဲ့ သက်ဆိုင်နေပါတယ်။ အစကတော့ ဒီကိစ္စကိုမပြောချင်ဘူး။ ဒါပေမဲ့ စဉ်းစားပြီးတဲ့နောက် ကျွန်တော်ဆရာကြီးကို ပြောပြဖို့ဆုံးဖြတ်လိုက်တာပဲ။ ဝေ့ကျိုးယန်ရဲ့ လက်ထောက်လေးယောက်က လူငါးသောင်းကို ဦးဆောင်ပြီး ပုန်ကန်မှုကို နှိမ်နှင်းဖို့ လျန်စီရင်စုဆီကိုသွားနေတာ။ စတုတ္ထမင်းသားလျိုပင်းက သူ့ရဲ့တပ်တွေနဲ့ နန်းတော်ဆီ ပျော်ပျော်ရွှင်ရွှင် ချီတက်သွားပြီ။ ပုန်ကန်မှုအကြောင်း ဆရာကြီးဂရုမစိုက်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ နန်းတော်ထဲမှာ ဒီလိုအဟန့်အတားကြီး ဖြစ်နေတာ တစ်ခုခုတော့မှားနေတယ်ဆိုတာ ကျွန်တော်သေချာတယ်။ မော့လီကို ဂရုစိုက်ပါ”

လုကျိုး၏အမူအရာက တည်ငြိမ်နေ၏။

အဆုံးတွင်မူ စာက ရုပ်သေးသခင် မော့လီနှင့်သက်ဆိုင်နေ၏။ လုကျိုးက နန်းတော်၏ အင်အားစုများထဲ ဝင်ရန်သူစိတ်မဝင်စားပေ။ သူက ဝေ့ကျိုးယန်၏စွမ်းအားဆီသာ အပ်ထားလိုက်၏။ သူကအမိန့်ပေးလိုက်သည်။ “ဆက်ဖတ်”

“နားလည်ပါပြီ” ကျောင်းယွဲ့က ဒုတိယမြောက်စာကို ဖွင့်ဖတ်လိုက်၏။ သူမက ဖတ်ကြည့်ပြီးနောက်ပြောလိုက်သည်။ "ကောင်းကင်ဓားဂိုဏ်းကစိန်ခေါ်စာပါ။"

ထိုစကားကို လုကျိုးကြားသောအခါ အမူအရာက တည်ငြိမ်နေမြဲဖြစ်သည်။ ဆိုရိုးစကားရှိသည့်အတိုင်း မိုးရွာလျှင်ပြည့်လျှံလာမည်။ အသေးအမွှားများစုစည်းလာပြီး နောက်တစ်ခုဖြစ်လာ၏။

“ရှစ်စွင်း လော့ရှင်းခုံးက တိုက်ပွဲနေရာစီစဉ်ထားပြီး ရှစ်စွင်းနဲ့တစ်ယောက်ချင်းတိုက်ခိုက်ဖို့ စိန်ခေါ်ချင်နေပါတယ်” ကျောင်းယွဲ့က တည်ငြိမ်စွာပြောလိုက်သည်။

“သူ့ကို လျစ်လျူရှုထားလိုက်” လုကျိုးက ကောင်းကင်ဓားဂိုဏ်းအကြောင်း မစဉ်းစားပေ။ ထို့အပြင် သူ၏စိတ်က သေတ္တာသော့နှင့် ကောင်းကင်ကျမ်းစာကိုဆင်ခြင်ခြင်းဆီရောက်သွားပြီဖြစ်သည်။ တစ်ချိန်တည်းတွင် သူက စီးဝူယာ့၊ ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့ကို ဖြေရှင်းရန်နည်းလမ်းကို စဉ်းစားရမည်။ ကျန်သည့်အရေးကိစ္စများအတွက် အချိန်မရှိပေ။

“နားလည်ပါပြီ။ ဒါဆိုထွက်သွားပါတော့မယ်” ကျောင်းယွဲ့ကလှည့်ထွက်သွား၏။

နောက်နေ့၌ ကျောင်းယွဲ့က သူမလက်ထဲတွင်နောက်ထပ်စာတစ်စောင်ဖြင့် အရှေ့ဖက်မျှော်နန်းဆီ ရောက်လာသည်။

“ရှစ်စွင်း ဒီတစ်ခေါက်ကောင်းကင်ဓားဂိုဏ်းရဲ့ လော့ရှင်းခုံးက သတင်းပါးလိုက်ပါတယ်။ စိန်ခေါ်စာလည်း ဟုတ်တယ်။ လော့ရှင်းခုံးက ကျင့်ကြံဆင့်တိုးတက်သွားတာကြောင့် မျှမျှတတ တိုက်ခိုက်ချင်နေပါတယ်”

လုကျိုးက လက်မခံဘဲပြောလိုက်၏။

“သူက သတ္တိရှိနေတာပဲ”

ပုံမှန်ဆို ဂိုဏ်းကြီးဆယ်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို ကြောက်လန့်ပြီးလေးစားကြသည်။ သို့သော်ငြား ကောင်းကင်ဓားဂိုဏ်းက တပည့်တစ်ဦးမျှဖြင့် စိန်ခေါ်စာပို့ရန်ရဲတင်းလွန်းနေ၏။

သားတစ်ယောက်ကို ဆုံးရှုံးသွားရတာကြောင့် အမှန်တကယ်ကန်းသွားတာပဲ။

“အခုကစပြီး ကောင်းကင်ဓားဂိုဏ်းက စာတွေ ငါ့ဆီယူလာပေးဖို့မလိုတော့ဘူး”

နောက်ထပ်ဆယ်ရက်အတွင်း စိန်ခေါ်စာများက တစ်ရက်မှမပျက်ဘဲရောက်လာ၏။

အားလုံးကိုကျောင်းယွဲ့က ယူထားလိုက်သည်။

ဆယ့်သုံးစောင်မြောက်စာသည် တပည့်တစ်ဦးက ကျောင်းယွဲ့ဆီသို့လာပို့၏။

ကျောင်းယွဲ့က စဉ်းစားပြီးနောက် ယခင်အစောင်နှင့်တူသည်ဟု ထင်မိသည်။ သူမက စာကို ဖွင့်ဖတ်လိုက်၏။ ပြီးနောက် မျက်မှောင်ကျုံ့မိသွားတော့သည်။

“ပို့တဲ့သူက ဘယ်သူလဲ”

“သူ တောင်ခြေမှာပါ”

“သူ့ကို ဖမ်း။ ပြီးရင် အပိုင်းတစ်ထောင်ခုတ်သတ်ပစ်” ကျောင်းယွဲ့က မျက်နှာသေဖြင့် အမိန့်ပေးလိုက်သည်။

လရောင်ဆွတ်မျှော်နန်းမှ လူများသည် အမျိုးသမီးတပည့်များသာဖြစ်၏။ အမိန့်ကို ကြားသောအခါ သူတို့အနည်းငယ် ကြောက်လန့်သွား၏။

ကျောင်းယွဲ့က အသံတိုးကာဒေါသတကြီးပြောလိုက်သည်။

“သွား”

“နားလည်ပါပြီ” အမျိုးသမီးကျင့်ကြံသူနှစ်ဦးက တောင်ခြေသို့ အရှိန်ဖြင့်သွားလိုက်သည်။ လက်ထဲတွင် စာကိုကိုင်ထားလျက် ကျောင်းယွဲ့က မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ လျှောက်သွားလိုက်သည်။

…

All Chapters