အခန်း (၂၄၇-၂၄၉)
Vol. 17 Ch. 247-249
အခန်း (၂၄၇) မိစ္ဆာဝေဟင်မျှော်နန်း၏ အမည်ကို ရှင်းလင်းခြင်း (ခ)
“မဖြစ်နိုင်တာ တိမ်ယံငှက်မွေးဝတ်စုံလား”
“နေအုံး သူ့မှာ တိမ်ယံငှက်မွေးဝတ်စုံ ရှိနေရုံတင်မကဘူး တိမ်ယံခြေလှမ်းဖိနပ်လည်း ရှိနေတာပဲ”
တိမ်ယံငှက်မွေးဖိနပ်နှင့် ခုနှစ်စင်ကြယ် တိမ်ခြေလှမ်းတို့က အင်မတန် အစွမ်းထက်ပေ၏။ ရှောင်ယွမ်အာက နိဗ္ဗာနခါးစည်းကိုပါ တစ်ပါတည်း သယ်လာပြီး လော့ကျန်းက ဓားစွမ်းအင်များဖြင့် တိုက်ခိုက်နေသော်ငြား သူ့အထက်၌ ပျံဝဲနေလေ၏။ ဓားစွမ်းအင်များက အချည်းနှီးဖြစ်ကုန်ပြီး သူမက လော့ကျန်းကို ထိုးနှက်လိုက်သည်။ သူမ၏မျက်နှာထက်၌ လှောင်ပြောင်သည့် အပြုံးတစ်ပွင့် ပေါ်လာလျက် ပြောလိုက်တော့၏။
“ရှင်က သိပ်အားနည်းတာပဲ”
ထိုသို့ ပြောပြီးနောက် သူမက သူ့ကို ပြင်းထန်စွာ ကန်လိုက်တော့၏။
ဘန်း..
တင်း.. နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ပစ်မှတ်ကိုသတ်ပြီးပါပြီ ဆုလာဘ်ကုသိုလ်မှတ် တစ်ထောင်..။
ထိုစဉ် ပဒုမ္မာစင်မြင့်ထက်၌ တိတ်ဆိတ်မှုတို့ ကြီးစိုးသွားလေ၏။
ပြုတ်ကျသွားသည့် လော့ကျန်းကို စိုက်ကြည့်နေပြီး ပွဲကြည့်ပရိသတ်များက တံတွေးမျိုချကုန်၏။
မဟာကောင်းကင်ဓားဂိုဏ်းရဲ့အကြီးအကဲက ကန်ချက်တစ်ချက်တည်းနဲ့ သေသွားတယ်လား။
“အကြီးအကဲလော့..”
တပည့်နှစ်ယောက်က လော့ကျန်းကို စစ်ဆေးရန် ကမန်းကတမ်း သွားလိုက်လေ၏။
“အကြီးအကဲလော့ သေသွားပြီ”
ရှောင်ယွမ်အာက သူတို့ကို အာရုံမစိုက်ပေ။ သူမက လေထဲတွင် ပျံဝဲနေပြီး လော့ရှင်းခုံကို လက်ဟန်ပြလိုက်၏။
“သူတို့က မလုံလောက်ဘူး ရှင်ပဲ ကျွန်မပြိုင်ဘက် ဖြစ်သင့်တာ”
ကျန်ရှိသည့် အကြီးအကဲလေးဦးက ယင်းကို လက်မခံနိုင်တော့ပေ။
“လော့ရုံ အဲဒီကောင်မလေးကို သွားသတ်လိုက် လော့ကျန်းအတွက် လက်စားချေပေး”
လော့ရုံသည် မဟာအကြီးအကဲ ငါးဦးထဲမှ တစ်ဦးဖြစ်၏။
“ရှောင်ရှစ်မေ့ မင်းက နှေးလွန်းတယ် ငါ့ကို တိုက်ခွင့်ပေး”
မင်ရှစ်ရင်က ပြောပြီးသည်နှင့် ဖြည်းဖြည်းချင်း ဆင်းသက်လာလေ၏။ ပွဲကြည့်ပရိသတ်များကလည်း မင်ရှစ်ရင်ဆီ ကြည့်လိုက်ကြသည်။
“သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထမြောက်တပည့်ပဲ ဖြစ်ရမယ်”
ရှောင်ယွမ်အာက နှုတ်ခမ်းဆူလျက် ပြောလိုက်တော့သည်။
“ရှစ်ရှိုး.. ညီမ မလုံလောက်သေးဘူးလေ”
“လိမ္မာတဲ့ ကောင်မလေးလုပ်၊ မင်း တိုက်ခိုက်ပြီးပြီလေ”
“ဟမ့်..”
ရှောင်ယွမ်အာက ရထားလုံးပျံပေါ်သို့ ပြန်သွားလေ၏။
မင်ရှစ်ရင်က လက်နောက်ပစ်ထားလျက် ပဒုမ္မာစင်မြင့်ထက်၌ ရပ်နေသည်။ သူက ကောင်းကင်ဓားဂိုဏ်း၏ လူများကို ကြည့်ပြီး ပြောလိုက်တော့၏။
“ကျုပ်က ကျုပ်ရဲ့ရှောင်ရှစ်မေ့လို မဟုတ်ဘူး ထိန်းချုပ်ထားမှာ မဟုတ်ဘူး လာလိုက်လေ”
ဒီတော့မှ ပွဲကြည့်ပရိသတ်များမှ နားလည်သဘောပေါက်သွားသည်။ မိစ္ဆာဝေဟင်မျှော်နန်းသည် ကောင်းကင်ဓားဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ရန် ရောက်လာရုံသာမက သူတို့က မိစ္ဆာဝေဟင်မျှော်နန်းသည် အစွမ်းထက်သေးဆဲ ဆိုတာကို သက်သေပြရန် ဤနေရာသို့ ရောက်လာတာလည်း ဖြစ်သည်။ သူတို့သည် သူတို့၏ယခင် ဂုဏ်သရေကို ပြန်လည်ရရှိအောင် ကြိုးစားနေတာဖြစ်နိုင်၏။ မိစ္ဆာဝေဟင်မျှော်နန်းထဲမှ ထွက်သွားသည့် ပထမ၊ ဒုတိယနှင့် တတိယတပည့်ကိုသာ သူတို့ မှတ်မိခဲ့တာ ဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်း၌ ကျန်သည့် တပည့်များ ရှိနေသေးဆဲကို သူတို့ မေ့နေတာ ဖြစ်ဟန်တူသည်။ ထို့အပြင် ကျန်ရှိသည့် တပည့်များက လက်ရွေးစင်မျိုးစုံကို စိန်ခေါ်ပြီး ကုန်းမြေများစွာကို ခရီးနှင်ခဲ့သည့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့လောက် အစွမ်းထက်ပုံပေါ်၏။
“အဓိပ္ပာယ်မဲ့လိုက်တာ”
လော့ရုံက ဓားကို မြှောက်လိုက်၏။ သူ၏အကြည့်များက အေးစက်နေသည်။ သူက သေခြင်းရှင်ခြင်းကို အမှုမထားတော့သည့်ပမာ မျက်လုံးမှိတ်လျက် အသက်ပြင်းပြင်းရှုလိုက်သည်။ နောက်ဆုံး၌ သူ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့၏။ ပွဲကြည့်ပရိသတ်များက သူတို့ဘာသာသူတို့ စဆွေးနွေးပြန်၏။
“လော့ရုံက မဟာအကြီးအကဲ ငါးယောက်ထဲက တစ်ယောက်လေ သူက နောက်ဆုံးထိုးနှက်ချက်အတွက် လူသိများပြီး ကျွမ်းကျင်တဲ့သူတစ်ယောက်ပဲ သူရင်ဆိုင်ခဲ့တဲ့ ကျင့်ကြံသူတွေက သူ့ဆီက သုံးကွက်ထက်ပိုပြီး မခံနိုင်ကြဘူးလို့ ကောလာဟလရှိတယ်”
“သူက အဲဒီလောက် အစွမ်းထက်တယ်လား”
“ပြောရရင် သူက ကောင်းကင်ဓားဂိုဏ်းရဲ့အကြီးအကဲ တစ်ယောက်ပဲလေ၊ ဒါ့အပြင် သူ့အသက်ကို အမှုမထားလောက်ရအောင် တည်ရှိပြီးသား မိစ္ဆာဝေဟင်မျှော်နန်းက တိုက်ခိုက်ဖို့အတွက် ဟွားဝူတောက်ကို လွတ်ပေးသင့်တယ်”
လော့ရုံက မျက်နှာသေဖြင့် မင်ရှစ်ရင်ကို ကြည့်နေလိုက်သည်။ သူ၏ဓား လှုပ်ရှားပြီး ခန္ဓာကိုယ်ထဲက ကနဦးချီများ ပေါ်ထွက်လာတော့သည်။ သူလှုပ်ရှားသည့်အချိန်၍ ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့၏။
ထိုအရာကို မြင်သောအခါ ပွဲကြည့်ပရိသတ်များက အံ့ဩမှုကြောင့် ပင့်သက်ရှိုက်မိသွားကြပြီး အာရုံစိုက်ပြီး ကြည့်နေကြ၏။
“မြန်လိုက်တာ..”
မြင်ကွင်းသည့် မင်ရှစ်ရင်ကို လူရိပ်၁၂ရိပ် တစ်ပြိုင်နက်တည်းနီးပါး တိုက်ခိုက်နေသည်နှင့် ဆင်တူ၏။
မင်ရှစ်ရင်က ပြုံးလျက် ရှေ့တိုးလိုက်သည်။
ဗြိ..
ပဒုမ္မာစင်မြင့်ကို ဖြတ်လျက် စုတ်ပြဲသည့်အသံတစ်သံက ပေါ်ထွက်လာသည်။ ကနဦးချီနှင့် ဓား၏တုန်နှုန်းက ရုတ်တရက် ရပ်တန့်သွားလေ၏။ အရာအားလုံးက ယခုအချိန်တွင် လုံးဝ ရပ်ဆိုင်းသွားပုံရသည်။ ပြိုင်ဘက်နှစ်ယောက်က နေရာချင်းလဲလိုက်၏။ ယခုဆို သူတို့ တစ်ယောက်နှင့်တစ်ယောက် ကျောပေးပြီး ရပ်ထားတာ ဖြစ်သည်။
လော့ရုံက မျက်လုံးအပြူးသား ဖြစ်နေသည်။ သူက အသက်ရှုထုတ်လိုက်သော်ငြား အသက်ရှုမသွင်းနိုင်ခဲ့ပေ။ သူ့နှုတ်ခမ်းက တုန်ယင်နေလျက် ရေရွတ်ပြောလိုက်သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ပြီးနောက် မြေပြင်ပေါ် မျက်နှာဖြင့် ပြုတ်ကျသွားလေသည်။
“တင်း.. နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ပစ်မှတ်ကို သတ်ပြီးပါပြီ ကုသိုလ်မှတ် တစ်ထောင်..”
လော့ရှင်းခုံက မျက်မှောင်ကြုတ်လိုက်လေ၏။ သူက သူတို့ဘက်ကို လှည့်ကြည့်လာသော မင်ရှစ်ရင်ကို ကြည့်လိုက်လေသည်။
ပွဲကြည့်ပရိသတ်က အင်မတန် ကြောက်ရွံ့သွားတော့၏။
“အစကနေ အဆုံးအထိ သူက တစ်ကွက်ပဲ လှုပ်ရှားသွားတာ”
“ဒါကို သူ ဘယ်လို လုပ်လိုက်တာလဲ”
ပွဲကြည့်ပရိသတ်အများစုက သူတို့၏ ကျင့်ကြံဆင့်ကြောင့် မည်သို့ဖြစ်ပျက်သွားမှန်း အမီမလိုက်နိုင်ခဲ့ပေ။ သူတို့က ပုံရိပ်များ ကန့်လန်ဖြတ်သွားသည်ကိုသာ မြင်လိုက်ရပြီး စုတ်ပြဲသံအသံတစ်သံ ကြားလိုက်ရပြီး ပြီးဆုံးသွားတာပဲ မြင်လိုက်ရ၏။ စွမ်းအင်များ တိုက်ခိုက်မှု သို့တည်းမဟုတ် တောက်မုဒြာများ ထိတိုက်မှုကိုလည်း မတွေ့လိုက်ရပေ။
“နောက်ထပ် ဘယ်သူလဲ”
မင်ရှစ်ရင်က တည်ငြိမ်စွာ မေးလိုက်၏။ အကြီးအကဲသုံးယောက်ကျန်သည်။ သူတို့က ဖြုံလောက်သည့် ခြိမ်းချောက်မှုတစ်ရပ် မဟုတ်တော့ပုံရသည်။
ပွဲကြည့်ပရိသတ်က ခေါင်းခါလိုက်လေ၏။
“ရလဒ်က ရှင်းနေပြီ ကောင်းကင်ဓားဂိုဏ်းက ပြီးသွားပြီပဲ”
“သူတို့ဘက်မှာ တောက်ပခြင်း ကြေးမုံရှိတယ် ဒါတောင်မှ သူတို့ အလွယ်တကူ ချေမှုန်းခံရတယ် ကျင့်ကြံခြင်းလောကက မိစ္ဆာဝေဟင်မျှော်နန်းကို လျော့တွက်ခဲ့တာပဲ”
“ကျန်တဲ့အကြီးအကဲ သုံးယောက်က နတ်ဒေဝါဦးတည်နယ်ပယ်အထွတ်အထိပ်မှာပဲ ရှိတာ သူတို့တွေက မိစ္ဆာဝေဟင်မျှော်နန်းကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
မင်ရှစ်ရင်က ကောင်းကင်ဓားဂိုဏ်းမှ လူများကို ကြည့်ပြီး ထပ်ပြောလိုက်လေ၏။
“လော့ရှင်းခုံ ခင်ဗျား ရှေ့တက်လာဖို့ အကြံပေးလိုက်မယ်”
လော့ရှင်းခုံက ဒေါသထွက်နေသော်ငြား သူက မလှုပ်ရှားခဲ့ပေ။ လှုပ်ရှားရန်အတွက် ပြီးပြည့်စုံသော အခွင့်အရေးတစ်ခုကို စောင့်နေပုံပေါ်သည်။ သူက ရထားလုံးပျံကို ရံဖန်ရံခါ လှမ်းကြည့်ချိန်၌ ဤကိစ္စများက သူနှင့် ဘာမှမသက်ဆိုင်သည့်ပမာ လုကျိုး၏ မျက်လုံးများ ပိတ်ထားဆဲ ဖြစ်တာကို တွေ့လိုက်ရသည်။ သူက ယခုအချိန်တွင် မွန်းကျပ်လာတော့သည်။ သူက နောက်ကို လှည့်ကြည့်လိုက်၏။ ဗလာကျင်းနေလေသည်။
“စစ်ရှစ်တိ ငါ့အလှည့်ရောက်ပြီ”
သွမ့်မုရှန်းက သူ၏()လှံကို ဝေ့ယမ်းလိုက်သည်။
“မင်ရှစ်ရင်..”
“ကျေးဇူးပြုပြီး မလုပ်လိုက်ပါနဲ့ ကျုပ် မလုံလောက်သေးဘူးလေ”
မင်ရှစ်ရင်က မျက်လုံးလှန်ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“စန်းရှစ်ရှိုး ရှစ်ရှိုးတိုက်ခိုက်ဖို့ မတန်ပါဘူး ရှစ်စွင်းနဲ့ပဲ နေသင့်တယ် ဒီလူတွေကို တိုက်ခိုက်တာက ရှစ်ရှိုးအဆင့်နိမ့်စေမှာ”
ထိုစကားကို ကြားသောအခါ ပွဲကြည့်ပရိသတ်၏ စိတ်ထဲတွင်မူ မတူညီသည့်အတွေးများ ရှိကြသည်။
“ပြောတာ နားထောင်ကြည့်ကြစမ်း ဒါက ရည်မွန်တဲ့လူတစ်ယောက် ပြောတဲ့စကားတဲ့လား”
“ဒါကြောင့် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တတိယတပည့်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂိုဏ်းချုပ်နဲ့ အဆင့်တူတဲ့ လက်ရွေးစင်လို့ ပြောတာလား”
ထိုယူဆချက်က ချဲ့ကားရာ မရောက်ပေ။ ဆိုရလျှင် တပည့်ကြီး ယွီကျန့်ဟိုင်နှင့် ဒုတိယတပည့် ဓားနတ်ဆိုး ယွီရှန်းရုန်တို့က ကျင့်ကြံခြင်းလက်ရွေးစင်များ ဖြစ်ကြသည်။ သူတို့နှစ်ယောက်သည် ပွင့်ချပ်ရှစ်လွှာ ရှိခဲ့တာ အတော်ကြာပြီဟု ကောလာဟလ ရှိခဲ့၏။ တတိယမြောက်တပည့်သည် မိစ္ဆာဝေဟင်မျှော်နန်းသို့ ဝင်ခဲ့တာ အတော်လေး စော၏။ ထို့ကြောင့် သူ၏ကျင့်ကြံဆင့်ကလည်း ဂုဏ်ယူဖွယ် ကောင်းလောက်ပေသည်။ မင်ရှစ်ရင်က သူ့ရှေ့ရှိလူများကို ပြောလိုက်လေသည်။
“တိုက်ခိုက်ချင်တဲ့သူ ရှိသေးလား”
ယခုအချိန်တွင် လေထုက လေးကန်သွားပုံရသည်။ လော့ရှင်းခုံသည် အကြီးအကဲသုံးယောက်ကို လှည့်ကြည့်လိုက်၏။
“ဒါ ဘာဟာသပြဇာတ်လဲ မိစ္ဆာဝေဟင်မျှော်နန်းက ဘယ်တပည့်မဆို ငါတို့ကို အလွယ်တကူ ချေမှုန်းနိုင်တာလေ သူက ငါတို့အသက်ကို ပစ်ထုတ်ဖို့ ပျော်မယ်များ ထင်နေတာလား”
ရုတ်တရက်တွင် အကြီးအကဲများထဲမှ တစ်ဦးက တစ်ဖက်သို့ ဓားကို ပစ်တင်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။
“ငါ ထွက်တယ်..”
ပရိသတ်များက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ ဖြောင့်မတ်ခြင်းလမ်းစဉ်တွင် သစ္စာဖောက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းက ရွံ့ရှာမုန်းတီးဖွယ် ကောင်းပြီး ခွင့်မလွတ်နိုင်စရာဟု သတ်မှတ်ထားသည်။ ထိုကဲ့သို့ ကိစ္စရပ်သည် ကောင်းကင်ဓားဂိုဏ်း၌ ဖြစ်လာသည်ကို တွေးကြည့်လျှင် ယင်းက လော့ရှင်းခုံအဖို့ ဒေါသမထွက်ဖို့က မဖြစ်နိုင်ပေ။
“ငါလည်းထွက်တယ်”
ကျန်ရှိသည့် အကြီးအကဲနှစ်ဦးက ဓားကို ဘေးသို့ ပစ်တင်လိုက်၏။
လော့ရှင်းခုံက ညာလက်ကို မြှောက်လျက် အမူအရာက ပြောင်းလဲသွားတော့သည်။
ရွှေလက်သီးက အကြီးအကဲ နှစ်ယောက်ဆီသို့ ဝင်သွားလေ၏။
ဘန်း ဘန်း..
တစ်ချိန်တည်းတွင် အကြီးအကဲနှစ်ယောက်သေဆုံးသွားသည်။
လော့ရှင်းခုံက မျက်နှာသေဖြင့် ပြောလိုက်လေ၏။
“ကောင်းကင်ဓားဂိုဏ်းရဲ့အကြီးအကဲ လော့ထျန်းရှန်နဲ့ လော့ဟုန်ကျုံးတို့က ရန်သူရှေ့မှာပဲ ထွက်ပြေးခဲ့ကြတယ် နေရာမှာတင် သတ်ဖြတ်တယ်”
ပွဲကြည့်ပရိသတ်များ၏ မျက်နှာထက်တွင် ကြောက်ရွံ့သည့် အမူအရာ ရှိလာ၏။
“ရက်စက်လိုက်တာ”
ထိုစဉ် ပွဲကြည့်ပရိသတ်များကလည်း ပွဲစဉ်သည် အထွတ်အထိပ်သို့ ရောက်နေပြီမှန်း သိလိုက်၏။ သူတို့က တင်းမာသည့်အမူအရာ ရှိနေသည့် လော့ရှင်းခုံကို ကြည့်လိုက်ကြသည်။ အစကနေ အဆုံးအထိ သူတစ်ယောက်တည်း မျက်နှာထိမျက်နှာထား အေးစက်၊ ဒေါသထွက် လက်စားချေလိုစိတ် ရှိနေသူ ဖြစ်သည်။ ထိုစဉ် ရထားလုံးပျံထဲက အသံတစ်သံ ပေါ်ထွက်လာ၏။
“ဂိုဏ်းချုပ်လော့ ဘာကြောင့်များ ဒါမျိုး လုပ်ရတာလဲ”
ကျန်သည့်သူများက လှည့်ကြည့်လာကြသည်။ ပြောလိုက်သည့်သူက လုကျိုးလည်းမဟုတ် ဟွားဝူတောက်လည်း မဟုတ်ပေ။ ထိုအစား ကောင်းကင်ဓားဂိုဏ်း၏ အရင်တပည့်ကြီး ကျိုးကျစ်ဖုန်း ဖြစ်သည်။
“သစ္စာဖောက်..”
လော့ရှင်းခုံက ကျိုးကျစ်ဖုန်းကို မြင်သည်နှင့် ကျိန်ဆဲလိုက်၏။
ကျိုးကျစ်ဖုန်းက လုကျိုးကို ကြည့်ပြီး လက်သီးဆုပ်မိုးလိုက်၏။
လုကျိုးက မျက်လုံးမဖွင့်ပေ။ သူက ဘယ်လက်ကိုသာ ဝေ့ယမ်းလိုက်၏။
ခွင့်ပြုချက်ရပြီးနောက် ကျိုးကျစ်ဖုန်းက လေထဲ ခုန်တက်ကာ ပဒုမ္မာစင်မြင့်ထက်၌ ရစ်ဝဲနေလေ၏။ သူက ထိုနေရာတွင် ရပ်လျက် ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ သူက ပွဲကြည့်ပရိသတ်များကို ကြည့်ပြီး လက်သီးဆုပ်မိုးကာ ပြောလိုက်တော့သည်။
“အားလုံးပဲ ကျွန်တော် အမှန်တရားကို ရှင်းပြဖို့ လိုလို့ပါ”
“ဒီမှာဟေ့ ကောင်းခန်းရောက်ပြီ”
ယင်းက လူ့သဘာဝပဲ ဖြစ်၏။ နိုင်ခြင်းရှုံးခြင်းက အရေးမကြီးပေ။
လူတိုင်းက နားစွန့်ထားလျက် လေထဲ၌ ပျံဝဲနေသော ကျိုးကျစ်ဖုန်းကို ကြည့်နေသည်။ သူသည် ကောင်းကင်ဓားဂိုဏ်း၏ ယခင်တပည့်ကြီး ဖြစ်သောကြောင့် သူ့စကားများက ယုံနိုင်လောက်သည်။
…
အခန်း (၂၄၈) အကူ
ကျိုးကျစ်ဖုန်း၏ ထွက်ပေါ်လာမှုက ပွဲကြည့်ပရိသတ်ကို စိတ်လှုပ်ရှားသွားစေသည်။ တစ်ဖက်သတ် တိုက်ပွဲကို ကြည့်နေရသည်မှာ ပျင်းစရာကောင်းလှ၏။ ပထမပိုင်းတုန်းက အံ့ဩဖို့ကောင်းသော်လည်း နောက်ပိုင်း ပျင်းဖို့ကောင်းလာသည်။
ထိုစဉ် ကောင်းကင်ဓားဂိုဏ်း၏ တပည့်များက ကျိုးကျစ်ဖုန်းကို မြင်သည့်အခါ စတင် ဆဲဆိုကြသည်။
“ ကျိုးကျစ်ဖုန်း သစ္စာဖောက်ကောင် … မင်းက မိစ္ဆာဝေဟင်မျှော်နန်း ဝင်ပြီးတော့ ဒီနေရာမှာ မျက်နှာလာပြရဲသေးတယ်ပေါ့”
“ သစ္စာဖောက်”
“ သစ္စာဖောက်ကို သတ်ကြ ”
ဖြောင့်မတ်ခြင်း လမ်းစဉ် ဖြစ်စေ မိစ္ဆာလမ်းစဉ် ဖြစ်စေ သစ္စာဖောက်များကို ရှေးအချိန်ကတည်းက အထင်သေးရှုတ်ချကြသည်။
ဤသည်မှာ မိစ္ဆာဝေဟင်မျှော်နန်းနှင့် ကောင်းကင်ဓားဂိုဏ်းတို့ ပဋိပက္ခ ဖြစ်သည်။ ကောင်းကင်ဓားဂိုဏ်း၏ တပည့်များက မိစ္ဆာဝေဟင်မျှော်နန်းကို ရန်စဖို့ သူတို့အသက်ပင် အလေးမထားကြပေ။
ကျိုးကျစ်ဖုန်းက ဒီမှာ ဘာလာလုပ်ချင်တာလဲ …
လော့ရှင်းခုံက မော့ကြည့်လိုက်ပြီး “ ကျိုးကျစ်ဖုန်း … အဲတုန်းက မင်းကို လော့ချန်းဖုန်း သတ်မှာကို တားလိုက်တာနောင်တရမိတယ်။ မဟုတ်ရင် မင်း ဒီနေ့အထိ အသက်ရှင်နေမှာ မဟုတ်ဘူး ”
ကျိုးကျစ်ဖုန်းက လော့ရှင်းခုံကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
“ လော့ချန်းဖုန်းက ကျွန်တော့်ကို သူ့ကျင့်ကြံဆင့်အတွက် ပျိုးထောင်ခဲ့တာလေ။ ပြောပါဦး သူက ကျွန်တော့်မိဘတွေကို သတ်ပြီး မိသားစုကို စော်ကားနေတာကို ကျွန်တော်က ဘာလုပ်ရမှာလဲ ” သူ့လေသံက တည်ငြိမ်သော်လည်း ချီစွမ်းအားများ ပါဝင်နေသောကြောင့် အသံလှိုင်းအား ဘေးပတ်လည် ပျံ့နှံ့သွားစေသည်။
ထိုအရာကို ကြားပြီး ပွဲကြည့်သူများက ရုတ်ရုတ်သဲသဲ ဖြစ်လာကြပြန်သည်။ လော့ချန်းဖုန်းက ဖြောင့်မတ်ခြင်းလမ်းစဉ်၏ စံပြတစ်ယောက် ဖြစ်သည်။ သူတို့အနေနှင့် လော့ချန်းဖုန်းက ဒီလိုကိစ္စမျိုး လုပ်ခဲ့သည်ကို သိသွားသည့်အတွက် အံ့ဩတုန်လှုပ်နေမိသည်။ ထို့အပြင် ကျိုးကျစ်ဖုန်းက လော့ချန်းဖုန်း၏ ဂုဏ်ယူရသည့် တပည့်များထဲမှ တစ်ယောက် ဖြစ်ကြောင်း အများသိထားကြသည်။ သူတို့က ယုံဖို့ ခက်နေမိသည်။
“ အလိမ်အညာတွေ … ငါ့သားက အမြဲတမ်း ဖြောင့်မှန်ပြီးတော့ အပြစ် မရှိဘူး။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်သွားပြီးဆိုပြီး သူ့ကို အပုတ်ချနေတာလား”
ကျိုးကျစ်ဖုန်းက လူများသည် သူ့ကို မယုံကြောင်း မှန်းဆထားပြီးပြီ ဖြစ်၍ မအံ့ဩမိပေ။ သူက ကြည်လင်ပြတ်သားစွာ ပြောလိုက်သည် “ ကျွန်တော်ရဲ့ တကယ့်မျိုးရိုးနာမည်က ကျန်း … ကျွန်တော်က ယီစီရင်စု ကျန်းမိသားစုကပဲ ”
“ကျန်းမိသားစုလား။ ယီစီရင်စုရဲ့ ကျန်းမိသားစုလား။ အဲဒီမိသားစုတွေက မျိုးဆက်အလိုက် ကျင့်ကြံရေး ပါရမီရှင်တွေ မွေးထုတ်ပေးနေတာ မလား …” တစ်ယောက်က တအံ့တဩ ရေရွတ်လိုက်သည်။
“ကျိုးကျစ်ဖုန်းက ကျန်းမိသားစုကလား။ ဘယ်လို … သူက အမှန်အတိုင်း ပြောနေတယ်လို့ ဘယ်သူက သိမှာလဲ ”
ကျိုးကျစ်ဖုန်းက ဆက်ပြောလိုက်သည်။
“ ကျွန်တော့်ခန္ဓာကိုယ်ပေါ်မှာ ကျန်းမိသားစုရဲ့ ကိုယ်ပိုင်အမှတ်အသား ရှိတယ်။ ကျွန်တော့် ကျင့်ကြံရေး ပုံစံက လော့ချန်းဖုန်းနဲ့ ကိုက်ညီတယ်။ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့်ကို သုံးဆင့် ပြန်ခွဲထားတယ်။ တောက်မူလဘူတ၊ သောင်းပြောင်းမူလဘူတနဲ့ ပေါင်းစပ်တာအိုတို့ပဲ…ပေါင်းစပ်တာအိုအဆင့်က နှစ်ယောက် တစ်ယောက်တည်းအဖြစ် ပေါင်းစပ်သွားတာပဲ … ”
ထိုစဉ် သူ့နောက်ကျောဘက်မှ ဓားက တုန်ခါလာသည်။ ဓားက လှုပ်ရှားကာ လေထဲ ဝေ့ယမ်းသွားသည်။ ထို့နောက် လေထဲ ပုံရိပ်များစွာ ထွက်လာပြီးနောက် တစ်သားတည်းအဖြစ် ပေါင်းစပ်သွားလေသည်။
“ အဲဒါ လော့ချန်းဖုန်းရဲ့ ဓားသိုင်းပဲ … ကောင်းကင်ဓားဂိုဏ်းမှာ ကျိုးကျစ်ဖုန်းကလွဲရင် ဘယ်သူမှ မကျွမ်းကျင်ကြဘူး ”
ကျိုးကျစ်ဖုန်း၏ ဓားက သူ့ဆီ ကျရောက်လာသည်။ ဓားအရိပ်ထောင်ပေါင်းများစွာက သူ့အနား ဝိုင်းထားကြ၏။ သူ့ဓားထိန်းချုပ်မှုက အလွန်တိကျကြောင်း မြင်တွေ့နိုင်သည်။ သူ့အဝတ်များပင် ထိုသိုင်းကွက်ကြောင့် စုတ်ပြဲသွားလေသည်။
ပွဲကြည့်သူများက တဖန် ဆူညံလာကြပြန်သည်။
သိုင်းကွက် အားပြင်းပုံ မပေါ်သော်လည်း တစ်ယောက်ယောက်အတွက် ဓားကို ဒီလောက်အထိ ထိန်းချုပ်နိုင်ခြင်းမှာ ရှားလှသည်။ လေလိုမျိုး ဓားလှုပ်ရှားပုံက လော့ချန်းဖုန်း၏ ပုံစံဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိချေ။ ကျိုးကျစ်ဖုန်းက လှည့်ကာ အားလုံးကို နောက်ကျောပေးထားလိုက်သည်။ အားလုံးက သူ့ကျောပေါ်ရှိ အမှတ်အသားကို မြင်လိုက်ရသည်။
လူအုပ်ကြားက အမှတ်အသားကို ချက်ချင်း မှတ်မိသူများလည်း ရှိပေသည်။
“ အဲဒါ ကျန်းမိသားစုရဲ့ အမှတ်အသား အမှန်ပဲ … ကျန်းမိသားစုက သူတို့မိသားစုဝင်တွေရဲ့ နောက်ကျောမှာ အမှတ်အသား ခတ်နှိပ်ထားကြတာ။ ဒါက မွေးရာပါ အမှတ်အသားနဲ့ တူတယ်။ မှားစရာအကြောင်း မရှိဘူး ”
“ ကျန်းမိသားစုက လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ဆိုးဆိုးရွားရွား အဆုံးသတ်သွားတာမလား။ ကောလာဟလတွေအရ အဆင့်မြင့် ဓားသမားတစ်ယောက်က တရားခံဆိုပြီး … ”
ကျိုးကျစ်ဖုန်းက သူ့ပတ်လည်ကို ကြည့်လိုက်ပြီး “ ကျုပ်မိသားစုကို သတ်ခဲ့တာက မိစ္ဆာဝေဟင်မျှော်နန်း မဟုတ်ဘဲနဲ့ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ ကောင်းကင်ဓားဂိုဏ်းက လော့ချန်းဖုန်း ဖြစ်နေတာပဲ ”
သူက ကောင်းကင်ဓားဂိုဏ်းကို လက်ညှိုးထိုးလိုက်ကာ စိတ်ခံစားချက်အပြည့် ပြောလိုက်သည်။
၎င်းကို လူတချို့သာ လက်ခံထားသည့်အရာ ဖြစ်သော်လည်း ယခု လူများစွာက အတည်ပြုလိုက်သည်နှင့် မယုံကြည်ကြသူများပင် ကျိုးကျစ်ဖုန်းဘက် စတင် ယိမ်းယိုင်လာကြသည်။
“ဖွီ ကောင်းကင်ဓားဂိုဏ်းက ရွံ့စရာကောင်းလိုက်တာ”
“ဖွီ ”
“ သူတို့က ဖြောင့်မတ်ခြင်းလမ်းစဉ်ကဆိုပြီးတော့ နတ်ရော လူပါ မကြိုက်တဲ့ ကိစ္စကြီးကို ကျူးလွန်ခဲ့တာပဲ ”
ပွဲကြည့်သူအများစုက သူတို့အမြင်များကို ထုတ်ဖော်ပြောကြားကြသည်။
လူအုပ်ကြား ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ လူအုပ်ကြီးက စတင် ကျိန်ဆဲလိုက်သည်နှင့် စိန်ခေါ်စာ ၁၃ စောင်၏ ပါဝင်အကြောင်းအရာများထက်ပင် ပိုဆိုးရွားလာသည်။
“ လော့ရှင်းခုံ … ငါတော့ ဒီလိုအရှက်မရှိတဲ့သားမျိုး ပိုင်ဆိုင်ထားတဲ့ မင်းကိုယ်စား ရှက်မိတယ်။ ငါသာ မင်းဆိုရင် ဘယ်သူမှ ရှာမတွေ့တဲ့နေရာမှာ ငါ့ဘာသာ သတ်သေလိုက်ပြီးပြီ”
“ …” ( ဆဲဆိုသည့် စာလုံးရေ တစ်သောင်းလောက် ကျော်ချလိုက်ခြင်း )
လော့ရှင်းခုံက သူ့ဂုဏ်သတင်းကို အဘယ်ကြောင့် ညှိုးနွမ်းခံမည်နည်း။ သူ့နာမည် စွန်းထင်းသွားမည်ကိုပင် သည်းမခံနိုင်သူ ဖြစ်လေရာ ကောင်းကင်ဂိုဏ်း ဂုဏ်သတင်းတစ်ခုလုံး ပျက်စီးသွားမည်ကို ခွင့်မပြုနိုင်ပေ။ သူက လူအုပ်ဆီမှ ဆဲဆိုသည့် စကားလုံးများကို မည်သို့သည်းခံနိုင်မည်နည်း။
“ မင်း … မင်း …” လော့ရှင်းခုံက ကျိုးကျစ်ဖုန်းအား စိုက်ကြည့်ပြီးနောက် နောက်အနည်းငယ် ဆုတ်လိုက်သည်။ သူက သွေးအန်လောက်အောင်အထိ ဒေါသထွက်နေသည်။
“ ဂိုဏ်းချုပ် …” တပည့်နှစ်ဦးက အပြေးအလွှား ရောက်လာကာ လော့ရှင်းခုံအား လာကူပေးကြသည်။
ထိုသို့ဆိုလျှင်ပင် လူအုပ်ကြီးက ဆဲဆိုမှုများ မရပ်တန့်သွားပေ။ ထို့အစား သူတို့က လော့ရှင်းခုံကို လှောင်ပြောင်လိုက်ကြသည်။
“ သူနဲ့ တန်တယ် … ”
လော့ရှင်းခုံက ဆဲဆိုသံများကို နားထောင်ရင်း မူးနောက်နောက် ဖြစ်လာသည်။
မင်ရှစ်ရင်က ပြုံးလိုက်ကာ “အဘိုးကြီးတော့ အတွင်းဒဏ်ရသွားပြီ ..”
လော့ရှင်းခုံက သိပ်ကြာကြာနေရတော့မည့်ပုံ မပေါ်ပေ။ သူက အလျှင်စလို လက်စားချေလိုသည်မှာ မဆန်းတော့ပေ။
ကျိုးကျစ်ဖုန်းက လော့ရှင်းခုံအား အေးစက်စက် ကြည့်လိုက်ပြီး လက်ညှိုးထိုးကာ “ ကျုပ် လော့ချန်းဖုန်းကို ကိုယ်တိုင်သတ်ပြီး လက်စားမချေလိုက်ရပေမဲ့ သူ့ကိုယ်စား ခင်ဗျားကို သတ်ပေးမယ်”
သူ့ဓားမှ စွမ်းအားလှိုင်းများ ထွက်လာကာ လော့ရှင်းခုံဆီ ပြေးဝင်လာသည်။
လော့ရှင်းခုံက လက်မြောက်လိုက်သည့်အခါ တပည့်နှစ်ယောက်က နောက်ဆုတ်လိုက်ကြသည်။
ဆင်ပိန်ကျွဲလောက် ဆိုသည့် ဆိုရိုးရှိသည် မဟုတ်ပါလော။
လော့ရှင်းခုံက အတွင်းဒဏ်ရာ ရထားသော်လည်း နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ဖြစ်သည့် ကျိုးကျစ်ဖုန်း အလွယ်တကူ ကိုင်တွယ်နိုင်မည့်လူတော့ မဟုတ်ချေ။ သူက လက်ဆန့်ထုတ်လိုက်သည့်အချိန် စွမ်းအားလှိုင်းက စွမ်းအားဓားများကို ချေဖျက်ပစ်လိုက်သည်။
ဘန်း
ကျိုးကျစ်ဖုန်းရှေ့ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ပေါ်လာကာ လော့ရှင်းခုံ၏ တိုက်ခိုက်မှုကို ကာဆီးလိုက်သည်။
မင်ရှစ်ရင်က လေထဲမှ ပေါ်လာကာ အပြုံးလေးဖြင့် ပြောလိုက်သည် “ ကျုပ်က ခင်ဗျားပြိုင်ဖက်ပဲ ”
“ငါ့ကို တားနိုင်မယ် ထင်နေလား ” လော့ရှင်းခုံက ဒေါသထွက်လာသည်။
မင်ရှစ်ရင်က လျှာထုတ်ပြောင်ကာ ကဲ့ရဲ့လိုက်သည်။
“ သူတို့ပြောတာ မှန်တယ်။ ခင်ဗျားက တကယ်ကို အရှက်မဲ့တာပဲ ”
လော့ရှင်းခုံက လုကျိုးကို လှည့်ကြည့်လိုက်သည်။ သူက အေးစက်စက် ပြောလိုက်၏။
“ခင်ဗျားက ကျုပ်သားကို သတ်ခဲ့တယ်။ ခင်ဗျားရဲ့ တပည့်တစ်ယောက်ကို ပြန်သတ်မှ တရားမယ် မလား”
ထိုသို့ပြောပြီးနောက် လေထဲ ဝဲနေသည့် မင်ရှစ်ရင်ဆီ အာရုံပြောင်းလိုက်သည်။ သူက ညာဘက်လက်ကို မြောက်လိုက်သည့်အချိန် သေးရှည်ရှည် ချီစွမ်းအား ဖွဲ့စည်းလာကာ ဓားတစ်ချောင်း ဖြစ်သွားသည်။
“ ကမ်ဘာဦးအာဟာရဓား ”
“ကောင်းကင်တစ်ပိုင်းအဆင့် လက်နက်ပဲ ” တစ်ယောက်က အော်ပြောလိုက်သည်။
ကမ္ဘာဦးအာဟာရဓားက လော့ရှင်းခုံ လက်ထဲ အကြိမ်များစွာ ဝေ့ယမ်းခံလိုက်ရသည်။ လေထဲ စွမ်းအားဓားများပေါ်လာကာ မင်ရှစ်ရင်ဆီ ဓားမိုးသဖွယ် ရွာသွန်းသွားစေသည်။
မင်ရှစ်ရင်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ခေါ်ကာ မြေပေါ် ဆင်းလိုက်သည်။
ဘန်း ဘန်း ဘန်း
သူ့ခွဲခွာချိတ်ကောက် ပေါ်လာလေသည်။
“ပွင့်ချပ်တစ်လွှာတည်းနဲ့ လာတိုက်ရဲတယ်ပေါ့ ” လော့ရှင်းခုံက စွမ်းအားကို တိုးမြင့်လိုက်သည်။
မင်ရှစ်ရင်က ရုတ်ခြည်းဆိုသလို စွမ်းအားဓားဆီ ဦးတည်ပြေးကာ တစ်ဖက်လူဆီ သွားလိုက်သည်။
ဘန်း
သူက ခွဲခွာချိတ်ကောက်ဖြင့် ခုတ်ချလိုက်သည်။
လော့ရှင်းခုံက လက်မြောက်ကာ စွမ်းအားဖြင့် ပြန်တားလိုက်၏။ သူက တန်ပြန်အားကြောင့် နောက်ဆုတ်လိုက်ရသည်။
“ ကောင်းတယ် ” လူအုပ်ကြီးက တအံ့တဩ ရေရွတ်လိုက်ကြသည်။
“ အနီးကပ် တိုက်ကွက်ကောင်းပဲ”
“ မိစ္ဆာဝေဟင်မျှော်နန်း တပည့်ဆိုတဲ့အတိုင်းပဲ သူက ဘယ်လို ရှောင်ပြီး သူ့အရေးသာမှုကို ဘယ်လိုသုံးတိုက်ရမယ်ဆိုတာ ကောင်းကောင်း သိနေတာပဲ ”
ထိုစဉ် မင်ရှစ်ရင်က လော့ရှင်းခုံ အနီးသို့ အောင်အောင်မြင်မြင် ရောက်သွားလေပြီ။
ကောင်းကင်အဆင့် လက်နက်က ဟာသ မဟုတ်ပေ။ လော့ရှင်းခုံက သူ့ဘာသာ ပြန်မထိန်းနိုင်ခင်အထိ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
မင်ရှစ်ရင်က သူ့နေရာတွင် ရပ်ကာ ပြုံးလိုက်ရင်း “ ငါ့မှာ ပွင့်ချပ်တစ်လွှာတည်းလို့ ဘယ်သူက ပြောလဲ ”
လော့ရှင်းခုံက မျက်မှောင်ကြုတ်ကာ “ မင်းမှာ ပွင့်ချပ်နှစ်လွှာ ရှိတော့ရော ဘာဖြစ်လဲ”
“ ပွင့်ချပ်နှစ်လွှာတည်းလို့ ဘယ်သူက ပြောလဲ ” မင်ရှစ်ရင်က အပြုံးလေးဖြင့် ပြောလိုက်သည်။
ပွဲကြည့်သူများက အံ့ဩနေကြသည်။
ထိုစဉ် မင်ရှစ်ရင်က သူ့အောက်ကို ငုံ့ကြည့်လိုက်သည်။ မြေပေါ်တွင် လင်းလက်နေသည့် အစိမ်းရောင်စက်ဝန်းကို မြင်လိုက်ရသည်။
“ ဗုဒ္ဓကြေးမုံ ထပ်လာပြန်ပြီ”
“ ကြည့်ရတာ အနီးအနားမှာ ဗုဒ္ဓကိုယ်တော်ကြီးတစ်ယောက်ယောက် ရှိနေပုံပဲ ”
အကယ်၍ တောက်ပခြင်းကြေးမုံကို အစီအရင်အဖြစ် အသုံးပြုပါက ကြိုတင်ခင်းကျင်းထားရမည် ဖြစ်သလို တစ်ခါသာ အသုံးပြုနိုင်သည်။ အကယ်၍ သူတို့ ထပ်ခါ အသုံးပြုလိုပါက ဗုဒ္ဓကိုယ်တော်ကြီး တစ်ပါးပါး၏ အကူအညီကို လိုလိမ့်မည်။ ကြည့်ရသည်မှာ ကောင်းကင်ဓားဂိုဏ်းတွင် အကူရှိပုံပေါ်၏။
ဒီလူက ကောင်းကင်ဓားဂိုဏ်းရဲ့ ယုံကြည်ရာ အရင်းအမြစ်များလား …
ထိုစဉ် မြေပေါ်မှ အလင်းစက်ဝန်းက ကျယ်ပြန့်လာကာ လော့ရှင်းခုံကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းဆိုသလို လော့ရှင်းခုံနောက်တွင် လူဆယ်ယောက် ပျံသန်းလာကြ၏။
“ လူတွေက အမှားလုပ်တတ်ကြတယ်။ ငါတို့က တတ်နိုင်သမျှ ခွင့်လွှတ်ပေးသင့်တယ် ”
…
အခန်း (၂၄၉) ငါ တိုက်ခိုက်ဖို့မတန်
ယင်းက ပဒုမ္မာစင်မြင့် နားရှိကြည့်နေသူများ၏ အာရုံစိုက်မှုကို ရသွား၏။
“တိမ်တောက်ရှိုးနွီကျောင်းက ရှိုးနွီ(သီလရှင်)တွေလား” လူအချို့က တအံ့တဩထုတ်ဖော် ပြောလိုက်ကြသည်။
စင်မြင့်ပေါ်၌ ရှိုးနွီဆယ်ပါးကျော်ပေါ်လာပြီး သူတို့က ဦးညွှတ်ကာ အားလုံးကို နှုတ်ဆက်လိုက်လေ၏။
“တိမ်တောက်ရှိုးနွီကျောင်းက ဝူညန်က အားလုံးကိုနှုတ်ဆက်ပါတယ်”
တိမ်တောက်ရှိုးနွီကျောင်းတော်၏ အကြီးအကဲဝူညန်ပေါ်ပေါက်လာမှုက အားလုံးကို တိတ်ဆိတ် သွားစေ၏။ ကောင်းကင်ဓားဂိုဏ်း၌ ထိုကဲ့သို့ ကူညီပေးသူတစ်ယောက်ရှိနေခဲ့လျှင် ရလဒ်က မှန်းဆရန် ခက်ခဲပေလိမ့်မည်။
လော့ရှင်းခုံက ဝူညန်ကို လက်သီးဆုပ်မိုးလျက်ပြောလိုက်၏။ "ကူညီပေးတာ ကျေးဇူးတင်ပါတယ် ဖော့ကျောင်းဆရာသခင်”
ဖော့ကျောင်းဆရာသခင်ဝူညန်သည် လွန်ခဲ့သည့်နှစ်တစ်ရာ၌ ဂုဏ်သတင်းကြီးလာတာဖြစ်သည်။ သူမက တိမ်တောက်ရှိုးနွီကျောင်း၏ အကြီးမြတ်ဆုံးလက်ရွေးစင်ဖြစ်လေ၏။ ကောင်းကင်ဓားဂိုဏ်းကို တိမ်တောက်ရှိုးနွီကျောင်း ကူညီပေးလိမ့်မည်ဟု မည်သူကထင်မိမည်နည်း။
ဟွားဝူတောက်သည် မျက်လုံးမှိတ်လျက် အေးအေးလူလူအနားယူနေသေးသော လုကျိုးကို လှည့်ကြည့်ပြောလိုက်တော့၏။
“မျှော်နန်းသခင်”
“ငါ သိတယ်” လုကျိုးက မျက်လုံးမဖွင့်ခဲ့ပေ။ သူက သူ၏ရန်သူများက ပြင်ပအကူညီရှိနိုင်ခြေ အတွက်ပြင်ဆင်ထားပြီးသားဖြစ်သည်။ ထို့အပြင် သူတို့၏ရန်သူများက ကူညီပေးသူ တစ်ယောက်မက ရှိနေနိုင်သည့်ပုံပေါ်၏။
ဝူညန်သည် လော့ရှင်းခုံကို တစ်ချက်ကြည့်လိုက်လေ၏။ ပြီးနောက် သူမလက်ဖဝါးကိုမြှောက်ကာ ဂါထာအချို့ကို သိမ်မွေ့စွာ ရွတ်ဆိုလျက် သူမ၏ မြင်းမြီးတုတ်ကိုဝှေ့ယမ်းလိုက်၏။
အပြာရောင်အလင်းဖျော့ဖျော့စက်ဝန်းတစ်ခုက လော့ရှင်းခုံ၏ ခြေထောက်နား၌ပေါ်လာလေသည်။ ၎င်းက အမှောင်ယံကောင်းကင်ထဲရှိကြယ်များပမာတောက်ပနေ၏။
“ဗုဒ္ဓကုသခြင်းကျင့်စဉ်။ ဘေးအန္တရာယ်မှကယ်ဆယ်ခြင်းမှ ဂရုဏာလှေ”
လော့ရှင်းခုံက စိတ်လှုပ်ရှားသွားသည်။ "ကျေးဇူးပါ ဖော့ကျောင်းဆရာသခင်” ဝူညန်က ခေါင်းညိတ်လိုက်ပြီးနောက် မင်ရှစ်ရင်ဖက်ကိုလှည့်ကြည့်လိုက်သည်။ "ဒကာလေး မျှော်နန်းကို လေ့လာနေခဲ့တာကြာပါပြီ။ ကောင်းကင်ဓားဂိုဏ်းက ရှုံးနိမ့်ပြီးသားပါ။ မိစ္ဆာဝေဟင်မျှော်နန်းက အားနည်းတဲ့သူကို ဆက်ပြီးဖိနှိပ်နေခဲ့မယ်ဆိုရင် ရိုင်းပျရာရောက်ပါလိမ့်မယ်။ “
မင်ရှစ်ရင်ကရယ်မောပြီးပြောလိုက်၏။ "လောကဝတ်အကြောင်းကျုပ်ကို တရားမချနဲ့။ ကျုပ်က ဖြောင့်မတ်မှန်ကန်တဲ့သူ မဟုတ်ဘူး။ ဒီတော့အားနည်းတဲ့သူကို ဖိနှိပ်ချင်တော့ကော ဘာဖြစ်သေးလဲ။ ခင်ဗျားတို့က အဲ့တော့ ဘာလုပ်မလဲ။ ကျုပ်ကို ထိခိုက်မှာလား” သူ၏ရှစ်စွင်းကို ကြည့်ပြီး သူ့ဖာသာသူတွေးလိုက်၏။ ရှစ်စွင်းနဲ့ပေါင်းပြီး အားနည်းတဲ့သူကို ဖိနှိပ်ရတာ ငါ သောက်ရမ်းပျော်တယ်လေ။
“ဒကာ ကြမ်းတမ်းတဲ့စကားလုံးတွေ သုံးဖို့မလိုပါဘူး။ လူတွေရဲ့ရင်ထဲမှာ အမှန်တရားအကြောင်း အမြဲတမ်းပြောနေကြတာ။ လေမရှိဘဲလှိုင်းရှိမှာမဟုတ်ပါဘူး။ ဒါကို ကြည့်မနေနိုင်ဘူး။ ဒါကြောင့် ဒကာနဲ့ဆွေးနွေးချင်တာပဲ”
မင်ရှစ်ရင်ကမျက်လုံးလှန်ကြည့်ပြီးပြောလိုက်လေ၏။
“နောက်ထပ်လာသင်ပေးလေ”
ဝူညန်က ပြောလိုက်၏။ "ဒီအငြင်းပွားမှုကိုအဆုံးသတ်စေချင်ရုံပဲ။ ဒါမှ ပိုပိုပြီးမပြင်းထန်လာ တော့မှာ”
“အခုဆိုရင်အစောတုန်းက ဘာကြောင့်များပေါ်မလာတာလဲ။ ခင်ဗျားရဲ့လူလေးကို ကာကွယ်ပေးဖို့အခုမှပေါ်လာတာလား” မင်ရှစ်ရင်က ထေ့ရိပြီးပြောလိုက်တော့၏။
“နင်”
ဝူညန်သည် တိမ်တောက်ရှိုးနွီကျောင်း၏ လက်ရွေးစင်တစ်ဦးဖြစ်၏။ သူမကိုလူပေါင်းများစွာက လေးစားပြီးချီးကျူးကြသည်။ ထိုကဲ့သို့မထိတထိရှုံချသောမှတ်ချက်ကို သူမ မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။
ဝူညန်က ဒေါသတကြီးဖြင့်လေထဲခုန်ထွက်တော့မည့်အချိန်တွင် လေထဲ၌ စကားလုံးနှစ်လုံးက ရှင်းလင်းစွာပေါ်ထွက်လာ၏။ “ဝူညန်”
ပဒုမ္မာစင်မြင့်ပေါ်ရှိလူတိုင်းက ထိုအသံကိုရှင်းရှင်းလင်းလင်းကြားရသည်။ အသံသည် တိမ်ခွင်းရထားလုံးမှပေါ်လာ၏။ လူတိုင်းက တိမ်ခွင်းရထားလုံးဆီချက်ချင်း အာရုံရောက်သွားတော့သည်။
လုကျိုးက မျက်လုံးဖွင့်လျက် ခြေထောက်ကို ဖြည်းဖြည်းချင်းကြွလိုက်တော့သည်။ သူက တိမ်ခွင်းရထားလုံး၏ ပဲ့ပိုင်း၌ ရပ်နေပြီး လက်နောက်ပစ်ထားလျက် ပဒုမ္မာစင်မြင့်ကို ငုံ့ကြည့်လိုက်၏။ ယင်းက မိစ္ဆာဝေဟင်မျှော်နန်းသခင် တစ်မိုးအောက်ရှိအကြီးမြတ်ဆုံးသော မိစ္ဆာကြီးက နောက်ဆုံးတော့လှုပ်ရှားတော့မည့်ပုံရသည်။
ဖော့ကျောင်းဆရာသခင်ဝူညန်သည် ခေါင်းအနည်းငယ်မော့လိုက်လေ၏။ သူမ၏မျက်နှာထက်တွင် ထိတ်လန့်သည့်အရိပ်အယောင်တစ်ချို့ပေါ်လာပြီးပြောလိုက်တော့သည်။ “ဒကာကြီး”
“မင်း ငါ့ကို မှတ်မိလား” လုကျိုးက မေးလိုက်လေ၏။
ဝူညန်က ခေါင်းခါပြီးနောက်ပြောလိုက်သည်။
“ဒါက ပထမဆုံးတွေ့တာပါ”
“ဒီရက်ပိုင်းမှာ ကျင်းယန်အဆင်ပြေရဲ့လား” လုကျိုးက မေးလိုက်၏။
“ဒကာကြီး ကျွန်မရဲ့ဆရာကို သိတာလား” ဝူညန်က ထိတ်လန့်သွားလေ၏။ သူမအသံက အနည်းငယ်တုန်ယင်နေလေသည်။
လုကျိုးက သက်ပြင်းချပြီးပြောလိုက်တော့၏။ “တပည့်ကို သင့်တော်စွာမပဲ့ပြင်ပေးတာက ဆရာ့ရဲ့အမှားပဲ။ ကျင်းယန်က အမှန်အမှားမခွဲခြားနိုင်တဲ့ မင်းလိုတပည့်ရှိနေရတာလဲ”
“ဘာကြောင့် ဒီလိုများပြောရတာလဲ ဒကာကြီး” ဝူညန်က မေးလိုက်၏။
“သူကျင့်ကြံတာကိုပဲ အာရုံစိုက်နေပြီး သူ့ကို ကျောက်စိမ်းမြင်းမြီးတောင်ဝှေးပေးတဲ့အချိန်တုန်းက သူကျင့်ကြံဖို့ပဲအာရုံစိုက်ပြီး တိမ်တောက်ရှိုးနွီကျောင်းကို စီမံခန့်ခွဲလိမ့်မယ်လို့ထင်ခဲ့တာ။ နှမြောစရာပဲ”
ကျောက်စိမ်းမြင်းမြီးတောင်ဝှေးပြောတဲ့အချိန် ဝူညန်၏အမူအရာက အနည်းငယ်ပြောင်းလဲ သွားလေ၏။ ကျောက်စိမ်းမြင်းမြီးတောင်ဝှေးက မိစ္ဆာဝေဟင်မျှော်နန်းကလား။
ပရိတ်သတ်က အုတ်အုတ်ကြပ်ကြပ်ဖြစ်ကုန်ပြန်သည်။
လော့ရှင်းခုံက ဝူညန်၏စိတ်အခြေအနေသုန်မှုန်သွားတာကို မြင်တွေ့သည့်အချိန်၌ သူက ကမန်းကတန်းပြောလိုက်၏။ “မိစ္ဆာကြီးအရူးလုပ်တာမခံနဲ့။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ ဖော့ကျောင်းဆရာသခင်” ထိုသို့ပြောပြီးနောက်ဝူညန်ရှေ့သို့ရွေ့သွားကာ မော့ကြည့်ပြီး အော်ပြောလိုက်၏။ “မိစ္ဆာကြီး ငါ မင်းကိုကြောက်မယ်များထင်နေလား”
လုကျိုးက ပဒုမ္မာစင်မြင့်နားရှိအဆောင်အဦးကို စစ်ဆေးကြည့်လိုက်၏။ ကောင်းကင်ဓားဂိုဏ်း၏ ကျန်သည့်ကူညီသူများမည်သည့်နေရာတွင် ပုန်းနေလဲဆိုတာ သူသိချင်မိ၏။ သူတို့ထွက်မလာဘူးလား။
“မင်းက ကောင်းကင်ဓားဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ်ဆိုတော့ အမှန်အမှားကွဲနိုင်လမ့်မယ်လို့ ငါထင်ထားတာ။ ပဒုမ္မာစင်မြင့်ပေါ်မှာ တစ်စုံတစ်ခု ကမ်းလှမ်းလိုက်မယ်လို့ထင်ခဲ့တာ ငါ တကယ်ကို စိတ်ပျက်မိတာပဲ” လုကျိုးက တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးပြောလိုက်လေ၏။ ယင်းက ကရုဏာတရား၊ တာဝန်၊ စည်းကမ်း အကြောင်းကို တတွတ်တွတ်ပြောနေတယ်။ ဒါတောင်မှ မင်းက သက်ညှာမှုမရှိ သတ်ဖြတ်ခဲ့တာ။ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့အတွက် မင်းကိုမင်း ဂုဏ်ယူဝင့်ကြွားတယ်။ ဒါတောင် မင်းနှုတ်က ထွက်လာတဲ့စကားတွေက မသင့်တော်ဘူး။ ဒါ့အပြင် မင်းက ဒါတွေအားလုံးကို ဆက်တိုက်မေ့နေသေးတုန်းပဲ။ မင်းရဲ့ဘိုးဘေးတွေကို တကယ်ရှက်သင့်တယ်”
“မင်း”
လော့ရှင်းခုံက ရုတ်တရက်သူ၏ရင်ဘတ် တင်းကျပ်လာတာကို ခံစားမိလိုက်၏။ လုကျိုးထံမှ ထွက်လာသည့် စကားလုံးများသည် တင်းမာလွန်း၏။
မင်ရှစ်ရင်က ဝင်ထောက်ခံလိုက်သည်။ “ခင်ဗျား ဒါကို သတိမပြုမိလောက်ဘူး။ ဒါပေမဲ့ ခင်ဗျားက လှောင်ပြောင်စရာဖြစ်လာပြီ” မင်ရှစ်ရင်ပြောပြီးသည်နှင့် အချိန်ကိုက်ပင် ပဒုမ္မာစင်မြင့်နားတစ်ဝိုက်၌ ရယ်သံပေါ်ထွက်လာလေ၏။ သူတို့က ဖြောင့်မတ်ခြင်းလမ်းစဉ်မှ သို့မဟုတ် နာမည်ကြီးသည့်ဂိုဏ်းအချို့မှ ဟုတ်မဟုတ်ဂရုစိုက်မနေတော့ဘဲ လော့ချန်းခုံးက ထိုကဲ့သို့ ယုတ်မာသည့်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်းသာ သူတို့သိကြသည်။
ထိုစဉ် လော့ရှင်းခုံက လူအုပ်ကြီးဆီမှ စော်ကားမှုများနှင့် ရှုံ့ချမှုများကို သတိရသွားပုံပေါ်၏။ ထို့အပြင် စော်ကားပြောဆိုမှုများက မိနစ်နှင့်အမျှပိုပိုပြီးကြီးမားလာပုံရသည်။
တစ်စုံတစ်ယောက်ကအော်လိုက်၏။ “လော့ရှင်းခုံ ခင်ဗျားက ရာစုနှစ်ပေါင်းများစွာ အချည်းအနှီး အသက်ရှင်လာခဲ့တာပဲ။ ခင်ဗျားက သူ့တပည့်ကိုတောင် အနိုင်မယူနိုင်ဘူး။ ဒါတောင် သူ့ကို စိန်ခေါ်ရဲသေးတယ်။ ခင်ဗျားအရှက်ရှိသေးလား”
“ဒီသူခိုးကြီးက သူ့ကိုယ်သူအထင်ကြီးလွန်းနေတာပဲ။ သူက အိုမင်းပြီး အားနည်းနေတဲ့ယိုင်နဲ့နဲ့ ခန္ဓာကိုယ်ရှိတဲ့သူပဲ။ သူအခုလုပ်နိုင်တာက ရန်သူကို ဒေါသတကြီးဟောက်ဖို့ပဲ။ ရယ်စရာကောင်းလိုက်လေခြင်း”
ထိုစကားများကို ကြားသည့်အချိန်၌ လော့ရှင်းခုံက မျက်လုံးပြူးကျယ်သွားပြီး ဆူပွက်လာသောသွေးနှင့် ဝေ့တက်လာသောချီကြောင့် သွေးအန်တော့၏။
“ဂိုဏ်းချုပ်”
“ဂိုဏ်းချုပ်”
ကောင်းကင်ဓားဂိုဏ်း၏တပည့်များက လော့ရှင်းခုံဆီအမြန်ပြေးလာကြသည်။
လော့ရှင်းခုံက မျက်လုံးအပြူးသားဖြစ်နေလျက် မျက်လုံးများက ကျွတ်ကျတော့မည့်ပမာ ဖြစ်နေ သည်။ သူ၏ရင်ဘတ်က မြင့်တက်လာလျက် လေးလံစွာပြန်ကျသွားသည်။ ၎င်းကို ဖော့ကျောင်းဆရာသခင် ဝူညန်တွေ့သွားသည့်အချိန်၌ ပြောလိုက်၏။ “အော်မီတော်ဖော် ဘေးထွက်နေလိုက်”
ကောင်းကင်ဓားဂိုဏ်း၏တပည့်များက နောက်သို့တစ်လှမ်းဆုတ်လိုက်၏။
ဝူညန်သည် သူမ၏ မြင်းမြီးတောင်ဝှေးကို ဝှေ့ယမ်းလိုက်၏။ လော့ရှင်းခုံဆီ အပြာရောင်အလင်းဖျော့ဖျော့ ကျရောက်သွားတော့သည်။
လော့ရှင်းခုံက နောက်ထပ်သွေးတစ်ပွက်အန်၏။
မင်ရှစ်ရင်က ခေါင်းခါပြီးပြောလိုက်တော့သည်။
“ဒါက ဒေါသကြောင့်တန်ပြန်တာပဲ။ ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်း၏ကရုဏာလေက သူ့ကို ကုသပေးမယ့်အစား သူ့ကို သေဆုံးခြင်းပဲဖြစ်စေလိမ့်မယ်”
ဖော့ကျောင်းဆရာသခင်ဝူညန်သည် ထိုစကားကို ကြားသည့်အချိန်၌ ချက်ချင်းပင် သူမ၏ ကျောက်စိမ်းမြင်းမြီးတောင်ဝှေးကို ပြန်ရုတ်လိုက်၏။
ရှိုးနွီဆယ်ပါးကလည်း ရှေ့တိုးလာလျက် လော့ရှင်းခုံကို ဝိုင်းထားလိုက်ကြသည်။
သူတို့က လက်အုပ်ချီလျက် သုတ်တော်တစ်ခုကို စတင်ရွတ်ဆိုတော့၏။
“တရားထိုင်ခြင်း ဓာရနီလား” မင်ရှစ်ရင်က နှာခေါင်းရှုံ့ကာပြောလိုက်၏။
“သူခိုးကြီးလည်း လက်လျော့လိုက်တော့။ ခင်ဗျားဒါတွေဘာကြောင့် လုပ်နေရဦးမှာလဲ။ ခင်ဗျားကို စော်ကားပြောဆိုအော်ဟစ်နေကြတာတွေကို နားထောင်ဖို့ ဒီလောက်တောင် ဆိုးဆိုးရွားရွား အသက်ရှင်ချင်နေတာလား”
“မင်း မင်း မင်း” လော့ရှင်းခုံက အမောတကောဖြစ်နေလေ၏။
“ခင်ဗျားသေတာနဲ့ ပြဿနာငြိမ်းသွားလိမ့်မယ်။ ဘာမှတောင့်ထားစရာမလိုဘူး။ ကျုပ်ပြောတာ နားထောင်။ ခင်ဗျားရဲ့လမ်းကြောင်းအတိုင်းသွားလိုက်။ ဒါ့အပြင် ကျုပ်ရဲ့ရှစ်စွင်းကို ခင်ဗျားအနိုင်ယူ နိုင်စရာအကြောင်းမရှိဘူး။ ဒါတကယ်မဆိုးဘူးနော်။ မိစ္ဆာဝေဟင်မျှော်နန်းကြောင့် ဒေါသထွက်ပြီးသေမဲ့ ပထမဆုံးလူဖြစ်မှာပဲ။ ခင်ဗျား နာမည်ကြီးသွားမှာနော်”
လော့ရှင်းခုံ၏ဒေါသက ရင်ဘတ်ထိရောက်လာ၏။ သူ၏ ပရမ်းပတာကနဦးချီများက သူ၏ သွေးကြောများအတွင်းပေါက်ကွဲလာပြီး နောက်ဆုံးထွက်သက်ဖြစ်လာတော့သည်။ သူက ခေါင်းစောင်းကျလျက် ခန္ဓာကိုယ်ထဲမှ ခွန်အားလွတ်ထွက်သွားတော့၏။
နေရာတစ်ခုလုံးတိတ်ဆိတ်သွားသည်။
ဓာရနီကို ရွတ်ဆိုတာရပ်တန့်လိုက်၏။
ပွဲကြည့်ပရိသတ်များကလည်း လေများနေပြီးထိတ်လန့်ကုန်၏။ ကောင်းကင်ဓားဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်လော့ရှင်းခုံသည် ဒေါသကြောင့်သေသွားသည်လော။
တိတ်ဆိတ်မှုကနေရာတစ်ခုလုံးကြီးစိုးသွား၏။ ယခုအချိန်တွင် အပ်ကျသံကတောင် ကျယ်လောင်လာလိမ့်မည်။
လုကျိုးသည် စနစ်မှ ကုသိုလ်မှတ်ထောင့်ငါးရာဆုရရှိသည့်အသံကိုကြားလိုက်ရသည်။ တစ်စုံတစ်ယောက်ကို ဒေါသထွက်ပြီးသေစေသည်ကလည်း မိစ္ဆာဝေဟင်မျှော်နန်း၏ လုပ်ရပ်တစ်ခုအဖြစ်မှတ်ယူထားပုံပေါ်သည်။ လော့ရှင်းခုံသည် ဤကဲ့သို့သေဆုံးသွားလိမ့်မည်ဟု သူ တကယ်မထင်ခဲ့မိပေ။ ထို့အပြင် သူက လှုပ်ရှားရန် အခွင့်အရေးတောင်မရလိုက်ချေ။ ကျင့်ကြံခြင်းလောကထဲ၌ ပြက်လုံးတစ်ခုဖြစ်ရန်ကံပါနေပြီးဖြစ်သည်။
မင်ရှစ်ရင်က အပြစ်ကင်းသည့်ပုံဖြင့်ပြောလိုက်၏။ "ကျုပ်ကို မကြည့်ကြနဲ့။ ဒါ ကျုပ်နဲ့မဆိုင်ဘူး။ ကျုပ်က ကြင်ကြင်နာနာနဲ့အကြံပေးလိုက်ရုံပဲ”
“အော်မီတော်ဖော် နာကျင်စေတဲ့ မှတ်ချက်တစ်ခုက ဆောင်းရာသီခြောက်လတာလုံးအေးခဲတယ်။ လုပ်ပေးနိုင်တာ လုပ်ပေးခဲ့တာပဲ” ဝူညန်က သက်ပြင်းချလိုက်၏။ ပြီးနောက် လှည့်ကြည့်ကာ သူမရှေ့ရှိ တပည့်ဆယ်ယောက်ကိုကြည့်ပြီး တည်ငြိမ်စွာပြောလိုက်၏။
“ပြန်ကြမယ်”
လုကျိုးက ထူးမခြားနားပြောလိုက်၏။ "ခင်ဗျား ဘယ်ကိုမှ သွားလို့မရဘူး”
…