အခန်း (၂၄၄-၂၄၆)
Vol. 17 Ch. 244-246
အခန်း (၂၄၄) သူ့သဘောပဲ
ကျောင်းယွဲ့က ဒေါသထွက်လာမိသည်။ သူမ မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ် ဒေါသထွက်ဖူးခြင်း ဖြစ်၏။ သူမ မျက်နှာထက် ခက်ထန်သည့် အမူအရာကို ဆင်မြန်းရင်း ခန်းမကျယ်ဘက် ဦးတည်လာသည်။
သူမက ခန်းမကျယ်ထဲ ဝင်တော့မည့်ဆဲဆဲတွင် မင်ရှစ်ရင်က ရုတ်ခြည်း ပေါ်လာကာ “ ဝူရှစ်မေ့ ဘာကိစ္စဖြစ်လို့လဲ ”
“ စစ်ရှစ်ရှိုး ဒီမှာကြည့်ပါဦး ” ကျောင်းယွဲ့က လက်ဝှေ့လိုက်သည့်အခါ ညင်သာသည့် စွမ်းအားလှိုင်းလေးက စာကို မင်ရှစ်ရင်ဆီ ယူဆောင်ပေးသွားသည်။
မင်ရှစ်ရင်က စာကို ဖွင့်ကာ ဖတ်လိုက်သည်။ စာကို ဖတ်ပြီးနောက် သူ့မျက်နှာအထက် အမူအရာအမျိုးမျိုး ဖြစ်ပေါ်လာသည်။ သူ စာကို ဖတ်ပြီးသည်နှင့် တန်းကျိန်ဆဲလိုက်သည်။
“ အဲဒီအဘိုးကြီး လော့ရှင်းခုံက ငါတို့ကိုများ ရွံ့စရာတွေလို့ ခေါ်ရဲတယ်ပေါ့လေ။ သူကများ ပဒုမ္မာစင်မြင့်မှာ အသေတိုက်ဖို့ မိစ္ဆာဝေဟင်မျှော်နန်းကို စိန်ခေါ်ရဲတယ်ပေါ့ ”
“ အာ .. ဒါက ဘာလဲ” မင်ရှစ်ရင်က စာအောက်ခြေမှ ဘဲဥပုံ သင်္ကေတကို သတိထားမိသွားသည်။ ဘဲဥပုံအတွင်း ပုံမှန်မဟုတ်သည့် မျဉ်းကြောင်းများအပြည့် ဖြစ်နေသည်။ သူက ထူးဆန်းသည်ဟု ထင်မိ၏။ အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် သူက သဲလွန်စ စိုးစဉ်းမျှ မတွေ့ခဲ့ပေ။
ကျောင်းယွဲ့က ပြောလိုက်သည်။
“ ရှစ်ရှိုး ဒီကိစ္စကို ရှစ်စွင်းဆီ အကြောင်းကြားမှ ဖြစ်မယ် ”
“ ဟုတ်တယ်”
နှစ်ယောက်သား ခန်းမကျယ်ထဲ ဝင်လာလိုက်ကြသည်။
တိုက်တိုက်ဆိုင်ဆိုင် ရှောင်ယွမ်အာလည်း ခန်းမကျယ်ထဲ ရှိနေလေသည်။ သူမက နိဗာနခါးစည်းနှင့် အကျွမ်းတဝင် ဖြစ်လာစေရန် လေ့ကျင့်နေသည်။
“ ရှစ်ရှိုး၊ ရှစ်ကျဲ ဒီမှာကြည့်ပါဦး … ညီမရဲ့ နိဗာနခါးစည်းက အရင်ထက် ပိုအားကောင်းလာပြီ ”
ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဟုတ်သားပဲ …ဟုတ်တယ် ” မင်ရှစ်ရင်က ရှောင်ရှစ်မေ့နှင့် စကားပြောနေဖို့ အချိန်မရှိချေ။
မင်ရှစ်ရင်နှင့် ကျောင်းယွဲ့တို့က လုကျိုး စုတ်တံတစ်ချောင်း ကိုင်ထားသည်ကို မြင်လိုက်ရသည်။ သူက တစ်ခုခု ရေးဆွဲနေပုံ ရ၏။
“ ရှစ်စွင်းကို ဂါရဝပြုပါတယ်”
“ ရှစ်စွင်းကို ဂါရဝပြုပါတယ်”
နှစ်ယောက်လုံး ဒူးထောက်ကာ လုကျိုးကို ဂါရဝပြုလိုက်ကြသည်။
မင်ရှစ်ရင်က စားပွဲပေါ်မှ စာရွက်လေးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက လျှို့ဝှက်ခန်းအတွင်းတွေ့ခဲ့သည့်သေတ္တာကို ပန်းချီအဖြစ် မြင်လိုက်ရသည်။ သင်္ကေတပုံစံများကို အောင်အောင်မြင်မြင် ပြန်လည်ဖန်တီးထားပြီးပြီ ဖြစ်၏။ ဤသည်မှာ ပြီးပြည့်စုံလှသည်။
“ ရှစ်စွင်းက ပန်းချီ ဆွဲတာ တော်လိုက်တာ။ ကျွန်တော့်ကို တကယ် အမြင်ကျယ်လာစေမိပါတယ်” သူက ပြောနေသော်လည်း အနည်းငယ် ထူးဆန်းနေသလို ခံစားမိလေသည်။ သူ့ရှစ်စွင်း၏ အရေးအသားက ဖတ်လို့ပင် မရလေရာ မည်သည့်အချိန်ကများ ပန်းချီဆွဲတာ သင်ယူလိုက်သနည်း။
စာရေးခြင်းနှင့် ပန်းချီရေးဆွဲခြင်းက တစ်ညတည်းနှင့် တတ်မြောက်လာသည့်အရာ မဟုတ်ပေ။ သေချာလေးနက်သည့် လေ့ကျင့်မှုနှင့် ပါရမီမရှိဘဲ ကျင့်ကြံဆင့် မည်မျှမြင့်မားနေစေကာမူ ကောင်းကောင်းဆွဲဖို့ မဖြစ်နိုင်ပေ။
လုကျိုးက စုတ်တံကို စားပွဲပေါ် တင်လိုက်သည်။ သူက မင်ရှစ်ရင်နှင့် ကျောင်းယွဲ့အား ကြည့်ကာ မေးလိုက်သည်။
“ဘာကိစ်စလဲ ”
“ ရှစ်စွင်း ဒါကို ကြည့်ပါဦး” မင်ရှစ်ရင်က ကောင်းကင်ဓားဂိုဏ်းမှ ၁၃ စောင်မြောက် စိန်ခေါ်စာကို ပြလိုက်သည်။
လုကျိုးက ဖတ်ကြည့်လိုက်၏။ ပါဝင်အကြောင်းအရာက ဆိုးရွားနေသော်လည်း သူက ဘာအမူအရာမှ မပြသပေ။
မင်ရှစ်ရင်က ပြောလိုက်သည်။
“ ရှစ်စွင်း … ကောင်းကင်ဓားဂိုဏ်းက နေရာတိုင်းမှာ အလိမ်အညာတွေ လိုက်ဖြန့်နေတယ်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းကို လူရှေ့သူရှေ့အထိ စော်ကားရဲနေကြတာ။ ကျွန်တော့်ကို တောင်အောက်ဆင်းပြီး သူတို့ဂိုဏ်းက ဂိုဏ်းသားတွေကို သွားသတ်ဖို့ အမိန့်ပေးလိုက်ပါ”
ကျောင်းယွဲ့လည်း ဝင်ပြောလိုက်သည်။ “ ကျွန်မလည်း သဘောတူတယ်”
ကံကောင်းစွာဖြင့် တွမ့်မူရှန်းက သည်နေရာမှာ ရှိမနေပေ။ အကယ်၍ သူသာ စိန်ခေါ်စာ မြင်ပါက ဘယ်သူ့ကိုမှ သတိမပေးဘဲ တောင်အောက်ဆင်းသွားလောက်လေပြီ။
“ ငါက ကောင်းကင်ဓားဂိုဏ်းချုပ် လော့ချန်းဖုန်းကို သတ်ခဲ့တယ်။ ဒါပေမဲ့ လော့ရှင်းခုံက ဒီလို သတ္တိလာကောင်းပြနေတယ်ဆိုတော့ သူတို့လက်ထဲ လှည့်ကွက်နည်းနည်းတော့ ရှိလိမ့်မယ်။ သူတို့က ကြိုတင်ပြင်ဆင်ပြီးမှ ရောက်လာတာပဲ ဖြစ်ရမယ်” လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ရှစ်စွင်း … သူတို့ ကြိုတင်ပြင်ဆင်ထားထား မထားထား ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ သူတို့ရန်စမှုကို ခွင့်မလွှတ်နိုင်ဘူး ” မင်ရှစ်ရင်က မခံမရပ်နိုင်စွာ ပြောလိုက်သည်။
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ ကျန်းအိုက်ကျန့်ဆီ စာပို့ပြီး လော့ရှင်းခုံအကြောင်း စုံစမ်းခိုင်းလိုက်။ ပြီးတော့ သူ့ကို ဒီပန်းချီ ပို့ပြီးတော့ ကောင်းကောင်းစုံစမ်းခိုင်းလိုက် ” သူက သေတ္တာပုံ ဆွဲထားသည့် ပန်းချီကို ညွှန်ပြလိုက်သည်။
“ ကျွန်မ အခုချက်ချင်း သွားလိုက်ပါ့မယ်” ကျောင်းယွဲ့က ပန်းချီကို သိမ်းကာ လှည့်ထွက်သွားသည်။
မင်ရှစ်ရင်က စာပေါ်မှ ဘဲဥပုံံကို ကြည့်ကာ မေးလိုက်သည်။
“ရှစ်စွင်းက ဗဟုသတုကြွယ်ဝတယ်ဆိုတော့ ဒီဟာလေးကို သိလား”
သူက အလွန်သိနေမိသည်။
လုကျိုးက စာကို ဖွင့်ကြည့်လိုက်သည့်အခါ အောက်ခြေတွင် ဘဲဥပုံလေး ရှိနေသည်ကို မြင်လိုက်ရသည်။
မင်ရှစ်ရင်က ထပ်ခါထပ်ခါ ကြည့်ပြီးနောက် မျက်လုံးအပြူးသားဖြင့် “ ဒါက လိပ်ခွံထဲ ပုန်းနေတဲ့ လိပ်လား ”
မင်ရှစ်ရင် ပြောသည်က မှန်ပေသည်။ ဤသည်က အခွံထဲ ပုန်းနေသည့် လိပ်တစ်ကောင် ဖြစ်၏။
မိစ္ဆာဝေဟင်မျှော်နန်းက ဒီလိုစော်ကားမှုမျိုးကို ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ …
“ ရှစ်စွင်း … ဒါ … ဒါကို ဘယ်လိုလွှတ်ပေးနိုင်တာလဲ ” မင်ရှစ်ရင်က စကားထစ်လောက်အောင်အထိ ဒေါသထွက်လာမိသည်။ အတိတ်တုန်းက သူ့ရှစ်စွင်း၏ ဒေါသအရ သူတို့အားလုံးကို ဦးဆောင်ကာ ထိုလူများအား ချက်ချင်း တန်းသတ်ပစ်လိမ့်မည်။
“ ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ” လုကျိုးက မေးလိုက်သည်။
မင်ရှစ်ရင်က ထိုမေးခွန်းကြောင့် ကြောင်သွားလေသည်။
ရှစ်စွင်းက ဘာလုပ်ချင်နေတာလဲ …
သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ သူက ကျွန်တော်တို့ကို စော်ကားမှတော့ လော့ရှင်းခုံ သေသင့်တယ် ”
“ အဲလိုဖြစ်ရမှာပေါ့ ” လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
မင်ရှစ်ရင်က အံ့ဩသွားသည်။ သူ့စိတ်ထဲ စိတ်လှုပ်ရှားမှုထွက်ပေါ်လာသည်။ သူ့သွေးများ ဆူပွက်လာကာ စိတ်အားထက်သန်မှု အပြည့် ဖြစ်လာသည်။ သူက တောင်အောက်ဆင်းကာ သည်စော်ကားမှုကို ဆေးကြောရန် မစောင့်နိုင်တော့ပေ။ ထို့အပြင် သူက လတ်တလော အားယားနေသလို ခံစားနေရ၏။
ခဏအကြာတွင် ကျောင်းယွဲ့က ပြန်ရောက်လာသည်။ သူမက လက်ထဲတွင် စာတစ်စောင် ကိုင်ကာ “ကျွန်မ ကျန်းအိုက်ကျန့်ကို စာပို့လိုက်ပါပြီ။ ဒါပေမဲ့ ချီရှစ်တိကလည်း စာပို့လာတယ် …”
စီးဝူယာ့က လတ်တလော သူတို့ရှစ်စွင်းကို ဒေါသထွက်အောင် လုပ်ထားသူ ဖြစ်လေရာ ရှစ်စွင်း စိတ်မကျေမနပ် ဖြစ်သွားမည်ကို စိုးမိသည်။
“ဖတ်လိုက် ” လုကျိုးက ပြောလိုက်သည်။
ကျောင်းယွဲ့က စာဖွင့်ဖတ်လိုက်သည်။
“ ချစ်ရပါသော ရှစ်စွင်း … ကျွန်တော် တောင်းဆိုစရာ တစ်ခုရှိတယ် … ”
ကျောင်းယွဲ့ စဖတ်လိုက်သည်နှင့် မင်ရှစ်ရင်က ပျစ်ပျစ်နှစ်နှစ် ဆဲတော့သည်။
“အဲဒီခွေးကောင်က ရှစ်စွင်းဆီကနေ တောင်းဆိုချင်နေသေးတယ်ပေါ့။ ကျွန်တော် သူ့ကို အဆုံးမသတ်ခဲ့မိတာ နောင်တရတယ် ”
ကျောင်းယွဲ့က မင်ရှစ်ရင်အား ကြည့်လိုက်ပြီးနောက် ဆက်ဖတ်လိုက်သည်။
“ကျေးဇူးပြုပြီး ဒေါင်းမြီးယပ်တောင်ကို ပြန်မသန့်စင်လိုက်ပါနဲ့။ ကျွန်တော်နဲ့ ဒေါင်းမြီးယပ်တောင်နဲ့ ဆက်သွယ်မှုက အမြင့်ဆုံးအနေအထားကို ရောက်နေပြီ။ ဟိုးလွန်ခဲ့တဲ့ နှစ်များစွာတုန်းက ကျွန်တော်ဆီ ပေးခဲ့တုန်းကရော အခုရော အဖိုးတန်ရတနာအဖြစ် သဘောထားပါတယ်။ ပိုသင့်တော်တဲ့ ဒုတိယပိုင်ရှင်ကို ရှာတွေ့ဖို့ မဖြစ်နိုင်လောက်ဘူး။ ရှစ်စွင်းလည်း ဒေါင်းမြီးယပ်တောင် ဂုဏ်သိက္ခာကို တခြားတစ်ယောက်ယောက်က စွန်းထင်းသွားစေတာမျိုး မြင်ချင်မှာ မဟုတ်လောက်ပါဘူး … ”
မင်ရှစ်ရင်က ထပ်ကျိန်ဆဲလိုက်သည်။
“ အဲဒီမျှော်လင့်ချက် မရှိတဲ့ ဘဝင်မြင့်ကောင်စုတ် ”
“ ကောင်းကင်ဓားဂိုဏ်းက ဆင့်ခေါ်စာတွေ ပို့ပြီး မိစ္ဆာဝေဟင်မျှော်နန်းကို မခံချိမခံသာ စကားတွေ ဖြန့်နေတဲ့အကြောင်း ကြားလိုက်ရပါတယ်။ ကျွန်တော်လည်း ဒီကိစ္စကို သေချာစုံစမ်းထားတယ်။ လော့ရှင်းခုံက သူ့သားအတွက် အသက်နဲ့ရင်းပြီး လက်စားချေဖို့ ခဲထားတာ။ ဖြောင့်မတ်ခြင်းလမ်းစဉ်က တခြားလူတွေက ဒီအခွင့်ကောင်းမှာ အမြတ်ထုတ်ဖို့ စောင့်နေကြတယ်။
ကျွန်တော့်ကို တစ်လပဲ အချိန်ပေးပါ … ရှစ်စွင်း အသားထဲ စိုက်ဝင်နေတဲ့ အဲဒီဆူးကို ဖယ်ဖို့ ကောင်းကင်ဓားဂိုဏ်းကို အပြတ်ရှင်းထုတ်လိုက်ပါ့မယ်” ကျောင်းယွဲ့က ဖတ်ပြီးသည်နှင့် မင်ရှစ်ရင်အား ပေးလိုက်သည်။
မင်ရှစ်ရင်က ခေါင်းညိတ်ကာ “ ကြည့်ရတာ လောင်ချီက ဒေါင်းမြီးယပ်တောင်အတွက် ဒီလောက်အထိ လုပ်ပေးချင်နေတာပဲ ”
လုကျိုးက စိတ်ထဲမှ တွေးတောလိုက်သည်။
စီးဝူယာ့က ငါ ဒေါင်းမြီးယပ်တောင် ပြန်သန့်စင်ချင်နေတာ ဘယ်လိုသိသွားတာလဲ … စီးဝူယာ့နဲ့ ဒေါင်းမြီးယပ်တောင် ဆက်နွယ်မှုက အမြင့်ဆုံးအနေအထား ရောက်နေတာ တကယ်ထင်တယ် …
အဲဒါကြောင့် စီးဝူယာ့က အာရုံခံမိတာ ဖြစ်မယ်။
“ ရှစ်စွင်း .. ကျွန်မ မေးချင်တာလေး ရှိလို့ပါ။ စီးဝူယာ့ရဲ့ မဟူရာကွန်ယက်က နေရာအနှံ့မှာ ရှိနေတာ။ ဒါပေမဲ့ တော်တော်များများက ကြက်တစ်ကောင်တောင် မသတ်နိုင်တဲ့ သေမျိုးတွေချည်းပဲ။ ကောင်းကင်ဓားဂိုဏ်းကို ဘယ်လိုများ ရှင်းထုတ်ဖို့ ကြံနေတာလဲ” ကျောင်းယွဲ့က မေးလိုက်သည်။
လုကျိုးက ခေါင်းခါကာ “ ငရဲဂိုဏ်း ”
သူက ချုပ်နှောင်ရေး မန္တန် ချလိုက်စဉ်က ကွေ့နျူ ပေါ်လာခဲ့သော်လည်း စီးဝူယာ့ ဖြစ်နေခဲ့သည်။ ဆိုလိုသည်မှာ စီးဝူယာ့နှင့် ယွီကျန့်ဟိုင်တို့က ရင်းနှီးကြ၏။ ကျင့်မင်တာအိုဂိုဏ်း ဖျက်ဆီးခံရသည့် ကိစ္စမှာလည်း စီးဝူယာ့နှင့် တစ်ခုခု ပတ်သက်နေလိမ့်မည်။
မင်ရှစ်ရင်က ခေါင်းကုတ်လိုက်သည်။ သူက လက်ခံလိုက်ဖို့ ဝန်လေးနေသော်လည်း “ငရဲဂိုဏ်းသာ ဝင်ပါရင် ကျွန်တော်တို့ အေးဆေးထိုင်နေရုံပဲ ”
“ မဟုတ်ဘူး ” လုကျိုးက လက်မြောက်ကာ ပြောလိုက်သည်။
“တစ်လက ကြာလွန်းတယ် … လော့ရှင်းခုံက တိုက်ပွဲကို တောင်းဆိုနေမှတော့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတာပေါ့ ”
တာဝန်စာရင်းတွင် တာဝန်အသစ်တစ်ခု ပေါ်လာခဲ့သည်။
မိစ္ဆာဝေဟင်မျှော်နန်းရဲ့ နာမည်ကို ရှင်းလင်းပါ၊ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ မှတ် ရရှိပါမယ်
“ ဟုတ် ရှစ်စွင်း”
“ ဟုတ် ရှစ်စွင်း ”
မင်ရှစ်ရင်နှင့် ကျောင်းယွဲ့က တစ်ပြိုင်နက် ပြောလိုက်သည်။ သူတို့က ရှစ်စွင်း စကားများ ကြားလိုက်ရသည့်အခါ စိတ်လှုပ်ရှားလာကြသည်။
မိစ္ဆာဝေဟင်မျှော်နန်းက လော့ရှင်းခုံ၏ မောက်မောက်မာမာ အပြုအမူများကို ငြိမ်ခံနေစရာအကြောင်း မရှိပေ။
…
အခန်း (၂၄၅) သေသည်အထိတိုက်ခိုက်
နောက်နေ့နံနက်စောစော ခန်းမကျယ်ထဲတွင် ဖြစ်သည်။
လုကျိုးက ဤနေရာ၌ စုဝေးနေသည့်လူအားလုံးကို ကြည့်လိုက်၏။
ဖန်ကျုံးက ဒဏ်ရာကြောင့် ဤနေရာတွင် မရှိပေ။ ဖန်လီထန်းကမူ လွန်ခဲ့သည့်ရက်အနည်းငယ်က ဟေးမုလျန်ကို သုံးစွဲပြီးနောက် ပြန်လည် ကုစားနေ၏။ လန်လော့က အစွမ်းထက်သော်ငြား သူ၏စွမ်းအင်က ရှိချန်းသဲ့ရှီးရေအိုင်ဆီသို့ ခရီးတစ်ခေါက်ထွက်ပြီးနောက် မရှိသလောက် ဖြစ်သွားသည်။
လုကျိုးသည် သူ့ရှေ့ရှိသုံးယောက်ထံမှ ဘာကိုမှ မမျှော်လင့်ထားပေ။
“ရှစ်စွင်း ကျန်းအိုက်ကျန့်ရဲ့စာက ဒီမနက်ပဲရောက်လာပါတယ်။ သူ့ရဲ့စကားတွေက ချိရှစ်တိပြောတဲ့ အတိုင်းတူတူပါပဲ။ ဒါပေမဲ့ ခြွင်းချက်တချို့တော့ရှိတယ်” ကျောင်းယွဲ့က စာကိုပေးလိုက်ပြီး ပြောလိုက်သည်။
“ကောင်းကင်ဓားဂိုဏ်းက အကူအညီ မရှိတာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီကူညီပေးမဲ့ သူက ထိပ်သီးဂိုဏ်းဆယ်ဂိုဏ်းထဲက မဟုတ်ဘူး။ သူ့ရဲ့လှုပ်ရှားမှုတွေက ဆန်းကြယ်လွန်းပြီး စစ်ဆေးဖို့ မဖြစ်နိုင်သလောက်ပဲ”
လုကျိုးက ခေါင်းညိတ်လိုက်၏။ ထိုအချက်ကို အခြေခံကြည့်လျှင် ကျန်းအိုက်ကျန့်၏ အချက်က ပိုပြီး စီးဝူယာ့ထက် တိကျသည်ဟု ဆိုနိုင်ပေ၏။ သူက ဆိတ်ဆိတ်သာနေလျက် လက်နောက်ပစ်ထားကာ ခန်းမကျယ်ထဲမှ လျှောက်ထွက်သွားတော့သည်။
ဟွားဝူတောက်၊ တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ကျောင်းယွဲ့၊ ရှောင်ယွမ်အာ၊ ကျိုးကျစ်ဖုန်း၊ ဟွားယွဲ့ရှင်းနှင့် အမျိုးသမီးကျင့်ကြံသူ ဆယ်ဦးက သူ့နောက်ကနေ တစ်တန်းတည်းပါလာလေ၏။
ခဏအကြာတွင် သူတို့က တိမ်ခွင်းရထားလုံးရှေ့၌ ရပ်လိုက်သည်။
“ရှစ်ရှိုး ရှစ်မေ့ဆီက ကျွန်တော်ကြားတာတော့ ရှစ်ရှိုးရဲ့ ပဲ့ကိုင်တဲ့အရည်အချင်းက အတော်တိုးတက်လာတယ်ဆို” မင်ရှစ်ရင်ကပြောလိုက်၏။
“မင်းရဲ့စွမ်းရည်နဲ့ယှဉ်ရင် ပြောပလောက်တာ မရှိပါဘူး။ ပြောဖို့မတန်ဘူး” တွမ့်မူရှန်းက အမြန်လက်ကာပြလိုက်၏။
“လိမ်နေတာ မဟုတ်ဘူးလို့ ပြောသားပဲ။ ပဲ့ကိုင်တာက ရှစ်ရှိုးရဲ့ကျင့်ကြံဆင့်အတွက် အဆင်ပြေ စေတယ်။ ရှစ်ရှိုး ပဲ့ကိုင်တာက နောက်ထပ်အကျိုးအမြတ်တစ်ခုရှိသေးတယ်” မင်ရှစ်ရင်က အရေးကြီးသည့်အရာတစ်ခုကို ပြောမည့်ပုံဖြင့်တီးတိုးပြောသည့်ဟန်ပြုလိုက်သည်။
“ဟမ်” တွမ့်မူရှန်းက အနားကပ်လာ၏။
မင်ရှစ်ရင်က ညင်သာစွာ ပြောလိုက်သည်။ “အဲဒါက လူတစ်ယောက်ရဲ့စိတ်နှလုံးကို တည်ငြိမ်စေတယ်။ ကောင်းမွန်တဲ့စိတ်သဘောထားကိုကျင့်ကြံဖို့အတွက် အံ့ဩဖွယ်ကောင်းတဲ့ နည်းလမ်းတစ်ခုပဲ”
“မင်းက ငါ့ကို သွေးဆူလွယ်တယ်လို့ပြောနေတာလား”
“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ပါဘူး” မင်ရှစ်ရင်က လက်ခါလိုက်၏။
ထိုစကားကို တွမ့်မူရှန်းကြားသောအခါ ခေါင်းညိတ်ပြီးပြောလိုက်တော့၏။
“စစ်ရှစ်တိ ငါ့ရဲ့နယ်ရှင်လှံကို မင်းဘာထင်လဲ”
“ခမ်းနားတဲ့အရာပေါ့။ ရှစ်ရှိုးရှာတွေ့သမျှထဲ အကြီးမြတ်ဆုံးရတနာပဲလေ” မင်ရှစ်ရင်က ချီးကျူး လိုက်၏။
တွမ့်မူရှန်းက သက်ပြင်းချပြီးခေါင်းခါကာပြောလိုက်သည်။
“အသုံးလိုတဲ့အရာတချို့ကို လက်နက် အနေနဲ့အပေးခံထားရတော့ မင်း မကျေမချမ်းဖြစ်နေတာ ငါသိတယ်။ မင်းက ကောင်းကောင်းပဲ့ကိုင် တတ်ပြီး စိတ်နှလုံးကို တည်ငြိမ်အောင်လုပ်သင့်တယ်။ ကောင်းကင်အဆင့် လက်နက်က ဘာပဲဖြစ်ဖြစ်ကောင်းကင်အဆင့်လက်နက်ဖြစ်နေသေးတုန်းပဲ။ သူ့ရဲ့သွင်ပြင်ဘယ်လောက်ခမ်းနား ခမ်းနား အတွေးတွေအများကြီးလွန်နေဖို့မကောင်းဘူး”
“အမ်း”
“ဒါဆိုသွားလေ” တွမ့်မူရှန်းက မင်ရှစ်ရင်၏ပခုံးကိုပုတ်လိုက်၏။
‘ငါ ငါခမ်းနားတဲ့လက်နက်တွေကို ကြိုက်တယ်လို့တစ်ခါမှမပြောဖူးပါဘူး’
မင်ရှစ်ရင်က ပဲ့ပိုင်းကို ကူကယ်ရာမဲ့စွာ ခုန်တက်လိုက်၏။
တွမ့်မူရှန်းက သူ၏ရှစ်မေ့ကို လှည့်ကြည့်လိုက်သည်။ ရှစ်မေ့သည်လည်း သူ၏စိတ်နေသဘောထားကို ထိန်းရန် လိုအပ်သည်ဟု တွေးမိသည်။ သူမ သွားသည့်နေရာအနှံ့ အနီရောင်အဝတ်စကြီး တကားကားဖြင့် ဖြစ်နေတာကို သူမြင်ရတာသဘောမတွေ့ပေ။
ကျန်သည့်သူများက တိမ်ခွင်းရထားလုံးပေါ် တက်လိုက်၏။
တွမ့်မူရှန်းက လုကျိုးဘေးသို့ခုန်တက်လိုက်သည်။ သူ၏အဝတ်စားများကို တစ်ဖက်မြှောက်လျက် နယ်ရှင်လှံ၏ နဂါးအဆင်တန်ဆာကို မှုတ်လိုက်ပြီး ပြောင်နေအောင် ပွတ်ပြီးနောက် စိတ်ကျေနပ်သွားတော့သည်။
မင်ရှစ်ရင်က ပဲ့ထိန်းပေးသောကြောင့် ရထားလုံးပျံပေါ်ရှိလူတိုင်းက ချောချောမွေ့မွေ့ခရီးစဉ်ကို ရနေလေ၏။ ဟွားဝူတောက်က လုကျိုးဘေး၌ ရပ်နေသည်။ သူကလက်နောက်ပစ်ထားလျက် မိစ္ဆာ ဝေဟင်မျှော်နန်း၏ ပတ်ဝန်းကျင်ကို ငုံ့ကြည့်နေသည်။ မြင်ကွင်းအရ ရွှေနန်းဥယျာဉ်တောင်၏ အရံအတားတစ်ခုလုံးကိုမြင်နိုင်ပေသည်။ သူက “မျှော်နန်းသခင် ကျုပ် မေးစရာလေးတစ်ခု ရှိပါတယ်။ အရံအတားရဲ့စွမ်းအင်ကို စုပ်ယူတုန်းက လျှို့ဝှက်ခန်းမှာ ကျင့်ကြံနေတဲ့အချိန် အမြင့်ဆုံး အခြေအနေကို ထိန်းသိမ်းထားလား”
လုကျိုးက တစ်ချက်ကြည့်ပြီးနောက်ပြောလိုက်၏။ "ကိစ္စက အဲ့လိုလို့ထင်နေတာလား”
“ကျွန်တော် မထင်ရဲပါဘူး”
“ငါ အရံအတားကို ပြင်မယ်” လုကျိုးကပြောလိုက်သည်။ အရံအတား အားနည်းသွားခြင်းသည် အပြင်လောကရှိလူများ အပူတပြင်းဆွေးနွေးရန်ကိစ္စ ဖြစ်လာခဲ့သည်။ ယင်းက သူ အားနည်းမှု တိုးလာခြင်းနှင့် ညီမျှသည်။ ကံဆိုးသည်မှာ ယခုအချိန်တွင် အရံအတားကို ပြင်ရန်နည်းလမ်းတစ်ခု ရှာမတွေ့ပေ။ တပည့်များကို တာဝန်အပ်ခဲ့လျှင် ၎င်းကို ပြင်ရန် အနည်းဆုံး သုံးနှစ် လိုအပ်မှာပဲ ဖြစ်သည်။ ပွင့်ချပ် ရှစ်လွှာ လန်လော့နှင့် ဖန်လီထန်းတို့က လက်ရှိတွင် အသက်ကြီးပြီ ဖြစ်သောကြောင့် သူတို့ကို မျှော်လင့်ချက် မထားနိုင်ပေ။ အမြန်ဆုံးနည်းက အထွတ်အထိပ်အသွင်ကတ်ကို အသုံးပြုရန်သာ ဖြစ်သည်။ သို့သော် ထိုကတ်ကို အလွယ်တကူ အသုံးမပြုနိုင်ပေ။
ဟွားဝူတောက်ကပြောလိုက်၏။ “ပဒုမ္မာစင်မြင့်က ဖြောင့်မတ်ခြင်းလမ်းစဉ်က ဂိုဏ်းတွေ လက်ရည်ယှဉ်တဲ့နေရာပဲ။ လော့ရှင်းခုံက ကျွန်တော်တို့ကို တမင်တကာ ရန်စတာ ဖြစ်မှာစိုးရိမ်မိတယ်။ ဒါမှ ထောင်ချောက်ဆင်ပြီးတော့ ကျွန်တော်တို့ကို မျှားနိုင်မှာ”
“မင်း စိတ်ပူနေတာက အကျိုးမထူးဘူး” လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်၏။
“စိတ်ပူနေစရာမလိုပါဘူး အကြီးအကဲဟွား။ လှည့်ကွက်တွေနဲ့ အကောက်ကြံမှုတွေအားလုံးက ရှစ်စွင်းရှေ့မှာ အဓိပ္ပာယ်မရှိဘူး"
“ကျုပ်က မျှော်နန်းသခင်ရဲ့ခွန်အားကို ယုံကြည်ပါတယ်”
ထိုစဉ် ဟွားယွဲ့ရှင်းက လျှောက်လာ၏။ သူမက မိစ္ဆာဝေဟင်မျှော်နန်းနှင့် စိမ်းသက်နေသေးတာ ဖြစ်နိုင်သည်။ သူကအရိုအသေပေးကာပြောလိုက်တော့သည်။ “ကျွန်မ ကိစ္စတစ်ခုသတင်းပို့စရာ ရှိလို့ပါ”
“ဘာလဲ” ဟွားယွဲ့ရှင်းက သူမကိုယ်တိုင် မသေချာမရေရာပုံဖြင့်ပြောလိုက်၏။
"ဂိုဏ်းနားကမျှော်စင် တစ်ခုမှာ ကျွန်မ ကောင်းကင်ဓားဂိုဏ်းရဲ့အကြီးအကဲကျန်းကျီချန်းကို စောင့်နေတဲ့အချိန် ရင်းနှီးတဲ့ လူတစ်ယောက်ကိုတွေ့လိုက်သလိုပဲ"
“အဲဒါဘယ်သူလဲ”
“စတုတ္ထမင်းသားလျို့ပင်း” ဟွားယွဲ့ရှင်းက ဒူးထောက်ပြီးပြောလိုက်လေ၏။ ပြီးနောက် သူကချက်ချင်းလက်သီးဆုပ်ကာပြောလိုက်၏။
“ကျွန်မ ကျောက်စိမ်းမိန်းမပျိုနဲ့အတူရှိတုန်းက စတုတ္ထမင်းသားရဲ့ပုံတူကို အမှတ်မထင် တွေ့လိုက်ရတာ။ ဒါပေမဲ့ သူဆိုတာတော့ မသေချာဘူး။ ဒါကြောင့် စောစောစီးစီး သတင်းမပို့ပေးတာ ခွင့်လွှတ်ပေးပါ မျှော်နန်းသခင်”
စတုတ္ထမင်းသားလျို့ပင်းသည် နယ်စပ်ကို စောင့်ကြပ်နေကျဖြစ်သည်။ သူ့တွင် စစ်ရေး အောင်မြင်မှုများရှိပြီး နန်းတော်ထဲရှိအင်အားစုများက သူ့ကိုအလွယ်တကူ မဆန့်ကျင်နိုင်ပေ။ သူပြန်လာချင်လျှင် သူ၏စစ်ရေးအာဏာကို လက်လျှော့လိုက်ရမှာပဲဖြစ်သည်။ မေးခွန်းက လျို့ပင်းသည် ဤအခြေအနေ၌ ပြန်လာရန် အဘယ်ကြောင့် ရွေးချယ်သနည်း။
လုကျိုးက ဟွားယွဲ့ရှင်းကို ကြည့်လိုက်၏။ သူက ကျန်းအိုက်ကျန့်၏အဆင့်အတန်းကို သတိရသွားပြီး မေးလိုက်သည်။
“မင်း ဒါမတိုင်ခင် ကျန်းအိုက်ကျန့်ကိုတွေ့ဖူးလား”
“ကျွန်မတို့ပထမဆုံးတွေ့တာက ဘီလုံးငှက်မျှော်စင်မှာပါ” ဟွားယွဲ့ရှင်းက ပြောပြီး အနည်းငယ်စိတ်လှုပ်ရှားနေ၏။
“ထရပ်ပြီးစကားပြော”
“ကျေးဇူးပါ မျှော်နန်းသခင်” ဟွားယွဲ့ရှင်းက တလေးတစားထရပ်လိုက်၏။
“အရင်တုန်းက ကျန်းအိုက်ကျန့်ကို မင်းဆက်သွယ်ဖူးလား” လုကျိုးက ဟွားယွဲ့ရှင်းခေါင်းငုံ့ထားသည့် အချိန်၌ မေးလိုက်သည်။
ထောက်
ဟွားယွဲ့ရှင်းက ဒူးထပ်ထောက်ပြီးနောက် အရိုအသေစပေးတော့သည်။
“ကျွန်မ မလုပ်ရဲပါဘူး”
ဟွားဝူတောက်က အမြန်လက်သီးဆုပ်လိုက်၏။ “ဟွားယွဲ့ရှင်းက စည်းကမ်းတင်းကြပ်တဲ့နေရာ လော့ဂိုဏ်းကနေ ပျိုးထောင်ခံလာရတဲ့သူပါ။ ဒါမျိုးကိစ္စ ဘယ်တော့မှလုပ်မှာမဟုတ်ဘူး”
မင်ရှစ်ရင်က လှည့်ကြည့်ပြီးပြောလိုက်၏။
“စည်းကမ်းတင်းကြပ်စွာ ပျိုးထောင်တယ်တဲ့လား။ ဒါဆိုရင် လော့ဂိုဏ်းကနေ သူ ဘာကြောင့် ထွက်လာတာလဲ”
“အမ်း”
“ခင်ဗျား မဖြေနိုင်တော့ဘူးမလား။ ကျန်းအိုက်ကျန့်က အရာအားလုံးဘာကြောင့်များ သိနေရလဲ ဆိုပြီး အံ့ဩနေတာ။ ကြည့်ရတာ သူနဲ့လောင်ချီက အဝတ်စတစ်ထည်တည်းကနေ လုပ်ထားတာ ဖြစ်နေတာကိုး” မင်ရှစ်ရင်က ပြောလိုက်၏။
လုကျိုးက ဟွားယွဲ့ရှင်းကိုကြည့်လိုက်သည်။ စစ်မေးပြီးသည့်တိုင် သူမ၏ သစ္စာရှိမှုက မလျော့ကျသွားပေ။ သူမ လိမ်နေတာ မဟုတ်မှန်း သိသာ၏။ သူကပြောလိုက်သည်။ “ထရပ်ပြီးစကားပြော”
“နားလည်ပါပြီ”
“မင်းအရည်အချင်းရှိသားပဲ။ အနောက်ဖက်မျှော်နန်းကို သွားခဲ့သေးလား”
ဟွားယွဲ့ရှင်းက ပြန်ပြောလိုက်သည်။
“ကျွန် ကျွန်မမှာ အချိန်မရှိပါဘူး”
“အနောက်ဖက်မျှော်နန်းထဲမှာ လျင်မြန်စွာသိပ်သည်းခြင်းလို့ခေါ်တဲ့ ကျင့်စဉ်တစ်ခုရှိတယ်။ ဒါက မင်းနဲ့ သင့်တော်တယ်လို့ထင်တာပဲ” လုကျိုးက အေးအေးလူလူပြောလိုက်၏။
ဟွားဝူတောက်က အမြန်လက်ဝှေ့ယမ်းလိုက်၏။
“ဒီမှာဘာရပ်လုပ်နေသေးတာလဲ။ မျှော်နန်းသခင်ကို ကျေးဇူးတင်လိုက်လေ”
“ကျေးဇူးပါ မျှော်နန်းသခင်” ဟွားယွဲ့ရှင်းက ဒူးထပ်ထောက်လိုက်၏။
ထိုအရာကို မြင်သောအခါ ကျန်သည့်သူများ ဆွံ့အသွားသည်။ ဟွားယွဲ့ရှင်းသည် နန်းတော်ထဲရှိ ဘဝကို အသားကျနေသည့်ပုံ ပေါ်သည်။ ဒူးထောက်ခြင်းက သူမ၏ ဒုတိယသဘာဝ ဖြစ်နေပုံရ၏။ နန်းတော်နှင့် ၎င်း၏ပုပ်သိုးနေသောစည်းမျဉ်းများ။
ဟွားဝူတောက်က ပြောလိုက်သည်။
“လော့ဂိုဏ်းမှာ မင်းအတွက် ဒီလိုကျင့်စဉ်မျိုးရှိမှာမဟုတ်ဘူး။ လေးသည်တော်တစ်ယောက်က သူနဲ့ သူ့ပစ်မှတ်ကြား အကွာအဝေးတစ်ခုရှိတဲ့အချိန်မှာပဲ အစွမ်းထက်တာ။ ဒါပေမဲ့ အားနည်းချက်က လည်း သိသာနေတာပဲ။ နောက်ထပ်ကျင့်ကြံသူတစ်ယောက်က အနားကပ်နိုင်ခဲ့မယ်ဆိုရင် လေးသည်တော်က စွမ်းအင်သိပ်သည်းပြီး မီးလုံးတွေ ပြုလုပ်နိုင်ဖို့ အချိန်လုံလုံလောက်လောက် ရှိတာရှားတယ်။ လျင်မြန်စွာသိပ်သည်းခြင်းက ဒီလိုချို့တဲ့မှုအတွက် ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးတဲ့အရာပဲ” ဟွားဝူတောက်က တည်ကြည်စွာခေါင်းညိတ်လိုက်၏။
“ညွှန်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲဟွား။ ကျွန်မကြိုးစားပါ့မယ်”
သစ္စာရှိမှု + ၁၀ ရာခိုင်နှုန်း
တစ်ခါတစ်ရံတွင် ဟွားယွဲ့ရှင်းကို စည်းမျဉ်းစည်းကမ်းများစွာနှင့် ချုပ်နှောင်ထားသည်ဟု ခံစားမိသော်ငြား သူမသည် သန့်စင်သည့်သူတစ်ယောက်ဖြစ်၏။ အပြင်လောက၌ အတွေ့အကြုံရှိပုံ ပေါ်သော်ငြား အပြည့်အဝ ထိန်းကျောင်းမခံရပေ။ သူမကျင့်စဉ်တစ်ခုပေးတာက ရေးကြီးခွင်ကျယ် မဟုတ်။ ထို့ကြောင့် သူမ၏သစ္စာရှိမှုတိုးတာသောအခါ သူအံ့ဩသွားသည်။
...
ထိုစဉ် ချောင်ကျသည့်တဲအိမ်လေးထဲတွင်ဖြစ်သည်။ စီးဝူယာ့က မျက်လုံးဖွင့်လိုက်၏။ တဲအိမ်လေး၏ ဖြာကျနေသော နေရောင်ခြည်ကိုကြည့်ပြီး အချိန်ကိုခန့်မှန်းလိုက်သည်။
ထင်သည့်အတိုင်းပင် မီးခိုရောင်ဝတ်ရုံကျင့်ကြံသူက ပျံသန်းလာလျက် သူ့ရှေ့တွင် ဒူးထောက်ကာပြောလိုက်တော့သည်။
“ဂိုဏ်းချုပ် ဂိုဏ်းချုပ်ပြောတဲ့အတိုင်းပါပဲ။ တစ်ယောက်ယောက်က မိစ္ဆာဝေဟင်မျှော်နန်းဆီ သတင်းပို့လာပေးတယ်”
“သတင်းက ဘယ်ကလဲဆိုတာသိလား”
“နန်းတော်က”
စီးဝူယာ့သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကျုံ့လိုက်သည်။ မည်မျှထူးဆန်းသနည်း။ သူ၏ရှစ်စွင်းသည် နန်းတော်ထဲရှိလူများ မည်သည့်အင်အားစုအပိုင်းဖြစ်စေကာမူ ထိုနန်းတော်ရှိ လူများနှင့် သက်ဆိုင်သည်ဟု တစ်ခါမှမတွေးထားသူဖြစ်သည်။ ယင်းက မည်သို့ဖြစ်နိုင်မည်နည်း။
“နန်းတော်ထဲက ငါတို့ရဲ့အရင်းအမြစ်တွေဆီ ဒီကိစ္စကိုစုံစမ်း”
“နားလည်ပါပြီ”
စီးဝူယာ့က မျက်မှောင်ကျုံ့လိုက်၏။ သူက ယုံကြည်ချက်ရှိရှိပြုံးကာပြောလိုက်တော့သည်။
"ရှစ်စွင်းအဖို့ ဒီလူကိုယုံကြည်တာ ပုံမှန်ပါပဲ။ ဒီလိုဆိုမှတော့ သူနဲ့လိုက်ပါဆော့ကစားရတော့မှာပေါ့”
“ကျွန်တော်အခု ဓားနတ်ဆိုးကို ချက်ချင်းသွားရှာလိုက်ပါ့မယ်။"
“မလိုဘူး” စီးဝူယာ့က ခေါင်းခါလိုက်၏။ “ဖင်းတုတောင်တန်းကိုသွား”
“ဟုတ်ကဲ့ ဂိုဏ်းချုပ်”
…
အခန်း (၂၄၆) ပဒုမ္မာစင်မြင့်အထက်မှ အနိုင်အရှုံးလုပွဲ
မီးခိုးရောင်ဝတ် ကျင့်ကြံသူက လှည့်ထွက်သွားလေသည်။
စီးဝူယာ့က သူ့အပေါ်ပိုင်း အဝတ်များကို ချွတ်လိုက်သည့်အခါ သူ့ရင်ဘတ်ပေါ်မှ သင်္ကေတက ရှိနေဆဲ ဖြစ်၏။ ပျောက်ကွယ်သွားမည့် အရိပ်အယောင် လုံးလုံး မရှိနေပေ။ သူက သက်ပြင်းအသာချလိုက်သည်။ မန္တန်မိကတည်းက သူက နည်းမျိုးစုံဖြင့် ချိုးဖောက်ဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း မန္တန်အပေါ် နည်းနည်းလေးမှ သက်ရောက်မှု မရှိချေ။
စီးဝူယာ့က ရှေ့မှ မန္တန်များအကြောင်း ပါဝင်သည့် စာအုပ်များကို ကြည့်ကာ ခေါင်းခါလိုက်သည်။
‘ငါ စာအုပ်ထဲမှာ တွေ့တိုင်း ယုံလို့ မဖြစ်ဘူး … မန္တန် ချိုးဖောက်ရေး နည်းလမ်းတွေက အသုံးမဝင်ဘူး …’
သူက ဝတ်ရုံအသစ်လဲကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။
“ အစောင့်တွေ ”
ဝှစ်
မီးခိုးရောင်ဝတ် ကျင့်ကြံသူများစွာက ချက်ချင်း ပေါ်လာကြသည်။
“ ဂိုဏ်းချုပ် …”
“ငါ ပဒုမ္မာစင်မြင့်ဆီ သွားမယ်”
မီးခိုးရောင်ဝတ် ကျင့်ကြံသူများက ထိုအကြောင်းကြားသည့်အခါ တစ်ယောက်က မော့ကြည့်ကာ လက်နှစ်ဖက်ယှက်လိုက်ပြီး “ ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံဆင့်က ပိတ်ဆို့ခံထားရတုန်းဆိုတော့ အဲဒီကို သွားတာ အန္တရာယ်များလွန်းပါတယ်။ ကျွန်တော် အကြံပြုချင်တာက … ”
စီးဝူယာ့က အဝတ်အစား သေချာဝတ်လိုက်ပြီး “ ငါ သိတယ်။ ဒါပေမဲ့ ငါကိုယ်တိုင် သွားမှ ဖြစ်မဲ့ ကိစ္စတွေ ရှိနေတယ်။ မဟုတ်ရင် ငါ နေလို့ကောင်းမှာ မဟုတ်ဘူး ”
“ဒါပေမဲ့ … ”
“ဒါပေမဲ့တွေ လုပ်မနေနဲ့။ ငါ့စကားကို အလကားပြောတယ် ထင်နေလား” စီးဝူယာ့က လှည့်ကြည့်လိုက်သည်။
“ ကျွန်တော်တို့ မလုပ်ရဲပါဘူး။ ကျွန်တော်တို့ အသက်နဲ့ လဲပြီး ကာကွယ်ပေးဖို့ ကျိန်ဆိုပါတယ် ”
စီးဝူယာ့က ခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာအထက် ကူကယ်ရာမဲ့သည့် အမူအရာ ပေါ်လာကာ “ မင်းတို့က ငါနဲ့ အတူရှိလာတာ နှစ်တွေကြာနေပြီ။ ငါ့ဘေးကင်းမှုအတွက်နဲ့ ကိုယ့်အသက်ကို စတေးပစ်ဖို့ လိုလားတယ်ပေါ့။ ငါက ညီအစ်ကိုတွေရဲ့ အသက်ကို ယူတဲ့သူ မဟုတ်ဘူး။ ဒီနှစ်တွေမှာ မင်းတို့တွေ ငါ့အကြောင်း အဲလောက်တော့ သိသင့်ပါတယ် ”
မီးခိုးရောင်ဝတ် ကျင့်ကြံသူများက ခေါင်းငုံ့ထားကြပြီး ဘာမှမပြောကြပေ။
စီးဝူယာ့က ပြောလိုက်သည် “ ဝူရှုကို လှုပ်ရှားဖို့ အသင့်ပြင်ထားဖို့ ပြောထားလိုက် … သွားကြစို့ ”
“ ဟုတ် ဂိုဏ်းချုပ် ”
ပဒုမ္မာကြာစင်မြင့်သည် ဂိုဏ်းကြီးများ လက်ရည်စမ်းယှဉ်ပြိုင်ကာ စကားရည်လုကြသည့် အထွတ်အမြတ် နေရာတစ်ခု ဖြစ်ပေသည်။ ထိုနေရာက ဟွေ့ရွေ့နှင့် ဆယ်မိုင်ကျော် ကွာဝေးသည့် ယန်စီရင်စု မြောက်ဘက်တွင် တည်ရှိသည်။ အဆင့်နှစ်ခုဟူ၍ ခွဲခြားထားသည်။ အဆင့်မြင့်က စင်မြင့် ဖြစ်ပြီး အဆင့်နိမ့်က ပဒုမ္မာ၏ ပွင့်ချပ်လွှာတစ်ခုစီပေါ်တွင် ဖြစ်သည်။ ထိုပွင့်ချပ်လွှာပေါ်တွင် ညအခါ အလင်းပေးနိုင်ဖို့ မီးတိုင်များ ငါးတိုင်မက ထားရှိသည်။ ကြာပွင့်ချပ်များကို ထုံးကျောက်များဖြင့် ပြုလုပ်ထားပြီး စင်မြင့်ကို စကျင်ကျောက်ဖြင့် တည်ဆောက်ထားလေသည်။
ပဒုမ္မာစင်မြင့် ပတ်လည်တွင် တည်းခိုဆောင်များနှင့် စုဝေးရာ နေရာများနှင့် ပြည့်နှက်နေသည်။ မြင်ကွင်းကောင်းကောင်း ကြည့်ရဖို့အတွက် ရတနာစီခြယ်ထားသည့် ကျောက်စိမ်းနန်းဆောင်များပင် တည်ရှိ၏။
ထိုစဉ် လူများစွာက ပဒုမ္မာစင်မြင့်ပေါ် စုဝေးနေကြသည်။
“ နေ့တွေ၊ နှစ်တွေ ကုန်ဆုံးသွားပြီးပြီ။ ဒီနေ့ ၁၄ ရက်မြောက် ရှိနေပြီ။ ကောင်းကင်ဓားဂိုဏ်းက ဒီနေ့ရော မိစ္ဆာဝေဟင်မျှော်နန်းဆီ စိန်ခေါ်စာ ပို့နေတုန်းလား ”
“ သူတို့က ၁၃ စောင်တောင် ပို့ထားပြီးပြီ။ ခဏနေရင် နောက်တစ်စောင် ထပ်ပို့ဦးမှာ သေချာတယ်။ မနေ့က သူတို့ ပို့လိုက်တဲ့ စာထဲ သရော်ထားတာတွေ ပါတယ်လို့ ကြားလိုက်တယ်။ မိစ္ဆာအိုကြီးကတော့ ဒေါသထွက်နေမှာ ကျိန်းသေပဲ။ ငါတို့ သူ့ကို ဒီနေ့ တွေ့ရနိုင်ခြေ ရှိတယ်။ ဘယ်လိုအရှက်မဲ့တဲ့လူမျိုးက ဒီလိုအကြံမျိုး စဉ်းစားမိတယ် မသိဘူး ”
ဒီနေရာရှိ လူများက ပြပွဲကောင်းကို စောင့်ရင်း သူတို့အုပ်စုနှင့်သူ ဖြစ်လာကြသည်။
မိစ္ဆာဝေဟင်မျှော်နန်းက စိန်ခေါ်စာ ၁၃ စောင်မြောက်ကို လက်ခံပြီးသည့်နောက်တွင်ပင် ပေါ်မလာသေးပေ။ တချို့လူများက မိစ္ဆာဝေဟင်မျှော်နန်း ရောက်လာမည် မဟုတ်ကြောင်း စတင် တွေးလာကြသည်။ ထို့ကြောင့် အများစုက ရဲဆေးတင်ကာ စင်မြင့်နား ကပ်သွားကြသည်။
………..
ပဒုမ္မာစင်မြင့်အထက်
လော့ရှင်းခုံက မျက်လုံးပိတ်လျက် စိတ်ဝိညာဉ်ကို အနားပေးနေသည်။ သူက ဂုဏ်သိက္ခာရှိရှိ မတ်တတ်ရပ်နေရင်း ဆွေးနွေးသံများကို မကြားချင်ယောင်ဆောင်ထားလိုက်သည်။ သူ့နောက်တွင် ထိုင်ခုံဆယ်ခုံ ရှိပြီး ဝတ်ရုံဖြူ ဝတ်ဆင်ကာ ဓားကိုင်ဆောင်ထားကြသည့် ကျင့်ကြံသူများက နေရာယူထားကြသည်။
လော့ရှင်းခုံလည်း အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ့နဖူးအထက် အဖြူရောင်ခေါင်းစည်းက သွေးစွန်းနေသည်။
အနောက်တွင် ဆိုင်းဘုတ်တစ်ခု ထောင်ထားလေသည်။
“ငါ့သားကို သတ်လိုက်တာ ခွင့်လွှတ်လို့ မရနိုင်တဲ့ အပြစ်ကြွေးပဲ ”
“ ဂိုဏ်းချုပ် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မိစ္ဆာအိုကြီးက ထပ်မလာပြန်ဘူး ထင်တယ်” အကြီးအကဲများက ပြောလိုက်ကြသည်။
“စိုးရိမ်နေဖို့ မလိုဘူး ” လော့ရှင်းခုံက မျက်လုံးဖွင့်ကြည့်လာသည်။ သူက ကောင်းကင်ကို လှမ်းကြည့်လိုက်ပြီး “ငါ မိစ္ဆာဝေဟင်မျှော်နန်းကို ဒီလိုစော်ကားထားမှတော့ သူ သေချာပေါက် လာလိမ့်မယ်။ မိစ္ဆာအိုကြီးက ဒေါသကြီးတယ်။ ဒီကိစ္စကို ဒီအတိုင်းထားမှာ မဟုတ်ဘူး ”
“ မိစ္ဆာအိုကြီးက အကာအရံစွမ်းအား ရှိတယ်ဆိုတော့ အရမ်းအားကောင်းလောက်တယ်”
“ မြားကို တင်လိုက်ပြီးပြီဆိုမှတော့ ပစ်ရတော့မှာပဲ။ ငါလည်း တံခါးပိတ်ကျင့်ကြံနေရင်း ဝှက်ဖဲတစ်ခု၊ နှစ်ခုတော့ ရှိပါတယ်။ ချန်းဖုန်းက သေသွားပြီ။ ငါလည်း အသက်ဆက်ရှင်စရာ အကြောင်းအရင်း မရှိတော့ဘူး … တကယ်လို့ မိစ္ဆာအိုကြီး ထွက်လာခဲ့ရင် ငါ့အကြံအစည်တိုင်း ဆက်လုပ်လိုက် ” လော့ရှင်းခုံက အကြီးအကဲများဆီ အသံဖြင့် ဆက်သွယ်လိုက်သည်။
“ ဟုတ် ဂိုဏ်းချုပ် ” လော့ရှင်းခုံနောက်မှ ကျင့်ကြံသူဆယ်ယောက်က တစ်ပြိုင်နက် ပြောလာသည်။
သူတို့က အချိန်အတော်ကြာ စောင့်ဆိုင်းနေသော်လည်း မိစ္ဆာဝေဟင်မျှော်နန်း၏ အရိပ်အယောင် မမြင်ရသေးပေ။
ပွဲကြည့်ပရိသတ်က ဆူညံလာသည်။
“ ဂိုဏ်းချုပ်လော့ ၁၄ စောင်မြောက် စိန်ခေါ်စာကို ပို့လိုက်ပါတော့ … သူတို့မိဘတွေအထိပါ ကျိန်ဆဲပစ်တာ အကောင်းဆုံးပဲ ”
လော့ရှင်းခုံက သူတို့ကို ဝေ့ကြည့်လိုက်ပြီး ဘာမှပြန်မပြောပေ။
“ ကောင်းကင်ဓားဂိုဏ်းရဲ့ နာမည်က ကျင့်ကြံရေးလောကမှာ ပဲ့တင်ထွက်လာလိမ့်မယ် ”
“ ထားလိုက်ပါ … ပြန်ကြစို့။ ငါတို့ ဒီနေ့ ပြပွဲကောင်း ကြည့်ရပြီ ထင်ထားတာ။ အခုတော့ ကောဟလာလတွေက အမှန်ဖြစ်နေပုံပဲ။ မိစ္ဆာဝေဟင်မျှော်နန်းက အရင်ကလို မဟုတ်တော့ဘူး။ အတိတ်တုန်းက သူတို့ ဘယ်လောက်ကြီးကျယ်ခမ်းနားခဲ့လဲဆိုတာ မှတ်မိသေးတယ်။ အဲဒီအချိန်တုန်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဘယ်သူကများ စော်ကားရဲမှာလဲ” တစ်ယောက်က သက်ပြင်းချကာ ပြောလိုက်သည်။
သက်ပြင်းချသံများ ပိုမို ထွက်ပေါ်လာသည်။
တချို့ ကောင်းကင်ဓားဂိုဏ်းဘက်မှ လိုက်ပြောပေးသူများလည်း ရှိနေသည်။
“ မိစ္ဆာအိုကြီးက သူ သွားလေရာမှာ သောင်းကျန်းခဲ့တယ်။ သူက လူအများကြီးကို သတ်ခဲ့တော့ အားလုံးက သူတို့ကို ဝိုင်းနှိပ်ကွပ်လောက်တယ် ”
သို့သော်လည်း လူတချို့သာ ထိုအမြင်ကို ဝေမျှကြသည်။ အနည်းဆုံးတော့ ပွင့်လင်းမြင်သာ မဟုတ်ပေ။
ရပ်တည်မှု မသည်းကွဲသည့် လူများလည်း ရှိနေသေး၏။ သူတို့က ရတနာစီခြယ်ထားသည့် ကျောက်စိမ်းနန်းဆောင်များအတွင်း ပုန်းအောင်းကာ ပဒုမ္မာစင်မြင့်အား မျက်စိဒေါက်ထောက် ကြည့်နေကြသည်။
နောက်ဆုံးတွင် လော့ရှင်းခုံက ခေါင်းခါကာ “ငါ့ အမိန့်ကို နာခံကြ … မိစ္ဆာဝေဟင်မျှော်နန်းဆီ ၁၄ စောင်မြောက် စိန်ခေါ်စာ ထပ်ပို့လိုက်ကြ ”
ထိုစဉ် ကောင်းကင်ဓားဂိုဏ်းတပည့်က လော့ရှင်းခုံဆီ ရောက်လာကာ တီးတိုးပြောလိုက်သည်။
“ ဂိုဏ်းချုပ် … ၁၃ စောင်မြောက် သွားပို့တဲ့ တပည့်က အခုထိ ပြန်မလာသေးပါဘူး။ ကျွန်တော် စိုးရိမ်မိတာက သူ တစ်ခုခု ဖြစ်သွားပြီ ထင်တယ် ”
လော့ရှင်းခုံ၏ အမူအရာက အုံ့မှိုင်းသွားကာ “ စာတွေ ထပ်ပို့လိုက်ကြ … စာကို ရှည်နိုင်သမျှ မိစ္ဆာဝေဟင်မျှော်နန်း သူတို့နေရာကနေ ထွက်လာအောင် ဦးနှောက်အလုပ်ပေးပြီး ရေးကြ။ သေရမှာ ကြောက်တဲ့လူတွေကို ကောင်းကင်ဓားဂိုဏ်းကနေ ထုတ်ပယ်တယ်။ စာသွားပို့တဲ့လူကို ရွှေစင် တစ်ထောင်နဲ့ ရှေးဟောင်း ဓားကျင့်စဉ်ကို ဆုချမယ် ”
လူတစ်ယောက်ကို ဈေးနှုန်းအမှန် ပေးသရွေ့ ခေါ်နိုင်သည်ဟု ဆိုကြသည် မဟုတ်ပါလော။
သူဌေးများက အသက်ကို ငွေကြေးနဲ့ ဝယ်ကြသလို ဆင်းရဲသူများက ငွေကြေးအတွက် အသက်ဖြင့် လဲလှယ်ကြသည်။
ဤသည်မှာ တစ်ကမ္ဘာလုံး အလုပ်လုပ်ပုံမျိုး ဖြစ်၏။
လော့ရှင်းခုံက ဆုကြေး ကြေညာလိုက်သည်နှင့် တာဝန် ထမ်းဆောင်လိုသည့် အပြင်တပည့်များစွာ ရှိလာသည်။
အကြီးအကဲလော့ကျန်းက ဝင်ပြောလိုက်သည်။
“ ပွဲကြည့်ပရိသတ်ကိုလည်း စာကို ရေးခိုင်းလိုက်ကြ ”
“ နားလည်ပါပြီ ”
ကောင်းကင်ဓားဂိုဏ်းက တစ်ပေလောက်ရှည်သည့် စာရွက်တစ်ခု ပြင်ဆင်ထားလေသည်။ စုတ်တံနှင့် မင်ရည်များလည်း အသင့်ပြင်ထား၏။
ထိုစဉ် တစ်ယောက်က အော်ပြောလိုက်သည်။
“အဲဒါက ဘာကြီးလဲ ”
အခန်း (၂၄၆) ပဒုမ္မာစင်မြင့်အထက်မှ အနိုင်အရှုံးလုပွဲ (ခ)
“ ကြယ်တံခွန်လား ”
“အဲလိုလည်း မဖြစ်နိုင်ဘူး။ ကြယ်တံခွန်က ဘယ်တုန်းက အဲလိုဖြစ်လို့လဲ”
ဝှစ်
အဝေးတစ်နေရာ ကောင်းကင်ထဲ အမြီးရှည်ရှည် အရာတစ်ခုက တိမ်လွှာ ထိုးဖောက်ကာ အားလုံး မြင်ကွင်းထဲ ပေါ်လာသည်။ ထိုအရာက အာရုံဖမ်းစားနိုင်လွန်း၏။
ဗဟုသုတကြွယ်ဝသည့် ကျင့်ကြံသူများက တန်းမှတ်မိလိုက်ကြသည်။
“ အဲဒါ တိမ်ခွင်း ရထားလုံးပျံပဲ”
“ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တိမ်ခွင်းရထားလုံးပျံပဲ”
“ပြေးကြ ”
ပဒုမ္မာစင်မြင့်ပေါ်ရှိ ပွဲကြည့်ပရိသတ်များက ဘေးဘက် ကြာပွင့်ချပ်ဘက် ရောက်သွားလေသည်။
ကျင့်ကြံသူများကြား လတ်တလောလေးမှ လေထဲ ပျံသန်းနည်းကို သင်ယူထားသည့်သူများလည်း ရှိသည်။ သူတို့က အလျှင်စလို ဖြစ်မှုကြောင့် ချီစွမ်းအားကို ကောင်းကောင်း မထိန်းချုပ်နိုင်တော့ဘဲ မြေပေါ် ပြုတ်ကျကာ ကြယ်လများ မြင်သွားရသည်။
လူအုပ်ကြား ဝေးဝေးရောက်ဖို့ တွန်းတိုးရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။ မိစ္ဆာဝေဟင်မျှော်နန်းက အရင်ကလို မဟုတ်တော့သော်လည်း သူတို့ပါးမွှားလေးများ ရန်စရန် မတတ်နိုင်ပေ။ သူတို့က စင်မြင့်နှင့် ခပ်လှမ်းလှမ်းတွင် နေရာယူလိုက်ပြီး အောက်မှ ကြည့်ဖို့သာ ရွေးချယ်လိုက်ကြသည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းသည် ကောင်းကင်ဓားဂိုဏ်းကို လက်လျော့ပြီး သူတို့လို တတိယအဆင့် ဇာတ်ကောင်များအား ပစ်မှတ် ပြောင်းသွားမည်ဟု မထင်ပေ။
လော့ရှင်းခုံနှင့် အခြားလူများက မတ်မတ်နေလိုက်ကြသည်။
လော့ရှင်းခုံက ချဉ်းကပ်လာသည့် တိမ်ခွင်းရထားလုံးပျံကို ကြည့်ကာ အကြည့်ထဲ မီးတောက်လုမတတ် ဖြစ်နေသည်။ သူ့အကြည့်များထဲ တိုက်ပွဲဆာလောင်စိတ်ကို မြင်တွေ့နိုင်ပြီး သူက အကြောက်အရွံ့မရှိ ပြောလိုက်သည်။
“ နောက်ဆုံးတော့ ရောက်လာပြီပဲ ”
သေလူက ဘာမှကြောက်စရာ မရှိပေ။
လော့ရှင်းခုံနောက်မှ လူဆယ်ယောက်အတွက်လည်း အတူတူ ဖြစ်၏။ သူတို့က ရင်ဘတ်မှ နှလုံးခုန်သံကိုပင် ကြားနေရပြီး အချိန်ကောင်း မရှိနေကြောင်း သိသာလှသည်။
လော့ရှင်းခုံက ဘေးပတ်လည်ကို ကြည့်လိုက်သည်။
ပွဲကြည့်သူများက ကြာပွင့်ချပ်ပေါ်တွင် စုဝေးနေကြသည်။ အပေါ်တွင် ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင်ကြံသူတချို့သာ စောင့်ကြည့်နေသည်။
တိမ်ခွင်းရထားလုံးပျံက ဖြည်းဖြည်းချင်း ရောက်လာကာ ပဒုမ္မာစင်မြင့်ထက် မီတာအနည်းငယ်အလိုတွင် ရပ်တန့်သွားသည်။
အားလုံးက တိမ်ခွင်းရထားလုံးပျံကို မော့ကြည့်လိုက်ကြသည်။
လုကျိုးနှင့် ဟွားဝူတောက်တို့က အားလုံးရှေ့ ပေါ်ထွက်လာသည်။ လုကျိုးကို တစ်ခါမှ မမြင်ဖူးသည့် ပွဲကြည့်သူတချို့က တအံ့တဩ ရေရွတ်လိုက်ကြသည် “ ဒါက မိစ္ဆာဝေဟင်မျှော်နန်းသခင်ကိုး … မိစ္ဆာကိုးယောက်ရဲ့ ရှစ်စွင်း ”
“ အဲဒီမိန်းကလေးက အငယ်ဆုံး တပည့် စီယွမ်အာပဲ ဖြစ်လိမ့်မယ်။ သူမ ကြည့်ရတာ အတွေ့အကြုံ မရှိတဲ့ပုံဆိုပေမဲ့ လူသတ်တဲ့အခါ မျက်တောင်တောင် မခတ်ဘူး ”
အခြားလူများကို မမှတ်မိသောကြောင့် လူအုပ်ကြီးက အကြမ်းဖျင်း မှန်းဆနေကြသည်။
ထိုစဉ် လုကျိုးက ပဒုမ္မာစင်မြင့်ရှိ ကောင်းကင်ဓားဂိုဏ်းသားများအား ကြည့်လိုက်သည်။
လော့ရှင်းခုံက လုကျိုးကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည် “ နောက်ဆုံးတော့ ဒီရောက်လာပြီပဲ”
သူ့အသံက နေရာတစ်ခုလုံး ပျံ့နှံ့သွားသည်။
လူအုပ်ကြီးက ချက်ချင်း ငြိမ်ကျသွားကြ၏။
ရှောင်ယွမ်အာက အခန်းငယ်ထဲ ပြေးဝင်သွားကာ ထိုင်ခုံ ထုတ်လာသည်။ သူမက ပြုံးလိုက်ပြီးနောက် လုကျိုးနောက် ထိုင်ခုံထားပေးကာ “ ရှစ်စွင်း ထိုင်ပါဦး ”
လုကျိုးက ခေါင်းညိတ်ပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ သူက စိတ်ထဲမှ ကျေနပ်နေမိသည်။
ဒီကလေးမလေး ရင့်ကျက်လာပြီပဲ … နောက်ဆုံးတော့ သိတတ်တဲ့ မိန်းမငယ်လေး တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီ
အကြီးအကဲဟွားက နေရခက်သည့် အမူအရာ ရှိနေသည်။
“ကြီးသူကို ရိုသေ၊ ငယ်သူကို လေးစား” ဆိုသည့် ဆိုရိုးရှိသည် မဟုတ်ပါလော။
သူရော ထိုင်ခုံတစ်လုံးလောက် ရဖို့ မထိုက်တန်ဘူးလား …
အမျိုးသမီး ကျင့်ကြံသူတစ်ဦးက ထိုအရာကို မြင်ကာ ထိုင်ခုံကို အလျင်စလို သယ်လာပေးပြီး “အကြီးအကဲ ထိုင်ပါ ”
“ကျေးဇူး ” အကြီးအကဲဟွားက အသာ လက်နှစ်ဖက်ယှက်ပြီးနောက် ထိုင်ချလိုက်သည်။
လုကျိုးက အခြားလူများကြား အသက်ကြီးဆုံး ဖြစ်ကာ ရှေ့ဆုံးမှ ဦးဆောင်နေသည့် လော့ရှင်းခုံအား ကြည့်လိုက်သည်။ သူ့အသံက လှိုင်းလုံးအဖြစ် ထွက်ပေါ်လာသည် “မင်းက လော့ရှင်းခုံလား ”
ပွဲကြည့်သူများက လျှာကိုက်လုမတတ် အံ့ဩသွားကြသည်။
မိစ္ဆာဝေဟင်မျှော်နန်း သခင်ဆိုတဲ့အတိုင်းပဲ …
သူက အသက်ကြီးလာပေမဲ့ ဂုဏ်ကျက်သရေ ကြီးမားနေတုန်းပဲ … သူ့ကြည့်ရတာ အရင်ပုံစံနဲ့ မတူတော့ဘူး
သူ့အသံက အမြဲလိုလို ယုံကြည်ချက်အပြည့် ဖြစ်နေတာပဲ
လော့ရှင်းခုံက အသံဩဩဖြင့် ပြောလိုက်သည် “ ခင်ဗျားကို စိန်ခေါ်စာ ၁၃ စောင် ပို့ခဲ့တာတောင် ရောက်မလာတာနဲ့ ကြောက်နေတာလားလို့ တွေးမိနေတာ။ မိစ္ဆာဝေဟင်မျှော်နန်းက ဘယ်တုန်းက အဲဒီလောက် သူရဲဘောကြောင်သွားတာလဲ”
လုကျိုးက လော့ရှင်းခုံအား လျစ်လျူရှုထားလေသည်။ သူက ဘေးဘက်ကို ကြည့်ကာ “ ကောင်းကင်ဓားဂိုဏ်းပဲ ဆိုတော့ မင်းတို့ဆီ အပ်ခဲ့မယ် ”
“ ဟုတ် ရှစ်စွင်း”
“ဟုတ်ကဲ့ ”
မင်ရှစ်ရင်က ကျောင်းယွဲ့အား နေရာလွဲပြောင်းပေးလိုက်သည် “ဝူရှစ်မေ့ ပဲ့ထိန်းထားလိုက် ”
မင်ရှစ်ရင်က နေရာလွဲပေးဖို့ စိတ်အားထက်သန်လွန်းနေသည်။ ရထားလုံးပျံကို တည်ငြိမ်အောင် ထိန်းထားရုံလောက်က အင်အား သိပ်မလိုပေ။ ကျောင်းယွဲ့ တစ်ယောက်တည်းဖြင့် လုံလောက်ပေ၏။
မင်ရှစ်ရင်က ခုန်ထွက်လာပြီး အောက်ငုံ့ကြည့်ကာ “အဘိုးကြီး … ခင်ဗျားက ကျုပ်ရှစ်စွင်းနဲ့ တိုက်ဖို့ အရည်အချင်း မမီသေးဘူး ”
“ အဲဒါ မင်း ပြောရမှာ မဟုတ်ဘူး”လော့ရှင်းခုံက ပြောလိုက်သည်။
မင်ရှစ်ရင်က နှာခေါင်းရှုံ့ကာ “ဟေး လော့ချန်းဖုန်းက ခင်ဗျားသားမလား။ သူက သေဖို့ တန်တယ်။ ခင်ဗျားကများ ဒီလိုအကြောင်းအရင်းနဲ့ မိစ္ဆာဝေဟင်မျှော်နန်းဆီ စိန်ခေါ်ရဲတယ်ပေါ့လေ ”
လော့ရှင်းခုံက အလျှင်လိုပုံမပေါ်ပေ။ ထို့အစား သူက မော့ကြည့်ကာ “ မင်းက နှုတ်ဆိုးတာပဲ။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မိစ္ဆာကိုးယောက်ထဲက တစ်ယောက်လား ”
ပွဲကြည့်ပရိသတ်များက ခန္ဓာကိုယ် ပူလာသလို ခံစားလာကြရသည်။ သူတို့က ကောင်းကင်ဓားဂိုဏ်းသည် မိစ္ဆာဝေဟင်မျှော်နန်းကို မျက်နှာချင်းဆိုင် ရန်စရဲလောက်သည့်အထိ သတ္တိကောင်းနေလိမ့်မည်ဟု မထင်ထားပေ။
ထိုစဉ် ပဒုမ္မာစင်မြင့်အထက် အားကောင်းသည့် တိုက်ပွဲအငွေ့အသက်တစ်ခု လောင်ကျွမ်းလာသည်။ လော့ရှင်းခုံက ပြောလိုက်၏။
“ မင်းတို့လိုမျိုးက ငါနဲ့ တိုက်ဖို့ မတန်ဘူး”
ထို့နောက် သူက လုကျိုးကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“ ငါ့ကို လှုပ်ရှားလာအောင် လုပ်နိုင်ဖို့ ထိုက်တန်တာ မင်းတစ်ယောက်တည်းပဲ ”
လုကျိုးက လော့ရှင်းခုံအား ပြန်မဖြေပေ။ သူက မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။
မင်ရှစ်ရင်က ပြောလိုက်သည်။ “ ရှစ်စွင်းနဲ့ တိုက်ချင်ရင် ကျုပ်ကို အရင်ကျော်ဖြတ်ရမယ် ”
လော့ရှင်းခုံက လက်ဝေ့လိုက်သည်။ သူ့နောက်မှ ဆယ်ယောက်အနက် ငါးယောက်က ရှေ့တိုးလာကြသည်။
“ကျုပ်တို့က ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်ကြီးငါးယောက်ပဲ။ ကျုပ်တို့ကို ဘယ်သူစိန်ခေါ်ရဲလဲ”
ကောင်းကင်ဓားဂိုဏ်းမှ ထွက်လာသည့် အားကောင်းသော တိုက်ပွဲအငွေ့အသက်က ပွဲကြည့်ပရိသတ်များ၏ မှန်းဆမှုကို ကျော်လွန်သွားလေသည်။
ကောင်းကင်ဓားဂိုဏ်းက သေရမှာ မကြောက်ဘူးလား …
“ ကျွန်တော် သွားလိုက်မယ် ” တွမ့်မူရှန်းက အော်ပြောလိုက်သည်။ သူက ခုန်ဆင်းတော့မည့်ဆဲဆဲတွင် ကောင်းကင်ဓားဂိုဏ်း၏ အကြီးအကဲ လော့ကျန်းက ပြောလာသည်။
“ အဲတစ်ယောက်ကို ငါ ကိုင်တွယ်လိုက်မယ်”
ဟွားဝူတောက်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူက လက်နောက်ပစ်ကာ “ ခွင့်ပြုပါ ”
အားလုံးက ဟွားဝူတောက် ထွက်လာပြီး ဖြည်းဖြည်းချင်း ဆင်းသက်လာသည်ကို ကြည့်လိုက်ကြသည်။
ဟွားဝူတောက်က လော့ကျန်းကို ကြည့်လိုက်သည်။ သို့သော်လည်း လော့ကျန်းက နောက်ဆုတ်သွားပြီး တပည့်ကြီးငါးယောက်က ဟွားဝူတောက်ကို ဝိုင်းလိုက်ကြသည်။
မင်ရှစ်ရင်က သူတို့နည်းဗျူဟာကို ချက်ချင်း မြင်လိုက်သည်။ သူက လုကျိုးဘက် လှည့်ကာ “ ရှစ်စွင်း … အဲဒီမြေခွေးအိုကြီးက ဉာဏ်များနေတာပဲ ”
လုကျိုးက မျက်လုံးဖွင့်မလာပေ။ သူက ခေါင်းအသာညိတ်ပြလိုက်၏။ ဒီပွဲကို ကြည့်နေ၍ အဓိပ္ပာယ်မရှိချေ။ ထို့အပြင် ဟွားဝူတောက်က ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံဆင့် ပိုင်ရှင် ဖြစ်၏။ သူ့လျို့ဟယ်စည်းတံဆိပ်က ပြိုင်ဖက်ကင်းလေသည်။ ကျင့်ကြံသူငါးယောက်လုံးက နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်သာ ရှိသေး၏။ သူတို့က ဟွားဝူတောက်ကို ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။
တပည့်ငါးယောက်လုံးက ဟွားဝူတောက်ကို ဝိုင်းထားလိုက်ကြသည်။ သူတို့ဓားများက စွမ်းအားဖြင့် တုန်ခါလာ၏။
လော့ရှင်းခုံက လှောင်ရယ်လိုက်သည် “ ခင်ဗျား ဘယ်သူကို လွှတ်မလဲဆိုတာ သိချင်နေတာ။ နောက်ဆုံးတော့ ယွင်ဂိုဏ်းရဲ့ အကြီးအကဲဟွား ဖြစ်နေတာကိုး … ကျုပ် ခင်ဗျားအစား ရှက်မိပါ့ ”
ဟွားဝူတောက်က လက်နောက်ပစ်လျက် မတ်မတ်ရပ်လိုက်သည်။ သူ့အမူအရာ ပြောင်းလဲသွားခြင်းမျိုး မရှိပေ။ သူက ဒီကိစ္စကို တွေးထားပြီးပြီ ဖြစ်၍ မိစ္ဆာဝေဟင်မျှော်နန်းအတွင်း ရှိနေစဉ် စိတ်ကို ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်လိုက်ကတည်းက ဒီလိုနေ့မျိုးနှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း သိထားသည်။
“ အဆိုးဆုံးကို လုပ်ကြည့် ”
တပည့်ငါးယောက်လုံးက ဓားများဖြင့် ဟွားဝူတောက်အား ခုတ်ချလိုက်ကြသည်။
ဟွားဝူတောက်က ခြေထောက်အကွာအဝေးကို ချဲလိုက်သည့်အခါ သူ့ခန္ဓာ၌ သင်္ကေတခြောက်ခု ရစ်ပတ်လာသည်။ သူက ရှေ့တစ်လှမ်းတိုးလာပြီး “လျို့ဟယ်စည်းတံဆိပ် ”
နေရောင်က သင်္ကေတခြောက်ခုမှ ထွက်လာသည့် အလင်းတန်းကို မှေးမှိန်သွားအောင် မလုပ်နိုင်ပေ။
ဘန်း ဘန်း ဘန်း
ဓားစွမ်းအားများက လျို့ဟယ်စည်းတံဆိပ်ပေါ် ကျရောက်သွားသည်။
ဟွားဝူတောက်က လုံးလုံး သက်ရောက်မခံရပေ။ သူက နောက်တစ်လှမ်း ဆက်တိုးလိုက်သည်။
ထိုအရာကို မြင်ပြီး လော့ရှင်းခုံက ကြောင်သွားသည်။ သူက ဟွားဝူတောက်၏ လျို့ဟယ်စည်းတံဆိပ်အကြောင်း ကြားဖူးသည်။ ထိုအရာကို လှောင်ပြောင်ကြသူများစွာ ရှိသလို လိပ်ခွံနည်းစနစ်ဟုပင် ခေါ်ကြသည်။ ယခု သူက မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားမိသည်။
ဘန်း ဘန်း ဘန်း
တပည့်ငါးယောက်လုံးက တိုက်ခိုက်နေရင်း မထိန်းနိုင်တော့ပေ။ လျို့ဟယ်စည်းတံဆိပ်က သူတို့ စိတ်ကူးထားသည်နှင့် နည်းနည်းလေးမှ မနီးစပ်ပေ။ သူတို့က သစ်ပင်ကို လဲဖို့ ကြိုးစားနေသည့် ပုရွက်ဆိတ်များလို ဖြစ်နေသည်။ သူတို့တိုက်ခိုက်မှုများက လျို့ဟယ်စည်းတံဆိပ်ကို ဘာမှမဖြစ်စေပေ။
ဟွားဝူတောက်က နောက်တစ်လှမ်း ဆက်တိုးလိုက်သည်။
လော့ကျန်းက အော်ပြောလိုက်သည်။
“ ဘာစောင့်နေတာလဲ။ ဓားတွေ ပေါင်းစည်းလိုက်ကြ ”
“ နားလည်ပါပြီ ” တပည့်ငါးယောက်က တစ်ပြိုင်နက် ထကာ တစ်သားတည်းအဖြစ် ပေါင်းစပ်လိုက်ကြသည်။
ထိုစဉ် ဟွားဝူတောက် ရပ်နေသည့် နေရာတွင် အစိမ်းရောင် စက်ဝန်းတစ်ခု ပေါ်လာသည်။ထိုစက်ဝန်းက အချင်းအားဖြင့် ငါးမီတာမျှ ရှိသည်။ ဤသည်မှာ ဟွားဝူတောက်၏ ပါကွားစည်းတံဆိပ် ဖြစ်ပေသည်။
“ဗုဒ္ဓကျင့်စဉ် တောက်ပကြေးမုံ …” ကြေးမုံလို တောက်ပသည့် စိတ်နှလုံးသားဖြင့် တစ်ဖက်လူ၏ တိုက်ကွက်အားလုံးကို နားလည်လာစေသည်။ ကောင်းချီးပေးခံထားရသူများက သူတို့ကျင့်ကြံဆင့် သိသိသာသာ တိုးတက်လာကြသည်။ ကျိန်ဆဲသည့်သူများက သူတို့ကျင့်ကြံဆင့် လျော့ကျသွားသည်။
ဤသည်မှာ အသုံးပြုသူကို အားကောင်းလာစေကာ ပြိုင်ဖက်ကို အားလျော့သွားစေသည့် ပိုင်နက် တိုက်ကွက် ဖြစ်ပေသည်။ ထိုတိုက်ကွက်က အနည်းဆုံး နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ရောက်နေဖို့ လိုအပ်သည်။ ကျင့်ကြံဆင့် ပိုမို မြင့်မားလေလေ သက်ရောက်မှုက ပိုကြောက်ဖို့ကောင်းလေလေ ဖြစ်၏။
ကောင်းကင်ဓားဂိုဏ်းက တာအိုဂိုဏ်း ဖြစ်လေရာ ဂိုဏ်းသားများက အဘယ်ကြောင့် ထိုကျင့်စဉ်ကို ကျင့်ကြံထားကြသနည်း။
တစ်ဖက်တွင် ဟွားဝူတောက်က မကြောက်ပေ။ သူ့အမူအရာက တည်ငြိမ်နေဆဲ ဖြစ်ပြီး ရှေ့ဆက်တိုးလာသည်။ ပါကွားက သူ့ခြေထောက်အောက်တွင် ရှိပြီး လျို့ဟယ်စည်းတံဆိပ်တွင် သင်္ကေတသုံးခု ကျန်ရှိနေသေးသည်။ အခြားအရာများကို ပစ်လွှတ်လိုက်သည်။
လော့ကျန်းက ခေါင်းခါလိုက်ပြီး “ငါ့အမိန့်ကို နာခံ … ဒီနေ့ မိစ္ဆာဝေဟင်မျှော်နန်းက တစ်ယောက်ယောက်ကို သတ်ကို သတ်ရမယ် ”
ဟွားဝူတောက်က ပြောလိုက်သည် “ ဒီနေ့ တစ်ယောက်မှ မသတ်နိုင်မှာကို စိုးမိပါ့”
လျို့ဟယ်စည်းတံဆိပ်သည် ရုတ်ချည်းကြီးလာကာ ပြန့်လာသည်။ ထို့နောက် တောက်ပနေသည့် ရွှေရောင်သင်္ကေတကိုးခုလုံး နေရာအနှံ့ ပြန့်နှံ့သွားသည်။
တပည့်ငါးယောက်လုံးက ထိုသင်္ကေတများကြောင့် လွင့်ထွက်သွားပြီး ဓားသိုင်းများကို ထုတ်ဖော်နိုင်ရုံမျှသာ ဖြစ်တော့သည်။
…
အခန်း (၂၄၇) မိစ္ဆာဝေဟင်မျှော်နန်း၏ အမည်ကို ရှင်းလင်းခြင်း
တပည့်ငါးယောက်က သွေးအန်ကုန်ပြီး သူတို့ဓားများ လွှတ်ကျကုန်၏။ သူတို့၏ စွမ်းအင်များက ဖန်ဖြင့် ပြုလုပ်ထားသည့်ပမာ အလွယ်တကူ ဖျက်ဆီး ခံလိုက်ရသည်။ တောက်ပခြင်းကြေးမုံကဲ့သို့ စွမ်းအင်မြှင့်တင်ခြင်း ကြေးမုံဖြင့်တောင် သူတို့၏ခွန်အားကြား ကွာဟချက်ကို မဖြည့်တင်းပေးနိုင်ပေ။ ဟွားဝူတောက်က သူတို့ကျင့်ကြံစဉ် ကွာဟချက်ကို သုံးပြီး ရန်သူများကို ပြီးပြည့်စုံစွာ ချေမှုန်းမှုတစ်ခု ပြုလုပ်ခဲ့၏။ ရန်သူများကို တုံ့ပြန်ရန် အခွင့်မပေးခဲ့ပေ။
“အံ့ဩစရာပဲ”
မြင်ကွင်းက အဘိုးတစ်ယောက်သည် သူ၏မြေးများကို သွန်သင်နေပုံနှင့် ဆင်တူနေ၏။ နှစ်ဖက်လုံးက လုံးဝ ကွဲပြားခြားနားသည့် အဆင့်တွင် ရှိသည်။
လိပ်ခွံကျင့်စဉ်သည် တိုက်ခိုက်ရန်အတွက် အသုံးပြု၍မရဟု မည်သူက ပြောသနည်း။ လိပ်ခွံကျင့်စဉ်သည် လက်ဝှေ့အိတ်တစ်ခုဖြစ်ရန် ကံကြမ္မာသာ ရှိသည်ဟု မည်သူက ဆိုခဲ့သနည်း။ ပရိသတ်များက ထိုအရာကို မြင်ပြီး သွေးများ ဆူပွက်လာတော့သည်။ အများစုက တအံ့တဩ ပြောလိုက်မိ၏။
“ယွင်ဂိုဏ်းရဲ့အကြီးအကဲက တကယ်ကြီး မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်သွားတာပဲ”
“မိစ္ဆာဝေဟင်မျှော်နန်းမှာ အစွမ်းထက်တဲ့ ကူညီပေးမဲ့သူ တစ်ယောက် ရှိနေတယ်။ ကောင်းကင်ဓားဂိုဏ်းက ပြဿနာတက်ပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား”
ဟွားဝူတောက်၏ လျို့ဟယ်စည်းတံဆိပ်က ခြွင်းချက်မရှိ မျက်စိဖမ်းစားနိုင်စွမ်း ရှိပြီး တလက်လက် ဖြစ်နေလေ၏။ ယင်းက လိပ်ခွံကျင့်စဉ်တစ်ခု ဖြစ်သော်ငြား ထုတ်သုံးပြသည့် အချိန်တွင် အထင်ကြီးဖွယ်ကောင်း၏။ အထူးသဖြင့် အက္ခရာကိုးလုံး ထွက်ပေါ်လာသည့် အခါတွင် ဖြစ်သည်။ ရွှေရောင်ရောင်ခြည်နှင့် မုဒြာများ၏ ပေါင်းစည်းမှုက ရွှေသစ်ရွက်တစ်ခုက ၎င်း၏ အကြမ်းဖျင်းပုံပန်းသွင်ပြင် ပြုလုပ်နေသည့်ပမာ ထင်မှတ်ရ၏။ လော့ရှင်းခုံက မြေပြင်ပေါ်ရှိ တောက်ပသော ကြေးမုံကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
ဟွားဝူတောက်က ရှေ့သို့ ဆက်ရွေ့သွားလေ၏။ လျို့ဟယ်စည်းတံဆိပ်က ထပ်မံပေါ်လာသည်။ တပည့်ငါးယောက်က မြေပြင်ပေါ် ဖိချေခံလိုက်ရ၏။ လေးယောက်ကမူ အဆင်ပြေသေးပြီး သူတို့ထဲမှ တစ်ယောက်က နောက်ထပ် သွေးတစ်ပွက်အန်ကာ သေသွားလေ၏။
ထိုအရာကို မြင်သည့်အချိန်၌ မင်ရှစ်ရင်က ခေါင်းခါလိုက်တော့သည်။ “သူက ယွင်ဂိုဏ်းထဲ ရှိလာတာ အတော်ကြာပြီ လုံလောက်အောင် မရက်စက်သေးဘူး အင်း.. တိုးတက်မှုတချို့ ဆိုလိုတာပါပဲလေ၊ ပြောရရင် သူ မိစ္ဆာဝေဟင် မျှော်နန်းထဲ ပထမဆုံး ဝင်တဲ့အချိန်တုန်းက သူ နောက်ထပ် လူတစ်ယောက် သတ်မယ်လို့တောင် ကျုပ် ထင်ခဲ့တာမှ မဟုတ်တာ”
ထိုစဉ် လုကျိုးက မျက်လုံးမှိတ်ထားလျက် အနားယူနေသေး၏။ သူက သေတ္တာနှင့်သော့အကြောင်း တွေးနေပြီး ကျန်ရှိသည့် လူလိမ်လူကောက်များကို မည်သို့ ဖမ်းရမည်ကို တွေးနေလေ၏။ ပဒုမ္မာစင်မြင့်ပေါ်ရှိ အခြေအနေကို သူက အရေးစိုက်မနေချေ။
ဟွားဝူတောက်က ရှေ့သို့ ဆက်ရွေ့လာလေ၏။ သူ လှမ်းသည့် ခြေလှမ်းတိုင်း၌ သူ့ခန္ဓာကိုယ်၌ နောက်ထပ် အက္ခရာတစ်ခုက ရွှေရောင်ရောင်ခြည်ဖြင့် တောက်ပပြီး ပေါ်လာလေတော့သည်။
လော့ရှင်းခုံက ဟွားဝူတောက်ကို စိုက်ကြည့်လျက် ပြောလိုက်၏။
“ဟွားဝူတောက် ယွင်ဂိုဏ်းရဲ့ မဟာအကြီးအကဲတစ်ယောက်က မိစ္ဆာကောင်တွေနဲ့ တစ်ဖက်တည်း ဖြစ်သွားလိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး။ ဒီကိစ္စပြီးသွားရင် ယွင်ဂိုဏ်းကနေ ဖြေရှင်းချက်တစ်ခု တောင်းမယ်”
ဟွားဝူတောက်က ရှေ့သို့ ရုတ်တရက် တက်လာ၏။
ဘီး..
ဟွားဝူတောက်၏ ပေရှစ်ဆယ်ခန့် မြင့်မားသော ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်က အားလုံး၏အထက်၌ ရှိနေလေသည်။
စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်တွေ့သည့်အချိန်၌ ကောင်းကင်ဓားဂိုဏ်း၏ တပည့်များက ပျော့ခွေကုန်၏။ သူတို့က ၎င်းနှင့် အလွန်နီးကပ်စွာ ရပ်နေသောကြောင့် ဖိနှိပ်ခံနေရကာ အကြီးအကဲငါးဦးနှင့် လော့ရှင်းခုံ၏ မျက်နှာထက်တွင်လည်း ကြောက်လန့်သည့် အမူအရာ ရှိနေလေ၏။
ကြည့်နေသည့်သူများကလည်း ပါးစပ်အဟောင်းသား ရှိနေလေ၏။
“ပွင့်ချပ်ခုနှစ်လွှာ..”
“ဒါက ပွင့်ချပ်ခုနှစ်လွှာပဲ.. တော်တော်များများ တစ်ဘဝလုံး ကြိုးစားခဲ့တာတောင် အဲဒါကို မရနိုင်ဘူး”
သို့သော်.. ဟွားဝူတောက် တစ်ယောက်တည်းဖြင့် ကောင်းကင်ဓားဂိုဏ်းနှင့် မိစ္ဆာဝေဟင်မျှော်နန်းကြားရှိ ရန်ကြွေးက ရင်ကြားစေ့၍ မရနိုင်သော ကွာဟချက်ကြီးတစ်ခု ဖွင့်လှစ်လိုက်ပုံရသည်။
ကြည့်နေသည့်သူများကလည်း အုတ်အော်သောင်းတင်း ဖြစ်ကုန်၏။
“သူတို့ ဒါကို ဘယ်လိုလုပ် တိုက်ခိုက်နေတာလဲ တိုက်ခိုက်မှာလား”
“တိုက်ခိုက်ဖို့အကြောင်း မေ့လိုက်တော့လေ”
“ကောင်းကင်ဓားဂိုဏ်းက အရှက်ခွဲခံရဖို့ တောင်းဆိုနေတာပဲ”
ထိုစဉ် ရထားလုံပျံထဲရှိ မင်ရှစ်ရင်က ပြောလိုက်၏။
“အကြီးအကဲဟွားရေ အငယ်တွေကို အနိုင်မကျင့်နဲ့လေ”
ဟွားဝူတောက်က ခေါင်းညိတ်လိုက်၏။ သူက မြေပြင်ပေါ် ခြေဖျားထောက်လျက် ဆင်းသက်လိုက်သည်။ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားပြီးနောက် သူက တိမ်ဆိုင်ပမာ ပေါ့ပါးသော လှုပ်ရှားမှုဖြင့် ရထားလုံးပျံဆီသို့ ပြန်လာလေ၏။ ကွာဟချက်က ကြီးမားလွန်းသည်။ တိုက်ခိုက်လျှင် အဓိပ္ပာယ်မဲ့နေ၏။
“ဒီမှာ ငါ လာပြီ”
ရှောင်ယွမ်အာသည် ရထားလုံးပျံပေါ်ကနေ ခုန်ဆင်းလိုက်၏။ ပရိသတ်များကလည်း ကြောင်အကုန်သည်။
“သူတို့ ဘာလုပ်နေကြတာလဲ”
“ဟွားဝူတောက်နဲ့ လုံလောက်နေပြီ မဟုတ်ဘူးလား၊ ဘာကြောင့် သူတို့ လူလဲနေရတာလဲ”
မည်သို့ပင် ဆိုစေကာမူ ပွဲကြည့်ပရိသတ်များက ပွဲကြည့်ရန် ရှေ့တိုးလာကြ၏။ ဆိုရလျှင် တိုက်ပွဲက တစ်ဖက်သတ် ဖြစ်နေလျှင် ပျင်းစရာကောင်းလွန်း၏။
“အဲဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ နဝမမြောက်တပည့် စီယွမ်အာလေ”
“သူ့အနားမှာ အနီရောင်ကြိုးစကြီးကို ဘာကြောင့် သယ်လာရတာလဲ၊ သူ လက်ထပ်ဖို့ စီစဉ်နေတာလား”
ထိုမှတ်ချက်ကို ပြောပြီးသည်နှင့် နိဗ္ဗာနခါးစည်းသည် ရှောင်ယွမ်အာဆီကနေ နဂါးတစ်ကောင်ပမာ သူ့ဆီသို့ ပျံသန်းလာ၏။ ပွဲကြည့်ပရိသတ်များကလည်း ကြောက်လန့်ပြီး တကွဲတပြား နောက်ဆုတ်ကုန်၏။ ထိုလူက တုံ့ပြန်ရန် အချိန်တောင် မရလိုက်ဘဲ နိဗ္ဗာနခါးစည်းဖြင့် ဝေဟင်ထဲသို့ ခပ်မြန်မြန် ဆွဲမခံလိုက်ရသည်။ ပြီးနောက် ခါးစည်းက ၎င်း၏ ချုပ်နှောင်ထားမှုကို ဖြည်လိုက်၏။
နက်နဲမှု အလင်းပွင့်ခြင်းနယ်ပယ်သို့ ဝင်ရောက်ကာစ ကျင့်ကြံသူသည် လေထဲ၌ ခြေလွတ်လက်လွတ် စတင်ပြုတ်ကျလာ၏။ လေထဲကနေ စိတ်ပျက်အားငယ်ဖွယ် အော်သံ ပေါ်ထွက်လာပြီးနောက် သူက မြေပြင်ပေါ်ပြုတ်ကျကာ မျက်နှာတွင် သွေးများစွန်းထင်းကုန်၏။
“အဲဒီအဝတ်အစားတဲ့လား၊ ဒါက နင့်ပါးစပ် ပိတ်ထားဖို့ သင်ပေးလိုက်တာပဲ”
ရှောင်ယွမ်အာက အခဲမကျေစွာ ပြောလိုက်လေ၏။
“ကြမ်းတမ်းလိုက်တဲ့ မိန်းကလေးပဲ”
ထိုစဉ် အမြင်ကောင်းရှိသည့် တစ်စုံတစ်ယောက်က တအံ့တဩပြောလိုက်၏။
“ကောင်းကင်အဆင့်လက်နက် အဲဒါက ကောင်းကင်အဆင့်လက်နက်ပဲ”
“မိစ္ဆာဝေဟင်မျှော်နန်းက ရတနာတွေနဲ့ ပြည့်နေတယ်လို့ ပြောကြတယ် အဲဒါ အမှန်ဖြစ်ပုံပဲ”
“မင်းပါးစပ် ပိတ်ထားတာ အကောင်းဆုံးပဲ အဲဒီအစ်ကိုက အခြေအနေ ဆိုးနေပြီ”
ရှောင်ယွမ်အာက စင်အောက်ရှိ ထိုလူများကို ကြည့်တောင်မကြည့်ပေ။ နိဗ္ဗာနခါးစည်းသည် သူမဆီသို့ ပျံသန်းနေသော နဂါးတစ်ကောင်ပမာ ပြန်ရောက်လာပြီး သူမအားတစ်ဝိုက် ရစ်ပတ်လိုက်၏။
သူမက ကောင်းကင်ဓားဂိုဏ်းမှ လူများကို ပြုံးလျက် ကြည့်လိုက်တော့သည်။ သူမသည် လော့ရှင်းခုံကို လက်ညှိုးထိုးလျက် သူ့ကို ရှေ့တက်လာရန် ညွှန်ကြားလိုက်၏။
“အဘိုးကြီး ကျွန်မက ရှင့်ရဲ့ပြိုင်ဘက် ဖြစ်ပေးမယ်”
ကောင်းကင်ဓားဂိုဏ်း၏ တပည့်များကလည်း နောက်တစ်လှမ်း ဆုတ်လိုက်ကြသည်။ အများစုက ဤနေရာသို့ ရောက်လာခြင်းကို နောင်တရနေကြပြီဖြစ်သည်။ သူတို့သည် ဤကဲ့သို့ ပြောင်ကျသော အပြုအမူဖြင့် မိစ္ဆာဝေဟင်မျှော်နန်းကို အဘယ်ကြောင့် ဆန့်ကျင်ရမည်နည်း။
“အားအနည်းဆုံး လူဆိုးကတောင် သိပ်ကြောက်ဖို့ကောင်းတာ ငါတို့ ဘယ်လိုတိုက်ခိုက်ရတော့မှာလဲ”
“ငါက မင်းရဲ့ပြိုင်ဘက် ဖြစ်ပေးမယ် ကောင်မလေး”
လော့ရှင်းခုံ၏နောက်ရှိ အကြီးအကဲငါးဦးထဲမှ တစ်ဦးဖြစ်သည့် လော့ကျန်းက ထပ်ပြီးသည်းမခံနိုင်တော့ပေ။ သူ၏ဓားကို လေထဲ ဝေ့ယမ်းလျက် သူ စကားပြောတာ ရပ်လိုက်၏။ ဓားစွမ်းအင်က ပေါ်ထွက်လာသည်။ ပဒုမ္မာကြာစင်မြင့်ထက်၍ ငွေမှင်ရောင်ဓားစွမ်းအင်များက တဖြတ်ဖြတ် ကခုန်နေကြလေ၏။ ရှောင်ယွမ်အာကမူ သတိအနေအထားကို မလျော့ချေပေ။ သူမက နောက်သို့ နှစ်လှမ်းဆုတ်လိုက်ပြီးနောက် နိဗ္ဗာနခါးစည်းဖြင့် တိုက်ကွက်များကို တန်ပြန်တိုက်ခိုက်တော့၏။
တစ်စုံတစ်ယောက်က ပြောလိုက်သည်။
“လော့ကျန်းက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ပဲ သူ့မှာ ပွင့်ချပ်မရှိဘူး သူက ကောင်းကင်ဓားဂိုဏ်းရဲ့ လက်ရွေးစင်တွေထဲက တစ်ယောက်”
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ န၀မတပည့်ရဲ့ ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်မှာပဲ ရှိသေးတယ်လို့ ကြားထားတယ်၊ ကောင်းကင်ဓားဂိုဏ်းက အခုဆို သူတို့ဂုဏ်သိက္ခာတချို့ကို အဖတ်ဆယ်နိုင်မှာပါလေ”
ပွဲကြည့်ပရိသတ်များက ဆွေးနွေးပြီးချိန်၍ ရှောင်ယွမ်အာ၏ နိဗ္ဗာနခါးစည်းသည် အရပ်မျက်နှာအနှံ့ ကြမ်းတမ်းစွာ ဝင်ရောက်သွားသည်။
ရှောင်ယွမ်အာက လေထဲ ခုန်ဆင်းလျက် သူမခြေကုပ်ယူစရာအဖြစ် နိဗ္ဗာနခါးစည်းကို သွက်သွက်လေး အသုံးပြုလိုက်သည်။ ယင်းက ခုနှစ်စင်ကြယ် တိမ်ခြေလှမ်း ဖြစ်ပေ၏။
ဘန်း ဘန်း ဘန်း ဘန်း..
သူမသည် လော့ကျန်းကို နိဗ္ဗာနခါးစည်းဖြင့် နောက်သို့ တွန်းလိုက်ပြီး အဟုန်ဖြင့် ခြေမှုန်းလိုက်၏။ လော့ကျန်းက သူ့ပြိုင်ဘက်သည် ထိုမျှ အစွမ်းထက်လိမ့်မည်ဟု မထင်ထားပေ။ သူ နောက်ဆုတ်နေစဉ် အမူအရာက ရှုံ့မဲ့နေလေ၏။
“တောက်ပခြင်းကြေးမုံ”
လော့ကျန်းသည် တောက်ပခြင်းကြေးမုံ၏ အကျယ်အဝန်းအတွင်း ဝင်ရောက်သည်နှင့် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာသည်။ တောက်ပခြင်းကြေးမုံ၏ အားဖြည့်ပေးမှုအောက်၌ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က ပွင့်ချပ်ပေါ်ထွက်လာ၏။ ယင်းက ရုတ်တရက် တိုးလာသည့် စွမ်းအင်ဖြစ်ကာ သူ့ဓားစွမ်းအင်၏ဖိအား သူ့အတွင်းအားကို တိုးစေ၏။
“ဂရုစိုက် ရှောင်ရှစ်မေ့”
မင်ရှစ်ရင်က အပေါ်ကနေ ရှောင်ယွင်အာကို သတိပေးလိုက်လေ၏။
“ဒါယူလိုက်”
လော့ကျန်းက မြေပြင်ပေါ် ခြေနှစ်ဖက်ဆောင့်နင်းလျက် ရှောင်ယွမ်အာဆီသို့ တစ်ဟုန်ထိုး ဝင်သွားတော့သည်။ သူ့လက်ထဲရှိ ဓားကို ဝေ့ယမ်းလျက် ရှောင်ယွမ်အာဆီသို့ ပိုင်းဖြတ်လိုက်သည်။ ဓားထိပ်ဖျားက ရွှေရောင်အလင်း ဖျတ်ခနဲ ပေါ်လာလျက် သူသည် အလင်းတန်းအသွင် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။ မင်ရှစ်ရင်က မျက်မှောင်ကြုတ်နေ၏။ သူ ရှောင်ယွမ်အာကို ကူညီသင့်လားဟူ၍ တွေးနေတော့သည်။
ဝှစ်..
ရှောင်ယွမ်အာ၏ စိတ်ဝိညာဉ်သဏ္ဌာန်က သူမနောက်၌ ပေါ်လာတော့သည်။ သူမ၏ စိတ်ဝိညာဉ်သွင်ပြင် ထူးကဲလှသည်။ ယင်းသည် အရွယ်ရောက်ပြီး ဖြစ်စဉ်အတွင်း ကလေးတစ်ဦးနှင့်တူပေ၏။ ယခင်ကနှင့် ယှဉ်လျှင် ဆယ်ပေ ပိုမြင့်လာ၏။ အရေးအကြီးဆုံးက သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်သည် ယခုအချိန်၌ ပွင့်ချပ်တစ်လွှာ ရှိနေတာပဲ ဖြစ်သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူက ပွင့်ချပ်တစ်လွှာ ရှိတယ်”
“သူက တိုက်ပွဲအလယ်မှာ ပွင့်ချပ်တစ်လွှာပေါ်လာတယ်လား သူက ပွင့်ချပ်တစ်လွှာနဲ့ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ပဲ.. သူက နတ်ဒေဝါဦးတည်နယ်ပယ် မဟုတ်ဘူးဟေ့”
ရှောင်ယွမ်အာ၏ လုပ်ဆောင်ချက်က မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများ၏အမြင်ကို ပြောင်းလဲလိုက်၏။ ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီဖြင့် လူများစွာ ရှိသည်။ သို့သော်ငြား ရှောင်ယွမ်အာသည် ၆နှစ်အတွင်း နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ ဝင်ရောက်ပြီး ပွင့်ချပ်တစ်လွှာ ရနိုင်ခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ယင်းက ပြိုင်ဘက်မရှိ ဘယ်တော့မှ ဖြစ်မလာနိုင်တော့လောက်ပေ။
ရှောင်ယွမ်အာက ကြည့်နေစဉ် လော့ကျန်းက သူ့ကို ဝင်ရောက်တိုက်ခိုက်လေ၏။ နောက်ဆုတ်ရမည့်အစား သူမ ရှေ့တိုးသည်။ လေထဲ၌ ပျံသန်းလျက် သူနှင့် ထိပ်တိုက်ရင်ဆိုင်တော့၏။
“သိပ်နောက်ကျသွားပြီ”
လော့ကျန်းက နှာခေါင်းရှုံ့လိုက်သည်။ သူ့လက်ထဲရှိ ဓားက ရှစ်စင်းအဖြစ် ရုတ်တရက် ခွဲထွက်သွား၏။ ဓားစွမ်းအင်ရှစ်ခုသည် ရှောင်ယွမ်အာဆီသို့ တိုးဝင်သွားလေ၏။
တောက်ပခြင်းကြေးမုံ၏ လွှမ်းမိုးမှုအောက်တွင် ယင်းက ပိုတောင်အစွမ်းထက်နေပုံရသည်။
ဝှစ်..
“အဲဒါဘာလဲ..”